AVA 1740s (အခန်း ၃၀)

AVA 1740s

                                            အခန်း(၃၀)    

                                ...............................................

၁၇၃၉ ခုနှစ်၊ ဇန်နဝါရီလ။

ညဉီးပိုင်းဖြစ်သော်လည်း ဟံသာဝတီမြို့ ၊ တောင်ဘက်ရှိ ဒါဒလိုတံခါးမှာ မပိတ်နိုင်သေး။

မဏိပူရတပ်များ၏ နှစ်ဖက်ညှပ်တိုက်ခိုက်ခြင်းခံရသည့်ကြားမှ ရအောင်ဖောက်ထွက်လာသော ရာမညတပ်အချို့မှာ ဟံသာဝတီသို့ ပြန်ဝင်လာနေသောကြောင့်ဖြစ်သည်။

ဟံသာဝတီ၊ မုတ္တမ၊ ရေး၊ထားဝယ်စသော ရာမညတပ်ပေါင်းစု၏ စစ်ဗိုလ်ချုပ် သမိန်စက္ကရူမှာ တိုက်ပွဲတွင် ကျဆုံးခဲ့ပြီဖြစ်သည်။

မုတ္တမမှ လူငယ်တပ်မှူးတစ်ဉီးဖြစ်သူ တလပန်းက တပ်များကို ရသလောက်စုစည်းကာ ဟံသာဝတီသို့ အရောက်ပြန်လာနိုင်ခဲ့၏။

တိုက်ပွဲတွင် ဒဏ်ရာရှိသူများ များပြားလှသည်။

ဆေးဝါးကုသရန် အလို့ငှာ အင်းဝသို့ ဝင်ရန် ကြိုးစားခဲ့သော်လည်း အင်းဝဘုရင်မဟာဓမ္မရာဇာအဓိပတိက စစ်ရှုံးခဲ့သည့်တပ်များကို အမျက်တော်ရှနေသည့်အတွက် ဝင်ခွင့်မရခဲ့။

ထို့ကြောင့်  ဟံသာဝတီသို့သာ ပြန်လာခဲ့ရသည်။ အင်းဝ မှ ဟံသာဝတီလမ်းခရီးမှာဝေးလံပြီး ကြမ်းတမ်းလှသည့်အတွက် ဒဏ်ရာရရှိသူ စစ်သားအများစုမှာ လမ်းတွင်ပင် သေဆုံးခဲ့ပြီဖြစ်၏။

ပြန်လည်ရောက်ရှိလာသော စစ်သည်များအရေးကို ဆောင်ရွက်ပေးရန်အတွက် မြို့ဝန်ဉီးသာအောင်က ဆင်ဝန်ဉီးအောင်လှ ကို တာဝန်ပေးခဲ့သည်။

ရွှေမောဓောစေတီခြေရင်းရှိ မြေကွက်လပ်တွင် စစ်ပန်းလာသော ရာမညတပ်မှ စစ်သားများမှာ ခြေပစ်လက်ပစ်ဖြင့် ထိုင်နေကြသည်။

သူတို့ စိတ်ဓာတ်ကျနေကြ၏။

အင်းဝအတွက် စစ်တိုက်ပေးခဲ့သော်လည်း အင်းဝမြို့က သူတို့ကို အဝင်မခံခဲ့။ သူတို့တင်မဟုတ် အင်းဝ၏ အရေးအပါဆုံး စစ်သေနာပတိတစ်ဉီးဖြစ်သည့် ကိုးသိန်းသခင်၏ တပ်များကိုပင် အင်းဝသို့ အဝင်မခံခဲ့။

 ဟံသာဝတီကလည်း မြို့ဝန်အဆင့်ကပင် သူတို့အား အရေးမစိုက်။

အင်းဝသို့ စစ်ကူလိုက်သွားသော စစ်သည်တဝက်ခန့်မှာလည်း ကသည်းတို့လက်ချက်ဖြင့် ကျဆုံးခဲ့ပြီဖြစ်၏။

ကျန်ဒဏ်ရာရသူအချို့မှာလည်း အင်းဝမှ ဟံသာဝတီသို့ လာရာလမ်းတွင် သေဆုံးသွားခဲ့ကြပြီ။

မုတ္တမ၊ ရေး၊ ထားဝယ်တို့မှ တပ်များမှာ သူတို့နေရပ်သို့ ပြန်ရန် ဟံသာဝတီတွင် ရက်အတန်ကြာ အားဖြည့်အနားယူကြရဉီးမည်။

ထိုကာလအတွင်း သူတို့အတွက် ရိက္ခာနှင့် ဆေးဝါးကုသရေးကိစ္စများက မရေရာလှ။

“ဆင်ဝန်ကို ကျုပ်တာဝန်ပေးထားတယ်...သူလုပ်ပေးပါလိမ့်မယ်”

စကားတခွန်းသာပြောပြီး အတွင်းသို့ ဝင်သွားသည့် မြို့ဝန်ဉီးသာ​အောင်၏ အမူအယာကြောင့် တလပန်းမှာ အံကို ကြိတ်ထားလိုက်သည်။

သူလည်း စိတ်ဓာတ်ကျနေပြီဖြစ်သည်။

မြို့ဝန်ခြံဝတွင် ထားရစ်သော မြင်းပေါ်သို့ အားယူတက်လိုက်သည့်အခါ သူ၏ ဘယ်ဘက်ပုခုံးဆီမှ အောင့်ခနဲ ဖြစ်သွား၏။

ကသည်းတို့နှင့် တိုက်ခဲ့သောတိုက်ပွဲအတွင်း သူ့ပုခုံးတွင် ကျည်သင့်ခဲ့သည်။ ယခုအထိ ထိုကျည်ကို ခွဲမထုတ်နိုင်သေး။ ဆနွင်းမှုန့်သိပ်ကာ အဝတ်စဖြင့်ပတ်ချည်ခဲ့ရသည်မဟုတ်လား။

ရွှေမောဓောဘုရားခြေရင်း မြေကွက်လပ်ဆီ ရောက်လာသည့်အခါ သူ၏ တပ်ဆီမှ ဆူညံတက်ကြွနေသော အသံများကို ကြားနေလိုက်ရသည်။

အစောပိုင်းသူ ထွက်လာစဉ်ကတော့ ထိုသို့မဟုတ်။ ညည်းညူသံများဖြင့် စိတ်ဓာတ်ကျနေသည့်စစ်သားများသာ။

ကညင်ဆီ မီးတိုင်များကလည်း လင်းလင်းထိန်ထိန်။

နွားလှည်းဆယ်စီးခန့်ကလည်း ရပ်ထားသည်။

“တပ်မှူး....ဟိုမှာ ဆင်ဝန်ရောက်လာတယ်..ကျုပ်တို့အတွက် အရက်တွေရော၊ ရိက္ခာတွေရောဗျ...ဆေးကုပေးမယ်သူတွေပါ ပါလာတယ်”

ထားဝယ်စစ်ကဲ အဲဂေါင်း က တလပန်း၏ မြင်းကို ပုတ်ကာ တက်ကြွစွာပြောလိုက်၏။

“သူတို့ ဘယ်မှာလဲ”

“ဟိုးဘုရားစောင်းတန်းထဲမှာ ရှိတယ်...ခင်ဗျားကို စောင့်နေကြတယ်”

တလပန်းက မြင်းကို စစ်သားတစ်ယောက်အား ပေးလိုက်ကာ စောင်းတန်းဆီသို့ လမ်းလျှောက်သွား၏။

“ကျွန်တော်မျိုး မုတ္တမကြောင်းမှ တပ်မှူးတလပန်းပါ ဆင်ဝန်မင်း”

ဆင်ဝန်ဉီးအောင်လှက တလပန်းကို ဖော်ရွေစွာပြုံးပြသည်။

“အိမ်း..တပ်မှူးလေး လူတွေက အတော်ပင်ပန်းလာကြတာပဲ...အတော်လေးကို ရွပ်ရွပ်ချွံချွံတိုက်ကြခိုက်ခဲ့ကြတယ်ထင်ရဲ့..စိတ်မပူပါနဲ့...ဒဏ်ရာရတဲ့လူနာတွေအတွက်...မြောက်ဘက်မှာ တဲတစ်ခု အရေးပေါ်ထိုးနေပါတယ်..လောလောဆယ် သူတို့ကို ဟံသာဝတီက သမားတော်တွေက ကြည့်ပေးနေပါတယ်.. တချို့အရမ်းဒဏ်ရာသဲတဲ့လူတွေအတွက် မနက်ဖြန်မှာ သံလျင်က အနောက်တိုင်းဆေးကုတတ်တဲ့ ဗရင်ဂျီဘုန်းတော်ကြီးတွေကို ဟော့ဒီက မြို့စောင့်တပ်မှူး လက်ျာဗိုလ်က သွားခေါ်လာပါလိမ့်မယ်”

လက်ျာဗိုလ်ဆိုသူက တလပန်းကို ခေါင်းညိတ်ပြသည်။ တလပန်းက ကျေးဇူးတင်ကြောင်း မွန်ဘာသာဖြင့် ပြောလိုက်၏။

“ကျန်တဲ့စစ်သားတွေ စိတ်ဓာတ်ကျနေကြတာ..သူတို့အတွက်လည်း ဟော့ဒီက ကုန်သည်ကြီး လွီဇာ က ဗျစ်ရည်တွေ၊ ဗျန်ရည်တွေ လှူပေးမှာပါ.....စားနပ်ရိက္ခာအတွက်လည်း မပူပါနဲ့..ကျုပ်ဇနီးနဲ့ သမီးတွေက ဉီးဆောင်ပြီး မြို့သူမြို့သားတွေက ချက်ကျွေးပါလိမ့်မယ်...ဟံသာဝတီဟာ ကျုပ်ရှိနေရင် ခင်ဗျားတို့ရဲ့ အိမ်လို့ပဲမှတ်ပါလို့.. တပ်သားတွေကို ပြောပြပေးပါဉီး”

နဘေးနားတွင် ရပ်နေသော လွီဇာ ကို တလပန်းက အကဲခတ်ကြည့်လိုက်သည်။

“ကျေးဇူးတော်ကြီးမားပါတယ်..ဆင်ဝန်မင်း..ကျွန်တော်မျိုးတို့မှာလည်း တလမ်းလုံးစိတ်ဓာတ်ကျလာကြရ တာပါ..ငါတို့ ဘယ်သူ့အတွက် စစ်တိုက်ခဲ့ကြတာလဲဆိုတဲ့ မေးခွန်းမျိုးကို ကိုယ့်ကိုကိုယ်တောင် ပြန်မေးရမှာ ရှက်လာပါတယ်”

ဉီးအောင်လှက ကွမ်းတစ်ယာကို တလပန်းထံ ကမ်းပေးလိုက်၏။

“စစ်ဆိုတာကတော့ အနိုင်နဲ့ အရှုံး ရှိကြစမြဲပဲ မဟုတ်လား.... ဒီနှစ်မျိုးထဲက တစ်မျိုးကို လက်ခံပေးနိုင်စိတ် မွေးကြရမှာပဲ... အခု ရှုံးတဲ့ အရှုံးထဲကနေ နောက်တကြိမ် နိုင်ဖို့အကြောင်းအရင်းကို ရှာဖွေကြရမှာပဲ..ဒါ ကျုပ်အယူအဆပါ”

တလပန်းက ဉီးအောင်လှကို တလေးတစားဖြင့် လက်အုပ်ချီလိုက်သည်။

“မှန်ပါ...ကျွန်တော်မျိုးတို့ ဟံသာဝတီသားတွေ အင်းဝရဲ့ ရွှေနန်းရှင်အရေး၊ အင်းဝမြို့တော်ကြီး ထိပါးမယ့်အရေးအတွက်  အသေခံပြီး စစ်တိုက်ပေးခဲ့ပေမယ့်...ကျွန်တော်မျိုးတို့ စစ်ရှုံးချိန်မှာတော့.အင်းဝရဲ့ တံခါးကတော့ ပွင့်မလာခဲ့ဘူးမဟုတ်လား...ကျွန်တော်မျိုးရော..ကျန်တဲ့ စစ်သည်တွေပါ..ဒီခံစားချက်ကို နာနာကြင်ကြင်ရှိလှပါတယ်”

“အင်း..အဲ့ဒါက အရေးကြီးပါတယ်လေ...စစ်တိုက်တယ်ဆိုတဲ့နေရာမှာ အဓိက က စိတ်ဓာတ်ပဲ..စစ်သည်တွေအနေနဲ့.ငါတို့အရေးအတွက် ငါတို့တိုက်နေတာဆိုတဲ့ စိတ်ဓာတ်မျိုးထက် သာတဲ့လက်နက်မှ မရှိတော့ဘူးလို့ ကျုပ်တော့ မြင်တယ်..ဟံသာဝတီမှာတော့ ကျုပ်ရှိနေသမျှ ရာမညသားတွေအတွက် တံခါးဖွင့်ထားပေးပါ့မယ်”

လွီဇာက သေသပ်လှပသော ပုလင်းတစ်လုံးကို ကိုင်ကာ လမ်းလျှောက်လာသည်။

 “ကဲ.... ကျွန်တော်မ အထူးတင်သွင်းလာတဲ့ဟော့ဒီ ပြင်သစ်ပြည်ဖြစ် ဘရန်ဒီအရက်ပုလင်းလေး ကို ချီးမြင့်ပေးဖို့ စစ်ပြန်မောင်ကြီးအတွက် ဆင်ဝန်မင်းက အမိန့်တော်ရှိထားပါတယ်..ဟုတ်ပါတယ်လေ....ဒါတွေက ယောက်ျားကောင်းတွေနဲ့ပဲထိုက်တန်တာမဟုတ်လား....တပ်မှူးတို့ကတော့ ဆင်ဝန်အိမ်တော်နဲ့ ကျွန်တော်မအိမ်တော်မှာ လူခွဲအနားယူဖို့ ကျွန်တော်မတို့ ပြင်ဆင်ထားပါတယ်ရှင့်..”

လွီဇာက တလပန်းနဘေးတွင် ဒူးတုတ်ထိုင်လျက် ဘရန်ဒီပုလင်းလေးကို ပေးလိုက်သည်။

တလပန်းမှာ ဝမ်းသာလွန်းသဖြင့် လက်များပင် တုန်ရီနေ၏။ သူ ပင်ပန်းလှပြီ။

သူတို့ အသက်စွန့်တိုက်ပေးခဲ့ရသည့် ပဒေသရာဇ်အရှင်သခင်များဆီမှ လိုချင်ခဲ့သည်မှာ ထိုကဲ့သို့ နွေးထွေးမှုမျိုး မဟုတ်ပါလား။

“ကျေးဇူးတင်လှပါတယ်...ဆင်ဝန်မင်း......တလပန်းနဲ့ သူ့စစ်သည်တွေဟာ ဒီနေ့ ဆင်ဝန်မင်းနဲ့ ဟံသာဝတီသားတွေဆီက ရခဲ့တဲ့ နွေးထွေးမှုမျိုးကို ဘယ်တော့မှ မေ့မသွားပါဘူး”

တလပန်းထွက်သွားပြီးနောက် ဉီးအောင်လှနှင့် လွီဇာတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ရင်း ပြုံးလိုက်ကြ၏။

.................................................................................................................................

၁၇၃၉ ခုနှစ်၏ မိုးရာသီကား ကုန်ဆုံးသွားခဲ့ပြီ။

ဗေဒင်ကိန်းခန်းအရ ယတြာချေသည့်အနေဖြင့် ရွှေပေါ်ကျွန်းတွင် နေထိုင်လျက်ရှိသည့် မဟာဓမ္မရာဇာဓိပတိ ၏ ယာယီတဲနန်းဆီသို့ ကိုးသိန်းသခင်မင်းခေါင် ရောက်ရှိလာသည်။

အစပိုင်းတွင် မဟာဓမ္မရာဇာဓိပတိက ကိုးသိန်းသခင်အား အတွေ့မခံခဲ့။

အင်းဝနန်းတော်တွင်လည်း မနေပဲ မြို့သစ်၊ စစ်ကိုင်း၊ တံတားဉီး၊ ပင်းယ စသည့်မြို့များသို့ လှည့်လည်ကာ မနော်ရမ္မာဥယျာဉ်၊ စိတ္တရမ္မာဥယျာဉ်၊ စိတ္တလတ္တာဥယျာဉ်၊ ကျေးနင်းကြီးဥယျာဉ်၊ ကျေးနင်းငယ်ဥယျာဉ်၊ ဟေမဝန်ဥယျာဉ် စသည်ဖြင့် ဥယျာဉ်သစ်များတည်ဆောက်နေလေသည်။

ယခုအခါ အရေးပေါ် အခြေအနေဖြစ်ကြောင်း အကြီးတော် ဝန်ကြီးပဒေသရာဇာက လျှောက်တင်လာသဖြင့် အတွေ့ခံခဲ့ခြင်းဖြစ်၏။

“ဘထွေးတော်..ဒီပဲရင်းတပ်က လာတာလား”

မဟာဓမ္မရာဇာဓိပတိ၏ အသံက ခပ်မာမာဖြစ်နေသည်ကို ဘေးနားတွင်ခစားနေသူများပင် သတိထားမိလိုက်ကြသည်။

“မှန်ပါ..အော်ပန်လက်စားဆီက စစ်ရေးသတင်းပါလာလို့..ဖဝါးတော်ရင်း ခစားရခြင်းပါ”

အော်ပန်လက်စား ထံမှ ဆိုသဖြင့် ရှင်ဘုရင်သည် အနည်းငယ် ကိုယ်ကို မတ်လိုက်သည်။

“ကသည်းတွေက မနှစ်က ကတည်းက ပြန်သွားပြီမဟုတ်လား..အခု ဘာဖြစ်ပြန်တာလဲ”

“မှန်ပါ..ကသည်ဟုံစော်ဘွား ဂါရစ်နာဝဇ်သည် မိုးတွင်းတစ်လျှောက်လုံး နန်းတော်သို့ မပြန်ပဲ..ကလေးပန်းသာလွင်ပြင်တွင် မျိုးရိက္ခာနှင့် ဖောင်များ၊ တံတားအရှင်များ ဆောက်လုပ်စုဆောင်းနေ ခဲ့ကြောင်းပါ..ယခုအခါ နေပြည်တော်သို့ စစ်ချီရန်အငွေ့အသက်များ တွေ့ရကြောင်း အော်ပန်လက်စားက သတင်းပါးလာပါတယ်...ဖောင်များ၊ တံတားအရှင်များ ဆောက်လုပ်နေခြင်းကား ဧရာဝတီကို ကူးလျက် အင်းဝရွှေနန်းထိ ထိပါးရန် ကြံရွယ်ရင်းဖြစ်ဟန်တူကြောင်း”

မဟာဓမ္မရာဇာဓိပတိက ခေတ္တမျှ တိတ်ဆိတ်သွားသည်။

“ဘထွေးတော်မှာ ဘယ်လိုများ စစ်ရေးအစီအမံရှိပါသလဲ”

“မှန်ပါ...မြေတူး နဲ့ မင်းကင်း မြို့များမှာ ခံမြို့အဖြစ် တပ်တည်ထားသင့်ပါတယ်”

“အိမ်းလေ...မနက်ဖန်ခါ အင်းဝရွှေနန်းက မူးကြီးမတ်ရာများဆီ အမိန့်တော်ပါးလေ..ငါကိုယ်တော်ြမတ်ထံ အရေးပေါ် ညီလာခံဝင်ပြီး စစ်ရေးကိစ္စ စည်းဝေးဆုံးဖြတ်ကြတာပေါ့”

“မှန်ပါ...ကသည်းတို့သည် ယခင်ကကဲ့သို့မဟုတ်ပဲ..သူရဲသူခက်၊ လက်နက်လူသူ ပြည်စုံနေပါသဖြင့်  လျော့မတွေးသင့်ကြောင်းပါ..ထို့ကြောင့်...ယခု အရှင်မင်းကြီး စံနေတဲ့ ရွှေပေါ်ကျွန်းဟာ မလုံခြုံပါသဖြင့်.အင်းဝနန်းတော်သို့ ပြန်လည်စံမြန်းတော်မူသင့်ကြောင်းပါ”

“နန်းတော်မှာ မွန်းကြပ်တယ်...နေလို့ရသလောက် ဒီမှာပဲ ငါနေဉီးမယ်..”

မဟာဓမ္မရာဇာဓိပတိက အတွင်းတော်သို့ ဝင်သွား၏။

ကိုးသိန်းသခင်က သက်ပြင်းချလိုက်ပြီး အကြီးတော်ပဒေသရာဇာကို ကြည့်လိုက်သည်။

ဝန်ကြီးပဒေသရာဇာက လက်ကာပြလိုက်ရင်း..

“ကျုပ်..ကြည့်ပြောပေးပါ့မယ်..ရွှေနန်းရှင် အကြောင်းလည်း ခင်ဗျား သိသားပဲ..ကိုးသိန်းသခင်..သူက သူ့ဟာသူအေးအေးနေချင်တာ”

“တနိုင်ငံလုံးအရေး ဒီလောက်ပူနေတာ...သူက အေးအေးနေချင်လို့ မရဘူးလေ..အကြီးတော်မင်းရ”

ကိုးသိန်းသခင်၏ အသံက ခပ်မာမာဖြင့် ကျယ်သွားသဖြင့် အနီးအနားမှလူများပင် လန့်သွားကြသည်။

အင်းဝအရေးကား အမှန်တကယ်ပင် စတင်ပူလောင်ခဲ့ပေပြီ။

မဟာဓမ္မရာဇာဓိပတိသည် ကသည်းတို့ စစ်ချီလာသည်ကို အလေးမထားခဲ့။ လွန်ခဲ့သည့်နှစ်များကအတိုင်း ခဏဝင်ရောက်ပြီး ပြန်လည်ဆုတ်ခွာသွားကြမည်ဟုသာ သုံးသပ်ခဲ့သည်။

ထို့ကြောင့် ကသည်းစစ်ကို ခုခံရန်အတွက် မြေတူးတွင် တပ်မှူးမင်းရဲရာဇသူ၊ မင်းကင်းတွင် တပ်မှူး မင်းရဲဇေယျသူ နှင့် ဒီပဲရင်းတွင် မင်းရဲကျော်ခေါင်ဘွဲ့ခံ ကိုးသိန်းသခင်မင်းခေါင် တို့ကို စုစုပေါင်း အင်အား (၁၀၀၀)ခန့်နှင့်ပင် ခံတပ်မြို့များအဖြစ် ထားရှိခဲ့၏။

ဂါရစ်နာဝဇ်နှင့် သားတော်ဆန်ဂျေးခူရာလက်ပတို့ ၏ ကသည်းတပ်များသည် စစ်ကြောင်းနှစ်ကြောင်း ဖြင့် ချီတက်လာသည်။

ပထမဆုံး ခံတပ်မြို့ဖြစ်သည့် မြေတူးမြို့တွင် တပ်မှူးမင်းရဲရာဇသူ နှင့်အတူ ကိုးသိန်းသခင်မင်းခေါင်၏ တပ်အချို့ပါ လာရောက်ပူးပေါင်းက ကသည်းတပ်များကို ရင်ဆိုင်ရန် အသင့်ပြင်ထားကြ၏။

မြေတူးမြို့ မြောက်ဖက် သစ်ရာပင်အရပ်တွင် မဏိပူရတပ်နှင့် ကိုးသိန်းသခင်ဉီးအောင်သည့် အင်းဝတပ်များ ရင်ဆိုင်မိကြသည်။

မဏိပူရတပ်မှာ ယမန်နှစ်ကထက် လူအင်အားပိုမိုများပြားပြီး စနစ်ကျလာသဖြင့် အင်းဝတပ်များမှာ တပ်လန်ကာ ဆုတ်ခွာပြေးကြသည်။

အင်းဝတပ်မှူးသုံးဉီးလုံးမှာ မဏိပူရ၏ စစ်အင်အားကို ခံစစ်ဖြင့်သာတိုက်ရမည်ဟု ဆုံးဖြတ်ကြပြီး ခံတပ်တည်ရာမြို့များသို့ ပြေးဝင်ကြကာ အခုအခံအခိုင်အလုံဖြင့် နေကြတော့သည်။

 မဏိပူရတပ်များမှာ ခံတပ်မြို့များမတိုက်ပဲ စည်သာ၊ မုဆိုးဖို၊ ဟန်လင်း လမ်းကြောင်းအတိုင်း အင်းဝမြို့ရှိရာသို့ ဉီးတည်ချီတက်သွားကြသည်။

ထိုအခြေအနေကြောင့် ကိုးသိန်းသခင်မင်းခေါင်မှာ ဒီပဲရင်းမှ ခွာကာ စစ်ကိုင်းမှ ခုခံရန် အလျင်အမြန် နောက်ကြောင်းပြန်ချီရပြန်သည်။

မဟာဓမ္မရာဇာဓိပတိလည်း စစ်သတင်းများကြားသည်နှင့် မလုံမခြုံဖြစ်နေသည့် ရွှေပေါ်ကျွန်းမှ ထွက်ကာ အင်းဝသို့ အလျင်အမြန်ဝင်လေသည်။

ထို့နောက် အင်းဝတွင် မြို့စောင့်တပ်အနည်းငယ်သာချန်ထားပြီး စုစည်းရသမျှ တပ်အင်အားများကို စစ်ကိုင်းသို့ ပို့သည်။

 စစ်ကိုင်းကောင်းမှုတော်ဘုရားကို ကွေ့ဝိုက်ကာ မြောက်မှ အရှေ့ဘက် မင်းဝံတောင်ရိုးအထိ၊ အနောက်ဘက် တင်းတိမ်အင်းအထိ သစ်တပ်ကြီးများ အရေးပေါ်တည်ဆောက်ကာ ခုခံရန် ပြင်ဆင်ရတော့၏။

........................................

၁၇၃၉ ၊ ဒီဇင်ဘာ ၃၁ ရက်နေ့ ၊ နံနက်ခင်း။

စစ်ကိုင်းမြို့၊ ကောင်းမှုတော်ဘုရား၏မြောက်ဘက် စာရေးရွာသို့ ကသည်းတပ်များဝင်လာကြပြီဖြစ်သည်။

ကသည်းတပ်တို့၏ ပစ်ခတ်လိုက်သည့် အမြောက်သံများနှင့်အတူ စာရေးရွာဘက်မှ မီးခိုးလုံးကြီးများ တက်လာသည်ကို စစ်ကိုင်းမြို့သားများ မြင်လိုက်ကြရ၏။

စစ်ကိုင်းမြို့ကား ရှုပ်ထွေးဆူညံနေသည်။

အနီးအနားကျေးရွာများမှ လူများသည် စစ်ကိုင်းမြို့တွင်းသို့ မိသားစုလိုက် ခိုဝင်လာကြသည်။

စစ်ကိုင်းမြို့တွင်းမှ အချို့ကလည်း ကသည်းတပ်များ စစ်ကိုင်းသို့ ဉီးတည်လာပြီဖြစ်သဖြင့် အနောက်ဘက် ရွာများဆီသို့ ခိုလှုံရန် ပြေးကြသည်။

ကိုးသိန်းသခင်က ကုလားဝန် နန္ဒကျော်ထင် ၏ တပ်များကို ကောင်းမှုတော်ဘုရားဆီသို့ စေလွှတ်ကာ ကသည်းတပ်များနှင့် ရင်ဆိုင်တိုက်ခိုက်စေသည်။

ကိုးသိန်းသခင်ကိုယ်တိုင်မူ  စစ်ကိုင်းမြောက်ဖက်တံခါးတွင် တပ်တည်ကာ အခြေအနေကို စောင့်ကြည့်နေကြ၏။

ထိုအခြေအနေတွင် မြင်းလှည်းတစ်စီးသည် မြို့ပြင်သို့ ထွက်ရန် မြောက်ဘက်တံခါးဝသို့ ရောက်လာ၏။

“ဟေ့..ရှေ့မှာ ကသည်းတပ်တွေ ရောက်နေပြီ....ဘယ်ကို သွားမလို့လဲ..မြို့ထဲ ပြန်ဝင်ကြ”

စစ်သည်တစ်ဉီးက မြင်းလှည်းပေါ်မှ လူကို လှမ်းအော်လိုက်သည်။

လှည်ပေါ်မှ လူသည် အညာစောင်အထူကြီးကို ခြုံထား၏။ သူ့လက်ထဲတွင် တင်ကျည်းတုတ် ခေါ် တုတ်ရှည်တစ်ချောင်းကိုလည်း ကိုင်ထားသည်။

“ကျုပ် မုဆိုးဖို မြင်းခေါင်းကြီးသားပါ..မုဆိုးဖိုကို အချိန်မှီ ပြန်မှရမယ်”

“ဒီလောက် အန္တရာယ်များနေတာကို...ဒီတံခါးက ထွက်ရသလားဟဲ့”

“ဒီမှာ ကျုပ်မိန်းမမပေါ့မပါးကြီးနဲ့ဗျ...နင်တို့ စစ်ကိုင်းကို မကာကွယ်နိုင်ရင် ကသည်းတွေ သတ်လို့ ကျုပ်မယားရော၊ ဗိုက်ထဲက ကလေးပါ သေရလိမ့်မယ်..ဒါကြောင့် မုဆိုးဖိုကို သူတို့ကို ပို့ရမယ်ဟေ့”

“အံမယ်..လေသံက မာလှချည်လားလို့ ကြည့်နေတာ...အောင်ဇေယျကိုး”

ထိုအချိန်တွင် ခံတပ်ပေါ်မှ လူကောင်ထွားထွား၊ အသားနက်နက်ဖြင့် လူတစ်ဉီးဆင်းလာသည်။

ချစ်ညို။

ချစ်ညို သည် ကိုးသိန်းသခင်၏ တပ်တွင် စစ်သည်တစ်ရာကို အုပ်ချုပ်ရသည့် စစ်ကဲရာထူးသို့ ရရှိနေပြီဖြစ်သည်။

အောင်ဇေယျက ချစ်ညို ကို မျက်ခုံးတွန့်ကာ ကြည့်လိုက်၏။

သူ့နောက်တွင် ထိုင်လာသော ရှင်မိငယ်က အောင်ဇေယျ၏ လက်မောင်းကို မသိမသာကိုင်ထားလိုက်၏။

“စစ်ကိုင်းမြို့ကို အင်းဝရွှေနန်းရှင်ဖဝါးအောက်က စစ်သည် ယောက်ျားကောင်းတွေ ကာကွယ်ထားတယ်ကွဲ့.. မင်း...ဘာကြောက်စရာလိုလဲ...မင့်ရွာ မုဆိုးဖိုက အခု ကသည်းတွေ စစ်လမ်းကြောင်းပေါ်မှာ..အဲ့ဒီမှာမှ မီးတိုက်ခံနေရမယ်..မသွားနဲ့ ”

“ငါ့ရွာ ငါ့နယ် ကို ငါနဲ့ ငါ့လူတွေကာကွယ်နိုင်တယ်....နင်တို့လို တိုက်တိုင်းရှုံးလို့ စစ်ကိုင်းထိ ပြန်ပြေးလာရတဲ့လူတွေ က ယောက်ျားကောင်းတဲ့လား..ထွီ”

“သယ်....ဒီအကောင်တော့..သေချင်ပြီ”

ချစ်ညို က ဓါးအိမ်မှ ဓါးကို ချွတ်ကာ ရှေ့တိုးလာ၏။

အောင်ဇေယျ က သူ့လက်ထဲမှ တင်ကျည်းတုတ်ရှည်ဖြင့် ချစ်ညို ၏ ရင်ဘတ်ကို ထောက်ထားလိုက်သည်။

“ကိုကြီးညို...အနောက်မှာလည်း မိန်းမရွယ်က ကိုယ်ဝန်နဲ့မဟုတ်လား..သူတို့ကို ပေးသွားလိုက်ပါ..ဒီအချိန် အချင်းချင်း ရန်ဖြစ်ရမယ့် အချိန်မဟုတ်ဘူး..ဟိုအပေါ်မှာ ကိုးသိန်းသခင်လည်း ကိုကြီးညိုကို မေးနေတယ်”

ချစ်မြ က ချစ်ညို၏ ဓါးကိုင်ထားသည့် လက်ကို ဆွဲထားလိုက်သည်။

ချစ်ညိုက တောက်တချက် ခေါက်ကာ ဓါးကို ဓါးအိမ်အတွင်းသို့ ပြန်သွင်းလိုက်၏။

အောင်ဇေယျက တင်ကျည်းတုတ်ကို လှည်းပေါ်သို့ ပြန်ချထားလိုက်ကာ လှည်းကို မောင်းထွက်သွားသည်။

“မိငယ် လန့်သွားသလား”

“မောင်ကြီး ရှိတာပဲ..မိငယ် မလန့်ပါဘူး”

“မုဆိုးဖိုရောက်ရင်..မိငယ် အဆင်ပြေပါ့မလားပဲ.မောင်ကြီး စိုးရိမ်တာ”

“အဆင်ပြေအောင် နေရမှာပေါ့..မောင်ကြီးရယ်”

အောင်ဇေယျသည် ကသည်းတပ်များချီတက်ရာ လမ်းကြောင်းများကို ရှောင်ကွင်းကာမောင်းလာရသဖြင့် ညဉီးပိုင်းတွင်မှ မုဆိုးဖိုသို့ ရောက်ရှိလာ၏။

“ဟေ့...ဘယ်သူလဲ..ဖြေ..မဖြေရင် လင်းလေးစာ မိမယ်”

မုဆိုးဖို ရွာစည်းရိုး ကင်းစင်ထက်ဆီမှ အသံ တစ်ခု ထွက်ပေါ်လာ၏။

“မင့် လင်းလေး က စာကလေးတောင် မှန်အောင်မပစ်နိုင်တာကွယ်...ငအိုး နှယ့်”

“ဟာ..အောင်ဇေယျ..ယောက်ဖ...ညဘက်ကြီး အန္တရာယ်ကြီးလိုက်တာ..လာ..လာ”

အောင်ဇေယျ၏ မယားကြီး ခင်ယွန်းစံ၏ မောင်တော်သူ ငအိုး နှင့် ရွာကင်းစောင့်များက တံခါးကို ဖွင့်ပေးလိုက်ကြသည်။

“နောက်က ပါလာတာက ဘယ်သူတုန်း”

“စစ်ကိုင်းက ရှင်မိငယ်ဆိုတာလေကွာ”

“ဟာ.....ဒီကို ခေါ်လာခဲ့ပလားဟ..ယောက်ဖတို့ကတော့နည်းတဲ့သတ္တိလား.တို့ အမ နဲ့တော့တွေ့ကြပြီပေါ့ကွာ..ဟားဟား”

အောင်ဇေယျ တို့၏ ခြံကြီးမှာ မုဆိုးဖိုရွာတွင် အကျယ်ဆုံးဖြစ်သည်။ အောင်ဇေယျ၏ ဖခင် ဉီးညိုစံ မှ မြင်းစီးသူကြီးဖြစ်သကဲ့သို့ လယ်ပိုင်ရှင်လည်းဖြစ်သဖြင့် ငွေကြေးဆွေမျိုးအင်အားတောင့်တင်းကြသည်။

ညစာစားပြီးချိန်ဖြစ်သဖြင့် မန်းကျည်းပင်ကြီးအောက်ရှိ ကွပ်ပျစ်တွင် အောင်ဇေယျ၏ မိခင်ဖြစ်သူ ဖွားငြိမ်းဉီး မှာ ပြောင်းဖူးဖက်ဆေးလိပ်ကြီးကိုဖွားလျက်ရှိသည်။

နဘေးတွင် ချွေးမဖြစ်သူ ခင်ယွန်းစံ နှင့် သမီးရှင်မင်းတို့က ပြောင်းဖူးဖက်များကို ဆေးလိပ်လိပ်ပေးရင်း စကားပြောနေကြ၏။

အောင်ဇေယျ၏ သားကြီး ငါးနှစ်သားအရွယ် မောင်လောက် ၊ သုံးနှစ်သားအရွယ် မောင်ရွ တို့မှာ အခြား မောင်နှမဝမ်းကွဲများနှင့်အတူ ဆော့ကစားနေကြ၏။

ခပ်လှမ်းလှမ်းတွင် အောင်ဇေယျနှင့်အတူ လိုက်ပါနေထိုင်သော မောင်ကောင်း၊ အောင်ဇေယျ၏ ညီများဖြစ်သော ရွှေကြူ၊ ရွှေဂူ တို့သည် တင်ကျည်းတုတ်လုပ်ရန်အတွက် ဝါးများကို မီးပုံကြီးဖိုကာ မီးသင်းလျက်ရှိကြသည်။

အိမ်ဝိုင်းအတွင်းသို့ လှည်းဝင်လိုက်သည်နှင့် ကလေးများမှာ လှည်းအနီးသို့ ဝိုင်းသွားကြ၏။

သုံးနှစ်သားသာ ရှိသေးသော သားငယ် မောင်ရွ မှာ လှည်းပေါ်မှ ဆင်းလာသော အောင်ဇေယျကို အတင်းကုပ်တွယ်တက်တော့သည်။

“မောင်ရွငယ်...ခဏနေပါဉီးကွယ်”

အောင်ဇေယျက သားငယ်ကို မြေပေါ်သို့ ခဏချပြီးနောက် လှည်းပေါ်မှ ရှင်မိငယ် ကို တွဲကာ ဆင်းခိုင်းလိုက်သည်။

ကွပ်ပျစ်ပေါ်တွင် ရှိနေသော မိန်းမသားသုံးဉီးမှာ ထိုမြင်ကွင်းကို အသေအချာစိုက်ကြည့်နေကြ၏။

ခင်ယွန်းစံသည် သူ့လက်ထဲမှ လိပ်လက်စ ဆေးလိပ်ကို လွှင့်ပစ်ကာ ကွပ်ပျစ်ပေါ်မှဆင်းလိုက်သည်။

အောင်ဇေယျ တွဲလာသော အမျိုးသမီးငယ်ကို စူးစူးစိုက်စိုက်ကြည့်လိုက်၏။

“ဒါ ရှင်မိငယ်ပဲ...ခင်ယွန်း”

အောင်ဇေယျက ရှင်မိငယ်ကို ခြုံထားသည့် စောင်ကို ဆွဲဖယ်ပေးလိုက်သည်။

ခင်ယွန်းစံသည် တစ်စုံတစ်ရာပြောမည်ဟန်ပြုလိုက်၏။ သို့သော် ရှင်မိငယ်၏ လုံးဝန်းနေသော ဝမ်းဗိုက်စူမို့မို့ကို ကြည့်ကာ ကွပ်ပျစ်တွင် သွားပြန်ထိုင်လိုက်၏။

“စစ်ကိုင်းကို ကသည်းတွေဝင်လာရင်..သူတစ်ယောက်တည်း..ကိုယ်ဝန်ကြီးနဲ့ ဒုက္ခရောက်လိမ့်မယ်.. ဒါ့ကြောင့် မောင်ကြီး သွားခေါ်လာတာ..ခင်ယွန်း”

ခင်ယွန်းစံက အောင်ဇေယျ စကားကို မကြားယောင်ပြုလိုက်သည်။

“လာ..တို့ညီမ..ဒီမှာလာထိုင်နားဉီး..ညစာများ စားပြီးပြီလား”

ခင်ယွန်းစံက ရှင်မိငယ် ကို တည်တည်ငြိမ်ငြိမ်ပင် စကားဆိုလိုက်၏။

ရှင်မိငယ်က ခေါင်းကိုသာ တွင်တွင်ငုံ့ထားသည်။

“ကိုယ်ဝန်ကြီးနဲ့ အပြင်မှာ အေးတယ်..လာ..လုံမငယ်..အမေ ထမင်းဟင်းပြင်ပေးမယ်..အိမ်ထဲမှာ စားလိုက်ချေ”

ဖွားငြိမ်းဉီးက ရှင်မိငယ်၏ လက်ကို ဆွဲကာ အိမ်ထဲသို့ ခေါ်သွားသည်။ ဖွားငြိမ်းဉီးနှင့်အတူ ရှင်မင်း ပါ အထဲသို့ လိုက်သွား၏။

ကွပ်ပျစ်နဘေးတွင် အောင်ဇေယျ နှင့် ခင်ယွန်းစံသာ ကျန်ရစ်တော့သည်။

“ခင်ယွန်း”

“ကျွန်မ မိန်းကလေးကို စိတ်မဆိုးဘူး”

“မောင်ကြီးကိုရော”

ခင်ယွန်းစံက နဘေးတွင်ရှိနေသော လိပ်လက်စ ပြောင်းဖူးဖက်ဆေးလိပ်များဖြင့် အောင်ဇေယျ၏ ရင်ဘတ်ကို ကောက်ပေါက်ကာလှည့်ထွက်သွား၏။

မီးပုံနားတွင် အလုပ်လုပ်နေကြသော ငကောင်းတို့ တသိုက်ဆီမှ ခပ်တိုးတိုးရယ်သံများထွက်လာတော့သည်။


ခက်ဇော်

အခန်း (၃၁) သဘက်ခါ။

ကိုယ့်အတွက် ကိုယ်တိုက်ယူတဲ့တိုက်ပွဲမို့ ဉာဏ်ပညာဖြင့် တော်လှန်၊ ချစ်ခြင်းတရားဖြင့် တည်ဆောက်ကြမယ်။

(Zawgyi)

AVA 1740s

                                            အခန္း(၃၀)    

                                ...............................................

၁၇၃၉ ခုႏွစ္၊ ဇန္နဝါရီလ။

ညဉီးပိုင္းျဖစ္ေသာ္လည္း ဟံသာဝတီၿမိဳ႕ ၊ ေတာင္ဘက္ရွိ ဒါဒလိုတံခါးမွာ မပိတ္ႏိုင္ေသး။

မဏိပူရတပ္မ်ား၏ ႏွစ္ဖက္ညႇပ္တိုက္ခိုက္ျခင္းခံရသည့္ၾကားမွ ရေအာင္ေဖာက္ထြက္လာေသာ ရာမညတပ္အခ်ိဳ႕မွာ ဟံသာဝတီသို႔ ျပန္ဝင္လာေနေသာေၾကာင့္ျဖစ္သည္။

ဟံသာဝတီ၊ မုတၱမ၊ ေရး၊ထားဝယ္စေသာ ရာမညတပ္ေပါင္းစု၏ စစ္ဗိုလ္ခ်ဳပ္ သမိန္စကၠ႐ူမွာ တိုက္ပြဲတြင္ က်ဆုံးခဲ့ၿပီျဖစ္သည္။

မုတၱမမွ လူငယ္တပ္မႉးတစ္ဉီးျဖစ္သူ တလပန္းက တပ္မ်ားကို ရသေလာက္စုစည္းကာ ဟံသာဝတီသို႔ အေရာက္ျပန္လာႏိုင္ခဲ့၏။

တိုက္ပြဲတြင္ ဒဏ္ရာရွိသူမ်ား မ်ားျပားလွသည္။

ေဆးဝါးကုသရန္ အလို႔ငွာ အင္းဝသို႔ ဝင္ရန္ ႀကိဳးစားခဲ့ေသာ္လည္း အင္းဝဘုရင္မဟာဓမၼရာဇာအဓိပတိက စစ္ရႈံးခဲ့သည့္တပ္မ်ားကို အမ်က္ေတာ္ရွေနသည့္အတြက္ ဝင္ခြင့္မရခဲ့။

ထို႔ေၾကာင့္  ဟံသာဝတီသို႔သာ ျပန္လာခဲ့ရသည္။ အင္းဝ မွ ဟံသာဝတီလမ္းခရီးမွာေဝးလံၿပီး ၾကမ္းတမ္းလွသည့္အတြက္ ဒဏ္ရာရရွိသူ စစ္သားအမ်ားစုမွာ လမ္းတြင္ပင္ ေသဆုံးခဲ့ၿပီျဖစ္၏။

ျပန္လည္ေရာက္ရွိလာေသာ စစ္သည္မ်ားအေရးကို ေဆာင္႐ြက္ေပးရန္အတြက္ ၿမိဳ႕ဝန္ဉီးသာေအာင္က ဆင္ဝန္ဉီးေအာင္လွ ကို တာဝန္ေပးခဲ့သည္။

ေ႐ႊေမာေဓာေစတီေျခရင္းရွိ ေျမကြက္လပ္တြင္ စစ္ပန္းလာေသာ ရာမညတပ္မွ စစ္သားမ်ားမွာ ေျခပစ္လက္ပစ္ျဖင့္ ထိုင္ေနၾကသည္။

သူတို႔ စိတ္ဓာတ္က်ေနၾက၏။

အင္းဝအတြက္ စစ္တိုက္ေပးခဲ့ေသာ္လည္း အင္းဝၿမိဳ႕က သူတို႔ကို အဝင္မခံခဲ့။ သူတို႔တင္မဟုတ္ အင္းဝ၏ အေရးအပါဆုံး စစ္ေသနာပတိတစ္ဉီးျဖစ္သည့္ ကိုးသိန္းသခင္၏ တပ္မ်ားကိုပင္ အင္းဝသို႔ အဝင္မခံခဲ့။

 ဟံသာဝတီကလည္း ၿမိဳ႕ဝန္အဆင့္ကပင္ သူတို႔အား အေရးမစိုက္။

အင္းဝသို႔ စစ္ကူလိုက္သြားေသာ စစ္သည္တဝက္ခန႔္မွာလည္း ကသည္းတို႔လက္ခ်က္ျဖင့္ က်ဆုံးခဲ့ၿပီျဖစ္၏။

က်န္ဒဏ္ရာရသူအခ်ိဳ႕မွာလည္း အင္းဝမွ ဟံသာဝတီသို႔ လာရာလမ္းတြင္ ေသဆုံးသြားခဲ့ၾကၿပီ။

မုတၱမ၊ ေရး၊ ထားဝယ္တို႔မွ တပ္မ်ားမွာ သူတို႔ေနရပ္သို႔ ျပန္ရန္ ဟံသာဝတီတြင္ ရက္အတန္ၾကာ အားျဖည့္အနားယူၾကရဉီးမည္။

ထိုကာလအတြင္း သူတို႔အတြက္ ရိကၡာႏွင့္ ေဆးဝါးကုသေရးကိစၥမ်ားက မေရရာလွ။

“ဆင္ဝန္ကို က်ဳပ္တာဝန္ေပးထားတယ္...သူလုပ္ေပးပါလိမ့္မယ္”

စကားတခြန္းသာေျပာၿပီး အတြင္းသို႔ ဝင္သြားသည့္ ၿမိဳ႕ဝန္ဉီးသာ​ေအာင္၏ အမူအယာေၾကာင့္ တလပန္းမွာ အံကို ႀကိတ္ထားလိုက္သည္။

သူလည္း စိတ္ဓာတ္က်ေနၿပီျဖစ္သည္။

ၿမိဳ႕ဝန္ၿခံဝတြင္ ထားရစ္ေသာ ျမင္းေပၚသို႔ အားယူတက္လိုက္သည့္အခါ သူ၏ ဘယ္ဘက္ပုခုံးဆီမွ ေအာင့္ခနဲ ျဖစ္သြား၏။

ကသည္းတို႔ႏွင့္ တိုက္ခဲ့ေသာတိုက္ပြဲအတြင္း သူ႔ပုခုံးတြင္ က်ည္သင့္ခဲ့သည္။ ယခုအထိ ထိုက်ည္ကို ခြဲမထုတ္ႏိုင္ေသး။ ဆႏြင္းမႈန႔္သိပ္ကာ အဝတ္စျဖင့္ပတ္ခ်ည္ခဲ့ရသည္မဟုတ္လား။

ေ႐ႊေမာေဓာဘုရားေျခရင္း ေျမကြက္လပ္ဆီ ေရာက္လာသည့္အခါ သူ၏ တပ္ဆီမွ ဆူညံတက္ႂကြေနေသာ အသံမ်ားကို ၾကားေနလိုက္ရသည္။

အေစာပိုင္းသူ ထြက္လာစဥ္ကေတာ့ ထိုသို႔မဟုတ္။ ညည္းညဴသံမ်ားျဖင့္ စိတ္ဓာတ္က်ေနသည့္စစ္သားမ်ားသာ။

ကညင္ဆီ မီးတိုင္မ်ားကလည္း လင္းလင္းထိန္ထိန္။

ႏြားလွည္းဆယ္စီးခန႔္ကလည္း ရပ္ထားသည္။

“တပ္မႉး....ဟိုမွာ ဆင္ဝန္ေရာက္လာတယ္..က်ဳပ္တို႔အတြက္ အရက္ေတြေရာ၊ ရိကၡာေတြေရာဗ်...ေဆးကုေပးမယ္သူေတြပါ ပါလာတယ္”

ထားဝယ္စစ္ကဲ အဲေဂါင္း က တလပန္း၏ ျမင္းကို ပုတ္ကာ တက္ႂကြစြာေျပာလိုက္၏။

“သူတို႔ ဘယ္မွာလဲ”

“ဟိုးဘုရားေစာင္းတန္းထဲမွာ ရွိတယ္...ခင္ဗ်ားကို ေစာင့္ေနၾကတယ္”

တလပန္းက ျမင္းကို စစ္သားတစ္ေယာက္အား ေပးလိုက္ကာ ေစာင္းတန္းဆီသို႔ လမ္းေလွ်ာက္သြား၏။

“ကြၽန္ေတာ္မ်ိဳး မုတၱမေၾကာင္းမွ တပ္မႉးတလပန္းပါ ဆင္ဝန္မင္း”

ဆင္ဝန္ဉီးေအာင္လွက တလပန္းကို ေဖာ္ေ႐ြစြာၿပဳံးျပသည္။

“အိမ္း..တပ္မႉးေလး လူေတြက အေတာ္ပင္ပန္းလာၾကတာပဲ...အေတာ္ေလးကို ႐ြပ္႐ြပ္ခြၽံခြၽံတိုက္ၾကခိုက္ခဲ့ၾကတယ္ထင္ရဲ႕..စိတ္မပူပါနဲ႔...ဒဏ္ရာရတဲ့လူနာေတြအတြက္...ေျမာက္ဘက္မွာ တဲတစ္ခု အေရးေပၚထိုးေနပါတယ္..ေလာေလာဆယ္ သူတို႔ကို ဟံသာဝတီက သမားေတာ္ေတြက ၾကည့္ေပးေနပါတယ္.. တခ်ိဳ႕အရမ္းဒဏ္ရာသဲတဲ့လူေတြအတြက္ မနက္ျဖန္မွာ သံလ်င္က အေနာက္တိုင္းေဆးကုတတ္တဲ့ ဗရင္ဂ်ီဘုန္းေတာ္ႀကီးေတြကို ေဟာ့ဒီက ၿမိဳ႕ေစာင့္တပ္မႉး လက္်ာဗိုလ္က သြားေခၚလာပါလိမ့္မယ္”

လက္်ာဗိုလ္ဆိုသူက တလပန္းကို ေခါင္းညိတ္ျပသည္။ တလပန္းက ေက်းဇူးတင္ေၾကာင္း မြန္ဘာသာျဖင့္ ေျပာလိုက္၏။

“က်န္တဲ့စစ္သားေတြ စိတ္ဓာတ္က်ေနၾကတာ..သူတို႔အတြက္လည္း ေဟာ့ဒီက ကုန္သည္ႀကီး လြီဇာ က ဗ်စ္ရည္ေတြ၊ ဗ်န္ရည္ေတြ လႉေပးမွာပါ.....စားနပ္ရိကၡာအတြက္လည္း မပူပါနဲ႔..က်ဳပ္ဇနီးနဲ႔ သမီးေတြက ဉီးေဆာင္ၿပီး ၿမိဳ႕သူၿမိဳ႕သားေတြက ခ်က္ေကြၽးပါလိမ့္မယ္...ဟံသာဝတီဟာ က်ဳပ္ရွိေနရင္ ခင္ဗ်ားတို႔ရဲ႕ အိမ္လို႔ပဲမွတ္ပါလို႔.. တပ္သားေတြကို ေျပာျပေပးပါဉီး”

နေဘးနားတြင္ ရပ္ေနေသာ လြီဇာ ကို တလပန္းက အကဲခတ္ၾကည့္လိုက္သည္။

“ေက်းဇူးေတာ္ႀကီးမားပါတယ္..ဆင္ဝန္မင္း..ကြၽန္ေတာ္မ်ိဳးတို႔မွာလည္း တလမ္းလုံးစိတ္ဓာတ္က်လာၾကရ တာပါ..ငါတို႔ ဘယ္သူ႔အတြက္ စစ္တိုက္ခဲ့ၾကတာလဲဆိုတဲ့ ေမးခြန္းမ်ိဳးကို ကိုယ့္ကိုကိုယ္ေတာင္ ျပန္ေမးရမွာ ရွက္လာပါတယ္”

ဉီးေအာင္လွက ကြမ္းတစ္ယာကို တလပန္းထံ ကမ္းေပးလိုက္၏။

“စစ္ဆိုတာကေတာ့ အႏိုင္နဲ႔ အရႈံး ရွိၾကစၿမဲပဲ မဟုတ္လား.... ဒီႏွစ္မ်ိဳးထဲက တစ္မ်ိဳးကို လက္ခံေပးႏိုင္စိတ္ ေမြးၾကရမွာပဲ... အခု ရႈံးတဲ့ အရႈံးထဲကေန ေနာက္တႀကိမ္ ႏိုင္ဖို႔အေၾကာင္းအရင္းကို ရွာေဖြၾကရမွာပဲ..ဒါ က်ဳပ္အယူအဆပါ”

တလပန္းက ဉီးေအာင္လွကို တေလးတစားျဖင့္ လက္အုပ္ခ်ီလိုက္သည္။

“မွန္ပါ...ကြၽန္ေတာ္မ်ိဳးတို႔ ဟံသာဝတီသားေတြ အင္းဝရဲ႕ ေ႐ႊနန္းရွင္အေရး၊ အင္းဝၿမိဳ႕ေတာ္ႀကီး ထိပါးမယ့္အေရးအတြက္  အေသခံၿပီး စစ္တိုက္ေပးခဲ့ေပမယ့္...ကြၽန္ေတာ္မ်ိဳးတို႔ စစ္ရႈံးခ်ိန္မွာေတာ့.အင္းဝရဲ႕ တံခါးကေတာ့ ပြင့္မလာခဲ့ဘူးမဟုတ္လား...ကြၽန္ေတာ္မ်ိဳးေရာ..က်န္တဲ့ စစ္သည္ေတြပါ..ဒီခံစားခ်က္ကို နာနာၾကင္ၾကင္ရွိလွပါတယ္”

“အင္း..အဲ့ဒါက အေရးႀကီးပါတယ္ေလ...စစ္တိုက္တယ္ဆိုတဲ့ေနရာမွာ အဓိက က စိတ္ဓာတ္ပဲ..စစ္သည္ေတြအေနနဲ႔.ငါတို႔အေရးအတြက္ ငါတို႔တိုက္ေနတာဆိုတဲ့ စိတ္ဓာတ္မ်ိဳးထက္ သာတဲ့လက္နက္မွ မရွိေတာ့ဘူးလို႔ က်ဳပ္ေတာ့ ျမင္တယ္..ဟံသာဝတီမွာေတာ့ က်ဳပ္ရွိေနသမွ် ရာမညသားေတြအတြက္ တံခါးဖြင့္ထားေပးပါ့မယ္”

လြီဇာက ေသသပ္လွပေသာ ပုလင္းတစ္လုံးကို ကိုင္ကာ လမ္းေလွ်ာက္လာသည္။

 “ကဲ.... ကြၽန္ေတာ္မ အထူးတင္သြင္းလာတဲ့ေဟာ့ဒီ ျပင္သစ္ျပည္ျဖစ္ ဘရန္ဒီအရက္ပုလင္းေလး ကို ခ်ီးျမင့္ေပးဖို႔ စစ္ျပန္ေမာင္ႀကီးအတြက္ ဆင္ဝန္မင္းက အမိန႔္ေတာ္ရွိထားပါတယ္..ဟုတ္ပါတယ္ေလ....ဒါေတြက ေယာက္်ားေကာင္းေတြနဲ႔ပဲထိုက္တန္တာမဟုတ္လား....တပ္မႉးတို႔ကေတာ့ ဆင္ဝန္အိမ္ေတာ္နဲ႔ ကြၽန္ေတာ္မအိမ္ေတာ္မွာ လူခြဲအနားယူဖို႔ ကြၽန္ေတာ္မတို႔ ျပင္ဆင္ထားပါတယ္ရွင့္..”

လြီဇာက တလပန္းနေဘးတြင္ ဒူးတုတ္ထိုင္လ်က္ ဘရန္ဒီပုလင္းေလးကို ေပးလိုက္သည္။

တလပန္းမွာ ဝမ္းသာလြန္းသျဖင့္ လက္မ်ားပင္ တုန္ရီေန၏။ သူ ပင္ပန္းလွၿပီ။

သူတို႔ အသက္စြန႔္တိုက္ေပးခဲ့ရသည့္ ပေဒသရာဇ္အရွင္သခင္မ်ားဆီမွ လိုခ်င္ခဲ့သည္မွာ ထိုကဲ့သို႔ ေႏြးေထြးမႈမ်ိဳး မဟုတ္ပါလား။

“ေက်းဇူးတင္လွပါတယ္...ဆင္ဝန္မင္း......တလပန္းနဲ႔ သူ႔စစ္သည္ေတြဟာ ဒီေန႔ ဆင္ဝန္မင္းနဲ႔ ဟံသာဝတီသားေတြဆီက ရခဲ့တဲ့ ေႏြးေထြးမႈမ်ိဳးကို ဘယ္ေတာ့မွ ေမ့မသြားပါဘူး”

တလပန္းထြက္သြားၿပီးေနာက္ ဉီးေအာင္လွႏွင့္ လြီဇာတို႔ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္လိုက္ရင္း ၿပဳံးလိုက္ၾက၏။

.................................................................................................................................

၁၇၃၉ ခုႏွစ္၏ မိုးရာသီကား ကုန္ဆုံးသြားခဲ့ၿပီ။

ေဗဒင္ကိန္းခန္းအရ ယၾတာေခ်သည့္အေနျဖင့္ ေ႐ႊေပၚကြၽန္းတြင္ ေနထိုင္လ်က္ရွိသည့္ မဟာဓမၼရာဇာဓိပတိ ၏ ယာယီတဲနန္းဆီသို႔ ကိုးသိန္းသခင္မင္းေခါင္ ေရာက္ရွိလာသည္။

အစပိုင္းတြင္ မဟာဓမၼရာဇာဓိပတိက ကိုးသိန္းသခင္အား အေတြ႕မခံခဲ့။

အင္းဝနန္းေတာ္တြင္လည္း မေနပဲ ၿမိဳ႕သစ္၊ စစ္ကိုင္း၊ တံတားဉီး၊ ပင္းယ စသည့္ၿမိဳ႕မ်ားသို႔ လွည့္လည္ကာ မေနာ္ရမၼာဥယ်ာဥ္၊ စိတၱရမၼာဥယ်ာဥ္၊ စိတၱလတၱာဥယ်ာဥ္၊ ေက်းနင္းႀကီးဥယ်ာဥ္၊ ေက်းနင္းငယ္ဥယ်ာဥ္၊ ေဟမဝန္ဥယ်ာဥ္ စသည္ျဖင့္ ဥယ်ာဥ္သစ္မ်ားတည္ေဆာက္ေနေလသည္။

ယခုအခါ အေရးေပၚ အေျခအေနျဖစ္ေၾကာင္း အႀကီးေတာ္ ဝန္ႀကီးပေဒသရာဇာက ေလွ်ာက္တင္လာသျဖင့္ အေတြ႕ခံခဲ့ျခင္းျဖစ္၏။

“ဘေထြးေတာ္..ဒီပဲရင္းတပ္က လာတာလား”

မဟာဓမၼရာဇာဓိပတိ၏ အသံက ခပ္မာမာျဖစ္ေနသည္ကို ေဘးနားတြင္ခစားေနသူမ်ားပင္ သတိထားမိလိုက္ၾကသည္။

“မွန္ပါ..ေအာ္ပန္လက္စားဆီက စစ္ေရးသတင္းပါလာလို႔..ဖဝါးေတာ္ရင္း ခစားရျခင္းပါ”

ေအာ္ပန္လက္စား ထံမွ ဆိုသျဖင့္ ရွင္ဘုရင္သည္ အနည္းငယ္ ကိုယ္ကို မတ္လိုက္သည္။

“ကသည္းေတြက မႏွစ္က ကတည္းက ျပန္သြားၿပီမဟုတ္လား..အခု ဘာျဖစ္ျပန္တာလဲ”

“မွန္ပါ..ကသည္ဟုံေစာ္ဘြား ဂါရစ္နာဝဇ္သည္ မိုးတြင္းတစ္ေလွ်ာက္လုံး နန္းေတာ္သို႔ မျပန္ပဲ..ကေလးပန္းသာလြင္ျပင္တြင္ မ်ိဳးရိကၡာႏွင့္ ေဖာင္မ်ား၊ တံတားအရွင္မ်ား ေဆာက္လုပ္စုေဆာင္းေန ခဲ့ေၾကာင္းပါ..ယခုအခါ ေနျပည္ေတာ္သို႔ စစ္ခ်ီရန္အေငြ႕အသက္မ်ား ေတြ႕ရေၾကာင္း ေအာ္ပန္လက္စားက သတင္းပါးလာပါတယ္...ေဖာင္မ်ား၊ တံတားအရွင္မ်ား ေဆာက္လုပ္ေနျခင္းကား ဧရာဝတီကို ကူးလ်က္ အင္းဝေ႐ႊနန္းထိ ထိပါးရန္ ႀကံ႐ြယ္ရင္းျဖစ္ဟန္တူေၾကာင္း”

မဟာဓမၼရာဇာဓိပတိက ေခတၱမွ် တိတ္ဆိတ္သြားသည္။

“ဘေထြးေတာ္မွာ ဘယ္လိုမ်ား စစ္ေရးအစီအမံရွိပါသလဲ”

“မွန္ပါ...ေျမတူး နဲ႔ မင္းကင္း ၿမိဳ႕မ်ားမွာ ခံၿမိဳ႕အျဖစ္ တပ္တည္ထားသင့္ပါတယ္”

“အိမ္းေလ...မနက္ဖန္ခါ အင္းဝေ႐ႊနန္းက မူးႀကီးမတ္ရာမ်ားဆီ အမိန႔္ေတာ္ပါးေလ..ငါကိုယ္ေတာ္ျမတ္ထံ အေရးေပၚ ညီလာခံဝင္ၿပီး စစ္ေရးကိစၥ စည္းေဝးဆုံးျဖတ္ၾကတာေပါ့”

“မွန္ပါ...ကသည္းတို႔သည္ ယခင္ကကဲ့သို႔မဟုတ္ပဲ..သူရဲသူခက္၊ လက္နက္လူသူ ျပည္စုံေနပါသျဖင့္  ေလ်ာ့မေတြးသင့္ေၾကာင္းပါ..ထို႔ေၾကာင့္...ယခု အရွင္မင္းႀကီး စံေနတဲ့ ေ႐ႊေပၚကြၽန္းဟာ မလုံၿခဳံပါသျဖင့္.အင္းဝနန္းေတာ္သို႔ ျပန္လည္စံျမန္းေတာ္မူသင့္ေၾကာင္းပါ”

“နန္းေတာ္မွာ မြန္းၾကပ္တယ္...ေနလို႔ရသေလာက္ ဒီမွာပဲ ငါေနဉီးမယ္..”

မဟာဓမၼရာဇာဓိပတိက အတြင္းေတာ္သို႔ ဝင္သြား၏။

ကိုးသိန္းသခင္က သက္ျပင္းခ်လိုက္ၿပီး အႀကီးေတာ္ပေဒသရာဇာကို ၾကည့္လိုက္သည္။

ဝန္ႀကီးပေဒသရာဇာက လက္ကာျပလိုက္ရင္း..

“က်ဳပ္..ၾကည့္ေျပာေပးပါ့မယ္..ေ႐ႊနန္းရွင္ အေၾကာင္းလည္း ခင္ဗ်ား သိသားပဲ..ကိုးသိန္းသခင္..သူက သူ႔ဟာသူေအးေအးေနခ်င္တာ”

“တႏိုင္ငံလုံးအေရး ဒီေလာက္ပူေနတာ...သူက ေအးေအးေနခ်င္လို႔ မရဘူးေလ..အႀကီးေတာ္မင္းရ”

ကိုးသိန္းသခင္၏ အသံက ခပ္မာမာျဖင့္ က်ယ္သြားသျဖင့္ အနီးအနားမွလူမ်ားပင္ လန႔္သြားၾကသည္။

အင္းဝအေရးကား အမွန္တကယ္ပင္ စတင္ပူေလာင္ခဲ့ေပၿပီ။

မဟာဓမၼရာဇာဓိပတိသည္ ကသည္းတို႔ စစ္ခ်ီလာသည္ကို အေလးမထားခဲ့။ လြန္ခဲ့သည့္ႏွစ္မ်ားကအတိုင္း ခဏဝင္ေရာက္ၿပီး ျပန္လည္ဆုတ္ခြာသြားၾကမည္ဟုသာ သုံးသပ္ခဲ့သည္။

ထို႔ေၾကာင့္ ကသည္းစစ္ကို ခုခံရန္အတြက္ ေျမတူးတြင္ တပ္မႉးမင္းရဲရာဇသူ၊ မင္းကင္းတြင္ တပ္မႉး မင္းရဲေဇယ်သူ ႏွင့္ ဒီပဲရင္းတြင္ မင္းရဲေက်ာ္ေခါင္ဘြဲ႕ခံ ကိုးသိန္းသခင္မင္းေခါင္ တို႔ကို စုစုေပါင္း အင္အား (၁၀၀၀)ခန႔္ႏွင့္ပင္ ခံတပ္ၿမိဳ႕မ်ားအျဖစ္ ထားရွိခဲ့၏။

ဂါရစ္နာဝဇ္ႏွင့္ သားေတာ္ဆန္ေဂ်းခူရာလက္ပတို႔ ၏ ကသည္းတပ္မ်ားသည္ စစ္ေၾကာင္းႏွစ္ေၾကာင္း ျဖင့္ ခ်ီတက္လာသည္။

ပထမဆုံး ခံတပ္ၿမိဳ႕ျဖစ္သည့္ ေျမတူးၿမိဳ႕တြင္ တပ္မႉးမင္းရဲရာဇသူ ႏွင့္အတူ ကိုးသိန္းသခင္မင္းေခါင္၏ တပ္အခ်ိဳ႕ပါ လာေရာက္ပူးေပါင္းက ကသည္းတပ္မ်ားကို ရင္ဆိုင္ရန္ အသင့္ျပင္ထားၾက၏။

ေျမတူးၿမိဳ႕ ေျမာက္ဖက္ သစ္ရာပင္အရပ္တြင္ မဏိပူရတပ္ႏွင့္ ကိုးသိန္းသခင္ဉီးေအာင္သည့္ အင္းဝတပ္မ်ား ရင္ဆိုင္မိၾကသည္။

မဏိပူရတပ္မွာ ယမန္ႏွစ္ကထက္ လူအင္အားပိုမိုမ်ားျပားၿပီး စနစ္က်လာသျဖင့္ အင္းဝတပ္မ်ားမွာ တပ္လန္ကာ ဆုတ္ခြာေျပးၾကသည္။

အင္းဝတပ္မႉးသုံးဉီးလုံးမွာ မဏိပူရ၏ စစ္အင္အားကို ခံစစ္ျဖင့္သာတိုက္ရမည္ဟု ဆုံးျဖတ္ၾကၿပီး ခံတပ္တည္ရာၿမိဳ႕မ်ားသို႔ ေျပးဝင္ၾကကာ အခုအခံအခိုင္အလုံျဖင့္ ေနၾကေတာ့သည္။

 မဏိပူရတပ္မ်ားမွာ ခံတပ္ၿမိဳ႕မ်ားမတိုက္ပဲ စည္သာ၊ မုဆိုးဖို၊ ဟန္လင္း လမ္းေၾကာင္းအတိုင္း အင္းဝၿမိဳ႕ရွိရာသို႔ ဉီးတည္ခ်ီတက္သြားၾကသည္။

ထိုအေျခအေနေၾကာင့္ ကိုးသိန္းသခင္မင္းေခါင္မွာ ဒီပဲရင္းမွ ခြာကာ စစ္ကိုင္းမွ ခုခံရန္ အလ်င္အျမန္ ေနာက္ေၾကာင္းျပန္ခ်ီရျပန္သည္။

မဟာဓမၼရာဇာဓိပတိလည္း စစ္သတင္းမ်ားၾကားသည္ႏွင့္ မလုံမၿခဳံျဖစ္ေနသည့္ ေ႐ႊေပၚကြၽန္းမွ ထြက္ကာ အင္းဝသို႔ အလ်င္အျမန္ဝင္ေလသည္။

ထို႔ေနာက္ အင္းဝတြင္ ၿမိဳ႕ေစာင့္တပ္အနည္းငယ္သာခ်န္ထားၿပီး စုစည္းရသမွ် တပ္အင္အားမ်ားကို စစ္ကိုင္းသို႔ ပို႔သည္။

 စစ္ကိုင္းေကာင္းမႈေတာ္ဘုရားကို ေကြ႕ဝိုက္ကာ ေျမာက္မွ အေရွ႕ဘက္ မင္းဝံေတာင္႐ိုးအထိ၊ အေနာက္ဘက္ တင္းတိမ္အင္းအထိ သစ္တပ္ႀကီးမ်ား အေရးေပၚတည္ေဆာက္ကာ ခုခံရန္ ျပင္ဆင္ရေတာ့၏။

........................................

၁၇၃၉ ၊ ဒီဇင္ဘာ ၃၁ ရက္ေန႔ ၊ နံနက္ခင္း။

စစ္ကိုင္းၿမိဳ႕၊ ေကာင္းမႈေတာ္ဘုရား၏ေျမာက္ဘက္ စာေရး႐ြာသို႔ ကသည္းတပ္မ်ားဝင္လာၾကၿပီျဖစ္သည္။

ကသည္းတပ္တို႔၏ ပစ္ခတ္လိုက္သည့္ အေျမာက္သံမ်ားႏွင့္အတူ စာေရး႐ြာဘက္မွ မီးခိုးလုံးႀကီးမ်ား တက္လာသည္ကို စစ္ကိုင္းၿမိဳ႕သားမ်ား ျမင္လိုက္ၾကရ၏။

စစ္ကိုင္းၿမိဳ႕ကား ရႈပ္ေထြးဆူညံေနသည္။

အနီးအနားေက်း႐ြာမ်ားမွ လူမ်ားသည္ စစ္ကိုင္းၿမိဳ႕တြင္းသို႔ မိသားစုလိုက္ ခိုဝင္လာၾကသည္။

စစ္ကိုင္းၿမိဳ႕တြင္းမွ အခ်ိဳ႕ကလည္း ကသည္းတပ္မ်ား စစ္ကိုင္းသို႔ ဉီးတည္လာၿပီျဖစ္သျဖင့္ အေနာက္ဘက္ ႐ြာမ်ားဆီသို႔ ခိုလႈံရန္ ေျပးၾကသည္။

ကိုးသိန္းသခင္က ကုလားဝန္ နႏၵေက်ာ္ထင္ ၏ တပ္မ်ားကို ေကာင္းမႈေတာ္ဘုရားဆီသို႔ ေစလႊတ္ကာ ကသည္းတပ္မ်ားႏွင့္ ရင္ဆိုင္တိုက္ခိုက္ေစသည္။

ကိုးသိန္းသခင္ကိုယ္တိုင္မူ  စစ္ကိုင္းေျမာက္ဖက္တံခါးတြင္ တပ္တည္ကာ အေျခအေနကို ေစာင့္ၾကည့္ေနၾက၏။

ထိုအေျခအေနတြင္ ျမင္းလွည္းတစ္စီးသည္ ၿမိဳ႕ျပင္သို႔ ထြက္ရန္ ေျမာက္ဘက္တံခါးဝသို႔ ေရာက္လာ၏။

“ေဟ့..ေရွ႕မွာ ကသည္းတပ္ေတြ ေရာက္ေနၿပီ....ဘယ္ကို သြားမလို႔လဲ..ၿမိဳ႕ထဲ ျပန္ဝင္ၾက”

စစ္သည္တစ္ဉီးက ျမင္းလွည္းေပၚမွ လူကို လွမ္းေအာ္လိုက္သည္။

လွည္ေပၚမွ လူသည္ အညာေစာင္အထူႀကီးကို ၿခဳံထား၏။ သူ႔လက္ထဲတြင္ တင္က်ည္းတုတ္ ေခၚ တုတ္ရွည္တစ္ေခ်ာင္းကိုလည္း ကိုင္ထားသည္။

“က်ဳပ္ မုဆိုးဖို ျမင္းေခါင္းႀကီးသားပါ..မုဆိုးဖိုကို အခ်ိန္မွီ ျပန္မွရမယ္”

“ဒီေလာက္ အႏၲရာယ္မ်ားေနတာကို...ဒီတံခါးက ထြက္ရသလားဟဲ့”

“ဒီမွာ က်ဳပ္မိန္းမမေပါ့မပါးႀကီးနဲ႔ဗ်...နင္တို႔ စစ္ကိုင္းကို မကာကြယ္ႏိုင္ရင္ ကသည္းေတြ သတ္လို႔ က်ဳပ္မယားေရာ၊ ဗိုက္ထဲက ကေလးပါ ေသရလိမ့္မယ္..ဒါေၾကာင့္ မုဆိုးဖိုကို သူတို႔ကို ပို႔ရမယ္ေဟ့”

“အံမယ္..ေလသံက မာလွခ်ည္လားလို႔ ၾကည့္ေနတာ...ေအာင္ေဇယ်ကိုး”

ထိုအခ်ိန္တြင္ ခံတပ္ေပၚမွ လူေကာင္ထြားထြား၊ အသားနက္နက္ျဖင့္ လူတစ္ဉီးဆင္းလာသည္။

ခ်စ္ညိဳ။

ခ်စ္ညိဳ သည္ ကိုးသိန္းသခင္၏ တပ္တြင္ စစ္သည္တစ္ရာကို အုပ္ခ်ဳပ္ရသည့္ စစ္ကဲရာထူးသို႔ ရရွိေနၿပီျဖစ္သည္။

ေအာင္ေဇယ်က ခ်စ္ညိဳ ကို မ်က္ခုံးတြန႔္ကာ ၾကည့္လိုက္၏။

သူ႔ေနာက္တြင္ ထိုင္လာေသာ ရွင္မိငယ္က ေအာင္ေဇယ်၏ လက္ေမာင္းကို မသိမသာကိုင္ထားလိုက္၏။

“စစ္ကိုင္းၿမိဳ႕ကို အင္းဝေ႐ႊနန္းရွင္ဖဝါးေအာက္က စစ္သည္ ေယာက္်ားေကာင္းေတြ ကာကြယ္ထားတယ္ကြဲ႕.. မင္း...ဘာေၾကာက္စရာလိုလဲ...မင့္႐ြာ မုဆိုးဖိုက အခု ကသည္းေတြ စစ္လမ္းေၾကာင္းေပၚမွာ..အဲ့ဒီမွာမွ မီးတိုက္ခံေနရမယ္..မသြားနဲ႔ ”

“ငါ့႐ြာ ငါ့နယ္ ကို ငါနဲ႔ ငါ့လူေတြကာကြယ္ႏိုင္တယ္....နင္တို႔လို တိုက္တိုင္းရႈံးလို႔ စစ္ကိုင္းထိ ျပန္ေျပးလာရတဲ့လူေတြ က ေယာက္်ားေကာင္းတဲ့လား..ထြီ”

“သယ္....ဒီအေကာင္ေတာ့..ေသခ်င္ၿပီ”

ခ်စ္ညိဳ က ဓါးအိမ္မွ ဓါးကို ခြၽတ္ကာ ေရွ႕တိုးလာ၏။

ေအာင္ေဇယ် က သူ႔လက္ထဲမွ တင္က်ည္းတုတ္ရွည္ျဖင့္ ခ်စ္ညိဳ ၏ ရင္ဘတ္ကို ေထာက္ထားလိုက္သည္။

“ကိုႀကီးညိဳ...အေနာက္မွာလည္း မိန္းမ႐ြယ္က ကိုယ္ဝန္နဲ႔မဟုတ္လား..သူတို႔ကို ေပးသြားလိုက္ပါ..ဒီအခ်ိန္ အခ်င္းခ်င္း ရန္ျဖစ္ရမယ့္ အခ်ိန္မဟုတ္ဘူး..ဟိုအေပၚမွာ ကိုးသိန္းသခင္လည္း ကိုႀကီးညိဳကို ေမးေနတယ္”

ခ်စ္ျမ က ခ်စ္ညိဳ၏ ဓါးကိုင္ထားသည့္ လက္ကို ဆြဲထားလိုက္သည္။

ခ်စ္ညိဳက ေတာက္တခ်က္ ေခါက္ကာ ဓါးကို ဓါးအိမ္အတြင္းသို႔ ျပန္သြင္းလိုက္၏။

ေအာင္ေဇယ်က တင္က်ည္းတုတ္ကို လွည္းေပၚသို႔ ျပန္ခ်ထားလိုက္ကာ လွည္းကို ေမာင္းထြက္သြားသည္။

“မိငယ္ လန႔္သြားသလား”

“ေမာင္ႀကီး ရွိတာပဲ..မိငယ္ မလန႔္ပါဘူး”

“မုဆိုးဖိုေရာက္ရင္..မိငယ္ အဆင္ေျပပါ့မလားပဲ.ေမာင္ႀကီး စိုးရိမ္တာ”

“အဆင္ေျပေအာင္ ေနရမွာေပါ့..ေမာင္ႀကီးရယ္”

ေအာင္ေဇယ်သည္ ကသည္းတပ္မ်ားခ်ီတက္ရာ လမ္းေၾကာင္းမ်ားကို ေရွာင္ကြင္းကာေမာင္းလာရသျဖင့္ ညဉီးပိုင္းတြင္မွ မုဆိုးဖိုသို႔ ေရာက္ရွိလာ၏။

“ေဟ့...ဘယ္သူလဲ..ေျဖ..မေျဖရင္ လင္းေလးစာ မိမယ္”

မုဆိုးဖို ႐ြာစည္း႐ိုး ကင္းစင္ထက္ဆီမွ အသံ တစ္ခု ထြက္ေပၚလာ၏။

“မင့္ လင္းေလး က စာကေလးေတာင္ မွန္ေအာင္မပစ္ႏိုင္တာကြယ္...ငအိုး ႏွယ့္”

“ဟာ..ေအာင္ေဇယ်..ေယာက္ဖ...ညဘက္ႀကီး အႏၲရာယ္ႀကီးလိုက္တာ..လာ..လာ”

ေအာင္ေဇယ်၏ မယားႀကီး ခင္ယြန္းစံ၏ ေမာင္ေတာ္သူ ငအိုး ႏွင့္ ႐ြာကင္းေစာင့္မ်ားက တံခါးကို ဖြင့္ေပးလိုက္ၾကသည္။

“ေနာက္က ပါလာတာက ဘယ္သူတုန္း”

“စစ္ကိုင္းက ရွင္မိငယ္ဆိုတာေလကြာ”

“ဟာ.....ဒီကို ေခၚလာခဲ့ပလားဟ..ေယာက္ဖတို႔ကေတာ့နည္းတဲ့သတၱိလား.တို႔ အမ နဲ႔ေတာ့ေတြ႕ၾကၿပီေပါ့ကြာ..ဟားဟား”

ေအာင္ေဇယ် တို႔၏ ၿခံႀကီးမွာ မုဆိုးဖို႐ြာတြင္ အက်ယ္ဆုံးျဖစ္သည္။ ေအာင္ေဇယ်၏ ဖခင္ ဉီးညိဳစံ မွ ျမင္းစီးသူႀကီးျဖစ္သကဲ့သို႔ လယ္ပိုင္ရွင္လည္းျဖစ္သျဖင့္ ေငြေၾကးေဆြမ်ိဳးအင္အားေတာင့္တင္းၾကသည္။

ညစာစားၿပီးခ်ိန္ျဖစ္သျဖင့္ မန္းက်ည္းပင္ႀကီးေအာက္ရွိ ကြပ္ပ်စ္တြင္ ေအာင္ေဇယ်၏ မိခင္ျဖစ္သူ ဖြားၿငိမ္းဉီး မွာ ေျပာင္းဖူးဖက္ေဆးလိပ္ႀကီးကိုဖြားလ်က္ရွိသည္။

နေဘးတြင္ ေခြၽးမျဖစ္သူ ခင္ယြန္းစံ ႏွင့္ သမီးရွင္မင္းတို႔က ေျပာင္းဖူးဖက္မ်ားကို ေဆးလိပ္လိပ္ေပးရင္း စကားေျပာေနၾက၏။

ေအာင္ေဇယ်၏ သားႀကီး ငါးႏွစ္သားအ႐ြယ္ ေမာင္ေလာက္ ၊ သုံးႏွစ္သားအ႐ြယ္ ေမာင္႐ြ တို႔မွာ အျခား ေမာင္ႏွမဝမ္းကြဲမ်ားႏွင့္အတူ ေဆာ့ကစားေနၾက၏။

ခပ္လွမ္းလွမ္းတြင္ ေအာင္ေဇယ်ႏွင့္အတူ လိုက္ပါေနထိုင္ေသာ ေမာင္ေကာင္း၊ ေအာင္ေဇယ်၏ ညီမ်ားျဖစ္ေသာ ေ႐ႊၾကဴ၊ ေ႐ႊဂူ တို႔သည္ တင္က်ည္းတုတ္လုပ္ရန္အတြက္ ဝါးမ်ားကို မီးပုံႀကီးဖိုကာ မီးသင္းလ်က္ရွိၾကသည္။

အိမ္ဝိုင္းအတြင္းသို႔ လွည္းဝင္လိုက္သည္ႏွင့္ ကေလးမ်ားမွာ လွည္းအနီးသို႔ ဝိုင္းသြားၾက၏။

သုံးႏွစ္သားသာ ရွိေသးေသာ သားငယ္ ေမာင္႐ြ မွာ လွည္းေပၚမွ ဆင္းလာေသာ ေအာင္ေဇယ်ကို အတင္းကုပ္တြယ္တက္ေတာ့သည္။

“ေမာင္႐ြငယ္...ခဏေနပါဉီးကြယ္”

ေအာင္ေဇယ်က သားငယ္ကို ေျမေပၚသို႔ ခဏခ်ၿပီးေနာက္ လွည္းေပၚမွ ရွင္မိငယ္ ကို တြဲကာ ဆင္းခိုင္းလိုက္သည္။

ကြပ္ပ်စ္ေပၚတြင္ ရွိေနေသာ မိန္းမသားသုံးဉီးမွာ ထိုျမင္ကြင္းကို အေသအခ်ာစိုက္ၾကည့္ေနၾက၏။

ခင္ယြန္းစံသည္ သူ႔လက္ထဲမွ လိပ္လက္စ ေဆးလိပ္ကို လႊင့္ပစ္ကာ ကြပ္ပ်စ္ေပၚမွဆင္းလိုက္သည္။

ေအာင္ေဇယ် တြဲလာေသာ အမ်ိဳးသမီးငယ္ကို စူးစူးစိုက္စိုက္ၾကည့္လိုက္၏။

“ဒါ ရွင္မိငယ္ပဲ...ခင္ယြန္း”

ေအာင္ေဇယ်က ရွင္မိငယ္ကို ၿခဳံထားသည့္ ေစာင္ကို ဆြဲဖယ္ေပးလိုက္သည္။

ခင္ယြန္းစံသည္ တစ္စုံတစ္ရာေျပာမည္ဟန္ျပဳလိုက္၏။ သို႔ေသာ္ ရွင္မိငယ္၏ လုံးဝန္းေနေသာ ဝမ္းဗိုက္စူမို႔မို႔ကို ၾကည့္ကာ ကြပ္ပ်စ္တြင္ သြားျပန္ထိုင္လိုက္၏။

“စစ္ကိုင္းကို ကသည္းေတြဝင္လာရင္..သူတစ္ေယာက္တည္း..ကိုယ္ဝန္ႀကီးနဲ႔ ဒုကၡေရာက္လိမ့္မယ္.. ဒါ့ေၾကာင့္ ေမာင္ႀကီး သြားေခၚလာတာ..ခင္ယြန္း”

ခင္ယြန္းစံက ေအာင္ေဇယ် စကားကို မၾကားေယာင္ျပဳလိုက္သည္။

“လာ..တို႔ညီမ..ဒီမွာလာထိုင္နားဉီး..ညစာမ်ား စားၿပီးၿပီလား”

ခင္ယြန္းစံက ရွင္မိငယ္ ကို တည္တည္ၿငိမ္ၿငိမ္ပင္ စကားဆိုလိုက္၏။

ရွင္မိငယ္က ေခါင္းကိုသာ တြင္တြင္ငုံ႔ထားသည္။

“ကိုယ္ဝန္ႀကီးနဲ႔ အျပင္မွာ ေအးတယ္..လာ..လုံမငယ္..အေမ ထမင္းဟင္းျပင္ေပးမယ္..အိမ္ထဲမွာ စားလိုက္ေခ်”

ဖြားၿငိမ္းဉီးက ရွင္မိငယ္၏ လက္ကို ဆြဲကာ အိမ္ထဲသို႔ ေခၚသြားသည္။ ဖြားၿငိမ္းဉီးႏွင့္အတူ ရွင္မင္း ပါ အထဲသို႔ လိုက္သြား၏။

ကြပ္ပ်စ္နေဘးတြင္ ေအာင္ေဇယ် ႏွင့္ ခင္ယြန္းစံသာ က်န္ရစ္ေတာ့သည္။

“ခင္ယြန္း”

“ကြၽန္မ မိန္းကေလးကို စိတ္မဆိုးဘူး”

“ေမာင္ႀကီးကိုေရာ”

ခင္ယြန္းစံက နေဘးတြင္ရွိေနေသာ လိပ္လက္စ ေျပာင္းဖူးဖက္ေဆးလိပ္မ်ားျဖင့္ ေအာင္ေဇယ်၏ ရင္ဘတ္ကို ေကာက္ေပါက္ကာလွည့္ထြက္သြား၏။

မီးပုံနားတြင္ အလုပ္လုပ္ေနၾကေသာ ငေကာင္းတို႔ တသိုက္ဆီမွ ခပ္တိုးတိုးရယ္သံမ်ားထြက္လာေတာ့သည္။

 

ခက္ေဇာ္


ကိုယ့္အတြက္ ကိုယ္တိုက္ယူတဲ့တိုက္ပြဲမို႔ ဉာဏ္ပညာျဖင့္ ေတာ္လွန္၊ ခ်စ္ျခင္းတရားျဖင့္ တည္ေဆာက္ၾကမယ္။

Comments

Post a Comment