AVA 1740s အခန်း(၁၄)
(Unicode)
AVA 1740s
အခန်း(၁၄)
...............................................
“ဟိတ်”
ငတွန်က သုံးကွက်ချွန်းတက်နည်းဖြင့်တက်ကာ ညာဖြောင့် လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။
ချစ်ညို က ငတွန်၏ လက်ကို ဖမ်းချုပ်လိုက်သည်။
ငတွန်က လွတ်နေသော ခြေတဖက်ဖြင့် အားပြင်းပြင်းကန်ထည့်သော်လည်း ချစ်ညိုမှာ အနည်းငယ်သာ နောက်သို့ ယိုင်သွားသည်။
ချစ်ညို ငတွန်၏ လက်တစ်ဖက်ကို မြဲမြန်စွာ ချုပ်ထားသဖြင့် ငတွန်ခန္ဓာကိုယ်ပါ အရှိန်ဖြင့် ပါသွား၏။
ချစ်ညိုက ငတွန်၏ လက်ကို ခပ်ပြင်းပြင်းလိမ်ချိုးလိုက်သည်။
သို့သော်...ငတွန်၏ နောက်ထပ်ခြေကန်ချက်က ထပ်ထွက်လာသဖြင့် နှစ်ယောက်လုံး မြေကြီးပေါ်သို့ လဲကျသွားသည်။
နှစ်ဦးသား လူချင်းခွဲကာ ထလိုက်ကြပြီး အသင့်နေရာပြန်ယူကြသည်။
ယခုအခါတွင်တော့ ချစ်ညိုက ညာဖြောင့်လက်သီးဖြင့် သုံးကွက်ချွန်းစဝင်လာ၏။
ငတွန်က လက်နှစ်ချောင်းဖြင့် လက်ယှက်ထိုးခံသည်။
ထိုအချိန်၏ ချစ်ညို၏ ဘယ်လက်က ရုတ်တရတ်ထွက်လာပြီး ငတွန်၏ လက်နှစ်ချောင်းကို အောက်မှ ပင့်ရိုက်ချပစ်လိုက်၏။
ငတွန် ဟန်ချက်ပျက်သွားစဥ် ချစ်ညို က နောက်ထပ်ညာလက်သီးဖြင့် ထပ်ထိုးသည်။
ငတွန်က ကိုယ်ကို ဘယ်ဘက်သို့ အသာယိုပေးလိုက်သော်လည်း ခန္ဓာကိုယ်မှာ အနေအထားမမှန်တော့သဖြင့် ချစ်ညို၏ လက်သီးသည် ညာဘက်နားထင်စောင်းကို ပွတ်ကာ ထိမိသွား၏။
“ဟေ့...လူသွမ်းတွေ....တော်ကြစမ်း”
ခြံရှေ့တွင် ကိုယ်ရံတော်တပ်သားများနှင့် အတူ မတ်တပ်ရပ်နေသော ကိုးသိန်းသခင်၏ အသံကို ကြားလိုက်ရသဖြင့် နှစ်ဦးလုံး ကိုယ်ရှိန်တန့်သွားကြ၏။
“ဘုရင့် ပွဲစားတော်ရဲ့ အိမ်က ဘယ့်နှယ့်..လက်ဝှေ့မြေဝိုင်းဖြစ်နေရသလား...သယ်”
လှည်းပေါ်တွင် ထိုင်ကာ မြေဝိုင်းပွဲကြည့်သကဲ့သို့ ပြောင်းဖူးဖက်ဆေးလိပ်ဖွာရင်း၊ ကွမ်းကလေးယာရင်း ဇိမ်ခံကြည့်နေသော ဒေါ်ဇံကုလားကို တစ်ချက် ဆွေကြည့်လိုက်သည်။
ဒေါ်ဇံကုလားက ပြောင်းဖူးဖက်ဆေးလိပ်ကို ထိုးချေကာ လက်အုပ်ချီလျက် လှည်းပေါ်မှ ဆင်းလိုက်၏။
လွီဇာကလည်း အိမ်ပေါ်မှ ဆင်းလာသည်။
“ကိုးသိန်းသခင်....ဘာကိစ္စများ ရှိလို့လာပါသလဲ”
“လာရင်းကိစ္စနောက်မှပြောတော့မယ်..အခု...ဒီနှစ်ကောင်က ဘာဖြစ်လို့ ဒီအိမ်ရှေ့ လာသတ်နေကြတာလဲ..လွီဇာ”
“သူတို့ကိုသာ မေးကြည့်ပါ..ဘုရား”
“ဟဲ့..ငတွန်ငယ်..ဘာကြောင့် နင်တို့ သတ်နေကြလဲ”
ငတွန်က လက်အုပ်ချီထားပြီး ပြန်မဖြေ။
“ခင်ဦးသားတွေကို စော်ကားလို့ ကျွန်တော်မသားက ဆုံးမပေးနေတာပါ”
ဒေါ်ဇံကုလားက နဘေးမှ ဝင်လျှောက်သည်။
ကိုးသိန်းသခင်က ချစ်ညို အနားသို့ ကပ်သွား၏။
“ခုန နင့်သတ်ပေါက်တွေ ငါကြည့်ရတယ်..နင့်လက်ဝှေ့ရေးကလည်း တယ်ကောင်းပါလား...ဟိုတခေါက်ထဲက နင့်ကို ပြန်ခေါ်သွားကြလို့..ငါ့ဆီ အမှုတော်ထမ်းဖို့ နင့်ကို ငါက ခေါ်တာပ”
ချစ်ညိုက အသက်ကိုသာ ခပ်ပြင်းပြင်းရှုနေသည်။
ကြွက်သားအမြောင်းမြောင်းဖြင့် မဲပြောင်နေသည့် ခန္ဓာကိုယ်အနှံ့မှ အင်းကွက်များနှင့် ထိုးကွင်းမင်သေ့များကြောင့် ချစ်ညို၏ ဟန်ပန်က ခတ်တော့မည့် ကျွဲတစ်ကောင်နှယ်။
“မင်းနား ပါးနား ခစားပြီး ကမ်းနားသစ်ပင်မဖြစ်ပဲ....မင်းယောက်ျားဖြစ်လာမယ်ဆို...ကိုးသိန်းသခင်လို လူမျိုးက အခစားခေါ်တာကို ကျွန်တော်မ သားက ဘယ်ငြင်းပါလိမ့်မလဲ”
ဒေါ်ဇံကုလား က ချစ်ညို၏ ဘေးတွင် သွားရပ်ပြီး ပြောလိုက်၏။
ကိုးသိန်းသခင်က ပြုံးလိုက်သည်။
“မကြာခင် စစ်ပွဲရောက်လာတော့မယ်..ကျုပ် ရဲ့ စဥ့်ကိုင်တပ်မှာ သူရဲကောင်းတွေလိုတယ်...ကျုပ်က သွေးရဲရဲနဲ့ ပွဲတိုးတဲ့ ယောက်ျားကောင်းဆို ဘုရင့်ဆီက ဘွဲ့တောင်းပေးဖို့ ဝန်မလေးဘူး...ဘယ့်နှယ့်လဲ”
“ကျွန်တော်မသား သုံးယောက်လုံး မနက်ဖြန်ခါ ကိုးသိန်းသခင်ဆီ ရောက်နေစေရပါ့မယ်”
“အေး..ဟုတ်ပြီ..ငတွန်ငယ်...နင်တို့ အတူ စဥ့်ကိုင်တပ်မှာ အမှုထမ်းရမှာ..မကြာခင် အိုးစားဖက်တွေ ဖြစ်တော့မှာ...ရန်ဘက်မပြုကြနှင့်တော့..ဟုတ်ကြပြီလား...ကဲ..သွားကြတော့..ကိုယ်တော် လာရင်းကိစ္စ လွီဇာ နဲ့ တွေ့လိုက်ဦးမယ်”
ကိုးသိန်းသခင်က လွီဇာရှိနေသည့် အိမ်ပေါ်သို့ တက်သွားသည်။
“အင်း..အမေကဖြင့်.ပွဲကောင်းကြည့်ရပြီမှတ်တာ..ငါ့သားရဲ့..အေးလေ..နောက်များပေါ့”
ချစ်ညို ၏ ချွေးရွှဲနေသော ခန္ဓာကိုယ်ကြီးကို ဒေါ်ဇံကုလားက တဘက်ဖြင့် ချွေးသုတ်ပေးရင်း ပြောလိုက်သည်။
ထို့နောက် သားအမိနှစ်ဦးသားလှည်းပေါ်တက်ကာ ထွက်သွားကြတော့သည်။
ငတွန်ကမူ လွီဇာ၏ နာနေသော မြင်းကြီး ဘေးတွင် သွားထိုင်ကာ အမောဖြေရင်း အိမ်ပေါ်သို့ လှမ်းငေးနေတော့၏။
ကိုးသိန်းသခင်က လွီဇာ၏ အိမ်အပေါ်ရှိ သစ်သားထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
“ကိုယ့်အိမ်အောက်မှာ ဒီလောက်သတ်နေကြတာ..နည်းနည်းတောင် ဆင်းမတားဘူးလား..လွီဇာ”
“မှန်ပါ...ဘယ်သူနိုင်မလဲ သိချင်လို့ပါ..အရှင်”
လွီဇာ၏ စကားကြောင့် ကိုးသိန်းသခင်က ပြုံးလိုက်သည်။
“ဘယ်အရေးနဲ့များ ကြွလာရပါသလဲ”
“အရေးကြီးတယ်..လွီဇာ...အခု မဏိပူရကသည်းတပ်တွေဟာ တမူးလွင်ပြင်မှာ စုရုံးနေကြပြီတဲ့..မကြာခင် အင်းဝကို ချီတက်လာဖို့ သေချာလောက်တယ်...ဒီတော့ ငါကိုယ်တော်ကို စဥ့်ကိုင်မှာ တပ်လုံးတပ်ခိုင် ချပြီး နေဖို့ နန်းတော်က အမိန့်ကျလာတယ်..ဒါကြောင့် အင်းဝကနေ ထွက်ရတော့မယ်”
“မှန်ပါ”
“လော်တာဖုန်း အသတ်ခံရတဲ့ကိစ္စက အခု တစ်နှစ်နီးပါးရှိလာတဲ့အထိ တရားခံမမိသေးလို့..ဝန်ကြီးဦးပုက နန်းမတော်ဝန် နဲ့ မြို့ဝန်ကို ကြိမ်းနေတယ်...ဗြဲတိုက်မှာလည်း ဒီကိစ္စပဲ နေ့တိုင်းနီးပါးမီးတောက်နေတာ...ငါသတိပေးချင်တာက နင့်ကို စောင့်ကြည့်စာရင်းထဲ သူတို့ ထည့်ထားတယ်.... နောက်ပြီး နန်းတွင်းထဲမှာလည်း လူသတ်မှုကိုစတွေ့တဲ့ ပုပ္ပါးမင်းသမီး နီလာခမ်း အဆောင်မှာ မင်းကို တွေ့တွေ့နေတာလည်း သူတို့ သတိထားမိပုံပဲ”
“ကျွန်တော်မတို့က ရိုးရိုးသားသားခင်မင်ကြတာပါ”
“ဘယ်လိုဖြစ်ဖြစ်..အခုအချိန်မှာ နန်းတွင်းက ကသည်းမင်းသမီးတစ်ပါးနဲ့ ဆက်ဆံရေးကို သတိထားစေချင်တယ်..လွီဇာ..ကသည်းနဲ့ တို့ စစ်ဖြစ်ပြီဆိုတာနဲ့ ကသည်းမင်းသမီးဟာ အချိန်မရွေး နန်းတော်ရဲ့ ရန်သူဖြစ်သွားနိုင်တယ်....ငါ မင်းကို သတိလာပေးတာ..လွီဇာ”
“ကျွန်တော်မ ဆင်ခြင်ပါ့မယ်”
......................................................................................................................
၁၇၃၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်။
ညဥ့်ပဟိုရ် ၄ ချက်တီး။
အနောက်တိုင်းနာရီအားဖြင့် နံနက် ၆ နာရီ။
အနှိပ်တော်ဆက်ရသည့် အပျိုတော်လေးများ၏ လက်ဖွဖွက မဟာဓမ္မရာဇာဓိပတိ၏ ခြေသလုံးနှင့် ပေါင်တို့ပေါ်သို့ထိတွေ့လာသည်။
ထိုအထိအတွေ့နှင့်အတူ မဟာဓမ္မရာဇာဓိပတိ နိုးထလာ၏။
ညက ရှင်ဘုရင်သည် လင်ဇင်းမိဖုရား၏ အဆောင်တော်တွင် အိပ်စက်ခဲ့ခြင်းဖြစ်သည်။
လင်ဇင်းမိဖုရားက မျက်နှာတော်သစ်ရေနှင့် ရွှေတံပူတံကို အသင့် ယူဆောင်ကာ အနီးတွင် ခစားနေ၏။
“အင်း...ရေအိမ်တော် အရင်ဝင်မယ်”
ဘုရင်က ခပ်တိုးတိုး မိန့်လိုက်သည်။
လင်ဇင်းမိဖုရားမှာ ခါးကို ကိုင်းလျက် လက်အုပ်ချီကာ ခပ်သွက်သွက်ထာသွား၏။ နောက်တော်ပါမိဖုရားများကလည်း အသင့်ပြင်လိုက်ကြသည်။
ထို့နောက် လင်ဇင်းမိဖုရားအပါအဝင် မိဖုရား၊ ကိုယ်လုပ်တော် ဆယ်ပါးခြံရံကာ မဟာဓမ္မရာဇာဓိပတိ သည် အိမ်သာ ရှိရာသို့ ထွက်လာခဲ့သည်။
အိမ်သာကား ဆယ့်ငါးပေပတ်လည်ခန့် ကျယ်ဝန်းသည်။ အိမ်သာအတွင်း ယိုပေါက် ဘေး နှစ်ဖက်တွင် အိန္ဒိယပြည်မှလာသည့် သားမွှေးခြေနင်းများခင်းထား၏။
အိမ်သာစောင့်သူငယ်တော်အမှုထမ်းများက ရှင်ဘုရင် အိမ်သာတက်ပြီး သုတ်သင်ရန် မွှေးပျံ့သော ကတ္တီပါ ဖြတ်စကလေးများကို ယိုပေါက်ရှေ့ရှိ ရွှေအုံးတော်ပေါ်တွင် အစီအရီတင်ပေးကာ ထွက်ခွာသွားကြသည်။
ကိစ္စပြီးသောအခါ ရှင်ဘုရင်က အိမ်သာတော် တံခါးကို ဖွင့်လိုက်သည်။
နန်းတွင်းဓလေ့အရ ထိုအချိန်တွင် အမင်္ဂလာသတင်းများ၊ သေဒဏ်စီရင်သတင်းများကို ဘုရင့်ထံ လျှောက်ထားရသည်။
လျှောက်ထားမည့် အငြိမ့်သမငယ်က ဗြဲတိုက်မှ ပေးသော ပေရွက်ကို ကိုင်လျက် အိမ်သာအဆင်းတွင် ဝပ်တွားကာ စောင့်နေ၏။
ရှင်ဘုရင်က အိမ်သာမှ အဆင်းတွင် ခေတ္တမတ်တပ်ရပ်လိုက်သည်။
“ဗြဲတိုက်တော်မှ သတင်းတော်လျှောက်တင်လွှာပါ..ဘုရား... စစ်ကိုင်းရပ်မှ ဘိုးတော်ဘေးတော်တို့၏ ကောင်းမှုတော် ရှင်ဖြူရှင်လှ ရုပ်ပွားတော် ပျောက်ဆုံးသွားပါသဖြင့်...စစ်ကိုင်းမြို့ဝန်”
“ဟဲ့..ဟဲ့..ဘယ်လိုဖြစ်ရတာလဲ..ဘယ်လို..ဘယ်လို”
မဟာဓမ္မရာဇာဓိပတိသည် အိမ်သာတော်၏ တိုင်ကို ကိုင်ကာ အံသြတုန်လှုပ်သွားသည်။
ကသည်းစစ်လာပြီဆိုသည့် သတင်းကို ရသည့် လွန်ခဲ့သည့် တလက ထိုဘုရားသို့ သွားကာ မိမိ၏ ဘုန်းတန်ခိုးတောက်ပပြီး စစ်ပွဲများကို အောင်စေရန် အဓိဌာန်ဖူးမျှော်ခဲ့သည်။
ယခုတော့ ရုပ်ပွားတော်ပင် ပျောက်သွားသည်တဲ့လား။
လင်ဇင်းမိဖုရားက အပြေးထလာပြီး ရှင်ဘုရင်လေးကို တွဲလိုက်သည်။
“ရတယ်..ကိုယ်တော့်ကို မတွဲနဲ့....သွား..နန်းမတော်ဝန်ကို ချက်ချင်းပြောစမ်း...ညီလာခံ ချက်ချင်းခေါ်ဖို့ အမိန့်ရှိတယ်လို့...စစ်ကိုင်းမြို့ဝန်ကိုလည်း ချက်ချင်းဆင့်ခေါ်”
လင်ဇင်းမိဖုရားက ခြေလှမ်းသွက်သွက်ဖြင့် ထွက်ခွာသွားတော့၏။
....................................................................................
“မှန်ပါ..ဒီအရေးဟာဖြင့် ကသည်းတို့ စနက်မကင်းပါ..ဘုရား..ဘုရာ့ ကျွန်တော်မျိုး အထောက်တော်များ စုံစမ်းချက်အရ....စစ်ကိုင်းနေ ကျည်းပုဏ္ဏားတစ်ချို့ ကသည်းမင်းနှင့် ပူးပေါင်းကာ တစ်စုံတစ်ရာကြံစည် နေကြောင်း ရှေးမဆွကတည်းက စုံစမ်းရနေပါသည်”
ဝန်ကြီးဦးပုက လျှောက်တင်လိုက်သည်။
“ဟေ...ဒါဖြင့် ကိုယ်တော့်ကို အစကတည်းက မလျှောက်ရတာတုန်း...နောင်ပုရဲ့..ဒါမျိုးက စောစောက စစ်ကြောလုပ်ကိုင်ရတယ်မဟုတ်လား”
“မှန်ပါ..စုံစမ်းစစ်ကြောဆဲမို့..ကျွန်တော်မျိုးက”
“တယ်ပေါ့သကိုး...ဒါဆို ဘာလုပ်နေတာလဲ...ဝန်ကြီး အခု ပဲ သွားပြီး..စစ်ကိုင်းက ရှိသမျှ ကျည်းပုဏ္ဏား အနွယ် အကုန်ကို ဖမ်းစီးစစ်ကြောဖို့ ခင်ဗျာ့လူတွေကို အမိန့်ပေးလေ...လုပ်.အခုချက်ချင်း”
မဟာဓမ္မရာဇာဓိပတိ၏ အသံက မာထန်နေသည်။
ဘုရင်လေးက လူကြားထဲတွင် ဟိန်းဟောက်ခြင်းကို ခံလိုက်ရသဖြင့် ဦးပုမှာ မျက်နှာပျက်နေသည်။
ဦးပုက နဘေးမှ အတွင်းဝင်ကျော်ထင်နန္ဒမိတ်ကို ခပ်တိုးတိုးပြောလိုက်ပြီးနောက် ကျော်ထင်နန္ဒမိတ်က ထွက်ခွာသွားသည်။
“နောင်တော်ကြီးရွှေဖြိုး ကရော....ဒီကိစ္စဘယ်လိုထင်သတုန်း”
ဝန်ကြီးဦးရွှေဖြိုး လက်အုပ်ချီလျက် ခေါင်းမော့လိုက်သည်။
“ကသည်းတို့ လက်ချက်ဆိုလျှင်တော့...နန်းတွင်းထဲမှာ ရှိတဲ့ ကသည်းမိဖုရားကို ခေတ္တ စုံစမ်းစစ်ဆေးတာ ကောင်းမယ်ထင်ပါတယ်...ဒင်းတို့ တနွယ်တည်းတွေမို့...သိတန်တာ ရှိမှာပါ”
မဟာဓမ္မရာဇာဓိပတိမှာ အတန်ငယ်တွေဝေသွားသည်။
“အင်း..မိဒွေးတော် ပုပ္ပါးမင်းသမီးက ငါ့အပေါ် ကျေးဇူးရှိတယ်...ဘိုးတော်မင်းဘုရားလက်ထက်က တည်းက ဒီနန်းတွင်းနေခဲ့တာ..သူက အင်းဝသူဖြစ်နေပြီပဲ....မဖြစ်နိုင်ပါဘူး..နောင်ပုရော ဘယ်နှယ့်ထင်သတုန်း”
“မှန်ပါ....ယခု စစ်ချီလာတဲ့ ကသည်းစော်ဘွား ဂါရစ်နာဝဇ် နဲ့ ပုပ္ပါးမင်းသမီးတို့ဟာ မောင်နှမအရင်းအချာ တော်စပ်ကြပါတယ်...စစ်ရေးစစ်ရာဖြစ်လာတဲ့အခါ ပုပ္ပါးမင်းသမီးကို နန်းတွင်းမှာ မထိမခိုက် ရှိနေစေခြင်းဖြင့် သံတမန်ရေးရာကစားလို့ရနေပါသေးတယ်..အရမ်းကာရော မလုပ်သင့်ပါ..ဘုရား”
“အိမ်း..ကိုယ်တော်စဥ်းစားဦးမယ်....ပုပ္ပါးမိဖုရားကိုတော့ ဒီကာလ နည်းနည်း စောင့်ကြပ်ကြည့်ရှုထားကြပေါ့..ဘာမှတောမထိခိုက်စေနဲ့...ညညီလာခံမှာ နောင်ပုရော...နောင်တော်ရွှေဖြိုးပါ တက်ရမယ်ကွဲ့... ရှင်ဖြူရှင်လှရုပ်ပွားတော်ကိစ္စ ထူးခြားတာရှိရင် ငါ့ထံ အခါမလတ်ဝင်လျှောက်ကြကွဲ့”
ရှင်ဘုရင်က ညီလာခံစဲကာ အတွင်းတော်သို့ ဝင်သွားပြီဖြစ်သည်။
ရှင်ဖြူရှင်လှဘုရားပျောက်ဆုံးမှုသည် အင်းဝ နှင့် စစ်ကိုင်းနေ ပြည်သူများအကြား အတော်ပင် ဂယက်ရိုက်သွားခဲ့သည်။
မကြာမီကပင် ကသည်းတပ်ကြီးက အင်းဝသို့ ချီတက်လာသည့်အတွက် ကိုးသိန်းသခင် သတိုးမင်းခေါင် ကို စဥ့်ကိုင်တွင် တပ်အလုံးအရင်းချနေစေခဲ့သည်။
ထို့နောက် မြင်းမှူးမင်းသားမင်းရဲသီဟ ကို မြင်း ငါးရာ၊ စစ်သည်တစ်သောင်းဖြင့် တပ်ပေါင်း(၁၀)တပ်ကို ကွပ်ကဲစေလျက် ကသည်းတပ်များကို ရှေ့ပြေးဖြတ်တိုက်ရန် ဒီပဲယင်းသို့ စေလွှတ်ခဲ့သည်။
ထိုအခြေအနေတွင် ရှင်ဖြူရှင်လှဘုရားပါ ထပ်မံခိုးယူခံလိုက်ရသဖြင့် ကသည်းတပ်များ စစ်ကိုင်းမြို့တွင်း ထိ ရောက်နေပြီဖြစ်ကြောင်း ကောလဟလများပါ ပျံ့နှံလာတော့၏။
ထိုနေ့ နေ့လည်တွင်ပင် အတွင်းဝန်ကျော်ထင်နန္ဒမိတ်၏ တပ်များသည် စစ်ကိုင်းမြို့ ခရစ်သျှနားဘုရားကျောင်းမှ ကုမ္မာရဗြဟ္မဏမဟေ၊ ကိုယ်ရံရွာစား ပုဏ္ဏားငစံဖြူ၊ ပုဏ္ဏားငနီတိ တို့ကို ဖမ်းဆီးလိုက်သည်။
စစ်ကြောချက်များအရ မင်းသားမောင်လှ ပါဝင်နေသဖြင့် မင်းသားမောင်လှ တည်းခိုရာ သီရိဇေယျကျော်ထင်ကျောင်းတိုက်ကိုဝိုင်းဝန်ပိတ်ဆို့ခဲ့ကြသည်။
ထိုကျောင်းတိုက်အတွင်း မင်းသားမောင်လှနှင့်အတူ သူစုဆောင်းထားသည့်လူများ၊ ပုဏ္ဏား၊ဆာဒူးဟန် ဆောင်ထားသည့် မဏိပူရသူလျှိုများကို ဖမ်းဆီးရမိခဲ့သည်။
...................................................................................
ပုပ္ပါးမိဖုရားနီလာခမ်း၏ အဆောင်တော်အတွင်းမှ ကသည်းလူမျိုးအပျိုတော်တစ်ဦး သုတ်သီးသုတ်ပြာဖြင့် ထွက်လာသည်။
အနောက်ဆောင်၏ တံခါးပေါက်အဝအရောက်တွင် နန်းမတော်ဝန် အာကာရွှေတောင် နှင့် ဝန်ကြီးဦးပုတို့ကို ရုတ်တရက်တွေ့လိုက်ရသဖြင့် ကသည်းအပျိုတော်မှာ ကိုယ်ရှိန်သတ်လိုက်၏။
“အဲ့ဒါ..ဘယ်သူလဲ”
ဝန်ကြီးဦးပုက မိန်းမစိုးအရာရှိ မစာကို မေးလိုက်သည်။
“ပုပ္ပါးမိဖုရားဆောင်က အပျိုတော်ပါ”
“ဖမ်းစမ်း....သူ့ခန္ဓာကိုယ်ကို စစ်”
မိန်းမစိုးများက အပျိုတော်၏ ခန္ဓာကိုယ်ကို ရှာဖွေကြသည်။ ရင်စည်းအတွင်းမှ ပိတ်စ တစ်စ ထွက်လာ၏။
ပိတ်စပေါ်တွင် စာရေးထားသည်။
“အခါရောက်ပြီ....ချိန်းတဲ့တံခါး မှာ ည မြင်းနှင့်တကွ လာစောင့်ပါ”
အာကာရွှေတောင် ခေါ် အက်ဂါမိုင်းနပ်စ် တုန်ရီနေသော အပျိုတော်လေး၏ ဆံပင်ကို စောင့်ဆွဲလိုက်သည်။
“ဒီစာ ဘယ်သူပေးခိုင်းတာလဲ”
“ဟို..ဟို”
“ပုပ္ပါးမိဖုရားပေးခိုင်းတာ မဟုတ်လား”
“မှန်ပါ..မှန်ပါ”
“ဘယ်သူ့ဆီ သွားပေးမှာလဲ”
“ဗရင်ဂျီကုန်သည်မ....လွီဇာ”
“ဟေ့...ပုပ္ပါးမိဖုရားအဆောင်ကို ဝိုင်းဟေ့....မိဖုရားနဲ့ မင်းသားနှစ်ပါးကို သင့်ရာကို ခေါ်ပြီး ထား..မထိခိုက်စေနဲ့....ပြီးရင် တဆောင်လုံးကို မြေကြီးပါမကျန် တူးရှာကြ”
အက်ဂါမိုင်းနပ်စ် ၏ အမိန့်သံအဆုံးတွင် စစ်သည်များက အနောက်ဆောင်ထဲသို့ ပြေးဝင်သွားကြတော့သည်။
“ကျန်တဲ့တပ်တွေ..ငါနဲ့လိုက်ခဲ့”
အက်ဂါမိုင်းနပ်စ်က ကျန်တပ်များနှင့် ထွက်ခွာသွားချိန်တွင် ဝန်ကြီးဦးပုက သူ့လက်ထဲမှ စာရေးထားသော ပိတ်စကို ကြည့်လိုက်သည်။
...................................................................................................
လွီဇာက ခြံဝန်းအတွင်းမှ မြင်းပေါ်သို့ တက်ရန် ပြင်လိုက်စဥ် ဝင်လာသော ချစ်မြကို ပြုံးပြီး ကြည့်လိုက်သည်။
“ကျုပ်အမေ နဲ့ အကို လာခဲ့တဲ့ကိစ္စ... ကျုပ် လွီဇာကို လာတောင်းပန်ပါတာပါ”
လွီဇာက မြင်းဇက်ကြိုးကိုကိုင်ကာ မြင်းပေါ်မှ ပြန်ဆင်းလိုက်သည်။
“အင်း...ဘယ်နှယ့် ...ကျွန်မဖြင့် မေ့တောင်နေတာ..ချစ်မြရဲ့”
ချစ်မြက ခေါင်းငုံ့ထားသည်။
“ဟုတ်ပါတယ်..ကျုပ် အဲ့ဒီအထဲက ကိုကြီးချစ်ညို နဲ့အတူ စဥ့်ကိုင်တပ်မှာ သွားအမှုထမ်းနေတာပါ... ရှက်လို့လည်းပါပါတယ်..လွီဇာ...အခု ကိုးသိန်းသခင်က ကျုပ်တို့ကို အင်းဝမြို့ထဲ လိုချင်တာဝယ်ယူဖို့ ခွင့်ပေးလိုက်လို့ အင်းဝတက်လာကြရင်း..ဒီအိမ်ကို ဝင်လာတာပါ”
“ဘာကို ရှက်တာလဲ...ရှင့်ဟာက”
“လွီဇာ့အပေါ် ကျုပ်မေတ္တာရှိတာကို ဖွင့်မပြောရဲခဲ့တာကို..”
“အဟက်...ဒါဆို အခု ဖွင့်ပြောရဲပြီပေါ့”
“ဟိတ်.....ဘုရင့်တပ်တော်ကွ....အကုန် ဝပ်ထားစမ်း...ခေါင်းဖော်ရန် အကုန်ခုတ်သတ်စေ”
အက်ဂါမိုင်းနပ်စ်၏ အသံကြောင့် လွီဇာရော၊ ချစ်မြ ပါ ခြံရှေ့သို့ အလန့်တကြား ကြည့်လိုက်ကြသည်။
လွီဇာ၏ ခြံဝန်းသို့ စစ်သည်များက နှစ်ထပ် ပတ်ဝိုင်းလိုက်ကြသည်။
လွီဇာက အခြေအနေကို သိသည်နှင့် မြင်းပေါ်သို့ တက်လိုက်၏။ ထို့နောက် မြင်းဇက်ကြိုးကို ဆွဲကာ အနောက်ဘက်အပေါက်သို့ ပြေးရန် လှည့်လိုက်သည်။
အက်ဂါမိုင်းနပ်စ်က ဓါးရှည်ကို ဝံလျက် လွီဇာအနားသို့ မြင်းဖြင့် ရောက်လာပြီး အားကုန် လွှဲခုတ်ချလိုက်သည်။
သို့သော် ဓါးချက်က လွီဇာခေါင်းပေါ်ကျမလာခင်တွင်ပင် ချစ်မြက အက်ဂါမိုင်းနပ်စ်၏ ခါးကို ခေါင်းဖြင့် ဝင်ဆောင့်တိုက်လိုက်သည်။
အက်ဂါမိုင်းနပ်စ်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။
စစ်သည်များက အခြေအနေကို ကြောင်ကြည့်နေကြစဥ်
“ချစ်မြ..လာ”
လွီဇာက မြင်းပေါ်မှ လက်ကမ်းလိုက်သည်။ ထို့နောက် မြင်းက အိမ်အနောက်ဖက် ခြံစည်းရိုးဆီသို့ ကဆုန်ပေါက်သွား၏။
အက်ဂါမိုင်းနပ်စ်က လူးလဲ ထလာ၏။
“သေနတ်နဲ့ ပစ်ကြ..ပစ်ကြ”
ဝိုင်းရံထားသော စစ်သည်များက ယမ်းထိုးထားသော သေနတ်များဖြင့် ဝိုင်းပစ်ကြတော့သည်။
“လိုက်..လိုက်”
အက်ဂါမိုင်းနပ်စ်နှင့် ပါလာသော မြင်းသည် (၁၀)ဦးကလည်း မြင်းဖြင့် အနောက်မှ လိုက်ကြသည်။
အင်းဝ တကောင်းတံခါးလမ်းအတိုင်း မြင်းက ကဆုန်ပေါက်ပြေးနေ၏။
အနောက်ဘက်မှ အက်ဂါမိုင်းနပ်စ်နှင့် မြင်းစီး စစ်သည်များကလည်း အသည်းအမဲ လိုက်လာသည်။
ချစ်မြ မှာ လွီဇာ၏ ရင်ခွင်အတွင်းသို့ ရောက်နေသကဲ့သို့ဖြစ်နေသည်။
မြင်းပေါ်မှ သေနတ်စစ်သည်တစ်ဦး ပစ်လိုက်သည့် ကျည်က လွီဇာ၏ မြင်းတင်ပါးကို ထိမှန်သွားသည်။
မြင်းမှာ ခွေခနဲ လဲကျသွားပြီး လွီဇာ နှင့် ချစ်မြ မြေကြီးပေါ်သို့ ကျသွား၏။
“ဝိုင်းဟေ့..ဝိုင်း”
မြင်းသည်များက သူတို့နှစ်ဦးကို ဝိုင်းလိုက်ကြသည်။
“သူလျှိုမ နဲ့ ခွေးမသား...နန်းတော်အရာရှိကိုများ ခုခံတယ်ပေါ့...ဒီနားတင် နင်တို့ကို စီရင်မယ်”
ချစ်မြမှာ မြင်းပေါ်မှ အရှိန်နှင့်ကျသဖြင့် ခြေထောက်တစ်ဖက် ကျိုးသွားခဲ့ပြီဖြစ်သည်။
အက်ဂါမိုင်းနပ်စ်က မြင်းပေါ်မှ လှမ်းကာ လွီဇာ၏ ဆံပင်ကို စောင့်ဆွဲလိုက်၏။
လက်တစ်ဖက်က ဓါးကို ဝံ့လိုက်စဥ်...
“ဟိတ်”
အဲမောင်းလှံတစ်စင်းက ဝိုင်းရံထားသည့် မြင်းသည်များကို ကျော်ကာ အက်ဂါမိုင်းနပ်စ်၏ လည်ပင်းကို ဖောက်ဝင်သွားတော့သည်။
ခက်ဇော်
(Zawgyi)
AVA 1740s
အခန္း(၁၄)
...............................................
“ဟိတ္”
ငတြန္က သုံးကြက္ခြၽန္းတက္နည္းျဖင့္တက္ကာ ညာေျဖာင့္ လက္သီးတစ္လုံးပစ္သြင္းလိုက္သည္။
ခ်စ္ညိဳ က ငတြန္၏ လက္ကို ဖမ္းခ်ဳပ္လိုက္သည္။
ငတြန္က လြတ္ေနေသာ ေျခတဖက္ျဖင့္ အားျပင္းျပင္းကန္ထည့္ေသာ္လည္း ခ်စ္ညိဳမွာ အနည္းငယ္သာ ေနာက္သို႔ ယိုင္သြားသည္။
ခ်စ္ညိဳ ငတြန္၏ လက္တစ္ဖက္ကို ၿမဲျမန္စြာ ခ်ဳပ္ထားသျဖင့္ ငတြန္ခႏၶာကိုယ္ပါ အရွိန္ျဖင့္ ပါသြား၏။
ခ်စ္ညိဳက ငတြန္၏ လက္ကို ခပ္ျပင္းျပင္းလိမ္ခ်ိဳးလိုက္သည္။
သို႔ေသာ္...ငတြန္၏ ေနာက္ထပ္ေျခကန္ခ်က္က ထပ္ထြက္လာသျဖင့္ ႏွစ္ေယာက္လုံး ေျမႀကီးေပၚသို႔ လဲက်သြားသည္။
ႏွစ္ဦးသား လူခ်င္းခြဲကာ ထလိုက္ၾကၿပီး အသင့္ေနရာျပန္ယူၾကသည္။
ယခုအခါတြင္ေတာ့ ခ်စ္ညိဳက ညာေျဖာင့္လက္သီးျဖင့္ သုံးကြက္ခြၽန္းစဝင္လာ၏။
ငတြန္က လက္ႏွစ္ေခ်ာင္းျဖင့္ လက္ယွက္ထိုးခံသည္။
ထိုအခ်ိန္၏ ခ်စ္ညိဳ၏ ဘယ္လက္က ႐ုတ္တရတ္ထြက္လာၿပီး ငတြန္၏ လက္ႏွစ္ေခ်ာင္းကို ေအာက္မွ ပင့္႐ိုက္ခ်ပစ္လိုက္၏။
ငတြန္ ဟန္ခ်က္ပ်က္သြားစဥ္ ခ်စ္ညိဳ က ေနာက္ထပ္ညာလက္သီးျဖင့္ ထပ္ထိုးသည္။
ငတြန္က ကိုယ္ကို ဘယ္ဘက္သို႔ အသာယိုေပးလိုက္ေသာ္လည္း ခႏၶာကိုယ္မွာ အေနအထားမမွန္ေတာ့သျဖင့္ ခ်စ္ညိဳ၏ လက္သီးသည္ ညာဘက္နားထင္ေစာင္းကို ပြတ္ကာ ထိမိသြား၏။
“ေဟ့...လူသြမ္းေတြ....ေတာ္ၾကစမ္း”
ၿခံေရွ႕တြင္ ကိုယ္ရံေတာ္တပ္သားမ်ားႏွင့္ အတူ မတ္တပ္ရပ္ေနေသာ ကိုးသိန္းသခင္၏ အသံကို ၾကားလိုက္ရသျဖင့္ ႏွစ္ဦးလုံး ကိုယ္ရွိန္တန႔္သြားၾက၏။
“ဘုရင့္ ပြဲစားေတာ္ရဲ႕ အိမ္က ဘယ့္ႏွယ့္..လက္ေဝွ႔ေျမဝိုင္းျဖစ္ေနရသလား...သယ္”
လွည္းေပၚတြင္ ထိုင္ကာ ေျမဝိုင္းပြဲၾကည့္သကဲ့သို႔ ေျပာင္းဖူးဖက္ေဆးလိပ္ဖြာရင္း၊ ကြမ္းကေလးယာရင္း ဇိမ္ခံၾကည့္ေနေသာ ေဒၚဇံကုလားကို တစ္ခ်က္ ေဆြၾကည့္လိုက္သည္။
ေဒၚဇံကုလားက ေျပာင္းဖူးဖက္ေဆးလိပ္ကို ထိုးေခ်ကာ လက္အုပ္ခ်ီလ်က္ လွည္းေပၚမွ ဆင္းလိုက္၏။
လြီဇာကလည္း အိမ္ေပၚမွ ဆင္းလာသည္။
“ကိုးသိန္းသခင္....ဘာကိစၥမ်ား ရွိလို႔လာပါသလဲ”
“လာရင္းကိစၥေနာက္မွေျပာေတာ့မယ္..အခု...ဒီႏွစ္ေကာင္က ဘာျဖစ္လို႔ ဒီအိမ္ေရွ႕ လာသတ္ေနၾကတာလဲ..လြီဇာ”
“သူတို႔ကိုသာ ေမးၾကည့္ပါ..ဘုရား”
“ဟဲ့..ငတြန္ငယ္..ဘာေၾကာင့္ နင္တို႔ သတ္ေနၾကလဲ”
ငတြန္က လက္အုပ္ခ်ီထားၿပီး ျပန္မေျဖ။
“ခင္ဦးသားေတြကို ေစာ္ကားလို႔ ကြၽန္ေတာ္မသားက ဆုံးမေပးေနတာပါ”
ေဒၚဇံကုလားက နေဘးမွ ဝင္ေလွ်ာက္သည္။
ကိုးသိန္းသခင္က ခ်စ္ညိဳ အနားသို႔ ကပ္သြား၏။
“ခုန နင့္သတ္ေပါက္ေတြ ငါၾကည့္ရတယ္..နင့္လက္ေဝွ႔ေရးကလည္း တယ္ေကာင္းပါလား...ဟိုတေခါက္ထဲက နင့္ကို ျပန္ေခၚသြားၾကလို႔..ငါ့ဆီ အမႈေတာ္ထမ္းဖို႔ နင့္ကို ငါက ေခၚတာပ”
ခ်စ္ညိဳက အသက္ကိုသာ ခပ္ျပင္းျပင္းရႈေနသည္။
ႂကြက္သားအေျမာင္းေျမာင္းျဖင့္ မဲေျပာင္ေနသည့္ ခႏၶာကိုယ္အႏွံ႔မွ အင္းကြက္မ်ားႏွင့္ ထိုးကြင္းမင္ေသ့မ်ားေၾကာင့္ ခ်စ္ညိဳ၏ ဟန္ပန္က ခတ္ေတာ့မည့္ ကြၽဲတစ္ေကာင္ႏွယ္။
“မင္းနား ပါးနား ခစားၿပီး ကမ္းနားသစ္ပင္မျဖစ္ပဲ....မင္းေယာက္်ားျဖစ္လာမယ္ဆို...ကိုးသိန္းသခင္လို လူမ်ိဳးက အခစားေခၚတာကို ကြၽန္ေတာ္မ သားက ဘယ္ျငင္းပါလိမ့္မလဲ”
ေဒၚဇံကုလား က ခ်စ္ညိဳ၏ ေဘးတြင္ သြားရပ္ၿပီး ေျပာလိုက္၏။
ကိုးသိန္းသခင္က ၿပဳံးလိုက္သည္။
“မၾကာခင္ စစ္ပြဲေရာက္လာေတာ့မယ္..က်ဳပ္ ရဲ႕ စဥ့္ကိုင္တပ္မွာ သူရဲေကာင္းေတြလိုတယ္...က်ဳပ္က ေသြးရဲရဲနဲ႔ ပြဲတိုးတဲ့ ေယာက္်ားေကာင္းဆို ဘုရင့္ဆီက ဘြဲ႕ေတာင္းေပးဖို႔ ဝန္မေလးဘူး...ဘယ့္ႏွယ့္လဲ”
“ကြၽန္ေတာ္မသား သုံးေယာက္လုံး မနက္ျဖန္ခါ ကိုးသိန္းသခင္ဆီ ေရာက္ေနေစရပါ့မယ္”
“ေအး..ဟုတ္ၿပီ..ငတြန္ငယ္...နင္တို႔ အတူ စဥ့္ကိုင္တပ္မွာ အမႈထမ္းရမွာ..မၾကာခင္ အိုးစားဖက္ေတြ ျဖစ္ေတာ့မွာ...ရန္ဘက္မျပဳၾကႏွင့္ေတာ့..ဟုတ္ၾကၿပီလား...ကဲ..သြားၾကေတာ့..ကိုယ္ေတာ္ လာရင္းကိစၥ လြီဇာ နဲ႔ ေတြ႕လိုက္ဦးမယ္”
ကိုးသိန္းသခင္က လြီဇာရွိေနသည့္ အိမ္ေပၚသို႔ တက္သြားသည္။
“အင္း..အေမကျဖင့္.ပြဲေကာင္းၾကည့္ရၿပီမွတ္တာ..ငါ့သားရဲ႕..ေအးေလ..ေနာက္မ်ားေပါ့”
ခ်စ္ညိဳ ၏ ေခြၽး႐ႊဲေနေသာ ခႏၶာကိုယ္ႀကီးကို ေဒၚဇံကုလားက တဘက္ျဖင့္ ေခြၽးသုတ္ေပးရင္း ေျပာလိုက္သည္။
ထို႔ေနာက္ သားအမိႏွစ္ဦးသားလွည္းေပၚတက္ကာ ထြက္သြားၾကေတာ့သည္။
ငတြန္ကမူ လြီဇာ၏ နာေနေသာ ျမင္းႀကီး ေဘးတြင္ သြားထိုင္ကာ အေမာေျဖရင္း အိမ္ေပၚသို႔ လွမ္းေငးေနေတာ့၏။
ကိုးသိန္းသခင္က လြီဇာ၏ အိမ္အေပၚရွိ သစ္သားထိုင္ခုံတြင္ ဝင္ထိုင္လိုက္သည္။
“ကိုယ့္အိမ္ေအာက္မွာ ဒီေလာက္သတ္ေနၾကတာ..နည္းနည္းေတာင္ ဆင္းမတားဘူးလား..လြီဇာ”
“မွန္ပါ...ဘယ္သူႏိုင္မလဲ သိခ်င္လို႔ပါ..အရွင္”
လြီဇာ၏ စကားေၾကာင့္ ကိုးသိန္းသခင္က ၿပဳံးလိုက္သည္။
“ဘယ္အေရးနဲ႔မ်ား ႂကြလာရပါသလဲ”
“အေရးႀကီးတယ္..လြီဇာ...အခု မဏိပူရကသည္းတပ္ေတြဟာ တမူးလြင္ျပင္မွာ စု႐ုံးေနၾကၿပီတဲ့..မၾကာခင္ အင္းဝကို ခ်ီတက္လာဖို႔ ေသခ်ာေလာက္တယ္...ဒီေတာ့ ငါကိုယ္ေတာ္ကို စဥ့္ကိုင္မွာ တပ္လုံးတပ္ခိုင္ ခ်ၿပီး ေနဖို႔ နန္းေတာ္က အမိန႔္က်လာတယ္..ဒါေၾကာင့္ အင္းဝကေန ထြက္ရေတာ့မယ္”
“မွန္ပါ”
“ေလာ္တာဖုန္း အသတ္ခံရတဲ့ကိစၥက အခု တစ္ႏွစ္နီးပါးရွိလာတဲ့အထိ တရားခံမမိေသးလို႔..ဝန္ႀကီးဦးပုက နန္းမေတာ္ဝန္ နဲ႔ ၿမိဳ႕ဝန္ကို ႀကိမ္းေနတယ္...ၿဗဲတိုက္မွာလည္း ဒီကိစၥပဲ ေန႔တိုင္းနီးပါးမီးေတာက္ေနတာ...ငါသတိေပးခ်င္တာက နင့္ကို ေစာင့္ၾကည့္စာရင္းထဲ သူတို႔ ထည့္ထားတယ္.... ေနာက္ၿပီး နန္းတြင္းထဲမွာလည္း လူသတ္မႈကိုစေတြ႕တဲ့ ပုပၸါးမင္းသမီး နီလာခမ္း အေဆာင္မွာ မင္းကို ေတြ႕ေတြ႕ေနတာလည္း သူတို႔ သတိထားမိပုံပဲ”
“ကြၽန္ေတာ္မတို႔က ႐ိုး႐ိုးသားသားခင္မင္ၾကတာပါ”
“ဘယ္လိုျဖစ္ျဖစ္..အခုအခ်ိန္မွာ နန္းတြင္းက ကသည္းမင္းသမီးတစ္ပါးနဲ႔ ဆက္ဆံေရးကို သတိထားေစခ်င္တယ္..လြီဇာ..ကသည္းနဲ႔ တို႔ စစ္ျဖစ္ၿပီဆိုတာနဲ႔ ကသည္းမင္းသမီးဟာ အခ်ိန္မေ႐ြး နန္းေတာ္ရဲ႕ ရန္သူျဖစ္သြားႏိုင္တယ္....ငါ မင္းကို သတိလာေပးတာ..လြီဇာ”
“ကြၽန္ေတာ္မ ဆင္ျခင္ပါ့မယ္”
......................................................................................................................
၁၇၃၆ ခုႏွစ္၊ ဇန္နဝါရီလ ၂၁ ရက္။
ညဥ့္ပဟိုရ္ ၄ ခ်က္တီး။
အေနာက္တိုင္းနာရီအားျဖင့္ နံနက္ ၆ နာရီ။
အႏွိပ္ေတာ္ဆက္ရသည့္ အပ်ိဳေတာ္ေလးမ်ား၏ လက္ဖြဖြက မဟာဓမၼရာဇာဓိပတိ၏ ေျခသလုံးႏွင့္ ေပါင္တို႔ေပၚသို႔ထိေတြ႕လာသည္။
ထိုအထိအေတြ႕ႏွင့္အတူ မဟာဓမၼရာဇာဓိပတိ ႏိုးထလာ၏။
ညက ရွင္ဘုရင္သည္ လင္ဇင္းမိဖုရား၏ အေဆာင္ေတာ္တြင္ အိပ္စက္ခဲ့ျခင္းျဖစ္သည္။
လင္ဇင္းမိဖုရားက မ်က္ႏွာေတာ္သစ္ေရႏွင့္ ေ႐ႊတံပူတံကို အသင့္ ယူေဆာင္ကာ အနီးတြင္ ခစားေန၏။
“အင္း...ေရအိမ္ေတာ္ အရင္ဝင္မယ္”
ဘုရင္က ခပ္တိုးတိုး မိန႔္လိုက္သည္။
လင္ဇင္းမိဖုရားမွာ ခါးကို ကိုင္းလ်က္ လက္အုပ္ခ်ီကာ ခပ္သြက္သြက္ထာသြား၏။ ေနာက္ေတာ္ပါမိဖုရားမ်ားကလည္း အသင့္ျပင္လိုက္ၾကသည္။
ထို႔ေနာက္ လင္ဇင္းမိဖုရားအပါအဝင္ မိဖုရား၊ ကိုယ္လုပ္ေတာ္ ဆယ္ပါးၿခံရံကာ မဟာဓမၼရာဇာဓိပတိ သည္ အိမ္သာ ရွိရာသို႔ ထြက္လာခဲ့သည္။
အိမ္သာကား ဆယ့္ငါးေပပတ္လည္ခန႔္ က်ယ္ဝန္းသည္။ အိမ္သာအတြင္း ယိုေပါက္ ေဘး ႏွစ္ဖက္တြင္ အိႏၵိယျပည္မွလာသည့္ သားေမႊးေျခနင္းမ်ားခင္းထား၏။
အိမ္သာေစာင့္သူငယ္ေတာ္အမႈထမ္းမ်ားက ရွင္ဘုရင္ အိမ္သာတက္ၿပီး သုတ္သင္ရန္ ေမႊးပ်ံ႕ေသာ ကတၱီပါ ျဖတ္စကေလးမ်ားကို ယိုေပါက္ေရွ႕ရွိ ေ႐ႊအုံးေတာ္ေပၚတြင္ အစီအရီတင္ေပးကာ ထြက္ခြာသြားၾကသည္။
ကိစၥၿပီးေသာအခါ ရွင္ဘုရင္က အိမ္သာေတာ္ တံခါးကို ဖြင့္လိုက္သည္။
နန္းတြင္းဓေလ့အရ ထိုအခ်ိန္တြင္ အမဂၤလာသတင္းမ်ား၊ ေသဒဏ္စီရင္သတင္းမ်ားကို ဘုရင့္ထံ ေလွ်ာက္ထားရသည္။
ေလွ်ာက္ထားမည့္ အၿငိမ့္သမငယ္က ၿဗဲတိုက္မွ ေပးေသာ ေပ႐ြက္ကို ကိုင္လ်က္ အိမ္သာအဆင္းတြင္ ဝပ္တြားကာ ေစာင့္ေန၏။
ရွင္ဘုရင္က အိမ္သာမွ အဆင္းတြင္ ေခတၱမတ္တပ္ရပ္လိုက္သည္။
“ၿဗဲတိုက္ေတာ္မွ သတင္းေတာ္ေလွ်ာက္တင္လႊာပါ..ဘုရား... စစ္ကိုင္းရပ္မွ ဘိုးေတာ္ေဘးေတာ္တို႔၏ ေကာင္းမႈေတာ္ ရွင္ျဖဴရွင္လွ ႐ုပ္ပြားေတာ္ ေပ်ာက္ဆုံးသြားပါသျဖင့္...စစ္ကိုင္းၿမိဳ႕ဝန္”
“ဟဲ့..ဟဲ့..ဘယ္လိုျဖစ္ရတာလဲ..ဘယ္လို..ဘယ္လို”
မဟာဓမၼရာဇာဓိပတိသည္ အိမ္သာေတာ္၏ တိုင္ကို ကိုင္ကာ အံၾသတုန္လႈပ္သြားသည္။
ကသည္းစစ္လာၿပီဆိုသည့္ သတင္းကို ရသည့္ လြန္ခဲ့သည့္ တလက ထိုဘုရားသို႔ သြားကာ မိမိ၏ ဘုန္းတန္ခိုးေတာက္ပၿပီး စစ္ပြဲမ်ားကို ေအာင္ေစရန္ အဓိဌာန္ဖူးေမွ်ာ္ခဲ့သည္။
ယခုေတာ့ ႐ုပ္ပြားေတာ္ပင္ ေပ်ာက္သြားသည္တဲ့လား။
လင္ဇင္းမိဖုရားက အေျပးထလာၿပီး ရွင္ဘုရင္ေလးကို တြဲလိုက္သည္။
“ရတယ္..ကိုယ္ေတာ့္ကို မတြဲနဲ႔....သြား..နန္းမေတာ္ဝန္ကို ခ်က္ခ်င္းေျပာစမ္း...ညီလာခံ ခ်က္ခ်င္းေခၚဖို႔ အမိန႔္ရွိတယ္လို႔...စစ္ကိုင္းၿမိဳ႕ဝန္ကိုလည္း ခ်က္ခ်င္းဆင့္ေခၚ”
လင္ဇင္းမိဖုရားက ေျခလွမ္းသြက္သြက္ျဖင့္ ထြက္ခြာသြားေတာ့၏။
....................................................................................
“မွန္ပါ..ဒီအေရးဟာျဖင့္ ကသည္းတို႔ စနက္မကင္းပါ..ဘုရား..ဘုရာ့ ကြၽန္ေတာ္မ်ိဳး အေထာက္ေတာ္မ်ား စုံစမ္းခ်က္အရ....စစ္ကိုင္းေန က်ည္းပုဏၰားတစ္ခ်ိဳ႕ ကသည္းမင္းႏွင့္ ပူးေပါင္းကာ တစ္စုံတစ္ရာႀကံစည္ ေနေၾကာင္း ေရွးမဆြကတည္းက စုံစမ္းရေနပါသည္”
ဝန္ႀကီးဦးပုက ေလွ်ာက္တင္လိုက္သည္။
“ေဟ...ဒါျဖင့္ ကိုယ္ေတာ့္ကို အစကတည္းက မေလွ်ာက္ရတာတုန္း...ေနာင္ပုရဲ႕..ဒါမ်ိဳးက ေစာေစာက စစ္ေၾကာလုပ္ကိုင္ရတယ္မဟုတ္လား”
“မွန္ပါ..စုံစမ္းစစ္ေၾကာဆဲမို႔..ကြၽန္ေတာ္မ်ိဳးက”
“တယ္ေပါ့သကိုး...ဒါဆို ဘာလုပ္ေနတာလဲ...ဝန္ႀကီး အခု ပဲ သြားၿပီး..စစ္ကိုင္းက ရွိသမွ် က်ည္းပုဏၰား အႏြယ္ အကုန္ကို ဖမ္းစီးစစ္ေၾကာဖို႔ ခင္ဗ်ာ့လူေတြကို အမိန႔္ေပးေလ...လုပ္.အခုခ်က္ခ်င္း”
မဟာဓမၼရာဇာဓိပတိ၏ အသံက မာထန္ေနသည္။
ဘုရင္ေလးက လူၾကားထဲတြင္ ဟိန္းေဟာက္ျခင္းကို ခံလိုက္ရသျဖင့္ ဦးပုမွာ မ်က္ႏွာပ်က္ေနသည္။
ဦးပုက နေဘးမွ အတြင္းဝင္ေက်ာ္ထင္နႏၵမိတ္ကို ခပ္တိုးတိုးေျပာလိုက္ၿပီးေနာက္ ေက်ာ္ထင္နႏၵမိတ္က ထြက္ခြာသြားသည္။
“ေနာင္ေတာ္ႀကီးေ႐ႊၿဖိဳး ကေရာ....ဒီကိစၥဘယ္လိုထင္သတုန္း”
ဝန္ႀကီးဦးေ႐ႊၿဖိဳး လက္အုပ္ခ်ီလ်က္ ေခါင္းေမာ့လိုက္သည္။
“ကသည္းတို႔ လက္ခ်က္ဆိုလွ်င္ေတာ့...နန္းတြင္းထဲမွာ ရွိတဲ့ ကသည္းမိဖုရားကို ေခတၱ စုံစမ္းစစ္ေဆးတာ ေကာင္းမယ္ထင္ပါတယ္...ဒင္းတို႔ တႏြယ္တည္းေတြမို႔...သိတန္တာ ရွိမွာပါ”
မဟာဓမၼရာဇာဓိပတိမွာ အတန္ငယ္ေတြေဝသြားသည္။
“အင္း..မိေဒြးေတာ္ ပုပၸါးမင္းသမီးက ငါ့အေပၚ ေက်းဇူးရွိတယ္...ဘိုးေတာ္မင္းဘုရားလက္ထက္က တည္းက ဒီနန္းတြင္းေနခဲ့တာ..သူက အင္းဝသူျဖစ္ေနၿပီပဲ....မျဖစ္ႏိုင္ပါဘူး..ေနာင္ပုေရာ ဘယ္ႏွယ့္ထင္သတုန္း”
“မွန္ပါ....ယခု စစ္ခ်ီလာတဲ့ ကသည္းေစာ္ဘြား ဂါရစ္နာဝဇ္ နဲ႔ ပုပၸါးမင္းသမီးတို႔ဟာ ေမာင္ႏွမအရင္းအခ်ာ ေတာ္စပ္ၾကပါတယ္...စစ္ေရးစစ္ရာျဖစ္လာတဲ့အခါ ပုပၸါးမင္းသမီးကို နန္းတြင္းမွာ မထိမခိုက္ ရွိေနေစျခင္းျဖင့္ သံတမန္ေရးရာကစားလို႔ရေနပါေသးတယ္..အရမ္းကာေရာ မလုပ္သင့္ပါ..ဘုရား”
“အိမ္း..ကိုယ္ေတာ္စဥ္းစားဦးမယ္....ပုပၸါးမိဖုရားကိုေတာ့ ဒီကာလ နည္းနည္း ေစာင့္ၾကပ္ၾကည့္ရႈထားၾကေပါ့..ဘာမွေတာမထိခိုက္ေစနဲ႔...ညညီလာခံမွာ ေနာင္ပုေရာ...ေနာင္ေတာ္ေ႐ႊၿဖိဳးပါ တက္ရမယ္ကြဲ႕... ရွင္ျဖဴရွင္လွ႐ုပ္ပြားေတာ္ကိစၥ ထူးျခားတာရွိရင္ ငါ့ထံ အခါမလတ္ဝင္ေလွ်ာက္ၾကကြဲ႕”
ရွင္ဘုရင္က ညီလာခံစဲကာ အတြင္းေတာ္သို႔ ဝင္သြားၿပီျဖစ္သည္။
ရွင္ျဖဴရွင္လွဘုရားေပ်ာက္ဆုံးမႈသည္ အင္းဝ ႏွင့္ စစ္ကိုင္းေန ျပည္သူမ်ားအၾကား အေတာ္ပင္ ဂယက္႐ိုက္သြားခဲ့သည္။
မၾကာမီကပင္ ကသည္းတပ္ႀကီးက အင္းဝသို႔ ခ်ီတက္လာသည့္အတြက္ ကိုးသိန္းသခင္ သတိုးမင္းေခါင္ ကို စဥ့္ကိုင္တြင္ တပ္အလုံးအရင္းခ်ေနေစခဲ့သည္။
ထို႔ေနာက္ ျမင္းမႉးမင္းသားမင္းရဲသီဟ ကို ျမင္း ငါးရာ၊ စစ္သည္တစ္ေသာင္းျဖင့္ တပ္ေပါင္း(၁၀)တပ္ကို ကြပ္ကဲေစလ်က္ ကသည္းတပ္မ်ားကို ေရွ႕ေျပးျဖတ္တိုက္ရန္ ဒီပဲယင္းသို႔ ေစလႊတ္ခဲ့သည္။
ထိုအေျခအေနတြင္ ရွင္ျဖဴရွင္လွဘုရားပါ ထပ္မံခိုးယူခံလိုက္ရသျဖင့္ ကသည္းတပ္မ်ား စစ္ကိုင္းၿမိဳ႕တြင္း ထိ ေရာက္ေနၿပီျဖစ္ေၾကာင္း ေကာလဟလမ်ားပါ ပ်ံ႕ႏွံလာေတာ့၏။
ထိုေန႔ ေန႔လည္တြင္ပင္ အတြင္းဝန္ေက်ာ္ထင္နႏၵမိတ္၏ တပ္မ်ားသည္ စစ္ကိုင္းၿမိဳ႕ ခရစ္သွ်နားဘုရားေက်ာင္းမွ ကုမၼာရျဗဟၼဏမေဟ၊ ကိုယ္ရံ႐ြာစား ပုဏၰားငစံျဖဴ၊ ပုဏၰားငနီတိ တို႔ကို ဖမ္းဆီးလိုက္သည္။
စစ္ေၾကာခ်က္မ်ားအရ မင္းသားေမာင္လွ ပါဝင္ေနသျဖင့္ မင္းသားေမာင္လွ တည္းခိုရာ သီရိေဇယ်ေက်ာ္ထင္ေက်ာင္းတိုက္ကိုဝိုင္းဝန္ပိတ္ဆို႔ခဲ့ၾကသည္။
ထိုေက်ာင္းတိုက္အတြင္း မင္းသားေမာင္လွႏွင့္အတူ သူစုေဆာင္းထားသည့္လူမ်ား၊ ပုဏၰား၊ဆာဒူးဟန္ ေဆာင္ထားသည့္ မဏိပူရသူလွ်ိဳမ်ားကို ဖမ္းဆီးရမိခဲ့သည္။
...................................................................................
ပုပၸါးမိဖုရားနီလာခမ္း၏ အေဆာင္ေတာ္အတြင္းမွ ကသည္းလူမ်ိဳးအပ်ိဳေတာ္တစ္ဦး သုတ္သီးသုတ္ျပာျဖင့္ ထြက္လာသည္။
အေနာက္ေဆာင္၏ တံခါးေပါက္အဝအေရာက္တြင္ နန္းမေတာ္ဝန္ အာကာေ႐ႊေတာင္ ႏွင့္ ဝန္ႀကီးဦးပုတို႔ကို ႐ုတ္တရက္ေတြ႕လိုက္ရသျဖင့္ ကသည္းအပ်ိဳေတာ္မွာ ကိုယ္ရွိန္သတ္လိုက္၏။
“အဲ့ဒါ..ဘယ္သူလဲ”
ဝန္ႀကီးဦးပုက မိန္းမစိုးအရာရွိ မစာကို ေမးလိုက္သည္။
“ပုပၸါးမိဖုရားေဆာင္က အပ်ိဳေတာ္ပါ”
“ဖမ္းစမ္း....သူ႔ခႏၶာကိုယ္ကို စစ္”
မိန္းမစိုးမ်ားက အပ်ိဳေတာ္၏ ခႏၶာကိုယ္ကို ရွာေဖြၾကသည္။ ရင္စည္းအတြင္းမွ ပိတ္စ တစ္စ ထြက္လာ၏။
ပိတ္စေပၚတြင္ စာေရးထားသည္။
“အခါေရာက္ၿပီ....ခ်ိန္းတဲ့တံခါး မွာ ည ျမင္းႏွင့္တကြ လာေစာင့္ပါ”
အာကာေ႐ႊေတာင္ ေခၚ အက္ဂါမိုင္းနပ္စ္ တုန္ရီေနေသာ အပ်ိဳေတာ္ေလး၏ ဆံပင္ကို ေစာင့္ဆြဲလိုက္သည္။
“ဒီစာ ဘယ္သူေပးခိုင္းတာလဲ”
“ဟို..ဟို”
“ပုပၸါးမိဖုရားေပးခိုင္းတာ မဟုတ္လား”
“မွန္ပါ..မွန္ပါ”
“ဘယ္သူ႔ဆီ သြားေပးမွာလဲ”
“ဗရင္ဂ်ီကုန္သည္မ....လြီဇာ”
“ေဟ့...ပုပၸါးမိဖုရားအေဆာင္ကို ဝိုင္းေဟ့....မိဖုရားနဲ႔ မင္းသားႏွစ္ပါးကို သင့္ရာကို ေခၚၿပီး ထား..မထိခိုက္ေစနဲ႔....ၿပီးရင္ တေဆာင္လုံးကို ေျမႀကီးပါမက်န္ တူးရွာၾက”
အက္ဂါမိုင္းနပ္စ္ ၏ အမိန႔္သံအဆုံးတြင္ စစ္သည္မ်ားက အေနာက္ေဆာင္ထဲသို႔ ေျပးဝင္သြားၾကေတာ့သည္။
“က်န္တဲ့တပ္ေတြ..ငါနဲ႔လိုက္ခဲ့”
အက္ဂါမိုင္းနပ္စ္က က်န္တပ္မ်ားႏွင့္ ထြက္ခြာသြားခ်ိန္တြင္ ဝန္ႀကီးဦးပုက သူ႔လက္ထဲမွ စာေရးထားေသာ ပိတ္စကို ၾကည့္လိုက္သည္။
...................................................................................................
လြီဇာက ၿခံဝန္းအတြင္းမွ ျမင္းေပၚသို႔ တက္ရန္ ျပင္လိုက္စဥ္ ဝင္လာေသာ ခ်စ္ျမကို ၿပဳံးၿပီး ၾကည့္လိုက္သည္။
“က်ဳပ္အေမ နဲ႔ အကို လာခဲ့တဲ့ကိစၥ... က်ဳပ္ လြီဇာကို လာေတာင္းပန္ပါတာပါ”
လြီဇာက ျမင္းဇက္ႀကိဳးကိုကိုင္ကာ ျမင္းေပၚမွ ျပန္ဆင္းလိုက္သည္။
“အင္း...ဘယ္ႏွယ့္ ...ကြၽန္မျဖင့္ ေမ့ေတာင္ေနတာ..ခ်စ္ျမရဲ႕”
ခ်စ္ျမက ေခါင္းငုံ႔ထားသည္။
“ဟုတ္ပါတယ္..က်ဳပ္ အဲ့ဒီအထဲက ကိုႀကီးခ်စ္ညိဳ နဲ႔အတူ စဥ့္ကိုင္တပ္မွာ သြားအမႈထမ္းေနတာပါ... ရွက္လို႔လည္းပါပါတယ္..လြီဇာ...အခု ကိုးသိန္းသခင္က က်ဳပ္တို႔ကို အင္းဝၿမိဳ႕ထဲ လိုခ်င္တာဝယ္ယူဖို႔ ခြင့္ေပးလိုက္လို႔ အင္းဝတက္လာၾကရင္း..ဒီအိမ္ကို ဝင္လာတာပါ”
“ဘာကို ရွက္တာလဲ...ရွင့္ဟာက”
“လြီဇာ့အေပၚ က်ဳပ္ေမတၱာရွိတာကို ဖြင့္မေျပာရဲခဲ့တာကို..”
“အဟက္...ဒါဆို အခု ဖြင့္ေျပာရဲၿပီေပါ့”
“ဟိတ္.....ဘုရင့္တပ္ေတာ္ကြ....အကုန္ ဝပ္ထားစမ္း...ေခါင္းေဖာ္ရန္ အကုန္ခုတ္သတ္ေစ”
အက္ဂါမိုင္းနပ္စ္၏ အသံေၾကာင့္ လြီဇာေရာ၊ ခ်စ္ျမ ပါ ၿခံေရွ႕သို႔ အလန႔္တၾကား ၾကည့္လိုက္ၾကသည္။
လြီဇာ၏ ၿခံဝန္းသို႔ စစ္သည္မ်ားက ႏွစ္ထပ္ ပတ္ဝိုင္းလိုက္ၾကသည္။
လြီဇာက အေျခအေနကို သိသည္ႏွင့္ ျမင္းေပၚသို႔ တက္လိုက္၏။ ထို႔ေနာက္ ျမင္းဇက္ႀကိဳးကို ဆြဲကာ အေနာက္ဘက္အေပါက္သို႔ ေျပးရန္ လွည့္လိုက္သည္။
အက္ဂါမိုင္းနပ္စ္က ဓါးရွည္ကို ဝံလ်က္ လြီဇာအနားသို႔ ျမင္းျဖင့္ ေရာက္လာၿပီး အားကုန္ လႊဲခုတ္ခ်လိုက္သည္။
သို႔ေသာ္ ဓါးခ်က္က လြီဇာေခါင္းေပၚက်မလာခင္တြင္ပင္ ခ်စ္ျမက အက္ဂါမိုင္းနပ္စ္၏ ခါးကို ေခါင္းျဖင့္ ဝင္ေဆာင့္တိုက္လိုက္သည္။
အက္ဂါမိုင္းနပ္စ္မွာ ေျမျပင္ေပၚသို႔ ျပဳတ္က်သြား၏။
စစ္သည္မ်ားက အေျခအေနကို ေၾကာင္ၾကည့္ေနၾကစဥ္
“ခ်စ္ျမ..လာ”
လြီဇာက ျမင္းေပၚမွ လက္ကမ္းလိုက္သည္။ ထို႔ေနာက္ ျမင္းက အိမ္အေနာက္ဖက္ ၿခံစည္း႐ိုးဆီသို႔ ကဆုန္ေပါက္သြား၏။
အက္ဂါမိုင္းနပ္စ္က လူးလဲ ထလာ၏။
“ေသနတ္နဲ႔ ပစ္ၾက..ပစ္ၾက”
ဝိုင္းရံထားေသာ စစ္သည္မ်ားက ယမ္းထိုးထားေသာ ေသနတ္မ်ားျဖင့္ ဝိုင္းပစ္ၾကေတာ့သည္။
“လိုက္..လိုက္”
အက္ဂါမိုင္းနပ္စ္ႏွင့္ ပါလာေသာ ျမင္းသည္ (၁၀)ဦးကလည္း ျမင္းျဖင့္ အေနာက္မွ လိုက္ၾကသည္။
အင္းဝ တေကာင္းတံခါးလမ္းအတိုင္း ျမင္းက ကဆုန္ေပါက္ေျပးေန၏။
အေနာက္ဘက္မွ အက္ဂါမိုင္းနပ္စ္ႏွင့္ ျမင္းစီး စစ္သည္မ်ားကလည္း အသည္းအမဲ လိုက္လာသည္။
ခ်စ္ျမ မွာ လြီဇာ၏ ရင္ခြင္အတြင္းသို႔ ေရာက္ေနသကဲ့သို႔ျဖစ္ေနသည္။
ျမင္းေပၚမွ ေသနတ္စစ္သည္တစ္ဦး ပစ္လိုက္သည့္ က်ည္က လြီဇာ၏ ျမင္းတင္ပါးကို ထိမွန္သြားသည္။
ျမင္းမွာ ေခြခနဲ လဲက်သြားၿပီး လြီဇာ ႏွင့္ ခ်စ္ျမ ေျမႀကီးေပၚသို႔ က်သြား၏။
“ဝိုင္းေဟ့..ဝိုင္း”
ျမင္းသည္မ်ားက သူတို႔ႏွစ္ဦးကို ဝိုင္းလိုက္ၾကသည္။
“သူလွ်ိဳမ နဲ႔ ေခြးမသား...နန္းေတာ္အရာရွိကိုမ်ား ခုခံတယ္ေပါ့...ဒီနားတင္ နင္တို႔ကို စီရင္မယ္”
ခ်စ္ျမမွာ ျမင္းေပၚမွ အရွိန္ႏွင့္က်သျဖင့္ ေျခေထာက္တစ္ဖက္ က်ိဳးသြားခဲ့ၿပီျဖစ္သည္။
အက္ဂါမိုင္းနပ္စ္က ျမင္းေပၚမွ လွမ္းကာ လြီဇာ၏ ဆံပင္ကို ေစာင့္ဆြဲလိုက္၏။
လက္တစ္ဖက္က ဓါးကို ဝံ့လိုက္စဥ္...
“ဟိတ္”
အဲေမာင္းလွံတစ္စင္းက ဝိုင္းရံထားသည့္ ျမင္းသည္မ်ားကို ေက်ာ္ကာ အက္ဂါမိုင္းနပ္စ္၏ လည္ပင္းကို ေဖာက္ဝင္သြားေတာ့သည္။
ခက္ေဇာ္
Done 💪
ReplyDeleteဖတ်လို့အရမ်းကောင်းတာပဲ💓
ReplyDeleteDone❤️
ReplyDeleteDone 🤍
ReplyDelete