AVA 1740s (အခန်း ၃၅)

AVA 1740s

                                            အခန်း(၃၅)    

                                ...............................................

 

အညာ၏ ဆောင်း။

မြူများ မှိုင်းဝေ့ဝေ့ကြားမှ မြင်နေရသော့ တံခွန်များ၊ အလံများကို ဆန်ဂျေး ငေးနေသည်။

ဝက်တိုးလွင်ပြင်တွင် သူတို့ ပိတ်မိနေသည်မှာ တလကျော်ကြာလာခဲ့ပြီ။

အောက်ဖက်မှ လှုပ်လှုပ်ရှားရှားအသံများကြားရသည်။

မဏိပူရနှင့်အတူ အင်းဝကိုတိုက်ရန် ပူးပေါင်းလာခဲ့သော အာသံနှင့် ကချာတပ်များမှာ ပြန်လည်ဆုတ်ခွာရန် ပြင်ဆင်နေကြပြီဖြစ်သည်။

အာသံတပ်မှူး မဟာခွန်ဖ ဉီးဆောင်သောတပ်များမှာ ငတ်မွတ်သည့်ဒဏ်ကို မခံနိုင်တော့သဖြင့် မဏိပူရတပ်များကို ထားရစ်ကာ ရသည့်နည်းဖြင့် ထိုးဖောက်ဆုတ်ခွာရန် ဆုံးဖြတ်ချက်ချခဲ့သည်။

အာသံတပ်မှူးမှာ အင်းဝတပ်မှူးများနှင့် ဆက်သွယ်သည့်အခါ အင်းဝတပ်များကလည်း အာသံတပ်များဆုတ်ခွာရန် ဖွင့်ပေးမည်ဖြစ်ကြောင်း သဘောတူခဲ့သည်။

ကိုးသိန်းသခင်အနေဖြင့် အာသံတပ်များကို ဆုတ်ခွာခွင့်ပေးလိုက်ခြင်းဖြစ်ပြီး ကသည်းတို့ကိုမူ ဆက်လက်ဝန်းရံထားခဲ့သည်။

ထိုအခြေအနေတွင် မဏိပူရကသည်းတပ်များမှာ စိတ်ဓာတ်များ ကျဆင်းလာနေကြ၏။

စားနပ်ရိက္ခာကလည်း တဖြည်းဖြည်းရှားပါးလာခဲ့ပြီဖြစ်သည်။

အင်းဝတပ်အချို့ကလည်း တရက်နှစ်ကြိမ်ခန့် ပျောက်ကျားလာလာတိုက်ခိုက်ကြသည်။

ဂါရစ်နာဝဇ်ဘုရင် သည် ခံတပ်ကုန်းပေါ်သို့ တက်လာသည်။

သားတော် ဆန်ဂျေး၏ ဘေးနားတွင် ရပ်လိုက်သည်။

“အခြေအနေ ဘယ်လိုရှိလဲ..သားတော်”

“အင်းဝတပ်တွေ က တနေ့တခြား ခံတပ်နဲ့ နီးနီးလာနေတယ်...သားတော်တို့ကို တိုက်ကြတော့မယ်ထင်ရဲ့”

ဂါရစ်နာဝဇ်က ခေါင်းကို ဖြည်းဖြည်းချင်းရမ်းလိုက်သည်။

“မဟုတ်ဘူး..သားတော်..သူတို့  မတိုက်သေးဘူး....ဟော့ဒီ အညာလွင်ပြင်ဒေသတွေဆီကို ဟိုးအရင်က တရုတ်တွေလာလာတိုက်ဖူးခဲ့တယ်တဲ့..အဲ့ဒီအခါမှာ ဗမာတွေက ခံမတိုက်ပဲ..မြေလှန်ဖျက်ဆီးပြီး ရှောင်သွားကြတယ်..ပြီးရင် သူတို့သုံးတဲ့ဗျူဟာက တရုတ်ရဲ့ ရိက္ခာပို့ လမ်းကြောင်းကို ဖြတ်တောက်ပြီး တရုတ်တွေ ငတ်မွတ်တဲ့အထိ စောင့်တာပဲ...ငါတို့လည်းအခု အဲ့ဒီ စစ်ဗျူဟာ နဲ့ တွေ့နေတာ..သူတို့ ငါတို့ တပ်တွေငတ်ပြီး စိတ်ဓာတ်ပျက်ပြားအောင်စောင့်မှာ..ပြီးမှ ငါတို့ကို အပြတ်ချေမှုန်းလိမ့်မယ်”

ထိုအချိန်တွင် စစ်သူကြီးချန်ဒရာမော်နီ က ဂါရစ်နာဝဇ်ရှေ့တွင် ဒူးထောက်လိုက်သည်။

“အာသံတပ်တွေအကုန်လုံး ထွက်ခွာသွားကြပါပြီ..အရှင်”

“တပ်မှူး၊တပ်သားတွေအခြေအနေကရော ဘယ်လိုရှိသလဲ..ချန်ဒရာ”

“သူတို့လည်း...”

ချန်ဒရာမော်နီက ဆက်လက်မလျှောက်တင်ပဲ ရပ်ထားလိုက်သည်။

“တပ်မှူးတွေကို ခဏနေ အကုန် စည်းဝေးဖို့သာ ပြောထားလိုက်ပါ..စစ်သူကြီး..ကျုပ်တို့ တခုခု ဆုံးဖြတ်ရတော့မှာပေါ့”

ချန်ဒရာမော်နီက ပြန်လည်ထွက်ခွာသွားသည်။

ဆန်ဂျေး က လွင်ပြင်ဘက်ဆီသို့သာငေးနေ၏။

ဂါရစ်နာဝဇ်က ဆန်ဂျေး ၏ ပုခုံးကို ဆုပ်ကိုင်လိုက်သည်။

“မင်းရဲ့ကွေ့မလေး ဆီကို လွမ်းနေတာလား”

“သားတော် တာဝန်မကျေခဲ့ဘူး...ခမည်းတော်...ဒီစစ်ပွဲကြီးထဲမှာ နားလဲ နဲ့ စတွေ့တယ်..ဒီစစ်ပွဲကြီးမှာပဲ နားလဲနဲ့ ခွဲခဲ့ရတယ်..သူ့မှာ သားတော်ရဲ့ ရင်သွေးလေး ပါသွားခဲ့တယ်..သားတော်ဟာ.စစ်ကိုလည်း တာဝန်မကျေခဲ့ဘူး....သူတို့ သားအမိအပေါ်လည်း တာဝန်မကျေခဲ့ဘူး”

“သားတော်..ငါတို့ဟာ တိုင်းပြည်ကို ခေါင်းဆောင်နေရတဲ့သူတွေပါ...စစ်ရေးရော အချစ်ကိစ္စရော ကို ငါတို့ တိုင်းပြည်လူထု နဲ့ ရင်းပြီးဆုံးဖြတ်ရတာမျိုးမို့..တချို့ကိစ္စတွေက ပြတ်ပြတ်သားသားလုပ်ရတယ်..မေ့ပစ်သင့် မေ့ပစ်ရတယ်..ဒါ မင်းအမြဲမှတ်ထားရမယ့် သင်ခန်းစာပဲ”

“ဒီပွဲမှာ သင်ခန်းစာတွေ အများကြီးပါ..ခမည်းတော်..ဘာသာရေးနဲ့ ရောယှက်လို့ စစ်ရေးမှာ အရေးသာနေပါလျက်က ကိုယ်အရေးနိမ့်တဲ့ဘက် ပြန်ရောက်သွားတာကိုလည်း သင်ခန်းစာယူရမှာပေါ့”

ဆန်ဂျေးစကားကြောင့် ဂါရစ်နာဝဇ်၏ မျက်နှာပျက်သွားသည်။

“အခုက အရေးနိမ့်သာမဟုတ်သေးဘူး..သားတော်...အခါအခွင့်မသင့်လို့ ရန်သူက အသာစီးရသွားတာမျိုးပဲ...အနည်းဆုံးတော့ ကိုယ်အသက်သာဆုံးဖြစ်တဲ့နည်းကို ငါတို့ ရွေးချယ်ထားပြီးသားပါ”

“ခမည်းတော်က...အင်းဝနဲ့ စစ်ပြေငြိမ်းတော့မှာပေါ့”

“ဟုတ်...တယ်..ဒီနေ့အစည်းအဝေးပြီးတာနဲ့ ချန်ဒရာမော်နီ ကို ကိုးသိန်းသခင်တပ်တွေဆီ လွှတ်ပြီး အတိုက်အခိုက်ရပ်ဖို့ ငြိမ်းချမ်းရေးစကားပါးဖို့ ငါအမိန့်ချမယ်”

“ပြီးရင် မဏိပူရကို ကျွန်တော်တို့ ပြန်ကြမှာလား”

“မင်းက ဘယ်ပြန်ချင်လို့လဲ”

“ကျွန်တော် အင်းဝမှာ နေခဲ့မယ်”

“ဘာ”

“ဟုတ်တယ်...နားလဲ ကို ကျွန်တော်ရအောင်ရှာမယ်..သူ့ကိုတွေ့မှ ကန်ကလာကို ကျွန်တော်ပြန်လိုက်ခဲ့မယ်”

“ငါမင်းအပေါ် တားမြစ်ခဲ့တာတွေမှန်သမျှဟာ..မင်းရဲ့ မဏိပူရပလ္လင်ဆီသွားမယ့်လမ်းကို ခင်းပေးနေတာပါပဲ.ဆန်ဂျေး...အဲ့ဒါတော့ မင်းမှတ်ထားပါ”

ဂါရစ်နာဝဇ်က အနားမှ ထွက်ခွာသွားသည်။

နေ့လည်ပိုင်းတွင် ဂါရစ်နာဝဇ်သည် သားတော်ဆန်ဂျေးခူရာလက်ပ၊ စစ်သူကြီးချန်ဒရာမော်နီ၊ အခြား တပ်မှူးများနှင့် အစည်းအဝေးပြုလုပ်သည်။

ထို့နောက် ချန်ဒရာမော်နီသည် အင်းဝနှင့် စစ်ပြေငြိမ်းရန် အဆိုပြုသည့် သဝဏ်ကို ယူလျက် ကိုးသိန်းသခင်၏ တပ်ရှိရာ မြေတူးမြို့သို့ မြင်းစစ်သည်(၁၀၀)ဖြင့် ထွက်ခွာသွားသည်။

လက်ဆောင်အဖြစ် ဝန်တင်သည့် မြင်းလား(၅)ကောင်၊ လင်းလေး (၁၀၀)ကျော် ထည့်ပေးလိုက်သည်။

ချန်ဒရာမော်နီ၏ တပ်များသည် စစ်ပြေငြိမ်းရန်လာကြောင်း အထိမ်းအမှတ်အလံကို လွှင့်လျက် မြေတူးသို့ ချဉ်းကပ်လာသည်။

မြေတူးမြို့တွင်းမှ မြင်းသည် (၂၀၀)ထွက်လာပြီး ချန်ဒရာမော်နီတို့ကို ခြံရံကာ ကိုးသိန်းသခင်၏ ယာယီရုံးတော်ဆီသို့ ခေါ်ဆောင်သွားသည်။

“အင်းဝနေပြည်တော်နှင့် မဏိပူရတို့မှာ ဘေးလောင်းတော် ၊ ဘိုးလောင်းတော်များလက်ထက်တော် များကတည်းက နှစ်ပြည်ထောင် ရွှေပြားတစ်ပြားမှာ ခပ်သကဲ့သို့ နေထိုင်လာခဲ့ကြပါသည်။ ယခုအခါ ကျေးလက်စွန်ဖျားမှ နယ်စားပယ်စားတို့ မလိမ္မာမှုကြောင့်သာ စစ်ပွဲများဖြစ်လာရခြင်းဖြစ်ပါသည်။ ထို့ကြောင့် မဏိပူရစော်ဘွားဟုံ ဂါရစ်နာဝဇ်မှ နောင်တော်အင်းဝပြည့်ရှင်မင်းတရား မဟာဓမ္မရာဇာဓိပတိ နှင့် တွေ့ဆုံညှိနှိုင်းကာ နှစ်ပြည်တစ်ပြည် မဟာမိတ်ပြုကြဖို့အရေး လျှောက်ထားအပ်ပါသည်”

ထိုကဲ့သို့ အတိုချုံးအဓိပ္ပါယ်ရသော ဗမာဘာသာဖြင့်ရေးထားသည့် သဝဏ်လွှာကို ကိုးသိန်းသခင်က ဖတ်လိုက်သည်။

ထို့နောက် ခြေရင်းတွင် ခစားနေသော ချန်ဒရာမော်နီကို ပြုံးကာ ကြည့်လိုက်၏။

“ခဏစောင့်..ငါကိုယ်တော်တို့ အတွင်းတော်ထဲမှာ သဝဏ်တစ်စောင်ပြန်ပါးဖို့ တိုင်ပင်လိုက်ဉီးမယ်ကွဲ့”

ကိုးသိန်းသခင်က စာရေးတော် မောင်မြတ်စံကို ခေါ်ကာ အတွင်းသို့ ဝင်သွား၏။

အင်းဝစစ်သည်များမှာ သေနတ်များအထပ်ထပ်ဖြင့် ချန်ဒရာမော်နီတို့ကို စောင့်ကြပ်နေကြသည်။

ခဏအကြာတွင် ကိုးသိန်းသခင် ပြန်ထွက်လာသည်။

“ဗမာစာနဲ့ပဲ သဝဏ်လွှာကို ပါးလိုက်ပါတယ်...ဒီသဝဏ်ဟာဆိုရင်ဖြင့် အင်းဝရွှေနန်းရှင်ရဲ့ သဘောနဲ့ တစ်ထပ်တည်းပါပဲဆိုတာ..စန္ဒယော်မော်နီငယ်က မင်းတို့ သခင်ဆီ ပြန်လျှောက်ချေကွဲ့”

မောင်မြတ်စံ ကမ်းပေးသော သဝဏ်ကို ချန်ဒရာမော်နီ က လက်ခံယူလိုက်၏။

ထို့နောက် မဏိပူရတပ်များမှာ မြေတူးမှ ခံတပ်ရှိရာသို့ ပြန်လည်ထွက်ခွာသွားကြသည်။

ဂါရစ်နာဝဇ်သည် သဝဏ်လွှာကို ကိုင်လျက် ငိုင်နေ၏။

 အနီးမှ ဘာသာပြန်ပေးသူ ပုဏ္ဏားကြီးမှာ အလိုက်တသိပင် အနားမှ ထွက်သွားသည်။

“ဘာတွေ ရေးထားသလဲ..ခမည်းတော်..သားတော်ကို ပြပါဉီး”

ဆန်ဂျေးလက်ထဲသို့ သဝဏ်လွှာကို ပေးလိုက်သည်။

ဆန်ဂျေးက ဗမာစာတတ်သဖြင့် သဝဏ်လွှာကို သေချာဖတ်လိုက်သည်။

“မဏိပူရစော်ဘွားငယ် ဟုံ ချီလာသည်မှာ စမ္ပယ်ခြင်းလေးမျိုးတွင် စစ်အင်ခင်း၍ စမ္ပယ်ခြင်းမျိုးဖြစ်ပေသည်။ ထို့ကြောင့် မဟာမိတ်အဆင့်အတန်းမျိုးမဟုတ်ပဲ...ဘိုးလောင်းတော်၊ ဘေးလောင်းတော်များလက်ထက်ကကဲ့သို့ ပဏ္ဏာဆက်နိုင်ငံတစ်ခုအနေဖြင့် အင်းဝရွှေနန်းရှင်ထံသို့ သမီးကညာ နှင့် လက်ဆောင်များ ဆက်သပါမှ အရေးတော်ပြေငြိမ်းစေမည်ဖြစ်သည်”

ဂါရစ်နာဝဇ်က ဉီးခေါင်းကို ငုံ့ထားပြီး မြေပြင်သို့သာ စိုက်ကြည့်နေတော့သည်။

........................................................................................................................

မယ်ဖူးက ဉီးခေါင်းကို ငုံ့ထားပြီးမြေပြင်ကို စိုက်ကြည့်နေရာမှ ခေါင်းကို မော့လိုက်သည်။

စစ်သည်တစ်ဉီးက မယ်ဖူး၏ ဆံပင်ကို စောင့်ဆွဲလိုက်ပြီး ကျောကုန်းကို ဓါးပြားဖြင့် ရိုက်ချလိုက်၏။

“နင်တို့ကို ဒီမှာ ဘယ်သူက လာထား ထားတာလဲ..မှန်မှန်ပြောစမ်း”

မယ်ဖူးက တခွန်းမှမဖြေ။

မင်းရဲအောင်နိုင် နှင့်အတူ မြင်းစီးစစ်သည် (၅၀) တို့က မယ်ဖူး နှင့် မြတ်ဝါ တို့ကို ဝိုင်းရံထားသည်။

သရက်တပင်ရွာမှ ရွာသူရွာသားများမှာ ခပ်ဝေးဝေးမှ အခြေအနေကို ကြည့်နေကြ၏။

မင်းရဲအောင်နိုင်၏ မျက်နှာက ဒေါသဖြင့် အကြောများပင် ထောင်ထနေသည်။

“နင်..ဟိုကုန်သည်မ အိမ်က အစေခံမ မဟုတ်လား...ပြောစမ်း...ဒီမှာ သူ့ကို လာဝှက်ထားဖို့ ဘယ်သူခိုင်းတာလဲ..ကုန်သည်မလား..ဆင်ဝန်အောင်လှ လား”

မယ်ဖူးထံမှ အဖြေပြန်မလာ။

“ကျွန်သဘောက်မ..ခေါင်းမာလှချည်လား”

စစ်သည်တစ်ဉီးက မြင်းဇက်ကို စောင့်ဆွဲလိုက်ရာ မြင်းက မယ်ဖူး၏ မျက်နှာကို ခွာဖြင့် ခုတ်ချလိုက်သည်။

နဖူးမှသွေးများ ဖျာခနဲ ကျလာ၏။

သွေးများကို မြင်သည်နှင့် ရှင်မြတ်ဝါ က ရုတ်တရက်မတ်တပ်ရပ်လိုက်သည်။

“ငါ့ ခမည်းတော်နဲ့ နင်တို့ကို တိုင်မယ်...ဟဲ့..ရာဇဝတ်သားတွေ..ငါ့ခမည်းတော်က မြို့ဝန်မင်းဟဲ့..ဟံသာဝတီပြည့်ရှင်မင်း”

လက်ထဲတွင် ဆုတ်ကိုင်ထားသော သဲများဖြင့် မင်းရဲအောင်နိုင်ကို ပက်လိုက်သည်။

“ဟာ..ဒီသူပုန်သမီးကတော့”

မင်းရဲအောင်နိုင်က မြင်းပေါ်မှဆင်းကာ မြတ်ဝါကို လက်ပြန်ရိုက်ချလိုက်သည်။

မြတ်ဝါမှာ မြေပေါ်သို့ ပုံခနဲ လဲကျသွား၏။

“တော်လောက်ပြီ..မြို့ဝန်မင်း..သူ့ကို ကျွန်မ ဝှက်ထားတာ”

အနောက်ဖက်မှ အသံကြောင့် မြင်းသည်များရှဲသွားကြသည်။

“ဪ..ထင်ပါတယ်..နင်ပဲလို့”

“ဉီးသာအောင်က ပုန်ကန်သူဆိုတာ မှန်ပါတယ်..မြို့ဝန်မင်း..ဒါပေမယ့်..ဒီကလေးမလေး က ရှင်တို့ နိုင်ငံရေးတိုင်းရေးပြည်ရေးတွေ သူဘာမှ မသိရှာပါဘူး..ပြီးတော့...သူ့မှာ စိတ်လည်းဖောက်ပြန်နေရှာတယ်..သူ့အသက်ကိုတော့ ချမ်းသာပေးလိုက်ပါ”

“သူပုန် တစ်ယောက်ဖြစ်လာတာအတွက် သူ့မိသားစုမှာလည်း တာဝန်ရှိတယ်...သူတို့ မတားမမြစ်လို့ အလိုတူအလိုပါဖြစ်လို့..သူပုန်က ပုန်ကန်တာ..ဒီတော့ သူတို့အားလုံးလည်း သေသင့်တယ်..နင်က ဘာဖြစ်လို့ ဒီသူပုန်မိသားစုဘက်က ကာကွယ်ပေးနေတာလဲ”

“ကျွန်မ နားလည်တာတစ်ခုရှိတယ်...ဒီကလေးမလေး က ဉီးသာအောင်ကို ပုန်ကန်ပါလို့လည်း ပြောခွင့်မရှိသလို..မပုန်ကန်ပါနဲ့လို့လည်းပြောခွင့်မရှိဘူး..သူတို့မှာ သားအဖဖြစ်နေတာကလွဲလို့ သူ့အပြစ် ဘာမှမရှိရှာဘူး....သူ့မိသားစုတစ်စုလုံးကိုလည်း သတ်ခဲ့ပြီးပြီပဲ...အခုဆို သူက မိသားစုမဲ့ ကူရာမဲ့ ကလေးတစ်ယောက်ပါ...ရှင်သူ့ကိုထိဖို့ မကြိုးစားပါနဲ့”

“အံမယ်..ကိုးသိန်းသခင်ရဲ့ ကိုယ်လုပ်တော်ကျွန်မ အဆင့်ကများ ငါ့ကို”

“ဒုတ်”

လွီဇာနှင့် အနီးဆုံး မြင်းစစ်သည်၏ လည်ပင်းသို့ ဒူးလေးမြှားတံတစ်စင်းဖောက်ဝင်သွားသည်။

အဖြစ်အပျက်ကို အားလုံးက ကြောင်ပြီးကြည့်နေကြစဉ် အနောက်ဖက်ဆီမှ လူအုပ်ကြီး၏ညာသံများထွက်ပေါ်လာသည်။

မြင်းစစ်သည်များထံသို့ ဒူးလေးမြှားတံများ တစင်းပြီး တစင်းဝင်လာ၏။

မင်းရဲအောင်နိုင်က ဓါးကို ထုတ်လိုက်သည်။

“မယ်ဖူး...သူ့ကို ခေါ်ပြီး ပြေးတော့”

မယ်ဖူးက မြတ်ဝါ၏ လက်ကို ဆွဲကာပြေးသည်။

မြင်းသည်များမှာ မြင်းကို ရုတ်တရက်လှည့်ကာ အနောက်မှ လာသော ရန်သူကို ရင်ဆိုင်ရန်ပြင်ကြသည်။

သို့သော် ရန်သူကို မမြင်ကြရ။

ပါလာသော သေနတ်များကို ကျည်ထိုးနေစဉ်မှာပင် ဒူးလေးမြှားတံများက သူတို့ကိုယ်ကို ဖောက်ဝင်ကုန်ကြ၏။

လွီဇာက အနီးအနားဆီ သစ်ပင်တစ်ခုပေါ်သို့ ပြေးပုန်းလိုက်၏။

မင်းရဲအောင်နိုင် က မြင်းပေါ်သို့ ခုန်တက်ကာ  မယ်ဖူးတို့ နောက်သို့ လိုက်ရန်ပြင်လိုက်သည်။

ပြေးနေလျက်မှ မြတ်ဝါမှာ လဲကျသွား၏။ သူ့လက်ကို တွဲထားသော မယ်ဖူးပါ လဲကျသွားသည်။

မင်းရဲအောင်နိုင်က မြင်းပေါ်မှ ဓါးကို အားကုန်ရွယ်လိုက်သည်။

လွီဇာ က ယမ်းထိုးပြီးသား ပစ္စတိုသေနတ်ကို မီးခတ်ဖြင့်ခတ်ကာမီးညှိပြီး မင်းရဲအောင်နိုင် ရှိရာ ချိန်ထားလိုက်သည်။

“ဖောင်း”

သေနတ်နားခွက်မှ မီးခိုးများ ပွင့်ထွက်သွားသည်။

ကျည်က မင်းရဲအောင်နိုင် စီးလာသော မြင်း၏ တင်ပါးကို ဖောက်ထွက်သွားပြီး မြင်းမှာလဲကျသွားတော့၏။

မင်းရဲအောင်နိုင်မှာ ခြေထောက်တစ်ဖက်ကို မြင်းပိနေသဖြင့် အားယူက ကုန်းထသည်။

ထိုအချိန်တွင် သူတို့အား ဝန်းရံတိုက်ခိုက်နေကြသည့် အဝိုင်းရွာနှင့် သရက်တပင်မှ သာလှဉီးဆောင်သည့် မွန်ကရင်ကျေးရွာသားများက တုတ်ဓါးများဖြင့် သူ့ထံ ပြေးလာကြသည်။

မတရားဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် သူတို့၏ ဆွေမျိုး၊ သားသမီးများအတွက် ဒေါသများက မြင်းပိနေသော မင်းရဲအောင်နိုင်ထံသို့ စုပြုံသွားကြတော့သည်။

ကိုယ်ရံတော်မြင်းသည်တပ်မှာလည်း အကွဲအကွဲအပြားပြားဖြင့် ဟံသာဝတီဘက်ဆီသို့ ပြန်ပြေးသွားကြပြီဖြစ်သည်။

ခြုံပုတ်တစ်ခုအနီးတွင် ထိုင်လျက် တဆတ်ဆတ်တုန်နေကြသော မယ်ဖူးနှင့် မြတ်ဝါဆီသို့ လွီဇာ လျှောက်သွားသည်။

“ဘာဖြစ်သွားကြသေးလဲ”

“သူ့မှာ..သူ့မှာ”

မယ်ဖူး က လက်ညှိုးထိုးပြသည်။

မြတ်ဝါ ၏ ပေါက်အနောက်ဖက်တွင် ဒူးလေးမြှားတံတစ်ခုက စိုက်ဝင်နေ၏။

“ဟာ”

ထိုအချိန်တွင် သာလှ နှင့် မွန်ကရင် ရွာသူကြီးများ ရောက်လာကြသည်။

“ဒူးလေး မြှား မှားထိတာထင်တယ်”

သာလှက မြတ်ဝါ ပေါင်တံမှ မြှားတံကို ဓါးမြှောင်ဖြင့် ခပ်တိတိဖြတ်ချလိုက်သည်။

ထို့နောက် မြတ်ဝါကို မှောက်ခုံအနေအထား  မှောက်ခိုင်းလိုက်၏။

“အား...အား..နာတယ်”

မြတ်ဝါက နာကြင်လွန်းသဖြင့် သူမခေါင်းတင်နေသောလွီဇာ၏ ပေါင်များကို ဖိကိုက်ပစ်လိုက်သည်။

မြှားတံကား ထွက်သွားပြီဖြစ်သည်။

ကရင်ဆေးဆရာတစ်ဉီးက ဆေးမြစ်တစ်ခုကို အရည်ညှစ်ကာ သိပ်ပေးလိုက်ပြီး မြတ်ဝါ၏ ပေါင်ကို ကြပ်စည်းပေးနေသည်။

“အံမယ်လေး”

လွီဇာက အနောက်ဘက်သို့ လှည့်ကာ သူ့ဂါဝန်ကို လှန်ကြည့်သည်။

 သူ့ပေါင်ဖွေးဖွေးတွင် သွားရာအကွင်းလိုက်ကြီးက သွေးများပင်စို့နေ၏။

အနောက်မှ အုပ်မိုးကြည့်နေသော မယ်ဖူးက..

“မမလည်း ဆေးထည့်ဖို့လိုမယ်...ကျွန်မ ဟိုသမားတော်သွားခေါ်လိုက်မယ်”

“နေ..နေ..မယ်ဖူး..ဒီနေရာကြီးကို လူကြားထဲမှာ ငါက ဘယ်လို လှန်ပြရမလဲ...ဟိုကောင်ကြီး အခြေအနေ ဘယ်လိုလဲ”

“သေသွားပြီ...မမလွီဇာ”

ခပ်လှမ်းလှမ်းမှ သာလှက အော်ပြောလိုက်သည်။

“အေး..ကောင်းတယ်”

.....................................................

၁၇၄၀ နိုဝင်ဘာ ၁၈ ရက်တွင် အင်းဝဘုရင်ခန့်အပ်ထားခဲ့သော ဟံသာဝတီမြို့ဝန် မင်းရဲအောင်နိုင် မှာ သရက်တပင်ကျေးရွာတွင် လုပ်ကြံသတ်ဖြတ်ခြင်းခံလိုက်ရသည်။

နောက်နှစ်ရက်အကြာတွင် မုတ္တမမှ ဉီးအောင်လှ နှင့် တပ်မှူးတလပန်း၏ တပ်များ ဟံသာဝတီသို့ ရောက်ရှိလာကြသည်။

ဟံသာဝတီနှင့် ပတ်ဝန်းကျင်ကို လက်ျာဗိုလ်နှင့် တလပန်း၏ တပ်များက နေရာယူသိမ်းပိုက်လိုက်ကြ၏။

မြို့ဝန်အိမ်တော်တွင် ဆင်ဝန်ဉီးအောင်လှ ဉီးဆောင်သော ဟံသာဝတီမှ အုပ်ချုပ်ရေးအရာထမ်းကြီးများ၊ စစ်ရေးအရာရှိများ စည်းဝေးတိုင်ပင်ကြသည်။

ပထမတကြိမ်တွင် အင်းဝမှ ယုံကြည်အားကိုးခန့်အပ်ထားသော မြို့ဝန်ဉီးသာအောင်က ဉီးဆောင်ကာ အင်းဝကို ပုန်ကန်ခဲ့ကြသည်။ ယခုအကြိမ်တွင်လည်း အင်းဝမှ ခန့်အပ်ထားသော မြို့ဝန်ကို လုပ်ကြံသတ်ဖြတ်လိုက်ကြပြီဖြစ်သည်။

ဟံသာဝတီသားတို့အတွက် ရွေးချယ်စရာမရှိတော့။

ထို့ကြောင့် မူလဆုံးဖြတ်ထားသည့်အတိုင်း အင်းဝကို ပုန်ကန်ရန် ဆုံးဖြတ်လိုက်ကြသည်။

ထိုသို့ပုန်ကန်ရာတွင် ဟံသာဝတီအတွက် ရှင်ဘုရင်တစ်ပါးတင်မြှောက်ရန် ဆုံးဖြတ်ကြ၏။

အင်းဝဘုရင်၏ အာဏာစက်ကို ကြောက်သဖြင့် မည်သူမျှ ခေါင်းဆောင်မင်းပြုရန် မဝံ့ရဲကြ။

နောက်ဆုံးတွင် ဆင်ဝန်ဉီးအောင်လှက မူလက စီစဉ်ထားသည့်အတိုင်း အင်းဝမင်းမျိုးဖြစ်သော ပုဂံမင်းပျောက်နှင့် ကိုယ်လုပ်တော်တို့မှ ရရှိသော အဝိုင်းရွာသား သာလှကို ရှင်ဘုရင်အဖြစ် ရွေးချယ်ရန် အားလုံးက သဘောတူကြတော့သည်။

သို့သော် ဉီးအောင်လှက ရှင်ဘုရင်မတင်မြှောက်ပြီး ဟံသာဝတီအနေဖြင့် စစ်ရေးအစီအစဉ်တစ်ခုကို လုပ်ကိုင်ရန် တိုက်တွန်းခဲ့သည်။

 ပထမတကြိမ် ဉီးသာအောင် ပုန်ကန်မှုတွင် အနီးအနားမြို့ကြီးဖြစ်သော သန်လျင်ကို မထိန်းသိမ်းနိုင်သဖြင့် ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

ထို့ကြောင့် ယခုတကြိမ်တွင် သန်လျင်သားတို့ ပေါ့လျော့နေခိုက် ဟံသာဝတီက ဝင်ရောက်သိမ်းပိုက်ရန် ဖြစ်၏။

ဟံသာဝတီတပ်များသည် ရှေးဉီးစွာ သန်လျင်၏ ဝင်ပေါက်ထွက်ပေါက်လမ်းများဆီသို့ချီတက်ကာ ပိတ်ဆို့လိုက်ကြသည်။

ဟံသာဝတီတွင် မင်းရဲအောင်နိုင် လုပ်ကြံခံလိုက်ရကြောင်း သတင်းကို သိရသည့်အခါ သန်လျင်မြို့ဝန် အသစ်မှာ တုန်လှုပ်သွားသည်။
မြို့ဝန်ဖြစ်ခါစ အခြေအနေမှာပင် ကြုံလိုက်ရခြင်းကြောင့် မြို့ကို အခိုင်အမာပိတ်နေရုံမှတပါး အခြားမကြံစည်တတ်တော့ချေ။

အင်းဝသို့ သတင်းပို့ရန်လည်း ဟံသာဝတီမှ လမ်းများကို ပိတ်ဆို့လိုက်ပြီဖြစ်သည်။

၁၇၄၀ ဒီဇင်ဘာ ၄ ရက်နေ့တွင် ဆင်ဝန်ဉီးအောင်လှ၊ လက်ျာဗိုလ်၊ တလပန်းတို့ ခေါင်းဆောင်သည့် ဟံသာဝတီတပ်များမှာ သန်လျင်ကို တိုက်ခိုက်သိမ်းပိုက်ကြသည်။

သန်လျင်မြို့ဝန်မှာ ခုခံခြင်းမပြုပဲ လှေတစင်းဖြင့် မြို့ကို စွန့်ခွာသွားခဲ့သည်။

သန်လျင်သည် ဟံသာဝတီ၏ အာဏာစက်အောက်ရောက်ရှိပြီးသည့် ဟံသာဝတီထီးနန်းကို ထူထောင်ရန် စီစဉ်ကြတော့သည်။

မြို့ဝန်နေအိမ်ကိုပင် မှန်ကင်းတင်ပြီး ယာယီထီးနန်းအဖြစ် လျာထားခဲ့သည်။

........................................................................................................

ဂမုန်း စီးနင်းလာသည့် ဝေါယာဉ်သည် အစောင့်အရှောက်များနှင့် အဝိုင်းဘုန်းကြီးကျောင်းအတွင်းသို့ ဝင်ရောက်လာ၏။

အဝိုင်းကျေးရွာမှ လူငယ်များမှာ ဝါးချွန်များ ၊ ဒူးလေးများဖြင့် ဘုန်းကြီးကျောင်းအတွင်း အလုပ်များလျက်ရှိကြသည်။

ရေတွင်းအနီးတွင် သာလှက သူ၏ သျှောင်ကို ဖြီလျက်..တလျော်ကင်ပွန်းဖြင့် ဆေးနေ၏။

“ဟိတ်..လူကြီး”

“ဂမုန်း..ဘာကိစ္စရှိလို့လဲ..တိုင်းရေးပြည်ရာက ကောင်းတာမဟုတ်..ဒီအထိ ထွက်လာရသလား”

“အံမယ်...ခေါင်းငုံ့ထားတာတောင် ဂမုန်းမှန်းဘယ်လိုသိလဲရှင့်”

“ဒီအသံကို မသိပဲ နေမလားဗျာ”

“ဟုတ်ပါပြီ..အခုလည်း အဖက အမှာစကားပါးခိုင်းလို့ လာရတာပါတဲ့ရှင့်”

သာလှက ခေါင်းကို ရေလောင်းရန် ခွက်ကို ယူလိုက်သည်။

ဂမုန်းက ရေခွက်ကို အသာနေရာရွှေ့ထားလိုက်၏။

သာလှက လက်ဖြင့် လိုက်စမ်းသည်။

ဂမုန်းက တခစ်ခစ်ဖြင့် ရယ်သည်။

“ဂမုန်းရယ်..မနောက်စမ်းပါနဲ့...ဒီမှာ အအေးမိကုန်မှဖြင့်”

သာလှက လိုက်စမ်းရင် ဂမုန်း၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။

“အို..လွှတ်ပါဉီး..မောင်ကြီးရဲ့.ဒီမှာ ရေခွက်က”

ဂမုန်းက ကျန်လက်တစ်ဖက်ဖြင့် ရေခွက်ကို ပေးလိုက်၏။

သာလှက ပုဆိုးပိုင်းဖြင့် ခေါင်းနှင့် ခန္ဓာကိုယ်ကို သုတ်လိုက်သည်။

ခန္ဓာကိုယ်အနှံမှ ထိုးကွင်းမှင်ကြောင်များကို ဂမုန်းက ငေးနေ၏။

“ကဲ..ပြောပါဉီး..ငါ့နှမ...ဆင်ဝန်မင်းက ဘာများပြောခိုင်းလိုက်တာတုန်း”

“သေချာနားထောင်ပြီး မှတ်သားပါလို့ အဖက ပြောခိုင်းလိုက်တယ်..နောက်သုံးရက်ကြာရင် သရက်တပင်ရွာကို ဟံသာဝတီတပ်တွေ ရောက်လာကြလိမ့်မယ်..အဲ့ဒီအခါကျ မောင်ကြီးကို ဆင့်ခေါ်လိမ့်မယ်...မောင်ကြီးက အဖတို့ လူကြီးတွေနဲ့ လာတွေ့တဲ့အခါ အဲ့ဒီနေရာမှာ ရာဇမတ်လေးခု ကာပြီး အပေါက် လေးပေါက် ဖွင့်ထားလိမ့်မယ်....မောင်ကြီးက လူကြီးတွေကို ဝင်တွေ့တဲ့အခါ..အရှေ့ဘက် အပေါက်ကပဲ ဝင်ပါ...မောင်ကြီးကို‌ ခေါ်လာသူတွေက ဘယ်ဘက်ကပဲ ခေါ်လာခေါ်လာ..နေထွက်ရာ အရှေ့ဘက်အပေါက်ကပဲ ဝင်ပါတဲ့”

သာလှက ဂမုန်း၏ စကားကို နားမလည်သကဲ့သို့ ကြည့်နေသည်။

“ဘာဖြစ်လို့လဲ..ဘာလို့ အဲ့ဒီလို ဝင်ခိုင်းတာလဲ..ဂမုန်း”

“ရှင်ရယ်..အ ရန်ကော..အဖက...ရှင့်ကို ဟံသာဝတီရဲ့ ရှင်ဘုရင် မြှောက်တော့မှာရှင့်”

 

ခက်ဇော်

အခန်း(၃၆) သဘက်ခါ

(Zawgyi)

AVA 1740s

                                            အခန္း(၃၅)    

                                ...............................................

 

အညာ၏ ေဆာင္း။

ျမဴမ်ား မႈိင္းေဝ့ေဝ့ၾကားမွ ျမင္ေနရေသာ့ တံခြန္မ်ား၊ အလံမ်ားကို ဆန္ေဂ်း ေငးေနသည္။

ဝက္တိုးလြင္ျပင္တြင္ သူတို႔ ပိတ္မိေနသည္မွာ တလေက်ာ္ၾကာလာခဲ့ၿပီ။

ေအာက္ဖက္မွ လႈပ္လႈပ္ရွားရွားအသံမ်ားၾကားရသည္။

မဏိပူရႏွင့္အတူ အင္းဝကိုတိုက္ရန္ ပူးေပါင္းလာခဲ့ေသာ အာသံႏွင့္ ကခ်ာတပ္မ်ားမွာ ျပန္လည္ဆုတ္ခြာရန္ ျပင္ဆင္ေနၾကၿပီျဖစ္သည္။

အာသံတပ္မႉး မဟာခြန္ဖ ဉီးေဆာင္ေသာတပ္မ်ားမွာ ငတ္မြတ္သည့္ဒဏ္ကို မခံႏိုင္ေတာ့သျဖင့္ မဏိပူရတပ္မ်ားကို ထားရစ္ကာ ရသည့္နည္းျဖင့္ ထိုးေဖာက္ဆုတ္ခြာရန္ ဆုံးျဖတ္ခ်က္ခ်ခဲ့သည္။

အာသံတပ္မႉးမွာ အင္းဝတပ္မႉးမ်ားႏွင့္ ဆက္သြယ္သည့္အခါ အင္းဝတပ္မ်ားကလည္း အာသံတပ္မ်ားဆုတ္ခြာရန္ ဖြင့္ေပးမည္ျဖစ္ေၾကာင္း သေဘာတူခဲ့သည္။

ကိုးသိန္းသခင္အေနျဖင့္ အာသံတပ္မ်ားကို ဆုတ္ခြာခြင့္ေပးလိုက္ျခင္းျဖစ္ၿပီး ကသည္းတို႔ကိုမူ ဆက္လက္ဝန္းရံထားခဲ့သည္။

ထိုအေျခအေနတြင္ မဏိပူရကသည္းတပ္မ်ားမွာ စိတ္ဓာတ္မ်ား က်ဆင္းလာေနၾက၏။

စားနပ္ရိကၡာကလည္း တျဖည္းျဖည္းရွားပါးလာခဲ့ၿပီျဖစ္သည္။

အင္းဝတပ္အခ်ိဳ႕ကလည္း တရက္ႏွစ္ႀကိမ္ခန႔္ ေပ်ာက္က်ားလာလာတိုက္ခိုက္ၾကသည္။

ဂါရစ္နာဝဇ္ဘုရင္ သည္ ခံတပ္ကုန္းေပၚသို႔ တက္လာသည္။

သားေတာ္ ဆန္ေဂ်း၏ ေဘးနားတြင္ ရပ္လိုက္သည္။

“အေျခအေန ဘယ္လိုရွိလဲ..သားေတာ္”

“အင္းဝတပ္ေတြ က တေန႔တျခား ခံတပ္နဲ႔ နီးနီးလာေနတယ္...သားေတာ္တို႔ကို တိုက္ၾကေတာ့မယ္ထင္ရဲ႕”

ဂါရစ္နာဝဇ္က ေခါင္းကို ျဖည္းျဖည္းခ်င္းရမ္းလိုက္သည္။

“မဟုတ္ဘူး..သားေတာ္..သူတို႔  မတိုက္ေသးဘူး....ေဟာ့ဒီ အညာလြင္ျပင္ေဒသေတြဆီကို ဟိုးအရင္က တ႐ုတ္ေတြလာလာတိုက္ဖူးခဲ့တယ္တဲ့..အဲ့ဒီအခါမွာ ဗမာေတြက ခံမတိုက္ပဲ..ေျမလွန္ဖ်က္ဆီးၿပီး ေရွာင္သြားၾကတယ္..ၿပီးရင္ သူတို႔သုံးတဲ့ဗ်ဴဟာက တ႐ုတ္ရဲ႕ ရိကၡာပို႔ လမ္းေၾကာင္းကို ျဖတ္ေတာက္ၿပီး တ႐ုတ္ေတြ ငတ္မြတ္တဲ့အထိ ေစာင့္တာပဲ...ငါတို႔လည္းအခု အဲ့ဒီ စစ္ဗ်ဴဟာ နဲ႔ ေတြ႕ေနတာ..သူတို႔ ငါတို႔ တပ္ေတြငတ္ၿပီး စိတ္ဓာတ္ပ်က္ျပားေအာင္ေစာင့္မွာ..ၿပီးမွ ငါတို႔ကို အျပတ္ေခ်မႈန္းလိမ့္မယ္”

ထိုအခ်ိန္တြင္ စစ္သူႀကီးခ်န္ဒရာေမာ္နီ က ဂါရစ္နာဝဇ္ေရွ႕တြင္ ဒူးေထာက္လိုက္သည္။

“အာသံတပ္ေတြအကုန္လုံး ထြက္ခြာသြားၾကပါၿပီ..အရွင္”

“တပ္မႉး၊တပ္သားေတြအေျခအေနကေရာ ဘယ္လိုရွိသလဲ..ခ်န္ဒရာ”

“သူတို႔လည္း...”

ခ်န္ဒရာေမာ္နီက ဆက္လက္မေလွ်ာက္တင္ပဲ ရပ္ထားလိုက္သည္။

“တပ္မႉးေတြကို ခဏေန အကုန္ စည္းေဝးဖို႔သာ ေျပာထားလိုက္ပါ..စစ္သူႀကီး..က်ဳပ္တို႔ တခုခု ဆုံးျဖတ္ရေတာ့မွာေပါ့”

ခ်န္ဒရာေမာ္နီက ျပန္လည္ထြက္ခြာသြားသည္။

ဆန္ေဂ်း က လြင္ျပင္ဘက္ဆီသို႔သာေငးေန၏။

ဂါရစ္နာဝဇ္က ဆန္ေဂ်း ၏ ပုခုံးကို ဆုပ္ကိုင္လိုက္သည္။

“မင္းရဲ႕ေကြ႕မေလး ဆီကို လြမ္းေနတာလား”

“သားေတာ္ တာဝန္မေက်ခဲ့ဘူး...ခမည္းေတာ္...ဒီစစ္ပြဲႀကီးထဲမွာ နားလဲ နဲ႔ စေတြ႕တယ္..ဒီစစ္ပြဲႀကီးမွာပဲ နားလဲနဲ႔ ခြဲခဲ့ရတယ္..သူ႔မွာ သားေတာ္ရဲ႕ ရင္ေသြးေလး ပါသြားခဲ့တယ္..သားေတာ္ဟာ.စစ္ကိုလည္း တာဝန္မေက်ခဲ့ဘူး....သူတို႔ သားအမိအေပၚလည္း တာဝန္မေက်ခဲ့ဘူး”

“သားေတာ္..ငါတို႔ဟာ တိုင္းျပည္ကို ေခါင္းေဆာင္ေနရတဲ့သူေတြပါ...စစ္ေရးေရာ အခ်စ္ကိစၥေရာ ကို ငါတို႔ တိုင္းျပည္လူထု နဲ႔ ရင္းၿပီးဆုံးျဖတ္ရတာမ်ိဳးမို႔..တခ်ိဳ႕ကိစၥေတြက ျပတ္ျပတ္သားသားလုပ္ရတယ္..ေမ့ပစ္သင့္ ေမ့ပစ္ရတယ္..ဒါ မင္းအၿမဲမွတ္ထားရမယ့္ သင္ခန္းစာပဲ”

“ဒီပြဲမွာ သင္ခန္းစာေတြ အမ်ားႀကီးပါ..ခမည္းေတာ္..ဘာသာေရးနဲ႔ ေရာယွက္လို႔ စစ္ေရးမွာ အေရးသာေနပါလ်က္က ကိုယ္အေရးနိမ့္တဲ့ဘက္ ျပန္ေရာက္သြားတာကိုလည္း သင္ခန္းစာယူရမွာေပါ့”

ဆန္ေဂ်းစကားေၾကာင့္ ဂါရစ္နာဝဇ္၏ မ်က္ႏွာပ်က္သြားသည္။

“အခုက အေရးနိမ့္သာမဟုတ္ေသးဘူး..သားေတာ္...အခါအခြင့္မသင့္လို႔ ရန္သူက အသာစီးရသြားတာမ်ိဳးပဲ...အနည္းဆုံးေတာ့ ကိုယ္အသက္သာဆုံးျဖစ္တဲ့နည္းကို ငါတို႔ ေ႐ြးခ်ယ္ထားၿပီးသားပါ”

“ခမည္းေတာ္က...အင္းဝနဲ႔ စစ္ေျပၿငိမ္းေတာ့မွာေပါ့”

“ဟုတ္...တယ္..ဒီေန႔အစည္းအေဝးၿပီးတာနဲ႔ ခ်န္ဒရာေမာ္နီ ကို ကိုးသိန္းသခင္တပ္ေတြဆီ လႊတ္ၿပီး အတိုက္အခိုက္ရပ္ဖို႔ ၿငိမ္းခ်မ္းေရးစကားပါးဖို႔ ငါအမိန႔္ခ်မယ္”

“ၿပီးရင္ မဏိပူရကို ကြၽန္ေတာ္တို႔ ျပန္ၾကမွာလား”

“မင္းက ဘယ္ျပန္ခ်င္လို႔လဲ”

“ကြၽန္ေတာ္ အင္းဝမွာ ေနခဲ့မယ္”

“ဘာ”

“ဟုတ္တယ္...နားလဲ ကို ကြၽန္ေတာ္ရေအာင္ရွာမယ္..သူ႔ကိုေတြ႕မွ ကန္ကလာကို ကြၽန္ေတာ္ျပန္လိုက္ခဲ့မယ္”

“ငါမင္းအေပၚ တားျမစ္ခဲ့တာေတြမွန္သမွ်ဟာ..မင္းရဲ႕ မဏိပူရပလႅင္ဆီသြားမယ့္လမ္းကို ခင္းေပးေနတာပါပဲ.ဆန္ေဂ်း...အဲ့ဒါေတာ့ မင္းမွတ္ထားပါ”

ဂါရစ္နာဝဇ္က အနားမွ ထြက္ခြာသြားသည္။

ေန႔လည္ပိုင္းတြင္ ဂါရစ္နာဝဇ္သည္ သားေတာ္ဆန္ေဂ်းခူရာလက္ပ၊ စစ္သူႀကီးခ်န္ဒရာေမာ္နီ၊ အျခား တပ္မႉးမ်ားႏွင့္ အစည္းအေဝးျပဳလုပ္သည္။

ထို႔ေနာက္ ခ်န္ဒရာေမာ္နီသည္ အင္းဝႏွင့္ စစ္ေျပၿငိမ္းရန္ အဆိုျပဳသည့္ သဝဏ္ကို ယူလ်က္ ကိုးသိန္းသခင္၏ တပ္ရွိရာ ေျမတူးၿမိဳ႕သို႔ ျမင္းစစ္သည္(၁၀၀)ျဖင့္ ထြက္ခြာသြားသည္။

လက္ေဆာင္အျဖစ္ ဝန္တင္သည့္ ျမင္းလား(၅)ေကာင္၊ လင္းေလး (၁၀၀)ေက်ာ္ ထည့္ေပးလိုက္သည္။

ခ်န္ဒရာေမာ္နီ၏ တပ္မ်ားသည္ စစ္ေျပၿငိမ္းရန္လာေၾကာင္း အထိမ္းအမွတ္အလံကို လႊင့္လ်က္ ေျမတူးသို႔ ခ်ဥ္းကပ္လာသည္။

ေျမတူးၿမိဳ႕တြင္းမွ ျမင္းသည္ (၂၀၀)ထြက္လာၿပီး ခ်န္ဒရာေမာ္နီတို႔ကို ၿခံရံကာ ကိုးသိန္းသခင္၏ ယာယီ႐ုံးေတာ္ဆီသို႔ ေခၚေဆာင္သြားသည္။

“အင္းဝေနျပည္ေတာ္ႏွင့္ မဏိပူရတို႔မွာ ေဘးေလာင္းေတာ္ ၊ ဘိုးေလာင္းေတာ္မ်ားလက္ထက္ေတာ္ မ်ားကတည္းက ႏွစ္ျပည္ေထာင္ ေ႐ႊျပားတစ္ျပားမွာ ခပ္သကဲ့သို႔ ေနထိုင္လာခဲ့ၾကပါသည္။ ယခုအခါ ေက်းလက္စြန္ဖ်ားမွ နယ္စားပယ္စားတို႔ မလိမၼာမႈေၾကာင့္သာ စစ္ပြဲမ်ားျဖစ္လာရျခင္းျဖစ္ပါသည္။ ထို႔ေၾကာင့္ မဏိပူရေစာ္ဘြားဟုံ ဂါရစ္နာဝဇ္မွ ေနာင္ေတာ္အင္းဝျပည့္ရွင္မင္းတရား မဟာဓမၼရာဇာဓိပတိ ႏွင့္ ေတြ႕ဆုံညႇိႏႈိင္းကာ ႏွစ္ျပည္တစ္ျပည္ မဟာမိတ္ျပဳၾကဖို႔အေရး ေလွ်ာက္ထားအပ္ပါသည္”

ထိုကဲ့သို႔ အတိုခ်ဳံးအဓိပၸါယ္ရေသာ ဗမာဘာသာျဖင့္ေရးထားသည့္ သဝဏ္လႊာကို ကိုးသိန္းသခင္က ဖတ္လိုက္သည္။

ထို႔ေနာက္ ေျခရင္းတြင္ ခစားေနေသာ ခ်န္ဒရာေမာ္နီကို ၿပဳံးကာ ၾကည့္လိုက္၏။

“ခဏေစာင့္..ငါကိုယ္ေတာ္တို႔ အတြင္းေတာ္ထဲမွာ သဝဏ္တစ္ေစာင္ျပန္ပါးဖို႔ တိုင္ပင္လိုက္ဉီးမယ္ကြဲ႕”

ကိုးသိန္းသခင္က စာေရးေတာ္ ေမာင္ျမတ္စံကို ေခၚကာ အတြင္းသို႔ ဝင္သြား၏။

အင္းဝစစ္သည္မ်ားမွာ ေသနတ္မ်ားအထပ္ထပ္ျဖင့္ ခ်န္ဒရာေမာ္နီတို႔ကို ေစာင့္ၾကပ္ေနၾကသည္။

ခဏအၾကာတြင္ ကိုးသိန္းသခင္ ျပန္ထြက္လာသည္။

“ဗမာစာနဲ႔ပဲ သဝဏ္လႊာကို ပါးလိုက္ပါတယ္...ဒီသဝဏ္ဟာဆိုရင္ျဖင့္ အင္းဝေ႐ႊနန္းရွင္ရဲ႕ သေဘာနဲ႔ တစ္ထပ္တည္းပါပဲဆိုတာ..စႏၵေယာ္ေမာ္နီငယ္က မင္းတို႔ သခင္ဆီ ျပန္ေလွ်ာက္ေခ်ကြဲ႕”

ေမာင္ျမတ္စံ ကမ္းေပးေသာ သဝဏ္ကို ခ်န္ဒရာေမာ္နီ က လက္ခံယူလိုက္၏။

ထို႔ေနာက္ မဏိပူရတပ္မ်ားမွာ ေျမတူးမွ ခံတပ္ရွိရာသို႔ ျပန္လည္ထြက္ခြာသြားၾကသည္။

ဂါရစ္နာဝဇ္သည္ သဝဏ္လႊာကို ကိုင္လ်က္ ငိုင္ေန၏။

 အနီးမွ ဘာသာျပန္ေပးသူ ပုဏၰားႀကီးမွာ အလိုက္တသိပင္ အနားမွ ထြက္သြားသည္။

“ဘာေတြ ေရးထားသလဲ..ခမည္းေတာ္..သားေတာ္ကို ျပပါဉီး”

ဆန္ေဂ်းလက္ထဲသို႔ သဝဏ္လႊာကို ေပးလိုက္သည္။

ဆန္ေဂ်းက ဗမာစာတတ္သျဖင့္ သဝဏ္လႊာကို ေသခ်ာဖတ္လိုက္သည္။

“မဏိပူရေစာ္ဘြားငယ္ ဟုံ ခ်ီလာသည္မွာ စမၸယ္ျခင္းေလးမ်ိဳးတြင္ စစ္အင္ခင္း၍ စမၸယ္ျခင္းမ်ိဳးျဖစ္ေပသည္။ ထို႔ေၾကာင့္ မဟာမိတ္အဆင့္အတန္းမ်ိဳးမဟုတ္ပဲ...ဘိုးေလာင္းေတာ္၊ ေဘးေလာင္းေတာ္မ်ားလက္ထက္ကကဲ့သို႔ ပဏၰာဆက္ႏိုင္ငံတစ္ခုအေနျဖင့္ အင္းဝေ႐ႊနန္းရွင္ထံသို႔ သမီးကညာ ႏွင့္ လက္ေဆာင္မ်ား ဆက္သပါမွ အေရးေတာ္ေျပၿငိမ္းေစမည္ျဖစ္သည္”

ဂါရစ္နာဝဇ္က ဉီးေခါင္းကို ငုံ႔ထားၿပီး ေျမျပင္သို႔သာ စိုက္ၾကည့္ေနေတာ့သည္။

........................................................................................................................

မယ္ဖူးက ဉီးေခါင္းကို ငုံ႔ထားၿပီးေျမျပင္ကို စိုက္ၾကည့္ေနရာမွ ေခါင္းကို ေမာ့လိုက္သည္။

စစ္သည္တစ္ဉီးက မယ္ဖူး၏ ဆံပင္ကို ေစာင့္ဆြဲလိုက္ၿပီး ေက်ာကုန္းကို ဓါးျပားျဖင့္ ႐ိုက္ခ်လိုက္၏။

“နင္တို႔ကို ဒီမွာ ဘယ္သူက လာထား ထားတာလဲ..မွန္မွန္ေျပာစမ္း”

မယ္ဖူးက တခြန္းမွမေျဖ။

မင္းရဲေအာင္ႏိုင္ ႏွင့္အတူ ျမင္းစီးစစ္သည္ (၅၀) တို႔က မယ္ဖူး ႏွင့္ ျမတ္ဝါ တို႔ကို ဝိုင္းရံထားသည္။

သရက္တပင္႐ြာမွ ႐ြာသူ႐ြာသားမ်ားမွာ ခပ္ေဝးေဝးမွ အေျခအေနကို ၾကည့္ေနၾက၏။

မင္းရဲေအာင္ႏိုင္၏ မ်က္ႏွာက ေဒါသျဖင့္ အေၾကာမ်ားပင္ ေထာင္ထေနသည္။

“နင္..ဟိုကုန္သည္မ အိမ္က အေစခံမ မဟုတ္လား...ေျပာစမ္း...ဒီမွာ သူ႔ကို လာဝွက္ထားဖို႔ ဘယ္သူခိုင္းတာလဲ..ကုန္သည္မလား..ဆင္ဝန္ေအာင္လွ လား”

မယ္ဖူးထံမွ အေျဖျပန္မလာ။

“ကြၽန္သေဘာက္မ..ေခါင္းမာလွခ်ည္လား”

စစ္သည္တစ္ဉီးက ျမင္းဇက္ကို ေစာင့္ဆြဲလိုက္ရာ ျမင္းက မယ္ဖူး၏ မ်က္ႏွာကို ခြာျဖင့္ ခုတ္ခ်လိုက္သည္။

နဖူးမွေသြးမ်ား ဖ်ာခနဲ က်လာ၏။

ေသြးမ်ားကို ျမင္သည္ႏွင့္ ရွင္ျမတ္ဝါ က ႐ုတ္တရက္မတ္တပ္ရပ္လိုက္သည္။

“ငါ့ ခမည္းေတာ္နဲ႔ နင္တို႔ကို တိုင္မယ္...ဟဲ့..ရာဇဝတ္သားေတြ..ငါ့ခမည္းေတာ္က ၿမိဳ႕ဝန္မင္းဟဲ့..ဟံသာဝတီျပည့္ရွင္မင္း”

လက္ထဲတြင္ ဆုတ္ကိုင္ထားေသာ သဲမ်ားျဖင့္ မင္းရဲေအာင္ႏိုင္ကို ပက္လိုက္သည္။

“ဟာ..ဒီသူပုန္သမီးကေတာ့”

မင္းရဲေအာင္ႏိုင္က ျမင္းေပၚမွဆင္းကာ ျမတ္ဝါကို လက္ျပန္႐ိုက္ခ်လိုက္သည္။

ျမတ္ဝါမွာ ေျမေပၚသို႔ ပုံခနဲ လဲက်သြား၏။

“ေတာ္ေလာက္ၿပီ..ၿမိဳ႕ဝန္မင္း..သူ႔ကို ကြၽန္မ ဝွက္ထားတာ”

အေနာက္ဖက္မွ အသံေၾကာင့္ ျမင္းသည္မ်ားရွဲသြားၾကသည္။

“ဪ..ထင္ပါတယ္..နင္ပဲလို႔”

“ဉီးသာေအာင္က ပုန္ကန္သူဆိုတာ မွန္ပါတယ္..ၿမိဳ႕ဝန္မင္း..ဒါေပမယ့္..ဒီကေလးမေလး က ရွင္တို႔ ႏိုင္ငံေရးတိုင္းေရးျပည္ေရးေတြ သူဘာမွ မသိရွာပါဘူး..ၿပီးေတာ့...သူ႔မွာ စိတ္လည္းေဖာက္ျပန္ေနရွာတယ္..သူ႔အသက္ကိုေတာ့ ခ်မ္းသာေပးလိုက္ပါ”

“သူပုန္ တစ္ေယာက္ျဖစ္လာတာအတြက္ သူ႔မိသားစုမွာလည္း တာဝန္ရွိတယ္...သူတို႔ မတားမျမစ္လို႔ အလိုတူအလိုပါျဖစ္လို႔..သူပုန္က ပုန္ကန္တာ..ဒီေတာ့ သူတို႔အားလုံးလည္း ေသသင့္တယ္..နင္က ဘာျဖစ္လို႔ ဒီသူပုန္မိသားစုဘက္က ကာကြယ္ေပးေနတာလဲ”

“ကြၽန္မ နားလည္တာတစ္ခုရွိတယ္...ဒီကေလးမေလး က ဉီးသာေအာင္ကို ပုန္ကန္ပါလို႔လည္း ေျပာခြင့္မရွိသလို..မပုန္ကန္ပါနဲ႔လို႔လည္းေျပာခြင့္မရွိဘူး..သူတို႔မွာ သားအဖျဖစ္ေနတာကလြဲလို႔ သူ႔အျပစ္ ဘာမွမရွိရွာဘူး....သူ႔မိသားစုတစ္စုလုံးကိုလည္း သတ္ခဲ့ၿပီးၿပီပဲ...အခုဆို သူက မိသားစုမဲ့ ကူရာမဲ့ ကေလးတစ္ေယာက္ပါ...ရွင္သူ႔ကိုထိဖို႔ မႀကိဳးစားပါနဲ႔”

“အံမယ္..ကိုးသိန္းသခင္ရဲ႕ ကိုယ္လုပ္ေတာ္ကြၽန္မ အဆင့္ကမ်ား ငါ့ကို”

“ဒုတ္”

လြီဇာႏွင့္ အနီးဆုံး ျမင္းစစ္သည္၏ လည္ပင္းသို႔ ဒူးေလးျမႇားတံတစ္စင္းေဖာက္ဝင္သြားသည္။

အျဖစ္အပ်က္ကို အားလုံးက ေၾကာင္ၿပီးၾကည့္ေနၾကစဥ္ အေနာက္ဖက္ဆီမွ လူအုပ္ႀကီး၏ညာသံမ်ားထြက္ေပၚလာသည္။

ျမင္းစစ္သည္မ်ားထံသို႔ ဒူးေလးျမႇားတံမ်ား တစင္းၿပီး တစင္းဝင္လာ၏။

မင္းရဲေအာင္ႏိုင္က ဓါးကို ထုတ္လိုက္သည္။

“မယ္ဖူး...သူ႔ကို ေခၚၿပီး ေျပးေတာ့”

မယ္ဖူးက ျမတ္ဝါ၏ လက္ကို ဆြဲကာေျပးသည္။

ျမင္းသည္မ်ားမွာ ျမင္းကို ႐ုတ္တရက္လွည့္ကာ အေနာက္မွ လာေသာ ရန္သူကို ရင္ဆိုင္ရန္ျပင္ၾကသည္။

သို႔ေသာ္ ရန္သူကို မျမင္ၾကရ။

ပါလာေသာ ေသနတ္မ်ားကို က်ည္ထိုးေနစဥ္မွာပင္ ဒူးေလးျမႇားတံမ်ားက သူတို႔ကိုယ္ကို ေဖာက္ဝင္ကုန္ၾက၏။

လြီဇာက အနီးအနားဆီ သစ္ပင္တစ္ခုေပၚသို႔ ေျပးပုန္းလိုက္၏။

မင္းရဲေအာင္ႏိုင္ က ျမင္းေပၚသို႔ ခုန္တက္ကာ  မယ္ဖူးတို႔ ေနာက္သို႔ လိုက္ရန္ျပင္လိုက္သည္။

ေျပးေနလ်က္မွ ျမတ္ဝါမွာ လဲက်သြား၏။ သူ႔လက္ကို တြဲထားေသာ မယ္ဖူးပါ လဲက်သြားသည္။

မင္းရဲေအာင္ႏိုင္က ျမင္းေပၚမွ ဓါးကို အားကုန္႐ြယ္လိုက္သည္။

လြီဇာ က ယမ္းထိုးၿပီးသား ပစၥတိုေသနတ္ကို မီးခတ္ျဖင့္ခတ္ကာမီးညႇိၿပီး မင္းရဲေအာင္ႏိုင္ ရွိရာ ခ်ိန္ထားလိုက္သည္။

“ေဖာင္း”

ေသနတ္နားခြက္မွ မီးခိုးမ်ား ပြင့္ထြက္သြားသည္။

က်ည္က မင္းရဲေအာင္ႏိုင္ စီးလာေသာ ျမင္း၏ တင္ပါးကို ေဖာက္ထြက္သြားၿပီး ျမင္းမွာလဲက်သြားေတာ့၏။

မင္းရဲေအာင္ႏိုင္မွာ ေျခေထာက္တစ္ဖက္ကို ျမင္းပိေနသျဖင့္ အားယူက ကုန္းထသည္။

ထိုအခ်ိန္တြင္ သူတို႔အား ဝန္းရံတိုက္ခိုက္ေနၾကသည့္ အဝိုင္း႐ြာႏွင့္ သရက္တပင္မွ သာလွဉီးေဆာင္သည့္ မြန္ကရင္ေက်း႐ြာသားမ်ားက တုတ္ဓါးမ်ားျဖင့္ သူ႔ထံ ေျပးလာၾကသည္။

မတရားဖမ္းဆီးသတ္ျဖတ္ျခင္းကို ခံခဲ့ရသည့္ သူတို႔၏ ေဆြမ်ိဳး၊ သားသမီးမ်ားအတြက္ ေဒါသမ်ားက ျမင္းပိေနေသာ မင္းရဲေအာင္ႏိုင္ထံသို႔ စုၿပဳံသြားၾကေတာ့သည္။

ကိုယ္ရံေတာ္ျမင္းသည္တပ္မွာလည္း အကြဲအကြဲအျပားျပားျဖင့္ ဟံသာဝတီဘက္ဆီသို႔ ျပန္ေျပးသြားၾကၿပီျဖစ္သည္။

ၿခဳံပုတ္တစ္ခုအနီးတြင္ ထိုင္လ်က္ တဆတ္ဆတ္တုန္ေနၾကေသာ မယ္ဖူးႏွင့္ ျမတ္ဝါဆီသို႔ လြီဇာ ေလွ်ာက္သြားသည္။

“ဘာျဖစ္သြားၾကေသးလဲ”

“သူ႔မွာ..သူ႔မွာ”

မယ္ဖူး က လက္ညႇိဳးထိုးျပသည္။

ျမတ္ဝါ ၏ ေပါက္အေနာက္ဖက္တြင္ ဒူးေလးျမႇားတံတစ္ခုက စိုက္ဝင္ေန၏။

“ဟာ”

ထိုအခ်ိန္တြင္ သာလွ ႏွင့္ မြန္ကရင္ ႐ြာသူႀကီးမ်ား ေရာက္လာၾကသည္။

“ဒူးေလး ျမႇား မွားထိတာထင္တယ္”

သာလွက ျမတ္ဝါ ေပါင္တံမွ ျမႇားတံကို ဓါးေျမႇာင္ျဖင့္ ခပ္တိတိျဖတ္ခ်လိုက္သည္။

ထို႔ေနာက္ ျမတ္ဝါကို ေမွာက္ခုံအေနအထား  ေမွာက္ခိုင္းလိုက္၏။

“အား...အား..နာတယ္”

ျမတ္ဝါက နာၾကင္လြန္းသျဖင့္ သူမေခါင္းတင္ေနေသာလြီဇာ၏ ေပါင္မ်ားကို ဖိကိုက္ပစ္လိုက္သည္။

ျမႇားတံကား ထြက္သြားၿပီျဖစ္သည္။

ကရင္ေဆးဆရာတစ္ဉီးက ေဆးျမစ္တစ္ခုကို အရည္ညႇစ္ကာ သိပ္ေပးလိုက္ၿပီး ျမတ္ဝါ၏ ေပါင္ကို ၾကပ္စည္းေပးေနသည္။

“အံမယ္ေလး”

လြီဇာက အေနာက္ဘက္သို႔ လွည့္ကာ သူ႔ဂါဝန္ကို လွန္ၾကည့္သည္။

 သူ႔ေပါင္ေဖြးေဖြးတြင္ သြားရာအကြင္းလိုက္ႀကီးက ေသြးမ်ားပင္စို႔ေန၏။

အေနာက္မွ အုပ္မိုးၾကည့္ေနေသာ မယ္ဖူးက..

“မမလည္း ေဆးထည့္ဖို႔လိုမယ္...ကြၽန္မ ဟိုသမားေတာ္သြားေခၚလိုက္မယ္”

“ေန..ေန..မယ္ဖူး..ဒီေနရာႀကီးကို လူၾကားထဲမွာ ငါက ဘယ္လို လွန္ျပရမလဲ...ဟိုေကာင္ႀကီး အေျခအေန ဘယ္လိုလဲ”

“ေသသြားၿပီ...မမလြီဇာ”

ခပ္လွမ္းလွမ္းမွ သာလွက ေအာ္ေျပာလိုက္သည္။

“ေအး..ေကာင္းတယ္”

.....................................................

၁၇၄၀ ႏိုဝင္ဘာ ၁၈ ရက္တြင္ အင္းဝဘုရင္ခန႔္အပ္ထားခဲ့ေသာ ဟံသာဝတီၿမိဳ႕ဝန္ မင္းရဲေအာင္ႏိုင္ မွာ သရက္တပင္ေက်း႐ြာတြင္ လုပ္ႀကံသတ္ျဖတ္ျခင္းခံလိုက္ရသည္။

ေနာက္ႏွစ္ရက္အၾကာတြင္ မုတၱမမွ ဉီးေအာင္လွ ႏွင့္ တပ္မႉးတလပန္း၏ တပ္မ်ား ဟံသာဝတီသို႔ ေရာက္ရွိလာၾကသည္။

ဟံသာဝတီႏွင့္ ပတ္ဝန္းက်င္ကို လက္်ာဗိုလ္ႏွင့္ တလပန္း၏ တပ္မ်ားက ေနရာယူသိမ္းပိုက္လိုက္ၾက၏။

ၿမိဳ႕ဝန္အိမ္ေတာ္တြင္ ဆင္ဝန္ဉီးေအာင္လွ ဉီးေဆာင္ေသာ ဟံသာဝတီမွ အုပ္ခ်ဳပ္ေရးအရာထမ္းႀကီးမ်ား၊ စစ္ေရးအရာရွိမ်ား စည္းေဝးတိုင္ပင္ၾကသည္။

ပထမတႀကိမ္တြင္ အင္းဝမွ ယုံၾကည္အားကိုးခန႔္အပ္ထားေသာ ၿမိဳ႕ဝန္ဉီးသာေအာင္က ဉီးေဆာင္ကာ အင္းဝကို ပုန္ကန္ခဲ့ၾကသည္။ ယခုအႀကိမ္တြင္လည္း အင္းဝမွ ခန႔္အပ္ထားေသာ ၿမိဳ႕ဝန္ကို လုပ္ႀကံသတ္ျဖတ္လိုက္ၾကၿပီျဖစ္သည္။

ဟံသာဝတီသားတို႔အတြက္ ေ႐ြးခ်ယ္စရာမရွိေတာ့။

ထို႔ေၾကာင့္ မူလဆုံးျဖတ္ထားသည့္အတိုင္း အင္းဝကို ပုန္ကန္ရန္ ဆုံးျဖတ္လိုက္ၾကသည္။

ထိုသို႔ပုန္ကန္ရာတြင္ ဟံသာဝတီအတြက္ ရွင္ဘုရင္တစ္ပါးတင္ေျမႇာက္ရန္ ဆုံးျဖတ္ၾက၏။

အင္းဝဘုရင္၏ အာဏာစက္ကို ေၾကာက္သျဖင့္ မည္သူမွ် ေခါင္းေဆာင္မင္းျပဳရန္ မဝံ့ရဲၾက။

ေနာက္ဆုံးတြင္ ဆင္ဝန္ဉီးေအာင္လွက မူလက စီစဥ္ထားသည့္အတိုင္း အင္းဝမင္းမ်ိဳးျဖစ္ေသာ ပုဂံမင္းေပ်ာက္ႏွင့္ ကိုယ္လုပ္ေတာ္တို႔မွ ရရွိေသာ အဝိုင္း႐ြာသား သာလွကို ရွင္ဘုရင္အျဖစ္ ေ႐ြးခ်ယ္ရန္ အားလုံးက သေဘာတူၾကေတာ့သည္။

သို႔ေသာ္ ဉီးေအာင္လွက ရွင္ဘုရင္မတင္ေျမႇာက္ၿပီး ဟံသာဝတီအေနျဖင့္ စစ္ေရးအစီအစဥ္တစ္ခုကို လုပ္ကိုင္ရန္ တိုက္တြန္းခဲ့သည္။

 ပထမတႀကိမ္ ဉီးသာေအာင္ ပုန္ကန္မႈတြင္ အနီးအနားၿမိဳ႕ႀကီးျဖစ္ေသာ သန္လ်င္ကို မထိန္းသိမ္းႏိုင္သျဖင့္ ဆုံးရႈံးခဲ့ရျခင္းျဖစ္သည္။

ထို႔ေၾကာင့္ ယခုတႀကိမ္တြင္ သန္လ်င္သားတို႔ ေပါ့ေလ်ာ့ေနခိုက္ ဟံသာဝတီက ဝင္ေရာက္သိမ္းပိုက္ရန္ ျဖစ္၏။

ဟံသာဝတီတပ္မ်ားသည္ ေရွးဉီးစြာ သန္လ်င္၏ ဝင္ေပါက္ထြက္ေပါက္လမ္းမ်ားဆီသို႔ခ်ီတက္ကာ ပိတ္ဆို႔လိုက္ၾကသည္။

ဟံသာဝတီတြင္ မင္းရဲေအာင္ႏိုင္ လုပ္ႀကံခံလိုက္ရေၾကာင္း သတင္းကို သိရသည့္အခါ သန္လ်င္ၿမိဳ႕ဝန္ အသစ္မွာ တုန္လႈပ္သြားသည္။
ၿမိဳ႕ဝန္ျဖစ္ခါစ အေျခအေနမွာပင္ ႀကဳံလိုက္ရျခင္းေၾကာင့္ ၿမိဳ႕ကို အခိုင္အမာပိတ္ေန႐ုံမွတပါး အျခားမႀကံစည္တတ္ေတာ့ေခ်။

အင္းဝသို႔ သတင္းပို႔ရန္လည္း ဟံသာဝတီမွ လမ္းမ်ားကို ပိတ္ဆို႔လိုက္ၿပီျဖစ္သည္။

၁၇၄၀ ဒီဇင္ဘာ ၄ ရက္ေန႔တြင္ ဆင္ဝန္ဉီးေအာင္လွ၊ လက္်ာဗိုလ္၊ တလပန္းတို႔ ေခါင္းေဆာင္သည့္ ဟံသာဝတီတပ္မ်ားမွာ သန္လ်င္ကို တိုက္ခိုက္သိမ္းပိုက္ၾကသည္။

သန္လ်င္ၿမိဳ႕ဝန္မွာ ခုခံျခင္းမျပဳပဲ ေလွတစင္းျဖင့္ ၿမိဳ႕ကို စြန႔္ခြာသြားခဲ့သည္။

သန္လ်င္သည္ ဟံသာဝတီ၏ အာဏာစက္ေအာက္ေရာက္ရွိၿပီးသည့္ ဟံသာဝတီထီးနန္းကို ထူေထာင္ရန္ စီစဥ္ၾကေတာ့သည္။

ၿမိဳ႕ဝန္ေနအိမ္ကိုပင္ မွန္ကင္းတင္ၿပီး ယာယီထီးနန္းအျဖစ္ လ်ာထားခဲ့သည္။

........................................................................................................

ဂမုန္း စီးနင္းလာသည့္ ေဝါယာဥ္သည္ အေစာင့္အေရွာက္မ်ားႏွင့္ အဝိုင္းဘုန္းႀကီးေက်ာင္းအတြင္းသို႔ ဝင္ေရာက္လာ၏။

အဝိုင္းေက်း႐ြာမွ လူငယ္မ်ားမွာ ဝါးခြၽန္မ်ား ၊ ဒူးေလးမ်ားျဖင့္ ဘုန္းႀကီးေက်ာင္းအတြင္း အလုပ္မ်ားလ်က္ရွိၾကသည္။

ေရတြင္းအနီးတြင္ သာလွက သူ၏ ေသွ်ာင္ကို ၿဖီလ်က္..တေလ်ာ္ကင္ပြန္းျဖင့္ ေဆးေန၏။

“ဟိတ္..လူႀကီး”

“ဂမုန္း..ဘာကိစၥရွိလို႔လဲ..တိုင္းေရးျပည္ရာက ေကာင္းတာမဟုတ္..ဒီအထိ ထြက္လာရသလား”

“အံမယ္...ေခါင္းငုံ႔ထားတာေတာင္ ဂမုန္းမွန္းဘယ္လိုသိလဲရွင့္”

“ဒီအသံကို မသိပဲ ေနမလားဗ်ာ”

“ဟုတ္ပါၿပီ..အခုလည္း အဖက အမွာစကားပါးခိုင္းလို႔ လာရတာပါတဲ့ရွင့္”

သာလွက ေခါင္းကို ေရေလာင္းရန္ ခြက္ကို ယူလိုက္သည္။

ဂမုန္းက ေရခြက္ကို အသာေနရာေ႐ႊ႕ထားလိုက္၏။

သာလွက လက္ျဖင့္ လိုက္စမ္းသည္။

ဂမုန္းက တခစ္ခစ္ျဖင့္ ရယ္သည္။

“ဂမုန္းရယ္..မေနာက္စမ္းပါနဲ႔...ဒီမွာ အေအးမိကုန္မွျဖင့္”

သာလွက လိုက္စမ္းရင္ ဂမုန္း၏ လက္ေကာက္ဝတ္ကို ဆုပ္ကိုင္လိုက္သည္။

“အို..လႊတ္ပါဉီး..ေမာင္ႀကီးရဲ႕.ဒီမွာ ေရခြက္က”

ဂမုန္းက က်န္လက္တစ္ဖက္ျဖင့္ ေရခြက္ကို ေပးလိုက္၏။

သာလွက ပုဆိုးပိုင္းျဖင့္ ေခါင္းႏွင့္ ခႏၶာကိုယ္ကို သုတ္လိုက္သည္။

ခႏၶာကိုယ္အႏွံမွ ထိုးကြင္းမွင္ေၾကာင္မ်ားကို ဂမုန္းက ေငးေန၏။

“ကဲ..ေျပာပါဉီး..ငါ့ႏွမ...ဆင္ဝန္မင္းက ဘာမ်ားေျပာခိုင္းလိုက္တာတုန္း”

“ေသခ်ာနားေထာင္ၿပီး မွတ္သားပါလို႔ အဖက ေျပာခိုင္းလိုက္တယ္..ေနာက္သုံးရက္ၾကာရင္ သရက္တပင္႐ြာကို ဟံသာဝတီတပ္ေတြ ေရာက္လာၾကလိမ့္မယ္..အဲ့ဒီအခါက် ေမာင္ႀကီးကို ဆင့္ေခၚလိမ့္မယ္...ေမာင္ႀကီးက အဖတို႔ လူႀကီးေတြနဲ႔ လာေတြ႕တဲ့အခါ အဲ့ဒီေနရာမွာ ရာဇမတ္ေလးခု ကာၿပီး အေပါက္ ေလးေပါက္ ဖြင့္ထားလိမ့္မယ္....ေမာင္ႀကီးက လူႀကီးေတြကို ဝင္ေတြ႕တဲ့အခါ..အေရွ႕ဘက္ အေပါက္ကပဲ ဝင္ပါ...ေမာင္ႀကီးကို‌ ေခၚလာသူေတြက ဘယ္ဘက္ကပဲ ေခၚလာေခၚလာ..ေနထြက္ရာ အေရွ႕ဘက္အေပါက္ကပဲ ဝင္ပါတဲ့”

သာလွက ဂမုန္း၏ စကားကို နားမလည္သကဲ့သို႔ ၾကည့္ေနသည္။

“ဘာျဖစ္လို႔လဲ..ဘာလို႔ အဲ့ဒီလို ဝင္ခိုင္းတာလဲ..ဂမုန္း”

“ရွင္ရယ္..အ ရန္ေကာ..အဖက...ရွင့္ကို ဟံသာဝတီရဲ႕ ရွင္ဘုရင္ ေျမႇာက္ေတာ့မွာရွင့္”

 

ခက္ေဇာ္

အခန္း(၃၆) သဘက္ခါ

Comments

Post a Comment