AVA 1740s (အခန်း ၃၁)

AVA 1740s

                                            အခန်း(၃၁)    

                                ...............................................

ဆောင်းနံနက်သည် စိမ့်လှ၏။

အောင်ဇေယျသည် မနက်အစောပိုင်းကတည်းက မုဆိုးဖိုပတ်ဝန်းကျင်ရွာများသို့အခြေအနေစနည်းနာရန် ထွက်သွားပြီဖြစ်သည်။

“နိုးပြီလား”

ရှင်မိငယ်သည် လွန်ခဲ့သည့်ညက အောင်ဇေယျ၏ နှမဖြစ်သူ ရှင်မင်းနှင့်အတူ ညအိပ်ခဲ့ရသည်။

“ရှေ့က မီးပုံမှာ မီးလှုံရင်း ငချိတ်ပေါင်း သွားစားကြစို့လား”

မိငယ်သည် ရှင်းမင်းပေးသော တမာသားတံပူကို ယူကာ သွားတိုက်လိုက်သည်။ ထို့နောက် အိမ်ရှေ့တလင်းပြင်သို့ ထွက်လာခဲ့၏။

လူငယ်တစ်စုက ခုတ်ထားသော ဝါးများကို တလင်းပြင်တွင် စုပုံကြသည်။

ခင်ယွန်းစံဉီးဆောင်သည့် မိန်းမတစ်စုက ထိုဝါးများကို နွားစာခွက်တစ်ခုအတွင်းထည့်ထားသော အရည်များထဲသို့ စိမ်ထည့်စိမ်နေကြ၏။

“လာ...မိငယ်..မီးလှုံရင်း ကောက်ညှင်းပေါင်းစား”

ရှင်မင်းက မိငယ်ကို မီးပုံရှိရာ ဉီးဆောင်ခေါ်သွား၏။

“အဲ့ဒါ ဘာလုပ်နေကြတာလဲ”

“တင်ကျည်းတုတ်လုပ်ဖို့ ဝါးတွေကို နွားသေးစိမ်နေတာလေ”

“တင်ကျည်းတုတ် တွေ အများကြီးပဲ ဘာလုပ်မလို့လဲ”

“အကိုကြီးအောင်ဇေယျက နဲ့ သူ့လူတွေ ရွာကာကွယ်ရေးအတွက်ဆိုပြီး လုပ်နေကြတာလေ...ကသည်းတွေက အချိန်မရွေးရွာကို ဝင်လာနိုင်တယ်မဟုတ်လား..မိငယ်ရဲ့”

ထိုအချိန်တွင် ခင်ယွန်းစံက မီးပုံနား လာထိုင်၏။

မြေခရားထဲမှ ရေနွေးကြမ်းကို ခွက်ထဲသို့ ငှဲ့ထည့်လိုက်သည်။

မိငယ်က ခင်ယွန်းစံကို မဝံ့မရဲကြည့်လိုက်သည်။

“မမခင်ယွန်း”

မိငယ်က သူ့လက်ထဲမှ ပိုးခါးစည်းကြိုးလေးကို ခင်ယွန်းစံ ထံ ထိုးပေးလိုက်သည်။

“ဒါ ညီမ လုံးဝ မသုံးရသေးပါဘူး...မောင်ကြီးအောင်ဇေယျ က မမအတွက် ဝယ်ခဲ့တာကို ညီမ မသိလို့ ယူထားမိတာပါ”

ခင်ယွန်းစံက ပိုးခါးစည်းကြိုးကို သေချာစိုက်ကြည့်နေသည်။

“အဲ့ဒီကြိုးကို ဝယ်ခဲ့တာ..ဘယ်သူလဲ”

“မောင်ကြီးအောင်ဇေယျလေ”

“သူက ညည်းကို ပေးခဲ့တာမဟုတ်လား....ညည်းပဲယူထားပါ..တချို့ကိစ္စတွေက အစပြန်မဖော်တာ ကောင်းတယ်”

“ညီမ တောင်းပန်ပါတယ်.....ညီမကို ဟိုးငယ်ငယ်လေးကကတည်းက မုတ္တမစစ်ပွဲထဲကနေ ကျွန်အဖြစ် ဖမ်းလာကြတာ..ညီမ မိဘတွေလည်း စစ်ပွဲမှာ သေကုန်ကြပါပြီ.အဆင့်ဆင့်ရောင်းစားခံရပြီး ဒီအင်းဝကို ရောက်လာရတာပါ.. မောင်ကြီးက ညီမကို ကယ်တင်ခဲ့တယ်..တရုတ်သူဌေးဆီ ရောင်းစားခါနီးမှ ကျွန်အဖြစ်က ကယ်ပေးခဲ့တာပါ..ညီမမှာလည်း အားကိုးရာက သူပဲရှိခဲ့တာမို့..”

မိငယ်၏ အသံက တိမ်ဝင်သွားသည်။ ရှင်မင်းက မိငယ်၏ ပုခုံးကို ဖက်လိုက်၏။

ခင်ယွန်းစံက ထင်းစတစကို ယူကာ မီးပုံအတွင်းသို့ ထိုးထည့်လိုက်သည်။

“တော်ပြီ..စိတ်မကောင်းစရာတွေမပြောနဲ့တော့..ငါ့လင်ရဲ့ သွေးသားက ညည်းကိုယ်ထဲမှာ..ကျန်းကျန်းမာမာမွေးနိုင်အောင်ဂရုစိုက်..ငချိတ်ပေါင်းစားလိုက်ဉီး”

ခင်ယွန်းစံက မိငယ်လက်ထဲမှ ပိုးခါးစည်ကြိုးကို ယူလိုက်သည်။

ထို့နောက် မီးပုံထဲသို့ ပစ်ထည့်လိုက်၏။

“တချို့ ဖြစ်ပြီးသားကိစ္စတွေက အတိတ်မှာ ထားခဲ့တာပဲကောင်းတယ်...အကြာကြီး သိမ်းထားရင်..အကြာကြီး ပူလောင်ရတယ်”

ခင်ယွန်းစံက မီးပုံအနားမှ ထထွက်သွားပြီဖြစ်သည်။

......................................................................................................

စစ်ကိုင်းနှင့် အနီးဆုံးဖြစ်နေသော ပဲကတိုးရွာခံတပ်ကို မင်းသားဆန်ဂျေးခူရာလက်ပ ၏ တပ်မှ လက်ရသိမ်းပိုက်လိုက်ပြီဖြစ်သည်။

အနောက်မှ ကပ်လျက်လိုက်လာသော ဂါရစ်နာဝဇ်၏ တပ်က အမြောက်ငယ်များကို ပဲကတိုးရွာတွင် ဆင်ကြသည်။

ထို့နောက် ကောင်းမှုတော်ဘက်မှတက်လာကြသော ကုလားဝန်နန္ဒကျော်ထင်၏ တပ်များကို ပစ်ခတ်ကြသည်။

နန္ဒကျော်ထင်၏ တပ်များက နောက်သို့ ပြန်ဆုတ်ချိန်တွင် ဆန်ဂျေး၏ တပ်များက ဖိ၍ လိုက်တိုက်ကြ၏။

ပေါ်တူဂီသေနတ်ကိုင်တပ်သားများ၊ အင်းဝအမြှောက်တပ်သားများက ဘုရားတံတိုင်းများပေါ်ထိ တက်ကာ ပစ်ခတ်ကြသော်လည်း အင်အားချင်းက မမျှဖြစ်နေသည်။

အနောက်ဝန်ရာဇနန္ဒ၏ တပ်များ အင်းဝဘက်သို့ စစ်ကူရောက်လာကြသဖြင့် အကျအဆုံးက တန်းတူဖြစ်လာ၏။

ကသည်းတို့မှာ ကောင်းမှုတော်ဘုရားရှေ့တွင် အလောင်းချင်းထပ်မျှ ဖြစ်နေကြသည်။

သို့သော် စိတ်ဓာတ်တက်ကြွနေသော မင်းသားဆန်ဂျေးမှ ရှေ့ဆုံးမှ ဉီးဆောင်တိုက်ပြသဖြင့် ကျန်တပ်မှူးများကလည်း ရှေ့သို့သာဖိတိုက်နေ၏။

ပဲကတိုးရွာကို မီးတိုက်ပြီးနောက် ထပ်မံလိုက်လာကြသော ဂါရစ်နာဝဇ်၏ ကသည်းပင်မတပ်ကြီး ရောက်လာချိန်တွင်တော့ အင်းဝတပ်များမှာ နှစ်ဖက်ညှပ်တိုက်ခြင်းခံရတော့သည်။

အနောက်ဝန်ရာဇနန္ဒကျဆုံးပြီး ကုလားဝန်မှာလည်း ဒဏ်ရာပြင်းထန်စွာရရှိသွား၏။

နောက်ဆုံးတွင် ကသည်းတို့၏ အသေခံဝင်တိုက်သည့်ဒဏ်ကို မခံနိုင်တော့ပဲ အင်းဝစစ်သည်တို့မှာ ကောင်းမှုတော်ခံတပ်ကို စွန့်ခွာသွားကြတော့သည်။

ကောင်းမှုတော်ခံတပ်ပျက်သည်နှင့် စစ်ကိုင်းမြို့တွင်းရှိနေသော ကိုးသိန်းသခင်မင်းခေါင်လည်း မြစ်ငယ်အရှေ့ဘက်ကျွန်းပေါ်သို့ လှေဖြင့် ဆုတ်ခွာသွားတော့သည်။

ကသည်းတို့သည် ကောင်းမှုတော်အပါအဝင် စစ်ကိုင်းအနှံ့မှ ရွှေငွေပစ္စည်းဉစ္စာများကို လိုက်လံသိမ်းဆည်းနေကြသည်။

ဘုရားစေတီများမှ ရွှေထည်၊ ငွေထည်၊ သံထည်များကိုလည်း စစ်နိုင်ဉစ္စာပစ္စည်းများအဖြစ် ဖြုတ်ယူကြ၏။

ပဋိကတ်တိုက်မှ ပေစာများ၊ တန်ဆောင်းငါးထပ်ဝေဠုဝန်ဘုရားကြီး၊ လေးထပ်ကျောင်းတော်ကြီးတို့ကို မီးတိုက်ဖျက်ဆီးကြသည်။

သွေးညှီနံ့များ၊ မီးလောင်ညှော်နံ့များနှင့် ညည်းညူသံများကြားတွင် ဂါရစ်နာဝဇ်သည် သူ၏ မြင်းဖြူကြီးကို စီးလျက် ကောင်းမှုတော်ဘုရား၏ မုခ်ဉီးဝသို့ ရောက်လာသည်။

“အောင်ပြီ..အင်းဝကို မဏိပူရက အောင်ခဲ့ဖူးပြီ....မဏိပူရဘုရင်တွေထဲ ဓါးအထက်ဆုံးက ငါ ပန်ဟေဘာ ဂါရစ်နာဝဇ်မင်းပဲဆိုတာ ဟော့ဒီလို သက်သေထူခဲ့ပြီ”

ဂါရစ်နာဝဇ်က သူ၏ လက်ထဲမှ ဓါးကောက်ဖြင့် ကောင်းမှုတော်ဘုရား အဝင် သစ်သားတံခါးကို ခုတ်ထစ်လိုက်သည်။

ခဏအကြာတွင် မင်းသားဆန်ဂျေးရောက်လာ၏။

“ဖောင်တွေ လှေတွေ မြစ်ထဲမှာ အသင့်ဖြစ်နေပါပြီ..အင်းဝကို သားတော်တို့ ဆက်ချီကြဖို့ သင့်ပါပြီ”

ထိုအချိန်တွင်  ဟိန္ဒူပရောဟိတ်ကြီး မဟာပရဘူကုက္ကလူ သည် ငါးမန်းစွယ်ဝေါယာဉ်ကြီးစီးလျက် ရောက်လာသည်။

ထိုငါးမန်းစွယ်ဝေါယာဉ်ကြီးမှာ ကောင်းမှုတော်ဘုရားသို့ သာသနာပိုင်ဆရာတော်ကြီးများ ကြွရောက်လျှင် စီးရန် ရှင်ဘုရင်အဆက်ဆက်လှူထားသည့် ဝေါယာဉ်ကြီးများဖြစ်သည်။

မဟာပရဘူ ရောက်လာလျှင် ဂါရစ်နာဝဇ် က  မြင်းပေါ်မှ ဆင်းကာ လက်အုပ်ချီလိုက်သည်။

“မင်းကြီး....မြင့်မြတ်သန့်စင်သော ဧရာဝတီရေကို ချိုးရန် အခါကျပြီ...သင်၏ အညစ်အကြေးများကို အမိဧရာဝတီရေဖြင့် ဆေးကြောကာ ဘုရားသခင်များထံ သင့်ကိုယ်သင့်အပ်နှံရန် အခါကျပြီ”

“အင်းဝ ကို သိမ်းပြီးတဲ့အခါမှ မြစ်ရေချိုးပွဲကို လုပ်လို့မရဘူးလား..ပရောဟိတ်ကြီး”

မင်းသားဆန်ဂျေးက အလျင်စလို မေးလိုက်သည်။

“ကောင်းကင်နက္ခတ်တွေ ရဲ့ အသွားအလာနဲ့ ကိုက်ညီလုပ်ရတာဖြစ်တယ်..အခုက မင်းကြီးရဲ့ ဘုန်းလက်ရုန်းကို စကြဝဠာထိပျံ့နှံ့ဖို့ရာအခါကောင်းမို့..အခုအချိန်သာ ဧရာဝတီမြစ်ရေချိုးပွဲ ကျင်းပမှဖြစ်မယ်..မင်းသား”

ဆန်ဂျေးက သူ့ဖခင်ကို ကြည့်လိုက်သည်။

ဂါရစ်နာဝဇ်မှာ တွေဝေနေ၏။

“ခမည်းတော်..အင်းဝတပ်တွေ ကစဉ့်ကလျားဖြစ်နေတုန်း..မြို့ကို ဝိုင်းတာ ကောင်းမယ်ထင်ပါတယ်...အချိန်မရှိပါဘူး”

“ခရစ်သျှနားဘုရားသခင်ရဲ့ ခွင့်ပေးမှုကြောင့် သင် ဒီနေ့ ဒီနေရာမှာ အောင်ပွဲခံနိုင်တယ်လို့ မှတ်ပါ..မင်းကြီး...ဘုရားရဲ့ အလိုတော်ကို သင့်လောဘအတွက်နဲ့ မျက်ကွယ်မပြုသင့်ဘူး.. အခါတော်ကျပါပြီ”

ဂါရစ်နာဝဇ်က သူ၏ ဓါးကို ဓါးအိမ်တွင်းသို့ ထည့်လိုက်၏။

“အင်းဝကို ဆက်တက်ဖို့ ခဏဆိုင်းငံ့မယ်...ဒီနေ့ မြစ်ရေချိုးပွဲကို ပရောဟိတ်ကြီး နဲ့ အဖွဲ့က စီစဉ်ပေးပါ”

ဆန်ဂျေးမှာ အံကိုကြိတ်လိုက်သည်။

“ခမည်းတော်..စဉ်းစားပါဉီး..ရန်သူက ပြင်ဆင်ချိန်ရသွားလိမ့်မယ်..တကယ်တမ်း လက်နက်အင်အားနဲ့ ရေရှည်စစ်ဆိုရင် အင်းဝကို သားတော်တို့ တိုက်ဖို့ မလွယ်ပါဘူး...ပြီးတော့ ဟံသာဝတီဘက်က တပ်ကူ ရောက်လာပြီဆို သာပြီး ဆိုးဖို့ပဲရှိပါမယ်....အခု ကိစ္စအမြန်ဖြတ်ပါ..ပြီးရင် သားတော်ရဲ့ ဇနီး နားလဲ ရှိရာ မတ္တရာကို အလျင်သွားပြီး ခေါ်ဖို့....”

“တော်စမ်း...သားတော်......ငါတို့က အခု စစ်တိုက်နေတာ..စစ်မှန်တဲ့ ဟိန္ဒူအယူဝါဒအတွက် ပန်ဟေဘာမင်းမြတ်က စစ်တိုက်နေတာ.... ဘုရားအလိုတော်ရှိရင် အင်းဝကို ဘယ်အချိန်တိုက်တိုက် ငါတို့ရမှာပဲ..မင်းရဲ့ သားမယားကိစ္စကို ရှေ့တန်းတင်ပြီး ငါ့ကို မအပ်မရာအကြံတွေမပေးနဲ့....ဘုရားသခင်ထက် မိန်းမတစ်ယောက်က အရေးကြီးလို့လား”

“သူ့မှာ ကိုယ်ဝန်နဲ့..ခမည်းတော်..သားတော်ရင်သွေးလေး သူ့မှာရှိနေတယ်.ပြီးတော့...အင်းဝကိုသိမ်းပြီးရင်သူ့ကို ခေါ်ခွင့်ပေးမယ်လို့ ခမည်းတော် ကတိပေးထားတယ်မဟုတ်လား”

“မင်း ရင်သွေးလေး သူ့မှာ မရှိတော့ဘူး”

“ဗျာ...ခမည်းတော်.ဘာပြောလိုက်တာလဲ”

“စစ်တိုက်နေချိန် မင်းစိတ်အနှောက်အယှက်ဖြစ်မှာစိုးလို့ ငါ မပြောခဲ့တာ..သားတော်...ငါတို့ စစ်ဆုတ်တဲ့ ခရီးလမ်းက ကြမ်းလွန်းလို့ထင်ရဲ့...သူကိုယ်ဝန်ပျက်ကျသွားတယ်”

“ဟာ..နားလဲ..နားလဲရော..ဘာဖြစ်သွားသေးလဲ”

“သူကတော့ ဘာမှမဖြစ်ပါဘူး...ကလေးလည်း ပျက်သွားတော့ သူ့ဒေသကို ပြန်ပါရစေဆိုပြီး ပြောြပီး  ပြန်သွားတာပဲ”

“မဖြစ်နိုင်ဘူး...မဖြစ်နိုင်ဘူး..ခမည်းတော်”

“သမားတော်ကြီးရော..အမတ်ကြီးမဟာသျှန်သီပါ ဒီကိစ္စကို သိတယ်...မင်းသူတို့ကိုသာသွားမေးကြည့်တော့..ကဲ ဒါပဲ...စစ်ကိုင်းမြစ်ဆိပ်ကို တပ်တွေ ပတ်ချာလည် ချဖို့ စီစဉ်တော့..ညနေ အခါတော်မှာ ငါတို့ ရေချိုးဆင်းကြမယ်”

ဂါရစ်နာဝဇ် က မြင်းပေါ်သို့ တက်ကာ ကောင်းမှုတော်ဘုရားဝန်းအတွင်းသို့ ဝင်သွား၏။

ဆန်ဂျေးသည် မုခ်ဉီးဝတွင် မတ်တပ်ရပ်လျက်ကျန်ရစ်။

နေကား မွန်းတည့်ချိန်မို့ ပူလှပြီ။

................................................................................................

မဟာဓမ္မရာဇာဓိပတိသည် စစ်ကိုင်းတစ်ဖက်ကမ်းဆီမှ မီးတောက်မီးခိုးများကို နန်းမြင့်မျှော်စင်မှ ကြည့်နေသည်။

“ဘထွေးတော်နှင့် တပ်များ စစ်ကိုင်းကို လက်လွှတ်ခဲ့ရပါပြီ”

အကြီးတော်ပဒေသရာဇာ၏ အသံက ခပ်တိုးတိုး။

ရှင်ဘုရင်၏ နှုတ်ခမ်းတို့ တဆတ်ဆတ်တုန်နေသည်။ အသက်ရှုသံများ မြန်လာ၏။

“ကိုယ်တော်မြတ်ရဲ့ ဘိုးဘေးတွေ တည်ခဲ့တဲ့ ကောင်းမှုတွေကို မီးတိုက်ကြတာထင်ရဲ့”

“မှန်ပါ....တဖက်ကမ်းက ကူးပြေးလာသူတွေ စကားအရတော့ လေးထပ်ကျောင်းဆောင်ကြီး ပြာကျသွားပါပြီတဲ့”

“ဒါ...သင်းတို့ အမှုတော်ကို‌ ပေါ့လျော့ခဲ့လိုသာပဲ..တောက်”

မဟာဓမ္မရာဇာဓိပတိက အံကြိတ်ကာ တောက်ခေါက်လိုက်သည်။

“နာခံတော် မောင်မြတ်စံ ကို ခေါ်ပါလေ..အကြီးတော်”

နာခံတော် မောင်မြတ်စံ ရောက်လာ၏။

“ထန်းဖူးရွက် အသင့်ပါရဲ့လား..မောင်မြတ်စံ”

“ပါပါတယ်..ဘုရား”

“သေချာ နားခံပြီးရေးစမ်း..ရွှေနန်းရှင် မဟာဓမ္မရာဇာဓိပတိ အမိန့်တော်ရှိသည်။ ကသည်းစော်ဘွားဟုံငယ် ၏ ထောင်ထားထိပါးမှုတွင် မင်းရဲကျော်ခေါင်ဘွဲ့ခံ ကိုးသိန်းသခင်မင်းခေါင်နှင့် တပ်မှူးများဖြစ်သော မင်းရဲရာဇသူ ၊ မင်းရဲဇေယျသူတို့သည် အမှုတော်ကို လစ်လပ်လျော့ပေါ့စွာ ထမ်းဆောင်ခဲ့သည့်အတွက် တွေ့ရာအရပ်တွင် သတ်စေ”

မောင်မြတ်စံမှာ ရေးလက်စ လက်တို့ တုန်ရီသွားသည်။

မဟာဓမ္မရာဇာဓိပတိအား မဝံ့မရဲဖြင့် မော့ကြည့်၏။ နဘေးနားမှ ဝန်ကြီးပဒေသရာဇာပင် ပါးစပ်အဟောင်းသားဖြင့်။

“ရွှေနန်းရှင်ဘုရား..ဆင်ခြင်တော်မူပါဉီး”

မဟာဓမ္မရာဇာဓိပတိ က ပဒေသရာဇာ၏ စကားကို မသိကျိုးကျွန်ပြုလိုက်သည်။

“အကြီးတော်..ည ညီလာခံမှာ ကိုရွှေဖြိုးကို ကိုယ်တော့်ဆီ သွင်းစမ်းပါလေ့.... ဒီအရေးမှာ သူဘာတွေများ စီစဉ်ထားသလဲပေါ့”

ပဒေသရာဇာက ခေါင်းကို ခါယမ်းလိုက်သည်။

“သူ့ဆီက ဘာအကြံဉာဏ်မှ ထွက်လာမယ့် မထင်ဘူး..ဘုရား...အင်းဝမြို့ထဲ တရားရုံးတွေဆီကလည်း တိုင်စာတွေ ပလူကောင်လို ပျံနေကြပြီ...စစ်အရေးမှာလည်း သူမကျွမ်းကျင်တော့ကာ”

မဟာဓမ္မရာဇာဓိပတိက လက်ကာပြလိုက်သည်။

“အင်း..တော်ပြီ...အကြီးတော်..တော်ပြီ...ဒီအချိန် ကိုပု ရှိနေရင် ကျုပ် အားကိုးရမှာ”

မဟာဓမ္မရာဇာဓိပတိက ဝန်ကြီးဉီးပုကို ကွပ်မျက်ခဲ့ရာ ဧရာဝတီမြစ်ညာဆီသို့ လှမ်းငေးကြည့်လိုက်၏။

အဝေးမှ မြစ်ပြင်သည် ရွှေရောင်လက်နေသည့် သင်ဖြူးတချပ်အလား။

....................................................................................................

မီးတိုင်များ၏ အလင်းရောင်အောက်တွင် အင်းဝဆိပ်ကမ်းသည် တိတ်ဆိတ်နေ၏။

တဖက်ကမ်းစစ်ကိုင်းတွင် ရှိနေသော ကသည်းတပ်ကြီးက အချိန်မရွေး အင်းဝသို့ ရောက်လာနိုင်သဖြင့် ပြည်သူအများစုမှာ လုံခြုံသော ကျုံးမြို့ရိုးအတွင်းသို့ ဝင်သူက ဝင်ကုန်ကြပြီ။

ကျုံးမြို့ရိုးနှင့် မဆန့်တော့သော လူဉီးရေထူထပ်မှုကြောင့် အချို့မှာ မြို့ပြင်မှ အိမ်ကလေးများတွင်ပင် ငြိမ်ကုပ်နေကြရ၏။

ဆိပ်ကမ်း ပတ်ချာလည်တွင် သေနတ်ကိုင်၊ လှံကိုင်စစ်သည်များအပြည့်ချထားသည်။

မဟာဓမ္မရာဇာဓိပတိ၏ ဝေါယာဉ်ရောက်လာချိန်တွင် အားလုံးက အသင့်အနေအထား ပြင်ဆင်လိုက်ကြ၏။

ဘုရင်ကား ပတ္တမြားကျောက်စီဓားကို ဓားအိမ်လွတ် ကိုင်လာသည်။

လှေပေါ်မှ ဆင်းလာသော ကိုးသိန်းသခင်သည် ဘုရင့်ရှေ့အရောက်တွင် ဒူးထောက်ချလိုက်၏။

မဟာဓမ္မရာဇာဓိပတိက ကိုးသိန်းသခင်၏ လည်ဂုတ်ပေါ်သို့ ဓါးကို တင်လိုက်သည်။

“ဘထွေးတော်..ကိုယ့် ပေါ့လျော့မှု ကိုယ်သိရဲ့မဟုတ်လား”

ကိုးသိန်းသခင် ကား မတုန်လှုပ်သော မျက်နှာဖြင့် မော့ကြည့်လိုက်၏။

“ထားရင်လည်းနေ..သတ်ရင်လည်းသေရပါမယ့်..ကသည်းအရေးကို ရွှေနန်းရှင် လျော့မတွေးသင့်ဘူး ဆိုတာကို ရွှေပေါ်ကျွန်းမှာကတည်းက ကျွန်တော်မျိုး လျှောက်ထားခဲ့ပါတယ်...ဒါပေမယ့်..ရွှေနန်းရှင် အမိန့်အတိုင်း ဒီပဲရင်း၊ မြေတူး တို့မှာ ခံတပ်၊အင်အား အခုအခံအခိုင်အလုံနဲ့ ကျွန်တော်မျိုးတို့ စီးခံခဲ့ကြတာပါပဲ..ကသည်းတို့ဟာ ယခင်လိုမဟုတ်..စစ်ရေးမှာ ပါးနပ်လိမ္မာလာခဲ့ကြပါပြီ..ခံမြို့တွေကို မတိုက်ပဲ ရှောင်သွားပြီး စစ်ကိုင်းအထိ ပေါက်ရောက်လာခဲ့တာပါ..ကျွန်တော်မျိုး စစ်ကိုင်းသို့ အမှီလိုက်လာသော်လည်း ကသည်းစစ်ဉီးကိုတားဆီးရန် မမှီတော့ပါ..ခံမြို့များမှာလည်း ကြားတွင် ကသည်းတို့၏ ဖြတ်တောက်ပိတ်ဆို့ခြင်းခံလိုက်ရပါပြီ...ဒါကြောင့် အရှင့်ဖဝါးတော်အောက် အချိန်မီ မလျှောက်နိုင်ခဲ့ခြင်းပါ”

“နင်တို့ ယောက်ျားမဟုတ်လော..ကိုယ့်အပြစ်ကို ဆင်ခြေတွေနဲ့ ကာတာ မရှက်လော”

ကိုးသိန်းသခင်က သူ့ကုပ်ပိုးပေါ်တင်ထားသော ဓါးကို လက်ဖြင့် ဖိချလိုက်၏။

“ကျွန်တော်မျိုးကို သတ်ပါ..အရှင်...ဒီကိစ္စမှာ တာဝန်အရှိဆုံး စစ်သူကြီးက ကျွန်တော်မျိုးပါ.. အာဏာအရှိဆုံးလူဟာ တာဝန်အရှိဆုံးပါပဲ.. အောက်က တပ်မှူး၊ စစ်ကဲများကို အသက်ချမ်းသာပေးပါ... ကျွန်တော်မျိုး ကိုပဲ ဒီနေရာတင် လက်သုံးတော်နဲ့ စီရင်ပါ”

ကိုးသိန်းသခင်၏ စကားကြောင့် မဟာဓမ္မရာဇာဓိပတိမှာ ခေတ္တမျှတွေဝေသွားသည်။

ထိုအချိန်တွင် နောက်ထပ် ဝေါယာဉ်နှစ်စင်းရောက်လာ၏။

ကိုးသိန်းသခင်၏ ကြင်ယာတော် လောင်းရှည်မင်းသမီးကြီး။ သူ့နောက်တွင် မဟာဓမ္မရာဇာဓိပတိ ၏ အချစ်တော် မြောက်နန်းလင်ဇင်းမိဖုရား။

လောင်းရှည်မင်းသမီးသည် ဆံထုံများကို ဖြည်ချလိုက်ကာ ဆံပင်ဖားလျားဖြင့် ရှင်ဘုရင်၏ ခြေအောက်တွင် ဝပ်တွားလိုက်၏။

“သည်းခံတော်မူပါ..ဘုရား...ကိုးသိန်းသခင်နဲ့ အရှင့်ရဲ့ ဖခမည်းတော်ဟာ တဖအေတည်းက မွေးလာတဲ့ သူတွေပါ..ဘုရား...သည်းခံတော်မူပါဉီးဘုရား”

မဟာဓမ္မရာဇာဓိပတိသည် သက်ပြင်းချကာ စစ်ကိုင်းဘက်ဆီသို့ ကြည့်လိုက်သည်။

လင်ဇင်းမိဖုရားလေး က လက်အုပ်ချီလျက် မျက်ရည်များဝိုင်းနေ၏။

“ကဲ....ကျုပ်ရဲ့ နန်းစည်းစိမ်ကို ခင်ဗျားအသက်နဲ့ လဲပြီး ကာကွယ်ပါ..ဘထွေးတော်...သွားတော့..ခင်ဗျား ပေါ့လျော့ခဲ့တဲ့ကိစ္စ ခင်ဗျားကိုယ်တိုင် ဖြေရှင်းရမယ်...ကသည်းတွေကို ခင်ဗျားနိုင်အောင်တိုက်ပါ...ဒီတခါ ထပ်ရှုံးရင်တော့...ဧရာဝတီမြစ်ထဲကို ဘထွေးတော်ရဲ့ လက်ချောင်းသွေးတွေဖောက်ချမယ်”

မဟာဓမ္မရာဇာဓိပတိက ဝေါပေါ်သို့ တက်ကာ ပြန်လည်ထွက်ခွာသွား၏။

ထိုအခါမှ ကိုးသိန်းသခင်သည် မတ်တပ်ရပ်ကာ စစ်ကိုင်းဘက်ဆီသို့ အခြေအနေကို ကြည့်လိုက်သည်။

အစပိုင်းက လှေပေါ်တွင် ပုန်းကာအခြေအနေကြည့်နေကြသော တပ်မှူးနှစ်ဉီးကလည်း အနီးသို့ ရောက်လာ၏။

“သူတို့ အခုအချိန်ထိ ဒီဘက်ကမ်းကို ကူးမလာကြသေးဘူး..ကိုးသိန်းသခင်”

“မနက်မှ သူတို့ကူးမယ်ဆို.ငါတို့ အချိန်ရတယ်..လက်ဝဲဘယ နဲ့ ကမန်အမြှောက်စစ်သည်စု က အင်းဝမြို့ရိုးပေါ် ပြအိုးတိုင်းမှာ အမြှောက်ကြီးနှစ်လက်စီ တင်၊ အမြောက်သမား၊ ဆေး၊ ခဲယမ်းအစုံကို သူရဲခိုပေါ်အသင့်တင်ထားကြ၊ ပွဲလျက်၊ ရေနံတွေကို မြို့ထဲက ရသမျှ မြို့သားတွေကို ကြိုချက်ခိုင်းထား၊ မင်းရဲဇေယျသူ နဲ့ စစ်ကဲကြီးငချစ်ညို တို့ က သံချပ်ဝတ်ထားတဲ့ စစ်သည်တွေကို စိန်ပြောင်း၊ သေနတ်တွေနဲ့တကွ ဖောင်၊ လှေတွေပေါ် တင်ပြီး ကျောက်တစ်လုံးကနေ အိုးထိန်းမော်အထိ‌ လှေချင်းယှက်စောင့်၊ မြို့ထဲက ပိုတဲ့ အဝေးပစ်အမြှောက်ကြီးတွေကို ကမ်းနားတစ်လျှောက်ကို သယ်ဖို့ မင်းရဲရာဇသူ နဲ့ ငါက စီမံကြမယ်...သူတို့အလာကို ငါတို့ မစောင့်ဘူး...အာရုဏ်မတက်မီ ထိုးစစ်စမယ်”

တပ်မှူများက ကိုးသိန်းသခင်ကို လက်အုပ်ချီပြီး အသီးသီး ထွက်ခွာသွားကြသည်။

နောက်တစ်နေ့ နံနက် နေမထွက်မီ။

ညဉီးပိုင်းက ပြုလုပ်ခဲ့သည့် ဘုရင်မင်းမြတ်၏ မြစ်ရေချိုးသန့်စင်ပွဲနှင့်အတူ ကသည်းစစ်သားများမှာ အင်းဝသို့ သိမ်းပိုက်မည့် အကြိုအဖြစ် ပျော်ပွဲရွှင်ပွဲကျင်းပခဲ့ကြသည်။

စစ်ပွဲတွင်း ပင်ပန်းခဲ့သမျှကို စစ်ကိုင်းမြို့တွင်းမှ ရရှိသမျှ အရက်များဖြင့် အောင်ပွဲခံခဲ့ကြသဖြင့် ကင်းအချို့မှလွဲပြီး တပ်အားလုံး အိပ်မောကျနေကြသည်။

ဧရာဝတီမြစ်အတွင်းဆီမှ သေနတ်သံ၊ စိန်ပြောင်းသံများ ကျယ်လောင်စွာထွက်ပေါ်လာ၏။

ဂါရစ်နာဝဇ်သည် ညနေခင်းက ကမ်းနားကို မြင်ရသည့် ကုန်းမြင့်ပေါ်သို့ တက်လာသည်။

ကမ်းနားတွင် ရှိနေသော ကသည်းတို့၏ ဖောင်များ၊လှေများမှာ မီးဟုန်းဟုန်းတောက်လောင်နေကြသည်။

မင်းသားဆန်ဂျေးမှာ ထိုမြင်ကွင်းကို အံကြိတ်လျက်ကြည့်နေ၏။

“ဘယ်လိုဖြစ်ကုန်တာလဲ..သားတော်”

“မြစ်လယ်ကနေ စိန်ပြောင်းတွေနဲ့ ဖောင်တွေကို ပစ်ကြတာပဲ...အင်းဝကို ကူးဖို့ ဖောင်အားလုံးနီးပါး မီးလောင်ကုန်ပြီ”

“မင်းက ဒါကို ကြည့်ကောင်းကောင်းနဲ့ ကြည့်နေတာလား..တပ်မှူးတွေကို စု..စစ်ကိုင်းထဲက ရသမျှ သစ်၊ဝါးကို စုပြီး ဖောင်ထပ်ဖွဲ့ဖို့လုပ်..နေထွက်တာနဲ့ အင်းဝကို တိုက်မယ်”

“စစ်ကိုင်းတစ်မြို့လုံးကို ခမည်းတော်ပဲ မီးတိုက်ခိုင်းခဲ့ပြီလေ...သစ်တွေ၊ ဝါးတွေက ဟိုးဘက်တောင်ရိုးပေါ် တက်ခုတ်မှရတော့မယ်..ကျွန်တော်တို့ နောက်ကျသွားခဲ့တယ်...အင်း...ဘယ်တတ်နိုင်မလဲ.ဘုရားသခင်တွေ စီစဉ်တာပဲမဟုတ်လား..ခမည်းတော်”

ဆန်ဂျေးစကားကြောင့် ဂါရစ်နာဝဇ်၏ မျက်နှာမှာ တင်းမာသွားသည်။

“ငါ့ ယာယီတဲကို မင်းရယ်၊ စစ်သူကြီးချန်ဒရာမော်နီရယ်၊ အမတ်ကြီး မဟာသျှန်သီရယ် လာခဲ့ကြ”

ဂါရစ်နာဝဇ်က ကုန်းမြင့်ပေါ်မှ ဆင်းကာ ယာယီတဲနန်းဆီသို့ ပြန်လျှောက်လာ၏။

တဲနန်းဆီသို့ မရောက်မီတွင် အင်းဝဘက်ကမ်းဆီမှ ပြင်းထန်လှသော အမြောက်သံကြီးများထွက်ပေါ်လာသည်။

အမြောက်ဆံများက တဝုန်းဝုန်းကျလာ၏။

ယာယီတဲနန်းဆီသို့ ဂါရစ်နာဝဇ်ဝင်လိုက်ချိန်တွင် အမြောက်ဆံတစ်ခုက ခေါင်မိုးကို ဖောက်ကာ သူ၏ သလွန်ကို သွားထိမှန်သည်။

ယမ်းအစများက ဂါရစ်နာဝပ်ဇ်၏ မျက်နှာကို လာမှန်ကြ၏။

ထိုအချိန်တွင် ဆန်ဂျေးက ဖခင်ဖြစ်သူကို သိမ်းဖက်ကာ မြေကြီးတွင် ဝပ်ချလိုက်တော့သည်။

မြစ်ဘက်ခြမ်းဆီမှ စည်တော်ရွမ်းသံများ ကြားလိုက်ရပြီးသည့်နောက် အင်းဝစစ်သည်များ အပြည့်တင်ထားသော လှေဖောင်များသည် လှော်ခတ်လာသည်ကို တွေ့လိုက်ကြရသည်။

ကသည်းတပ်များမှာ ကစဉ့်ကလျားဖြစ်နေကြ၏။

“ငါကို့ထားခဲ့...တပ်တွေကို ကမ်းနားကဆုတ်မယ်..အင်းဝ အမြောက်တွေက ဒီအထိရောက်အောင် အားကောင်းတယ်...ခုခံဖို့မလွယ်ဘူး”

“ကျွန်တော်တို့ ဘယ်ကို ဆုတ်မလဲ..အမိန့်တော်ချပါ..ခမည်းတော်”

ဂါရစ်နာဝဇ်က သူ၏ ခါးကြားတွင် အမြဲဆောင်ထားသော မြေပုံလိပ်ကို ထုတ်လိုက်သည်။ လောင်ကျွမ်းနေကြသော မီးရောင်များအောက်မှ နေရာတစ်ခုကို ထောက်ပြလိုက်၏။

“ဒီ သလွန်ဖြူဆိုတဲ့ ရွာအထိ ဆုတ်ပြီး တပ်တွေကို ပြန်စုမယ်..တပ်မှူးအားလုံးကို ပြောလိုက်”

မကြာမီ ဂါရစ်နာဝဇ်၏ ကိုယ်ရံတော်တပ်ရောက်လာပြီးသည့်နောက် ရှေ့ဆုံးမှ ဆုတ်ခွာသွားကြသည်။

တညတာအချိန်အတွင်းတွင်ပင် စစ်ရေးချိန်ခွင်ကား ပြောင်းပြန်အချိုးကျသွားခဲ့၏။

လက်နက်အင်အားဖြင့် ဖိတိုက်သောအင်းဝတပ်များကြောင့် ကသည်းတပ်များမှာ အလဲလဲအပြိုပြို ဆုတ်ခွာခဲ့ရသည်။

သလွန်ဖြူရွာတွင် တပ်စုရာတွင် ကသည်းအင်အားမှာ လေးထောင်ခန့်သာ စုမိတော့၏။

အင်းဝတပ်များက တရကြမ်းလိုက်လာသည့်အပြင် ဒီပဲရင်း၊ မြေတူးတို့ဆီ ခံမြို့များနှင့်လည်း ပြန်လည်ချိတ်ဆက်မိသွားသဖြင့် ကသည်းတို့မှာ စစ်ဉီးနှစ်ဖက်ကြားပိတ်မိမည်ကို စိုးရိမ်ကြသည်။

ထို့ကြောင့် မဏိပူရတပ်ကြီးမှာ ကလေးတမူလွင်ပြင်ဆီသို့ အပြေးအလွှားပြန်လည်ဆုတ်ခွာသွားကြရတော့၏။

မင်းသားဆန်ဂျေးသည် ကုန်းမြင့်တစ်ခုပေါ်မှ ဧရာဝတီမြစ်လယ်ကျွန်းလေးဆီ သမင်လည်ပြန် လှမ်းငေးကြည့်နေသည်။

“မောင်..မင်းဆီ ရောက်အောင် ပြန်လာမယ်..နားလဲ”

ခပ်ဝေးဝေးဆီမှ သေနတ်သံတစ်ချက် ကို ကြားလိုက်ရသည်။

..........................................................................................................................

ခပ်ဝေးဝေးဆီမှ သေနတ်သံတစ်ချက်ကြောင့် ဟံသာဝတီအနောက်ဖက် ရသေ့မြို့တောတန်းဆီမှ မျောက်အော်သံများ ဆူညံသွားကြသည်။

မီလပ်စ်က သူ့လက်ထဲမှ အငွေ့မပျယ်သေးသော ပစ္စတိုသေနတ်ကို လွီဇာ၏ လက်သို့ ပေးလိုက်သည်။

“ဒါ ဖလင့်တလော့ပစ္စတိုလို့ခေါ်တယ်..အင်္ဂလိပ်တွေကတော့.နဂါးလေး လို့လည်း တင်စားကြတာပေါ့...ယမ်းထိုးပုံ ထိုးနည်းကတော့ ခုန ကျွန်တော်ပြတဲ့အတိုင်းပဲ လွီဇာ လုပ်ကြည့်မလား”

အင်္ဂလန်နိုင်ငံထုတ် Flintlock အမျိုးအစားပစ္စတိုသေနတ်လေးကို လွီဇာက သေချာကိုင်ကြည့်လိုက်သည်။

“လက်ကိုင်ရိုးက အိန္ဒိယဆင်စွယ်လဲတပ်ထားတာ...ကျွန်တော်က လူသတ်လက်နက်တောင် အဲ့ဒီလို အလှအပလေးမှ ကြိုက်တာ..ဘယ့်နှယ့်လဲ ကိုင်ရတာရော အဆင်ပြေရဲ့လား”

လွီဇာက မီလပ်စ် ပြထားသည့်အတိုင်း သေနတ်ပြောင်းအရှေ့ဘက်မှ ယမ်းမှုန့်ထည့်လိုက်သည်။ ထို့နောက် ခဲသီးကို အဝတ်စငယ်နှင့် ခံကာ ပစ္စတိုပြောင်းဝတွင် ထည့်လိုက်၏။ မီးလပ်စ်ကမ်းပေးသည့် ကျည်ထိုးတံဖြင့် ခဲသီးကို ထိုးထည့်လိုက်သည်။

ထို့နောက် အနောက်ဘက်အပေါက်မှ သေနတ်ကို မီးကူးစေလိုက်သည်။

“ဘယ်လက်ကို ဖြောင့်..အားထည့်ပြီး ကိုင်ထား..ကိုယ်ပစ်မယ့်နေရာကို ရှေ့က ချိန်သီးနဲ့ ကိုယ်မျက်လုံးနဲ့ တတန်းထဲဖြစ်အောင်ထား..ပြီးရင် လက်ညှိးလေးကို ကွေးချလိုက်တော့”

“ဖောင်း”

ပစ္စတို၏ တွန်ကန်အားကြောင့် အနောက်ဖက်တွင် ယမ်းငွေ့များ အူထသွားသည်။

“အဟွတ်..အဟွတ်”

မီလပ် က လွီဇာ့ကို သူ၏ လက်ကိုင်ပုဝါအဖြူရောင်လေး ကမ်းပေးလိုက်၏။

လွီဇာက ပစ္စတိုကို လက်တစ်ဖက်ဖြင့် ကိုင်ကာ ကျန်တစ်ဖက်က လက်ကိုင်ပုဝါကိုယူပြီး သူမ၏ နှာခေါင်းကို အုပ်လိုက်သည်။

လက်ကိုင်ပုဝါလေးထံမှ သင်းပျံ့သောအနံ့တစ်ခုကို လွီဇာ ခံစားလိုက်ရသည်။

“ဒီတချက်နဲ့ဆို လူကို သေနိုင်လား..မီလပ်စ်”

“ချက်ကောင်းကို ထိဖို့လိုတယ်..သေနတ်ရယ်...သိပ်လှတဲ့ မိန်းကလေးတွေရယ်က ချက်ကောင်းထိရင် လူကို သေတတ်တယ်ဗျ”

မီလပ်စကားကြောင့် လွီဇာက ခပ်ဟဟလေး ရယ်လိုက်သည်။

“ရှင်က စစ်ဗိုလ်မဟုတ်ပဲ..ကဗျာဆရာဖြစ်လာရမှာ..ပြင်သစ်မှာဆိုရင်တော့ ရှင့်ရုပ်ရည်နဲ့ ရှင့်အပြောတွေနဲ့ ကောင်မလေးတွေ ကြိုက်ကြမှာပဲ”

မီလပ်စ်က ပြုံးလိုက်သည်။

“အင်းဝသူပေါ်တူဂီမလေးကရော..မကြိုက်ဘူးလားဗျ..ကျွန်တော်က သူ့ကိုပဲ ကြိုက်စေချင်တာ”

လွီဇာက ပစ္စတိုသေနတ်ကို မီလပ်စ်၏ နဖူးကို ထောက်လိုက်သည်။

“အခုဆို..အင်းဝသူ လွီဇာ နဲ့ သေနတ်ပေါင်းမိသွားပြီ...ရှင် မကြောက်ဘူးလား”

“ဟား...ဟား”

မီလပ်စ်က သဘောတကျဖြင့် လွီဇာ၏ သေနတ်ကိုင်ထားသောလက်ကို အုပ်ကိုင်လိုက်၏။

လွီဇာက မီလပ်စ်၏ ညို့သကျည်းကို အားဖြင့် ကန်လိုက်သဖြင့် မီလပ်စ်မှာ အားခနဲ အော်ကာ လဲကျသွားတော့သည်။

“သေနတ်လိုပဲ..ကျွန်မကလည်း အန္တရာယ်ရှိတယ်..မီလပ်စ်..သေချာကိုင်တွယ်တတ်ဖို့လိုတယ်”

လွီဇာက ဆင်စွယ်ရိုးတပ်ပစ္စတိုသေနတ်ကို နောက်တကြိမ် ယမ်းမှုန့်ထည့်ကာ လေကျင့်ပစ်ခတ်ရန် ပြင်ဆင်လိုက်သည်။

မီလပ်စ်သည် ပြင်သစ်သင်္ဘောများ ပြန်လည်မထွက်ခွာမီတွင် လွီဇာ နှင့်အတူ ဟံသာဝတီသို့ အလည်အပတ်လိုက်လာခြင်းဖြစ်သည်။

လွီဇာက မီလပ်စ် ထံတွင် သေနတ်ပစ်ခြင်းကို သင်ယူပြီး မီလပ်စ်ထဲမှ ပစ္စတိုသေနတ်တစ်လက်ကို လက်ဆောင်အဖြစ်တောင်းယူခဲ့သည်။

......................................................................................................

၁၇၄၀ ၊မေလ ၂၉ ရက်၊ ကြာသပတေးနေ့။

ဟံသာဝတီ၊ ခေါင်းဆေးကျွန်းကျောင်းတိုက်ရှေ့ရှိ တဲနန်းကြီးမှာ ခမ်းခမ်းနားနား။

မြို့ဝန်ဉီးသာအောင် ၏ သမီးဖြစ်သူ ရှင်မြတ်သာ၊ ရှင်မြတ်ဝါ တို့၏ နားထွင်မင်္ဂလာပွဲ။

ထူးဆန်းသည်မှာ တဲနန်းကြီးပတ်ချာလည်တွင် ဝါးကပ်များဖြင့် ထူထူထဲထဲ ကာရံထားခြင်းပင်။

ပတ္တလားသံ၊ မိကျောင်းတူရိယာသံများက သာသာယာယာထွက်ပေါ်နေ၏။

မဏ္ဏပ်ရှေ့တွင် ဆေးလိပ်ကမ်းသူ၊ လက်ဖက်ကမ်းသူ အပျိုတော်လေးများ ၏ အသံစာစာကလေးများ။

ဟံသာဝတီတစ်မြို့လုံးရှိ အုပ်ချုပ်ရေးအရာရှိများ၊ စစ်ရေးအရာရှိများ၊ သူဌေးသူကြွယ်၊ ကုန်သည်များ တက်ရောက်ကြသည်။

ဆင်ဝန်ဉီးအောင်လှ မိသားစုနှင့် အတူ လွီဇာလည်း ထိုပွဲသို့ တက်ရောက်လာ၏။

ဂမုန်းသည် အပျိုဖားဖားဖြစ်ပြီမို့ အလှပဆုံး ပြင်ဆင်ထားသည်။ တောတွင်းဆင်စခန်းများဆီမှ ရသော သစ်ခွပန်းများကို ခြင်းဖြင့်ထည့်ကာ မြို့ဝန်ကတော်အတွက် လက်ဆောင်အဖြစ် ယူလာကြသည်။

“ကိုယ်ရံတော်တပ်များ အထဲဝင်ချင်ရင် လက်နက်တွေကိုတော့ အပ်ခဲ့ပေးပါ”

ဟံသာဝတီမြို့ဝန်ဉီးသာအောင်၏ ယောက်ဖ ငမင်းအောင် သည် ရွှေချည်ထိုးခေါင်းပေါင်းကို ဝတ်လျက်၊ လက်နက်ကိုင်စစ်သည်အချို့ ခြံရံကာ မဏ္ဏပ်လုံခြုံရေးကို တာဝန်ယူနေသည်။

အင်းဝသို့ စစ်ကူပို့သည့်ကာလကတည်းက စုဆောင်းထာသည့် ကျေးလက်မှ မွန်စစ်သားအချို့ကို ဉီးသာအောင်က ငမင်းအောင်အား အုပ်ချုပ်ကာ သူ၏ ခါးပိုက်ဆောင်တပ်အဖြစ် ဖွဲ့စည်းထားခြင်းဖြစ်သည်။

လက်ျာဗိုလ် က သူ့တွင် ပါလာသော ဆောင်ဓါးကို ငမင်းအောင်ထံ အပ်လိုက်ပြီး

“ဘယ့်နှယ့်...ကိုရင်..ခင်ဗျားက နေ့ချင်းညချင်း စစ်ကဲကြီးပုံစံပေါက်လို့ပါလား..အင်းဝရွှေနန်းက အမှုတော်ထမ်းဖို့ စာချွန်တွေဘာတွေ ရောက်တာတော့ မကြားမိပါ့လား”

ငမင်းအောင်က သူ့ထက်အရပ်မြင့်သော လက်ျာဗိုလ်ကို မော့ကြည့်လိုက်သည်။

“နောက်တော့ ဖြစ်လာမှာပေါ့..တပ်မှူးရဲ့..ဟဲဟဲ”

ထိုစကားကို လက်ျာဗိုလ်က မျက်မှောင်ကြုံ့လိုက်သည်။

“ကဲ..အထဲကို သွားပါ..တပ်မှူး..အထဲမှာ မြို့ဝန်မင်းက မျှော်နေတာ”

မဏ္ဏပ်ထဲတွင် လူစုံတက်စုံ ရှိကြပြီဖြစ်သည်။

နားထွင်းမင်္ဂလာပြုမည့် မြို့ဝန်သမီးငယ်နှစ်ဉီး နှင့် ဗြဟ္မဏပုဏ္ဏားများပင် အဆင့်သင့်ဖြစ်နေကြပြီ။

ခပ်လှမ်းလှမ်းတွင် ဟံသာဝတီ၏ ထိပ်တန်းအရာရှိကြီးများဖြစ်သော ဆင်ဝန်ဉီးအောင်လှ ကျီဝန် ဉီးမောင်၊ ဉီးပေါ်ရဲ၊ စာရေးကြီး ထားကစား၊ အခွန်ဝန် ဉီးမောင်၊ နဲရွဲရွာသူကြီးကွန်းကလ တို့ ထိုင်နေကြသည်။

ဟံသာဝတီမြို့မှ မျက်နှာဖုံးသူဌေးသူကြွယ်များ၊ ကုန်သည်များကိုလည်း တွေ့ရသည်။

သန်လျင်မှ ဘာနာဘိုက်ဘုန်းတော်ကြီး ဖာသာဂါလီဇီယာ နှင့် ဖာသာမွန်ဒယ်လီတို့ကိုလည်း တွေ့ရသည်။

တဖက်ခြမ်းတွင် ဉီးအောင်လှမိသားစုနှင့်အတူ လွီဇာ တို့ ထိုင်နေကြ၏။

တပ်မှူးလက်ျားဗိုလ်က လွီဇာတို့ကို နှုတ်ဆက်ပြီးတောင် ဉီးအောင်လှတို့အနီးတွင် သွားရောက်ထိုင်သည်။

နားသမင်္ဂလာအစီအစဉ် စတင်ပြီဖြစ်သည်။

ရိုးရာအစဉ်အလာများအတိုင်း တဆင့်ခြင်းပြုလုပ်သွားခဲ့သည်။

ရှင်မြတ်သာ၊ ရှင်မြတ်ဝါတို့ နားထွင်းမင်္ဂလာပြုပြီးသည့်နောက် မဏ္ဏပ်အတွင်းမှ ထွက်ခွာသွားကြ၏။

ပရိသတ်မှာ အစားအသောက်များ ဧည့်ခံမည့်မဏ္ဏပ်သို့ ကူးရန် ပြင်ဆင်ကြသည်။

ထိုအချိန်တွင် ရုတ်တရက် မဏ္ဏပ်၏အရှေ့ဘက်တွင် အဲမောင်းလှံနှင့် ကာကိုင်ထားသော စစ်သည်များ ရောက်ရှိလာကြတော့သည်။

“အားလုံး ပြန်ထိုင်ပေးကြပါ..တစ်စုံတစ်ခုလုပ်မယ်ဆို ခင်ဗျားတို့ အသက်ကို တာဝန်မယူပါဘူး”

မြို့ဝန်ဉီးသာအောင်၏ အသံက ဟိန်းထွက်သွား၏။

ဆင်ဝန်ဉီးအောင်လှ နှင့် လက်ျာဗိုလ်တို့မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။

မြို့ဝန်၏ ဘက်တော်သားများဖြစ်ကြသော ကျီဝန် ဉီးမောင်၊ ဉီးပေါ်ရဲ၊ စာရေးကြီး ထားကစား၊ အခွန်ဝန် ဉီးမောင်၊ နဲရွဲရွာသူကြီးကွန်းကလ တို့မှာမူ ကြိုတင်သိနှင့်ပြီးဖြစ်သည့်အတွက် မတုန်လှုပ်ကြ။

“မိန်းမတွေ၊ကလေးတွေ အပြင်ကို ထွက်ပေးကြပါ”

ဉီးအောင်လှကတော်နှင့် ဂမုန်းတို့မှာ မျက်စိမျက်နှာများ ပျက်နေကြသည်။ လွီဇာက သူတို့နှစ်ဉီးကို ဖေးမကာ မဏ္ဏပ်တံခါးဝသို့ လိုက်ပို့၏။

“မင်း မပါဘူး..မင်းက အထဲ ပြန်ဝင်”

အပေါက်ဝမှ ငမင်းအောင်က လွီဇာကို ဓါးဖြင့် ရွယ်ကာ အထဲသို့ ပြန်ဝင်ခိုင်းလိုက်၏။

ဉီးအောင်လှက မတ်တပ်ထရပ်လိုက်သည်။

“မြို့ဝန်မင်း..ဒါဘာလုပ်တာလဲ”

“ခင်ဗျားတို့အားလုံးကို ကျုပ် ကို သစ္စာခံရမယ်..ခင်ဗျားတို့ကို သစ္စာရေတိုက်မလို့”

“ဘာဗျ”

ဉီးသာအောင် အနောက်ဖက်မှ စစ်သည်တစ်ဉီးထွက်လာပြီး ဆင်ဝန်ဉီးအောင်လှ၏ လည်ပင်းပေါ်သို့ ဓါးကို တင်ထားလိုက်သည်။

“အခု ဒီပွဲမှာ ရှိနေတဲ့ ယောက်ျားတွေ..ကျုပ်ကို သစ္စာမခံရင်...ဒီမဏ္ဏပ်ထဲက အသက်ရှင်လျက် တစ်ယောက်မှ မထွက်သွားရဘူးမှတ်..အကုန်ဇက်ဖြတ်ပစ်မယ်”

ဉီးသာအောင်၏ စကားအဆုံးတွင် မဏ္ဏပ်တစ်ခုလုံး တိတ်ဆိတ်သွားသည်။


ခက်ဇော်

အခန်း(၃၂) သဘက်ခါ

ဉာဏ်ပညာနဲ့ တော်လှန်။ ချစ်ခြင်းတရားဖြင့် တည်ဆောက်။

(Zawgyi)

AVA 1740s

                                            အခန္း(၃၁)    

                                ...............................................

ေဆာင္းနံနက္သည္ စိမ့္လွ၏။

ေအာင္ေဇယ်သည္ မနက္အေစာပိုင္းကတည္းက မုဆိုးဖိုပတ္ဝန္းက်င္႐ြာမ်ားသို႔အေျခအေနစနည္းနာရန္ ထြက္သြားၿပီျဖစ္သည္။

“ႏိုးၿပီလား”

ရွင္မိငယ္သည္ လြန္ခဲ့သည့္ညက ေအာင္ေဇယ်၏ ႏွမျဖစ္သူ ရွင္မင္းႏွင့္အတူ ညအိပ္ခဲ့ရသည္။

“ေရွ႕က မီးပုံမွာ မီးလႈံရင္း ငခ်ိတ္ေပါင္း သြားစားၾကစို႔လား”

မိငယ္သည္ ရွင္းမင္းေပးေသာ တမာသားတံပူကို ယူကာ သြားတိုက္လိုက္သည္။ ထို႔ေနာက္ အိမ္ေရွ႕တလင္းျပင္သို႔ ထြက္လာခဲ့၏။

လူငယ္တစ္စုက ခုတ္ထားေသာ ဝါးမ်ားကို တလင္းျပင္တြင္ စုပုံၾကသည္။

ခင္ယြန္းစံဉီးေဆာင္သည့္ မိန္းမတစ္စုက ထိုဝါးမ်ားကို ႏြားစာခြက္တစ္ခုအတြင္းထည့္ထားေသာ အရည္မ်ားထဲသို႔ စိမ္ထည့္စိမ္ေနၾက၏။

“လာ...မိငယ္..မီးလႈံရင္း ေကာက္ညႇင္းေပါင္းစား”

ရွင္မင္းက မိငယ္ကို မီးပုံရွိရာ ဉီးေဆာင္ေခၚသြား၏။

“အဲ့ဒါ ဘာလုပ္ေနၾကတာလဲ”

“တင္က်ည္းတုတ္လုပ္ဖို႔ ဝါးေတြကို ႏြားေသးစိမ္ေနတာေလ”

“တင္က်ည္းတုတ္ ေတြ အမ်ားႀကီးပဲ ဘာလုပ္မလို႔လဲ”

“အကိုႀကီးေအာင္ေဇယ်က နဲ႔ သူ႔လူေတြ ႐ြာကာကြယ္ေရးအတြက္ဆိုၿပီး လုပ္ေနၾကတာေလ...ကသည္းေတြက အခ်ိန္မေ႐ြး႐ြာကို ဝင္လာႏိုင္တယ္မဟုတ္လား..မိငယ္ရဲ႕”

ထိုအခ်ိန္တြင္ ခင္ယြန္းစံက မီးပုံနား လာထိုင္၏။

ေျမခရားထဲမွ ေရေႏြးၾကမ္းကို ခြက္ထဲသို႔ ငွဲ႔ထည့္လိုက္သည္။

မိငယ္က ခင္ယြန္းစံကို မဝံ့မရဲၾကည့္လိုက္သည္။

“မမခင္ယြန္း”

မိငယ္က သူ႔လက္ထဲမွ ပိုးခါးစည္းႀကိဳးေလးကို ခင္ယြန္းစံ ထံ ထိုးေပးလိုက္သည္။

“ဒါ ညီမ လုံးဝ မသုံးရေသးပါဘူး...ေမာင္ႀကီးေအာင္ေဇယ် က မမအတြက္ ဝယ္ခဲ့တာကို ညီမ မသိလို႔ ယူထားမိတာပါ”

ခင္ယြန္းစံက ပိုးခါးစည္းႀကိဳးကို ေသခ်ာစိုက္ၾကည့္ေနသည္။

“အဲ့ဒီႀကိဳးကို ဝယ္ခဲ့တာ..ဘယ္သူလဲ”

“ေမာင္ႀကီးေအာင္ေဇယ်ေလ”

“သူက ညည္းကို ေပးခဲ့တာမဟုတ္လား....ညည္းပဲယူထားပါ..တခ်ိဳ႕ကိစၥေတြက အစျပန္မေဖာ္တာ ေကာင္းတယ္”

“ညီမ ေတာင္းပန္ပါတယ္.....ညီမကို ဟိုးငယ္ငယ္ေလးကကတည္းက မုတၱမစစ္ပြဲထဲကေန ကြၽန္အျဖစ္ ဖမ္းလာၾကတာ..ညီမ မိဘေတြလည္း စစ္ပြဲမွာ ေသကုန္ၾကပါၿပီ.အဆင့္ဆင့္ေရာင္းစားခံရၿပီး ဒီအင္းဝကို ေရာက္လာရတာပါ.. ေမာင္ႀကီးက ညီမကို ကယ္တင္ခဲ့တယ္..တ႐ုတ္သူေဌးဆီ ေရာင္းစားခါနီးမွ ကြၽန္အျဖစ္က ကယ္ေပးခဲ့တာပါ..ညီမမွာလည္း အားကိုးရာက သူပဲရွိခဲ့တာမို႔..”

မိငယ္၏ အသံက တိမ္ဝင္သြားသည္။ ရွင္မင္းက မိငယ္၏ ပုခုံးကို ဖက္လိုက္၏။

ခင္ယြန္းစံက ထင္းစတစကို ယူကာ မီးပုံအတြင္းသို႔ ထိုးထည့္လိုက္သည္။

“ေတာ္ၿပီ..စိတ္မေကာင္းစရာေတြမေျပာနဲ႔ေတာ့..ငါ့လင္ရဲ႕ ေသြးသားက ညည္းကိုယ္ထဲမွာ..က်န္းက်န္းမာမာေမြးႏိုင္ေအာင္ဂ႐ုစိုက္..ငခ်ိတ္ေပါင္းစားလိုက္ဉီး”

ခင္ယြန္းစံက မိငယ္လက္ထဲမွ ပိုးခါးစည္ႀကိဳးကို ယူလိုက္သည္။

ထို႔ေနာက္ မီးပုံထဲသို႔ ပစ္ထည့္လိုက္၏။

“တခ်ိဳ႕ ျဖစ္ၿပီးသားကိစၥေတြက အတိတ္မွာ ထားခဲ့တာပဲေကာင္းတယ္...အၾကာႀကီး သိမ္းထားရင္..အၾကာႀကီး ပူေလာင္ရတယ္”

ခင္ယြန္းစံက မီးပုံအနားမွ ထထြက္သြားၿပီျဖစ္သည္။

......................................................................................................

စစ္ကိုင္းႏွင့္ အနီးဆုံးျဖစ္ေနေသာ ပဲကတိုး႐ြာခံတပ္ကို မင္းသားဆန္ေဂ်းခူရာလက္ပ ၏ တပ္မွ လက္ရသိမ္းပိုက္လိုက္ၿပီျဖစ္သည္။

အေနာက္မွ ကပ္လ်က္လိုက္လာေသာ ဂါရစ္နာဝဇ္၏ တပ္က အေျမာက္ငယ္မ်ားကို ပဲကတိုး႐ြာတြင္ ဆင္ၾကသည္။

ထို႔ေနာက္ ေကာင္းမႈေတာ္ဘက္မွတက္လာၾကေသာ ကုလားဝန္နႏၵေက်ာ္ထင္၏ တပ္မ်ားကို ပစ္ခတ္ၾကသည္။

နႏၵေက်ာ္ထင္၏ တပ္မ်ားက ေနာက္သို႔ ျပန္ဆုတ္ခ်ိန္တြင္ ဆန္ေဂ်း၏ တပ္မ်ားက ဖိ၍ လိုက္တိုက္ၾက၏။

ေပၚတူဂီေသနတ္ကိုင္တပ္သားမ်ား၊ အင္းဝအေျမႇာက္တပ္သားမ်ားက ဘုရားတံတိုင္းမ်ားေပၚထိ တက္ကာ ပစ္ခတ္ၾကေသာ္လည္း အင္အားခ်င္းက မမွ်ျဖစ္ေနသည္။

အေနာက္ဝန္ရာဇနႏၵ၏ တပ္မ်ား အင္းဝဘက္သို႔ စစ္ကူေရာက္လာၾကသျဖင့္ အက်အဆုံးက တန္းတူျဖစ္လာ၏။

ကသည္းတို႔မွာ ေကာင္းမႈေတာ္ဘုရားေရွ႕တြင္ အေလာင္းခ်င္းထပ္မွ် ျဖစ္ေနၾကသည္။

သို႔ေသာ္ စိတ္ဓာတ္တက္ႂကြေနေသာ မင္းသားဆန္ေဂ်းမွ ေရွ႕ဆုံးမွ ဉီးေဆာင္တိုက္ျပသျဖင့္ က်န္တပ္မႉးမ်ားကလည္း ေရွ႕သို႔သာဖိတိုက္ေန၏။

ပဲကတိုး႐ြာကို မီးတိုက္ၿပီးေနာက္ ထပ္မံလိုက္လာၾကေသာ ဂါရစ္နာဝဇ္၏ ကသည္းပင္မတပ္ႀကီး ေရာက္လာခ်ိန္တြင္ေတာ့ အင္းဝတပ္မ်ားမွာ ႏွစ္ဖက္ညႇပ္တိုက္ျခင္းခံရေတာ့သည္။

အေနာက္ဝန္ရာဇနႏၵက်ဆုံးၿပီး ကုလားဝန္မွာလည္း ဒဏ္ရာျပင္းထန္စြာရရွိသြား၏။

ေနာက္ဆုံးတြင္ ကသည္းတို႔၏ အေသခံဝင္တိုက္သည့္ဒဏ္ကို မခံႏိုင္ေတာ့ပဲ အင္းဝစစ္သည္တို႔မွာ ေကာင္းမႈေတာ္ခံတပ္ကို စြန႔္ခြာသြားၾကေတာ့သည္။

ေကာင္းမႈေတာ္ခံတပ္ပ်က္သည္ႏွင့္ စစ္ကိုင္းၿမိဳ႕တြင္းရွိေနေသာ ကိုးသိန္းသခင္မင္းေခါင္လည္း ျမစ္ငယ္အေရွ႕ဘက္ကြၽန္းေပၚသို႔ ေလွျဖင့္ ဆုတ္ခြာသြားေတာ့သည္။

ကသည္းတို႔သည္ ေကာင္းမႈေတာ္အပါအဝင္ စစ္ကိုင္းအႏွံ႔မွ ေ႐ႊေငြပစၥည္းဉစၥာမ်ားကို လိုက္လံသိမ္းဆည္းေနၾကသည္။

ဘုရားေစတီမ်ားမွ ေ႐ႊထည္၊ ေငြထည္၊ သံထည္မ်ားကိုလည္း စစ္ႏိုင္ဉစၥာပစၥည္းမ်ားအျဖစ္ ျဖဳတ္ယူၾက၏။

ပဋိကတ္တိုက္မွ ေပစာမ်ား၊ တန္ေဆာင္းငါးထပ္ေဝဠဳဝန္ဘုရားႀကီး၊ ေလးထပ္ေက်ာင္းေတာ္ႀကီးတို႔ကို မီးတိုက္ဖ်က္ဆီးၾကသည္။

ေသြးညႇီနံ႔မ်ား၊ မီးေလာင္ေညႇာ္နံ႔မ်ားႏွင့္ ညည္းညဴသံမ်ားၾကားတြင္ ဂါရစ္နာဝဇ္သည္ သူ၏ ျမင္းျဖဴႀကီးကို စီးလ်က္ ေကာင္းမႈေတာ္ဘုရား၏ မုခ္ဉီးဝသို႔ ေရာက္လာသည္။

“ေအာင္ၿပီ..အင္းဝကို မဏိပူရက ေအာင္ခဲ့ဖူးၿပီ....မဏိပူရဘုရင္ေတြထဲ ဓါးအထက္ဆုံးက ငါ ပန္ေဟဘာ ဂါရစ္နာဝဇ္မင္းပဲဆိုတာ ေဟာ့ဒီလို သက္ေသထူခဲ့ၿပီ”

ဂါရစ္နာဝဇ္က သူ၏ လက္ထဲမွ ဓါးေကာက္ျဖင့္ ေကာင္းမႈေတာ္ဘုရား အဝင္ သစ္သားတံခါးကို ခုတ္ထစ္လိုက္သည္။

ခဏအၾကာတြင္ မင္းသားဆန္ေဂ်းေရာက္လာ၏။

“ေဖာင္ေတြ ေလွေတြ ျမစ္ထဲမွာ အသင့္ျဖစ္ေနပါၿပီ..အင္းဝကို သားေတာ္တို႔ ဆက္ခ်ီၾကဖို႔ သင့္ပါၿပီ”

ထိုအခ်ိန္တြင္  ဟိႏၵဴပေရာဟိတ္ႀကီး မဟာပရဘူကုကၠလူ သည္ ငါးမန္းစြယ္ေဝါယာဥ္ႀကီးစီးလ်က္ ေရာက္လာသည္။

ထိုငါးမန္းစြယ္ေဝါယာဥ္ႀကီးမွာ ေကာင္းမႈေတာ္ဘုရားသို႔ သာသနာပိုင္ဆရာေတာ္ႀကီးမ်ား ႂကြေရာက္လွ်င္ စီးရန္ ရွင္ဘုရင္အဆက္ဆက္လႉထားသည့္ ေဝါယာဥ္ႀကီးမ်ားျဖစ္သည္။

မဟာပရဘူ ေရာက္လာလွ်င္ ဂါရစ္နာဝဇ္ က  ျမင္းေပၚမွ ဆင္းကာ လက္အုပ္ခ်ီလိုက္သည္။

“မင္းႀကီး....ျမင့္ျမတ္သန႔္စင္ေသာ ဧရာဝတီေရကို ခ်ိဳးရန္ အခါက်ၿပီ...သင္၏ အညစ္အေၾကးမ်ားကို အမိဧရာဝတီေရျဖင့္ ေဆးေၾကာကာ ဘုရားသခင္မ်ားထံ သင့္ကိုယ္သင့္အပ္ႏွံရန္ အခါက်ၿပီ”

“အင္းဝ ကို သိမ္းၿပီးတဲ့အခါမွ ျမစ္ေရခ်ိဳးပြဲကို လုပ္လို႔မရဘူးလား..ပေရာဟိတ္ႀကီး”

မင္းသားဆန္ေဂ်းက အလ်င္စလို ေမးလိုက္သည္။

“ေကာင္းကင္နကၡတ္ေတြ ရဲ႕ အသြားအလာနဲ႔ ကိုက္ညီလုပ္ရတာျဖစ္တယ္..အခုက မင္းႀကီးရဲ႕ ဘုန္းလက္႐ုန္းကို စၾကဝဠာထိပ်ံ႕ႏွံ႔ဖို႔ရာအခါေကာင္းမို႔..အခုအခ်ိန္သာ ဧရာဝတီျမစ္ေရခ်ိဳးပြဲ က်င္းပမွျဖစ္မယ္..မင္းသား”

ဆန္ေဂ်းက သူ႔ဖခင္ကို ၾကည့္လိုက္သည္။

ဂါရစ္နာဝဇ္မွာ ေတြေဝေန၏။

“ခမည္းေတာ္..အင္းဝတပ္ေတြ ကစဥ့္ကလ်ားျဖစ္ေနတုန္း..ၿမိဳ႕ကို ဝိုင္းတာ ေကာင္းမယ္ထင္ပါတယ္...အခ်ိန္မရွိပါဘူး”

“ခရစ္သွ်နားဘုရားသခင္ရဲ႕ ခြင့္ေပးမႈေၾကာင့္ သင္ ဒီေန႔ ဒီေနရာမွာ ေအာင္ပြဲခံႏိုင္တယ္လို႔ မွတ္ပါ..မင္းႀကီး...ဘုရားရဲ႕ အလိုေတာ္ကို သင့္ေလာဘအတြက္နဲ႔ မ်က္ကြယ္မျပဳသင့္ဘူး.. အခါေတာ္က်ပါၿပီ”

ဂါရစ္နာဝဇ္က သူ၏ ဓါးကို ဓါးအိမ္တြင္းသို႔ ထည့္လိုက္၏။

“အင္းဝကို ဆက္တက္ဖို႔ ခဏဆိုင္းငံ့မယ္...ဒီေန႔ ျမစ္ေရခ်ိဳးပြဲကို ပေရာဟိတ္ႀကီး နဲ႔ အဖြဲ႕က စီစဥ္ေပးပါ”

ဆန္ေဂ်းမွာ အံကိုႀကိတ္လိုက္သည္။

“ခမည္းေတာ္..စဥ္းစားပါဉီး..ရန္သူက ျပင္ဆင္ခ်ိန္ရသြားလိမ့္မယ္..တကယ္တမ္း လက္နက္အင္အားနဲ႔ ေရရွည္စစ္ဆိုရင္ အင္းဝကို သားေတာ္တို႔ တိုက္ဖို႔ မလြယ္ပါဘူး...ၿပီးေတာ့ ဟံသာဝတီဘက္က တပ္ကူ ေရာက္လာၿပီဆို သာၿပီး ဆိုးဖို႔ပဲရွိပါမယ္....အခု ကိစၥအျမန္ျဖတ္ပါ..ၿပီးရင္ သားေတာ္ရဲ႕ ဇနီး နားလဲ ရွိရာ မတၱရာကို အလ်င္သြားၿပီး ေခၚဖို႔....”

“ေတာ္စမ္း...သားေတာ္......ငါတို႔က အခု စစ္တိုက္ေနတာ..စစ္မွန္တဲ့ ဟိႏၵဴအယူဝါဒအတြက္ ပန္ေဟဘာမင္းျမတ္က စစ္တိုက္ေနတာ.... ဘုရားအလိုေတာ္ရွိရင္ အင္းဝကို ဘယ္အခ်ိန္တိုက္တိုက္ ငါတို႔ရမွာပဲ..မင္းရဲ႕ သားမယားကိစၥကို ေရွ႕တန္းတင္ၿပီး ငါ့ကို မအပ္မရာအႀကံေတြမေပးနဲ႔....ဘုရားသခင္ထက္ မိန္းမတစ္ေယာက္က အေရးႀကီးလို႔လား”

“သူ႔မွာ ကိုယ္ဝန္နဲ႔..ခမည္းေတာ္..သားေတာ္ရင္ေသြးေလး သူ႔မွာရွိေနတယ္.ၿပီးေတာ့...အင္းဝကိုသိမ္းၿပီးရင္သူ႔ကို ေခၚခြင့္ေပးမယ္လို႔ ခမည္းေတာ္ ကတိေပးထားတယ္မဟုတ္လား”

“မင္း ရင္ေသြးေလး သူ႔မွာ မရွိေတာ့ဘူး”

“ဗ်ာ...ခမည္းေတာ္.ဘာေျပာလိုက္တာလဲ”

“စစ္တိုက္ေနခ်ိန္ မင္းစိတ္အေႏွာက္အယွက္ျဖစ္မွာစိုးလို႔ ငါ မေျပာခဲ့တာ..သားေတာ္...ငါတို႔ စစ္ဆုတ္တဲ့ ခရီးလမ္းက ၾကမ္းလြန္းလို႔ထင္ရဲ႕...သူကိုယ္ဝန္ပ်က္က်သြားတယ္”

“ဟာ..နားလဲ..နားလဲေရာ..ဘာျဖစ္သြားေသးလဲ”

“သူကေတာ့ ဘာမွမျဖစ္ပါဘူး...ကေလးလည္း ပ်က္သြားေတာ့ သူ႔ေဒသကို ျပန္ပါရေစဆိုၿပီး ေျပာၿပီး  ျပန္သြားတာပဲ”

“မျဖစ္ႏိုင္ဘူး...မျဖစ္ႏိုင္ဘူး..ခမည္းေတာ္”

“သမားေတာ္ႀကီးေရာ..အမတ္ႀကီးမဟာသွ်န္သီပါ ဒီကိစၥကို သိတယ္...မင္းသူတို႔ကိုသာသြားေမးၾကည့္ေတာ့..ကဲ ဒါပဲ...စစ္ကိုင္းျမစ္ဆိပ္ကို တပ္ေတြ ပတ္ခ်ာလည္ ခ်ဖို႔ စီစဥ္ေတာ့..ညေန အခါေတာ္မွာ ငါတို႔ ေရခ်ိဳးဆင္းၾကမယ္”

ဂါရစ္နာဝဇ္ က ျမင္းေပၚသို႔ တက္ကာ ေကာင္းမႈေတာ္ဘုရားဝန္းအတြင္းသို႔ ဝင္သြား၏။

ဆန္ေဂ်းသည္ မုခ္ဉီးဝတြင္ မတ္တပ္ရပ္လ်က္က်န္ရစ္။

ေနကား မြန္းတည့္ခ်ိန္မို႔ ပူလွၿပီ။

................................................................................................

မဟာဓမၼရာဇာဓိပတိသည္ စစ္ကိုင္းတစ္ဖက္ကမ္းဆီမွ မီးေတာက္မီးခိုးမ်ားကို နန္းျမင့္ေမွ်ာ္စင္မွ ၾကည့္ေနသည္။

“ဘေထြးေတာ္ႏွင့္ တပ္မ်ား စစ္ကိုင္းကို လက္လႊတ္ခဲ့ရပါၿပီ”

အႀကီးေတာ္ပေဒသရာဇာ၏ အသံက ခပ္တိုးတိုး။

ရွင္ဘုရင္၏ ႏႈတ္ခမ္းတို႔ တဆတ္ဆတ္တုန္ေနသည္။ အသက္ရႈသံမ်ား ျမန္လာ၏။

“ကိုယ္ေတာ္ျမတ္ရဲ႕ ဘိုးေဘးေတြ တည္ခဲ့တဲ့ ေကာင္းမႈေတြကို မီးတိုက္ၾကတာထင္ရဲ႕”

“မွန္ပါ....တဖက္ကမ္းက ကူးေျပးလာသူေတြ စကားအရေတာ့ ေလးထပ္ေက်ာင္းေဆာင္ႀကီး ျပာက်သြားပါၿပီတဲ့”

“ဒါ...သင္းတို႔ အမႈေတာ္ကို‌ ေပါ့ေလ်ာ့ခဲ့လိုသာပဲ..ေတာက္”

မဟာဓမၼရာဇာဓိပတိက အံႀကိတ္ကာ ေတာက္ေခါက္လိုက္သည္။

“နာခံေတာ္ ေမာင္ျမတ္စံ ကို ေခၚပါေလ..အႀကီးေတာ္”

နာခံေတာ္ ေမာင္ျမတ္စံ ေရာက္လာ၏။

“ထန္းဖူး႐ြက္ အသင့္ပါရဲ႕လား..ေမာင္ျမတ္စံ”

“ပါပါတယ္..ဘုရား”

“ေသခ်ာ နားခံၿပီးေရးစမ္း..ေ႐ႊနန္းရွင္ မဟာဓမၼရာဇာဓိပတိ အမိန႔္ေတာ္ရွိသည္။ ကသည္းေစာ္ဘြားဟုံငယ္ ၏ ေထာင္ထားထိပါးမႈတြင္ မင္းရဲေက်ာ္ေခါင္ဘြဲ႕ခံ ကိုးသိန္းသခင္မင္းေခါင္ႏွင့္ တပ္မႉးမ်ားျဖစ္ေသာ မင္းရဲရာဇသူ ၊ မင္းရဲေဇယ်သူတို႔သည္ အမႈေတာ္ကို လစ္လပ္ေလ်ာ့ေပါ့စြာ ထမ္းေဆာင္ခဲ့သည့္အတြက္ ေတြ႕ရာအရပ္တြင္ သတ္ေစ”

ေမာင္ျမတ္စံမွာ ေရးလက္စ လက္တို႔ တုန္ရီသြားသည္။

မဟာဓမၼရာဇာဓိပတိအား မဝံ့မရဲျဖင့္ ေမာ့ၾကည့္၏။ နေဘးနားမွ ဝန္ႀကီးပေဒသရာဇာပင္ ပါးစပ္အေဟာင္းသားျဖင့္။

“ေ႐ႊနန္းရွင္ဘုရား..ဆင္ျခင္ေတာ္မူပါဉီး”

မဟာဓမၼရာဇာဓိပတိ က ပေဒသရာဇာ၏ စကားကို မသိက်ိဳးကြၽန္ျပဳလိုက္သည္။

“အႀကီးေတာ္..ည ညီလာခံမွာ ကိုေ႐ႊၿဖိဳးကို ကိုယ္ေတာ့္ဆီ သြင္းစမ္းပါေလ့.... ဒီအေရးမွာ သူဘာေတြမ်ား စီစဥ္ထားသလဲေပါ့”

ပေဒသရာဇာက ေခါင္းကို ခါယမ္းလိုက္သည္။

“သူ႔ဆီက ဘာအႀကံဉာဏ္မွ ထြက္လာမယ့္ မထင္ဘူး..ဘုရား...အင္းဝၿမိဳ႕ထဲ တရား႐ုံးေတြဆီကလည္း တိုင္စာေတြ ပလူေကာင္လို ပ်ံေနၾကၿပီ...စစ္အေရးမွာလည္း သူမကြၽမ္းက်င္ေတာ့ကာ”

မဟာဓမၼရာဇာဓိပတိက လက္ကာျပလိုက္သည္။

“အင္း..ေတာ္ၿပီ...အႀကီးေတာ္..ေတာ္ၿပီ...ဒီအခ်ိန္ ကိုပု ရွိေနရင္ က်ဳပ္ အားကိုးရမွာ”

မဟာဓမၼရာဇာဓိပတိက ဝန္ႀကီးဉီးပုကို ကြပ္မ်က္ခဲ့ရာ ဧရာဝတီျမစ္ညာဆီသို႔ လွမ္းေငးၾကည့္လိုက္၏။

အေဝးမွ ျမစ္ျပင္သည္ ေ႐ႊေရာင္လက္ေနသည့္ သင္ျဖဴးတခ်ပ္အလား။

....................................................................................................

မီးတိုင္မ်ား၏ အလင္းေရာင္ေအာက္တြင္ အင္းဝဆိပ္ကမ္းသည္ တိတ္ဆိတ္ေန၏။

တဖက္ကမ္းစစ္ကိုင္းတြင္ ရွိေနေသာ ကသည္းတပ္ႀကီးက အခ်ိန္မေ႐ြး အင္းဝသို႔ ေရာက္လာႏိုင္သျဖင့္ ျပည္သူအမ်ားစုမွာ လုံၿခဳံေသာ က်ဳံးၿမိဳ႕႐ိုးအတြင္းသို႔ ဝင္သူက ဝင္ကုန္ၾကၿပီ။

က်ဳံးၿမိဳ႕႐ိုးႏွင့္ မဆန႔္ေတာ့ေသာ လူဉီးေရထူထပ္မႈေၾကာင့္ အခ်ိဳ႕မွာ ၿမိဳ႕ျပင္မွ အိမ္ကေလးမ်ားတြင္ပင္ ၿငိမ္ကုပ္ေနၾကရ၏။

ဆိပ္ကမ္း ပတ္ခ်ာလည္တြင္ ေသနတ္ကိုင္၊ လွံကိုင္စစ္သည္မ်ားအျပည့္ခ်ထားသည္။

မဟာဓမၼရာဇာဓိပတိ၏ ေဝါယာဥ္ေရာက္လာခ်ိန္တြင္ အားလုံးက အသင့္အေနအထား ျပင္ဆင္လိုက္ၾက၏။

ဘုရင္ကား ပတၱျမားေက်ာက္စီဓားကို ဓားအိမ္လြတ္ ကိုင္လာသည္။

ေလွေပၚမွ ဆင္းလာေသာ ကိုးသိန္းသခင္သည္ ဘုရင့္ေရွ႕အေရာက္တြင္ ဒူးေထာက္ခ်လိုက္၏။

မဟာဓမၼရာဇာဓိပတိက ကိုးသိန္းသခင္၏ လည္ဂုတ္ေပၚသို႔ ဓါးကို တင္လိုက္သည္။

“ဘေထြးေတာ္..ကိုယ့္ ေပါ့ေလ်ာ့မႈ ကိုယ္သိရဲ႕မဟုတ္လား”

ကိုးသိန္းသခင္ ကား မတုန္လႈပ္ေသာ မ်က္ႏွာျဖင့္ ေမာ့ၾကည့္လိုက္၏။

“ထားရင္လည္းေန..သတ္ရင္လည္းေသရပါမယ့္..ကသည္းအေရးကို ေ႐ႊနန္းရွင္ ေလ်ာ့မေတြးသင့္ဘူး ဆိုတာကို ေ႐ႊေပၚကြၽန္းမွာကတည္းက ကြၽန္ေတာ္မ်ိဳး ေလွ်ာက္ထားခဲ့ပါတယ္...ဒါေပမယ့္..ေ႐ႊနန္းရွင္ အမိန႔္အတိုင္း ဒီပဲရင္း၊ ေျမတူး တို႔မွာ ခံတပ္၊အင္အား အခုအခံအခိုင္အလုံနဲ႔ ကြၽန္ေတာ္မ်ိဳးတို႔ စီးခံခဲ့ၾကတာပါပဲ..ကသည္းတို႔ဟာ ယခင္လိုမဟုတ္..စစ္ေရးမွာ ပါးနပ္လိမၼာလာခဲ့ၾကပါၿပီ..ခံၿမိဳ႕ေတြကို မတိုက္ပဲ ေရွာင္သြားၿပီး စစ္ကိုင္းအထိ ေပါက္ေရာက္လာခဲ့တာပါ..ကြၽန္ေတာ္မ်ိဳး စစ္ကိုင္းသို႔ အမွီလိုက္လာေသာ္လည္း ကသည္းစစ္ဉီးကိုတားဆီးရန္ မမွီေတာ့ပါ..ခံၿမိဳ႕မ်ားမွာလည္း ၾကားတြင္ ကသည္းတို႔၏ ျဖတ္ေတာက္ပိတ္ဆို႔ျခင္းခံလိုက္ရပါၿပီ...ဒါေၾကာင့္ အရွင့္ဖဝါးေတာ္ေအာက္ အခ်ိန္မီ မေလွ်ာက္ႏိုင္ခဲ့ျခင္းပါ”

“နင္တို႔ ေယာက္်ားမဟုတ္ေလာ..ကိုယ့္အျပစ္ကို ဆင္ေျခေတြနဲ႔ ကာတာ မရွက္ေလာ”

ကိုးသိန္းသခင္က သူ႔ကုပ္ပိုးေပၚတင္ထားေသာ ဓါးကို လက္ျဖင့္ ဖိခ်လိုက္၏။

“ကြၽန္ေတာ္မ်ိဳးကို သတ္ပါ..အရွင္...ဒီကိစၥမွာ တာဝန္အရွိဆုံး စစ္သူႀကီးက ကြၽန္ေတာ္မ်ိဳးပါ.. အာဏာအရွိဆုံးလူဟာ တာဝန္အရွိဆုံးပါပဲ.. ေအာက္က တပ္မႉး၊ စစ္ကဲမ်ားကို အသက္ခ်မ္းသာေပးပါ... ကြၽန္ေတာ္မ်ိဳး ကိုပဲ ဒီေနရာတင္ လက္သုံးေတာ္နဲ႔ စီရင္ပါ”

ကိုးသိန္းသခင္၏ စကားေၾကာင့္ မဟာဓမၼရာဇာဓိပတိမွာ ေခတၱမွ်ေတြေဝသြားသည္။

ထိုအခ်ိန္တြင္ ေနာက္ထပ္ ေဝါယာဥ္ႏွစ္စင္းေရာက္လာ၏။

ကိုးသိန္းသခင္၏ ၾကင္ယာေတာ္ ေလာင္းရွည္မင္းသမီးႀကီး။ သူ႔ေနာက္တြင္ မဟာဓမၼရာဇာဓိပတိ ၏ အခ်စ္ေတာ္ ေျမာက္နန္းလင္ဇင္းမိဖုရား။

ေလာင္းရွည္မင္းသမီးသည္ ဆံထုံမ်ားကို ျဖည္ခ်လိုက္ကာ ဆံပင္ဖားလ်ားျဖင့္ ရွင္ဘုရင္၏ ေျခေအာက္တြင္ ဝပ္တြားလိုက္၏။

“သည္းခံေတာ္မူပါ..ဘုရား...ကိုးသိန္းသခင္နဲ႔ အရွင့္ရဲ႕ ဖခမည္းေတာ္ဟာ တဖေအတည္းက ေမြးလာတဲ့ သူေတြပါ..ဘုရား...သည္းခံေတာ္မူပါဉီးဘုရား”

မဟာဓမၼရာဇာဓိပတိသည္ သက္ျပင္းခ်ကာ စစ္ကိုင္းဘက္ဆီသို႔ ၾကည့္လိုက္သည္။

လင္ဇင္းမိဖုရားေလး က လက္အုပ္ခ်ီလ်က္ မ်က္ရည္မ်ားဝိုင္းေန၏။

“ကဲ....က်ဳပ္ရဲ႕ နန္းစည္းစိမ္ကို ခင္ဗ်ားအသက္နဲ႔ လဲၿပီး ကာကြယ္ပါ..ဘေထြးေတာ္...သြားေတာ့..ခင္ဗ်ား ေပါ့ေလ်ာ့ခဲ့တဲ့ကိစၥ ခင္ဗ်ားကိုယ္တိုင္ ေျဖရွင္းရမယ္...ကသည္းေတြကို ခင္ဗ်ားႏိုင္ေအာင္တိုက္ပါ...ဒီတခါ ထပ္ရႈံးရင္ေတာ့...ဧရာဝတီျမစ္ထဲကို ဘေထြးေတာ္ရဲ႕ လက္ေခ်ာင္းေသြးေတြေဖာက္ခ်မယ္”

မဟာဓမၼရာဇာဓိပတိက ေဝါေပၚသို႔ တက္ကာ ျပန္လည္ထြက္ခြာသြား၏။

ထိုအခါမွ ကိုးသိန္းသခင္သည္ မတ္တပ္ရပ္ကာ စစ္ကိုင္းဘက္ဆီသို႔ အေျခအေနကို ၾကည့္လိုက္သည္။

အစပိုင္းက ေလွေပၚတြင္ ပုန္းကာအေျခအေနၾကည့္ေနၾကေသာ တပ္မႉးႏွစ္ဉီးကလည္း အနီးသို႔ ေရာက္လာ၏။

“သူတို႔ အခုအခ်ိန္ထိ ဒီဘက္ကမ္းကို ကူးမလာၾကေသးဘူး..ကိုးသိန္းသခင္”

“မနက္မွ သူတို႔ကူးမယ္ဆို.ငါတို႔ အခ်ိန္ရတယ္..လက္ဝဲဘယ နဲ႔ ကမန္အေျမႇာက္စစ္သည္စု က အင္းဝၿမိဳ႕႐ိုးေပၚ ျပအိုးတိုင္းမွာ အေျမႇာက္ႀကီးႏွစ္လက္စီ တင္၊ အေျမာက္သမား၊ ေဆး၊ ခဲယမ္းအစုံကို သူရဲခိုေပၚအသင့္တင္ထားၾက၊ ပြဲလ်က္၊ ေရနံေတြကို ၿမိဳ႕ထဲက ရသမွ် ၿမိဳ႕သားေတြကို ႀကိဳခ်က္ခိုင္းထား၊ မင္းရဲေဇယ်သူ နဲ႔ စစ္ကဲႀကီးငခ်စ္ညိဳ တို႔ က သံခ်ပ္ဝတ္ထားတဲ့ စစ္သည္ေတြကို စိန္ေျပာင္း၊ ေသနတ္ေတြနဲ႔တကြ ေဖာင္၊ ေလွေတြေပၚ တင္ၿပီး ေက်ာက္တစ္လုံးကေန အိုးထိန္းေမာ္အထိ‌ ေလွခ်င္းယွက္ေစာင့္၊ ၿမိဳ႕ထဲက ပိုတဲ့ အေဝးပစ္အေျမႇာက္ႀကီးေတြကို ကမ္းနားတစ္ေလွ်ာက္ကို သယ္ဖို႔ မင္းရဲရာဇသူ နဲ႔ ငါက စီမံၾကမယ္...သူတို႔အလာကို ငါတို႔ မေစာင့္ဘူး...အာ႐ုဏ္မတက္မီ ထိုးစစ္စမယ္”

တပ္မႉမ်ားက ကိုးသိန္းသခင္ကို လက္အုပ္ခ်ီၿပီး အသီးသီး ထြက္ခြာသြားၾကသည္။

ေနာက္တစ္ေန႔ နံနက္ ေနမထြက္မီ။

ညဉီးပိုင္းက ျပဳလုပ္ခဲ့သည့္ ဘုရင္မင္းျမတ္၏ ျမစ္ေရခ်ိဳးသန႔္စင္ပြဲႏွင့္အတူ ကသည္းစစ္သားမ်ားမွာ အင္းဝသို႔ သိမ္းပိုက္မည့္ အႀကိဳအျဖစ္ ေပ်ာ္ပြဲ႐ႊင္ပြဲက်င္းပခဲ့ၾကသည္။

စစ္ပြဲတြင္း ပင္ပန္းခဲ့သမွ်ကို စစ္ကိုင္းၿမိဳ႕တြင္းမွ ရရွိသမွ် အရက္မ်ားျဖင့္ ေအာင္ပြဲခံခဲ့ၾကသျဖင့္ ကင္းအခ်ိဳ႕မွလြဲၿပီး တပ္အားလုံး အိပ္ေမာက်ေနၾကသည္။

ဧရာဝတီျမစ္အတြင္းဆီမွ ေသနတ္သံ၊ စိန္ေျပာင္းသံမ်ား က်ယ္ေလာင္စြာထြက္ေပၚလာ၏။

ဂါရစ္နာဝဇ္သည္ ညေနခင္းက ကမ္းနားကို ျမင္ရသည့္ ကုန္းျမင့္ေပၚသို႔ တက္လာသည္။

ကမ္းနားတြင္ ရွိေနေသာ ကသည္းတို႔၏ ေဖာင္မ်ား၊ေလွမ်ားမွာ မီးဟုန္းဟုန္းေတာက္ေလာင္ေနၾကသည္။

မင္းသားဆန္ေဂ်းမွာ ထိုျမင္ကြင္းကို အံႀကိတ္လ်က္ၾကည့္ေန၏။

“ဘယ္လိုျဖစ္ကုန္တာလဲ..သားေတာ္”

“ျမစ္လယ္ကေန စိန္ေျပာင္းေတြနဲ႔ ေဖာင္ေတြကို ပစ္ၾကတာပဲ...အင္းဝကို ကူးဖို႔ ေဖာင္အားလုံးနီးပါး မီးေလာင္ကုန္ၿပီ”

“မင္းက ဒါကို ၾကည့္ေကာင္းေကာင္းနဲ႔ ၾကည့္ေနတာလား..တပ္မႉးေတြကို စု..စစ္ကိုင္းထဲက ရသမွ် သစ္၊ဝါးကို စုၿပီး ေဖာင္ထပ္ဖြဲ႕ဖို႔လုပ္..ေနထြက္တာနဲ႔ အင္းဝကို တိုက္မယ္”

“စစ္ကိုင္းတစ္ၿမိဳ႕လုံးကို ခမည္းေတာ္ပဲ မီးတိုက္ခိုင္းခဲ့ၿပီေလ...သစ္ေတြ၊ ဝါးေတြက ဟိုးဘက္ေတာင္႐ိုးေပၚ တက္ခုတ္မွရေတာ့မယ္..ကြၽန္ေတာ္တို႔ ေနာက္က်သြားခဲ့တယ္...အင္း...ဘယ္တတ္ႏိုင္မလဲ.ဘုရားသခင္ေတြ စီစဥ္တာပဲမဟုတ္လား..ခမည္းေတာ္”

ဆန္ေဂ်းစကားေၾကာင့္ ဂါရစ္နာဝဇ္၏ မ်က္ႏွာမွာ တင္းမာသြားသည္။

“ငါ့ ယာယီတဲကို မင္းရယ္၊ စစ္သူႀကီးခ်န္ဒရာေမာ္နီရယ္၊ အမတ္ႀကီး မဟာသွ်န္သီရယ္ လာခဲ့ၾက”

ဂါရစ္နာဝဇ္က ကုန္းျမင့္ေပၚမွ ဆင္းကာ ယာယီတဲနန္းဆီသို႔ ျပန္ေလွ်ာက္လာ၏။

တဲနန္းဆီသို႔ မေရာက္မီတြင္ အင္းဝဘက္ကမ္းဆီမွ ျပင္းထန္လွေသာ အေျမာက္သံႀကီးမ်ားထြက္ေပၚလာသည္။

အေျမာက္ဆံမ်ားက တဝုန္းဝုန္းက်လာ၏။

ယာယီတဲနန္းဆီသို႔ ဂါရစ္နာဝဇ္ဝင္လိုက္ခ်ိန္တြင္ အေျမာက္ဆံတစ္ခုက ေခါင္မိုးကို ေဖာက္ကာ သူ၏ သလြန္ကို သြားထိမွန္သည္။

ယမ္းအစမ်ားက ဂါရစ္နာဝပ္ဇ္၏ မ်က္ႏွာကို လာမွန္ၾက၏။

ထိုအခ်ိန္တြင္ ဆန္ေဂ်းက ဖခင္ျဖစ္သူကို သိမ္းဖက္ကာ ေျမႀကီးတြင္ ဝပ္ခ်လိုက္ေတာ့သည္။

ျမစ္ဘက္ျခမ္းဆီမွ စည္ေတာ္႐ြမ္းသံမ်ား ၾကားလိုက္ရၿပီးသည့္ေနာက္ အင္းဝစစ္သည္မ်ား အျပည့္တင္ထားေသာ ေလွေဖာင္မ်ားသည္ ေလွာ္ခတ္လာသည္ကို ေတြ႕လိုက္ၾကရသည္။

ကသည္းတပ္မ်ားမွာ ကစဥ့္ကလ်ားျဖစ္ေနၾက၏။

“ငါကို႔ထားခဲ့...တပ္ေတြကို ကမ္းနားကဆုတ္မယ္..အင္းဝ အေျမာက္ေတြက ဒီအထိေရာက္ေအာင္ အားေကာင္းတယ္...ခုခံဖို႔မလြယ္ဘူး”

“ကြၽန္ေတာ္တို႔ ဘယ္ကို ဆုတ္မလဲ..အမိန႔္ေတာ္ခ်ပါ..ခမည္းေတာ္”

ဂါရစ္နာဝဇ္က သူ၏ ခါးၾကားတြင္ အၿမဲေဆာင္ထားေသာ ေျမပုံလိပ္ကို ထုတ္လိုက္သည္။ ေလာင္ကြၽမ္းေနၾကေသာ မီးေရာင္မ်ားေအာက္မွ ေနရာတစ္ခုကို ေထာက္ျပလိုက္၏။

“ဒီ သလြန္ျဖဴဆိုတဲ့ ႐ြာအထိ ဆုတ္ၿပီး တပ္ေတြကို ျပန္စုမယ္..တပ္မႉးအားလုံးကို ေျပာလိုက္”

မၾကာမီ ဂါရစ္နာဝဇ္၏ ကိုယ္ရံေတာ္တပ္ေရာက္လာၿပီးသည့္ေနာက္ ေရွ႕ဆုံးမွ ဆုတ္ခြာသြားၾကသည္။

တညတာအခ်ိန္အတြင္းတြင္ပင္ စစ္ေရးခ်ိန္ခြင္ကား ေျပာင္းျပန္အခ်ိဳးက်သြားခဲ့၏။

လက္နက္အင္အားျဖင့္ ဖိတိုက္ေသာအင္းဝတပ္မ်ားေၾကာင့္ ကသည္းတပ္မ်ားမွာ အလဲလဲအၿပိဳၿပိဳ ဆုတ္ခြာခဲ့ရသည္။

သလြန္ျဖဴ႐ြာတြင္ တပ္စုရာတြင္ ကသည္းအင္အားမွာ ေလးေထာင္ခန႔္သာ စုမိေတာ့၏။

အင္းဝတပ္မ်ားက တရၾကမ္းလိုက္လာသည့္အျပင္ ဒီပဲရင္း၊ ေျမတူးတို႔ဆီ ခံၿမိဳ႕မ်ားႏွင့္လည္း ျပန္လည္ခ်ိတ္ဆက္မိသြားသျဖင့္ ကသည္းတို႔မွာ စစ္ဉီးႏွစ္ဖက္ၾကားပိတ္မိမည္ကို စိုးရိမ္ၾကသည္။

ထို႔ေၾကာင့္ မဏိပူရတပ္ႀကီးမွာ ကေလးတမူလြင္ျပင္ဆီသို႔ အေျပးအလႊားျပန္လည္ဆုတ္ခြာသြားၾကရေတာ့၏။

မင္းသားဆန္ေဂ်းသည္ ကုန္းျမင့္တစ္ခုေပၚမွ ဧရာဝတီျမစ္လယ္ကြၽန္းေလးဆီ သမင္လည္ျပန္ လွမ္းေငးၾကည့္ေနသည္။

“ေမာင္..မင္းဆီ ေရာက္ေအာင္ ျပန္လာမယ္..နားလဲ”

ခပ္ေဝးေဝးဆီမွ ေသနတ္သံတစ္ခ်က္ ကို ၾကားလိုက္ရသည္။

..........................................................................................................................

ခပ္ေဝးေဝးဆီမွ ေသနတ္သံတစ္ခ်က္ေၾကာင့္ ဟံသာဝတီအေနာက္ဖက္ ရေသ့ၿမိဳ႕ေတာတန္းဆီမွ ေမ်ာက္ေအာ္သံမ်ား ဆူညံသြားၾကသည္။

မီလပ္စ္က သူ႔လက္ထဲမွ အေငြ႕မပ်ယ္ေသးေသာ ပစၥတိုေသနတ္ကို လြီဇာ၏ လက္သို႔ ေပးလိုက္သည္။

“ဒါ ဖလင့္တေလာ့ပစၥတိုလို႔ေခၚတယ္..အဂၤလိပ္ေတြကေတာ့.နဂါးေလး လို႔လည္း တင္စားၾကတာေပါ့...ယမ္းထိုးပုံ ထိုးနည္းကေတာ့ ခုန ကြၽန္ေတာ္ျပတဲ့အတိုင္းပဲ လြီဇာ လုပ္ၾကည့္မလား”

အဂၤလန္ႏိုင္ငံထုတ္ Flintlock အမ်ိဳးအစားပစၥတိုေသနတ္ေလးကို လြီဇာက ေသခ်ာကိုင္ၾကည့္လိုက္သည္။

“လက္ကိုင္႐ိုးက အိႏၵိယဆင္စြယ္လဲတပ္ထားတာ...ကြၽန္ေတာ္က လူသတ္လက္နက္ေတာင္ အဲ့ဒီလို အလွအပေလးမွ ႀကိဳက္တာ..ဘယ့္ႏွယ့္လဲ ကိုင္ရတာေရာ အဆင္ေျပရဲ႕လား”

လြီဇာက မီလပ္စ္ ျပထားသည့္အတိုင္း ေသနတ္ေျပာင္းအေရွ႕ဘက္မွ ယမ္းမႈန႔္ထည့္လိုက္သည္။ ထို႔ေနာက္ ခဲသီးကို အဝတ္စငယ္ႏွင့္ ခံကာ ပစၥတိုေျပာင္းဝတြင္ ထည့္လိုက္၏။ မီးလပ္စ္ကမ္းေပးသည့္ က်ည္ထိုးတံျဖင့္ ခဲသီးကို ထိုးထည့္လိုက္သည္။

ထို႔ေနာက္ အေနာက္ဘက္အေပါက္မွ ေသနတ္ကို မီးကူးေစလိုက္သည္။

“ဘယ္လက္ကို ေျဖာင့္..အားထည့္ၿပီး ကိုင္ထား..ကိုယ္ပစ္မယ့္ေနရာကို ေရွ႕က ခ်ိန္သီးနဲ႔ ကိုယ္မ်က္လုံးနဲ႔ တတန္းထဲျဖစ္ေအာင္ထား..ၿပီးရင္ လက္ညႇိးေလးကို ေကြးခ်လိုက္ေတာ့”

“ေဖာင္း”

ပစၥတို၏ တြန္ကန္အားေၾကာင့္ အေနာက္ဖက္တြင္ ယမ္းေငြ႕မ်ား အူထသြားသည္။

“အဟြတ္..အဟြတ္”

မီလပ္ က လြီဇာ့ကို သူ၏ လက္ကိုင္ပုဝါအျဖဴေရာင္ေလး ကမ္းေပးလိုက္၏။

လြီဇာက ပစၥတိုကို လက္တစ္ဖက္ျဖင့္ ကိုင္ကာ က်န္တစ္ဖက္က လက္ကိုင္ပုဝါကိုယူၿပီး သူမ၏ ႏွာေခါင္းကို အုပ္လိုက္သည္။

လက္ကိုင္ပုဝါေလးထံမွ သင္းပ်ံ႕ေသာအနံ႔တစ္ခုကို လြီဇာ ခံစားလိုက္ရသည္။

“ဒီတခ်က္နဲ႔ဆို လူကို ေသႏိုင္လား..မီလပ္စ္”

“ခ်က္ေကာင္းကို ထိဖို႔လိုတယ္..ေသနတ္ရယ္...သိပ္လွတဲ့ မိန္းကေလးေတြရယ္က ခ်က္ေကာင္းထိရင္ လူကို ေသတတ္တယ္ဗ်”

မီလပ္စကားေၾကာင့္ လြီဇာက ခပ္ဟဟေလး ရယ္လိုက္သည္။

“ရွင္က စစ္ဗိုလ္မဟုတ္ပဲ..ကဗ်ာဆရာျဖစ္လာရမွာ..ျပင္သစ္မွာဆိုရင္ေတာ့ ရွင့္႐ုပ္ရည္နဲ႔ ရွင့္အေျပာေတြနဲ႔ ေကာင္မေလးေတြ ႀကိဳက္ၾကမွာပဲ”

မီလပ္စ္က ၿပဳံးလိုက္သည္။

“အင္းဝသူေပၚတူဂီမေလးကေရာ..မႀကိဳက္ဘူးလားဗ်..ကြၽန္ေတာ္က သူ႔ကိုပဲ ႀကိဳက္ေစခ်င္တာ”

လြီဇာက ပစၥတိုေသနတ္ကို မီလပ္စ္၏ နဖူးကို ေထာက္လိုက္သည္။

“အခုဆို..အင္းဝသူ လြီဇာ နဲ႔ ေသနတ္ေပါင္းမိသြားၿပီ...ရွင္ မေၾကာက္ဘူးလား”

“ဟား...ဟား”

မီလပ္စ္က သေဘာတက်ျဖင့္ လြီဇာ၏ ေသနတ္ကိုင္ထားေသာလက္ကို အုပ္ကိုင္လိုက္၏။

လြီဇာက မီလပ္စ္၏ ညိဳ႕သက်ည္းကို အားျဖင့္ ကန္လိုက္သျဖင့္ မီလပ္စ္မွာ အားခနဲ ေအာ္ကာ လဲက်သြားေတာ့သည္။

“ေသနတ္လိုပဲ..ကြၽန္မကလည္း အႏၲရာယ္ရွိတယ္..မီလပ္စ္..ေသခ်ာကိုင္တြယ္တတ္ဖို႔လိုတယ္”

လြီဇာက ဆင္စြယ္႐ိုးတပ္ပစၥတိုေသနတ္ကို ေနာက္တႀကိမ္ ယမ္းမႈန႔္ထည့္ကာ ေလက်င့္ပစ္ခတ္ရန္ ျပင္ဆင္လိုက္သည္။

မီလပ္စ္သည္ ျပင္သစ္သေဘၤာမ်ား ျပန္လည္မထြက္ခြာမီတြင္ လြီဇာ ႏွင့္အတူ ဟံသာဝတီသို႔ အလည္အပတ္လိုက္လာျခင္းျဖစ္သည္။

လြီဇာက မီလပ္စ္ ထံတြင္ ေသနတ္ပစ္ျခင္းကို သင္ယူၿပီး မီလပ္စ္ထဲမွ ပစၥတိုေသနတ္တစ္လက္ကို လက္ေဆာင္အျဖစ္ေတာင္းယူခဲ့သည္။

......................................................................................................

၁၇၄၀ ၊ေမလ ၂၉ ရက္၊ ၾကာသပေတးေန႔။

ဟံသာဝတီ၊ ေခါင္းေဆးကြၽန္းေက်ာင္းတိုက္ေရွ႕ရွိ တဲနန္းႀကီးမွာ ခမ္းခမ္းနားနား။

ၿမိဳ႕ဝန္ဉီးသာေအာင္ ၏ သမီးျဖစ္သူ ရွင္ျမတ္သာ၊ ရွင္ျမတ္ဝါ တို႔၏ နားထြင္မဂၤလာပြဲ။

ထူးဆန္းသည္မွာ တဲနန္းႀကီးပတ္ခ်ာလည္တြင္ ဝါးကပ္မ်ားျဖင့္ ထူထူထဲထဲ ကာရံထားျခင္းပင္။

ပတၱလားသံ၊ မိေက်ာင္းတူရိယာသံမ်ားက သာသာယာယာထြက္ေပၚေန၏။

မဏၰပ္ေရွ႕တြင္ ေဆးလိပ္ကမ္းသူ၊ လက္ဖက္ကမ္းသူ အပ်ိဳေတာ္ေလးမ်ား ၏ အသံစာစာကေလးမ်ား။

ဟံသာဝတီတစ္ၿမိဳ႕လုံးရွိ အုပ္ခ်ဳပ္ေရးအရာရွိမ်ား၊ စစ္ေရးအရာရွိမ်ား၊ သူေဌးသူႂကြယ္၊ ကုန္သည္မ်ား တက္ေရာက္ၾကသည္။

ဆင္ဝန္ဉီးေအာင္လွ မိသားစုႏွင့္ အတူ လြီဇာလည္း ထိုပြဲသို႔ တက္ေရာက္လာ၏။

ဂမုန္းသည္ အပ်ိဳဖားဖားျဖစ္ၿပီမို႔ အလွပဆုံး ျပင္ဆင္ထားသည္။ ေတာတြင္းဆင္စခန္းမ်ားဆီမွ ရေသာ သစ္ခြပန္းမ်ားကို ျခင္းျဖင့္ထည့္ကာ ၿမိဳ႕ဝန္ကေတာ္အတြက္ လက္ေဆာင္အျဖစ္ ယူလာၾကသည္။

“ကိုယ္ရံေတာ္တပ္မ်ား အထဲဝင္ခ်င္ရင္ လက္နက္ေတြကိုေတာ့ အပ္ခဲ့ေပးပါ”

ဟံသာဝတီၿမိဳ႕ဝန္ဉီးသာေအာင္၏ ေယာက္ဖ ငမင္းေအာင္ သည္ ေ႐ႊခ်ည္ထိုးေခါင္းေပါင္းကို ဝတ္လ်က္၊ လက္နက္ကိုင္စစ္သည္အခ်ိဳ႕ ၿခံရံကာ မဏၰပ္လုံၿခဳံေရးကို တာဝန္ယူေနသည္။

အင္းဝသို႔ စစ္ကူပို႔သည့္ကာလကတည္းက စုေဆာင္းထာသည့္ ေက်းလက္မွ မြန္စစ္သားအခ်ိဳ႕ကို ဉီးသာေအာင္က ငမင္းေအာင္အား အုပ္ခ်ဳပ္ကာ သူ၏ ခါးပိုက္ေဆာင္တပ္အျဖစ္ ဖြဲ႕စည္းထားျခင္းျဖစ္သည္။

လက္်ာဗိုလ္ က သူ႔တြင္ ပါလာေသာ ေဆာင္ဓါးကို ငမင္းေအာင္ထံ အပ္လိုက္ၿပီး

“ဘယ့္ႏွယ့္...ကိုရင္..ခင္ဗ်ားက ေန႔ခ်င္းညခ်င္း စစ္ကဲႀကီးပုံစံေပါက္လို႔ပါလား..အင္းဝေ႐ႊနန္းက အမႈေတာ္ထမ္းဖို႔ စာခြၽန္ေတြဘာေတြ ေရာက္တာေတာ့ မၾကားမိပါ့လား”

ငမင္းေအာင္က သူ႔ထက္အရပ္ျမင့္ေသာ လက္်ာဗိုလ္ကို ေမာ့ၾကည့္လိုက္သည္။

“ေနာက္ေတာ့ ျဖစ္လာမွာေပါ့..တပ္မႉးရဲ႕..ဟဲဟဲ”

ထိုစကားကို လက္်ာဗိုလ္က မ်က္ေမွာင္ႀကဳံ႕လိုက္သည္။

“ကဲ..အထဲကို သြားပါ..တပ္မႉး..အထဲမွာ ၿမိဳ႕ဝန္မင္းက ေမွ်ာ္ေနတာ”

မဏၰပ္ထဲတြင္ လူစုံတက္စုံ ရွိၾကၿပီျဖစ္သည္။

နားထြင္းမဂၤလာျပဳမည့္ ၿမိဳ႕ဝန္သမီးငယ္ႏွစ္ဉီး ႏွင့္ ျဗဟၼဏပုဏၰားမ်ားပင္ အဆင့္သင့္ျဖစ္ေနၾကၿပီ။

ခပ္လွမ္းလွမ္းတြင္ ဟံသာဝတီ၏ ထိပ္တန္းအရာရွိႀကီးမ်ားျဖစ္ေသာ ဆင္ဝန္ဉီးေအာင္လွ က်ီဝန္ ဉီးေမာင္၊ ဉီးေပၚရဲ၊ စာေရးႀကီး ထားကစား၊ အခြန္ဝန္ ဉီးေမာင္၊ နဲ႐ြဲ႐ြာသူႀကီးကြန္းကလ တို႔ ထိုင္ေနၾကသည္။

ဟံသာဝတီၿမိဳ႕မွ မ်က္ႏွာဖုံးသူေဌးသူႂကြယ္မ်ား၊ ကုန္သည္မ်ားကိုလည္း ေတြ႕ရသည္။

သန္လ်င္မွ ဘာနာဘိုက္ဘုန္းေတာ္ႀကီး ဖာသာဂါလီဇီယာ ႏွင့္ ဖာသာမြန္ဒယ္လီတို႔ကိုလည္း ေတြ႕ရသည္။

တဖက္ျခမ္းတြင္ ဉီးေအာင္လွမိသားစုႏွင့္အတူ လြီဇာ တို႔ ထိုင္ေနၾက၏။

တပ္မႉးလက္်ားဗိုလ္က လြီဇာတို႔ကို ႏႈတ္ဆက္ၿပီးေတာင္ ဉီးေအာင္လွတို႔အနီးတြင္ သြားေရာက္ထိုင္သည္။

နားသမဂၤလာအစီအစဥ္ စတင္ၿပီျဖစ္သည္။

႐ိုးရာအစဥ္အလာမ်ားအတိုင္း တဆင့္ျခင္းျပဳလုပ္သြားခဲ့သည္။

ရွင္ျမတ္သာ၊ ရွင္ျမတ္ဝါတို႔ နားထြင္းမဂၤလာျပဳၿပီးသည့္ေနာက္ မဏၰပ္အတြင္းမွ ထြက္ခြာသြားၾက၏။

ပရိသတ္မွာ အစားအေသာက္မ်ား ဧည့္ခံမည့္မဏၰပ္သို႔ ကူးရန္ ျပင္ဆင္ၾကသည္။

ထိုအခ်ိန္တြင္ ႐ုတ္တရက္ မဏၰပ္၏အေရွ႕ဘက္တြင္ အဲေမာင္းလွံႏွင့္ ကာကိုင္ထားေသာ စစ္သည္မ်ား ေရာက္ရွိလာၾကေတာ့သည္။

“အားလုံး ျပန္ထိုင္ေပးၾကပါ..တစ္စုံတစ္ခုလုပ္မယ္ဆို ခင္ဗ်ားတို႔ အသက္ကို တာဝန္မယူပါဘူး”

ၿမိဳ႕ဝန္ဉီးသာေအာင္၏ အသံက ဟိန္းထြက္သြား၏။

ဆင္ဝန္ဉီးေအာင္လွ ႏွင့္ လက္်ာဗိုလ္တို႔မွာ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္လိုက္ၾကသည္။

ၿမိဳ႕ဝန္၏ ဘက္ေတာ္သားမ်ားျဖစ္ၾကေသာ က်ီဝန္ ဉီးေမာင္၊ ဉီးေပၚရဲ၊ စာေရးႀကီး ထားကစား၊ အခြန္ဝန္ ဉီးေမာင္၊ နဲ႐ြဲ႐ြာသူႀကီးကြန္းကလ တို႔မွာမူ ႀကိဳတင္သိႏွင့္ၿပီးျဖစ္သည့္အတြက္ မတုန္လႈပ္ၾက။

“မိန္းမေတြ၊ကေလးေတြ အျပင္ကို ထြက္ေပးၾကပါ”

ဉီးေအာင္လွကေတာ္ႏွင့္ ဂမုန္းတို႔မွာ မ်က္စိမ်က္ႏွာမ်ား ပ်က္ေနၾကသည္။ လြီဇာက သူတို႔ႏွစ္ဉီးကို ေဖးမကာ မဏၰပ္တံခါးဝသို႔ လိုက္ပို႔၏။

“မင္း မပါဘူး..မင္းက အထဲ ျပန္ဝင္”

အေပါက္ဝမွ ငမင္းေအာင္က လြီဇာကို ဓါးျဖင့္ ႐ြယ္ကာ အထဲသို႔ ျပန္ဝင္ခိုင္းလိုက္၏။

ဉီးေအာင္လွက မတ္တပ္ထရပ္လိုက္သည္။

“ၿမိဳ႕ဝန္မင္း..ဒါဘာလုပ္တာလဲ”

“ခင္ဗ်ားတို႔အားလုံးကို က်ဳပ္ ကို သစၥာခံရမယ္..ခင္ဗ်ားတို႔ကို သစၥာေရတိုက္မလို႔”

“ဘာဗ်”

ဉီးသာေအာင္ အေနာက္ဖက္မွ စစ္သည္တစ္ဉီးထြက္လာၿပီး ဆင္ဝန္ဉီးေအာင္လွ၏ လည္ပင္းေပၚသို႔ ဓါးကို တင္ထားလိုက္သည္။

“အခု ဒီပြဲမွာ ရွိေနတဲ့ ေယာက္်ားေတြ..က်ဳပ္ကို သစၥာမခံရင္...ဒီမဏၰပ္ထဲက အသက္ရွင္လ်က္ တစ္ေယာက္မွ မထြက္သြားရဘူးမွတ္..အကုန္ဇက္ျဖတ္ပစ္မယ္”

ဉီးသာေအာင္၏ စကားအဆုံးတြင္ မဏၰပ္တစ္ခုလုံး တိတ္ဆိတ္သြားသည္။

 

ခက္ေဇာ္

အခန္း(၃၂) သဘက္ခါ

ဉာဏ္ပညာနဲ႔ ေတာ္လွန္။ ခ်စ္ျခင္းတရားျဖင့္ တည္ေဆာက္။

Comments

Post a Comment