AVA 1740s (အခန်း ၆)
အခန်း(၆)
...............................................
သန်လျင်မြို့၏ နှစ်သစ်ကူးကာလသည် အမြောက်သံ ၊ ဗုံးသံများဖြင့် ပြီးဆုံးသွားခဲ့ပေပြီ။
၁၆၁၃ ခုနှစ်၊မတ်လ။
အင်းဝတပ်များက လေးလတိုင်တိုင် သံလျင်ကို ဝန်းရံပစ်ခတ်နေခဲ့ကြသည်။
သံလျင်မြို့ရိုးအတွင်း စားနပ်ရိက္ခာရှားပါးလာကြပြီဖြစ်သည်။ အမြောက်ဆံများ၊ ကျည်ဆံများ ကလည်း တစတစနည်းပါးလာခဲ့ပြီ။
ဌာနေလူမျိုးများဖြစ်သော မွန်အမျိုးသားများနှင့် မွန်အမတ်များကလည်း ပေါ်တူဂီတို့၏ စွမ်းရည်အပေါ် မေးခွန်းထုတ်လာကြပြီဖြစ်သည်။
အင်းဝဘုရင်က စာရေးတောင်းဆိုသည့်အတိုင်း တောင်ငူဘုရင် နတ်သျှင်နောင်ကို အင်းဝတပ်များလက်သို့ အပ်လိုက်စေချင်သည့် အုပ်စုက ပိုမိုအင်အားကြီးမားလာခဲ့သည်။
နတ်သျှင်နောင်နှင့်အတူပါလာသည့် တောင်ငူသားအစုမှာလည်း အပြင်ဘက်ရှိ အင်းဝတပ်များနှင့် တဖွဲဖွဲ သွားရောက်ပူးပေါင်းနေကြ၏။
ပေါ်တူဂီတို့ အခိုင်အမာနေရာယူထားခဲ့သော ကျိုက်ခေါက်တောင်ကုန်း သည် ၁၆၁၃ ဖေဖော်ဝါရီ ၉ ရက်နေ့ကတည်းက အင်းဝတပ်များလက်သို့ ကျသွားခဲ့ပြီဖြစ်သည်။
ပေါ်တူဂီတပ်များသည် သန်လျင်မြို့ရိုးအတွင်း ပိတ်မိနေကြပြီ။
ဖိလစ်ဒီဘရစ်တိုအတွက် မျှော်လင့်ချက်ကား ဂိုအာဘုရင်ခံချုပ်ထံမှ လာမည့် စစ်ကူပင်။
သို့သော်ငြား..။
မြစ်ပြင်ဘက်ဆီမှ အောင်စည်အောင်မောင်းသံ သဲ့သဲ့က နံနက်ခင်းကို လှုပ်နှိုးလိုက်သည်။
မိုးလင်းခါနီးမှ အိပ်ပျော်သွားခဲ့သော ဖိလစ်ဒီဘရစ်တိုက သူနေထိုင်ရာ မွေ့နွန်းကုန်းအိမ်တော်ဝရံတာသို့အပြေးအလွှားထွက်ကာ မြစ်ဘက်သို့ ကြည့်လိုက်၏။
ဝရံတာတွင် ဒွန်နာလွီဇာက ကြိုရောက်နေသည်။
“ဂိုအာက သင်္ဘောစစ်ကူထင်တယ်”
ဒီဘရစ်တိုက ညအိပ်အဝတ်အစားများကို အမြန်ဆုံးလဲပြီး ခံတပ်ရှိရာသို့ ထွက်ရန် မြင်းရထားကို ပြင်ဆင်ခိုင်းလိုက်သည်။
“ကျွန်မလည်း လိုက်မယ်”
လွီဇာက ဂါဝန်ကို မကာ မြင်းရထားပေါ်သို့ တက်လိုက်သည်။
မြင်းရထားက ခံတပ်ရှိရာသို့ မောင်းထွက်သွား၏။
ခံတပ်ပေါ်သို့ တက်လိုက်သည့်အခါ ပေရွက်တစ်ခုနှင့် ကညစ်ကို ကိုင်လျက် ငိုင်နေသော နတ်သျှင်နောင်ကို တွေ့လိုက်ရသည်။
သူ့နဘေးတွင် ဖိလစ်ဒီဘရစ်တို၏ အားအကိုးရဆုံးတပ်မှူး ဒီအာဂို ။ ထို့နောက် မွန်အမတ်ကြီး ဗညား။
“ဂိုအာက စစ်ကူလာပြီလေ..ဘယ်နှယ့်လဲ...သင်္ဘောတွေ ရာနဲ့ချီသလား..”
ဒီဘရစ်တို၏ ဝမ်းသာအားရအသံကို သူတို့က ငေးကြောင်ကြည့်နေကြသည်။
“အမယ်လေး..ဒါက ဘယ်သူလဲ..ဘာဖြစ်တာလဲ”
လူအုပ်စု၏ နောက်နားတွင် ဒူးထောက်နေသော လူတစ်ယောက်ကို မြင်ပြီး ဒွန်နာလွီဇာက အလန့်တကြား ထအော်လိုက်သည်။
မျက်နှာတခြမ်းကို အဝတ်စ စည်းထားပြီး သွေးများက လည်ပင်းတဝိုက်နှင့် ခန္ဓာကိုယ်တွင် ရွှဲနစ်နေသည့် ပေါ်တူဂီလူငယ်တစ်ယောက်။
ဒီဘရစ်တို မျက်မှောင်ကြုံ့သွားသည်။
“သူက ဘယ်သူလဲ”
“ရခိုင်ကို ရောက်နေတဲ့ ကပ္ပတိန်မားကွတ်စ်ဒန်းမစ် ဆီက စစ်ကူပို့လိုက်တဲ့ သင်္ဘောသားတွေထဲက တစ်ယောက်ပါ..ကပ္ပတိန်ဂျင်နရယ်”
ဒီဘရစ်တို၏ ကိုယ်ရေးအရာရှိ ရီဗားရိုး ၏ အသံက စိတ်မသက်မသာဖြင့်။
“ဒါဆို...ဂိုအာက စစ်ကူတွေမဟုတ်ဘူးပေါ့”
“သူတို့ သင်္ဘောငါးစီးကိုလည်း အင်းဝရေတပ်က သိမ်းလိုက်ပါပြီ..အခု လာတဲ့ သင်္ဘောသားက ကပ္ပတိန်ဂျင်နရယ် လက်ထဲကို ထည့်ပေးဖို့ သဝဏ်လွှာနှစ်စောင်ယူလာပေးတာပါ”
“ဘယ်က သဝဏ်တွေလဲ”
“တစ်စောင်က ဂိုအာဘုရင်ခံချုပ်ဆီကပါ..တစ်စောင်က..အင်းဝဘုရင်ဆီက”
“ဘယ်မလဲ..အဲ့ဒီစာ..ငါ့ကို ဂိုအာက စာ အရင်ပေးစမ်း”
ရီဗားရိုးက စာတစ်စောင်ကို ဒီဘရစ်တို လက်ထဲ ထည့်လိုက်သည်။
“သန်လျင်ဘုရင်ခံဖိလစ်ဒီဘရစ်တို
ယခုအခါ....ငါတို့ ပေါ်တူဂီကိုလိုနီနယ်များတွင် မငြိမ်မသက်ရှိပြီ။ အရှေ့မလက္ကာကျွန်းတွင် စပိန်အမျိုးသားတို့နှင့် စစ်ဖြစ်နေရသည်။ အရှေ့အိန္ဒိယကျွန်းစုများတွင်လည်း လက်အောက်ခံ စူလတန်ဘုရင်တို့ကို နှိမ်နင်းနေကြရသည်။ သို့ဖြင့်၍ ယခုလောလောဆယ်..သန်လျင်သို့ စစ်ကူများ ပေးပို့ရန် တပ်မရှိသေးသဖြင့် ခေတ္တသည်းခံစောင့်ဆိုင်းပေးပါ။ ငါတို့ ဘုရင့်စစ်သည်တော်များ သင့်ထံ စစ်ကူမရောက်နိုင်သေးခင် သန်လျင်ကို သင့်ရဲစွမ်းသတ္တိဖြင့် ကြံ့ကြံခံကာကွယ်နိုင်မည်ဟု ပေါ်တူဂီဘုရင်မင်းမြတ်နှင့်အတူ ကျွန်ုပ် ယုံကြည်ထားပါသည်”
ဒီဘရစ်တို ထံမှ သက်ပြင်းသံခပ်ပြင်းပြင်း။
လွီဇာက ဒီဘရစ်တို လက်ထဲမှ စာကို လှမ်းယူပြီးဖတ်လိုက်သည်။
“အင်းဝ ဘုရင်ဆီက စာကရော”
“အဲ့ဒါကတော့ သူ့ဆီမှာ..ခင်ဗျားလာမှ ပေးမယ်လို့ သူက ပြောနေတယ်..ဖိလစ်”
သွေးသံတရဲရဲဖြင့် သင်္ဘောသားလူငယ်ကို နတ်သျှင်နောင်က လက်ညှိးထိုးပြလိုက်သည်။
“ဒီမှာပါ..အရှင်”
သင်္ဘောသားလူငယ်က ရှေ့သို့ အားပြုလမ်းလျှောက်လာရင်း ဒူးထောက်လိုက်သည်။
ကတ္တီပါစဖြင့် ရစ်ပတ်ထားသော ပေစာတစ်ခု။ ကတ္တီပါစအနီရောင်ပေါ်တွင် သွေးစက်တို့ စိုထိုင်းနေသည်။
ဒီဘရစ်တိုက ပေစာကို ဖြန့်လိုက်၏။ လွီဇာက လည်း ဒီဘရစ်တို၏ ပခုံးနောက်မှနေပြီး ပေစာကို အာရုံစိုက်လိုက်သည်။
“ယခု ပြလိုက်သော ကျွန်ုပ်၏ လက်ဆောင် နမူနာကို ကြည့်ပါ။ ငါကိုယ်တော်ရေမြေ့သခင်စကြာရှင်၏ ရန်သူကို ကာကွယ်ပေးထားသည်ကို ရပ်ပြီး ခြေတော်ရင်းခစားပါ။ သို့မဟုတ်ပါက ယခု ရက်စက်မှုများသည် သင်နှင့်တကွ သန်လျင်တစ်မြို့လုံးဆီသို့ မကြာမီ ရောက်လာလိမ့်မည်”
ဒီဘရစ်တိုက စာကို ဖတ်ပြီး မျက်မှောင်ကြုံ့လိုက်သည်။
“ဘာလက်ဆောင်လဲ...”
“ဒီ..ဒီမှာပါ..အရှင်”
ပေါ်တူဂီသင်္ဘောသားက ညိုညစ်ညစ်အဝတ်စ ဒီဘရစ်တိုထံ ပေးလိုက်သည်။
သို့သော် ဒူးထောက်လျက်ဖြစ်နေပြီး ဝေဒနာကြောင့် ရှေ့သို့ မတိုးနိုင်သဖြင့် ဒွန်နာလွီဇာက ကြားမှ လှမ်းယူလိုက်၏။
ဒွန်နာလွီဇာက အဝတ်စကို ဖြည်ထုတ်လိုက်သည်။
အဝတ်စက ဒွန်နာလွီဇာ လက်ထဲမှ လွတ်ကျသွား၏။
မြို့ရိုးထိပ်သို့ ပေးသွားကာ ဒွန်နာလွီဇာ အန်ချပစ်လိုက်သည်။
အဝတ်စတွင်းက ထွက်လာသည်က နားရွက်တစ်ဖက်။
“ကျွန်တော်မျိုး..နားရွက်ပါ..အရှင်...ကျွန်တော်မျိုးတစ်ဦးတည်းသာ ကံကောင်းလို့ နားရွက်တစ်ဖက်ဖြတ်ခံရတာပါ..ကျန်တဲ့သင်္ဘောသားတွေအားလုံး လက်တွေ ခြေတွေဖြတ်ခံရပါတယ်.. အခု ကျွန်တော်မျိုးကို တင်လွှတ်လိုက်တဲ့ သင်္ဘောပေါ်မှာ အဲ့ဒီခြေလက်တွေ ပါလာပါတယ်”
“တော်ပြီ..တော်ပြီ...”
နတ်သျှင်နောင်က ပေါ်တူဂီဘာသာစကားဖြင့် လှမ်းဟန့်တားလိုက်ခြင်းဖြစ်သည်။
အနီးအနားမှ မွန်အမတ်ကြီး နှင့် မွန်စစ်သည်အချို့၏ မျက်နှာမှာလည်း သိသိသာသာပျက်ယွင်းနေသည်။
ခပ်လှမ်းလှမ်းတွင် သွားအန်နေသော ဒွန်နာလွီဇာကလည်း သူတို့ရှိရာသို့ လေးတိလေးကန်ခြေလှမ်းများဖြင့် ပြန်လာနေသည်။
အစောင့်စစ်သားတစ်ဦးက နားရွက်ပြတ်ကို ကောက်ကိုင်ကာ ခံတပ်အောက်ဘက်သို့ လွှင့်ပစ်လိုက်သည်။
သင်္ဘောသားသည် သူ့နားရွက်ပြတ်ကလေးအား နှမြောတသစွာ လိုက်ငေးနေ၏။
“သူ သွေးထွက်လွန်နေပြီ...ဘုရားကျောင်းထဲက ယာယီဆေးရုံကို ပို့ပေးမှဖြစ်မယ်..လာကြပါဦး”
ဒေါ်နာလွီဇာက သင်္ဘောသား လူငယ်ကို တွဲထူရင်း ပြောလိုက်သည်။
စစ်သည်နှစ်ဦးအကူအညီဖြင့် လူငယ်ကို ခံတပ်ပေါ်မှ တွဲခေါ်သွားတော့၏။
ဒီဘရစ်တိုက ခံတပ်ပေါ်မှ မြစ်ပြင်ဆီသို့ ငေးနေသည်။
အားလုံးတိတ်ဆိတ်နေကြ၏။
“ကျုပ် ကို သူတို့လက်ကို အပ်လိုက်ပါတော့..ဖိလစ်..ဒါ ခင်ဗျားတို့ အားလုံးရဲ့ နောက်ဆုံး ထွက်ပေါက်ပဲ”
နတ်သျှင်နောင်၏ အသံ ထွက်လာသည်။
ဖိလစ်ဒီဘရစ်တိုက ခေါင်းခါလိုက်၏။
“မိတ်ဆွေကြီးနတ်သျှင်နောင်....အဲ့ဒါက အဖြေမဟုတ်လောက်ဘူး...တကယ်တမ်း အင်းဝမင်း လိုချင်နေတာ..သန်လျင်မြို့ပဲ”
မွန်အမတ်ကြီးဗညား သူ့အနီးအပါးမှ မွန်စစ်သည်တစ်စုကို မျက်ရိပ်ပြကာ စိတ်မသက်မသာဟန်ဖြင့် ခံတပ်ပေါ်မှ ဆင်းသွားသည်။
................................................................................................................
ဖိလစ်ဒီဘရစ်တို၏ မြင်းရထားနှင့်အတူ ပေါ်တူဂီတပ်စုတစ်စုသည် မွေ့နွန်းကုန်းတော်အနီးရှိ ကက်သလစ်ဘုရားကျောင်းရှေ့တွင် ရပ်လိုက်သည်။
ဘုရားကျောင်းကို ဒွန်နာလွီဇာမှ ဦးဆောင်ပြီး ယာယီဆေးရုံအဖြစ် အသုံးပြုထားကြသည်။
ဗရင်ဂျီဘုန်းတော်ကြီးနှင့် စကားပြောနေကြသော လွီဇာ၏ ပုခုံးကို ဒီဘရစ်တိုက ဆုပ်ကိုင်လိုက်သည်။
“ဖိလစ်...ခံတပ်မှာ မနေပဲ ဘာလို့ လိုက်လာတာလဲ”
“မင်း..သွားဖို့.အချိန်ကျပြီ..လွီဇာ”
လွီဇာက ဒီဘရစ်တိုကို မော့ကြည့်လိုက်သည်။
“အိမ်တော်ကို အခု သွားကြမယ်..သယ်နိုင်သမျှ အဖိုးတန်ပစ္စည်းတွေအကုန်သယ်..မသယ်နိုင်တာကို မြုပ်သင့်တာ မြုပ်ခဲ့...ပြီးရင် မနက် ၃ နာရီထိုးတာနဲ့ အသင့်ပြင်ထားတဲ့ သင်္ဘောသုံးစင်းနဲ့ မင်း ဂိုအာကို ထွက်ရမယ်”
“ဟင်အင်း..ရှင့်ကို ထားပြီး ကျွန်မ ဘယ်မှ မသွားဘူး..ပြီးတော့...မြစ်ဝမှာလည်း အင်းဝသင်္ဘောတွေ ပိတ်ဆို့ထားတယ်မဟုတ်လား”
“မင်း သွားကို သွားရမယ်..လွီဇာ..မင်းကို ဘုရင်ခံမင်းမြတ်ဆီကို ဘေးမသီရန်မခပဲ ပြန်ပို့ပေးဖို့ ကိုယ့်မှာ တာဝန်ရှိတယ်..မြစ်ဝက အင်းဝတပ်တွေကိစ္စ ဘာမှမပူနဲ့ ကိုယ့်မှာ အစီအစဥ်ရှိပြီးသား..လွီဇာ...မင်းနဲ့အတူ ကပ္ပတိန်ဒီဘရစ်ရင်းနဲ့ တပ်စိတ်တစ်စိတ် ထည့်ပေးလိုက်မယ်.... ... ဂိုအာကနေ ကိုယ့်ကို စောင့်နေပါ..ကိုယ်လိုက်လာမယ်”
ဒီဘရစ်တိုက ဒွန်နာလွီဇာ၏ လက်ကို ဆွဲကာ မြင်းရထားဆီ ဆွဲခေါ်သွား၏။
.............................................................................................
ထိုနေ့ နံနက် သုံးနာရီ။
သန်လျင်မြို့ အရှေ့ဘက်တံခါးသည် ရုတ်တရက်ပွင့်သွားသည်။
တံခါးနောက်မှ အမြောက် ၁၂ လက် တင်ဆောင်လာသော လှည်းရထားများ တကျွီကျွီဖြင့် ထွက်လာ၏။
အင်းဝတပ်များ၏ မလှမ်းမကမ်းတွင် အမြှောက်လှည်းများ ရပ်လိုက်ကြသည်။
ထို့နောက်တွင် သေနတ်ကိုင်ပေါ်တူဂီစစ်သားများနှင့် တောင်ငူစစ်သားများ နေရာယူကြသည်။
ရုတ်တရတ်ဖြစ်လာသောအခြေအနေကြောင့်အင်းဝတပ်များအတွင်း မောင်းသံများ ၊ အော်ဟစ်သံများ ဆူညံသွားသည်။
သေနတ်ကိုင်တပ်သားများနောက်မှ အလံတလူလူလွင့်နေသော မြင်းတပ်တွင် ဒီဘရစ်တိုနှင့် နတ်သျှင်နောင်တို့က ရှေ့ဆုံးမှ နေရာယူလိုက်ကြသည်။
မကြာမီ အမြှောက်သံများ စတင်ထွက်ပေါ်လာသည်။
အင်းဝဘက်မှ အမြှောက်များ သေနတ်များဖြင့် ပြန်လည်ပစ်ခတ်ကြသည်။
သန်လျင်မြို့ဘက်ဆီမှ သေနတ်သံများကြားသဖြင့် မြစ်ဝတွင် ပိတ်ဆို့ထားသော အင်းဝရေတပ်သည်လည်း သန်လျင်ဘက်ဆီသို့ ဒရောသောပါး ဦးတည်ထွက်လာကြသည်။
ထိုအချိန်တွင် သန်လျင်မြို့ ဆိပ်ကမ်းဆီမှ မီးမှိတ်ထားသော သင်္ဘောသုံးစီးသည် မြစ်ဝဘက်ဆီသို့ တိတ်တဆိတ် ထွက်ခွာနေတော့သည်။
ဒွန်နာလွီဇာသည် သင်္ဘောကုန်းဘက်တွင် မတ်တပ်ရပ်ပြီး အမှောင်ထဲမှ သံလျင်မြို့ဆီသို့ ငေးကြည့်နေသည်။
ဗုံးသံ၊ အမြှောက်သံများအကြား သံလျင်၏ ကောင်းကင်သည် တချက်တချက် လင်းထိန်သွား၏။
“သခင်မလွီဇာ...ကုန်းပတ်ပေါ်မနေပါနဲ့..အင်းဝရေတပ်က တိုက်လှေတစ်စီးနှစ်စီးကို ကင်းစောင့်ထားခဲ့ပြီး လှမ်းပစ်နိုင်လို့ပါ”
ကပ္ပတိန်ဒီဘရစ်ရင်း ၏ စကားကို ဒွန်နာလွီဇာက အကြောင်းမပြန်။
“ရှင်..ရှင့်ရဲ့ ကပ္ပတိန်ဂျင်နရယ် နဲ့ ရဲဘော်တွေကို ဒီတိုင်း ထားခဲ့ရက်သလား”
“သခင်မ ဂိုအာရောက်တဲ့အထိ စောင့်ရှောက်လိုက်ပါပေးရမယ်လို့ ဂျင်နရယ်က အမိန့်ပေးထားတာပါ”
“ဒီအချိန်မှာ ကျွန်မတို့အားလုံး အတူတူရင်ဆိုင်သင့်တယ်လို့ ကျွန်မထင်တယ်...ဒီဘရစ်ရင်း”
“မဖြစ်နိုင်ပါဘူး..သခင်မ..ခဏနေ အင်းဝသင်္ဘောတွေ ပြန်လှည့်လာရင် ကျွန်တော်တို့ အားလုံး သေရပါလိမ့်မယ်...မိုးမလင်းခင် ပင်လယ်ထဲ ကို ရောက်မှဖြစ်ပါမယ်”
ထိုညတိုက်ပွဲသည် လေးနာရီခန့်ကြာမြင့်ခဲ့သည်။
ဖိလစ်ဒီဘရစ်တို၏ လက်မောင်းတွင် သေနတ်ဒဏ်ရာရရှိခဲ့ပြီး မြို့တွင်းသို့ ပြန်လည်ဆုတ်ခွာဝင်ရောက်ခဲ့သည်။
အင်းဝတပ်များမှာ မြို့ရိုးအခြေအထိ လိုက်လာပြီး လှေကားများထောင်ကာ တက်ကြသည်။
ပေါ်တူဂီတပ်များက မြို့ရိုးပေါ်မှ ပွဲလျက်ရည်၊ ငရုတ်ရည်များလောင်းချကြသည်။
နောက်တစ်ရက်လုံးလုံး အင်းဝတပ်များနှင့် ပေါ်တူဂီတပ်များ အလောင်းများပုံသည်အထိ တိုက်နေကြ၏။
၁၆၁၃ မတ်လ ၂၇ ရက် ည ၁ နာရီတွင် မွန်အမတ်ကြီးဗညားဦးဆောင်သော မွန်စစ်သည်များက သံလျင်မြို့တံခါးကို ဖွင့်ပေးလိုက်တော့သည်။
သောင်းချီသော အင်းဝစစ်သည်များမှာ မြို့တံခါးမှ အလုံးအရင်းဝင်လာကြ၏။
မွန်အမတ်ကြီး ဗညား ဦးဆောင်သည့် ပဲခူးစစ်သည်တော်များမှာ သူတို့၏ မိသားစုများနှင့်အတူ ညအမှောင်ထဲတွင် တိတ်တဆိတ် ပျောက်ကွယ်သွားကြသည်။
ပေါ်တူဂီတပ်များနှင့် တောင်ငူတပ်များမှာ အင်းဝစစ်သည်များ၏ အင်အားကို မည်သို့မျှ မတွန်းလှန်နိုင်ခဲ့ကြ။
နံနက်လင်းသောအခါ သံလျင်သည် မီးလောင်နေသောအဆောက်အဦများနှင့် သွေးညှီနံ့များ လှိုက်ထနေသည်။
ပေါ်တူဂီစစ်သားများ၊ တောင်ငူစစ်သားများ၊ ပသီကြေးစားစစ်သားများ၊ နီဂရိုးကျွန်စစ်သားများ စုစုပေါင်း ငါးထောင်ကျော်သည် မြို့လယ်ကွင်းပြင်ကြီးတွင် သုံ့ပန်းများအဖြစ် လက်နက်ချလိုက်ကြသည်။
ထိုလူအုပ်စုထဲတွင် သန်လျင်မြို့စား ဖိလစ်ဒီဘရစ်တိုနှင့် တောင်ငူဘုရင်နတ်သျှင်နောင်တို့ကို အင်းဝတပ်မှူးများက လိုက်ရှာကြသည်။
သို့သော် ရှာမတွေ့။
မကြာမီ ပေါ်တူဂီတပ်မှူးများထဲမှ အချို့ကို ထုတ်နှုတ်ကာ ယာယီစံနန်းအဖြစ် အနောက်ဘက်လွန်မင်း စံနေသည့် မွေ့နွန့်ကုန်းပေါ်မှ ဒီဘရစ်တို၏ အိမ်သို့ ခေါ်ဆောင်သွားကြသည်။
ခဏအကြာတွင် ဘုရင်ကိုယ်ရံတော်တပ်များအပါအဝင်၊ မြို့တွင်းမှ တပ်များသည် ကုန်းမြင့်ပေါ်မှ ကက်သလစ်ဘုရားကျောင်းလေးဆီသို့ ချီတက်ပြီး ဝန်းရံလိုက်ကြသည်။
ယာယီဆေးရုံအဖြစ် ဖွင့်လှစ်ထားသည့် ဘုရားကျောင်းလေးမှာ တိတ်ဆိတ်နေ၏။
အင်းဝစစ်တပ်များကလည်း ဘုရားကျောင်း၏ လေးဘက်လေးတန်ကို အင်အားများစွာဖြင့် ပိတ်ဆို့လိုက်ပြီဖြစ်သည်။
“ရွှေနန်းရှင် အမိန့်တော်..အားလုံး လက်နက်ချပြီးထွက်လာကြ...မဟုတ်ရင် အမြောက်နဲ့ ပစ်ရလိမ့်မယ်”
တဒင်္ဂမျှ တိတ်ဆိတ်နေသည်။
ထို့နောက် ဘုရားကျောင်း၏တံခါး တစ်ချက်ပွင့်လာ၏။
ဖာသာအင်ဒရူးဘော်ဗစ် ထွက်လာသည်။ သူ၏ ကိုယ်ရုံသင်္ကန်းမှာ ခြောက်ကပ်ကပ်သွေးစများ ဖြင့် ညစ်နွမ်းနေသည်။
“အားလုံးဟာ ဘုရားသခင်ရဲ့ ဖန်ဆင်းခံတွေပါပဲ...ကိုယ်တော်စောင့်ရှောက်ပါ..ဟာလေလုယာ”
သူ့နောက်တွင် ဒဏ်ရာရထားသော ပေါ်တူဂီစစ်သည်များ၊ တောင်ငူစစ်သည်များ တစ်ဦးပြီး တစ်ဦးထွက်လာသည်။
အချို့ကို သူနာပြုအဖြစ်ဆောင်ရွက်နေသော ပေါ်တူဂီအမျိုးသမီးများက တွဲထားကြသည်။
နောက်ဆုံးမှ ထွက်လာသူ သုံးဦးကို မြင်သည်နှင့် အင်းဝစစ်သားများက သေနတ်များဖြင့် ချိန်ကာ အထပ်ထပ်ဝိုင်းရံလိုက်ကြသည်။
သူတို့ကာ ဖိလစ်ဒီဘရစ်တို၊ နတ်သျှင်နောင်နှင့် ရီဘေးရိုး။
“ဘုန်းတော်ကြီးဘုရား..ကြွလာတယ်..ဒူးတုတ်..ဒူးတုတ်”
ဖိလစ်ဒီဘရစ်တိုနှင့် ရီဘေးရိုးက ဒူးထောက်လိုက်ကြသည်။
နတ်သျှင်နောင်ကား ဒူးမထောက်။
ပြေလျော့နေသော သျှောင်ထုံးကို ဖြည်ချလိုက်ရာ ဆံပင် ဖားလျားဖြစ်သွားသည်။
ခေါင်းကို မော့ထား၏။
ဘုရင့်နောင်၏ မြေးတော်၊ လက်ရှိအင်းဝမင်း၏ ညီအကိုတော်သူ၊ တောင်ငူ၏ ရှင်ဘုရင်ဖြစ်ခဲ့ဖူးသူ နတ်သျှင်နောင်၏ မာကျောသော အမူအရာကြောင့် တပ်မှူးများ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကုန်ကြသည်။
အနောက်ဘက်လွန်မင်း၏ ဝေါက သူတို့ရှေ့တွင် ရပ်တန့်လိုက်သည်။
“စစ်သားတွေကို လူချင်းခွဲကြစမ်း..တောင်ငူ နဲ့ ပေါ်တူဂီမရောစေနဲ့...မွန်စစ်သားတွေကိုလည်း သက်သက်ထား..သူတို့ချင်း ရောနှောတာမြင်ရင် သတ်ပစ်”
အနောက်ဘက်လွန်မင်းက အနီးအနားရှိ တပ်မှူးသီဟပတေ့ကို ပြောလိုက်သည်။
သူ့ရှေ့တွင် ဒူးထောက်မနေသော နတ်သျှင်နောင်ကို အနောက်ဖက်လွန်မင်းက စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး ပြုံးလိုက်သည်။
“ညီတော်တောင်ငူစား..ဘာလို့ မခန့်မညားလုပ်ရသလဲ..ဒီလိုပုံစံနဲ့ ပြည့်ရှင်မင်းကို ခစားရသလား”
“ပြည်ထောင်မင်းအချင်းချင်း ဒူးထောက်စရာမရှိပါ..အင်းဝဘုရင်”
“ငါတို့က ညီနောင်တွေပါ...မင်းက ဘာလို့များ...ဒီကုလားငယ်နဲ့ ပေါင်းပြီး ခြားနားရသလဲ”
“ဖိလစ်ဒီဘရစ်တို က ငါ့ညီနောင်ပဲ.... ငါ့နန်းတော် မှန်ကင်းကို ချပြီး င့ါကို ကျွန်ဇာတ်သွင်းတဲ့ နင်တို့ ကို ငါ့ဆွေမျိုးလို့ မမှတ်နိုင်”
အနောက်ဘက်လွန်မင်းက မည်သည့်စကားမျှမဆိုတော့ပဲ အချက်ပြလိုက်၏။
တပ်မှူးများက နတ်သျှင်နောင်ကို ခေါ်ထုတ်သွားကြသည်။
“ကဲ....ငဇင်ကာငယ်..ကျိုက်ခေါက်စေတီကို ငါကိုယ်တော်ဖူးခဲ့ပြီးပြီ..မောင်မင်း လုပ်ထားတာတွေ မြင်ရတော့ ငါဘယ်လောက်စိတ်ထိခိုက်ရတယ်ထင်လဲ..အဲ့ဒီအရာတွေအတွက် မောင်မင်း ပြန်ပေးဆပ်ရမယ်”
ခဏအကြာတွင် ကုန်းမြင့်ပေါ်မှ ဘုရားရှိခိုးကျောင်းလေးမှာ မီးဟုန်းဟုန်းတောက်လောင်ရင်း ကျန်ရစ်တော့သည်။
.....................................................................................................
၁၆၁၃ မတ်လ ၃၀ ရက်နေ့။ မွန်းလွဲပိုင်း။
အင်းဝရေကြောင်းချီတက်မှ တပ်မှူးဘယကျော်ထင် သည် သံလျင်ဆိပ်ကမ်းဆီသို့ ချဥ်းကပ်လာနေသော သင်္ဘောသုံးစင်းကို တွေ့လိုက်ရသည်။
“ပေါ်တူဂီအလံလွှင့်ထားတဲ့သင်္ဘောတွေပါ..ဘုရား...သံလျင်ဘက် ဦးတည်ပြီး လာနေတာတွေ့လို့ ကျွန်တော်မျိုးတို့ တိုက်သင်္ဘောတွေနဲ့ ရံပြီး ဖမ်းဆီးလာတာပါ”
ဗိုလ်မှူးတစ်ဦးက သူ့ထံ လက်အုပ်ချီရင်း လျှောက်တင်သည်။
“ငဇင်ကာဆီ လာတဲ့ စစ်ကူတွေများလား”
တပ်မှူးဘယကျော်ထင်သည် အထောက်တော်များအား သန်လျင်မြို့ရှိ အနောက်ဘက်လွန်မင်းထံ စေလွှတ်ပြီးနောက် ဆိပ်ကမ်းသို့ ချက်ချင်းဆင်းလာခဲ့သည်။
သင်္ဘောများ ဆိပ်ကမ်းတွင် ကျောက်ချပြီးသောအခါ အကြီးဆုံး သင်္ဘောပေါ်မှ ပေါ်တူဂီအမျိုးသမီးတစ်ဦးစစ်လာသည်။
သူ့နောက်တွင် ပေါ်တူဂီစစ်သားတစ်ဦးက ထီးတော်မိုးပေးထား၏။
နဘေးတွင် ပေါ်တူဂီစစ်ဗိုလ်တစ်ဦးက သေနတ်အတိုနှင့် ပေါ်တူဂီဓါးရှည်ကို ခါးတွင်ချိတ်လျက်။
“အမျိုးသမီး...အင်းဝဘုရင်ရဲ့ တပ်မှူးရှေ့မှာ ခင်ဗျား ဒူးထောက်ခစားရမယ်ဆိုတာ ခင်ဗျား နားမလည်ဘူးလား”
တပ်မှူးဘယကျော်ထင်က ဓါးရိုးပေါ်လက်တင်ပြီး ခပ်မာမာပြောလိုက်သည်။
အမျိုးသမီးက မီးခိုးလုံးများ၊ ပြာမှုန်များဖြင့် ဖုန်းလွှမ်းနေသော သံလျင်မြို့ဆီ ကြည့်လိုက်သည်။
“ကျွန်မရဲ့ မြို့ကို ရှင်တို့ ဘာလုပ်လိုက်တာလဲ”
အမျိုးသမီးထံမှ မထင်မှတ်သောစကားသံကြောင့် ဘယကျော်ထင် မျက်မှောင်ကြုံ့သွားသည်။
“ဘာ..မင်းရဲ့ မြို့..ဟုတ်လား”
“ဟုတ်တယ်..ကျွန်မက သန်လျင်ရဲ့ ဘုရင် ဖိလစ်ဒီဘရစ်တိုရဲ့ မိဖုရား ဒွန်နာလွီဇာဒီဆာလ်ဒါးညာပဲ”
ဘယကျော်သူက လှပသော ပေါ်တူဂီမ၏ မျက်နှာကို စေ့စေ့ကြည့်ပြီး ရှေ့သို့ တိုးလာသည်။
“အဟက်..ဟုတ်ပါရဲ့..မိဘုရားကြီးခင်ဗျာ...ခင်ဗျားရဲ့ သန်လျင်ဘုရင်ကြီးတော့ မနေ့ကပဲ ဘုရင့်အမိန့်နဲ့ ဖင်ကို တံကျင်လျှိုပြီး ကွပ်မျက်လိုက်ကြပါပြီ”
ဘယကျော်သူ၏ စကားကြောင့် ဒွန်နာလွီဇာ၏ မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူလျော်သွား၏။
ပေါ်တူဂီအမျိုးသမီး၏ မာထန်သောဆက်ဆံမှုသည် မိမိမာနကို ထိပါးလာသောကြောင့်သာ ခပ်ထေ့ထေ့ပြောလိုက်ရသော်လည်း..လွီဇာ၏ မျက်နှာအမူအရာပြောင်းလဲသွားပုံကြောင့် ဘယကျော်သူပင် အားတုံ့အားနာဖြစ်သွားရသည်။
“ကျုပ် စိတ်မကောင်းပါဘူး..ခင်ဗျား..ရှင်ဘုရင်ဆီ လိုက်ခဲ့ရလိမ့်မယ်..ဟေ့..ထီးကိုဖြုတ်သိမ်းစမ်း”
လွီဇာနှင့် ပေါ်တူဂီစစ်သားတစ်စုကို အင်းဝစစ်သားများခြံရံလျက် သံလျင်မြို့ထဲသို့ ဝင်ခဲ့ကြသည်။
မွေ့နွန်းကုန်းပေါ်ရှိ ယာယီနန်းတော်ပေါ်သို့ သွားရာလမ်းတနေရာတွင် မီးလောင်ပြာကျနေသော ဘုရားကျောင်းကို ဒွန်နာလွီဇာ မြင်ရသည်။
မြို့လယ်ခေါင်ရှိ ခပ်လှမ်းလှမ်းကုန်းမြင့်ပေါ်မှ မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည့်အခါ လွီဇာ့ ခြေလှမ်းတို့ ရပ်တန့်သွား၏။
“ဒါ...ဒါ”
ထိပ်ဖျားတွင် ချွန်မြနေသော ဝါးတိုင်ကြီးတစ်ခုကို မြို့လယ်တွင် ထောင်ထားသည်။
ထိုဝါးတိုင်တွင် တံစို့ထိုးသကဲ့သို့ထိုးထားသော လူတစ်ယောက်။ ကတ္တီပါဝတ်ရုံအနားစတို့က ဝါးတိုင်တွင် ရစ်ပတ်ကာ လေတွင် လွင့်နေသည်။
ဒွန်နာလွီဇာက တပ်မှူးဘယ်ကျော်သူ ဘက်သို့ လှည့်လိုက်၏။
“ဟုတ်တယ်...အဲ့ဒါ..သူပဲ”
လွီဇာက ထို နေရာသို့ ခြေလှမ်းရန်ပြင်လိုက်သည်။ အင်းဝတပ်သားတစ်ချို့က လှံရှည်ဖြင့် တားလိုက်၏။
တပ်မှူးဘယကျော်သူ လက်ယမ်းပြလိုက်သည့်အခါမှ ဖယ်ပေးလိုက်ကြသည်။
လွီဇာက ခြေလှမ်းများ ဒယီးဒယိုင်ဖြင့် ကုန်းမြင့်ပေါ်သို့ တက်သွား၏။
ဝါးတိုင်၏ ခြေရင်းအရောက်တွင် ပုံလျက်သား လဲကျသွားသည်။
“ဖိလစ်”
လွီဇာက ဝါးတိုင်အပေါ်သို့ မော့ကြည့်လိုက်သည်။
ဖိလစ်ဒီဘရစ်တိုကား လွီဇာ၏ ခေါ်သံကို ငုံမကြည့်နိုင်။
ဝါးတံစို့မှာ သူ၏ စအိုဝမှ ဝင်သွားပြီး ပါးစပ်မှ ထွက်သွားသဖြင့် မိုးကောင်းကင်သို့ မျက်နှာမော့ပုံစံဖြင့် သေဆုံးနေခြင်းဖြစ်သည်။
လွီဇာက ဝါးတိုင်ကို လက်နှစ်ဖက်ဖြင့် ဖက်ကာ ဒီဘရစ်တို၏ ခြေဖမိုးပေါ်တွင် သူမ၏ ဆံပင်မှောင်မှောင်များက ဖြန့်ကျက်ထားသည်။
လွီဇာက အားတင်းပြီး မတ်တပ်ရပ်လိုက်သည်။ သူမ၏ လက်မောင်းသားဖြူဖြူများက ဖိလစ်ဒီဘရစ်တို၏ ခန္ဓာကိုယ်ကို သိမ်းကြုံးပွေ့ဖက်ထား၏။
မြစ်ပြင်ဘက်ဆီမှ တိုက်ခတ်လာသော လေနှင့်အတူ ညှီစို့စို့အနံ့များက ဖုံးလွှမ်းလာသည်။
လွီဇာ၏ မျက်ရည်များသည် ဒီဘရစ်တို၏ ခန္ဓာကိုယ်မှ သွေးခြောက်များကို ပြန်လည်စိုစွတ်လာစေသည်။
“ကျုပ်တို့မှာ အချိန်မရှိဘူး...ဟိုမှာ ဘုရင်မင်းမြတ်စောင့်နေလောက်ပြီ”
ဘယကျော်သူ၏ လက်တစ်ဖက်က လွီဇာ၏ ပုခုံးကို ဆုပ်ကိုင်လိုက်သည်။
ဒွန်နာလွီဇာ က ဘယကျော်သူ၏ လက်ကို ပုတ်ထုတ်လိုက်ပြီး နာနာကြင်ကြင် အော်ဟစ်လိုက်သည်။
................................................................................................................................
“မမဇာ....သမီးတို့ ဝမ်းဘဲအင်း ဆင်တော်သားစုစခန်းကို ရောက်ပြီ...မနက်မြို့တံခါးဖွင့်တာနဲ့ ဟံသာဝတီ ကို ဝင်ရတော့မှာ”
လွီဇာ၏ ဆံနွယ်များကို ဂမုန်းက လာဆော့ကစားရင်း ပြောလိုက်သဖြင့် လွီဇာ သတိဝင်လာသည်။
ဝမ်းဘဲအင်းဆင်အစုသားတို့၏ စခန်းရှေ့တွင် တောရိုင်းသတ္တဝါများအား ကာကွယ်ရန် ဝါးချွန်များကို အစီအရီ စိုက်ထူထားကြ၏။
လွီဇာက ထို ဝါးချွန်များထံ အကြည့်ရောက်သွားပြီးနောက် မျက်လုံးကို စုံမှိတ်ထားလိုက်သည်။
အဘွားဖြစ်သူ မကြာခဏပြောပြဖူးသည့် ဖိလစ်ဒီဘရစ်တိုနှင့် လွီဇာတို့ ၏ နာကြင်ဖွယ်ထိုဇာတ်လမ်းကြောင့် ဝါးချွန်များမြင်လျှင် သူမ အထိတ်တလန့်ဖြစ်နေတတ်သည်မှာ ဟိုး ငယ်စဥ်ကတည်းက။
“မမဇာ....ဘာလုပ်နေတာလဲ...ဟိုမှာ အဘတို့စောင့်နေကြပြီ..ဆင်ပေါ်က ဆင်းကြမယ်လေ”
လွီဇာ မျက်လုံးတို့ ပြန်ဖွင့်လိုက်၏။
ဂမုန်းက သူမကို အချိုသာဆုံး ပြုံးပြနေသည်။
ခက်ဇော်
(zawgyi)
အခန်း(၆) ............................................... သန္လ်င်မြို့၏ နွစ်သစ္ကူးကာလသည် အျေမာက်သံ ၊ ဗုံးသံမ်ာျးဖင့် ပြီးဆုံးသြားခဲ့ပေပြီ။ ၁၆၁၃ ခုနွစ်၊မတ္လ။ အင်းဝတပ္မ်ားက လေးလတိုင္တိုင် သံလ်င္ကို ဝန်းရံပစ္ခတ်နေခဲ့ကြသည်။ သံလ်င်မြို့ရိုးအတြင်း စားနပ်ရိက္ခာရွားပါးလာကြပျြီဖစ်သည်။ အျေမာက္ဆံမ်ား၊ က်ည္ဆံမ်ား ကလည်း တစတစနည်းပါးလာခဲ့ပြီ။ ဌာနေလူမိုးမ်ာျးဖစ်သော မြန်အမိုးသားမ်ားနွင့် မြန်အမတ္မ်ားကလည်း ပေါ်တူဂီတို့၏ စြမ်းရည်အေပါ် မေးခြန်းထုတ္လာကြပျြီဖစ်သည်။ အင်းဝဘုရင္က စာရေးတောင်းဆိုသည့်အတိုင်း တောင်ငူဘုရင် နတ်သ်ွင်နောင္ကို အင်းဝတပ္မ်ားလက်သို့ အပ္လိုက်စေခ်င်သည့် အုပ္စုက ပိုမိုအင်အားကြီးမားလာခဲ့သည်။ နတ်သ်ွင်နောင္နွင့်အတူပါလာသည့် တောင်ငူသားအစုမွာလည်း အျပင္ဘက်ရွိ အင်းဝတပ္မ်ားနွင့် တဖြဲဖြဲ သြားရောက္ပူးပေါင်းနေကြ၏။ ပေါ်တူဂီတို့ အခိုင်အမာနေရာယူထားခဲ့သော ကိုက်ခေါက်တောင္ကုန်း သည် ၁၆၁၃ ဖေဖ်ာဝါရီ ၉ ရက်နေ့ကတည်းက အင်းဝတပ္မ်ားလက်သို့ က်သြားခဲ့ပျြီဖစ်သည်။ ပေါ်တူဂီတပ္မ်ားသည် သန္လ်င်မြို့ရိုးအတြင်း ပိတ္မိနေကြပြီ။ ဖိလစ္ဒီဘရစ္တိုအတြက် မွေ်္လာင့္ခ်က္ကား ဂိုအာဘုရင္ခံခ်ုပ္ထံမွ လာမည့် စစ္ကူပင်။ သို့သော်ျငား..။ျမစ်ျပင္ဘက္ဆီမွ အောင္စည်အောင်မောင်းသံ သဲ့သဲ့က နံနက္ခင်းကို လှုပ္နှိုးလိုက်သည်။ မိုးလင်းခါနီးမွ အိပ်ပော််သြားခဲ့သော ဖိလစ္ဒီဘရစ္တိုက သူနေထိုင်ရာ မြေ့နြန်းကုန်းအိမ်တော်ဝရံတာသို့အျေပးအလွှားထြက္ကျာမစ္ဘက်သို့ ကြည့္လိုက်၏။ ဝရံတာတြင် ဒြန္နာလြီဇာက ကြိုရောက်နေသည်။ “ဂိုအာက သေင်္ဘာစစ္ကူထင္တယ်” ဒီဘရစ္တိုက ညအိပ်အဝတ်အစားမ်ားကို အျမန္ဆုံးလဲပြီး ခံတပ်ရွိရာသို့ ထြက်ရန်ျမင်းရထားကျိုပင္ဆင္ခိုင်းလိုက်သည်။ “ကျြန္မလည်း လိုက္မယ်” လြီဇာက ဂါဝန္ကို မကျာမင်းရထားပေါ်သို့ တက္လိုက်သည်။ျမင်းရထားက ခံတပ်ရွိရာသို့ မောင်းထြက်သြား၏။ ခံတပ်ပေါ်သို့ တက္လိုက်သည့်အခါ ပေရက္တြစ္ခုနွင့် ကညစ္ကို ကိုင္လ်က် ငိုင်နေသာ နတ်သ်ွင်နောင္ကို တြေ့လိုက်ရသည်။ သူ့နေဘးတြင် ဖိလစ္ဒီဘရစ္တို၏ အားအကိုးရဆုံးတပ္မှူး ဒီအာဂို ။ ထို့နောက် မြန်အမတ်ကြီး ဗညား။ “ဂိုအာက စစ္ကူလာပြီလေ..ဘယ္နွယ့္လဲ...သေင်္ဘာတြေ ရာနဲ့ခ်ီသလား..” ဒီဘရစ္တို၏ ဝမ်းသာအားရအသံကို သူတို့က ငေးကြောင်ကြည့်နေကြသည်။ “အမယ်လေး..ဒါက ဘယ်သူလဲ..ဘျာဖစ္တာလဲ” လူအုပ္စု၏ နောက္နားတြင် ဒူးထောက်နေသာ လူတစ်ယောက္ကျိုမင်ပြီး ဒြန္နာလြီဇာက အလန့္တကြား ထေအ္လာိုက်သည်။ မ်က္နွာတျခမ်းကို အဝတ္စ စည်းထားပြီး သြေးမ်ားက လည္ပင်းတဝိုက္နွင့် ခန္ဓာကိုယ္တြင် ရွှဲနစ်နေသည့် ပေါ်တူဂီလူငယ္တစ်ယောက်။ ဒီဘရစ္တို မ်က်မွောင်ကြုံ့သြားသည်။ “သူက ဘယ်သူလဲ” “ရခိုင္ကို ရောက်နေတဲ့ ကပ္ပတိန္မားကြတ္စ္ဒန်းမစ် ဆီက စစ္ကူပို့လိုက္တဲ့ သေင်္ဘာသားတြေထဲက တစ်ယောက္ပါ..ကပ္ပတိန္ဂ်င္နရယ်” ဒီဘရစ္တို၏ ကိုယ်ရေးအရာရွိ ရီဗားရိုး ၏ အသံက စိတ္မသက္မသျာဖင့်။ “ဒါဆို...ဂိုအာက စစ္ကူတြေမဟုတ္ဘူးပေါ့” “သူတို့ သေင်္ဘာငါးစီးကိုလည်း အင်းဝေရတပ္က သိမ်းလိုက္ပါပြီ..အခု လာတဲ့ သေင်္ဘာသားက ကပ္ပတိန္ဂ်င္နရယ် လက္ထဲကို ထည့်ပေးဖို့ သဝဏ္လွှာနွစ်စောင်ယူလာပေးတာပါ” “ဘယ္က သဝဏ်တြေလဲ” “တစ်စောင္က ဂိုအာဘုရင္ခံခ်ုပ္ဆီကပါ..တစ်စောင္က..အင်းဝဘုရင္ဆီက” “ဘယ္မလဲ..အဲ့ဒီစာ..ငါ့ကို ဂိုအာက စာ အရင်ပေးစမ်း” ရီဗားရိုးက စာတစ်စောင္ကို ဒီဘရစ္တို လက္ထဲ ထည့္လိုက်သည်။ “သန္လ်င္ဘုရင္ခံဖိလစ္ဒီဘရစ္တို ယခုအခါ....ငါတို့ ပေါ်တူဂီကိုလိုနီနယ္မ်ားတြင် မငြိမ္မသက်ရွိပြီ။ အေရွ့မလက္ကာကျြန်းတြင် စပိန်အမိုးသားတို့နွင့် စစ်ျဖစ်နေရသည်။ အေရွ့အိန္ဒိယကျြန်းစုမ်ားတြင္လည်း လက်အောက္ခံ စူလတန္ဘုရင္တို့ကို နွိမ္နင်းနေကြရသည်။ သိျု့ဖင့်၍ ယခုလောလောဆယ်..သန္လ်င်သို့ စစ္ကူမ်ား ပေးပို့ရန် တပ္မရွိသေးသျဖင့် ခေတ္တသည်းခံစောင့္ဆိုင်းပေးပါ။ ငါတို့ ဘုရင့္စစ်သည်တ္မော်ား သင့္ထံ စစ္ကူမေရာက္နိုင်သေးခင် သန္လ်င္ကို သင့်ရဲစြမ်းသတ္တျိဖင့် ကြံ့ကြံခံကာကြယ္နိုင္မည်ဟု ပေါ်တူဂီဘုရင္မင်ျးမတ္နွင့်အတူ ကျြန်ုပ် ယုံကြည္ထားပါသည်” ဒီဘရစ္တို ထံမွ သက်ျပင်းသံခပ်ျပင်ျးပင်း။ လြီဇာက ဒီဘရစ္တို လက္ထဲမွ စာကို လွမ်းယူပြီးဖတ္လိုက်သည်။ “အင်းဝ ဘုရင္ဆီက စာကေရာ” “အဲ့ဒါကေတာ့ သူ့ဆီမွာ..ခင္ဗ်ားလာမွ ပေးမယ္လို့ သူကျေပာနေတယ်..ဖိလစ်” သြေးသံတရဲရျဲဖင့် သေင်္ဘာသားလူငယ္ကို နတ်သ်ွင်နောင္က လက်ညှိးထိုျးပလိုက်သည်။ “ဒီမွာပါ..အရွင်” သေင်္ဘာသားလူငယ္က ရွေ့သို့ အာျးပုလမ်းလွော်က္လာရင်း ဒူးထောက္လိုက်သည်။ ကတ္တီပါဈဖင့် ရစ္ပတ္ထားသော ပေစာတစ္ခု။ ကတ္တီပါစအနီရောင်ပေါ်တြင် သြေးစက္တို့ စိုထိုင်းနေသည်။ ဒီဘရစ္တိုက ပေစာကျိုဖန့္လိုက်၏။ လြီဇာက လည်း ဒီဘရစ္တို၏ ပခုံးနောက္မွေနပြီး ပေစာကို အာရုံစိုက္လိုက်သည်။ “ယချုပလိုက်သော ကျြန်ုပ်၏ လက်ဆောင် နမူနာကို ကြည့္ပါ။ ငါကိုယ်တော်ရျေမ့သခင္စကြာရွင်၏ ရန်သူကို ကာကြယ်ပေးထားသည္ကို ရပ်ပြီးျေခေတ်ာရင်းခစားပါ။ သို့မဟုတ္ပါက ယခု ရက္စက္မှုမ်ားသည် သင္နွင့္တကြ သန္လ်င္တစ်မြို့လုံးဆီသို့ မကြာမီ ရောက္လာလိမ့္မည်” ဒီဘရစ္တိုက စာကို ဖတ်ပြီး မ်က်မွောင်ကြုံ့လိုက်သည်။ “ဘာလက်ဆောင္လဲ...” “ဒီ..ဒီမွာပါ..အရွင်” ပေါ်တူဂီသေင်္ဘာသားက ညိုညစ်ညစ်အဝတ္စ ဒီဘရစ္တိုထံ ပေးလိုက်သည်။ သို့သော် ဒူးထောက္လ်က်ျဖစ်နေပြီး ဝေဒနာကြောင့် ရွေ့သို့ မတိုးနိုင်သျဖင့် ဒြန္နာလြီဇာက ကြားမွ လွမ်းယူလိုက်၏။ ဒြန္နာလြီဇာက အဝတ္စကျိုဖည္ထုတ္လိုက်သည်။ အဝတ္စက ဒြန္နာလြီဇာ လက္ထဲမွ လြတ္က်သြား၏။ မြို့ရိုးထိပ်သို့ ပေးသြားကာ ဒြန္နာလြီဇာ အန္ခ်ပစ္လိုက်သည်။ အဝတ္စတြင်းက ထြက္လာသည္က နားရက္တြစ္ဖက်။ “ကျြန်တ္မောိုး..နားရက္ပြါ..အရွင်...ကျြန်တ္မောိုးတစ်ဦးတည်းသာ ကံကောင်းလို့ နားရက္တြစ္ဖက်ျဖတ္ခံရတာပါ..က်န္တဲ့သေင်္ဘာသားတြေအားလုံး လက်တြေျေခေတျြဖတ္ခံရပါတယ်.. အခု ကျြန်တ္မောိုးကို တင္လွှတ္လိုက္တဲ့ သေင်္ဘာပေါ်မွာ အဲ့ဒျီေခလက်တြေ ပါလာပါတယ်” “တော်ပြီ..တော်ပြီ...” နတ်သ်ွင်နောင္က ပေါ်တူဂီဘာသာစကာျးဖင့် လွမ်းဟန့္တားလိုက်ျခင်ျးဖစ်သည်။ အနီးအနားမွ မြန်အမတ်ကြီး နွင့် မြန္စစ်သည်အခို့၏ မ်က္နွာမွာလည်း သိသိသာသာပ်က်ယြင်းနေသည်။ ခပ္လွမ်းလွမ်းတြင် သြားအန်နေသာ ဒြန္နာလြီဇာကလည်း သူတို့ရွိရာသို့ လေးတိလေးကန်ျေခလွမ်းမ်ာျးဖင့်ျပန္လာနေသည်။ အေစာင့္စစ်သားတစ်ဦးက နားရကြ်ျပတ္ကို ကောက္ကိုင္ကာ ခံတပ်အောက္ဘက်သို့ လွှင့္ပစ္လိုက်သည်။ သေင်္ဘာသားသည် သူ့နားရကြ်ျပတ္ကေလးအား နျွေမာတသစြာ လိုက်ငေးနေ၏။ “သူ သြေးထြက္လြန်နေပြီ...ဘုရားကော်င်းထဲက ယာယီဆေးရုံကို ပို့ပေးမျွဖစ္မယ်..လာကြပါဦး” ဒေါ်နာလြီဇာက သေင်္ဘာသား လူငယ္ကို တြဲထူရင်းျေပာလိုက်သည်။ စစ်သည္နွစ်ဦးအကူအညျီဖင့် လူငယ္ကို ခံတပ်ပေါ်မွ တြဲခေါ်သြားတော့၏။ ဒီဘရစ္တိုက ခံတပ်ပေါ်မျွမစ်ျပင္ဆီသို့ ငေးနေသည်။ အားလုံးတိတ္ဆိတ်နေကြ၏။ “က်ုပ် ကို သူတို့လက္ကို အပ္လိုက္ပါတော့..ဖိလစ်..ဒါ ခင္ဗ်ားတို့ အားလုံးရဲ့ နောက္ဆုံး ထြက်ပေါက္ပဲ” နတ်သ်ွင်နောင်၏ အသံ ထြက္လာသည်။ ဖိလစ္ဒီဘရစ္တိုက ခေါင်းခါလိုက်၏။ “မိတ်ဆြေကြီးနတ်သ်ွင်နောင်....အဲ့ဒါက အျေဖမဟုတ်လောက္ဘူး...တကယ္တမ်း အင်းဝမင်း လိုခ်င်နေတာ..သန္လ်င်မြို့ပဲ” မြန်အမတ်ကြီးဗညား သူ့အနီးအပါးမွ မြန္စစ်သည္တစ္စုကို မ်က်ရိပ်ျပကာ စိတ္မသက္မသာဟန်ျဖင့် ခံတပ်ပေါ်မွ ဆင်းသြားသည်။ ................................................................................................................ ဖိလစ္ဒီဘရစ္တို၏ျမင်းရထားနွင့်အတူ ပေါ်တူဂီတပ္စုတစ္စုသည် မြေ့နြန်းကုန်းတော်အနီးရွိ ကက်သလစ္ဘုရားကော်င်းရွေ့တြင် ရပ္လိုက်သည်။ ဘုရားကော်င်းကို ဒြန္နာလြီဇာမွ ဦးဆောင်ပြီး ယာယီဆေးရုံအျဖစ် အသုံျးပုထားကြသည်။ ဗရင္ဂ်ီဘုန်းတော်ကြီးနွင့် စကာျးေပာနေကြေသာ လြီဇာ၏ ပုခုံးကို ဒီဘရစ္တိုက ဆုပ္ကိုင္လိုက်သည်။ “ဖိလစ်...ခံတပ္မွာ မေနပဲ ဘာလို့ လိုက္လာတာလဲ” “မင်း..သြားဖို့.အခိန္က်ပြီ..လြီဇာ” လြီဇာက ဒီဘရစ္တိုကို မော့ကြည့္လိုက်သည်။ “အိမ်တ္ကောို အခု သြားကြမယ်..သယ္နိုင်သမွ် အဖိုးတန္ပစ္စည်းတြေအကုန်သယ်..မသယ္နိုင္တာကျိုမုပ်သင့္တျာမုပ္ခဲ့...ပြီးရင် မနက် ၃ နာရီထိုးတာနဲ့ အသင့်ျပင္ထားတဲ့ သေင်္ဘာသုံးစင်းနဲ့ မင်း ဂိုအာကို ထြက်ရမယ်” “ဟင်အင်း..ရွင့္ကို ထားပြီး ကျြန္မ ဘယ္မွ မသြားဘူး..ပြီးတော့...ျမစ်ဝမွာလည်း အင်းဝသေင်္ဘာတြေ ပိတ္ဆို့ထားတယ္မဟုတ္လား” “မင်း သြားကို သြားရမယ်..လြီဇာ..မင်းကို ဘုရင္ခံမင်ျးမတ္ဆီကို ဘေးမသီရန္မခပျဲပန္ပို့ပေးဖို့ ကိုယ့္မွာ တာဝန်ရွိတယ်..ျမစ်ဝက အင်းဝတပ်တြေကိစ္စ ဘာမွမပူနဲ့ ကိုယ့္မွာ အစီအစဉ်ရွိပြီးသား..လြီဇာ...မင်းနဲ့အတူ ကပ္ပတိန္ဒီဘရစ်ရင်းနဲ့ တပ္စိတ္တစ္စိတ် ထည့်ပေးလိုက္မယ်.... ... ဂိုအာကေန ကိုယ့္ကို စောင့်နေပါ..ကိုယ္လိုက္လာမယ်” ဒီဘရစ္တိုက ဒြန္နာလြီဇာ၏ လက္ကို ဆြဲကျာမင်းရထားဆီ ဆြဲခေါ်သြား၏။ ............................................................................................. ထိုနေ့ နံနက် သုံးနာရီ။ သန္လ်င်မြို့ အေရွ့ဘက္တံခါးသည် ရုတ္တရက္ပြင့်သြားသည်။ တံခါးနောက္မွ အျေမာက် ၁၂ လက် တင်ဆောင္လာသော လွည်းရထားမ်ား တကျြီကျြီဖင့် ထြက္လာ၏။ အင်းဝတပ္မ်ား၏ မလွမ်းမကမ်းတြင် အျေမှာက္လွည်းမ်ား ရပ္လိုက်ကြသည်။ ထို့နောက္တြင် သေနတ္ကိုင်ပေါ်တူဂီစစ်သားမ်ားနွင့် တောင်ငူစစ်သားမ်ား နေရာယူကြသည်။ ရုတ္တရတ်ျဖစ္လာသောအျေခအေနေကြာင့်အင်းဝတပ္မ်ားအတြင်း မောင်းသံမ်ား ၊ အော်ဟစ်သံမ်ား ဆူညံသြားသည်။ သေနတ္ကိုင္တပ်သားမ်ားနောက္မွ အလံတလူလူလြင့်နေသျာမင်းတပ္တြင် ဒီဘရစ္တိုနွင့် နတ်သ်ွင်နောင္တို့က ရွေ့ဆုံးမွ နေရာယူလိုက်ကြသည်။ မကြာမီ အျေမှာက်သံမ်ား စတင္ထြက်ပေါ်လာသည်။ အင်းဝဘက္မွ အျေမှာက္မ်ား သေနတ္မ်ာျးဖင့်ျပန္လည္ပစ္ခတ်ကြသည်။ သန္လ်င်မြို့ဘက္ဆီမွ သေနတ်သံမ်ားကြားသျဖင့်ျမစ်ဝတြင် ပိတ္ဆို့ထားသော အင်းဝေရတပ်သည္လည်း သန္လ်င္ဘက္ဆီသို့ ဒေရာသောပါး ဦးတည္ထက္လြာကြသည်။ ထိုအခိန္တြင် သန္လ်င်မြို့ ဆိပ္ကမ်းဆီမွ မီးမွိတ္ထားသော သေင်္ဘာသုံးစီးသည်ျမစ်ဝဘက္ဆီသို့ တိတ္တဆိတ် ထြက္ခြာနေတာ့သည်။ ဒြန္နာလြီဇာသည် သေင်္ဘာကုန်းဘက္တြင် မတ္တပ်ရပ်ပြီး အေမွာင္ထဲမွ သံလ်င်မြို့ဆီသို့ ငေးကြည့်နေသည်။ ဗုံးသံ၊ အျေမှာက်သံမ်ားအကြား သံလ်င်၏ ကောင်းကင်သည် တခ်က္တခ်က် လင်းထိန်သြား၏။ “သခင္မလြီဇာ...ကုန်းပတ်ပေါ်မေနပါနဲ့..အင်းဝေရတပ္က တိုက်လွေတစ္စီးနွစ္စီးကို ကင်းစောင့္ထားခဲ့ပြီး လွမ်းပစ္နိုင္လို့ပါ” ကပ္ပတိန္ဒီဘရစ်ရင်း ၏ စကားကို ဒြန္နာလြီဇာက အေကြာင်းမျပန်။ “ရွင်..ရွင့်ရဲ့ ကပ္ပတိန္ဂ်င္နရယ် နဲ့ ရဲဘော်တြေကို ဒီတိုင်း ထားခဲ့ရက်သလား” “သခင္မ ဂိုအာရောက္တဲ့အထိ စောင့်ရွောက္လိုက္ပါပေးရမယ္လို့ ဂ်င္နရယ္က အမိန့်ပေးထားတာပါ” “ဒီအခိန္မွာ ကျြန္မတို့အားလုံး အတူတူရင္ဆိုင်သင့္တယ္လို့ ကျြန္မထင္တယ်...ဒီဘရစ်ရင်း” “မျဖစ္နိုင္ပါဘူး..သခင္မ..ခဏေန အင်းဝသေင်္ဘာတျြေပန္လွည့္လာရင် ကျြန်တ္တောို့ အားလုံး သေရပါလိမ့္မယ်...မိုးမလင်းခင် ပင္လယ္ထဲ ကို ရောက္မျွဖစ္ပါမယ်” ထိုညတိုက္ပြဲသည် လေးနာရီခန့်ကျြာမင့္ခဲ့သည်။ ဖိလစ္ဒီဘရစ္တို၏ လက်မောင်းတြင် သေနတ္ဒဏ်ရာရရွိခဲ့ပြီး မြို့တြင်းသိျု့ပန္လည္ဆုတ္ခြာဝင်ရောက္ခဲ့သည်။ အင်းဝတပ္မ်ားမွာ မြို့ရိုးအျေခအထိ လိုက္လာပြီး လွေကားမ်ားထောင္ကာ တက်ကြသည်။ ပေါ်တူဂီတပ္မ်ားက မြို့ရိုးပေါ်မွ ပြဲလ်က်ရည်၊ ငရုတ်ရည္မ်ားလောင်းခ်ကြသည်။ နောက္တစ်ရက္လုံးလုံး အင်းဝတပ္မ်ားနွင့် ပေါ်တူဂီတပ္မ်ား အေလာင်းမ်ားပုံသည်အထိ တိုက်နေကြ၏။ ၁၆၁၃ မတ္လ ၂၇ ရက် ည ၁ နာရီတြင် မြန်အမတ်ကြီးဗညားဦးဆောင်သော မြန္စစ်သည္မ်ားက သံလ်င်မြို့တံခါးကို ဖြင့်ပေးလိုက်တော့သည်။ သောင်းခ်ီသော အင်းဝစစ်သည္မ်ားမွာ မြို့တံခါးမွ အလုံးအရင်းဝင္လာကြ၏။ မြန်အမတ်ကြီး ဗညား ဦးဆောင်သည့် ပဲခူးစစ်သည်တ္မော်ားမွာ သူတို့၏ မိသားစုမ်ားနွင့်အတူ ညအေမွာင္ထဲတြင် တိတ္တဆိတ် ပော်က္ကြယ်သြားကြသည်။ ပေါ်တူဂီတပ္မ်ားနွင့် တောင်ငူတပ္မ်ားမွာ အင်းဝစစ်သည္မ်ား၏ အင်အားကို မည်သို့မွ် မတြန်းလွန္နိုင္ခဲ့ကြ။ နံနက္လင်းသောအခါ သံလ်င်သည် မီးလောင်နေသာအေဆာက်အဦမ်ားနွင့် သြေးညှီနံ့မ်ား လှိုက္ထေနသည်။ ပေါ်တူဂီစစ်သားမ်ား၊ တောင်ငူစစ်သားမ်ား၊ ပသီကြေးစားစစ်သားမ်ား၊ နီဂရိုးကျြန္စစ်သားမ်ား စုစုပေါင်း ငါးထောင်ကော််သည် မြို့လယ္ကြင်ျးပင်ကြီးတြင် သုံ့ပန်းမ်ားအျဖစ် လက္နက္ခ်လိုက်ကြသည်။ ထိုလူအုပ္စုထဲတြင် သန္လ်င်မြို့စား ဖိလစ္ဒီဘရစ္တိုနွင့် တောင်ငူဘုရင္နတ်သ်ွင်နောင္တို့ကို အင်းဝတပ္မှူးမ်ားက လိုက်ရွာကြသည်။ သို့သော် ရွာမေတြ့။ မကြာမီ ပေါ်တူဂီတပ္မှူးမ်ားထဲမွ အခို့ကို ထုတ္နှုတ္ကာ ယာယီစံနန်းအျဖစ် အေနာက္ဘက္လြန္မင်း စံနေသည့် မြေ့နြန့္ကုန်းပေါ်မွ ဒီဘရစ္တို၏ အိမ်သို့ ခေါ်ဆောင်သြားကြသည်။ ခဏအကြာတြင် ဘုရင္ကိုယ်ရံတ္တောပ္မ်ားအပါအဝင်၊ မြို့တြင်းမွ တပ္မ်ားသည် ကုန်ျးမင့်ပေါ်မွ ကက်သလစ္ဘုရားကော်င်းလေးဆီသို့ ခ်ီတက်ပြီး ဝန်းရံလိုက်ကြသည်။ ယာယီဆေးရုံအျဖစ် ဖြင့္လွစ္ထားသည့် ဘုရားကော်င်းလေးမွာ တိတ္ဆိတ်နေ၏။ အင်းဝစစ္တပ္မ်ားကလည်း ဘုရားကော်င်း၏ လေးဘက်လေးတန္ကို အင်အားမ်ားစျြာဖင့် ပိတ္ဆို့လိုက်ပျြီဖစ်သည်။ “ရွှေနန်းရွင် အမိန့်တော်..အားလုံး လက္နက္ခ်ပြီးထြက္လာကြ...မဟုတ်ရင် အျေမာက္နဲ့ ပစ်ရလိမ့္မယ်” တဒဂင်္မွ် တိတ္ဆိတ်နေသည်။ ထို့နောက် ဘုရားကော်င်း၏တံခါး တစ္ခ်က္ပြင့္လာ၏။ ဖာသာအင္ဒရူးဘ္ဗောစ် ထြက္လာသည်။ သူ၏ ကိုယ်ရုံသင်္ကန်းမွာျေခာက္ကပ္ကပ်သြေးစမ်ာျးဖင့် ညစ္နြမ်းနေသည်။ “အားလုံးဟာ ဘုရားသခင်ရဲ့ ဖန္ဆင်းခံတြေပါပဲ...ကိုယ်တော်စောင့်ရွောက္ပါ..ဟာလေလုယာ” သူ့နောက္တြင် ဒဏ်ရာရထားသော ပေါ်တူဂီစစ်သည္မ်ား၊ တောင်ငူစစ်သည္မ်ား တစ်ဦးပြီး တစ်ဦးထြက္လာသည်။ အခို့ကို သူနျာပုအျဖစ်ဆောင်ရက်ြနေသာ ပေါ်တူဂီအမိုးသမီးမ်ားက တြဲထားကြသည်။ နောက္ဆုံးမွ ထြက္လာသူ သုံးဦးကျိုမင်သည္နွင့် အင်းဝစစ်သားမ်ားက သေနတ္မ်ာျးဖင့် ခိန္ကာ အထပ္ထပ်ဝိုင်းရံလိုက်ကြသည်။ သူတို့ကာ ဖိလစ္ဒီဘရစ္တို၊ နတ်သ်ွင်နောင္နွင့် ရီဘေးရိုး။ “ဘုန်းတော်ကြီးဘုရား..ကြလာတယ်..ဒူးတုတ်..ဒူးတုတ်” ဖိလစ္ဒီဘရစ္တိုနွင့် ရီဘေးရိုးက ဒူးထောက္လိုက်ကြသည်။ နတ်သ်ွင်နောင္ကား ဒူးမေထာက်။ျေပေလ်ာ့နေသာ သွော်င္ထုံးကျိုဖည္ခ်လိုက်ရာ ဆံပင် ဖားလ်ာျးဖစ်သြားသည်။ ခေါင်းကို မော့ထား၏။ ဘုရင့်နောင်၏ျေမးတော်၊ လက်ရွိအင်းဝမင်း၏ ညီအကိုတော်သူ၊ တောင်ငူ၏ ရွင္ဘုရင်ျဖစ္ခဲ့ဖူးသူ နတ်သ်ွင်နောင်၏ မာကော်သော အမူအရာကြောင့် တပ္မှူးမ်ားျေခမကိုင္မိ လက္မကိုင္မျိဖစ္ကုန်ကြသည်။ အေနာက္ဘက္လြန္မင်း၏ ဝေါက သူတို့ရွေ့တြင် ရပ္တန့္လိုက်သည်။ “စစ်သားတြေကို လူခ်င်းခြဲကြစမ်း..တောင်ငူ နဲ့ ပေါ်တူဂီမေရာစေနဲ့...မြန္စစ်သားတြေကိုလည်း သက်သက္ထား..သူတို့ခ်င်း ရောနွောတျာမင်ရင် သတ္ပစ်” အေနာက္ဘက္လြန္မင်းက အနီးအနားရွိ တပ္မှူးသီဟပေတ့ကိုျေပာလိုက်သည်။ သူ့ရွေ့တြင် ဒူးထောက္မေနေသာ နတ်သ်ွင်နောင္ကို အေနာက္ဖက္လြန္မင်းက စူးစူးရဲရဲ စိုက်ကြည့္လိုက်ပြီး ပြုံးလိုက်သည်။ “ညီတော်တောင်ငူစား..ဘာလို့ မခန့္မညားလုပ်ရသလဲ..ဒီလိုပုံစံနျဲ့ပည့်ရွင္မင်းကို ခစားရသလား” “ျပည်ထောင္မင်းအခ်င်းခ်င်း ဒူးထောက္စရာမရွိပါ..အင်းဝဘုရင်” “ငါတို့က ညီနောင်တြေပါ...မင်းက ဘာလို့မ်ား...ဒီကုလားငယ္နဲ့ ပေါင်းပြီျးခားနားရသလဲ” “ဖိလစ္ဒီဘရစ္တို က ငါ့ညီနောင္ပဲ.... ငါ့နန်းတော် မွန္ကင်းကို ခ်ပြီး င့ါကို ကျြန္ဇာတ်သြင်းတဲ့ နင္တို့ ကို ငါ့ဆြေမိုးလို့ မမွတ္နိုင်” အေနာက္ဘက္လြန္မင်းက မည်သည့္စကားမ်ွမဆိုတော့ပဲ အခ်က်ျပလိုက်၏။ တပ္မှူးမ်ားက နတ်သ်ွင်နောင္ကို ခေါ်ထုတ်သြားကြသည်။ “ကဲ....ငဇင္ကာငယ်..ကိုက်ခေါက်စေတီကို ငါကိုယ်တ္ဖောူးခဲ့ပြီးပြီ..မောင္မင်း လုပ္ထားတာတျြေမင်ရေတာ့ ငါဘယ်လောက္စိတ္ထိခိုက်ရတယ္ထင္လဲ..အဲ့ဒီအရာတြေအတြက် မောင္မင်ျးပန်ပေးဆပ်ရမယ်” ခဏအကြာတြင် ကုန်ျးမင့်ပေါ်မွ ဘုရားရွိခိုးကော်င်းလေးမွာ မီးဟုန်းဟုန်းတောက်လောင်ရင်း က်န်ရစ်တော့သည်။ ..................................................................................................... ၁၆၁၃ မတ္လ ၃၀ ရက်နေ့။ မြန်းလြဲပိုင်း။ အင်းဝေရေကြာင်းခ်ီတက္မွ တပ္မှူးဘယေက်္ထာင် သည် သံလ်င္ဆိပ္ကမ်းဆီသို့ ခ်ဉ်းကပ္လာနေသာ သေင်္ဘာသုံးစင်းကို တြေ့လိုက်ရသည်။ “ပေါ်တူဂီအလံလွှင့္ထားတဲ့သေင်္ဘာတြေပါ..ဘုရား...သံလ်င္ဘက် ဦးတည်ပြီး လာနေတာတြေ့လို့ ကျြန်တ္မောိုးတို့ တိုက်သေင်္ဘာတြေနဲ့ ရံပြီး ဖမ်းဆီးလာတာပါ” ဗိုလ္မှူးတစ်ဦးက သူ့ထံ လက်အုပ္ခ်ီရင်း လွော်က္တင်သည်။ “ငဇင္ကာဆီ လာတဲ့ စစ္ကူတြေမ်ားလား” တပ္မှူးဘယေက်္ထာင်သည် အေထာက်တ္မော်ားအား သန္လ်င်မြို့ရွိ အေနာက္ဘက္လြန္မင်းထံ စေလွှတ်ပြီးနောက် ဆိပ္ကမ်းသို့ ခ်က္ခ်င်းဆင်းလာခဲ့သည်။ သေင်္ဘာမ်ား ဆိပ္ကမ်းတြင် ကော်က္ခ်ပြီးသောအခါ အကြီးဆုံး သေင်္ဘာပေါ်မွ ပေါ်တူဂီအမိုးသမီးတစ်ဦးစစ္လာသည်။ သူ့နောက္တြင် ပေါ်တူဂီစစ်သားတစ်ဦးက ထီးတ္မောိုးပေးထား၏။ နေဘးတြင် ပေါ်တူဂီစစ္ဗိုလ္တစ်ဦးက သေနတ်အတိုနွင့် ပေါ်တူဂီဓါးရွည္ကို ခါးတြင္ခိတ္လ်က်။ “အမိုးသမီး...အင်းဝဘုရင်ရဲ့ တပ္မှူးရွေ့မွာ ခင္ဗ်ား ဒူးထောက္ခစားရမယ္ဆိုတာ ခင္ဗ်ား နားမလည္ဘူးလား” တပ္မှူးဘယေက်္ထာင္က ဓါးရိုးပေါ်လက္တင်ပြီး ခပ္မာမျာေပာလိုက်သည်။ အမိုးသမီးက မီးခိုးလုံးမ်ား၊ျပာမှုန္မ်ာျးဖင့် ဖုန်းလွှမ်းနေသာ သံလ်င်မြို့ဆီ ကြည့္လိုက်သည်။ “ကျြန္မရဲ့ မြို့ကို ရွင္တို့ ဘာလုပ္လိုက္တာလဲ” အမိုးသမီးထံမွ မထင္မွတ်သောစကားသံကြောင့် ဘယေက်္ထာင် မ်က်မွောင်ကြုံ့သြားသည်။ “ဘာ..မင်းရဲ့ မြို့..ဟုတ္လား” “ဟုတ္တယ်..ကျြန္မက သန္လ်င်ရဲ့ ဘုရင် ဖိလစ္ဒီဘရစ္တိုရဲ့ မိဖုရား ဒြန္နာလြီဇာဒီဆာလ္ဒါးညာပဲ” ဘယေက်ာ်သူက လွပေသာ ပေါ်တူဂီမ၏ မ်က္နွာကို စေ့စေ့ကြည့်ပြီး ရွေ့သို့ တိုးလာသည်။ “အဟက်..ဟုတ္ပါရဲ့..မိဘုရားကြီးခင္ဗ်ာ...ခင္ဗ်ားရဲ့ သန္လ်င္ဘုရင်ကြီးတော့ မေန့ကပဲ ဘုရင့်အမိန့္နဲ့ ဖင္ကို တံက်င္လွိုပြီး ကြပ္မ်က္လိုက်ကြပါပြီ” ဘယေက်ာ်သူ၏ စကားကြောင့် ဒြန္နာလြီဇာ၏ မ်က္နွာတစ္ခုလုံး သြေးဆုတ်ျဖူလော််သြား၏။ ပေါ်တူဂီအမိုးသမီး၏ မာထန်သောဆက္ဆံမှုသည် မိမိမာနကို ထိပါးလာသောကြောင့်သာ ခပ်ထေ့ထေ့ျေပာလိုက်ရေသ္လာည်း..လြီဇာ၏ မ်က္နွာအမူအရျာေပာင်းလဲသြားပုံကြောင့် ဘယေက်ာ်သူပင် အားတုံ့အားနျာဖစ်သြားရသည်။ “က်ုပ် စိတ္မေကာင်းပါဘူး..ခင္ဗ်ား..ရွင္ဘုရင္ဆီ လိုက္ခဲ့ရလိမ့္မယ်..ဟေ့..ထီးကျိုဖုတ်သိမ်းစမ်း” လြီဇာနွင့် ပေါ်တူဂီစစ်သားတစ္စုကို အင်းဝစစ်သားမ်ားခြံရံလ်က် သံလ်င်မြို့ထဲသို့ ဝင္ခဲ့ကြသည်။ မြေ့နြန်းကုန်းပေါ်ရွိ ယာယီနန်းတော်ပေါ်သို့ သြားရာလမ်းတေနရာတြင် မီးလောင်ျပာက်နေသာ ဘုရားကော်င်းကို ဒြန္နာလြီဇျာမင်ရသည်။ မြို့လယ်ခေါင်ရွိ ခပ္လွမ်းလွမ်းကုန်ျးမင့်ပေါ်မျွမင္ကြင်းတစ္ခုကျိုမင္လိုက်ရသည့်အခါ လြီဇာ့ျေခလွမ်းတို့ ရပ္တန့်သြား၏။ “ဒါ...ဒါ” ထိပ္ဖ်ားတြင် ချြန်ျမေနေသာ ဝါးတိုင်ကြီးတစ္ခုကို မြို့လယ္တြင် ထောင္ထားသည်။ ထိုဝါးတိုင္တြင် တံစို့ထိုးသကဲ့သို့ထိုးထားသော လူတစ်ယောက်။ ကတ္တီပါဝတ်ရုံအနားစတို့က ဝါးတိုင္တြင် ရစ္ပတ္ကာ လေတြင် လြင့်နေသည်။ ဒြန္နာလြီဇာက တပ္မှူးဘယ်ကော််သူ ဘက်သို့ လွည့္လိုက်၏။ “ဟုတ္တယ်...အဲ့ဒါ..သူပဲ” လြီဇာက ထို နေရာသို့ျေခလွမ်းရန်ျပင္လိုက်သည်။ အင်းဝတပ်သားတစ္ခို့က လွံရွည်ျဖင့် တားလိုက်၏။ တပ္မှူးဘယေက်ာ်သူ လက်ယမ်ျးပလိုက်သည့်အခါမွ ဖယ်ပေးလိုက်ကြသည်။ လြီဇာကျေခလွမ်းမ်ား ဒယီးဒယိုင်ျဖင့် ကုန်ျးမင့်ပေါ်သို့ တက်သြား၏။ ဝါးတိုင်၏ျေခရင်းအေရာက္တြင် ပုံလ်က်သား လဲက်သြားသည်။ “ဖိလစ်” လြီဇာက ဝါးတိုင်အေပ်ါသို့ မော့ကြည့္လိုက်သည်။ ဖိလစ္ဒီဘရစ္တိုကား လြီဇာ၏ ခေါ်သံကို ငုံမကြည့္နိုင်။ ဝါးတံစို့မွာ သူ၏ စအိုဝမွ ဝင်သြားပြီး ပါးစပ္မွ ထြက်သြားသျဖင့် မိုးကောင်းကင်သို့ မ်က္နွာမော့ပုံဈံဖင့် သေဆုံးနျေခင်ျးဖစ်သည်။ လြီဇာက ဝါးတိုင္ကို လက္နွစ္ဖက်ျဖင့် ဖက္ကာ ဒီဘရစ္တို၏ျေခဖမိုးပေါ်တြင် သူမ၏ ဆံပင်မွောင်မွောင္မ်ားကျဖန့္က်က္ထားသည်။ လြီဇာက အားတင်းပြီး မတ္တပ်ရပ္လိုက်သည်။ သူမ၏ လက်မောင်းသာျးဖျူဖူမ်ားက ဖိလစ္ဒီဘရစ္တို၏ ခန္ဓာကိုယ္ကို သိမ်းကြုံးပြေ့ဖက္ထား၏။ျမစ်ျပင္ဘက္ဆီမွ တိုက္ခတ္လာသော လေနွင့်အတူ ညှီစို့စို့အနံ့မ်ားက ဖုံးလွှမ်းလာသည်။ လြီဇာ၏ မ်က်ရည္မ်ားသည် ဒီဘရစ္တို၏ ခန္ဓာကိုယ္မွ သြေျးေခာက္မ်ားကျိုပန္လည္စိုစြတ္လာစေသည်။ “က်ုပ္တို့မွာ အခိန္မရွိဘူး...ဟိုမွာ ဘုရင္မင်ျးမတ်စောင့်နေလာက်ပြီ” ဘယေက်ာ်သူ၏ လက္တစ္ဖက္က လြီဇာ၏ ပုခုံးကို ဆုပ္ကိုင္လိုက်သည်။ ဒြန္နာလြီဇာ က ဘယေက်ာ်သူ၏ လက္ကို ပုတ္ထုတ္လိုက်ပြီး နာနာကြင်ကြင် အော်ဟစ္လိုက်သည်။ ................................................................................................................................ “မမဇာ....သမီးတို့ ဝမ်းဘဲအင်း ဆင်တော်သားစုစခန်းကို ရောက်ပြီ...မနက်မြို့တံခါးဖြင့္တာနဲ့ ဟံသာဝတီ ကို ဝင်ရေတာ့မွာ” လြီဇာ၏ ဆံနြယ္မ်ားကို ဂမုန်းက လာဆော့ကစားရင်းျေပာလိုက်သျဖင့် လြီဇာ သတိဝင္လာသည်။ ဝမ်းဘဲအင်းဆင်အစုသားတို့၏ စခန်းရွေ့တြင် တောရိုင်းသတ္တဝါမ်ားအား ကာကြယ်ရန် ဝါးချြန္မ်ားကို အစီအရီ စိုက္ထူထားကြ၏။ လြီဇာက ထို ဝါးချြန္မ်ားထံ အကြည့်ရောက်သြားပြီးနောက် မ်က္လုံးကို စုံမွိတ္ထားလိုက်သည်။ အဘြာျးဖစ်သူ မကြာခဏျေပျာပဖူးသည့် ဖိလစ္ဒီဘရစ္တိုနွင့် လြီဇာတို့ ၏ နာကြင္ဖြယ္ထိုဇာတ္လမ်းကြောင့် ဝါးချြန္မ်ာျးမင္လ်ွင် သူမ အထိတ္တလန့်ျဖစ်နေတတ်သည္မွာ ဟိုး ငယ္စဉ္ကတည်းက။ “မမဇာ....ဘာလုပ်နေတာလဲ...ဟိုမွာ အဘတို့စောင့်နေကြပြီ..ဆင်ပေါ်က ဆင်းကြမယ်လေ” လြီဇာ မ်က္လုံးတိျု့ပန္ဖြင့္လိုက်၏။ ဂမုန်းက သူမကို အခိုသာဆုံး ပြုံျးပေနသည်။ ခက်ဇော်
Done 🤍
ReplyDeleteDone 💪
ReplyDeleteGood
ReplyDelete