AVA 1740s အခန်း(၁၅)

(Unicode) 


AVA 1740s

အခန်း(၁၅)
...............................................
အက်ဂါမိုင်းနပ်စ်မှာ မြင်းပေါ်မှ ဒလိမ့်ခေါက်ခွေး ပြုတ်ကျသွား၏။
ရုတ်တရက်မို့ သေနတ်ကိုင်စစ်သည်များမှာ အခြေအနေကို မှင်တက်နေကြသည်။
မြင်းတစ်စီးက လူအုပ်ကြားသို့ ဒုံးစိုင်းဝင်လာသည်။
“ငတွန်တဲ့ကွ..မသေချင် အကုန်ဘေးဖယ်”
ငတွန်၏ သျှောင်အခွေက လေထဲတွင် လွင့်နေသည်။ လက်ထဲတွင် ငှက်ကြီးတောင်ဓါးကို ဝင့်လျက်။
သေနတ်သမားများမှာ သူတို့အား အမိန့်ပေးသူ သေဆုံးသွားသည့်အတွက် ဘာလုပ်ရမှန်းမသိကြ။
ငတွန်က လွီဇာ့အနားတွင်ရပ်ကာ မြင်းပေါ်မှ ခုန်ချလိုက်သည်။
လဲကျနေသော လွီဇာ နှင့် ချစ်မြ၏ ရှေ့တွင် ဓါးကိုကိုင်ကာ ရပ်လိုက်၏။
ခန္ဓာကိုယ်အပေါ်ပိုင်းကို ဗလာကျင်းလျက်၊ ဆေးနီမှင်သေ့များ အမြောင်းမြောင်းနှင့် ငတွန်ပုံစံက ဝင်လာသမျှလူအား ခုတ်ပိုင်းမည့်နှယ်။
ထိုအချိန်တွင် နောက်ထပ် မြင်းတပ်စု တစ်စုက အနောက်ဖက်မှ ရောက်ရှိလာသည်။
အတွင်းဝန်ကျော်ထင်နန္ဒမိတ် က အနီရောင်ကကြိုးဆင်ထားသော မြင်းညိုကြီးကို စီးကာ ကိုယ်ရံတော်တပ်များနှင့်အတူ ဝင်လာ၏။
ကျော်ထင်နန္ဒမိတ်က မြင်းပေါ်မှဆင်းကာ လှံတန်းလန်းနှင့် မြေပြင်တွင် လဲကျနေသော နန်းမတော်ဝန်အက်ဂါမိုင်းနပ်စ်၏ အလောင်းကို ကြည့်လိုက်သည်။
ထို့နောက် ခေါင်းကို ခါရမ်းလိုက်ပြီး ဓါးလွတ်ကိုင်ထားသော ငတွန်ရှိရာသို့ လျှောက်သွား၏။
နဘေးမှ ကိုယ်ရံတပ်များက အိမ်ဓါးများကိုယ်စီထုတ်ကာ ငတွန့်ကို ဝိုင်းလိုက်ကြသည်။
“ငတွန်ငယ်... မင်း သတ်လိုက်တာ နန်းတွင်းအရာရှိတစ်ယောက်ဆိုတာ မင်းသိရဲ့လား..ဓါးကို ချလိုက်စမ်းကွဲ့ ”
“လွီဇာကို မထိနဲ့...ဘုရား..လွီဇာကို ထိရင်...ငတွန့်ဓား လူမ‌ရွေးဘူး”
လွီဇာကလည်း လဲနေရာမှ မတ်တပ်ရပ်လိုက်ပြီး ငတွန်၏ အနောက်တွင် ရပ်လိုက်သည်။
ချစ်မြက လည်း လွီဇာကို ကျောပေးလျက် အနောက်ဖက်မှ သေနတ်ကိုင်မြင်းသည်များကို မျက်နှာမူလိုက်ကြသည်။
“မင်းတို့ ကိုးသိန်းသခင် မျက်နှာကို ဖျက်ကြမယ့်အကောင်တွေပဲ...ဟူး...ဒီဗရင်ဂျီမငယ်လည်း ပြဿနာပါလား”
ကျော်ထင်နန္ဒမိတ်က ကွမ်းတံတွေးကို ပျစ်ခနဲထွေးလိုက်သည်။
“ကဲ...မင့်ဗရင်ဂျီမ ငါတို့မထိဘူး...လွန်ကျူးခဲ့တဲ့အမှုတွေအတွက်တော့ တရားရုံးမှာ စီရင်တာခံရမှာပေါ့..သို့မဟုတ်က..ဒီနေရာတင် ငါစီရင်လိုက်ရင် မင်းတို့ သုံးယောက်ပွဲချင်းပြီးမယ်..ဘယ့်နှယ့်လဲ”
ငတွန်က လွီဇာကို တစ်ချက်ကြည့်လိုက်သည်။
လွီဇာက မြင်းပေါ်မှ ပြုတ်ကျသည့်ဒဏ်ကြောင့် ခြေထောက်တစ်ဖက် ကို မနည်းအားပြုထားရ၏။
မြေနီများက မျက်နှာတွင်လည်း ပေကျံနေသည်။
ကျော်ထင်နန္ဒမိတ်က လှည့်ထွက်သွားပြီဖြစ်သည်။
ဝိုင်းထားသော ရဲမက်များက ရှေ့သို့ ထပ်တိုးလာ၏။
ချစ်မြက အက်ဂါမိုင်းနပ်စ်ထံတွင် စိုက်ဝင်နေသော အဲမောင်းလှံကို ဆွဲနှုတ်ရန် လက်လှမ်းလိုက်သည်။
“မလုပ်နဲ့..ချစ်မြ”
လွီဇာက ဟန့်တားလိုက်၏။
“ကျွန်မကြောင့်ဖြစ်တာ....ကျွန်မ ခံမယ်..ရှင်တို့ ဘာမှ မလုပ်နဲ့တော့..မောင်ကြီးငတွန်...ဓါးချလိုက်ပါတော့”
ငတွန် က ဓါးကို ရှေ့မြေကြီးသို့ ထိုးစိုက်ချလိုက်သည်။
“သွေးသောက်ကြီးငထွန်းဇံ..မင့်လူတွေက ရာဇဝတ်သားတွေကို နှောင်ကြိုးတည်း....အနောက်တံခါး လက်မရွံထောင်ဆီ က ထောင်မှူးငတုတ် လက်အပ်..ဗြဲတိုက်က မစီရင်မချင်း အဖိတ်အစင်မရှိရလို့ ငါမိန့်တယ်ပြော... ကျန်တဲ့သူတွေ... နန်းမတော်ဝန်အာကာရွှေတောင်အလောင်းကို သယ်ဖို့ပြင်ကြ”
..........................................................................................
အနောက်တံခါး လက်မရွံ့ထောင်မှူးငတုတ်။
နာမည်နှင့် အင်မတန်လိုက်ဖက်လှသည်။
ပိန်ရှည်ရှည်ခန္ဓာကိုယ်တွင် နံရိုးတို့က အပြိုင်းပြိုင်း။
ခါးက ကိုင်းနေ၏။
သို့သော်ငြား အင်းဝမြို့ရှိ ထောင်လေးခုအနက် သေဒဏ်သင့်ခံရမည့်အကျဥ်းသားများကို ထားရှိသည့် နာမည်ကျော်အနောက်တံခါးလက်မရွံထောင် တွင်တော့ သူသည် ငရဲမင်းတစ်ပါး။
အထူးသဖြင့် သူ၏နဖူးတွင် ထိုးထားသော “သူသတ်”ဆိုသည့် ဆေးမှင်စာတမ်းကြီးက သူ့ဂုဏ်ပုဒ်ကို ဖော်ပြနေသည်။
သူ၏ ညာဘက်နားတွင် ခေါင်ရမ်းပန်းအနီရောင်ပွင့်ကြီးကိုပန်လျက် အကျဥ်းထောင်တွင်းဝင်လာခဲ့ပြီဆိုလျှင်၊
ထိုညနေသည် ထောင်သားများထဲမှ တစ်စုံတစ်ယောက်အတွက် နောက်ဆုံးညနေဟု မှတ်ယူကြရသည်။
လွန်ခဲ့သည့် နှစ်နှစ်ဆယ်ကျော် စနေမင်းလက်ထက် စစ်ကိုင်းမြို့တွင် လယ်အမွေအမှုအခင်းဖြင့် ဦးလေးနှင့်အဒေါ် ဖြစ်သူအား အပိုင်းပိုင်းခုတ်ကာ သတ်ခဲ့သည့် နာမည်ကျော်လူသတ်တရားခံ။
အင်းဝ၏ ထုံးစံအရ သာမန်အရပ်သားများကိုသတ်ဖြတ်သည့် လူသတ်တရားခံများသည် သူသတ်အလုပ်ကို လက်ခံမည်ဆိုပါက သေဒဏ်မှ ပယ်ဖျက်ပေးကာ အမှုထမ်းစေသည်။
သူတို့အလုပ်မှာ နောက်ထပ် ရာဇဝတ်သားများကို သေဒဏ်စီရင်ရခြင်းဖြစ်၏။
သူတို့၏ ပါးတွင် ပြစ်မှုအလိုက် သူသတ်၊ သူခိုး စသည်ဖြင့် ဆေးမှင်ကြီးများ ထိုးပေးထာသည်။
သူတို့သည် ဘဝတစ်လျှောက်လုံးတွင် အကျဥ်းထောင်တွင်သာ နေထိုင်ခွင့်ရှိသည်။
အခြားသာမန်လူတို့၏ နေအိမ်ခြံဝန်းအတွင်းသို့ ဝင်ခွင့်မရှိကြ။ ဝင်က သေဒဏ်ကျခံရမည်ဖြစ်သည်။
ငတုတ်သည် သူသတ်ရာထူးဖြင့် နှစ်ပေါင်း နှစ်ဆယ်ကြာလုပ်ကိုင်လာပြီးသောအခါ အနောက်တံခါးလက်မရွံထောင်၏ ထောင်မှူးဖြစ်လာသည်။
“အဖေကြီးတုတ်” ဟု လက်အောက်ခံသူသတ်များနှင့် ထောင်သားများက ခေါ်ကြသော ငတုတ်သည် ထောင်‌ရှေ့တည့်တည့်ရှိ ဇရပ်ပုံစံအဆောက်အဦသို့ ဝင်လာပြီဖြစ်သည်။
ဇရပ်ရှေ့မြေပြင်ပေါ်တွင် လွီဇာ ၊ ငတွန် နှင့် ချစ်မြတို့ကို ကြိုးတုတ်ကာ ဒူးထောက်ထိုင်ခိုင်းထား၏။
သွေးသောက်ကြီးသည် အတွင်းဝန်ကျော်ထင်နန္ဒမိတ်မှာကြားလိုက်သည်များကို ထောင်မှူး အဖေကြီးတုတ် ကို လေသံမာမာဖြင့် ပြောပြနေသည်။
“မှန်ပါ..မှန်လှပါ”
အဖေကြီးတုတ်၏ အသံက တိုးတိုးလျလျဖြင့်။
ခဏအကြာတွင် သွေးသောက်ကြီးနှင့် အဖွဲ့ ထွက်ခွာသွားကြသည်။
နဖူးနှင့် ပါးပြင်များတွင် ပါးကွက်ဆေးမှင်ထိုးထားကြသော ထောင်ပါးကွက်သားတို့သည် အဖေကြီး တုတ်၏ အမိန့်ကို နာခံရန် အသင့်ဖြစ်နေကြပြီဖြစ်သည်။
အချို့ကလည်း လူသတ်တရားခံထဲတွင်ပါလာသော ဗရင်ဂျီမအချောအလှကို ခိုးကြည့်နေကြ၏။
“မင်းအမေငါယိုးမို့ ရပ်နေကြတာလား....ဒီနွားတွေကို ထုံးစံအတိုင်း ခြံထဲထည့်ဖို့လုပ်လေ”
အဖေကြီးတုတ်၏ အသံမှာ သွေးသောက်ကြီး အမိန့်ကို နာခံနေစဥ်ကနှင့် မတူတော့။
အေးစက်မာကြောနေသည်။
ငတွန်က မျက်ထောင့်နီဖြင့် မော့ကြည့်လိုက်၏။
“နွားက နွားလိုနေ..မော်ဖူး ဆိုမှ ဖူးရတယ်ဟဲ့...ဒါ ဒီကြေးတိုက်စည်းကမ်းပဲ..နားလည်လား.ထွီ”
အဖေကြီးတုတ်က ထလာပြီး ငတွန်၏ မျက်နှာကို ကွမ်းသွေးဖြင့်ထွေးကာ စောင့်ကန်လိုက်သည်။
ငတွန်က ရင်ဘတ်ကို အားဖြင့် မောက်ထားသဖြင့် အဖေကြီးတုတ်မှာ သူ့အရှိန်ဖြင့် သူ နောက်သို့ လန်သွား၏။
အဖေကြီးတုတ်က ဘေးမှ သူ့တပည့် ပါးကွက်သားများကို ရှက်ကိုးရှက်ကန်းဖြင့် ကြည့်လိုက်သည်။
အဖေကြီးတုတ် ဒေါသထွက်နေပြီကိုသိသဖြင့် ပါးကွက်သားများမှာ နေစရာပင်မရှိကြတော့။
“ကောင်မကို ကြွက်‌ဆောင်ကိုပို့...ဟိုကောင်ကို ထိပ်တုံးဆောင်ပို့”
ပါးကွက်သားများက လွီဇာ နှင့် ချစ်မြကို ဆွဲထူလိုက်ကြသည်။
“သူ့ကိုရော အဖေကြီးတုတ်”
ပါးကွက်သားတစ်ယောက်က ငတွန်၏ သျှောင်ကို ဆွဲကာ မေးလိုက်သည်။
“ဒီကောင်က သတ္တိတယ်ကြီးပုံပဲဆိုတော့..သူရဲကောင်းတွေထားတဲ့ အဆောင်ပေါ့ကွာ..ဟဲ..ဟဲ”
အဖေကြီးတုတ်က ကွမ်းသွေးများ ပါးစပ်မှ လျှံကျသည်အထိ ရယ်ပြလိုက်သည်။
ပါးကွက်သားများက သဘောပေါက်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်၏။
“ကျွီ”
မှောင်မဲစိုစွတ်နေသည့် အကျဥ်းထောင်အတွင်းမှ အနံ့အသက်များကို သူတို့သုံးဦးလုံး ခံစားလိုက်ရသည်။
လေဝင်ပေါက်နည်းနည်းသာရှိသောကြောင့် အကျဥ်းထောင်မှာ အလင်းရောင်မရှိသလောက်ဖြစ်နေ၏။
မျက်စိများက ကျင့်သားမရသေးသဖြင့် သူတို့သည် ပါးကွက်သားများ ဆွဲခေါ်ရာသို့သာ စမ်းတဝါးဝါးလိုက်လာကြသည်။
“ကြွက်ဆောင်” ဟု ခေါ်သော အကျဥ်းထောင်ထိပ်ဘက်ရှိ သစ်သားအခန်းငယ်ရှေ့အရောက်တွင် လွီဇာကို ခေါ်လာသည့် ပါးကွက်သားက ရပ်လိုက်သည်။
ငတွန် နှင့် ချစ်မြကို မူ ရှေ့သို့ ဆက်ခေါ်သွား၏။
ထို့နောက် တံခါးကို အသာအယာပင် တွန်းဖွင့်လိုက်၏။
အကျဥ်းထောင်ဆိုသော်လည်း မင်းတုံးများ၊ နိုင်ငံခြားဖြစ်သော့ဂလောက်များပင် မရှိသော တံခါးကို လွီဇာက အံသြသွားသည်။
ပါးကွက်သားက လွီဇာကို အဆောင်ထောင့်ရှိ ကျောက်တုံးကြီးတွင် အသေရိုက်ထားသော သံခြေကျင်းများဆီသို့ ခေါ်သွားသည်။
ပါးကွက်သားက လွီဇာ၏ ခြေထောက်ကို သံခြေကျင်းခတ်လိုက်၏။
ထို့နောက် စကားတစ်လုံးမှ မပြောပဲ ပြန်ထွက်သွားသည်။
လွီဇာက ငတွန် နှင့် ချစ်မြ တို့ကို စိတ်ပူသဖြင့် သံခြေကျင်းတန်းလန်းဖြင့် အပေါက်ဝသို့ လျှောက်သွားသည်။
သံခြေကျင်း၏ သံကြိုးများမှာ အတန်ငယ်သာ ရှည်လျားသဖြင့် အပေါက်ဝသို့ မရောက်။
“ရှင့်လူတွေကို စိုးရိမ်နေတာလား”
လွီဇာ က အသံကြားရာသို့ လှည့်ကြည့်လိုက်သည်။
ကျောက်တုံးနဘေးတွင် သံခြေကျင်းခတ်ခံထားရသည့် အမျိုးသမီးတစ်ဦး။
“မစိုးရိမ်ပါနဲ့...ဒါ ငရဲပြည်ပဲ..ဒီထဲ ရောက်နေတဲ့သူ အားလုံး ငရဲကျနေတာပဲ”
လွီဇာက အမျိုးသမီးရှိရာသို့ သံခြေကျင်းတန်းလန်းဖြင့် ပြန်လျှောက်လာသည်။
“ရှင် ဒီကို ရောက်နေတာ ကြာပြီလား”
အမျိုးသမီးက လက်ခြောက်ချောင်းထောင်ပြသည်။
“ခြောက်နှစ်လား”
“ခြောက်လ”
“ကျွန်မ နဲ့ ပါလာတဲ့ လူနှစ်ယောက်ကို သူတို့ ဘယ်ခေါ်သွားကြတာလဲ သိလား”
“ဘယ်အဆောင်တွေလို့ သူတို့ပြောလဲ”
လွီဇာက အနည်းငယ်စဥ်းစားလိုက်သည်။
“တစ်ယောက်ကိုတော့ ထိပ်တုံးဆောင်တဲ့”
“သြော်...ဒီအခန်းရဲ့ တခန်းကျော်ရှေ့တည့်တည့်က ထိပ်တုံးဆောင်ပဲ...အဲ့ဒီမှာ ကျတဲ့လူတွေကို ခြေထောက်နှစ်ဖက်လုံးကို ထိပ်တုံးခတ်ထားတယ်..အဖေကြီးတုတ် ကို လာဘ်ထိုးနိုင်ရင်တော့ ခြေတစ်ဖက်ပဲ ခတ်ခံရမှာပေါ့”
လွီဇာမှာ ချစ်မြ အတွက် စိတ်မကောင်းဖြစ်သွားသည်။
“အ..အား”
အမှောင်ထုထံမှ နာနာကြင်ကြင် ညည်းညူသံတစ်ခုထွက်လာသည်။
ထိုအော်သံသည် ငတွန်၏ အသံမှန်း လွီဇာ အသေအချာမှတ်မိလိုက်၏။
“အင်း....ရှင့်လူနောက်တစ်ယောက်ကတော့.....”
“သူ..သူ့ကို ဘယ်ပို့တာလဲဟင်..ဘယ်လဲ”
“သူ ဝါးတန်းဆွဲခံရပြီ”
“ဘာလဲ..ဝါးတန်းဆွဲတာ”
“ရှင်နားလည်အောင် ဘယ်လိုရှင်းပြရမလဲ...လူကို သံခြေကျင်ခတ်၊ အလယ်က ဝါးရှိုပြီး ခန္ဓာကိုယ်ကို ထုတ်တန်းမှာ တဝက်၊ မြေမှာတဝက်ဆွဲထားတာ”
လွီဇာမှာ အမျိုးသမီးပြောပြသည်ကို မျက်စိထဲ ပုံဖော်ကြည့်မိသည်။
ငတွန်၏ ညည်းညူသံသဲ့သဲ့ကလည်း လွီဇာ၏ နှလုံးအိမ်ထဲ ယမ်းမီးများတဖွဲဖွဲပေါက်သည့်နှယ်။
တဖြည်းဖြည်းနှင့် ငတွန်၏ ညည်းညူသံမှာ တိုးညှင်းရာမှ ပျောက်ကွယ်သွား၏။
ထိုအချိန်တွင် အဖေကြီးတုတ်နှင့် ပါးကွက်သားအချို့ဝင်လာသည်။
နံရံရှိ ကညင်ဆီ မီးတိုင်များကို မီးထွန်းကြသည်။
အဖေကြီးတုတ်သည် ထောင်ဝတွင်တွေ့ခဲ့သလို သိုရင်းအင်္ကျီအဖြူနှင့်မဟုတ်တော့။ အပေါ်ပိုင်း ဗလာကျင်းနှင့်ဖြစ်သည်။
ခါးကိုင်းကိုင်း ကိုင်းကိုင်းနှင့် သူဝင်လာသည်နှင့် အကျဥ်းထောင်ခန်းမှ စကားပြောသံများ ငြိမ်သက်သွား၏။
အဖေကြီးတုတ်က လွီဇာ နှင့် အမျိုးသမီးကို တချက် မျက်မှောင်ကြုံ့ကြည့်ကာ သူ၏ သွားရဲရဲများ ပေါ်အောင် ပြုံးပြလိုက်သည်။
ထို့နောက် အခြားအခန်းများသို့ ဆက်သွား၏။
မကြာမီ အဖေကြီးတုတ် ၏ ဆူဆဲသံများနှင့်အတူ ထုရိုက်သံများ၊ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
လွီဇာကား အထိတ်တလန့်ဖြစ်လျက်။ နဘေးနားမှ အမျိုးသမီးမှာမူ..သူမ၏ ခြေကျင်းဝတ်မှ အနာဖတ်များကိုခွာကာ ထိုအသံများကို မကြားသကဲ့သို့။
အဖေကြီးတုတ်သည် ဆေးတံကို ဖွာလျက် သူတို့ အချုပ်ခန်းရှေ့သို့ ပြန်ရောက်လာသည်။
ဝင်လာစဥ်တုန်းကကဲ့သို့ သွားရဲရဲများဖြဲကာ ပြုံးပြပြီး ပြန်လည်ထွက်ခွာသွားသည်။
“သူတို့ ညစာ ဘယ်တော့လာပို့လဲ”
လွီဇာက ဘေးနားမှ အမျိုးသမီးကို မေးကြည့်လိုက်သည်။
အမျိုးသမီးက နှုတ်ခမ်းကို လက်ညိုးဖြင့် ကပ်ကာ တိုးတိုးနေရန် အချက်ပြလိုက်၏။
“နေဝင်ပြီဆို ဒီမှာ စကားအကျယ်ကြီးပြောခွင့်မရှိဘူး..ပါးကွက်သားတွေ မကြားအောင်ပြောရတယ်”
အမျိုးသမီးက လွီဇာနားသို့ ကပ်ကာ လေသံဖြင့် ပြောလိုက်သည်။
“ကျွန်မ ဗိုက်ဆာလို့”
“မင်းအတွက် ထမင်းလာပို့မယ့်သူ အပြင်မှာရှိလား”
လွီဇာက ခေါင်းခါလိုက်သည်။
“ကျွန်မမှာ မိဘတွေလည်းမရှိဘူး။ ကျွန်မဖမ်းခံရတာကိုလည်း ကျွန်မမိတ်ဆွေတွေ သိမယ်မထင်ဘူး”
လွီဇာက လေသံဖြင့် ကပ်ပြောလိုက်၏။
“ဒီမှာ က လာပို့မယ့်သူမရှိရင် အငတ်ပဲ”
“ရှင့်ကိုရော ဘယ်သူလာပို့လဲ”
“ငါ့ကို..ဟုတ်လား...ဟင်းဟင်း..”
အမျိုးသမီးက ခပ်တိုးတိုးရယ်သည်။
ထိုအခါမှ မီးတုတ်အလင်းရောင်းမှိန်မှိန်အောက်မှ အမျိုးသမီး၏ မျက်နှာကို လွီဇာ သေချာအကဲမိလိုက်သည်။
ဆံပင်များက ကာလရှည်စွာမလျှော်ရသဖြင့် ချေးအထပ်အထပ်ဖြင့် လိမ်ကျစ်နေကြသည်။ မျက်တွင်းဟောက်ပက်၊ ပါးရိုးငေါငေါဖြင့် ၊ နှုတ်ခမ်းများမှာ ဖြူဖျော့နေ၏။
ကာလအတော်ကြာ အာဟာရချို့တဲ့နေသည့်ပုံစံမှန်း လွီဇာ ခန့်မှန်းမိလိုက်သည်။
“ငါ့ကို ဒီခြောက်လလုံး ထမင်းလာပို့မယ့်သူ မရှိဘူး”
လွီဇာ က အမျိုးသမီးကို အံသြစွာကြည့်လိုက်သည်။
“ဒါဖြင့်..ရှင် ဘယ်လို အသက်ရှင်လဲ”
“ဒီအဆောင်ကို ဘာလို့ ကြွက်ဆောင်လို့ ခေါ်လဲ သိလား”
လွီဇာက ခေါင်းခါပြလိုက်သည်။
“ညဆို ကြွက်တွေ အရမ်းပေါလိုပဲ....ဟိုဘက်အခန်းတွေက အကျဉ်းသားတွေရဲ့ စားကြွင်းစားကျန်တွေ၊ အညစ်အကြေးတွေနဲ့ ဝဖီးနေတဲ့ ကြွက်ကြီးတွေဟာ လူသိပ်မရှိတဲ့ ဒီအဆောင်မှာ ညလာအိပ်တတ်ကြတယ်”
“အင်း..အဲ့ဒါနဲ့ ကျွန်မ မေးတာ ဘာဆိုင်လို့လဲ”
“ရှူး”
အမျိုးသမီးက လွီဇာကို တိတ်တိတ်နေရန် အချက်ပြလိုက်သည်။
ထို့နောက်..အမျိုးသမီးက သံခြေချင်းခတ်ထားသော ညာခြေထောက်ကို မြှောက်ကာ ရှေ့မှ ဖြတ်သွားသော တစ်စုံတစ်ရာကို ဖနောင့်ဖြင့် လှမ်းပေါက်လိုက်သည်။
“ကွိ”
ခြေချင်သံထည်ကြားတွင် တစ်စုံတစ်ရာက ညပ်သွား၏။
“အံမယ်လေး”
လွီဇာက မြင်ကွင်းကိုကြည့်ကာ အော်လိုက်၏။
အမျိုးသမီး၏ သံခြေကျင်းအောက်တွင် မြေကြွက်ဝဖီးဖီးကြီးတစ်ကောင်က အကြောဆွဲနေသည်။
“ရှင်..အဲ့ဒါတွေကို စားတာလား”
“ဒါတော့ ဘယ်စားမလဲဟယ်”
အမျိုးသမီးက သံခြေကျင်းကို ကြမ်းပြင်နှင့် ခါယမ်းလိုက်ရာ အသံများထွက်လာ၏။
“ဟေ့..ကွေ့မ...မိတာလား”
အပြင်ဘက်ဆီမှ အသံထွက်လာသည်။
“ဟုတ်တယ်..အကောင်ကြီးတယ်”
ပါးကွက်သားတစ်ဦးက ဝင်လာသည်။
အမျိုးသမီးက သူ့ခြေထောက်အောက်မှ ကြွက်သေကောင်ကို လက်ဖြင့် ကိုင်ကာ ပါးကွက်သားကို လှမ်းပေးလိုက်၏။
“ ဒီနေ့ ငါးကောင်ရှိပြီနော်”
“အေး..သိတယ်..ခဏစောင့်”
ပါးကွက်သားက မြေကြွက်ကြီးကို အမြီးမှ ကိုင်ကာ ထွက်သွားသည်။
ခဏအကြာတွင် အခန်းပြင်မှ ဖက်ဖြင့်ထုပ်ထားသော အရာတစ်ခုကို လှမ်းပစ်ပေးသည်။
အမျိုးသမီးက ထိုအရာကို အငမ်းမရကောက်ယူလိုက်၏။
ကောက်ညှင်းထုတ်တစ်ထုတ်။
အမျိုးသမီးက ကောက်ညှင်းထုတ်ကို ဖြည်ကာ အငမ်းမရစားရန်ပြင်လိုက်သည်။
ထို့နောက် ကောက်ညှင်းထုတ်ကို မစားသေးဘဲ လွီဇာကို လှမ်းကြည့်လိုက်၏။
“ရှင်..ဗိုက်ဆာတယ်ဆို”
ကောက်ညှင်းထုတ် တစ်ဖဲ့ကို ဖဲ့လိုက်သည်။ လွီဇာကို ကမ်းပေး၏။
“ကျွန်မ မဆာတော့ဘူး”
“တကယ်လား....ငါတနေ့လုံးဘာမှ မစားရသေးဘူး...ငါစားမယ်နော်..အဲ့ဒါဆို”
အမျိုးသမီးက ကောက်ညှင်းထုတ်ကို ပါးစပ်ထဲ ပလုတ်ပလောင်းထိုးထည့်စားလိုက်သည်။
ထို့နောက် အနီးတွင်ရှိသော ဘူးသီးခြောက်ရေတကောင်းကို ယူကာ မော့သောက်လိုက်၏။
“ညအတွက် ရေနည်းနည်းချန်ထားပေးမယ်...ရှင်သောက်ချင်ရင်‌သောက်လို့ရအောင်”
လွီဇာထံ ဘူးသီးခြောက်ရေဘူးကို ကမ်းပေးသည်။
လွီဇာက ကျောက်တုံးနဘေးတွင် ထောင်ထားလိုက်၏။
“အဲ့ဒီကြွက်တွေကို သူတို့က နမော်စျေးထဲ သွားရောင်းကြတယ်လေ....ငါ ကြွက်ငါးကောင်ဖမ်းမိရင်..သူတို့က ကောက်ညှင်းထုတ်တစ်ထုတ်ပေးတယ်.. တချို့နေ့တွေဆို..နှစ်ရက်နေမှ ကြွက်ငါးကောင်ပြည့်လို့ နှစ်ရက်ပေါင်း ကောက်ညှင်းထုတ် တစ်ထုတ်ပဲစားရတယ်..ငါက ကြွက်မုဆိုးပေါ့..ဟင်းဟင်း”
အစာဝင်သွားသဖြင့် အမျိုးသမီး၏ မျက်နှာက သွေးရောင်အနည်းငယ်လွှမ်းလာသည်။
“ကျွန်မ နာမည် လွီဇာဒီမဲလိုးပါ။ဗရင်ဂျီလူမျိုးပါ။ နန်းတွင်းကို အရက်သွင်းတယ်”
အမျိုးသမီးက ပြုံးပြလိုက်သည်။
“ငါ့နာမည်..နာလဲ..မတ္တရာက ကွေ့လူမျိုး”
“ကွေ့ဆိုတာ”
“နင် မကြားဖူးဘူးလား...ငါတို့ကို ရှမ်းပြည်ဘက်မှာတော့ လားဟူစီ လို့ ခေါ်ကြတယ်”
လွီဇာက ခေါင်းညိတ်လိုက်သည်။
“ကျွန်မက လူသတ်မှုတစ်ခုနဲ့ ရောက်လာတာ..ရှင်ကရော”
“ငါလား..ငါက ငါတို့လူမျိုးတွေ အင်းဝနန်းတွင်းကို အခွန်မပေးပဲ အာဏာဖီဆန်တာကို ခေါင်းဆောင်လို့ အင်းဝဘုရင့်တပ်က ဖမ်းထားတာပဲ”
လွီဇာက အမျိုးသမီး၏ မျက်နှာကို အသေအချာအကဲခတ်နေသည်။
မျက်နှာက ချောင်ကျနေသော်လည်း သူမ၏ မျက်ရစ်မရှိသောမျက်ဝန်းလေးများက တမျိုးကြည့်ကောင်းနေ၏။
“ငါ ဒီမှာ ကြာကြာမနေရတော့ပါဘူး...ငါ့အကိုက အင်းဝနန်းတော်ကို တိုက်ပြီး ငါ့ကို လာကယ်လိမ့်မယ်”
“ရှင့် အကိုက ဘယ်သူလဲ”
“ဂုဏ္ဏအိမ် တဲ့..နင်ကြားဖူးမှာမဟုတ်ဘူး”





ခက်ဇော်


(Zawgyi) AVA 1740s အခန္း(၁၅) ............................................... အက္ဂါမိုင္းနပ္စ္မွာ ျမင္းေပၚမွ ဒလိမ့္ေခါက္ေခြး ျပဳတ္က်သြား၏။ ႐ုတ္တရက္မို႔ ေသနတ္ကိုင္စစ္သည္မ်ားမွာ အေျခအေနကို မွင္တက္ေနၾကသည္။ ျမင္းတစ္စီးက လူအုပ္ၾကားသို႔ ဒုံးစိုင္းဝင္လာသည္။ “ငတြန္တဲ့ကြ..မေသခ်င္ အကုန္ေဘးဖယ္” ငတြန္၏ ေသွ်ာင္အေခြက ေလထဲတြင္ လြင့္ေနသည္။ လက္ထဲတြင္ ငွက္ႀကီးေတာင္ဓါးကို ဝင့္လ်က္။ ေသနတ္သမားမ်ားမွာ သူတို႔အား အမိန႔္ေပးသူ ေသဆုံးသြားသည့္အတြက္ ဘာလုပ္ရမွန္းမသိၾက။ ငတြန္က လြီဇာ့အနားတြင္ရပ္ကာ ျမင္းေပၚမွ ခုန္ခ်လိုက္သည္။ လဲက်ေနေသာ လြီဇာ ႏွင့္ ခ်စ္ျမ၏ ေရွ႕တြင္ ဓါးကိုကိုင္ကာ ရပ္လိုက္၏။ ခႏၶာကိုယ္အေပၚပိုင္းကို ဗလာက်င္းလ်က္၊ ေဆးနီမွင္ေသ့မ်ား အေျမာင္းေျမာင္းႏွင့္ ငတြန္ပုံစံက ဝင္လာသမွ်လူအား ခုတ္ပိုင္းမည့္ႏွယ္။ ထိုအခ်ိန္တြင္ ေနာက္ထပ္ ျမင္းတပ္စု တစ္စုက အေနာက္ဖက္မွ ေရာက္ရွိလာသည္။ အတြင္းဝန္ေက်ာ္ထင္နႏၵမိတ္ က အနီေရာင္ကႀကိဳးဆင္ထားေသာ ျမင္းညိဳႀကီးကို စီးကာ ကိုယ္ရံေတာ္တပ္မ်ားႏွင့္အတူ ဝင္လာ၏။ ေက်ာ္ထင္နႏၵမိတ္က ျမင္းေပၚမွဆင္းကာ လွံတန္းလန္းႏွင့္ ေျမျပင္တြင္ လဲက်ေနေသာ နန္းမေတာ္ဝန္အက္ဂါမိုင္းနပ္စ္၏ အေလာင္းကို ၾကည့္လိုက္သည္။ ထို႔ေနာက္ ေခါင္းကို ခါရမ္းလိုက္ၿပီး ဓါးလြတ္ကိုင္ထားေသာ ငတြန္ရွိရာသို႔ ေလွ်ာက္သြား၏။ နေဘးမွ ကိုယ္ရံတပ္မ်ားက အိမ္ဓါးမ်ားကိုယ္စီထုတ္ကာ ငတြန႔္ကို ဝိုင္းလိုက္ၾကသည္။ “ငတြန္ငယ္... မင္း သတ္လိုက္တာ နန္းတြင္းအရာရွိတစ္ေယာက္ဆိုတာ မင္းသိရဲ႕လား..ဓါးကို ခ်လိုက္စမ္းကြဲ႕ ” “လြီဇာကို မထိနဲ႔...ဘုရား..လြီဇာကို ထိရင္...ငတြန႔္ဓား လူမ‌ေ႐ြးဘူး” လြီဇာကလည္း လဲေနရာမွ မတ္တပ္ရပ္လိုက္ၿပီး ငတြန္၏ အေနာက္တြင္ ရပ္လိုက္သည္။ ခ်စ္ျမက လည္း လြီဇာကို ေက်ာေပးလ်က္ အေနာက္ဖက္မွ ေသနတ္ကိုင္ျမင္းသည္မ်ားကို မ်က္ႏွာမူလိုက္ၾကသည္။ “မင္းတို႔ ကိုးသိန္းသခင္ မ်က္ႏွာကို ဖ်က္ၾကမယ့္အေကာင္ေတြပဲ...ဟူး...ဒီဗရင္ဂ်ီမငယ္လည္း ျပႆနာပါလား” ေက်ာ္ထင္နႏၵမိတ္က ကြမ္းတံေတြးကို ပ်စ္ခနဲေထြးလိုက္သည္။ “ကဲ...မင့္ဗရင္ဂ်ီမ ငါတို႔မထိဘူး...လြန္က်ဴးခဲ့တဲ့အမႈေတြအတြက္ေတာ့ တရား႐ုံးမွာ စီရင္တာခံရမွာေပါ့..သို႔မဟုတ္က..ဒီေနရာတင္ ငါစီရင္လိုက္ရင္ မင္းတို႔ သုံးေယာက္ပြဲခ်င္းၿပီးမယ္..ဘယ့္ႏွယ့္လဲ” ငတြန္က လြီဇာကို တစ္ခ်က္ၾကည့္လိုက္သည္။ လြီဇာက ျမင္းေပၚမွ ျပဳတ္က်သည့္ဒဏ္ေၾကာင့္ ေျခေထာက္တစ္ဖက္ ကို မနည္းအားျပဳထားရ၏။ ေျမနီမ်ားက မ်က္ႏွာတြင္လည္း ေပက်ံေနသည္။ ေက်ာ္ထင္နႏၵမိတ္က လွည့္ထြက္သြားၿပီျဖစ္သည္။ ဝိုင္းထားေသာ ရဲမက္မ်ားက ေရွ႕သို႔ ထပ္တိုးလာ၏။ ခ်စ္ျမက အက္ဂါမိုင္းနပ္စ္ထံတြင္ စိုက္ဝင္ေနေသာ အဲေမာင္းလွံကို ဆြဲႏႈတ္ရန္ လက္လွမ္းလိုက္သည္။ “မလုပ္နဲ႔..ခ်စ္ျမ” လြီဇာက ဟန႔္တားလိုက္၏။ “ကြၽန္မေၾကာင့္ျဖစ္တာ....ကြၽန္မ ခံမယ္..ရွင္တို႔ ဘာမွ မလုပ္နဲ႔ေတာ့..ေမာင္ႀကီးငတြန္...ဓါးခ်လိုက္ပါေတာ့” ငတြန္ က ဓါးကို ေရွ႕ေျမႀကီးသို႔ ထိုးစိုက္ခ်လိုက္သည္။ “ေသြးေသာက္ႀကီးငထြန္းဇံ..မင့္လူေတြက ရာဇဝတ္သားေတြကို ေႏွာင္ႀကိဳးတည္း....အေနာက္တံခါး လက္မ႐ြံေထာင္ဆီ က ေထာင္မႉးငတုတ္ လက္အပ္..ၿဗဲတိုက္က မစီရင္မခ်င္း အဖိတ္အစင္မရွိရလို႔ ငါမိန႔္တယ္ေျပာ... က်န္တဲ့သူေတြ... နန္းမေတာ္ဝန္အာကာေ႐ႊေတာင္အေလာင္းကို သယ္ဖို႔ျပင္ၾက” .......................................................................................... အေနာက္တံခါး လက္မ႐ြံ႕ေထာင္မႉးငတုတ္။ နာမည္ႏွင့္ အင္မတန္လိုက္ဖက္လွသည္။ ပိန္ရွည္ရွည္ခႏၶာကိုယ္တြင္ နံ႐ိုးတို႔က အၿပိဳင္းၿပိဳင္း။ ခါးက ကိုင္းေန၏။ သို႔ေသာ္ျငား အင္းဝၿမိဳ႕ရွိ ေထာင္ေလးခုအနက္ ေသဒဏ္သင့္ခံရမည့္အက်ဥ္းသားမ်ားကို ထားရွိသည့္ နာမည္ေက်ာ္အေနာက္တံခါးလက္မ႐ြံေထာင္ တြင္ေတာ့ သူသည္ ငရဲမင္းတစ္ပါး။ အထူးသျဖင့္ သူ၏နဖူးတြင္ ထိုးထားေသာ “သူသတ္”ဆိုသည့္ ေဆးမွင္စာတမ္းႀကီးက သူ႔ဂုဏ္ပုဒ္ကို ေဖာ္ျပေနသည္။ သူ၏ ညာဘက္နားတြင္ ေခါင္ရမ္းပန္းအနီေရာင္ပြင့္ႀကီးကိုပန္လ်က္ အက်ဥ္းေထာင္တြင္းဝင္လာခဲ့ၿပီဆိုလွ်င္၊ ထိုညေနသည္ ေထာင္သားမ်ားထဲမွ တစ္စုံတစ္ေယာက္အတြက္ ေနာက္ဆုံးညေနဟု မွတ္ယူၾကရသည္။ လြန္ခဲ့သည့္ ႏွစ္ႏွစ္ဆယ္ေက်ာ္ စေနမင္းလက္ထက္ စစ္ကိုင္းၿမိဳ႕တြင္ လယ္အေမြအမႈအခင္းျဖင့္ ဦးေလးႏွင့္အေဒၚ ျဖစ္သူအား အပိုင္းပိုင္းခုတ္ကာ သတ္ခဲ့သည့္ နာမည္ေက်ာ္လူသတ္တရားခံ။ အင္းဝ၏ ထုံးစံအရ သာမန္အရပ္သားမ်ားကိုသတ္ျဖတ္သည့္ လူသတ္တရားခံမ်ားသည္ သူသတ္အလုပ္ကို လက္ခံမည္ဆိုပါက ေသဒဏ္မွ ပယ္ဖ်က္ေပးကာ အမႈထမ္းေစသည္။ သူတို႔အလုပ္မွာ ေနာက္ထပ္ ရာဇဝတ္သားမ်ားကို ေသဒဏ္စီရင္ရျခင္းျဖစ္၏။ သူတို႔၏ ပါးတြင္ ျပစ္မႈအလိုက္ သူသတ္၊ သူခိုး စသည္ျဖင့္ ေဆးမွင္ႀကီးမ်ား ထိုးေပးထာသည္။ သူတို႔သည္ ဘဝတစ္ေလွ်ာက္လုံးတြင္ အက်ဥ္းေထာင္တြင္သာ ေနထိုင္ခြင့္ရွိသည္။ အျခားသာမန္လူတို႔၏ ေနအိမ္ၿခံဝန္းအတြင္းသို႔ ဝင္ခြင့္မရွိၾက။ ဝင္က ေသဒဏ္က်ခံရမည္ျဖစ္သည္။ ငတုတ္သည္ သူသတ္ရာထူးျဖင့္ ႏွစ္ေပါင္း ႏွစ္ဆယ္ၾကာလုပ္ကိုင္လာၿပီးေသာအခါ အေနာက္တံခါးလက္မ႐ြံေထာင္၏ ေထာင္မႉးျဖစ္လာသည္။ “အေဖႀကီးတုတ္” ဟု လက္ေအာက္ခံသူသတ္မ်ားႏွင့္ ေထာင္သားမ်ားက ေခၚၾကေသာ ငတုတ္သည္ ေထာင္‌ေရွ႕တည့္တည့္ရွိ ဇရပ္ပုံစံအေဆာက္အဦသို႔ ဝင္လာၿပီျဖစ္သည္။ ဇရပ္ေရွ႕ေျမျပင္ေပၚတြင္ လြီဇာ ၊ ငတြန္ ႏွင့္ ခ်စ္ျမတို႔ကို ႀကိဳးတုတ္ကာ ဒူးေထာက္ထိုင္ခိုင္းထား၏။ ေသြးေသာက္ႀကီးသည္ အတြင္းဝန္ေက်ာ္ထင္နႏၵမိတ္မွာၾကားလိုက္သည္မ်ားကို ေထာင္မႉး အေဖႀကီးတုတ္ ကို ေလသံမာမာျဖင့္ ေျပာျပေနသည္။ “မွန္ပါ..မွန္လွပါ” အေဖႀကီးတုတ္၏ အသံက တိုးတိုးလ်လ်ျဖင့္။ ခဏအၾကာတြင္ ေသြးေသာက္ႀကီးႏွင့္ အဖြဲ႕ ထြက္ခြာသြားၾကသည္။ နဖူးႏွင့္ ပါးျပင္မ်ားတြင္ ပါးကြက္ေဆးမွင္ထိုးထားၾကေသာ ေထာင္ပါးကြက္သားတို႔သည္ အေဖႀကီး တုတ္၏ အမိန႔္ကို နာခံရန္ အသင့္ျဖစ္ေနၾကၿပီျဖစ္သည္။ အခ်ိဳ႕ကလည္း လူသတ္တရားခံထဲတြင္ပါလာေသာ ဗရင္ဂ်ီမအေခ်ာအလွကို ခိုးၾကည့္ေနၾက၏။ “မင္းအေမငါယိုးမို႔ ရပ္ေနၾကတာလား....ဒီႏြားေတြကို ထုံးစံအတိုင္း ၿခံထဲထည့္ဖို႔လုပ္ေလ” အေဖႀကီးတုတ္၏ အသံမွာ ေသြးေသာက္ႀကီး အမိန႔္ကို နာခံေနစဥ္ကႏွင့္ မတူေတာ့။ ေအးစက္မာေၾကာေနသည္။ ငတြန္က မ်က္ေထာင့္နီျဖင့္ ေမာ့ၾကည့္လိုက္၏။ “ႏြားက ႏြားလိုေန..ေမာ္ဖူး ဆိုမွ ဖူးရတယ္ဟဲ့...ဒါ ဒီေၾကးတိုက္စည္းကမ္းပဲ..နားလည္လား.ထြီ” အေဖႀကီးတုတ္က ထလာၿပီး ငတြန္၏ မ်က္ႏွာကို ကြမ္းေသြးျဖင့္ေထြးကာ ေစာင့္ကန္လိုက္သည္။ ငတြန္က ရင္ဘတ္ကို အားျဖင့္ ေမာက္ထားသျဖင့္ အေဖႀကီးတုတ္မွာ သူ႔အရွိန္ျဖင့္ သူ ေနာက္သို႔ လန္သြား၏။ အေဖႀကီးတုတ္က ေဘးမွ သူ႔တပည့္ ပါးကြက္သားမ်ားကို ရွက္ကိုးရွက္ကန္းျဖင့္ ၾကည့္လိုက္သည္။ အေဖႀကီးတုတ္ ေဒါသထြက္ေနၿပီကိုသိသျဖင့္ ပါးကြက္သားမ်ားမွာ ေနစရာပင္မရွိၾကေတာ့။ “ေကာင္မကို ႂကြက္‌ေဆာင္ကိုပို႔...ဟိုေကာင္ကို ထိပ္တုံးေဆာင္ပို႔” ပါးကြက္သားမ်ားက လြီဇာ ႏွင့္ ခ်စ္ျမကို ဆြဲထူလိုက္ၾကသည္။ “သူ႔ကိုေရာ အေဖႀကီးတုတ္” ပါးကြက္သားတစ္ေယာက္က ငတြန္၏ ေသွ်ာင္ကို ဆြဲကာ ေမးလိုက္သည္။ “ဒီေကာင္က သတၱိတယ္ႀကီးပုံပဲဆိုေတာ့..သူရဲေကာင္းေတြထားတဲ့ အေဆာင္ေပါ့ကြာ..ဟဲ..ဟဲ” အေဖႀကီးတုတ္က ကြမ္းေသြးမ်ား ပါးစပ္မွ လွ်ံက်သည္အထိ ရယ္ျပလိုက္သည္။ ပါးကြက္သားမ်ားက သေဘာေပါက္သြားဟန္ျဖင့္ ေခါင္းညိတ္လိုက္၏။ “ကြၽီ” ေမွာင္မဲစိုစြတ္ေနသည့္ အက်ဥ္းေထာင္အတြင္းမွ အနံ႔အသက္မ်ားကို သူတို႔သုံးဦးလုံး ခံစားလိုက္ရသည္။ ေလဝင္ေပါက္နည္းနည္းသာရွိေသာေၾကာင့္ အက်ဥ္းေထာင္မွာ အလင္းေရာင္မရွိသေလာက္ျဖစ္ေန၏။ မ်က္စိမ်ားက က်င့္သားမရေသးသျဖင့္ သူတို႔သည္ ပါးကြက္သားမ်ား ဆြဲေခၚရာသို႔သာ စမ္းတဝါးဝါးလိုက္လာၾကသည္။ “ႂကြက္ေဆာင္” ဟု ေခၚေသာ အက်ဥ္းေထာင္ထိပ္ဘက္ရွိ သစ္သားအခန္းငယ္ေရွ႕အေရာက္တြင္ လြီဇာကို ေခၚလာသည့္ ပါးကြက္သားက ရပ္လိုက္သည္။ ငတြန္ ႏွင့္ ခ်စ္ျမကို မူ ေရွ႕သို႔ ဆက္ေခၚသြား၏။ ထို႔ေနာက္ တံခါးကို အသာအယာပင္ တြန္းဖြင့္လိုက္၏။ အက်ဥ္းေထာင္ဆိုေသာ္လည္း မင္းတုံးမ်ား၊ ႏိုင္ငံျခားျဖစ္ေသာ့ဂေလာက္မ်ားပင္ မရွိေသာ တံခါးကို လြီဇာက အံၾသသြားသည္။ ပါးကြက္သားက လြီဇာကို အေဆာင္ေထာင့္ရွိ ေက်ာက္တုံးႀကီးတြင္ အေသ႐ိုက္ထားေသာ သံေျခက်င္းမ်ားဆီသို႔ ေခၚသြားသည္။ ပါးကြက္သားက လြီဇာ၏ ေျခေထာက္ကို သံေျခက်င္းခတ္လိုက္၏။ ထို႔ေနာက္ စကားတစ္လုံးမွ မေျပာပဲ ျပန္ထြက္သြားသည္။ လြီဇာက ငတြန္ ႏွင့္ ခ်စ္ျမ တို႔ကို စိတ္ပူသျဖင့္ သံေျခက်င္းတန္းလန္းျဖင့္ အေပါက္ဝသို႔ ေလွ်ာက္သြားသည္။ သံေျခက်င္း၏ သံႀကိဳးမ်ားမွာ အတန္ငယ္သာ ရွည္လ်ားသျဖင့္ အေပါက္ဝသို႔ မေရာက္။ “ရွင့္လူေတြကို စိုးရိမ္ေနတာလား” လြီဇာ က အသံၾကားရာသို႔ လွည့္ၾကည့္လိုက္သည္။ ေက်ာက္တုံးနေဘးတြင္ သံေျခက်င္းခတ္ခံထားရသည့္ အမ်ိဳးသမီးတစ္ဦး။ “မစိုးရိမ္ပါနဲ႔...ဒါ ငရဲျပည္ပဲ..ဒီထဲ ေရာက္ေနတဲ့သူ အားလုံး ငရဲက်ေနတာပဲ” လြီဇာက အမ်ိဳးသမီးရွိရာသို႔ သံေျခက်င္းတန္းလန္းျဖင့္ ျပန္ေလွ်ာက္လာသည္။ “ရွင္ ဒီကို ေရာက္ေနတာ ၾကာၿပီလား” အမ်ိဳးသမီးက လက္ေျခာက္ေခ်ာင္းေထာင္ျပသည္။ “ေျခာက္ႏွစ္လား” “ေျခာက္လ” “ကြၽန္မ နဲ႔ ပါလာတဲ့ လူႏွစ္ေယာက္ကို သူတို႔ ဘယ္ေခၚသြားၾကတာလဲ သိလား” “ဘယ္အေဆာင္ေတြလို႔ သူတို႔ေျပာလဲ” လြီဇာက အနည္းငယ္စဥ္းစားလိုက္သည္။ “တစ္ေယာက္ကိုေတာ့ ထိပ္တုံးေဆာင္တဲ့” “ေၾသာ္...ဒီအခန္းရဲ႕ တခန္းေက်ာ္ေရွ႕တည့္တည့္က ထိပ္တုံးေဆာင္ပဲ...အဲ့ဒီမွာ က်တဲ့လူေတြကို ေျခေထာက္ႏွစ္ဖက္လုံးကို ထိပ္တုံးခတ္ထားတယ္..အေဖႀကီးတုတ္ ကို လာဘ္ထိုးႏိုင္ရင္ေတာ့ ေျခတစ္ဖက္ပဲ ခတ္ခံရမွာေပါ့” လြီဇာမွာ ခ်စ္ျမ အတြက္ စိတ္မေကာင္းျဖစ္သြားသည္။ “အ..အား” အေမွာင္ထုထံမွ နာနာၾကင္ၾကင္ ညည္းညဴသံတစ္ခုထြက္လာသည္။ ထိုေအာ္သံသည္ ငတြန္၏ အသံမွန္း လြီဇာ အေသအခ်ာမွတ္မိလိုက္၏။ “အင္း....ရွင့္လူေနာက္တစ္ေယာက္ကေတာ့.....” “သူ..သူ႔ကို ဘယ္ပို႔တာလဲဟင္..ဘယ္လဲ” “သူ ဝါးတန္းဆြဲခံရၿပီ” “ဘာလဲ..ဝါးတန္းဆြဲတာ” “ရွင္နားလည္ေအာင္ ဘယ္လိုရွင္းျပရမလဲ...လူကို သံေျခက်င္ခတ္၊ အလယ္က ဝါးရႈိၿပီး ခႏၶာကိုယ္ကို ထုတ္တန္းမွာ တဝက္၊ ေျမမွာတဝက္ဆြဲထားတာ” လြီဇာမွာ အမ်ိဳးသမီးေျပာျပသည္ကို မ်က္စိထဲ ပုံေဖာ္ၾကည့္မိသည္။ ငတြန္၏ ညည္းညဴသံသဲ့သဲ့ကလည္း လြီဇာ၏ ႏွလုံးအိမ္ထဲ ယမ္းမီးမ်ားတဖြဲဖြဲေပါက္သည့္ႏွယ္။ တျဖည္းျဖည္းႏွင့္ ငတြန္၏ ညည္းညဴသံမွာ တိုးညႇင္းရာမွ ေပ်ာက္ကြယ္သြား၏။ ထိုအခ်ိန္တြင္ အေဖႀကီးတုတ္ႏွင့္ ပါးကြက္သားအခ်ိဳ႕ဝင္လာသည္။ နံရံရွိ ကညင္ဆီ မီးတိုင္မ်ားကို မီးထြန္းၾကသည္။ အေဖႀကီးတုတ္သည္ ေထာင္ဝတြင္ေတြ႕ခဲ့သလို သိုရင္းအက်ႌအျဖဴႏွင့္မဟုတ္ေတာ့။ အေပၚပိုင္း ဗလာက်င္းႏွင့္ျဖစ္သည္။ ခါးကိုင္းကိုင္း ကိုင္းကိုင္းႏွင့္ သူဝင္လာသည္ႏွင့္ အက်ဥ္းေထာင္ခန္းမွ စကားေျပာသံမ်ား ၿငိမ္သက္သြား၏။ အေဖႀကီးတုတ္က လြီဇာ ႏွင့္ အမ်ိဳးသမီးကို တခ်က္ မ်က္ေမွာင္ႀကဳံ႕ၾကည့္ကာ သူ၏ သြားရဲရဲမ်ား ေပၚေအာင္ ၿပဳံးျပလိုက္သည္။ ထို႔ေနာက္ အျခားအခန္းမ်ားသို႔ ဆက္သြား၏။ မၾကာမီ အေဖႀကီးတုတ္ ၏ ဆူဆဲသံမ်ားႏွင့္အတူ ထု႐ိုက္သံမ်ား၊ ေအာ္ဟစ္သံမ်ား ထြက္ေပၚလာသည္။ လြီဇာကား အထိတ္တလန႔္ျဖစ္လ်က္။ နေဘးနားမွ အမ်ိဳးသမီးမွာမူ..သူမ၏ ေျခက်င္းဝတ္မွ အနာဖတ္မ်ားကိုခြာကာ ထိုအသံမ်ားကို မၾကားသကဲ့သို႔။ အေဖႀကီးတုတ္သည္ ေဆးတံကို ဖြာလ်က္ သူတို႔ အခ်ဳပ္ခန္းေရွ႕သို႔ ျပန္ေရာက္လာသည္။ ဝင္လာစဥ္တုန္းကကဲ့သို႔ သြားရဲရဲမ်ားၿဖဲကာ ၿပဳံးျပၿပီး ျပန္လည္ထြက္ခြာသြားသည္။ “သူတို႔ ညစာ ဘယ္ေတာ့လာပို႔လဲ” လြီဇာက ေဘးနားမွ အမ်ိဳးသမီးကို ေမးၾကည့္လိုက္သည္။ အမ်ိဳးသမီးက ႏႈတ္ခမ္းကို လက္ညိဳးျဖင့္ ကပ္ကာ တိုးတိုးေနရန္ အခ်က္ျပလိုက္၏။ “ေနဝင္ၿပီဆို ဒီမွာ စကားအက်ယ္ႀကီးေျပာခြင့္မရွိဘူး..ပါးကြက္သားေတြ မၾကားေအာင္ေျပာရတယ္” အမ်ိဳးသမီးက လြီဇာနားသို႔ ကပ္ကာ ေလသံျဖင့္ ေျပာလိုက္သည္။ “ကြၽန္မ ဗိုက္ဆာလို႔” “မင္းအတြက္ ထမင္းလာပို႔မယ့္သူ အျပင္မွာရွိလား” လြီဇာက ေခါင္းခါလိုက္သည္။ “ကြၽန္မမွာ မိဘေတြလည္းမရွိဘူး။ ကြၽန္မဖမ္းခံရတာကိုလည္း ကြၽန္မမိတ္ေဆြေတြ သိမယ္မထင္ဘူး” လြီဇာက ေလသံျဖင့္ ကပ္ေျပာလိုက္၏။ “ဒီမွာ က လာပို႔မယ့္သူမရွိရင္ အငတ္ပဲ” “ရွင့္ကိုေရာ ဘယ္သူလာပို႔လဲ” “ငါ့ကို..ဟုတ္လား...ဟင္းဟင္း..” အမ်ိဳးသမီးက ခပ္တိုးတိုးရယ္သည္။ ထိုအခါမွ မီးတုတ္အလင္းေရာင္းမွိန္မွိန္ေအာက္မွ အမ်ိဳးသမီး၏ မ်က္ႏွာကို လြီဇာ ေသခ်ာအကဲမိလိုက္သည္။ ဆံပင္မ်ားက ကာလရွည္စြာမေလွ်ာ္ရသျဖင့္ ေခ်းအထပ္အထပ္ျဖင့္ လိမ္က်စ္ေနၾကသည္။ မ်က္တြင္းေဟာက္ပက္၊ ပါး႐ိုးေငါေငါျဖင့္ ၊ ႏႈတ္ခမ္းမ်ားမွာ ျဖဴေဖ်ာ့ေန၏။ ကာလအေတာ္ၾကာ အာဟာရခ်ိဳ႕တဲ့ေနသည့္ပုံစံမွန္း လြီဇာ ခန႔္မွန္းမိလိုက္သည္။ “ငါ့ကို ဒီေျခာက္လလုံး ထမင္းလာပို႔မယ့္သူ မရွိဘူး” လြီဇာ က အမ်ိဳးသမီးကို အံၾသစြာၾကည့္လိုက္သည္။ “ဒါျဖင့္..ရွင္ ဘယ္လို အသက္ရွင္လဲ” “ဒီအေဆာင္ကို ဘာလို႔ ႂကြက္ေဆာင္လို႔ ေခၚလဲ သိလား” လြီဇာက ေခါင္းခါျပလိုက္သည္။ “ညဆို ႂကြက္ေတြ အရမ္းေပါလိုပဲ....ဟိုဘက္အခန္းေတြက အက်ဥ္းသားေတြရဲ႕ စားႂကြင္းစားက်န္ေတြ၊ အညစ္အေၾကးေတြနဲ႔ ဝဖီးေနတဲ့ ႂကြက္ႀကီးေတြဟာ လူသိပ္မရွိတဲ့ ဒီအေဆာင္မွာ ညလာအိပ္တတ္ၾကတယ္” “အင္း..အဲ့ဒါနဲ႔ ကြၽန္မ ေမးတာ ဘာဆိုင္လို႔လဲ” “ရႉး” အမ်ိဳးသမီးက လြီဇာကို တိတ္တိတ္ေနရန္ အခ်က္ျပလိုက္သည္။ ထို႔ေနာက္..အမ်ိဳးသမီးက သံေျခခ်င္းခတ္ထားေသာ ညာေျခေထာက္ကို ေျမႇာက္ကာ ေရွ႕မွ ျဖတ္သြားေသာ တစ္စုံတစ္ရာကို ဖေနာင့္ျဖင့္ လွမ္းေပါက္လိုက္သည္။ “ကြိ” ေျခခ်င္သံထည္ၾကားတြင္ တစ္စုံတစ္ရာက ညပ္သြား၏။ “အံမယ္ေလး” လြီဇာက ျမင္ကြင္းကိုၾကည့္ကာ ေအာ္လိုက္၏။ အမ်ိဳးသမီး၏ သံေျခက်င္းေအာက္တြင္ ေျမႂကြက္ဝဖီးဖီးႀကီးတစ္ေကာင္က အေၾကာဆြဲေနသည္။ “ရွင္..အဲ့ဒါေတြကို စားတာလား” “ဒါေတာ့ ဘယ္စားမလဲဟယ္” အမ်ိဳးသမီးက သံေျခက်င္းကို ၾကမ္းျပင္ႏွင့္ ခါယမ္းလိုက္ရာ အသံမ်ားထြက္လာ၏။ “ေဟ့..ေကြ႕မ...မိတာလား” အျပင္ဘက္ဆီမွ အသံထြက္လာသည္။ “ဟုတ္တယ္..အေကာင္ႀကီးတယ္” ပါးကြက္သားတစ္ဦးက ဝင္လာသည္။ အမ်ိဳးသမီးက သူ႔ေျခေထာက္ေအာက္မွ ႂကြက္ေသေကာင္ကို လက္ျဖင့္ ကိုင္ကာ ပါးကြက္သားကို လွမ္းေပးလိုက္၏။ “ ဒီေန႔ ငါးေကာင္ရွိၿပီေနာ္” “ေအး..သိတယ္..ခဏေစာင့္” ပါးကြက္သားက ေျမႂကြက္ႀကီးကို အၿမီးမွ ကိုင္ကာ ထြက္သြားသည္။ ခဏအၾကာတြင္ အခန္းျပင္မွ ဖက္ျဖင့္ထုပ္ထားေသာ အရာတစ္ခုကို လွမ္းပစ္ေပးသည္။ အမ်ိဳးသမီးက ထိုအရာကို အငမ္းမရေကာက္ယူလိုက္၏။ ေကာက္ညႇင္းထုတ္တစ္ထုတ္။ အမ်ိဳးသမီးက ေကာက္ညႇင္းထုတ္ကို ျဖည္ကာ အငမ္းမရစားရန္ျပင္လိုက္သည္။ ထို႔ေနာက္ ေကာက္ညႇင္းထုတ္ကို မစားေသးဘဲ လြီဇာကို လွမ္းၾကည့္လိုက္၏။ “ရွင္..ဗိုက္ဆာတယ္ဆို” ေကာက္ညႇင္းထုတ္ တစ္ဖဲ့ကို ဖဲ့လိုက္သည္။ လြီဇာကို ကမ္းေပး၏။ “ကြၽန္မ မဆာေတာ့ဘူး” “တကယ္လား....ငါတေန႔လုံးဘာမွ မစားရေသးဘူး...ငါစားမယ္ေနာ္..အဲ့ဒါဆို” အမ်ိဳးသမီးက ေကာက္ညႇင္းထုတ္ကို ပါးစပ္ထဲ ပလုတ္ပေလာင္းထိုးထည့္စားလိုက္သည္။ ထို႔ေနာက္ အနီးတြင္ရွိေသာ ဘူးသီးေျခာက္ေရတေကာင္းကို ယူကာ ေမာ့ေသာက္လိုက္၏။ “ညအတြက္ ေရနည္းနည္းခ်န္ထားေပးမယ္...ရွင္ေသာက္ခ်င္ရင္‌ေသာက္လို႔ရေအာင္” လြီဇာထံ ဘူးသီးေျခာက္ေရဘူးကို ကမ္းေပးသည္။ လြီဇာက ေက်ာက္တုံးနေဘးတြင္ ေထာင္ထားလိုက္၏။ “အဲ့ဒီႂကြက္ေတြကို သူတို႔က နေမာ္ေစ်းထဲ သြားေရာင္းၾကတယ္ေလ....ငါ ႂကြက္ငါးေကာင္ဖမ္းမိရင္..သူတို႔က ေကာက္ညႇင္းထုတ္တစ္ထုတ္ေပးတယ္.. တခ်ိဳ႕ေန႔ေတြဆို..ႏွစ္ရက္ေနမွ ႂကြက္ငါးေကာင္ျပည့္လို႔ ႏွစ္ရက္ေပါင္း ေကာက္ညႇင္းထုတ္ တစ္ထုတ္ပဲစားရတယ္..ငါက ႂကြက္မုဆိုးေပါ့..ဟင္းဟင္း” အစာဝင္သြားသျဖင့္ အမ်ိဳးသမီး၏ မ်က္ႏွာက ေသြးေရာင္အနည္းငယ္လႊမ္းလာသည္။ “ကြၽန္မ နာမည္ လြီဇာဒီမဲလိုးပါ။ဗရင္ဂ်ီလူမ်ိဳးပါ။ နန္းတြင္းကို အရက္သြင္းတယ္” အမ်ိဳးသမီးက ၿပဳံးျပလိုက္သည္။ “ငါ့နာမည္..နာလဲ..မတၱရာက ေကြ႕လူမ်ိဳး” “ေကြ႕ဆိုတာ” “နင္ မၾကားဖူးဘူးလား...ငါတို႔ကို ရွမ္းျပည္ဘက္မွာေတာ့ လားဟူစီ လို႔ ေခၚၾကတယ္” လြီဇာက ေခါင္းညိတ္လိုက္သည္။ “ကြၽန္မက လူသတ္မႈတစ္ခုနဲ႔ ေရာက္လာတာ..ရွင္ကေရာ” “ငါလား..ငါက ငါတို႔လူမ်ိဳးေတြ အင္းဝနန္းတြင္းကို အခြန္မေပးပဲ အာဏာဖီဆန္တာကို ေခါင္းေဆာင္လို႔ အင္းဝဘုရင့္တပ္က ဖမ္းထားတာပဲ” လြီဇာက အမ်ိဳးသမီး၏ မ်က္ႏွာကို အေသအခ်ာအကဲခတ္ေနသည္။ မ်က္ႏွာက ေခ်ာင္က်ေနေသာ္လည္း သူမ၏ မ်က္ရစ္မရွိေသာမ်က္ဝန္းေလးမ်ားက တမ်ိဳးၾကည့္ေကာင္းေန၏။ “ငါ ဒီမွာ ၾကာၾကာမေနရေတာ့ပါဘူး...ငါ့အကိုက အင္းဝနန္းေတာ္ကို တိုက္ၿပီး ငါ့ကို လာကယ္လိမ့္မယ္” “ရွင့္ အကိုက ဘယ္သူလဲ” “ဂုဏၰအိမ္ တဲ့..နင္ၾကားဖူးမွာမဟုတ္ဘူး”




ခက္ေဇာ္

Comments

Post a Comment