AVA 1740s (အခန်း ၂၇)
AVA 1740s
အခန်း(၂၇)
...............................................
နာဝါလှေငယ်တစ်စင်းသည် မြစ်လယ်ကျွန်းဆီသို့ တရွေ့ရွေ့ လှော်ခေတ်လာသည်။
ကျွန်းအနီးသို့ရောက်သည်နှင့် လှေငယ်သည် အညိုရောင်မြွေနဂါးပုံစံရေးဆွဲထားသည့် အလံဖြူတစ်ခုကို လွှင့်ထောင်လိုက်သည်။
အလံဖြူကို မြင်လိုက်သည့်အခါ ကမ်းနားတွင် လမ်းလျှောက်နေသည့် နားလဲ ၏ မျက်နှာမှာ ပျော်ရွှင်သွား၏။
“သခင်မ....ကိုယ်တော်လေးတို့ ပြန်လာပါပြီ”
ကသည်းစစ်သည် ရှာဟန်း က ကသည်းဘာသာဖြင့် ခပ်တိုးတိုးပြောလိုက်သည်။
လှေပေါ်မှ ဆင်းလာသော မင်းသားဆန်ဂျေး ၏ မျက်နှာတွင် နေလောင်ဒဏ်ကြောင့် တင်းတိတ်များ ဖြစ်ပေါ်နေ၏။
ဆန်ဂျေးသည် အင်းဝသားတံငါသည်များပုံစံ ဝတ်ဆင်ထားသည့် ခေါင်းပေါင်းကြီးများ အောက်မှ နေပြီး နားလဲကို ပြုံးပြနေသည်။
ထို့နောက် နားလဲ၏ ဝမ်းဗိုက်စူပုံ့ပုံ့လေးကို ကြည့်လိုက်သည်။
“နေကောင်းရဲ့လား....နားလဲ”
“ကောင်းပါတယ်..ရှင်ရော..အဆင်ပြေခဲ့ရဲ့လား”
“လာ..စခန်းကို သွားကြစို့..ကိုယ်ပင်ပန်းလာတယ်..အေးအေးဆေးဆေးပြောပြမယ်နော်”
မင်းသားဆန်ဂျေးက နားလဲ၏ ပုခုံးကို ဖေးမဖက်သိုင်းရင်း တောတွင်းသို့ ဝင်လာခဲ့ကြသည်။
အချိန်ကား တစ်နှစ်။
ထိုတစ်နှစ်ကာလတွင်း...မြေနုကျွန်းကလေးပေါ်တွင် မဏိပူရမင်းသား ဆန်ဂျေး နှင့် နားလဲတို့ မေတ္တာမျှခဲ့ကြသည်။
နားလဲသည်ပင် ကသည်းစကားကို အတော်အတန်တတ်မြောက်နေခဲ့ပြီဖြစ်သည်။
သူတို့ အိမ်ထောင်တစ်ခု ထူထောင်ခဲ့ကြသည်။
ယခုတော့ နားလဲတွင် ကိုယ်ဝန်သုံးလပင် ရှိနေခဲ့ပြီဖြစ်၏။
မဏိပူရဘုရင်ဂါရစ်နာဝဇ်၏ စစ်တပ်ကြီးချီတက်လာချိန်တွင်မူ မင်းသားဆန်ဂျေးမှာ သူ၏ တပ်များနှင့်အတူ စစ်ကြောင်းတစ်ကြောင်းအဖြစ် သွားရောက်ပူးပေါင်းခဲ့ကြသည်။
နားလဲ ကိုမူ ယုံကြည်စိတ်ချရသော ကသည်းစစ်သည် ရှာဟန်း တို့ သုံးဉီးနှင့်အတူ ခေတ္တထားရစ်ခဲ့ခြင်းဖြစ်သည်။
ယခုတော့ ဆန်ဂျေးပြန်ရောက်လာခဲ့ပြီ။
ဆန်ဂျေးက နားလဲခပ်ပေးသော ရေကို အားရပါးရမော့သောက်လိုက်သည်။
“အမောင်တို့ ဒီပဲယင်းအထိ သိမ်းနိုင်ခဲ့ပြီ...အောင်ခဲ့ပြီ”
“ဒီလိုဆို....မောင့်ရဲ့ ခမည်းတော်တပ်တွေ အင်းဝကို ဘယ်တော့ချီတက်မှာလဲ”
“အဲ့ဒါတော့ ခမည်းတော်က အမိန့်မချသေးဘူး....မောင်တို့ ဒီပဲရင်းကို အရင်သွားပူးပေါင်းရမယ်..နားလဲ”
နားလဲက သက်ပြင်းချလိုက်သည်။
“အမောင်..ကတိမမေ့ပါဘူး..နားလဲ...အင်းဝကို ဝိုင်းပြီးတာနဲ့ မတ္တရာဘက်က နားလဲတို့ လူမျိုးတွေဆီကို စစ်ကူအများကြီးပို့မယ်...သူတို့ကို လက်နက်ရော...လူအားပါ ကူညီဖို့ ခမည်းတော်ကို ရအောင် ပြောမှာပါ”
နားလဲက သူ့ဗိုက်ကလေးကို ငုံ့ကြည့်လိုက်သည်။
“အဲ့ဒီကိစ္စတွေ အားလုံးပြီးတာနဲ့ ဂန်ဂလာနန်းတော်ကို ပြန်ကြမယ်..ဟိုမှာ ဒီကလေးလေးကို မွေးဖို့ လိုလေသေးမရှိ အမောင် စီမံပေးပါ့မယ်”
“ကျွန်မလိုက်ခဲ့မှာပါ..မောင်...ဒါပေမယ့်....မသွားခင် ကျွန်မလူမျိုးကို ကျွန်မ တတ်နိုင်တဲ့ တာဝန်ကျေပွန်ခဲ့ချင်တာပါ”
“စိတ်ချပါ..နားလဲ..မနက်ဖြန် မောင်တို့ ဒီကျွန်းကနေ ခွာကြမယ်..ဒီပဲယင်းမှာ ခမည်းတော်ရဲ့ တပ် စောင့်နေကြတယ်”
မြစ်ဆိပ်ဆီမှ ဆူဆူညံညံအသံများထွက်ပေါ်လာ၏။
ဆန်ဂျေး၏ လှေနောက်မှ ဖောင်များဖြင့်ပါလာသော တပ်များဖြစ်ကြသည်။
“ရှာဟန်း..လှေဆိပ်မှာ ဟိုကောင်တွေကို လိုအပ်တာသွားကူလိုက်”
အနီးအနားတွင်ရပ်နေသော ရှာဟန်းက အပြေးထွက်သွား၏။
ထိုအခါကျမှ...ဆန်ဂျေးက နားလဲ၏ ရှေ့တွင် ဒူးထောက်လိုက်သည်။
ထို့နောက် နားလဲ၏ ဗိုက်ပူပူလေးတွင် သူ၏ ပါးကို ကပ်ထားလိုက်၏။
“ဂန်ဂလာနန်းတော်ထဲမှာ မဏိပူရထီးနန်းကို ဆက်ခံမယ့်..မျိုးဆက်လေးက...ဟော့ဒီထဲမှာပေါ့ကွယ်”
နာလဲ က ရှည်လျားနေပြီဖြစ်သော ဆန်ဂျေး၏ ဆံပင်များကို ပွတ်သပ်ရင်း ပြုံးလိုက်သည်။
...........................................................................................................................
ဒီပဲရင်းတိုက်ပွဲတွင် မြင်းတပ် ၅၀၀၀ ၊ ခြေလျင်တပ် ၂၀၀၀ ပါသော အင်းဝတပ်နှင့် အင်အား ၁၀၀၀၀ ပါသော မဏိပူရတပ်တို့ အကြီးအကျယ်တိုက်ပွဲများဖြစ်ကြသည်။
အင်းဝဘက်မှ ဗိုလ်မှူးမင်းရဲသီဟကျော် မှာ တိုက်ပွဲအစတွင်ပင် ကျဆုံးသွားသည်။
ထိုအခါ မြင်းတပ်ဉီးစီးမှူး ဗိုလ်မှူးဇေယျသူက က တိုက်ပွဲကို ဆက်လက်ဉီးဆောင်ကာ တိုက်ခဲ့သည်။
နှစ်ရက်နှင့် သုံးညမျှ အနီးကပ်တိုက်ပွဲများ အကြိမ်ကြိမ်ဖြစ်ပြီးသည့်နောက် ဗိုလ်မှူးဇေယျသူ ထပ်မံကျဆုံးသွားခဲ့သည်။
ဉီးစီးဉီးဆောင် မရှိတော့သည့် အင်းဝတပ်များမှာ အင်းဝသို့ အလျင်အမြန် ဆုတ်ခွာကြရတော့သည်။
ဂါရစ်နာဝပ်ဇ် ၏ တပ်များမှာ ဆက်မလိုက်လာပဲ ဒီပဲယင်းတွင်ပင် အခိုင်အမာတပ်စွဲနေကြသည်။
သားတော်မင်းသားဆန်ဂျေး နှင့်အဖွဲ့မှ တိုက်ပွဲဖြစ်နေရာများကို ရှောင်ကွင်းပြီး ဒီပဲရင်းသို့ ရောက်ရှိလာကြ၏။
ဒီပဲယင်းမြို့ကြီးကား မီဟုန်းဟုန်းတောက်နေချေပြီ။
ဂါရစ်နာဝဇ်သည် အင်းဝဘုရင်၏ အုပ်ချုပ်ရေးဆိုင်ရာအဆောက်အဉီများနှင့် စေတီပုထိုးများကို ဖြိုချကာ ရသမျှပစ္စည်းများကို လုယက်ယူငင်သည်။ ကသည်းစစ်သည်များကလည်း မြို့အနှံ့ ဖျက်ဆီးလုယက်ကြသည်။
မဏိပူရဘုရင်ဂါရဇ်နာဝဇ် သည် စစ်မြေပြင်ဖြစ်နေသည့် ဒီပဲယင်းတွင် မနေပဲ...ရေဉီးမြို့အနီး မိုးဒေါင်ရွာခံတပ်တွင် ယာယီတဲနန်းဖြင့် စခန်းချကာ ကွပ်ကဲနေသည်။
တပတ်ခန့်အကြာတွင် ဆန်ဂျေးမင်းသားနှင့်နားလဲတို့ အဖွဲ့သည် တိုက်ပွဲဖြစ်နေရာများကို ရှောင်ကွင်းလျင် ရေဉီးသို့ ရောက်ရှိလာကြသည်။
ခံတပ်အတွင်းသို့ ဆန်ဂျေးမင်းသား၏ ဝေါယာဉ်ဝင်လာသည်ကို ဘုရင်ဂါရစ်နာဝဇ်က ကြည့်ကာ ခေါင်းကို ခါရမ်းလိုက်၏။
ဆန်ဂျေးသည် နားလဲကို ဝေါယာဉ်ပေါ်တွင် သူနှင့်အတူ တွဲလျက် လိုက်ပါစေသည့် မြင့်ကွင်းက ဂါရစ်နာဝဇ် ကို အတော်ပင် စိတ်အနှောက်အယှက်ဖြစ်နေစေခဲ့သည်။
မဏိပူရ မဟာဆီမဟာသွေး မင်းယောက်ျားတို့မည်သည် အမျိုးသမီးများနှင့် ဝေါယာဉ်တစ်ခုတည်းတွင် အတူစီးရိုးမရှိခဲ့။
ဆန်ဂျေး က နားလဲကို ဖေးမ ကာ ဝေါယာဉ်ပေါ်မှ ဆင်းလိုက်သည်။
ယာယီတဲနန်းထဲတွင် ဂါရစ်နာဝဇ်က မတ်တပ်ရပ်လျက် သူတို့ကို ကြည့်နေ၏။
ဆန်ဂျေးက ဂါရစ်နာဝဇ်၏ ခြေဖမိုးတွင် ဝပ်ဆင်းကာ ခြေဖမိုးကို လက်ဖြင့် ထိလိုက်သည်။
နားလဲကကိုယ်ဝန်နှင့်မို့ ခပ်ဖြည်းဖြည်းထိုင်ချကာ ဆန်ဂျေးသင်ပေးထားသည့်အတိုင်း ဂါရစ်နာဝဇ်၏ ခြေဖမိုးကို လက်ဖမိုးဖြင့်ထိရန် ကြိုးစားသည်။
သို့သော် ဂါရစ်နာဝဇ်က နာလဲ၏ လက်ဖြင့် ခြေထောက်ကို အထိမခံပဲ နောက်ဆုတ်လိုက်၏။
ထို့နောက် အနောက်တွင် ချထားသော သလွန်တွင် ဝင်ထိုင်လိုက်သည်။
“မင်းသားဆန်ဂျေး....မင်းက...ကန်ကလာပ နန်းတော်ရဲ့ အရှင်သခင် ပန်ဟေဘာဂါရစ်နာဝဇ်ရဲ့ သားတော်ကြီးနော်”
“မှန်ပါ”
“နန်းတော်ရဲ့ မိုင်ပေါင်းများစွာအကွာကို ဘယ်လောက်ဝေးဝေး မဟာဆီမဟာသွေးဆိုတာ နန်းဓလေ့ အယူကို မမေ့ကောင်းဘူး။ မဖျက်ကောင်းဘူးဆိုတာ မင်းနားလည်လား”
သူ၏ ခမည်းတော်က မည်သည့်အချက်ကို ဆိုလိုသည်ကို ဆန်ဂျေးသဘော ပေါက်လိုက်သည်။
“သားတော်ပြောတဲ့ ကြင်ယာတော်နားလဲ ပါ....သူ့မှာ သားတော်ရဲ့ ရင်သွေးကိုယ်ဝန်ရှိနေတဲ့အတွက် ဖေးမတဲ့အနေနဲ့ သားတော်ဘေးမှာ ထားတာပါ”
ဂါရစ်နာဝဇ် က အလန့်တကြားဖြစ်သွားသည်။
“အင်း..ဒါဆိုလည်း သူ့ကို ပေးနားပါစေ..မင်းနဲ့ငါ..နှစ်ယောက်တည်း စကားပြောကြမယ်”
ဂါရစ်နာဝဇ်က အချက်ပြလိုက်သဖြင့် ကသည်းစစ်တပ်နှင့်အတူပါလာသော အမျိုးသမီးနှစ်ဉီးက နားလဲကို တွဲထူဖေးမကာ အပြင်သို့ ခေါ်ထုတ်သွားကြ၏။
“ငါနဲ့ သားတော် စကားပြောစရာရှိတယ်..မင်းတို့ပါ ထွက်သွားကြ”
အနီးအပါးတွင် ခစားနေသော အမတ်များ၊ စစ်သူကြီးများ အားလုံး ထွက်ခွာသွားကြသည်။
ဂါရစ်နာဝဇ်က ဆန်ဂျေးကို သူ၏ သလွန်နားသို့ ကပ်လာရန် ခေါ်လိုက်သည်။
ဆန်ဂျေးက ဂါရစ်နာဝဇ်၏ ခြေရင်းတွင် ထိုင်လိုက်၏။
“ကန်ဂလာပနန်းတော်ရဲ့ အိမ်ရှေ့စံဟာ ဘယ်သူလဲ..ဆန်ဂျေး”
ဂါရစ်နာဝဇ်က ထိုစကားကို ကသည်းဘာသာဖြင့် မပြောပဲ..မဏိပူရနန်းတွင်းသုံး ဘင်္ဂါလီဘာသာဖြင့် ပြောလိုက်ခြင်းဖြစ်သည်။
“ညီတော် သျှမ်သျှားမင်းသားပါ”
အရိပ်အခြေကို ပါးနပ်သည့် ဆန်ဂျေးကလည်း ဘင်္ဂါလီဘာသာဖြင့်ပင် ပြန်ဖြေလိုက်၏။
“သျှမ်သျှားရဲ့ မယ်တော်ကို ငါကျွံခဲ့တဲ့ ကတိစကားကြောင့်သာ သူ့ကို အိမ်ရှေ့အရာထားခဲ့ရတယ်..ဒါပေမယ့်...ငါက မင်းကို သူ့ထက် ပိုအားကိုးတာရော သိရဲ့လား”
“သိပါတယ်..ခမည်းတော်”
“သျှန်သျှားဟာ ငါ့စကားကို နားမထောင်ဘူး...ငါကိုးကွယ်လမ်းပြခဲ့တဲ့ စစ်မှန်တဲ့ ဟိန္ဒူဘာသာကို မထီမဲ့မြင့်ပြုတယ်...စစ်ရေးစစ်ရာမှာလည်း တက်ကြွမှုမရှိဘူး..ငါနဲ့ အမြဲဆန့်ကျင်ဘက်ပဲ... အဲ့ဒီလို မင်းသားတစ်ပါးကို နန်းလျာထားခဲ့တာ..ငါမှားသွားခဲ့ပြီလို့ ငါသိခဲ့တယ်..ဆန်ဂျေး”
ဆန်ဂျေးက တိတ်ဆိတ်နေသည်။
“တကယ်တော့ ကန်ကလာပလ္လင်ပေါ်မှာ တရားဝင်ရှင်ဘုရင်တစ်ပါးရှိနေသမျှ..နန်းလျာအိမ်ရှေ့မင်းသား ဟာ ဘယ်သူမဆိုဖြစ်လာနိုင်ပါတယ်”
ဆန်ဂျေး၏ မျက်လုံးထဲတွင် အရောင်များလင်းလက်လာ၏။
“မင်းက ငါအားအကိုးရဆုံး သားကြီးပဲ...ဆန်ဂျေး.ငါနဲ့ စိတ်တူကိုယ်တူရှိပြီး..ငါ့ခြေရာကို နင်းနိုင်မယ့်သားကြီးပဲ..ဟိန္ဒူသာသနာကို ပြန့်ပွားစေမယ့်..မဏိပူရရဲ့ အနာဂတ်ဘုရင်ဟာ မင်းပဲဖြစ်ရမယ် ..ဒီစစ်ပွဲကြီးမှာ ငါတို့ အောင်ပွဲခံပြီး ပြန်တာနဲ့..မင်းဟာ ကန်ကလာနန်းရဲ့ ထီးညွှန့်နန်းလျာအဖြင့် ငါ တရားဝင်ကြေငြာမယ်...သျှန်သျှားကိုတော့ အိမ်ရှေ့အရာကနေ ငါဖယ်ရှားမယ်”
ဂါရစ်နာဝဇ်၏ စကားများကြောင့် ဆန်ဂျေးမှာ ရင်တို့ တဒိတ်ဒိတ်ခုန်နေသည်။ ဘုရင့် သားကြီးဖြစ်သော်လည်း အိမ်ရှေ့စံ ရာထူးကို မရရှိခဲ့သည့်အတွက် သူနှင့် သူ၏ မယ်တော်မှာ နန်းတွင်းတွင် မျက်နှာငယ်ခဲ့ရသည်။
ကန်ကလာနန်းတော်တွင်း အန္တရာယ်ပေါင်းများစွာ၊ မျက်လုံးပေါင်းများစွာကြားတွင် သိမ်ငယ်ခဲ့ရသည်။
အိမ်ရှေ့စံ သျှန်သျှား နန်းတက်လာသည့်အခါ သားတော်ကြီးဖြစ်သည့် သူ၏ ဘဝက မသေချာတော့။ အချိန်မရွေး အသက်ပါ ပေးလိုက်ရသည့်အခြေအနေ။
ထိုအခြေအနေကို သူနှင့် သူ၏ မယ်တော်က အမြဲတမ်းစိုးထိတ်နေခဲ့၏။
ယခုတော့ အခြေအနေက ပေးလာခဲ့ပြီ။ မဏိပူရထီးနန်းကို ဖခင်ဘုရင်ကြီးက သူ့ထံ လက်ကမ်းရန် စကားဆိုခဲ့ပြီ။
“ဒါပေမယ့်......”
ဆန်ဂျေးက အလန့်တကြားဖြင့် ဖခင်ဖြစ်သူကို မော့ကြည့်လိုက်သည်။
“တော်ဝင်သွေးမဟုတ်တဲ့ ထီးဝေးနန်းဝေး တောကြိုအုံကြားက အရိုင်းအစိုင်းမျိုးနွယ် သာမန်မိန်းမငယ်တစ်ယောက်ကို မိဖုရားမြှောက်မယ့်ဘုရင်မျိုးကိုတော့ မဏိပူရပလ္လင်ပေါ် ငါမတင်ဘူး....မင်း...ဒီလို အရိုင်းအစိုင်းမ ကို ကန်ကလာနန်းတော်ထဲ ခေါ်သွင်းသွားရင် ငါတို့ တစ်မျိုးနွယ်လုံး ဘယ်လိုမျက်နှာနဲ့ နေရမလဲ”
ဆန်ဂျေး က မျက်လုံးတို့ကို စုံမှိတ်ထားသည်။
“နားလဲက အရိုင်းအစိုင်းမဟုတ်ပါဘူး”
“ဟုတ်..ဟုတ်..မဟုတ်မဟုတ်.ငါလက်မခံဘူး..အင်းဝမင်းသမီးတစ်ပါးပါးဆိုရင်တောင် ငါလက်ခံနိုင်သေးတယ်....သူ့ကို ကန်ကလာနန်းတော်ထဲ ဘယ်နည်းနဲ့မှ ခေါ်ခွင့်ငါမပြုဘူး...ဆန်ဂျေး”
“သူ့မှာ သားတော်နဲ့ ရတဲ့ ကိုယ်ဝန်က သုံးလရှိနေပါပြီ”
“မင်းတို့ ဇာတ်လမ်းကို ငါသိသင့်သလောက်သိပြီးပါပြီ...ဖိုနဲ့မ အတူတူ နေတာကြာတဲ့အခါ ဖြစ်တတ်တဲ့ သွေးသားဆန္ဒကို ငါသိပါတယ်..ဒါပေမယ့်...အခု ငါတို့ ရောက်နေတာ စစ်မြေပြင်ကွ..သွေးသားဆန္ဒ ကြောင့် ဖြစ်ပြီးတဲ့ ကိစ္စကို ထားခဲ့သင့်ထားခဲ့ရမယ်..မဏိပူရနန်းတွင်းအထိတော့ မသယ်လာနဲ့ ငါ့သား”
“သားတော် သူ့ကို ကတိပေးပြီးပါပြီ...သူက သားတော်ရဲ့ ဇနီးပါ”
“ဟုတ်ပြီလေ....ဒီအရိုင်းမ နဲ့ ကန်ကလာရဲ့ ပလ္လင် မင်း ကြိုက်ရာရွေးချေ..သူ့ကို ရွေးချယ်မယ်ဆိုရင်တော့ မင်းကို ငါ့သားတော်အဖြစ်ကနေပါ စွန့်လွှတ်မယ်....ဒီအရိုင်းမနဲ့အတူ နွားလို ရုန်းကျန်ရစ်ပေတော့”
ဂါရစ်နာဝဇ် က သလွန်ပေါ်မှာ ထကာ ခြေလှမ်းကြမ်းကြမ်းဖြင့် အနောက်ဘက်သို့ ဝင်သွားတော့သည်။
ဆန်ဂျေးမှာ ခေါင်းငုံ့လျက် ကြမ်းပြင်ကို စိုက်ကြည့်ကာ တွေတွေကြီး ကျန်ရစ်ခဲ့၏။
ထိုအချိန်တွင် တဲအပြင်ဘက်ဆီမှ လှစ်ခနဲ ပြန်လည်ပြေးထွက်သွားသော အရိပ်တစ်ခုကို မည်သူမျှ သတိမထားမိလိုက်ခဲ့။
...............................................................................................................
အင်းဝသို့ စစ်ကူသွားကြမည့် မုတ္တမ၊ ရေး၊ ထားဝယ်မှ တပ်များသည် ဟံသာဝတီမြို့ရိုး ပတ်ချာလည်တွင် လာရောက်စုရုံးမိနေကြပြီဖြစ်သည်။
ထိုအင်အားများသည် တောင်ငူတွင် စုရုံးနေသော ပြည်၊ တောင်ငူတပ်များနှင့် ပူးပေါင်းကာ အင်းဝသို့ ဆက်လက်ချီတက်ကြမည်ဖြစ်၏။
ထိုအချိန်တွင် ဆင်ဝန်ဉီးအောင်လှ ၏ သမီးကြီး သီရိ ၏ မင်္ဂလာအခမ်းအနားလည်း ပြီးခဲ့ပြီဖြစ်သည်။
သီရိသည် ဟံသာဝတီ၏ မွန်စစ်သူကြီး သမိန်စက္ကရူ၏ တူတော်စပ်သူ နိုင်စောဗြ နှင့် လက်ထပ်နိုင်ခဲ့ခြင်းက ဉီးအောင်လှ၏ ဆွေမျိုးအင်အားကို ပိုမိုတောင့်တင်းစေသည်။
သမိန်စက္ကရူသည် အင်းဝသို့ စစ်ကူသွားမည့် ဟံသာဝတီတပ်များ၏ အကြီးအကဲလည်းဖြစ်သည်။
မြို့စောင့်တပ်များ၏ အကြီးအမှူးဖြစ်သော လက်ျာဗိုလ်၊ မွန်စစ်သည်တို့၏ လေးစားခြင်းခံရသော သမိန်စက္ကရူမိသားစုတို့သည် ဉီးအောင်လှ၏ ကျောထောက်နောက်ခံများဖြစ်လာကြပြီဖြစ်သည်။
ထိုပြင် အင်းဝမှ လာရောက်နေထိုင်သည့် နန်းတွင်းကုန်သည်တော် ဗရင်ဂျီအမျိုးသမီးလွီဇာ သည်လည်း ဉီးအောင်လှ မိသားစုနှင့် ခိုင်မာသော ဆက်ဆံရေးရှိနေသည်။
လွီဇာသည် အင်းဝ၏ စစ်ရေးတွင် အရေးပါသော ကိုးသိန်းသခင်နှင့် အဆက်အသွယ်ရှိသကဲ့သို့ သန်လျင်မှ ပြင်သစ်၊ အင်္ဂလိပ်ကုန်သည်များနှင့်လည်း ပနံသင့်သူဖြစ်သည်။
ထိုအခြေအနေများကြောင့် ဟံသာဝတီမြို့ဝန်ဖြစ်သော ဉီးသာအောင် က ဉီးအောင်လှတို့ အုပ်စုကို မျက်ခြေမပြတ်စောင့်ကြည့်နေ၏။
ဉီးသာအောင်သည် ဟံသာဝတီ၏ အခြားအရေးပါသော အရာရှိကြီးများဖြစ်သည့် ကျီစိုး ဉီးမောင်၊ ဉီးပေါ်ရဲ၊ ကရင်လူမျိုးစာရေးကြီး ထားကစား၊ အကောက်အခွန်မှူး ဉီးကို တို့ကို သူ၏ အင်အားစုအဖြစ် စည်းရုံးထားသည်။
ကျေးလက်နေ မွန်လူမျိုးတို့ လေးစားကြသည့် နဲရွဲရွာသူကြီး ကွန်းကလ ၏ သမီးကိုလည်း ဉီးသာအောင်၏ သားနှင့် လက်ထပ်ပေးပြီး ဆွေမျိုးစပ်ရန် ကြိုးပမ်းနေ၏။
ထိုအခြေအနေတွင် ဟံသာဝတီသို့ ပြန်လည်ရောက်ရှိလာသော လွီဇာအား ဧည့်သည်တော်နှစ်ဉီးက စောင့်ကြိုနေလေတော့သည်။
“မမ..အင်းဝက ဧည့်သည်နှစ်ယောက်က မမကို တွေ့ချင်လို့ ရောက်နေတာ နှစ်ရက်ရှိပြီ”
“ဘယ်သူတွေလဲ”
“မသိဘူး....မမ..သူတို့က အင်းဝကလာတာဆိုတော့ မြို့စောင့်တပ်က ဝင်ခွင့်မပြုဘူးတဲ့..မမနဲ့ တွေ့ချင်တာဆိုတော့ လက်ျာဗိုလ်က သေချာစစ်ဆေးပြီး သန္နီတံခါးပေါက်နားက ဇရပ်မှာ ခဏတည်း ခိုင်းထားတယ်”
“မယ်ဖူး...ညည်းကိုယ်တိုင် သူတို့ကို သွားခေါ်ခဲ့စမ်း..ငါရောက်ပြီလို့”
မယ်ဖူးက ဘင်္ဂလားလူမျိုးလှည်းမောင်းသမား ကို ခေါ်ကာ ချက်ချင်း ထွက်ခွာသွားသည်။
လွီဇာက စစ်ကိုင်းမှ ဝယ်လာခဲ့သော လက်ဆောင်ပစ္စည်းအချို့ကို အစေခံအမျိုးသမီးနှင့်အတူနေရာ ခွဲခြမ်းနေသည်။
မကြာမီ မယ်ဖူး နှင့်အတူ လူစိမ်းအမျိုးသားနှစ်ဉီး ရောက်လာကြ၏။
တစ်ဉီးမှာ ရွှေကျင်ခတ်ပုဝါကို ပေါင်းထားသည်။ အရပ်မြင့်မြင့်၊ အသားညိုညိုဖြင့် သန်မာသည့်မေးရိုးများပေါ်မှ မုတ်ဆိတ်ကျင်စွယ်များက ပြတ်သားတည်ကြည်သည့်ဟန်အပြည့်။
နောက်တစ်ဉီးမှာ မျက်နှာပြားပြား၊ ခန္ဓာကိုယ်ကျစ်ကျစ်ဖြင့် အရပ်ခပ်ပြတ်ပြတ်ဖြစ်သည်။
ရွှေကျင်ခတ်ပုဝါဖြင့် ပုဂ္ဂိုလ်က လွီဇာ ကို ပြုံးပြလိုက်သည်။
“ထိုင်ကြပါ”
“ခင်ဗျားက လွီဇာလား”
“ဟုတ်ပါတယ်”
“ကျုပ် မတ္တရာဗိုလ်မင်း သူရိန်စောပါ”
လွီဇာ သည် ထိုအမည်ကိုကြားသည်နှင့် ထိုင်နေသည့် ထိုင်ခုံမှပင် ကြွမတတ်ဖြစ်သွား၏။
“နားလဲ..နားလဲရောဟင်”
လွီဇာ၏ အမေးကြောင့် သူရိန်စောနှင့် ငကက်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။
“ကျုပ်တို့က ခင်ဗျားသူ့ကို ကယ်ဖို့ စီစဉ်ပေးခဲ့တာဆိုတော့..ခင်ဗျားဆီမှာ သူရောက်နေပြီမှတ်လို့”
“မဟုတ်ဘူး..ကျွန်မဆီကို သူမရောက်လာဘူး..ဒါနဲ့ ...သူ လွတ်သွားလား”
“အင်း..သူလွတ်သွားတယ်တဲ့....ကျွန်တော်တို့ အင်းဝမြို့ထဲ ခိုးဝင်ပြီး လက်မရွံထောင်ကို ရောက်သွားကြတယ်....အဲ့ဒီမှာ တခြားပါးကွက်သားတွေကတော့ နားလဲ ကို ကွပ်မျက်လိုက်ပြီလို့ ပြောကြတယ်...ဒါပေမယ့် ထောင်ရှေ့ဇရပ်ပေါ်မှာ ကျောက်ရောဂါနဲ့ဖြစ်နေတဲ့ ပါးကွက်သား တစ်ယောက်ကတော့ နားလဲ ကို သူလွှတ်ပေးလိုက်တယ်တဲ့..ခင်ဗျား အကူအညီတောင်းလို့ လို့ ပြောတယ်”
“အဲ့ဒီ ပါးကွက်သား နာမည်ကို ရှင်တို့ မေးမိသေးလား”
“ငလှေး တဲ့”
“ရှင်..ကိုရင်ငလှေး..ကိုရင်ငလှေး”
လွီဇာနဘေး ကြမ်းပြင်တွင် ထိုင်နေသော မယ်ဖူးမှာ အလန့်တကြားဖြင့် ထအော်တော့သည်။
“မယ်ဖူး..စိတ်အေးအေးထား..မမ..မေးပေးမယ်”
“အင်း...ငလှေးဆိုရင်တော့..ဟုတ်ပါတယ်...နာလဲနဲ့ ကျွန်မအဲ့ဒီထောင်ထဲမှာ တခန်းထဲ နေခဲ့ကြရတာ..သူ့ကိုသတ်ခါနီး ကယ်ပေးဖို့ ငလှေးကို ကျွန်မ အကူအညီတောင်းခဲ့တာပဲ”
“ဒါဆို..နားလဲ ဘယ်ရောက်သွားတာလဲ”
လွီဇာက ခေါင်းခါလိုက်သည်။
“ကျွန်မကို တစ်ခုတော့ ဖြေပေးပါ...ငလှေး ကို ရှင်တို့ တွေ့ခဲ့တာမဟုတ်လား”
“တွေ့ခဲပါတယ်..သူ့ကို ထောင်ရှေ့က ဇရပ်မှာ ထားကြတယ်ထင်တယ်”
“သူ့အခြေအနေဘယ်လိုလဲ”
သူရိန်စောက သက်ပြင်းချလိုက်သည်။
“သူ့မှာ ကျောက်ရောဂါအတော်သည်းနေပုံပဲ..မျက်နှာတပြင်လုံးလည်း ကျောက်ဖေးတွေ အပြည့် နဲ့..ခန္ဓာကိုယ်မှာလည်း ပြည်တွေထွက်နေတယ်...ကျုပ်အထင်တော့.....”
မယ်ဖူး က ဟီး ခနဲ ငိုချလိုက်သည်။
လွီဇာက ကုလားထိုင်မှ ထကာ မယ်ဖူးကို အတွင်းခန်းသို့ တွဲခေါ်သွားသည်။
ထို့နောက် အပြင်သို့ ပြန်ထွက်လာ၏။
“ငလှေး ဆိုတာ သူ့ယောက်ျားပဲ”
“ကျုပ်တို့ သတင်းဆိုးယူလာသလိုဖြစ်နေပြီ..စိတ်မကောင်းပါဘူးဗျာ”
“နားလဲ..ကို ကျွန်မကတော့ မတ္တရာကို ပြန်ဖို့ပြောခဲ့တာပါပဲ...သူလည်း မတ္တရာကိုပဲ ပြန်မှာပါ”
“မတ္တရာကိုလည်း ပြန်ရောက်မလာဘူး..ကျုပ်တို့က ခင်ဗျားဆီမှာ ရှိနေမှာပဲလို့ ထင်တာ..ခင်ဗျားအကြောင်းစုံစမ်းတော့ ဟံသာဝတီကိုပြောင်းသွားတယ်ဆိုတာနဲ့ ခု လိုက်လာကြတာပဲ”
“သူ တခုခု ဖြစ်နေပြီလား”
လွီဇာစကားကြောင့်..သူရိန်စောမှာ မျက်စိမျက်နှာပျက်သွားသည်။
“သူ..ဘာမှ ဖြစ်လို့မရဘူးဗျ”
“ဒါနဲ့..ရှင်တို့ ကိစ္စတွေအားလုံး နားလဲ ပြောပြလို့ ကျွန်မသိပြီးပါပြီ..အခု ရှင်တို့ ဘက်က အခြေအနေတွေ ဘယ်လိုရှိလဲ”
“ကျုပ်တို့ရွာတွေ က ရွာပုန်းတွေဖြစ်ကုန်ပြီ...အခွန်မပေးကြတော့ဘူး...ပထမအသည်ဝန်ကြီးက ဉီးပုတို့နဲ့အတူ အသတ်ခံလိုက်ရတယ်..နောက်အသည်ဝန်က ဒီကိစ္စကို မကိုင်တွယ်နိုင်သေးခင်..မဏိပူရစစ်ကိစ္စက ပူလာတာ ကျုပ်တို့အတွက် ကံကောင်းတာပဲ..ကျုပ်တို့ဘက်ကိုလည်း စစ်တပ်နဲ့ချီပြီး မလာကြဘူး.ဒါပေမယ့်..ကျုပ်တို့ အရှေ့ဘက်ခြမ်းက မွန်ရွာတွေကတော့ အခွန်အတုပ်ပေးနေကြရတုန်းပဲ”
“အင်း..ဘာပဲဖြစ်ဖြစ် ရှင်တို့ ပြင်ဆင်သင့်တာတော့ ပြင်ဆင်ထားသင့်တယ်”
“ကျုပ်တို့ အားလုံးကို အဆုံးအထိ တွက်ပြီး ပြင်ဆင်ပြီးပါပြီ”
.............................................................................................................
“မောင်...အားလုံးကို ပြင်ဆင်ပြီး အဆုံးအထိ တွက်ပြီးပြီ....နားလဲ”
“ဒါဆို...ကျွန်မကို မောင်ပေးခဲ့တဲ့ ကတိတွေကရော”
“ မဏိပူရစစ်တပ်ကြီးတတပ်လုံးကို အမိန့်ပေးနိုင်တဲ့ အာဏာမျိုး အခု မောင့်မှာ မရှိသေးဘူး...ဒါပေမယ့်.မဏိပူရထီးနန်းကတော့ မောင့်အတွက်သေချာသလောက်ဖြစ်နေပြီ...အဲ့ဒါက နားလဲ ပေါ်မှာလည်း မူတည်တယ်...နားလဲ ကို မောင် ခဏတော့ ထားခဲ့ရလိမ့်မယ်..ပြီးရင် မောင့်လက်ထဲ အိမ်ရှေ့မင်းသားဆိုတဲ့ အာဏာရလာတဲ့အခါ နားလဲ တို့ကို မောင် လာခေါ်မယ်.. အားလုံးကောင်းဖို့ အတွက် မောင်တို့ အခုအချိန်မှာ ခဏတော့ အနစ်နာခံကြရမှာပေါ့”
နားလဲ က သူ့ပုခုံးကို ဖက်ထားသော ဆန်ဂျေး၏ လက်များကို ဖယ်ချလိုက်သည်။
“ဘယ်သူက အနစ်နာခံမှာလဲ....ရှင်လား..ကျွန်မလား”
“နားလဲကို မောင် လည်း ချစ်တာပဲ....မောင်လည်း ခံစားနေရပါတယ်...ခဏပါ နားလဲရယ်...အခုဟံသာဝတီ ၊ တောင်ငူတပ်တွေက အင်းဝကို ရောက်တော့မှာ..သူတို့မရောက်ခင်.မောင်တို့ အခု ဒီပဲယင်းကနေ ပြန်ဆုတ်ပြီး အထက်ဘက်မှာ တပ်တည်ထားမယ်...နားလဲကိုလည်း မတ္တရာကို မောင့်စစ်သည်တွေနဲ့ ပြန်ပို့ပေးမှာပါ”
“ရှင်က မလိုက်ဘူးလား”
“ခမည်းတော်က မောင့်ကို နောက်ချန်တပ်နေအနေနဲ့ ခွာစစ်ဆင်ပြီး လိုက်ဖို့ အမိန့်ချထားတယ်..နားလဲ က ခမည်းတော်တပ်နဲ့ လိုက်သွားနှင့်ပါ....လမ်းရောက်တာနဲ့ နားလဲကို ပြန်ပို့ဖို့ ခမည်းတော် စီစဉ်ပေးပါလိမ့်မယ်”
နားလဲက ဆန်ဂျေး၏ ဘေးတွင်ရှိသော မဏိပူရဓါးကောက်ကို ကိုင်လိုက်သည်။
ထို့နောက် ဆန်ဂျေး၏ လည်ပင်းပေါ်သို့ ဓားသွားကို တင်လိုက်၏။
“ဒီတစ်ခါ မောင့် ကတိ မတည်ရင်....ကျွန်မကိုယ်တိုင် မောင့် ခေါင်းကို ဖြတ်မယ်”
ခက်ဇော်
(Zawgyi)
AVA 1740s
အခန္း(၂၇)
...............................................
နာဝါေလွငယ္တစ္စင္းသည္ ျမစ္လယ္ကြၽန္းဆီသို႔ တေ႐ြ႕ေ႐ြ႕ ေလွာ္ေခတ္လာသည္။
ကြၽန္းအနီးသို႔ေရာက္သည္ႏွင့္ ေလွငယ္သည္ အညိဳေရာင္ေႁမြနဂါးပုံစံေရးဆြဲထားသည့္ အလံျဖဴတစ္ခုကို လႊင့္ေထာင္လိုက္သည္။
အလံျဖဴကို ျမင္လိုက္သည့္အခါ ကမ္းနားတြင္ လမ္းေလွ်ာက္ေနသည့္ နားလဲ ၏ မ်က္ႏွာမွာ ေပ်ာ္႐ႊင္သြား၏။
“သခင္မ....ကိုယ္ေတာ္ေလးတို႔ ျပန္လာပါၿပီ”
ကသည္းစစ္သည္ ရွာဟန္း က ကသည္းဘာသာျဖင့္ ခပ္တိုးတိုးေျပာလိုက္သည္။
ေလွေပၚမွ ဆင္းလာေသာ မင္းသားဆန္ေဂ်း ၏ မ်က္ႏွာတြင္ ေနေလာင္ဒဏ္ေၾကာင့္ တင္းတိတ္မ်ား ျဖစ္ေပၚေန၏။
ဆန္ေဂ်းသည္ အင္းဝသားတံငါသည္မ်ားပုံစံ ဝတ္ဆင္ထားသည့္ ေခါင္းေပါင္းႀကီးမ်ား ေအာက္မွ ေနၿပီး နားလဲကို ၿပဳံးျပေနသည္။
ထို႔ေနာက္ နားလဲ၏ ဝမ္းဗိုက္စူပုံ႔ပုံ႔ေလးကို ၾကည့္လိုက္သည္။
“ေနေကာင္းရဲ႕လား....နားလဲ”
“ေကာင္းပါတယ္..ရွင္ေရာ..အဆင္ေျပခဲ့ရဲ႕လား”
“လာ..စခန္းကို သြားၾကစို႔..ကိုယ္ပင္ပန္းလာတယ္..ေအးေအးေဆးေဆးေျပာျပမယ္ေနာ္”
မင္းသားဆန္ေဂ်းက နားလဲ၏ ပုခုံးကို ေဖးမဖက္သိုင္းရင္း ေတာတြင္းသို႔ ဝင္လာခဲ့ၾကသည္။
အခ်ိန္ကား တစ္ႏွစ္။
ထိုတစ္ႏွစ္ကာလတြင္း...ေျမႏုကြၽန္းကေလးေပၚတြင္ မဏိပူရမင္းသား ဆန္ေဂ်း ႏွင့္ နားလဲတို႔ ေမတၱာမွ်ခဲ့ၾကသည္။
နားလဲသည္ပင္ ကသည္းစကားကို အေတာ္အတန္တတ္ေျမာက္ေနခဲ့ၿပီျဖစ္သည္။
သူတို႔ အိမ္ေထာင္တစ္ခု ထူေထာင္ခဲ့ၾကသည္။
ယခုေတာ့ နားလဲတြင္ ကိုယ္ဝန္သုံးလပင္ ရွိေနခဲ့ၿပီျဖစ္၏။
မဏိပူရဘုရင္ဂါရစ္နာဝဇ္၏ စစ္တပ္ႀကီးခ်ီတက္လာခ်ိန္တြင္မူ မင္းသားဆန္ေဂ်းမွာ သူ၏ တပ္မ်ားႏွင့္အတူ စစ္ေၾကာင္းတစ္ေၾကာင္းအျဖစ္ သြားေရာက္ပူးေပါင္းခဲ့ၾကသည္။
နားလဲ ကိုမူ ယုံၾကည္စိတ္ခ်ရေသာ ကသည္းစစ္သည္ ရွာဟန္း တို႔ သုံးဉီးႏွင့္အတူ ေခတၱထားရစ္ခဲ့ျခင္းျဖစ္သည္။
ယခုေတာ့ ဆန္ေဂ်းျပန္ေရာက္လာခဲ့ၿပီ။
ဆန္ေဂ်းက နားလဲခပ္ေပးေသာ ေရကို အားရပါးရေမာ့ေသာက္လိုက္သည္။
“အေမာင္တို႔ ဒီပဲယင္းအထိ သိမ္းႏိုင္ခဲ့ၿပီ...ေအာင္ခဲ့ၿပီ”
“ဒီလိုဆို....ေမာင့္ရဲ႕ ခမည္းေတာ္တပ္ေတြ အင္းဝကို ဘယ္ေတာ့ခ်ီတက္မွာလဲ”
“အဲ့ဒါေတာ့ ခမည္းေတာ္က အမိန႔္မခ်ေသးဘူး....ေမာင္တို႔ ဒီပဲရင္းကို အရင္သြားပူးေပါင္းရမယ္..နားလဲ”
နားလဲက သက္ျပင္းခ်လိုက္သည္။
“အေမာင္..ကတိမေမ့ပါဘူး..နားလဲ...အင္းဝကို ဝိုင္းၿပီးတာနဲ႔ မတၱရာဘက္က နားလဲတို႔ လူမ်ိဳးေတြဆီကို စစ္ကူအမ်ားႀကီးပို႔မယ္...သူတို႔ကို လက္နက္ေရာ...လူအားပါ ကူညီဖို႔ ခမည္းေတာ္ကို ရေအာင္ ေျပာမွာပါ”
နားလဲက သူ႔ဗိုက္ကေလးကို ငုံ႔ၾကည့္လိုက္သည္။
“အဲ့ဒီကိစၥေတြ အားလုံးၿပီးတာနဲ႔ ဂန္ဂလာနန္းေတာ္ကို ျပန္ၾကမယ္..ဟိုမွာ ဒီကေလးေလးကို ေမြးဖို႔ လိုေလေသးမရွိ အေမာင္ စီမံေပးပါ့မယ္”
“ကြၽန္မလိုက္ခဲ့မွာပါ..ေမာင္...ဒါေပမယ့္....မသြားခင္ ကြၽန္မလူမ်ိဳးကို ကြၽန္မ တတ္ႏိုင္တဲ့ တာဝန္ေက်ပြန္ခဲ့ခ်င္တာပါ”
“စိတ္ခ်ပါ..နားလဲ..မနက္ျဖန္ ေမာင္တို႔ ဒီကြၽန္းကေန ခြာၾကမယ္..ဒီပဲယင္းမွာ ခမည္းေတာ္ရဲ႕ တပ္ ေစာင့္ေနၾကတယ္”
ျမစ္ဆိပ္ဆီမွ ဆူဆူညံညံအသံမ်ားထြက္ေပၚလာ၏။
ဆန္ေဂ်း၏ ေလွေနာက္မွ ေဖာင္မ်ားျဖင့္ပါလာေသာ တပ္မ်ားျဖစ္ၾကသည္။
“ရွာဟန္း..ေလွဆိပ္မွာ ဟိုေကာင္ေတြကို လိုအပ္တာသြားကူလိုက္”
အနီးအနားတြင္ရပ္ေနေသာ ရွာဟန္းက အေျပးထြက္သြား၏။
ထိုအခါက်မွ...ဆန္ေဂ်းက နားလဲ၏ ေရွ႕တြင္ ဒူးေထာက္လိုက္သည္။
ထို႔ေနာက္ နားလဲ၏ ဗိုက္ပူပူေလးတြင္ သူ၏ ပါးကို ကပ္ထားလိုက္၏။
“ဂန္ဂလာနန္းေတာ္ထဲမွာ မဏိပူရထီးနန္းကို ဆက္ခံမယ့္..မ်ိဳးဆက္ေလးက...ေဟာ့ဒီထဲမွာေပါ့ကြယ္”
နာလဲ က ရွည္လ်ားေနၿပီျဖစ္ေသာ ဆန္ေဂ်း၏ ဆံပင္မ်ားကို ပြတ္သပ္ရင္း ၿပဳံးလိုက္သည္။
...........................................................................................................................
ဒီပဲရင္းတိုက္ပြဲတြင္ ျမင္းတပ္ ၅၀၀၀ ၊ ေျခလ်င္တပ္ ၂၀၀၀ ပါေသာ အင္းဝတပ္ႏွင့္ အင္အား ၁၀၀၀၀ ပါေသာ မဏိပူရတပ္တို႔ အႀကီးအက်ယ္တိုက္ပြဲမ်ားျဖစ္ၾကသည္။
အင္းဝဘက္မွ ဗိုလ္မႉးမင္းရဲသီဟေက်ာ္ မွာ တိုက္ပြဲအစတြင္ပင္ က်ဆုံးသြားသည္။
ထိုအခါ ျမင္းတပ္ဉီးစီးမႉး ဗိုလ္မႉးေဇယ်သူက က တိုက္ပြဲကို ဆက္လက္ဉီးေဆာင္ကာ တိုက္ခဲ့သည္။
ႏွစ္ရက္ႏွင့္ သုံးညမွ် အနီးကပ္တိုက္ပြဲမ်ား အႀကိမ္ႀကိမ္ျဖစ္ၿပီးသည့္ေနာက္ ဗိုလ္မႉးေဇယ်သူ ထပ္မံက်ဆုံးသြားခဲ့သည္။
ဉီးစီးဉီးေဆာင္ မရွိေတာ့သည့္ အင္းဝတပ္မ်ားမွာ အင္းဝသို႔ အလ်င္အျမန္ ဆုတ္ခြာၾကရေတာ့သည္။
ဂါရစ္နာဝပ္ဇ္ ၏ တပ္မ်ားမွာ ဆက္မလိုက္လာပဲ ဒီပဲယင္းတြင္ပင္ အခိုင္အမာတပ္စြဲေနၾကသည္။
သားေတာ္မင္းသားဆန္ေဂ်း ႏွင့္အဖြဲ႕မွ တိုက္ပြဲျဖစ္ေနရာမ်ားကို ေရွာင္ကြင္းၿပီး ဒီပဲရင္းသို႔ ေရာက္ရွိလာၾက၏။
ဒီပဲယင္းၿမိဳ႕ႀကီးကား မီဟုန္းဟုန္းေတာက္ေနေခ်ၿပီ။
ဂါရစ္နာဝဇ္သည္ အင္းဝဘုရင္၏ အုပ္ခ်ဳပ္ေရးဆိုင္ရာအေဆာက္အဉီမ်ားႏွင့္ ေစတီပုထိုးမ်ားကို ၿဖိဳခ်ကာ ရသမွ်ပစၥည္းမ်ားကို လုယက္ယူငင္သည္။ ကသည္းစစ္သည္မ်ားကလည္း ၿမိဳ႕အႏွံ႔ ဖ်က္ဆီးလုယက္ၾကသည္။
မဏိပူရဘုရင္ဂါရဇ္နာဝဇ္ သည္ စစ္ေျမျပင္ျဖစ္ေနသည့္ ဒီပဲယင္းတြင္ မေနပဲ...ေရဉီးၿမိဳ႕အနီး မိုးေဒါင္႐ြာခံတပ္တြင္ ယာယီတဲနန္းျဖင့္ စခန္းခ်ကာ ကြပ္ကဲေနသည္။
တပတ္ခန႔္အၾကာတြင္ ဆန္ေဂ်းမင္းသားႏွင့္နားလဲတို႔ အဖြဲ႕သည္ တိုက္ပြဲျဖစ္ေနရာမ်ားကို ေရွာင္ကြင္းလ်င္ ေရဉီးသို႔ ေရာက္ရွိလာၾကသည္။
ခံတပ္အတြင္းသို႔ ဆန္ေဂ်းမင္းသား၏ ေဝါယာဥ္ဝင္လာသည္ကို ဘုရင္ဂါရစ္နာဝဇ္က ၾကည့္ကာ ေခါင္းကို ခါရမ္းလိုက္၏။
ဆန္ေဂ်းသည္ နားလဲကို ေဝါယာဥ္ေပၚတြင္ သူႏွင့္အတူ တြဲလ်က္ လိုက္ပါေစသည့္ ျမင့္ကြင္းက ဂါရစ္နာဝဇ္ ကို အေတာ္ပင္ စိတ္အေႏွာက္အယွက္ျဖစ္ေနေစခဲ့သည္။
မဏိပူရ မဟာဆီမဟာေသြး မင္းေယာက္်ားတို႔မည္သည္ အမ်ိဳးသမီးမ်ားႏွင့္ ေဝါယာဥ္တစ္ခုတည္းတြင္ အတူစီး႐ိုးမရွိခဲ့။
ဆန္ေဂ်း က နားလဲကို ေဖးမ ကာ ေဝါယာဥ္ေပၚမွ ဆင္းလိုက္သည္။
ယာယီတဲနန္းထဲတြင္ ဂါရစ္နာဝဇ္က မတ္တပ္ရပ္လ်က္ သူတို႔ကို ၾကည့္ေန၏။
ဆန္ေဂ်းက ဂါရစ္နာဝဇ္၏ ေျခဖမိုးတြင္ ဝပ္ဆင္းကာ ေျခဖမိုးကို လက္ျဖင့္ ထိလိုက္သည္။
နားလဲကကိုယ္ဝန္ႏွင့္မို႔ ခပ္ျဖည္းျဖည္းထိုင္ခ်ကာ ဆန္ေဂ်းသင္ေပးထားသည့္အတိုင္း ဂါရစ္နာဝဇ္၏ ေျခဖမိုးကို လက္ဖမိုးျဖင့္ထိရန္ ႀကိဳးစားသည္။
သို႔ေသာ္ ဂါရစ္နာဝဇ္က နာလဲ၏ လက္ျဖင့္ ေျခေထာက္ကို အထိမခံပဲ ေနာက္ဆုတ္လိုက္၏။
ထို႔ေနာက္ အေနာက္တြင္ ခ်ထားေသာ သလြန္တြင္ ဝင္ထိုင္လိုက္သည္။
“မင္းသားဆန္ေဂ်း....မင္းက...ကန္ကလာပ နန္းေတာ္ရဲ႕ အရွင္သခင္ ပန္ေဟဘာဂါရစ္နာဝဇ္ရဲ႕ သားေတာ္ႀကီးေနာ္”
“မွန္ပါ”
“နန္းေတာ္ရဲ႕ မိုင္ေပါင္းမ်ားစြာအကြာကို ဘယ္ေလာက္ေဝးေဝး မဟာဆီမဟာေသြးဆိုတာ နန္းဓေလ့ အယူကို မေမ့ေကာင္းဘူး။ မဖ်က္ေကာင္းဘူးဆိုတာ မင္းနားလည္လား”
သူ၏ ခမည္းေတာ္က မည္သည့္အခ်က္ကို ဆိုလိုသည္ကို ဆန္ေဂ်းသေဘာ ေပါက္လိုက္သည္။
“သားေတာ္ေျပာတဲ့ ၾကင္ယာေတာ္နားလဲ ပါ....သူ႔မွာ သားေတာ္ရဲ႕ ရင္ေသြးကိုယ္ဝန္ရွိေနတဲ့အတြက္ ေဖးမတဲ့အေနနဲ႔ သားေတာ္ေဘးမွာ ထားတာပါ”
ဂါရစ္နာဝဇ္ က အလန႔္တၾကားျဖစ္သြားသည္။
“အင္း..ဒါဆိုလည္း သူ႔ကို ေပးနားပါေစ..မင္းနဲ႔ငါ..ႏွစ္ေယာက္တည္း စကားေျပာၾကမယ္”
ဂါရစ္နာဝဇ္က အခ်က္ျပလိုက္သျဖင့္ ကသည္းစစ္တပ္ႏွင့္အတူပါလာေသာ အမ်ိဳးသမီးႏွစ္ဉီးက နားလဲကို တြဲထူေဖးမကာ အျပင္သို႔ ေခၚထုတ္သြားၾက၏။
“ငါနဲ႔ သားေတာ္ စကားေျပာစရာရွိတယ္..မင္းတို႔ပါ ထြက္သြားၾက”
အနီးအပါးတြင္ ခစားေနေသာ အမတ္မ်ား၊ စစ္သူႀကီးမ်ား အားလုံး ထြက္ခြာသြားၾကသည္။
ဂါရစ္နာဝဇ္က ဆန္ေဂ်းကို သူ၏ သလြန္နားသို႔ ကပ္လာရန္ ေခၚလိုက္သည္။
ဆန္ေဂ်းက ဂါရစ္နာဝဇ္၏ ေျခရင္းတြင္ ထိုင္လိုက္၏။
“ကန္ဂလာပနန္းေတာ္ရဲ႕ အိမ္ေရွ႕စံဟာ ဘယ္သူလဲ..ဆန္ေဂ်း”
ဂါရစ္နာဝဇ္က ထိုစကားကို ကသည္းဘာသာျဖင့္ မေျပာပဲ..မဏိပူရနန္းတြင္းသုံး ဘဂၤါလီဘာသာျဖင့္ ေျပာလိုက္ျခင္းျဖစ္သည္။
“ညီေတာ္ သွ်မ္သွ်ားမင္းသားပါ”
အရိပ္အေျခကို ပါးနပ္သည့္ ဆန္ေဂ်းကလည္း ဘဂၤါလီဘာသာျဖင့္ပင္ ျပန္ေျဖလိုက္၏။
“သွ်မ္သွ်ားရဲ႕ မယ္ေတာ္ကို ငါကြၽံခဲ့တဲ့ ကတိစကားေၾကာင့္သာ သူ႔ကို အိမ္ေရွ႕အရာထားခဲ့ရတယ္..ဒါေပမယ့္...ငါက မင္းကို သူ႔ထက္ ပိုအားကိုးတာေရာ သိရဲ႕လား”
“သိပါတယ္..ခမည္းေတာ္”
“သွ်န္သွ်ားဟာ ငါ့စကားကို နားမေထာင္ဘူး...ငါကိုးကြယ္လမ္းျပခဲ့တဲ့ စစ္မွန္တဲ့ ဟိႏၵဴဘာသာကို မထီမဲ့ျမင့္ျပဳတယ္...စစ္ေရးစစ္ရာမွာလည္း တက္ႂကြမႈမရွိဘူး..ငါနဲ႔ အၿမဲဆန႔္က်င္ဘက္ပဲ... အဲ့ဒီလို မင္းသားတစ္ပါးကို နန္းလ်ာထားခဲ့တာ..ငါမွားသြားခဲ့ၿပီလို႔ ငါသိခဲ့တယ္..ဆန္ေဂ်း”
ဆန္ေဂ်းက တိတ္ဆိတ္ေနသည္။
“တကယ္ေတာ့ ကန္ကလာပလႅင္ေပၚမွာ တရားဝင္ရွင္ဘုရင္တစ္ပါးရွိေနသမွ်..နန္းလ်ာအိမ္ေရွ႕မင္းသား ဟာ ဘယ္သူမဆိုျဖစ္လာႏိုင္ပါတယ္”
ဆန္ေဂ်း၏ မ်က္လုံးထဲတြင္ အေရာင္မ်ားလင္းလက္လာ၏။
“မင္းက ငါအားအကိုးရဆုံး သားႀကီးပဲ...ဆန္ေဂ်း.ငါနဲ႔ စိတ္တူကိုယ္တူရွိၿပီး..ငါ့ေျခရာကို နင္းႏိုင္မယ့္သားႀကီးပဲ..ဟိႏၵဴသာသနာကို ျပန႔္ပြားေစမယ့္..မဏိပူရရဲ႕ အနာဂတ္ဘုရင္ဟာ မင္းပဲျဖစ္ရမယ္ ..ဒီစစ္ပြဲႀကီးမွာ ငါတို႔ ေအာင္ပြဲခံၿပီး ျပန္တာနဲ႔..မင္းဟာ ကန္ကလာနန္းရဲ႕ ထီးၫႊန႔္နန္းလ်ာအျဖင့္ ငါ တရားဝင္ေၾကျငာမယ္...သွ်န္သွ်ားကိုေတာ့ အိမ္ေရွ႕အရာကေန ငါဖယ္ရွားမယ္”
ဂါရစ္နာဝဇ္၏ စကားမ်ားေၾကာင့္ ဆန္ေဂ်းမွာ ရင္တို႔ တဒိတ္ဒိတ္ခုန္ေနသည္။ ဘုရင့္ သားႀကီးျဖစ္ေသာ္လည္း အိမ္ေရွ႕စံ ရာထူးကို မရရွိခဲ့သည့္အတြက္ သူႏွင့္ သူ၏ မယ္ေတာ္မွာ နန္းတြင္းတြင္ မ်က္ႏွာငယ္ခဲ့ရသည္။
ကန္ကလာနန္းေတာ္တြင္း အႏၲရာယ္ေပါင္းမ်ားစြာ၊ မ်က္လုံးေပါင္းမ်ားစြာၾကားတြင္ သိမ္ငယ္ခဲ့ရသည္။
အိမ္ေရွ႕စံ သွ်န္သွ်ား နန္းတက္လာသည့္အခါ သားေတာ္ႀကီးျဖစ္သည့္ သူ၏ ဘဝက မေသခ်ာေတာ့။ အခ်ိန္မေ႐ြး အသက္ပါ ေပးလိုက္ရသည့္အေျခအေန။
ထိုအေျခအေနကို သူႏွင့္ သူ၏ မယ္ေတာ္က အၿမဲတမ္းစိုးထိတ္ေနခဲ့၏။
ယခုေတာ့ အေျခအေနက ေပးလာခဲ့ၿပီ။ မဏိပူရထီးနန္းကို ဖခင္ဘုရင္ႀကီးက သူ႔ထံ လက္ကမ္းရန္ စကားဆိုခဲ့ၿပီ။
“ဒါေပမယ့္......”
ဆန္ေဂ်းက အလန႔္တၾကားျဖင့္ ဖခင္ျဖစ္သူကို ေမာ့ၾကည့္လိုက္သည္။
“ေတာ္ဝင္ေသြးမဟုတ္တဲ့ ထီးေဝးနန္းေဝး ေတာႀကိဳအုံၾကားက အ႐ိုင္းအစိုင္းမ်ိဳးႏြယ္ သာမန္မိန္းမငယ္တစ္ေယာက္ကို မိဖုရားေျမႇာက္မယ့္ဘုရင္မ်ိဳးကိုေတာ့ မဏိပူရပလႅင္ေပၚ ငါမတင္ဘူး....မင္း...ဒီလို အ႐ိုင္းအစိုင္းမ ကို ကန္ကလာနန္းေတာ္ထဲ ေခၚသြင္းသြားရင္ ငါတို႔ တစ္မ်ိဳးႏြယ္လုံး ဘယ္လိုမ်က္ႏွာနဲ႔ ေနရမလဲ”
ဆန္ေဂ်း က မ်က္လုံးတို႔ကို စုံမွိတ္ထားသည္။
“နားလဲက အ႐ိုင္းအစိုင္းမဟုတ္ပါဘူး”
“ဟုတ္..ဟုတ္..မဟုတ္မဟုတ္.ငါလက္မခံဘူး..အင္းဝမင္းသမီးတစ္ပါးပါးဆိုရင္ေတာင္ ငါလက္ခံႏိုင္ေသးတယ္....သူ႔ကို ကန္ကလာနန္းေတာ္ထဲ ဘယ္နည္းနဲ႔မွ ေခၚခြင့္ငါမျပဳဘူး...ဆန္ေဂ်း”
“သူ႔မွာ သားေတာ္နဲ႔ ရတဲ့ ကိုယ္ဝန္က သုံးလရွိေနပါၿပီ”
“မင္းတို႔ ဇာတ္လမ္းကို ငါသိသင့္သေလာက္သိၿပီးပါၿပီ...ဖိုနဲ႔မ အတူတူ ေနတာၾကာတဲ့အခါ ျဖစ္တတ္တဲ့ ေသြးသားဆႏၵကို ငါသိပါတယ္..ဒါေပမယ့္...အခု ငါတို႔ ေရာက္ေနတာ စစ္ေျမျပင္ကြ..ေသြးသားဆႏၵ ေၾကာင့္ ျဖစ္ၿပီးတဲ့ ကိစၥကို ထားခဲ့သင့္ထားခဲ့ရမယ္..မဏိပူရနန္းတြင္းအထိေတာ့ မသယ္လာနဲ႔ ငါ့သား”
“သားေတာ္ သူ႔ကို ကတိေပးၿပီးပါၿပီ...သူက သားေတာ္ရဲ႕ ဇနီးပါ”
“ဟုတ္ၿပီေလ....ဒီအ႐ိုင္းမ နဲ႔ ကန္ကလာရဲ႕ ပလႅင္ မင္း ႀကိဳက္ရာေ႐ြးေခ်..သူ႔ကို ေ႐ြးခ်ယ္မယ္ဆိုရင္ေတာ့ မင္းကို ငါ့သားေတာ္အျဖစ္ကေနပါ စြန႔္လႊတ္မယ္....ဒီအ႐ိုင္းမနဲ႔အတူ ႏြားလို ႐ုန္းက်န္ရစ္ေပေတာ့”
ဂါရစ္နာဝဇ္ က သလြန္ေပၚမွာ ထကာ ေျခလွမ္းၾကမ္းၾကမ္းျဖင့္ အေနာက္ဘက္သို႔ ဝင္သြားေတာ့သည္။
ဆန္ေဂ်းမွာ ေခါင္းငုံ႔လ်က္ ၾကမ္းျပင္ကို စိုက္ၾကည့္ကာ ေတြေတြႀကီး က်န္ရစ္ခဲ့၏။
ထိုအခ်ိန္တြင္ တဲအျပင္ဘက္ဆီမွ လွစ္ခနဲ ျပန္လည္ေျပးထြက္သြားေသာ အရိပ္တစ္ခုကို မည္သူမွ် သတိမထားမိလိုက္ခဲ့။
...............................................................................................................
အင္းဝသို႔ စစ္ကူသြားၾကမည့္ မုတၱမ၊ ေရး၊ ထားဝယ္မွ တပ္မ်ားသည္ ဟံသာဝတီၿမိဳ႕႐ိုး ပတ္ခ်ာလည္တြင္ လာေရာက္စု႐ုံးမိေနၾကၿပီျဖစ္သည္။
ထိုအင္အားမ်ားသည္ ေတာင္ငူတြင္ စု႐ုံးေနေသာ ျပည္၊ ေတာင္ငူတပ္မ်ားႏွင့္ ပူးေပါင္းကာ အင္းဝသို႔ ဆက္လက္ခ်ီတက္ၾကမည္ျဖစ္၏။
ထိုအခ်ိန္တြင္ ဆင္ဝန္ဉီးေအာင္လွ ၏ သမီးႀကီး သီရိ ၏ မဂၤလာအခမ္းအနားလည္း ၿပီးခဲ့ၿပီျဖစ္သည္။
သီရိသည္ ဟံသာဝတီ၏ မြန္စစ္သူႀကီး သမိန္စကၠ႐ူ၏ တူေတာ္စပ္သူ ႏိုင္ေစာျဗ ႏွင့္ လက္ထပ္ႏိုင္ခဲ့ျခင္းက ဉီးေအာင္လွ၏ ေဆြမ်ိဳးအင္အားကို ပိုမိုေတာင့္တင္းေစသည္။
သမိန္စကၠ႐ူသည္ အင္းဝသို႔ စစ္ကူသြားမည့္ ဟံသာဝတီတပ္မ်ား၏ အႀကီးအကဲလည္းျဖစ္သည္။
ၿမိဳ႕ေစာင့္တပ္မ်ား၏ အႀကီးအမႉးျဖစ္ေသာ လက္်ာဗိုလ္၊ မြန္စစ္သည္တို႔၏ ေလးစားျခင္းခံရေသာ သမိန္စကၠ႐ူမိသားစုတို႔သည္ ဉီးေအာင္လွ၏ ေက်ာေထာက္ေနာက္ခံမ်ားျဖစ္လာၾကၿပီျဖစ္သည္။
ထိုျပင္ အင္းဝမွ လာေရာက္ေနထိုင္သည့္ နန္းတြင္းကုန္သည္ေတာ္ ဗရင္ဂ်ီအမ်ိဳးသမီးလြီဇာ သည္လည္း ဉီးေအာင္လွ မိသားစုႏွင့္ ခိုင္မာေသာ ဆက္ဆံေရးရွိေနသည္။
လြီဇာသည္ အင္းဝ၏ စစ္ေရးတြင္ အေရးပါေသာ ကိုးသိန္းသခင္ႏွင့္ အဆက္အသြယ္ရွိသကဲ့သို႔ သန္လ်င္မွ ျပင္သစ္၊ အဂၤလိပ္ကုန္သည္မ်ားႏွင့္လည္း ပနံသင့္သူျဖစ္သည္။
ထိုအေျခအေနမ်ားေၾကာင့္ ဟံသာဝတီၿမိဳ႕ဝန္ျဖစ္ေသာ ဉီးသာေအာင္ က ဉီးေအာင္လွတို႔ အုပ္စုကို မ်က္ေျခမျပတ္ေစာင့္ၾကည့္ေန၏။
ဉီးသာေအာင္သည္ ဟံသာဝတီ၏ အျခားအေရးပါေသာ အရာရွိႀကီးမ်ားျဖစ္သည့္ က်ီစိုး ဉီးေမာင္၊ ဉီးေပၚရဲ၊ ကရင္လူမ်ိဳးစာေရးႀကီး ထားကစား၊ အေကာက္အခြန္မႉး ဉီးကို တို႔ကို သူ၏ အင္အားစုအျဖစ္ စည္း႐ုံးထားသည္။
ေက်းလက္ေန မြန္လူမ်ိဳးတို႔ ေလးစားၾကသည့္ နဲ႐ြဲ႐ြာသူႀကီး ကြန္းကလ ၏ သမီးကိုလည္း ဉီးသာေအာင္၏ သားႏွင့္ လက္ထပ္ေပးၿပီး ေဆြမ်ိဳးစပ္ရန္ ႀကိဳးပမ္းေန၏။
ထိုအေျခအေနတြင္ ဟံသာဝတီသို႔ ျပန္လည္ေရာက္ရွိလာေသာ လြီဇာအား ဧည့္သည္ေတာ္ႏွစ္ဉီးက ေစာင့္ႀကိဳေနေလေတာ့သည္။
“မမ..အင္းဝက ဧည့္သည္ႏွစ္ေယာက္က မမကို ေတြ႕ခ်င္လို႔ ေရာက္ေနတာ ႏွစ္ရက္ရွိၿပီ”
“ဘယ္သူေတြလဲ”
“မသိဘူး....မမ..သူတို႔က အင္းဝကလာတာဆိုေတာ့ ၿမိဳ႕ေစာင့္တပ္က ဝင္ခြင့္မျပဳဘူးတဲ့..မမနဲ႔ ေတြ႕ခ်င္တာဆိုေတာ့ လက္်ာဗိုလ္က ေသခ်ာစစ္ေဆးၿပီး သႏၷီတံခါးေပါက္နားက ဇရပ္မွာ ခဏတည္း ခိုင္းထားတယ္”
“မယ္ဖူး...ညည္းကိုယ္တိုင္ သူတို႔ကို သြားေခၚခဲ့စမ္း..ငါေရာက္ၿပီလို႔”
မယ္ဖူးက ဘဂၤလားလူမ်ိဳးလွည္းေမာင္းသမား ကို ေခၚကာ ခ်က္ခ်င္း ထြက္ခြာသြားသည္။
လြီဇာက စစ္ကိုင္းမွ ဝယ္လာခဲ့ေသာ လက္ေဆာင္ပစၥည္းအခ်ိဳ႕ကို အေစခံအမ်ိဳးသမီးႏွင့္အတူေနရာ ခြဲျခမ္းေနသည္။
မၾကာမီ မယ္ဖူး ႏွင့္အတူ လူစိမ္းအမ်ိဳးသားႏွစ္ဉီး ေရာက္လာၾက၏။
တစ္ဉီးမွာ ေ႐ႊက်င္ခတ္ပုဝါကို ေပါင္းထားသည္။ အရပ္ျမင့္ျမင့္၊ အသားညိဳညိဳျဖင့္ သန္မာသည့္ေမး႐ိုးမ်ားေပၚမွ မုတ္ဆိတ္က်င္စြယ္မ်ားက ျပတ္သားတည္ၾကည္သည့္ဟန္အျပည့္။
ေနာက္တစ္ဉီးမွာ မ်က္ႏွာျပားျပား၊ ခႏၶာကိုယ္က်စ္က်စ္ျဖင့္ အရပ္ခပ္ျပတ္ျပတ္ျဖစ္သည္။
ေ႐ႊက်င္ခတ္ပုဝါျဖင့္ ပုဂၢိဳလ္က လြီဇာ ကို ၿပဳံးျပလိုက္သည္။
“ထိုင္ၾကပါ”
“ခင္ဗ်ားက လြီဇာလား”
“ဟုတ္ပါတယ္”
“က်ဳပ္ မတၱရာဗိုလ္မင္း သူရိန္ေစာပါ”
လြီဇာ သည္ ထိုအမည္ကိုၾကားသည္ႏွင့္ ထိုင္ေနသည့္ ထိုင္ခုံမွပင္ ႂကြမတတ္ျဖစ္သြား၏။
“နားလဲ..နားလဲေရာဟင္”
လြီဇာ၏ အေမးေၾကာင့္ သူရိန္ေစာႏွင့္ ငကက္တို႔ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္ၾကသည္။
“က်ဳပ္တို႔က ခင္ဗ်ားသူ႔ကို ကယ္ဖို႔ စီစဥ္ေပးခဲ့တာဆိုေတာ့..ခင္ဗ်ားဆီမွာ သူေရာက္ေနၿပီမွတ္လို႔”
“မဟုတ္ဘူး..ကြၽန္မဆီကို သူမေရာက္လာဘူး..ဒါနဲ႔ ...သူ လြတ္သြားလား”
“အင္း..သူလြတ္သြားတယ္တဲ့....ကြၽန္ေတာ္တို႔ အင္းဝၿမိဳ႕ထဲ ခိုးဝင္ၿပီး လက္မ႐ြံေထာင္ကို ေရာက္သြားၾကတယ္....အဲ့ဒီမွာ တျခားပါးကြက္သားေတြကေတာ့ နားလဲ ကို ကြပ္မ်က္လိုက္ၿပီလို႔ ေျပာၾကတယ္...ဒါေပမယ့္ ေထာင္ေရွ႕ဇရပ္ေပၚမွာ ေက်ာက္ေရာဂါနဲ႔ျဖစ္ေနတဲ့ ပါးကြက္သား တစ္ေယာက္ကေတာ့ နားလဲ ကို သူလႊတ္ေပးလိုက္တယ္တဲ့..ခင္ဗ်ား အကူအညီေတာင္းလို႔ လို႔ ေျပာတယ္”
“အဲ့ဒီ ပါးကြက္သား နာမည္ကို ရွင္တို႔ ေမးမိေသးလား”
“ငေလွး တဲ့”
“ရွင္..ကိုရင္ငေလွး..ကိုရင္ငေလွး”
လြီဇာနေဘး ၾကမ္းျပင္တြင္ ထိုင္ေနေသာ မယ္ဖူးမွာ အလန႔္တၾကားျဖင့္ ထေအာ္ေတာ့သည္။
“မယ္ဖူး..စိတ္ေအးေအးထား..မမ..ေမးေပးမယ္”
“အင္း...ငေလွးဆိုရင္ေတာ့..ဟုတ္ပါတယ္...နာလဲနဲ႔ ကြၽန္မအဲ့ဒီေထာင္ထဲမွာ တခန္းထဲ ေနခဲ့ၾကရတာ..သူ႔ကိုသတ္ခါနီး ကယ္ေပးဖို႔ ငေလွးကို ကြၽန္မ အကူအညီေတာင္းခဲ့တာပဲ”
“ဒါဆို..နားလဲ ဘယ္ေရာက္သြားတာလဲ”
လြီဇာက ေခါင္းခါလိုက္သည္။
“ကြၽန္မကို တစ္ခုေတာ့ ေျဖေပးပါ...ငေလွး ကို ရွင္တို႔ ေတြ႕ခဲ့တာမဟုတ္လား”
“ေတြ႕ခဲပါတယ္..သူ႔ကို ေထာင္ေရွ႕က ဇရပ္မွာ ထားၾကတယ္ထင္တယ္”
“သူ႔အေျခအေနဘယ္လိုလဲ”
သူရိန္ေစာက သက္ျပင္းခ်လိုက္သည္။
“သူ႔မွာ ေက်ာက္ေရာဂါအေတာ္သည္းေနပုံပဲ..မ်က္ႏွာတျပင္လုံးလည္း ေက်ာက္ေဖးေတြ အျပည့္ နဲ႔..ခႏၶာကိုယ္မွာလည္း ျပည္ေတြထြက္ေနတယ္...က်ဳပ္အထင္ေတာ့.....”
မယ္ဖူး က ဟီး ခနဲ ငိုခ်လိုက္သည္။
လြီဇာက ကုလားထိုင္မွ ထကာ မယ္ဖူးကို အတြင္းခန္းသို႔ တြဲေခၚသြားသည္။
ထို႔ေနာက္ အျပင္သို႔ ျပန္ထြက္လာ၏။
“ငေလွး ဆိုတာ သူ႔ေယာက္်ားပဲ”
“က်ဳပ္တို႔ သတင္းဆိုးယူလာသလိုျဖစ္ေနၿပီ..စိတ္မေကာင္းပါဘူးဗ်ာ”
“နားလဲ..ကို ကြၽန္မကေတာ့ မတၱရာကို ျပန္ဖို႔ေျပာခဲ့တာပါပဲ...သူလည္း မတၱရာကိုပဲ ျပန္မွာပါ”
“မတၱရာကိုလည္း ျပန္ေရာက္မလာဘူး..က်ဳပ္တို႔က ခင္ဗ်ားဆီမွာ ရွိေနမွာပဲလို႔ ထင္တာ..ခင္ဗ်ားအေၾကာင္းစုံစမ္းေတာ့ ဟံသာဝတီကိုေျပာင္းသြားတယ္ဆိုတာနဲ႔ ခု လိုက္လာၾကတာပဲ”
“သူ တခုခု ျဖစ္ေနၿပီလား”
လြီဇာစကားေၾကာင့္..သူရိန္ေစာမွာ မ်က္စိမ်က္ႏွာပ်က္သြားသည္။
“သူ..ဘာမွ ျဖစ္လို႔မရဘူးဗ်”
“ဒါနဲ႔..ရွင္တို႔ ကိစၥေတြအားလုံး နားလဲ ေျပာျပလို႔ ကြၽန္မသိၿပီးပါၿပီ..အခု ရွင္တို႔ ဘက္က အေျခအေနေတြ ဘယ္လိုရွိလဲ”
“က်ဳပ္တို႔႐ြာေတြ က ႐ြာပုန္းေတြျဖစ္ကုန္ၿပီ...အခြန္မေပးၾကေတာ့ဘူး...ပထမအသည္ဝန္ႀကီးက ဉီးပုတို႔နဲ႔အတူ အသတ္ခံလိုက္ရတယ္..ေနာက္အသည္ဝန္က ဒီကိစၥကို မကိုင္တြယ္ႏိုင္ေသးခင္..မဏိပူရစစ္ကိစၥက ပူလာတာ က်ဳပ္တို႔အတြက္ ကံေကာင္းတာပဲ..က်ဳပ္တို႔ဘက္ကိုလည္း စစ္တပ္နဲ႔ခ်ီၿပီး မလာၾကဘူး.ဒါေပမယ့္..က်ဳပ္တို႔ အေရွ႕ဘက္ျခမ္းက မြန္႐ြာေတြကေတာ့ အခြန္အတုပ္ေပးေနၾကရတုန္းပဲ”
“အင္း..ဘာပဲျဖစ္ျဖစ္ ရွင္တို႔ ျပင္ဆင္သင့္တာေတာ့ ျပင္ဆင္ထားသင့္တယ္”
“က်ဳပ္တို႔ အားလုံးကို အဆုံးအထိ တြက္ၿပီး ျပင္ဆင္ၿပီးပါၿပီ”
.............................................................................................................
“ေမာင္...အားလုံးကို ျပင္ဆင္ၿပီး အဆုံးအထိ တြက္ၿပီးၿပီ....နားလဲ”
“ဒါဆို...ကြၽန္မကို ေမာင္ေပးခဲ့တဲ့ ကတိေတြကေရာ”
“ မဏိပူရစစ္တပ္ႀကီးတတပ္လုံးကို အမိန႔္ေပးႏိုင္တဲ့ အာဏာမ်ိဳး အခု ေမာင့္မွာ မရွိေသးဘူး...ဒါေပမယ့္.မဏိပူရထီးနန္းကေတာ့ ေမာင့္အတြက္ေသခ်ာသေလာက္ျဖစ္ေနၿပီ...အဲ့ဒါက နားလဲ ေပၚမွာလည္း မူတည္တယ္...နားလဲ ကို ေမာင္ ခဏေတာ့ ထားခဲ့ရလိမ့္မယ္..ၿပီးရင္ ေမာင့္လက္ထဲ အိမ္ေရွ႕မင္းသားဆိုတဲ့ အာဏာရလာတဲ့အခါ နားလဲ တို႔ကို ေမာင္ လာေခၚမယ္.. အားလုံးေကာင္းဖို႔ အတြက္ ေမာင္တို႔ အခုအခ်ိန္မွာ ခဏေတာ့ အနစ္နာခံၾကရမွာေပါ့”
နားလဲ က သူ႔ပုခုံးကို ဖက္ထားေသာ ဆန္ေဂ်း၏ လက္မ်ားကို ဖယ္ခ်လိုက္သည္။
“ဘယ္သူက အနစ္နာခံမွာလဲ....ရွင္လား..ကြၽန္မလား”
“နားလဲကို ေမာင္ လည္း ခ်စ္တာပဲ....ေမာင္လည္း ခံစားေနရပါတယ္...ခဏပါ နားလဲရယ္...အခုဟံသာဝတီ ၊ ေတာင္ငူတပ္ေတြက အင္းဝကို ေရာက္ေတာ့မွာ..သူတို႔မေရာက္ခင္.ေမာင္တို႔ အခု ဒီပဲယင္းကေန ျပန္ဆုတ္ၿပီး အထက္ဘက္မွာ တပ္တည္ထားမယ္...နားလဲကိုလည္း မတၱရာကို ေမာင့္စစ္သည္ေတြနဲ႔ ျပန္ပို႔ေပးမွာပါ”
“ရွင္က မလိုက္ဘူးလား”
“ခမည္းေတာ္က ေမာင့္ကို ေနာက္ခ်န္တပ္ေနအေနနဲ႔ ခြာစစ္ဆင္ၿပီး လိုက္ဖို႔ အမိန႔္ခ်ထားတယ္..နားလဲ က ခမည္းေတာ္တပ္နဲ႔ လိုက္သြားႏွင့္ပါ....လမ္းေရာက္တာနဲ႔ နားလဲကို ျပန္ပို႔ဖို႔ ခမည္းေတာ္ စီစဥ္ေပးပါလိမ့္မယ္”
နားလဲက ဆန္ေဂ်း၏ ေဘးတြင္ရွိေသာ မဏိပူရဓါးေကာက္ကို ကိုင္လိုက္သည္။
ထို႔ေနာက္ ဆန္ေဂ်း၏ လည္ပင္းေပၚသို႔ ဓားသြားကို တင္လိုက္၏။
“ဒီတစ္ခါ ေမာင့္ ကတိ မတည္ရင္....ကြၽန္မကိုယ္တိုင္ ေမာင့္ ေခါင္းကို ျဖတ္မယ္”
ခက္ေဇာ္
အခန္း(၂၈) သဘက္ခါ
စာဖတ္ရင္းလည္း ေတာ္လွန္ေရးမွာ ဝိုင္းကူႏိုင္ဖို႔ရာ..ေအာက္က လင့္ခ္မွာ AVA အပိုင္းမ်ားကို သြားေရာက္ဖတ္ရႈျခင္းျဖင့္ ကူညီႏိုင္ပါတယ္ခင္ဗ်ာ
https://www.facebook.com/108655721397616/posts/173439331585921/
နာလဲလေးကဗိုက်တစ်လူံးနဲ့😌
ReplyDeleteDone 💪
ReplyDeleteDone 🤍
ReplyDeleteDone
ReplyDeletedone
ReplyDeleteNice
ReplyDeleteDone
ReplyDeletedone
ReplyDelete