AVA 1740s (အခန်း ၂၅)
AVA 1740s
အခန်း(၂၅)
...............................................
“မမ တို့ နိုးကြပြီလား..ဒီနေ့ တောထဲကနေ ဆင်ကြီးကို ကျုံးသွင်းကြတော့မှာ”
ဂမုန်းက အင်ဖက်ဖြင့် ထုပ်ထားသော ကောက်ညှင်းငချိတ်ပူပူနွေးနွေးနှင့် ငါးလေးကြော်များကို လွီဇာတို့အတွက် ပေးလိုက်သည်။
“ဂမုန်းက နိုးနေတာကြာပြီလား”
“ကြာပြီလေ…ဘုန်းကြီးတွေ အာရုံဆွမ်းစားချိန်ကတည်းက နိုးတာ.အဖက မနက်အစောကြီး တောထဲဝင်မှာဆိုတော့ ဂမုန်းက စောစောထပြီး သူတောထဲ ဆေးတံသောက်ဖို့ မီးခတ်ကျောက်တွေ၊ လဲ့မှိုတွေ၊ ထမင်းထုပ်တွေ စီစဉ်ပေးရတယ်..ပြီးတော့ ဆံထုံးလည်း ထထုံးရသေးတယ်”
“ဆံထုံးက ဘာလို့ ထုံးရတာလဲ”
“ဆင်သမားတွေ တောထဲဝင်တဲ့အခါ ကျန်ရစ်တဲ့ သက်ဆိုင်သူမိသားစုဝင်အမျိုးသမီးတွေက ဆံပင်ဖားလျားဖြစ်မနေရဘူး…မမ…အို ဆင်မှုထမ်းမိသားစုဖြစ်ရတာ..မလွယ်ပါဘူး..မမရယ်..စောင့်စည်းရတာတွေများတယ်….ယောက်ျားတွေ ဆင်ကျော့တောဝင်ပြီဆို ဘူးသီးမစားရ၊ ကင်းပိန့်သီးမစားရ၊ မင်္ဂလာဆောင်၊ အသုဘမသွားရ၊ ထမင်းချက်ရင် ယောင်းမကို အိုးထဲမစိုက်ရ၊ အိုးကန့်လန်မတင်ရ..အများကြီးပဲ”
“အင်း..ဂမုန်းတောင်မှ တကယ့် လူကြီးတစ်ယောက်လို သိလာတတ်လာပြီ နော်..အရင်လို..ကလေးလေး မဟုတ်တော့တာပဲ”
လွီဇာ၏ စကားကြောင့် ဂမုန်းက ပြုံးလိုက်သည်။
မယ်ဖူးက ဂမုန့်ယူလာသည့် ကောက်ညှင်းငချိတ်ကို လွီဇာ အသင့်စားနိုင်ရန် ပြင်ဆင်ပေးသည်။
“ညနေလောက်ကျ ဆင်ကျုံးသွင်းပြီးပြီဆို ဓနက်ပလာတွေ ဆင်ကိုင်တာကို သွားကြည့်ကြမယ်..မမ…အင်းဝမှာဆိုရင်တော့ ဒီလိုမျိုး ရွေးတော်၊ ဝင်းတော် ရမယ့်ဆင်ပွဲဆို ရှင်ဘုရင်ကိုယ်တိုင် လာကြည့်တာ..မမရဲ့….ဒီမှာတော့ မြို့ဝန်ကိုယ်တိုင် လာမယ်ကြားတယ်”
''ဓနက်ပလာ ဆိုတာ ဘာလဲ"
"အောက်မားတွေ ကျော့လာတဲ့ ဆင်ကို လေ့ကျင့်ပေးမယ့်သူတွေကို ပြောတာ..မမ"
ထို့နောက် ဂမုန်းက အင်းဝမြို့ကြီးအကြောင်းကို လွီဇာအား အဆက်မပြတ်မေးတော့သည်။
ဂမုန်းသည်…သူကြီးပြင်းခဲ့သည့် မြို့ကို သူလွမ်းနေရောမည်။
သို့သော် လွီဇာအတွက်တော့ အင်းဝအကြောင်း ပြောတိုင်း နာကြင်ရစမြဲ။
တစ်စုံတစ်ယောက်ကို လွမ်းလည်း လွမ်းရစမြဲ။
…………………………………………………….
သေနတ်သံ ဖောင်းခနဲ။
ဆင်ကျုံးပတ်ချာလည်တွင် စုဝေးနေကြသည့် လူအုပ်ကြီး၏ အသံမှာ တိခနဲ တိတ်သွား၏။
ဟံသာဝတီမြို့ဝန် ဉီးသာအောင်သည် အခြွေအရံများနှင့်အတူ ဆင်ပွဲကြည့်စင်ပေါ်သို့ တက်လာပြီဖြစ်သည်။
လွီဇာတို့မှာ ဂမုန်းနှင့်အတူ ကြည့်စင်၏ အနောက်ဘက်ခပ်လှမ်းလှမ်းတွင်ရှိနေ၏။
ဆင်ကျုံးသစ်လုံးကြီးများ ကြားတွင် တုတ်ကိုယ်စီကိုင်ထားကြသော ပွဲကြည့်ပရိသတ်မှာ မြို့ဝန်ထံသို့ အာရုံရောက်သွားကြ၏။
မြို့ဝန်ဉီးသာအောင်သည် ဖော့လုံးဖြူခေါင်းပေါင်းနှင့် ရွှေချည်ထိုးပုဆိုးကို ဝတ်ဆင်ထားသည်။
မြို့ဝန်အဆင့်ဖြင့် ရွှေထီးနှစ်လက်ဆောင်းထားသဖြင့် ထူးထူးခြားခြားဖြစ်နေ၏။
အင်းဝရှိ အိမ်ရှေ့မင်းသားတစ်ဉီးကဲ့သို့ပင် တခမ်းတနားပွဲထွက်လာသည့် ဉီးသာအောင်ကို လွီဇာက သေချာကြည့်နေသည်။
“အဖ တို့ ပြောသံကြားရတာတော့....သူက ရှင်ဘုရင်ရူးနေပြီတဲ့... အင်းဝ ကိုသာ ဒီသတင်းရောက်သွားရင် မလွယ်ဘူး”
ဂမုန်းက လွီဇာနားသို့ ခပ်တိုးတိုးကပ်ပြောလိုက်သည်။
“ကျီ” ခနဲ ဆင်ရိုင်းကြီး၏ အော်လိုက်သံကြောင့် အားလုံး လှုပ်လှုပ်ရွရွဖြစ်သွားကြ၏။
မကြာမီ ခေါင်းပေါင်းအနီ၊ ပုဆိုးအနီဖြင့် ထိုဆင်ကြီးကို ထိန်းမည့် ဓနက်ပလာအမှုထမ်းသည် ဆင်ကျုံးထဲသို့ ဝင်လာပြီဖြစ်သည်။
အားလုံးက ဆင်နှင့် လူ အားပြိုင်ပွဲဆီသို့ အာရုံရောက်သွားကြတော့၏။
လူအုပ်ကြီးမှာ ဟာ ခနဲ..ဟင်ခနဲဖြစ်ကြ၊ လက်ခုပ်တီးအားပေးကြနှင့်။
ဆင်ဝန်ဉီးအောင်လှသည် မြို့ဝန်နဘေးတွင် ရှိနေရာမှ လွီဇာနှင့် ဂမုန်းတို့ နဘေးသို့ ရောက်လာသည်။
ဉီးအောင်လှ သည် ဆင်ပွဲတစ်ခုလုံးကို ကွပ်ကဲနေရသဖြင့် အနည်းငယ်ပင်ပန်းဟန်ပေါက်နေ၏။
“ဒီကောင်ကြီးက ဝင်းတော်ရဆင်ဖြစ်မှာအသေအချာပဲ...အင်း..ကျုပ်အဖွဲ့သားတွေတော့ ဆုတော်လာဘ်တော်တွေရဉီးမယ်”
ဉီးအောင်လှ ပုံစံက ဂုဏ်ယူဟန်အပြည့်။
“အဖ..အဖ..ဟိုမှာ..ဟိုမှာ...ညက ပြောတဲ့ တစ်ယောက်..ဗမာလေးဆိုတာ”
ဂမုန်းက ဉီးအောင်လှ လက်မောင်းကို ဆွဲပြီး လူအုပ်ကြားမှာ လူငယ်လေးတစ်ဉီးကို လှမ်းပြလိုက်သည်။
လူငယ်မှာ ဆင်ကျုံး၏ ရှေ့ဆုံးမှ သစ်တုံးကြီးကို ခြေကန်ကာ ဆင်ပွဲကို အားရပါးရကြည့်နေသည်။
လက်ထဲတွင်လည်း ဝါးရင်းတုတ် တစ်ချောင်းနှင့်။
ဉီးအောင်လှက အောက်မားစာရေးကို လှမ်းခေါ်လိုက်သည်။
“ဟိုးက လူငယ်က တို့ အောက်မားသင်းကလား”
အောက်မားစာရေးက ကျလုဆဲနေရောင်အောက်တွင် မျက်လုံးကို လက်ဖြင့်ကာကာ သေချာကြည့်လိုက်သည်။
“မဟုတ်ဘူး...ဝန်မင်း...ကျွန်တော်မျိုးလည်း သူ့ကို တခါမျှ မတွေ့ဖူးပါ...ဒီရွာက ထင်ပါတယ်”
“သွားခေါ်ခဲ့စမ်း..မပြေးစေနဲ့...တို့လူ လေးငါးယောက်ပါခေါ်သွား...ငါ ဆင်ကျုံးအနောက်ဖက် တဲမှာ စောင့်နေမယ်”
“အဖ...သူ့ကို ဘာလုပ်မလို့လဲ”
ဂမုန်း၏ စိုးရိမ်စကားသံကို ဉီးအောင်လှက မတုန့်ပြန်။
ဆင်ကျုံးအနောက်ဖက်ဆီသို့ သာထွက်သွားတော့သည်။
မကြာမီ ဉီးအောင်လှ ရှိရာသို့ ဆင်အမှုထမ်းများနှင့်အတူ လူငယ် ရောက်လာသည်။
လူငယ်ကို ဉီးအောင်လှရှေ့ရှိ မြေပြင်တွင် ဒူးထောက်ထိုင်ခိုင်းလိုက်၏။
ဉီးအောင်လှက လူငယ်ကို အကဲခတ်လိုက်သည်။
လူငယ်၏ အသားအရည်ကား အဖြူမညို၊ နှုတ်ခမ်းမွှေးစစ နှင့်။
မျက်လုံးမျက်ခုံးက အထူး ချောမွေ့နေသည်။
“မောင်မင်းက...ဗမာလား”
လူငယ် က ပြန်မဖြေ။
“တယ်..ဒီကောင်..ငါမေးနေတယ်လေ...မင်းက သျှောင်ထုံးနဲ့ဘာနဲ့...ဗမာလားလို့”
လူငယ်က ခေါင်းညိတ်သည်။
“ဟေ့ကောင်...မင်းစကားမပြောတတ်ဘူးလား...မင်းရောက်နေတာ ဆင်ဝန်မင်းရှေ့မှာနော်.. မခန့်လေးစားမလုပ်နဲ့”
အောက်မားစာရေးက လူငယ်၏ ကျောကုန်းကို လက်ဖြင့် စောင့်တွန်းလိုက်၏။
“ဟုတ်ပါတယ်...ကျွန်တော်..ဗမာပါ”
“မောင်မင်း အသက်ဘယ်လောက်ရှိပြီလဲ”
“၁၉ နှစ်ပါ”
“အင်း...အရွယ်ကရောက်ပြီပဲ.....ဒီဘက်ရွာတွေမှာ မွန်တွေ ၊ ကရင်တွေ ပဲ ရှိတာပါ..ထူးထူးခြားခြား မင်းတို့က ဘယ့်နှယ့်ရောက် နေတာတုန်း..မင်းမိဘများကတုန်း ဘယ်သူတုန်း”
လူငယ်ထံမှ အဖြေထွက်မလာ။
“မနေ့က ဘုန်းကြီးကျောင်းမှာ ဆင်အကြောင်း ငါပြောတော့ လာချောင်းနားထောင်သေးတယ်..မဟုတ်လား.... အခုလည်း ဒီလောက်အန္တရာယ်များတဲ့ ဆင်ပွဲကို ရှေ့ဆုံးက ခြေကန်ကြည့်နေတာ...မင်း ဆင်မှုရေးရာ ဝါသနာပါသလား”
“ဆင်တွေကို ကျွန်တော်ဝါသနာပါပါတယ်”
“ဒါဆို..မင်း ငါ့ လက်အောက်မှာ ဆင်မှုထမ်းရမယ်..ဖြစ်မလားကွဲ့”
“ဒါတော့ သည်းခံပါ..ဒကာတော်ဆင်ဝန်မင်း”
ထိုအချိန်တွင် အဝိုင်းကျောင်းထိုင်ဆရာတော်နှင့် ရဟန်နှစ်ပါးက အနောက်ဖက်မှ ဝင်လာကြသည်။
“ဆရာတော် ဘယ်က ဘယ်လို ကြွလာတာလဲ..ဘုရား”
“ပွဲခင်းထဲမှာ မောင်သာလှ ကို ဆင်မှုထမ်းတွေက အတင်းအကြပ်ခေါ်သွားတယ်လို့ ကပ္ပိယတစ်ယောက်က လာလျှောက်လို့ လိုက်လာရတာပဲ..ဒကာ”
“ဟေ့..ဆရာတော်တို့အတွက် ထိုင်စရာ တစ်ခုခု စီစဉ်ပေးလိုက်ကြစမ်း”
ဉီးအောင်လှ က ထိုင်ရာမှမထ။ မနေ့ညက သူ့အား ဖုံးကွယ်ခဲ့သည့် ဆရာတော်အပေါ်လည်း စိတ်ခုသွားသည်။
“ကဲ..ဆရာတော်ဘုရား...ညက တပည့်တော်ကို ဘာကြောင့် လိမ်ရတာလဲ..ဘုရား..ရဟန်းဆိုတာ မလိမ်အပ်ဘူးမဟုတ်လား”
ဆရာတော်က ဉီးအောင်လှရှေ့တွင် ဒူးတုပ်နေသော မောင်သာလှ ကိုသာ စိုက်ကြည့်နေသည်။
“သူက ဗမာပဲ....ရုပ်ရည်ကလည်း မွန်မွန်ရည်ရည်နဲ့..တပည့်တော်သူ့ကို ခေါ်ပြီး ဆင်မှုထမ်းခိုင်းမယ်”
“သူ အင်းဝရော..ဟံသာဝတီရော ဘယ်ကိုမှ သွားလို့မရဘူး..ဒကာ..သူ့ကို ဒကာဘယ်ကိုမှ ခေါ်သွားလို့ မဖြစ်ဘူး”
“တပည့်တော်က ဟော့ဒီဟံသာဝတီနယ်ရဲ့ ဆင်ဝန်ပါ..ဘုရား..ဆင်မှုနဲ့ ပတ်သက်လာရင်...အင်းဝဘုရင်ရဲ့ ကိုယ်စား မင်းမှုဆင့်ဆိုဖို့ အမိန့်ချခွင့်ရှိတယ်”
အဝိုင်းဆရာတော်က သက်ပြင်းချလိုက်သည်။
“ဒကာကြီးနဲ့ ကျုပ်ပဲ သိရမယ့်...ကိစ္စတစ်ခု ကျုပ်ပြောစရာရှိတယ်..တခြားလူတွေ မသိစေချင်ဘူး”
ဉီးအောင်လှက သူ့ပတ်ဝန်းကျင်တွင်ရှိသော ဆင်စာရေးနှင့် အမှုထမ်းများကို အပြင်ထွက်ကြရန် အချက်ပြလိုက်၏။
ဆရာတော်နှင့်ပါလာသည့် ရဟန်းနှစ်ပါးလည်း အပြင်သို့ ထွက်လာသည်။
အခန်းတွင်းဝယ် ဆရာတော်၊ ဉီးအောင်လှ နှင့် မောင်သာလှ တို့သာ ကျန်ခဲ့သည်။
ဆရာတော်က ဉီးအောင်လှ ကြားရုံမျှ လေသံဖြင့်...
“ဦီးဇင်းသိထားတာကတော့ ဒကာကြီးက ဟံသာဝတီက ဇင်းမယ်အနွယ်လို့ ကြားဖူးပါတယ်”
“မှန်ပါ..ဘာများသက်ဆိုင်နေလို့လဲ..ဘုရား”
“တို့များလည်း ဟံသာဝတီသားတွေချည်းပါပဲ...ဒကာကြီးအနေနဲ့ သူ့ကို ခေါ်သွားရင်...ဟံသာဝတီတစ်ခုလုံး အန္တရာယ်ရှိပါတယ်”
ဆရာတော်စကားကြောင့် ဉီးအောင်လှက မျက်မှောင်ကြုံ့လိုက်သည်။
“ဆရာတော် ဘာကို ဆိုလိုပါသလဲ..ဘုရား”
“သူက.....ပုဂံမင်းသား ရဲ့ သားပဲ...မင်းရဲကျော်ထင်မင်းရဲ့ မြေးတော်ပဲ”
ဆင်ဝန်ဉီးအောင်လှ မှာ ထိုင်ခုံပေါ်မှ အလန့်တကြား မတ်တပ်ရပ်မိလိုက်တော့သည်။
လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော်။
တိတိကျကျပြောရလျှင် ၁၆၉၈ ခုနှစ်တွင် မင်းရဲကျော်ထင်မင်းနတ်ရွာစံပြီး သားတော် စနေမင်း နန်းတက်ခဲ့သည်။
စနေမင်းသည် ရှင်ဘုရင်ဖြစ်စတွင် ညီတော် ရှင်နန်းဆက်ကို အိမ်ရှေ့စံအရာ ထားခဲ့သည်။
သို့သော် မကြာမီပင် သားတော် တနင်္ဂနွေမင်းသား ကို အိမ်ရှေ့အရာပေးချင်သဖြင့် ညီတော် ရှင်နန်းဆက်ကို ပုဂံဘုရင်ခံအဖြစ် ပုဂံသို့ စေလွှတ်ကာ လက်အောက်ခံထီးနန်းအဖြစ် ပို့ခံသည်။
၁၇၁၄ တွင် စနေမင်းကွယ်လွန်သောအခါ အိမ်ရှေ့စံအဟောင်း ပုဂံမင်းသားရှင်နန်းဆက် နှင့် အိမ်ရှေ့စံအသစ် တနင်္ဂနွေမင်းသားတို့ ထိပ်တိုက်တွေ့ကြတော့သည်။
တနင်္ဂနွေမင်းသည် ဘုရင်အဖြစ်ခံယူပြီးသည်နှင့် ဘထွေးတော်ပုဂံမင်းကို သစ္စာရေတိုက်ရန် လူ ၃၀ ကိုစေလွှတ်ခဲ့ သော်လည်း ထိုသူများက ပုဂံမင်းကို သစ္စာခံခဲ့ကြသည်။
အထက်တွင် ယော၊ဆော၊လောင်းရှည်ဒေသများ၊ အောက်တွင် ပြည်နှင့် တောင်ငူကဲ့သို့ မြို့များကိုပင် ပုဂံမင်းသားတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။
သို့သော် မကြာမီ တနင်္ဂနွေမင်း၏ တပ်များက အရေးသာလာပြီး ပုဂံမင်းမှာ ဟံသာဝတီဘက် တောတောင်များဆီသို့ ထွက်ပြေးခဲ့ရသည်။
ဘုရင့်တပ် များ လိုက်လံ တိုက်ခိုက်ချိန်တွင် ထွက်ပြေးပျောက်ဆုံးခဲ့သဖြင့် ပုဂံမင်းပျောက်ဟု ဆိုစမှတ်ရှိခဲ့သည်။
ပုဂံမင်းသည် ထွက်ပြေးတိမ်းရှောင်ရင်း ဟံသာဝတီအရှေ့ဘက် ကြံတောရွာတွင် ကိုယ်လုပ်တော်သုပဘာ မှ သားယောက်ျားလေး မောင်သာလှ ကို မွေးဖွားခဲ့သည်။
ပုဂံမင်းသားကို အင်းဝတပ်များက ဖမ်းဆီးသုတ်သင်ပြီးချိန်တွင် မောင်သာလှ ကို သရက်တပင်ကျေးရွာ မှ မွန် ကရင်လူမျိုးတို့က ပြုစုစောင့်ရှောက်ခဲ့ကြသည်။
အဝိုင်းကျောင်းဆရာတော်ထံ သာမဏေဝတ်ပြီးသည့်အခါ ရှင်လူထွက်ခဲ့သည်။
ဆရာတော်၏ ကျောင်းတွင်ပင် နေထိုင်ပြီး ဆရာတော်က ဇာတိမပျက်စေရန် မောင်သာလှကို ဗမာသျှောင်ထုံး ထားစေခဲ့ခြင်းဖြစ်သည်။
ဉီးအောင်လှ မှာ မိမိရှေ့တွင် အင်းဝမင်းသွေး တစ်ဉီးကို ဒူးထောက်ခိုင်းမိထားခြင်းဖြစ်သဖြင့် မလုံမလဲဖြင့် မတ်တပ်ထရပ်မိခြင်းဖြစ်၏။
သို့သော် သတိပြန်ကပ်လိုက်ပြီးနောက် ထိုင်ခုံတွင် ဟန်မပျက်ပြန်ထိုင်လိုက်သည်။
တစုံတစ်ရာကိုလည်း လေးလေးနက်နက်တွေးနေသည်။
“ဒါဆို ဒီကောင်လေးက အခု အင်းဝရွှေနန်းရှင်ရဲ့ ဉီးလေးတော်တာပေါ့”
“ဟုတ်တယ်...ဒါပေမယ့် သူတို့ချင်း အသက်က မတိမ်းမယိမ်းပါပဲ”
အိမ်ရှေ့မင်းဖြစ်ခဲ့ဖူးသူ၏သားတော်။
ပြီးတော့..ယခု..လက်ရှိအင်းဝဘုရင်၏ ဉီးရီးတော် က မိမိရှေ့တွင် ဒူးထောက်နေရသည့်အဖြစ်ကို ဉီးအောင်လှ တွေဝေစွာကြည့်နေသည်။
“ဒီကိစ္စ...ဘယ်သူ့ကို မှ အသိမပေးပါနဲ့..ဒကာကြီး...သူက သာမန်လုလင်ငယ်လေးတစ်ယောက်ပါပဲ... အင်းဝနိုင်ငံတော်ကို ပုန်ကန်မယ့်လူလည်းမဟုတ်ပါဘူး...ဒါပေမယ့် သူဘယ်သူဆိုတာကို အခု နန်းတက်နေတဲ့ အင်းဝဘုရင်သိသွားရင် သူ့အသက်အန္တရာယ်ရှိတယ်...အင်းဝကို ပုန်ကန်ခဲ့တဲ့ ပုဂံမင်းသားရဲ့ သွေးပါနေတာတစ်ခုတည်းနဲ့တော့ သူအသတ်မခံသင့်ဘူး မဟုတ်လား”
ဉီးအောင်လှက သက်ပြင်းချလိုက်သည်။
“သူ့ကို အခုချက်ချင်း ရဟန်းပြန်ဝတ်ပေးထားပါ....မြို့ဝန်လည်း ဒီရွာကို ရောက်နေတယ်..ဗမာသျှောင်ထုံးနဲ့ သူ့ကို မြင်လို့ သတိထားမိသွားရင်..ပိုအန္တရာယ်ရှိတယ်..အရှင်ဘုရား”
ထိုအခါမှ ဆရာတော်လည်း သက်ပြင်းချလိုက်တော့၏။
........................................................................................
နောက်တနေ့။
ဟံသာဝတီသို့ သူတို့ ပြန်ကြတော့မည်။
ဂမုန်းသည် လွီဇာတို့နှင့်အတူ ဆင်တစီးတည်းတွင် စီးမည်ဖြစ်သည်။
သူတို့ဆင်များတန်းစီကာ ထွက်ခွာကြသည်။
ရွာအထွက် တစ်နေရာအရောက်တွင် ဆွမ်းခံကြွနေကြသော ဘုန်းကြီးများနှင့် တွေ့ကြ၏။
ဆင်တန်းကြီးမှာ ခေတ္တမျှရပ်နားလိုက်သည်။
ရှေ့ဆုံးမှ ကြွနေသော ဆရာတော်ကြီးကို ဆင်ဝန်ဦီးအောင်လှမှ ဆင်းနှုတ်ဆက်စကားပြောသည်။
ထိုအချိန်တွင် ဂမုန်းက ဘုန်းကြီးတန်းထဲမှ တစ်စုံတစ်ယောက်ကို မြင်သွားသည်။
“ဟိုမှာ..သူ..သူ..မမလွီဇာ”
“ဘယ်သူလဲ”
“ဟို သျှောင်ထုံးနဲ့ တစ်ယောက်လေ..တော်ပါသေးရဲ့..မနေ့က အဖက သူ့ကို သွားဖမ်းခေါ်ခိုင်းတော့...တခုခုလုပ်ပြီထင်တာ...သူက ဘုန်းကြီးဝတ်သွားတာပဲ”
လွီဇာက ဂမုန်းလက်ညိုးထိုးပြနေသည့် ပဥ္ဇင်းကို သေချာကြည့်လိုက်သည်။
ဉီးအောင်လှကလည်း ဆရာတော်နှင့် စကားပြောနေရင်းမှ ထိုပဥ္ဇင်းထံ တချက်တချက် အကြည့်ရောက်သွားသည်ကို လွီဇာ သတိထားမိ၏။
“အင်း...သူက ကတုံးနဲ့ သင်္ကန်းနဲ့လည်း ကြည့်ကောင်းတာပဲနော်..မမလွီဇာ”
“ဖြည်းဖြည်းလုပ်ပါ..ဂမုန်းရဲ့...ဆင်ပေါ်ကလည်း ပြုတ်ကျနေပါဉီးမယ်.”
မယ်ဖူးက ဂမုန်း၏ ဖြစ်ပျက်နေပုံကို အရွှန်းဖောက်လိုက်သဖြင့် လွီဇာက အသံထွက်ကာ ရယ်လိုက်မိသည်။
.............................................................................
၁၇၃၇ ခုနှစ်။
လွီဇာသည် ဟံသာဝတီတွင်နေထိုင်ရသည်မှာ တစတစ အသားကျလာသည်။
အစပိုင်းတွင် ဆင်ဝန်ဉီးအောင်လှနေအိမ်တွင်နေထိုင်ခဲ့သော်လည်း ထိုအိမ်နှင့် မနီးမဝေးတွင် လွီဇာ ၏ ကိုယ်ပိုင်သစ်အိမ်ဆောက်လုပ်ပြီးစီးခဲ့သည်။
ထိုအိမ်တော်တွင် လွီဇာ သည် မယ်ဖူးနှင့်အတူ ကျွန်ဈေးမှ စစ်တကောင်းနယ်သားလင်မယား ကို ဝယ်ယူကာ အစေခံအဖြစ် ထားရှိပြီး နေထိုင်ကြသည်။
ငွေကြေးချမ်းသာသော၊ လှပသော ၊ အင်းဝနန်းတွင်းတွင် အပေါက်အရောက်ရှိပြီး အင်းဝဘုရင်နှင့်ပါ တွေ့ဆုံခဲ့ဖူးသော လွီဇာ မှာ ဟံသာဝတီနှင့် သံလျင်ရှိ နိုင်ငံခြားကုန်သည်များအကြား ရေပန်းစားလှသည်။
ထိုမျှမက အုပ်ချုပ်ရေးပိုင်းကလည်း အင်းဝနန်းတွင်းအရာရှိကြီးများနှင့် ပတ်သက်ခဲ့သူ လွီဇာကို အထင်တကြီးရှိကြသည်။
လွီဇာသည် သန်လျင်သို့လည်း မကြာခဏခရီးထွက်ရသည်။
ဆင်ဝန်ဉီးအောင်လှ မိသားစု၊ မြို့စောင့်တပ်မှူး လက်ျာဗိုလ်၊ သန်လျင်မှ ဘာနာဘိုက်ရဟန်းငယ် ပေါ်လိုနာရေနီ တို့မှာ လွီဇာ၏ အရင်းနှီးဆုံး မိတ်ဆွေများဖြစ်လာကြသည်။
အထူးသဖြင့် ဖာသာပေါ်လိုနာရေနီ သည် ဟံသာဝတီသို့ အရောက်အပေါက်များပြီး လွီဇာ၏ အိမ်တွင် တည်းခိုတတ်သည်။
ထိုအချိန်မျိုးတွင် မြို့စောင့်တပ်မှူးလည်း လက်ျာဗိုလ်လည်း ရောက်ရောက်လာတတ်၏။
မြို့စောင့်တပ်မှူး လက်ျာဗိုလ်နှင့် ဖာသာပေါ်လိုနာရေနီ တို့သည် တခါတရံ ဟံသာဝတီပတ်ဝန်းကျင် ရွာကလေးများသို့ပင် အပျော်ခရီးထွက်သွားတတ်ကြသည်။
ဘာနာဘိုက်ဘုန်းတော်ကြီး ဖာသာဂါလစ်ဇီယာကမူ သန်လျင်သို့ လွီဇာ ရောက်သည့်အခါတိုင်း လက်ျာဗိုလ်နှင့် နာရေနီ တို့၏ ဆက်ဆံရေးကို မသိမသာ သတိပေးတတ်သည်။
“ဖာသာနာရေနီဟာ ဘာဆိုတာ မင်းလည်း ရိပ်မိလောက်ပါပြီ....မြို့စောင့်တပ်မှူး နဲ့ သူ့ရဲ့ ရင်းနှီးမှုဟာ ယောက်ျားချင်း လိုတာထက် ပိုနေတယ်..လွီဇာ..မင်းအနေနဲ့ သူတို့ကို အိမ်မှာ လက်ခံထားတဲ့အခါ သတိထားပေးပါ... ဒီလိုဘုရားသခင် မကြိုက်တဲ့ အပြစ်ကျူးလွန်မှုမျိုး ကိုယ့်ရှေ့မှာ ဖြစ်လာမယ်ဆို တားမြစ်ဖို့ ခရစ်ယာန်တစ်ယောက်အနေနဲ့ မင်းမှာလည်း တာဝန်ရှိတယ် ..လက်မခံသင့်ဘူး..ပြီးတော့ သူဟာ ပုပ်ရဟန်းမင်းကြီးကိုယ်စား တာဝန်ထမ်းနေရတဲ့ အမှုတော်ဆောင်တစ်ယောက်...”
ထိုအခါမျိုးတွင် လွီဇာက ခပ်ပြုံးပြုံးပင်။
“ခရစ်တော်ကတော့ လူသားတွေကို ချစ်ကြဖို့..သွန်သင်တာပဲ... ယောက်ျားဖြစ်ဖြစ်..မိန်းမဖြစ်ဖြစ်....ချစ်တယ်ဆိုတာ ကောင်းတဲ့ အလုပ်မဟုတ်လား...ဖာသာ..”
နောက်ပိုင်းတွင် ဖာသာဂါလစ်ဇီယာက လွီဇာ သန်လျင်သို့ လာတိုင်း အတွေ့မခံတော့။
နာရေနီကိုလည်း သံလျင်မှ ပြောင်းရွှေ့ရန်အတွက် ဗာတီကန်သို့ ခွင့်ပြုချက် တောင်းခံခြင်းကို စတင်လုပ်ဆောင်တော့သည်။
လွီဇာမှာ သန်လျင်သို့ နောက်ပိုင်းအခြေစိုက်ဝင်ရောက်လာသော အောစတင်အရှေ့အိန္ဒိယကုမ္ပဏီ မှ အင်္ဂလိပ်တို့နှင့် တိုက်ရိုက် ချိတ်ဆက်ကာ ဝီစကီများ၊ ယမကာများကို အင်းဝသို့ တင်သွင်းလာနိုင်သည်။
လွီဇာမှာ ဟံသာဝတီတွင် ကြွယ်ဝသော ကုန်သည်တစ်ဉီးဖြစ်လာ၏။
လွီဇာသည် စီးပွားရေးကိစ္စများနှင့် သန်လျင်၊ ဟံသာဝတီသို့ လွန်းထိုးနေခိုက်တွင် ဂမုန်းနှင့် မယ်ဖူးတို့မှာ ဟံသာဝတီအနီး အဝိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ တပတ်တခါခန့် သွားကာ ဆွမ်းကပ်ကြသည်။
အဝင်အထွက်များခဲ့ကြသည်။
ဉီးအောင်လှကတော်က ထိုအခြေအနေကို ရိပ်မိသဖြင့် သတိပေးသော်လည်း ဉီးအောင်လှမှာ သမီးဖြစ်သူအား မတားမြစ်ခဲ့။
ဥပုသ်နေ့တိုင်း အဝိုင်းကျောင်းတိုက်သို့ ဆွမ်းချက်ပို့ရန်ပင် သေချာမှာကြားခဲ့သည်။
ဟံသာဝတီမှာလည်း အင်းဝသို့ ဆက်သွင်းရသည့်အခွန်အပြင် ကိုယ်ပိုင်ဝင်ငွေများစွာရှိလာသဖြင့် ချမ်းသာသော မြို့တစ်မြို့အဖြစ် ပြန်လည်ရောက်ရှိလာ၏။
၁၇၃၇ နိုဝင်ဘာလ။
ဟံသာဝတီတစ်မြို့သည် ယခင်ကထက်ပိုပြီး လူစုလူဝေးများ ရှုပ်ထွေးနေ၏။
အင်းဝဘုရင် မဟာဓမ္မရာဇာဓိပတိသည် စစ်ပွဲအတွက် ဟံသာဝတီမှ စစ်အင်အားများကို ဆင့်ခေါ်ခဲ့ပြီဖြစ်သည်။
မဏိပူရဘုရင်ဂါရစ်နာဝဇ်သည် အင်းဝနိုင်ငံတော်၏ နယ်စပ် တမူးပန်းသာတွင် သူ၏ တပ်များကို စုရုံးချထားလိုက်သည်။
စပါးကျီကြီးများဖြင့် အနီးအနားမှ ရိက္ခာများကိုလည်း ရသလောက်စုဆောင်းနေသည်။
ထိုအခြေအနေကို အော်ပန်လက်ရွာသူကြီးက အင်းဝသို့ သတင်းပို့၏။
မဟာဓမ္မရာဇာဓိပတိအနေဖြင့် ကသည်းတပ်များ ယခင်နှစ်ကကဲ့သို့ အင်းဝသို့ ချီတက်မလာမီတွင် သွားရောက်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် ၁၇၃၇ ခုနှစ် အောက်တိုဘာလတွင် ပုန်းတကာစား ရန္တမိတ် ကို မြင်း ၅၀၊ စစ်သည် ၅၀၀ ဖြင့် တတပ်၊ ရဟိုင်းမြင်းတပ်မှူး ဘယကျော်သူ ခေါ် ပေါ်တူဂီဗိုလ်မှူး ပက်ဒရိုဒီဆေးဗားကို မြင်း ၁၀၀၊ စစ်သည် ၁၀၀၀ နှင့် ကသည်းတပ်များထံ ကင်းစမ်းချီတက်ရန် စေလွှတ်ခဲ့သည်။
ထိုတပ်များ ဒီပဲရင်းတို့အရောက်တွင် တပ်မှူးနှစ်ဉီးမှာ သဘောထားကွဲလွဲကြတော့သည်။
ပက်ဒရိုဒီဆေးဗားက ဗဒုံမြို့မှတဆင့် ချင်းတွင်းမြစ်အနောက်ဘက်သို့ ကွေ့ဝိုက်ကာ ကသည်းတို့ တပ်တည်ရာနောက်သို့ ဝင်တိုက်မည်ဟု အဆိုပြုသည်။
ပုန်းတကာစား ရန္တမိတ်ကမူ ဗဒုံမှ ကွေ့ဝိုက်မချီတက်ပဲ မြောက်ဖက်သို့ တည့်တည့်ချီတက်မည်ဟု သာ ဆိုသည်။
ထို့သို့ဖြင့် တပ်နှစ်တပ်မှာ ညှိနှိုင်မရတော့ပဲ တစ်လမ်းစီ ချီတက်ကြတော့သည်။
မိုင်းညောင်သို့ အရောက်တွင် ပုန်းတကာစား တပ်မှာ ကသည်းတပ်ဉီးနှင့် တည့်တည့်တိုးမိပြီး အင်အားခြင်းမမျှသဖြင့် တပ်ပျက်လေတော့သည်။
ပက်ဒရို၏ ရဟိုင်းတပ်မှာလည်း ချင်းတွင်းမြစ်အနောက်ဘက် နန်းသီးသို့ ရောက်သောအခါ ပုန်းတကာစားတပ်ကို လိုက်ဖိတိုက်ရန် စစ်ကူလာသည့် ကသည်းတပ်နှင့် ရင်ဆိုင်မိကြတော့၏။
ထိုပွဲတွင် အင်းဝတပ်နှစ်တပ်လုံးမှာ တစ်စုတစည်းမချီတက်မိသဖြင့် အင်အားကွဲပြားကာ ကသည်းတို့၏ ချေမှုန်းခြင်းကို ခံလိုက်ကြရတော့သည်။
ထို့ကြောင့် မဟာဓမ္မရာဇာဓိပတိသည် နောက်ထပ် ဆင်တပ် ၅၀၊ မြင်းတပ် ၅၀၀၊ ခြေလျင် ၂၀၀၀ ပါဝင်သော တပ်ကြီးကို ဖွဲ့ကာ ဒီဇင်ဘာလတွင် ကသည်းတပ်တို့အား ထပ်မံတိုက်ခိုက်ရန် အမိန့်ချလိုက်သည်။
ထိုစစ်ပွဲအတွက် လက်အောက်ခံ ဟံသာဝတီအနေဖြင့် ဆင်တပ် ၁၀၊ မြင်းသည် ၁၀၀ နှင့် ခြေလျှင်စစ်သား ၅၀၀ ပေးရမည်ဖြစ်သည်။
မြို့ဝန်ဉီးသာအောင် ကလည်း ဟံသာဝတီလက်အောက်ခံဒေသများမှ သန်မာသော ယောက်ျားပေါင်းများစွာကို အင်းဝစစ်ရေးအကြောင်းပြကာ စုဆောင်းဆင့်ခေါ်ခဲ့သည်။
ထို့ကြောင့် ဟံသာဝတီတွင် အနယ်နယ်အရပ်ရပ်မှ စစ်မှုထမ်းရန် ဆင့်ဆိုထားသူများ နှင့် ရှုပ်ထွေးနေခြင်းဖြစ်သည်။
ဆင်ဝန်ဉီးအောင်လှ နေအိမ်တွင် မူ သမီးကြီးဖြစ်သူ သီရိ နှင့် ဟံသာဝတီမှ မွန်စစ်ကဲအနွယ်ဖြစ်သော နိုင်စောဗြ တို့၏ လက်ထပ်ပွဲအတွင် ပြင်ဆင်နေကြပြီဖြစ်သည်။
လွီဇာသည် မင်္ဂလာပွဲတွင် သီရိ၏ ခြုံပုဝါအဖြစ်ဝတ်ဆင်ရန်အတွက် ပြင်သစ်မှ တင်ပို့သော သားမွှေးစကို ဆင်ဝန်ဉီးအောင်လှအိမ်သို့ လာရောက်ကာ လက်ဆောင်ပေးသည်။
“မမလွီဇာ..အဖက အပေါ်ထပ် လေသာဆောင်ကို ခဏလာပါဉီးတဲ့”
လွီဇာက လေသာဆောင်သို့ တက်လာလိုက်သည်။
ဆင်ဝန်ဉီးအောင်လှသည် လေသာဆောင်တွင် မတ်တပ်ရပ်ကာ လမ်းပေါ်တွင် ရှုပ်ထွေးနေကြသော စစ်မှုထမ်းအစုအဖွဲ့များကို ကြည့်နေသည်။
လွီဇာက ဉီးအောင်လှအနီးတွင် မတ်တပ်ရပ်လိုက်သည်။
“စစ်က အင်းဝကို ရောက်လာတော့မယ်..လုံမ”
“အင်း...ကျွန်မလည်း သတင်းတွေကြားပါတယ်”
“ဟံသာဝတီကို အင်းဝက စစ်သားဘယ်လောက်ဆင့်ဆိုတယ်ထင်လဲ”
“သန်လျင်မှာ ပြင်သစ်ကုန်သည်တွေ ပြောတာတော့..ကျွန်မကြားခဲ့ပါတယ်...အင်အား ၅၀၀ နီးပါးတဲ့”
“အခု မြင်နေရတဲ့လူအုပ်တွေက ငါးရာမကဘူး...ထောင်နဲ့ချီနေတယ်...အဲ့ဒါကို မင်းသတိထားမိလား..လွီဇာ”
လွီဇာက မည်သည့်စကားမျှ မတုန့်ပြန်။
“လက်ျာဗိုလ်ငါ့ကို ပြောပြလို့ တခါက မြို့ဝန်ဆီကလူတွေ...ပြင်သစ်သင်္ဘောကျင်းမှာ မင်းနဲ့ဆုံခဲ့တာကို ငါသိပြီးပြီ”
“ဟုတ်ကဲ့...ကျွန်မလည်း မလိုအပ်ဘူးထင်လို့..ဆင်ဝန်မင်းကို မပြောတာပါ”
“အခု ဟံသာဝတီမြို့ဝန်က ဆင့်ဆိုတဲ့အင်အားထက် လူပိုစုနေတာ ထူးဆန်းတယ်လို့ မင်းမထင်ဘူးလား”
“ဟုတ်တယ်နော်”
“မြို့ဝန်လူတွေ လွန်ခဲ့တဲ့နှစ်က ပြင်သစ်သင်္ဘောကိုယ်စားလှယ်ဆီတွေ့ခဲ့တဲ့ကိစ္စရယ်၊ အခု ကိစ္စရယ်မှာ ကိုးသိန်းသခင်ဆီကို မင်း သွားလျှောက်တင်သင့်ပြီ”
“ရှင်..ကျွန်မက...”
“ဟုတ်တယ်..အခု မြို့ဝန်က ငါ့ဆီက တိုက်ပွဲဝင် ဆင်ကောင်း ၂၀ နဲ့ ဆင်ဉီးစီးတွေ တောင်းနေတယ်....သူ့ဆီအပ်ဖို့ပေါ့.အင်းဝက ဆင့်ဆိုတာ ဆင် ၁၀ ပဲ...ဒီတော့ ငါသူ့ကို ငြင်းလိုက်တယ်..ဆင်ဆယ်ကောင်ပဲ ပေးဖို့ရှိတယ်လို့ ပြောလိုက်တယ်..သူက ငါ့ကို ကျေနပ်ပုံမရဘူး”
“အဲ့ဒါနဲ့ ကျွန်မက အင်းဝကို သွားပေးရမှာလား”
“ငါက ဒီမှာ သီရိမင်္ဂလာပွဲလည်းရှိသေးတယ်..ပြီးတော့ သမီးဖြစ်သူမင်္ဂလာပွဲရှိပါလျက်က အင်းဝကို ထွက်သွားတယ်ဆို မြို့ဝန်အုပ်စုက ငါ့ကို သင်္ကာမကင်းဖြစ်ကြမှာပဲ”
“ဒါဆိုလည်း ဆက်သားတစ်ယောက်လွှတ်လိုက်ပေါ့”
“မြို့ဝန်က မိဖုရားခေါင်ကြီးရဲ့ဉီးရီးတော်နော်....ဒီသတင်းကို မင်းရယ် ငါရယ် လက်ျာဗိုလ်ရယ်ကလွဲပြီး တခြားသူပေါက်ကြားလို့မရဘူး..သိလို့မရဘူး”
“ကျွန်မ အဲ့ဒီကိစ္စတွေနဲ့ ဝေးဝေးနေလို့မရဘူးလား”
“ဟံသာဝတီမှာ တစ်စုံတစ်ခုဖြစ်လာခဲ့တယ်ထား....မြို့ဝန်ဉီးသာအောင်ရဲ့ အင်အားကို ငါက ဘယ်လို ယှဉ်သာမှာလဲ..သူဓါးမိုးထားရင် ငါက သူ့ဘက်လိုက်ရမှာပဲ..ဒါပေမယ့် အင်းဝက သူ့ကိုနှိမ်နင်းနိုင်ရင် ငါ့မိသားစုတစုလုံး မင်းပြစ်မင်းဒဏ်သင့်နိုင်တယ်..ဘာမှမဆိုင်တဲ့ ငါ့မယားနဲ့ ငါ့သမီးလေးတွေကို အင်းဝဘုရင်က မီးရှို့သတ်လိမ့်မယ်..မင်းလည်း ပါချင်ပါသွားနိုင်တယ်..လွီဇာ...ဒီတော့ အင်းဝ ဆီက ယုံကြည်မှုတစ်ခုကိုတော့ ငါတို့ယူထားရလိမ့်မယ်...အထူးသဖြင့် ကိုးသိန်းသခင်ရဲ့ ယုံကြည်မှုပေါ့”
လွီဇာက မြင်ကွင်းရှေ့မှ ဆူညံနေသော လူအုပ်ကြီးကို ငေးကာ လေးလေးနက်နက်စဉ်းစားနေ၏။
“အင်းဝကို ကျွန်မသွားဖို့ အကြောင်းပြချက် ရှာရဉီးမယ်..နို့မဟုတ် ကျွန်မကိုလည်း သူတို့ စောင့်ကြည့်နေကြမှာအသေအချာပဲ”
“အင်း..အဲ့ဒီအတွက် အကြောင်းပြချက်က ရှိပြီးသားပါ..လွီဇာ...မင်း..ရဟိုင်းမြင်းတပ်က ဗိုလ်မှူးပက်ဒရိုကို သိတယ်မဟုတ်လား”
“သိတယ်လေ..ကျွန်မ ငယ်သူငယ်ချင်းပဲ”
“ကသည်းတွေနဲ့ တိုက်ပွဲမှာ သူကျဆုံးသွားပြီ”
“ရှင်”
ခက်ဇော်
ဥာဏ်ပညာဖြင့် တော်လှန်မယ်။ ချစ်ခြင်းတရားဖြင့် တည်ဆောက်မယ်။
(Zawgyi)
AVA 1740s
အခန္း(၂၅)
...............................................
“မမ တို႔ ႏိုးၾကၿပီလား..ဒီေန႔ ေတာထဲကေန ဆင္ႀကီးကို က်ဳံးသြင္းၾကေတာ့မွာ”
ဂမုန္းက အင္ဖက္ျဖင့္ ထုပ္ထားေသာ ေကာက္ညႇင္းငခ်ိတ္ပူပူေႏြးေႏြးႏွင့္ ငါးေလးေၾကာ္မ်ားကို လြီဇာတို႔အတြက္ ေပးလိုက္သည္။
“ဂမုန္းက ႏိုးေနတာၾကာၿပီလား”
“ၾကာၿပီေလ…ဘုန္းႀကီးေတြ အာ႐ုံဆြမ္းစားခ်ိန္ကတည္းက ႏိုးတာ.အဖက မနက္အေစာႀကီး ေတာထဲဝင္မွာဆိုေတာ့ ဂမုန္းက ေစာေစာထၿပီး သူေတာထဲ ေဆးတံေသာက္ဖို႔ မီးခတ္ေက်ာက္ေတြ၊ လဲ့မႈိေတြ၊ ထမင္းထုပ္ေတြ စီစဥ္ေပးရတယ္..ၿပီးေတာ့ ဆံထုံးလည္း ထထုံးရေသးတယ္”
“ဆံထုံးက ဘာလို႔ ထုံးရတာလဲ”
“ဆင္သမားေတြ ေတာထဲဝင္တဲ့အခါ က်န္ရစ္တဲ့ သက္ဆိုင္သူမိသားစုဝင္အမ်ိဳးသမီးေတြက ဆံပင္ဖားလ်ားျဖစ္မေနရဘူး…မမ…အို ဆင္မႈထမ္းမိသားစုျဖစ္ရတာ..မလြယ္ပါဘူး..မမရယ္..ေစာင့္စည္းရတာေတြမ်ားတယ္….ေယာက္်ားေတြ ဆင္ေက်ာ့ေတာဝင္ၿပီဆို ဘူးသီးမစားရ၊ ကင္းပိန႔္သီးမစားရ၊ မဂၤလာေဆာင္၊ အသုဘမသြားရ၊ ထမင္းခ်က္ရင္ ေယာင္းမကို အိုးထဲမစိုက္ရ၊ အိုးကန႔္လန္မတင္ရ..အမ်ားႀကီးပဲ”
“အင္း..ဂမုန္းေတာင္မွ တကယ့္ လူႀကီးတစ္ေယာက္လို သိလာတတ္လာၿပီ ေနာ္..အရင္လို..ကေလးေလး မဟုတ္ေတာ့တာပဲ”
လြီဇာ၏ စကားေၾကာင့္ ဂမုန္းက ၿပဳံးလိုက္သည္။
မယ္ဖူးက ဂမုန႔္ယူလာသည့္ ေကာက္ညႇင္းငခ်ိတ္ကို လြီဇာ အသင့္စားႏိုင္ရန္ ျပင္ဆင္ေပးသည္။
“ညေနေလာက္က် ဆင္က်ဳံးသြင္းၿပီးၿပီဆို ဓနက္ပလာေတြ ဆင္ကိုင္တာကို သြားၾကည့္ၾကမယ္..မမ…အင္းဝမွာဆိုရင္ေတာ့ ဒီလိုမ်ိဳး ေ႐ြးေတာ္၊ ဝင္းေတာ္ ရမယ့္ဆင္ပြဲဆို ရွင္ဘုရင္ကိုယ္တိုင္ လာၾကည့္တာ..မမရဲ႕….ဒီမွာေတာ့ ၿမိဳ႕ဝန္ကိုယ္တိုင္ လာမယ္ၾကားတယ္”
''ဓနက္ပလာ ဆိုတာ ဘာလဲ"
"ေအာက္မားေတြ ေက်ာ့လာတဲ့ ဆင္ကို ေလ့က်င့္ေပးမယ့္သူေတြကို ေျပာတာ..မမ"
ထို႔ေနာက္ ဂမုန္းက အင္းဝၿမိဳ႕ႀကီးအေၾကာင္းကို လြီဇာအား အဆက္မျပတ္ေမးေတာ့သည္။
ဂမုန္းသည္…သူႀကီးျပင္းခဲ့သည့္ ၿမိဳ႕ကို သူလြမ္းေနေရာမည္။
သို႔ေသာ္ လြီဇာအတြက္ေတာ့ အင္းဝအေၾကာင္း ေျပာတိုင္း နာၾကင္ရစၿမဲ။
တစ္စုံတစ္ေယာက္ကို လြမ္းလည္း လြမ္းရစၿမဲ။
…………………………………………………….
ေသနတ္သံ ေဖာင္းခနဲ။
ဆင္က်ဳံးပတ္ခ်ာလည္တြင္ စုေဝးေနၾကသည့္ လူအုပ္ႀကီး၏ အသံမွာ တိခနဲ တိတ္သြား၏။
ဟံသာဝတီၿမိဳ႕ဝန္ ဉီးသာေအာင္သည္ အေႁခြအရံမ်ားႏွင့္အတူ ဆင္ပြဲၾကည့္စင္ေပၚသို႔ တက္လာၿပီျဖစ္သည္။
လြီဇာတို႔မွာ ဂမုန္းႏွင့္အတူ ၾကည့္စင္၏ အေနာက္ဘက္ခပ္လွမ္းလွမ္းတြင္ရွိေန၏။
ဆင္က်ဳံးသစ္လုံးႀကီးမ်ား ၾကားတြင္ တုတ္ကိုယ္စီကိုင္ထားၾကေသာ ပြဲၾကည့္ပရိသတ္မွာ ၿမိဳ႕ဝန္ထံသို႔ အာ႐ုံေရာက္သြားၾက၏။
ၿမိဳ႕ဝန္ဉီးသာေအာင္သည္ ေဖာ့လုံးျဖဴေခါင္းေပါင္းႏွင့္ ေ႐ႊခ်ည္ထိုးပုဆိုးကို ဝတ္ဆင္ထားသည္။
ၿမိဳ႕ဝန္အဆင့္ျဖင့္ ေ႐ႊထီးႏွစ္လက္ေဆာင္းထားသျဖင့္ ထူးထူးျခားျခားျဖစ္ေန၏။
အင္းဝရွိ အိမ္ေရွ႕မင္းသားတစ္ဉီးကဲ့သို႔ပင္ တခမ္းတနားပြဲထြက္လာသည့္ ဉီးသာေအာင္ကို လြီဇာက ေသခ်ာၾကည့္ေနသည္။
“အဖ တို႔ ေျပာသံၾကားရတာေတာ့....သူက ရွင္ဘုရင္႐ူးေနၿပီတဲ့... အင္းဝ ကိုသာ ဒီသတင္းေရာက္သြားရင္ မလြယ္ဘူး”
ဂမုန္းက လြီဇာနားသို႔ ခပ္တိုးတိုးကပ္ေျပာလိုက္သည္။
“က်ီ” ခနဲ ဆင္႐ိုင္းႀကီး၏ ေအာ္လိုက္သံေၾကာင့္ အားလုံး လႈပ္လႈပ္႐ြ႐ြျဖစ္သြားၾက၏။
မၾကာမီ ေခါင္းေပါင္းအနီ၊ ပုဆိုးအနီျဖင့္ ထိုဆင္ႀကီးကို ထိန္းမည့္ ဓနက္ပလာအမႈထမ္းသည္ ဆင္က်ဳံးထဲသို႔ ဝင္လာၿပီျဖစ္သည္။
အားလုံးက ဆင္ႏွင့္ လူ အားၿပိဳင္ပြဲဆီသို႔ အာ႐ုံေရာက္သြားၾကေတာ့၏။
လူအုပ္ႀကီးမွာ ဟာ ခနဲ..ဟင္ခနဲျဖစ္ၾက၊ လက္ခုပ္တီးအားေပးၾကႏွင့္။
ဆင္ဝန္ဉီးေအာင္လွသည္ ၿမိဳ႕ဝန္နေဘးတြင္ ရွိေနရာမွ လြီဇာႏွင့္ ဂမုန္းတို႔ နေဘးသို႔ ေရာက္လာသည္။
ဉီးေအာင္လွ သည္ ဆင္ပြဲတစ္ခုလုံးကို ကြပ္ကဲေနရသျဖင့္ အနည္းငယ္ပင္ပန္းဟန္ေပါက္ေန၏။
“ဒီေကာင္ႀကီးက ဝင္းေတာ္ရဆင္ျဖစ္မွာအေသအခ်ာပဲ...အင္း..က်ဳပ္အဖြဲ႕သားေတြေတာ့ ဆုေတာ္လာဘ္ေတာ္ေတြရဉီးမယ္”
ဉီးေအာင္လွ ပုံစံက ဂုဏ္ယူဟန္အျပည့္။
“အဖ..အဖ..ဟိုမွာ..ဟိုမွာ...ညက ေျပာတဲ့ တစ္ေယာက္..ဗမာေလးဆိုတာ”
ဂမုန္းက ဉီးေအာင္လွ လက္ေမာင္းကို ဆြဲၿပီး လူအုပ္ၾကားမွာ လူငယ္ေလးတစ္ဉီးကို လွမ္းျပလိုက္သည္။
လူငယ္မွာ ဆင္က်ဳံး၏ ေရွ႕ဆုံးမွ သစ္တုံးႀကီးကို ေျခကန္ကာ ဆင္ပြဲကို အားရပါးရၾကည့္ေနသည္။
လက္ထဲတြင္လည္း ဝါးရင္းတုတ္ တစ္ေခ်ာင္းႏွင့္။
ဉီးေအာင္လွက ေအာက္မားစာေရးကို လွမ္းေခၚလိုက္သည္။
“ဟိုးက လူငယ္က တို႔ ေအာက္မားသင္းကလား”
ေအာက္မားစာေရးက က်လုဆဲေနေရာင္ေအာက္တြင္ မ်က္လုံးကို လက္ျဖင့္ကာကာ ေသခ်ာၾကည့္လိုက္သည္။
“မဟုတ္ဘူး...ဝန္မင္း...ကြၽန္ေတာ္မ်ိဳးလည္း သူ႔ကို တခါမွ် မေတြ႕ဖူးပါ...ဒီ႐ြာက ထင္ပါတယ္”
“သြားေခၚခဲ့စမ္း..မေျပးေစနဲ႔...တို႔လူ ေလးငါးေယာက္ပါေခၚသြား...ငါ ဆင္က်ဳံးအေနာက္ဖက္ တဲမွာ ေစာင့္ေနမယ္”
“အဖ...သူ႔ကို ဘာလုပ္မလို႔လဲ”
ဂမုန္း၏ စိုးရိမ္စကားသံကို ဉီးေအာင္လွက မတုန႔္ျပန္။
ဆင္က်ဳံးအေနာက္ဖက္ဆီသို႔ သာထြက္သြားေတာ့သည္။
မၾကာမီ ဉီးေအာင္လွ ရွိရာသို႔ ဆင္အမႈထမ္းမ်ားႏွင့္အတူ လူငယ္ ေရာက္လာသည္။
လူငယ္ကို ဉီးေအာင္လွေရွ႕ရွိ ေျမျပင္တြင္ ဒူးေထာက္ထိုင္ခိုင္းလိုက္၏။
ဉီးေအာင္လွက လူငယ္ကို အကဲခတ္လိုက္သည္။
လူငယ္၏ အသားအရည္ကား အျဖဴမညိဳ၊ ႏႈတ္ခမ္းေမႊးစစ ႏွင့္။
မ်က္လုံးမ်က္ခုံးက အထူး ေခ်ာေမြ႕ေနသည္။
“ေမာင္မင္းက...ဗမာလား”
လူငယ္ က ျပန္မေျဖ။
“တယ္..ဒီေကာင္..ငါေမးေနတယ္ေလ...မင္းက ေသွ်ာင္ထုံးနဲ႔ဘာနဲ႔...ဗမာလားလို႔”
လူငယ္က ေခါင္းညိတ္သည္။
“ေဟ့ေကာင္...မင္းစကားမေျပာတတ္ဘူးလား...မင္းေရာက္ေနတာ ဆင္ဝန္မင္းေရွ႕မွာေနာ္.. မခန႔္ေလးစားမလုပ္နဲ႔”
ေအာက္မားစာေရးက လူငယ္၏ ေက်ာကုန္းကို လက္ျဖင့္ ေစာင့္တြန္းလိုက္၏။
“ဟုတ္ပါတယ္...ကြၽန္ေတာ္..ဗမာပါ”
“ေမာင္မင္း အသက္ဘယ္ေလာက္ရွိၿပီလဲ”
“၁၉ ႏွစ္ပါ”
“အင္း...အ႐ြယ္ကေရာက္ၿပီပဲ.....ဒီဘက္႐ြာေတြမွာ မြန္ေတြ ၊ ကရင္ေတြ ပဲ ရွိတာပါ..ထူးထူးျခားျခား မင္းတို႔က ဘယ့္ႏွယ့္ေရာက္ ေနတာတုန္း..မင္းမိဘမ်ားကတုန္း ဘယ္သူတုန္း”
လူငယ္ထံမွ အေျဖထြက္မလာ။
“မေန႔က ဘုန္းႀကီးေက်ာင္းမွာ ဆင္အေၾကာင္း ငါေျပာေတာ့ လာေခ်ာင္းနားေထာင္ေသးတယ္..မဟုတ္လား.... အခုလည္း ဒီေလာက္အႏၲရာယ္မ်ားတဲ့ ဆင္ပြဲကို ေရွ႕ဆုံးက ေျခကန္ၾကည့္ေနတာ...မင္း ဆင္မႈေရးရာ ဝါသနာပါသလား”
“ဆင္ေတြကို ကြၽန္ေတာ္ဝါသနာပါပါတယ္”
“ဒါဆို..မင္း ငါ့ လက္ေအာက္မွာ ဆင္မႈထမ္းရမယ္..ျဖစ္မလားကြဲ႕”
“ဒါေတာ့ သည္းခံပါ..ဒကာေတာ္ဆင္ဝန္မင္း”
ထိုအခ်ိန္တြင္ အဝိုင္းေက်ာင္းထိုင္ဆရာေတာ္ႏွင့္ ရဟန္ႏွစ္ပါးက အေနာက္ဖက္မွ ဝင္လာၾကသည္။
“ဆရာေတာ္ ဘယ္က ဘယ္လို ႂကြလာတာလဲ..ဘုရား”
“ပြဲခင္းထဲမွာ ေမာင္သာလွ ကို ဆင္မႈထမ္းေတြက အတင္းအၾကပ္ေခၚသြားတယ္လို႔ ကပၸိယတစ္ေယာက္က လာေလွ်ာက္လို႔ လိုက္လာရတာပဲ..ဒကာ”
“ေဟ့..ဆရာေတာ္တို႔အတြက္ ထိုင္စရာ တစ္ခုခု စီစဥ္ေပးလိုက္ၾကစမ္း”
ဉီးေအာင္လွ က ထိုင္ရာမွမထ။ မေန႔ညက သူ႔အား ဖုံးကြယ္ခဲ့သည့္ ဆရာေတာ္အေပၚလည္း စိတ္ခုသြားသည္။
“ကဲ..ဆရာေတာ္ဘုရား...ညက တပည့္ေတာ္ကို ဘာေၾကာင့္ လိမ္ရတာလဲ..ဘုရား..ရဟန္းဆိုတာ မလိမ္အပ္ဘူးမဟုတ္လား”
ဆရာေတာ္က ဉီးေအာင္လွေရွ႕တြင္ ဒူးတုပ္ေနေသာ ေမာင္သာလွ ကိုသာ စိုက္ၾကည့္ေနသည္။
“သူက ဗမာပဲ....႐ုပ္ရည္ကလည္း မြန္မြန္ရည္ရည္နဲ႔..တပည့္ေတာ္သူ႔ကို ေခၚၿပီး ဆင္မႈထမ္းခိုင္းမယ္”
“သူ အင္းဝေရာ..ဟံသာဝတီေရာ ဘယ္ကိုမွ သြားလို႔မရဘူး..ဒကာ..သူ႔ကို ဒကာဘယ္ကိုမွ ေခၚသြားလို႔ မျဖစ္ဘူး”
“တပည့္ေတာ္က ေဟာ့ဒီဟံသာဝတီနယ္ရဲ႕ ဆင္ဝန္ပါ..ဘုရား..ဆင္မႈနဲ႔ ပတ္သက္လာရင္...အင္းဝဘုရင္ရဲ႕ ကိုယ္စား မင္းမႈဆင့္ဆိုဖို႔ အမိန႔္ခ်ခြင့္ရွိတယ္”
အဝိုင္းဆရာေတာ္က သက္ျပင္းခ်လိုက္သည္။
“ဒကာႀကီးနဲ႔ က်ဳပ္ပဲ သိရမယ့္...ကိစၥတစ္ခု က်ဳပ္ေျပာစရာရွိတယ္..တျခားလူေတြ မသိေစခ်င္ဘူး”
ဉီးေအာင္လွက သူ႔ပတ္ဝန္းက်င္တြင္ရွိေသာ ဆင္စာေရးႏွင့္ အမႈထမ္းမ်ားကို အျပင္ထြက္ၾကရန္ အခ်က္ျပလိုက္၏။
ဆရာေတာ္ႏွင့္ပါလာသည့္ ရဟန္းႏွစ္ပါးလည္း အျပင္သို႔ ထြက္လာသည္။
အခန္းတြင္းဝယ္ ဆရာေတာ္၊ ဉီးေအာင္လွ ႏွင့္ ေမာင္သာလွ တို႔သာ က်န္ခဲ့သည္။
ဆရာေတာ္က ဉီးေအာင္လွ ၾကား႐ုံမွ် ေလသံျဖင့္...
“ဦီးဇင္းသိထားတာကေတာ့ ဒကာႀကီးက ဟံသာဝတီက ဇင္းမယ္အႏြယ္လို႔ ၾကားဖူးပါတယ္”
“မွန္ပါ..ဘာမ်ားသက္ဆိုင္ေနလို႔လဲ..ဘုရား”
“တို႔မ်ားလည္း ဟံသာဝတီသားေတြခ်ည္းပါပဲ...ဒကာႀကီးအေနနဲ႔ သူ႔ကို ေခၚသြားရင္...ဟံသာဝတီတစ္ခုလုံး အႏၲရာယ္ရွိပါတယ္”
ဆရာေတာ္စကားေၾကာင့္ ဉီးေအာင္လွက မ်က္ေမွာင္ႀကဳံ႕လိုက္သည္။
“ဆရာေတာ္ ဘာကို ဆိုလိုပါသလဲ..ဘုရား”
“သူက.....ပုဂံမင္းသား ရဲ႕ သားပဲ...မင္းရဲေက်ာ္ထင္မင္းရဲ႕ ေျမးေတာ္ပဲ”
ဆင္ဝန္ဉီးေအာင္လွ မွာ ထိုင္ခုံေပၚမွ အလန႔္တၾကား မတ္တပ္ရပ္မိလိုက္ေတာ့သည္။
လြန္ခဲ့ေသာ ႏွစ္ေပါင္းသုံးဆယ္ေက်ာ္။
တိတိက်က်ေျပာရလွ်င္ ၁၆၉၈ ခုႏွစ္တြင္ မင္းရဲေက်ာ္ထင္မင္းနတ္႐ြာစံၿပီး သားေတာ္ စေနမင္း နန္းတက္ခဲ့သည္။
စေနမင္းသည္ ရွင္ဘုရင္ျဖစ္စတြင္ ညီေတာ္ ရွင္နန္းဆက္ကို အိမ္ေရွ႕စံအရာ ထားခဲ့သည္။
သို႔ေသာ္ မၾကာမီပင္ သားေတာ္ တနဂၤေႏြမင္းသား ကို အိမ္ေရွ႕အရာေပးခ်င္သျဖင့္ ညီေတာ္ ရွင္နန္းဆက္ကို ပုဂံဘုရင္ခံအျဖစ္ ပုဂံသို႔ ေစလႊတ္ကာ လက္ေအာက္ခံထီးနန္းအျဖစ္ ပို႔ခံသည္။
၁၇၁၄ တြင္ စေနမင္းကြယ္လြန္ေသာအခါ အိမ္ေရွ႕စံအေဟာင္း ပုဂံမင္းသားရွင္နန္းဆက္ ႏွင့္ အိမ္ေရွ႕စံအသစ္ တနဂၤေႏြမင္းသားတို႔ ထိပ္တိုက္ေတြ႕ၾကေတာ့သည္။
တနဂၤေႏြမင္းသည္ ဘုရင္အျဖစ္ခံယူၿပီးသည္ႏွင့္ ဘေထြးေတာ္ပုဂံမင္းကို သစၥာေရတိုက္ရန္ လူ ၃၀ ကိုေစလႊတ္ခဲ့ ေသာ္လည္း ထိုသူမ်ားက ပုဂံမင္းကို သစၥာခံခဲ့ၾကသည္။
အထက္တြင္ ေယာ၊ေဆာ၊ေလာင္းရွည္ေဒသမ်ား၊ ေအာက္တြင္ ျပည္ႏွင့္ ေတာင္ငူကဲ့သို႔ ၿမိဳ႕မ်ားကိုပင္ ပုဂံမင္းသားတပ္မ်ားက သိမ္းပိုက္ႏိုင္ခဲ့သည္။
သို႔ေသာ္ မၾကာမီ တနဂၤေႏြမင္း၏ တပ္မ်ားက အေရးသာလာၿပီး ပုဂံမင္းမွာ ဟံသာဝတီဘက္ ေတာေတာင္မ်ားဆီသို႔ ထြက္ေျပးခဲ့ရသည္။
ဘုရင့္တပ္ မ်ား လိုက္လံ တိုက္ခိုက္ခ်ိန္တြင္ ထြက္ေျပးေပ်ာက္ဆုံးခဲ့သျဖင့္ ပုဂံမင္းေပ်ာက္ဟု ဆိုစမွတ္ရွိခဲ့သည္။
ပုဂံမင္းသည္ ထြက္ေျပးတိမ္းေရွာင္ရင္း ဟံသာဝတီအေရွ႕ဘက္ ႀကံေတာ႐ြာတြင္ ကိုယ္လုပ္ေတာ္သုပဘာ မွ သားေယာက္်ားေလး ေမာင္သာလွ ကို ေမြးဖြားခဲ့သည္။
ပုဂံမင္းသားကို အင္းဝတပ္မ်ားက ဖမ္းဆီးသုတ္သင္ၿပီးခ်ိန္တြင္ ေမာင္သာလွ ကို သရက္တပင္ေက်း႐ြာ မွ မြန္ ကရင္လူမ်ိဳးတို႔က ျပဳစုေစာင့္ေရွာက္ခဲ့ၾကသည္။
အဝိုင္းေက်ာင္းဆရာေတာ္ထံ သာမေဏဝတ္ၿပီးသည့္အခါ ရွင္လူထြက္ခဲ့သည္။
ဆရာေတာ္၏ ေက်ာင္းတြင္ပင္ ေနထိုင္ၿပီး ဆရာေတာ္က ဇာတိမပ်က္ေစရန္ ေမာင္သာလွကို ဗမာေသွ်ာင္ထုံး ထားေစခဲ့ျခင္းျဖစ္သည္။
ဉီးေအာင္လွ မွာ မိမိေရွ႕တြင္ အင္းဝမင္းေသြး တစ္ဉီးကို ဒူးေထာက္ခိုင္းမိထားျခင္းျဖစ္သျဖင့္ မလုံမလဲျဖင့္ မတ္တပ္ထရပ္မိျခင္းျဖစ္၏။
သို႔ေသာ္ သတိျပန္ကပ္လိုက္ၿပီးေနာက္ ထိုင္ခုံတြင္ ဟန္မပ်က္ျပန္ထိုင္လိုက္သည္။
တစုံတစ္ရာကိုလည္း ေလးေလးနက္နက္ေတြးေနသည္။
“ဒါဆို ဒီေကာင္ေလးက အခု အင္းဝေ႐ႊနန္းရွင္ရဲ႕ ဉီးေလးေတာ္တာေပါ့”
“ဟုတ္တယ္...ဒါေပမယ့္ သူတို႔ခ်င္း အသက္က မတိမ္းမယိမ္းပါပဲ”
အိမ္ေရွ႕မင္းျဖစ္ခဲ့ဖူးသူ၏သားေတာ္။
ၿပီးေတာ့..ယခု..လက္ရွိအင္းဝဘုရင္၏ ဉီးရီးေတာ္ က မိမိေရွ႕တြင္ ဒူးေထာက္ေနရသည့္အျဖစ္ကို ဉီးေအာင္လွ ေတြေဝစြာၾကည့္ေနသည္။
“ဒီကိစၥ...ဘယ္သူ႔ကို မွ အသိမေပးပါနဲ႔..ဒကာႀကီး...သူက သာမန္လုလင္ငယ္ေလးတစ္ေယာက္ပါပဲ... အင္းဝႏိုင္ငံေတာ္ကို ပုန္ကန္မယ့္လူလည္းမဟုတ္ပါဘူး...ဒါေပမယ့္ သူဘယ္သူဆိုတာကို အခု နန္းတက္ေနတဲ့ အင္းဝဘုရင္သိသြားရင္ သူ႔အသက္အႏၲရာယ္ရွိတယ္...အင္းဝကို ပုန္ကန္ခဲ့တဲ့ ပုဂံမင္းသားရဲ႕ ေသြးပါေနတာတစ္ခုတည္းနဲ႔ေတာ့ သူအသတ္မခံသင့္ဘူး မဟုတ္လား”
ဉီးေအာင္လွက သက္ျပင္းခ်လိုက္သည္။
“သူ႔ကို အခုခ်က္ခ်င္း ရဟန္းျပန္ဝတ္ေပးထားပါ....ၿမိဳ႕ဝန္လည္း ဒီ႐ြာကို ေရာက္ေနတယ္..ဗမာေသွ်ာင္ထုံးနဲ႔ သူ႔ကို ျမင္လို႔ သတိထားမိသြားရင္..ပိုအႏၲရာယ္ရွိတယ္..အရွင္ဘုရား”
ထိုအခါမွ ဆရာေတာ္လည္း သက္ျပင္းခ်လိုက္ေတာ့၏။
........................................................................................
ေနာက္တေန႔။
ဟံသာဝတီသို႔ သူတို႔ ျပန္ၾကေတာ့မည္။
ဂမုန္းသည္ လြီဇာတို႔ႏွင့္အတူ ဆင္တစီးတည္းတြင္ စီးမည္ျဖစ္သည္။
သူတို႔ဆင္မ်ားတန္းစီကာ ထြက္ခြာၾကသည္။
႐ြာအထြက္ တစ္ေနရာအေရာက္တြင္ ဆြမ္းခံႂကြေနၾကေသာ ဘုန္းႀကီးမ်ားႏွင့္ ေတြ႕ၾက၏။
ဆင္တန္းႀကီးမွာ ေခတၱမွ်ရပ္နားလိုက္သည္။
ေရွ႕ဆုံးမွ ႂကြေနေသာ ဆရာေတာ္ႀကီးကို ဆင္ဝန္ဦီးေအာင္လွမွ ဆင္းႏႈတ္ဆက္စကားေျပာသည္။
ထိုအခ်ိန္တြင္ ဂမုန္းက ဘုန္းႀကီးတန္းထဲမွ တစ္စုံတစ္ေယာက္ကို ျမင္သြားသည္။
“ဟိုမွာ..သူ..သူ..မမလြီဇာ”
“ဘယ္သူလဲ”
“ဟို ေသွ်ာင္ထုံးနဲ႔ တစ္ေယာက္ေလ..ေတာ္ပါေသးရဲ႕..မေန႔က အဖက သူ႔ကို သြားဖမ္းေခၚခိုင္းေတာ့...တခုခုလုပ္ၿပီထင္တာ...သူက ဘုန္းႀကီးဝတ္သြားတာပဲ”
လြီဇာက ဂမုန္းလက္ညိဳးထိုးျပေနသည့္ ပၪၨင္းကို ေသခ်ာၾကည့္လိုက္သည္။
ဉီးေအာင္လွကလည္း ဆရာေတာ္ႏွင့္ စကားေျပာေနရင္းမွ ထိုပၪၨင္းထံ တခ်က္တခ်က္ အၾကည့္ေရာက္သြားသည္ကို လြီဇာ သတိထားမိ၏။
“အင္း...သူက ကတုံးနဲ႔ သကၤန္းနဲ႔လည္း ၾကည့္ေကာင္းတာပဲေနာ္..မမလြီဇာ”
“ျဖည္းျဖည္းလုပ္ပါ..ဂမုန္းရဲ႕...ဆင္ေပၚကလည္း ျပဳတ္က်ေနပါဉီးမယ္.”
မယ္ဖူးက ဂမုန္း၏ ျဖစ္ပ်က္ေနပုံကို အ႐ႊန္းေဖာက္လိုက္သျဖင့္ လြီဇာက အသံထြက္ကာ ရယ္လိုက္မိသည္။
.............................................................................
၁၇၃၇ ခုႏွစ္။
လြီဇာသည္ ဟံသာဝတီတြင္ေနထိုင္ရသည္မွာ တစတစ အသားက်လာသည္။
အစပိုင္းတြင္ ဆင္ဝန္ဉီးေအာင္လွေနအိမ္တြင္ေနထိုင္ခဲ့ေသာ္လည္း ထိုအိမ္ႏွင့္ မနီးမေဝးတြင္ လြီဇာ ၏ ကိုယ္ပိုင္သစ္အိမ္ေဆာက္လုပ္ၿပီးစီးခဲ့သည္။
ထိုအိမ္ေတာ္တြင္ လြီဇာ သည္ မယ္ဖူးႏွင့္အတူ ကြၽန္ေဈးမွ စစ္တေကာင္းနယ္သားလင္မယား ကို ဝယ္ယူကာ အေစခံအျဖစ္ ထားရွိၿပီး ေနထိုင္ၾကသည္။
ေငြေၾကးခ်မ္းသာေသာ၊ လွပေသာ ၊ အင္းဝနန္းတြင္းတြင္ အေပါက္အေရာက္ရွိၿပီး အင္းဝဘုရင္ႏွင့္ပါ ေတြ႕ဆုံခဲ့ဖူးေသာ လြီဇာ မွာ ဟံသာဝတီႏွင့္ သံလ်င္ရွိ ႏိုင္ငံျခားကုန္သည္မ်ားအၾကား ေရပန္းစားလွသည္။
ထိုမွ်မက အုပ္ခ်ဳပ္ေရးပိုင္းကလည္း အင္းဝနန္းတြင္းအရာရွိႀကီးမ်ားႏွင့္ ပတ္သက္ခဲ့သူ လြီဇာကို အထင္တႀကီးရွိၾကသည္။
လြီဇာသည္ သန္လ်င္သို႔လည္း မၾကာခဏခရီးထြက္ရသည္။
ဆင္ဝန္ဉီးေအာင္လွ မိသားစု၊ ၿမိဳ႕ေစာင့္တပ္မႉး လက္်ာဗိုလ္၊ သန္လ်င္မွ ဘာနာဘိုက္ရဟန္းငယ္ ေပၚလိုနာေရနီ တို႔မွာ လြီဇာ၏ အရင္းႏွီးဆုံး မိတ္ေဆြမ်ားျဖစ္လာၾကသည္။
အထူးသျဖင့္ ဖာသာေပၚလိုနာေရနီ သည္ ဟံသာဝတီသို႔ အေရာက္အေပါက္မ်ားၿပီး လြီဇာ၏ အိမ္တြင္ တည္းခိုတတ္သည္။
ထိုအခ်ိန္မ်ိဳးတြင္ ၿမိဳ႕ေစာင့္တပ္မႉးလည္း လက္်ာဗိုလ္လည္း ေရာက္ေရာက္လာတတ္၏။
ၿမိဳ႕ေစာင့္တပ္မႉး လက္်ာဗိုလ္ႏွင့္ ဖာသာေပၚလိုနာေရနီ တို႔သည္ တခါတရံ ဟံသာဝတီပတ္ဝန္းက်င္ ႐ြာကေလးမ်ားသို႔ပင္ အေပ်ာ္ခရီးထြက္သြားတတ္ၾကသည္။
ဘာနာဘိုက္ဘုန္းေတာ္ႀကီး ဖာသာဂါလစ္ဇီယာကမူ သန္လ်င္သို႔ လြီဇာ ေရာက္သည့္အခါတိုင္း လက္်ာဗိုလ္ႏွင့္ နာေရနီ တို႔၏ ဆက္ဆံေရးကို မသိမသာ သတိေပးတတ္သည္။
“ဖာသာနာေရနီဟာ ဘာဆိုတာ မင္းလည္း ရိပ္မိေလာက္ပါၿပီ....ၿမိဳ႕ေစာင့္တပ္မႉး နဲ႔ သူ႔ရဲ႕ ရင္းႏွီးမႈဟာ ေယာက္်ားခ်င္း လိုတာထက္ ပိုေနတယ္..လြီဇာ..မင္းအေနနဲ႔ သူတို႔ကို အိမ္မွာ လက္ခံထားတဲ့အခါ သတိထားေပးပါ... ဒီလိုဘုရားသခင္ မႀကိဳက္တဲ့ အျပစ္က်ဴးလြန္မႈမ်ိဳး ကိုယ့္ေရွ႕မွာ ျဖစ္လာမယ္ဆို တားျမစ္ဖို႔ ခရစ္ယာန္တစ္ေယာက္အေနနဲ႔ မင္းမွာလည္း တာဝန္ရွိတယ္ ..လက္မခံသင့္ဘူး..ၿပီးေတာ့ သူဟာ ပုပ္ရဟန္းမင္းႀကီးကိုယ္စား တာဝန္ထမ္းေနရတဲ့ အမႈေတာ္ေဆာင္တစ္ေယာက္...”
ထိုအခါမ်ိဳးတြင္ လြီဇာက ခပ္ၿပဳံးၿပဳံးပင္။
“ခရစ္ေတာ္ကေတာ့ လူသားေတြကို ခ်စ္ၾကဖို႔..သြန္သင္တာပဲ... ေယာက္်ားျဖစ္ျဖစ္..မိန္းမျဖစ္ျဖစ္....ခ်စ္တယ္ဆိုတာ ေကာင္းတဲ့ အလုပ္မဟုတ္လား...ဖာသာ..”
ေနာက္ပိုင္းတြင္ ဖာသာဂါလစ္ဇီယာက လြီဇာ သန္လ်င္သို႔ လာတိုင္း အေတြ႕မခံေတာ့။
နာေရနီကိုလည္း သံလ်င္မွ ေျပာင္းေ႐ႊ႕ရန္အတြက္ ဗာတီကန္သို႔ ခြင့္ျပဳခ်က္ ေတာင္းခံျခင္းကို စတင္လုပ္ေဆာင္ေတာ့သည္။
လြီဇာမွာ သန္လ်င္သို႔ ေနာက္ပိုင္းအေျခစိုက္ဝင္ေရာက္လာေသာ ေအာစတင္အေရွ႕အိႏၵိယကုမၸဏီ မွ အဂၤလိပ္တို႔ႏွင့္ တိုက္႐ိုက္ ခ်ိတ္ဆက္ကာ ဝီစကီမ်ား၊ ယမကာမ်ားကို အင္းဝသို႔ တင္သြင္းလာႏိုင္သည္။
လြီဇာမွာ ဟံသာဝတီတြင္ ႂကြယ္ဝေသာ ကုန္သည္တစ္ဉီးျဖစ္လာ၏။
လြီဇာသည္ စီးပြားေရးကိစၥမ်ားႏွင့္ သန္လ်င္၊ ဟံသာဝတီသို႔ လြန္းထိုးေနခိုက္တြင္ ဂမုန္းႏွင့္ မယ္ဖူးတို႔မွာ ဟံသာဝတီအနီး အဝိုင္းေက်း႐ြာ ဘုန္းေတာ္ႀကီးေက်ာင္းသို႔ တပတ္တခါခန႔္ သြားကာ ဆြမ္းကပ္ၾကသည္။
အဝင္အထြက္မ်ားခဲ့ၾကသည္။
ဉီးေအာင္လွကေတာ္က ထိုအေျခအေနကို ရိပ္မိသျဖင့္ သတိေပးေသာ္လည္း ဉီးေအာင္လွမွာ သမီးျဖစ္သူအား မတားျမစ္ခဲ့။
ဥပုသ္ေန႔တိုင္း အဝိုင္းေက်ာင္းတိုက္သို႔ ဆြမ္းခ်က္ပို႔ရန္ပင္ ေသခ်ာမွာၾကားခဲ့သည္။
ဟံသာဝတီမွာလည္း အင္းဝသို႔ ဆက္သြင္းရသည့္အခြန္အျပင္ ကိုယ္ပိုင္ဝင္ေငြမ်ားစြာရွိလာသျဖင့္ ခ်မ္းသာေသာ ၿမိဳ႕တစ္ၿမိဳ႕အျဖစ္ ျပန္လည္ေရာက္ရွိလာ၏။
၁၇၃၇ ႏိုဝင္ဘာလ။
ဟံသာဝတီတစ္ၿမိဳ႕သည္ ယခင္ကထက္ပိုၿပီး လူစုလူေဝးမ်ား ရႈပ္ေထြးေန၏။
အင္းဝဘုရင္ မဟာဓမၼရာဇာဓိပတိသည္ စစ္ပြဲအတြက္ ဟံသာဝတီမွ စစ္အင္အားမ်ားကို ဆင့္ေခၚခဲ့ၿပီျဖစ္သည္။
မဏိပူရဘုရင္ဂါရစ္နာဝဇ္သည္ အင္းဝႏိုင္ငံေတာ္၏ နယ္စပ္ တမူးပန္းသာတြင္ သူ၏ တပ္မ်ားကို စု႐ုံးခ်ထားလိုက္သည္။
စပါးက်ီႀကီးမ်ားျဖင့္ အနီးအနားမွ ရိကၡာမ်ားကိုလည္း ရသေလာက္စုေဆာင္းေနသည္။
ထိုအေျခအေနကို ေအာ္ပန္လက္႐ြာသူႀကီးက အင္းဝသို႔ သတင္းပို႔၏။
မဟာဓမၼရာဇာဓိပတိအေနျဖင့္ ကသည္းတပ္မ်ား ယခင္ႏွစ္ကကဲ့သို႔ အင္းဝသို႔ ခ်ီတက္မလာမီတြင္ သြားေရာက္တိုက္ခိုက္ရန္ ဆုံးျဖတ္လိုက္သည္။
ထို႔ေၾကာင့္ ၁၇၃၇ ခုႏွစ္ ေအာက္တိုဘာလတြင္ ပုန္းတကာစား ရႏၲမိတ္ ကို ျမင္း ၅၀၊ စစ္သည္ ၅၀၀ ျဖင့္ တတပ္၊ ရဟိုင္းျမင္းတပ္မႉး ဘယေက်ာ္သူ ေခၚ ေပၚတူဂီဗိုလ္မႉး ပက္ဒ႐ိုဒီေဆးဗားကို ျမင္း ၁၀၀၊ စစ္သည္ ၁၀၀၀ ႏွင့္ ကသည္းတပ္မ်ားထံ ကင္းစမ္းခ်ီတက္ရန္ ေစလႊတ္ခဲ့သည္။
ထိုတပ္မ်ား ဒီပဲရင္းတို႔အေရာက္တြင္ တပ္မႉးႏွစ္ဉီးမွာ သေဘာထားကြဲလြဲၾကေတာ့သည္။
ပက္ဒ႐ိုဒီေဆးဗားက ဗဒုံၿမိဳ႕မွတဆင့္ ခ်င္းတြင္းျမစ္အေနာက္ဘက္သို႔ ေကြ႕ဝိုက္ကာ ကသည္းတို႔ တပ္တည္ရာေနာက္သို႔ ဝင္တိုက္မည္ဟု အဆိုျပဳသည္။
ပုန္းတကာစား ရႏၲမိတ္ကမူ ဗဒုံမွ ေကြ႕ဝိုက္မခ်ီတက္ပဲ ေျမာက္ဖက္သို႔ တည့္တည့္ခ်ီတက္မည္ဟု သာ ဆိုသည္။
ထို႔သို႔ျဖင့္ တပ္ႏွစ္တပ္မွာ ညႇိႏႈိင္မရေတာ့ပဲ တစ္လမ္းစီ ခ်ီတက္ၾကေတာ့သည္။
မိုင္းေညာင္သို႔ အေရာက္တြင္ ပုန္းတကာစား တပ္မွာ ကသည္းတပ္ဉီးႏွင့္ တည့္တည့္တိုးမိၿပီး အင္အားျခင္းမမွ်သျဖင့္ တပ္ပ်က္ေလေတာ့သည္။
ပက္ဒ႐ို၏ ရဟိုင္းတပ္မွာလည္း ခ်င္းတြင္းျမစ္အေနာက္ဘက္ နန္းသီးသို႔ ေရာက္ေသာအခါ ပုန္းတကာစားတပ္ကို လိုက္ဖိတိုက္ရန္ စစ္ကူလာသည့္ ကသည္းတပ္ႏွင့္ ရင္ဆိုင္မိၾကေတာ့၏။
ထိုပြဲတြင္ အင္းဝတပ္ႏွစ္တပ္လုံးမွာ တစ္စုတစည္းမခ်ီတက္မိသျဖင့္ အင္အားကြဲျပားကာ ကသည္းတို႔၏ ေခ်မႈန္းျခင္းကို ခံလိုက္ၾကရေတာ့သည္။
ထို႔ေၾကာင့္ မဟာဓမၼရာဇာဓိပတိသည္ ေနာက္ထပ္ ဆင္တပ္ ၅၀၊ ျမင္းတပ္ ၅၀၀၊ ေျခလ်င္ ၂၀၀၀ ပါဝင္ေသာ တပ္ႀကီးကို ဖြဲ႕ကာ ဒီဇင္ဘာလတြင္ ကသည္းတပ္တို႔အား ထပ္မံတိုက္ခိုက္ရန္ အမိန႔္ခ်လိုက္သည္။
ထိုစစ္ပြဲအတြက္ လက္ေအာက္ခံ ဟံသာဝတီအေနျဖင့္ ဆင္တပ္ ၁၀၊ ျမင္းသည္ ၁၀၀ ႏွင့္ ေျခလွ်င္စစ္သား ၅၀၀ ေပးရမည္ျဖစ္သည္။
ၿမိဳ႕ဝန္ဉီးသာေအာင္ ကလည္း ဟံသာဝတီလက္ေအာက္ခံေဒသမ်ားမွ သန္မာေသာ ေယာက္်ားေပါင္းမ်ားစြာကို အင္းဝစစ္ေရးအေၾကာင္းျပကာ စုေဆာင္းဆင့္ေခၚခဲ့သည္။
ထို႔ေၾကာင့္ ဟံသာဝတီတြင္ အနယ္နယ္အရပ္ရပ္မွ စစ္မႈထမ္းရန္ ဆင့္ဆိုထားသူမ်ား ႏွင့္ ရႈပ္ေထြးေနျခင္းျဖစ္သည္။
ဆင္ဝန္ဉီးေအာင္လွ ေနအိမ္တြင္ မူ သမီးႀကီးျဖစ္သူ သီရိ ႏွင့္ ဟံသာဝတီမွ မြန္စစ္ကဲအႏြယ္ျဖစ္ေသာ ႏိုင္ေစာျဗ တို႔၏ လက္ထပ္ပြဲအတြင္ ျပင္ဆင္ေနၾကၿပီျဖစ္သည္။
လြီဇာသည္ မဂၤလာပြဲတြင္ သီရိ၏ ၿခဳံပုဝါအျဖစ္ဝတ္ဆင္ရန္အတြက္ ျပင္သစ္မွ တင္ပို႔ေသာ သားေမႊးစကို ဆင္ဝန္ဉီးေအာင္လွအိမ္သို႔ လာေရာက္ကာ လက္ေဆာင္ေပးသည္။
“မမလြီဇာ..အဖက အေပၚထပ္ ေလသာေဆာင္ကို ခဏလာပါဉီးတဲ့”
လြီဇာက ေလသာေဆာင္သို႔ တက္လာလိုက္သည္။
ဆင္ဝန္ဉီးေအာင္လွသည္ ေလသာေဆာင္တြင္ မတ္တပ္ရပ္ကာ လမ္းေပၚတြင္ ရႈပ္ေထြးေနၾကေသာ စစ္မႈထမ္းအစုအဖြဲ႕မ်ားကို ၾကည့္ေနသည္။
လြီဇာက ဉီးေအာင္လွအနီးတြင္ မတ္တပ္ရပ္လိုက္သည္။
“စစ္က အင္းဝကို ေရာက္လာေတာ့မယ္..လုံမ”
“အင္း...ကြၽန္မလည္း သတင္းေတြၾကားပါတယ္”
“ဟံသာဝတီကို အင္းဝက စစ္သားဘယ္ေလာက္ဆင့္ဆိုတယ္ထင္လဲ”
“သန္လ်င္မွာ ျပင္သစ္ကုန္သည္ေတြ ေျပာတာေတာ့..ကြၽန္မၾကားခဲ့ပါတယ္...အင္အား ၅၀၀ နီးပါးတဲ့”
“အခု ျမင္ေနရတဲ့လူအုပ္ေတြက ငါးရာမကဘူး...ေထာင္နဲ႔ခ်ီေနတယ္...အဲ့ဒါကို မင္းသတိထားမိလား..လြီဇာ”
လြီဇာက မည္သည့္စကားမွ် မတုန႔္ျပန္။
“လက္်ာဗိုလ္ငါ့ကို ေျပာျပလို႔ တခါက ၿမိဳ႕ဝန္ဆီကလူေတြ...ျပင္သစ္သေဘၤာက်င္းမွာ မင္းနဲ႔ဆုံခဲ့တာကို ငါသိၿပီးၿပီ”
“ဟုတ္ကဲ့...ကြၽန္မလည္း မလိုအပ္ဘူးထင္လို႔..ဆင္ဝန္မင္းကို မေျပာတာပါ”
“အခု ဟံသာဝတီၿမိဳ႕ဝန္က ဆင့္ဆိုတဲ့အင္အားထက္ လူပိုစုေနတာ ထူးဆန္းတယ္လို႔ မင္းမထင္ဘူးလား”
“ဟုတ္တယ္ေနာ္”
“ၿမိဳ႕ဝန္လူေတြ လြန္ခဲ့တဲ့ႏွစ္က ျပင္သစ္သေဘၤာကိုယ္စားလွယ္ဆီေတြ႕ခဲ့တဲ့ကိစၥရယ္၊ အခု ကိစၥရယ္မွာ ကိုးသိန္းသခင္ဆီကို မင္း သြားေလွ်ာက္တင္သင့္ၿပီ”
“ရွင္..ကြၽန္မက...”
“ဟုတ္တယ္..အခု ၿမိဳ႕ဝန္က ငါ့ဆီက တိုက္ပြဲဝင္ ဆင္ေကာင္း ၂၀ နဲ႔ ဆင္ဉီးစီးေတြ ေတာင္းေနတယ္....သူ႔ဆီအပ္ဖို႔ေပါ့.အင္းဝက ဆင့္ဆိုတာ ဆင္ ၁၀ ပဲ...ဒီေတာ့ ငါသူ႔ကို ျငင္းလိုက္တယ္..ဆင္ဆယ္ေကာင္ပဲ ေပးဖို႔ရွိတယ္လို႔ ေျပာလိုက္တယ္..သူက ငါ့ကို ေက်နပ္ပုံမရဘူး”
“အဲ့ဒါနဲ႔ ကြၽန္မက အင္းဝကို သြားေပးရမွာလား”
“ငါက ဒီမွာ သီရိမဂၤလာပြဲလည္းရွိေသးတယ္..ၿပီးေတာ့ သမီးျဖစ္သူမဂၤလာပြဲရွိပါလ်က္က အင္းဝကို ထြက္သြားတယ္ဆို ၿမိဳ႕ဝန္အုပ္စုက ငါ့ကို သကၤာမကင္းျဖစ္ၾကမွာပဲ”
“ဒါဆိုလည္း ဆက္သားတစ္ေယာက္လႊတ္လိုက္ေပါ့”
“ၿမိဳ႕ဝန္က မိဖုရားေခါင္ႀကီးရဲ႕ဉီးရီးေတာ္ေနာ္....ဒီသတင္းကို မင္းရယ္ ငါရယ္ လက္်ာဗိုလ္ရယ္ကလြဲၿပီး တျခားသူေပါက္ၾကားလို႔မရဘူး..သိလို႔မရဘူး”
“ကြၽန္မ အဲ့ဒီကိစၥေတြနဲ႔ ေဝးေဝးေနလို႔မရဘူးလား”
“ဟံသာဝတီမွာ တစ္စုံတစ္ခုျဖစ္လာခဲ့တယ္ထား....ၿမိဳ႕ဝန္ဉီးသာေအာင္ရဲ႕ အင္အားကို ငါက ဘယ္လို ယွဥ္သာမွာလဲ..သူဓါးမိုးထားရင္ ငါက သူ႔ဘက္လိုက္ရမွာပဲ..ဒါေပမယ့္ အင္းဝက သူ႔ကိုႏွိမ္နင္းႏိုင္ရင္ ငါ့မိသားစုတစုလုံး မင္းျပစ္မင္းဒဏ္သင့္ႏိုင္တယ္..ဘာမွမဆိုင္တဲ့ ငါ့မယားနဲ႔ ငါ့သမီးေလးေတြကို အင္းဝဘုရင္က မီးရႈိ႕သတ္လိမ့္မယ္..မင္းလည္း ပါခ်င္ပါသြားႏိုင္တယ္..လြီဇာ...ဒီေတာ့ အင္းဝ ဆီက ယုံၾကည္မႈတစ္ခုကိုေတာ့ ငါတို႔ယူထားရလိမ့္မယ္...အထူးသျဖင့္ ကိုးသိန္းသခင္ရဲ႕ ယုံၾကည္မႈေပါ့”
လြီဇာက ျမင္ကြင္းေရွ႕မွ ဆူညံေနေသာ လူအုပ္ႀကီးကို ေငးကာ ေလးေလးနက္နက္စဥ္းစားေန၏။
“အင္းဝကို ကြၽန္မသြားဖို႔ အေၾကာင္းျပခ်က္ ရွာရဉီးမယ္..ႏို႔မဟုတ္ ကြၽန္မကိုလည္း သူတို႔ ေစာင့္ၾကည့္ေနၾကမွာအေသအခ်ာပဲ”
“အင္း..အဲ့ဒီအတြက္ အေၾကာင္းျပခ်က္က ရွိၿပီးသားပါ..လြီဇာ...မင္း..ရဟိုင္းျမင္းတပ္က ဗိုလ္မႉးပက္ဒ႐ိုကို သိတယ္မဟုတ္လား”
“သိတယ္ေလ..ကြၽန္မ ငယ္သူငယ္ခ်င္းပဲ”
“ကသည္းေတြနဲ႔ တိုက္ပြဲမွာ သူက်ဆုံးသြားၿပီ”
“ရွင္”
ခက္ေဇာ္
အခန္း(၂၆) သဘက္ခါ
ဥာဏ္ပညာျဖင့္ ေတာ္လွန္မယ္။ ခ်စ္ျခင္းတရားျဖင့္ တည္ေဆာက္မယ္။
Done🐬
ReplyDeleteDone 💪
ReplyDeleteDone 🤍
ReplyDeleteDone
ReplyDeleteokay
ReplyDeleteGood
ReplyDeleteအရင္၈ပိုင္းကzawgyiမပါေတာ့သိပ္အဆင္မေျပဘူး
ReplyDeleteDone
ReplyDelete