AVA 1740s (အပိုင်း ၉)
(Unicode)
AVA 1740s
အခန်း(၉)
...............................................
သန်လျင်။
၁၆ ရာစုမှ ၁၈ ရာစုအတွင်း အာရှပင်လယ်ရေကြောင်းခရီးသွားတိုင်းနှင့် ရင်းနှီးနေကြသောမြို့။
ချမ်းသာသော မွန်ဆိပ်ကမ်းမြို့ပြများ၊ စစ်အင်အားကြွယ်ဝသော ကုန်းတွင်းပိုင်း ဗမာမြို့ပြများ နှင့် ကုန်စည်ဖလှယ်ရာတွင် အဓိကကျသော ကုန်သည်မြို့။
ခေတ်အဆက်ဆက် နယ်မြေလုတိုက်ပွဲပေါင်းများစွာ အသက်ပေါင်းများစွာဖြင့် သွေးစက်များစိမ့်စီးနေသည့်ခံတပ်မြို့။
လွီဇာသည် မြင်းပေါ်တွင် ထိုင်လျက် ထိုမြို့ကို ငေးသည်။
အပေါ်ပိုင်းက အင်းဝမြို့သူတို့ဝတ်လေ့ရှိသည့် အပေါ်ပိုင်းတွင် ကတ္တီပါရင်စီသိုရင်း နှင့် အောက်ပိုင်းတွင် ဇင်းမယ်သူတို့ ပုံစံ ထမီကို ကတောင်းကျိုက်ထားသည့် အနောက်တိုင်းမျက်နှာပေါက်နှင့် အမျိုးသမီးကို သန်လျင်မြို့မှ ဒေသခံများနှင့် နိုင်ငံခြားသားအချို့ကလည်း အာရုံစိုက်မိကြသည်။
လွီဇာသည် မြင်းစီးခြင်းကို တပတ်ခန့် သင်ယူခဲ့ရသည်။
အစပိုင်းတွင် ဗလာထမီနှင့်မို့ မြင်းပေါ်တက်ရာတွင် ပေါင်ရင်းအထိ ပေါ်နေသည့် ပြဿနာက ရှိနေ၏။
ထိုပြဿနာကို ဇင်းမယ်အနွယ်ဖြစ်သော အောက်မားဝန်ဦးအောင်လှက အလွယ်တကူပင် ဖြေရှင်းပေးလိုက်သည်။
ဇင်းမယ်သူတို့ ဝတ်သည့်ပုံစံအတိုင်း စက်နားကွပ်တကျွန်းထမီကို ကတောင်းကျိုက်လိုက်သောအခါ ပေါင်တံများ မပေါ်တော့ပေ။
“ဘာနာဘိုက်ရောမကက်သလစ်ဘုန်းတော်ကြီးကျောင်း” ဟု အမည်ရေးထိုးထားသည့် ဘုရားရှိခိုးကျောင်းရှေ့တွင် လက်ျာဗိုလ်က မြင်းကို ရပ်လိုက်ပြီး နောက်မှ လိုက်လာသည့် လွီဇာကို စောင့်လိုက်သည်။
“ဒါ..အမိတည်းမယ်ဆိုတဲ့.... ခင်ကြီးဂါလီဇီ ကျောင်းပဲ...မြင်းကိုတော့ ကျုပ်ပြန်ယူသွားမယ်..ဒီမှာ ကျုပ် နောက်လဆန်းအထိ ရှိပါလိမ့်ဦးမယ်..အမိ ဟံသာဝတီကို ပြန်တော့မယ်ဆို မြို့ပြင်သစ်တပ်မှာ ကျုပ်ရှိတယ်..အခါမရွေးလာပြောပါ..သံလျင်နဲ့ ဟံသာဝတီကြား လှေကြုံတွေရှိပါတယ်”
လွီဇာက မြင်းပေါ်မှာ ဆင်းရန် ကြိုးစားသည်။
သို့သော်ငြား သူမမှာ မြင်းစီတတ်ခါစဖြစ်သဖြင့် အခက်တွေ့နေ၏။
လက်ျာဗိုလ်က မြင်းပေါ်မှ ခက်ပြုံးပြုံးကြည့်နေသည်။
“လှေအဆင်း မြင်းအတက် ခက်တယ်လို့သာပြောကြတာ..အမိကျမှ မြင်းအဆင်း မှာ ခက်နေပါ့လား..ဘယ့်နှယ့်တုန်း..ကျုပ်လာကူရမလား”
“ရတယ်..ကျွန်မဘာသာ ရအောင်ဆင်းမယ်”
“ဘုတ်”
လွီဇာ က မြင်းပေါ်မှ ဆင်းရန်ကြိုးစားစဥ် ခြေနင်းကွင်းနှင့် ငြိကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။
လက်ျာဗိုလ်၏ စစ်သည်တစ်ဦးက မြင်းပေါ်မှ ပြေးဆင်းလာပြီး ဆွဲထူသည်။
ပါလာသည့် အထုတ်အပိုးတစ်ချို့ကို မြင်းပေါ်မှ ချပေးသည်။
ထိုအချိန်တွင် ဘုရားကျောင်းဝန်းထဲမှ အသက် (၃၀)ဝန်းကျင်သာရှိဦးမည့် ကက်သလစ်ဘုန်းကြီးငယ်တစ်ပါးထွက်လာသည်။
ဘုန်းကြီးငယ်မှာ အသားဖြူဖြူတွင် မုတ်ဆိတ်ကြင်စွယ်များကိုရိပ်ထားသဖြင့် မျက်နှာက စိမ်းဖန့်နေသည်။
“ဘာကိစ္စတွေများ အချင်းဖြစ်နေကြပါသလဲ...လုလင်ကြီး”
ဘုန်းကြီးငယ်၏ အဆီအငေါ့မတည့်သည့် ဗမာစကားကို လက်ျာဗိုလ်က မြင်းပေါ်မှ ခပ်ပြုံးပြုံးဖြင့် နားထောင်ကာ သဘောကျနေသည်။
“ဒီမယ်..ခင်ကြီးတို့ ကျောင်းကို ဧည့်သည့်လာလို့..လာပို့ပေးတာ..ကျူပ် ဟံသာဝတီ မြို့စောင့်တပ်မှူး လက်ျာဗိုလ်ပါ”
ဘုန်းကြီးငယ်က လက်ျာဗိုလ်ကို ပြုံးပြသည်။
လွီဇာက ခြေထောက်ထော့နင်းဖြင့် ဘုရားကျောင်းဝန်းထဲသို့ လှမ်းကြည့်လိုက်သည်။
“ဖာသာဂါလီဇီယာ..ဆီလာတာပါ..အင်းဝကပါ”
လှီဇာက ဗမာလိုပီပီသသ။
“သြော်...ဖာသာ..ဘုရားကျောင်းထဲမှ ဖြစ်ပါတယ်..ကျွန်တော်..ဖာသာပေါ်လိုနာရာနီ လို့ နာမည်ခေါ်ပါတယ်”
အီတလီဘုန်းကြီးက မြန်မာစကားကို ကျွမ်းကျင်သေးပုံမပေါ်လှ။
လွီဇာလက်ထဲမှ အထုပ်အပိုးများကို ကူဆွဲပေးရန် လက်ကမ်းလိုက်သည်။
“ထမီတွေပါတယ်..ကျွန်မဟာကျွန်မသယ်ခဲ့ပါ့မယ်’
“ထမီ..ဘာလဲ..ထမီတွေက”
“အမျိုးသမီးတွေဝတ်တဲ့ ဂါဝန်လိုဟာကိုပြောတာပါ..ဖာသာ...ကျုပ်တို့ အယူအဆအရတော့ အမျိုးသမီးဝတ်တွေ သယ်ပေးရင် ဘုန်းနိမ့်တတ်တယ်လို့ ယူဆကြတာပါ”
လက်ျာဗိုလ်က ခပ်ပြုံးပြုံးဖြင့် ဝင်ပြောလိုက်သည်။
“ကျွန်တော် ဗမာစကား သိပ်မသိသေးလို့ပါ...ကျွန်တော့်နာမည် ပေါ်လိုနာရေနီ လို့ ခေါ်ပါတယ်....အီတလီဗာတီကန်စီးတီး ကနေ ရောက်နေတာ ဖြစ်ပါတယ်..တွေ့ရတာ.ဝမ်းမြောက်ခြင်း အများကြီးရှိပါတယ်..လုလင်ကြီး”
“လုလင်ကြီးတဲ့လား...ကောင်းပါ့ဗျာ..ဟား..ဟား”
လက်ျာဗိုလ်က ဟက်ဟက်ပက်ပက်ရယ်လိုက်သည်။
ဖာသာနာရာနီကလည်း ဘုမသိဘမသိဖြင့်လိုက်ရယ်၏။
ဖာသာနာရာနီ နှင့် လက်ျာဗိုလ် တို့က မြင်းပေါ်နှင့် မြေပေါ် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လျက် သဘောတကျရယ်မောနေကြသည်ကို လွီဇာက မျက်မှောင်ကြုံ့လျက် ကြည့်လိုက်သည်။
“ဖာသာဂါလီဇီယာအထဲမှာလား..ကျွန်မ ဖာသာ ဝင်သွားရမှာလား”
လွီဇာ အသံက ကျယ်သွားသဖြင့် ဖာသာနာရာနီ က သတိဝင်သွားသည်။
“အထဲမှာပါဖြစ်ပါတယ်..လိုက်ပို့ပါ့မယ်..သြော်..ကျွန်တော်..သွားရပါဦးမယ်...လုလင်ကြီး”
လက်ျာဗိုလ်က လွီဇာနှင့် ဖာသာနာရာနီတို့ကို နှုတ်ဆက်ပြီး ထွက်ခွာသွားသည်။ ဖာသာနာရာနီက လက်ျာဗိုလ်၏ နောက်ကျောကို သမင်လည်ပြန်ကြည့်ကာ ပြုံးလိုက်သည်။
ဘုရားကျောင်းအနောက်ဘက်ရှိ အဆောက်အဦးသို့ ရောက်သောအခါ သစ်သားစင်တစ်ခုကို လွှဖြင့် ဖြတ်တောက်နေသော အသက် ၆၀ ခန့် ဘုန်းတော်ကြီးတစ်ဦးကို တွေ့ရပြန်သည်။
“ဖာသာဂါလီဇီယာ..အင်းဝက အမျိုးသမီးတစ်ယောက်လာပါတယ်”
အီတလီဘာသာစကားဖြင့် ပြောလိုက်ခြင်းဖြစ်သည်။
ဖာသာဂါလီဇီယာကို လွှကို ချကာ လွီဇာထံ ထလာသည်။
လွီဇာက သူ့တွင်ပါလာသော စာကို ကမ်းပေးလိုက်၏။
ဖာသာဂါလီဇီယာက စာကို ဖတ်လိုက်သည်။
ထို့နောက် ပီသလှသည့် ဗမာစကားဖြင့်...
“ဖာသာမန်းဒန်ဇ်တစ်ယောက် နေကောင်းပါရဲ့လား..မစ်လွီဇာဒီမဲလိုး”
“ကောင်းပါတယ်..ဖာသာ”
“ကျုပ်ကျောင်းမှာ သီလရှင်အတွက်ရည်စူးပြီး ဆောက်ထားတဲ့အဆောင်သီးသန့် ရှိနေတော့ မင်းတည်းခိုလို့ အဆင်ပြေပါလိမ့်မယ်...ဟော့ဒီက ဖာသာနာရာနီ က လိုက်ပို့ပေးပါလိမ့်မယ်...သူ့ကို ကျုပ် ဗာတီကန်ကအပြန် ခေါ်လာတာဆိုတော့ ဒီရောက်တာ လေးငါးလပဲရှိပါဦးမယ်..ဗမာစကားတော့ သိပ်အဆင်မပြေသေးတာ ခွင့်လွှတ်ပါ...မစ်လွီဇာ..ခရီးပန်းလာတော့ နားလိုက်ပါဦး...လာရင်းကိစ္စနဲ့ ပတ်သက်လို့တော့ ညနေ ဝတ်ပြုချိန်ပြီးမှ ဆွေးနွေးကြတောပေါ့”
လွီဇာက ပြုံးပြလိုက်သည်။
...................................................................................
“အင်း..ပထမကိစ္စကတော့ မင်းပြောတဲ့ အင်္ဂလိပ်ကုန်တိုက်ဆိုတာ သံလျင်မှာ မရှိတာကြာပါပြီကော...မရှိပါဘူး..ဥရောပက အရက်တွေမှာချင်တယ်ဆိုရင်တော့ ပြင်သစ်အရှေ့အိန္ဒိယကုမ္ပဏီက သင်္ဘောကျင်းတစ်ခု သံလျင်မှာရှိတယ်...သူတို့ဆီ ပွန်ဒီချယ်ရီက ပြင်သစ်ကုန်သည်တွေအမြဲကူးသန်းနေကြတာပဲ...သင်္ဘောကျင်းကိုယ်စားလှယ် မွန်ဆီယာရာဖေး က ကျုပ်ကျောင်းကို ဝင်ထွက်နေတာမို့...သူနဲ့ ချိတ်ဆက်ပေးဖို့ ကျုပ်ကူညီနိုင်ပါတယ်”
ဝတ်ပြုချိန်ပြီးသွားပြီးနောက် ဘုရားရှိခိုးကျောင်းခန်းမအတွင်းတွင် ဖာသာဂါလီဇီယာနှင့် လွီဇာတို့ နှစ်ဦးသာ ကျန်ရစ်ကြသည်။
“ကျွန်မက အင်းဝနန်းတွင်းနဲ့ အကြီးအကျယ်ကုန်သွယ်ရမယ့်ကိစ္စမို့ သူ့အတွက်လည်း အကျိုးများနိုင်မှာပါ”
ဖာသာဂါလီဇီယာက ခုံတန်းများပေါ်ရှိ ဓမ္မသီချင်းသံပုံစာအုပ်များကို လိုက်သိမ်းနေသည်။
လွီဇာက ဒုတိမြောက်ခုံတန်းတွင်ထိုင်လျက် မယ်တော်မာရီ၏ ပုံတူရုပ်ထုကို ကြည့်ကာ စကားပြောနေခြင်းဖြစ်သည်။
“ဒုတိယကိစ္စ..အဲ့ဒါကတော့..မင်းနဲ့ ဖာသာမန်းဒက်ဇ်တို့ရဲ့ စိတ်ကူးယဥ်သက်သက်ကိစ္စပဲ...မစ်လွီဇာ”
လွီဇာက ထိုင်နေရာမှ မတ်တပ်ရပ်ကာ သူ့နောက်တွင် တကုပ်ကုပ်ဖြင့် အလုပ်ရှုပ်နေသော ဖာသာဂါလီဇီယာအနားသို့ လှမ်းလျှောက်သွားသည်။
“ဘယ်လို ပြောလိုက်တာလဲ..ဖာသာ...ဒီမြေဟာ ကျွန်မတို့ မြေမဟုတ်ဘူး...ကျွန်မတို့ဟာ ဒီမြေရဲ့ ဧည့်သည်တွေ...ကျွန်မတို့နေရာကို ကျွန်မတို့ ပြန်ကြဖို့ ကြံစည်တာ စိတ်ကူးယဥ်တာတဲ့လား”
“မင်းတို့ဟာ ဒီမြေမှာမွေးတာ..ဖာသာမန်းဒက်ဇ်ကိုလည်း ဒီမြေမှာပဲ မွေးတာ...ပြီးတော့ မင်းတို့ဟာ အင်းဝဘုရင်ရဲ့ ကျွန်တွေပဲ... ဒီမြေဟာ မင်းတို့မြေပဲ..ပေါ်တူဂီဟာ မင်းတို့နဲ့ မဆိုင်တော့တာ ရာစုနှစ်တစ်ခုရှိခဲ့ပြီမဟုတ်လား”
“ဟုတ်တယ်..ကျွန်မတို့ဟာ အင်းဝဘုရင်ရဲ့ ကျွန်တွေ..ဒါပေမယ့်..ကျွန်မတို့ရဲ့ အမိမြေဟာ အင်းဝမဟုတ်ဘူး....ပေါ်တူဂီပဲ..လစ္စဘွန်းမြို့တော်ပဲ..ကျွန်မတို့အဲ့ဒီကို ရအောင်ပြန်မယ်...ကျွန်မလူတွေကို ကျွန်မဦးဆောင်ပြီး ကျွန်မတို့ဘိုးဘေးတွေရဲ့ မွေးရပ်မြေကို ပြန်ခေါ်သွားမယ်...တမန်တော်မိုးဇက်ဟာ အီဂျစ်က သူ့လူမျိုးကျွန်တွေကို ဣသရေလပြည်ကို ပြန်ခေါ်လာဖို့ ဘုရားက ခွင့်ပြုခဲ့တယ်မဟုတ်လား....ဒါ အမှန်တရားပဲ...ကျွန်မလည်း ကျွန်မလူမျိုးတွေကို ကျွန်မတို့ အမိမြေဆီ ပြန်ခေါ်သွားမယ်..ဖာသာ....ရှင် ဂိုအာမှာလုပ်တဲ့ ဘာနာဘိုက်အသင်းတော်ညီလာခံကိုသွားတဲ့ခရီးမှာ ကျွန်မတို့ဆီက သဝဏ်လွှာကို ပေါ်တူဂီဘုရင်ခံမင်းမြတ်ဆီ ယူသွားပေးပါ....ဒါလေးပဲ ရှင်ကူညီရမှာပါ..ဖာသာ..ဒါလေးပါပဲ”
ဖာသာဂါလီဇီယာက ခုံတန်းလျားတစ်ခုပေါ်တွင် ထိုင်ချလိုက်သည်။
ထို့နောက် လွီဇာ၏ မျက်လုံးများကို သေချာစိုက်ကြည့်လိုက်၏။
“ကဲ..ဟုတ်ပါပြီ...ဒါဆို မင်းဦးဆောင်မယ်ဆိုတဲ့လူတွေကရော..မင်းနောက်ကို တကယ်လိုက်မယ်လို့ မင်းယုံကြည်တာလား... ဒီမျိုးဆက်သုံးဆက်လောက်အတွင်းမှာ အင်းဝဟာ သူတို့ရေ သူတို့မြေဖြစ်နေပြီလို့ ခံယူထားတဲ့ ပေါ်တူဂီတွေ အများကြီးရှိနေမှာပါပဲ...နောက်ပြီးတော့ မင်းတို့သွားချင်ပါတယ်ဆိုတဲ့ ပေါ်တူဂီမြေက ပေါ်တူဂီတွေကရော...မင်းတို့ကို သူတို့လူမျိုးပါလို့ လက်ခံပါတော့မလား... မင်းပုံစံကိုပဲ ဥပမာကြည့်ပါဦး...ရုပ်ရည်တစ်ခုပဲ မင်းမှာ ပေါ်တူဂီလို့ ပြောလို့ရတော့တယ်...မင်းဝတ်စားပုံ၊ မင်းစကားပြောဟန်တွေက အင်းဝသူ တစ်ယောက်ပဲ... မင်းတို့ ဒီပုံစံနဲ့ ပေါ်တူဂီမြေကို ပြန်တော့ရော...သူတို့က မင်းတို့ကို နိုင်ငံခြားသားလို့ပဲ သတ်မှတ်မှာ..စဥ်းစားမိရဲ့လား”
လွီဇာ တိတ်ဆိတ်သွားသည်။
“ဒါဆို ဖာသာက ကျွန်မတို့ကို မကူညီနိုင်ဘူးပေါ့”
“ကျုပ်တောင်းပန်ပါတယ်..ကျုပ်တို့ဟာ သာသနာပြုတွေပါ...ဒီမြေမှာ သာသနာပြုဖို့ဆိုတာ အင်းဝဘုရင်ရဲ့ ခွင့်ပြုချက်နဲ့ လုပ်နေကြရတာပါ..အင်းဝဘုရင်ကို ဆန့်ကျင်တဲ့ ဒီလိုအမှုမျိုးဆိုတာ ကျုပ် အသက်သေသွားနိုင်တယ်..ကျုပ်အသက်ထက်..သာသနာပြုလုပ်ငန်းတွေ ကမောက်ကမဖြစ်ကုန်မှာကို ပိုစိုးရိမ်ပါတယ်..မစ်လွီဇာ..ခင်ဗျား ဒီသန်လျင်မှာ စီးပွားရေးကိစ္စသက်သက် လာလုပ်တယ်ဆို ကျုပ် အတတ်နိုင်ဆုံး ကူညီပေးနိုင်ပါတယ်....ကျုပ်ကျောင်းမှာလည်း စိတ်ကြိုက်ဝင်ထွက်နေနိုင်ပါတယ်”
ဖာသာဂါလီဇီယာက ဘုရားကျောင်းတံခါးဝဆီသို့ ထွက်ခွာသွားသည်။ တံခါးဝအရောက်တွင် လွီဇာ ဘက်သို့ ပြန်လှည့်လိုက်ပြီး...
“သြော်..မနက်ဖြန်.. ပြင်သစ်သင်္ဘောကျင်းကိုယ်စားလှယ်ရုံးခန်းကို သွားချင်တယ်ဆိုရင်တော့ဖြင့် ကျုပ်ကိုယ်တိုင် လိုက်ပို့ပေးပါ့မယ်....ခင်ဗျားပြောတဲ့ ကိစ္စအတွက်တော့ ကျုပ်မကူညီပေးနိုင်တာ..ခွင့်လွှတ်ပါ”
...............................................................................................................................................
“ခင်ဗျားတို့ ပြောတဲ့ ကိစ္စအတွက် ကျုပ် မကူညီပေးနိုင်တာ..ခွင့်လွှတ်ပါ”
“သင်္ဘောနှစ်စင်းနဲ့ သေနတ်အလက် နှစ်ရာလောက်ဆိုရင်ရော..ဖြစ်နိုင်မလား..ရာဖေး”
“ဘုရင်ခံချုပ်က ဒီကိစ္စကို စိတ်မဝင်စားဖူးလို့ အတိအလင်းပြောလိုက်တာပါ...ကျုပ်လည်း ဘာမှ မတတ်နိုင်ပါဘူးလို့..ခင်ဗျားတို့မြို့ဝန်မင်းကို ပြောလိုက်ပါ...ကျုပ်မှာ စီးပွားရေးကိစ္စတစ်ခုအတွက် အင်းဝက ကုန်သည်နဲ့ ချိန်းထားတာရှိလို့..ခဏနေ သူတို့ လာကြတော့မှာ..ခင်ဗျားကို ကျုပ်ရုံးမှာ သူတို့တွေ့သွားခဲ့လို့ အင်းဝကို ဒီသတင်းရောက်သွားရင် ကျုပ်အတွက် မကောင်းနိုင်ပါဘူး..ပြန်ကြပါ”
ပြင်သစ်သင်္ဘောကျင်းကိုယ်စားလှယ်မွန်စီရာရာဖေး ရှေ့တွင် ထိုင်နေသော လူနှစ်ဦးက မကျေမနပ်ဖြင့် ထပြန်ရန် ပြင်လိုက်ကြသည်။
မွန်စီရာရာဖေး က သူတို့နှစ်ဦးအား အခန်းတံခါးဝထိ လိုက်ပို့သည်။
ထိုသူနှစ်ဦးက မကျေမနပ်ဖြင့် ဗမာစကားဖြင့် အချင်ချင်းဆဲရေးပြောဆိုကာ ထွက်လာကြ၏။
အခန်းဝတွင် ထိုင်လျက်စောင့်နေသော လွီဇာ နှင့် ဖာသာဂါလီဇီယာတို့ကို တချက်ကြည့်လိုက်သည်။
ထိုနေ့တွင် လွီဇာက ပေါ်တူဂီပုံစံဂါဝန်ဝတ်ထားသဖြင့် အင်းဝမှ လာသည့်သူများဟု မထင်ပဲ အီတလီဘုန်းတော်ကြီးနှင့် ပြင်သစ်မတစ်ဦး ဟုသာ ထင်သွားကြသည်။
လွီဇာကက အပြင်ဘက်မှ နေပြီး သူတို့အချင်းချင်း ပြင်သစ်ဘာသာဖြင့် ပြောနေကြသည့် စကားများကို တချိန်လုံး နားစွင့်နေခဲ့သည်ကို သူတို့သတိမထားမိခဲ့ကြ။
ဖာသာဂါလီဇီယာ ကမူ ပြင်သစ်စကားမတတ်သဖြင့် ဘာမှ မသိ။
သို့သော်...ထွက်ခွာသွားသည့် နှစ်ဦးကိုမူ ဖာသာဂါလီဇီယာက ကောင်းကောင်းသိနေသည်။
“အဲ့ဒါ....ဟံသာဝတီမြို့ဝန်ဦးသာအောင် ရဲ့ ယောက်ဖ ပဲ....ပြင်သစ်တွေနဲ့ ဘာများ လုပ်နေကြပါလိမ့်”
ထိုအချိန်တွင် မွန်စီယာရာဖေး၏ မင်းစေ လူငယ်က သူတို့ရှေ့ရောက်လာသည်။
“မွန်စီယာရာဖေး က တွေ့လို့ ရပါပြီတဲ့..ဖာသာ”
.......................................................................................
၁၇၃၄ ဇွန်လ။
မဏိပူရ ၊ ကန်ကလာနန်းတော်။
ဗိဿနိုးဂိုဏ်းဝင်ပရောဟိတ်ကြီး မဟာပရဘူဘွဲ့ခံ သျှန္တီဒါသ နှင့် ဟိန္ဒူပူဂျာရီဘုန်းတော်ကြီးများသည် နန်းတော်မှ ပြန်လည်ကြွချီသွားကြပြီဖြစ်သည်။
ဘုရင်ဂါရဇ်နာဝပ် သည် သူ့ရှေ့တွင် ခစားနေသော သားတော်နှစ်ပါး၏ အဖြေကို စောင့်စားနေသည်။
“ဘာသာရေးကိစ္စတစ်ခုတည်းနဲ့ အင်းဝ လိုမျိုး လက်နက်နိုင်ငံဆီ ချီတက်တာဟာ..အန္တရာယ်များလှပါတယ်..ခမည်းတော်...ဒီကိစ္စကိုတော့သားတော် ကန့်ကွက်ပါတယ်”
အိမ်ရှေ့ဥပရာဇာအဖြစ် လျာထားသည့် မင်သားသျှမ်သျှား ဆီမှ အသံထွက်လာသည်။
ဂါရဇ်နာဝပ် က သျှမ်သျှားကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်၏။
ဘင်္ဂလားမှ သူတော်စဥ်ပညာရှိပရောဟိတ်ကြီးဖြစ်သော မဟာပရဘူ သျှန္တီဒါသ သည် မဏိပူရပြည်သို့ ကြွချီ သာသနာပြုခဲ့သည်မှာ ကြာခဲ့ပြီ။
ဘုရင်ဂါရဇ်နာဝပ် ကိုယ်တိုင်လည်း ရိုးရာနတ်ကိုးကွယ်မှုများကို ပယ်ရှားဘူး မဟာပရဘူ ညွှန်ပြသည့် ဗြိဿနိုးဘုရားသခင်ကိုးကွယ်မှုနှင့် ဟိန္ဒူဓလေ့ထုံးတမ်းများကို လက်ခံကျင့်သုံးခဲ့သည်မှာ နန်းတက်စကပင်ဖြစ်သည်။
သို့သော်..အိမ်ရှေ့စံအဖြစ် တင်မြှောက်ထားသည့် မင်းသားသျှမ်သျှား သည် ဟိန္ဒူဓလေ့များကို မကျင့်သုံးပဲ မဏိပူရ၏ ရိုးရာဓလေ့များကိုသာ လေ့လာလိုက်စားခဲ့သည်။
ဗြိဿနိုးကိုးကွယ်မှုကိုလည်း သာမန်ဝတ်ကြေတန်းကြေသာ သဘောထားခဲ့ကြောင့် ဂါရဇ်နာဝပ် သိထားပြီးဖြစ်သည်။
မဟာပရဘူက ဟိန္ဒူဓလေ့ထုံးတမ်းအရ မြစ်ရေသောက်ချိုးခြင်းတွင် ဂင်္ဂါမြစ်ရေအစား ဧရာဝတီမြစ်ရေကို သောက်ချိုးပါက အပြစ်များသန့်ရှင်းစင်ကြယ်ပြီး စစ်ပွဲများကို အောင်မြင်သော မင်းဖြစ်မည်ဟု လမ်းပြခဲ့သည်။
ယခုတကြိမ်လည်း မင်းသားသျှန်သျှားသည် ခမည်းတော်ကို အတိုက်အခံလျှောက်တင်နေပြီဖြစ်၏။
ဂါရစ်နာဝဇ်၏ မိဘုရားကြီးတွင် သားတော်များမထွန်းကားခဲ့။
ထို့ကြောင့် မိဘုရားငယ်များမှ မွေးသည့်သားတော်များအနက်မှ သူအချစ်ဆုံးမိဘုရား စိတ္တမာလာမှ မွေးသော မင်းသားသျှန်သျှားကို အိမ်ရှေ့အရာထားရန် ဆုံးဖြတ်ခဲ့သည်။
ဂါရစ်နာဝဇ်ကား ယခုအခါ သူ၏ ဆုံးဖြတ်ချက်မှားခဲ့ပြီလားဟုပင် တွေးနေပြီဖြစ်သည်။
“လက်ရှိ အင်းဝဘုရင်ဟာ အနုပညာ ဂီတ အပျော်အပါးနဲ့သာ အချိန်ကုန်နေပါတယ်လို့...စစ်ကိုင်းမှာရှိတဲ့ အထောက်တော်များက သတင်းစကားကြားရပါတယ်...နန်းတွင်းအုပ်စုကွဲတွေနဲ့အတူ အင်းဝနဲ့ ဝေးတဲ့ ကျေးစွန်နယ်တချို့မှာ ဘုရင်က မြှောက်စားထားတဲ့သူတွေဟာ ရွှေထီးဆောင်းပြီး ဓါးပြတိုက်သည်အထိ ဆိုးရွားလာနေပြီလို့ သိရပါတယ်..ဗုဒ္ဓဘာသာအယူကို ယူကြသော်လည်း အတင်ဂိုဏ်း၊ အရုံဂိုဏ်းစတဲ့ဂိုဏ်းတွေကွဲပြား...ရှင်ဘုရင်ကိုးကွယ်တဲ့ ရဟန်းကြီးများကလည်း သေရည်သောက်စားသည်အထိ ပျက်စီးခြင်းမက ပျက်စီးနေကြပါသည်တဲ့..အခုချိန်မှာ မဏိပူရနိုင်ငံဟာ စစ်လက်နက်အင်အားရော၊ စစ်မှန်သည့် ဗြိဿနိုးအယူဝါဒပါ ထွန်းကားနေပြီမို့....ဧရာဝတီမြစ်ရေကို သောက်ချိုးရင်း...အင်းဝနိုင်ငံကိုစစ်မှန်သော ဗြဟ္မဏသာသနာ ရောင်ဝါထွန်းလင်းစေချင်းငှာ စစ်ချီသင့်ပြီဟု သားတော် က တော့ ယူဆပါတယ်”
မင်းသား ဆန်ဂျေး ဟု အများကခေါ်ကြသည့် မင်းသားဆန်ဂျေးခူရာလက်ပ ၏ အသံက ခပ်မာမာ။
ထိုအသံခပ်မာမာက မင်းသားသျှမ်သျှားကြောင့် ညစ်နွမ်းနေသော ဘုရင်နာဝဇ် ၏ စိတ်ကို အရောင်တဖိတ်ဖိတ်လက်ထလာစေသည်။
မင်းသားဆန်ဂျေးသည် မိဖုရားငယ်တစ်ပါးမှ မွေးခဲ့သော်လည်း ဘုရင်နာဝဇ် ၏ အကြီးဆုံးသားဖြစ်သည်။
ဟိန္ဒူအယူဝါဒကို သက်ဝင်ယုံကြည်သူဖြစ်ပြီး စစ်မက်ရေးရာတွင်လည်း တက်ကြွသူတစ်ဦးဖြစ်၏။
သို့သော်ငြား အိမ်ရှေ့စံအဖြစ် ကို နေရာမရခဲ့။
အိမ်ရှေ့စံမင်းသားသျှမ်သျှားက ရှေ့ဆုံးတွင် ဝပ်တွားနေရာမှ ခပ်လှမ်းလှမ်းရှိ မင်းသားဆန်ဂျေးကို လှမ်းကြည့်လိုက်သည်။
မင်းသားဆန်ဂျေးက နန်းကြမ်းပြင်ကိုသာ စိုက်ကြည့်နေ၏။
“အင်းဝသားတွေက ငါတို့ မဏိပူရကို ပဏ္ဏာဆက်နိုင်ငံသာသာသဘောထားတဲ့ ကိစ္စကို ဆုံးခန်းတိုင်သင့်ပြီ..အင်းဝလည်း နိုင်ငံတော်၊ မဏိပူရလည်း နိုင်ငံတော်..နိုင်ငံတော်အချင်းချင်း ရှင်ဘုရင်အချင်းချင်းဆက်ဆံရေးမျိုးဖြစ်ရန် အချိန်ကျပြီ...ယခင်က ငါတို့ဟာ စစ်ရေးစစ်ရာမှာ အားနည်းခဲ့လို့ ငါ့ခမည်းတော်ဟာ ငါ့နှမတော်ကို အင်းဝဘုရင်ထံ ပဏ္ဏာဆက်ခဲ့ရတယ်... ငါ့နှမတော်လေးဟာ အသက် ကိုးနှစ်သမီးမှာ တိုင်းတပါးကို ရောက်ရရှာတယ်....ဒါတွေ ငါ့လက်ထက်မှာ အဆုံးသတ်ချိန်တန်ခဲ့ပြီ..ငါ့နှမတော်ကိုလည်း မဏိပူရပြည်ကြီးဆီ ပြန်ခေါ်ဖို့ အချိန်ကျပြီ....အရေးအကြီးဆုံးကတော့ အိမ်နီးချင်း အင်းဝနိုင်ငံတော်မှာ စစ်မှန်သောဗြဟ္မဏဝါဒထွန်းကားဖို့ရာ သာသနာပြုမင်းအဖြစ် ငါ့မှာ တာဝန်ရှိလာခဲ့ပြီ..ဒါကြောင့်..အင်းဝကို ဒီတမိုးကုန်တာနဲ့ စစ်ချီပြီး မဏိပူရမင်းမြတ် ဂါရစ်နာဝဇ်ပန်ဟေဘာ ရဲ့ လက်ရုံးကို ဆန့်တန်းဖို့ ငါ ဆုံးဖြတ်လိုက်ပြီ”
ဘုရင်နာဝဇ် ၏ အမိန့်အဆုံးတွင် သျှမ်သျှားက တစ်စုံတစ်ခု ပြောရန် ဟန်ပြင်လိုက်သည်။
သို့သော် ဘုရင်နာဝဇ်က သျှမ်သျှားကို ပြောခွင့်မပေး။
“အင်းဝကို စစ်ချီရာမှာ ငါ့သားတော်ကြီး မင်းသားဆန်ဂျေး ကို ဗိုလ်ချုပ်ခန့်အပ်ပြီး ငါ့လက်ရုံးအဖြစ် လိုက်ပါစေမယ်..ရှေ့ပြေးတပ်အဖြစ် ဗိုလ်မှူးချန်ဒရာဆင်း တတပ်..၊ အိမ်ရှေ့စံက နန်းစောင့်အဖြစ် တာဝန်ယူကျန်ခဲ့စေ”
မဏိပူရပြည်သည် ယခင်က ပြည်တွင်းရေးရှုပ်ထွေးသော တိုင်းပြည်ငယ်ဖြစ်ခဲ့သည်။
ဂါရစ်နာဝဇ်၏ ဖခင် ပီတန်ဘားဘုရင် လက်ထက်တွင် အင်းဝဘုရင် စနေမင်းအား အသက် (၉)နှစ်အရွယ် သမီးတော်ဆက်သခဲ့ရဖူးသည်။
ဂါရဇ်နာဝဇ်၏ နှမတော်ဖြစ်သော မဏိပူရမင်းသမီးလေး နီလာခမ်း ကို စနေမင်းက သားတော်အိမ်ရှေ့စံ တနင်္ဂနွေမင်း၏ အိမ်ရှေ့မိဖုရားငယ်အဖြစ် လက်ထပ်ပေးခဲ့၏။
ဘုရင်ဂါရစ်နာဝဇ်လက်ထက်တွင်မူ စည်းရုံးရေးကောင်းမွန်မှုကြောင့်နိုင်ငံရေးတည်ငြိမ်ပြီး စစ်အင်အား တိုးတက်လာသည်။
ယခုတော့ ဂါရစ်နာဝဇ်သည် တချိန်က ခစားဝပ်တွားခဲ့ရသော အင်းဝနန်းတော်သို့ သူ၏ စစ်အင်အားကို ဖြန့်ကျက်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။
ဘုရင်နာဝဇ် သည် မျက်နှာထားတင်းတင်းဖြင့် ညီလာခံမှ ထွက်ခွာရန် ပြင်လိုက်သည်။
မင်းသားဆန်ဂျေးနားအရောက်တွင် ခေတ္တရပ်လိုက်၏။
“ည ညီလာခံမှာ မင်း တက်ရမယ်..ဆန်ဂျေး”
ဘုရင်နာဝဇ် ထွက်ခွာသွားပြီးသည့်နောက်တွင်တော့ မူးမတ်များ၊ စစ်သူကြီးများ ရှိနေသော နန်းရင်ပြင်သည် ခါတိုင်းထက် ပိုတိတ်ဆိတ်သွား၏။
ည ညီလာခံ ဆိုသည်မှာ ရှင်ဘုရင် နှင့် အိမ်ရှေ့စံမင်းသား၊ နန်းရင်းဝန်အမတ်ကြီး တို့သာ သီးသန့်ဆွေးနွေးလေ့ရှိကြသည့် လျှို့ဝှက်အစည်းအဝေးဟု အားလုံးက သိထားကြသည်။
ထိုအစည်းအဝေးကိုလည်း အိမ်ရှေ့စံ မင်သားသျှမ်သျှားသာ ယခင်က အမြဲတက်ခဲ့ရသည်။
ယခုအခါတွင်တော့ ရှင်ဘုရင်၏ အင်းဝစစ်ပွဲဆုံးဖြတ်ချက်နှင့်အတူ မဏိပူရထီးနန်း၏ အပြောင်းအလဲအချို့စတင်ပြီဖြစ်ကြောင်း အားလုံးက ရိပ်မိလိုက်ကြတော့သည်။
မင်းသားသျှမ်သျှားကမူ တိတ်ဆိတ်နေသော လူအုပ်ကြီးကို ခပ်လှောင်လှောင်ရယ်မောကာ နန်းရင်ပြင်မှ ထွက်သွား၏။
ခက်ဇော်
(Zawgyi)
AVA 1740s
အခန္း(၉)
...............................................
သန္လ်င္။
၁၆ ရာစုမွ ၁၈ ရာစုအတြင္း အာရွပင္လယ္ေရေၾကာင္းခရီးသြားတိုင္းႏွင့္ ရင္းႏွီးေနၾကေသာၿမိဳ႕။
ခ်မ္းသာေသာ မြန္ဆိပ္ကမ္းၿမိဳ႕ျပမ်ား၊ စစ္အင္အားႂကြယ္ဝေသာ ကုန္းတြင္းပိုင္း ဗမာၿမိဳ႕ျပမ်ား ႏွင့္ ကုန္စည္ဖလွယ္ရာတြင္ အဓိကက်ေသာ ကုန္သည္ၿမိဳ႕။
ေခတ္အဆက္ဆက္ နယ္ေျမလုတိုက္ပြဲေပါင္းမ်ားစြာ အသက္ေပါင္းမ်ားစြာျဖင့္ ေသြးစက္မ်ားစိမ့္စီးေနသည့္ခံတပ္ၿမိဳ႕။
လြီဇာသည္ ျမင္းေပၚတြင္ ထိုင္လ်က္ ထိုၿမိဳ႕ကို ေငးသည္။
အေပၚပိုင္းက အင္းဝၿမိဳ႕သူတို႔ဝတ္ေလ့ရွိသည့္ အေပၚပိုင္းတြင္ ကတၱီပါရင္စီသိုရင္း ႏွင့္ ေအာက္ပိုင္းတြင္ ဇင္းမယ္သူတို႔ ပုံစံ ထမီကို ကေတာင္းက်ိဳက္ထားသည့္ အေနာက္တိုင္းမ်က္ႏွာေပါက္ႏွင့္ အမ်ိဳးသမီးကို သန္လ်င္ၿမိဳ႕မွ ေဒသခံမ်ားႏွင့္ ႏိုင္ငံျခားသားအခ်ိဳ႕ကလည္း အာ႐ုံစိုက္မိၾကသည္။
လြီဇာသည္ ျမင္းစီးျခင္းကို တပတ္ခန္႔ သင္ယူခဲ့ရသည္။
အစပိုင္းတြင္ ဗလာထမီႏွင့္မို႔ ျမင္းေပၚတက္ရာတြင္ ေပါင္ရင္းအထိ ေပၚေနသည့္ ျပႆနာက ရွိေန၏။
ထိုျပႆနာကို ဇင္းမယ္အႏြယ္ျဖစ္ေသာ ေအာက္မားဝန္ဦးေအာင္လွက အလြယ္တကူပင္ ေျဖရွင္းေပးလိုက္သည္။
ဇင္းမယ္သူတို႔ ဝတ္သည့္ပုံစံအတိုင္း စက္နားကြပ္တကြၽန္းထမီကို ကေတာင္းက်ိဳက္လိုက္ေသာအခါ ေပါင္တံမ်ား မေပၚေတာ့ေပ။
“ဘာနာဘိုက္ေရာမကက္သလစ္ဘုန္းေတာ္ႀကီးေက်ာင္း” ဟု အမည္ေရးထိုးထားသည့္ ဘုရားရွိခိုးေက်ာင္းေရွ႕တြင္ လက္်ာဗိုလ္က ျမင္းကို ရပ္လိုက္ၿပီး ေနာက္မွ လိုက္လာသည့္ လြီဇာကို ေစာင့္လိုက္သည္။
“ဒါ..အမိတည္းမယ္ဆိုတဲ့.... ခင္ႀကီးဂါလီဇီ ေက်ာင္းပဲ...ျမင္းကိုေတာ့ က်ဳပ္ျပန္ယူသြားမယ္..ဒီမွာ က်ဳပ္ ေနာက္လဆန္းအထိ ရွိပါလိမ့္ဦးမယ္..အမိ ဟံသာဝတီကို ျပန္ေတာ့မယ္ဆို ၿမိဳ႕ျပင္သစ္တပ္မွာ က်ဳပ္ရွိတယ္..အခါမေ႐ြးလာေျပာပါ..သံလ်င္နဲ႔ ဟံသာဝတီၾကား ေလွႀကဳံေတြရွိပါတယ္”
လြီဇာက ျမင္းေပၚမွာ ဆင္းရန္ ႀကိဳးစားသည္။
သို႔ေသာ္ျငား သူမမွာ ျမင္းစီတတ္ခါစျဖစ္သျဖင့္ အခက္ေတြ႕ေန၏။
လက္်ာဗိုလ္က ျမင္းေပၚမွ ခက္ၿပဳံးၿပဳံးၾကည့္ေနသည္။
“ေလွအဆင္း ျမင္းအတက္ ခက္တယ္လို႔သာေျပာၾကတာ..အမိက်မွ ျမင္းအဆင္း မွာ ခက္ေနပါ့လား..ဘယ့္ႏွယ့္တုန္း..က်ဳပ္လာကူရမလား”
“ရတယ္..ကြၽန္မဘာသာ ရေအာင္ဆင္းမယ္”
“ဘုတ္”
လြီဇာ က ျမင္းေပၚမွ ဆင္းရန္ႀကိဳးစားစဥ္ ေျခနင္းကြင္းႏွင့္ ၿငိကာ ေျမျပင္ေပၚသို႔ ျပဳတ္က်သြား၏။
လက္်ာဗိုလ္၏ စစ္သည္တစ္ဦးက ျမင္းေပၚမွ ေျပးဆင္းလာၿပီး ဆြဲထူသည္။
ပါလာသည့္ အထုတ္အပိုးတစ္ခ်ိဳ႕ကို ျမင္းေပၚမွ ခ်ေပးသည္။
ထိုအခ်ိန္တြင္ ဘုရားေက်ာင္းဝန္းထဲမွ အသက္ (၃၀)ဝန္းက်င္သာရွိဦးမည့္ ကက္သလစ္ဘုန္းႀကီးငယ္တစ္ပါးထြက္လာသည္။
ဘုန္းႀကီးငယ္မွာ အသားျဖဴျဖဴတြင္ မုတ္ဆိတ္ၾကင္စြယ္မ်ားကိုရိပ္ထားသျဖင့္ မ်က္ႏွာက စိမ္းဖန႔္ေနသည္။
“ဘာကိစၥေတြမ်ား အခ်င္းျဖစ္ေနၾကပါသလဲ...လုလင္ႀကီး”
ဘုန္းႀကီးငယ္၏ အဆီအေငါ့မတည့္သည့္ ဗမာစကားကို လက္်ာဗိုလ္က ျမင္းေပၚမွ ခပ္ၿပဳံးၿပဳံးျဖင့္ နားေထာင္ကာ သေဘာက်ေနသည္။
“ဒီမယ္..ခင္ႀကီးတို႔ ေက်ာင္းကို ဧည့္သည့္လာလို႔..လာပို႔ေပးတာ..က်ဴပ္ ဟံသာဝတီ ၿမိဳ႕ေစာင့္တပ္မႉး လက္်ာဗိုလ္ပါ”
ဘုန္းႀကီးငယ္က လက္်ာဗိုလ္ကို ၿပဳံးျပသည္။
လြီဇာက ေျခေထာက္ေထာ့နင္းျဖင့္ ဘုရားေက်ာင္းဝန္းထဲသို႔ လွမ္းၾကည့္လိုက္သည္။
“ဖာသာဂါလီဇီယာ..ဆီလာတာပါ..အင္းဝကပါ”
လွီဇာက ဗမာလိုပီပီသသ။
“ေၾသာ္...ဖာသာ..ဘုရားေက်ာင္းထဲမွ ျဖစ္ပါတယ္..ကြၽန္ေတာ္..ဖာသာေပၚလိုနာရာနီ လို႔ နာမည္ေခၚပါတယ္”
အီတလီဘုန္းႀကီးက ျမန္မာစကားကို ကြၽမ္းက်င္ေသးပုံမေပၚလွ။
လြီဇာလက္ထဲမွ အထုပ္အပိုးမ်ားကို ကူဆြဲေပးရန္ လက္ကမ္းလိုက္သည္။
“ထမီေတြပါတယ္..ကြၽန္မဟာကြၽန္မသယ္ခဲ့ပါ့မယ္’
“ထမီ..ဘာလဲ..ထမီေတြက”
“အမ်ိဳးသမီးေတြဝတ္တဲ့ ဂါဝန္လိုဟာကိုေျပာတာပါ..ဖာသာ...က်ဳပ္တို႔ အယူအဆအရေတာ့ အမ်ိဳးသမီးဝတ္ေတြ သယ္ေပးရင္ ဘုန္းနိမ့္တတ္တယ္လို႔ ယူဆၾကတာပါ”
လက္်ာဗိုလ္က ခပ္ၿပဳံးၿပဳံးျဖင့္ ဝင္ေျပာလိုက္သည္။
“ကြၽန္ေတာ္ ဗမာစကား သိပ္မသိေသးလို႔ပါ...ကြၽန္ေတာ့္နာမည္ ေပၚလိုနာေရနီ လို႔ ေခၚပါတယ္....အီတလီဗာတီကန္စီးတီး ကေန ေရာက္ေနတာ ျဖစ္ပါတယ္..ေတြ႕ရတာ.ဝမ္းေျမာက္ျခင္း အမ်ားႀကီးရွိပါတယ္..လုလင္ႀကီး”
“လုလင္ႀကီးတဲ့လား...ေကာင္းပါ့ဗ်ာ..ဟား..ဟား”
လက္်ာဗိုလ္က ဟက္ဟက္ပက္ပက္ရယ္လိုက္သည္။
ဖာသာနာရာနီကလည္း ဘုမသိဘမသိျဖင့္လိုက္ရယ္၏။
ဖာသာနာရာနီ ႏွင့္ လက္်ာဗိုလ္ တို႔က ျမင္းေပၚႏွင့္ ေျမေပၚ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္လ်က္ သေဘာတက်ရယ္ေမာေနၾကသည္ကို လြီဇာက မ်က္ေမွာင္ႀကဳံ႕လ်က္ ၾကည့္လိုက္သည္။
“ဖာသာဂါလီဇီယာအထဲမွာလား..ကြၽန္မ ဖာသာ ဝင္သြားရမွာလား”
လြီဇာ အသံက က်ယ္သြားသျဖင့္ ဖာသာနာရာနီ က သတိဝင္သြားသည္။
“အထဲမွာပါျဖစ္ပါတယ္..လိုက္ပို႔ပါ့မယ္..ေၾသာ္..ကြၽန္ေတာ္..သြားရပါဦးမယ္...လုလင္ႀကီး”
လက္်ာဗိုလ္က လြီဇာႏွင့္ ဖာသာနာရာနီတို႔ကို ႏႈတ္ဆက္ၿပီး ထြက္ခြာသြားသည္။ ဖာသာနာရာနီက လက္်ာဗိုလ္၏ ေနာက္ေက်ာကို သမင္လည္ျပန္ၾကည့္ကာ ၿပဳံးလိုက္သည္။
ဘုရားေက်ာင္းအေနာက္ဘက္ရွိ အေဆာက္အဦးသို႔ ေရာက္ေသာအခါ သစ္သားစင္တစ္ခုကို လႊျဖင့္ ျဖတ္ေတာက္ေနေသာ အသက္ ၆၀ ခန႔္ ဘုန္းေတာ္ႀကီးတစ္ဦးကို ေတြ႕ရျပန္သည္။
“ဖာသာဂါလီဇီယာ..အင္းဝက အမ်ိဳးသမီးတစ္ေယာက္လာပါတယ္”
အီတလီဘာသာစကားျဖင့္ ေျပာလိုက္ျခင္းျဖစ္သည္။
ဖာသာဂါလီဇီယာကို လႊကို ခ်ကာ လြီဇာထံ ထလာသည္။
လြီဇာက သူ႔တြင္ပါလာေသာ စာကို ကမ္းေပးလိုက္၏။
ဖာသာဂါလီဇီယာက စာကို ဖတ္လိုက္သည္။
ထို႔ေနာက္ ပီသလွသည့္ ဗမာစကားျဖင့္...
“ဖာသာမန္းဒန္ဇ္တစ္ေယာက္ ေနေကာင္းပါရဲ႕လား..မစ္လြီဇာဒီမဲလိုး”
“ေကာင္းပါတယ္..ဖာသာ”
“က်ဳပ္ေက်ာင္းမွာ သီလရွင္အတြက္ရည္စူးၿပီး ေဆာက္ထားတဲ့အေဆာင္သီးသန႔္ ရွိေနေတာ့ မင္းတည္းခိုလို႔ အဆင္ေျပပါလိမ့္မယ္...ေဟာ့ဒီက ဖာသာနာရာနီ က လိုက္ပို႔ေပးပါလိမ့္မယ္...သူ႔ကို က်ဳပ္ ဗာတီကန္ကအျပန္ ေခၚလာတာဆိုေတာ့ ဒီေရာက္တာ ေလးငါးလပဲရွိပါဦးမယ္..ဗမာစကားေတာ့ သိပ္အဆင္မေျပေသးတာ ခြင့္လႊတ္ပါ...မစ္လြီဇာ..ခရီးပန္းလာေတာ့ နားလိုက္ပါဦး...လာရင္းကိစၥနဲ႔ ပတ္သက္လို႔ေတာ့ ညေန ဝတ္ျပဳခ်ိန္ၿပီးမွ ေဆြးေႏြးၾကေတာေပါ့”
လြီဇာက ၿပဳံးျပလိုက္သည္။
...................................................................................
“အင္း..ပထမကိစၥကေတာ့ မင္းေျပာတဲ့ အဂၤလိပ္ကုန္တိုက္ဆိုတာ သံလ်င္မွာ မရွိတာၾကာပါၿပီေကာ...မရွိပါဘူး..ဥေရာပက အရက္ေတြမွာခ်င္တယ္ဆိုရင္ေတာ့ ျပင္သစ္အေရွ႕အိႏၵိယကုမၸဏီက သေဘၤာက်င္းတစ္ခု သံလ်င္မွာရွိတယ္...သူတို႔ဆီ ပြန္ဒီခ်ယ္ရီက ျပင္သစ္ကုန္သည္ေတြအၿမဲကူးသန္းေနၾကတာပဲ...သေဘၤာက်င္းကိုယ္စားလွယ္ မြန္ဆီယာရာေဖး က က်ဳပ္ေက်ာင္းကို ဝင္ထြက္ေနတာမို႔...သူနဲ႔ ခ်ိတ္ဆက္ေပးဖို႔ က်ဳပ္ကူညီႏိုင္ပါတယ္”
ဝတ္ျပဳခ်ိန္ၿပီးသြားၿပီးေနာက္ ဘုရားရွိခိုးေက်ာင္းခန္းမအတြင္းတြင္ ဖာသာဂါလီဇီယာႏွင့္ လြီဇာတို႔ ႏွစ္ဦးသာ က်န္ရစ္ၾကသည္။
“ကြၽန္မက အင္းဝနန္းတြင္းနဲ႔ အႀကီးအက်ယ္ကုန္သြယ္ရမယ့္ကိစၥမို႔ သူ႔အတြက္လည္း အက်ိဳးမ်ားႏိုင္မွာပါ”
ဖာသာဂါလီဇီယာက ခုံတန္းမ်ားေပၚရွိ ဓမၼသီခ်င္းသံပုံစာအုပ္မ်ားကို လိုက္သိမ္းေနသည္။
လြီဇာက ဒုတိေျမာက္ခုံတန္းတြင္ထိုင္လ်က္ မယ္ေတာ္မာရီ၏ ပုံတူ႐ုပ္ထုကို ၾကည့္ကာ စကားေျပာေနျခင္းျဖစ္သည္။
“ဒုတိယကိစၥ..အဲ့ဒါကေတာ့..မင္းနဲ႔ ဖာသာမန္းဒက္ဇ္တို႔ရဲ႕ စိတ္ကူးယဥ္သက္သက္ကိစၥပဲ...မစ္လြီဇာ”
လြီဇာက ထိုင္ေနရာမွ မတ္တပ္ရပ္ကာ သူ႔ေနာက္တြင္ တကုပ္ကုပ္ျဖင့္ အလုပ္ရႈပ္ေနေသာ ဖာသာဂါလီဇီယာအနားသို႔ လွမ္းေလွ်ာက္သြားသည္။
“ဘယ္လို ေျပာလိုက္တာလဲ..ဖာသာ...ဒီေျမဟာ ကြၽန္မတို႔ ေျမမဟုတ္ဘူး...ကြၽန္မတို႔ဟာ ဒီေျမရဲ႕ ဧည့္သည္ေတြ...ကြၽန္မတို႔ေနရာကို ကြၽန္မတို႔ ျပန္ၾကဖို႔ ႀကံစည္တာ စိတ္ကူးယဥ္တာတဲ့လား”
“မင္းတို႔ဟာ ဒီေျမမွာေမြးတာ..ဖာသာမန္းဒက္ဇ္ကိုလည္း ဒီေျမမွာပဲ ေမြးတာ...ၿပီးေတာ့ မင္းတို႔ဟာ အင္းဝဘုရင္ရဲ႕ ကြၽန္ေတြပဲ... ဒီေျမဟာ မင္းတို႔ေျမပဲ..ေပၚတူဂီဟာ မင္းတို႔နဲ႔ မဆိုင္ေတာ့တာ ရာစုႏွစ္တစ္ခုရွိခဲ့ၿပီမဟုတ္လား”
“ဟုတ္တယ္..ကြၽန္မတို႔ဟာ အင္းဝဘုရင္ရဲ႕ ကြၽန္ေတြ..ဒါေပမယ့္..ကြၽန္မတို႔ရဲ႕ အမိေျမဟာ အင္းဝမဟုတ္ဘူး....ေပၚတူဂီပဲ..လစၥဘြန္းၿမိဳ႕ေတာ္ပဲ..ကြၽန္မတို႔အဲ့ဒီကို ရေအာင္ျပန္မယ္...ကြၽန္မလူေတြကို ကြၽန္မဦးေဆာင္ၿပီး ကြၽန္မတို႔ဘိုးေဘးေတြရဲ႕ ေမြးရပ္ေျမကို ျပန္ေခၚသြားမယ္...တမန္ေတာ္မိုးဇက္ဟာ အီဂ်စ္က သူ႔လူမ်ိဳးကြၽန္ေတြကို ဣသေရလျပည္ကို ျပန္ေခၚလာဖို႔ ဘုရားက ခြင့္ျပဳခဲ့တယ္မဟုတ္လား....ဒါ အမွန္တရားပဲ...ကြၽန္မလည္း ကြၽန္မလူမ်ိဳးေတြကို ကြၽန္မတို႔ အမိေျမဆီ ျပန္ေခၚသြားမယ္..ဖာသာ....ရွင္ ဂိုအာမွာလုပ္တဲ့ ဘာနာဘိုက္အသင္းေတာ္ညီလာခံကိုသြားတဲ့ခရီးမွာ ကြၽန္မတို႔ဆီက သဝဏ္လႊာကို ေပၚတူဂီဘုရင္ခံမင္းျမတ္ဆီ ယူသြားေပးပါ....ဒါေလးပဲ ရွင္ကူညီရမွာပါ..ဖာသာ..ဒါေလးပါပဲ”
ဖာသာဂါလီဇီယာက ခုံတန္းလ်ားတစ္ခုေပၚတြင္ ထိုင္ခ်လိုက္သည္။
ထို႔ေနာက္ လြီဇာ၏ မ်က္လုံးမ်ားကို ေသခ်ာစိုက္ၾကည့္လိုက္၏။
“ကဲ..ဟုတ္ပါၿပီ...ဒါဆို မင္းဦးေဆာင္မယ္ဆိုတဲ့လူေတြကေရာ..မင္းေနာက္ကို တကယ္လိုက္မယ္လို႔ မင္းယုံၾကည္တာလား... ဒီမ်ိဳးဆက္သုံးဆက္ေလာက္အတြင္းမွာ အင္းဝဟာ သူတို႔ေရ သူတို႔ေျမျဖစ္ေနၿပီလို႔ ခံယူထားတဲ့ ေပၚတူဂီေတြ အမ်ားႀကီးရွိေနမွာပါပဲ...ေနာက္ၿပီးေတာ့ မင္းတို႔သြားခ်င္ပါတယ္ဆိုတဲ့ ေပၚတူဂီေျမက ေပၚတူဂီေတြကေရာ...မင္းတို႔ကို သူတို႔လူမ်ိဳးပါလို႔ လက္ခံပါေတာ့မလား... မင္းပုံစံကိုပဲ ဥပမာၾကည့္ပါဦး...႐ုပ္ရည္တစ္ခုပဲ မင္းမွာ ေပၚတူဂီလို႔ ေျပာလို႔ရေတာ့တယ္...မင္းဝတ္စားပုံ၊ မင္းစကားေျပာဟန္ေတြက အင္းဝသူ တစ္ေယာက္ပဲ... မင္းတို႔ ဒီပုံစံနဲ႔ ေပၚတူဂီေျမကို ျပန္ေတာ့ေရာ...သူတို႔က မင္းတို႔ကို ႏိုင္ငံျခားသားလို႔ပဲ သတ္မွတ္မွာ..စဥ္းစားမိရဲ႕လား”
လြီဇာ တိတ္ဆိတ္သြားသည္။
“ဒါဆို ဖာသာက ကြၽန္မတို႔ကို မကူညီႏိုင္ဘူးေပါ့”
“က်ဳပ္ေတာင္းပန္ပါတယ္..က်ဳပ္တို႔ဟာ သာသနာျပဳေတြပါ...ဒီေျမမွာ သာသနာျပဳဖို႔ဆိုတာ အင္းဝဘုရင္ရဲ႕ ခြင့္ျပဳခ်က္နဲ႔ လုပ္ေနၾကရတာပါ..အင္းဝဘုရင္ကို ဆန႔္က်င္တဲ့ ဒီလိုအမႈမ်ိဳးဆိုတာ က်ဳပ္ အသက္ေသသြားႏိုင္တယ္..က်ဳပ္အသက္ထက္..သာသနာျပဳလုပ္ငန္းေတြ ကေမာက္ကမျဖစ္ကုန္မွာကို ပိုစိုးရိမ္ပါတယ္..မစ္လြီဇာ..ခင္ဗ်ား ဒီသန္လ်င္မွာ စီးပြားေရးကိစၥသက္သက္ လာလုပ္တယ္ဆို က်ဳပ္ အတတ္ႏိုင္ဆုံး ကူညီေပးႏိုင္ပါတယ္....က်ဳပ္ေက်ာင္းမွာလည္း စိတ္ႀကိဳက္ဝင္ထြက္ေနႏိုင္ပါတယ္”
ဖာသာဂါလီဇီယာက ဘုရားေက်ာင္းတံခါးဝဆီသို႔ ထြက္ခြာသြားသည္။ တံခါးဝအေရာက္တြင္ လြီဇာ ဘက္သို႔ ျပန္လွည့္လိုက္ၿပီး...
“ေၾသာ္..မနက္ျဖန္.. ျပင္သစ္သေဘၤာက်င္းကိုယ္စားလွယ္႐ုံးခန္းကို သြားခ်င္တယ္ဆိုရင္ေတာ့ျဖင့္ က်ဳပ္ကိုယ္တိုင္ လိုက္ပို႔ေပးပါ့မယ္....ခင္ဗ်ားေျပာတဲ့ ကိစၥအတြက္ေတာ့ က်ဳပ္မကူညီေပးႏိုင္တာ..ခြင့္လႊတ္ပါ”
...............................................................................................................................................
“ခင္ဗ်ားတို႔ ေျပာတဲ့ ကိစၥအတြက္ က်ဳပ္ မကူညီေပးႏိုင္တာ..ခြင့္လႊတ္ပါ”
“သေဘၤာႏွစ္စင္းနဲ႔ ေသနတ္အလက္ ႏွစ္ရာေလာက္ဆိုရင္ေရာ..ျဖစ္ႏိုင္မလား..ရာေဖး”
“ဘုရင္ခံခ်ဳပ္က ဒီကိစၥကို စိတ္မဝင္စားဖူးလို႔ အတိအလင္းေျပာလိုက္တာပါ...က်ဳပ္လည္း ဘာမွ မတတ္ႏိုင္ပါဘူးလို႔..ခင္ဗ်ားတို႔ၿမိဳ႕ဝန္မင္းကို ေျပာလိုက္ပါ...က်ဳပ္မွာ စီးပြားေရးကိစၥတစ္ခုအတြက္ အင္းဝက ကုန္သည္နဲ႔ ခ်ိန္းထားတာရွိလို႔..ခဏေန သူတို႔ လာၾကေတာ့မွာ..ခင္ဗ်ားကို က်ဳပ္႐ုံးမွာ သူတို႔ေတြ႕သြားခဲ့လို႔ အင္းဝကို ဒီသတင္းေရာက္သြားရင္ က်ဳပ္အတြက္ မေကာင္းႏိုင္ပါဘူး..ျပန္ၾကပါ”
ျပင္သစ္သေဘၤာက်င္းကိုယ္စားလွယ္မြန္စီရာရာေဖး ေရွ႕တြင္ ထိုင္ေနေသာ လူႏွစ္ဦးက မေက်မနပ္ျဖင့္ ထျပန္ရန္ ျပင္လိုက္ၾကသည္။
မြန္စီရာရာေဖး က သူတို႔ႏွစ္ဦးအား အခန္းတံခါးဝထိ လိုက္ပို႔သည္။
ထိုသူႏွစ္ဦးက မေက်မနပ္ျဖင့္ ဗမာစကားျဖင့္ အခ်င္ခ်င္းဆဲေရးေျပာဆိုကာ ထြက္လာၾက၏။
အခန္းဝတြင္ ထိုင္လ်က္ေစာင့္ေနေသာ လြီဇာ ႏွင့္ ဖာသာဂါလီဇီယာတို႔ကို တခ်က္ၾကည့္လိုက္သည္။
ထိုေန႔တြင္ လြီဇာက ေပၚတူဂီပုံစံဂါဝန္ဝတ္ထားသျဖင့္ အင္းဝမွ လာသည့္သူမ်ားဟု မထင္ပဲ အီတလီဘုန္းေတာ္ႀကီးႏွင့္ ျပင္သစ္မတစ္ဦး ဟုသာ ထင္သြားၾကသည္။
လြီဇာကက အျပင္ဘက္မွ ေနၿပီး သူတို႔အခ်င္းခ်င္း ျပင္သစ္ဘာသာျဖင့္ ေျပာေနၾကသည့္ စကားမ်ားကို တခ်ိန္လုံး နားစြင့္ေနခဲ့သည္ကို သူတို႔သတိမထားမိခဲ့ၾက။
ဖာသာဂါလီဇီယာ ကမူ ျပင္သစ္စကားမတတ္သျဖင့္ ဘာမွ မသိ။
သို႔ေသာ္...ထြက္ခြာသြားသည့္ ႏွစ္ဦးကိုမူ ဖာသာဂါလီဇီယာက ေကာင္းေကာင္းသိေနသည္။
“အဲ့ဒါ....ဟံသာဝတီၿမိဳ႕ဝန္ဦးသာေအာင္ ရဲ႕ ေယာက္ဖ ပဲ....ျပင္သစ္ေတြနဲ႔ ဘာမ်ား လုပ္ေနၾကပါလိမ့္”
ထိုအခ်ိန္တြင္ မြန္စီယာရာေဖး၏ မင္းေစ လူငယ္က သူတို႔ေရွ႕ေရာက္လာသည္။
“မြန္စီယာရာေဖး က ေတြ႕လို႔ ရပါၿပီတဲ့..ဖာသာ”
.......................................................................................
၁၇၃၄ ဇြန္လ။
မဏိပူရ ၊ ကန္ကလာနန္းေတာ္။
ဗိႆႏိုးဂိုဏ္းဝင္ပေရာဟိတ္ႀကီး မဟာပရဘူဘြဲ႕ခံ သွ်ႏၲီဒါသ ႏွင့္ ဟိႏၵဴပူဂ်ာရီဘုန္းေတာ္ႀကီးမ်ားသည္ နန္းေတာ္မွ ျပန္လည္ႂကြခ်ီသြားၾကၿပီျဖစ္သည္။
ဘုရင္ဂါရဇ္နာဝပ္ သည္ သူ႔ေရွ႕တြင္ ခစားေနေသာ သားေတာ္ႏွစ္ပါး၏ အေျဖကို ေစာင့္စားေနသည္။
“ဘာသာေရးကိစၥတစ္ခုတည္းနဲ႔ အင္းဝ လိုမ်ိဳး လက္နက္ႏိုင္ငံဆီ ခ်ီတက္တာဟာ..အႏၲရာယ္မ်ားလွပါတယ္..ခမည္းေတာ္...ဒီကိစၥကိုေတာ့သားေတာ္ ကန႔္ကြက္ပါတယ္”
အိမ္ေရွ႕ဥပရာဇာအျဖစ္ လ်ာထားသည့္ မင္သားသွ်မ္သွ်ား ဆီမွ အသံထြက္လာသည္။
ဂါရဇ္နာဝပ္ က သွ်မ္သွ်ားကို စိတ္ပ်က္လက္ပ်က္ျဖင့္ ၾကည့္လိုက္၏။
ဘဂၤလားမွ သူေတာ္စဥ္ပညာရွိပေရာဟိတ္ႀကီးျဖစ္ေသာ မဟာပရဘူ သွ်ႏၲီဒါသ သည္ မဏိပူရျပည္သို႔ ႂကြခ်ီ သာသနာျပဳခဲ့သည္မွာ ၾကာခဲ့ၿပီ။
ဘုရင္ဂါရဇ္နာဝပ္ ကိုယ္တိုင္လည္း ႐ိုးရာနတ္ကိုးကြယ္မႈမ်ားကို ပယ္ရွားဘူး မဟာပရဘူ ၫႊန္ျပသည့္ ၿဗိႆႏိုးဘုရားသခင္ကိုးကြယ္မႈႏွင့္ ဟိႏၵဴဓေလ့ထုံးတမ္းမ်ားကို လက္ခံက်င့္သုံးခဲ့သည္မွာ နန္းတက္စကပင္ျဖစ္သည္။
သို႔ေသာ္..အိမ္ေရွ႕စံအျဖစ္ တင္ေျမႇာက္ထားသည့္ မင္းသားသွ်မ္သွ်ား သည္ ဟိႏၵဴဓေလ့မ်ားကို မက်င့္သုံးပဲ မဏိပူရ၏ ႐ိုးရာဓေလ့မ်ားကိုသာ ေလ့လာလိုက္စားခဲ့သည္။
ၿဗိႆႏိုးကိုးကြယ္မႈကိုလည္း သာမန္ဝတ္ေၾကတန္းေၾကသာ သေဘာထားခဲ့ေၾကာင့္ ဂါရဇ္နာဝပ္ သိထားၿပီးျဖစ္သည္။
မဟာပရဘူက ဟိႏၵဴဓေလ့ထုံးတမ္းအရ ျမစ္ေရေသာက္ခ်ိဳးျခင္းတြင္ ဂဂၤါျမစ္ေရအစား ဧရာဝတီျမစ္ေရကို ေသာက္ခ်ိဳးပါက အျပစ္မ်ားသန႔္ရွင္းစင္ၾကယ္ၿပီး စစ္ပြဲမ်ားကို ေအာင္ျမင္ေသာ မင္းျဖစ္မည္ဟု လမ္းျပခဲ့သည္။
ယခုတႀကိမ္လည္း မင္းသားသွ်န္သွ်ားသည္ ခမည္းေတာ္ကို အတိုက္အခံေလွ်ာက္တင္ေနၿပီျဖစ္၏။
ဂါရစ္နာဝဇ္၏ မိဘုရားႀကီးတြင္ သားေတာ္မ်ားမထြန္းကားခဲ့။
ထို႔ေၾကာင့္ မိဘုရားငယ္မ်ားမွ ေမြးသည့္သားေတာ္မ်ားအနက္မွ သူအခ်စ္ဆုံးမိဘုရား စိတၱမာလာမွ ေမြးေသာ မင္းသားသွ်န္သွ်ားကို အိမ္ေရွ႕အရာထားရန္ ဆုံးျဖတ္ခဲ့သည္။
ဂါရစ္နာဝဇ္ကား ယခုအခါ သူ၏ ဆုံးျဖတ္ခ်က္မွားခဲ့ၿပီလားဟုပင္ ေတြးေနၿပီျဖစ္သည္။
“လက္ရွိ အင္းဝဘုရင္ဟာ အႏုပညာ ဂီတ အေပ်ာ္အပါးနဲ႔သာ အခ်ိန္ကုန္ေနပါတယ္လို႔...စစ္ကိုင္းမွာရွိတဲ့ အေထာက္ေတာ္မ်ားက သတင္းစကားၾကားရပါတယ္...နန္းတြင္းအုပ္စုကြဲေတြနဲ႔အတူ အင္းဝနဲ႔ ေဝးတဲ့ ေက်းစြန္နယ္တခ်ိဳ႕မွာ ဘုရင္က ေျမႇာက္စားထားတဲ့သူေတြဟာ ေ႐ႊထီးေဆာင္းၿပီး ဓါးျပတိုက္သည္အထိ ဆိုး႐ြားလာေနၿပီလို႔ သိရပါတယ္..ဗုဒၶဘာသာအယူကို ယူၾကေသာ္လည္း အတင္ဂိုဏ္း၊ အ႐ုံဂိုဏ္းစတဲ့ဂိုဏ္းေတြကြဲျပား...ရွင္ဘုရင္ကိုးကြယ္တဲ့ ရဟန္းႀကီးမ်ားကလည္း ေသရည္ေသာက္စားသည္အထိ ပ်က္စီးျခင္းမက ပ်က္စီးေနၾကပါသည္တဲ့..အခုခ်ိန္မွာ မဏိပူရႏိုင္ငံဟာ စစ္လက္နက္အင္အားေရာ၊ စစ္မွန္သည့္ ၿဗိႆႏိုးအယူဝါဒပါ ထြန္းကားေနၿပီမို႔....ဧရာဝတီျမစ္ေရကို ေသာက္ခ်ိဳးရင္း...အင္းဝႏိုင္ငံကိုစစ္မွန္ေသာ ျဗဟၼဏသာသနာ ေရာင္ဝါထြန္းလင္းေစခ်င္းငွာ စစ္ခ်ီသင့္ၿပီဟု သားေတာ္ က ေတာ့ ယူဆပါတယ္”
မင္းသား ဆန္ေဂ်း ဟု အမ်ားကေခၚၾကသည့္ မင္းသားဆန္ေဂ်းခူရာလက္ပ ၏ အသံက ခပ္မာမာ။
ထိုအသံခပ္မာမာက မင္းသားသွ်မ္သွ်ားေၾကာင့္ ညစ္ႏြမ္းေနေသာ ဘုရင္နာဝဇ္ ၏ စိတ္ကို အေရာင္တဖိတ္ဖိတ္လက္ထလာေစသည္။
မင္းသားဆန္ေဂ်းသည္ မိဖုရားငယ္တစ္ပါးမွ ေမြးခဲ့ေသာ္လည္း ဘုရင္နာဝဇ္ ၏ အႀကီးဆုံးသားျဖစ္သည္။
ဟိႏၵဴအယူဝါဒကို သက္ဝင္ယုံၾကည္သူျဖစ္ၿပီး စစ္မက္ေရးရာတြင္လည္း တက္ႂကြသူတစ္ဦးျဖစ္၏။
သို႔ေသာ္ျငား အိမ္ေရွ႕စံအျဖစ္ ကို ေနရာမရခဲ့။
အိမ္ေရွ႕စံမင္းသားသွ်မ္သွ်ားက ေရွ႕ဆုံးတြင္ ဝပ္တြားေနရာမွ ခပ္လွမ္းလွမ္းရွိ မင္းသားဆန္ေဂ်းကို လွမ္းၾကည့္လိုက္သည္။
မင္းသားဆန္ေဂ်းက နန္းၾကမ္းျပင္ကိုသာ စိုက္ၾကည့္ေန၏။
“အင္းဝသားေတြက ငါတို႔ မဏိပူရကို ပဏၰာဆက္ႏိုင္ငံသာသာသေဘာထားတဲ့ ကိစၥကို ဆုံးခန္းတိုင္သင့္ၿပီ..အင္းဝလည္း ႏိုင္ငံေတာ္၊ မဏိပူရလည္း ႏိုင္ငံေတာ္..ႏိုင္ငံေတာ္အခ်င္းခ်င္း ရွင္ဘုရင္အခ်င္းခ်င္းဆက္ဆံေရးမ်ိဳးျဖစ္ရန္ အခ်ိန္က်ၿပီ...ယခင္က ငါတို႔ဟာ စစ္ေရးစစ္ရာမွာ အားနည္းခဲ့လို႔ ငါ့ခမည္းေတာ္ဟာ ငါ့ႏွမေတာ္ကို အင္းဝဘုရင္ထံ ပဏၰာဆက္ခဲ့ရတယ္... ငါ့ႏွမေတာ္ေလးဟာ အသက္ ကိုးႏွစ္သမီးမွာ တိုင္းတပါးကို ေရာက္ရရွာတယ္....ဒါေတြ ငါ့လက္ထက္မွာ အဆုံးသတ္ခ်ိန္တန္ခဲ့ၿပီ..ငါ့ႏွမေတာ္ကိုလည္း မဏိပူရျပည္ႀကီးဆီ ျပန္ေခၚဖို႔ အခ်ိန္က်ၿပီ....အေရးအႀကီးဆုံးကေတာ့ အိမ္နီးခ်င္း အင္းဝႏိုင္ငံေတာ္မွာ စစ္မွန္ေသာျဗဟၼဏဝါဒထြန္းကားဖို႔ရာ သာသနာျပဳမင္းအျဖစ္ ငါ့မွာ တာဝန္ရွိလာခဲ့ၿပီ..ဒါေၾကာင့္..အင္းဝကို ဒီတမိုးကုန္တာနဲ႔ စစ္ခ်ီၿပီး မဏိပူရမင္းျမတ္ ဂါရစ္နာဝဇ္ပန္ေဟဘာ ရဲ႕ လက္႐ုံးကို ဆန႔္တန္းဖို႔ ငါ ဆုံးျဖတ္လိုက္ၿပီ”
ဘုရင္နာဝဇ္ ၏ အမိန႔္အဆုံးတြင္ သွ်မ္သွ်ားက တစ္စုံတစ္ခု ေျပာရန္ ဟန္ျပင္လိုက္သည္။
သို႔ေသာ္ ဘုရင္နာဝဇ္က သွ်မ္သွ်ားကို ေျပာခြင့္မေပး။
“အင္းဝကို စစ္ခ်ီရာမွာ ငါ့သားေတာ္ႀကီး မင္းသားဆန္ေဂ်း ကို ဗိုလ္ခ်ဳပ္ခန႔္အပ္ၿပီး ငါ့လက္႐ုံးအျဖစ္ လိုက္ပါေစမယ္..ေရွ႕ေျပးတပ္အျဖစ္ ဗိုလ္မႉးခ်န္ဒရာဆင္း တတပ္..၊ အိမ္ေရွ႕စံက နန္းေစာင့္အျဖစ္ တာဝန္ယူက်န္ခဲ့ေစ”
မဏိပူရျပည္သည္ ယခင္က ျပည္တြင္းေရးရႈပ္ေထြးေသာ တိုင္းျပည္ငယ္ျဖစ္ခဲ့သည္။
ဂါရစ္နာဝဇ္၏ ဖခင္ ပီတန္ဘားဘုရင္ လက္ထက္တြင္ အင္းဝဘုရင္ စေနမင္းအား အသက္ (၉)ႏွစ္အ႐ြယ္ သမီးေတာ္ဆက္သခဲ့ရဖူးသည္။
ဂါရဇ္နာဝဇ္၏ ႏွမေတာ္ျဖစ္ေသာ မဏိပူရမင္းသမီးေလး နီလာခမ္း ကို စေနမင္းက သားေတာ္အိမ္ေရွ႕စံ တနဂၤေႏြမင္း၏ အိမ္ေရွ႕မိဖုရားငယ္အျဖစ္ လက္ထပ္ေပးခဲ့၏။
ဘုရင္ဂါရစ္နာဝဇ္လက္ထက္တြင္မူ စည္း႐ုံးေရးေကာင္းမြန္မႈေၾကာင့္ႏိုင္ငံေရးတည္ၿငိမ္ၿပီး စစ္အင္အား တိုးတက္လာသည္။
ယခုေတာ့ ဂါရစ္နာဝဇ္သည္ တခ်ိန္က ခစားဝပ္တြားခဲ့ရေသာ အင္းဝနန္းေတာ္သို႔ သူ၏ စစ္အင္အားကို ျဖန႔္က်က္ရန္ ဆုံးျဖတ္လိုက္ၿပီျဖစ္သည္။
ဘုရင္နာဝဇ္ သည္ မ်က္ႏွာထားတင္းတင္းျဖင့္ ညီလာခံမွ ထြက္ခြာရန္ ျပင္လိုက္သည္။
မင္းသားဆန္ေဂ်းနားအေရာက္တြင္ ေခတၱရပ္လိုက္၏။
“ည ညီလာခံမွာ မင္း တက္ရမယ္..ဆန္ေဂ်း”
ဘုရင္နာဝဇ္ ထြက္ခြာသြားၿပီးသည့္ေနာက္တြင္ေတာ့ မူးမတ္မ်ား၊ စစ္သူႀကီးမ်ား ရွိေနေသာ နန္းရင္ျပင္သည္ ခါတိုင္းထက္ ပိုတိတ္ဆိတ္သြား၏။
ည ညီလာခံ ဆိုသည္မွာ ရွင္ဘုရင္ ႏွင့္ အိမ္ေရွ႕စံမင္းသား၊ နန္းရင္းဝန္အမတ္ႀကီး တို႔သာ သီးသန႔္ေဆြးေႏြးေလ့ရွိၾကသည့္ လွ်ိဳ႕ဝွက္အစည္းအေဝးဟု အားလုံးက သိထားၾကသည္။
ထိုအစည္းအေဝးကိုလည္း အိမ္ေရွ႕စံ မင္သားသွ်မ္သွ်ားသာ ယခင္က အၿမဲတက္ခဲ့ရသည္။
ယခုအခါတြင္ေတာ့ ရွင္ဘုရင္၏ အင္းဝစစ္ပြဲဆုံးျဖတ္ခ်က္ႏွင့္အတူ မဏိပူရထီးနန္း၏ အေျပာင္းအလဲအခ်ိဳ႕စတင္ၿပီျဖစ္ေၾကာင္း အားလုံးက ရိပ္မိလိုက္ၾကေတာ့သည္။
မင္းသားသွ်မ္သွ်ားကမူ တိတ္ဆိတ္ေနေသာ လူအုပ္ႀကီးကို ခပ္ေလွာင္ေလွာင္ရယ္ေမာကာ နန္းရင္ျပင္မွ ထြက္သြား၏။
Done 💪
ReplyDeleteDone 🤍
ReplyDeleteDone
ReplyDeleteဖတ်ဖတ်ရင်းနဲ့ရှုပ်လို့ အဆုံးထိဆွဲလိုက်တယ်😁😁🐬
ReplyDeleteမမလွီဇာကိုတော့ တော်တော်ကြိုက်❤️
ReplyDelete