AVA 1740s အခန်း(၁၃)

(Unicode)


AVA 1740s

                                         အခန်း(၁၃)    

                                ...............................................

“ဟုတ်တယ်..ကျွန်မ သတ်လိုက်တယ်...အရှင်မိဖုရား မြင်လိုက်တယ်မဟုတ်လား”

“အင်း...မင်းက တကယ်သတ္တိရှိတဲ့ မိန်းမတစ်ယောက်ပဲ”

လွီဇာက စကားတခွန်းမျှ ပြန်မပြောပဲ နီလာခမ်းကို သာ စိုက်ကြည့်နေ၏။

“ငါ..မင်းကို အကူအညီတောင်းချင်လို့ပါ..လွီဇာ..ငါ မင်းအကူအညီလိုတယ်”

နီလာခမ်း၏ လေသံက ချက်ချင်းပြောင်းလဲသွားသဖြင့် လွီဇာပင် အံသြသွားရသည်။

“မင်း ငါ့အကြောင်း ဘယ်လောက်သိလဲ..လွီဇာ”

“အရှင်မက...ရှင်ဘုရင်ရဲ့ မိထွေးတော်.ပုပ္ပါးမိဖုရားလေ”

နီလာခမ်းက အသံထွက်အောင် ရယ်လိုက်သည်။

“မဟုတ်ဘူး..လွီဇာ...တကယ်က ငါဟာ မင်းတို့ ပေါ်တူဂီတွေလိုပဲ..မြန်မာဘုရင်ရဲ့ သုံ့ပန်းတစ်ယောက်ပါပဲ..မဏိပူရရဲ့ မြန်မာဘုရင်အ‌ပေါ်သစ္စာစောင့်သိမှုအတွက် ပေးထားရတဲ့ ဓါးစာခံ တစ်ယောက်ပါပဲ”

နီလာခမ်းက စကားပြောရင်း ထသွားကာ သလွန်ပေါ်တွင် ထိုင်လိုက်၏။

“ဟော့ဒီနန်းတွင်းမှာက စကားတွေကို ဘယ်လောက်တိုးအောင်ပြောပြော ကြားနိုင်တဲ့ နားတွေများတယ်.. ငါ့ကို ဒီနန်းတော်ကြီးကနေ ဘယ်မှာ သွားခွင့်မပေးပေမယ့်..တစ်လတကြိမ်တော့ စစ်ကိုင်းက ကုမ္မာရဗြဟ္မဏမဟေပုဏ္ဏားကြီးရှိတဲ့ ခရစ်သျှနားဘုရားသခင်ဝတ်ကျောင်းမှာ ဝတ်ပြုခွင့်ပေးထားတယ်..အဲ့ဒီမှာဆို ငါနဲ့ပါတဲ့ မိန်းမစိုးတွေက အထဲထိလိုက်ခွင့်မရဘူး....မနက်ဖြန် နေ့ပဟိုရ် တစ်ချက်တီး မှာ ငါ အဲ့ဒီကိုရောက်မယ်...မင်း ကြိုရောက်ပြီး စောင့်နေပေးပါ...ပုဏ္ဏားကြီးကိုလည်း ငါက လာစောင့်ခိုင်းထားလို့လို့ပြောလိုက်ရင် သူမင်းအတွက် စီစဥ်ပေးပါလိမ့်မယ်....မင်းကို ငါ မိဖုရားတစ်ယောက်အနေနဲ့ အမိန့်ပေးတာမဟုတ်ပါဘူး..သုံ့ပန်းတစ်ယောက်အနေနဲ့ အကူအညီ‌ေတာင်းတာပါ”

“ကျွန်မ မကူညီပေးခဲ့ရင် လူသတ်မှုအကြောင်းကို ရှင်ဘုရင်ကို လျှောက်လိုက်တော့မယ်ပေါ့.. အဲ့ဒီလိုလား”

လွီဇာ၏ စကားကို နီလာခမ်းက ခေါင်းခါလိုက်သည်။

“မင်းအကြောင်းတွေကို မိန်းမစိုးတွေဆီက ငါစုံစမ်းပြီးပါပြီ..ပြီးတော့ စာတော်ဖတ်မောင်မြတ်စံ  ဆီကလည်း တစွန်းတစကြားပါတယ်....သူစိမ်းသူရံတွေကြားမှာ ရှင်သန်ရုန်းကန်နေရတဲ့ မိန်းမတစ်ယောက်ရဲ့ ဘဝမျိုးကို ငါကိုယ်တိုင် ခံစားနေတဲ့အတွက် ငါကိုယ်ချင်းစာပါတယ်..မင်းရဲ့ သတ္တိကို ငါလေးစားပါတယ်..စိတ်ချပါ.. မင်းကို ငါ အဲ့ဒီကိစ္စနဲ့တော့ အကြပ်မကိုင်ပါဘူး”

နီလာခမ်း၏ စကားပြောပါးနပ်မှုကို လွီဇာ ချက်ချင်းရိပ်မိလိုက်သည်။

“ကျွန်တော်မ လာခဲ့ပါ့မယ်”

.......................................................................................................................

စစ်ကိုင်းမြို့၊ ခရစ်သျှနားဘုရားရှင်ဝတ်ကျောင်း။

“ဒီနေ့က ငါတို့ရဲ့ ဆာဝန်း(န်)ဥပုသ်လ နောက်ဆုံးရက်ဆိုတော့ ဘုရားဝတ်ပြုတာ နည်းနည်းတော့ကြာမယ်....နင်တို့ ဒီနား စျေးလေးဘာလေးပတ်ချင်ပတ်ကြချည်လေ.. ရော့..ငွေစများလည်း ယူသွားကြ”

နီလာခမ်းမိဖုရားက မိန်းမစိုးများကို ငွေစင်စစ်စစ်များ တတုံးစီပေးလိုက်သည်။

မိန်းမစိုးများသည် မိဖုရားများ သွားလေရာနေရာတွင် ထားဝယ်ကြိမ်များ၊ ငလိပ်ကျောက်မြီးများကို ကိုင်ဆောင်ကာ စောင့်ရှောက်ရလေ့ရှိသည်။

ယခုကဲ့သို့ မထင်မှတ်ပဲ အခွင့်ရကြသည့်အပြင် ဂင်ဇာငွေထက် တန်ဖိုးကြီးသော ငွေစင်အစစ်တတုံးစီ ရလိုက်သည့်အတွက် စစ်ကိုင်းစျေးဘက်ဆီသို့ ပျော်ရွှင်စွာထွက်သွားကြ၏။

ဝတ်ကျောင်းစောင့် က တံခါးများကို ပိတ်လိုက်သည်။

လောပန်ရနံ့များက မွှေးအီလှိုက်ထနေ၏။

ဝပ်ကျောင်း၏ ထောင့်တစ်နေရာတွင် လွီဇာက ပုဝါကို ခြုံလျက် ငြိမ်သက်စွာထိုင်နေသည်။

“သူရောက်နေပြီ..သခင်မ”

ကုမ္မာရဗြဟ္မဏမဟေပုဏ္ဏားကြီး၏ တပည့်ဖြစ်သူ ပုဏ္ဏားနီတိ က နီလာခမ်းကို ဧည့်ဝတ်ပြုကာ ခေါ်လာသည်။

နီလာခမ်းက သူ့အတွက် ပြင်ဆင်ထားသော ကောဇောပေါ်တွင် တပ္ပလင်ချိတ်ထိုင်လိုက်သည်။

“မင်း..လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

လွီဇာက ခေါင်းညိတ်ပြလိုက်၏။

“မင်းကို ငါ့အကြောင်းအရင်ပြောပြမယ်....လွန်ခဲ့တဲ့ နှစ်ပေါင်း(၂၀)က ငါ့အသက်က (၉)နှစ်ပေါ့... မဏိပူရ ကန်ကလာနန်းတော်ထဲက ငါ့အမေ၊ ငါ့အကို ငါ့မိသားစုတွေနဲ့ ခွဲခွာပြီး ဟော့ဒီ အင်းဝဘုရင်ဆီ အပို့ခံခဲ့ရတယ်... ဘာသာစကား၊ ယဥ်ကျေးမှုဘာမှမတူတဲ့ ဒီနန်းတော်ကြီးထဲကို ရောက်လာတဲ့ ကိုးနှစ်သမီးလေး..စစ်ပွဲရဲ့ တန်ဆာခံအဖြစ်ရောက်လာတဲ့ကလေးမလေး.....ငါအသက် (၁၄)နှစ်ပြည့်တဲ့ နေ့မှာ အိမ်ရှေ့မင်းသားရဲ့ မိဖုရားငယ်ဘဝရလာခဲ့တယ်....အသက်(၂၄)နှစ်မှာ ငါကလေးနှစ်ယောက် အမေဖြစ်နေခဲ့ပြီ....ဒါပေမယ့် ငါတို့ဟာ ဒီနန်းတော်ထဲမှာ သူစိမ်းတွေ၊ သုံ့ပန်းတွေဆိုတဲ့ ခံစားမှုမျိုးပဲ ခံစားခဲ့ရတယ်...ငါတို့ဟာ နန်းမြို့ပြင်ပကို အစောင့်အရှောက်မပါပဲ လွတ်လွတ်လပ်လပ်သွားခွင့်မရှိဘူး.. နောက်အဆိုးဆုံးက ငါ့သားနှစ်ယောက်ပဲ..သူတို့က လူမမယ်အရွယ်ကလေးတွေပါ...ဒါပေမယ့်သူတို့ကိုယ်ထဲ အင်းဝဘုရင့်သွေးက တဝက်ပါနေတယ်...အဲ့ဒီအချက်ကပဲ သူတို့ အသက်အန္တရာယ်ကို အမြဲတမ်းခြိမ်းခြောက်နေတယ်..သူတို့နှစ်ယောက် အရွယ်ရောက်လာတာနဲ့အမျှ ထီးမွေဆက်ခံမှုပြဿနာ များတဲ့ ဒီအင်းဝမှာ ပိုပြီး အန္တရာယ်ကြီးလာတယ်လို့ ငါခံစားရတယ်........အခု..ငါ့အသက် (၃၀)ပြည့်တော့ မယ်...လူသက်တမ်းတဝက်ရှိခဲ့ပြီ...ငါ့ဇာတိဖြစ်တဲ့ မဏိပူရကို ငါပြန်ချင်တယ်...ငါမပြန်ရရင်တောင် ငါ့သား နှစ်ယောက်ကတော့ ကန်ကလာနန်းတော်ထဲ ခြေချစေချင်တယ်”

ကုမ္မာရဗြဟ္မဏမဟေပုဏ္ဏားကြီးသည် ကြေးခွက်ဖြင့်ထည့်ထားသော ရေတခွက်ကို ယူလာပြီး မိဖုရားနီလာခမ်းထံ ကမ်းပေးလိုက်သည်။

နီလာခမ်းက ရေခွက်ကို‌ မော့သောက်လိုက်၏။

လွီဇာက နီလာခမ်းကို မျက်တောင်မခတ်ပဲ လိုက်ကြည့်နေသည်။

“ဒီတော့...ကျွန်မ ဘာကူညီပေးရမလဲ”

နီလာခမ်းက ပုဏ္ဏားကြီးကို မျက်ရိပ်ပြလိုက်၏။

ပုဏ္ဏားကြီးက ထသွားပြီး နောက်ထပ် ကြေးခွက်ဖြင့် ရေတစ်ခွက် ထပ်ယူလာသည်။

“မင်း ဒီကိစ္စကို ဆုံးခန်းထိမကူညီနိုင်ရင်တောင် ဘယ်သူ့ဆီမှ မပေါက်ကြားစေရပါဘူးလို့ သစ္စာရေ သောက်ဝံ့သလား”

“ရေသောက်မှ ကတိတည်တာမဟုတ်ပါဘူး..ဒါပေမယ့် ရေသောက်မှ သစ္စာတည်တယ်လို့ မိဖုရား ယူဆရင်တော့..သောက်ပါ့မယ်”

နီလာခမ်းကမ်းပေးသော ရေခွက်ကို လွီဇာက လှမ်းယူလိုက်သည်။

“ယခု တိုင်ပင်နှီးနှောကြသော ကိစ္စမှန်သမျှအား ပြင်ပသို့ မပေါက်ကြားစေရပါ.ပေါက်ကြားပါက ကိုးကွယ်ရာ ဘုရား၊နတ်တို့ ၏ ကျိန်စာစူးပါစေ”

လွီဇာက ရေခွက်ကို မော့သောက်လိုက်သည်။

နီလာခမ်းက ပြုံးလိုက်သည်။

ထို့နောက် ကုမ္မာရဗြဟ္မဏမဟေပုဏ္ဏားကြီး နှင့်အတူ နောက်ထပ် ပုဏ္ဏားဝတ်စုံဖြင့် လူရွယ်တစ်ဦးက လွီဇာတို့ အနားတွင်လာထိုင်သည်။

“ဒါ ငါ့တူ ..မဏိပူရမင်းသား ဆန်ဂျေးခူရာလက်ပ ပဲ.....  ရှေ့ပြေးတပ်အနေနဲ့ သူက ရုပ်ဖျက်ပြီး ဒီက မြေပြင်အခြေအနေကို လာစုံစမ်းတာ..နောက်ထပ် လူတစ်ယောက်ကို ငါတို့စောင့်ရဦးမယ်”

နီလာခမ်း စကားမဆုံးခင်ပင် ဝတ်ကျောင်း၏ တံခါးတစ်ချပ်ပွင့်သွားသည်။

ဘောင်းဖြူပေါင်းထားပြီး စက်နားကွပ်သိုရင်းဝတ်လာသည့် အသက် (၃၅)အရွယ် လူတစ်ယောက်ကို တွေ့လိုက်ရသည်။

ထိုသူက သူ့အတွက်ခင်းပေးထားသော အခင်းတွင် ဝင်ထိုက်လိုက်သည်။

“သူက တနင်္ဂနွေမင်းရဲ့ သားတော် မင်းသားကြီး မောင်လှပဲ”

မင်းသားမောင်လှ က အားလုံးကို ပြုံးပြလိုက်သည်။

မင်းသားမောင်လှ သည် တနင်္ဂနွေမင်း အိမ်ရှေ့စံဘဝကတည်းက ကိုယ်လုပ်တော်စည်ပုတ္တရာစား နှင့် မွေးဖွားခဲ့သည့် သားအကြီးဆုံးဖြစ်သည်။

 မဟာဓမ္မရာဇာဓိပတိထက် အသက်များစွာကြီးသူဖြစ်သော်လည်း ကိုယ်လုပ်တော်မှ မွေးသည့်သားဖြစ်သဖြင့် ထီးမွေဆက်ခံခွင့်မရသူဖြစ်သည်။

ထို့ကြောင့် တနင်္ဂနွေမင်းက ထီးနန်းရေးရှုပ်ထွေးမှုမဖြစ်စေရန်  မဏိပူရ - အင်းဝနယ်စပ်၊ ချင်းတွင်းမြစ်ကြားရှိ သောင်သွပ်မြို့ သို့ အဝေးမင်းသားအဖြစ် ပို့ထားခဲ့သည်။

မင်းသားကြီးမောင်လှ သည် နယ်စပ်သို့ စစ်အင်အားဖြန့်ကျက်လာသည့် ဆန်ဂျေးမင်းသားနှင့် ချိတ်ဆက်မိကာ မဏိပူရဘုရင်ဂါရစ်နာဝဇ် နှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့သည်။

ဂါရစ်နာဝဇ် အနေဖြင့်လည်း အင်းဝ အား အောင်မြင်ပြီးပါက ရေရှည်အုပ်ချုပ်ရန် မရည်ရွယ်ပဲ ပစ္စည်းဥစ္စာရသမျှကို လုယက်ယူဆောင်ပြီး မဏိပူရသြဇာခံ အင်းဝမင်းသားတစ်ပါးကို နန်းတင်ထားခဲ့ရန် ကြံရွယ်ခဲ့သည်။

အင်းဝနှင့် စစ်တိုက်သည့်အခါတွင်လည်း မြန်မာမင်းသားတစ်ပါး၏ ပုံရိပ်ပါဝင်နေခြင်းဖြင့် နန်းတွင်းတွင် မဟာဓမ္မရာဇာဘုရင်ကို မကြိုက်သည့် အင်အားစုများကြား ဝိဝါဒကွဲပြားစေရန်လည်း ရည်ရွယ်ထားသည်။

ထိုသို့ဖြင့် မဏိပူရတို့ အင်းဝသို့ စစ်ချီမည့်အရေးတွင် မင်းသားမောင်လှ သည် အဓိကနေရာမှ ပါဝင်လာခြင်းဖြစ်သည်။

ပုဏ္ဏားဟန် ဝတ်ဆင်ထားသည့် ဆန်ဂျေးမင်းသားက သမင်သရေဖြင့် လုပ်ထားသည့် မြေပုံတစ်ချပ် ကို ဆွဲထုတ်လိုက်သည်။

“စစ်ရေးအရ ကျုပ်တို့တပ်တွေ အခုဘယ်မှာရှိနေတယ်..ဘယ်တော့ အင်းဝကို ရောက်မယ်ဆိုတာတော့ မပြောပြပါဘူး..ဒါပေမယ့်..တပ်တွေရောက်လာတဲ့အခါ ဘာတွေ လုပ်ကြမလဲ..နန်းတော်မြို့ရိုးထဲ ရှိနေမယ့် အရီးတော် မိဖုရား တို့ဘက်က လုပ်ဆောင်ရမယ့် အပိုင်းတွေကို အခု ဆွေးနွေးမှာပါ”

“အားလုံးက သစ္စာရေ ညီတူ သောက်ထားကြသူတွေမို့ ယုံယုံကြည်ကြည်သာ တိုင်ပင်ပါ..တူမောင်”

နီလာခမ်း ၏ ပြောစကားကို ဆန်ဂျေးက ခေါင်းညိတ်လိုက်သည်။

ထို့နောက် လွီဇာကို တချက် စူးစိုက်ကြည့်၏။

“သူက ဗမာမဟုတ်ဘူးပဲ”

“ဟုတ်တယ်...သူက နန်းတွင်းကုန်သည်တော်ပဲ...လွီဇာတဲ့..အင်းဝမှာမွေးတဲ့ ပေါ်တူဂီလူမျိုးပါ..နန်းတွင်းက ငါ့ကိစ္စတွေကို သူကူညီနိုင်လိမ့်မယ်”

“ဟုတ်ပြီ..အရီးတော်....ကျွန်တော်တို့တပ်တွေ စပြီး စစ်ချီလာပြီဆိုတဲ့အခါမှာ အင်းဝဘုရင်ရဲ့ ဒေါသက အရီးတော်တို့ သားအမိတွေ ဆီကို သေချာပေါက်ရောက်လာမှာပါပဲ..သူဒေါသထွက်ရင် ထွက်သလို အသတ်ကိုပါ စီရင်နိုင်တယ်..ဒီတော့. အရီးတော်တို့ရဲ့ အသက်ကို လုံးဝ မထိစေရအောင် စီစဥ်ပါလို့ ခမည်းတော်ကမှာထားပါတယ်..ဒီတော့ တခုခုအန္တရာယ်ကြုံချိန်မှာ နန်းတော်ကနေ ထွက်လို့ရမယ့် အစီအစဥ်တစ်ခုခုများ အရီးတော်ဆီမှာ ရှိပါသလား”

နီလာခမ်းက ခေါင်းညိတ်ပြလိုက်သည်။

“တကယ်လို့ မဏိပူရစစ်လာပြီ ဆိုတာနဲ့ သူတို့က ငါ့ကို မျက်ခြေမပျက် စောင့်ကြည့်ကြတော့မှာပဲ... ဒီတော့ ငါ စီစဥ်ထားတာက...အခါကျပြီဆိုတာနဲ့.ငါက ညပဟိုရ် နှစ်ချက်တီးလောက် နန်းတော်ဇင်းမယ်တံခါးက ထွက်ရင် ရှမ်းစျေးကို တိုက်ရိုက်ရောက်မယ်...ဒါပေမယ့် အဲ့ဒီမရောက်ခင် မိကို မိမှာပဲ...ဒီတော့ ငါက အဲ့ဒီက ပြေးယောင်ပြမယ်....ငါ့သားလေးနှစ်ယောက်ကိုတော့ မြောက်ဖက်တကောင်းတံခါး ဥယျာဥ်တော်ကနေ ပြေးခိုင်းမယ်..ဥယျာဥ်တော်ပြင်ပမှာ ဟော့ဒီက လွီဇာကို မြင်းနဲ့ စောင့်ခိုင်းပါ့မယ်... မင်းတို့ဆီကို လွီဇာက ငါ့သားနှစ်ယောက်ကို မင်းတို့ သတ်မှတ်ထားတဲ့နေရာရောက်အောင် ခေါ်သွားပေးရမယ်..ဘယ်လိုလဲ..လွီဇာ..ကူညီနိုင်မယ်..မဟုတ်လား”

လွီဇာက မျက်ခုံးကို တွန့်ကွေးကာ စဥ်းစားနေသည်။

“ဟုတ်ပြီလေ...ကလေးနှစ်ယောက်ကို ကျွန်မ ဘယ်ပို့ပေးရမလဲ”

“ခင်ဗျားပို့ရမှာက..အင်းဝက သီရီဇေယျကျော်ထင်ဘုန်းကြီးကျောင်းကိုပဲ..အဲ့ဒီကျောင်းဝန်းထဲမှာ မင်းသားကြီးမောင်လှရဲ့လူတွေရယ်.. ဆာဒူးဘုန်းကြီးတွေ ပုံစံရုပ်ဖျက်ထားတဲ့ မဏိပူရလက်‌ရွေးစင်စစ်သည်တွေရှိနေမယ်..သူတို့ဆီရောက်ရင် ကလေးတွေ လုံခြုံပြီ”

“ဟုတ်ပြီ..ဒီလောက်တော့ ကျွန်မ လုပ်နိုင်ပါတယ်”

“ကဲ..ကလေးတွေကိစ္စပြီးပြီဆိုတော့...နောက်ထပ် အရေးကြီးတဲ့ ကိစ္စတစ်ခု ကျန်သေးတယ်.. အဲ့ဒါကတော့... စစ်ကိုင်းက ရှင်ဖြူရှင်လှ ဘုရားကို ခိုးကြဖို့ပဲ”

“ဟင်”

ဆန်ဂျေးမင်းသား၏ စကားကြောင့် အားလုံးထံမှ အာမေဋိတ်သံများထွက်လာသည်။

ရှင်ဖြူရှင်လှဘုရားသည် အင်းဝမင်းအဆက်ဆက်ကိုးကွယ်ခဲ့ကြပြီး တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သည်။

အင်းဝဘုရင်အဆက်ဆက်သည် စစ်ခင်းချိန်များ၊ သူတို့၏ ဘုန်းတန်ခိုးထွန်းတောက်စေလိုချိန်များတွင် ရှင်ဖြူရှင်လှသို့ ဘုရားဖူးထွက်ရသည်ဟူသော အစွဲ ရှိကြသည်။

ပြည်သူအများမှာလည်း ဘုရင်ကိုးကွယ်သည့်ဘုရားဖြစ်သဖြင့် ထိုဘုရားကို တန်ဖိုးထားကြသည်။

ယခု ထိုဘုရားကို ခိုးယူမည့် အကြံကြောင့် အံသြသင့်သွားရခြင်းဖြစ်၏။

“ဘာဖြစ်လို့ ဘုရားကို ခိုးမှာလဲ”

နီလာခမ်းက ဆန်ဂျေးကို မေးလိုက်သည်။

“ပထမတချက်က စိတ်ဓာတ်စစ်ဆင်ရေးပဲ..အင်းဝဘုရင်တွေက ဒီဘုရားကို အရမ်းယုံကြည်ကြတယ်... ဟိုးကတည်းက စစ်တိုက်ထွက်ခါနီးရော..တခြားကစစ်လာတိုက်တဲ့အခါတွေမှာရော ဘုရင်တွေက ရှင်ဖြူရှင်လှ ဘုရားဆီသွား အဓိဌာန်ဝင်ကြတယ်မဟုတ်လား...သူတို့ရဲ့ ဘုန်းတန်ခိုးက ဒီဘုရားနဲ့ ဆက်စပ်နေတယ်လို့လည်း ယူဆကြတယ်..အဲ့ဒီလိုဆို ဒီဘုရားဆင်းတု ပျောက်သွားတာနဲ့ အင်းဝ ဘုရင် အနည်းနဲ့အများပျာယာခတ်သွားမှာပဲ...ပြည်သူတွေကလည်း ဘုရင်ကိုယ်တိုင် ကိုးကွယ်နေတဲ့ဘုရားကိုတောင် မစောင့်ရှောက်နိုင်တဲ့အတွက် ရှင်ဘုရင်ကို အပြစ်ဖို့ကြလိမ့်မယ်..ဘုရင်ကို ပြည်သူက မယုံတော့ဘူးဆို ကျုပ်တို့ စစ်ဆင်ရေးက တဝက်နိုင်နေပြီ.. ဒုတိယအချက်ကတော့...လိုအပ်လာရင်..အရီးတော်ရဲ့အသက်၊ ကလေးတွေရဲ့ အသက်ကို အဲ့ဒီ ဘုရား နဲ့ အလဲအလှယ်လုပ်လို့ရမယ်..ဒါပါပဲ”

“ဘုရားကို ဘယ်သူက ခိုးမှာလဲ”

“သီရီဇေယျကျော်ထင်ဘုန်းကြီးကျောင်းမှာ ဆာဒူးပုံစံရုပ်ဖျက်ထားတဲ့ ကျုပ်တို့ လက်‌ရွေးစဥ်တွေ ရောက်နေပြီ...သူတို့နဲ့ ဟော့ဒီက ကုမ္မာရဗြဟ္မဏမဟေပုဏ္ဏားကြီးလူတွေ ပူးပေါင်းပြီး လုပ်ကြလိမ့်မယ်”

“အင်း...မင်းက တော်တော်အကွက်စေ့တာပဲ..ဒါနဲ့များ ငါ့အကိုတော်က မင်းကို အိမ်ရှေ့အရာ မအပ်နှင်းခဲ့တာ ငါအံသြတယ်..ငါသာ ကန်ကလာနန်းတော်ပြန်ရောက်ရင်..မင်း အိမ်ရှေ့မင်းသားဖြစ်ဖို့ ဘယ်နည်းနဲ့မဆို အကိုတော်ကို တိုက်တွန်းမှာပဲ..ဆန်ဂျေး”

နီလာခမ်း ပစ်ထည့်လိုက်သည့် မြှားက မင်းသားဆန်ဂျေး၏ ရင်ကို တည့်တည့်ထိမှန်သွားသည်။

“ကျွန်တော် အရီးတော်ကို ဒီအင်းဝမြေကနေ ရအောင် ပြန်ခေါ်သွားပါ့မယ်”

....................................................................................................

၁၇၃၅ ခုနှစ်။

လွီဇာသည် နန်းတွင်းအနောက်ဆောင်တွင် အားထားရသော ကုန်သည်ကြီးတစ်ဦး ဖြစ်လာသည်။

ဟံသာဝတီ၊ သန်လျင် မှ အင်းဝ ဥဒဟိုကူးသန်းကာ သူ၏ ယမကာကုန်စည်များကို နန်းတွင်းသို့ ပုံမှန် တင်သွင်းလာနိုင်သည်။

လွီဇာမှာ အင်းဝနန်းတွင်းအနောက်ဆောင်မိဖုရားတို့ထံ ဝင်ထွက်ပြီး နိုင်ငံခြားဖြစ်လက်ဆောင်များ ပေးလေ့ရှိသဖြင့် မိဖုရားခေါင်ကြီး ၊ ဒုတိယသြဇာအရှိဆုံး လင်ဇင်းမိဖုရားတို့က လွီဇာကို ချစ်ခင်ကြသည်။

ရှင်ဘုရင်ကိုယ်တိုင်က ပွဲစားတော် ဘွဲ့ကို ချီးမြှင့်ကာ သစ်ဖြင့် အိမ်ဆောက်ခွင့်ပေးခဲ့သည်။

ရှင်ဘုရင့်ထံမှ ပွဲစားတော်ဘွဲ့ ကို ရရှိသဖြင့် နိုင်ငံခြားမှ အရက်များမှာယူတင်သွင်းရာတွင် မူလအခွန် (၁၄)ရာခိုင်နှုန်းအစား (၇)ရာခိုင်နှုန်းသာ ပေးရတော့သည်။

သံလျင်နှင့် ဟံသာဝတီ ရှိ ပြင်သစ်၊ အင်္ဂလိပ်၊ အာမေးနီးယန်းကုန်သည်များသည်လည်း လွီဇာ ထံ အရက်တင်သွင်းနိုင်ရေး အလုအယက်ကြိုးပမ်းကြသည်။

လွီဇာ က အရက်ဖိုးငွေများကို အင်းဝ၏ မှောင်ခိုကုန်များဖြစ်သော ဂင်ဇာကြေး၊ ယမ်းစိမ်း တို့နှင့် ဖလှယ်ပေးသောကြောင့်လည်းဖြစ်သည်။

ထို့ပြင်ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီ၊ စိန့်ဂျော့ခံတပ်မြို့တာဝန်ခံ မစ္စတာဟစ်ဂစ်ဆန် က အင်းဝနိုင်ငံမှ ထွက်သည့် ဂင်ဇာကြေးကို အမြောက်ပြုလုပ်ရန် စျေးကောင်းပေးဝယ်သည့်အတွက် ကုန်သည်များမှာ လွီဇာ နှင့် ကုန်သွယ်ရန် ကိစ္စကို အထူးစိတ်ဝင်စားလာကြသည်။

လွီဇာသည်လည်း ဂင်ဇာ၊ ယမ်းစိမ်းများ မှောင်ခိုထုတ်သည့်လုပ်ငန်း၊ နန်းတွင်းသို့ ယမကာတင်သွင်းသည့် လုပ်ငန်းတို့ကြောင့် ဝင်ငွေက နှစ်ဖက်ခွ ရရှိလာသည်။

လွီဇာ၏ စီးပွားရေးကောင်းမွန်လာသည်နှင့်အမျှ စီးပွားဖက်ဖြစ်သူ ကိုးသိန်းသခင်မှာလည်း ပိုင်ဆိုင်မှုများ ကြွယ်ဝလာ၏။

ကိုးသိန်းသခင်က လွီဇာအား သူ၏ တတိယမြောက်မယားအဖြစ် ကမ်းလှမ်းခဲ့သော်လည်း လွီဇာက ငြင်းပယ်ခဲ့သည်။

လွီဇာသည် နန်းတော်အနောက်ဆောင်တွင် မိဖုရားခေါင်ကြီးတို့၏ အချစ်တော်ဖြစ်နေသဖြင့် ကိုးသိန်းသခင်မှာ အတင်းအကြပ်မတောင်းဆိုနိုင်ခဲ့ပေ။

အင်းဝမြို့ ၊ မင်္ဂလာနမော်စျေးနှင့် သူဌေးတန်းတို့ ဆုံရာ ရှိ လွီဇာ၏ သစ်အိမ် ရှေ့သို့ လှည်းယာဥ်တစ်စီး ဆိုက်လာသည်။

လှည်းယာဥ်ပေါ်မှ ဆင်းလာသူက ဒေါ်ဇံကုလား နှင့် ချစ်ညို။

ခြံဝန်းအတွင်း လွီဇာ၏ မြင်းကြီးမှာ နေမကောင်းဖြစ်နေသဖြင့် မြင်းကုဆရာနှင့် ငတွန်မှာ အလုပ်များလျက်ရှိသည်။

“ဇာဇာ..ငါ့နှမ..ဇာဇာ”

ချစ်ညို ၏ အသံကြောင့် ငတွန်က ခြံဝသို့ ကြည့်လိုက်သည်။

လွီဇာ ကလည်း အိမ်လသာဆောင်မှ ထွက်လာ၏။

“ချစ်ညိုကြီးတို့ပါလား..ဘာကိစ္စများ ရှိကြပါသလဲ”

“အမေက တွေ့ပြီးဆုံပြီး မေတ္တာရပ်ပြောစရာရှိလို့ ခေါ်လာခဲ့တာပ”

“သြော်..လာကြပါ”

လွီဇာက အစေခံမလေးများကို သင်ဖြူးခင်းခိုင်းလိုက်သည်။

ဒေါ်ဇံကုလားက လွီဇာ၏ သစ်အိမ်ကြီးကို ကြည့်ကာ ပြုံးနေ၏။

“ဒါ ကျုပ်အမေ....ဒေါ်ဇံကုလားတဲ့”

“ဟုတ်ကဲ့”

“မိန်းကလေး..နာမည်က..ဇာဇာ”

“လှီဇာပါ.လှီဇာဒီမဲလိုးပါ”

“မိန်းကလေးက မြင်းစီးဘွဲ့အပြင်.သစ်အိမ်တောင်နေခွင့်ရနေပါပကောလား”

“ရွှေနန်းရှင်ဘုရား ရဲ့ ကျေးဇူးတွေပါ..အရီး”

“အင်း..ရွှေနန်းက မြှောက်စားတယ်ဆိုတာ တော်ရုံအရည်အသွေးမျိုးမှမဟုတ်ပဲကွယ့်နော့”

လွီဇာက ဒေါ်ဇံကုလား ၏ ချီးမွမ်းစကားကို ပြုံးလျက် တုံ့ပြန်လိုက်သည်။

“ဒါနဲ့...မိန်းကလေးတို့ ဗရင်ဂျီဓလေ့မှာ သမီးတောင်းတဲ့အခါ ဘယ်ပုံဘယ်နည်းများ မြန်းရသလဲ..အရီး သိချင်လို့ပါ”

“ရှင်”

“သြော်...ဗရင်ဂျီဓလေ့မှာ လင်ခန်းမယားခန်းအတွက် တောင်းရမ်းတဲ့အခါ ဘယ်လိုများ သတ်မှတ်ကြသလဲလို့”

“တခြားထွေထွေထူးထူးတော့မရှိပါဘူး..နှစ်ဖက်ယောက်ျားလေးနဲ့ မိန်းကလေး သဘောတူညီမျှတယ်ဆို.. ဘုရားကျောင်းမှာ လက်ထပ်ကြတာပါပဲ...”

“သြော်ကွယ်..ကောင်းပါလေ..ဒါလည်း ရှင်းတာပါပဲ”

ဒေါ်ဇံကုလားက လွီဇာကို ခြေစွန်းခေါင်းစွန်း ကြည့်လိုက်သည်။

“မိန်းကလေးကို အရီးတို့က မြန်းတဲ့အခါ ဘယ်ကို လာမြန်းရင် ရမလဲ”

“ဘာကိုလဲရှင့်”

“အရီးသား ချစ်မြ က မိန်းကလေးကို မေတ္တာရှိနေတယ်...အရီးကလည်း သဘောတူတယ်..ဒါပေမယ့် ဒင်းက အူအူအအရယ်မို့ အရီးကပဲ နားလာဖောက်တာပါ...မိန်းကလေးမှာ အုပ်ထိန်းသူ လူကြီးများရှိရင်..ဘယ်သူ့ဆီ သမီးကညာမြန်းလို့အဆင်ပြေမလဲလို့ပါ.. အရီးတို့ လယ် ပယ်နှစ်ဆယ် နဲ့ နွားခြောက်ရှည်း ၊ ငွေငါးပိဿာတင်မှာပါ”

လှေခါးမှ တက်လာသော ငတွန်က ဒေါ်ဇံကုလားအသံကြောင့် တုံ့ခနဲ ဖြစ်သွားသည်။

“ဒီက မောင်ချစ်ညို ကလည်း မိန်းကလေးနဲ့ ရင်းနှီးရင်းစွဲရှိတော့...မိန်းကလေးကို သူ့နှမလို့ ဖြစ်စေချင်ကြတာပါ..ဒါ့ကြောင့်”

“နေပါဦး...အရီး...အရီးသား ချစ်မြကရော ဘယ်မှာလဲ”

လွီဇာစကားကြောင့် ဒေါ်ဇံကုလား က ပြုံးလိုက်သည်။

“သမီးကို အားနာလို့ သူ လိုက်မလာဘူး”

“အရီးရယ်.... ဆင်ဝယ်၊ မြင်းဝယ် တာ ကျနေတာပဲ.... ကျွန်မက လူပါတော့်..ဘယ်မလဲ..အဲ့ဒီချစ်မြဆိုတဲ့ လူ....သူ မေတ္တာရှိရင် မေတ္တာစာ မေတ္တာစကားလာပြောလေ..အခုတော့ အမေကို အငှားချလွှတ်ရတယ်လို့....ယောက်ျားသွေးမရှိ ကြားမကောင်းပါဘူး”

ချစ်ညို က မျက်မှောင်ကြုံ့လိုက်သည်။

“ဟိတ်...ခင်ဦးသားတွေကွ..ငါ့ညီမှာ ယောက်ျားသွေးအပြည့်...နင် စကားဆင်ခြင်ပါ”

“ဟုတ်ပါပြီ..ကိုချစ်ညိုရေ...ဒါဆိုလည်း ရှင့်ညီကို ကျွန်မရှေ့ မေတ္တာရေးလာပြောရဲအောင် အရင်လွှတ်လိုက်ပါဦးတော့”

“လွီဇာ...နင်တော့”

“ဟဲ့...မောင်ချစ်ညို”

ဒေါ်ဇံကုလားက ချစ်ညို၏ လက်မောင်းကို စောင့်ဆွဲလိုက်သည်။

“သူပြောတာ..ဟုတ်တယ်...အမေက သာ ဆန္ဒစောနေတာ..လာ..သွားကြစို့...နင့်ညီကိုသာ အရင် လူရေးပြပါစေတော့”

‌ဒေါ်ဇံကုလားက လွီဇာ့ကို ပြုံးက မတ်တပ်ရပ်လိုက်သည်။

“အရီး နက္ခတ်တွေ တွက်ချက်ပြီးခဲ့ပြီ...မိန်းကလေး.....ချစ်မြ ဟာ မိန်းကလေးနဲ့ ပေါင်းဖက်မှာသာ အသက်ဘေးကလွတ်ပြီး လူကျော်လူမော်ဖြစ်လိမ့်မယ်...အရီးသားလတ်ရဲ့ ဇာတာဟာ လူမျိုးခြားပျိုဖြူ လေးလက်မှာသာ ရှိတာပါ...စိတ်ချပါ..အရီးသားကို မေတ္တာစကားပါးရအောင် လွှတ်လိုက်ပါ့မယ်”

ငတွန်က လှေကားမှ ပြန်ဆင်းကာ မန်းကျည်းပင်ကို မှီလျက် ချစ်ညို တို့ သားအမိကို စောင့်ကြည့်နေသည်။

ချစ်ညို နှင့် ဒေါ်ဇံကုလားတို့ အိမ်ပေါ်မှ ဆင်းလာသည်နှင့် ငတွန်က လှောင်ပြုံးပြုံးလျက် ကြည့်နေ၏။

“ဟေ့..သွေးသောက်ကောင်....နင် ငါတို့ကို ဘာလှောင်သလဲ”

ချစ်ညိုက လှမ်းမေးလိုက်သည်။

“ခင်ဦးသားသွေးရဲသကိုးဆို..ဘယ့်နှယ့်..မိန်းမတစ်ယောက်ကိုတောင် ရည်းစားစကားမပြောဝံလို့ အမေလွှတ်ရသတဲ့..အံ့ပကွာ”

“ဟာ..ဒီသဘောက်မသား.....နင် ငါနဲ့ လက်ရုံးချင်း ယှဥ်သတ်ဝံ့သလား...လာခဲ့လေကွယ်..နေရာမရွေးပဲ”

ချစ်ညိုမှာ ရှက်စိတ်များမွှန်သွားပြီး ဒေါသကို ထိန်းချုပ်မရတော့။

ငတွန်က ပုဆိုးကို ခေါင်းတောင်းကျိုက်လိုက်သည်။

ချစ်ညိုကလည်း ပုဆိုးကို ခါးတောင်းကျိုက်လျက် လက်ဖမောင်းကို ခတ်လိုက်၏။

ဒေါ်ဇံကုလားက အိမ်ရှေ့တွင် ရပ်ထားသော လှည်းယာဥ်ပေါ်သို့ တက်ကာ ဒူးတစ်ချောင်းထောင်လျက် ကျကျနန ထိုင်လိုက်သည်။

ထို့နောက် အသင့်ပါလာသော ပြောင်းဖူးဖက်ဆေးလိပ်ကို မီးစဖြင့် တို့ကာဖွာလိုက်သည်။

ငတွန်က ချစ်ညို ရှိရာသို့ ခြေလှမ်းကျဲကြီးများဖြင့် ဆင်းသွားသည်။

ချစ်ညိုက ခြေနှစ်ဖက်ကို ခွဲကာ အသင့်နေရာယူလိုက်၏။





ခက်ဇော်


(Zawgyi)




AVA 1740s


                                         အခန္း(၁၃)    


                                ...............................................


“ဟုတ္တယ္..ကြၽန္မ သတ္လိုက္တယ္...အရွင္မိဖုရား ျမင္လိုက္တယ္မဟုတ္လား”


“အင္း...မင္းက တကယ္သတၱိရွိတဲ့ မိန္းမတစ္ေယာက္ပဲ”


လြီဇာက စကားတခြန္းမွ် ျပန္မေျပာပဲ နီလာခမ္းကို သာ စိုက္ၾကည့္ေန၏။


“ငါ..မင္းကို အကူအညီေတာင္းခ်င္လို႔ပါ..လြီဇာ..ငါ မင္းအကူအညီလိုတယ္”


နီလာခမ္း၏ ေလသံက ခ်က္ခ်င္းေျပာင္းလဲသြားသျဖင့္ လြီဇာပင္ အံၾသသြားရသည္။


“မင္း ငါ့အေၾကာင္း ဘယ္ေလာက္သိလဲ..လြီဇာ”


“အရွင္မက...ရွင္ဘုရင္ရဲ႕ မိေထြးေတာ္.ပုပၸါးမိဖုရားေလ”


နီလာခမ္းက အသံထြက္ေအာင္ ရယ္လိုက္သည္။


“မဟုတ္ဘူး..လြီဇာ...တကယ္က ငါဟာ မင္းတို႔ ေပၚတူဂီေတြလိုပဲ..ျမန္မာဘုရင္ရဲ႕ သုံ႔ပန္းတစ္ေယာက္ပါပဲ..မဏိပူရရဲ႕ ျမန္မာဘုရင္အ‌ေပၚသစၥာေစာင့္သိမႈအတြက္ ေပးထားရတဲ့ ဓါးစာခံ တစ္ေယာက္ပါပဲ”


နီလာခမ္းက စကားေျပာရင္း ထသြားကာ သလြန္ေပၚတြင္ ထိုင္လိုက္၏။


“ေဟာ့ဒီနန္းတြင္းမွာက စကားေတြကို ဘယ္ေလာက္တိုးေအာင္ေျပာေျပာ ၾကားႏိုင္တဲ့ နားေတြမ်ားတယ္.. ငါ့ကို ဒီနန္းေတာ္ႀကီးကေန ဘယ္မွာ သြားခြင့္မေပးေပမယ့္..တစ္လတႀကိမ္ေတာ့ စစ္ကိုင္းက ကုမၼာရျဗဟၼဏမေဟပုဏၰားႀကီးရွိတဲ့ ခရစ္သွ်နားဘုရားသခင္ဝတ္ေက်ာင္းမွာ ဝတ္ျပဳခြင့္ေပးထားတယ္..အဲ့ဒီမွာဆို ငါနဲ႔ပါတဲ့ မိန္းမစိုးေတြက အထဲထိလိုက္ခြင့္မရဘူး....မနက္ျဖန္ ေန႔ပဟိုရ္ တစ္ခ်က္တီး မွာ ငါ အဲ့ဒီကိုေရာက္မယ္...မင္း ႀကိဳေရာက္ၿပီး ေစာင့္ေနေပးပါ...ပုဏၰားႀကီးကိုလည္း ငါက လာေစာင့္ခိုင္းထားလို႔လို႔ေျပာလိုက္ရင္ သူမင္းအတြက္ စီစဥ္ေပးပါလိမ့္မယ္....မင္းကို ငါ မိဖုရားတစ္ေယာက္အေနနဲ႔ အမိန႔္ေပးတာမဟုတ္ပါဘူး..သုံ႔ပန္းတစ္ေယာက္အေနနဲ႔ အကူအညီ‌ေတာင္းတာပါ”


“ကြၽန္မ မကူညီေပးခဲ့ရင္ လူသတ္မႈအေၾကာင္းကို ရွင္ဘုရင္ကို ေလွ်ာက္လိုက္ေတာ့မယ္ေပါ့.. အဲ့ဒီလိုလား”


လြီဇာ၏ စကားကို နီလာခမ္းက ေခါင္းခါလိုက္သည္။


“မင္းအေၾကာင္းေတြကို မိန္းမစိုးေတြဆီက ငါစုံစမ္းၿပီးပါၿပီ..ၿပီးေတာ့ စာေတာ္ဖတ္ေမာင္ျမတ္စံ  ဆီကလည္း တစြန္းတစၾကားပါတယ္....သူစိမ္းသူရံေတြၾကားမွာ ရွင္သန္႐ုန္းကန္ေနရတဲ့ မိန္းမတစ္ေယာက္ရဲ႕ ဘဝမ်ိဳးကို ငါကိုယ္တိုင္ ခံစားေနတဲ့အတြက္ ငါကိုယ္ခ်င္းစာပါတယ္..မင္းရဲ႕ သတၱိကို ငါေလးစားပါတယ္..စိတ္ခ်ပါ.. မင္းကို ငါ အဲ့ဒီကိစၥနဲ႔ေတာ့ အၾကပ္မကိုင္ပါဘူး”


နီလာခမ္း၏ စကားေျပာပါးနပ္မႈကို လြီဇာ ခ်က္ခ်င္းရိပ္မိလိုက္သည္။


“ကြၽန္ေတာ္မ လာခဲ့ပါ့မယ္”


.......................................................................................................................


စစ္ကိုင္းၿမိဳ႕၊ ခရစ္သွ်နားဘုရားရွင္ဝတ္ေက်ာင္း။


“ဒီေန႔က ငါတို႔ရဲ႕ ဆာဝန္း(န္)ဥပုသ္လ ေနာက္ဆုံးရက္ဆိုေတာ့ ဘုရားဝတ္ျပဳတာ နည္းနည္းေတာ့ၾကာမယ္....နင္တို႔ ဒီနား ေစ်းေလးဘာေလးပတ္ခ်င္ပတ္ၾကခ်ည္ေလ.. ေရာ့..ေငြစမ်ားလည္း ယူသြားၾက”


နီလာခမ္းမိဖုရားက မိန္းမစိုးမ်ားကို ေငြစင္စစ္စစ္မ်ား တတုံးစီေပးလိုက္သည္။


မိန္းမစိုးမ်ားသည္ မိဖုရားမ်ား သြားေလရာေနရာတြင္ ထားဝယ္ႀကိမ္မ်ား၊ ငလိပ္ေက်ာက္ၿမီးမ်ားကို ကိုင္ေဆာင္ကာ ေစာင့္ေရွာက္ရေလ့ရွိသည္။


ယခုကဲ့သို႔ မထင္မွတ္ပဲ အခြင့္ရၾကသည့္အျပင္ ဂင္ဇာေငြထက္ တန္ဖိုးႀကီးေသာ ေငြစင္အစစ္တတုံးစီ ရလိုက္သည့္အတြက္ စစ္ကိုင္းေစ်းဘက္ဆီသို႔ ေပ်ာ္႐ႊင္စြာထြက္သြားၾက၏။


ဝတ္ေက်ာင္းေစာင့္ က တံခါးမ်ားကို ပိတ္လိုက္သည္။


ေလာပန္ရနံ႔မ်ားက ေမႊးအီလႈိက္ထေန၏။


ဝပ္ေက်ာင္း၏ ေထာင့္တစ္ေနရာတြင္ လြီဇာက ပုဝါကို ၿခဳံလ်က္ ၿငိမ္သက္စြာထိုင္ေနသည္။


“သူေရာက္ေနၿပီ..သခင္မ”


ကုမၼာရျဗဟၼဏမေဟပုဏၰားႀကီး၏ တပည့္ျဖစ္သူ ပုဏၰားနီတိ က နီလာခမ္းကို ဧည့္ဝတ္ျပဳကာ ေခၚလာသည္။


နီလာခမ္းက သူ႔အတြက္ ျပင္ဆင္ထားေသာ ေကာေဇာေပၚတြင္ တပၸလင္ခ်ိတ္ထိုင္လိုက္သည္။


“မင္း..လာေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္”


လြီဇာက ေခါင္းညိတ္ျပလိုက္၏။


“မင္းကို ငါ့အေၾကာင္းအရင္ေျပာျပမယ္....လြန္ခဲ့တဲ့ ႏွစ္ေပါင္း(၂၀)က ငါ့အသက္က (၉)ႏွစ္ေပါ့... မဏိပူရ ကန္ကလာနန္းေတာ္ထဲက ငါ့အေမ၊ ငါ့အကို ငါ့မိသားစုေတြနဲ႔ ခြဲခြာၿပီး ေဟာ့ဒီ အင္းဝဘုရင္ဆီ အပို႔ခံခဲ့ရတယ္... ဘာသာစကား၊ ယဥ္ေက်းမႈဘာမွမတူတဲ့ ဒီနန္းေတာ္ႀကီးထဲကို ေရာက္လာတဲ့ ကိုးႏွစ္သမီးေလး..စစ္ပြဲရဲ႕ တန္ဆာခံအျဖစ္ေရာက္လာတဲ့ကေလးမေလး.....ငါအသက္ (၁၄)ႏွစ္ျပည့္တဲ့ ေန႔မွာ အိမ္ေရွ႕မင္းသားရဲ႕ မိဖုရားငယ္ဘဝရလာခဲ့တယ္....အသက္(၂၄)ႏွစ္မွာ ငါကေလးႏွစ္ေယာက္ အေမျဖစ္ေနခဲ့ၿပီ....ဒါေပမယ့္ ငါတို႔ဟာ ဒီနန္းေတာ္ထဲမွာ သူစိမ္းေတြ၊ သုံ႔ပန္းေတြဆိုတဲ့ ခံစားမႈမ်ိဳးပဲ ခံစားခဲ့ရတယ္...ငါတို႔ဟာ နန္းၿမိဳ႕ျပင္ပကို အေစာင့္အေရွာက္မပါပဲ လြတ္လြတ္လပ္လပ္သြားခြင့္မရွိဘူး.. ေနာက္အဆိုးဆုံးက ငါ့သားႏွစ္ေယာက္ပဲ..သူတို႔က လူမမယ္အ႐ြယ္ကေလးေတြပါ...ဒါေပမယ့္သူတို႔ကိုယ္ထဲ အင္းဝဘုရင့္ေသြးက တဝက္ပါေနတယ္...အဲ့ဒီအခ်က္ကပဲ သူတို႔ အသက္အႏၲရာယ္ကို အၿမဲတမ္းၿခိမ္းေျခာက္ေနတယ္..သူတို႔ႏွစ္ေယာက္ အ႐ြယ္ေရာက္လာတာနဲ႔အမွ် ထီးေမြဆက္ခံမႈျပႆနာ မ်ားတဲ့ ဒီအင္းဝမွာ ပိုၿပီး အႏၲရာယ္ႀကီးလာတယ္လို႔ ငါခံစားရတယ္........အခု..ငါ့အသက္ (၃၀)ျပည့္ေတာ့ မယ္...လူသက္တမ္းတဝက္ရွိခဲ့ၿပီ...ငါ့ဇာတိျဖစ္တဲ့ မဏိပူရကို ငါျပန္ခ်င္တယ္...ငါမျပန္ရရင္ေတာင္ ငါ့သား ႏွစ္ေယာက္ကေတာ့ ကန္ကလာနန္းေတာ္ထဲ ေျခခ်ေစခ်င္တယ္”


ကုမၼာရျဗဟၼဏမေဟပုဏၰားႀကီးသည္ ေၾကးခြက္ျဖင့္ထည့္ထားေသာ ေရတခြက္ကို ယူလာၿပီး မိဖုရားနီလာခမ္းထံ ကမ္းေပးလိုက္သည္။


နီလာခမ္းက ေရခြက္ကို‌ ေမာ့ေသာက္လိုက္၏။


လြီဇာက နီလာခမ္းကို မ်က္ေတာင္မခတ္ပဲ လိုက္ၾကည့္ေနသည္။


“ဒီေတာ့...ကြၽန္မ ဘာကူညီေပးရမလဲ”


နီလာခမ္းက ပုဏၰားႀကီးကို မ်က္ရိပ္ျပလိုက္၏။


ပုဏၰားႀကီးက ထသြားၿပီး ေနာက္ထပ္ ေၾကးခြက္ျဖင့္ ေရတစ္ခြက္ ထပ္ယူလာသည္။


“မင္း ဒီကိစၥကို ဆုံးခန္းထိမကူညီႏိုင္ရင္ေတာင္ ဘယ္သူ႔ဆီမွ မေပါက္ၾကားေစရပါဘူးလို႔ သစၥာေရ ေသာက္ဝံ့သလား”


“ေရေသာက္မွ ကတိတည္တာမဟုတ္ပါဘူး..ဒါေပမယ့္ ေရေသာက္မွ သစၥာတည္တယ္လို႔ မိဖုရား ယူဆရင္ေတာ့..ေသာက္ပါ့မယ္”


နီလာခမ္းကမ္းေပးေသာ ေရခြက္ကို လြီဇာက လွမ္းယူလိုက္သည္။


“ယခု တိုင္ပင္ႏွီးေႏွာၾကေသာ ကိစၥမွန္သမွ်အား ျပင္ပသို႔ မေပါက္ၾကားေစရပါ.ေပါက္ၾကားပါက ကိုးကြယ္ရာ ဘုရား၊နတ္တို႔ ၏ က်ိန္စာစူးပါေစ”


လြီဇာက ေရခြက္ကို ေမာ့ေသာက္လိုက္သည္။


နီလာခမ္းက ၿပဳံးလိုက္သည္။


ထို႔ေနာက္ ကုမၼာရျဗဟၼဏမေဟပုဏၰားႀကီး ႏွင့္အတူ ေနာက္ထပ္ ပုဏၰားဝတ္စုံျဖင့္ လူ႐ြယ္တစ္ဦးက လြီဇာတို႔ အနားတြင္လာထိုင္သည္။


“ဒါ ငါ့တူ ..မဏိပူရမင္းသား ဆန္ေဂ်းခူရာလက္ပ ပဲ.....  ေရွ႕ေျပးတပ္အေနနဲ႔ သူက ႐ုပ္ဖ်က္ၿပီး ဒီက ေျမျပင္အေျခအေနကို လာစုံစမ္းတာ..ေနာက္ထပ္ လူတစ္ေယာက္ကို ငါတို႔ေစာင့္ရဦးမယ္”


နီလာခမ္း စကားမဆုံးခင္ပင္ ဝတ္ေက်ာင္း၏ တံခါးတစ္ခ်ပ္ပြင့္သြားသည္။


ေဘာင္းျဖဴေပါင္းထားၿပီး စက္နားကြပ္သိုရင္းဝတ္လာသည့္ အသက္ (၃၅)အ႐ြယ္ လူတစ္ေယာက္ကို ေတြ႕လိုက္ရသည္။


ထိုသူက သူ႔အတြက္ခင္းေပးထားေသာ အခင္းတြင္ ဝင္ထိုက္လိုက္သည္။


“သူက တနဂၤေႏြမင္းရဲ႕ သားေတာ္ မင္းသားႀကီး ေမာင္လွပဲ”


မင္းသားေမာင္လွ က အားလုံးကို ၿပဳံးျပလိုက္သည္။


မင္းသားေမာင္လွ သည္ တနဂၤေႏြမင္း အိမ္ေရွ႕စံဘဝကတည္းက ကိုယ္လုပ္ေတာ္စည္ပုတၱရာစား ႏွင့္ ေမြးဖြားခဲ့သည့္ သားအႀကီးဆုံးျဖစ္သည္။


 မဟာဓမၼရာဇာဓိပတိထက္ အသက္မ်ားစြာႀကီးသူျဖစ္ေသာ္လည္း ကိုယ္လုပ္ေတာ္မွ ေမြးသည့္သားျဖစ္သျဖင့္ ထီးေမြဆက္ခံခြင့္မရသူျဖစ္သည္။


ထို႔ေၾကာင့္ တနဂၤေႏြမင္းက ထီးနန္းေရးရႈပ္ေထြးမႈမျဖစ္ေစရန္  မဏိပူရ - အင္းဝနယ္စပ္၊ ခ်င္းတြင္းျမစ္ၾကားရွိ ေသာင္သြပ္ၿမိဳ႕ သို႔ အေဝးမင္းသားအျဖစ္ ပို႔ထားခဲ့သည္။


မင္းသားႀကီးေမာင္လွ သည္ နယ္စပ္သို႔ စစ္အင္အားျဖန႔္က်က္လာသည့္ ဆန္ေဂ်းမင္းသားႏွင့္ ခ်ိတ္ဆက္မိကာ မဏိပူရဘုရင္ဂါရစ္နာဝဇ္ ႏွင့္ ေတြ႕ဆုံေဆြးေႏြးႏိုင္ခဲ့သည္။


ဂါရစ္နာဝဇ္ အေနျဖင့္လည္း အင္းဝ အား ေအာင္ျမင္ၿပီးပါက ေရရွည္အုပ္ခ်ဳပ္ရန္ မရည္႐ြယ္ပဲ ပစၥည္းဥစၥာရသမွ်ကို လုယက္ယူေဆာင္ၿပီး မဏိပူရၾသဇာခံ အင္းဝမင္းသားတစ္ပါးကို နန္းတင္ထားခဲ့ရန္ ႀကံ႐ြယ္ခဲ့သည္။


အင္းဝႏွင့္ စစ္တိုက္သည့္အခါတြင္လည္း ျမန္မာမင္းသားတစ္ပါး၏ ပုံရိပ္ပါဝင္ေနျခင္းျဖင့္ နန္းတြင္းတြင္ မဟာဓမၼရာဇာဘုရင္ကို မႀကိဳက္သည့္ အင္အားစုမ်ားၾကား ဝိဝါဒကြဲျပားေစရန္လည္း ရည္႐ြယ္ထားသည္။


ထိုသို႔ျဖင့္ မဏိပူရတို႔ အင္းဝသို႔ စစ္ခ်ီမည့္အေရးတြင္ မင္းသားေမာင္လွ သည္ အဓိကေနရာမွ ပါဝင္လာျခင္းျဖစ္သည္။


ပုဏၰားဟန္ ဝတ္ဆင္ထားသည့္ ဆန္ေဂ်းမင္းသားက သမင္သေရျဖင့္ လုပ္ထားသည့္ ေျမပုံတစ္ခ်ပ္ ကို ဆြဲထုတ္လိုက္သည္။


“စစ္ေရးအရ က်ဳပ္တို႔တပ္ေတြ အခုဘယ္မွာရွိေနတယ္..ဘယ္ေတာ့ အင္းဝကို ေရာက္မယ္ဆိုတာေတာ့ မေျပာျပပါဘူး..ဒါေပမယ့္..တပ္ေတြေရာက္လာတဲ့အခါ ဘာေတြ လုပ္ၾကမလဲ..နန္းေတာ္ၿမိဳ႕႐ိုးထဲ ရွိေနမယ့္ အရီးေတာ္ မိဖုရား တို႔ဘက္က လုပ္ေဆာင္ရမယ့္ အပိုင္းေတြကို အခု ေဆြးေႏြးမွာပါ”


“အားလုံးက သစၥာေရ ညီတူ ေသာက္ထားၾကသူေတြမို႔ ယုံယုံၾကည္ၾကည္သာ တိုင္ပင္ပါ..တူေမာင္”


နီလာခမ္း ၏ ေျပာစကားကို ဆန္ေဂ်းက ေခါင္းညိတ္လိုက္သည္။


ထို႔ေနာက္ လြီဇာကို တခ်က္ စူးစိုက္ၾကည့္၏။


“သူက ဗမာမဟုတ္ဘူးပဲ”


“ဟုတ္တယ္...သူက နန္းတြင္းကုန္သည္ေတာ္ပဲ...လြီဇာတဲ့..အင္းဝမွာေမြးတဲ့ ေပၚတူဂီလူမ်ိဳးပါ..နန္းတြင္းက ငါ့ကိစၥေတြကို သူကူညီႏိုင္လိမ့္မယ္”


“ဟုတ္ၿပီ..အရီးေတာ္....ကြၽန္ေတာ္တို႔တပ္ေတြ စၿပီး စစ္ခ်ီလာၿပီဆိုတဲ့အခါမွာ အင္းဝဘုရင္ရဲ႕ ေဒါသက အရီးေတာ္တို႔ သားအမိေတြ ဆီကို ေသခ်ာေပါက္ေရာက္လာမွာပါပဲ..သူေဒါသထြက္ရင္ ထြက္သလို အသတ္ကိုပါ စီရင္ႏိုင္တယ္..ဒီေတာ့. အရီးေတာ္တို႔ရဲ႕ အသက္ကို လုံးဝ မထိေစရေအာင္ စီစဥ္ပါလို႔ ခမည္းေတာ္ကမွာထားပါတယ္..ဒီေတာ့ တခုခုအႏၲရာယ္ႀကဳံခ်ိန္မွာ နန္းေတာ္ကေန ထြက္လို႔ရမယ့္ အစီအစဥ္တစ္ခုခုမ်ား အရီးေတာ္ဆီမွာ ရွိပါသလား”


နီလာခမ္းက ေခါင္းညိတ္ျပလိုက္သည္။


“တကယ္လို႔ မဏိပူရစစ္လာၿပီ ဆိုတာနဲ႔ သူတို႔က ငါ့ကို မ်က္ေျခမပ်က္ ေစာင့္ၾကည့္ၾကေတာ့မွာပဲ... ဒီေတာ့ ငါ စီစဥ္ထားတာက...အခါက်ၿပီဆိုတာနဲ႔.ငါက ညပဟိုရ္ ႏွစ္ခ်က္တီးေလာက္ နန္းေတာ္ဇင္းမယ္တံခါးက ထြက္ရင္ ရွမ္းေစ်းကို တိုက္႐ိုက္ေရာက္မယ္...ဒါေပမယ့္ အဲ့ဒီမေရာက္ခင္ မိကို မိမွာပဲ...ဒီေတာ့ ငါက အဲ့ဒီက ေျပးေယာင္ျပမယ္....ငါ့သားေလးႏွစ္ေယာက္ကိုေတာ့ ေျမာက္ဖက္တေကာင္းတံခါး ဥယ်ာဥ္ေတာ္ကေန ေျပးခိုင္းမယ္..ဥယ်ာဥ္ေတာ္ျပင္ပမွာ ေဟာ့ဒီက လြီဇာကို ျမင္းနဲ႔ ေစာင့္ခိုင္းပါ့မယ္... မင္းတို႔ဆီကို လြီဇာက ငါ့သားႏွစ္ေယာက္ကို မင္းတို႔ သတ္မွတ္ထားတဲ့ေနရာေရာက္ေအာင္ ေခၚသြားေပးရမယ္..ဘယ္လိုလဲ..လြီဇာ..ကူညီႏိုင္မယ္..မဟုတ္လား”


လြီဇာက မ်က္ခုံးကို တြန႔္ေကြးကာ စဥ္းစားေနသည္။


“ဟုတ္ၿပီေလ...ကေလးႏွစ္ေယာက္ကို ကြၽန္မ ဘယ္ပို႔ေပးရမလဲ”


“ခင္ဗ်ားပို႔ရမွာက..အင္းဝက သီရီေဇယ်ေက်ာ္ထင္ဘုန္းႀကီးေက်ာင္းကိုပဲ..အဲ့ဒီေက်ာင္းဝန္းထဲမွာ မင္းသားႀကီးေမာင္လွရဲ႕လူေတြရယ္.. ဆာဒူးဘုန္းႀကီးေတြ ပုံစံ႐ုပ္ဖ်က္ထားတဲ့ မဏိပူရလက္‌ေ႐ြးစင္စစ္သည္ေတြရွိေနမယ္..သူတို႔ဆီေရာက္ရင္ ကေလးေတြ လုံၿခဳံၿပီ”


“ဟုတ္ၿပီ..ဒီေလာက္ေတာ့ ကြၽန္မ လုပ္ႏိုင္ပါတယ္”


“ကဲ..ကေလးေတြကိစၥၿပီးၿပီဆိုေတာ့...ေနာက္ထပ္ အေရးႀကီးတဲ့ ကိစၥတစ္ခု က်န္ေသးတယ္.. အဲ့ဒါကေတာ့... စစ္ကိုင္းက ရွင္ျဖဴရွင္လွ ဘုရားကို ခိုးၾကဖို႔ပဲ”


“ဟင္”


ဆန္ေဂ်းမင္းသား၏ စကားေၾကာင့္ အားလုံးထံမွ အာေမဋိတ္သံမ်ားထြက္လာသည္။


ရွင္ျဖဴရွင္လွဘုရားသည္ အင္းဝမင္းအဆက္ဆက္ကိုးကြယ္ခဲ့ၾကၿပီး တန္ခိုးႀကီးဘုရားတစ္ဆူျဖစ္သည္။


အင္းဝဘုရင္အဆက္ဆက္သည္ စစ္ခင္းခ်ိန္မ်ား၊ သူတို႔၏ ဘုန္းတန္ခိုးထြန္းေတာက္ေစလိုခ်ိန္မ်ားတြင္ ရွင္ျဖဴရွင္လွသို႔ ဘုရားဖူးထြက္ရသည္ဟူေသာ အစြဲ ရွိၾကသည္။


ျပည္သူအမ်ားမွာလည္း ဘုရင္ကိုးကြယ္သည့္ဘုရားျဖစ္သျဖင့္ ထိုဘုရားကို တန္ဖိုးထားၾကသည္။


ယခု ထိုဘုရားကို ခိုးယူမည့္ အႀကံေၾကာင့္ အံၾသသင့္သြားရျခင္းျဖစ္၏။


“ဘာျဖစ္လို႔ ဘုရားကို ခိုးမွာလဲ”


နီလာခမ္းက ဆန္ေဂ်းကို ေမးလိုက္သည္။


“ပထမတခ်က္က စိတ္ဓာတ္စစ္ဆင္ေရးပဲ..အင္းဝဘုရင္ေတြက ဒီဘုရားကို အရမ္းယုံၾကည္ၾကတယ္... ဟိုးကတည္းက စစ္တိုက္ထြက္ခါနီးေရာ..တျခားကစစ္လာတိုက္တဲ့အခါေတြမွာေရာ ဘုရင္ေတြက ရွင္ျဖဴရွင္လွ ဘုရားဆီသြား အဓိဌာန္ဝင္ၾကတယ္မဟုတ္လား...သူတို႔ရဲ႕ ဘုန္းတန္ခိုးက ဒီဘုရားနဲ႔ ဆက္စပ္ေနတယ္လို႔လည္း ယူဆၾကတယ္..အဲ့ဒီလိုဆို ဒီဘုရားဆင္းတု ေပ်ာက္သြားတာနဲ႔ အင္းဝ ဘုရင္ အနည္းနဲ႔အမ်ားပ်ာယာခတ္သြားမွာပဲ...ျပည္သူေတြကလည္း ဘုရင္ကိုယ္တိုင္ ကိုးကြယ္ေနတဲ့ဘုရားကိုေတာင္ မေစာင့္ေရွာက္ႏိုင္တဲ့အတြက္ ရွင္ဘုရင္ကို အျပစ္ဖို႔ၾကလိမ့္မယ္..ဘုရင္ကို ျပည္သူက မယုံေတာ့ဘူးဆို က်ဳပ္တို႔ စစ္ဆင္ေရးက တဝက္ႏိုင္ေနၿပီ.. ဒုတိယအခ်က္ကေတာ့...လိုအပ္လာရင္..အရီးေတာ္ရဲ႕အသက္၊ ကေလးေတြရဲ႕ အသက္ကို အဲ့ဒီ ဘုရား နဲ႔ အလဲအလွယ္လုပ္လို႔ရမယ္..ဒါပါပဲ”


“ဘုရားကို ဘယ္သူက ခိုးမွာလဲ”


“သီရီေဇယ်ေက်ာ္ထင္ဘုန္းႀကီးေက်ာင္းမွာ ဆာဒူးပုံစံ႐ုပ္ဖ်က္ထားတဲ့ က်ဳပ္တို႔ လက္‌ေ႐ြးစဥ္ေတြ ေရာက္ေနၿပီ...သူတို႔နဲ႔ ေဟာ့ဒီက ကုမၼာရျဗဟၼဏမေဟပုဏၰားႀကီးလူေတြ ပူးေပါင္းၿပီး လုပ္ၾကလိမ့္မယ္”


“အင္း...မင္းက ေတာ္ေတာ္အကြက္ေစ့တာပဲ..ဒါနဲ႔မ်ား ငါ့အကိုေတာ္က မင္းကို အိမ္ေရွ႕အရာ မအပ္ႏွင္းခဲ့တာ ငါအံၾသတယ္..ငါသာ ကန္ကလာနန္းေတာ္ျပန္ေရာက္ရင္..မင္း အိမ္ေရွ႕မင္းသားျဖစ္ဖို႔ ဘယ္နည္းနဲ႔မဆို အကိုေတာ္ကို တိုက္တြန္းမွာပဲ..ဆန္ေဂ်း”


နီလာခမ္း ပစ္ထည့္လိုက္သည့္ ျမႇားက မင္းသားဆန္ေဂ်း၏ ရင္ကို တည့္တည့္ထိမွန္သြားသည္။


“ကြၽန္ေတာ္ အရီးေတာ္ကို ဒီအင္းဝေျမကေန ရေအာင္ ျပန္ေခၚသြားပါ့မယ္”


....................................................................................................


၁၇၃၅ ခုႏွစ္။


လြီဇာသည္ နန္းတြင္းအေနာက္ေဆာင္တြင္ အားထားရေသာ ကုန္သည္ႀကီးတစ္ဦး ျဖစ္လာသည္။


ဟံသာဝတီ၊ သန္လ်င္ မွ အင္းဝ ဥဒဟိုကူးသန္းကာ သူ၏ ယမကာကုန္စည္မ်ားကို နန္းတြင္းသို႔ ပုံမွန္ တင္သြင္းလာႏိုင္သည္။


လြီဇာမွာ အင္းဝနန္းတြင္းအေနာက္ေဆာင္မိဖုရားတို႔ထံ ဝင္ထြက္ၿပီး ႏိုင္ငံျခားျဖစ္လက္ေဆာင္မ်ား ေပးေလ့ရွိသျဖင့္ မိဖုရားေခါင္ႀကီး ၊ ဒုတိယၾသဇာအရွိဆုံး လင္ဇင္းမိဖုရားတို႔က လြီဇာကို ခ်စ္ခင္ၾကသည္။


ရွင္ဘုရင္ကိုယ္တိုင္က ပြဲစားေတာ္ ဘြဲ႕ကို ခ်ီးျမႇင့္ကာ သစ္ျဖင့္ အိမ္ေဆာက္ခြင့္ေပးခဲ့သည္။


ရွင္ဘုရင့္ထံမွ ပြဲစားေတာ္ဘြဲ႕ ကို ရရွိသျဖင့္ ႏိုင္ငံျခားမွ အရက္မ်ားမွာယူတင္သြင္းရာတြင္ မူလအခြန္ (၁၄)ရာခိုင္ႏႈန္းအစား (၇)ရာခိုင္ႏႈန္းသာ ေပးရေတာ့သည္။


သံလ်င္ႏွင့္ ဟံသာဝတီ ရွိ ျပင္သစ္၊ အဂၤလိပ္၊ အာေမးနီးယန္းကုန္သည္မ်ားသည္လည္း လြီဇာ ထံ အရက္တင္သြင္းႏိုင္ေရး အလုအယက္ႀကိဳးပမ္းၾကသည္။


လြီဇာ က အရက္ဖိုးေငြမ်ားကို အင္းဝ၏ ေမွာင္ခိုကုန္မ်ားျဖစ္ေသာ ဂင္ဇာေၾကး၊ ယမ္းစိမ္း တို႔ႏွင့္ ဖလွယ္ေပးေသာေၾကာင့္လည္းျဖစ္သည္။


ထို႔ျပင္ၿဗိတိသွ်အေရွ႕အိႏၵိယကုမၸဏီ၊ စိန႔္ေဂ်ာ့ခံတပ္ၿမိဳ႕တာဝန္ခံ မစၥတာဟစ္ဂစ္ဆန္ က အင္းဝႏိုင္ငံမွ ထြက္သည့္ ဂင္ဇာေၾကးကို အေျမာက္ျပဳလုပ္ရန္ ေစ်းေကာင္းေပးဝယ္သည့္အတြက္ ကုန္သည္မ်ားမွာ လြီဇာ ႏွင့္ ကုန္သြယ္ရန္ ကိစၥကို အထူးစိတ္ဝင္စားလာၾကသည္။


လြီဇာသည္လည္း ဂင္ဇာ၊ ယမ္းစိမ္းမ်ား ေမွာင္ခိုထုတ္သည့္လုပ္ငန္း၊ နန္းတြင္းသို႔ ယမကာတင္သြင္းသည့္ လုပ္ငန္းတို႔ေၾကာင့္ ဝင္ေငြက ႏွစ္ဖက္ခြ ရရွိလာသည္။


လြီဇာ၏ စီးပြားေရးေကာင္းမြန္လာသည္ႏွင့္အမွ် စီးပြားဖက္ျဖစ္သူ ကိုးသိန္းသခင္မွာလည္း ပိုင္ဆိုင္မႈမ်ား ႂကြယ္ဝလာ၏။


ကိုးသိန္းသခင္က လြီဇာအား သူ၏ တတိယေျမာက္မယားအျဖစ္ ကမ္းလွမ္းခဲ့ေသာ္လည္း လြီဇာက ျငင္းပယ္ခဲ့သည္။


လြီဇာသည္ နန္းေတာ္အေနာက္ေဆာင္တြင္ မိဖုရားေခါင္ႀကီးတို႔၏ အခ်စ္ေတာ္ျဖစ္ေနသျဖင့္ ကိုးသိန္းသခင္မွာ အတင္းအၾကပ္မေတာင္းဆိုႏိုင္ခဲ့ေပ။


အင္းဝၿမိဳ႕ ၊ မဂၤလာနေမာ္ေစ်းႏွင့္ သူေဌးတန္းတို႔ ဆုံရာ ရွိ လြီဇာ၏ သစ္အိမ္ ေရွ႕သို႔ လွည္းယာဥ္တစ္စီး ဆိုက္လာသည္။


လွည္းယာဥ္ေပၚမွ ဆင္းလာသူက ေဒၚဇံကုလား ႏွင့္ ခ်စ္ညိဳ။


ၿခံဝန္းအတြင္း လြီဇာ၏ ျမင္းႀကီးမွာ ေနမေကာင္းျဖစ္ေနသျဖင့္ ျမင္းကုဆရာႏွင့္ ငတြန္မွာ အလုပ္မ်ားလ်က္ရွိသည္။


“ဇာဇာ..ငါ့ႏွမ..ဇာဇာ”


ခ်စ္ညိဳ ၏ အသံေၾကာင့္ ငတြန္က ၿခံဝသို႔ ၾကည့္လိုက္သည္။


လြီဇာ ကလည္း အိမ္လသာေဆာင္မွ ထြက္လာ၏။


“ခ်စ္ညိဳႀကီးတို႔ပါလား..ဘာကိစၥမ်ား ရွိၾကပါသလဲ”


“အေမက ေတြ႕ၿပီးဆုံၿပီး ေမတၱာရပ္ေျပာစရာရွိလို႔ ေခၚလာခဲ့တာပ”


“ေၾသာ္..လာၾကပါ”


လြီဇာက အေစခံမေလးမ်ားကို သင္ျဖဴးခင္းခိုင္းလိုက္သည္။


ေဒၚဇံကုလားက လြီဇာ၏ သစ္အိမ္ႀကီးကို ၾကည့္ကာ ၿပဳံးေန၏။


“ဒါ က်ဳပ္အေမ....ေဒၚဇံကုလားတဲ့”


“ဟုတ္ကဲ့”


“မိန္းကေလး..နာမည္က..ဇာဇာ”


“လွီဇာပါ.လွီဇာဒီမဲလိုးပါ”


“မိန္းကေလးက ျမင္းစီးဘြဲ႕အျပင္.သစ္အိမ္ေတာင္ေနခြင့္ရေနပါပေကာလား”


“ေ႐ႊနန္းရွင္ဘုရား ရဲ႕ ေက်းဇူးေတြပါ..အရီး”


“အင္း..ေ႐ႊနန္းက ေျမႇာက္စားတယ္ဆိုတာ ေတာ္႐ုံအရည္အေသြးမ်ိဳးမွမဟုတ္ပဲကြယ့္ေနာ့”


လြီဇာက ေဒၚဇံကုလား ၏ ခ်ီးမြမ္းစကားကို ၿပဳံးလ်က္ တုံ႔ျပန္လိုက္သည္။


“ဒါနဲ႔...မိန္းကေလးတို႔ ဗရင္ဂ်ီဓေလ့မွာ သမီးေတာင္းတဲ့အခါ ဘယ္ပုံဘယ္နည္းမ်ား ျမန္းရသလဲ..အရီး သိခ်င္လို႔ပါ”


“ရွင္”


“ေၾသာ္...ဗရင္ဂ်ီဓေလ့မွာ လင္ခန္းမယားခန္းအတြက္ ေတာင္းရမ္းတဲ့အခါ ဘယ္လိုမ်ား သတ္မွတ္ၾကသလဲလို႔”


“တျခားေထြေထြထူးထူးေတာ့မရွိပါဘူး..ႏွစ္ဖက္ေယာက္်ားေလးနဲ႔ မိန္းကေလး သေဘာတူညီမွ်တယ္ဆို.. ဘုရားေက်ာင္းမွာ လက္ထပ္ၾကတာပါပဲ...”


“ေၾသာ္ကြယ္..ေကာင္းပါေလ..ဒါလည္း ရွင္းတာပါပဲ”


ေဒၚဇံကုလားက လြီဇာကို ေျခစြန္းေခါင္းစြန္း ၾကည့္လိုက္သည္။


“မိန္းကေလးကို အရီးတို႔က ျမန္းတဲ့အခါ ဘယ္ကို လာျမန္းရင္ ရမလဲ”


“ဘာကိုလဲရွင့္”


“အရီးသား ခ်စ္ျမ က မိန္းကေလးကို ေမတၱာရွိေနတယ္...အရီးကလည္း သေဘာတူတယ္..ဒါေပမယ့္ ဒင္းက အူအူအအရယ္မို႔ အရီးကပဲ နားလာေဖာက္တာပါ...မိန္းကေလးမွာ အုပ္ထိန္းသူ လူႀကီးမ်ားရွိရင္..ဘယ္သူ႔ဆီ သမီးကညာျမန္းလို႔အဆင္ေျပမလဲလို႔ပါ.. အရီးတို႔ လယ္ ပယ္ႏွစ္ဆယ္ နဲ႔ ႏြားေျခာက္ရွည္း ၊ ေငြငါးပိႆာတင္မွာပါ”


ေလွခါးမွ တက္လာေသာ ငတြန္က ေဒၚဇံကုလားအသံေၾကာင့္ တုံ႔ခနဲ ျဖစ္သြားသည္။


“ဒီက ေမာင္ခ်စ္ညိဳ ကလည္း မိန္းကေလးနဲ႔ ရင္းႏွီးရင္းစြဲရွိေတာ့...မိန္းကေလးကို သူ႔ႏွမလို႔ ျဖစ္ေစခ်င္ၾကတာပါ..ဒါ့ေၾကာင့္”


“ေနပါဦး...အရီး...အရီးသား ခ်စ္ျမကေရာ ဘယ္မွာလဲ”


လြီဇာစကားေၾကာင့္ ေဒၚဇံကုလား က ၿပဳံးလိုက္သည္။


“သမီးကို အားနာလို႔ သူ လိုက္မလာဘူး”


“အရီးရယ္.... ဆင္ဝယ္၊ ျမင္းဝယ္ တာ က်ေနတာပဲ.... ကြၽန္မက လူပါေတာ့္..ဘယ္မလဲ..အဲ့ဒီခ်စ္ျမဆိုတဲ့ လူ....သူ ေမတၱာရွိရင္ ေမတၱာစာ ေမတၱာစကားလာေျပာေလ..အခုေတာ့ အေမကို အငွားခ်လႊတ္ရတယ္လို႔....ေယာက္်ားေသြးမရွိ ၾကားမေကာင္းပါဘူး”


ခ်စ္ညိဳ က မ်က္ေမွာင္ႀကဳံ႕လိုက္သည္။


“ဟိတ္...ခင္ဦးသားေတြကြ..ငါ့ညီမွာ ေယာက္်ားေသြးအျပည့္...နင္ စကားဆင္ျခင္ပါ”


“ဟုတ္ပါၿပီ..ကိုခ်စ္ညိဳေရ...ဒါဆိုလည္း ရွင့္ညီကို ကြၽန္မေရွ႕ ေမတၱာေရးလာေျပာရဲေအာင္ အရင္လႊတ္လိုက္ပါဦးေတာ့”


“လြီဇာ...နင္ေတာ့”


“ဟဲ့...ေမာင္ခ်စ္ညိဳ”


ေဒၚဇံကုလားက ခ်စ္ညိဳ၏ လက္ေမာင္းကို ေစာင့္ဆြဲလိုက္သည္။


“သူေျပာတာ..ဟုတ္တယ္...အေမက သာ ဆႏၵေစာေနတာ..လာ..သြားၾကစို႔...နင့္ညီကိုသာ အရင္ လူေရးျပပါေစေတာ့”


‌ေဒၚဇံကုလားက လြီဇာ့ကို ၿပဳံးက မတ္တပ္ရပ္လိုက္သည္။


“အရီး နကၡတ္ေတြ တြက္ခ်က္ၿပီးခဲ့ၿပီ...မိန္းကေလး.....ခ်စ္ျမ ဟာ မိန္းကေလးနဲ႔ ေပါင္းဖက္မွာသာ အသက္ေဘးကလြတ္ၿပီး လူေက်ာ္လူေမာ္ျဖစ္လိမ့္မယ္...အရီးသားလတ္ရဲ႕ ဇာတာဟာ လူမ်ိဳးျခားပ်ိဳျဖဴ ေလးလက္မွာသာ ရွိတာပါ...စိတ္ခ်ပါ..အရီးသားကို ေမတၱာစကားပါးရေအာင္ လႊတ္လိုက္ပါ့မယ္”


ငတြန္က ေလွကားမွ ျပန္ဆင္းကာ မန္းက်ည္းပင္ကို မွီလ်က္ ခ်စ္ညိဳ တို႔ သားအမိကို ေစာင့္ၾကည့္ေနသည္။


ခ်စ္ညိဳ ႏွင့္ ေဒၚဇံကုလားတို႔ အိမ္ေပၚမွ ဆင္းလာသည္ႏွင့္ ငတြန္က ေလွာင္ၿပဳံးၿပဳံးလ်က္ ၾကည့္ေန၏။


“ေဟ့..ေသြးေသာက္ေကာင္....နင္ ငါတို႔ကို ဘာေလွာင္သလဲ”


ခ်စ္ညိဳက လွမ္းေမးလိုက္သည္။


“ခင္ဦးသားေသြးရဲသကိုးဆို..ဘယ့္ႏွယ့္..မိန္းမတစ္ေယာက္ကိုေတာင္ ရည္းစားစကားမေျပာဝံလို႔ အေမလႊတ္ရသတဲ့..အံ့ပကြာ”


“ဟာ..ဒီသေဘာက္မသား.....နင္ ငါနဲ႔ လက္႐ုံးခ်င္း ယွဥ္သတ္ဝံ့သလား...လာခဲ့ေလကြယ္..ေနရာမေ႐ြးပဲ”


ခ်စ္ညိဳမွာ ရွက္စိတ္မ်ားမႊန္သြားၿပီး ေဒါသကို ထိန္းခ်ဳပ္မရေတာ့။


ငတြန္က ပုဆိုးကို ေခါင္းေတာင္းက်ိဳက္လိုက္သည္။


ခ်စ္ညိဳကလည္း ပုဆိုးကို ခါးေတာင္းက်ိဳက္လ်က္ လက္ဖေမာင္းကို ခတ္လိုက္၏။


ေဒၚဇံကုလားက အိမ္ေရွ႕တြင္ ရပ္ထားေသာ လွည္းယာဥ္ေပၚသို႔ တက္ကာ ဒူးတစ္ေခ်ာင္းေထာင္လ်က္ က်က်နန ထိုင္လိုက္သည္။


ထို႔ေနာက္ အသင့္ပါလာေသာ ေျပာင္းဖူးဖက္ေဆးလိပ္ကို မီးစျဖင့္ တို႔ကာဖြာလိုက္သည္။


ငတြန္က ခ်စ္ညိဳ ရွိရာသို႔ ေျခလွမ္းက်ဲႀကီးမ်ားျဖင့္ ဆင္းသြားသည္။


ခ်စ္ညိဳက ေျခႏွစ္ဖက္ကို ခြဲကာ အသင့္ေနရာယူလိုက္၏။




ခက္ေဇာ္

Comments

Post a Comment