AVA 1740s (အခန်း ၃၄)


AVA 1740s

                                            အခန်း(၃၄)    

                                ...............................................

“ထုံးစံမဟုတ်တာတွေကို မြို့ထဲ လုပ်ရိုးထုံးစံမဟုတ်တာကို သတိပြုပါဉီး..မြို့ဝန်”

ဉီးအောင်လှ စကားကြောင့် မြို့ဝန်အသစ် မင်းရဲအောင်နိုင်၏ မျက်နှာတင်းမာသွားသည်။

“ကိုးသိန်းသခင်က ဒီသူပုန်တွေကို စီရင်ဖို့ ကျုပ်ကို အာဏာကုန်ပေးသွားခဲ့တာ..ဆင်ဝန်မင်း... ခင်ဗျား အလုပ် ခင်ဗျားလုပ်..ကျုပ်အလုပ် ကျုပ်လုပ်မယ်..ကဲ..သူတို့ကို လောင်တိုက်ထဲ ထည့်တော့ဟေ့”

ပါးကွက်သားများသည် မြို့ဝန်ဟောင်း ဉီးသာအောင်၏ မိသားစုကို ဖမ်းဆီးရာမှ ခေါ်ထုတ်လာခဲ့သည်။

မြို့ဝန်ဉီးသာအောင်မှာ ဉီးခေါင်း၊ ခြေ၊လက်များကို ဖြတ်ကာ မြို့အနှံပြသခြင်းခံခဲ့ရပြီးနောက် ၎င်း၏ မိသားစု မှာ မီးတိုက်ခြင်းခံရတော့မည်ဖြစ်သည်။

မီးတိုက်သတ်ခြင်းမှာ ရှင်ဘုရင်ကို ပုန်ကန်သူနှင့် မိသားစုများကို ပေးလေ့ရှိသည့် သေဒဏ်စီရင်နည်းဖြစ်သည်။

“မီးပုံတိုက်စေ” ဟု အမိန့်တော်ရှိခဲ့လျှင် နောက်မျက်နှာထောင်မှူး၊ ထောင်စာရေးတို့က သစ်၊ဝါးတို့ဖြင့် မီးလောင်တိုက်ကို သုသာန်မြေတွင် ခိုင်မာအောင် ဆောက်ရသည်။

မီးတိုက်မည့် လူအင်အားအလိုက် ယမ်း ငါးဆယ်သား၊ တစ်ပိဿာ၊ နှစ်ပိဿာအထိ မြို့ဝန်ထံမှ ထုတ်ယူရသည်။

ထို့နောက် မီးလောင်တိုက်အောက်မှ လောင်စာထင်းများကို ယမ်းနှင့်ပုံရသည်။

မီးတိုက်ခံရမည့်သူများကို ကြိုးများနှင့် တင်းကြပ်စွာထုတ်စီးကာ လောင်တိုက်အတွင်းထည့်ပြီး မီးရှို့သတ်ရခြင်းဖြစ်သည်။

ယခု မင်းရဲအောင်နိုင်၏ အစီအရင်မှာ သုဿာန်တွင် မဟုတ်ပဲ..ဟံသာဝတီမြို့လယ်ခေါင်တွင် ဉီးသာအောင်၏ မိသားစုကို လောင်တိုက်သွင်းရန် စီစဉ်ခြင်းဖြစ်သည်။

မြို့သူမြို့သားများအား အထိတ်တလန့်ဖြစ်အောင် လုပ်ခြင်းဖြစ်သဖြင့် ဟံသာဝတီရှိ အရာထမ်းများ၊ မြို့ခံများက နှစ်မြိုခြင်းမရှိကြ။

ထို့ကြောင့် ဉီးအောင်လှက ကန့်ကွက်နေခြင်းဖြစ်သည်။

လူအုပ်ကြီးမှာ မြို့လယ်ခေါင် မီးတိုက်စီရင်ခြင်းကို အထူးတဆန်းအဖြစ် လာရောက်ကြည့်ရှုနေကြ၏။

ဉီးသာအောင်၏ ဇနီး၊ သား ငသာဝ၊  သမီး ရှင်မြတ်သာ၊ ဉီးသာအောင်ယောက်ဖ ငမင်းအောင်၏ ဇနီး မယ်လှ၊ သား ငပြည့်စုံ၊ အိမ်တော်ပါ ကျွန်အမှုထမ်းမိသာစု နှစ်စု တို့ကို ရဲမက်များက ကြိုးများဖြင့် ခပ်ကြပ်ကြပ်စည်းနှောင်လိုက်ကြ၏။

မြို့ဝန်သစ် မင်းရဲအောင်နိုင်က ထန်းဖူးပုရပိုက်ကို ကိုင်လျက် အေးစက်သောမျက်နှာဖြင့် ကြည့်နေသည်။

“အင်းဝပြည့်ရှင် ဘုရင်မင်းတရား မဟာဓမ္မရာဇာဓိပတိ ၏ အမိန့်တော်အတိုင်း သူပုန်ငသာအောင် ၏ သားမယားတို့သည် ငသာအောင်နှင့် တကျိတ်တည်းတဉာဏ်တည်းဖြစ်ကြသဖြင့် မီးတိုက်သတ်စေရန် အမိန့်တော်ရှိလိုက်သည်။ ဟံသာဝတီမြို့နေ ကျွန်တော်မျိုးများအနေဖြင့်လည်း ထိုငမိုက်သားတို့၏ အဆုံးသတ်ကိုနမူနာယူစေရရန် အလိုငှာ့ ပြသရမည်ဟု ကျွန်ုပ် ဟံသာဝတီမြို့ဝန် မင်းရဲအောင်နိုင်မှ အမိန့်ချမှတ်သည်။ စီရင်စေ”

ရဲမက်များက မိသားစုဝင်များကို လောင်တိုက်ပေါ် ဆွဲတင်သည့်အခါ ယောက်ျားသားများက အော်ဟစ် ရုန်းကန်ကြ၏။ မိန်းမသားများထံမှ ငိုသံများ ကျွတ်ကျွတ်ညံလာ၏။

လူအုပ်ကြီးမှာလည်း မြင်ကွင်းကို ကြည့်ကာ ဆူညံပွက်လောရိုက်နေသည်။

ဆင်ဝန်ဉီးအောင်လှမှာ မျက်နှာမသာမယာဖြင့် မင်းရဲအောင်နိုင်၏ နဘေးတွင် ထိုင်နေသည်။ နဲရွဲရွာသူကြီးနှင့် ဉီးကိုတို့မှာ ကြောက်လန့်နေသောမျက်နှာများကို ခေါင်းကို ငုံ့ကာ ထိုင်နေကြ၏။

လူအုပ်ကြားတွင် လွီဇာနှင့် မယ်ဖူး တို့က မတ်တပ်ရပ်ကာ ကြည့်နေကြသည်။

လောင်တိုက်တံခါးကို ဝါးပိုးမင်တုံးကြီးများဖြင့် ကြပ်တည်းစွာ ပိတ်ချလိုက်၏။

“အားလုံး..နောက်ဆုတ်ကြဟေ့..ဝါးပိုးဝါးတွေ မီးလောင်ရင် ကွဲတတ်တယ်နော်..ယမ်းစတွေ စင်မယ်”

လူအုပ်ကြီးမှာ ကြောက်ကြောက်လန့်လန့်ဖြင့် နောက်ပြန်တိုးကြပြန်သည်။

လောင်စာထင်းများဖြင့်သွယ်တမ်းထားသော ယမ်းစကို ပါးကွက်သားတစ်ဉီးက မီးရှို့လိုက်သည်။

ဝေါခ နဲအသံ နှင့်အတူ မီးတိုက်က လှိုက်ခနဲ ထလာ၏။

လောင်တိုက်ထောင့်စွန်းတွင်ရှိနေသော ဉီးသာအောင်၏ သမီးကြီး ရှင်မြတ်သာ ထံ အရင်မီးစွဲသွားသည်။

မီးလောင်ဒဏ်ကြောင့် ခြေထောက်တွင် စည်းထားသော ကြိုးမှာပြတ်တောက်သွား၏။

ရှင်မြတ်သာမှာ သွေးရူးသွေးတန်းဖြင့် မီးတောက်ကြီးများကြား လျှောက်ပြေးနေသည်။ ပါးစပ်ကလည်း အော်ဟစ်နေ၏။

ထိုမြင်ကွင်းကို မြင်ရသော လူအုပ်ကြီးထဲမှ အချို့မှာ မျက်နှာများလွှဲထားကြသည်။ အချို့က မဝံ့မရဲဖြင့် ကြည့်နေကြ၏။

“မလုပ်ပါနဲ့..မလုပ်ကြပါနဲ့..မယ်မယ်ဘုရားရေ....မမ..ရေ”

ရုတ်တရက် ဘေးနားမှ အသံနှင့်အတူ တိုးထွက်လာသော တစုံတစ်ရာကို လွီဇာ သတိထားမိလိုက်သည်။

ပုဆိုးကို ခြုံထားသော တစ်စုံတစ်ဉီးသည် ရှေ့သို့ တိုးထွက်ရန် ပြင်လိုက်သည်။

လွီဇာက ထိုသူ၏ ပုခုံးကို ဆတ်ခနဲ လှမ်းဆွဲထားလိုက်၏။ မယ်ဖူးကလည်း လက်ကို အတင်းချုပ်လိုက်သည်။

“ဘာလုပ်တာလဲ...မီးလောင်တဲ့အထဲ ပါသွားချင်လို့လား”

ပုဆိုးခြုံထားသူက မော့ကြည့်သည်။

“ဟင်”

လွီဇာ အလန့်တကြားဖြစ်သွား၏။

ဉီးသာအောင်၏ သမီးအငယ် အသက်(၁၃)နှစ်သာရှိသေးသည့် ရှင်မြတ်ဝါ။

မျက်နှာတစ်ခုလုံး ညစ်ပတ်ပေရေနေသော်လည်း နားထွင်းပွဲတွင် သေချာတွေ့ဖူးခဲ့သဖြင့် လွီဇာက ကောင်းကောင်းမှတ်မိနေခြင်းဖြစ်သည်။

လွီဇာက မြတ်ဝါ ၏ ပါးစပ်ကို လက်ဖြင့် ပိတ်လိုက်သည်။

“မယ်ဖူး..နွားလှည်းရှိရာကို သူ့ကို ခေါ်သွားစမ်း...အမြန်သွား..လမ်းမှာ အသံမထွက်စေနဲ့..နင်ရှေ့က သွား..ငါနောက်ကလိုက်ခဲ့မယ်”

မယ်ဖူးက ရှင်မြတ်ဝါကို လက်မောင်းကို ဆွဲခေါ်ကာ လူအုပ်ကို တိုးသည်။ အနောက်မှ လွီဇာက ထိန်းကာလိုက်သည်။

မြတ်ဝါက အော်ဟစ်ငိုယိုနေသော်လည်း လူအုပ်ကြီးမှာ သူ့ကို သတိမထားမိကြ။

မီးလောင်တိုက်အတွင်း ဝေဒနာကို သည်းထန်စွာခံစားလျက် သေဆုံးနေကြသည့် ဉီးသာအောင်
၏ မိသားစုကို ကြောက်လန့်စွာငေးမောနေကြသည်။

ပေါင်းမိုးနွားလှည်းထဲသို့ မြတ်ဝါကို ထိုင်ခိုင်းလိုက်၏။ ထို့နောက် လွီဇာနှင့် မယ်ဖူးက တက်ကာ လှည်းသမားကို မောင်းရန် အချက်ပြလိုက်သည်။

လှည်းနှင့် ခပ်ဝေးဝေးတွင် မီးခိုးလုံးများ၊ ညှော်နံ့များက ကျန်ရစ်ခဲ့ပြီ။

လွီဇာ၏ အိမ်ခြံအတွင်းသို့ ရောက်သည့်အခါ မြဝါကို အိမ်ပေါ်သို့ တန်းခေါ်သွား၏။

 လွီဇာက ဘရန်ဒီတစ်ခွက်ကို ငှဲ့ကာ ယူလာသည်။

“ရော့..သမီး..စိတ်တွေသိပ်လှုပ်ရှားနေတယ်..သောက်လိုက်..သောက်လိုက်”

ရှင်မြတ်ဝါက လွီဇာတို့ကို ကြောက်လန့်တကြားကြည့်နေသည်။

“မမတို့ သမီး ရန်သူတွေမဟုတ်ဘူး..သမီးဒီနေရာမှာ ဘေးကင်းတယ်..မမတို့ကို စိတ်ချပါ”

ရှင်မြတ်ဝါ၏ မျက်လုံးများက ပြူးကြောင်ကြောင်ဖြင့်။

“ဒါလေး သောက်လိုက် သမီး..အဆင်ပြေသွားလိမ့်မယ်”

လွီဇာက ဘရန်ဒီခွက်ကို ပါးစပ်ဝတေ့ပေးသည်။

ရှင်မြတ်ဝါက ဘရန်ဒီခွက်ကို သောက်လိုက်သည်။

“ဖွီး”

ဘရန်ဒီများက ပါးစပ်မှ ပြန်ထွက်လာပြီး လွီဇာ၏ ရင်ဘတ်တစ်ခုလုံးကို စိုရွှဲသွား၏။

“တယ်..ဒီဟာမလေးတော့”

လွီဇာကို ဘရန်ဒီများ ပေသွားသဖြင့် မယ်ဖူးက ရုတ်တရက်အော်လိုက်သည်။

ရှင်မြတ်ဝါမှာ ကြောင်သော ပြူးသော မျက်လုံးများဖြင့်သာ။

“သူ ဘယ်ကနေ ဘယ်လိုလွတ်လာတယ်မပြောတတ်ဘူး.. စိတ်အခြေအနေတော်တော်ထိသွားပုံပဲ...မယ်ဖူး...ဘရန်ဒီကို ရေနဲ့ ရောပြီး ချော့တိုက်လိုက်..ခဏနေအိပ်ပျော်သွားလိမ့်မယ်...ဒီအခန်းထဲကနေ ဘယ်မှ မထွက်စေနဲ့..ဟုတ်ပြီလား”
မယ်ဖူးက ဘရန်ဒီတခွက်ထပ်ငှဲ့ကာ ရေဖြင့်ရောလိုက်သည်။ ထို့နောက် ရှင်မြတ်ဝါကို ဖက်ကာ ချော့မော့တိုက်နေ၏။

လွီဇာက ပြတင်းတံခါးမှ တဆင့် ဟံသာဝတီမြို့ထဲဆီသို့ ကြည့်လိုက်သည်။

မီးလောင်တိုက်နေရာဆီမှ မီးတောက်မီးလျှံများမှာ မငြိမ်းကြသေး။

.....................................................................................

၁၇၄၀ အောက်တိုဘာလ။

ကိုးသိန်းသခင်၏ တပ်များမှာ ဟံသာဝတီပုန်ကန်မှုကို သွားရောက်ဖြေရှင်းပြီးပြန်လာသည်မှာ တလကျော်ပင် ရှိသေးသည်။

မဏိပူရဘုရင်ဂါရစ်နာဝဇ်နှင့် သားတော်ဆန်ဂျေးတို့၏ တပ်များသည် အိမ်နီးနားချင်းနိုင်ငံဖြစ်သော အာသံစော်ဘွား ထံမှ တပ်များနှင့် ပူးပေါင်းကာ အင်းဝသို့ တိုက်ခိုက်ရန် ချီတက်လာကြသည်။

မဏိပူရ နှင့် အာသံ တို့ပူးပေါင်းထားသော အင်အား ၅၀၀၀၀ ကျော်စစ်တပ်ကြီးမှာ ယခုအကြိမ်တွင် အင်းဝကို အပြီးသတ် သိမ်းပိုက်ကာ ရသမျှ လုယက်ယူငင်ကြမည်ဟု သဘောတူထားကြ၏။

ထို့ကြောင့် ကိုးသိန်းသခင် ကိုပင် ဗိုလ်ချုပ်အဖြစ်ဉီးဆောင်စေကာ မဏိပူရကသည်းတို့၏ စစ်ချီလမ်းကြောင်း ဖြစ်သော မြေတူးမြို့သို့ တပ်များကို ချက်ချင်းချီတက်စေခဲ့သည်။

မြေတူးမြို့အနောက်ဘက် ဝက်တိုးလွင်ပြင်သို့ မဏိပူရ၊ အာသံ တပ်ပေါင်းစုကြီးရောက်ရှိချိန်တွင် ကိုးသိန်းသခင်၏ တပ်များမှာလည်း မြေတူးမြို့ကို ခံတပ်ပြုလုပ်ကာ တပ်ချင်းဆိုင်ထားလိုက်ကြ၏။

ဂါရစ်နာဝဇ် သည် သားတော်၏တပ်နှင့် အာသံတပ်များကို နောက်ချန်ထားကာ ကိုးသိန်းသခင်၏ တပ်ကို အင်အားစမ်းရန် သူ၏ လက်ရွေးစဉ်မြင်းတပ်နှင့်အတူ မြေတူးမြို့ရိုးအနီးသို့ အလစ်ဝင်ရောက်တိုက်ခိုက်ကြသည်။

အင်းဝတပ်များကလည်း လက်ဖြောင့်သေနတ်သမားများနှင့် ပစ်ခတ်ခုခံရာ ကသည်းမြင်းတပ်မှ လူ (၅၀)ကျော် ကျဆုံးပြီး၊ (၁၀)ဉီးကို အင်းဝတပ်များ အရှင်ဖမ်းမိကြသည်။

ဂါရစ်နာဝဇ်၏ တပ်များလည်း အနောက်သို့ ပြန်လည်ဆုတ်ခွာလာကြ၏။

ထိုအတောအတွင်း ကိုးသိန်းသခင်သည် လက်ဖြောင့်သေနတ်သမားများ၊ ဒူးလေး၊ လင်းလေးသမားများ အင်အား (၁၀၀၀)ခန့်၊ လှံတို၊လှံရှည်ကိုင် ခြေလျင်စစ်သည် (၁၀၀၀)ခန့်ကို စုစည်းကာ မြေဒူးမြို့မှ တိတ်တဆိတ်ထွက်စေပြီး..ကသည်းတပ်တို့ဆီ သွားမည့် လမ်းတလျှောက်တွင် ရိက္ခာအပြည့်အစုံဖြင့် ခြုံခိုနေစေသည်။

ဆယ်ရက်ခန့်ကြာသောအခါ အင်းဝတပ်မှ မြင်းစစ်သည် ၅၀၀ မှာ မဏိပူရတပ်စခန်းရှိရာသို့ တဟုန်ထိုး ချီတက်တိုက်ခိုက်ကြ၏။

မဏိပူရနှင့် အာသံတပ်များက အင်းဝ၏ အင်အားကို ကြည့်ကာ အာသံမြင်းစစ်သည် (၂၀၀)၊ ကသည်းခြေလျင်စစ်သည်(၅၀၀၀) တို့ဖြင့် တပ်ပြင်အထိ ဖိတိုက်လေသည်။

အင်းဝတပ်များ ဆုတ်ခွာသွားလျှင် အာသံမဏိပူရတပ်များ အားတက်ပြီး မြေတူးသို့ သွားရာလမ်းအထိ လိုက်လာကြသည်။

ထိုအချိန်ကျမှ ခြုံခိုပုန်းကွယ်နေကြသော အင်းဝစစ်သည်များက သေနတ်များ၊ ဒူးလေး၊ လင်းလေးများဖြင့် ပစ်ခတ်ကြတော့သည်။

မြေတူးမြို့ဘက်မှလည်း အမြောက်များ၊ စိန်ပြောင်းများဖြင့် တရစပ်ပစ်ခတ်ကြသည်။

အင်းဝ၏ စစ်ရေးငင်မှုကို မဆင်ခြင်ပဲ လိုက်လာမိသော အာသံ၊ မဏိပူရတပ်စုကြီးမှာ အကျအဆုံးများဖြင့် ကစဉ့်ကလျားဖြစ်ကုန်ကြသည်။

မြင်းစစ်သည် (၁၀၀)နှင့် ခြေလျင်စစ်သည် (၁၀၀၀)ကျော် ကျဆုံးသွားပြီး ထိခိုက်ဒဏ်ရာရသူများရှိသဖြင့် အာသံမဏိပူတပ်များမှာ ဝက်တိုးလွင်ပြင်ရှိ ပင်မတပ်ဆီသို့ ဆုတ်ခွာပြေးကြရသည်။

စစ်ဉီးတွင်ပင် အကျအဆုံးများသွားသော အာသံ၊ မဏိပူရ နှစ်ပြည်ထောင် တပ်ပေါင်းစုမှာ တိုက်စစ်မှ ခံစစ်သို့ပြောင်းကာ ခံတပ်များ အမြန်ဆုံးတည်ဆောက်ကြရသည်။

ထိုအချိန်တွင် ကိုးသိန်းသခင်၏ အစီအမံအရ အင်းဝမှ အခြားတပ်များမှ မြေတူးမြို့မှ ဝက်တိုးလွင်ပြင်တဝိုက်သို့ ပတ်ကာ မဏိပူရအာသံတပ်များ၏ ရိက္ခာရရှိရာ လမ်းကြောင်းများကို ဖြတ်တောက်ပိတ်ဆို့ပစ်ခဲ့ကြသည်။

အာသံ၊ မဏိပူရတပ်များကား အင်းဝတပ်တို့၏ ပိတ်ဆို့ထားခြင်းကို ခံနေကြရတော့သည်။

.......................................................................................................................

ဟံသာဝတီ။

ကိုးသိန်းသခင်၏ အင်းဝတပ်များပြန်သွားပြီးသည့်နောက် ဟံသာဝတီမြို့ဝန်သစ် မင်းရဲအောင်နိုင် သည် ပုန်ကန်သူအဆက်အနွယ်များကို ရှင်းလင်းသည့် စစ်ဆင်ရေးကို ဆက်တိုက်ပြုလုပ်ခဲ့သည်။

ဉီးသာအောင်၏ သမီးငယ်တစ်ဉီး လွတ်မြောက်သွားသည်ကို အကြောင်းပြုလျက် တချိန်က မြို့ဝန်ဟောင်းနှင့်ပတ်သက်ခဲ့ဖူးသည့် သူများရော၊ အခြားငွေကြေးချမ်းသာသူများအိမ်များကိုပါ ဝင်ရောက်စီးနင်းရှာဖွေကြသည်။

ထိုအချိန်တွင် လွီဇာက ဂမုန်း၏ အကူအညီဖြင့် ရှင်မြတ်ဝါကို ဟံသာဝတီအနီး အဝိုင်းကျေးရွာသို့ သွားရောက်ပို့ထားခဲ့ပြီဖြစ်သည်။

ရှင်မြတ်ဝါမှာ ဉီးသာအောင် မိသားစုအား လာရောက်ဖမ်းဆီးသည့်နေ့တွင် အိမ်မှ ထူးထူးခြားခြား လွတ်မြောက်သွားခဲ့သည်။

ဟံသာဝတီမြို့တွင်း ရှောင်ပုန်းသွားလာရင်း ဉီးသာအောင်၏ ခေါင်းပြတ် ကို မြို့တံခါးတွင် မြင်ခဲ့ရသည်။ မိခင်၊ အကို၊ အမနှင့် အိမ်တော်သားအားလုံး မီးတိုက်အသတ်ခံရသည်ကို မြင်ခဲ့ရသည်။

ထို့နောက် လွီဇာထံရောက်ရှိသွားခဲ့၏။ သို့သော် ရှင်မြတ်ဝါမှာ ခံစားမှုသောကများကြောင့် စိတ်ရောဂါခံစားခဲ့ရပြီဖြစ်သည်။

သူမ၏ မိသားစုအသတ်ခံခဲ့ရသည်ဆိုသည်ကို လုံးဝလက်မခံနိုင်ခဲ့။ ဟံသာဝတီမြို့တွင်းရှိ မြို့ဝန်အိမ်တော်သို့သာ ပြန်မည်ဟု တစာစာပြောနေတော့သည်။

ထို့ကြောင့် လွီဇာ၏ အစီအမံဖြင့် မယ်ဖူးကိုယ်တိုင် အဝိုင်းရွာတွင် သွားရောက်နေထိုင်ကာ ရှင်မြတ်ဝါကို ထိန်းသိမ်းစောင့်ရှောက်ထားခဲ့ခြင်းဖြစ်သည်။

မင်းရဲအောင်နိုင် ကား တဖြည်းဖြည်းနှင့် ထင်ရာစိုင်းလာခဲ့သည်။

မင်းရဲအောင်နိုင်၏ တပ်များသည် ဟံသာဝတီမြို့တွင်းမှ နေအိမ်များကို ညအချိန်မတော်ဝင်ရောက်ရှာဖွေကြသည်။

မွန်လူမျိုးသူဌေးများ၊ ကုန်သည်များကို မသင်္ကာဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားကြသည်။

အချို့ကို ငွေကြေးတန်ဖိုးများစွာတောင်းကာရွေးယူခိုင်းသည်။

ငွေမပေးနိုင်သူများကိုမူ အနောက်ပြင်ထောင်ရှေ့ဇရပ်တွင် အလောင်းသာ ပစ်ထားခဲ့သည်။

မြို့စောင့်တပ်ဖြစ်သော လက်ျာဗိုလ် မှာ ထိုအဖြစ်ကို မနှစ်မြိုခဲ့။

မြို့ခံ သူဌေး၊ သူကြွယ်များမှာလည်း အသက်မသေစေရန်အတွက် မင်းရဲအောင်နိုင်ကို လာဘ်ငွေများ ပေးကြရသည်။

ဆင်ဝန်ဉီးအောင်လှ၊ အခွန်ဝန်ဉီးကို၊ စာရေးကြီးထားကစား၊ ဉီးမောင် တို့မှာ မြို့သူမြို့သားများ၏ အခြေအနေကို စိတ်မချမ်းသာစွာကြည့်နေကြရသည်။

သူတို့ကိုယ်တိုင်ပင် အင်းဝဘုရင်ပုန်ကန်မှုမှ ကံကောင်းစွာဖြင့် လွတ်လာကြသူများဖြစ်ကြသဖြင့် ဝင်ရောက်တားမြစ်ရန်လည်း မဝံ့ရဲကြသေး။

မင်းရဲအောင်နိုင်၏ လုယက်မှုများ ၊ ဖမ်းဆီးပြီး ငွေပေးပြန်ရွေးခိုင်းမှုများသည် သူဌေး၊ သူကြွယ်များထံမှ တဆင့် လူလတ်တန်းစားအသည်သားများထံသို့ရောက်ရှိလာခဲ့ပြီဖြစ်သည်။

လေးလကြာချိန်တွင် ဟံသာဝတီမြို့အနီးတဝိုက် မှ အရပ်သားပေါင်း (၆၀၀)ခန့်သည် ဉီးသာအောင် သူပုန်ထစဉ်ကအကူအညီပေးသည်ဟူသော ပုဒ်မဖြင့် အကွပ်မျက်ခံခဲ့ရပြီဖြစ်သည်။

ဉီးသာအောင် သူပုန်ထမှုမှာ တလသာကြာခဲ့သော်လည်း နောက်ဆက်တွဲ ကွပ်မျက်မှုများကား လေးလတိုင်တိုင်မပြီးဆုံးနိုင်သေး။

...................................................................................................................................

ဉပုသ်နေ့။

ဟံသာဝတီမြို့အပြင်ဘက် မဟာစေတီတော်ရှိ တရားဇရပ်တွင် ဟံသာဝတီ၏ အရာထမ်းကြီးများစုစည်းကာ မဟာစေတီကျောင်းတိုက်ဆရာတော်ကို ဆွမ်းများကပ်လှူခဲ့ကြသည်။

မြို့ဝန်မင်းရဲအောင်နိုင်မှာ အင်းဝမှ စစ်သည်များတောင်းထားသည့်ကိစ္စဖြင့် ဆက်သားရောက်ရှိလာသဖြင့် မြို့ဝန်အိမ်တော်သို့ ပြန်သွားသည်။

ဆင်ဝန်ဉီးအောင်လှ၊ နဲရွဲရွာသူကြီး၊ အခွန်ဝန်ဉီးကို၊ စာရေးကြီးထားကစား၊ ဉီးမောင် တို့ က လက်ဖက်တစ်ပွဲကို ရှေ့ချကာ ထိုင်နေကြ၏။

ဥပုသ်သည်များအားလုံးနီးပါးပြန်သွားကြပြီးသည့်နောက် မဟာစေတီဆရာတော်၏ ကျောင်းမှ ကိုရင်လေးများက ဇရပ်တံခါးများကို အပြင်ဘက်မှ ပိတ်ပေးလိုက်ကြသည်။

“ကျုပ်တို့ ဒီအခြေအနေကို ဒီတိုင်း ထိုင်ကြည့်နေကြတော့မှာလား”

ဉီးအောင်လှက စကားစသည်။

အားလုံးက ဉီးအောင်လှ၏ စကားအသွားအလာကို သဘောပေါက်ဟန်ဖြင့် သက်ပြင်းများကိုယ်စီ ချလိုက်ကြသည်။

“ဘာဆက်လုပ်သင့်လဲ..ဆင်ဝန်မင်း”

".ကျုပ်တို့အလှည့်လည်း ဘယ်တော့လဲပဲလို့တောင် တွေးမိနေပြီ..ခင်ဗျားတို့ရော”

“အတူတူပါပဲ...မုတ္တမက ပြန်လာတဲ့.ကျုပ် ညီအရင်းခေါက်ခေါက်ကိုတောင်...ဖမ်းသွားလို့ ပြီးခဲ့တဲ့တပတ်ကပဲ ငွေအချိန် ခုနှစ်ပိဿာနဲ့ ပြန်ရွေးလိုက်ရတယ်..ကျုပ်တို့ အလှည့်လည်း အနှေးနဲ့ အမြန်ပဲ”

“သူက လောဘဇော တိုက်နေတာဗျ..ခက်တာက အင်းဝဘုရင်နဲ့ကလည်း ဆွေမျိုးနီးစပ်တော်နေ...ဉီးသာအောင် အရေးမှာကတည်းက ကိုးသိန်းသခင်ကလည်း သူ့ကို အာဏာကုန်လွှဲခဲ့သလိုဆိုတော့..ကျုပ်တို့ ထောင်းလမောင်းကြေမှာပဲ”

“ဒီတိုင်း ငြိမ်နေကြမလို့လား”

ဉီးအောင်လှ စကားကြောင့် အားလုံး တိတ်ဆိတ်သွားသည်။

ဉီးကိုက လေသံခပ်တိုးတိုးဖြင့်

“ခင်ဗျားမှာ အကြံအစည်ရှိလို့လား...တစ်ခုခုဆို ကျုပ်တို့ အကုန်သေမှာနော်”

“မထူးဇာတ်ဆိုတာ ခင်ဗျားတို့ သိလား...ဒီတိုင်းလည်း သေမှာပဲဗျ...ကျုပ်ကတော့..အခုရှင်မယ်..ခဏနေသေမယ်ဆိုတဲ့ အခြေအနေမှာ မှိန်းနေမယ့်အတူတူ... အခု အသေခံလုပ်မယ်..မသေရင်..အကြာကြီးရှင်သန်ရမယ်...ဆိုတဲ့ မထူးဇာတ်ကို ရွေးချင်တယ်..ခင်ဗျားတို့ရော..ကျုပ်တို့ ညီရင်ဖြစ်ပါတယ်ဗျ”

“ကျုပ်တို့ သားမယားတွေကိုပါ မီးလောင်တိုက်သွင်းမှာနော်”

ဉီးအောင်လှက ဉီးကို၏ ပုခုံးကို လက်ဖြင့် ပုတ်လိုက်သည်။

“ကျုပ်ပြောတာက....မောင်ပုလဲ ကို ကိုတင်မဟုတ်ဘူး..မောင်ပုလဲကို ခန့်အပ်လိုက်တဲ့..သူတွေကိုပါ..ကျုပ်တို့ တိုက်ရလိမ့်မယ်”

“ဟာ...”

နဲရွဲရွာသူကြီးက လေသံတိုးတိုးဖြင့်

“အင်းဝကိုပါ တိုက်မယ်လို့ ဆိုလိုတာလား”

“ဟုတ်တယ်...သူ့ကို လုပ်ကြံပြီဆိုတာနဲ့..အင်းဝကိုပါ တစ်ခါတည်း ပုန်ကန်ရတော့မှာပဲ...ဒီတိုင်း ဆက်ခံနေရင်တော့..ဒီကောင်ဒုက္ခပေးလို့ ဟံသာဝတီတစ်မြို့လုံး ဒီထက်ပျက်ဖို့ပဲရှိတော့တယ်”

“ပြည်စားနဲ့ ပုသိမ်ကိုးမြို့တပ်တွေက အရင်လိုချီလာမယ်ဆို ကျုပ်တို့ တောင့်ခံနိုင်ပါ့မလား”

“ကျုပ်ပြောပြမယ်..ဉီးသာအောင် ဟာ သာမန်မြို့ဝန်ပဲ..မိဖုရားရဲ့ ဉီးရီးတော်အဆင့်ပဲ..မင်းဆွေမင်းမျိုးမဟုတ်ဘူး....တကယ်လို့ ဟံသာဝတီရဲ့ ပုန်ကန်မှုကို အင်းဝမင်းသွေးပါတဲ့ မင်းသားတစ်ယောက်က ခေါင်းဆောင်လိုက်ရင် တလိုင်းသုံးရပ် ညီလာကြမှာပဲ”

အားလုံးက ဉီးအောင်လှကို နားမလည်နိုင်သလို ကြည့်လိုက်ကြသည်။

“အင်းဝမင်းသွေးပါတဲ့ မင်းသားဆိုတာ ဘယ်သူလဲ..ခင်ဗျားလား”

“မဟုတ်ဘူး..ဒါပေမယ့်..ကျုပ်လက်ထဲမှာ သူရှိနေတယ်”

“ဘယ်သူလဲ...”

“ပုဂံမင်းပျောက်ရဲ့ သားတော်ပဲ”

“ဟင်..စနေမင်း ရဲ့ ညီတော် ပုဂံမင်းပျောက်လား”

“ဟုတ်တယ်...သူ့ရဲ့သား၊ နတ်ရွာစံတနင်္ဂနွေ
မင်းတရားကြီးနဲ့ ညီအစ်ကိုဝမ်းကွဲ၊ အခု လက်ရှိဘုရင်ရဲ့ ဉီးလေးတော်မှာပေါ့”

“သူက ခင်ဗျားဆီမှာ ဘယ်လို”

“ဒါတွေ မမေးနဲ့ ခင်ဗျားတို့ ကျုပ်ဉီးဆောင်ရာကို လိုက်ကြမှာလား....ကျုပ်တို့ ဟံသာဝတီပုန်ကန်ပြီး ခွဲထွက်တဲ့အခါ....အနောက်က လက်နက်ထောက်ပံ့ပေးမယ်..နိုင်ငံခြားအင်အားစုတစ်ခုလည်း ကျုပ်တို့မှာ ရထားပြီ...ကုန်သည်ကြီးလွီဇာမှာ ပြင်သစ်ဘုရင်ခံချုပ် ဒူပလေ နဲ့ တိုက်ရိုက်ချိတ်ဆက်ပေးဖို့ လမ်းကြောင်းရှိထားတယ်...သန်လျင်ကို ကျုပ်တို့သိမ်းရင် သံလျင်မှာချထားတဲ့ ပြင်သစ်ကုမ္ပဏီတပ်ရင်းက အတွင်းက တိုက်ပေးဖို့အထိ စကားညီထားကြပြီ”

“ဟုတ်ရဲ့လားဗျာ...တော်ကြာ..ကိုသာအောင်တုန်းကလည်း ကျုပ်တို့ မှာ ကံကောင်းလို့မသေတယ်”

“ခင်ဗျားတို့နှယ့်..ခက်ရန်ကော..အခုရော..မသေသာမသေတာ..ဟိုကောင် မင်းရဲအောင်နိုင်က ဘယ်အချိန် သူပုန်စွပ်စွဲပြီး သတ်မလဲမသိတဲ့အခြေအနေမဟုတ်လား”

“အင်း..ခင်ဗျားပြောတာလည်းဟုတ်ပါတယ်..ဆင်ဝန်မင်း..ဒါနဲ့ ခင်ဗျားပေါ်တူဂီမကရော..သေချာရဲ့လား”

ဉီးအောင်လှက ကြမ်းပြင်ကို လက်သီးဖြင့် သုံးချက်ခေါက်လိုက်၏။

ဇရပ်တံခါးတချပ်ပွင့်သွားပြီး လွီဇာ ဝင်လာသည်။

“လွီဇာ ကိုယ်တိုင်ဒီမှာ ရောက်နေပြီ....ကျုပ်ပြောတာတွေ အမှန်တွေချည်းပဲ”

“ဟုတ်ပါတယ်..အခု ပြင်သစ်သင်္ဘောကျင်းတာဝန်ခံအသစ်ဖြစ်နေတဲ့ မွန်စီယာပူအယ် ကတဆင့် ကျွန်မ ပွန်ဒီချယ်ရီ နဲ့ စာအဆက်အသွယ်ရထားပြီ...ဟံသာဝတီနိုင်ငံပြန်လည်ထူထောင်ရေးကို ဘုရင်ခံဒူပလေးက လက်နက် ကူညီပေးမယ်..အပြန်အလှန်နေနဲ့ ဟံသာဝတီမှာ ပြင်သစ်ရေတပ်တစ်ခု ချထားမယ်၊ ကုန်တိုက်တစ်ခုဖွင့်မယ်၊ မွန်စီယာဘရူနို ကို သံတမန်အဖြစ် ခန့်အပ်ရလိမ့်မယ်”

“ဟုတ်ပါပြီ..ဒါတွေက ငါတို့ချင်းတိုင်ပင်ရမှာပဲ”

“ခဏနေပါဉီး..အခွန်ဝန်မင်းရဲ့..ကျန်သေးတယ်..နောက်တချက်က ကျွန်မတောင်းဆိုမှာ..ရှင်တို့မှ မဟုတ်ပါဘူး.ပြင်သစ်တွေဆီကလည်း ကျွန်မတောင်းဆိုထားပြီးပါပြီ...ကျွန်မတို့ အင်းဝနဲ့ မူးမြစ်ကမ်းတလျှောက်က ဗရင်ဂျီသုံ့ပန်းတွေ..ပြင်သစ်သင်္ဘောတွေနဲ့.ပေါ်တူဂီကိုပြန်တဲ့အခါ ဟော့ဒီဟံသာဝတီနဲ့ သန်လျင်ဆိပ်ကမ်းတွေကို အသုံးချချင်တယ်..အဲ့ဒီအခါ ကျွန်မတို့ကို ဟံသာဝတီက ခဏ ခိုနားခွင့်ပေးဖို့နဲ့ ရှောရှောရှူရှူထွက်ခွာခွင့်ပြုဖို့ပဲ”

အားလုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။

“ဉီးအောင်လှ သဘောထားကရော”

ဉီးအောင်လှက အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်သည်။

“လွီဇာတောင်းဆိုတာတွေက..ကျုပ်တို့အတွက် ထိခိုက်စရာဘာမှမရှိပါဘူး...ပြင်သစ်တွေနဲ့သာ ကျုပ်တို့ သဘောတူညီမှုကိစ္စတွေ သေချာလုပ်ရမှာ...အဲ့ဒါကို ဆုံးဖြတ်ပေးနိုင်ဖို့ လူလိုတယ်..အော် ပြောစရာရှိသေးတယ်..ဒီကိစ္စအဆင်ပြေသဘောညီကြတယ်ဆို...ကျုပ်တူ မြို့စောင့်တပ်မှူး လက်ျာဗိုလ်ကလည်း တသွေးတည်းရှိမယ်...ပြီးရင်..ဒီတပတ်အတွင်း ကျုပ် မုတ္တမကို သွားမယ်....တပ်မှူးတလပန်း ကို ကျုပ်သစ္စာသွားပေးမယ်”

“တပ်မှူးတလပန်းကို..သစ္စာပေးမယ်”

“ဟုတ်တယ်..အဲ့ဒီလူငယ်လေး နဲ့ကျုပ်နဲ့ကြားမှာ ကတိစကားတွေရှိတယ်”

ဉီးအောင်လှထံမှ အစီအစဉ်ကျကျ ချမှတ်ထားသော အကွက်များကို တကွက်ချင်း ပြောပြနေသဖြင့် အားလုံးမှာ မှင်တက်နေကြသည်။

ဉီးအောင်လှကို လုပ်ဖော်ကိုင်ဖက်တစ်ဉီးဆိုသည့် အကြည့်မျိုးထက်ကျော်လွန်ကာ ခေါင်းဆောင်တစ်ဉီးကဲ့သို့ သူတို့ ကြည့်နေကြသည်။

အခွန်ဝန်ဉီးကိုက လေသံတိုးတိုးဖြင့်..

“ဟံသာဝတီကို ဆင်ဝန်မင်း လက်ကို အပ်ပါတယ်..ခင်ဗျား ကြိုက်သလို စီစဉ်ပါ...ရှင်ဘုရင်တင်မြှောက်ရေးလည်း ခင်ဗျားပြောခဲ့တဲ့အစီအစဉ်ကို လက်ခံပါတယ်”

“ဟုတ်ပြီ..ကျန်တဲ့သူတွေရောဗျ”

“ဆင်ဝန်မင်း အစီအစဉ်အတိုင်းပါပဲ”

...............................................................

ဆင်ကျားတစ်ကောင်အား တွေ့ရှိသည်ဟု မုတ္တမရှိ အောက်မားစခန်းထောက်များမှ အကြောင်းကြားလာသဖြင့် ဉီးအောင်လှသည် မုတ္တမကို ထွက်ခွာသွားသည်မှာ တပတ်ပင်ရှိခဲ့ပြီဖြစ်သည်။

မနက်စောစောစီးစီး ကြားလိုက်ရသည့်သတင်းကြောင့် လွီဇာမှာ ရင်ဝတ်ကိုပင် ဖြစ်သလို စည်းကာ လက်ျာဗိုလ်၏ အိမ်သို့ ထွက်လာခဲ့သည်။

“လွီဇာ ဘာဖြစ်လာတာလဲ”

“မြတ်ဝါ နဲ့ မယ်ဖူးကို မင်းရဲအောင်နိုင်တို့ သရက်တပင်ရွာမှာ ဖမ်းမိသွားကြပြီ”

“ဟာ..ဘယ်လိုဖြစ်တာလဲ”

“အဝိုင်းမှာနေတုန်း မယ်ဖူးအလစ်မှာ မြတ်ဝါက စိတ်ဖောက်ပြီး ဟံသာဝတီကို ထွက်ပြေးတယ်.. မြို့တံခါးဝမှာ စစ်သည်တချို့က မြတ်ဝါကို တွေ့လိုက်ကြတယ်..မယ်ဖူးက အဝိုင်းဘုန်းကြီးကျောင်းက သာလှကို အကူအညီတောင်းပြီး မြင်းနဲ့လိုက်ကြတော့မှ မှီတယ်..ဒါပေမယ့် မြတ်ဝါ က ငါ မြို့ဝန်ဉီးသာအောင် သမီးဟေ့...ဘာညာအော်တော့..စစ်သားတွေက ကြားသွားကြတယ်တဲ့..ဒီသတင်းက မင်းရဲအောင်နိုင်ဆီရောက်မှာပဲ..အဲ့ဒါနဲ့ ကျွန်မလည်း သူတို့ကို အဝိုင်းရွာကနေ ရွေ့ပြီး သရက်တပင်မှာ ရှောင်ခိုးထားတာ..အခု ဘယ်လို ဖြစ်တယ်မသိ...အဲ့ဒီမှာ မိသတဲ့..မင်းရဲအောင်နိုင်ကိုယ်တိုင် လိုက်သွားနေပြီ”

“ဟာ..ဒုက္ခပဲ..ဉီးလေးဉီးအောင်လှကလည်း မရှိဘူး...နဲရွဲသူကြီးနဲ့ ဉီးကို ဆီ ကျုပ်အကြောင်းကြားလိုက်မယ်..လွီဇာ တစ်ယောက်တည်း မလိုက်သွားနဲ့”

လွီဇာက ခါးကြားတွင် ထိုးထားသော ပစ္စတိုအိတ်ကို ပုတ်ပြလိုက်သည်။

“အဲ့ဒီဘက်က ရွာတွေမှာရှိတဲ့ မွန်ကရင်တွေက ဉီးအောင်လှကိုယ်တိုင် စုစည်းပြီး မောင်သာလှကို ခေါင်းဆောင်တင်ထားကြတယ်...ကျွန်မကလည်း သူတို့ကို ပေးကမ်းထားတာတွေရှိတယ်..ကျွန်မလူတွေလို့ ပြောလို့ရတယ်...ကျွန်မတစ်ယောက်တည်း လိုက်သွားမယ်..ရှင် လုပ်ရမှာက ဟိုလူကြီးတွေကို စုစည်းလိုက်တော့...ကျွန်မတို့ စီစဉ်ထားတာတွေက အခုပဲ အကောင်ထည်ဖော်တော့မယ်”

“ဉီးအောင်လှ ပြန်အလာကို မစောင့်တော့ဘူးလား”

“သူက တစ်ရက်နှစ်ရက်ဆို ပြန်ရောက်ပြီ..အဲ့ဒီကျ...ဒလပန်းရဲ့ မုတ္တမတပ်တွေလည်းပါလာလိမ့်မယ်..အစီအစဉ်စတဲ့အခါ...မြို့စောင့်တပ်မှူးအနေနဲ့ ရှင်လုပ်ရမှာတွေ သူမှာသွားသေးလား”

“သူမှာသွားတာထက် ကျုပ်အတွေ့အကြုံအရ ကြည့်လုပ်ရမှာပဲ..ခင်ဗျား ဟိုကလေးမ အသက်ကို သွားကယ်ပါ..ကျုပ်က မြို့ထဲကလူကြီးတွေနဲ့ တိုင်ပင်ပြီး တပ်တွေစုမယ်...မင်းရဲအောင်နိုင်ရဲ့ လူရင်းတွေ ကျန်ခဲ့ရင် ဖမ်းထားမယ်..ပြီးရင် မြို့တံခါးကို ပိတ်ပြီး အခိုင်အမာနေမယ်”

“ဟုတ်ပြီ..ဒါဆို..ကျွန်မ သွားမယ်”

“စိတ်ကိုအေးအေးထားဗျ...ခင်ဗျား..ရင်ဘတ်က မဆန့်မပြဲကြီးက.. ဟ နေတယ်..လုံအောင် စည်းသွားဉီး..အမိ..”

“ရှင်ကတော့လေ...ဖာသာနာရနီမရှိကတည်းက စိတ်တွေကယောင်ချောက်ချားဖြစ်နေပြီထင်တယ်..သေနတ်စာမိချင်နေပြီဟတ်လား”

လွီဇာက နှုတ်ခမ်းကိုက်ကာ မျက်စောင်းထိုးလိုက်ပြီး မြင်းပေါ်သို့ တက်ကာ ထွက်ခွာသွားတော့သည်။

 

ခက်ဇော်

အခန်း(၃၅) မနက်ဖြန်။

ဇမ္ဗူဒီပါ လက်ျာတောင်ကျွန်း ...သြဘာနိမိတ်ထွန်း
(Zawgyi)
AVA 1740s

                                            အခန္း(၃၄)    

                                ...............................................

“ထုံးစံမဟုတ္တာေတြကို ၿမိဳ႕ထဲ လုပ္႐ိုးထုံးစံမဟုတ္တာကို သတိျပဳပါဉီး..ၿမိဳ႕ဝန္”

ဉီးေအာင္လွ စကားေၾကာင့္ ၿမိဳ႕ဝန္အသစ္ မင္းရဲေအာင္ႏိုင္၏ မ်က္ႏွာတင္းမာသြားသည္။

“ကိုးသိန္းသခင္က ဒီသူပုန္ေတြကို စီရင္ဖို႔ က်ဳပ္ကို အာဏာကုန္ေပးသြားခဲ့တာ..ဆင္ဝန္မင္း... ခင္ဗ်ား အလုပ္ ခင္ဗ်ားလုပ္..က်ဳပ္အလုပ္ က်ဳပ္လုပ္မယ္..ကဲ..သူတို႔ကို ေလာင္တိုက္ထဲ ထည့္ေတာ့ေဟ့”

ပါးကြက္သားမ်ားသည္ ၿမိဳ႕ဝန္ေဟာင္း ဉီးသာေအာင္၏ မိသားစုကို ဖမ္းဆီးရာမွ ေခၚထုတ္လာခဲ့သည္။

ၿမိဳ႕ဝန္ဉီးသာေအာင္မွာ ဉီးေခါင္း၊ ေျခ၊လက္မ်ားကို ျဖတ္ကာ ၿမိဳ႕အႏွံျပသျခင္းခံခဲ့ရၿပီးေနာက္ ၎၏ မိသားစု မွာ မီးတိုက္ျခင္းခံရေတာ့မည္ျဖစ္သည္။

မီးတိုက္သတ္ျခင္းမွာ ရွင္ဘုရင္ကို ပုန္ကန္သူႏွင့္ မိသားစုမ်ားကို ေပးေလ့ရွိသည့္ ေသဒဏ္စီရင္နည္းျဖစ္သည္။

“မီးပုံတိုက္ေစ” ဟု အမိန႔္ေတာ္ရွိခဲ့လွ်င္ ေနာက္မ်က္ႏွာေထာင္မႉး၊ ေထာင္စာေရးတို႔က သစ္၊ဝါးတို႔ျဖင့္ မီးေလာင္တိုက္ကို သုသာန္ေျမတြင္ ခိုင္မာေအာင္ ေဆာက္ရသည္။

မီးတိုက္မည့္ လူအင္အားအလိုက္ ယမ္း ငါးဆယ္သား၊ တစ္ပိႆာ၊ ႏွစ္ပိႆာအထိ ၿမိဳ႕ဝန္ထံမွ ထုတ္ယူရသည္။

ထို႔ေနာက္ မီးေလာင္တိုက္ေအာက္မွ ေလာင္စာထင္းမ်ားကို ယမ္းႏွင့္ပုံရသည္။

မီးတိုက္ခံရမည့္သူမ်ားကို ႀကိဳးမ်ားႏွင့္ တင္းၾကပ္စြာထုတ္စီးကာ ေလာင္တိုက္အတြင္းထည့္ၿပီး မီးရႈိ႕သတ္ရျခင္းျဖစ္သည္။

ယခု မင္းရဲေအာင္ႏိုင္၏ အစီအရင္မွာ သုႆာန္တြင္ မဟုတ္ပဲ..ဟံသာဝတီၿမိဳ႕လယ္ေခါင္တြင္ ဉီးသာေအာင္၏ မိသားစုကို ေလာင္တိုက္သြင္းရန္ စီစဥ္ျခင္းျဖစ္သည္။

ၿမိဳ႕သူၿမိဳ႕သားမ်ားအား အထိတ္တလန႔္ျဖစ္ေအာင္ လုပ္ျခင္းျဖစ္သျဖင့္ ဟံသာဝတီရွိ အရာထမ္းမ်ား၊ ၿမိဳ႕ခံမ်ားက ႏွစ္ၿမိဳျခင္းမရွိၾက။

ထို႔ေၾကာင့္ ဉီးေအာင္လွက ကန႔္ကြက္ေနျခင္းျဖစ္သည္။

လူအုပ္ႀကီးမွာ ၿမိဳ႕လယ္ေခါင္ မီးတိုက္စီရင္ျခင္းကို အထူးတဆန္းအျဖစ္ လာေရာက္ၾကည့္ရႈေနၾက၏။

ဉီးသာေအာင္၏ ဇနီး၊ သား ငသာဝ၊  သမီး ရွင္ျမတ္သာ၊ ဉီးသာေအာင္ေယာက္ဖ ငမင္းေအာင္၏ ဇနီး မယ္လွ၊ သား ငျပည့္စုံ၊ အိမ္ေတာ္ပါ ကြၽန္အမႈထမ္းမိသာစု ႏွစ္စု တို႔ကို ရဲမက္မ်ားက ႀကိဳးမ်ားျဖင့္ ခပ္ၾကပ္ၾကပ္စည္းေႏွာင္လိုက္ၾက၏။

ၿမိဳ႕ဝန္သစ္ မင္းရဲေအာင္ႏိုင္က ထန္းဖူးပုရပိုက္ကို ကိုင္လ်က္ ေအးစက္ေသာမ်က္ႏွာျဖင့္ ၾကည့္ေနသည္။

“အင္းဝျပည့္ရွင္ ဘုရင္မင္းတရား မဟာဓမၼရာဇာဓိပတိ ၏ အမိန႔္ေတာ္အတိုင္း သူပုန္ငသာေအာင္ ၏ သားမယားတို႔သည္ ငသာေအာင္ႏွင့္ တက်ိတ္တည္းတဉာဏ္တည္းျဖစ္ၾကသျဖင့္ မီးတိုက္သတ္ေစရန္ အမိန႔္ေတာ္ရွိလိုက္သည္။ ဟံသာဝတီၿမိဳ႕ေန ကြၽန္ေတာ္မ်ိဳးမ်ားအေနျဖင့္လည္း ထိုငမိုက္သားတို႔၏ အဆုံးသတ္ကိုနမူနာယူေစရရန္ အလိုငွာ့ ျပသရမည္ဟု ကြၽႏ္ုပ္ ဟံသာဝတီၿမိဳ႕ဝန္ မင္းရဲေအာင္ႏိုင္မွ အမိန႔္ခ်မွတ္သည္။ စီရင္ေစ”

ရဲမက္မ်ားက မိသားစုဝင္မ်ားကို ေလာင္တိုက္ေပၚ ဆြဲတင္သည့္အခါ ေယာက္်ားသားမ်ားက ေအာ္ဟစ္ ႐ုန္းကန္ၾက၏။ မိန္းမသားမ်ားထံမွ ငိုသံမ်ား ကြၽတ္ကြၽတ္ညံလာ၏။

လူအုပ္ႀကီးမွာလည္း ျမင္ကြင္းကို ၾကည့္ကာ ဆူညံပြက္ေလာ႐ိုက္ေနသည္။

ဆင္ဝန္ဉီးေအာင္လွမွာ မ်က္ႏွာမသာမယာျဖင့္ မင္းရဲေအာင္ႏိုင္၏ နေဘးတြင္ ထိုင္ေနသည္။ နဲ႐ြဲ႐ြာသူႀကီးႏွင့္ ဉီးကိုတို႔မွာ ေၾကာက္လန႔္ေနေသာမ်က္ႏွာမ်ားကို ေခါင္းကို ငုံ႔ကာ ထိုင္ေနၾက၏။

လူအုပ္ၾကားတြင္ လြီဇာႏွင့္ မယ္ဖူး တို႔က မတ္တပ္ရပ္ကာ ၾကည့္ေနၾကသည္။

ေလာင္တိုက္တံခါးကို ဝါးပိုးမင္တုံးႀကီးမ်ားျဖင့္ ၾကပ္တည္းစြာ ပိတ္ခ်လိုက္၏။

“အားလုံး..ေနာက္ဆုတ္ၾကေဟ့..ဝါးပိုးဝါးေတြ မီးေလာင္ရင္ ကြဲတတ္တယ္ေနာ္..ယမ္းစေတြ စင္မယ္”

လူအုပ္ႀကီးမွာ ေၾကာက္ေၾကာက္လန႔္လန႔္ျဖင့္ ေနာက္ျပန္တိုးၾကျပန္သည္။

ေလာင္စာထင္းမ်ားျဖင့္သြယ္တမ္းထားေသာ ယမ္းစကို ပါးကြက္သားတစ္ဉီးက မီးရႈိ႕လိုက္သည္။

ေဝါခ နဲအသံ ႏွင့္အတူ မီးတိုက္က လႈိက္ခနဲ ထလာ၏။

ေလာင္တိုက္ေထာင့္စြန္းတြင္ရွိေနေသာ ဉီးသာေအာင္၏ သမီးႀကီး ရွင္ျမတ္သာ ထံ အရင္မီးစြဲသြားသည္။

မီးေလာင္ဒဏ္ေၾကာင့္ ေျခေထာက္တြင္ စည္းထားေသာ ႀကိဳးမွာျပတ္ေတာက္သြား၏။

ရွင္ျမတ္သာမွာ ေသြး႐ူးေသြးတန္းျဖင့္ မီးေတာက္ႀကီးမ်ားၾကား ေလွ်ာက္ေျပးေနသည္။ ပါးစပ္ကလည္း ေအာ္ဟစ္ေန၏။

ထိုျမင္ကြင္းကို ျမင္ရေသာ လူအုပ္ႀကီးထဲမွ အခ်ိဳ႕မွာ မ်က္ႏွာမ်ားလႊဲထားၾကသည္။ အခ်ိဳ႕က မဝံ့မရဲျဖင့္ ၾကည့္ေနၾက၏။

“မလုပ္ပါနဲ႔..မလုပ္ၾကပါနဲ႔..မယ္မယ္ဘုရားေရ....မမ..ေရ”

႐ုတ္တရက္ ေဘးနားမွ အသံႏွင့္အတူ တိုးထြက္လာေသာ တစုံတစ္ရာကို လြီဇာ သတိထားမိလိုက္သည္။

ပုဆိုးကို ၿခဳံထားေသာ တစ္စုံတစ္ဉီးသည္ ေရွ႕သို႔ တိုးထြက္ရန္ ျပင္လိုက္သည္။

လြီဇာက ထိုသူ၏ ပုခုံးကို ဆတ္ခနဲ လွမ္းဆြဲထားလိုက္၏။ မယ္ဖူးကလည္း လက္ကို အတင္းခ်ဳပ္လိုက္သည္။

“ဘာလုပ္တာလဲ...မီးေလာင္တဲ့အထဲ ပါသြားခ်င္လို႔လား”

ပုဆိုးၿခဳံထားသူက ေမာ့ၾကည့္သည္။

“ဟင္”

လြီဇာ အလန႔္တၾကားျဖစ္သြား၏။

ဉီးသာေအာင္၏ သမီးအငယ္ အသက္(၁၃)ႏွစ္သာရွိေသးသည့္ ရွင္ျမတ္ဝါ။

မ်က္ႏွာတစ္ခုလုံး ညစ္ပတ္ေပေရေနေသာ္လည္း နားထြင္းပြဲတြင္ ေသခ်ာေတြ႕ဖူးခဲ့သျဖင့္ လြီဇာက ေကာင္းေကာင္းမွတ္မိေနျခင္းျဖစ္သည္။

လြီဇာက ျမတ္ဝါ ၏ ပါးစပ္ကို လက္ျဖင့္ ပိတ္လိုက္သည္။

“မယ္ဖူး..ႏြားလွည္းရွိရာကို သူ႔ကို ေခၚသြားစမ္း...အျမန္သြား..လမ္းမွာ အသံမထြက္ေစနဲ႔..နင္ေရွ႕က သြား..ငါေနာက္ကလိုက္ခဲ့မယ္”

မယ္ဖူးက ရွင္ျမတ္ဝါကို လက္ေမာင္းကို ဆြဲေခၚကာ လူအုပ္ကို တိုးသည္။ အေနာက္မွ လြီဇာက ထိန္းကာလိုက္သည္။

ျမတ္ဝါက ေအာ္ဟစ္ငိုယိုေနေသာ္လည္း လူအုပ္ႀကီးမွာ သူ႔ကို သတိမထားမိၾက။

မီးေလာင္တိုက္အတြင္း ေဝဒနာကို သည္းထန္စြာခံစားလ်က္ ေသဆုံးေနၾကသည့္ ဉီးသာ​ေအာင္
၏ မိသားစုကို ေၾကာက္လန႔္စြာေငးေမာေနၾကသည္။

ေပါင္းမိုးႏြားလွည္းထဲသို႔ ျမတ္ဝါကို ထိုင္ခိုင္းလိုက္၏။ ထို႔ေနာက္ လြီဇာႏွင့္ မယ္ဖူးက တက္ကာ လွည္းသမားကို ေမာင္းရန္ အခ်က္ျပလိုက္သည္။

လွည္းႏွင့္ ခပ္ေဝးေဝးတြင္ မီးခိုးလုံးမ်ား၊ ေညႇာ္နံ႔မ်ားက က်န္ရစ္ခဲ့ၿပီ။

လြီဇာ၏ အိမ္ၿခံအတြင္းသို႔ ေရာက္သည့္အခါ ျမဝါကို အိမ္ေပၚသို႔ တန္းေခၚသြား၏။

 လြီဇာက ဘရန္ဒီတစ္ခြက္ကို ငွဲ႔ကာ ယူလာသည္။

“ေရာ့..သမီး..စိတ္ေတြသိပ္လႈပ္ရွားေနတယ္..ေသာက္လိုက္..ေသာက္လိုက္”

ရွင္ျမတ္ဝါက လြီဇာတို႔ကို ေၾကာက္လန႔္တၾကားၾကည့္ေနသည္။

“မမတို႔ သမီး ရန္သူေတြမဟုတ္ဘူး..သမီးဒီေနရာမွာ ေဘးကင္းတယ္..မမတို႔ကို စိတ္ခ်ပါ”

ရွင္ျမတ္ဝါ၏ မ်က္လုံးမ်ားက ျပဴးေၾကာင္ေၾကာင္ျဖင့္။

“ဒါေလး ေသာက္လိုက္ သမီး..အဆင္ေျပသြားလိမ့္မယ္”

လြီဇာက ဘရန္ဒီခြက္ကို ပါးစပ္ဝေတ့ေပးသည္။

ရွင္ျမတ္ဝါက ဘရန္ဒီခြက္ကို ေသာက္လိုက္သည္။

“ဖြီး”

ဘရန္ဒီမ်ားက ပါးစပ္မွ ျပန္ထြက္လာၿပီး လြီဇာ၏ ရင္ဘတ္တစ္ခုလုံးကို စို႐ႊဲသြား၏။

“တယ္..ဒီဟာမေလးေတာ့”

လြီဇာကို ဘရန္ဒီမ်ား ေပသြားသျဖင့္ မယ္ဖူးက ႐ုတ္တရက္ေအာ္လိုက္သည္။

ရွင္ျမတ္ဝါမွာ ေၾကာင္ေသာ ျပဴးေသာ မ်က္လုံးမ်ားျဖင့္သာ။

“သူ ဘယ္ကေန ဘယ္လိုလြတ္လာတယ္မေျပာတတ္ဘူး.. စိတ္အေျခအေနေတာ္ေတာ္ထိသြားပုံပဲ...မယ္ဖူး...ဘရန္ဒီကို ေရနဲ႔ ေရာၿပီး ေခ်ာ့တိုက္လိုက္..ခဏေနအိပ္ေပ်ာ္သြားလိမ့္မယ္...ဒီအခန္းထဲကေန ဘယ္မွ မထြက္ေစနဲ႔..ဟုတ္ၿပီလား”
မယ္ဖူးက ဘရန္ဒီတခြက္ထပ္ငွဲ႔ကာ ေရျဖင့္ေရာလိုက္သည္။ ထို႔ေနာက္ ရွင္ျမတ္ဝါကို ဖက္ကာ ေခ်ာ့ေမာ့တိုက္ေန၏။

လြီဇာက ျပတင္းတံခါးမွ တဆင့္ ဟံသာဝတီၿမိဳ႕ထဲဆီသို႔ ၾကည့္လိုက္သည္။

မီးေလာင္တိုက္ေနရာဆီမွ မီးေတာက္မီးလွ်ံမ်ားမွာ မၿငိမ္းၾကေသး။

.....................................................................................

၁၇၄၀ ေအာက္တိုဘာလ။

ကိုးသိန္းသခင္၏ တပ္မ်ားမွာ ဟံသာဝတီပုန္ကန္မႈကို သြားေရာက္ေျဖရွင္းၿပီးျပန္လာသည္မွာ တလေက်ာ္ပင္ ရွိေသးသည္။

မဏိပူရဘုရင္ဂါရစ္နာဝဇ္ႏွင့္ သားေတာ္ဆန္ေဂ်းတို႔၏ တပ္မ်ားသည္ အိမ္နီးနားခ်င္းႏိုင္ငံျဖစ္ေသာ အာသံေစာ္ဘြား ထံမွ တပ္မ်ားႏွင့္ ပူးေပါင္းကာ အင္းဝသို႔ တိုက္ခိုက္ရန္ ခ်ီတက္လာၾကသည္။

မဏိပူရ ႏွင့္ အာသံ တို႔ပူးေပါင္းထားေသာ အင္အား ၅၀၀၀၀ ေက်ာ္စစ္တပ္ႀကီးမွာ ယခုအႀကိမ္တြင္ အင္းဝကို အၿပီးသတ္ သိမ္းပိုက္ကာ ရသမွ် လုယက္ယူငင္ၾကမည္ဟု သေဘာတူထားၾက၏။

ထို႔ေၾကာင့္ ကိုးသိန္းသခင္ ကိုပင္ ဗိုလ္ခ်ဳပ္အျဖစ္ဉီးေဆာင္ေစကာ မဏိပူရကသည္းတို႔၏ စစ္ခ်ီလမ္းေၾကာင္း ျဖစ္ေသာ ေျမတူးၿမိဳ႕သို႔ တပ္မ်ားကို ခ်က္ခ်င္းခ်ီတက္ေစခဲ့သည္။

ေျမတူးၿမိဳ႕အေနာက္ဘက္ ဝက္တိုးလြင္ျပင္သို႔ မဏိပူရ၊ အာသံ တပ္ေပါင္းစုႀကီးေရာက္ရွိခ်ိန္တြင္ ကိုးသိန္းသခင္၏ တပ္မ်ားမွာလည္း ေျမတူးၿမိဳ႕ကို ခံတပ္ျပဳလုပ္ကာ တပ္ခ်င္းဆိုင္ထားလိုက္ၾက၏။

ဂါရစ္နာဝဇ္ သည္ သားေတာ္၏တပ္ႏွင့္ အာသံတပ္မ်ားကို ေနာက္ခ်န္ထားကာ ကိုးသိန္းသခင္၏ တပ္ကို အင္အားစမ္းရန္ သူ၏ လက္ေ႐ြးစဥ္ျမင္းတပ္ႏွင့္အတူ ေျမတူးၿမိဳ႕႐ိုးအနီးသို႔ အလစ္ဝင္ေရာက္တိုက္ခိုက္ၾကသည္။

အင္းဝတပ္မ်ားကလည္း လက္ေျဖာင့္ေသနတ္သမားမ်ားႏွင့္ ပစ္ခတ္ခုခံရာ ကသည္းျမင္းတပ္မွ လူ (၅၀)ေက်ာ္ က်ဆုံးၿပီး၊ (၁၀)ဉီးကို အင္းဝတပ္မ်ား အရွင္ဖမ္းမိၾကသည္။

ဂါရစ္နာဝဇ္၏ တပ္မ်ားလည္း အေနာက္သို႔ ျပန္လည္ဆုတ္ခြာလာၾက၏။

ထိုအေတာအတြင္း ကိုးသိန္းသခင္သည္ လက္ေျဖာင့္ေသနတ္သမားမ်ား၊ ဒူးေလး၊ လင္းေလးသမားမ်ား အင္အား (၁၀၀၀)ခန႔္၊ လွံတို၊လွံရွည္ကိုင္ ေျခလ်င္စစ္သည္ (၁၀၀၀)ခန႔္ကို စုစည္းကာ ေျမဒူးၿမိဳ႕မွ တိတ္တဆိတ္ထြက္ေစၿပီး..ကသည္းတပ္တို႔ဆီ သြားမည့္ လမ္းတေလွ်ာက္တြင္ ရိကၡာအျပည့္အစုံျဖင့္ ၿခဳံခိုေနေစသည္။

ဆယ္ရက္ခန႔္ၾကာေသာအခါ အင္းဝတပ္မွ ျမင္းစစ္သည္ ၅၀၀ မွာ မဏိပူရတပ္စခန္းရွိရာသို႔ တဟုန္ထိုး ခ်ီတက္တိုက္ခိုက္ၾက၏။

မဏိပူရႏွင့္ အာသံတပ္မ်ားက အင္းဝ၏ အင္အားကို ၾကည့္ကာ အာသံျမင္းစစ္သည္ (၂၀၀)၊ ကသည္းေျခလ်င္စစ္သည္(၅၀၀၀) တို႔ျဖင့္ တပ္ျပင္အထိ ဖိတိုက္ေလသည္။

အင္းဝတပ္မ်ား ဆုတ္ခြာသြားလွ်င္ အာသံမဏိပူရတပ္မ်ား အားတက္ၿပီး ေျမတူးသို႔ သြားရာလမ္းအထိ လိုက္လာၾကသည္။

ထိုအခ်ိန္က်မွ ၿခဳံခိုပုန္းကြယ္ေနၾကေသာ အင္းဝစစ္သည္မ်ားက ေသနတ္မ်ား၊ ဒူးေလး၊ လင္းေလးမ်ားျဖင့္ ပစ္ခတ္ၾကေတာ့သည္။

ေျမတူးၿမိဳ႕ဘက္မွလည္း အေျမာက္မ်ား၊ စိန္ေျပာင္းမ်ားျဖင့္ တရစပ္ပစ္ခတ္ၾကသည္။

အင္းဝ၏ စစ္ေရးငင္မႈကို မဆင္ျခင္ပဲ လိုက္လာမိေသာ အာသံ၊ မဏိပူရတပ္စုႀကီးမွာ အက်အဆုံးမ်ားျဖင့္ ကစဥ့္ကလ်ားျဖစ္ကုန္ၾကသည္။

ျမင္းစစ္သည္ (၁၀၀)ႏွင့္ ေျခလ်င္စစ္သည္ (၁၀၀၀)ေက်ာ္ က်ဆုံးသြားၿပီး ထိခိုက္ဒဏ္ရာရသူမ်ားရွိသျဖင့္ အာသံမဏိပူတပ္မ်ားမွာ ဝက္တိုးလြင္ျပင္ရွိ ပင္မတပ္ဆီသို႔ ဆုတ္ခြာေျပးၾကရသည္။

စစ္ဉီးတြင္ပင္ အက်အဆုံးမ်ားသြားေသာ အာသံ၊ မဏိပူရ ႏွစ္ျပည္ေထာင္ တပ္ေပါင္းစုမွာ တိုက္စစ္မွ ခံစစ္သို႔ေျပာင္းကာ ခံတပ္မ်ား အျမန္ဆုံးတည္ေဆာက္ၾကရသည္။

ထိုအခ်ိန္တြင္ ကိုးသိန္းသခင္၏ အစီအမံအရ အင္းဝမွ အျခားတပ္မ်ားမွ ေျမတူးၿမိဳ႕မွ ဝက္တိုးလြင္ျပင္တဝိုက္သို႔ ပတ္ကာ မဏိပူရအာသံတပ္မ်ား၏ ရိကၡာရရွိရာ လမ္းေၾကာင္းမ်ားကို ျဖတ္ေတာက္ပိတ္ဆို႔ပစ္ခဲ့ၾကသည္။

အာသံ၊ မဏိပူရတပ္မ်ားကား အင္းဝတပ္တို႔၏ ပိတ္ဆို႔ထားျခင္းကို ခံေနၾကရေတာ့သည္။

.......................................................................................................................

ဟံသာဝတီ။

ကိုးသိန္းသခင္၏ အင္းဝတပ္မ်ားျပန္သြားၿပီးသည့္ေနာက္ ဟံသာဝတီၿမိဳ႕ဝန္သစ္ မင္းရဲေအာင္ႏိုင္ သည္ ပုန္ကန္သူအဆက္အႏြယ္မ်ားကို ရွင္းလင္းသည့္ စစ္ဆင္ေရးကို ဆက္တိုက္ျပဳလုပ္ခဲ့သည္။

ဉီးသာေအာင္၏ သမီးငယ္တစ္ဉီး လြတ္ေျမာက္သြားသည္ကို အေၾကာင္းျပဳလ်က္ တခ်ိန္က ၿမိဳ႕ဝန္ေဟာင္းႏွင့္ပတ္သက္ခဲ့ဖူးသည့္ သူမ်ားေရာ၊ အျခားေငြေၾကးခ်မ္းသာသူမ်ားအိမ္မ်ားကိုပါ ဝင္ေရာက္စီးနင္းရွာေဖြၾကသည္။

ထိုအခ်ိန္တြင္ လြီဇာက ဂမုန္း၏ အကူအညီျဖင့္ ရွင္ျမတ္ဝါကို ဟံသာဝတီအနီး အဝိုင္းေက်း႐ြာသို႔ သြားေရာက္ပို႔ထားခဲ့ၿပီျဖစ္သည္။

ရွင္ျမတ္ဝါမွာ ဉီးသာေအာင္ မိသားစုအား လာေရာက္ဖမ္းဆီးသည့္ေန႔တြင္ အိမ္မွ ထူးထူးျခားျခား လြတ္ေျမာက္သြားခဲ့သည္။

ဟံသာဝတီၿမိဳ႕တြင္း ေရွာင္ပုန္းသြားလာရင္း ဉီးသာေအာင္၏ ေခါင္းျပတ္ ကို ၿမိဳ႕တံခါးတြင္ ျမင္ခဲ့ရသည္။ မိခင္၊ အကို၊ အမႏွင့္ အိမ္ေတာ္သားအားလုံး မီးတိုက္အသတ္ခံရသည္ကို ျမင္ခဲ့ရသည္။

ထို႔ေနာက္ လြီဇာထံေရာက္ရွိသြားခဲ့၏။ သို႔ေသာ္ ရွင္ျမတ္ဝါမွာ ခံစားမႈေသာကမ်ားေၾကာင့္ စိတ္ေရာဂါခံစားခဲ့ရၿပီျဖစ္သည္။

သူမ၏ မိသားစုအသတ္ခံခဲ့ရသည္ဆိုသည္ကို လုံးဝလက္မခံႏိုင္ခဲ့။ ဟံသာဝတီၿမိဳ႕တြင္းရွိ ၿမိဳ႕ဝန္အိမ္ေတာ္သို႔သာ ျပန္မည္ဟု တစာစာေျပာေနေတာ့သည္။

ထို႔ေၾကာင့္ လြီဇာ၏ အစီအမံျဖင့္ မယ္ဖူးကိုယ္တိုင္ အဝိုင္း႐ြာတြင္ သြားေရာက္ေနထိုင္ကာ ရွင္ျမတ္ဝါကို ထိန္းသိမ္းေစာင့္ေရွာက္ထားခဲ့ျခင္းျဖစ္သည္။

မင္းရဲေအာင္ႏိုင္ ကား တျဖည္းျဖည္းႏွင့္ ထင္ရာစိုင္းလာခဲ့သည္။

မင္းရဲေအာင္ႏိုင္၏ တပ္မ်ားသည္ ဟံသာဝတီၿမိဳ႕တြင္းမွ ေနအိမ္မ်ားကို ညအခ်ိန္မေတာ္ဝင္ေရာက္ရွာေဖြၾကသည္။

မြန္လူမ်ိဳးသူေဌးမ်ား၊ ကုန္သည္မ်ားကို မသကၤာဟုဆိုကာ ဖမ္းဆီးေခၚေဆာင္သြားၾကသည္။

အခ်ိဳ႕ကို ေငြေၾကးတန္ဖိုးမ်ားစြာေတာင္းကာေ႐ြးယူခိုင္းသည္။

ေငြမေပးႏိုင္သူမ်ားကိုမူ အေနာက္ျပင္ေထာင္ေရွ႕ဇရပ္တြင္ အေလာင္းသာ ပစ္ထားခဲ့သည္။

ၿမိဳ႕ေစာင့္တပ္ျဖစ္ေသာ လက္်ာဗိုလ္ မွာ ထိုအျဖစ္ကို မႏွစ္ၿမိဳခဲ့။

ၿမိဳ႕ခံ သူေဌး၊ သူႂကြယ္မ်ားမွာလည္း အသက္မေသေစရန္အတြက္ မင္းရဲေအာင္ႏိုင္ကို လာဘ္ေငြမ်ား ေပးၾကရသည္။

ဆင္ဝန္ဉီးေအာင္လွ၊ အခြန္ဝန္ဉီးကို၊ စာေရးႀကီးထားကစား၊ ဉီးေမာင္ တို႔မွာ ၿမိဳ႕သူၿမိဳ႕သားမ်ား၏ အေျခအေနကို စိတ္မခ်မ္းသာစြာၾကည့္ေနၾကရသည္။

သူတို႔ကိုယ္တိုင္ပင္ အင္းဝဘုရင္ပုန္ကန္မႈမွ ကံေကာင္းစြာျဖင့္ လြတ္လာၾကသူမ်ားျဖစ္ၾကသျဖင့္ ဝင္ေရာက္တားျမစ္ရန္လည္း မဝံ့ရဲၾကေသး။

မင္းရဲေအာင္ႏိုင္၏ လုယက္မႈမ်ား ၊ ဖမ္းဆီးၿပီး ေငြေပးျပန္ေ႐ြးခိုင္းမႈမ်ားသည္ သူေဌး၊ သူႂကြယ္မ်ားထံမွ တဆင့္ လူလတ္တန္းစားအသည္သားမ်ားထံသို႔ေရာက္ရွိလာခဲ့ၿပီျဖစ္သည္။

ေလးလၾကာခ်ိန္တြင္ ဟံသာဝတီၿမိဳ႕အနီးတဝိုက္ မွ အရပ္သားေပါင္း (၆၀၀)ခန႔္သည္ ဉီးသာေအာင္ သူပုန္ထစဥ္ကအကူအညီေပးသည္ဟူေသာ ပုဒ္မျဖင့္ အကြပ္မ်က္ခံခဲ့ရၿပီျဖစ္သည္။

ဉီးသာေအာင္ သူပုန္ထမႈမွာ တလသာၾကာခဲ့ေသာ္လည္း ေနာက္ဆက္တြဲ ကြပ္မ်က္မႈမ်ားကား ေလးလတိုင္တိုင္မၿပီးဆုံးႏိုင္ေသး။

...................................................................................................................................

ဉပုသ္ေန႔။

ဟံသာဝတီၿမိဳ႕အျပင္ဘက္ မဟာေစတီေတာ္ရွိ တရားဇရပ္တြင္ ဟံသာဝတီ၏ အရာထမ္းႀကီးမ်ားစုစည္းကာ မဟာေစတီေက်ာင္းတိုက္ဆရာေတာ္ကို ဆြမ္းမ်ားကပ္လႉခဲ့ၾကသည္။

ၿမိဳ႕ဝန္မင္းရဲေအာင္ႏိုင္မွာ အင္းဝမွ စစ္သည္မ်ားေတာင္းထားသည့္ကိစၥျဖင့္ ဆက္သားေရာက္ရွိလာသျဖင့္ ၿမိဳ႕ဝန္အိမ္ေတာ္သို႔ ျပန္သြားသည္။

ဆင္ဝန္ဉီးေအာင္လွ၊ နဲ႐ြဲ႐ြာသူႀကီး၊ အခြန္ဝန္ဉီးကို၊ စာေရးႀကီးထားကစား၊ ဉီးေမာင္ တို႔ က လက္ဖက္တစ္ပြဲကို ေရွ႕ခ်ကာ ထိုင္ေနၾက၏။

ဥပုသ္သည္မ်ားအားလုံးနီးပါးျပန္သြားၾကၿပီးသည့္ေနာက္ မဟာေစတီဆရာေတာ္၏ ေက်ာင္းမွ ကိုရင္ေလးမ်ားက ဇရပ္တံခါးမ်ားကို အျပင္ဘက္မွ ပိတ္ေပးလိုက္ၾကသည္။

“က်ဳပ္တို႔ ဒီအေျခအေနကို ဒီတိုင္း ထိုင္ၾကည့္ေနၾကေတာ့မွာလား”

ဉီးေအာင္လွက စကားစသည္။

အားလုံးက ဉီးေအာင္လွ၏ စကားအသြားအလာကို သေဘာေပါက္ဟန္ျဖင့္ သက္ျပင္းမ်ားကိုယ္စီ ခ်လိုက္ၾကသည္။

“ဘာဆက္လုပ္သင့္လဲ..ဆင္ဝန္မင္း”

".က်ဳပ္တို႔အလွည့္လည္း ဘယ္ေတာ့လဲပဲလို႔ေတာင္ ေတြးမိေနၿပီ..ခင္ဗ်ားတို႔ေရာ”

“အတူတူပါပဲ...မုတၱမက ျပန္လာတဲ့.က်ဳပ္ ညီအရင္းေခါက္ေခါက္ကိုေတာင္...ဖမ္းသြားလို႔ ၿပီးခဲ့တဲ့တပတ္ကပဲ ေငြအခ်ိန္ ခုႏွစ္ပိႆာနဲ႔ ျပန္ေ႐ြးလိုက္ရတယ္..က်ဳပ္တို႔ အလွည့္လည္း အေႏွးနဲ႔ အျမန္ပဲ”

“သူက ေလာဘေဇာ တိုက္ေနတာဗ်..ခက္တာက အင္းဝဘုရင္နဲ႔ကလည္း ေဆြမ်ိဳးနီးစပ္ေတာ္ေန...ဉီးသာေအာင္ အေရးမွာကတည္းက ကိုးသိန္းသခင္ကလည္း သူ႔ကို အာဏာကုန္လႊဲခဲ့သလိုဆိုေတာ့..က်ဳပ္တို႔ ေထာင္းလေမာင္းေၾကမွာပဲ”

“ဒီတိုင္း ၿငိမ္ေနၾကမလို႔လား”

ဉီးေအာင္လွ စကားေၾကာင့္ အားလုံး တိတ္ဆိတ္သြားသည္။

ဉီးကိုက ေလသံခပ္တိုးတိုးျဖင့္

“ခင္ဗ်ားမွာ အႀကံအစည္ရွိလို႔လား...တစ္ခုခုဆို က်ဳပ္တို႔ အကုန္ေသမွာေနာ္”

“မထူးဇာတ္ဆိုတာ ခင္ဗ်ားတို႔ သိလား...ဒီတိုင္းလည္း ေသမွာပဲဗ်...က်ဳပ္ကေတာ့..အခုရွင္မယ္..ခဏေနေသမယ္ဆိုတဲ့ အေျခအေနမွာ မွိန္းေနမယ့္အတူတူ... အခု အေသခံလုပ္မယ္..မေသရင္..အၾကာႀကီးရွင္သန္ရမယ္...ဆိုတဲ့ မထူးဇာတ္ကို ေ႐ြးခ်င္တယ္..ခင္ဗ်ားတို႔ေရာ..က်ဳပ္တို႔ ညီရင္ျဖစ္ပါတယ္ဗ်”

“က်ဳပ္တို႔ သားမယားေတြကိုပါ မီးေလာင္တိုက္သြင္းမွာေနာ္”

ဉီးေအာင္လွက ဉီးကို၏ ပုခုံးကို လက္ျဖင့္ ပုတ္လိုက္သည္။

“က်ဳပ္ေျပာတာက....ေမာင္ပုလဲ ကို ကိုတင္မဟုတ္ဘူး..ေမာင္ပုလဲကို ခန႔္အပ္လိုက္တဲ့..သူေတြကိုပါ..က်ဳပ္တို႔ တိုက္ရလိမ့္မယ္”

“ဟာ...”

နဲ႐ြဲ႐ြာသူႀကီးက ေလသံတိုးတိုးျဖင့္

“အင္းဝကိုပါ တိုက္မယ္လို႔ ဆိုလိုတာလား”

“ဟုတ္တယ္...သူ႔ကို လုပ္ႀကံၿပီဆိုတာနဲ႔..အင္းဝကိုပါ တစ္ခါတည္း ပုန္ကန္ရေတာ့မွာပဲ...ဒီတိုင္း ဆက္ခံေနရင္ေတာ့..ဒီေကာင္ဒုကၡေပးလို႔ ဟံသာဝတီတစ္ၿမိဳ႕လုံး ဒီထက္ပ်က္ဖို႔ပဲရွိေတာ့တယ္”

“ျပည္စားနဲ႔ ပုသိမ္ကိုးၿမိဳ႕တပ္ေတြက အရင္လိုခ်ီလာမယ္ဆို က်ဳပ္တို႔ ေတာင့္ခံႏိုင္ပါ့မလား”

“က်ဳပ္ေျပာျပမယ္..ဉီးသာေအာင္ ဟာ သာမန္ၿမိဳ႕ဝန္ပဲ..မိဖုရားရဲ႕ ဉီးရီးေတာ္အဆင့္ပဲ..မင္းေဆြမင္းမ်ိဳးမဟုတ္ဘူး....တကယ္လို႔ ဟံသာဝတီရဲ႕ ပုန္ကန္မႈကို အင္းဝမင္းေသြးပါတဲ့ မင္းသားတစ္ေယာက္က ေခါင္းေဆာင္လိုက္ရင္ တလိုင္းသုံးရပ္ ညီလာၾကမွာပဲ”

အားလုံးက ဉီးေအာင္လွကို နားမလည္ႏိုင္သလို ၾကည့္လိုက္ၾကသည္။

“အင္းဝမင္းေသြးပါတဲ့ မင္းသားဆိုတာ ဘယ္သူလဲ..ခင္ဗ်ားလား”

“မဟုတ္ဘူး..ဒါေပမယ့္..က်ဳပ္လက္ထဲမွာ သူရွိေနတယ္”

“ဘယ္သူလဲ...”

“ပုဂံမင္းေပ်ာက္ရဲ႕ သားေတာ္ပဲ”

“ဟင္..စေနမင္း ရဲ႕ ညီေတာ္ ပုဂံမင္းေပ်ာက္လား”

“ဟုတ္တယ္...သူ႔ရဲ႕သား၊ နတ္႐ြာစံတနဂၤေႏြ
မင္းတရားႀကီးနဲ႔ ညီအစ္ကိုဝမ္းကြဲ၊ အခု လက္ရွိဘုရင္ရဲ႕ ဉီးေလးေတာ္မွာေပါ့”

“သူက ခင္ဗ်ားဆီမွာ ဘယ္လို”

“ဒါေတြ မေမးနဲ႔ ခင္ဗ်ားတို႔ က်ဳပ္ဉီးေဆာင္ရာကို လိုက္ၾကမွာလား....က်ဳပ္တို႔ ဟံသာဝတီပုန္ကန္ၿပီး ခြဲထြက္တဲ့အခါ....အေနာက္က လက္နက္ေထာက္ပံ့ေပးမယ္..ႏိုင္ငံျခားအင္အားစုတစ္ခုလည္း က်ဳပ္တို႔မွာ ရထားၿပီ...ကုန္သည္ႀကီးလြီဇာမွာ ျပင္သစ္ဘုရင္ခံခ်ဳပ္ ဒူပေလ နဲ႔ တိုက္႐ိုက္ခ်ိတ္ဆက္ေပးဖို႔ လမ္းေၾကာင္းရွိထားတယ္...သန္လ်င္ကို က်ဳပ္တို႔သိမ္းရင္ သံလ်င္မွာခ်ထားတဲ့ ျပင္သစ္ကုမၸဏီတပ္ရင္းက အတြင္းက တိုက္ေပးဖို႔အထိ စကားညီထားၾကၿပီ”

“ဟုတ္ရဲ႕လားဗ်ာ...ေတာ္ၾကာ..ကိုသာေအာင္တုန္းကလည္း က်ဳပ္တို႔ မွာ ကံေကာင္းလို႔မေသတယ္”

“ခင္ဗ်ားတို႔ႏွယ့္..ခက္ရန္ေကာ..အခုေရာ..မေသသာမေသတာ..ဟိုေကာင္ မင္းရဲေအာင္ႏိုင္က ဘယ္အခ်ိန္ သူပုန္စြပ္စြဲၿပီး သတ္မလဲမသိတဲ့အေျခအေနမဟုတ္လား”

“အင္း..ခင္ဗ်ားေျပာတာလည္းဟုတ္ပါတယ္..ဆင္ဝန္မင္း..ဒါနဲ႔ ခင္ဗ်ားေပၚတူဂီမကေရာ..ေသခ်ာရဲ႕လား”

ဉီးေအာင္လွက ၾကမ္းျပင္ကို လက္သီးျဖင့္ သုံးခ်က္ေခါက္လိုက္၏။

ဇရပ္တံခါးတခ်ပ္ပြင့္သြားၿပီး လြီဇာ ဝင္လာသည္။

“လြီဇာ ကိုယ္တိုင္ဒီမွာ ေရာက္ေနၿပီ....က်ဳပ္ေျပာတာေတြ အမွန္ေတြခ်ည္းပဲ”

“ဟုတ္ပါတယ္..အခု ျပင္သစ္သေဘၤာက်င္းတာဝန္ခံအသစ္ျဖစ္ေနတဲ့ မြန္စီယာပူအယ္ ကတဆင့္ ကြၽန္မ ပြန္ဒီခ်ယ္ရီ နဲ႔ စာအဆက္အသြယ္ရထားၿပီ...ဟံသာဝတီႏိုင္ငံျပန္လည္ထူေထာင္ေရးကို ဘုရင္ခံဒူပေလးက လက္နက္ ကူညီေပးမယ္..အျပန္အလွန္ေနနဲ႔ ဟံသာဝတီမွာ ျပင္သစ္ေရတပ္တစ္ခု ခ်ထားမယ္၊ ကုန္တိုက္တစ္ခုဖြင့္မယ္၊ မြန္စီယာဘ႐ူႏို ကို သံတမန္အျဖစ္ ခန႔္အပ္ရလိမ့္မယ္”

“ဟုတ္ပါၿပီ..ဒါေတြက ငါတို႔ခ်င္းတိုင္ပင္ရမွာပဲ”

“ခဏေနပါဉီး..အခြန္ဝန္မင္းရဲ႕..က်န္ေသးတယ္..ေနာက္တခ်က္က ကြၽန္မေတာင္းဆိုမွာ..ရွင္တို႔မွ မဟုတ္ပါဘူး.ျပင္သစ္ေတြဆီကလည္း ကြၽန္မေတာင္းဆိုထားၿပီးပါၿပီ...ကြၽန္မတို႔ အင္းဝနဲ႔ မူးျမစ္ကမ္းတေလွ်ာက္က ဗရင္ဂ်ီသုံ႔ပန္းေတြ..ျပင္သစ္သေဘၤာေတြနဲ႔.ေပၚတူဂီကိုျပန္တဲ့အခါ ေဟာ့ဒီဟံသာဝတီနဲ႔ သန္လ်င္ဆိပ္ကမ္းေတြကို အသုံးခ်ခ်င္တယ္..အဲ့ဒီအခါ ကြၽန္မတို႔ကို ဟံသာဝတီက ခဏ ခိုနားခြင့္ေပးဖို႔နဲ႔ ေရွာေရွာရႉရႉထြက္ခြာခြင့္ျပဳဖို႔ပဲ”

အားလုံး တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္ၾကသည္။

“ဉီးေအာင္လွ သေဘာထားကေရာ”

ဉီးေအာင္လွက အသက္ကို ခပ္ျပင္းျပင္းရႉသြင္းလိုက္သည္။

“လြီဇာေတာင္းဆိုတာေတြက..က်ဳပ္တို႔အတြက္ ထိခိုက္စရာဘာမွမရွိပါဘူး...ျပင္သစ္ေတြနဲ႔သာ က်ဳပ္တို႔ သေဘာတူညီမႈကိစၥေတြ ေသခ်ာလုပ္ရမွာ...အဲ့ဒါကို ဆုံးျဖတ္ေပးႏိုင္ဖို႔ လူလိုတယ္..ေအာ္ ေျပာစရာရွိေသးတယ္..ဒီကိစၥအဆင္ေျပသေဘာညီၾကတယ္ဆို...က်ဳပ္တူ ၿမိဳ႕ေစာင့္တပ္မႉး လက္်ာဗိုလ္ကလည္း တေသြးတည္းရွိမယ္...ၿပီးရင္..ဒီတပတ္အတြင္း က်ဳပ္ မုတၱမကို သြားမယ္....တပ္မႉးတလပန္း ကို က်ဳပ္သစၥာသြားေပးမယ္”

“တပ္မႉးတလပန္းကို..သစၥာေပးမယ္”

“ဟုတ္တယ္..အဲ့ဒီလူငယ္ေလး နဲ႔က်ဳပ္နဲ႔ၾကားမွာ ကတိစကားေတြရွိတယ္”

ဉီးေအာင္လွထံမွ အစီအစဥ္က်က် ခ်မွတ္ထားေသာ အကြက္မ်ားကို တကြက္ခ်င္း ေျပာျပေနသျဖင့္ အားလုံးမွာ မွင္တက္ေနၾကသည္။

ဉီးေအာင္လွကို လုပ္ေဖာ္ကိုင္ဖက္တစ္ဉီးဆိုသည့္ အၾကည့္မ်ိဳးထက္ေက်ာ္လြန္ကာ ေခါင္းေဆာင္တစ္ဉီးကဲ့သို႔ သူတို႔ ၾကည့္ေနၾကသည္။

အခြန္ဝန္ဉီးကိုက ေလသံတိုးတိုးျဖင့္..

“ဟံသာဝတီကို ဆင္ဝန္မင္း လက္ကို အပ္ပါတယ္..ခင္ဗ်ား ႀကိဳက္သလို စီစဥ္ပါ...ရွင္ဘုရင္တင္ေျမႇာက္ေရးလည္း ခင္ဗ်ားေျပာခဲ့တဲ့အစီအစဥ္ကို လက္ခံပါတယ္”

“ဟုတ္ၿပီ..က်န္တဲ့သူေတြေရာဗ်”

“ဆင္ဝန္မင္း အစီအစဥ္အတိုင္းပါပဲ”

...............................................................

ဆင္က်ားတစ္ေကာင္အား ေတြ႕ရွိသည္ဟု မုတၱမရွိ ေအာက္မားစခန္းေထာက္မ်ားမွ အေၾကာင္းၾကားလာသျဖင့္ ဉီးေအာင္လွသည္ မုတၱမကို ထြက္ခြာသြားသည္မွာ တပတ္ပင္ရွိခဲ့ၿပီျဖစ္သည္။

မနက္ေစာေစာစီးစီး ၾကားလိုက္ရသည့္သတင္းေၾကာင့္ လြီဇာမွာ ရင္ဝတ္ကိုပင္ ျဖစ္သလို စည္းကာ လက္်ာဗိုလ္၏ အိမ္သို႔ ထြက္လာခဲ့သည္။

“လြီဇာ ဘာျဖစ္လာတာလဲ”

“ျမတ္ဝါ နဲ႔ မယ္ဖူးကို မင္းရဲေအာင္ႏိုင္တို႔ သရက္တပင္႐ြာမွာ ဖမ္းမိသြားၾကၿပီ”

“ဟာ..ဘယ္လိုျဖစ္တာလဲ”

“အဝိုင္းမွာေနတုန္း မယ္ဖူးအလစ္မွာ ျမတ္ဝါက စိတ္ေဖာက္ၿပီး ဟံသာဝတီကို ထြက္ေျပးတယ္.. ၿမိဳ႕တံခါးဝမွာ စစ္သည္တခ်ိဳ႕က ျမတ္ဝါကို ေတြ႕လိုက္ၾကတယ္..မယ္ဖူးက အဝိုင္းဘုန္းႀကီးေက်ာင္းက သာလွကို အကူအညီေတာင္းၿပီး ျမင္းနဲ႔လိုက္ၾကေတာ့မွ မွီတယ္..ဒါေပမယ့္ ျမတ္ဝါ က ငါ ၿမိဳ႕ဝန္ဉီးသာေအာင္ သမီးေဟ့...ဘာညာေအာ္ေတာ့..စစ္သားေတြက ၾကားသြားၾကတယ္တဲ့..ဒီသတင္းက မင္းရဲေအာင္ႏိုင္ဆီေရာက္မွာပဲ..အဲ့ဒါနဲ႔ ကြၽန္မလည္း သူတို႔ကို အဝိုင္း႐ြာကေန ေ႐ြ႕ၿပီး သရက္တပင္မွာ ေရွာင္ခိုးထားတာ..အခု ဘယ္လို ျဖစ္တယ္မသိ...အဲ့ဒီမွာ မိသတဲ့..မင္းရဲေအာင္ႏိုင္ကိုယ္တိုင္ လိုက္သြားေနၿပီ”

“ဟာ..ဒုကၡပဲ..ဉီးေလးဉီးေအာင္လွကလည္း မရွိဘူး...နဲ႐ြဲသူႀကီးနဲ႔ ဉီးကို ဆီ က်ဳပ္အေၾကာင္းၾကားလိုက္မယ္..လြီဇာ တစ္ေယာက္တည္း မလိုက္သြားနဲ႔”

လြီဇာက ခါးၾကားတြင္ ထိုးထားေသာ ပစၥတိုအိတ္ကို ပုတ္ျပလိုက္သည္။

“အဲ့ဒီဘက္က ႐ြာေတြမွာရွိတဲ့ မြန္ကရင္ေတြက ဉီးေအာင္လွကိုယ္တိုင္ စုစည္းၿပီး ေမာင္သာလွကို ေခါင္းေဆာင္တင္ထားၾကတယ္...ကြၽန္မကလည္း သူတို႔ကို ေပးကမ္းထားတာေတြရွိတယ္..ကြၽန္မလူေတြလို႔ ေျပာလို႔ရတယ္...ကြၽန္မတစ္ေယာက္တည္း လိုက္သြားမယ္..ရွင္ လုပ္ရမွာက ဟိုလူႀကီးေတြကို စုစည္းလိုက္ေတာ့...ကြၽန္မတို႔ စီစဥ္ထားတာေတြက အခုပဲ အေကာင္ထည္ေဖာ္ေတာ့မယ္”

“ဉီးေအာင္လွ ျပန္အလာကို မေစာင့္ေတာ့ဘူးလား”

“သူက တစ္ရက္ႏွစ္ရက္ဆို ျပန္ေရာက္ၿပီ..အဲ့ဒီက်...ဒလပန္းရဲ႕ မုတၱမတပ္ေတြလည္းပါလာလိမ့္မယ္..အစီအစဥ္စတဲ့အခါ...ၿမိဳ႕ေစာင့္တပ္မႉးအေနနဲ႔ ရွင္လုပ္ရမွာေတြ သူမွာသြားေသးလား”

“သူမွာသြားတာထက္ က်ဳပ္အေတြ႕အႀကဳံအရ ၾကည့္လုပ္ရမွာပဲ..ခင္ဗ်ား ဟိုကေလးမ အသက္ကို သြားကယ္ပါ..က်ဳပ္က ၿမိဳ႕ထဲကလူႀကီးေတြနဲ႔ တိုင္ပင္ၿပီး တပ္ေတြစုမယ္...မင္းရဲေအာင္ႏိုင္ရဲ႕ လူရင္းေတြ က်န္ခဲ့ရင္ ဖမ္းထားမယ္..ၿပီးရင္ ၿမိဳ႕တံခါးကို ပိတ္ၿပီး အခိုင္အမာေနမယ္”

“ဟုတ္ၿပီ..ဒါဆို..ကြၽန္မ သြားမယ္”

“စိတ္ကိုေအးေအးထားဗ်...ခင္ဗ်ား..ရင္ဘတ္က မဆန႔္မၿပဲႀကီးက.. ဟ ေနတယ္..လုံေအာင္ စည္းသြားဉီး..အမိ..”

“ရွင္ကေတာ့ေလ...ဖာသာနာရနီမရွိကတည္းက စိတ္ေတြကေယာင္ေခ်ာက္ခ်ားျဖစ္ေနၿပီထင္တယ္..ေသနတ္စာမိခ်င္ေနၿပီဟတ္လား”

လြီဇာက ႏႈတ္ခမ္းကိုက္ကာ မ်က္ေစာင္းထိုးလိုက္ၿပီး ျမင္းေပၚသို႔ တက္ကာ ထြက္ခြာသြားေတာ့သည္။

 

ခက္ေဇာ္

အခန္း(၃၅) မနက္ျဖန္။

ဇမၺဴဒီပါ လက္်ာေတာင္ကြၽန္း ...ၾသဘာနိမိတ္ထြန္း

Comments

Post a Comment