AVA (အခန်း ၃)
အခန်း(၃)
...........................................
အောင်နန်းကျော်ဘုံ နန်းတော်သစ်ကြီး၏ သစ်တပ်တံခါးဝသို့ရောက်ရှိသောအခါ ဘုရင့်မင်းခမ်းတော်တပ်စဥ်လမ်းကြောင်းကြီးသည် ရပ်တန့်သွားတော့၏။
သစ်တပ်တံခါးဝတွင် ဆင်ဝန်ဦးရောက် ဦးဆောင်သော တော်ဝင်ဆင်အစုအမှုထမ်းများက စီးတော်ဆင် မြတ်ထွဋ်ခေါင် နှင့်အတူ အသင့်စောင့်နေကြသည်။
မဟာဓမ္မရာဇာ၏ ဝေါသည် ဆင်တော်မြတ်ထွဋ်ခေါင်၏ ရှေ့တွင် ရပ်လိုက်သည်။
ဝေါယာဥ်ပေါ်မှ ရှင်ဘုရင်ဆင်းလာစဥ် ဆင်ဝန်ဦးရောက် မှာ ခါးကို ကုန်းလျက် လက်အုပ်ချီကာ ရှေ့သို့ တက်လာ၏။
“ကျုပ်တို့ရဲ့ မြတ်ထွဋ်ကြီး ရွှင်ရွှင်ပြပြရောရှိရဲ့လား..ဆင်ဝန်”
“မှန်ပါ..အရှင်သခင့်တာဝန်ကို ထမ်းဆောင်ဖို့ အသင့်ပါ”
“ကဲ..ဒါဆို ဆင်ပေါ် တက္မယ်..ဆင်ကဲက ဘယ်သူလိုက်မှာလဲ”
“အောက္မားဝန် လိုက်ပါလိမ့်မယ်..ဘုရား”
“ဟဲ့..ဆင်ဝန် ခင်ဗျားက ဘာဖြစ်လို့တုန်းဗျ”
“ထားရင်လည်းနေ သတ်ရင်လည်းသေရပါ့မယ်..ဘုန်းတော်ကြီးဘုရား..လွန်ခဲ့တဲ့လပြည့်နေ့က ပြည်အောက္မားသင်း က ဆင်မတစ်ကောင်ဗွေဖောက်လို့ ကျွန်တော်မျိုး ကိုယ်တိုင်လိုက်သွားထိန်းရတယ်..ဘုရား..အဲ့ဒီမှာ ဆင်မကိုကျုံးထဲအသွင်း ခြေချော်လို့ ဟော့ဒီလက် အကြောလွဲသွားတယ်..ဘုရား..ဒါကြောင့် အရှင့် ခြေရင်းမှာ လိုက်ပါချင်ပေမယ့်..အမှုတော်ကို သေချာမထမ်းနိုင်မှာစိုးလို့ပါ..ဘုရား..ဟော့ဒါက အောက္မားဝန် ငအောင်လှပါ..သူက ကျွန်တော်မျိုးကိုယ်စား အရှင့် ဖဝါးအောက် ခစားလိုက်ပါ ပါလိမ့်မယ်”
“ရှေ့တိုး ခစားစမ်း”
ဦးအောင်လှ က မျက်လွှာကို ချကာ ခေါင်းကိုငုံ့လျက် လက်အုပ်သာချီထားလိုက်သည်။
“ဘယ်အဆက်ကများလဲကွဲ့”
“ဘေးတော်မင်းကြီးလက်ထက် ဟံသာဝတီကပါလာတဲ့ အောက္မားဆင်သင်းအဆက်က ငအောင်လှပါ ဘုရား”
“မွန်လားကွဲ့”
“ဇင်းမယ်အဆက်ပါ..ဘုရား..”
“အင်း..ဇင်းမယ်ရှမ်းအဆက်ကိုး.ဒါကြောင့် ဆံဖြတ်ထားပုံက တလိုင်းဆံဖြတ်ပုံမဟုတ်ပဲ တမျိုးဖြစ်နေတာပ..”
အင်းဝနေပြည်တော်တွင် မွန်လူမျိုးများနှင့် အယုဒ္ဓယ ၊ဇင်းမယ် မှလာသည့် ထိုင်းလူမျိုးများမှာ မြန်မာလူမျိုးများကဲ့သို့ သျှောင်မထားပဲ ဆံဖြတ်ကြရလေ့ရှိသည်။
နားရွက္မှ ဦးခေါင်းအထိ ဘေးနှစ်ဖက္မှ ဆံကို အပြောင်ရိတ်သိမ်းပြီး ခေါင်းပေါ်တွင်သာ ဆံစုကို ထားရသည့် ပုံစံဖြစ်သည်။
ဦးအောင်လှသည် ၁၆၀၆ခုနှစ် အနောက်ဘက်လွန်မင်းလက်ထက်က ဟံသာဝတီမှ ပါလာသော မြန်မာအခေါ်ဇင်းမယ်ရှမ်း၊ ချင်းမိုင် တိုင်မျိုးနွယ် အောက္မားဆင်သင်းအစုသားအနွယ်ဖြစ်သည်။
အောက္မားဆင်သင်းဆိုသည်မှာ ဆင်ရိုင်းများကို လေ့ကျင့်ပေးရသည့် အမှုထမ်းများဖြစ်သည်။
“အင်း..နာမည်က အောင်လှဆိုတော့ ကိုယ်တော် နန်းတော်သစ်ပန္နက်တင်ပွဲမှာ အောင်ပြီး လှနေမယ့်နိမိတ်ကောင်းပဲ..ကောင်းပါလေ့”
မဟာဓမ္မရာဇာက ဦးအောင်လှကို ကြည့်ကာ ပြုံးနေလိုက်သည်။
မကြာမီ အောင်နန်းကျော်ဘုံနန်းသိမ်းပွဲပြသာဒ်အတွင်းသို့ မဟာဓမ္မရာဇာ၏ ဆင်တော်နှင့်အတူ မိဖုရားနှစ်ပါး၊ နှမတော်သုံးပါး၏ ဝေါယာဥ်များ မင်းခမ်းတော်အင်္ဂါစဥ်နှင့်အတူ ဝင်ရောက်လာပြီဖြစ်သည်။
....................................................................................
အခမ်းအနားကား အထမြောက်အောင်မြင်ချေပြီ။
ရှင်ဘုရင်လေးသည် သာသနာပိုင်ဆရာတော်အဖြစ် သူကိုးကွယ်ထားသည့် ဆေးရေးကျောင်းဆရာတော် ဦးသာဂရ၏ ကိန်းခန်းယတြာအရ ပန္နက်ချပွဲအား ပန္နက်တင်ပွဲအဖြစ် ခေါ်ဆိုရန် နန်းတွင်းသီးသန့် အမိန့်ထုတ်ပြန်ခဲ့သည်။
ထို့ပြင် နန်းရင်ပြင်တွင် ရွှေလင်ပန်းနှင့် ထည့်ထားသော ထမင်း၊ ဟင်းများကို ခြေနှင့် နင်းချေပြီးမှ နန်းပြဿာဒ်ပေါ်တက်ကာ ပန္နက်ချတော်မူသည်။
ထူးခြားသော လောကီအစီရင်များဖြင့် ပြည့်နှက်နေသောပွဲလည်းဖြစ်သည်။
အခမ်းအနားပြီးသည့်နောက် ရှင်ဘုရင်သည် နန်းတော်၏ အနောက်ဘက်တွင်ရှိ ပြီးစီးလုနီးနီးဖြစ်နေသော အောင်နန်းကျော်ဘုံဥယျာဥ်တော်သို့ထွက်ခွာသွားပြီဖြစ်သည်။
နန်းပြဿာဒ်အတွင်း ဝန်ကြီးများ၊ မူးမတ်များ၊ စစ်သူကြီးများသာ ကျန်ရစ်တော့၏။
အခမ်းအနားနှင့်အတူ ရာထူးအပြောင်းအလဲများဖြစ်ပေါ်ခဲ့သဖြင့် တီးတိုးစကားသံများဖြင့် ဆူညံနေသည်။
နန်းတွင်းတွင် ြသဇာအရှိဆုံးဖြစ်သည့် သက်တော်ရှည်ဝန်ကြီးသီရိဇေယျနော်ရထာဘွဲ့ခံ ဦးပု နှင့် အပြိုင် နောက်ထပ်သက်တော်ရှည်ဝန်ကြီးရာထူးတစ်ခုကို ယခုနန်းသိမ်းပွဲတွင် ရှင်ဘုရင်က ခန့်အပ်ကြောင်း ကြေညာလိုက်သည်။
တနင်္ဂနွေမင်းကွယ်လွန်ပြီးသည့်နောက်တွင် နန်းတွင်းဝန်ကြီးအများစုက ဘုရင့်ညီတော်ဗဒုံစားကိုသာ နန်းတင်လိုကြသည်။
သားတော်အိမ်ရှေ့စံမှာ ငယ်ရွယ်လွန်းပြီး ဗဒုံစားမင်းသားနှင့် စာလျှင် အတွေ့အကြုံ၊ အသက်အရွယ်အစစအရာရာကွာခြားလှသည်။
သို့သော် နန်းတွင်းတွင် ြသဇာကြီးသည့် ပညာရှိဝန်ကြီးဦးပု က အားလုံးနှင့်အတိုက်အခံပြုကာ ဆယ်ကျော်သက်အရွယ် အိမ်ရှေ့စံကို နန်းတင်ခဲ့သည်။
အရေးကိစ္စဟူသမျှကိုလည်း ရှင်ဘုရင်လေးက ဝန်ကြီးဦးပုကိုသာ အားကိုးနေရသည်။
ထိုအခြေအနေတွင် မဟာဓမ္မရာဇာဓိပတိ၏ ငယ်ငယ်က စာသင်ဆရာဖြစ်ခဲ့ဖူးသော ဦးရွှေဖြိုးကို ရာဇနန္ဒ ဟူသော ဘွဲ့ဖြင့် သက်တော်ရှည်နန်းရင်းဝန်ကြီး ထပ်မံခန့်အပ်လိုက်ခြင်းဖြစ်သည်။
ပိုမိုထူးခြားသည်မှာ ဥယျာဥ်တော်သို့ ရှင်ဘုရင်ထွက်သည့်အခါ မည်သည့်ဝန်ကြီးကိုမှ လိုက်ခွင့်မပြုပဲ အသစ်ခန့်ဝန်ကြီး ဦးရွှေဖြိုး နှင့် စာဆိုတော်ပဒေသရာဇာ ကိုသာ ခေါ်ဆောင်သွားခဲ့၏။
ထိုအချင်းအရာက နန်းတွင်းတွင် ဘုရင်အပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်သည်ဟု နာမည်ကြီးနေသည့် နန်းရင်းဝန်ကြီးဦးပု၏ တန်ခိုးအာဏာကို နောက်တစ်ယောက်ထံ ခွဲဝေပေးလိုက်ရပြီဆိုသည့် သဘောသက်ရောက်နေသည်။
ရှင်ဘုရင်ထွက်ခွာသွားပြီးနောက် ဝန်ကြီးဦးပုနှင့် ရွှေတိုက်ဝန်အနန္ဒသူရိယဦးစို တို့လည်း နန်းတော်သစ်မှ ချက်ချင်းထွက်ခွာသွားကြပြီဖြစ်သည်။
ဝန်ကြီးဦးပုပြီးလျှင် ဘုရင်၏ အားကိုးခြင်းခံရသည့် ကိုးသိန်းသခင်သတိုးမင်းခေါင်၊ တွင်းသင်းမင်းကြီး ဦးခ ၊ အသည်ဝန်နေမျိုးစည်သူ ဦးမျိုးထင် တို့၊ အတွင်းဝန်ကျော်ထင်နန္ဒမိတ်တို့ တစုသာ ပြသာဒ်အတွင်း ကျန်ရစ်ကြသည်။
“ဘယ့်နှယ့်...ကိုးသိန်းသခင်ရေ...ဂူတစ်ဂူတည်းတော့ ခြင်္သေ့နှစ်ကောင်အောင်းပြီဗျ”
ဦးခက ကွမ်းယာကို ပါးစပ်ထဲ ထည့်လိုက်ရင်း ပြောသဖြင့် ကိုးသိန်းသခင်က သက်ပြင်းချသည်။
“ခက်တာပါပဲဗျာ...နန်းရင်းဝန်ကြီးနှစ်ပါးကြား ကျုပ်တို့က ဗျာများရမှာဗျ..ဒါနဲ့ ခင်ဗျားတို့ ဝန်အသစ်အကြောင်း သိကြလားဗျ..ကျုပ်ဖြင့် ကနေ့မှ မြင်ဖူးတာပဲ”
“သိပါသည်ကောဗျာ..ရွှေဖြိုးတဲ့..အရင်က စည်သာမင်းကြီး ဦးစည်းစိမ် အိမ်ဝင်ထွက်နေတဲ့သူပေါ့...ဦးစည်းစိမ်နဲ့တော့ ရဟန်းဘဝ စာဝါလိုက်ဖက်ဆိုလားဗျ..စာတတ်ရဟန်းကနေ လူထွက်လာတော့ သဒ္ဒါပိုင်းတော့ သူမတူပဲဗျိုး...လက်ထက်တော်တုန်းက.အိမ်ရှေ့အကြီးတော်ပဒေသရာဇာက အိမ်ရှေ့မင်းကလေးကို စာသင်ပေးဖို့သူ့ဆီ အပ်တယ်.. အပြောအဆိုကောင်းဆိုတော့ အိမ်ရှေ့မင်းကလေးက အိမ်ဦးခန်း တင်ထားတော့တာ..အခုတော့ ဝန်ကြီးကို ဖြစ်လို့ပါလားဗျား”
ထိုအချိန်တွင် သူတို့စုရုံးထိုင်နေရာသို့ ဘောင်းဖြူခေါင်းပေါင်းဖြင့် လူတစ်ဦး လျှောက်လာသည်။
“ဟော့..ဟိုမှာ စည်သာမင်းကြီးလာချေပြီ...သူ့လူအကြောင်း သူ့သာ မေးကြည့်ဗျား”
“ကိုးသိန်းသခင် ပြန်သွားပြီမှတ်လို့...အခုပဲ.ကျုပ်ဖြင့်..အိမ်တော်ထိ လိုက်တော့မလို့ဗျား”
“အလို..ဘာကိစ္စများလဲ..စည်သာမင်းကြီးရဲ့”
“ဆွေမျိုးတစ်ယောက်အရေးပေါ့ဗျာ...နှစ်ယောက်ချင်း ပြောရမယ့်ကိစ္စထင်ပါရဲ့”
စည်သာမင်းကြီးက ပြောလိုက်သဖြင့် ကိုးသိန်းသခင်က ထိုင်နေရာမှ ထလာသည်။
စည်သာမင်းကြီးက ခပ်လှမ်းလှမ်းသို့ လက်မောင်းကိုဆွဲကာ ခေါ်သွား၏။
“ဘာများအထွေအထူးလည်း ကိုစည်းစိမ်”
“အင်း..ထူးတော့ထူးတာပဲ..အခု ကိုးသိန်းသခင်အိမ်မှာ နှောင်ထားတဲ့သူက ကျုပ်မယားခင်နှိုင်းစံရဲ့ ညီမ၊ ခင်ယွန်းစံရဲ့ ယောက်ျားပဲ”
“နို့..ဘယ်သူ့ကိုများပြောတာလဲ”
“ခုနကမှ ကျုပ်ဆီလည်း သတင်းရောက်တာပါလေ...ခင်ဗျားအိမ်တော်က ဆိုပြီး မြို့အထွက် တကောင်းတံခါးမှာဖမ်းခေါ်သွားတာ...အောင်ဇေယျတဲ့..မုဆိုးဖိုမြင်းစီးအဆက်ပဲ”
“သြော်...အင်း...ဟုတ်တယ်..သူတို့ကို နမော်စျေးလူသတ်မှုကိစ္စ ကျုပ် စစ်မေးစရာရှိလို့ဗျ”
“ဒါက မြို့ဝန်ကိစ္စပဲဗျ...ကိုယ့်လူက ဘာကိစ္စ ဖမ်းထားရတာတုန်း”
“အထင်မလွဲပါနဲ့ဗျာ..မြို့ဝန်လက်ရောက်ရင် ဝန်ကြီးဦးပုဆီ တန်းရောက်မှာဗျ...လော်တာရွှင်သတ်ခံရတာ ခင်ဗျားလည်းသိပါတယ်..လော်ညီအစ်ကိုက ဘယ်သူ့လူလဲဆိုတာ...ဦးပုဆီရောက်ရင် ခင်ဗျားလူ ခေါင်းပြတ်ကရောပေါ့”
“ဟုတ်ပါပြီလေ..အခုရော..ခင်ဗျားကဘာကိစ္စ ဖမ်းရတာတုန်း”
“ကျုပ် ဆီမှာ စစ်မှုထမ်းကောင်းတွေလိုနေတယ်...ဦးစည်းစိမ်...အခု ဦးပုရဲ့ ရဲတစ်ထောင်၊ နောင်တစ်ရာ စီမံကိန်းအကြောင်း ခင်ဗျားလည်းကြားမှာပေါ့...ဦးပုက သူ့သဘောနဲ့သူ စစ်တပ်တစ်ခုထောင်နေတယ်လို့ ထင်ရတယ်.. ဒါကို ရှင်ဘုရင်လေးကလည်း သိပ်ကြိုက်လှတယ်မဟုတ်ဘူး....သူ့လုံခြုံရေးအတွက် တပ်တစ်ခု သီးသန့်ဖွဲ့ပေးဖို့ ကျုပ်ကို မှာထားတယ်..ဒါ့ကြောင့် ကျုပ်လည်း လူကောင်း၊ မြင်းကောင်း စုပေးနေတာ..ခင်ဗျား လူကိုလည်း အဲ့ဒီအစုထဲ ထည့်မလားလို့ပါ”
“အလိုလေး...ရှင်ဘုရင်နားနေရတယ်ဆိုတာ ဇက်ပေါ် ဓါးဝဲလှံဝဲပါဗျာ..ကျုပ်မယားညီအစ်ကို ကိုတော့ ချမ်းသာပေးပါ..သုံးချင်းသုံး ကျုပ်လူကို ကျုပ်အစုအငန်းထဲပဲ ထည့်မှာပေါ့..ကိုးသိန်းသခင်ရဲ့..ခင်ဗျားနှယ့်..ဘယ်သူနဲ့ပတ်သက်မှန်းမစုံမစမ်း စွတ်လုပ်တာကိုး”
စည်သာမင်းကြီးက ကိုးသိန်းသခင်၏ မျက်နှာကို စေ့စေ့ကြည့်ရင်း ပြောလိုက်သည်။
ယခင်က သူ့အား ထိုသို့ပင် စကားမာမာမပြောဖူးသည့် စည်သာမင်းကြီးကို ကိုးသိန်းသခင်က တအံတသြဖြစ်သွားသည်။
အစောပိုင်းက ဝန်ကြီးအသစ် ဦးရွှေဖြိုးမှာ ဦးစည်းစိမ်နှင့် စာလိုက်ဖက်ဖြစ်သည်ဆိုသည့် စကားက ကိုးသိန်းသခင် နားထဲသို့ ဝင်လာသည်။
ကိုးသိန်းသခင်မှာ ဝန်ကြီးဦးပုနှင့် အတွင်းကြိတ်ရန်ဖက်ဖြစ်နေရာမှ နောက်ထပ် ဝန်အသစ်နှင့် ရန်ဖက်ဖြစ်ရမည့် အရေးကိုလည်း တွေးလိုက်မိ၏။
“ကျုပ်..မသိလို့ပါ..မင်းကြီးရဲ့..မင်းကြီးလူကို ပြန်လွှတ်ပေးဖို့ အခုပဲ ကျုပ်အိမ်တော်ကို ပြန်လိုက်ပါ့မယ်”
“ကဲ..ကျေးဇူးတင်ပါတယ်..ကိုးသိန်းသခင်..ကောင်လေးကို ကျုပ်အိမ်ကိုပဲ ပို့ပေးလိုက်ပါ..”
စည်သာမင်းကြီးဦးစည်းစိမ်က နန်းပြသာဒ်ပေါ်မှ ဆင်းသွားသည်။
ယခင် တနင်္ဂနွေမင်းလက်ထက် ဇင်မယ်စစ်၊ ကသည်းစစ်စသော ကိုးသိန်းသခင်ကွပ်ကဲသော စစ်ဆင်ရေးများတွင် စစ်ကဲအဆင့်သာရှိခဲ့သည့် စည်သာမင်းကြီးသည် ယခုတော့ ကိုးသိန်းသခင်ကို မာမာထန်ထန်ပင် အထက်စီးဖြင့် ပြောလာခဲ့ပြီဖြစ်သည်။
နန်းတွင်းဝန်ကြီးအပြောင်းအလဲအခြေအနေ၏ ပထမဆုံးသက်ရောက်မှုကို ကိုးသိန်းသခင်ခံစားမိလိုက်တော့သည်။
.........................................................................................................................................
ကိုးသိန်းသခင် သတိုးမင်းခေါင် သည် သူ့ရှေ့တွင် ခေါင်းငုံ့ဝပ်တွားနေသော လူငယ်နှစ်ဦးကို အသေအချာ အကဲခတ်နေသည်။
ထို့နောက် ကွမ်းတော်ဆက်မှ လာဆက်သည့် ကွမ်းယာကို ပါးချောင်ထဲ ထိုးထည့်လိုက်၏။
“လော်တာရွှင်တို့ကို သတ်တာ နင်တို့ ထဲက ဘယ်အကောင်တုန်း”
“ကျွန်တော်မျိုးပါ”
အောင်ဇေယျက ဖြေသည်။
“ကျွန်တော်မျိုးသတ်တာ”
ချစ်ညို ကလည်း ဖြေသည်။
“ဟဲ့...နင်တို့နှစ်ယောက်လုံး သတ်တာပေါ့”
“ကျွန်တော်မျိုးတစ်ယောက်တည်း သတ်တာပါ..ဒီဘက်က ငအောင်ဇေယျက လော်တာရွှင်ကျွန် လေးတွေနဲ့သာ တိုက်ခဲ့တာပါ”
အောင်ဇေယျက ဆတ်ခနဲဖြစ်သွားပြီး..ချစ်ညိုကို စိုက်ကြည့်လိုက်သည်။
“ခင်ဦးသားများ တယ်လေကြီးတာပဲ....သင်း နဲ့ လော်တာရွှင်တို့ သုံးယောက်လုံးထွေး နေတုန်း...ကျုပ်ဝါးရင်းတုတ်စာမိမှ လော်တာရွှင်အသတ်ထွက်တာ....ဆိုင်ရှင်ဗရင်ဂျီမ အသိဆုံး”
“ဟေ့...ငအောင်ဇေယျ..မဟုတ်တာမပြောနဲ့..နင်ဝင်မပါလည်း..သုံးယောက်လုံးကို ငါတစ်ယောက်တည်း သတ်နိုင်တယ်....နင်ဘယ်လောက် သွေးရှိလဲ”
“တော်ကြစမ်း...ငါ့ရှေ့လာပြီး မာန်ဖီနေကြတယ်...နင်တို့တော့ ဇက်ပြတ်ချင်ကြပြီထင်ရဲ့”
ထိုအချိန်တွင် ငတွန်က လက်အုပ်ချီလျက်ဝင်လာ၏။
“ဟဲ့..ငတွန်ငယ်..ဘာများတုန်း”
“ခြံဝမှာ လူတစ်စုရောက်နေပါတယ်..ပြီးတော့ လွီဇာလည်းပါပါတယ်..သူက မင်းကြီးနဲ့ တွေ့ခွင့်တောင်းနေပါတယ်”
“အေး..သက်သေဆုံတာပေါ့...အဲ့ဒီဗရင်ဂျီမ တစ်ယောက်ပဲ ငါ့ ရှေ့ခေါ်သွင်းလာခဲ့ချေ”
ငတွန်က အိမ်အောက်သို့ ပြန်ဆင်းသွားသည်။
ဝန်းတံခါး ပွင့်လာပြီး ငတွန် ထွက်လာသည်။
“ကဲ..နှမ.ခင်ဗျားကို ကိုးသိန်းသခင်က အခေါ်တော်ရှိလိုက်တယ်”
ငတွန်ကို မြင်လိုက်ရသဖြင့် ချစ်မြက ရှေ့သို့ ထွက်လိုက်သည်။
“ကိုယ့်လူ..မင်းတို့မပါဘူး...သူတစ်ယောက်ပဲ အခေါ်ရှိတာ”
လွီဇာက ချစ်မြ ပုခုံးကို ဆုပ်ကိုင်လိုက်သည်။
“ကျွန်မ ဖြေရှင်းခဲ့ပါမယ်..ကျွန်မကြောင့်ဖြစ်တဲ့ပြဿနာပါ.ရှင့်အကို ဘာမှမဖြစ်စေရဘူးလို့ ကတိပေးပါတယ်..မိန်းမကတိပါ..တည်စေရမယ်”
လွီဇာက ငတွန်နောက်မှ လိုက်သွားသည်။
ချစ်မြက လွီဇာဆုပ်ကိုင်ခဲ့သော သူ့ပုခုံးကို ခပ်ဖွဖွတချက်ကိုင်ကြည့်ပြီး ပွတ်သပ်ကန်ရစ်သည်။
အိမ်လှေကားသို့ တက်ခါနီးတွင် ငတွန်က လွီဇာကို တက်သွားရန် လက်ပြလိုက်ပြီး..
“နှမ”
လွီဇာက ပြော ဆိုသည့်သဘောဖြင့် မေးငေါ့ပြလိုက်၏။
“ကိုးသိန်းသခင် နန်းသစ်တက်ပွဲမှာစိတ်အနှောက်အယှက်ဖြစ်စရာတစ်ခုနဲ့ ကြုံလာတယ်လို့ အိမ်တော်စာရေးမောင်မြတ်စံက ခုနပဲ ကျုပ်ကို ပြောသွားတယ်..ကိုးသိန်းသခင်က သူစိတ်မထင်ရင် မထင်သလို ထထကြမ်းတတ်တာ..ကျုပ်အသိဆုံးပဲ... တခုခုဆို အဲ့ဒီအိမ်ပေါ်က အကောင်တွေအတွက်တော့ ကိုယ့်အသက်ကိုတော့ မရင်းပါနဲ့.. ခင်ဗျားက သတ္တိရှိတာ ကျုပ်သိတယ်..ဒါပေမယ် ခင်ဗျားအတွက် စိတ်ပူတယ်...ဘာဖြစ်ဖြစ်ပါ...ကျုပ် ဒီလှေကားရင်းမှာ.. ရှိနေပါတယ်...”
လွီဇာက ငတွန်ကို မျက်လုံးဝိုင်းကြီးများဖြင့် စိုက်ကြည့်ပြီး ပြုံးပြသွားသည်။
အိမ်အပေါ်ထပ်တွင် ကိုးသိန်းသခင်က သလွန်ပေါ်တွင် ထိုင်နေ၏။ နန်းတက်ပွဲတွင် ဝတ်ဆင်ခဲ့သော စစ်သူကြီးဝတ်စုံကိုပင် မလဲလှယ်ရသေး။
လွီဇာက လက်အုပ်ချီလျက် ကြမ်းပြင်တွင် ဝပ်တွားလိုက်သည်။
ဝပ်တွားလျက်မှ သူ့ဘေးတွင် ရှိနေသော သူကို မြင်လိုက်ရသဖြင့် အံသြသွားသည်။
“အောင်ဇေယျ”
သူ့ကို ဖမ်းမိခဲ့သည်ကော။
“အံသြနေလား...လွီဇာမငယ်”
ကိုးသိန်းသခင် ထံမှ အသံထွက်လာသည်။
“မယ်မင်းတို့တွေ ပါးနပ်ပါဘိပေါ့..ဟော့ဒီငအောင်ဇေယျကို မယ်မင်းက သတင်းပေးပြီး ပြေးခိုင်းပေမင့် မြို့တံခါးတိုင်းက တပ်တွေဟာကျုပ်လူတွေဆိုတာ မသိရိုးလားကွဲ့”
အခန်းက တိတ်ဆိတ်နေသည်။
အောင်ဇေယျက ကိုးသိန်းသခင်ကို မော်ဖူးစေအမိန့်မရပဲ ခပ်တည်တည်ပင် မော့ကြည့်သည်။ ထို့နောက် အခန်းတွင်း စောင့်ကြပ်နေသော ကိုယ်ရံတော်တပ်ကို စေ့ငှစွာလိုက်ကြည့်နေ၏။
“ဟဲ့..ဟိုအကောင်..နင်က ငါ့ကို မခန့်လေးစားပေါ့လေ”
အောင်ဇေယျပုံစံကြောင့် ဒေါသထွက်သွားသော ကိုးသိန်းသခင်ကို ကြည့်ကာ ချစ်ညိုက ပြုံးလိုက်သည်။
ကိုးသိန်းသခင်က သလွန်စောင်းကို လက်သီးဖြင့် ထုချလိုက်ပြီး
“နင်တို့ အရိုင်းအစိုင်းတွေ..မင်းပါးစိုးပါး ဘယ်နှယ့်ခစားရမယ်ဆိုတာ မသိကြရောသလား...ငါအကုန် ခုတ်သတ်ပစ်လိုက်ရ..ဟဲ့..မောင်မြတ်စံ..ထန်းရွက်ယူခဲ့စမ်း..သင်းတို့ ကျူးလွန်ခဲ့တဲ့လူသတ်မှုကို အကုန် စစ်ဆေးမှတ်သွင်းဖို့လုပ်..ဆွေခုနှစ်ဆက် ရာဇဝတ်ဘေးသင့်စေ့မယ်”
မောက်တိုအနက်၊ မိန်ညိုအနက်များဝတ်ဆင်ထားသည့် ကိုယ်ရံတော်တပ်မှ ဓါးလွတ်များ ကိုင်ကာ သူတို့သုံးဦးကို ဝန်းရံလိုက်ကြသည်။
“အရှင်..ကျွန်တော်မကို ပြောခဲ့တော့ တမျိုးပါ..ယောက်ျားကတိဆို”
“ဟယ်..ဒီသဘောက္မကတော့....နင့်ပါ ကွပ်မယ်..မပူနဲ့”
ထိုအချိန်တွင် အိမ်ပေါ်သို့ ငတွန် က အလျင်စလို တက်လာသည်။
“ခြံဝန်းအဝမှာ ဆရာတော်ကြွလာပါတယ်..ဘုရား”
“ဟဲ့.လာပြန်ပြီ.. ဘယ်ကဆရာတော်လဲ”
“ရွှေကြာပင်ဆရာတော်တဲ့..ဘုရား”
“ေြသာ်...ဘယ့်နှယ့် ဒီဘုန်းကြီးတွေလည်း...မပြောမဆိုနဲ့”
ကိုးသိန်းသခင်သည် သလွန်ပေါ်မှ အလျင်အမြန်ထကာ တံခါးဝသို့ လှမ်းလိုက်သည်။
ထိုစဥ် တောင်ဝှေးသံ တဒေါက်ဒေါက်ဖြင့် လှေကားပေါ်သို့ ရဟန်းတစ်ပါး တက်လာလေသည်။
ရွှေရောင်ဒေါက်ချာကို ဆောင်းထားပြီး ရွှေနားကွပ်ထားသော သင်္ကန်းကို ကွပ်ထားသည့် ဥပဓိရုပ်ကောင်းကောင်း အသားဖြူဖြူ ရဟန်းတစ်ပါး။
သက်တော်ကား (၅၀)ကျော်သာ ရှိဦးမည်။
အင်းဝနေပြည်တော်တွင် ရှင်ဘုရင်၏ အထူးကိုးကွယ်ခြင်းခံရသော ြသဇာအာဏာကြီးမားလှသည့် ဆရာတော်သုံးပါး အနက် တစ်ပါး အပါဝင်ဖြစ်သည့် ရဟန်းလှဘွဲ့ခံ တိစိဝရိတ်ရွှေကြာပင်ဆရာတော် ဦးပညာဝရ ဖြစ်သည်။
ထိုဆရာတော်ကား ကျမ်းဂန်ပညာအထိုက်အလျောက်သာတတ်မြောက်သော်လည်း ဥပဓိရုပ်ချောမောမှု၊ အပြောအဟောကောင်းမှုတို့ကြောင့် ရှင်ဘုရင်အသစ်က ရွှေဒေါက်ချာဦးထုပ်နှင့် ရွှေနားကွပ်သင်္ကန်း ကပ်လှူကာ ရဟန်းလှ ဟူသော ဘွဲ့အဆန်းကို ဆက်သခံရသူဖြစ်သည်။
ထိုပြင် ရှင်ဘုရင်ထံမှ အထူးပေးအပ်သော အလှူအနေဖြင့် မင်းပြစ်မင်းဒဏ်ဖြင့် သေဒဏ်ကျသူများအား ကယ်နုတ်ယူခွင့် ပေးအပ်ထားခံရသူလည်းဖြစ်သည်။
ဆရာတော်၏ အနောက်တွင် ပါလာသူက ဦးလုံး။ ခင်ဦးမြို့သူကြီး မြင်းစီး ဦးလုံးနှင့် ဇနီးဖြစ်သူ ဒေါ်ဇံကုလား။
ကိုးသိန်းသခင်က အခြေအနေကို ရိပ်စားမိသွားသည်။
ရွှေကြာပင် ဆရာတော်က ကိုးသိန်းသခင်ထိုင်ခဲ့သော ညောင်စောင်းပေါ်တွင် သွားရောက်ထိုင်သည်။
ကိုးသိန်းသခင်ကား လွီဇာတို့သုံးယောက်၏ ဘေးတွင် ဝင်ထိုင်ကာ ဦးချဝပ်ပြုလိုက်တော့၏။
“ဒကာလုံးရဲ့ သားကြီးက ဘယ်တစ်ယောက်တုန်းကွဲ့”
“ကျွန်တော်ပါ ချစ်ညိုပါ..ဘုရား”
အံကိုခပ်တင်းတင်းကြိတ်ထားသည့် ကိုးသိန်းသခင်၏ သက်ပြင်းချသံကို နဘေးတွင်ထိုင်နေသော လွီဇာ က ကြားဖြစ်အောင် ကြားလိုက်သေးသည်။
..........................................................................................................................
“ကဲ..အခုတော့ လူသတ်မှုနဲ့ပတ်သက်တာဆိုလို့ မင်းတစ်ယောက်ပဲ ကျန်တော့တယ်ပေါ့....တစ်ယောက်ကလည်း စည်သာမင်းကြီးရဲ့ ယောက်ဖဆိုလား.. မယားညီအစ်ကိုဆိုလား....ပြန်လွှတ်လိုက်ရပါကော...တစ်ယောက်က ရွှေကြာပင်ဘုန်းကြီးက လာခေါ်သွားတယ်..ကိုင်း..မယ်မင်းရော ဘယ်သူလာခေါ်ဦးမလဲ”
“ကျွန်တော်မကတော့ အညတရပေါ်တူဂီမပါ..နန်းတွင်းမူးကြီးမတ်ရာဆိုလို့ ပထမဆုံးတွေ့ဖူးတာတောင် ဟော့ဒီက ကိုးသိန်းသခင်ပဲ ရှိတာမို့..ထားရင်လည်းနေ..သတ်ရင်လည်း သေရုံပါပဲ..ဘုရား..ဘယ်တတ်နိုင်မလဲ..ဘုရားသခင်အလိုတော်ပေါ့”
ကိုးသိန်းသခင်က ပြုံးလိုက်သည်။
“ကိုင်း..ဒီတော့....ဘယ့်နှယ့်ရှိစ...လွီဇာငယ်...ဒီတိုင်းပြည်ဘာဖြစ်နေပြီလဲဆိုတာ မင်း မျက်မြင်ပဲ မဟုတ်လားကွဲ့...ဒီလိုမျိုး ဘုရင့်အခွင့်ထူးခံဘုန်းကြီးတွေ၊ လူတွေကများပါဘိနဲ့.. ပြည်ထဲရေးကို ဘယ်လိုများကွပ်ညှပ်ကြမလဲ...တိုင်းပြည်ကတော့ ရှေ့ဆက်ပျက်ဖို့သာပဲ မြင်တော့တယ်”
ကိုးသိန်းသခင်က ကွမ်းအစ်ကို လှမ်းယူလိုက်ရင်း..
“မောင်မြတ်စံ..လာစမ်းကွဲ့”
“မှန်ပါ..ဘုရား”
စာရေးမောင်မြတ်စံက လက်အုပ်ချီလျက် သလွန်နဘေးရောက်လာသည်။
ကိုးသိန်းသခင်က ဘာမျှမပြောသေးပဲ နံရံတွင် ချိတ်ဆွဲထားသည့် မှန်စီဓါးကိုသာ ငေးကြည့်နေသည်။
အချိန်အတန်ကြာပြီးနောက်...သလွန်ပေါ်မှ မတ်တပ်ထရပ်လိုက်ပြီး
“မောင်မြတ်စံ.နဲ့..လွီဇာ...မင်းတို့နှစ်ယောက်...သေချာနားထောင်ကြကွယ့်..အရေးကြီးတယ်...တို့များ ရှင်ဘုရင်လေးက အသက်ကငယ်တော့ မင်းမှုရေးရာမှာ တယ်မကျွမ်းကျင်လှဘူး.အရင်က နန်းတွင်းမယ် ဦးပုတစ်ယောက်တည်း သြဇာရှိတယ်..ဦးပုဟာ ရှင်ဘုရင်လေးအပေါ် ကြီးစိုးချင်တဲ့ အနေအထားပေမယ့်လည်း မင်းအဆက်ဆက် အမှုထမ်းခဲ့တဲ့ ပညာရှိအမတ်ပဲ..အခု ရွှေဖြိုးဆိုတာ တစ်ယောက်က ထပ်ပေါ်လာပြန်ပါပကော့....သူက ဘာမှန်းတော့မသိဘူး..ဘုရင်လေးရဲ့ ငယ်ဆရာဖြစ်ရုံ..နဲ့ ဝန်ကြီးရာထူးပေးထားပြန်တယ်....နန်းတော်တွင်းတော့ အုပ်စုတွေကွဲမှာ သေချာသလောက်ပါပဲ..ဘယ်လိုဖြစ်ဖြစ် သွားလေသူ ငါ့နောင်တော် ရှင်ဘုရင်ဟာ ငါ့ကို သူ့ညီရင်းချာလို ချစ်ခင်မြှောက်စားခဲ့တာပဲ..ဒီကျေးဇူးကိုထောက်ပြီး...ရှင်ဘုရင်လေးကို ကာကွယ်ရမှာ ငါ့တာဝန်ကွဲ့.. ဒီတော့ ငါလည်း စစ်ရေးစစ်ရာနဲ့ နန်းတွင်းထဲ အမြဲမခစားနိုင်ဘူး..ဒီတော့ မင်းကို ရှင်ဘုရင့်အနား ခစားရတဲ့ နန်းတွင်းစာဖတ်တော် အဖြစ်ထားရအောင် ငါကြံထားတယ်..ဘယ့်နှယ့်လဲကွဲ့”
မြတ်စံ ခေါင်းထောင်လာတော့သည်။
မောင်မြတ်စံကား ရွှေဘို၊ မကျည်းတုံရွာမှဖြစ်သည်။ ကိုရင်ဝတ်လူထွက်ပြီးနောက် စာဆိုအဖြစ် ရပ်တည်ရန် အင်းဝသို့ တက်လာခဲ့သည်။
ကိုရင်ဘဝကပင် မဟော်ပျို့ကို စပ်ဆိုနိုင်ခဲ့သဖြင့် ကိုးသိန်းသခင်က အိမ်တော်စာရေးရာထူးဖြင့် ခေါ်ထားခြင်းဖြစ်သည်။
နောင်တချိန် ကုန်းဘောင်ခေတ်တွင် လက်ဝဲသုန္ဒရအမတ်ကြီးအဖြစ် ထင်ရှားလာမည့် မောင်မြတ်စံ ယခု နန်းတော်သို့ ဝင်ရတော့မည်။
“နန်းတွင်းဖြစ်ပျက်သမျှ စကားအသွားအလာ ကိစ္စတွေကို မှတ်သားထားပြီး ငါ့ဆီ သတင်းပို့ပေးဖို့ပဲ..စာတော်ဖတ်တွေဟာ နန်းပြင်ထွက်ခွင့်မရှိဘူးဆိုတော့မင်းငါ့ထံ သတင်းစကားပါးဖို့ရာ ဟော့ဒီ လွီဇာမငယ် ကို ငါ အသုံးပြုမယ်”
“ရှင်”
“မရှင်နဲ့ .... လမ်းဘေးမှာ ဗျစ်ရည်ရောင်းတာထက် သာတဲ့ စီးပွားရေးတစ်ခုကို မကြာခင်မှာ ညည်းကို ဖန်တီးပေးမယ်..နန်းတွင်း အနောက်ဆောင်နဲ့ ရောင်းဝယ်ဖောက်ကားနိုင်တဲ့ လမ်းကြောင်းတစ်ခု ငါ နန်းမတော်ဝန်နဲ့ တိုင်ပင်ပြီး ဖန်တီးပေးမယ်..မင်းမှာ ဒတ်ချ်ကုန်သည်တွေ၊ ပေါ်တူဂီကုန်သည်တွေ အသိမိတ်ဆွေကောင်းကောင်းရှိရက် မဟုတ်လား”
“တညင် မြို့မှာ အင်္ဂလိပ်ကုန်တိုက်တစ်ခုဖွင့်ထားတယ်ကြားပါတယ်..ဘုရား..ကျွန်တော်မ ဆိုင်ဝင်ထွက်နေတဲ့ ကုန်သည်တွေကတဆင့် ချိတ်ဆက်ရင်တော့ ဥရောပတိုင်းထွက် အရက်ကောင်းတွေ မှာယူလို့ရနိုင်မှာပါ”
“အေး...မကြာခင်မှာ လွှတ်တော်ကနေ ပြည်သူများအကြား ဗျစ်၊ဗြန် ဖောက်ကားရောင်းဝယ်မှုကို ပိတ်တဲ့ အမိန့်တစ်ခုထုတ်ပြန်လိမ့်မယ်...ဒီအမိန့်ဟာ တတိုင်းပြည်လုံးသက်ရောက်ပေမယ့်.. နန်းတွင်းတော့မပါဘူးကွဲ့..မင်းအနေနဲ့ နန်းတွင်းကို ဒတ်ချ်နိုင်ငံ၊ ပေါ်တူဂီနိုင်ငံ၊ ပြင်သစ်နိုင်ငံဖြစ် အကောင်းတကာ့အကောင်းစား ဗြန်အရက်၊ ဗြစ်အရက်တွေ တင်သွင်းခွင့်ရမယ်ဆို ငါ့အမှုတော်ကို ထမ်းမှာလား”
လွီဇာက ကိုးသိန်းသခင်ကို တအံ့တသြမော့ကြည့်လိုက်သည်။
“ငါ့အမှုတော်ဆိုတာ တခြားမဟုတ်ပါဘူး..မင်းနန်းတွင်းကို ဝင်ထွက်ရတဲ့အခါ ကြားရတဲ့သတင်းစကားတွေရယ်၊ ငမြတ်စံ ပါးလိုက်တဲ့သတင်းတွေရယ်ကို ငါ့ဆီ ယူလာပေးဖို့ပါပဲ...ဟိုနှစ်ကောင်ကို ငါ့ဆီအမှုထမ်းခိုင်းဖို့ ငါကြံရွယ်ခဲ့ပေမယ့်..မဖြစ်ခဲ့ဘူးကွယ့်... နောက်လူသတ်မှုပြဿနာကလည်း မအေးသေးတော့.. နောက်ဆုံး မယ်မင်းဆီကိုပဲ တရားခံအဖြစ်ပတ်လာမှာ..ဒီတော့ ငါ့ဘုန်းရိပ်လှုံရင် မယ်မင်း အမှုတရားခံလည်းမဖြစ်စေရဘူး..စီးပွားရေးလည်းအရင်ထက် သောင်သာအောင် လုပ်နိုင်မယ်...ကိုင်း.ဘယ့်နှယ့်လဲ..ငါ့အမှုတော်ထမ်းမယ်မဟုတ်လား”
“ကျွန်တော်မ...ကိုယ်တော့်ဘုန်းရိပ်ကို ခိုလှုံပါ့မယ်..သခင်”
လွီဇာက ကိုးသိန်းသခင်ကို မော့ကြည့်လျက် လက်အုပ်ချီမိုးလိုက်သည်။
“လက်အုပ်ကြီးဖယ်ထားစမ်းပါကွဲ့.....မယ်မင်းမျက်နှာနုနုလေးကို ကွယ်မထားစမ်းပါနဲ့”
လွီဇာ က ကိုးသိန်းသခင်ကို အချိုသာဆုံးအပြုံးဖြင့် ပြုံးပြလိုက်သည်။
တံခါးဝတွင် လှံကိုင်လျက် ရပ်နေသော ငတွန်က ထိုမြင်ကွင်းကို မမှိတ်မသုံ စိုက်ကြည့်နေသည်။
ခက်ဇော်
(zawgyi)
အခန္း(၃)
...........................................
ေအာင္နန္းေက်ာ္ဘုံ နန္းေတာ္သစ္ႀကီး၏ သစ္တပ္တံခါးဝသို႔ေရာက္ရွိေသာအခါ ဘုရင့္မင္းခမ္းေတာ္တပ္စဥ္လမ္းေၾကာင္းႀကီးသည္ ရပ္တန႔္သြားေတာ့၏။
သစ္တပ္တံခါးဝတြင္ ဆင္ဝန္ဦးေရာက္ ဦးေဆာင္ေသာ ေတာ္ဝင္ဆင္အစုအမႈထမ္းမ်ားက စီးေတာ္ဆင္ ျမတ္ထြဋ္ေခါင္ ႏွင့္အတူ အသင့္ေစာင့္ေနၾကသည္။
မဟာဓမၼရာဇာ၏ ေဝါသည္ ဆင္ေတာ္ျမတ္ထြဋ္ေခါင္၏ ေရွ႕တြင္ ရပ္လိုက္သည္။
ေဝါယာဥ္ေပၚမွ ရွင္ဘုရင္ဆင္းလာစဥ္ ဆင္ဝန္ဦးေရာက္ မွာ ခါးကို ကုန္းလ်က္ လက္အုပ္ခ်ီကာ ေရွ႕သို႔ တက္လာ၏။
“က်ဳပ္တို႔ရဲ႕ ျမတ္ထြဋ္ႀကီး ႐ႊင္႐ႊင္ျပျပေရာရွိရဲ႕လား..ဆင္ဝန္”
“မွန္ပါ..အရွင္သခင့္တာဝန္ကို ထမ္းေဆာင္ဖို႔ အသင့္ပါ”
“ကဲ..ဒါဆို ဆင္ေပၚ တကၼယ္..ဆင္ကဲက ဘယ္သူလိုက္မွာလဲ”
“ေအာကၼားဝန္ လိုက္ပါလိမ့္မယ္..ဘုရား”
“ဟဲ့..ဆင္ဝန္ ခင္ဗ်ားက ဘာျဖစ္လို႔တုန္းဗ်”
“ထားရင္လည္းေန သတ္ရင္လည္းေသရပါ့မယ္..ဘုန္းေတာ္ႀကီးဘုရား..လြန္ခဲ့တဲ့လျပည့္ေန႔က ျပည္ေအာကၼားသင္း က ဆင္မတစ္ေကာင္ေဗြေဖာက္လို႔ ကြၽန္ေတာ္မ်ိဳး ကိုယ္တိုင္လိုက္သြားထိန္းရတယ္..ဘုရား..အဲ့ဒီမွာ ဆင္မကိုက်ဳံးထဲအသြင္း ေျခေခ်ာ္လို႔ ေဟာ့ဒီလက္ အေၾကာလြဲသြားတယ္..ဘုရား..ဒါေၾကာင့္ အရွင့္ ေျခရင္းမွာ လိုက္ပါခ်င္ေပမယ့္..အမႈေတာ္ကို ေသခ်ာမထမ္းႏိုင္မွာစိုးလို႔ပါ..ဘုရား..ေဟာ့ဒါက ေအာကၼားဝန္ ငေအာင္လွပါ..သူက ကြၽန္ေတာ္မ်ိဳးကိုယ္စား အရွင့္ ဖဝါးေအာက္ ခစားလိုက္ပါ ပါလိမ့္မယ္”
“ေရွ႕တိုး ခစားစမ္း”
ဦးေအာင္လွ က မ်က္လႊာကို ခ်ကာ ေခါင္းကိုငုံ႔လ်က္ လက္အုပ္သာခ်ီထားလိုက္သည္။
“ဘယ္အဆက္ကမ်ားလဲကြဲ႕”
“ေဘးေတာ္မင္းႀကီးလက္ထက္ ဟံသာဝတီကပါလာတဲ့ ေအာကၼားဆင္သင္းအဆက္က ငေအာင္လွပါ ဘုရား”
“မြန္လားကြဲ႕”
“ဇင္းမယ္အဆက္ပါ..ဘုရား..”
“အင္း..ဇင္းမယ္ရွမ္းအဆက္ကိုး.ဒါေၾကာင့္ ဆံျဖတ္ထားပုံက တလိုင္းဆံျဖတ္ပုံမဟုတ္ပဲ တမ်ိဳးျဖစ္ေနတာပ..”
အင္းဝေနျပည္ေတာ္တြင္ မြန္လူမ်ိဳးမ်ားႏွင့္ အယုဒၶယ ၊ဇင္းမယ္ မွလာသည့္ ထိုင္းလူမ်ိဳးမ်ားမွာ ျမန္မာလူမ်ိဳးမ်ားကဲ့သို႔ ေသွ်ာင္မထားပဲ ဆံျဖတ္ၾကရေလ့ရွိသည္။
နား႐ြကၼွ ဦးေခါင္းအထိ ေဘးႏွစ္ဖကၼွ ဆံကို အေျပာင္ရိတ္သိမ္းၿပီး ေခါင္းေပၚတြင္သာ ဆံစုကို ထားရသည့္ ပုံစံျဖစ္သည္။
ဦးေအာင္လွသည္ ၁၆၀၆ခုႏွစ္ အေနာက္ဘက္လြန္မင္းလက္ထက္က ဟံသာဝတီမွ ပါလာေသာ ျမန္မာအေခၚဇင္းမယ္ရွမ္း၊ ခ်င္းမိုင္ တိုင္မ်ိဳးႏြယ္ ေအာကၼားဆင္သင္းအစုသားအႏြယ္ျဖစ္သည္။
ေအာကၼားဆင္သင္းဆိုသည္မွာ ဆင္႐ိုင္းမ်ားကို ေလ့က်င့္ေပးရသည့္ အမႈထမ္းမ်ားျဖစ္သည္။
“အင္း..နာမည္က ေအာင္လွဆိုေတာ့ ကိုယ္ေတာ္ နန္းေတာ္သစ္ပႏၷက္တင္ပြဲမွာ ေအာင္ၿပီး လွေနမယ့္နိမိတ္ေကာင္းပဲ..ေကာင္းပါေလ့”
မဟာဓမၼရာဇာက ဦးေအာင္လွကို ၾကည့္ကာ ၿပဳံးေနလိုက္သည္။
မၾကာမီ ေအာင္နန္းေက်ာ္ဘုံနန္းသိမ္းပြဲျပသာဒ္အတြင္းသို႔ မဟာဓမၼရာဇာ၏ ဆင္ေတာ္ႏွင့္အတူ မိဖုရားႏွစ္ပါး၊ ႏွမေတာ္သုံးပါး၏ ေဝါယာဥ္မ်ား မင္းခမ္းေတာ္အဂၤါစဥ္ႏွင့္အတူ ဝင္ေရာက္လာၿပီျဖစ္သည္။
....................................................................................
အခမ္းအနားကား အထေျမာက္ေအာင္ျမင္ေခ်ၿပီ။
ရွင္ဘုရင္ေလးသည္ သာသနာပိုင္ဆရာေတာ္အျဖစ္ သူကိုးကြယ္ထားသည့္ ေဆးေရးေက်ာင္းဆရာေတာ္ ဦးသာဂရ၏ ကိန္းခန္းယၾတာအရ ပႏၷက္ခ်ပြဲအား ပႏၷက္တင္ပြဲအျဖစ္ ေခၚဆိုရန္ နန္းတြင္းသီးသန႔္ အမိန႔္ထုတ္ျပန္ခဲ့သည္။
ထို႔ျပင္ နန္းရင္ျပင္တြင္ ေ႐ႊလင္ပန္းႏွင့္ ထည့္ထားေသာ ထမင္း၊ ဟင္းမ်ားကို ေျခႏွင့္ နင္းေခ်ၿပီးမွ နန္းျပႆာဒ္ေပၚတက္ကာ ပႏၷက္ခ်ေတာ္မူသည္။
ထူးျခားေသာ ေလာကီအစီရင္မ်ားျဖင့္ ျပည့္ႏွက္ေနေသာပြဲလည္းျဖစ္သည္။
အခမ္းအနားၿပီးသည့္ေနာက္ ရွင္ဘုရင္သည္ နန္းေတာ္၏ အေနာက္ဘက္တြင္ရွိ ၿပီးစီးလုနီးနီးျဖစ္ေနေသာ ေအာင္နန္းေက်ာ္ဘုံဥယ်ာဥ္ေတာ္သို႔ထြက္ခြာသြားၿပီျဖစ္သည္။
နန္းျပႆာဒ္အတြင္း ဝန္ႀကီးမ်ား၊ မူးမတ္မ်ား၊ စစ္သူႀကီးမ်ားသာ က်န္ရစ္ေတာ့၏။
အခမ္းအနားႏွင့္အတူ ရာထူးအေျပာင္းအလဲမ်ားျဖစ္ေပၚခဲ့သျဖင့္ တီးတိုးစကားသံမ်ားျဖင့္ ဆူညံေနသည္။
နန္းတြင္းတြင္ ၾသဇာအရွိဆုံးျဖစ္သည့္ သက္ေတာ္ရွည္ဝန္ႀကီးသီရိေဇယ်ေနာ္ရထာဘြဲ႕ခံ ဦးပု ႏွင့္ အၿပိဳင္ ေနာက္ထပ္သက္ေတာ္ရွည္ဝန္ႀကီးရာထူးတစ္ခုကို ယခုနန္းသိမ္းပြဲတြင္ ရွင္ဘုရင္က ခန႔္အပ္ေၾကာင္း ေၾကညာလိုက္သည္။
တနဂၤေႏြမင္းကြယ္လြန္ၿပီးသည့္ေနာက္တြင္ နန္းတြင္းဝန္ႀကီးအမ်ားစုက ဘုရင့္ညီေတာ္ဗဒုံစားကိုသာ နန္းတင္လိုၾကသည္။
သားေတာ္အိမ္ေရွ႕စံမွာ ငယ္႐ြယ္လြန္းၿပီး ဗဒုံစားမင္းသားႏွင့္ စာလွ်င္ အေတြ႕အႀကဳံ၊ အသက္အ႐ြယ္အစစအရာရာကြာျခားလွသည္။
သို႔ေသာ္ နန္းတြင္းတြင္ ၾသဇာႀကီးသည့္ ပညာရွိဝန္ႀကီးဦးပု က အားလုံးႏွင့္အတိုက္အခံျပဳကာ ဆယ္ေက်ာ္သက္အ႐ြယ္ အိမ္ေရွ႕စံကို နန္းတင္ခဲ့သည္။
အေရးကိစၥဟူသမွ်ကိုလည္း ရွင္ဘုရင္ေလးက ဝန္ႀကီးဦးပုကိုသာ အားကိုးေနရသည္။
ထိုအေျခအေနတြင္ မဟာဓမၼရာဇာဓိပတိ၏ ငယ္ငယ္က စာသင္ဆရာျဖစ္ခဲ့ဖူးေသာ ဦးေ႐ႊၿဖိဳးကို ရာဇနႏၵ ဟူေသာ ဘြဲ႕ျဖင့္ သက္ေတာ္ရွည္နန္းရင္းဝန္ႀကီး ထပ္မံခန႔္အပ္လိုက္ျခင္းျဖစ္သည္။
ပိုမိုထူးျခားသည္မွာ ဥယ်ာဥ္ေတာ္သို႔ ရွင္ဘုရင္ထြက္သည့္အခါ မည္သည့္ဝန္ႀကီးကိုမွ လိုက္ခြင့္မျပဳပဲ အသစ္ခန႔္ဝန္ႀကီး ဦးေ႐ႊၿဖိဳး ႏွင့္ စာဆိုေတာ္ပေဒသရာဇာ ကိုသာ ေခၚေဆာင္သြားခဲ့၏။
ထိုအခ်င္းအရာက နန္းတြင္းတြင္ ဘုရင္အေပၚ လႊမ္းမိုးခ်ဳပ္ကိုင္ႏိုင္သည္ဟု နာမည္ႀကီးေနသည့္ နန္းရင္းဝန္ႀကီးဦးပု၏ တန္ခိုးအာဏာကို ေနာက္တစ္ေယာက္ထံ ခြဲေဝေပးလိုက္ရၿပီဆိုသည့္ သေဘာသက္ေရာက္ေနသည္။
ရွင္ဘုရင္ထြက္ခြာသြားၿပီးေနာက္ ဝန္ႀကီးဦးပုႏွင့္ ေ႐ႊတိုက္ဝန္အနႏၵသူရိယဦးစို တို႔လည္း နန္းေတာ္သစ္မွ ခ်က္ခ်င္းထြက္ခြာသြားၾကၿပီျဖစ္သည္။
ဝန္ႀကီးဦးပုၿပီးလွ်င္ ဘုရင္၏ အားကိုးျခင္းခံရသည့္ ကိုးသိန္းသခင္သတိုးမင္းေခါင္၊ တြင္းသင္းမင္းႀကီး ဦးခ ၊ အသည္ဝန္ေနမ်ိဳးစည္သူ ဦးမ်ိဳးထင္ တို႔၊ အတြင္းဝန္ေက်ာ္ထင္နႏၵမိတ္တို႔ တစုသာ ျပသာဒ္အတြင္း က်န္ရစ္ၾကသည္။
“ဘယ့္ႏွယ့္...ကိုးသိန္းသခင္ေရ...ဂူတစ္ဂူတည္းေတာ့ ျခေသၤ့ႏွစ္ေကာင္ေအာင္းၿပီဗ်”
ဦးခက ကြမ္းယာကို ပါးစပ္ထဲ ထည့္လိုက္ရင္း ေျပာသျဖင့္ ကိုးသိန္းသခင္က သက္ျပင္းခ်သည္။
“ခက္တာပါပဲဗ်ာ...နန္းရင္းဝန္ႀကီးႏွစ္ပါးၾကား က်ဳပ္တို႔က ဗ်ာမ်ားရမွာဗ်..ဒါနဲ႔ ခင္ဗ်ားတို႔ ဝန္အသစ္အေၾကာင္း သိၾကလားဗ်..က်ဳပ္ျဖင့္ ကေန႔မွ ျမင္ဖူးတာပဲ”
“သိပါသည္ေကာဗ်ာ..ေ႐ႊၿဖိဳးတဲ့..အရင္က စည္သာမင္းႀကီး ဦးစည္းစိမ္ အိမ္ဝင္ထြက္ေနတဲ့သူေပါ့...ဦးစည္းစိမ္နဲ႔ေတာ့ ရဟန္းဘဝ စာဝါလိုက္ဖက္ဆိုလားဗ်..စာတတ္ရဟန္းကေန လူထြက္လာေတာ့ သဒၵါပိုင္းေတာ့ သူမတူပဲဗ်ိဳး...လက္ထက္ေတာ္တုန္းက.အိမ္ေရွ႕အႀကီးေတာ္ပေဒသရာဇာက အိမ္ေရွ႕မင္းကေလးကို စာသင္ေပးဖို႔သူ႔ဆီ အပ္တယ္.. အေျပာအဆိုေကာင္းဆိုေတာ့ အိမ္ေရွ႕မင္းကေလးက အိမ္ဦးခန္း တင္ထားေတာ့တာ..အခုေတာ့ ဝန္ႀကီးကို ျဖစ္လို႔ပါလားဗ်ား”
ထိုအခ်ိန္တြင္ သူတို႔စု႐ုံးထိုင္ေနရာသို႔ ေဘာင္းျဖဴေခါင္းေပါင္းျဖင့္ လူတစ္ဦး ေလွ်ာက္လာသည္။
“ေဟာ့..ဟိုမွာ စည္သာမင္းႀကီးလာေခ်ၿပီ...သူ႔လူအေၾကာင္း သူ႔သာ ေမးၾကည့္ဗ်ား”
“ကိုးသိန္းသခင္ ျပန္သြားၿပီမွတ္လို႔...အခုပဲ.က်ဳပ္ျဖင့္..အိမ္ေတာ္ထိ လိုက္ေတာ့မလို႔ဗ်ား”
“အလို..ဘာကိစၥမ်ားလဲ..စည္သာမင္းႀကီးရဲ႕”
“ေဆြမ်ိဳးတစ္ေယာက္အေရးေပါ့ဗ်ာ...ႏွစ္ေယာက္ခ်င္း ေျပာရမယ့္ကိစၥထင္ပါရဲ႕”
စည္သာမင္းႀကီးက ေျပာလိုက္သျဖင့္ ကိုးသိန္းသခင္က ထိုင္ေနရာမွ ထလာသည္။
စည္သာမင္းႀကီးက ခပ္လွမ္းလွမ္းသို႔ လက္ေမာင္းကိုဆြဲကာ ေခၚသြား၏။
“ဘာမ်ားအေထြအထူးလည္း ကိုစည္းစိမ္”
“အင္း..ထူးေတာ့ထူးတာပဲ..အခု ကိုးသိန္းသခင္အိမ္မွာ ေႏွာင္ထားတဲ့သူက က်ဳပ္မယားခင္ႏႈိင္းစံရဲ႕ ညီမ၊ ခင္ယြန္းစံရဲ႕ ေယာက္်ားပဲ”
“ႏို႔..ဘယ္သူ႔ကိုမ်ားေျပာတာလဲ”
“ခုနကမွ က်ဳပ္ဆီလည္း သတင္းေရာက္တာပါေလ...ခင္ဗ်ားအိမ္ေတာ္က ဆိုၿပီး ၿမိဳ႕အထြက္ တေကာင္းတံခါးမွာဖမ္းေခၚသြားတာ...ေအာင္ေဇယ်တဲ့..မုဆိုးဖိုျမင္းစီးအဆက္ပဲ”
“ေၾသာ္...အင္း...ဟုတ္တယ္..သူတို႔ကို နေမာ္ေစ်းလူသတ္မႈကိစၥ က်ဳပ္ စစ္ေမးစရာရွိလို႔ဗ်”
“ဒါက ၿမိဳ႕ဝန္ကိစၥပဲဗ်...ကိုယ့္လူက ဘာကိစၥ ဖမ္းထားရတာတုန္း”
“အထင္မလြဲပါနဲ႔ဗ်ာ..ၿမိဳ႕ဝန္လက္ေရာက္ရင္ ဝန္ႀကီးဦးပုဆီ တန္းေရာက္မွာဗ်...ေလာ္တာ႐ႊင္သတ္ခံရတာ ခင္ဗ်ားလည္းသိပါတယ္..ေလာ္ညီအစ္ကိုက ဘယ္သူ႔လူလဲဆိုတာ...ဦးပုဆီေရာက္ရင္ ခင္ဗ်ားလူ ေခါင္းျပတ္ကေရာေပါ့”
“ဟုတ္ပါၿပီေလ..အခုေရာ..ခင္ဗ်ားကဘာကိစၥ ဖမ္းရတာတုန္း”
“က်ဳပ္ ဆီမွာ စစ္မႈထမ္းေကာင္းေတြလိုေနတယ္...ဦးစည္းစိမ္...အခု ဦးပုရဲ႕ ရဲတစ္ေထာင္၊ ေနာင္တစ္ရာ စီမံကိန္းအေၾကာင္း ခင္ဗ်ားလည္းၾကားမွာေပါ့...ဦးပုက သူ႔သေဘာနဲ႔သူ စစ္တပ္တစ္ခုေထာင္ေနတယ္လို႔ ထင္ရတယ္.. ဒါကို ရွင္ဘုရင္ေလးကလည္း သိပ္ႀကိဳက္လွတယ္မဟုတ္ဘူး....သူ႔လုံၿခဳံေရးအတြက္ တပ္တစ္ခု သီးသန႔္ဖြဲ႕ေပးဖို႔ က်ဳပ္ကို မွာထားတယ္..ဒါ့ေၾကာင့္ က်ဳပ္လည္း လူေကာင္း၊ ျမင္းေကာင္း စုေပးေနတာ..ခင္ဗ်ား လူကိုလည္း အဲ့ဒီအစုထဲ ထည့္မလားလို႔ပါ”
“အလိုေလး...ရွင္ဘုရင္နားေနရတယ္ဆိုတာ ဇက္ေပၚ ဓါးဝဲလွံဝဲပါဗ်ာ..က်ဳပ္မယားညီအစ္ကို ကိုေတာ့ ခ်မ္းသာေပးပါ..သုံးခ်င္းသုံး က်ဳပ္လူကို က်ဳပ္အစုအငန္းထဲပဲ ထည့္မွာေပါ့..ကိုးသိန္းသခင္ရဲ႕..ခင္ဗ်ားႏွယ့္..ဘယ္သူနဲ႔ပတ္သက္မွန္းမစုံမစမ္း စြတ္လုပ္တာကိုး”
စည္သာမင္းႀကီးက ကိုးသိန္းသခင္၏ မ်က္ႏွာကို ေစ့ေစ့ၾကည့္ရင္း ေျပာလိုက္သည္။
ယခင္က သူ႔အား ထိုသို႔ပင္ စကားမာမာမေျပာဖူးသည့္ စည္သာမင္းႀကီးကို ကိုးသိန္းသခင္က တအံတၾသျဖစ္သြားသည္။
အေစာပိုင္းက ဝန္ႀကီးအသစ္ ဦးေ႐ႊၿဖိဳးမွာ ဦးစည္းစိမ္ႏွင့္ စာလိုက္ဖက္ျဖစ္သည္ဆိုသည့္ စကားက ကိုးသိန္းသခင္ နားထဲသို႔ ဝင္လာသည္။
ကိုးသိန္းသခင္မွာ ဝန္ႀကီးဦးပုႏွင့္ အတြင္းႀကိတ္ရန္ဖက္ျဖစ္ေနရာမွ ေနာက္ထပ္ ဝန္အသစ္ႏွင့္ ရန္ဖက္ျဖစ္ရမည့္ အေရးကိုလည္း ေတြးလိုက္မိ၏။
“က်ဳပ္..မသိလို႔ပါ..မင္းႀကီးရဲ႕..မင္းႀကီးလူကို ျပန္လႊတ္ေပးဖို႔ အခုပဲ က်ဳပ္အိမ္ေတာ္ကို ျပန္လိုက္ပါ့မယ္”
“ကဲ..ေက်းဇူးတင္ပါတယ္..ကိုးသိန္းသခင္..ေကာင္ေလးကို က်ဳပ္အိမ္ကိုပဲ ပို႔ေပးလိုက္ပါ..”
စည္သာမင္းႀကီးဦးစည္းစိမ္က နန္းျပသာဒ္ေပၚမွ ဆင္းသြားသည္။
ယခင္ တနဂၤေႏြမင္းလက္ထက္ ဇင္မယ္စစ္၊ ကသည္းစစ္စေသာ ကိုးသိန္းသခင္ကြပ္ကဲေသာ စစ္ဆင္ေရးမ်ားတြင္ စစ္ကဲအဆင့္သာရွိခဲ့သည့္ စည္သာမင္းႀကီးသည္ ယခုေတာ့ ကိုးသိန္းသခင္ကို မာမာထန္ထန္ပင္ အထက္စီးျဖင့္ ေျပာလာခဲ့ၿပီျဖစ္သည္။
နန္းတြင္းဝန္ႀကီးအေျပာင္းအလဲအေျခအေန၏ ပထမဆုံးသက္ေရာက္မႈကို ကိုးသိန္းသခင္ခံစားမိလိုက္ေတာ့သည္။
.........................................................................................................................................
ကိုးသိန္းသခင္ သတိုးမင္းေခါင္ သည္ သူ႔ေရွ႕တြင္ ေခါင္းငုံ႔ဝပ္တြားေနေသာ လူငယ္ႏွစ္ဦးကို အေသအခ်ာ အကဲခတ္ေနသည္။
ထို႔ေနာက္ ကြမ္းေတာ္ဆက္မွ လာဆက္သည့္ ကြမ္းယာကို ပါးေခ်ာင္ထဲ ထိုးထည့္လိုက္၏။
“ေလာ္တာ႐ႊင္တို႔ကို သတ္တာ နင္တို႔ ထဲက ဘယ္အေကာင္တုန္း”
“ကြၽန္ေတာ္မ်ိဳးပါ”
ေအာင္ေဇယ်က ေျဖသည္။
“ကြၽန္ေတာ္မ်ိဳးသတ္တာ”
ခ်စ္ညိဳ ကလည္း ေျဖသည္။
“ဟဲ့...နင္တို႔ႏွစ္ေယာက္လုံး သတ္တာေပါ့”
“ကြၽန္ေတာ္မ်ိဳးတစ္ေယာက္တည္း သတ္တာပါ..ဒီဘက္က ငေအာင္ေဇယ်က ေလာ္တာ႐ႊင္ကြၽန္ ေလးေတြနဲ႔သာ တိုက္ခဲ့တာပါ”
ေအာင္ေဇယ်က ဆတ္ခနဲျဖစ္သြားၿပီး..ခ်စ္ညိဳကို စိုက္ၾကည့္လိုက္သည္။
“ခင္ဦးသားမ်ား တယ္ေလႀကီးတာပဲ....သင္း နဲ႔ ေလာ္တာ႐ႊင္တို႔ သုံးေယာက္လုံးေထြး ေနတုန္း...က်ဳပ္ဝါးရင္းတုတ္စာမိမွ ေလာ္တာ႐ႊင္အသတ္ထြက္တာ....ဆိုင္ရွင္ဗရင္ဂ်ီမ အသိဆုံး”
“ေဟ့...ငေအာင္ေဇယ်..မဟုတ္တာမေျပာနဲ႔..နင္ဝင္မပါလည္း..သုံးေယာက္လုံးကို ငါတစ္ေယာက္တည္း သတ္ႏိုင္တယ္....နင္ဘယ္ေလာက္ ေသြးရွိလဲ”
“ေတာ္ၾကစမ္း...ငါ့ေရွ႕လာၿပီး မာန္ဖီေနၾကတယ္...နင္တို႔ေတာ့ ဇက္ျပတ္ခ်င္ၾကၿပီထင္ရဲ႕”
ထိုအခ်ိန္တြင္ ငတြန္က လက္အုပ္ခ်ီလ်က္ဝင္လာ၏။
“ဟဲ့..ငတြန္ငယ္..ဘာမ်ားတုန္း”
“ၿခံဝမွာ လူတစ္စုေရာက္ေနပါတယ္..ၿပီးေတာ့ လြီဇာလည္းပါပါတယ္..သူက မင္းႀကီးနဲ႔ ေတြ႕ခြင့္ေတာင္းေနပါတယ္”
“ေအး..သက္ေသဆုံတာေပါ့...အဲ့ဒီဗရင္ဂ်ီမ တစ္ေယာက္ပဲ ငါ့ ေရွ႕ေခၚသြင္းလာခဲ့ေခ်”
ငတြန္က အိမ္ေအာက္သို႔ ျပန္ဆင္းသြားသည္။
ဝန္းတံခါး ပြင့္လာၿပီး ငတြန္ ထြက္လာသည္။
“ကဲ..ႏွမ.ခင္ဗ်ားကို ကိုးသိန္းသခင္က အေခၚေတာ္ရွိလိုက္တယ္”
ငတြန္ကို ျမင္လိုက္ရသျဖင့္ ခ်စ္ျမက ေရွ႕သို႔ ထြက္လိုက္သည္။
“ကိုယ့္လူ..မင္းတို႔မပါဘူး...သူတစ္ေယာက္ပဲ အေခၚရွိတာ”
လြီဇာက ခ်စ္ျမ ပုခုံးကို ဆုပ္ကိုင္လိုက္သည္။
“ကြၽန္မ ေျဖရွင္းခဲ့ပါမယ္..ကြၽန္မေၾကာင့္ျဖစ္တဲ့ျပႆနာပါ.ရွင့္အကို ဘာမွမျဖစ္ေစရဘူးလို႔ ကတိေပးပါတယ္..မိန္းမကတိပါ..တည္ေစရမယ္”
လြီဇာက ငတြန္ေနာက္မွ လိုက္သြားသည္။
ခ်စ္ျမက လြီဇာဆုပ္ကိုင္ခဲ့ေသာ သူ႔ပုခုံးကို ခပ္ဖြဖြတခ်က္ကိုင္ၾကည့္ၿပီး ပြတ္သပ္ကန္ရစ္သည္။
အိမ္ေလွကားသို႔ တက္ခါနီးတြင္ ငတြန္က လြီဇာကို တက္သြားရန္ လက္ျပလိုက္ၿပီး..
“ႏွမ”
လြီဇာက ေျပာ ဆိုသည့္သေဘာျဖင့္ ေမးေငါ့ျပလိုက္၏။
“ကိုးသိန္းသခင္ နန္းသစ္တက္ပြဲမွာစိတ္အေႏွာက္အယွက္ျဖစ္စရာတစ္ခုနဲ႔ ႀကဳံလာတယ္လို႔ အိမ္ေတာ္စာေရးေမာင္ျမတ္စံက ခုနပဲ က်ဳပ္ကို ေျပာသြားတယ္..ကိုးသိန္းသခင္က သူစိတ္မထင္ရင္ မထင္သလို ထထၾကမ္းတတ္တာ..က်ဳပ္အသိဆုံးပဲ... တခုခုဆို အဲ့ဒီအိမ္ေပၚက အေကာင္ေတြအတြက္ေတာ့ ကိုယ့္အသက္ကိုေတာ့ မရင္းပါနဲ႔.. ခင္ဗ်ားက သတၱိရွိတာ က်ဳပ္သိတယ္..ဒါေပမယ္ ခင္ဗ်ားအတြက္ စိတ္ပူတယ္...ဘာျဖစ္ျဖစ္ပါ...က်ဳပ္ ဒီေလွကားရင္းမွာ.. ရွိေနပါတယ္...”
လြီဇာက ငတြန္ကို မ်က္လုံးဝိုင္းႀကီးမ်ားျဖင့္ စိုက္ၾကည့္ၿပီး ၿပဳံးျပသြားသည္။
အိမ္အေပၚထပ္တြင္ ကိုးသိန္းသခင္က သလြန္ေပၚတြင္ ထိုင္ေန၏။ နန္းတက္ပြဲတြင္ ဝတ္ဆင္ခဲ့ေသာ စစ္သူႀကီးဝတ္စုံကိုပင္ မလဲလွယ္ရေသး။
လြီဇာက လက္အုပ္ခ်ီလ်က္ ၾကမ္းျပင္တြင္ ဝပ္တြားလိုက္သည္။
ဝပ္တြားလ်က္မွ သူ႔ေဘးတြင္ ရွိေနေသာ သူကို ျမင္လိုက္ရသျဖင့္ အံၾသသြားသည္။
“ေအာင္ေဇယ်”
သူ႔ကို ဖမ္းမိခဲ့သည္ေကာ။
“အံၾသေနလား...လြီဇာမငယ္”
ကိုးသိန္းသခင္ ထံမွ အသံထြက္လာသည္။
“မယ္မင္းတို႔ေတြ ပါးနပ္ပါဘိေပါ့..ေဟာ့ဒီငေအာင္ေဇယ်ကို မယ္မင္းက သတင္းေပးၿပီး ေျပးခိုင္းေပမင့္ ၿမိဳ႕တံခါးတိုင္းက တပ္ေတြဟာက်ဳပ္လူေတြဆိုတာ မသိ႐ိုးလားကြဲ႕”
အခန္းက တိတ္ဆိတ္ေနသည္။
ေအာင္ေဇယ်က ကိုးသိန္းသခင္ကို ေမာ္ဖူးေစအမိန႔္မရပဲ ခပ္တည္တည္ပင္ ေမာ့ၾကည့္သည္။ ထို႔ေနာက္ အခန္းတြင္း ေစာင့္ၾကပ္ေနေသာ ကိုယ္ရံေတာ္တပ္ကို ေစ့ငွစြာလိုက္ၾကည့္ေန၏။
“ဟဲ့..ဟိုအေကာင္..နင္က ငါ့ကို မခန႔္ေလးစားေပါ့ေလ”
ေအာင္ေဇယ်ပုံစံေၾကာင့္ ေဒါသထြက္သြားေသာ ကိုးသိန္းသခင္ကို ၾကည့္ကာ ခ်စ္ညိဳက ၿပဳံးလိုက္သည္။
ကိုးသိန္းသခင္က သလြန္ေစာင္းကို လက္သီးျဖင့္ ထုခ်လိုက္ၿပီး
“နင္တို႔ အ႐ိုင္းအစိုင္းေတြ..မင္းပါးစိုးပါး ဘယ္ႏွယ့္ခစားရမယ္ဆိုတာ မသိၾကေရာသလား...ငါအကုန္ ခုတ္သတ္ပစ္လိုက္ရ..ဟဲ့..ေမာင္ျမတ္စံ..ထန္း႐ြက္ယူခဲ့စမ္း..သင္းတို႔ က်ဴးလြန္ခဲ့တဲ့လူသတ္မႈကို အကုန္ စစ္ေဆးမွတ္သြင္းဖို႔လုပ္..ေဆြခုႏွစ္ဆက္ ရာဇဝတ္ေဘးသင့္ေစ့မယ္”
ေမာက္တိုအနက္၊ မိန္ညိဳအနက္မ်ားဝတ္ဆင္ထားသည့္ ကိုယ္ရံေတာ္တပ္မွ ဓါးလြတ္မ်ား ကိုင္ကာ သူတို႔သုံးဦးကို ဝန္းရံလိုက္ၾကသည္။
“အရွင္..ကြၽန္ေတာ္မကို ေျပာခဲ့ေတာ့ တမ်ိဳးပါ..ေယာက္်ားကတိဆို”
“ဟယ္..ဒီသေဘာကၼကေတာ့....နင့္ပါ ကြပ္မယ္..မပူနဲ႔”
ထိုအခ်ိန္တြင္ အိမ္ေပၚသို႔ ငတြန္ က အလ်င္စလို တက္လာသည္။
“ၿခံဝန္းအဝမွာ ဆရာေတာ္ႂကြလာပါတယ္..ဘုရား”
“ဟဲ့.လာျပန္ၿပီ.. ဘယ္ကဆရာေတာ္လဲ”
“ေ႐ႊၾကာပင္ဆရာေတာ္တဲ့..ဘုရား”
“ေၾသာ္...ဘယ့္ႏွယ့္ ဒီဘုန္းႀကီးေတြလည္း...မေျပာမဆိုနဲ႔”
ကိုးသိန္းသခင္သည္ သလြန္ေပၚမွ အလ်င္အျမန္ထကာ တံခါးဝသို႔ လွမ္းလိုက္သည္။
ထိုစဥ္ ေတာင္ေဝွးသံ တေဒါက္ေဒါက္ျဖင့္ ေလွကားေပၚသို႔ ရဟန္းတစ္ပါး တက္လာေလသည္။
ေ႐ႊေရာင္ေဒါက္ခ်ာကို ေဆာင္းထားၿပီး ေ႐ႊနားကြပ္ထားေသာ သကၤန္းကို ကြပ္ထားသည့္ ဥပဓိ႐ုပ္ေကာင္းေကာင္း အသားျဖဴျဖဴ ရဟန္းတစ္ပါး။
သက္ေတာ္ကား (၅၀)ေက်ာ္သာ ရွိဦးမည္။
အင္းဝေနျပည္ေတာ္တြင္ ရွင္ဘုရင္၏ အထူးကိုးကြယ္ျခင္းခံရေသာ ၾသဇာအာဏာႀကီးမားလွသည့္ ဆရာေတာ္သုံးပါး အနက္ တစ္ပါး အပါဝင္ျဖစ္သည့္ ရဟန္းလွဘြဲ႕ခံ တိစိဝရိတ္ေ႐ႊၾကာပင္ဆရာေတာ္ ဦးပညာဝရ ျဖစ္သည္။
ထိုဆရာေတာ္ကား က်မ္းဂန္ပညာအထိုက္အေလ်ာက္သာတတ္ေျမာက္ေသာ္လည္း ဥပဓိ႐ုပ္ေခ်ာေမာမႈ၊ အေျပာအေဟာေကာင္းမႈတို႔ေၾကာင့္ ရွင္ဘုရင္အသစ္က ေ႐ႊေဒါက္ခ်ာဦးထုပ္ႏွင့္ ေ႐ႊနားကြပ္သကၤန္း ကပ္လႉကာ ရဟန္းလွ ဟူေသာ ဘြဲ႕အဆန္းကို ဆက္သခံရသူျဖစ္သည္။
ထိုျပင္ ရွင္ဘုရင္ထံမွ အထူးေပးအပ္ေသာ အလႉအေနျဖင့္ မင္းျပစ္မင္းဒဏ္ျဖင့္ ေသဒဏ္က်သူမ်ားအား ကယ္ႏုတ္ယူခြင့္ ေပးအပ္ထားခံရသူလည္းျဖစ္သည္။
ဆရာေတာ္၏ အေနာက္တြင္ ပါလာသူက ဦးလုံး။ ခင္ဦးၿမိဳ႕သူႀကီး ျမင္းစီး ဦးလုံးႏွင့္ ဇနီးျဖစ္သူ ေဒၚဇံကုလား။
ကိုးသိန္းသခင္က အေျခအေနကို ရိပ္စားမိသြားသည္။
ေ႐ႊၾကာပင္ ဆရာေတာ္က ကိုးသိန္းသခင္ထိုင္ခဲ့ေသာ ေညာင္ေစာင္းေပၚတြင္ သြားေရာက္ထိုင္သည္။
ကိုးသိန္းသခင္ကား လြီဇာတို႔သုံးေယာက္၏ ေဘးတြင္ ဝင္ထိုင္ကာ ဦးခ်ဝပ္ျပဳလိုက္ေတာ့၏။
“ဒကာလုံးရဲ႕ သားႀကီးက ဘယ္တစ္ေယာက္တုန္းကြဲ႕”
“ကြၽန္ေတာ္ပါ ခ်စ္ညိဳပါ..ဘုရား”
အံကိုခပ္တင္းတင္းႀကိတ္ထားသည့္ ကိုးသိန္းသခင္၏ သက္ျပင္းခ်သံကို နေဘးတြင္ထိုင္ေနေသာ လြီဇာ က ၾကားျဖစ္ေအာင္ ၾကားလိုက္ေသးသည္။
..........................................................................................................................
“ကဲ..အခုေတာ့ လူသတ္မႈနဲ႔ပတ္သက္တာဆိုလို႔ မင္းတစ္ေယာက္ပဲ က်န္ေတာ့တယ္ေပါ့....တစ္ေယာက္ကလည္း စည္သာမင္းႀကီးရဲ႕ ေယာက္ဖဆိုလား.. မယားညီအစ္ကိုဆိုလား....ျပန္လႊတ္လိုက္ရပါေကာ...တစ္ေယာက္က ေ႐ႊၾကာပင္ဘုန္းႀကီးက လာေခၚသြားတယ္..ကိုင္း..မယ္မင္းေရာ ဘယ္သူလာေခၚဦးမလဲ”
“ကြၽန္ေတာ္မကေတာ့ အညတရေပၚတူဂီမပါ..နန္းတြင္းမူးႀကီးမတ္ရာဆိုလို႔ ပထမဆုံးေတြ႕ဖူးတာေတာင္ ေဟာ့ဒီက ကိုးသိန္းသခင္ပဲ ရွိတာမို႔..ထားရင္လည္းေန..သတ္ရင္လည္း ေသ႐ုံပါပဲ..ဘုရား..ဘယ္တတ္ႏိုင္မလဲ..ဘုရားသခင္အလိုေတာ္ေပါ့”
ကိုးသိန္းသခင္က ၿပဳံးလိုက္သည္။
“ကိုင္း..ဒီေတာ့....ဘယ့္ႏွယ့္ရွိစ...လြီဇာငယ္...ဒီတိုင္းျပည္ဘာျဖစ္ေနၿပီလဲဆိုတာ မင္း မ်က္ျမင္ပဲ မဟုတ္လားကြဲ႕...ဒီလိုမ်ိဳး ဘုရင့္အခြင့္ထူးခံဘုန္းႀကီးေတြ၊ လူေတြကမ်ားပါဘိနဲ႔.. ျပည္ထဲေရးကို ဘယ္လိုမ်ားကြပ္ညႇပ္ၾကမလဲ...တိုင္းျပည္ကေတာ့ ေရွ႕ဆက္ပ်က္ဖို႔သာပဲ ျမင္ေတာ့တယ္”
ကိုးသိန္းသခင္က ကြမ္းအစ္ကို လွမ္းယူလိုက္ရင္း..
“ေမာင္ျမတ္စံ..လာစမ္းကြဲ႕”
“မွန္ပါ..ဘုရား”
စာေရးေမာင္ျမတ္စံက လက္အုပ္ခ်ီလ်က္ သလြန္နေဘးေရာက္လာသည္။
ကိုးသိန္းသခင္က ဘာမွ်မေျပာေသးပဲ နံရံတြင္ ခ်ိတ္ဆြဲထားသည့္ မွန္စီဓါးကိုသာ ေငးၾကည့္ေနသည္။
အခ်ိန္အတန္ၾကာၿပီးေနာက္...သလြန္ေပၚမွ မတ္တပ္ထရပ္လိုက္ၿပီး
“ေမာင္ျမတ္စံ.နဲ႔..လြီဇာ...မင္းတို႔ႏွစ္ေယာက္...ေသခ်ာနားေထာင္ၾကကြယ့္..အေရးႀကီးတယ္...တို႔မ်ား ရွင္ဘုရင္ေလးက အသက္ကငယ္ေတာ့ မင္းမႈေရးရာမွာ တယ္မကြၽမ္းက်င္လွဘူး.အရင္က နန္းတြင္းမယ္ ဦးပုတစ္ေယာက္တည္း ၾသဇာရွိတယ္..ဦးပုဟာ ရွင္ဘုရင္ေလးအေပၚ ႀကီးစိုးခ်င္တဲ့ အေနအထားေပမယ့္လည္း မင္းအဆက္ဆက္ အမႈထမ္းခဲ့တဲ့ ပညာရွိအမတ္ပဲ..အခု ေ႐ႊၿဖိဳးဆိုတာ တစ္ေယာက္က ထပ္ေပၚလာျပန္ပါပေကာ့....သူက ဘာမွန္းေတာ့မသိဘူး..ဘုရင္ေလးရဲ႕ ငယ္ဆရာျဖစ္႐ုံ..နဲ႔ ဝန္ႀကီးရာထူးေပးထားျပန္တယ္....နန္းေတာ္တြင္းေတာ့ အုပ္စုေတြကြဲမွာ ေသခ်ာသေလာက္ပါပဲ..ဘယ္လိုျဖစ္ျဖစ္ သြားေလသူ ငါ့ေနာင္ေတာ္ ရွင္ဘုရင္ဟာ ငါ့ကို သူ႔ညီရင္းခ်ာလို ခ်စ္ခင္ေျမႇာက္စားခဲ့တာပဲ..ဒီေက်းဇူးကိုေထာက္ၿပီး...ရွင္ဘုရင္ေလးကို ကာကြယ္ရမွာ ငါ့တာဝန္ကြဲ႕.. ဒီေတာ့ ငါလည္း စစ္ေရးစစ္ရာနဲ႔ နန္းတြင္းထဲ အၿမဲမခစားႏိုင္ဘူး..ဒီေတာ့ မင္းကို ရွင္ဘုရင့္အနား ခစားရတဲ့ နန္းတြင္းစာဖတ္ေတာ္ အျဖစ္ထားရေအာင္ ငါႀကံထားတယ္..ဘယ့္ႏွယ့္လဲကြဲ႕”
ျမတ္စံ ေခါင္းေထာင္လာေတာ့သည္။
ေမာင္ျမတ္စံကား ေ႐ႊဘို၊ မက်ည္းတုံ႐ြာမွျဖစ္သည္။ ကိုရင္ဝတ္လူထြက္ၿပီးေနာက္ စာဆိုအျဖစ္ ရပ္တည္ရန္ အင္းဝသို႔ တက္လာခဲ့သည္။
ကိုရင္ဘဝကပင္ မေဟာ္ပ်ိဳ႕ကို စပ္ဆိုႏိုင္ခဲ့သျဖင့္ ကိုးသိန္းသခင္က အိမ္ေတာ္စာေရးရာထူးျဖင့္ ေခၚထားျခင္းျဖစ္သည္။
ေနာင္တခ်ိန္ ကုန္းေဘာင္ေခတ္တြင္ လက္ဝဲသုႏၵရအမတ္ႀကီးအျဖစ္ ထင္ရွားလာမည့္ ေမာင္ျမတ္စံ ယခု နန္းေတာ္သို႔ ဝင္ရေတာ့မည္။
“နန္းတြင္းျဖစ္ပ်က္သမွ် စကားအသြားအလာ ကိစၥေတြကို မွတ္သားထားၿပီး ငါ့ဆီ သတင္းပို႔ေပးဖို႔ပဲ..စာေတာ္ဖတ္ေတြဟာ နန္းျပင္ထြက္ခြင့္မရွိဘူးဆိုေတာ့မင္းငါ့ထံ သတင္းစကားပါးဖို႔ရာ ေဟာ့ဒီ လြီဇာမငယ္ ကို ငါ အသုံးျပဳမယ္”
“ရွင္”
“မရွင္နဲ႔ .... လမ္းေဘးမွာ ဗ်စ္ရည္ေရာင္းတာထက္ သာတဲ့ စီးပြားေရးတစ္ခုကို မၾကာခင္မွာ ညည္းကို ဖန္တီးေပးမယ္..နန္းတြင္း အေနာက္ေဆာင္နဲ႔ ေရာင္းဝယ္ေဖာက္ကားႏိုင္တဲ့ လမ္းေၾကာင္းတစ္ခု ငါ နန္းမေတာ္ဝန္နဲ႔ တိုင္ပင္ၿပီး ဖန္တီးေပးမယ္..မင္းမွာ ဒတ္ခ်္ကုန္သည္ေတြ၊ ေပၚတူဂီကုန္သည္ေတြ အသိမိတ္ေဆြေကာင္းေကာင္းရွိရက္ မဟုတ္လား”
“တညင္ ၿမိဳ႕မွာ အဂၤလိပ္ကုန္တိုက္တစ္ခုဖြင့္ထားတယ္ၾကားပါတယ္..ဘုရား..ကြၽန္ေတာ္မ ဆိုင္ဝင္ထြက္ေနတဲ့ ကုန္သည္ေတြကတဆင့္ ခ်ိတ္ဆက္ရင္ေတာ့ ဥေရာပတိုင္းထြက္ အရက္ေကာင္းေတြ မွာယူလို႔ရႏိုင္မွာပါ”
“ေအး...မၾကာခင္မွာ လႊတ္ေတာ္ကေန ျပည္သူမ်ားအၾကား ဗ်စ္၊ျဗန္ ေဖာက္ကားေရာင္းဝယ္မႈကို ပိတ္တဲ့ အမိန႔္တစ္ခုထုတ္ျပန္လိမ့္မယ္...ဒီအမိန႔္ဟာ တတိုင္းျပည္လုံးသက္ေရာက္ေပမယ့္.. နန္းတြင္းေတာ့မပါဘူးကြဲ႕..မင္းအေနနဲ႔ နန္းတြင္းကို ဒတ္ခ်္ႏိုင္ငံ၊ ေပၚတူဂီႏိုင္ငံ၊ ျပင္သစ္ႏိုင္ငံျဖစ္ အေကာင္းတကာ့အေကာင္းစား ျဗန္အရက္၊ ျဗစ္အရက္ေတြ တင္သြင္းခြင့္ရမယ္ဆို ငါ့အမႈေတာ္ကို ထမ္းမွာလား”
လြီဇာက ကိုးသိန္းသခင္ကို တအံ့တၾသေမာ့ၾကည့္လိုက္သည္။
“ငါ့အမႈေတာ္ဆိုတာ တျခားမဟုတ္ပါဘူး..မင္းနန္းတြင္းကို ဝင္ထြက္ရတဲ့အခါ ၾကားရတဲ့သတင္းစကားေတြရယ္၊ ငျမတ္စံ ပါးလိုက္တဲ့သတင္းေတြရယ္ကို ငါ့ဆီ ယူလာေပးဖို႔ပါပဲ...ဟိုႏွစ္ေကာင္ကို ငါ့ဆီအမႈထမ္းခိုင္းဖို႔ ငါႀကံ႐ြယ္ခဲ့ေပမယ့္..မျဖစ္ခဲ့ဘူးကြယ့္... ေနာက္လူသတ္မႈျပႆနာကလည္း မေအးေသးေတာ့.. ေနာက္ဆုံး မယ္မင္းဆီကိုပဲ တရားခံအျဖစ္ပတ္လာမွာ..ဒီေတာ့ ငါ့ဘုန္းရိပ္လႈံရင္ မယ္မင္း အမႈတရားခံလည္းမျဖစ္ေစရဘူး..စီးပြားေရးလည္းအရင္ထက္ ေသာင္သာေအာင္ လုပ္ႏိုင္မယ္...ကိုင္း.ဘယ့္ႏွယ့္လဲ..ငါ့အမႈေတာ္ထမ္းမယ္မဟုတ္လား”
“ကြၽန္ေတာ္မ...ကိုယ္ေတာ့္ဘုန္းရိပ္ကို ခိုလႈံပါ့မယ္..သခင္”
လြီဇာက ကိုးသိန္းသခင္ကို ေမာ့ၾကည့္လ်က္ လက္အုပ္ခ်ီမိုးလိုက္သည္။
“လက္အုပ္ႀကီးဖယ္ထားစမ္းပါကြဲ႕.....မယ္မင္းမ်က္ႏွာႏုႏုေလးကို ကြယ္မထားစမ္းပါနဲ႔”
လြီဇာ က ကိုးသိန္းသခင္ကို အခ်ိဳသာဆုံးအၿပဳံးျဖင့္ ၿပဳံးျပလိုက္သည္။
တံခါးဝတြင္ လွံကိုင္လ်က္ ရပ္ေနေသာ ငတြန္က ထိုျမင္ကြင္းကို မမွိတ္မသုံ စိုက္ၾကည့္ေနသည္။
ခက္ေဇာ္
Done 💪
ReplyDeleteReally appreciate to your team💓💓💓
ReplyDeleteဖတ်ရင်းလှုအစီအစဉ်ကိုသိပ်ကြိုက်တယ်
ReplyDeleteDone🐬🐬
ReplyDelete