AVA- အခန်း(၄)






အခန်း(၄)

                                     ...............................................

“နင်တို့ နှစ်ကောင်ဘာအသုံးကျလဲ..ကိုယ့်အကိုကြီးကို ကာကွယ်ရမယ့်ဟာ...ဒီလို လွယ်လွယ်ထည့်ပေးရသလား..အသုံးမကျတဲ့အကောင်တွေ..အေး..ချစ်ဝက အငယ်ဆိုထားတော့..ချစ်မြ..နင်..နင်..နင်စောက်သုံးမကျလို့”

ဒေါ်ဇံကုလားက ပြောပြောဆိုဆိုဖြင့် ချစ်မြ၏ သျှောင်ထုံးကို ဆွဲပြီး ကျောကုန်းအား တံတောင်ဖြင့် ထောင်းတော့သည်။

“ငါ့သားကြီး ချစ်ညို ဟာ တနေ့ မင်းခွင်စိုးခွင်ဝင်မယ့် ယောက်ျားကောင်းဟဲ့..နင့်လို နွဲ့တဲ့တဲ့ကောင်ထက် အများကြီးသာတယ်...နင့်လို သူကျွန်ဘဝနဲ့ ပြီးမယ့်ကောင်ထက် အပုံကြီး တန်ဖိုးရှိတယ်..နင်သိလား...”

ချစ်မြ အံကို ကြိတ်ထားသည်။ မျက်လုံးအစုံတွင် မျက်ရည်များ ဝေ့သီလာ၏။

“သောက်ယောက်ျားမပီသတဲ့ကောင်..နင့်အကို ကိုကြည့်စမ်း...ဘယ်တုန်းကမှ မျက်ရည်မကျဘူး..နင့်လို နုနုနွဲ့နွဲ့ကောင်ဟာ..ငါ့သွေးသားလာဖြစ်တာ ငါရှက်တယ်..ရှက်တယ်”

“တော်တော့...မယ်ဇံ..သူတို့ လည်း သူတို့အကိုအတွက် ခံချကြတာပဲမဟုတ်လား...တဖက်ကလည်း မင်းမှုထမ်းတွေ...ဖမ်းဖို့ အမိန့်လည်း ပါလာတော့ ဘယ် ပယ်ရှားဝံ့မလဲကွဲ့..အခု နင့်သားကြီးလည်း ကောင်းကောင်းမွန်မွန်ပြန်ရောက်ပြီပဲ”

ဦးလုံးက ဆေးတံကို ဖွာရင်းမှ လှမ်းပြောသည်။

“အကောင်းအတိုင်းပြန်ရောက်လို့ပေါ့...ဒီနေ့များ ကျုပ်သား ချစ်ညို တခုခုဖြစ်လို့ကတော့ ဒင်းတို့ကိုလည်း အရှင်မထားဘူး”

ချစ်မြ က ပြေလျော့သွားသော သျှောင်ကို ပြန်မထုံးပဲ ခြံဝန်းအပြင်သို့ လှမ်းထွက်လိုက်သည်။

ခြံဝရေချိုးဆိပ်တွင် တရော်ကင်ပွန်းဖြင့် ခေါင်းဆေးနေသည့် ချစ်ညို က ချစ်မြကို တွေ့သွား၏။

“ဟေ့..ညီလေး...သျှောင်မထုံးဘာမထုံးနဲ့ ဘယ်သွားမလို့လဲကွ”

ချစ်မြ က ခပ်ယဲ့ယဲ့ ပြုံးပြလိုက်ပြီး အင်းဝမြို့ထဲရှိရာသို့ ခြေလျင်လျှောက်လာခဲ့တော့သည်။

မှောင်ချေသန်းပြီ။

အင်းဝမြို့ကြီး၏ လေးထောင့်ကျကျလမ်းများတွင် ကညင်ဆီမီးတိုင်ကြီးများ ထွန်းထားကြသည်။

နန်းသိမ်းပွဲခင်းထံမှ ပတ်မကြီးတီးလိုက်သံနှင့်အတူ လမ်းသွားလမ်းလာများက ပွဲတော်ဆီ ဦးတည်နေကြတော့သည်။

ညီအစ်ကိုသုံးယောက်ကြားတွင် ခပ်အေးအေးနေတတ်‌သော သူ့စရိုက်ကို မိခင်ဖြစ်သူ ငယ်စဥ်ကတည်းက မကြိုက်။

အကိုဖြစ်သူ ကိုချစ်ညို ကဲ့သို့ အသတ်အပုတ်နှင့် ကြမ်းကြမ်းတမ်းတမ်းနေစေလိုသည်။

မိခင်ဒေါ်ဇံကုလားသည် သားများအပေါ် ရည်မှန်းချက်အကြီးထားသူဖြစ်သည်။

မြင်းခေါင်း ဦးလုံးအပေါ်တွင် ချစ်မြတ်နိုးသော်လည်း သူမဘဝတွင် မင်းကတော်မဖြစ်ခဲ့ရပဲ မြို့သူကြီးကတော်အဆင့်ဖြင့်သာ လက်ဆက်ခဲ့ရသည်ကို မကျေနပ်ခဲ့။

ထို့ကြောင့် သူမ၏ သားသုံးယောက်ကို မင်းစိုးရာဇာဖြစ်လာစေရန် မျှော်မှန်းနေသူဖြစ်သည်။

သားသုံးယောက်အနက်တွင်မှ ဒေါ်ဇံကုလား အားမရဆုံးမှာ ချစ်မြဖြစ်နေသည်။ ဒေါ်ဇံကုလားအမြင်တွင် အရာရာသည် ချစ်မြ အပြစ်ဖြစ်နေ၏။

ချစ်မြ သည် မာန်အောင်ရတနာအိမ်တော်ရာစေတီရှေ့ရောက်သောအခါ ခေတ္တရပ်လိုက်သည်။

စေတီတော်ဘက်သို့ လက်အုပ်ချီမိုးကာ ရှိခိုးလိုက်၏။

အေးမြသော ဘုရားရိပ်ဆီမှ ခေါင်းလောင်းသံ သဲ့သဲ့လေး ကြားရသည်။

ချစ်မြ ဆုံးဖြတ်ချက်တစ်ခု ကို ခိုင်ခိုင်မာမာချလိုက်၏။

ထို့နောက် ချစ်မြ ၏ ခြေလှမ်းများက ‌ စေတီတော်၏ ခပ်လှမ်းလှမ်းတွင်ရှိသော နမော်စျေးထိပ်ရှိအရက်ဆိုင်ဆီသို့။

...................................................................................

တံခါးရွက်တို့ကို တွန်းဖွင့်လိုက်သည်။

လွန်ခဲ့သော ရက်ပိုင်းက လူသတ်မှုဖြစ်ခဲ့သည့် ထိုဗျစ်ရည်ဆိုင်သည် သူမဟုတ်သည့်အလား ဆူညံနေပြန်၏။

ဆိုင်ထဲတွင် အင်းဝသားများအပြင် နိုင်ငံခြားသားအချို့လည်း ရှိနေသည်။

ချစ်မြက ဆိုင်ကောင်တာစားပွဲတွင် ထိုင်နေသည့် လွီဇာ ဆီသို့ တန်းတန်းမတ်မတ်လျှောက်သွားသည်။

“ဟဲ့..ညနေက ဟိုတစ်ယောက္မဟုတ်လား..ချစ်ညိုကြီး ညီ”

ချစ်မြက ခေါင်းညိတ်ပြလိုက်သည်။

“ဘာလဲ..ချစ်ညိုကြီးက ဗျစ်ဝယ်ခိုင်းလိုက်လို့လား”

“မဟုတ်ဘူး...ကျုပ်သောက်ချင်လို့”

“ကဲ..ပြောပါဦး..ကိုယ်တော်..ဘာများသုံးဆောင်မလဲ..ဗြစ်လား..ဗြန်လား..မနေ့ကမှ ဂိုအာက ပါလာတဲ့ ရမ် ဆိုတာလည်းရှိသေးတယ်နော်..သင်္ဘောသားအရက်ဆိုလားပဲ..နည်းနည်းတော့ပြင်းတယ်”

“ဘာဖြစ်ဖြစ်..တစ်ခွက်ပေးဗျာ”

လွီဇာက ရယ်လိုက်သည်။

“ကဲ..လာ..ဒီနားက ခုံမှာပဲ ထိုင်ပါ...ငါတို့မောင် ကြည့်ရတာ တခါမှ အရက်မသောက်ဖူးပုံပဲ...မောင်တို့အကို ချစ်ညိုကြီးကတော့ ကြွက်တွင်းနော်”

ချစ်မြ ခေါင်း ဆတ်ခနဲထောင်လာသည်။

“မသောက်တတ်ရင် မသောက်ရတော့ဘူးလားဗျ..ငွေပေးသောက်မှာ..ခုန ခင်ဗျားပြောတဲ့..ပြင်းတယ်ဆိုတဲ့..ဘာလဲ..ဝရမ်လား..အဲ့ဒါသောက်မယ်ဗျာ”

ချစ်မြက လွီဇာထိုင်နေသာကောင်တာနှင့် အနီးဆုံးစားပွဲတွင် ဝင်ထိုင်လိုက်သည်။

“ဒွေးယုံရေ... ဒတ်ချ်သင်္ဘောက ပါလာတဲ့ ရမ်ပုလင်းထဲက တစ်ပက်လောက် ငှဲ့ထည့်ခဲ့စမ်းပါ”

လွီဇာ၏ ဆိုင်တွင် အခကြေးဖြင့် လုပ်ကိုင်ပေးနေသည့် မဒွေးယုံက ရမ်တပက်ကို ငှဲ့ကာ ချစ်မြ ရှေ့တွင် ချပေးသည်။

ချစ်မြက ရမ်ခွက်ကို ဆုပ်ကိုင်လိုက်၏။

‘ခဏနေပါဦး..ဆရာကြီးရဲ့..ရေတော့ရောမှရမှာပေါ့..ဒွေးယုံ..ရေတကောင်းပါ တခါတည်းချပေးလေ”

လွီဇာ၏ စကားမဆုံးလိုက်..ချစ်မြက ဂွပ်ခနဲနေအောင် မော့ချလိုက်တော့သည်။

ချစ်မြမျက်နှာရှုံ့မဲ့သွား၏။

လည်ချောင်းတစ်ခုလုံး ရေနွေးပူလောင်းချလိုက်သကဲ့သိုပင်။

အနီးရှိ ပြတင်းပေါက်ကို ဝါးဆစ်ပိုင်းတစ်ခုနှင့်ထောက်ကာ အပေါ်လှန် ဖွင့်ထားသဖြင့် ဧရာဝတီမြစ်ပြင်ဘက်ဆီမှ နွေလေရူးတချက်က ဝေ့ခနဲ တိုက်လာသည်။

တစ်ကိုယ်လုံးရှိန်းခနဲ နွေးသွားသဖြင့် နွေလေပူပူပင် အေးသယောင်ချစ်မြ ထင်လိုက်၏။

“ကဲ..ဘယ့်နှယ့်ရှိစ..ခင်ဗျားဟာ ပြင်းတယ်ဆို”

ချစ်မြက လွီဇာကို လှမ်းပြောလိုက်သည်။

လွီဇာက ကောင်တာပေါ်မှ ဆင်းလာ၏။

“အမြည်း..ဝက်ပေါင်ခြောက်စားမလား”

“ပဲလှော်ရှိရင် ပဲလှော်ပေး”

လွီဇာက ကောင်တာပေါ်ရှိ ပဲလှော်ဘူးထဲမှ ပဲလှော်တဆုပ်ကို နှိုက်ပြီး ချစ်မြရှေ့သို့ ပုံပေးလိုက်သည်။

“နောက်တခွက်ပေးဦးဗျ”

ဒွေးယုံက ချစ်မြရှေ့မှ ခွက်ကို လှမ်းယူပြီး အရက်ထပ်ငှဲ့ရန် အနောက်သို့ ဝင်သွားပြန်သည်။

“ငါ့မောင်..ကြည့်လုပ်နော့”

လွီဇာက တချက်သတိပေးပြီး ဆိုင်အဝတွင်ရှိနေသော ဂင်ဇာကုန်သည်များဝိုင်းသို့ လျှောက်သွားသည်။

“ကျုပ် ယောက်ျားဗျ..ယောက်ျား”

ချစ်မြ အော်ပြောသံကို လွီဇာမကြား။

 ဆိုင်ထဲတွင်ကား ပုလင်းနေဖင်ထိုးချိန်ဖြစ်သဖြင့် ဝိုင်းတိုင်းနီးပါးဆူညံနေကြပြီဖြစ်သည်။

လွီဇာက ပြင်သစ်ကုန်သည်များနှင့် စကားခဏပြောဆိုပြီးနောက် သူတို့ငွေရှင်းလိုက်သည့် ဂင်ဇာကို ယူကာ ကောင်တာကို ထသွားသည်။

ကောင်တာတွင်ရှိသော ချိန်ခွင်တွင် ဂင်ဇာကိုတစ်ဖက်၊ တိုးမြင်းရုပ်အလေးကို တစ်ဖက်ထည့်ကာ ချိန်တွယ်လိုက်၏။

“ဝုန်း”

ထိုအချိန်တွင် ခေါင်မိုးပေါ်သို့ တစုံတစ်ရာကျလာသံကြားလိုက်ရသည်။

“ဟာ..မီး..မီး..မီးဟေ့”

နေ့ခင်းဘက်က မြင့်မားခဲ့သည့် အပူရှိန်ကြောင့် သွေ့ခြောက်နေသော သက်ကယ်အမိုးတို့သည် ဝုန်းခနဲ မီးထတောက်တော့သည်။

လွီဇာက အလန့်တကြားထရပ်လိုက်စဥ် ဆိုင်ရှေ့တွင် ရပ်နေသော လူတစ်ယောက်က မီးတုတ်တစ်ခုကို ခေါင်မိုးပေါ် ထပ်မံပစ်တင်လိုက်ပြန်သည်။

“ဘာလုပ်တာလဲ..အဲ့ဒါ”

လွီဇာက ဆိုင်ခုံအောက်တွင်ထည့်ထားသော ပေါ်တူဂီစစ်သုံးဓါးရှည်ကို ဆွဲကာ ထွက်လိုက်သည်။

ဆိုင်အတွင်းရှိ လူများက ဝရုန်းသုံးကား ထွက်ပြေးကြ၏။

“နင်တို့ ဘာလုပ်တာလဲ”

လွီဇာက ဆိုင်ရှေ့သို့ ပြေးထွက်သည်။

ဓါးလွတ်ကိုယ်စီကိုင်ထားသည့် လူသုံးဦးက မီးတောက်များကြားမှ လွီဇာရှိရာ ပြေးဝင်လာကြ၏။

အားလုံးဝရုန်းသုံးကားအခြေအနေတွင် ဆိုင်ထောင့်ထိုင်ကာရမ်တန်ခိုးပြနေသော ချစ်မြမှာ အခြေအနေကို ငေးကြည့်နေသည်။

လူတစ်ဦးက ဓါးလွတ်ကိုင်ကာ ပြေးလာသည့်အခါမှ ချစ်မြသတိဝင်လာ၏။

သူထိုင်နေသည့် ပြတင်းပေါက်ကို‌ ထောင်ထားသည့် ဝါးရင်တုတ်ကို ဆွဲယူလိုက်သည်။

ပြေးဝင်လာသူနှင့် လွီဇာအကြားသို့ ဝင်ရပ်ကာ ဝါးရင်းတုတ်ဖြင့် အားကုန်လွှဲရိုက်ချလိုက်၏။

သိုသော် အရက်အရှိန်ကြောင့် ရိုက်ချက်က ပြင်းသော်လည်း ချက်ကောင်းကို မထိ။

ထိုသူက အရှိန်ပျက်ကာ ခပ်ကုန်းကုန်းဖြစ်သွားသော ချစ်မြ၏ ရင်ဘတ်ကို ဒူးဖြင့် တိုက်ချလိုက်သည်။

ထို့နောက် ဓါးဖြင့်ခုတ်ရန် ရွယ်လိုက်စဥ် လွီဇာက ထိုသူကို ဓါးဖြင့် ဝင်ပိုင်းလိုက်ရာ ပုခုံးတဝက်ခန့် ဓါးက စိုက်ဝင်သွား၏။

ချစ်မြက ထလာပြီး ထိုသူ၏ ထပ်ရင်ဝကို ကန်လိုက်သဖြင့်  ဓါးသမားမှာ မြေကြီးပေါ် လဲကျသွားတော့သည်။

“နောက်မှာ အပေါက်ရှိတယ်..လာ..လာ”

လွီဇာ က ချစ်မြလက်ကို ဆွဲကာ အနောက်ဖက်သို့ ပြေးသည်။

မီးလောင်နေသည့် ဝါးထုတ်တန်းတစ်ခုက လဲကျသွားသော ဓါးသမားပေါ်ပြုတ်ကျလာသည်။

နောက်မှ ပါလာသူနှစ်ယောက်က ဆက်မလိုက်တော့ပဲ သူတို့အဖော်ကို ဝိုင်းကူကာ မီးထဲမှ ဆွဲထုတ်သွားကြ၏။

မီးသည် ဘေးဆိုင်များသို့ပါ ကူးစက်နေပြီဖြစ်သည်။

လွီဇာနှင့် ချစ်မြမှာ ဆိုင်အနောက်ဘက် ကွက်လပ်သို့ ပြေးထွက်လာကြသည်။

“စောက်ဗရင်ဂျီမ..အသေသတ်ကွာ”

အမှောင်ထဲမှ အသံများ ထွက်လာပြီးနောက် လူငါးဦးခန့် သူတို့ကို ပတ်ဝိုင်းထားသည်ကို တွေ့လိုက်ရတော့သည်။

အားလုံးလက်ထဲတွင် ဓါးလွတ်ကိုယ်စီနှင့်။

လွီဇာလက်ထဲတွင် ပေါ်တူဂီဓါးရှည်တစ်ချောင်း၊ ချစ်မြက လက်ဗလာ။

ဓါးသမားများက ရှေ့သို့ တိုးလာကြသည်။

“ဟေ့..ဘုရင့်တပ်ကွ....ဓါးပြတွေ..အကုန်ဝိုင်းဟေ့”

ထိုစဥ် မြင်းခွာသံများနှင့်အတူ အသံတစ်ခု ကြားလိုက်ရသည်။

အဲမောင်းလှံရှည်တစ်စင်းက လွီဇာတို့ကို ဝိုင်းထားသည့် လူငါးဦးထဲမှ တစ်ဦး၏ ကျောကုန်းကို စိုက်ဝင်ပြီး ရင်ဘတ်မှ ထုတ်ချင်းခတ်‌ပေါက်သွားသည်။

မြင်းခွာသံအတော်များများကြားရသဖြင့် ကျန်သူလေးဦးမှာ အမှောင်ရိပ်ထဲ အလျင်အမြန်ပြေးဝင်ပျောက်ကွယ်သွားတော့သည်။

မနီးမဝေးအမှောင်ထဲရှိ လှည်းယာဥ်တစ်စီးပေါ်တွင် ထိုင်ကာစောင့်ကြည့်နေသော လော်တာဖုန်းက တောက်တချက်ခေါက်လိုက်ပြီး ကြေးဝါဆေးတံကို ပါးစပ်မှချွတ်ကာ လှည်းကို မောင်းထွက်ခိုင်းလိုက်တော့သည်။

“မီးလောင်တယ်ကြားလို့လာတာပဲ..ဓါးပြတွေလား”

လွီဇာက ရှေ့ဆုံးရှိ မြင်းပေါ်မှ လူကို လှမ်းကြည့်လိုက်သည်။

ငတွန်။

ငတွန်က မြင်းပေါ်မှ ဆင်းလိုက်သည်။

မြေပြင်တွင် လှံတန်းလန်းနှင့်အသက်ပျောက်နေသူ၏ ကျောကုန်းကို ခြေထောက်ဖြင့် ဖိကာ လှံကို ဆွဲနှုတ်လိုက်၏။

 ပြုံးပြလိုက်သည့် ငတွန်၏ သွားဖွေးဖွေးတို့ကို လောင်သည့်မီး၏ အရောင်ဖြင့် လွီဇာသတိထားမိလိုက်သည်။

“အင်း...ခင်ဗျားလဲ..တယ်ချစ်ခင်သူများပါလား...နမော်စျေးမီးလောင်တယ်ကြားကြားချင်း..ကျုပ်လည်း ပြေးလာတာ..တော်ပါသေးရဲ့..ဘာများဖြစ်သွားသေးလဲ”

“ကျွန်မဆိုင်..ကျွန်မဆိုင်ကို သူတို့ မီးကွင်းလာပစ်ကြတယ်”

လွီဇာက မီးလောင်ကျွမ်းပြာကျသွားပြီဖြစ်သည့် သူ့ဆိုင်လေးကို ငေးကြည့်နေသည်။မီးက တာဝန်ကျေစွာဖြင့် နမော်စျေးတန်းကြီးတစ်ခုကို ဆက်လက်လောင်ကျွမ်းနေဆဲ။

ဘုရင်ရဲတပ်သားများနှင့် မြို့ခံများက ရေစည်လှည်းများဖြင့် မီးငြိမ်းသက်နေကြသည်။လွီဇာနှင့် ငတွန်တို့ သတိမထားမိလိုက်ခင်မှာပင် ချစ်မြ က အမှောင်ရိပ်ထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။

“ခင်ဗျားမှာ အသက်အန္တရာယ်ရှိနေတယ်..လွီဇာ..ဒီအချိန်မှာ ဟော့ဒီအင်းဝမြို့ထဲ ခင်ဗျားအတွက် အလုံခြုံဆုံးက ကိုးသိန်းသခင်အိမ်ပဲဖြစ်လိမ့်မယ်”

ငတွန်က လွီဇာကို စွေ့ကနဲ ပွေ့ချီကာ မြင်းပေါ်တက်လိုက်သည်။

ထို့နောက် လွီဇာ၏နောက်မှ သူက မြင်းပေါ်တက်လိုက်၏။

ငတွန်က လှံကို တစ်ဖက်မှ ကိုင်လျက် တစ်ဖက်မှ မြင်းဇက်ကြိုးကို စောင့်ဆွဲလိုက်သည်။

မြင်းက ရုတ်တရက် ပြေးထွက်သွား၏။

“စိုးရိမ်မနေနဲ့တော့..နေ့လည်က ခင်ဗျားကို ပြောပြီးသားပဲ..ကျုပ်အမြဲရှိပါတယ်လို့”

ငတွန့်ထံမှ ချွေးနံ့နှင့် ထန်းရည်နံ့ရောယှက်နေသည့် အနံ့တစ်ခုကို လွီဇာ ရှုရှိုက္မိလိုက်သည်။

...................................................................................................................

အင်းဝမြို့သည် မီးဘေး မကြာခဏသင့်ခဲ့သည်။

ယခုတကြိမ် လွီဇာ၏ ဗျစ်ဆိုင်မှစသော မီးတွင်လည်း နမော်စျေးတလျှောက်တင်မက။

နွေလေရူးကြောင့် လွင့်သွားသော မီးစတစ်စသည် မြို့တောင်ဘက်ရှိ ရှမ်းစျေးရှိ ဆတ္တာသည်တန်းပေါ်ကျရောက်ပြီး ဆတ္တာတန်းတစ်ခုလုံးပါ ပြာကျခဲ့ရပြန်သည်။

“ဒါဆို ဒီမီးဘေးက လော်တာဖုန်း လက်ချက်ပေါ့..ဟုတ်လား”

ကိုးသိန်းသခင် က ရွှေအနားကွပ်ထားသော ဆေးတံတွင် ဆေးဖြည့်ရင်းက မေးလိုက်သည်။

“မှန်ပါ..မနေ့ညက မီးရှို့တဲ့သက်သေ နှစ်ဦးကိုလည်း ဖမ်းမိထားကြောင်းပါ..လော်တာဖုန်း ခိုင်းတာလို့ သူတို့က ထွက်ဆိုပါတယ်”

“ဘယ်မှာ ချုပ်ထားလဲ”

“မြို့ဝန် ခွင့်ပြုချက်ယူပြီး တောင်ဘက်လက်မရွံကြေးတိုက်ထဲ ထည့်ထားပါတယ်”

“အင်း..အဲ့ဒီနှစ်ယောက်ကို မပျောက်မပျက်..မထိခိုက်စေနဲ့..သူတို့က အရေးကြီးတယ်...ဒါနဲ့ ဟိုသူငယ်မရော..အန္တရာယ်ကင်းရဲ့လား..ငတွန်”

“မှန်ပါ..မနေ့ညက အိမ်တော်အနောက်ဖက် အစေခံအိပ်ဆောင်မှာ နေရာချထားပေးပါတယ်.အရှင်.. လော်တာဖုန်းက သူ့ကို အဓိကသတ်ဖို့လုပ်ပုံပါပဲ”

“အခုရော..သွားခေါ်ချေ”

“မီးလောင်ပြင်မှာ ကျန်ရစ်တဲ့ သူ့ဆိုင်က ပစ္စည်းတချို့ သွားရှာမယ်ဆိုပြီး မနက်စောကပဲ ထွက်သွားတယ်..ဘုရား”

“မင်းသူ့ကို လိုက်ရှာခေါ်ခဲ့..ငတွန်...ပြီးရင် မြို့ပြင်ဆင်ကျုံးနားက အောက္မားဝန်ငအောင်လှအိမ်ကို လိုက်ခဲ့ပေရော့..ငါ့အဲ့ဒီက စောင့်မယ်...ဟဲ့..ငမြတ်စံ..ဝေါပြင်ခိုင်းစမ်းကွဲ့..အပြင်သွားမယ်”

မကြာမီ ကိုးသိန်းသခင်သည် ဝေါယာဥ်ဖြင့် အောက္မားဝန်အိမ်တော်သို့ ထွက်ခွာသွားတော့သည်။

အောက္မားဝန်။

အောက္မားဆိုသည့် စကားလုံးသည် ဆင်ရေးဆင်ရာတွင် အသုံးပြုသည့်စကားဖြစ်သည်။

မွန်ဘာသာစကား အောပ်မာ မှ ဆင်းသက်လာသည်။ ပရိယာယ်ဖြင့် ကွယ်ဝှက်ခြင်းဟု အဓိပ္ပါယ်ရသည်။

အောက္မားဆင် ဆိုသည်မှာ ဆင်ရိုင်းများကို ကျော့ယူ ကျုံးသွင်းရာတွင် မာယာပရိယာယ်ဖြင့် မြူဆွယ်ခေါ်ဆောင်ရသည့် ဆင်မများကို ခေါ်ဆိုခြင်းဖြစ်သည်။

အောက္မားဆင်မ များသည် ဆင်သားငယ်များမရှိစေရ၊ ရှိလျှင်လည်း သားငယ်များအပေါ်ရော၊ ဆင်ထီးများအပေါ်တွင်ပါ သံယောဇဥ်မတွယ်တတ်သည့်ဆင်မများ ဖြစ်ကြသည်။

အောက္မားဆင်မများသည် အင်းဝ၏ ဆင်တပ်အင်အားအတွက် အလွန်အရေးပါသောကြောင့် အောက်မားဆင်သင်းများဖွဲ့စည်းထားရှိသည်။

အောက္မားဆင်သင်းများတွင် တိုက်ဆင်မျိုးကောင်းများ၊ စီးဆင်မျိုးကောင်းများစွာ ကို ကျော့ယူ၊လေ့ကျင့်ပေးကြရသည်။

အင်းဝသင်း၊ စလင်းသင်း၊ ပြည်သင်း ဟု အောက်မားဆင်သင်းကြီးသုံးခုရှိပြီး ၄င်းတို့လက်အောက်တွင် သင်းခွဲပေါင်း (၂၂)ခုရှိနေသည်။

အောက္မားဆင်ရေးရာကို ကိုင်တွယ်ရသည့် ဝန်ထောက်ကို အောက်မားဝန်ဟုခေါ်ဆိုကြသည်။ အောက်မားဝန်သည် ဆင်တပ်နှင့်ပတ်သက်၍ ဆင်ဝန်ပြီးလျှင် အာဏာအရှိဆုံးပုဂ္ဂိုလ်လည်းဖြစ်သည်။

အောက္မားဝန်အိမ်ခြံဝန်းထဲသို့ ကိုယ်ရံတော်တပ်နှင့်အတူ ကိုးသိန်းသခင်၏ ဝေါ ဝင်လာသည်။

အောက္မားဝန်ဦးအောင်လှ က သူ၏ သမီးငယ်ကို ချီပြီး ဆင်ပေါက်မလေးတစ်ကောင်ကို ချော့မြူနေ၏။

ကိုးသိန်းသခင်၏ ဝေါယာဥ်ကို မြင်သောအခါ သမီးငယ်ကို ချကာ အပြေးအလွှားရောက်လာသည်။

“ကိုယ်တော်တိုင်ကြွလာတာ..ဘယ်အရေးများ ရှိပါသလဲ..ဘုရား...အရေးရှိ ကျွန်တော်မျိုးကို လှမ်းခေါ်လို့ရပါလျက်နဲ့”

“ငအောင်လှနှယ့်..အိမ်ပေါ်ခေါ်ဦးလေကွယ်...ငါ့ ကို မြေကြီးပေါ်မှာ ဧည့်ထောက်ခံမလို့လား”

“အိမ်ပေါ် ကြွပါ..ဘုရား”

အိမ်ပေါ်ရှိ ကျွန်းကုလားထိုင်တွင် ကိုးသိန်းသခင်က ဝင်ထိုင်လိုက်သည်။

ဦးအောင်လှက ကြမ်းပြင်တွင် လက်အုပ်ချီလျက် ထိုင်လိုက်သည်။

“မင့်..ဟံသာဝတီဘက်ကို ဆင်ကျော့ထွက်ရမယ်လို့ ဆင်ဝန်ဆီက ကြားလို့ကွဲ့..ဟုတ်သလား”

“မှန်ပါ...ဒေးစွန်ပါဘုရားတဝိုက်..ဆင်ကျားတစ်ကောင်ကို တွေ့တယ်လို့ သတင်းရလို့ ဆင်ဝန်က စေလွှတ်တာပါ..ဘုရား”

“ဟံသာဝတီမှာ မင့် ဆွေမျိုးဆွေခိုင် အဆက်တွေ တောင့်တောင့်တင်းတင်းရှိရဲ့ဆို”

“မှန်ပါ..ရှိပါတယ်..ဘုရား”

“ငါ့အရေးတော်ကိစ္စတစ်ခုရှိတယ်ကွဲ့..မင့် ကူညီပေးနိုင်မလား”

“ဘယ်လိုအရေးများလဲ မိန့်ပါ ဘုရာ့”

ထိုအချိန်တွင် အိမ်ရှေ့မှ မြင်းခွာသံ တဖြောင်းဖြောင်းကြားလိုက်ရသည်။

“အိမ်း..ငါ့ခေါ်ထားတဲ့လူတွေလာကြပြီ..သူတို့လာမှ ပြောတာပ”

အိမ်ပေါ်သို့ ငတွန်နှင့် လွီဇာတို့ တက်လာကြသည်။

“ကဲ..လာကြ”

ဦးအောင်လှ က လွီဇာကို အသေအချာကြည့်သည်။

“ဟဲ့..ငအောင်လှ..ဒါက ဟိုအရင် ငါနဲ့ စစ်ထွက်ဖက် သေနတ်ဗိုလ်ဒီမဲလိုး ရဲ့ သမီး လွီဇာဒီမဲလိုးတဲ့ကွဲ့”

“မှန်ပါ..ကြားဖူးပါတယ်..ဘုရား”

“အေး..မောင်မင်း လုပ်ပေးရမှာက..သူ့ကို မောင်မင်းနဲ့အတူ ဟံသာဝတီကိုခေါ်သွား..ပြီးတာနဲ့ တညင် (သန်လျင်) အထိ ရောက်အောင် ပို့ရမယ်ကွဲ့..နောက်ပြီး ဟံသာဝတီမှာ သူကို တလတန် နှစ်လတန်သည် နေထိုင်ဖို့ပါ မင်းကူညီနိုင်မလား”

“မှန်ပါ..တညင်မှာရော ဟံသာဝတီမှာပါ အသိမိတ်ဆွေများရှိတာမို့...အရေးတော်ပြီးသည်အထိ ကူမှာပါ..ဘုရား”

“အေး..ဟဲ့..လွီဇာငယ်...မယ်မင်း အခြေအနေမယ်မင်းသိတယ်နော်... မယ်မင်းရဲ့ ဒီကကိစ္စကို ငါဖြေရှင်းလိုက်မယ်... မင်မင်းက ဟံသာဝတီမှာ တလနှစ်လတန်သည် ရှောင်နေရမယ်..တညင်ကိုရောက်အောင်လည်း ဟော့ဒီက အောင်လှက လိုက်ပို့လိမ့်မယ်..အဲ့ဒီအတောအတွင်း ငါကိုယ်တော်ပြောထားတဲ့ ကုန်သွယ်ကိစ္စ ကို အောင်မြင်အောင် ချိတ်ဆက်ပေကွဲ့..ကဲ..အောင်လှ..ဘယ်နေ့လောက် သွားမလဲကွဲ့”

“နောက်သုံးရက် မနက် သုံးချက်တီးလောက် ဆင်ထိန်းစုနဲ့အတူ ထွက်ပါ့မယ်”

“မင်းဆင်နဲ့ သူ့ကို ခေါ်ကွဲ့..ငါစိတ်ချမနော်”

“မှန်ပါ”

“ကဲ....လွီဇာ..ဒီသုံးရက်အတွင်း မယ်မင်းပြင်ဆင်စရာရှိတာ ပြင်ဆင်ပါ...ဟိုတရုတ်တွေရန်မရှာရဲအောင် ငတွန်ကို စောင့်ရှောက်ဖို့ လွှတ်ပေးထားမယ်..ကဲ..သွားတော့”

လွီဇာ နှင့် ငတွန် တို့ လက်အုပ်ချီလျက် နောက်ဆုတ်ကာ ဆင်းသွားကြသည်။

.................................................................................................................

“အခု ဘယ်ကို ပြန်မှာလဲ..ဘရင်ဂျီစုကိုလား”

ငတွန်က မြင်းဇက်ကြိုးကို ဖြည်ရင်း မေးလိုက်သည်။

“ဆတ္တာတန်းညက မီးထဲ ပါသွားတယ်ကြားတယ်...အသိတွေ အခြေအနေသွားကြည့်မလို့”

လွီဇာက ဖြေသည်။

“ကျုပ် လိုက်ပို့ပေးမယ်လေ”

“ရပါတယ်...ကျွန်မ ဘာသာ ကျွန်မသွားပါ့မယ်”

“မဟုတ်ဘူးလေ..အမိ..မိန်းကလေးတစ်ယောက်တည်း..သွားရမှာ..ပြီးတော့ ကိုးသိန်းသခင်ကလည်း ခင်ဗျားကို စောင့်ရှောက်ဖို့..ကျုပ်ကို”

“လာပြန်ပြီလား..ဒီမိန်းကလေးတစ်ယောက်တည်း..ကျွန်မ ခြေ ကျွန်မလက်နဲ့ ကာကွယ်နိုင်ပါတယ်ရှင်..”

“ကဲ..ဒါဆိုလည်း အမိသဘောပါပဲ”

လွီဇာက ကိုးသိန်းသခင်၏ အိမ်တော်ထဲမှ လမ်းလျှောက်ထွက်လာခဲ့သည်။

နမော်စျေးမီးလောင်ပြင်ကို ကျော်လာသည်နှင့် လှည်းယာဥ်တစ်စီးက သူ့ဘေးနားတွင် ရပ်လိုက်၏။

အောင်ဇေယျက လှည်းပေါ်တွင် ထိုင်နေသည်။

“မမလွီဇာ..ဒီမယ်..ဟိုနေ့က လှည်းယာဥ်..ပြန်လာပေးတာဗျိုး”

အောင်ဇေယျဘေးတွင် ထိုင်နေသူက မိငယ်။

“ဟဲ့..ရှင်မိငယ်..ညည်းတို့ မွန်းစံသာတို့ကို ငါစိတ်ပူနေတာကော..ညက မီးဘေးက လွတ်များ လွတ်ကြလားလို့..အခုပဲ လာကြည့်မလို့ရယ်”

မိငယ်က မျက်နှာကလေး အိုသွားသည်။

“ညက သူတို့ဆိုင် မီးထဲပါသွားတယ်..မမလွီဇာ...အခု မွန်းစံသာက အရင်းအနှီးပြန်လုပ်ဖို့ မရှိလို့ သူ့ကို ကျွန်စျေးမယ် သွားရောင်းမလို့ လုပ်နေတယ်...ဟိုရောက်ရင် သူ့အရွယ်လေးကို ပြည့်တန်ဆာတန်းပို့ကြလိမ့်မယ်.အဲ့ဒါ ကျုပ်လည်း ဝယ်မယ်ဆိုပြီး ခေါ်လာလိုက်တာ”

“ဟယ်..ဘယ်လိုများဖြစ်ရတာတုန်း”

“အဲ့ဒါတွေ ထားပါဗျာ..အခု ရွက်နီ ၁၀ လောက်ပါရင် ကျုပ်ကို ချေးပါလား”

“အလို‌တော်..ငါ့ဆိုင်လည်း ညက မီးထဲပါသွားတာလေ..ဘယ့်နှယ့်ပိုက်ဆံလာချေးနေတာတုန်း”

“သူ့ကို မွန်းစံသာက ရွက်နီနှစ်ဆယ့်ငါးကျပ် နဲ့ ရောင်းမှာတဲ့...အဲ့ဒါ ကျုပ်မှာလည်း မုဆိုးဖိုမှာ မိန်းမက မီးဖွားနေတာ..ဓာတ်စာလေးဘာလေးဝယ်သွားဖို့ ရွက်နီ ဆယ့်ငါးကျပ်ပဲ ထည့်လာခဲ့တယ်..တစ်ဆယ်လိုနေတာ..မွန်းစံသာကို နေမွန်းမတည့်ခင် ကျန်တဲ့ငွေလာပေးမယ်ဆိုပြီး သူ့ကို ခေါ်ခဲ့တာပဲ”

“ဟူး..ခက်တာပဲ..အောင်ဇေယျရယ်...ငါ့မှာတော့...ရွက်နီမပါဘူး..ဂင်ဇာ ငါးကျပ်သား တော့ပါတယ်”

“အင်း..ဂင်ဇာငါးကျပ်သားဆို ရွက်နီဆယ့်နှစ်ကျပ်ပေါက်နေတာမဟုတ်လား..ပေး..ကျွန်တော့်ကို ပေးလိုက်ပါဗျာ..ကျွန်တော် ပြန်ပေးပါ့မယ်”

“ဟဲ့..ငါ့ ဗျစ်ကြွေးတောင် မကြေသေးဘူး..နင့်ဟာက”

“ကျုပ် သူကြီးသားပါဗျ...ရွာမှ ဆွေမျိုးအခိုင်အဖီးနဲ့ နေတာပါ..မပူပါနဲ့..ခင်ဗျားငွေ ပြန်ပေးမှာပါ”

လွီဇာက လှည်းပေါ်တွင် ထိုင်နေသော မိငယ်ကို တချက်ကြည့်လိုက်သည်။

မိငယ်က မျက်လုံးဝိုင်းကလေးနှင့် ငေးနေ၏။

“အေးဟာ....ယူသွား.ရော့..ရော့”

“ဒါဆို..လှည်းပါ ခဏငှားလိုက်ဦး....မွန်းစံသာဆီ သွားပြီးရင် စစ်ကိုင်းဆက်တက်လိုက်ဦးမယ်”

“ဟင်..သူ့ကို မုဆိုးဖို ခေါ်သွားမှာ မဟုတ်ဘူးလား”

“ဟာ..မုဆိုးဖိုမှာ ကျုပ်မိန်းမ ခင်ယွန်းက သွေးနုသားနုနဲ့..မိန်းမပျိုတစ်ယောက် ခေါ်လာတာမြင်ရင် သွေးတက်နေပါ့မယ်..စစ်ကိုင်းမှာ ကျုပ်ဦးရီးရဲ့ အိမ်ဝိုင်းအလွတ်ရှိတယ်..သူ့ကို အဲ့ဒီမှာ သွားထားမယ်လေ”

“ဖြစ်ပါ့မလားဟယ်..တစ်ယောက်တည်း”

“ဒီမှာ ကြည့်....မမလွီဇာ”

အောင်ဇေယျက သူ့ သွားကို စိပြလိုက်သည်။

“ဘာလဲဟဲ့”

“ဟိုနေ့က ကျုပ်သွားတွေ ဆေးဆိုးနေရင်းတန်းလန်း..ထပြေးခဲ့ရတာလေ..အဲ့ဒါ ရှင်မိငယ်ကို ဆက်ဆိုးခိုင်းရမယ်ဗျ.”

ရှင်မိငယ်ကလည်း ခေါင်းငြိမ့်ပြသည်။

“ဟဲ့..နင်တို့က ဘာတွေလဲ...နင် ကောင်မလေးကို သဘောကျတယ်ဆိုလည်း အတည်အတံ့ ထောက်ပံ့ပြီး ယူချေ..နင့်မယားကြီးထက် ဂုဏ်မသိမ်စေနဲ့..မဟုတ်လို့က ငါက ဗြဲတိုက်ဝန်အထိ တက်တိုင်မှာ”

ရှင်မိငယ်က ခေါင်းကလေးငုံ့သွားသည်။

“ကျုပ်မင်းယောက်ျားပါ..မလွီဇာ ရဲ့..... သူ့ဘဝကို ကယ်တင်တာပါ...မိငယ်ရော...မောင်ကြီးကို ယုံရဲ့ မဟုတ်လား”

အောင်ဇေယျက မိငယ်၏ ဆံတောက်လေးကို လက်ဖြင့်သပ်တင်ရင်းမေးလိုက်သည်။

“မောင်ကြီးက မိငယ်ရဲ့ သခင်ပဲဟာ..ယုံပါတယ်”

“အောင်မယ်လေး..သွားစရာရှိရင်လည်း သွားကြတော့ဟဲ့..ငါ့ရှေ့မှာ ယိုးဒယားဇာတ်လာကနေကြတယ်..ခဲ နဲ့ ကောက်ထုမိတော့မယ်”

အောင်ဇေယျက ပြုံးရယ်ရင်း လှည်းယာဥ်ကို မောင်းထွက်သွား၏။

ထိုအချိန်တွင် မြင်းတစ်စီးက အပြင်းနှင်လာပြီး လွီဇာအနားတွင် ဇက်ခွံ့က ရပ်လိုက်သည်။

“ခုန အောင်ဇေယျမဟုတ်လား......ခင်ဗျားနဲ့ သူနဲ့က ပျော်လို့ရွှင်လို့ပါလားဗျ..ဘယ်နှယ့်ဖြစ်နေကြတုန်း”

ငတွန်က မြင်းပေါ်မှမဆင်းပဲ မေးလိုက်သည်။

“တော့် အပူ ဘာများပါလို့လဲ..သွေးသောက်ကြီးရဲ့”

“ခင်ဗျားလုံခြုံရေးအတွက် ကျုပ်ကို ကိုးသိန်းသခင်က တာဝန်ပေးထားတာလေ..ဆိုင်တယ်”

“ငွေ လာချေးသွားတာ..ဆိုင်တယ်ဆိုလည်း...သူချေးသွားတဲ့ ငွေ ရှင်...ဆပ်ပေးမလို့လား”

“ဝှီး”

ထိုအချိန်တွင် မြင်းတစ်စီးက လွီဇာ၏ နောက်နားမှ ဒုံးစိုင်းဖြတ်သွားပြီးနောက် လှံတိုတစ်စင်းက အရှိန်ဖြင့် ထွက်လာသည်။

ငတွန်က မြင်းပေါ်မှ နေပြီး လွီဇာ၏ ခန္ဓာကိုယ်ကို ခြေဖြင့် ပတ်ကန်လိုက်သည်။လွီဇာမှာ ငတွန်ကန်လိုက်သည့် အရှိန်ကြောင့် မြေပေါ်သို့ လဲကျသွား၏။

လွီဇာလဲကျသွားသဖြင့် လှံတိုက လွီဇာရှေ့တွင် ရှိနေသော ငတွန်၏ မြင်းနံဘေးသို့ စိုက်ဝင်သွားသည်။

ဟီးခနဲ အသံနှင့်အတူ..မြင်းက ထခုန်လိုက်သဖြင့် ငတွန်မှာ မြင်းပေါ်မှ ဒလိမ့်ခေါက်ခွေး ပြုတ်ကျသွား၏။

ငတွန်က လူးလဲထကာ အဲမောင်းလှံဖြင့် မြင်းစီးသမားကို လှမ်းပစ်လိုက်သည်။

သို့သော် မြင်းစီးသမားမှာ ခပ်ဝေးဝေးရောက်သွားသဖြင့် မမီလိုက်တော့ချေ။

“ဘာဖြစ်သွားသေးလဲ”

ငတွန်က လွီဇာကို ထူရင်း မေးလိုက်သည်။ လွီဇာက အကန်ခံလိုက်ရသော လက်မောင်းကို ပွတ်သပ်ရင်း ထလာ၏။

“ဘာဖြစ်ရမလဲ..စောက်ရမ်းကန်ထည့်လိုက်တာ..အောင့်သွားတာပဲ”

“မသေတာပဲ ကျေးဇူးတင်လေ..အမိရဲ့....လော်တာဖုန်း က ခင်ဗျားကို မရမက ကလဲ့စားချေမယ့်ပုံပဲ.. ဒီတိုင်းဆို...ခင်ဗျား..လုံးဝမလုံခြုံတော့ဘူး...လွီဇာ..ဟံသာဝတီကို မသွားခင် အင်းဝမြို့ပေါ်မှာ ပေါ်ပေါ်ထင်ထင်မနေသင့်တော့ဘူး”

လွီဇာက မြေပြင်ပေါ်တွင် လဲကျနေပြီး သွေးများတပွက်ပွက်ထွက်နေသည့် ငတွန်၏ မြင်းကြီးကို ကြောင်ပြီး ကြည့်နေတော့သည်။

“ဒါဆို ကျွန်မက ဘယ်သွားနေရမှာလဲ..ကိုးသိန်းသခင်အိမ်တော်ကိုပဲလား”

ငတွန်က လွီဇာ ပုခုံးကို ဆုပ်ကိုင်လိုက်သည်။

“အဲ့ဒီမှာတော့ မနေစေချင်ဘူး..အဲ့ဒီ အိမ်တော်က လွဲပြီး....တခြားနေရာတစ်ခုကို စဥ်းစားပါလား..လွီဇာ”

လွီဇာက ငတွန်၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ ငတွန့်မျက်လုံးများထဲမှ စကားလုံးများစွာကို လွီဇာ မြင်လိုက်ရ၏။

“ဖာသာမန်းဒက်စ် ရဲ့ ဘုရားကျောင်းကို ကျွန်မကို လိုက်ပို့ပေး..အဲ့ဒီမှာက ကျွန်မအတွက် လုံခြုံလိမ့်မယ်”

ခက်ဇော်

(zawgyi)

ခန္း(၄)

                                     ...............................................

“နင္တို႔ ႏွစ္ေကာင္ဘာအသုံးက်လဲ..ကိုယ့္အကိုႀကီးကို ကာကြယ္ရမယ့္ဟာ...ဒီလို လြယ္လြယ္ထည့္ေပးရသလား..အသုံးမက်တဲ့အေကာင္ေတြ..ေအး..ခ်စ္ဝက အငယ္ဆိုထားေတာ့..ခ်စ္ျမ..နင္..နင္..နင္ေစာက္သုံးမက်လို႔”

ေဒၚဇံကုလားက ေျပာေျပာဆိုဆိုျဖင့္ ခ်စ္ျမ၏ ေသွ်ာင္ထုံးကို ဆြဲၿပီး ေက်ာကုန္းအား တံေတာင္ျဖင့္ ေထာင္းေတာ့သည္။

“ငါ့သားႀကီး ခ်စ္ညိဳ ဟာ တေန႔ မင္းခြင္စိုးခြင္ဝင္မယ့္ ေယာက္်ားေကာင္းဟဲ့..နင့္လို ႏြဲ႕တဲ့တဲ့ေကာင္ထက္ အမ်ားႀကီးသာတယ္...နင့္လို သူကြၽန္ဘဝနဲ႔ ၿပီးမယ့္ေကာင္ထက္ အပုံႀကီး တန္ဖိုးရွိတယ္..နင္သိလား...”

ခ်စ္ျမ အံကို ႀကိတ္ထားသည္။ မ်က္လုံးအစုံတြင္ မ်က္ရည္မ်ား ေဝ့သီလာ၏။

“ေသာက္ေယာက္်ားမပီသတဲ့ေကာင္..နင့္အကို ကိုၾကည့္စမ္း...ဘယ္တုန္းကမွ မ်က္ရည္မက်ဘူး..နင့္လို ႏုႏုႏြဲ႕ႏြဲ႕ေကာင္ဟာ..ငါ့ေသြးသားလာျဖစ္တာ ငါရွက္တယ္..ရွက္တယ္”

“ေတာ္ေတာ့...မယ္ဇံ..သူတို႔ လည္း သူတို႔အကိုအတြက္ ခံခ်ၾကတာပဲမဟုတ္လား...တဖက္ကလည္း မင္းမႈထမ္းေတြ...ဖမ္းဖို႔ အမိန႔္လည္း ပါလာေတာ့ ဘယ္ ပယ္ရွားဝံ့မလဲကြဲ႕..အခု နင့္သားႀကီးလည္း ေကာင္းေကာင္းမြန္မြန္ျပန္ေရာက္ၿပီပဲ”

ဦးလုံးက ေဆးတံကို ဖြာရင္းမွ လွမ္းေျပာသည္။

“အေကာင္းအတိုင္းျပန္ေရာက္လို႔ေပါ့...ဒီေန႔မ်ား က်ဳပ္သား ခ်စ္ညိဳ တခုခုျဖစ္လို႔ကေတာ့ ဒင္းတို႔ကိုလည္း အရွင္မထားဘူး”

ခ်စ္ျမ က ေျပေလ်ာ့သြားေသာ ေသွ်ာင္ကို ျပန္မထုံးပဲ ၿခံဝန္းအျပင္သို႔ လွမ္းထြက္လိုက္သည္။

ၿခံဝေရခ်ိဳးဆိပ္တြင္ တေရာ္ကင္ပြန္းျဖင့္ ေခါင္းေဆးေနသည့္ ခ်စ္ညိဳ က ခ်စ္ျမကို ေတြ႕သြား၏။

“ေဟ့..ညီေလး...ေသွ်ာင္မထုံးဘာမထုံးနဲ႔ ဘယ္သြားမလို႔လဲကြ”

ခ်စ္ျမ က ခပ္ယဲ့ယဲ့ ၿပဳံးျပလိုက္ၿပီး အင္းဝၿမိဳ႕ထဲရွိရာသို႔ ေျခလ်င္ေလွ်ာက္လာခဲ့ေတာ့သည္။

ေမွာင္ေခ်သန္းၿပီ။

အင္းဝၿမိဳ႕ႀကီး၏ ေလးေထာင့္က်က်လမ္းမ်ားတြင္ ကညင္ဆီမီးတိုင္ႀကီးမ်ား ထြန္းထားၾကသည္။

နန္းသိမ္းပြဲခင္းထံမွ ပတ္မႀကီးတီးလိုက္သံႏွင့္အတူ လမ္းသြားလမ္းလာမ်ားက ပြဲေတာ္ဆီ ဦးတည္ေနၾကေတာ့သည္။

ညီအစ္ကိုသုံးေယာက္ၾကားတြင္ ခပ္ေအးေအးေနတတ္‌ေသာ သူ႔စ႐ိုက္ကို မိခင္ျဖစ္သူ ငယ္စဥ္ကတည္းက မႀကိဳက္။

အကိုျဖစ္သူ ကိုခ်စ္ညိဳ ကဲ့သို႔ အသတ္အပုတ္ႏွင့္ ၾကမ္းၾကမ္းတမ္းတမ္းေနေစလိုသည္။

မိခင္ေဒၚဇံကုလားသည္ သားမ်ားအေပၚ ရည္မွန္းခ်က္အႀကီးထားသူျဖစ္သည္။

ျမင္းေခါင္း ဦးလုံးအေပၚတြင္ ခ်စ္ျမတ္ႏိုးေသာ္လည္း သူမဘဝတြင္ မင္းကေတာ္မျဖစ္ခဲ့ရပဲ ၿမိဳ႕သူႀကီးကေတာ္အဆင့္ျဖင့္သာ လက္ဆက္ခဲ့ရသည္ကို မေက်နပ္ခဲ့။

ထို႔ေၾကာင့္ သူမ၏ သားသုံးေယာက္ကို မင္းစိုးရာဇာျဖစ္လာေစရန္ ေမွ်ာ္မွန္းေနသူျဖစ္သည္။

သားသုံးေယာက္အနက္တြင္မွ ေဒၚဇံကုလား အားမရဆုံးမွာ ခ်စ္ျမျဖစ္ေနသည္။ ေဒၚဇံကုလားအျမင္တြင္ အရာရာသည္ ခ်စ္ျမ အျပစ္ျဖစ္ေန၏။

ခ်စ္ျမ သည္ မာန္ေအာင္ရတနာအိမ္ေတာ္ရာေစတီေရွ႕ေရာက္ေသာအခါ ေခတၱရပ္လိုက္သည္။

ေစတီေတာ္ဘက္သို႔ လက္အုပ္ခ်ီမိုးကာ ရွိခိုးလိုက္၏။

ေအးျမေသာ ဘုရားရိပ္ဆီမွ ေခါင္းေလာင္းသံ သဲ့သဲ့ေလး ၾကားရသည္။

ခ်စ္ျမ ဆုံးျဖတ္ခ်က္တစ္ခု ကို ခိုင္ခိုင္မာမာခ်လိုက္၏။

ထို႔ေနာက္ ခ်စ္ျမ ၏ ေျခလွမ္းမ်ားက ‌ ေစတီေတာ္၏ ခပ္လွမ္းလွမ္းတြင္ရွိေသာ နေမာ္ေစ်းထိပ္ရွိအရက္ဆိုင္ဆီသို႔။

...................................................................................

တံခါး႐ြက္တို႔ကို တြန္းဖြင့္လိုက္သည္။

လြန္ခဲ့ေသာ ရက္ပိုင္းက လူသတ္မႈျဖစ္ခဲ့သည့္ ထိုဗ်စ္ရည္ဆိုင္သည္ သူမဟုတ္သည့္အလား ဆူညံေနျပန္၏။

ဆိုင္ထဲတြင္ အင္းဝသားမ်ားအျပင္ ႏိုင္ငံျခားသားအခ်ိဳ႕လည္း ရွိေနသည္။

ခ်စ္ျမက ဆိုင္ေကာင္တာစားပြဲတြင္ ထိုင္ေနသည့္ လြီဇာ ဆီသို႔ တန္းတန္းမတ္မတ္ေလွ်ာက္သြားသည္။

“ဟဲ့..ညေနက ဟိုတစ္ေယာကၼဟုတ္လား..ခ်စ္ညိဳႀကီး ညီ”

ခ်စ္ျမက ေခါင္းညိတ္ျပလိုက္သည္။

“ဘာလဲ..ခ်စ္ညိဳႀကီးက ဗ်စ္ဝယ္ခိုင္းလိုက္လို႔လား”

“မဟုတ္ဘူး...က်ဳပ္ေသာက္ခ်င္လို႔”

“ကဲ..ေျပာပါဦး..ကိုယ္ေတာ္..ဘာမ်ားသုံးေဆာင္မလဲ..ျဗစ္လား..ျဗန္လား..မေန႔ကမွ ဂိုအာက ပါလာတဲ့ ရမ္ ဆိုတာလည္းရွိေသးတယ္ေနာ္..သေဘၤာသားအရက္ဆိုလားပဲ..နည္းနည္းေတာ့ျပင္းတယ္”

“ဘာျဖစ္ျဖစ္..တစ္ခြက္ေပးဗ်ာ”

လြီဇာက ရယ္လိုက္သည္။

“ကဲ..လာ..ဒီနားက ခုံမွာပဲ ထိုင္ပါ...ငါတို႔ေမာင္ ၾကည့္ရတာ တခါမွ အရက္မေသာက္ဖူးပုံပဲ...ေမာင္တို႔အကို ခ်စ္ညိဳႀကီးကေတာ့ ႂကြက္တြင္းေနာ္”

ခ်စ္ျမ ေခါင္း ဆတ္ခနဲေထာင္လာသည္။

“မေသာက္တတ္ရင္ မေသာက္ရေတာ့ဘူးလားဗ်..ေငြေပးေသာက္မွာ..ခုန ခင္ဗ်ားေျပာတဲ့..ျပင္းတယ္ဆိုတဲ့..ဘာလဲ..ဝရမ္လား..အဲ့ဒါေသာက္မယ္ဗ်ာ”

ခ်စ္ျမက လြီဇာထိုင္ေနသာေကာင္တာႏွင့္ အနီးဆုံးစားပြဲတြင္ ဝင္ထိုင္လိုက္သည္။

“ေဒြးယုံေရ... ဒတ္ခ်္သေဘၤာက ပါလာတဲ့ ရမ္ပုလင္းထဲက တစ္ပက္ေလာက္ ငွဲ႔ထည့္ခဲ့စမ္းပါ”

လြီဇာ၏ ဆိုင္တြင္ အခေၾကးျဖင့္ လုပ္ကိုင္ေပးေနသည့္ မေဒြးယုံက ရမ္တပက္ကို ငွဲ႔ကာ ခ်စ္ျမ ေရွ႕တြင္ ခ်ေပးသည္။

ခ်စ္ျမက ရမ္ခြက္ကို ဆုပ္ကိုင္လိုက္၏။

‘ခဏေနပါဦး..ဆရာႀကီးရဲ႕..ေရေတာ့ေရာမွရမွာေပါ့..ေဒြးယုံ..ေရတေကာင္းပါ တခါတည္းခ်ေပးေလ”

လြီဇာ၏ စကားမဆုံးလိုက္..ခ်စ္ျမက ဂြပ္ခနဲေနေအာင္ ေမာ့ခ်လိုက္ေတာ့သည္။

ခ်စ္ျမမ်က္ႏွာရႈံ႕မဲ့သြား၏။

လည္ေခ်ာင္းတစ္ခုလုံး ေရေႏြးပူေလာင္းခ်လိုက္သကဲ့သိုပင္။

အနီးရွိ ျပတင္းေပါက္ကို ဝါးဆစ္ပိုင္းတစ္ခုႏွင့္ေထာက္ကာ အေပၚလွန္ ဖြင့္ထားသျဖင့္ ဧရာဝတီျမစ္ျပင္ဘက္ဆီမွ ေႏြေလ႐ူးတခ်က္က ေဝ့ခနဲ တိုက္လာသည္။

တစ္ကိုယ္လုံးရွိန္းခနဲ ေႏြးသြားသျဖင့္ ေႏြေလပူပူပင္ ေအးသေယာင္ခ်စ္ျမ ထင္လိုက္၏။

“ကဲ..ဘယ့္ႏွယ့္ရွိစ..ခင္ဗ်ားဟာ ျပင္းတယ္ဆို”

ခ်စ္ျမက လြီဇာကို လွမ္းေျပာလိုက္သည္။

လြီဇာက ေကာင္တာေပၚမွ ဆင္းလာ၏။

“အျမည္း..ဝက္ေပါင္ေျခာက္စားမလား”

“ပဲေလွာ္ရွိရင္ ပဲေလွာ္ေပး”

လြီဇာက ေကာင္တာေပၚရွိ ပဲေလွာ္ဘူးထဲမွ ပဲေလွာ္တဆုပ္ကို ႏႈိက္ၿပီး ခ်စ္ျမေရွ႕သို႔ ပုံေပးလိုက္သည္။

“ေနာက္တခြက္ေပးဦးဗ်”

ေဒြးယုံက ခ်စ္ျမေရွ႕မွ ခြက္ကို လွမ္းယူၿပီး အရက္ထပ္ငွဲ႔ရန္ အေနာက္သို႔ ဝင္သြားျပန္သည္။

“ငါ့ေမာင္..ၾကည့္လုပ္ေနာ့”

လြီဇာက တခ်က္သတိေပးၿပီး ဆိုင္အဝတြင္ရွိေနေသာ ဂင္ဇာကုန္သည္မ်ားဝိုင္းသို႔ ေလွ်ာက္သြားသည္။

“က်ဳပ္ ေယာက္်ားဗ်..ေယာက္်ား”

ခ်စ္ျမ ေအာ္ေျပာသံကို လြီဇာမၾကား။

 ဆိုင္ထဲတြင္ကား ပုလင္းေနဖင္ထိုးခ်ိန္ျဖစ္သျဖင့္ ဝိုင္းတိုင္းနီးပါးဆူညံေနၾကၿပီျဖစ္သည္။

လြီဇာက ျပင္သစ္ကုန္သည္မ်ားႏွင့္ စကားခဏေျပာဆိုၿပီးေနာက္ သူတို႔ေငြရွင္းလိုက္သည့္ ဂင္ဇာကို ယူကာ ေကာင္တာကို ထသြားသည္။

ေကာင္တာတြင္ရွိေသာ ခ်ိန္ခြင္တြင္ ဂင္ဇာကိုတစ္ဖက္၊ တိုးျမင္း႐ုပ္အေလးကို တစ္ဖက္ထည့္ကာ ခ်ိန္တြယ္လိုက္၏။

“ဝုန္း”

ထိုအခ်ိန္တြင္ ေခါင္မိုးေပၚသို႔ တစုံတစ္ရာက်လာသံၾကားလိုက္ရသည္။

“ဟာ..မီး..မီး..မီးေဟ့”

ေန႔ခင္းဘက္က ျမင့္မားခဲ့သည့္ အပူရွိန္ေၾကာင့္ ေသြ႕ေျခာက္ေနေသာ သက္ကယ္အမိုးတို႔သည္ ဝုန္းခနဲ မီးထေတာက္ေတာ့သည္။

လြီဇာက အလန႔္တၾကားထရပ္လိုက္စဥ္ ဆိုင္ေရွ႕တြင္ ရပ္ေနေသာ လူတစ္ေယာက္က မီးတုတ္တစ္ခုကို ေခါင္မိုးေပၚ ထပ္မံပစ္တင္လိုက္ျပန္သည္။

“ဘာလုပ္တာလဲ..အဲ့ဒါ”

လြီဇာက ဆိုင္ခုံေအာက္တြင္ထည့္ထားေသာ ေပၚတူဂီစစ္သုံးဓါးရွည္ကို ဆြဲကာ ထြက္လိုက္သည္။

ဆိုင္အတြင္းရွိ လူမ်ားက ဝ႐ုန္းသုံးကား ထြက္ေျပးၾက၏။

“နင္တို႔ ဘာလုပ္တာလဲ”

လြီဇာက ဆိုင္ေရွ႕သို႔ ေျပးထြက္သည္။

ဓါးလြတ္ကိုယ္စီကိုင္ထားသည့္ လူသုံးဦးက မီးေတာက္မ်ားၾကားမွ လြီဇာရွိရာ ေျပးဝင္လာၾက၏။

အားလုံးဝ႐ုန္းသုံးကားအေျခအေနတြင္ ဆိုင္ေထာင့္ထိုင္ကာရမ္တန္ခိုးျပေနေသာ ခ်စ္ျမမွာ အေျခအေနကို ေငးၾကည့္ေနသည္။

လူတစ္ဦးက ဓါးလြတ္ကိုင္ကာ ေျပးလာသည့္အခါမွ ခ်စ္ျမသတိဝင္လာ၏။

သူထိုင္ေနသည့္ ျပတင္းေပါက္ကို‌ ေထာင္ထားသည့္ ဝါးရင္တုတ္ကို ဆြဲယူလိုက္သည္။

ေျပးဝင္လာသူႏွင့္ လြီဇာအၾကားသို႔ ဝင္ရပ္ကာ ဝါးရင္းတုတ္ျဖင့္ အားကုန္လႊဲ႐ိုက္ခ်လိုက္၏။

သိုေသာ္ အရက္အရွိန္ေၾကာင့္ ႐ိုက္ခ်က္က ျပင္းေသာ္လည္း ခ်က္ေကာင္းကို မထိ။

ထိုသူက အရွိန္ပ်က္ကာ ခပ္ကုန္းကုန္းျဖစ္သြားေသာ ခ်စ္ျမ၏ ရင္ဘတ္ကို ဒူးျဖင့္ တိုက္ခ်လိုက္သည္။

ထို႔ေနာက္ ဓါးျဖင့္ခုတ္ရန္ ႐ြယ္လိုက္စဥ္ လြီဇာက ထိုသူကို ဓါးျဖင့္ ဝင္ပိုင္းလိုက္ရာ ပုခုံးတဝက္ခန႔္ ဓါးက စိုက္ဝင္သြား၏။

ခ်စ္ျမက ထလာၿပီး ထိုသူ၏ ထပ္ရင္ဝကို ကန္လိုက္သျဖင့္  ဓါးသမားမွာ ေျမႀကီးေပၚ လဲက်သြားေတာ့သည္။

“ေနာက္မွာ အေပါက္ရွိတယ္..လာ..လာ”

လြီဇာ က ခ်စ္ျမလက္ကို ဆြဲကာ အေနာက္ဖက္သို႔ ေျပးသည္။

မီးေလာင္ေနသည့္ ဝါးထုတ္တန္းတစ္ခုက လဲက်သြားေသာ ဓါးသမားေပၚျပဳတ္က်လာသည္။

ေနာက္မွ ပါလာသူႏွစ္ေယာက္က ဆက္မလိုက္ေတာ့ပဲ သူတို႔အေဖာ္ကို ဝိုင္းကူကာ မီးထဲမွ ဆြဲထုတ္သြားၾက၏။

မီးသည္ ေဘးဆိုင္မ်ားသို႔ပါ ကူးစက္ေနၿပီျဖစ္သည္။

လြီဇာႏွင့္ ခ်စ္ျမမွာ ဆိုင္အေနာက္ဘက္ ကြက္လပ္သို႔ ေျပးထြက္လာၾကသည္။

“ေစာက္ဗရင္ဂ်ီမ..အေသသတ္ကြာ”

အေမွာင္ထဲမွ အသံမ်ား ထြက္လာၿပီးေနာက္ လူငါးဦးခန႔္ သူတို႔ကို ပတ္ဝိုင္းထားသည္ကို ေတြ႕လိုက္ရေတာ့သည္။

အားလုံးလက္ထဲတြင္ ဓါးလြတ္ကိုယ္စီႏွင့္။

လြီဇာလက္ထဲတြင္ ေပၚတူဂီဓါးရွည္တစ္ေခ်ာင္း၊ ခ်စ္ျမက လက္ဗလာ။

ဓါးသမားမ်ားက ေရွ႕သို႔ တိုးလာၾကသည္။

“ေဟ့..ဘုရင့္တပ္ကြ....ဓါးျပေတြ..အကုန္ဝိုင္းေဟ့”

ထိုစဥ္ ျမင္းခြာသံမ်ားႏွင့္အတူ အသံတစ္ခု ၾကားလိုက္ရသည္။

အဲေမာင္းလွံရွည္တစ္စင္းက လြီဇာတို႔ကို ဝိုင္းထားသည့္ လူငါးဦးထဲမွ တစ္ဦး၏ ေက်ာကုန္းကို စိုက္ဝင္ၿပီး ရင္ဘတ္မွ ထုတ္ခ်င္းခတ္‌ေပါက္သြားသည္။

ျမင္းခြာသံအေတာ္မ်ားမ်ားၾကားရသျဖင့္ က်န္သူေလးဦးမွာ အေမွာင္ရိပ္ထဲ အလ်င္အျမန္ေျပးဝင္ေပ်ာက္ကြယ္သြားေတာ့သည္။

မနီးမေဝးအေမွာင္ထဲရွိ လွည္းယာဥ္တစ္စီးေပၚတြင္ ထိုင္ကာေစာင့္ၾကည့္ေနေသာ ေလာ္တာဖုန္းက ေတာက္တခ်က္ေခါက္လိုက္ၿပီး ေၾကးဝါေဆးတံကို ပါးစပ္မွခြၽတ္ကာ လွည္းကို ေမာင္းထြက္ခိုင္းလိုက္ေတာ့သည္။

“မီးေလာင္တယ္ၾကားလို႔လာတာပဲ..ဓါးျပေတြလား”

လြီဇာက ေရွ႕ဆုံးရွိ ျမင္းေပၚမွ လူကို လွမ္းၾကည့္လိုက္သည္။

ငတြန္။

ငတြန္က ျမင္းေပၚမွ ဆင္းလိုက္သည္။

ေျမျပင္တြင္ လွံတန္းလန္းႏွင့္အသက္ေပ်ာက္ေနသူ၏ ေက်ာကုန္းကို ေျခေထာက္ျဖင့္ ဖိကာ လွံကို ဆြဲႏႈတ္လိုက္၏။

 ၿပဳံးျပလိုက္သည့္ ငတြန္၏ သြားေဖြးေဖြးတို႔ကို ေလာင္သည့္မီး၏ အေရာင္ျဖင့္ လြီဇာသတိထားမိလိုက္သည္။

“အင္း...ခင္ဗ်ားလဲ..တယ္ခ်စ္ခင္သူမ်ားပါလား...နေမာ္ေစ်းမီးေလာင္တယ္ၾကားၾကားခ်င္း..က်ဳပ္လည္း ေျပးလာတာ..ေတာ္ပါေသးရဲ႕..ဘာမ်ားျဖစ္သြားေသးလဲ”

“ကြၽန္မဆိုင္..ကြၽန္မဆိုင္ကို သူတို႔ မီးကြင္းလာပစ္ၾကတယ္”

လြီဇာက မီးေလာင္ကြၽမ္းျပာက်သြားၿပီျဖစ္သည့္ သူ႔ဆိုင္ေလးကို ေငးၾကည့္ေနသည္။မီးက တာဝန္ေက်စြာျဖင့္ နေမာ္ေစ်းတန္းႀကီးတစ္ခုကို ဆက္လက္ေလာင္ကြၽမ္းေနဆဲ။

ဘုရင္ရဲတပ္သားမ်ားႏွင့္ ၿမိဳ႕ခံမ်ားက ေရစည္လွည္းမ်ားျဖင့္ မီးၿငိမ္းသက္ေနၾကသည္။လြီဇာႏွင့္ ငတြန္တို႔ သတိမထားမိလိုက္ခင္မွာပင္ ခ်စ္ျမ က အေမွာင္ရိပ္ထဲ ဝင္ေရာက္ေပ်ာက္ကြယ္သြားသည္။

“ခင္ဗ်ားမွာ အသက္အႏၲရာယ္ရွိေနတယ္..လြီဇာ..ဒီအခ်ိန္မွာ ေဟာ့ဒီအင္းဝၿမိဳ႕ထဲ ခင္ဗ်ားအတြက္ အလုံၿခဳံဆုံးက ကိုးသိန္းသခင္အိမ္ပဲျဖစ္လိမ့္မယ္”

ငတြန္က လြီဇာကို ေစြ႕ကနဲ ေပြ႕ခ်ီကာ ျမင္းေပၚတက္လိုက္သည္။

ထို႔ေနာက္ လြီဇာ၏ေနာက္မွ သူက ျမင္းေပၚတက္လိုက္၏။

ငတြန္က လွံကို တစ္ဖက္မွ ကိုင္လ်က္ တစ္ဖက္မွ ျမင္းဇက္ႀကိဳးကို ေစာင့္ဆြဲလိုက္သည္။

ျမင္းက ႐ုတ္တရက္ ေျပးထြက္သြား၏။

“စိုးရိမ္မေနနဲ႔ေတာ့..ေန႔လည္က ခင္ဗ်ားကို ေျပာၿပီးသားပဲ..က်ဳပ္အၿမဲရွိပါတယ္လို႔”

ငတြန္႔ထံမွ ေခြၽးနံ႔ႏွင့္ ထန္းရည္နံ႔ေရာယွက္ေနသည့္ အနံ႔တစ္ခုကို လြီဇာ ရႈရႈိကၼိလိုက္သည္။

...................................................................................................................

အင္းဝၿမိဳ႕သည္ မီးေဘး မၾကာခဏသင့္ခဲ့သည္။

ယခုတႀကိမ္ လြီဇာ၏ ဗ်စ္ဆိုင္မွစေသာ မီးတြင္လည္း နေမာ္ေစ်းတေလွ်ာက္တင္မက။

ေႏြေလ႐ူးေၾကာင့္ လြင့္သြားေသာ မီးစတစ္စသည္ ၿမိဳ႕ေတာင္ဘက္ရွိ ရွမ္းေစ်းရွိ ဆတၱာသည္တန္းေပၚက်ေရာက္ၿပီး ဆတၱာတန္းတစ္ခုလုံးပါ ျပာက်ခဲ့ရျပန္သည္။

“ဒါဆို ဒီမီးေဘးက ေလာ္တာဖုန္း လက္ခ်က္ေပါ့..ဟုတ္လား”

ကိုးသိန္းသခင္ က ေ႐ႊအနားကြပ္ထားေသာ ေဆးတံတြင္ ေဆးျဖည့္ရင္းက ေမးလိုက္သည္။

“မွန္ပါ..မေန႔ညက မီးရႈိ႕တဲ့သက္ေသ ႏွစ္ဦးကိုလည္း ဖမ္းမိထားေၾကာင္းပါ..ေလာ္တာဖုန္း ခိုင္းတာလို႔ သူတို႔က ထြက္ဆိုပါတယ္”

“ဘယ္မွာ ခ်ဳပ္ထားလဲ”

“ၿမိဳ႕ဝန္ ခြင့္ျပဳခ်က္ယူၿပီး ေတာင္ဘက္လက္မ႐ြံေၾကးတိုက္ထဲ ထည့္ထားပါတယ္”

“အင္း..အဲ့ဒီႏွစ္ေယာက္ကို မေပ်ာက္မပ်က္..မထိခိုက္ေစနဲ႔..သူတို႔က အေရးႀကီးတယ္...ဒါနဲ႔ ဟိုသူငယ္မေရာ..အႏၲရာယ္ကင္းရဲ႕လား..ငတြန္”

“မွန္ပါ..မေန႔ညက အိမ္ေတာ္အေနာက္ဖက္ အေစခံအိပ္ေဆာင္မွာ ေနရာခ်ထားေပးပါတယ္.အရွင္.. ေလာ္တာဖုန္းက သူ႔ကို အဓိကသတ္ဖို႔လုပ္ပုံပါပဲ”

“အခုေရာ..သြားေခၚေခ်”

“မီးေလာင္ျပင္မွာ က်န္ရစ္တဲ့ သူ႔ဆိုင္က ပစၥည္းတခ်ိဳ႕ သြားရွာမယ္ဆိုၿပီး မနက္ေစာကပဲ ထြက္သြားတယ္..ဘုရား”

“မင္းသူ႔ကို လိုက္ရွာေခၚခဲ့..ငတြန္...ၿပီးရင္ ၿမိဳ႕ျပင္ဆင္က်ဳံးနားက ေအာကၼားဝန္ငေအာင္လွအိမ္ကို လိုက္ခဲ့ေပေရာ့..ငါ့အဲ့ဒီက ေစာင့္မယ္...ဟဲ့..ငျမတ္စံ..ေဝါျပင္ခိုင္းစမ္းကြဲ႕..အျပင္သြားမယ္”

မၾကာမီ ကိုးသိန္းသခင္သည္ ေဝါယာဥ္ျဖင့္ ေအာကၼားဝန္အိမ္ေတာ္သို႔ ထြက္ခြာသြားေတာ့သည္။

ေအာကၼားဝန္။

ေအာကၼားဆိုသည့္ စကားလုံးသည္ ဆင္ေရးဆင္ရာတြင္ အသုံးျပဳသည့္စကားျဖစ္သည္။

မြန္ဘာသာစကား ေအာပ္မာ မွ ဆင္းသက္လာသည္။ ပရိယာယ္ျဖင့္ ကြယ္ဝွက္ျခင္းဟု အဓိပၸါယ္ရသည္။

ေအာကၼားဆင္ ဆိုသည္မွာ ဆင္႐ိုင္းမ်ားကို ေက်ာ့ယူ က်ဳံးသြင္းရာတြင္ မာယာပရိယာယ္ျဖင့္ ျမဴဆြယ္ေခၚေဆာင္ရသည့္ ဆင္မမ်ားကို ေခၚဆိုျခင္းျဖစ္သည္။

ေအာကၼားဆင္မ မ်ားသည္ ဆင္သားငယ္မ်ားမရွိေစရ၊ ရွိလွ်င္လည္း သားငယ္မ်ားအေပၚေရာ၊ ဆင္ထီးမ်ားအေပၚတြင္ပါ သံေယာဇဥ္မတြယ္တတ္သည့္ဆင္မမ်ား ျဖစ္ၾကသည္။

ေအာကၼားဆင္မမ်ားသည္ အင္းဝ၏ ဆင္တပ္အင္အားအတြက္ အလြန္အေရးပါေသာေၾကာင့္ ေအာက္မားဆင္သင္းမ်ားဖြဲ႕စည္းထားရွိသည္။

ေအာကၼားဆင္သင္းမ်ားတြင္ တိုက္ဆင္မ်ိဳးေကာင္းမ်ား၊ စီးဆင္မ်ိဳးေကာင္းမ်ားစြာ ကို ေက်ာ့ယူ၊ေလ့က်င့္ေပးၾကရသည္။

အင္းဝသင္း၊ စလင္းသင္း၊ ျပည္သင္း ဟု ေအာက္မားဆင္သင္းႀကီးသုံးခုရွိၿပီး ၄င္းတို႔လက္ေအာက္တြင္ သင္းခြဲေပါင္း (၂၂)ခုရွိေနသည္။

ေအာကၼားဆင္ေရးရာကို ကိုင္တြယ္ရသည့္ ဝန္ေထာက္ကို ေအာက္မားဝန္ဟုေခၚဆိုၾကသည္။ ေအာက္မားဝန္သည္ ဆင္တပ္ႏွင့္ပတ္သက္၍ ဆင္ဝန္ၿပီးလွ်င္ အာဏာအရွိဆုံးပုဂၢိဳလ္လည္းျဖစ္သည္။

ေအာကၼားဝန္အိမ္ၿခံဝန္းထဲသို႔ ကိုယ္ရံေတာ္တပ္ႏွင့္အတူ ကိုးသိန္းသခင္၏ ေဝါ ဝင္လာသည္။

ေအာကၼားဝန္ဦးေအာင္လွ က သူ၏ သမီးငယ္ကို ခ်ီၿပီး ဆင္ေပါက္မေလးတစ္ေကာင္ကို ေခ်ာ့ျမဴေန၏။

ကိုးသိန္းသခင္၏ ေဝါယာဥ္ကို ျမင္ေသာအခါ သမီးငယ္ကို ခ်ကာ အေျပးအလႊားေရာက္လာသည္။

“ကိုယ္ေတာ္တိုင္ႂကြလာတာ..ဘယ္အေရးမ်ား ရွိပါသလဲ..ဘုရား...အေရးရွိ ကြၽန္ေတာ္မ်ိဳးကို လွမ္းေခၚလို႔ရပါလ်က္နဲ႔”

“ငေအာင္လွႏွယ့္..အိမ္ေပၚေခၚဦးေလကြယ္...ငါ့ ကို ေျမႀကီးေပၚမွာ ဧည့္ေထာက္ခံမလို႔လား”

“အိမ္ေပၚ ႂကြပါ..ဘုရား”

အိမ္ေပၚရွိ ကြၽန္းကုလားထိုင္တြင္ ကိုးသိန္းသခင္က ဝင္ထိုင္လိုက္သည္။

ဦးေအာင္လွက ၾကမ္းျပင္တြင္ လက္အုပ္ခ်ီလ်က္ ထိုင္လိုက္သည္။

“မင့္..ဟံသာဝတီဘက္ကို ဆင္ေက်ာ့ထြက္ရမယ္လို႔ ဆင္ဝန္ဆီက ၾကားလို႔ကြဲ႕..ဟုတ္သလား”

“မွန္ပါ...ေဒးစြန္ပါဘုရားတဝိုက္..ဆင္က်ားတစ္ေကာင္ကို ေတြ႕တယ္လို႔ သတင္းရလို႔ ဆင္ဝန္က ေစလႊတ္တာပါ..ဘုရား”

“ဟံသာဝတီမွာ မင့္ ေဆြမ်ိဳးေဆြခိုင္ အဆက္ေတြ ေတာင့္ေတာင့္တင္းတင္းရွိရဲ႕ဆို”

“မွန္ပါ..ရွိပါတယ္..ဘုရား”

“ငါ့အေရးေတာ္ကိစၥတစ္ခုရွိတယ္ကြဲ႕..မင့္ ကူညီေပးႏိုင္မလား”

“ဘယ္လိုအေရးမ်ားလဲ မိန႔္ပါ ဘုရာ့”

ထိုအခ်ိန္တြင္ အိမ္ေရွ႕မွ ျမင္းခြာသံ တေျဖာင္းေျဖာင္းၾကားလိုက္ရသည္။

“အိမ္း..ငါ့ေခၚထားတဲ့လူေတြလာၾကၿပီ..သူတို႔လာမွ ေျပာတာပ”

အိမ္ေပၚသို႔ ငတြန္ႏွင့္ လြီဇာတို႔ တက္လာၾကသည္။

“ကဲ..လာၾက”

ဦးေအာင္လွ က လြီဇာကို အေသအခ်ာၾကည့္သည္။

“ဟဲ့..ငေအာင္လွ..ဒါက ဟိုအရင္ ငါနဲ႔ စစ္ထြက္ဖက္ ေသနတ္ဗိုလ္ဒီမဲလိုး ရဲ႕ သမီး လြီဇာဒီမဲလိုးတဲ့ကြဲ႕”

“မွန္ပါ..ၾကားဖူးပါတယ္..ဘုရား”

“ေအး..ေမာင္မင္း လုပ္ေပးရမွာက..သူ႔ကို ေမာင္မင္းနဲ႔အတူ ဟံသာဝတီကိုေခၚသြား..ၿပီးတာနဲ႔ တညင္ (သန္လ်င္) အထိ ေရာက္ေအာင္ ပို႔ရမယ္ကြဲ႕..ေနာက္ၿပီး ဟံသာဝတီမွာ သူကို တလတန္ ႏွစ္လတန္သည္ ေနထိုင္ဖို႔ပါ မင္းကူညီႏိုင္မလား”

“မွန္ပါ..တညင္မွာေရာ ဟံသာဝတီမွာပါ အသိမိတ္ေဆြမ်ားရွိတာမို႔...အေရးေတာ္ၿပီးသည္အထိ ကူမွာပါ..ဘုရား”

“ေအး..ဟဲ့..လြီဇာငယ္...မယ္မင္း အေျခအေနမယ္မင္းသိတယ္ေနာ္... မယ္မင္းရဲ႕ ဒီကကိစၥကို ငါေျဖရွင္းလိုက္မယ္... မင္မင္းက ဟံသာဝတီမွာ တလႏွစ္လတန္သည္ ေရွာင္ေနရမယ္..တညင္ကိုေရာက္ေအာင္လည္း ေဟာ့ဒီက ေအာင္လွက လိုက္ပို႔လိမ့္မယ္..အဲ့ဒီအေတာအတြင္း ငါကိုယ္ေတာ္ေျပာထားတဲ့ ကုန္သြယ္ကိစၥ ကို ေအာင္ျမင္ေအာင္ ခ်ိတ္ဆက္ေပကြဲ႕..ကဲ..ေအာင္လွ..ဘယ္ေန႔ေလာက္ သြားမလဲကြဲ႕”

“ေနာက္သုံးရက္ မနက္ သုံးခ်က္တီးေလာက္ ဆင္ထိန္းစုနဲ႔အတူ ထြက္ပါ့မယ္”

“မင္းဆင္နဲ႔ သူ႔ကို ေခၚကြဲ႕..ငါစိတ္ခ်မေနာ္”

“မွန္ပါ”

“ကဲ....လြီဇာ..ဒီသုံးရက္အတြင္း မယ္မင္းျပင္ဆင္စရာရွိတာ ျပင္ဆင္ပါ...ဟိုတ႐ုတ္ေတြရန္မရွာရဲေအာင္ ငတြန္ကို ေစာင့္ေရွာက္ဖို႔ လႊတ္ေပးထားမယ္..ကဲ..သြားေတာ့”

လြီဇာ ႏွင့္ ငတြန္ တို႔ လက္အုပ္ခ်ီလ်က္ ေနာက္ဆုတ္ကာ ဆင္းသြားၾကသည္။

.................................................................................................................

“အခု ဘယ္ကို ျပန္မွာလဲ..ဘရင္ဂ်ီစုကိုလား”

ငတြန္က ျမင္းဇက္ႀကိဳးကို ျဖည္ရင္း ေမးလိုက္သည္။

“ဆတၱာတန္းညက မီးထဲ ပါသြားတယ္ၾကားတယ္...အသိေတြ အေျခအေနသြားၾကည့္မလို႔”

လြီဇာက ေျဖသည္။

“က်ဳပ္ လိုက္ပို႔ေပးမယ္ေလ”

“ရပါတယ္...ကြၽန္မ ဘာသာ ကြၽန္မသြားပါ့မယ္”

“မဟုတ္ဘူးေလ..အမိ..မိန္းကေလးတစ္ေယာက္တည္း..သြားရမွာ..ၿပီးေတာ့ ကိုးသိန္းသခင္ကလည္း ခင္ဗ်ားကို ေစာင့္ေရွာက္ဖို႔..က်ဳပ္ကို”

“လာျပန္ၿပီလား..ဒီမိန္းကေလးတစ္ေယာက္တည္း..ကြၽန္မ ေျခ ကြၽန္မလက္နဲ႔ ကာကြယ္ႏိုင္ပါတယ္ရွင္..”

“ကဲ..ဒါဆိုလည္း အမိသေဘာပါပဲ”

လြီဇာက ကိုးသိန္းသခင္၏ အိမ္ေတာ္ထဲမွ လမ္းေလွ်ာက္ထြက္လာခဲ့သည္။

နေမာ္ေစ်းမီးေလာင္ျပင္ကို ေက်ာ္လာသည္ႏွင့္ လွည္းယာဥ္တစ္စီးက သူ႔ေဘးနားတြင္ ရပ္လိုက္၏။

ေအာင္ေဇယ်က လွည္းေပၚတြင္ ထိုင္ေနသည္။

“မမလြီဇာ..ဒီမယ္..ဟိုေန႔က လွည္းယာဥ္..ျပန္လာေပးတာဗ်ိဳး”

ေအာင္ေဇယ်ေဘးတြင္ ထိုင္ေနသူက မိငယ္။

“ဟဲ့..ရွင္မိငယ္..ညည္းတို႔ မြန္းစံသာတို႔ကို ငါစိတ္ပူေနတာေကာ..ညက မီးေဘးက လြတ္မ်ား လြတ္ၾကလားလို႔..အခုပဲ လာၾကည့္မလို႔ရယ္”

မိငယ္က မ်က္ႏွာကေလး အိုသြားသည္။

“ညက သူတို႔ဆိုင္ မီးထဲပါသြားတယ္..မမလြီဇာ...အခု မြန္းစံသာက အရင္းအႏွီးျပန္လုပ္ဖို႔ မရွိလို႔ သူ႔ကို ကြၽန္ေစ်းမယ္ သြားေရာင္းမလို႔ လုပ္ေနတယ္...ဟိုေရာက္ရင္ သူ႔အ႐ြယ္ေလးကို ျပည့္တန္ဆာတန္းပို႔ၾကလိမ့္မယ္.အဲ့ဒါ က်ဳပ္လည္း ဝယ္မယ္ဆိုၿပီး ေခၚလာလိုက္တာ”

“ဟယ္..ဘယ္လိုမ်ားျဖစ္ရတာတုန္း”

“အဲ့ဒါေတြ ထားပါဗ်ာ..အခု ႐ြက္နီ ၁၀ ေလာက္ပါရင္ က်ဳပ္ကို ေခ်းပါလား”

“အလို‌ေတာ္..ငါ့ဆိုင္လည္း ညက မီးထဲပါသြားတာေလ..ဘယ့္ႏွယ့္ပိုက္ဆံလာေခ်းေနတာတုန္း”

“သူ႔ကို မြန္းစံသာက ႐ြက္နီႏွစ္ဆယ့္ငါးက်ပ္ နဲ႔ ေရာင္းမွာတဲ့...အဲ့ဒါ က်ဳပ္မွာလည္း မုဆိုးဖိုမွာ မိန္းမက မီးဖြားေနတာ..ဓာတ္စာေလးဘာေလးဝယ္သြားဖို႔ ႐ြက္နီ ဆယ့္ငါးက်ပ္ပဲ ထည့္လာခဲ့တယ္..တစ္ဆယ္လိုေနတာ..မြန္းစံသာကို ေနမြန္းမတည့္ခင္ က်န္တဲ့ေငြလာေပးမယ္ဆိုၿပီး သူ႔ကို ေခၚခဲ့တာပဲ”

“ဟူး..ခက္တာပဲ..ေအာင္ေဇယ်ရယ္...ငါ့မွာေတာ့...႐ြက္နီမပါဘူး..ဂင္ဇာ ငါးက်ပ္သား ေတာ့ပါတယ္”

“အင္း..ဂင္ဇာငါးက်ပ္သားဆို ႐ြက္နီဆယ့္ႏွစ္က်ပ္ေပါက္ေနတာမဟုတ္လား..ေပး..ကြၽန္ေတာ့္ကို ေပးလိုက္ပါဗ်ာ..ကြၽန္ေတာ္ ျပန္ေပးပါ့မယ္”

“ဟဲ့..ငါ့ ဗ်စ္ေႂကြးေတာင္ မေၾကေသးဘူး..နင့္ဟာက”

“က်ဳပ္ သူႀကီးသားပါဗ်...႐ြာမွ ေဆြမ်ိဳးအခိုင္အဖီးနဲ႔ ေနတာပါ..မပူပါနဲ႔..ခင္ဗ်ားေငြ ျပန္ေပးမွာပါ”

လြီဇာက လွည္းေပၚတြင္ ထိုင္ေနေသာ မိငယ္ကို တခ်က္ၾကည့္လိုက္သည္။

မိငယ္က မ်က္လုံးဝိုင္းကေလးႏွင့္ ေငးေန၏။

“ေအးဟာ....ယူသြား.ေရာ့..ေရာ့”

“ဒါဆို..လွည္းပါ ခဏငွားလိုက္ဦး....မြန္းစံသာဆီ သြားၿပီးရင္ စစ္ကိုင္းဆက္တက္လိုက္ဦးမယ္”

“ဟင္..သူ႔ကို မုဆိုးဖို ေခၚသြားမွာ မဟုတ္ဘူးလား”

“ဟာ..မုဆိုးဖိုမွာ က်ဳပ္မိန္းမ ခင္ယြန္းက ေသြးႏုသားႏုနဲ႔..မိန္းမပ်ိဳတစ္ေယာက္ ေခၚလာတာျမင္ရင္ ေသြးတက္ေနပါ့မယ္..စစ္ကိုင္းမွာ က်ဳပ္ဦးရီးရဲ႕ အိမ္ဝိုင္းအလြတ္ရွိတယ္..သူ႔ကို အဲ့ဒီမွာ သြားထားမယ္ေလ”

“ျဖစ္ပါ့မလားဟယ္..တစ္ေယာက္တည္း”

“ဒီမွာ ၾကည့္....မမလြီဇာ”

ေအာင္ေဇယ်က သူ႔ သြားကို စိျပလိုက္သည္။

“ဘာလဲဟဲ့”

“ဟိုေန႔က က်ဳပ္သြားေတြ ေဆးဆိုးေနရင္းတန္းလန္း..ထေျပးခဲ့ရတာေလ..အဲ့ဒါ ရွင္မိငယ္ကို ဆက္ဆိုးခိုင္းရမယ္ဗ်.”

ရွင္မိငယ္ကလည္း ေခါင္းၿငိမ့္ျပသည္။

“ဟဲ့..နင္တို႔က ဘာေတြလဲ...နင္ ေကာင္မေလးကို သေဘာက်တယ္ဆိုလည္း အတည္အတံ့ ေထာက္ပံ့ၿပီး ယူေခ်..နင့္မယားႀကီးထက္ ဂုဏ္မသိမ္ေစနဲ႔..မဟုတ္လို႔က ငါက ၿဗဲတိုက္ဝန္အထိ တက္တိုင္မွာ”

ရွင္မိငယ္က ေခါင္းကေလးငုံ႔သြားသည္။

“က်ဳပ္မင္းေယာက္်ားပါ..မလြီဇာ ရဲ႕..... သူ႔ဘဝကို ကယ္တင္တာပါ...မိငယ္ေရာ...ေမာင္ႀကီးကို ယုံရဲ႕ မဟုတ္လား”

ေအာင္ေဇယ်က မိငယ္၏ ဆံေတာက္ေလးကို လက္ျဖင့္သပ္တင္ရင္းေမးလိုက္သည္။

“ေမာင္ႀကီးက မိငယ္ရဲ႕ သခင္ပဲဟာ..ယုံပါတယ္”

“ေအာင္မယ္ေလး..သြားစရာရွိရင္လည္း သြားၾကေတာ့ဟဲ့..ငါ့ေရွ႕မွာ ယိုးဒယားဇာတ္လာကေနၾကတယ္..ခဲ နဲ႔ ေကာက္ထုမိေတာ့မယ္”

ေအာင္ေဇယ်က ၿပဳံးရယ္ရင္း လွည္းယာဥ္ကို ေမာင္းထြက္သြား၏။

ထိုအခ်ိန္တြင္ ျမင္းတစ္စီးက အျပင္းႏွင္လာၿပီး လြီဇာအနားတြင္ ဇက္ခြံ႕က ရပ္လိုက္သည္။

“ခုန ေအာင္ေဇယ်မဟုတ္လား......ခင္ဗ်ားနဲ႔ သူနဲ႔က ေပ်ာ္လို႔႐ႊင္လို႔ပါလားဗ်..ဘယ္ႏွယ့္ျဖစ္ေနၾကတုန္း”

ငတြန္က ျမင္းေပၚမွမဆင္းပဲ ေမးလိုက္သည္။

“ေတာ့္ အပူ ဘာမ်ားပါလို႔လဲ..ေသြးေသာက္ႀကီးရဲ႕”

“ခင္ဗ်ားလုံၿခဳံေရးအတြက္ က်ဳပ္ကို ကိုးသိန္းသခင္က တာဝန္ေပးထားတာေလ..ဆိုင္တယ္”

“ေငြ လာေခ်းသြားတာ..ဆိုင္တယ္ဆိုလည္း...သူေခ်းသြားတဲ့ ေငြ ရွင္...ဆပ္ေပးမလို႔လား”

“ဝွီး”

ထိုအခ်ိန္တြင္ ျမင္းတစ္စီးက လြီဇာ၏ ေနာက္နားမွ ဒုံးစိုင္းျဖတ္သြားၿပီးေနာက္ လွံတိုတစ္စင္းက အရွိန္ျဖင့္ ထြက္လာသည္။

ငတြန္က ျမင္းေပၚမွ ေနၿပီး လြီဇာ၏ ခႏၶာကိုယ္ကို ေျချဖင့္ ပတ္ကန္လိုက္သည္။လြီဇာမွာ ငတြန္ကန္လိုက္သည့္ အရွိန္ေၾကာင့္ ေျမေပၚသို႔ လဲက်သြား၏။

လြီဇာလဲက်သြားသျဖင့္ လွံတိုက လြီဇာေရွ႕တြင္ ရွိေနေသာ ငတြန္၏ ျမင္းနံေဘးသို႔ စိုက္ဝင္သြားသည္။

ဟီးခနဲ အသံႏွင့္အတူ..ျမင္းက ထခုန္လိုက္သျဖင့္ ငတြန္မွာ ျမင္းေပၚမွ ဒလိမ့္ေခါက္ေခြး ျပဳတ္က်သြား၏။

ငတြန္က လူးလဲထကာ အဲေမာင္းလွံျဖင့္ ျမင္းစီးသမားကို လွမ္းပစ္လိုက္သည္။

သို႔ေသာ္ ျမင္းစီးသမားမွာ ခပ္ေဝးေဝးေရာက္သြားသျဖင့္ မမီလိုက္ေတာ့ေခ်။

“ဘာျဖစ္သြားေသးလဲ”

ငတြန္က လြီဇာကို ထူရင္း ေမးလိုက္သည္။ လြီဇာက အကန္ခံလိုက္ရေသာ လက္ေမာင္းကို ပြတ္သပ္ရင္း ထလာ၏။

“ဘာျဖစ္ရမလဲ..ေစာက္ရမ္းကန္ထည့္လိုက္တာ..ေအာင့္သြားတာပဲ”

“မေသတာပဲ ေက်းဇူးတင္ေလ..အမိရဲ႕....ေလာ္တာဖုန္း က ခင္ဗ်ားကို မရမက ကလဲ့စားေခ်မယ့္ပုံပဲ.. ဒီတိုင္းဆို...ခင္ဗ်ား..လုံးဝမလုံၿခဳံေတာ့ဘူး...လြီဇာ..ဟံသာဝတီကို မသြားခင္ အင္းဝၿမိဳ႕ေပၚမွာ ေပၚေပၚထင္ထင္မေနသင့္ေတာ့ဘူး”

လြီဇာက ေျမျပင္ေပၚတြင္ လဲက်ေနၿပီး ေသြးမ်ားတပြက္ပြက္ထြက္ေနသည့္ ငတြန္၏ ျမင္းႀကီးကို ေၾကာင္ၿပီး ၾကည့္ေနေတာ့သည္။

“ဒါဆို ကြၽန္မက ဘယ္သြားေနရမွာလဲ..ကိုးသိန္းသခင္အိမ္ေတာ္ကိုပဲလား”

ငတြန္က လြီဇာ ပုခုံးကို ဆုပ္ကိုင္လိုက္သည္။

“အဲ့ဒီမွာေတာ့ မေနေစခ်င္ဘူး..အဲ့ဒီ အိမ္ေတာ္က လြဲၿပီး....တျခားေနရာတစ္ခုကို စဥ္းစားပါလား..လြီဇာ”

လြီဇာက ငတြန္၏ မ်က္လုံးမ်ားကို စိုက္ၾကည့္လိုက္သည္။ ငတြန႔္မ်က္လုံးမ်ားထဲမွ စကားလုံးမ်ားစြာကို လြီဇာ ျမင္လိုက္ရ၏။

“ဖာသာမန္းဒက္စ္ ရဲ႕ ဘုရားေက်ာင္းကို ကြၽန္မကို လိုက္ပို႔ေပး..အဲ့ဒီမွာက ကြၽန္မအတြက္ လုံၿခဳံလိမ့္မယ္”

ခက္ေဇာ္

Comments

Post a Comment