ရိုဆယ်လာ
အမှာ စာ
မယ်လွင့်အား ကျွန်မ သိသည်
မှာ မကြာလှသေး။ လွန်ခဲ့သော တစ်လခန့်က ကဗျာဆရာ (ကို)စစ်ငြိမ်းက မယ်လွင့်နှင့်
ကျွန်မကို မိတ်ဆက်ပေးသည် ။ မိတ်ဆက် မပေးခင် ကိုစစ်ငြိမ်းက မယ်လွင့်နှင့်
ပတ်သက်ပြီး စကားပလ္လင်ခံသည် ။ သူ (မ)၏ ပထမဆုံး လုံးချင်းစာအုပ်တွင် ကျွန်မ၏ အမှာ
စာ လိုချင်သည် တဲ့ ။ ကျွန်မက မယ်လွင့်နှင့် ပတ်သက်ပြီး ကိုစစ်ငြိမ်းကို မေးတော့
ကိုစစ်ငြိမ်းက သည် စာအုပ်သည် မယ်လွင့်၏
ပထမဆုံး လုံးချင်း
ဆိုသော်လည်း အရင်ကတည်းက ဇာတ်ညွှန်းတွေ ရေးသူဟု ဆိုသည် ။ ယခုနောက်ပိုင်း ရုပ်ရှင်၊
ဗီဒီယိုတွေ ကျွန်မ မကြည့်ဖြစ်သဖြင့် သူမ၏ လက်ရာကို ကျွန်မ မသိ။ ကျွန်မ၏
စိုးရိမ်မှုများကို ကိုစစ်ငြိမ်းကလည်း ရိပ်မိပုံပေါ်သည် ။ လူချင်းတွေ့ပြီး စကား
အရင်ပြောကြည့်ပါ။ ဖတ်ရသွက်သော အရေးအသား ဖြစ်သော်လည်း စိုးရိမ်စရာ အနေအထား မဟုတ်ဟု
သူက အခိုင်အမာ ဆိုသည် ။
ထို့ကြောင့် မယ်လွင့်နှင့်
ကိုယ်တိုင် လူချင်းတွေ့ပါရစေဟု ကျွန်တော် တောင်းဆိုလိုက်သည် ။ မယ်လွင့်က တစ်ညနေမှာ
စာမူဖိုင်တွဲလေးနှင့် သူမ၏ အမျိုးသားကို အဖော်ခေါ်ကာ ကျွန်မအိမ်သို့ ရောက်လာသည် ။
မယ်လွင့်နှင့် စကားပြောကြည့်ရင်း သူမ၏ စာဖတ်အားကို အနည်းငယ် ခန့်မှန်းမိသည် ။
မယ်လွင့်က စာမူကို ဖတ်ကြည့်ပါ။ ဖတ်ကြည့်ပြီး သဘောမတွေ့လျှင် အမှာ စာ
မရေးချင်လျှင်လည်း ရပါသည် ဟု ဆိုသည် ။
မယ်လွင့် ပြန်သွားတော့
သူမ၏ စာမူကို ကျွန်မ ဖတ်ကြည့်သည် ။
လုံးချင်းဟု ဆိုသော်လည်း
စာမူကလေးက တကယ့်ပါးပါးကလေး။ "ရိုဆယ်လာ"ဟု အမည်တပ်ထားသော
အမျိုးသမီးတစ်ယောက်ကို ကျွန်မ စတွေ့သည် ။ ရိုဆယ်လာနှင့် ဇာတ်ကြောင်းပြောသူ
အမျိုးသားအကြောင်း ဖတ်နေရင် ကင်မီလီကို ကျွန်မ မြင်ယောင်မိသည် ။ မေကို ကျွန်မ
မြင်ယောင်မိသည် ။ တကယ်ကတော့ မေနှင့် ကင်မီလီတို့ ထက် မေနှင့် ကင်မီလီတို့ လက်အောက်
မှောက်မှားစွာ ဝင်သွားခဲ့မိသော အမျိုးသားများကို ကျွန်မ
မြင်ယောင်မိသည် ဆိုလျှင်
ပိုမှန်ပါမည်။
ရိုဆယ်လာသည် နီဖျဉ်းဖျဉ်း
မိန်းကလေး ဖြစ်သည် ။ အပျော်မက်သော၊ အစစ အရာရာအပေါ် သံယောဇဉ်နှင့် ကရုဏာ မထားတတ်သော
မိန်းကလေး ဖြစ်သည် ။ နှုတ်ခမ်းနီကို စွဲမက်ဖွယ်ဖြစ်အောင် အစဉ်သဖြင့် ဆိုးတတ်သူ၊
စိတ်ကို လေအလျင်လို လွှင့်ပစ်တတ်သော မိန်းကလေး ဖြစ်သည် ။ ရိုဆယ်လာသည် တိမ်းမူးဖွယ်
ကောင်းသည် ။
လေလို ရောက် လာပြီး လေလို
ပြန်ထွက်သွားတတ်သော တစ္ဆေသဏ္ဌာန် မိန်းကလေး ဖြစ်သည် ။ လူ့ဘောင် စည်းကမ်းများ ၊
ကျင့်ဝတ်များ ပုံစံတကျ ပတ်ဝန်းကျင် စသည် တို့ မှ သွေခွာနေသော မိန်းကလေး ဖြစ်သည် ။
ရိုဆယ်လာကို တီထွင်သူ မယ်လွင့်သည်
အကြောင်းအရာ သမားဖြစ်သည် ။ အရေးအသားသမား မဟုတ်။ သို့မဟုတ် အရေးအသားသမား မဟုတ်သေး။
လူ့ယဉ်ကျေးမှု ပတ်ဝန်းကျင်နှင့် သွေးဖည်နေသော ရိုဆယ်လာကို တီထွင်ရာတွင် သူမ၏
အားထုတ်မှုများကို ကျွန်မ တွေ့ရသည် ။ သူမ၏ ရိုဆယ်လာ ဖန်တီးမှုတွင် ကျွန်မ
မျောပါရသည် ။ လှိုက်မောရသည် ။ မိန်းမချင်းပင် တွေ့ဆုံချင်စိတ် ကျွန်မမှာ ဖြစ်ရသည်
။ ရိုဆယ်လာနှင့် တွေ့ခဲ့ရသော
အမျိုးသားသည် ခဏတာအားဖြင့်
ကံကောင်းခြင်းသို့မဟုတ် တစ်သက်စာအားဖြင့် ရူးသွပ်ခြင်းတို့ ဖြစ်ပေါ်ခဲ့သည် ။
တိမ်းမူးဖွယ်ကောင်းသော ရိုဆယ်လာကို အမြင်အားဖြင့်ပင် ကျွန်မ တွေ့ဆုံဖူးလိုခဲ့လျှင်
ယခု ရိုဆယ်လာနှင့် တိုက်ရိုက်တွေ့ဆုံ ခဲ့ရသော အမျိုးသားအဖို့ မည်သို့
ဖြစ်နိုင်မည်နည်း။ ကျွန်မလည်း တောင်တောင်အီအီ ရူးသွပ်သွားနိုင်ပါသည် ။
ရိုဆယ်လာကို စာ အခုမှ
စဖတ်မည် (ဖြစ်သည် )ဆိုလျှင်ဖြင့် မဖတ်စေလိုပါ။ အူရိုင်းလေးတစ်ယောက်အဖို့
နေ့ခင်းပူပူတွင် ရမ်အစစ်တစ်ပက်ကို ရေမရောဘဲ သောက်ရသကဲ့သို့ ဖြစ်စေသောကြောင့်
ဖြစ်ပါသည် ။ ရိုဆယ်လာအပေါ် ကျွန်မ နှစ်ပျော်မိသလို ရှင်တို့ လည်း ရိုဆယ်လာအပေါ်
တစ်စုံတစ်ခုတော့ ခံစားကြရပါလိမ့်မည်။ များ စွာသော သမားရိုးကျ အမှာ စာများ လို
စာရေးဆရာမ မယ်လွင့်အပေါ် ကောင်းပါသည် ၊
တော်ပါသည် စသဖြင့်တော့
အလုံးစုံ အာမခံနိုင်မည် မဟုတ်ပေ။ သို့သော်ငြား တစ်စုံတစ်ယောက်က ကျွန်မအား
"သည် စာအုပ်ကို ဖတ်ရသည့်အတွက် မည်သို့ စိတ်ဖြစ်ပါသနည်း"ဟု မေးလာခဲ့သော်
၊ ဥပမာ မြစ်ကမ်းပါးနားတွင် ထိုင်နေစဉ် မျောလာသော တစ်စုံတစ်ရာကို သစ်တုံးထင်ကာ
"ဟာ … ဟိုမှာ မိကျောင်းကြီး"ဟု အော်နောက်လိုက်ရင်းက တကယ်ပင်
မိကျောင်းကြီး ဖြစ်နေသလိုဟု ပြန်ဖြေလိုပါသည် ။ အဓိပ္ပာယ် ရုတ်တရက်
ဖော်မရ ဖြစ်သွားပါသလား။
ကျွန်မလည်း အဓိပ္ပာယ် မဖော်တတ်ခဲ့ရင်းက ရိုဆယ်လာကို မြင်တွေ့ခဲ့ရပါသည် ။
မယ်လွင့် … … …
ကျွန်မလည်း စာဖတ်အား များ
စွာ လိုသေးသကဲ့သို့ မယ်လွင့်သည် လည်း စာဖတ်အား ဆက်တိုက် ဆက်လိုနေဦးမည် ဖြစ်ပါသည် ။
ယခုနှစ် အနည်းငယ်အတွင်း လူငယ်များ ယခင် ခြောက်နှစ်၊ ခုနစ်နှစ်လောက်ကထက် ပိုပြီး
စာဖတ်အား သန်လာကြပါသည် ။ အစဉ်အလာ သဘောအတွင်းမှ စာအုပ်စာပေများကို ဖတ်ရှုသူများ
ရှိသလို အစည်အလာကို ရုန်းကန်လာသော စာအုပ်စာပေများကို လှိုက်လှဲစွာ
ကြိုဆိုဖတ်ရှုကြသော လူငယ်များကိုလည်း များ
စွာ တွေ့လာရသည် ။
"အလိမ္မာ စာမှာ ရှိ"ဟူသော စကားသည် စာတိုင်းကိုလည်း ဆိုလိုဟန်မတူ။
အထူးသဖြင့် စာဖတ်သူသည် အစဉ်အလာအားဖြင့် ဖြစ်ပေါ်လာသော စာအုပ်စာပေများကိုသာ
နှစ်ခြိုက်သူဖြစ်ပါမူ ရိုဆယ်လာနှင့် မထိတွေ့မိစေရန် ကျွန်မ ဆိုချင်ပါသည် ။
မယ်လွင့်သည် အစဉ်အလာကို ဖောက်ထွက်လာသော၊ ပြသလိုသော အကြောင်းအရာကို ထင်ရျားအောင်
ပြသတတ်သော အမျိုးသမီး လူငယ် စာရေးဆရာမ (အသစ်) တစ်ဦး ဖြစ်သည် ။
ထိုသို့ ကျွန်မ
ဆိုသောကြောင့် အစဉ်အလာကို အမြဲတစေ တမင်တကာ ဖောက်ထွက်နေတတ်သော အရိုင်းအစိုင်းမလေး
တစ်ဦးဟု မယ်လွင့်ကို မမြင်စေလိုပါ။
ဖန်တီးလိုက်သော စာပေနှင့် ဖန်တီးသူတို့ အကြားတွင် လူတိုင်း မသိနိုင်သော
ကွဲပြားခြားနားချက်များ ရှိနေနိုင်သည် ကိုလည်း သတိပြုစေလိုပါသည် ။
မြန်မာနိုင်ငံတွင်
အစဉ်အလာကို ဖောက်ထွက်နိုင်သော လူငယ်အမျိုးသမီး စာရေးဆရာများ နည်းပါးလွန်းပါသေးသည်
။ အစဉ်အလာမှ ကွဲထွက်လာသော ပုံစံသစ်များကို ကျွန်မ စိတ်ဝင်စားပါသည် ။ ကျွန်မသည်
လည်း လူငယ်များ ထဲမှ လူငယ်တစ်ဦးပင် ဖြစ်သောကြောင့် ယခုခေတ် ကျွန်မတို့ နိုင်ငံ
အနေအထားနှင့် လူငယ်အများ စုသည် လည်း ကျွန်မကဲ့သို့ စိတ်ဝင်စားကြလိမ့်မည်ဟု ကျွန်မ
ထင်မိပါသည် ။ ထိုသို့
ဆိုသောကြောင့်လည်း
အစဉ်အလာကို ဖောက်ထွက်တိုင်း စိတ်ဝင်စားပါသလော၊ အစဉ်အလာကို ဖောက်ထွက်တိုင်း
ကောင်းသည် မည်၏ လောဟု မမေးကြ၊ မထင်ကြစေလိုပါ။ အစဉ်အလာမှ ဖောက်ထွက်တိုင်းလည်း
အနုပညာ မမည်ပါ။ အရာရာတိုင်းသည် ကိုယ့်ခံယူချက်နှင့် ကိုယ်သာလျှင် နေထိုင်နေကြခြင်း
ဖြစ်ပါသည် ။ ကောင်းသည် ။ မကောင်းသည် ကို ကျွန်မ မဝေဖန်လိုပါ။ အနည်းဆုံးတော့
မယ်လွင့်သည် နောင်နှစ် နှစ်ဆယ် သို့မဟုတ်
နှစ်သုံးဆယ် … သူမ
ကျန်ခဲ့လိမ့်မည်ဟု ကျွန်မ မျှော်လင့်နေပါသည် ။
မယ်လွင့်နှင့် ကျွန်မ
အရေးအသားပိုင်းရော အကြောင်းအရာပိုင်းပါ ကိုင်တွယ်ပုံ တစ်ခုမှ မတူညီကြပါ။ တူညီသည် က
တစ်ချက်တည်း ရှိပါသည် ။
ကျွန်မတို့ ဘာမက်ဆေ့ချ်မှ
မပေးပါ။
ချစ်ခြင်းဖြင့် …
ချိုပိန်းနောင် (စာရေးသူ)
၂၁၊ ဇန်နဝါရီ၊ ၂၀၁၇။
***
မယ်လွင့်အတွက် မမှာ
ချင်လို့ ရေးတဲ့ စာ
မယ်လွင့်ရဲ့
"ရိုဆယ်လာ"ဟာ ပထမအကြိမ် ထုတ်ဝေကတည်းက အရောင်းရဆုံး စာရင်းဝင်ခဲ့ပါသည် ။
ကျွန်တော့်အနေနဲ့ ဝမ်းသာရပါတယ်။ "ရိုဆယ်လာ"ဟာ မယ်လွင့်ရဲ့ ဂုဏ်ယူဖွယ်
ထုတ်ကုန်တစ်ခုပါပဲ။
စာမျက်နှာ ၉၀
ဝန်းကျင်ခန့်ပါတဲ့ ဝတ္ထုလတ်တစ်ပုဒ် ဖြစ်ပါသည် ။ လှပညက်ညောတဲ့ အက်ဆေးတစ်ပုဒ်
ဆိုရင်လည်း ဟုတ်ပါတယ်။ "ရိုဆယ်လာ"ကို ကျွန်တော်ကတော့ သံပရာသီး
ညှစ်ထားတဲ့ ဗော့ဒ်ကာတစ်ခွက်နဲ့ တူတယ်လို့ မြင်ပါတယ်။ ပြင်းတယ်။ ခံတွင်းရှင်းတယ်။
မူးလည်း မူးတယ်။ ပျစ်ချွဲ အီဆိမ့်နေတာမျိုး မဟုတ်လို့ ကျေးဇူးတင်ရပါတယ်။ ခဏခဏလည်း
ပြန်ဖတ်ဖြစ်သလို ဖတ်ပြီးတိုင်းလည်း အော်ဆဲမိပါတယ်။
မြတ်နိုးရပါသော အယုတ်တမာမ
ကြင်နာရပါသော
မကောင်းဆိုးဝါးမ
စွဲလမ်းတပ်မက်ရပါသော
မြွေဟောက်မ ရိုဆယ်လာဟာ သင့်ကို နာကျင် မုန်းတီးစရာတွေပဲ ပေးမှာ ဖြစ်ပါတယ်။
အလိုမကျ ပေါက်ကွဲမှုတွေပဲ
ပေးမှာ ဖြစ်ပါတယ်။
ဝမ်းနည်းဖွယ်
ဆုံးရှုံးမှုတွေကိုပဲ ပေးမှာ ဖြစ်ပါတယ်။
ဘယ်တော့မှ ပြန်ဖမ်းလို့
မမိတော့တဲ့ စိတ္တဇလိပ်ပြာတွေကိုပဲ သင် ရရှိမှာ ဖြစ်ပါတယ်။
လွတ်သွားတဲ့
ရထားတစ်စင်းကိုပဲ အကြိမ်ကြိမ် လက်မှတ်ဖြတ်နေမိမှာ ပဲ ဖြစ်ပါတယ်။
ဖြူစင်အေးမြတဲ့
ချစ်ခြင်းမေတ္တာကို ရှာဖွေတဲ့ မျက်လုံးတိုင်းကို ရိုဆယ်လာက ဆားနဲ့ ပတ်ပြီး ပါးကို
ပိတ်ရိုက်ပြီး ချစ်ခြင်းရဲ့ အခြားသော မျက်နှာတစ်ခုကို ဝံပုလွေတစ်ကောင်
အစွယ်ဖြဲပြသလို သင့်ကို ပြသမှာ ဖြစ်ပါတယ်။
ထို့အတူ သင်
ရိုဆယ်လာဆိုတဲ့ မြွေဟောက်မကိုလည်း မြတ်မြတ်နိုးနိုး ချစ်မိစေမှာ ဖြစ်ပါတယ်။
နာကျင်မှုကို စွဲလမ်းတဲ့ pain
pleasure သင် ရရှိပါလိမ့်မယ်။
Happy ending တွေကို မယုံကြည်တဲ့ ကျွန်တော်ကတော့ ကြိုက်ပါတယ်။ ဒီလောက်ပါပဲ။ ကျွန်တော်
ကိုယ်တိုင်ကလည်း အချစ်ဆိုတာ ပျော်စရာ မဟုတ်ကြောင်း ယုံကြည်ဖို့ လုံလောက်ခဲ့ပြီလေ။
စစ်ငြိမ်း
***
ဒုတိယအကြိမ်အတွက် အမှာ
မဟုတ်တဲ့ "စကား"
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။
ပထမအကြိမ်တုန်းကလိုပဲ ရိုဆယ်လာဟာ ကျွန်မ စိတ်ဓာတ်ကျနေချိန်မှာ ကျွန်မဆီကို ထပ်ပြီး
ရောက်လာခဲ့ပြန်ပါတယ်။ ပင်လယ်ထဲမှာ ရေနစ်ခါနီးတိုင်း မျောပါလာတဲ့ အသက်ကယ်
ဘောကွင်းကို ဖမ်းဆုပ်မိသလိုမျိုး ရိုဆယ်လာ့ဝိညာဉ်ကို မှီပြီး ကျွန်မ
ပြန်ရှင်သန်ခွင့် ရပြန်ပါပြီ။ ရိုဆယ်လာနဲ့
အတူ ကျွန်မလည်း ရှင်တို့ ဆီကို တစ်ခေါက် ပြန်လာခဲ့ပါ့မယ် …
မယ်လွင့်
***
၁။ စွဲမက်ရပါသော ရိုဆယ်လာ
"နင်
ဆေးလိပ်တွေ သောက်နေတာလား"
ကျွန်တော် အဲဒီလို
ပြောတော့ သူ ခေါင်းညိတ်ပြသည် ။ သူ့မျက်နှာ ပြည့်ပြည့်ပေါ်မှာ သူ့နှုတ်ခမ်းဆိုးဆေး
အနီရင့်ရောင်က ထင်လင်း ဖူးကြွနေသည် ။ အနီဆိုပေမဲ့ အနီစစ်စစ် မဟုတ်ဘူး ဆိုတာက
လွဲရင် ဘယ်လိုခေါ်ရမယ့် အရောင်မှန်း ကျွန်တော် မသိပါဘူး။ သူ ပြောဖူးတဲ့
ဘာမြို့နာမည်နဲ့ ခွဲခြားတယ်ဆိုလား၊ အင်္ဂလိပ်စာလုံး သုံးလုံးကို brand
နာမည်ပေးထားတဲ့ အဲဒီ နှုတ်ခမ်းနီကို ဆိုးထားတဲ့
သူ့နှုတ်ခမ်းတွေက
ရဲရင့်ဖူးကြွနေတယ် ဆိုတာကိုပဲ ကျွန်တော် သိတယ်။
အဲဒီ နှုတ်ခမ်းလွှာကြားမှာ
Mild
Seven Menthol စီးကရက် ဖြူဖြူက တွဲလဲခိုချိတ်လို့ … သူ စားပွဲဆီကို
မျက်လုံးဝေ့ကြည့်ရင်း တစ်ခုခုကို ရှာဟန်ပြင်တော့ ကျွန်တော် အလိုက်တသိနဲ့
ဘောင်းဘီအိတ်ထဲက မီးခြစ်ကို အမြန်ထုတ်ပြီး မီးတောက်ကလေးကို သူ့ရှေ့အရောက်
ပို့ပေးလိုက်သည် ။ နှုတ်ခမ်းရဲရဲကို အပေါ်နှုတ်ခမ်းကလေး တစ်ဖက်တည်း တွန့်ချိုးပြီး
ဖန်တီးလိုက်တဲ့ အပြုံးဟာ မျက်စိအမြင်ကနေ
ကျွန်တော့်ရင်ဘတ်ထဲကို
ဖောက်ပြီး ဝင်ရောက်သွားတဲ့ အခါ ကျေးဇူးလို့ ဘာသာပြန်ထားတဲ့ စကားလုံးတွေ
ဖြစ်သွားတယ်။
သူက သူ့နှုတ်ခမ်း
ရဲရဲရင့်ရင့်တွေကို စု၊ မျက်လုံးကို မှ ိတ်၊ မျက်နှာကို မော့ပြီး အငွေ့တွေကို
အားပါးတရ ရှိုက်သွင်းတယ်။ ခပ်မှ ိန်မှ ိန် အဝါရောင်မီး လဲ့လဲ့လင်းနေတဲ့ အခန်းထဲမှာ
သူဟာ နတ်ဆိုးမတစ်ကောင်နဲ့ တူတယ်။ အနက်ရောင် လက်ပြတ်အင်္ကျီကို ဝတ်ထားလို့ သူ့ဆံပင်
အနက်ရောင်တွေဟာ သူ့ပခုံးပေါ်မှာ ဖွာရရာကြဲပြီး အရိုင်းဆန်ဆန် လွတ်လွတ်လပ်လပ်
ပြန့်ကျဲလို့ ။ မလင်းတလင်း
မီးရောင်အပြင် စီးကရက်
အငွေ့တွေကြောင့် သူ့မျက်နှာ ကောက်ကြောင်းကို ဝါရွှေမှုန်ဝါး … မှ ိတ်ထားတဲ့
မျက်ဝန်းတွေရဲ့ မျက်တောင်အရိပ်ဟာ သူ့ပါးပေါ်မှာ ခပ်ရှုပ်ရှုပ် အရိပ်ကလေးတွေအဖြစ်
ထင်နေတယ်။
သူ့မျက်လုံးတွေ ပွင့်
လာပြီး ကျွန်တော့်ဘက်ကို ငဲ့ကြည့်တယ်။ ကျွန်တော့် မျက်လုံးတွေဆီကို ခေါင်းငဲ့စိုက်ကြည့်လာတဲ့
သူ့အကြည့်မှာ တစ်စက္ကန့်လောက်တော့ ဘာအဓိပ္ပာယ်မှ မပါဘူး။ ကြည့်နေရင်းနဲ့ မှ
မျက်ခုံးတစ်ဖက်ကို ပွင့်ပြတယ်။ ကျွန်တော်က ပြုံးရင်း ခေါင်းခါပြတော့ သူက
မျက်လုံးတွေ လွှဲသွားပြီး နှုတ်ခမ်းရဲရဲကြားက သွားကလေးတွေ ပေါ်လာတဲ့ အထိ ပြုံးတယ်။
စီးကရက်ကို ခပ်ပြင်းပြင်း
တစ်ချက် ထပ်ရှိုက်ပြီး
ပြာခံခွက်ထဲ ထိုးခြေပစ်လိုက်သည် ။ ပြီးတော့ ကျွန်တော့်မျက်နှာ ရှေ့တည့်တည့်ကနေ
ကျွန်တော့်မျက်လုံးတွေကို စိုက်ကြည့်ရင်း စီးကရက် မီးခိုးတွေကို
ကျွန်တော့်မျက်နှာဆီကို ဖြည်းဖြည်းချင်း မှုတ်ထုတ်တယ်။
အရိုင်းဆန်ဆန်
ဖွာရရာကြဲနေတဲ့ အနက်ရောင် ဆံပင်တွေနဲ့ ဘောင်ခတ်ထားတဲ့ အဲဒီမျက်နှာပေါ်က အိုပုံစံ
စုထားတဲ့ ရဲရဲရင့်ရင့် နှုတ်ခမ်းအဝိုင်းကလေးဟာ ကျွန်တော့်စိတ်ကို
လောင်မြိုက်စေတယ်။ သူ့ပခုံးကို ဆတ်ခနဲ လှမ်းဆွဲပြီး မျက်နှာချင်း ကပ်လိုက်တော့
သူ့ဆီက ရယ်သံသဲ့သဲ့ ကြားရတယ်။ Menthol ရနံ့နဲ့ နှုတ်ခမ်းရဲရဲလေးဟာ
စိုစွတ် ပူနွေးလို့ ။ ကျွန်တော့် မျက်လုံးတွေကို မှ ိတ်ထားလိုက်မိတယ်။
***
၂။ ယစ်မူး တပ်မက်ရပါသော
ရိုဆယ်လာ
ရိုဆယ်လာဟာ ကျွန်တော်
စိတ်လွတ်ကိုယ်လွတ် ရယ်မောပစ်ဖို့ လူပီသစွာ အတ္တရှိဖို့ ၊ မိုက်ရူးရဲဆန်ဖို့ ၊
စည်းမျဉ်းတွေကနေ ချိုးဖျက်ဖောက်ထွက်ဖို့ လုပ်နိုင်တဲ့ ကမ္ဘာပေါ်က တစ်ဦးတည်းသော
သူပဲ။ ကျွန်တော်ဟာ သူနဲ့ တွေ့တိုင်း ဟန်မဆောင်နိုင်တဲ့ သူ၊ မထိန်းချုပ်နိုင်တဲ့ သူ
ဖြစ်သွားလေ့ ရှိတယ်။ သူဟာ အပြုံးတွေနဲ့ တင် ကျွန်တော့်ကို အရူးလုပ်နိုင်တယ်။
ရိုဆယ်လာဟာ ကျွန်တော့်ရှေ့
ရောက်တိုင်း ဟန်ဆောင်တာ
မရှိဘူး။ ကျွန်တော်က သူ့ကို ကောင်းနိုးရာရာတွေကို ညန်ပြီး ပြောပြတိုင်း
စီးကရက်ဖွာရင်း ငြိမ်သက် နားထောင်နေတတ်တယ်။ ဒါပေမဲ့ လိုက်နာဖို့ ဘယ်တုန်းကမှ
နားထောင်တာ မဟုတ်ခဲ့ဘူး။
သူက ပြန်ပြောတယ်။
"နင် ပြောတဲ့ ကိစ္စမျိုးတွေ ငါ မသိတာ မဟုတ်ဘူး ဆိုတာ နင် သိပါတယ်။ ငါ
လုပ်ချင်တာ၊ ငါ ဖြစ်ချင်တာ၊ ငါ့ဆန္ဒ၊ ငါ့ဘဝ၊ ငါ့ဘာသာငါ ဖန်တီးနေမှာ ပဲ။ ဘယ်သူ့
ထိန်းကျောင်းမှုမှ တကူးတက မလိုဘဲ အခု အရွယ်အထိ နေလာတဲ့ ဥစ္စာ။ ငါ့ကို
နင့်စကားတွေကို အလေးမထားဘူးလို့ မပြောနဲ့ ။ ဘယ်သူ့စကားကိုမှ အလေးမထားလို့
အထူးအဆန်းတွေ မလုပ်စမ်းပါနဲ့ "တဲ့ ။
ဒီလိုတွေ သူပြောလို့
ကျွန်တော့်စိတ်ထဲ ကသိကအောက်ဖြစ်သွားလိမ့်မယ် ဆိုတာမျိုးကို သူ နည်းနည်းမှ
ထည့်တွက်ပြီး တွေးပုံမရဘူး။ ကျွန်တော်က "ဒါဆို ငါ ပြောတာကို ဘာလို့ အစအဆုံး
နားထောင်လဲ။ လုပ်ချင်တာ လုပ်မယ့်အတူတူ သေသေချာချာ ဘာဖြစ်လို့ နားထောင်
နေခဲ့သေးလဲ"လို့ စိတ်ဆိုးမာန်ဆိုး ပြောတဲ့ အခါ … ကျွန်တော့်နှာခေါင်းကို
ဆွဲညှစ်ပြီး ပြုံးရင်း "နင့်အသံကို နားထောင်နေချင်လို့
ပေါ့ဟ"လို့ ပြောတယ်။
ဒီလိုနဲ့ ကျွန်တော့်ရဲ့ ဒေါသတွေဟာ သူ့အပြုံးအောက်မှာ နေရောင်ခြည် ရောက်လာတဲ့ အခါ
ပျောက်သွားရတဲ့ နှင်းတွေလို တစ်စစီ ကွယ်ပျောက်ရတော့တာပါပဲ။
***
သူနဲ့ အတူရှိနေဖြစ်တဲ့
အချိန်တချို့မှာ ရိုဆယ်လာဟာ ကျွန်တော်နဲ့ အတူ ကလေးတစ်ယောက်လို အမျိုးမျိုး
ဆော့ကစားတတ်တယ်။ သူဟာ ကျွန်တော့် ကျောဘက်မှာ မှောက်လျက် အိပ်ရင်း ထိုင်နေတဲ့
ကျွန်တော့် ခါးကို တွယ်ဖက်ပြီး လက်သည်းရှည်မရှိတဲ့ လက်ချောင်းကလေးတွေက ကျွန်တော့်
ဗိုက်သားနဲ့ ခါးပတ်လည်ကို တရွရွ လျှောက်သွားရင်း ကျွန်တော့်ကို အသည်းယားအောင်
လုပ်တတ်တယ်။ "ယားတယ်ကွ"လို့ အော်ရင်း
သူ့လက်ကလေးတွေကို
ဖမ်းချုပ်ပေမဲ့ ကျွန်တော့် လက်ချောင်းတွေ ကြားကနေ မြွေကလေးတွေလို တွန့်လိမ်
လွတ်ထွက်သွားတာချည်းပဲ။ ရွစိ ရွစိနဲ့ အသည်းယားစရာ လက်ချောင်းကလေးတွေရဲ့ ဒဏ်ကို
တစ်ကိုယ်လုံးကို တင်းတောင့်နေအောင် အံကြိတ်ခံထားလည်း တစ်ချက်လောက် လွတ်ထွက်မိတဲ့
ခဏ မထိန်းနိုင်အောင် ကျွန်တော် တွန့်သွားတာကို သဘောတကျနဲ့ တဟားဟား အော်ရယ်တတ်တယ်။
လက်ချင်းချိတ်ပြီး လက်မ
လိုက်ဖမ်းတမ်း ဆော့ဖို့ အတင်းပူဆာတယ်။ လက်သည်းညှပ်ပေးဖို့ ဂျီတိုက်တယ်။ ကျွန်တော် COC
ဆော့တဲ့ အခါ war တိုက်နေတုန်း Home
Button ကို နှိပ်ပစ်တတ်တယ်။ လက်မောင်းတွေကြားထဲ တိုးဝင်ပြီး
ပုံပြင်တွေ ပြောပြခိုင်းတယ်။ အဲဒီအချိန်ကျရင် ကျွန်တော့်လက်မောင်းမှာ
ခေါင်းအုံးပြီး ကျွန်တော့်မျက်နှာကို ငေးရင်း ပုံပြင်နားထောင်တဲ့ သူ့မျက်နှာကလေးဟာ
ပကတိ ကလေးလေးလို
ကြည်စင်နေတတ်တယ်။
ကျွန်တော်က ငုံ့ပြီး သူ့နဖူးကို နမ်းတဲ့ အခါ သူက ခေါင်းအုံးထားတဲ့ ကျွန်တော့်
လက်မောင်းအရင်းကို သွားစွယ်နဲ့ ဖွဖွကလေး ကိုက်တတ်တယ်။ "ဟာ … ခွေးစုတ်မလေး၊
သွားယားနေတယ်။ ကြည့်စမ်း"လို့ ပြောလိုက်ရင် ဒိန်းခနဲ မျက်စောင်းပစ်ထိုး၊ သူ့ကို
ဖက်ထားတဲ့ လက်ဖျံကို ဆွဲယူပြီး သွားရာ အကွင်းလိုက်ထင်အောင်လည်း ကိုက်တတ်သေးတယ်။
တစ်ခါတလေကျ သူဟာ
စိတ်မကြည်မလင်နဲက ကျွန်တော့်ဆီ ရောက် လာလေ့ ရှိတယ်။ အိမ်ထဲဝင်တာနဲ့ ဒေါက်ဖိနပ်ကို
ပစ်ကန်ချွတ်၊ ကိုင်လာတဲ့ ပိုက်ဆံအိတ်၊ သော့ ၊ အပေါ်ဝတ်အင်္ကျီ စတာတွေကို အကုန်ကြမ်းပြင်ပေါ်
ပစ်ချ၊ မီးဖိုခန်းထဲ တန်းဝင်ပြီး ရေခဲသေတ္တာကိုဖွင့်၊ ဘီယာပုလင်းအဖုံးကို သွားနဲ့
ကိုက်ဖွင့်ပြီး တစ်ရှိန်ထိုး မော့ချပစ်တတ်တယ်။ ပြီးရင် ဘီယာပုလင်းဆွဲပြီး
ကျွန်တော့်အခန်းထဲ ဝင်မယ်။
ကျွန်တော့် ဗီရိုကို
ဖွင့်ပြီး တီရှပ်တစ်ထည်ထည်ကို ဆွဲချမယ်။ သူ့အဝတ်အစားတွေကို ချွတ်ပုံချပြီး သူနဲ့
ရှည်လို့ ဂါဝန်အတိုလို ဖြစ်နေတဲ့ ကျွန်တော့် တီရှပ်ကို စွပ်မယ်။
ဖားလျားချထားတတ်တဲ့ ဆံပင်တွေကို သိမ်းကျုံးစုဆွဲပြီး အဆင်သင့် တွေ့တဲ့
ဘောင်လ်ပင်လို၊ ခဲတံလို၊ ထမင်းစား တူလိုဟာမျိုးတွေနဲ့ ထိပ်ပေါ်တင် ထုံးမယ်။
ပြီးရင် ဧည့်ခန်းက ကုလားထိုင်မှာ တင်ပျဉ်ခွေ ထိုင်ချပြီး "ဟဲ့
… နင်
သိလား"ရယ်လို့ အစချီပြီး သူ့ပြဿနာတွေကို တဖျစ်တောက်တောက် ပြောမယ်။
ကျွန်တော်က စိတ်လျှော့ဖို့
ပြောရင် "တိတ်စမ်း"ကနေ အစချီပြီး ပေါက်ကရ ဘာတွေမှန်းမသိတဲ့ ကိစ္စတွေ
ဆွဲထည့်ပြီး နှုတ်ခမ်းတစ်လန် ပန်းတစ်လန်နဲ့ ကျွန်တော့်ကို ကက်ကက်လန်အောင်
ရန်တွေ့တော့တာပါပဲ။ တီရှပ်အပွ တိုနန့်နန့်နဲ့ ဆံပင်ကို ထိပ်မှာ တုတ်နဲ့ ထိုးပြီး
ရန်ထောင်နေတဲ့ သူ့ကို ကြည့်ရတာ တကယ့်ကို ရယ်စရာ။ သူ ဘာတွေပြောပြော၊ သူ့အကျင့်ကို
သိနေတဲ့ ကျွန်တော်က ဒေါသထွက်စရာတွေ
လုပ်နေတယ်လို့ ကို
မမြင်မိဘူး။ သူ ပြောသမျှ ကိုယ့် မကောင်းကွက်တွေဟာလည်း ကိုယ် တစ်ခါမှ
မလုပ်ဖူးတာတွေ၊ မကြားဖူးတာတွေမို့ ဂရုစိုက် နားထောင် မနေပါဘူး။
သိပ်အသည်းယားလာရင်တော့ စွာလန်နေတဲ့ မျက်နှာကို ရင်ခွင်ထဲ အတင်းဖက်ထားလိုက်တယ်။
ခြေကားရား လက်ကားရားနဲ့ ရုန်းကန်ရင်း ခဏနေတော့ ငြိမ်ကျသွားတတ်တာပါပဲ။ အဲဒီအခါကျရင်
ကျွန်တော် ဘာလုပ်လုပ် ငြိမ်သက် နာခံနေတတ်တယ်။
***
ကျွန်တော် ဝန်ခံပါတယ်။
ကျွန်တော်ဟာ ရိုဆယ်လာကို ချစ်တဲ့ အပေါ်မှာ လိင်မှုရေးရာ သာယာမှုကို
ဖယ်မထုတ်နိုင်ပါဘူး။ ကျွန်တော် သူ့ကို ချစ်သလို သူ့ခန္ဓာကိုယ်ကိုလည်း
တပ်မက်မိပြန်တယ်။ ကျွန်တော်နဲ့ သူဟာ တစ်ခါတစ်ခါ အတွေ့ သိပ်စပ်ပေမဲ့ တစ်ခါတလေကျ သူမ
အကြာကြီး ပျောက်နေတတ်ပြန်တယ်။ အဲဒီအခါ ကျွန်တော်က "နင်
ဘယ်ရောက်နေတာလဲ"လို့ မေးရင် သူက ရှုတည်တည်နဲ့ ပြန်ကြည့်တတ်တယ်။ "ငါ
နင်နဲ့
အိပ်လိုက်တာနဲက နင်ဟာ
ငါ့ကိုယ်ရေးကိုယ်တာကို တရားဝင် သိခွင့်ရှိပြီလား"ဆိုတဲ့ စကားနဲ့ ကျွန်တော့်
ပါးစပ်တွေကို သော့ပိတ်သွားစေတယ်။ အခုမှ မဟုတ်ပါဘူး။ ဟိုးအရင် သူနဲ့ ကျွန်တော်
ပထမဆုံး လွန်ကျူးမိတဲ့ နောက်ပိုင်းလည်း ကျွန်တော်တို့ ဆက်ဆံရေးမှာ ထူးခြား
ပြောင်းလဲသွားတာမျိုး သူ့ဘက်က မရှိခဲ့ဘူး။
ကျွန်တော်ကသာ
သူငယ်ချင်းလို၊ မောင်နှမလိုကနေ ရည်းစားလို၊ လင်မယားလို၊ နောက်ဆုံး ဘုရင်မနဲ့
ကျွန်ယုံတော်လို သူနဲ့ ပတ်သက်သမျှ အရာရာကို ပါဝင် ပတ်သက်ချင်နေမိခဲ့တာပဲ။
အဲဒီအချိန်တုန်းက သူ့ကို လက်ထပ်ဖို့ မရည်ရွယ်သေးပေမဲ့ သမီးရည်းစားလို
ဆက်ဆံရေးမျိုး တည်ဆောက်ဖို့ ကျွန်တော် ကြိုးစားခဲ့တယ်။ "ပေါကြောင်ကြောင်
အထာတွေ မလုပ်စမ်းပါနဲ့ "ဆိုတဲ့ သူ့ရဲ့ စကားကို နာမိပြီး သူ့ကို
မပတ်သက်ဖို့
ဆုံးဖြတ်ခဲ့ဖူးတယ်။ ငါက ယောက်ျားပဲ၊ ဘာမှ နစ်နာစရာ မရှိဘူးဆိုတဲ့ အတွေးနဲ့
ရှောင်နေခဲ့တယ်။ ဒါပေမဲ့ အဲဒီ မာနတွေဟာ သူ့မျက်နှာကို ထပ်တွေ့လိုက်ရတဲ့ ခဏမှာ
အလိုလို ပျောက်ကွယ်ပြီး ညှို့ချက်မိနေတဲ့ သားကောင်လို သူ့အနားကိုပဲ တဝဲလည်လည်နဲ့
ပြန်ရောက် လာခဲ့ရတာချည်းပါပဲ။
***
၃။ အိပ်မက်နှင့်တူသော
ရိုဆယ်လာ
အဲဒီညက အိမ်အပြင်မှာ
မိုးတွေ သဲကြီးမဲကြီး ရွာနေတယ်။ ကျွန်တော့်ဆီကို ရောက်မလာတာ ကြာနေပြီဖြစ်တဲ့
သူ့ကို သတိရရင်း မူးမူးနဲ့ အိပ်ပျော်သွားခဲ့တယ်။ ဒီရက်တွေမှာ
"ရိုဆယ်လာ"ဟာ ကျွန်တော်ခေါ်တဲ့ ဖုန်းတွေကို လုံးဝ ပြန်မဖြေတဲ့ အတွက်
သူ့ကို ကျွန်တော် စိတ်ခုနေခဲ့တယ်။ အိပ်မက် မက်သလို မမက်သလိုလို၊ အိပ်သလိုလို၊
မအိပ်သလိုလို ရီဝေဝိုးတဝါး ကျွန်တော့် စိတ်အလျင်ကို တံခါးခေါက်သံ
ကျယ်ကျယ်က
လှုပ်နိုးခဲ့ပါတယ်။ အိမ်တံခါးကို တစ်ခုခုနဲ့ ထုနှက်နေသလို တဒုန်းဒုန်း အသံဟာ
မိုးသံလေသံကို ဖောက်ပြီးခပ်ကျယ်ကျယ် ထွက်နေတယ်။ "ဘယ်သူလဲ"လို့
အသံပေးလိုက်တော့ ပြန်မဖြေဘူး။ ကျွန်တော် ထပ်မေးပေမဲ့ တံခါးခေါက်သံရော ပြန်ဖြေသံကို
တိတ်ဆတ်လို့ နေတယ်။
ကျွန်တော် တံခါးဝမှာ
တွေတွေဝေဝေ ရပ်နေမိတယ်။ ရိုဆယ်လာလား … လို့ တွေးလိုက်ပြီးမှ မဟုတ်နိုင်ပါဘူးလို့
ခေါင်းထဲက ဖယ်ထုတ်မိပြန်တယ်။ သူဆိုရင် ဖုန်းဆက်မှာ ပေါ့။ သူ စကားပြောချင်လာရင်သာ
ဖုန်းစခေါ်တတ်ပြီး ကျွန်တော် ဖုန်းခေါ်ရင် ကိုင်ချင်မှ ကိုင်တတ်တဲ့ မိန်းမ။
အကြောင်းမကြား၊ ဘာမကြား ဖုန်းပိတ်ပြီး ရက်ပေါင်းများ စွာ ပျောက်နေတဲ့ မိန်းမဟာ
မိုးသည်းနေတဲ့ ညသန်းခေါင်မှာ
ကျွန်တော့်အခန်းရှေ့ကို
ရောက်လာမယ်လို့ တွေးမိတာဟာ ကျွန်တော် ရူးသွပ်နေတဲ့ သင်္ကေတပဲ မဟုတ်လား။ တံခါးကို
ဆွဲဖွင့်ပြီး ဘယ်သူမှ ရှိမှာ မဟုတ်တဲ့ လှေကားခွင်ကို ရင်ဆိုင်လိုက်သည် ။
***
ကျွန်တော့်အထင် မှားတယ်။ ရိုဆယ်လာဟာ
အမြဲတမ်း ကျွန်တော့်ကို ရူးအောင်လုပ်တယ်။ သူ အဲဒီမှာ ရပ်နေတာ ဘယ်လောက်တောင်
ကြာခဲ့ပြီ မဆိုနိုင်ဘူး။ လှေကားခွင်တစ်ခုလုံးဟာ ရေတွေနဲ့ ရွှဲရွှဲအိုင်နေတယ်။
သူ့ဆံပင်နက်နက်တွေဟာ ရေစိုလို့ မျက်နှာဘေးမှာ အတန်းလိုက် စင်းကျနေတယ်။ နှုတ်ခမ်းနီ
တစ်စွန်းတစ်စ ကျန်နေသေးတဲ့ သူ့နှုတ်ခမ်းတွေဟာ ပြာနှမ်းပြီး တဆတ်ဆတ် တုန်လို့ ။
လက်မောင်းနှစ်ဖက်ကို
တင်းတင်းပိုက်ထားပြီး
လက်တစ်ဖက်မှာ တော့ သူ့ဒေါက်ဖိနပ်တစ်ဖက်ကို ကိုင်ထားတယ်။ ကျွန်တော့် အိမ်တံခါးကို
ဒေါက်ဖိနပ်ခွာနဲ့ ထုနေခဲ့ပုံပါပဲ။ မျှော်လင့်မထားပါဘဲ သူ့ကို ရုတ်တရက် မြင်လိုက်ရလို့
ကြောင်ပြီး ငေးကြည့်နေမိတဲ့ ကျွန်တော့်ကို တွန်းပြီး အိမ်ထဲကို ဝင်လာတယ်။ သူ
ဝတ်ထားတဲ့ အနီရောင် ကိုယ်ကျပ်အင်္ကျီ အတိုကလေးနဲ့ လက်မောင်းတစ်ဖက်ဟာ စုတ်ပြဲပြီး
တွဲလဲကျနေတယ်။
မီးရောင်ထဲမှာ
သေချာကြည့်မိတော့မှ သူ့နှုတ်ခမ်းမှာ နှုတ်ခမ်းနီတွေ ကျန်နေတာ မဟုတ်ဘဲ သွေးတွေ
ဆိုတာကို ကျွန်တော် မြင်ရတယ်။
ထုံးစံအတိုင်း
ဒေါက်ဖိနပ်ကို ကန်ချွတ်ပစ်ချပြီး မီးဖိုဘက်ကို ထွက်သွားတယ်။ တံခါးကို
အမြန်ပြန်ပိတ်ပြီး သူ့နောက်ကို လိုက်၊ သူ့ကို "ဘာဖြစ်လာတာလဲ"လို့
ကျွန်တော်က မေးပေမဲ့ သူက အရေးလုပ်ပြီး မဖြေဘူး။ ရေခဲသေတ္တာကို ဖွင့်ပြီး သူ ကြိုက်တတ်လို့
ကျွန်တော် ဝယ်ထည့်ထားတဲ့ Absolut Vodka ကို
ပုလင်းအတိုင်း ကောက်မော့တယ်။ နှုတ်ခမ်းက သွေးစတွေကို လျှာနဲ့ သပ်ပြီး သိမ်းတယ်။
"အခုမှာ
နွေးသွားတယ်"လို့
ပြောရင်း ပခုံးတွန့်ပြီး ပုလင်းကို ပြန်ထည့်တယ်။ သူ့ပခုံးကို ကိုင်ပြီး
ကျွန်တော်နဲ့ မျက်နှာချင်းဆိုင် ခပ်ကြမ်းကြမ်း ဆွဲလှည့်လိုက်တော့ သူက အားခနဲ
ထအော်တယ်။ ကျွန်တော် လန့်ပြီး သူ့ပခုံးကို ကြည့်လိုက်တဲ့ အခါ ညိုမည်းနေတဲ့
သွေးခြည်ဥ ဒဏ်ရာကို တွေ့ရပြန်တယ်။ "ဘာဖြစ်တာလဲ၊ ဘယ်သူ လုပ်တာလဲ၊ ဘာလို့
လုပ်တာလဲ၊ ဘာနဲ့ လုပ်လိုက်တာလဲ" ဆိုတဲ့ ကျွန်တော့်ရဲ့
"ဘ"ကုန်းပေါင်း
များ စွာကို သူက အရေးမလုပ်ဘူး။ "စကားများ လိုက်တာဟာ နင်ကလည်း … ဘာရှိလဲ
ဗိုက်ဆာတယ်"ဆိုတဲ့ စကားနဲ့ ကျွန်တော့် မေးခွန်းတွေကို ဖြတ်တောက်လိုက်တယ်။
ရိုဆယ်လာဟာ အဲဒီလိုချည်းပဲ။
ထမင်းစား စားပွဲပေါ်
တင်ပါးလွှဲ ထိုင်ပြီး သူကအတွက် ကြက်အူချောင်းနဲ့ ဝက်သားပြားတွေ ကျွန်တော်က ကြော်ပေးနေတာကို
ကြည့်နေတယ်။ "ထမင်းတော့ မရှိတော့ဘူး။ ကော်ဖီ သောက်မလား"ဆိုတော့ Vodka
ပဲ တဲ့ ။ သူ့အကြိုက် လိမ္မော်ရည်နဲ့ စပ်ပေး၊ အိပ်ခန်းထဲက တဘက်ကို
ယူပြီး ရေစိုနေဆဲ သူ့ဆံပင်တွေကို သုတ်ပေးနေလိုက်တယ်။ ကျွန်တော် ကြော်ပေးထားတဲ့
ဟာတွေအပြင် ညနေက ကျန်တဲ့ ဟင်းခွက်ထဲက ပုစွန်တွေကိုပါ
ထပ်ပြီး ယူစားနေတယ်။
"နင်
ဘယ်လောက်တောင် ဆာလာတာလဲ"လို့ မေးတော့ "နင့်တစ်ကောင်လုံးကိုတောင်
စားပစ်နိုင်လောက်အောင်ပဲ"လို့ ဂျစ်ကန်ကန် ဖြေတယ်။
စားလို့ ကုန်သွားတော့
ဇွန်းကို ပစ်ချ၊ Vodka လက်ကျန်ကို
ကောက်မော့ပြီး သူ့ဆံပင်တွေကို ကျွန်တော် ရေသုတ်ပေးတာကို ငြိမ်ခံတယ်။ ရေသုတ်ပေးရင်း
သူ့နဖူးကို နမ်းတဲ့ အခါ ကျွန်တော့်ပခုံးကို ခေါင်းမှီပြီး ငြိမ်သက်နေခဲ့တယ်။
ပြီးမှ "ရေချိုးချင်တယ်ဟာ။ တစ်ကိုယ်လုံး မိုးရေတွေနဲ့ ယားတယ်"ဆိုပြီး
သူ့ကျောဘက်က အင်္ကျီဇစ်ကို ကျွန်တော့်ကို ဖြုတ်ခိုင်းတယ်။ ဆံပင်တွေကို Shower
cup အောက်ကို
ထိုးသွင်းနေတဲ့ ရိုဆယ်လာ့
ကိုယ်လုံးလေးဟာ ကျွန်တော့် မျက်စိထဲမှာ အရမ်းကို သေးကွေးနေတယ်။ ဟုတ်တယ်၊
ကျွန်တော်နဲ့ မတွေ့တဲ့ ရက်ပေါင်း ကိုးဆယ်အတွင်း သူ တအားပိန်သွားတယ်။
ရေချိုးခန်းထဲကို သူ ဝင်သွားတဲ့ အခါ ပြန်ထွက်လာရင် ဝတ်ဖို့ ကျွန်တော့်တီရှပ်
အပြာရောင်ကို ထုတ်ပြီး ခုတင်ပေါ် တင်ထားပေးလိုက်တယ်။
သူ စားပြီးသား
ပန်းကန်တွေကို ကျွန်တော် ဆေးကြော သိမ်းဆည်းပြီးတဲ့ အထိ ရိုဆယ်လာ ထွက်မလာဘူး။
ရေချိုးခန်းတံခါးကို ခေါက်ပြီး သူ့နာမည်ကို အော်ခေါ်တော့ Lockမချထားတဲ့ တံခါး ပွင့်သွားတယ်။
ရိုဆယ်လာဟာ ရေပန်းကို ဖွင့်ထားပြီး ရေပန်းအောက်က ရေချိုးခန်း ကြမ်းပြင်မှာ
ဒူးနှစ်ဖက်ကို ပွေ့၊ မျက်နှာကို ဝှက်ထားပြီး ထိုင်နေတယ်။ တသိမ့်သိမ် လှုပ်နေတဲ့
သူ့ကျောပြင်လေးကြောင့် သူ ငိုနေမှန်း
ကျွန်တော် သိရတယ်။
သူ့ကိုယ်လုံးကလေးကို ဆွဲထူ မတ်မတ်ရပ်စေပြီး သူ့မျက်နှာကလေးကို ဆွဲမော့တော့
မျက်နှာကို အမြင်မခံဘဲ ငုံ့ဝှက်ထားတယ်။
ကျွန်တော့်ခါးကို သူက
တင်းတင်းဆွဲဖက်ပြီး သူ့မျက်နှာကို ဝှက်ထားတာကြောင့် ကျွန်တော့် တစ်ကိုယ်လုံးလည်း
ရေပန်းက ကျတဲ့ ရေတွေနဲ့ စိုရွှဲနေခဲ့ပြီ။ ကျွန်တော်က "ရိုဆယ်လာ … ငါ့ကို
ကြည့်ပါဦး"လို့ ပြောတော့ သူ မော့ကြည့်လာတယ်။ မျက်လုံးတွေ မို့အစ်
နီရဲနေတာကလွဲလို့ မျက်ရည်တစ်စွန်းတစ်စမှ မတွေ့ရဘူး။ သူ ငိုနေပါတယ်လို့
ကျွန်တော့်ကို ဝန်မခံဘူး။ ရိုဆယ်လာဟာ ကျွန်တော့်ကို
စိုက်ကြည့်နေရင်း
ကျွန်တော့် လည်ပင်းကို သိုင်းဖက်လိုက်တယ်။ ရေစက်ကလေးတွေ သီးနေတဲ့ သူ့နှုတ်ခမ်း
အေးစက်စက်ကလေးတွေနဲ့ ကျွန်တော့် နှုတ်ခမ်းဆီကို ဖိကပ်လာတယ်။ အလျှံညီးညီး
လောင်စာနဲ့ တူတဲ့ သူ့အနမ်းတွေအောက်မှာ ကျွန်တော့် အသိတရားတွေ ပြာကျသွားကြတယ်။
ရေပန်းတွေဆီက ကျလာတဲ့ ရေစက်တွေအောက်မှာ သူ့နှုတ်ခမ်းလေးတွေ နွေးထွေး ပူလောင်လာတဲ့
အထိ မက်မက်မောမော အကြာကြီး နမ်းနေမိခဲ့တယ်။
ကမ္ဘာဦး လူသားမလေးရဲ့
ကိုယ်လုံးလေးကို တစ်သားတည်း ဖြစ်လုမတတ် တင်းတင်း ပွေ့ဖက်ယူလိုက်တယ်။
အဲဒီညက တီရှပ်
အပြာရောင်လေးကို ရိုဆယ်လာ မဝတ်ဖြစ်လိုက်တော့ဘူး။
***
သူ့ကို ဖက်ထားပြီး
နိုးလာရတဲ့ မနက်ခင်းဟာ ကျွန်တော့်ဘဝအတွက် သာယာပြည့်စုံတဲ့ မနက်ခင်းပါပဲ။ သူ
မနိုးအောင် အသာထ၊ မျက်နှာသစ်ပြီး မနက်စာအတွက် ဆင်းဝယ်ရင်း သူ အပျင်းပြေ ဝါးဖို့
အာလူးကြော်၊ နေကြာစေ့၊ ဆားငန်စေ့တွေ ဝယ်ခဲ့တယ်။ စားစရာတွေ ပြင်ဆင်ပြီး သူ့ကို
နှိုးဖို့ ခုတင်ခေါင်းရင်းက ကန့်လန့်ကို ဖွင့်လိုက်တယ်။ မနက်ခင်းရဲ့
နေရောင်နုနုလေးဟာ ရိုဆယ်လာ့ ပခုံးစွန်းကလေးအပေါ်ကို
ဖြာကျနေတယ်။ နေရောင်ထဲမှာ
သူ့ဆံပင်လေးတွေက လဲ့လဲ့ကလေး လက်လို့ ။ ကျွန်တော့်ဘက်ကို ကျောပေးထားလို့ ပခုံးပေါ်က
ဒဏ်ရာကို မြင်ရတယ်။ သူ့ပခုံးကို ဆေးလိမ်းပေးတာတောင် အိပ်ပုပ်မလေးက မနိုးပါဘူး။
ကျွန်တော်က ငုံ့ကိုင်းပြီး သူ့ပါးကို ဖွဖွကလေး နမ်းတော့ ခန္ဓာကိုယ်ကလေး
လွန့်လူးလာတယ်။ မျက်လုံးတစ်ဖက်ကို အားယူဖွင့်ပြီး ကျွန်တော့်ကို ကြည့်ရင်း
လက်ကမ်းတယ်။ သူ့ကို ဖက်လိုက်တဲ့ အခါ
အိပ်ချင်မူးတူးနဲ့
ကျွန်တော့်ပါးကို နမ်းတယ်။ ပြန်အိပ်ဦးမယ်လို့ အသံအက်အက်နဲ့ တိုးတိုးပြောတယ်။
ကျွန်တော် သူ့နှုတ်ခမ်းလေးကို နမ်းလိုက်ပြီး …
"နင့်အတွက်
မြီးရှည် ဝယ်ထားတယ်။ နိုးရင် စားလိုက်နော်။ ကော်ဖီက ဓာတ်ဘူးထဲမှာ … အခု ငါ အ
လုပ်သွားတော့မယ်။ ညနေ စောစော ပြန်ခဲ့မယ်"လို့ ပြောတော့ ခေါင်းညိတ်ပြတယ်။
ဒီကနေ့ဟာ ကျွန်တော့်ဘဝရဲ့
အသာယာဆုံးနေ့ပါပဲ။ တစ်နေကုန် ပြုံးနေလို့ လုပ်ဖော်ကိုင်ဖက်တွေကပါ မေးယူရတဲ့ အထိပဲ။
အိမ်ပြန်ရောက်တဲ့ အခါ ရိုဆယ်လာကို မြင်ရမယ်ဆိုတဲ့ အသိက ကျွန်တော့်ကို မပြုံးဘဲ
မနေနိုင်အောင်ပါပဲ။ အလုပ်ကအပြန်၊ စူပါမားကတ် ဝင်ပြီး ချက်ပြုတ်စားဖို့ စားစရာတွေ
ဝင်ဝယ်ခဲ့တယ်။ ရိုဆယ်လာ ကြိုက်တဲ့ လက်ဖက်စိမ်းရေခဲမုန့်ကို ဝယ်တယ်။ ညစာကို
ကျွန်တော်ကိုယ်တိုင်
ချက်ပြီး သူနဲ့ အတူ
စားမယ်၊ ရုပ်ရှင် အတူကြည့်ကြမယ်ဆိုတဲ့ အတွေးနဲ့ ကျွန်တော့် အိမ်အပြန်လမ်းဟာ
တက်ကြွနေခဲ့တယ်။ ဒါပေမဲ့ အိမ်တံခါးဖွင့်ပြီး သူ့နာမည်ကို ခေါ်လိုက်တဲ့ အခါ
ရိုဆယ်လာဟာ မတုံ့ပြန်ဘူး။ တံခါးဝက
ဖိနပ်စင်ပေါ် ကျွန်တော် တင်ပေးခဲ့တဲ့ သူ့ဖိနပ်လည်း မတွေ့တော့ဘူး။ ပြိုကျသွားတဲ့
စိတ်ကူးနဲ့ အတူ ကျွန်တော့် လက်ထဲက စူပါမားကတ် တံဆိပ်နဲက အိတ်ပါ လျှောကျသွားတယ်။
အိတ်ထဲက
လက်ဖက်စိမ်း
ရေခဲမုန့်ဘူးလေး ပြုတ်ကျပြီး လိမ့်ထွက်သွားတယ်။ တံခါးဝမှာ ကျွန်တော် ငူငူကြီး
ရပ်နေမိတယ်။ သူဟာ ကျွန်တော့် ဆီကို ရုတ်တရက် ရောက် လာပြီး အသိမပေးပဲ
ပြန်ထွက်သွားခဲ့ပါတယ်။
"နင်ဟာ
အိပ်မက်လိုပါပဲလား … ရိုဆယ်လာ"
***
၄။ မြတ်နိုး
ကိုးကွယ်ရပါသော ရိုဆယ်လာ
ဒီတစ်ခါ သူ ပြန်လာခဲ့ရင်
ကျွန်တော် လက်မခံတော့ဘူးလို့ ဆုံးဖြတ်ထားမိတယ်။
"မိရိုဆယ်လာ
… နင်ဟာ တော်တော် ကြောက်စရာ ၊ ရွံစရာ၊ စိတ်ပျက်စရာ ကောင်းလွန်းတယ်"
မူးမူးနဲ့ နံရံပေါ်က နှင်းဆီပန်းပွင့်
ပန်းချီနီရဲရဲကို စိုက်ကြည့်မိတိုင်း ကျွန်တော် အဲဒီလို ရေရွတ်တတ်တယ်။ နှင်းဆီ
အနီရဲရဲရဲ့ လတ်ဆတ်စွာ ပွင့်လုဆဲဆဲ အဖူးအငုံကလေးတွေကို မြင်တိုင်း ရိုဆယ်လာ့ရဲ့
နှုတ်ခမ်းလေးတွေပဲလို့ မြင်ယောင်မိတယ်။ သူက တစ်ခါမှ နှင်းဆီပန်းကို
ကြိုက်ပါတယ်လို့ မပြောခဲ့ပါဘဲနဲ့ သူနဲ့ နှင်းဆီအနီရဲရဲကိုမှ တွဲမြင်နေမိတတ်တာလည်း
ဆန်းတယ်။ ကျွန်တော်က
ကိုယ့်ကိုယ်ကိုယ်
ရိုဆယ်လာ့ပေါ် နားအလည်ဆုံး၊ သူ့အကြောင်း အသိဆုံးလို့ ထင်ခဲ့မိပေမဲ့ သူနဲ့
ပတ်သက်ပြီး ကျွန်တော် သိတာ အများကြီး မရှိဘူး။
ရိုဆယ်လာဟာ Methol
စီးကရက် သောက်တယ်။ Vodka ကို လိမ္မောရည်နဲ့
သောက်တယ်။ Escada Blue ရေမွှေးကိုပဲ သုံးတတ်ပြီး
ဒေါက်မြင့်ဖိနပ်ကို စွဲစွဲမြဲမြဲ စီးတယ်။ သူ ဘာအစားအစာ ကြိုက်လဲ၊ ဘာပန်းကြိုက်လဲ၊
ဘယ်မှာ နေပြီး ဘာအလုပ် လုပ်သလဲ၊ ဘယ်ဘာသာ ကိုးကွယ်ပြီး ဘာလူမျိုးလဲ၊ သူဟာ အပျိုလား၊
အိမ်ထောင်သည် လား၊ ကလေးအမေလားက အစ ကျွန်တော် ဘာမှ မသိဘူး။ ကျွန်တော်
ကြိုးစားစုံစမ်းပေမဲ့ ရိုဆယ်လာဟာ ကျွန်တော့်
ဘဝထဲမှာ
နတ်ဆိုးမတစ်ယောက်လို ဘွားခနဲ ပေါ်လာလိုက်၊ ဖျတ်ခနဲ ပျောက်သွားလိုက်နဲ့ ပါပဲ။
ရိုဆယ်လာဟာ မကြင်နာတတ်ဘူး။
အရိုင်းဆန်တယ်။ လိင်ဆွဲဆောင်မှု ပြင်းတယ်။ ကျွန်တော့်အပေါ်မှာ လည်း အလွန်
နိုင်စားလွန်းတယ်။ မဟုတ်ဘူး ။ ကျွန်တော်ကိုက သူ့ကို ရိုကျိုးလွန်းနေတာ။ သူကသာ
စူးခနဲ စိုက်ကြည့်လိုက်ရင် ကျွန်တော် မခံနိုင်ဘူး။ ကျွန်တော်ဟာ သူ့အလိုကို
လိုက်ဖို့ မွေးလာတဲ့ ကျွန်တစ်ယောက်လိုပဲ။ ကျွန်တော့် ဆန္ဒတွေ၊ စိုးပိုင်မှုတွေဟာ သူ့အကြည့်တစ်ချက်
အောက်မှာ တင်
ပြားပြားကို ဝပ်လို့ ။
သူ့အတွက်ဆို ကျွန်တော်ဟာ သောက်သုံးမကျတဲ့ နွားတစ်ကောင် ဖြစ်နေခဲ့တယ်။ အဲဒီလို
ပြောလို့ ကျွန်တော် သူ့ကို အပြစ်တင်နေတယ်လို့ မထင်နဲက။ ဒါဟာ ကိုယ့်ကိုယ်ကိုယ်
ပြန်သုံးသပ်တာ တစ်မျိုးပဲ။ တကယ်တော့ ပတ်ဝန်းကျင်ကရော၊ ကျွန်တော် ကိုယ့်ကိုယ်ကိုယ်
ခံယူထားတာရော ကျွန်တော်ဟာ ကျားတစ်ကောင်ပဲ။ ဒါပေမဲ့ အဲဒီကျားဟာ ရိုဆယ်လာ့ရှေ့
ရောက်ရင် ကျာပွတ်သံပေးရုံနဲ့
ငြိမ်ဝပ်တတ်တဲ့ ၊
မီးကွင်းထဲ ကျွမ်းပစ်ပြဖို့ ဝန်မလေးတဲ့ ကျားတစ်ကောင် ဖြစ်နေခဲ့ပြန်ပါတယ်။
***
အရက်ပုလင်းခွံကလေးတေါကို
နံရံကပ် မီးအိမ်အဖြစ် ဖန်တီးထားပြီး ဘော့မာလီရဲ့ ရက်ဝေးသီချင်းတွေ
ဖွင့်တတ်လေ့ရှိတဲ့ ဒီ Bar လေးဟာ ကျွန်တော်
သဘောအကျဆုံး Bar တစ်ခုပဲ။ အဲဒီ Bar ထဲမှာ
ကျွန်တော်နဲ့ ကျွန်တော့်ရည်းစား ဖြစ်အံ့ဆဲဆဲ မိန်းကလေးတို့ ထိုင်ဖြစ်တယ်။
အရပ်မြင့်မြင့် သွဲ့သွဲ့နှောင်းနှောင်း ရွှေအိုရောင် ဆံပင်ရှည်နဲ့ မိန်းကလေးဟာ
သူ့ငယ်ဘဝ ကျောင်းတက်တုန်းက အကြောင်းတွေ ပြောရင်း
ရယ်နေတယ်။ သူ့ကို
စကားပြောလိုက်၊ Whisky sour လေး မြုံ့လိုက်၊
ရက်ဂေးသီချင်းလေး နားထောင်လိုက်နဲ့ သာယာတဲ့ သောကြာနေ့ ညနေခင်းကို ခံစားနေခဲ့တယ်။
သီချင်းဆုံးချိန်မှာ နောက်တစ်ပုဒ်အဖြစ် Adele ရဲ့ Rolling
in the deep ပေါ်လာတယ်။
Babe,I have no story to
be told
But I’ve herad one on you
Now I’m gonna make your
head burn ဆိုတဲ့ အပိုဒ်အရောက်မှာ ကျွန်တော့် နှာခေါင်းဝမှာ
ရိုဆယ်လာကိုယ်နံ့ မွှေးပျံလာခဲ့တယ်။ Escada Blue ရေမွှေးနံ့ကို
ဘယ်နေရာမှာ မဆို ရနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီရေမွှေးနံ့နဲ့ ရောယှက်နေတဲ့ ရိုဆယ်လာ့
ကိုယ်သင်းနံ့ကိုတော့ သူ့ဆီကလွဲရင် မရနိုင်ဘူး မဟုတ်လား။ ကျွန်တော် Bar ပတ်လည်ကို ကျီးကန်းတောင်းမှောက် လိုက်ရှာမိတော့ တွေ့ပါပြီ။
ကျွန်တော့်ဆီကနေ စာတစ်လုံး၊ စကားတစ်ခွန်း
မချန်ဘဲ
ပျောက်ကွယ်သွားခဲ့တဲ့ ရိုဆယ်လာ။ ဖုန်းတစ်ချက် ခေါ်၊ မက်ဆေ့ဂျ်တစ်ကြောင်း ပို့ပြီး
တောင်းပန်ဖော်မရတဲ့ မိန်းမ။ အခု ကျွန်တော့် မျက်စောင်းထိုး လေးခုံအကွာလောက်က
စားပွဲမှာ ယောက်ျားတစ်ယောက်နဲ့ အတူ ထိုင်နေတဲ့ အရိုင်းအစိုင်းမ။ သူက ကျွန်တော့်ကို
မြင်တော့ လက်တစ်ဖက်ထောင်ပြီး ပြုံးပြတယ်။ သူ့ပုံစံက သူ ဘယ်တုန်းကမှ ကျွန်တော့်ကို
စွန့်ပစ်မထားခဲ့ဖူး သလိုမျိုး။ မနေ့ကမှ
ခွဲခွာလာတဲ့ အသိမိတ်ဆွေနဲ့
ရုတ်တရက် ဆုံလို့ အသိအမှတ် ပြုတဲ့ အနေနဲ့ လှမ်းနှုတ်ဆက်သလိုမျိုး။ သူ
လက်ထောင်ပြတာကို တွေ့တော့ သူနဲ့ အတူ ထိုင်နေတဲ့ ကောင်က လှည့်ကြည့်တယ်။
"တောက်
… ခွေးသူခိုး"လို့ ဆဲပစ်လိုက်တဲ့ ကျွန်တော့် ရင်ထဲက ဆဲရေးသံကို မကြားပေမဲ့
မီးတောက်တော့မလောက် ကျွန်တော့်မျက်လုံးတွေကို အဲဒီကောင်လည်း နှစ်မြို့ပုံ မရပါဘူး။
ရိုဆယ်လာ့ကို ဘယ်သူလဲလို့ မေးပုံရတယ်။ သူက ပြုံးရယ်ရင်း ခေါင်းခါပြလိုက်တာကို
တွေ့ရတယ်။ ဟိုကောင်က သူ့ပါးတစ်ဖက်ကို လှမ်းညှစ်တယ်။
"အဲဒီကောင်ကိုများ
အဲဒီလို ပြုံးပြရတယ်လို့ ကွာ။ ခေါင်းခါပြတာက ငါက နင့်အတွက် ဘာမှ မဟုတ်ဘူး ဆိုတဲ့
သဘောပေါ့၊ ဟုတ်လား … ရိုဆယ်လာ"
ကျွန်တော့် လက်ထဲက Whisky
ခွက်ကို ဆောင့်ချလိုက်တယ်။ ကျွန်တော်နဲ့ အတူ ထိုင်နေတဲ့
ဟိုကောင်မလေးက ကျွန်တော့်ကို နားမလည်သလို ကြည့်ရင်း ဘာဖြစ်တာလဲလို့ မေးတယ်။
မီးရောင် အဝါလဲ့လဲ့ဟာ
ရိုဆယ်လာနဲ့ သိပ်လိုက်တယ်။ အင်္ကျီလက်ပြတ် အနက်ရောင်ကို ဝတ်ထားတဲ့ အတွက် မီးရောင်ကျနေတဲ့
သူ့လက်မောင်းတွေဟာ ရွှေရောင်လွှမ်းနေတယ်။ ထုံးစံအတိုင်း ဆံပင်နက်နက်တွေက ပခုံးနဲ့
ကျောပြင်ပေါ်မှာ လွတ်လွတ်လပ်လပ် ဖားလျားဝဲကျနေတယ်။ သူ့ဆံပင်တွေ ပိုရှည်လာတယ်။
ကျွန်တော် စွဲလမ်းတဲ့ နှုတ်ခမ်းရဲရဲတွေကို ပြုံးရယ်ရင်း ဟိုကောင့်ကို စကားတွေ
ပြောနေတယ်။
ကျွန်တော့်ဘက်ကို
တစ်ချက်တောင် လှည့်မကြည့်ဘူး။
ရိုဆယ်လာကိုပဲ
စိုက်ကြည့်နေလို့ ထင်တယ်။ ကျွန်တော်နဲ့ အတူ ထိုင်နေတဲ့ ကောင်မလေးကပါ ကျွန်တော်
ကြည့်တဲ့ ဆီ လှည့်ကြည့်တယ်။ ပြီးတော့ "ဒီမှာ "လို့ ကျွန်တော့်ကို
ခေါ်တယ်။ ကောင်မလေးရဲ့ လေသံက တင်းမာနေသလို အသံလည်း အနည်းငယ် တုန်နေတယ်။
"ကျွန်မ ပြန်တော့မယ်"လို့ ခပ်တင်းတင်း ပြောတယ်။ ကျွန်တော် ခေါင်းပဲ
ညိတ်ပြမိတယ် ထင်တယ်။ အခုအချိန်မှာ ရိုဆယ်လာထက် ဘာကမှ အရေးမကြီးဘူး။ သူမ ခြေကို
ဆောင့်နင်းပြီး
ထွက်သွားတယ်။ ရိုဆယ်လာက ကျွန်တော့်ကို လှမ်းကြည့်တယ်။ ချက်ချင်းပဲ
မျက်နှာပြန်လွှဲသွားပြီး သူ့ရှေ့က cheese အတုံးလေးကို
ယူမြုံ့နေတယ်။ သူ့ရဲ့ ထီမထင်တဲ့ ပုံစံကို ကျွန်တော် ဒေါသထွက်လာမိတယ်။ ကျွန်တော့်
သွေးတွေ တပွက်ပွက် ဆူဝေလာတယ်။ သူနဲ့ အဲဒီကောင် ထိုင်နေတဲ့ စားပွဲဆီကို ကျွန်တော်
လျှောက်သွားလိုက်တယ်။
"နင်ဟာ
ငါ့ကို တောင်းပန်ရကောင်းမှန်းတောင် နားမလည်တဲ့ မိန်းမပါလားရိုဆယ်လာ"
ကျွန်တော်
သူ့ခေါင်းပေါ်ကို လက်ထဲက whisky sour ခွက်နဲ့
လောင်းချလိုက်တယ်။ သူ တအံ့တဩ မော့ကြည့်တယ်။ သံပရာသီး အကွင်းကလေး သူ့ဆံပင်ပေါ်
ငြိနေတယ်။ ဟိုကောင်က ဝုန်းခနဲ ထရပ်ပြီး ကျွန်တော့် တီရှပ်လည်ပင်းကို
ဆောင့်ဆွဲလိုက်တယ်။ ရိုဆယ်လာ ထရပ်တယ်။ ဟိုကောင့်ကို တားပြီး ကျွန်တော့်နာမည်ကို
ခေါ်တယ်။ ပြီးတော့ တစ်ခွန်းပဲ ပြောတယ်။ "နင် အခုချက်ချင်း
ထွက်သွားလိုက်တော့"တဲ့ ။ ကျွန်တော်
ပြောခဲ့ပါရောလား …
ကျွန်တော်ဟာ ရိုဆယ်လာ့ နွားပါလို့ ။ ဟိုကောင့် လက်ကို တွန်းဖယ်ပြီး Bar
ထဲကနေ ကျွန်တော် ထွက်လာခဲ့တယ်။ ၄၇လမ်းထောင့်က အုတ်နံရံကို လက်သီးစာ
ကျွေးပစ်လိုက်မိတယ်။ ကျွန်တော့် ခေါင်းတွေ ပေါက်ထွက်မတတ် တဒုန်းဒုန်း
ကိုက်ခဲလာတယ်။
"နင်ဟာ
မကောင်းဆိုးဝါးမပဲ ရိုဆယ်လာရဲ့ … သိလား။ နင်ဟာ အယုတ်တမာမ"
လမ်းပေါ်က ကျောက်ခဲကို
ပစ်ကန်ထုတ်ပြီး စိတ်ရှိလက်ရှိ ဆဲရေးပစ်လိုက်တယ်။ လမ်းမှာ ထပ်တွေ့တဲ့ စားသောက်ဆိုင်တစ်ခုထဲ
ဝင်ထိုင်ပြီး Whisky ထပ်မှာ လိုက်တယ်။ ဒီည ကျွန်တော်
မူးမှ ဖြစ်မယ်။
***
စားပွဲထိုးလေးက
"ဆိုင်ပိတ်ပြီ အစ်ကို"လို့ လာပြောတော့ ကျွန်တော့် ပုလင်းထဲမှာ အရက်က
မကျန်တော့သလောက် ရှိပြီ။ လက်ကျန်ပုလင်းကို ဆွဲပြီးကျွန်တော် ပြန်ထွက်လာခဲ့တယ်။
လမ်းမှာ တွေ့တဲ့ Taxi ကို တားပြီး အိမ်လိပ်စာ
ပြောလိုက်တယ်။ ကျွန်တော် ခေါင်းမထူနိုင်အောင်ကို မူးနေပါပြီ။ ဒါပေမဲ့ ရိုဆယ်လာ့ကို
မမေ့ဘူး။ ကျွန်တော် သိပ်မှားတာပဲ။ ငါးလကျော်လောက် ကျွန်တော့်အနားကနေ ပျောက်သွားတဲ့
ရိုဆယ်လာ့ကို အခု ထပ်ပြီး
ပျောက်သွားအောင် လုပ်မိပြန်ပြီ။ အသိစိတ်က သူ လာရင် ဘယ်တော့မှ လက်မခံတော့ဘူးလို့
ဘယ်လိုပဲ ငြင်းဆန်ပါစေ ၊ သူ့ကိုမှ လိုက်ရှာနေတဲ့ နှလုံးသားကြောင့် ကျွန်တော်
အမြဲတမ်းလိုလို နာကျင်နေရတယ်။
"နင်ဟာ
စောက်ရမ်း မိုက်ရိုင်းတယ်၊ ငါ့ကို တစ်ချက်မှ မငဲ့ဘူး"
ညည်းညူရင်း ကျွန်တော်
အသံထွက် ငိုမိတော့ Taxi Driver က
နောက်ကြည့်မှန်ကနေ လှမ်းကြည့်တယ်။ အိမ်ရှေ့ကို ကားရပ်လိုက်တော့ ကျွန်တော် ဆင်းတယ်။
ဒရိုင်ဘာက "တွဲပေးရမလား ညီလေး"ဆိုတော့ ကျွန်တော် လက်ကာပြပြီး ကားခအပြင် bonus
ပါ ထပ်ပေးလိုက်တယ်။ ပုလင်းထဲက လက်ကျန်တွေ အကုန်မော့ချလိုက်ပြီး
ပုလင်းကို ပစ်ထုတ်လိုက်တယ်။ လှေကားထစ်တွေကို တစ်၊ နှစ်၊ သုံး၊ လေး
ရေတွက်ပြီးတက်တယ်။ ရိုဆယ်လာနဲ့ ဒီလှေကားကို
တက်ဖြစ်တိုင်း လှေကားထစ်တွေကို
အတူ ရေတွက်နေကျ။ လှေကားထစ် ခြောက်ဆယ့်ငါးထစ် အဆုံးမှာ ကျွန်တော့်အခန်း ရှိတယ်။
သော့ကို ဖွင့်ပြီး
ဝင်လိုက်တော့ မှောင်ပိန်းနေတဲ့ ကျွန်တော့် တိုက်ခန်းထဲမှာ ရိုဆယ်လာ့
ကိုယ်သင်းနံ့ကို ရတယ်။ ကျွန်တော် နာနာကျင်ကျင် အော်ရယ်လိုက်တယ်။ ခုနကမှ တခြားကောင်
တစ်ကောင်နဲ့ ထားရစ်ခဲ့ရတဲ့ သူက ကျွန်တော့်အိမ်ထဲကို ဘယ်လို ရောက်နေမှာ တဲ့ လဲ။
အခုဆို အဲဒီ ဟိုကောင်ကို သူ့နှုတ်ခမ်း နီနီရဲရဲတွေနဲ့ ပြုစားနေလောက်ရောပေါ့။
"တောက်
… မြွေဟောက်မ"
စိတ်တိုတိုနဲ့ တံခါးကို
ဆောင့်ပိတ်ပြီး မီးခလုတ်တွေကို မဖွင့်တော့ဘဲ အိပ်ခန်းဘက်ကို မှန်းဆ လျှောက်လာခဲ့တယ်။
တစ်အိမ်လုံး ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ အလွတ်ရနေပေမဲ့ အခု အိပ်ခန်းထဲကို အဝင်မှာ
ကျွန်တော့် ခြေထောက်ဟာ တစ်စုံတစ်ခုကို ခလုတ်တိုက်မိတယ်။ စိတ်လွတ်ကိုယ်လွတ်
ဆဲရေးပြီး တိုက်မိတဲ့ အရာကို လွှင့်ပစ်ဖို့ ဒေါသတကြီး ကောက်ယူလိုက်တော့ ….
မိန်းမစီး ဒေါက်ဖိနပ်တစ်ရန်။
ကျွန်တော် အမူးပြေသွားတယ်။
"ရိုဆယ်လာ
…"
ကျွန်တော် အော်ခေါ်ရင်း
အိပ်ခန်းမီးကို ဖွင့်လိုက်တယ်။ ရိုဆယ်လာဟာ ကျွန်တော့် တီရှပ် အနက်ရောင်ကို
ဝတ်ပြီးကျွန်တော့် ခုတင်ပေါ်မှာ မှောက်လျားထိုး အိပ်နေခဲ့တယ်။ သူ့အနားကို
ချက်ချင်း တိုးကပ်သွားပြီး မယုံနိုင်သလို စိုက်ငေးနေမိတယ်။ ရိုဆယ်လာကတော့
အသက်မှန်မှန်ရှူရင်း လုံးဝကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့ပါတယ်။
ကျွန်တော် သူ့ကိုယ်လုံးပေါ်ကို မှောက်ချ
ပွေ့ဖက်လိုက်ရင်း
သူ့နားရွက်နားကို ကပ်ပြီး တိုးတိုးကလေး ပြောလိုက်တယ်။
"ငါ့ကို
ထပ်ပြီး ခွဲမသွားပါနဲ့ လား ရိုဆယ်လာ"
***
၅။ သိမ်မွေ့နက်နဲသော
ရိုဆယ်လာ
ကျွန်တော် နိုးလာတော့
မျက်စိကို အရင်မဖွင့်သေးဘဲ ရိုဆယ်လာ ရှိမယ့်နေရာကို လက်က အရင် စမ်းမိတယ်။ လေထုက
လွဲလို့ ရိုဆယ်လာ့ ကိုယ်လုံးနွေးနွေးကလေးရဲ့ အထိအတွေ့ မရှိ။ ကျွန်တော့် ရင်ထဲ
နင့်ခနဲ ဟာသွားတယ်။
"နင် ငါ့ကို
ထားသွားပြန်ပြီ ရိုဆယ်လာ"
မျက်နှာကို လက်ဖဝါးနဲ့
အုပ်ပြီး ကျွန်တော် ညည်းတွားမိပြန်သည် ။ သူနဲ့ ပတ်သက်တိုင်း ကျွန်တော်ဆိုတဲ့
ကောင်ဟာ ထိလွယ် ရှလွယ် အရုပ်ကြိုးပြတ် ဖြစ်လွယ်လွန်းပါတယ်။ ကျွန်တော့်
ခေါင်းတစ်ခုလုံးဟာ ဆိုးဆိုးဝါးဝါး ကိုက်ခဲ နာကျင်နေတဲ့ အတွက် ခေါင်းပေါ်ကနေ
ရေလောင်းချပစ်လိုက်ဖို့ ခုတင်ပေါ်က ဆင်းပြီး ရေချိုးခန်းဘက် လျှောက်လာခဲ့တယ်။ ညက
အုတ်နံရံကို ထိုးထားမိတဲ့ ညာဘက်
လက်ချောင်းတွေလည်း
ရောင်ကိုင်းနေတယ်။
မျက်နှာသစ်
ကြွေခွက်ပေါ်မှာ တပ်ထားတဲ့ မှန်ထဲကို ကျွန်တော့်ကိုယ် ကျွန်တော် မြင်နေရတယ်။
မျှော်လင့်ချက်ရော၊ အနာဂတ်ရော၊ အရာအားလုံး အဘက်ဘက်က ပြိုကျပျက်စီးနေတဲ့ နေရာ …
နီရဲ နာကျင်နေတဲ့ မျက်လုံးတွေနဲ့ ကျွန်တော့်ရုပ်ဟာ စုတ်ပြတ်သတ်နေတယ်။ ကျွန်တော်
ဒီတစ်ပတ်လောက်တော့ အလုပ်ကို ရောက်နိုင်မယ် မထင်ဘူး။ ကျွန်တော်ဟာ ရိုဆယ်လာက
ချန်ရစ်ခဲ့တိုင်း ကိုယ့်ကိုယ်ကိုယ် မနည်း
ပြန်တည်ဆောက်နေရတဲ့
ခပ်ညံ့ညံ့ အကောင်တစ်ကောင်ပါပဲ။ မျက်နှာသစ်ပြီးတာတောင်မှ ကျွန်တော်
လန်းဆန်းမလာဘူး။ ရေခဲသေတ္တာကို ဖွင့်လိုက်ပြီး သောက်စရာ ဘာရှိမလဲလို့ ရှာတော့
ရိုဆယ်လာ့ လက်ကျန် Vodka ပုလင်းပဲ တွေ့ရတယ်။
ကျွန်တော် Vodka ကြိုက်ပေမဲ့ ဒါသောက်လိုက်ရင်တော့ မူးပြီး ပြန်အိပ်ပျော်သွားမယ်လို့
ထင်တယ်။ ရေခဲသေတ္တာထဲက ပုလင်းကို ဆွဲထုတ်လိုက်တယ်။
***
"အဲဒါ
ငါ့ဟာ"
ကျွန်တော့် လက်ထဲက
ပုလင်းလွတ်ကျပြီး ကြွေပြားကြမ်းခင်းပေါ်မှာ အက်ကွဲ ပြန့်ကျဲသွားတယ်။ Absolut
Wild Tea ရဲ့ အနံ့ဟာ စူးခနဲ ထွက်လာတယ်။ မီးဖိုခန်းအဝမှာ
တံခါးပေါင်ကို မှီပြီး ရပ်နေတဲ့ ရိုဆယ်လာ …. အလင်းရောင်ကို ကျောပေးထားလို့
ရိုဆယ်လာ့မျက်နှာကို မမြင်ရဘူး။ သူ့ကိုယ်လုံး အရိပ်မည်းမည်းကလေးရဲ့
ကောက်ကြောင်းကိုပဲ မြင်ရတယ်။ ကျွန်တော် သူ့အနားကို ချက်ချင်း ရောက်သွားတယ်။
"အဲဒါ ငါ့ဟာ"လို့
ကျွန်တော့်ကို
မော့ကြည့်ရင်း သူက ထပ်ပြောတယ်။ ကျွန်တော့်မှာ သူ့ကို ပြန်ပြောစရာ စကားမရှိဘူး။
သူ့ကိုယ်လုံးကလေးကိုပဲ တင်းတင်းကျပ်ကျပ် ပွေ့ထားလိုက်မိတယ်။
ရိုဆယ်လာက ပြန်မဖက်ပါဘူး။
တောင့်တောင့်ကလေး ရပ်ရင်း "အရူး … ကျကွဲကုန်ပြီ။ နင် အသစ်ပြန်ဝယ်ပေးရမယ်၊
သိလား"လို့ ကျွန်တော့်ကို ပြောတယ်။ အခုအချိန် သူ ဘာပြောပြော ကျွန်တော်
မသိဘူး။ ကျွန်တော့်အနားက သူ ထွက်သွားပြီထင်လို့ အရူးလိုပဲ ကြေကွဲလိုက်ရတာ။
ရိုဆယ်လာက ကျွန်တော့် လက်မောင်းတွေကြားက ရုန်းတယ်။ ကျွန်တော် လွှတ်မပေးဘဲ
ပိုပြီးတင်းတင်းကျပ်ကျပ် ဖက်ထားလိုက်တယ်။ သူ
အသက်ရျူကျပ်လာရင်
လုပ်တတ်တဲ့ အတိုင်း ကျွန်တော့် ကျောကုန်းကို လက်သီးဆုပ်နဲ့ ပြန်ထုတယ်။ ထပ်ပြီး
ကျွန်တော့်နားက ပျောက်ကွယ်သွားမှာ ကို ကြောက်ရွံ့နေသလိုမျိုး သူ့ကို ကျွန်တော်
လုံးဝ လွှတ်မပေးရဲဘူး။ ကျွန်တော့်ဆီကို ရိုဆယ်လာ တကယ် ပြန်လာတာပဲ ဖြစ်ပါစေ။
ကျွန်တော် အိပ်မက် မက်နေတာ မဟုတ်ပါစေနဲ့ လို့ လည်း ဆုတောင်းနေမိတယ်။
"နင်
ဘာစားပြီးပြီလဲ။ ငါ သွားဝယ်ပေးမယ် … မဟုတ်ဘူး ။ နင်နဲ့ ငါ အပြင်ကို အတူတူ
ထွက်စားရအောင်"
ယောက်ယက်ခတ်ပြီး
မတည်မငြိမ် ဖြစ်နေတဲ့ ကျွန်တော့်ကို ရိုဆယ်လာက ခုတင်ပေါ်ကနေ ထိုင်ကြည့်နေတယ်။
ကျွန်တော် တီရှပ် ယူဝတ်တယ်။ ရှေ့နဲ့ နောက် မှားလို့ ပြန်ချွတ်ရတယ်။ ခါးပတ်ကို
ပြောင်းပြန်ပတ်မိတယ်။ ပိုက်ဆံအိတ်ကို ဆွဲယူတော့ ဖုန်းပြုတ်ကျတယ်။ ခြေသန်းလေးတွေ
ခုတင်ခြေထောက်နဲ့ ခိုက်မိတယ်။ "မျက်စိ နောက်လိုက်တာဟာ …
ထိုင်နေစမ်းပါ"လို့ သူက ပြောတော့မှ ခုတင်အစွန်းမှာ
ဝင်ထိုင်လိုက်တယ်။
ကျွန်တော် ပျာယာခတ်နေတယ်ဆိုတာ ကျွန်တော် သိတယ်။ ဒါပေမဲ့ စိတ်လှုပ်ရှားနေတာကို
ပြန်ထိန်းချုပ်ဖို့ ကြိုးစားနေတာကို ဘယ်လိုမှ မအောင်မြင်ဘူး။
ကျွန်တော်ဟာ ရိုဆယ်လာ့ရှေ့မှာ
ဆရာမရဲ့ အချီးကျုးခံချင်လွန်းလို့ စိတ်လှုပ်ရှား ပျာယာခတ်နေတဲ့ ကျောင်းသားလေး
တစ်ယောက်လိုပဲ။ "အဲဒါက ဘာဖြစ်နေရတာလဲ"လို့ မျက်မှောင်ကြုတ်ပြီး သူက
မေးတယ်။ ကျွန်တော် တည်ငြိမ်ချင်ယောင် ဆောင်ပေမဲ့ မအောင်မြင်ပါဘူး။ "နင်
ထပ်ပြီး ငါ့နားက ထွက်သွားမှာ ကြောက်လို့ "လို့ အမှန်အတိုင်းပဲ ဝန်ခံလိုက်တယ်။
ရိုဆယ်လာကရယ်တယ်။ နှုတ်ခမ်းနီ အနီရင့်ရင့်
မပါဘဲနဲ့ လည်း သူ ရယ်တာက
ကျွန်တော့်အတွက် လှနေတာပါပဲ။ "ကဲပါ၊ အခု ငါ မဆာပါဘူး။ နင့်အတွက်
ပေါင်မုန့်ကြော်ထားတယ်။ ဈေးကို ညနေမှ ငါနဲ့ အတူ သွားတာပေါ့။ ငါလည်း ဝယ်စရာတွေ
ရှိတယ်"လို့ သူက ကျွန်တော့်ကို ပြုံးကြည့်ရင်း ပြောတယ်။
ကျွန်တော်
ကျွမ်းနှစ်ပတ်လောက် ထိုးပစ်ချင်တဲ့ အထိ ပျော်သွားတယ်။ "ဒါဆို ငါတို့ အခု
ဘာလုပ်ကြမလဲ"လို့ မေးတော့ သူက နှုတ်ခမ်းကို မဲ့ပြီး ခုတင်ပေါ်က ဆင်းတယ်။
ကျွန်တော်က သူ့ခါးကို လှမ်းဆွဲဖက်ထားလိုက်တော့ အရှိန်လွန်ပြီး နှစ်ယောက်စလုံး
ခုတင်ပေါ်ကို လုံးထွေး လဲကျသွားတယ်။ ကျွန်တော်က ချုပ်ပြီး ကလိထိုးတော့
ရိုဆယ်လာတအား အော်ရယ်တယ်။ တော်ပါတော့လို့ အော်တယ်။ ကျွန်တော့်ဆီက
လွတ်ဖို့ အတင်းရုန်းတယ်။
သူ့လက်နှစ်ဖက်ကို မွေ့ရာပေါ်ထိ ကပ်ဖိထားပြီး "ပြော … ငါ့ကို
ချစ်လား"လို့ ကျွန်တော်က မေးတော့ သူက အောက်နှုတ်ခမ်းလေးကို ထော်ထုတ်ပြီး
မျက်နှာကို မဲ့ပြတယ်။ အဲဒီ အောက်နှုတ်ခမ်း စိုစိုကလေးကို ကျွန်တော်
အသည်းတယားယားနဲ့ ငုံ့ကိုက်ပစ်လိုက်တယ်။ ရုန်းရင်းဆန်ခတ် အတင်းဆွဲထားလို့ ဖရိုဖရဲ
ဖြစ်နေတဲ့ တီရှပ်အစွန်းမှာ ပေါ်လာတဲ့ ရိုဆယ်လာ့ ရင်ညွန့်က မှ
ည့်နီကလေးဆီကို ကျွန်တော့်အနမ်းတွေ
ကူးပြောင်းလိုက်တယ်။ ကျွန်တော့်ခေါင်းကို ပြန်ဖက်လာတဲ့ ရိုဆယ်လာ့ လက်နဲ့
ထိပြီးခုတင်ပေါ်က Bay Max စက်ရုပ်ပုံစံ
ကျွန်တော့်ဖက်လုံး ပြုတ်ကျသွားတယ်။
"ကောင်းတယ်
…. အဲဒီကောင် မမြင်ရတော့ဘူး"
***
ညနေတုန်းက အပြင်
အတူသွားကြပြီး ဈေးဝယ်လာတဲ့ ပစ္စည်းတွေကို မီးဖိုခန်းမှာ စနစ်တကျ နေရာချပေးနေတဲ့
သူ့ကို မြင်ရတာ ကျွန်တော့်အတွက် အသစ်အဆန်းတစ်ခု ဖြစ်ပြီး အရမ်းလည်း သဘောကျနေမိတယ်။
သူ ဒါမျိုး တစ်ခါမှ မလုပ်ပေးဖူးဘူး။ ပွရှုပ်နေတဲ့ မီးဖိုဟာ တစ်ခဏအတွင်း အားလုံး
နေရာတကျ ဖြစ်သွားတယ်။ ကျွန်တော်က ခပ်သွက်သွက် အလုပ်ရှုပ်နေတဲ့ သူ့ကို "နင်
ဒီလိုလုပ်ပေးတာ မြင်ရတော့ ငါ
တကယ်ပျော်တယ်။ နင်သာ
ငါ့အနားမှာ တစ်သက်လုံး ဒီလို လုပ်ပေးမယ်ဆိုရင် ဘယ်လောက် ကောင်းမလဲလို့
တွေးနေတာ"လို့ ပြောလိုက်တယ်။
ရိုဆယ်လာက ဘာမှ
ပြန်မပြောဘူး။ ကျွန်တော် အသည်းယားသွားတယ်။ "ရိုဆယ်လာ … ငါ ပြောနေတာ
ကြားလား"လို့ မေးတော့မှ "ငါတစ်ခါမှ မလုပ်ဖူးတာတွေ လုပ်ပြနေတယ် ထင်လို့
နင် ထူးဆန်းပြီး သဘောကျနေတာပါ။ ဒါဟာ မိန်းမတွေ လုပ်နေကျ အလုပ်တွေပဲ။ မနက်တိုင်း
နင့်အမေ မီးဖိုထဲ အလုပ်ရှုပ်နေလို့ မေမေ ဒီလိုလုပ်တာ သဘောကျတယ်လို့ နင်
ပြောဖူးလား။ လုပ်မြဲမို့ သတိတောင် ထားခဲ့မိမှာ မဟုတ်ဘူး "လို့ ပြန်ပြောတယ်။
ရိုဆယ်လာ့ စကားက
မှန်ကန်လွန်းနေတာမို့ ကျွန်တော် နှုတ်ဆိတ်သွားရတယ်။
ရိုဆယ်လာက ဆက်ပြီး
"မိန်းမ တော်တော်များများက ယောက်ျားရ လာပြီဆိုရင် ယောက်ျားကို
အိမ်ထောင်ဦးစီးနေရာ ပို့ပြီး သူတို့ က မီးဖိုချောင်ကို အုပ်ချုပ်ကြရတော့တာပဲ။ ဘယ်သူက
တစ်အိမ်သားလုံးထက် ပိုစောစော ထချင်မှာ လဲ။ လူတိုင်း ဇိမ်ယူချင်တာပဲ။ ဒါပေမဲ့
ဘယ်သူမှ အဲဒီစေတနာ၊ အနစ်နာကို မမြင်ကြဘူး။ မိန်းမတစ်ယောက်ဟာ သမိုင်းပေး တာဝန်လို
ချက်ပြုတ်ရမယ်၊ ယောက်ျားကို ပြုစုရမယ်လို့
မှတ်ယူပြီး ဘယ်တော့မှ လည်း
အသိအမှတ်ပြု ကျေးဇူးတင်ကြတာ မဟုတ်ဘူး ။ နင် မှတ်ထား … သိလား။ လူတွေဟာ အခွင့်အရေး
တစ်ခုခုကို တခြားသူက ဖန်တီးပေးနေလို့ အမြဲ ရလာရင် ဒါဟာ သူ လုပ်ပေးနေတာပါလားလို့
အသိအမှတ် ပြုဖို့ ထက် ဒါဟာ ငါ့ရပိုင်ခွင့်လို့ တရားသေ မှတ်ယူထားလိုက်တတ်ပြန်ရော
…"လို့ ပြောတယ်။ ကျွန်တော် သူ့ကို တအံ့အဩ ငေးကြည့်နေမိတယ်။
ခေါင်းထဲမှာ ဘာကိုမှ
အလေးအနက် မထားတတ်ဘူးလို့ ထင်မိနေတဲ့ မိန်းမတစ်ယောက်ဆီက ဒီလိုမျိုး ကြားရတာ
မယုံချင်စရာ။
"ဒါဆို
ငါကရော … နင့်ကို မစွန့်လွှတ်နိုင်တာ နင့် တစ်ယောက်တည်းကိုပဲ စွဲလမ်းပြီး
ချစ်နေရတာ။ အဲဒါ နင့် ရပိုင်ခွင့်တွေတဲ့ လား"
ကျွန်တော် သူ့ပခုံးကို ဆွဲလှည့်၊
သူ့မျက်နှာကို စေ့စေ့ကြည့်ပြီး မေးမိတယ်။ ကျွန်တော့် မျက်လုံးတွေဆီကို ပြန်ပြီး
မော့ငေးစိုက်ကြည့်လာတဲ့ ရိုဆယ်လာ့ မျက်ဝန်းတွေဟာ နက်မှောင် တောက်ပြောင်လို့ ။
ကျွန်တော့် လည်ပင်းကို သူ့လက်တွေနဲ့ သိုင်းဖက် တွဲခိုပြီး မေးဖျားအစပ်ကို
လှမ်းနမ်းတယ်။ ပြီးမှ လဲ့လဲ့ကလေး ပြုံးပြီး ဖြေတယ်။
"ငါလည်း
လူပဲလေ …"တဲ့ ။
***
၆။ သိမ်မွေ့ရက်စက်သော
ရိုဆယ်လာ
ရိုဆယ်လာက
ကျွန်တော့်ဘေးကနေ ဘယ်ကိုမှ ထွက်မသွားတာ တစ်လကျော် ကြာခဲ့ပြီ။ သူ့ပိုက်ဆံအိတ်ကို
ခိုးဖွင့်ပြီး ကျွန်တော့်အိမ်သော့အပိုကို ပြန်နှိုက်ယူထားလိုက်လို့ လည်း ဖြစ်ချင်
ဖြစ်မျာပေါ့။ ဒါပေမဲ့ အဲဒီနေ့မနက် ကျွန်တော် အလုပ်ကိုသွားဖို့ သူ့ကို နမ်းပြီး
နှုတ်ဆက်တော့ စာအုပ်ဖတ်နေရာကနေ ကျွန်တော့်ကို ခပ်ထေ့ထေ့ ကြည့်ပြီး ပြုံးတယ်။
အဲဒီအပြုံးကို ကျွန်တော် သိတယ်။ သော့ကို နင်
ပြန်ယူသွားတာ ငါ သိတယ်ဆိုတဲ့
အပြုံး … ငါ သွားချင်ရင် ဒီသော့ လိုလို့ လားဆိုတဲ့ အပြုံး။ အိတ်ကပ်ထဲက
သော့ကိုတောင် ယောင်ယမ်းပြီး ပြန်စမ်းမိစေတဲ့ အပြုံး။ ဒါပေမဲ့ သူက ဘာမှ တော့
မပြောဘူး။
တစ်နေ့ တစ်နေ့
ကျွန်တော်ကသာ အလုပ်တွေ မြန်မြန်လက်စဖြတ်၊ ညနေဆို တတ်နိုင်သမျှ အစောဆုံး အိမ်ပြန်လာ၊
သူ့အတွက် တစ်ခုမဟုတ် တစ်ခု ဝယ် လာပြီး ပြန်ရောက်တာနဲ့ သူ့ကို မတွေ့ရင်
အိမ်ရှေ့အိမ်နောက် တကြော်ကြော်ခေါ်၊ လိုက်ရှာရတာ အလုပ်တစ်ခုလို ဖြစ်နေရတာ။
သူကဖြင့် အိမ်တံခါးကို ခေါက်နေရင်တောင် စိတ်ကူးပေါက်ပါမှ ထဖွင့်ပေးတတ်တယ်။
ကြော်ကြော် နာမည်ခေါ်နေလည်း မသိချင်ယောင် ဆောင်ပြီး
အိပ်နေတတ်တယ်။ အိပ်လွန်းမက
အိပ်တတ်လို့ "နင်ဟာ ကြောင်လိုပဲ"လို့ ပြောရင်း အသည်းမယား ယားလာအောင်
ပြောစပ်စပ်နဲ့ "ညောင်"လို့ အော်ပြတတ်လေရဲ့ ။ ဘာကောင်မလေးမှန်းကို
မသိပါဘူး။ သူ ရှိနေလို့ ကျွန်တော့်အတွက် နေ့တိုင်း ချက်ပြုတ် ပြင်ဆင်ထားလိမ့်မယ်လို့
မတွေးနဲ့ ။ စိတ်ကူးမပေါက်ရင် ကျွန်တော် ပြင်ပေးတဲ့ စားစရာတောင် တစ်ဇွန်းမှ
မစားဘူး။ တစ်ခါတလေလည်း ဘာစိတ်ကူးပေါက်တယ် မသိဘူး …
တစ်အိမ်လုံးကို
တောက်ပြောင် သန့်ရှင်းထားတာ ခြေတောင် ချရက်စရာ မရှိ။
အတူနေတဲ့ ရက်ထဲမှာ သိလာတာက
ရိုဆယ်လာဟ အစပ်အရမ်းစားတယ် ၊ ငါးပိရည် ကြိုက်တယ်၊ လက်ဖက်သုပ် ကြိုက်တယ်၊
ဝက်သားတုတ်ထိုးနဲ့ ရှမ်းအစားအစာကို ကြိုက်တယ်။ အမှောင်နဲ့ အေးတာကို ကြိုက်တယ်။
ကျွန်တော်က မီးတွေ လင်းထိန်နေအောင် ဖွင့်ရင် လိုက်ပိတ်တတ်တယ်။ ရုပ်ရှင်ဆို
အကုန်ကြည့်တယ်။ ကာတွန်းကားတို့ ၊ ခပ်ပေါပေါ ဟာသကားတို့ ကနေ TV
ဇာတ်လမ်းတွဲတွေ အထိပဲ။ ကျွန်တော်က သတိတရနဲ့ နှင်းဆီပန်းကို နင်
ကြိုက်သလားလို့ မေးတော့
"လှသားပါပဲ"လို့ ပဲ ဖြေတယ်။ ပိတ်ရက်တွေဆို ကျွန်တော်နဲ့ ရိုဆယ်လာ
တော်တော်လေး နေမြင့်တဲ့ အထိ အိပ်တယ်။ နိုးရင် ဈေးအတူ သွားတယ်။ အင်တာနက်ကနေ စားစရာ
အသစ်အဆန်း ရှာပြီး လုပ်စားကြတယ်။ ရိုဆယ်လာ လုပ်ပေးတဲ့ creep
cake ဟာ အတော် စားလို့ ကောင်းတယ်။
ပြီးရင် နှစ်ယောက်သား
ဧည့်ခန်းမှာ ထိုင်ပြီး ရုပ်ရှင် အတူကြည့်တယ်။ အဲဒီလို အချိန်ကျရင် ကျွန်တော်က
ကျွန်တော့် ခြေထောက်တွေနဲ့ သူ့ခြေထောက်တွေကို ဖမ်းယူ ညှပ်ထားတတ်တယ်။ တစ်ယောက်
တစ်လှည့် ခေါင်းလျှော်ပေးကြတဲ့ အခါ ဟိုနား ကုတ်ဦး၊ ဒီနား ရှန်ပူထည့်ဦးနဲ့
ကျွန်တော့်ကို ကြေး(ဂျီး)များ သလောက် သူ လျှော်ပေးတဲ့ အလှည့်ကျရင်
ကျွန်တော့်မျက်နှာကို ဆပ်ပြာမြှုပ်တွေနဲ့ လျှောက်တို့ ပြီး
ကလေးတစ်ယောက်လို
ဆော့ကစားတတ်တယ်။ ရိုဆယ်လာ့ဆီ ဖုန်းလာတာ တစ်ခါမှ မကြားဖူးသလို သူကလည်း ကျွန်တော်
ရှိနေချိန် ဘယ်ကိုမှ ဆက်တာ မမြင်ဖူးဘူး။ ရိုဆယ်လာ ဘယ်လိုပဲနေနေ ကျွန်တော့်အနားမှာ
သူ ရှိနေတာ တစ်ခုတည်းနဲ့ တင် ကျွန်တော့်ရဲ့ နေ့စဉ် ဘဝဟာ အရာရာ သာယာ
အဆင်ပြေနေတာပါပဲ။
***
ကျွန်တော်ဟာ
ရိုဆယ်လာ့အကြောင်းကို ဘာတစ်ခုမှ သိပ်မသိသလို မေးရင်လည်း သူက ဖြေချင်တဲ့ ဟာမှ
ဖြေတယ်။ ကျွန်တော် ပြောခဲ့ဖူးသလို ရိုဆယ်လာ့ကို ကျွန်တော် ဘယ်သောအခါမှ မှန်းဆလို့
မရဘူး။ ရိုဆယ်လာဟာ သနားတတ်တယ်လို့
ကျွန်တော် မထင်ဘူး။ ဘာဖြစ်လို့ လဲဆိုရင် သူဟာ ကျွန်တော့်ကို ဘယ်တုန်းကမှ
မသနားခဲ့လို့ ပဲ။ ဒါပေမဲ့ တစ်ရက်တုန်းက သူနဲ့ ကျွန်တော် ဈေးဆိုင်ကို
လမ်းလျှောက်သွားတုန်း
လမ်းမှာ ယိုင်ထိုး
စုတ်ပေနေတဲ့ အဘိုးကြီးတစ်ယောက် တွေ့တယ်။ ပြန်လာတော့ အဲဒီ အဘိုးကြီးဟာ ကျွန်တော့်
အိမ်နဲ့ သုံးတိုက်ကျော်က လှေကားမှာ လဲကျနေတယ်။ ကျွန်တော်က အရက်သမားကြီးပါလို့
ရှောင်ပြီး ဆက်လျှောက်သွားခဲ့ပေမဲ့ သူက အဲဒီ အဘိုးကြီးနားကို တိုးကပ်သွားခဲ့တယ်။ "မူးနေတာပါဟာ၊
လာစမ်းပါ"လို့ ခေါ်တော့ လက်ထောင်ပြပြီး အဲဒီအဘိုးကြီးကို သေချာ ကြည့်တယ်။
ပြီးတော့ ကျွန်တော့်ကို
လက်ယပ်လှမ်းခေါ်တယ်။ အဲဒီ ညစ်ပတ်ပေတူးပြီး ဖိနပ်မပါတဲ့ အဘိုးကြီး ခေါင်းကို သူ
ပွေ့ချီထားတယ်။ "ဒီအဘကို သိလားလို့ မေးကြည့်စမ်းပါ"ဆိုလို့ ပိတ်ထားတဲ့
အိမ်တွေကို တံခါးခေါက် မေးတော့ ခြောက်လွှာကလို့ သိရတယ်။ ခေါင်းလောင်းကြိုးဆွဲပြီး
ကျွန်တော် ခေါ်လိုက်တော့ ခပ်ငယ်ငယ် ကောင်လေးတစ်ယောက် ဆင်းလာတယ်။ ကောင်လေးက
"လူတွေကို ဒုက္ခပေးတယ်။ မသွားပါနဲ့ ဆိုတာကို
ဇွတ်သွားတယ်" ဘယ်လို
ဘယ်ညာနဲ့ ပြောရင်း အဘိုး၊ အဘိုးလို့ နှိုးတယ်။ သူ့သဘောက သတိရှိနေရင် တွဲတက်ကြမယ့်
သဘော။ ဒါပေမဲ့ အဘိုးက မျက်စိဖွင့်ကြည့်တာက လွဲလို့ သူ့ကိုယ်သူ ထူနိုင်တဲ့ ပုံ
မပေါ်ပါဘူး။
ဆေးခန်းပို့မလားလို့
ရိုဆယ်လာက မေးတော့ ကောင်လေးက မိဘတွေ မရှိဘူး။ အိမ်ပဲ ခေါ်လိုက်မယ်လို့
ခပ်တိုးတိုးဆိုတယ်။ အဘိုးကို ကျွန်တော်ကပါ ဝိုင်းတွဲပေးလိုက်တယ်။ ဒါပေမဲ့ အဘိုးဟာ
ခြေထောက်မထောက်နိုင်တဲ့ အပြင် ခြေထောက်တွေမှာ ကွဲပြီး သွေးထွက်နေတဲ့ ဒဏ်ရာတွေဟာ
ဖုန်တွေနဲ့ မည်းညစ်လို့ ။ အဘိုးကို လိုက်ကြည့်နေတဲ့ ရိုဆယ်လာ့ မျက်လုံးတွေ ဒီလောက်
နူးညံ့ပြီး စိတ်မကောင်းသလို မှုန်မှ
ိုင်းနေတာ မမြင်ဖူးဘူး။
ကျွန်တော်နဲ့ ကောင်လေးတို့ အပေါ်ထပ်ကို ခက်ခက်ခဲခဲ သယ် လာပြီးတဲ့ နောက်မှာ
လက်ထဲမှာ အထုပ်တစ်ထုပ် ကိုင်ပြီး ရိုဆယ်လာ ရောက်လာတယ်။ အိပ်ရာပေါ်ချထားတဲ့
အဘိုးကြီး ခြေထောက်တွေကို သေချာကြည့်တယ်။ ကောင်လေးဆီက ရေဇလုံတောင်းပြီး
ခြေထောက်တွေကို သန့်ပေးတယ်။ တစ်လမ်းလုံး ဖိနပ်မစီးခဲ့လို့ ခလုတ်တိုက်ချင်တိုင်း
တိုက်မိပြီး ပွန်းပဲ့ ကွဲပြဲနေတဲ့ ဒဏ်ရာတွေကို
ဂရုတစိုက် ဆေးထည့်ပေးတယ်။
ရိုဆယ်လာ လုပ်နေတာကို အဘိုးကြီးနဲ့ ရွယ်တူ ချောင်းတဟွပ်ဟွပ် ဆိုးနေတဲ့
အဘွားပိန်ပိန်လေးက အိမ်နောက်ဘက်က ထွက် လာပြီး ကူလုပ်ပေးတယ်။
အဘွားက မျက်ရည်ဝဲရင်း "မသွားပါနဲ့
ဆိုတာကို ဘုရင့်နောင်ကို သွားတာ။ သားကြီးက အခု အလုပ်ထွက်ရှာနေတယ်။ ပြီးခဲ့တဲ့
နှစ်လက ပင်စင်ရတာလေ။ အိမ်မှာ က သားကြီးနဲ့ မြေးပဲ အလုပ်ရှိတယ်။ အခု သားကြီးက
အလုပ်ပြုတ်ပြီး အလုပ်က မရသေးတော့ မြေးလေး လစာနဲ့ ကျပ်တည်းလာလို့ ဘုရင့်နောင်က
စားသောက်ဆိုင်ရှင် သားငယ်ဆီ ပိုက်ဆံသွားတောင်းတာ ဖြစ်မယ်"စသည် ဖြင့်
စီကာပတ်ကုံး ပြောပြတယ်။ ရိုဆယ်လာ ငြိမ်ပြီး
နားထောင်နေတယ်။
ကောင်လေးကို ဆရာဝန်ခေါ်ဖို့ ထပ်ပြောပေမဲ့ ကောင်လေးက မလှုပ်ဘူး။ ရိုဆယ်လာက အဘွား
လက်ထဲကို အဘိုးအတွက်ပါလို့ ပိုက်ဆံတချို့ ထည့်ပေးတယ်။ မနက်ဖြန် ညနေကျရင် ကောင်လေးနဲ့
သူ့အဖေကို တိုက်အောက်က စောင့်ဖို့ မှာ တယ်။ ရိုဆယ်လာ ဘာလုပ်ပေးလိုက်တယ်တော့
ကျွန်တော် မသိဘူး။ နောက်ပိုင်းမှာ ကောင်လေးက ကျွန်တော့်ကို တွေ့တိုင်း
"အစ်မရော … နေကောင်းလား။ အစ်မနဲ့
အစ်ကို့ကျေးဇူးကြောင့် အခု
ကျွန်တော်တို့ အားလုံး အဆင်ပြေပါတယ်"လို့ ပြောတတ်တယ်။
***
ကျွန်တော် ရုံးကနေ အိမ်ကို
ပြန်ရောက်တော့ ဝရန်တာမှာ စီးကရက်သောက်နေတဲ့ ရိုဆယ်လာကို မြင်ရတယ်။ ထိုင်သောက်နေတာ
ဘယ်လောက်တောင် ကြာပြီ မဆိုနိုင်ဘူး။ ပြာခွက်ထဲမှာ ဆေးလိပ်တိုတွေ မနည်းဘူး။
ကျွန်တော် သူ့ကို မျက်နှာလှည့်တဲ့ အခန်းမို့ ဝရန်တာမှာ ဆည်းဆာနေရောင်က လင်းနေတယ်။
ပုစွန်ဆီရောင် ဆည်းဆာဟာ ရိုဆယ်လာ့ ပါးပြင်ကို ပါးနီတို့ ပေးထားသလိုပဲ။ သူ
တစ်ခုခုကို အလေးအနက်
စဉ်းစားနေတာတော့ သေချာတယ်။
"နင်
ဘာတွေ တွေးနေတာလဲ"လို့ ကျွန်တော် မေးတော့ "တိမ်တွေ အကြောင်း"လို့
ဖြေတယ်။ "ငါ့ကို ပြောပြပါလား"ဆိုတော့ "ငါလည်း မသိလို့ တွေးနေတာလေ"လို့
ဘုဆတ်ဆတ် ပြန်ပြောတယ်။ သောက်လက်စ စီးကရက်ကို ထိုးခြေပြီး ထိုင်နေရာက ထတယ်။
သူ့မျက်လုံးတွေက ကျွန်တော့်ကို စိတ်ရှုပ်လိုက်တာဆိုတဲ့ အကြည့်တွေနဲ့ ။ ရိုဆယ်လာ
ကျွန်တော့်ကို ငြီးငွေ့နေပြီလား။ ကျွန်တော်ဟာ အရာရာဟာ သူ့သဘောအတိုင်း နေခဲ့တာပဲ။
ဒါဟာ သူ ငြီးငွေ့မှာ ၊
ကျွန်တော့်အနားက ထွက်သွားမှာ စိုးရိမ်လွန်းလို့ ။ ကျွန်တော် သူ့ကို
ပိုင်ဆိုင်ချင်တယ်။ ကျွန်တော့် ခန္ဓာကိုယ်၊ သူ့စိတ်နဲ့ အသက်ရှင်ရတာကို ကျွန်တော်
ပျော်ရွှင် နေသားကျတယ်။ သူ မရှိရင် ကျွန်တော်ဟာ အခွံသက်သက်
အသက်ရှင်နေတာမျိုးပဲမို့ သူ့ကို အဆုံးရှုံး မခံနိုင်ဘူး။ နေရောင် လုံးဝ
ပျောက်သွားပြီမို့ ဝရန်တာမှာ မှောင်လာတယ်။ လေငြိမ်နေလို့ နွေညနေခင်းဟာ
ပူပြင်းခြောက်သွေ့ နေတယ်။
ကျွန်တော် အိမ်ထဲကို ဝင်လာခဲ့တယ်။
ရိုဆယ်လာဟာ
အဝတ်ဗီရိုရှေ့မှာ မတ်တတ်ရပ်ရင်း နှုတ်ခမ်းနီ ဆိုးနေတယ်။ နှုတ်ခမ်းနီဆိုးဆေး
ဆိုးတဲ့ စုတ်တံရဲ့ အောက်မှာ အနီရောင် လွှမ်းလာတဲ့ နှုတ်ခမ်းလေးဟာ အခုပဲ ချက်ချင်း
ပွင့်လာနေတဲ့ နှင်းဆီပန်းလေးလိုပဲ။ ရေမွှေးပုလင်းကို ထုတ်ပြီး လည်တိုင်ကို
ဆွတ်တယ်။ ရင်ဟိုက်တဲ့ နက်ပြာရောင် shot dress ကို
ဝတ်ထားလို့ သူ့ရင်ညွန့်က မှ ည့်နီသေးသေးလေးကိုတောင်မှ မြင်နေရတယ်။ ဆံပင်တွေကို brush
နဲ့
ဖြီးတယ်။ ပြီးတော့
ဖုန်းကို ဖွင့်ပြီး မက်ဆေ့ဂျ် တတောက်တောက်နဲ့ ရိုက်တယ်။
ကျွန်တော်
ကြည့်မနေနိုင်တော့ဘူး။ ဒါကြောင့် "ဒါက ဘယ်လဲ"လို့ မေးမိတော့ သူက နားကပ်
တပ်နေရင်း "အပြင်ကို"လို့ ဖြေတယ်။ "ဘာဖြစ်လို့ ငါ့ကို မခေါ်တာလဲ။
အပြေင်သွားမယ်ဆိုလည်း ငါ လိုက်မှာ ပေါ့။ အခု ဘယ်သူနဲ့ သွားမှာ လဲ၊ ဘယ်လိုလဲ၊ ငါ
လိုက်ခဲ့မယ်" အသက်မရှူမိသလောက် တရစပ်ပြောတဲ့ ကျွန်တော့်ကို သူ စိုက်ကြည့်တယ်။
ဘာမှ မပြောဘဲ သူ့အလုပ်သူ ဆက်လုပ်နေတယ်။ ကျွန်တော်က ထပ်ပြီး "ရိုဆယ်လာ … ငါ
လိုက်ချင်တယ်။
လိုက်ခဲ့မယ်"လို့ ပြောတော့ "နင်ကလည်း ကလေးကျနေတာပဲ။ နင် လိုက်ဖို့
ဆိုရင် ငါ ခေါ်မှာ ပေါ့။ အဲဒီလိုတွေ လုပ်တာ မကြိုက်ပါဘူး"လို့ ပြန်ပြောတယ်။
"ငါက တစ်သက်လုံး နင့်အကြိုက်ကိုပဲ လိုက်လုပ်နေရမှာ လား ရိုဆယ်လာ"ဆိုတော့
သူက မျက်မှောင်ကြုတ်ပြီး ပြန်ကြည့်ရင်း "နင် ကြိုက်တာ နင်လုပ်၊ ဒါပေမဲ့ privacy
တော့ မထိနဲ့ "လို့ ခပ်တင်းတင်း ဆိုတယ်။ ကျွန်တော် ပြောနေတာတွေ၊
လုပ်နေတာတွေဟာ
သူ ပြန်မလာမှာ ကြောက်လို့
၊ သူ့ကို အဆုံးရှုံး မခံနိုင်လို့ ၊ သူ့ကို ချစ်လွန်းလို့ ဆိုတာတွေကို သူ လုံးဝ
နားမလည်ပါ့လား။
သူ ကျွန်တော့်ဘေးက
ဖြတ်ပြီး မီးဖိုခန်းဘက်ကို ဝင်သွားတယ်။ ရေခွက်ထဲကို အေးအေးဆေးဆေး ရေထည့်သောက်နေတဲ့
သူ့ကို ကြည့်ပြီး ကျွန်တော် စိတ်တွေ တိုလာတယ်။ ဒီခနဲ မြည်လာတဲ့ ဖုန်းကို
ငုံ့ကြည့်ပြီး ဝရန်တာဘက် ထွက်သွားတယ်။ ဝရန်တာကနေ အောက်ကို ငုံ့ကြည့်ပြီး ဖိနပ်စင်က
ဒေါက်မြင့်ဖိနပ်ကို ယူစီးတယ်။ ကျွန်တော့်ကို "သော့ပေး"လို့
လှမ်းပြောတယ်။ ကျွန်တော် သော့ကို မပေးသေးဘဲ သူ့လက်ကောက်ဝတ်
တစ်ဖက်ကို ဆွဲထားရင်း
"နင် ပြန်လာမယ် မဟုတ်လား"လို့ မေးလိုက်တယ်။
အပြင်ဘက်က မီးရောင်နဲ့
ရိုဆယ်လာ့မျက်နှာဟာ တစ်ခြမ်းလင်း၊ တစ်ခြမ်းမှောင် ဖြစ်နေတယ်။ ကျွန်တော်တို့
အိမ်ထဲမှာ မီးမထွန်းရသေးလို့ မှောင်မိုက်နေတယ်။ သူ့နှုတ်ခမ်းလေးဟာ တင်းတင်းစေ့ထားလို့
နှုတ်ခမ်းနှစ်ခုကြား အနားသတ်ဟာ မျဉ်းဖြောင့်တစ်ကြောင်းလိုပဲ။ "ဖြေလေ …
ရိုဆယ်လာ၊ နင်ပြန်လာမယ် မဟုတ်လား"လို့ မေးတော့ သူ ကျွန်တော့်ကို မကြည့်ဘူး။
"ငါ့ကို သော့ဖွင့်ပေးစမ်းပါဟာ"လို့ ပဲ
ခပ်တိုးတိုး ပြောတယ်။
ဟင့်အင်း … ကျွန်တော် ဖွင့်မပေးနိုင်ဘူး။ သူ ပြန်လာမှာ မဟုတ်ဘူး ဆိုတာ ကျွန်တော်
သိနေတယ်။ ကျွန်တော် သူ့လက်ကောက်ဝတ်ကို ပိုပြီး တင်းတင်းဆုပ်ကိုင်ရင်း
"ဖွင့်မပေးဘူး။ နင် ဒီည ဘယ်ကိုမှ မသွားရဘူး"လို့ သူ့ကို စူးစူးရဲရဲ
စိုက်ကြည့်ပြီး ပြောလိုက်တယ်။
ရိုဆယ်လာ့
အပေါ်နှုတ်ခမ်းထောင့်လေး တစ်ချက် တွန့်ချိုးသွားတယ်။ နင် ငါ့ကို တားလို့ ရတာ
သေချာလို့ လားဆိုတဲ့ မထီတရီ အပြုံး။ ကျွန်တော့် ဆုံးဖြတ်ချက်ကို မပြင်တဲ့ အကြောင်း
သူ့မျက်လုံးတွေဆီကို ခပ်တင်းတင်း ရင်ဆိုင် ပြန်ကြည့်ပစ်လိုက်တယ်။ ရိုဆယ်လာ့
မျက်လုံးတွေထဲ စိမ်းလဲ့လဲ့ အလင်းတန်းလေးတစ်ခု ဖြစ်သွားတယ်။ တစ်ခုခုလုပ်ဖို့ ကို
ဆုံးဖြတ်လိုက်တဲ့ မျက်ဝန်းတွေမှန်း ကျွန်တော်
သိတယ်။ ဝရန်တာ
အုတ်ခုံပေါ်မှာ သူကိုယ်တိုင် စိုက်ထားတဲ့ ရှားစောင်းလက်ပတ်အိုး သေးသေးလေးကို
ယူပြီး ဝရန်တာကနေ တိုက်အောက်ကို ပစ်ချလိုက်တယ်။
ဒုန်းခနဲ
အသံကျယ်ကျယ်တစ်ခု၊ ကား Alarm မြည်သံ တတီတီတွေနဲ့
"ဘာဖြစ်တာလဲ"ဆိုတဲ့ ကျွတ်စီ ကျွတ်စီ အသံတွေ ပျံ့လာတယ်။
"သွားပြီ"လို့
ကျွန်တော် တွေးလိုက်ပေမဲ့ ရိုဆယ်လာက ခပ်တည်တည်။ လှေကားက ခြေသံတွေ ကြားရပြီးနောက်
ကျွန်တော့်အခန်းတံခါးကို တဒေါက်ဒေါက် လာခေါက်တဲ့ အသံတွေ ထွက်လာတယ်။ ကျွန်တော်
ရိုဆယ်လာ့ကို ကြည့်ပြီး "နင်ဟာ တော်တော် ကြောက်စရာ ကောင်းတယ်"လို့
ခပ်တိုးတိုး ပြောတော့ တံခါးကိုသာ ဖွင့်လိုက်စမ်းပါဆိုတဲ့ ပုံစံနဲ့ မေးငေါ့ပြတယ်။
ကျွန်တော် ဘာမှ မတတ်နိုင်ဘဲ တံခါးဖွင့်ပေးလိုက်ရတယ်။
***
နာရီလက်တံက တဖျပ်ဖျပ်
ရွေ့နေတယ်။ ညသန်းခေါင် ကျော်နေပြီ။ ရိုဆယ်လာ အခုထိ ပြန်မလာသေးဘူး။ သူ
ပြန်မလာတော့ဘူး ဆိုတာ သိနေပေမဲ့ ကျွန်တော် စောင့်နေချင်သေးတယ်။ ရိုဆယ်လာဟာ တခြား
သူတွေကိုသာ စာနာချင် စာနာမယ်။ ကျွန်တော့်ကိုတော့ ဘယ်တော့မှ ငဲ့ကွက် စာနာတဲ့ သူ
မဟုတ်ခဲ့ဘူး။ ကျွန်တော့်အချစ်ကို မလေးစားဘူး။ ကျွန်တော် သူ့ကို
ခွင့်မလွှတ်ချင်အောင် ရွံမုန်းပစ်လိုက်ချင်မိတယ်။
တိုက်အောက်ကနေ
လှေကားခွင်ထဲကို ဝင်တဲ့ သံပန်းတံခါးကို ဖွင့်သံ ကြား၇တယ်။ လှေကားထစ်တွေကို
နင်းလာတဲ့ တဒေါက်ဒေါက်သံ သဲ့သဲ့။
ကျွန်တော် အသက်အောင့်ပြီး
ခြေလှမ်းတွေကို လိုက်ပြီး ရေတွက်နေမိတယ်။ ခြေသံက ကျွန်တော့်အခန်းဝမှာ ရပ်သွားတယ်။ Escsda
Blue ရေမွှေးနံ့နဲ့ တံခါးကို သုံးချက်တွဲ နှစ်ခါဆင့်ပြီး
ခေါက်တတ်တဲ့ တံခါးခေါက်သံက ရိုဆယ်လာ့ အမှတ်အသားပါပဲ။ တံခါးကို ဆွဲဖွင့်ပြီး သူ့ကို
ပွေ့ဖက်လိုက်တယ်။ ကျွန်တော့် လက်မောင်းတွေ ကြားမှာ ရိုဆယ်လာဟာ ငြိမ်နေတယ်။
ကျွန်တော် သူ့ကို နမ်းတော့ ဘာမှ မတုံ့ပြန်ဘူး။
ပြီးတော့ ကျွန်တော့်
ရင်ဘတ်ကို တွန်းဖယ်ပြီး အိပ်ခန်းထဲကို တန်းဝင်သွားတယ်။ အခန်းထဲမှာ ရှေ့နဲ့ နောက်
တရှပ်ရှပ် လျှောက်နေတဲ့ အသံတွေ ကြားနေရပေမဲ့ ကျွန်တော် တံခါးဝကနေ မရွှေ့မိသေးဘူး။
သိပ်မကြာလိုက်ဘဲ ရိုဆယ်လာ ပြန်ထွက်လာတယ်။ ခုနက အပြင်သွားခဲ့တဲ့ အဝတ်အစားနဲ့
မဟုတ်တော့ဘဲ ကျွန်တော့် တီရှပ်ပွပွကို ဂျင်းဘောင်းဘီထဲ ထည့်ဝတ်ပြီး လက်ထဲမှာ လည်း
ကျောပိုးအိတ် တစ်လုံးနဲ့ ။
သူ့ပုံစံက ခပ်ဝေးဝေး
တစ်နေရာကို ခရီးသွားတော့မယ့်ပုံမျိုး။ ဒါဆို အခုလာတာ ကျွန်တော့်ဆီ ပြန်လာတာ
မဟုတ်ဘူး ပေါ့ … ကျွန်တော့် ဘေးကနေ ဖြတ်ပြီး တံခါးပေါက်ဆီ လျှောက်သွားတယ်။
ကျွန်တော် သူ့ခါးကို လှမ်းဆွဲပြီး ကျောဘက်ကနေ တင်းနေအာင် ဖက်ထားပြီး သူ့ပခုံးပေါ်
ခေါင်းကို မှောက်ချလိုက်တယ်။ သူ့အင်္ကျီပေါ်မှာ ကျွန်တော့်မျက်ရည်တွေ စိုကုန်တယ် …
အသံမထွက်ဘဲ ကျွန်တော် ငိုနေမိတယ်။
ရိုဆယ်လာက သူ့ခါးကို
ဖက်ထားတဲ့ ကျွန်တော့်လက်တွေကို ဆွခြွာ ဖြေလျှော့ပြီး ဖယ်ပစ်နေတယ်။
ရိုဆယ်လာ့ကို ပခုံးကနေ
ကိုင်ပြီး မျက်နှာချင်းဆိုင် ဖြစ်အောင် ဆွဲလှည့်ပစ်လိုက်တယ်။ သူကမျက်နှာမှာ
ဘာခံစားချက် တစ်ခုတလေမှာ မမြင်ရဘူး … ပကတိ အေးစက်နေတယ်။ ကျွန်တော် သူ့မျက်နှာကို
နာနာကြည်းကြည်း ကြည့်ရင်း လက်ကို မြှောက်လိုက်တယ်။ ရိုဆယ်လာ့မျက်နှာ
လည်ထွက်သွားပြီး ကိုယ်လုံးက အရှိန်နဲ့ တံခါးကို တိုက်မိသွားတယ်။
ကျွန်တော် ကိုယ့်လက်တွေကို
ငေးကြောင် စိုက်ကြည့်နေမိတယ်။ ရိုဆယ်လာက ဖွာဆန်ကြဲသွားတဲ့ သူ့ဆံပင်တွေကို
မျက်နှာပေါ်ကနေ သပ်ဖယ်ရင်း သူ့ကိုယ်သူ ပြန်မတ်တယ်။ သူ့နှုတ်ခမ်းလေးရဲ့ ထောင့်မှာ
သွေးစတွေ ထွက်နေတယ်။ ရိုဆယ်လာ့ မျက်လုံးမှာ မျက်ရည်တွေ ဝေ့နေတယ်။ သူ့ပါးသူ
အုပ်ရင်း ကျွန်တော့်မျက်နှာကို သေသေချာချာ စိုက်ကြည့်တယ်။ ပြီးတော့ ခေါင်းကို
မော့လှန်ရင်း အသံထွက်အောင်
ခပ်တိုးတိုး ရယ်တယ်။
အဲဒီတော့ ဘာစကားတစ်ခွန်းမှ မပြောဘဲ တံခါးကို တွန်းဖွင့်ပြီး လှေကားထစ်တွေကနေ
ပြေးဆင်းသွားတယ်။ ကျွန်တော် အခုထိ ကိုယ့်လက်တွေကို မကောင်းဆိုးဝါးလို
စိုက်ကြည့်ရင်း တံခါးဝမှာ ဒူးထောက် ကျသွားတယ်။
"ကျေးဇူးပြုပြီး
ငါ့ဆီကိုပဲ ပြန်လာခဲ့ပါ … ရိုဆယ်လာ"
***
၇။ ခွဲမသွားပါနဲ့ ရိုဆယ်လာ
ရိုဆယ်လာက
နှုတ်ခမ်းရဲရဲကလေးကို အိုပုံစံလေး စုပြီး ကျွန်တော့်မျက်နှာကို Menthol
စီးကရက်ငွေ့တွေနဲ့ မှုတ်တယ်။ သူ့ဆံပင်ရှည်နက်နက်တွေရဲ့ အဖျားက
ကျွန်တော့်ပါးတွေကို လေနဲ့ အတူ တဖျပ်ဖျပ် လာရိုက်နေတယ်။ "ရိုဆယ်လာ"လို့
ကျွန်တော် တိုးတိုးလေး ခေါ်တော့ သူ့မျက်လုံးတွေက ကျွန်တော့်ကို ကြည့်တယ်။
သူ့မျက်လုံးထဲမှာ မျက်ရည်တချို့နဲ့ အတူ ကျွန်တော် အဓိပ္ပာယ်ဖော်ပြလို့ မတတ်တဲ့
အကြည့်တွေ၊ ကျွန်တော်
ရိုက်လိုက်တဲ့ သူ့ပါးတစ်ဖက်ကို လက်ဖဝါးနဲ့ အုပ်ထားတယ်။ သူ့နှုတ်ခမ်းထောင့်က
သွေးစကလေးက သူ့မေးရိုးပေါ်ကို ဖြတ်ပြီး စီးကျလာတယ်။ ကျွန်တော် သုတ်ဖယ်ပေးဖို့
လက်လှမ်းတော့ သူ နောက်ဆုတ်သွားတယ်။ အဲဒီနောက် တဒေါက်ဒေါက် မြည်နေတဲ့ ရိုဆယ်လာ့
ခြေသံတွေနဲ့ Escada Blue ရေမွှေးနံ့။ အဲဒီခြေသံတွေဟာ
ထွက်သွားတာလား၊ ပြန်လာတာလား ကျွန်တော် မသိတော့ဘူး။ "ထွက်မသွားပါနဲ့
"လို့
ကျွန်တော်က အော်ပြောတော့
ခပ်တိုးတိုး ရယ်လိုက်တဲ့ သူ့ရယ်သံသဲ့သဲ့ကို ကြားရတယ်။
ကျွန်တော် အိပ်မက်ကနေ
မောပန်းတကြီးနဲ့ လန့်နိုးလာတယ်။ အာခေါင်တွေဟာ ပူလောင်ခြောက်သွေ့ပြီး
ကွဲထွက်တော့မလို နာကျင်နေတယ်။ အိပ်ရာဘေးက ဝီစကီပုလင်းကို ကောက်မော့လိုက်တယ်။
ရေငတ်ပြေသွားသလိုပဲ။ တကယ်တော့ ကျွန်တော် ဖျားနေတယ်။ မနေ့က ရေချိုးခန်းထဲက
ရေပန်းအောက်မှာ ကျွန်တော် အကြာကြီး ထိုင်နေခဲ့တယ်။ "နင် သိပ်ပြီး စိတ်တွေရှုပ်လာရင်
ငါ့ကို ရေပန်းအောက်ထဲ ထိုင်နေလိုက်၊ အဲဒါဆို
စိတ်ညစ်စရာတွေဟာ ရေနဲ့ အတူ
ပျောက်သွားလိမ့်မယ်"လို့ ရိုဆယ်လာ ပြောခဲ့ဖူးလို့ ကျွန်တော် ထိုင်နေခဲ့တာ။
ဒီနေ့နဲ့ ဆို သူ ပြန်မလာတာ
လေးဆယ့်နှစ်ရက် ရှိသွားပြီ။ သူ ထွက်သွားပြီးတဲ့ နောက်ပိုင်း စိတ်ချလက်ချ ကျွန်တော်
မအိပ်ရဲဘူး။ ဘယ်အချိန်များ လှေကားကနေ တဒေါက်ဒေါက် တက်လာတဲ့ ခြေသံ ကြားရမလဲလို့
ကျွန်တော် နေ့တိုင်း နားစွင့်နေမိတယ်။ သူ လာတဲ့ အချိန်သာ ကျွန်တော်
အိပ်ပျော်နေခဲ့ရင် သူ ပြန်ထွက်သွားလိမ့်မယ်။ သူ့မှာ သော့ပါမလာတာ သိနေတော့
ကျွန်တော် အပြင်ထွက်တုန်း သူ ရောက်လာရင်
လွဲသွားမှာ စိုးရိမ်တယ်။
ကျွန်တော် ဘာဖြစ်လို့ သူ့ပါးကို ရိုက်လိုက်မိတယ် ဆိုတာ မသိဘူး။ ကျွန်တော့်ကို
နောက်ဆုံး ကြည့်သွားတဲ့ အကြည့်ကိုလည်း ဘယ်လိုမှ ဘာသာမပြန်နိုင်သေးဘူး။
ကျွန်တော့်ကိုယ် ကျွန်တော်လည်း ခွင့်မလွှတ်နိုင်ဘူး။ ကျွန်တော့်ဆီမှာ
ဘာချို့ယွင်းချက်ရှိလို့ ကျွန်တော့်နားမှာ သူ မနေနိုင်ရတာများ ပါလိမ့်။
***
အခန်းထဲမှာ Tattoo
Motor စက်သံ ခပ်တိုးတိုး မြည်နေတယ်။ ဘယ်လိုပုံ ထိုးမလဲဆိုတဲ့
စိတ်ကူးအတွက် ကျွန်တော် တစ်နေ့လယ်ခင်းလောက် အချိန်ကုန်ခံ စဉ်းစားခဲ့ရတယ်။
ကျွန်တော့် ကျောကုန်းပေါ် ပြေးလားနေတဲ့ အပ်ဖျားတိုင်းအတွက် ကျွန်တော်
ကျေနပ်နေမိတယ်။ ဒီပုံကို ထိုးနေတာ ဒီနေ့နဲ့ ဆို သုံးရက်တိတိ ရှိပြီ။ မြန်မြန်
ပြီးသွားဖို့ ကို ကျွန်တော် စိတ်မလောပါဘူး။ ဖြစ်စေချင်တဲ့ ပုံအတိုင်း ဖြစ်လာဖို့
ကိုတော့ စိတ်စောနေမိတယ်။ tattoo
စက်သံရပ်သွားတယ်။ tattoo ထိုးတဲ့ သူက
"ပြီးသွားပြီ။ ကြည့်လိုက်ပါဦး"လို့ ပြောလို့ မှန်ရှိတဲ့ ဆီကို
သွားရပ်လိုက်တယ်။
ကျွန်တော့်
ကျောကုန်းပေါ်မှာ မြတ်နိုးရပါသော အယုတ်တမာမ၊ ကြင်နာရပါသော မကောင်းဆိုးဝါးမ၊
စွဲလမ်း တပ်မက်ရပါသော မြွေဟောက်မ၊ အလွန်ကို ချစ်ရပါသော ရိုဆယ်လာ။ နီနီရဲရဲ
နှုတ်ခမ်းလေးမှာ စီးကရက် ဖြူဖြူ ချိတ်ဆွဲပြီး မီးခိုးငွေ့တွေ လွင့်ပျံလို့
သူ့မျက်လုံးတွေကို မှေးစင်းပြီး ငဲ့စောင်းကြည့်နေတယ်။ အဲဒီတော့ သူ့ဆံပင်အနက်တွေ
ကြားမှာ သွေးတွေ စီးကျနေတဲ့ နှင်းဆီအနီတစ်ပွင့်။
ပြီးတော့ ROSELLA
ဆိုတဲ့ စာလုံးပေါင်း။ Tattoo Artist ရဲ့
လက်ရာကို ကျွန်တော် အင်မတန် သဘောကျ ကျေနပ်မိတယ်။ "အစ်ကို့လက်ရာက တကယ်
မိုက်တာပဲ"လို့ ကျွန်တော် ကျေကျေနပ်နပ် ပြောလိုက်တော့ Tattoo Artist က ပြုံးတယ်။ "ညီလေး idea ကိုက မိုက်တာပါကွာ။
ဒီတစ်ခါ အခက်ဆုံးပဲ။ ဓာတ်ပုံ မပေးတဲ့ ပုံတူက သူနဲ့ မတူရင်တော့ ကောင်မလေးက
ဆူတော့မှာ ပဲ"လို့ ရယ်ရင်း ပြောတယ်။
ဟုတ်ပါရဲ့ ။ ကျွန်တော့်မှာ
ရိုဆယ်လာ့ ဓာတ်ပုံ တစ်ပုံတောင် ရှိမနေဘူး။ မှန်ထဲက ပုံကို ပြန်ကြည့်လိုက်တယ် …
ဒါပေမဲ့ ဒါဟာ ရိုဆယ်လာမှ ရိုဆယ်လာအစစ်။ ကျွန်တော် သူ့ပုံကို မြင်ယောင်အောင်
ပုံဖော်ကြည့်ဖို့ မခက်ခဲဘူး။ ဒီကနေ့အထိ သူ့ပုံရိပ်တစ်ခုတလေမှ ကျွန်တော့်ကို
မှတ်ဉာဏ်ထဲက မပျက်ပြယ်သေးဘူး။ Tattoo Artist က
စီးကရက်ကို မီးညှိလိုက်တယ်။ Menthol နံ့က ထောင်းခနဲ
ထွက်လာတယ်။ Tattoo Artist အနားကို ကျွန်တော်
ချက်ချင်း ရောက်သွားတယ်။
သူ သောက်လက်စ စီးကရက်ကို ဆွဲယူပြီး စားပွဲခုံပေါ် မီးသတ်ဖို့ ထိုးခြေနေတဲ့
ကျွန်တော့်ကို Tattoo Artist က ဘာလဲဟဆိုတဲ့ အကြည့်နဲ့
ကြည့်တယ်။ "ဒီဟာ ရိုဆယ်လာ့ အနံ့ဗျ … ခင်ဗျား သိရဲ့ လား"လို့ ဒေါသတကြီး
ပြောလိုက်တော့ အခန်းထဲက တခြား tattoo ထိုးသူတွေကပါ
ကျွန်တော့်ကို ဝိုင်းကြည့်ကြတယ်။ ကျွန်တော့် အင်္ကျီကို ဆွဲယူပြီး ဆိုင်ထဲက
ဒေါသတကြီး ထွက်လာခဲ့မိတော့တယ်။
***
ကျွန်တော်
ကိုယ့်ကိုယ်ကိုယ် မသယ်ချင်တော့လောက်အောင် ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲလို့
နေပြီ။ ကျွန်တော် တစ်ရေးမှ မအိပ်ရသေးတာ ဘယ်နှရက်တောင် ရှိမှန်းကို မသိ။ အခု
ကားမောင်းနေရင်းနဲ့ ကို အိပ်ပျော်သွားမလောက် ရှိနေပြီ။ မနည်းကို အားတင်းနေရပါပြီ။
ကျွန်တော် မနားနိုင်သေးဘူး။ ရိုဆယ်လာ့ကို မတွေ့တွေ့အောင် ရှာဖို့ ကျွန်တော်
ဆုံးဖြတ်ထားတယ်။ သူ သွားတတ်မယ်ထင်တဲ့ နေရာ၊ သူ
ရှိလောက်မယ်ထင်တဲ့
နေရာတိုင်းကို ကျွန်တော် လိုက်ရှာတယ်။
ကျွန်တော့်ဆီ သူက ပြန်မလာမှ တော့ ကျွန်တော်ကပဲ သူ့ကို
ရှာရတော့မယ် မဟုတ်လား။ ဗိုလ်တထောင် ကမ်းနားမှာ စင်ရော်ကလေးတွေကို အစာကျွေးနေတဲ့
ရိုဆယ်လာ့အပြုံး။ ဒဂုံစင်တာ ၂ထဲက ရုပ်ရှင်ရုံမှာ ပေါက်ပေါက်နှိုက်စားတဲ့
သူ့လက်ကလေး။ မြို့တော်ခန်းမရှေ့ပလက်ဖောင်းကနေ လက်လှမ်းပြဖူးတဲ့ သူ့ပုံရိပ်။ The
Roof Bar က Jello Crush Cocktail ခွက်ပေါ်မှာ
ထင်နေတဲ့ သူ့နှုတ်ခမ်းရာကလေး။ ကျွန်တော် မှတ်မိသမျှ၊ သူနဲ့ အတူ
ရှိဖူးသမျှ နေရာတိုင်းမှာ
သူ့ပုံရိပ် အားလုံးကို လိုက်ရှာနေမိတယ်။
ရိုဆယ်လာက တန်ခိုးရှိနေတဲ့
မကောင်းဆိုးဝါး တစ်ကောင်လိုပါပဲ။ သူ ပုန်းနေချင်ရင် ပျောက်ခြင်းမလှ
ပျောက်နေနိုင်လွန်းလှတယ်။ ဒီတစ်ခါသာ ရှာတွေ့ခဲ့ရင် ရိုဆယ်လာဟာ ကျွန်တော့်အနားက
တစ်ဖဝါးမှ ထပ်ပြီး ထွက်မသွားဖို့ အတွက် ကျွန်တော် မဖြစ် ဖြစ်တဲ့ နည်းနဲ့ တားကို
တားမယ်လို့ ဆုံးဖြတ်ထားတယ်။
ကျွန်တော်ကားကို
အင်းလျားလမ်းတစ်လျှောက် ခပ်ဖြည်းဖြည်းပဲ မောင်းလာခဲ့တယ်။ လက်တစ်ဖက်က သောက်လက်စ Energy
Drink ဘူးကို အကုန် မော့သောက်ပြီး ကားနောက်ခန်းထဲကို
လွှင့်ပစ်လိုက်တယ်။ ကားနောက်ခန်းမှာ အားဖြည့် အချိုရည်ဘူးခွံတွေ ပုံနေပြီ။ လူက
နည်းနည်း လန်းသလို ဖြစ်လာတယ်။ ဖန်သီးလို နီရဲနေတဲ့ မျက်လုံးတွေဆီက ကျိန်းစပ်
နာကျင်နေတာကို ကျွန်တော်သိတယ်။ ကားကို တက္ကသိုလ်ရိပ်သာလမ်းပေါ်
ကွေ့ချလိုက်တယ်။ ရိုဆယ်လာ
… ကားလမ်း ဟိုဘက်ခြမ်း လမ်းဘေးမှာ လက်ပြပြီး Taxi တားနေတဲ့
ကျွန်တော် ရှာနေတဲ့ ရိုဆယ်လာ။
အနက်ရောင်
ဆံပင်ရှည်ဖားလျားနဲ့ ဒေါက်ဖိနပ်စီးပြီး မတ်တတ်ရပ်နေတဲ့ သူ့ကို ကျွန်တော့်ကားက
ကျော်သွားတယ်။ ပြီးမှ ကျွန်တော် ကားကို သူရှိတဲ့ ယာဉ်ကြောပေါ်ကို
ပြန်ကွေ့ချလိုက်တယ်။ ရိုဆယ်လာဟာ ကျွန်တော့်ကို နှုတ်ခမ်းတွန့်ပြီး ပြုံးပြတယ်။
"ကားပေါ်တက်လေ"ဆိုတော့ သူ စွေ့ခနဲ တက်လာတယ်။ ကျွန်တော်
အရမ်းပျော်သွားတယ်။ "ငါတို့ အိမ်ပဲ ပြန်ကြမလား။ နင် ဘာစားပြီးပြီလဲ"လို့
ကျွန်တော်က
မေးတော့
"မစားတော့ဘူး"လို့ ပြောတယ်။ ကျွန်တော် အိမ်ကိုပဲ တောက်လျှောက်ကားမောင်း
ပြန်လာခဲ့တယ်။ လှေကားထစ်တွေကို ကျွန်တော် တက်လာတော့ ရိုဆယ်လာက အနောက်ကနေ
ခပ်ဖြည်းဖြည်းပဲ လိုက်တက်လာတယ်။ သူ့ပုံစံက နည်းနည်းတော့ တွန့်ဆုတ်ဆုတ် နိုင်နေတယ်။
ကျွန်တော့်ကို အကြာကြီး ထားသွားခဲ့လို့ အားနာနေတာလားလို့ တွေးမိတယ်။ ဒါဆိုလည်း
"နောက်ဆို မထားခဲ့နဲ့ တော့ပေါ့"လို့ ချော့ရမှာ ပေါ့လေ။
အခန်းတံခါးကို
ပိတ်လိုက်ပြီး ခပ်ကြောင်ကြောင်နဲ့ တောင့်တောင့်ကလေး ရပ်နေတဲ့ သူ့ကို ကျွန်တော်
ဆွဲပွေ့လိုက်တယ်။ အတင်းဖက်ပြီး အရူးအမူးနမ်းတော့ သူက ကျွန်တော့်ကို တအံ့တဩ
ပြန်ကြည့်တယ်။ ကျွန်တော် သူ့ကို စကားတွေ တတွတ်တွတ် ပြောနေမိတယ်။ ရင်ခွင်ထဲမှာ
ပွေ့ဖက်ထားရင်း ကျွန်တော့်ကို ခွင့်လွှတ်ဖို့ ၊ ကျွန်တော့်နားက ထွက်မသွားဖို့ ၊
နောက်ဆုံး ကျွန်တော့်ကို လက်ထပ်ဖို့ ။
ရိုဆယ်လာဟာ "ငါ့ကို
လက်ထပ်ပါ ရိုဆယ်လာ"ဆိုတဲ့ ကျွန်တော့်ရဲ့ စကားအဆုံးမှာ ကျွန်တော့် ရင်ဘတ်ကို
ဆောင့်တွန်းပြီးဖက်ထားတာကို ခွာထုတ်လိုက်တယ်။ ကြမ်းပြင်ပေါ် ပြုတ်ကျနေတဲ့
သူ့ပိုက်ဆံအိတ်ကို ကောက်ယူပြီး တံခါးပေါက်ဆီကို လျှောက်သွားတယ်။ ကျွန်တော်
ပြောခဲ့ပါရောလား။
ကျွန်တော် ဒီတစ်ခါ
ရိုဆယ်လာ့ကို လုံးဝ ထွက်သွားခွင့် မပြုနိုင်တော့ဘူးလို့ ။
***
ကျွန်တော်နဲ့ ရိုဆယ်လာ အတူ
ပြန်နေရတာဟာ ကျွန်တော့်အတွက် နိဗ္ဗာန်ပါပဲ။ ရိုဆယ်လာဟာ ကျွန်တော့်အနားကနေ ဘယ်ကိုမှ
ထပ်ပြီး ထွက်မသွားတော့ဘူး။ သူ မကြိုက်တဲ့ လက်ထပ်စို့ဆိုတဲ့ စကားနဲ့ သူ့ကို
မချည်နှောင်တော့ပါဘူးလို့ တော့ ကတိပေးလိုက်ရတယ်။ အရင်လိုပဲ ကျွန်တော်တို့
အတူစားတယ်၊ ရုပ်ရှင် အတူကြည့်တယ်၊ Vodka အတူ
သော်ကတယ်၊ သူ့ ဆံပင်ရှည်ရှည်တွေကို ကျွန်တော်က လျှော်ပေးတယ်။ ပြီးတော့
အတူတူ ချစ်တင်းနှောတယ်။
ရိုဆယ်လာ အိပ်ပျော်နေတဲ့
ပုံဟာ ကျွန်တော့်အတွက် ကမ္ဘာပေါ်မှာ အလှပဆုံး ပန်းချီကားပါပဲ။ သူ့ရဲ့ အနက်ရောင်
ဆံပင်ရှည်ရှည်တွေဟာ ခုတင်ပေါ်မှာ တချို့ ပြန့်ကျဲနေပြီး တချို့က သူ့မျက်နှာလေးပေါ်
ဖုံးအုပ်လို့ ။ သူ့မျက်နှာပေါ်က ဆံပင်တွေကို သပ်တင် ဖယ်ရှားပေးလိုက်ပြီး
သူ့ပါးလေးကို နမ်းလိုက်တယ်။ "အိပ်ပုပ်မလေးဟာ တော်တော်လည်း
အိပ်ပါတယ်ကွာ"လို့ ခပ်တိုးတိုးလေး နားရွက်နားကို
ကပ်ပြောလိုက်တယ်။
သူနိုးလာရင် စားဖို့ တစ်ခုခု ချက်ပေးရဦးမှာ မို့ အိပ်ရာပေါ်ကနေ ထ လာပြီး
မီးဖိုခန်းထဲ ဝင်လာခဲ့တယ်။ ကြက်ဥတွေကို ရေခဲသေတ္တာထဲက ထုတ်လိုက်ချိန်မှာ
အိမ်တံခါးကို ခပ်ပြင်းပြင်း ခေါက်လိုက်တဲ့ အသံတွေ ရုတ်တရက် ထွက်လာတယ်။ "ဟာ …
ဒီလူတွေဟာ Shit …" ရိုဆယ်လာ နိုးသွားမှာ ကို
စိုးရိမ်စိတ်နဲ့ ခပ်တိုးတိုး ကျိန်ဆဲပြီး တံခါးကို အမြန်ပဲ ပြေးဖွင့်လိုက်တယ်။
တံခါးအပြင်မှာ
ရဲတချို့နဲ့ အတူ
ကျွန်တော်နေသည့် တိုက်မှ လူများ …
"ဘာကိစ္စ
ရှိလို့ လဲ ခင်ဗျ"
***
ရိုဆယ်လာက အဖြူနဲ့
အနီရောင်ဝတ်စုံနဲ့ ကျွန်တော့်ကို ပြုံးပြနေတယ်။ ကျွန်တော် သိပ်ချစ်တဲ့ သူ့နှုတ်ခမ်းလေးတွေမှာ
သူ ဆိုးနေကျ အနီရင့်ရင့် နှုတ်ခမ်းဆိုးဆေးကို ဆိုးမထားပေမဲ့ သူ့နားရွက်ကြားမှာ
နှင်းဆီပန်းနီနီကလေး ပန်ထားတော့ တစ်မျိုးလေး ကြည့်ကောင်းနေပြန်တယ်။ ကျွန်တော်
သူ့လက်ကလေးကို လှမ်းဆွဲပြီး "နှုတ်ခမ်းနီ မပါပေမဲ့ ပန်းလေး ပန်ထားတာ
သိပ်လှတာပဲ … ရိုဆယ်လာ"ဆိုတော့ သူ
ကျွန်တော့်ကို
ပြုံးကြည့်တယ်။ ကျွန်တော့် လက်တွေကို အသာအယာ ပြန်ဆုပ်ကိုင်ပြီး "အင်း … နင်
သဘောကျရင် ငါ အမြဲပန်မှာ ပေါ့"လို့ ပြောတယ်။ ပြီးတော့ ကျွန်တော့် လက်ထဲကို
ဆေးလေးတွေ လာထည့်ပေးတယ်။
"ငါ
မနေ့ကလည်း သောက်တယ်လေဟာ။ ငါ နေကောင်းပါပြီဟ… နင်ကလည်း "လို့ ပြောတော့ သူက
"မနေ့က နင် ဖျားလို့ ဆေးတိုက်တာ။ ဒီနေ့က နှာစေနေလို့ ၊ မတူဘူးဟ …
သောက်လိုက်နော်"လို့ ပြောတယ်။ "ဒါဆို ညနေကျရင် ငါနဲ့ အတူ ဗိုလ်တထောင်မှာ
စင်ရော်တွေ အစာသွားကျွေးမှာ လား"လို့ မေးတော့ မျက်စောင်းထိုးတယ်။ တကယ်က သူ
ဒီလိုတွေ ဂရုစိုက်လို့ ကျွန်တော် အရမ်းပျော်နေရတာပါ။ ရိုဆယ်လာက
"ဆေးသောက်ပြီးရင် ခဏ
အိပ်ဦးနော်"လို့
ပြောလို့ ကျွန်တော် ခုတင်ပေါ် လှဲချလိုက်တယ်။ အခန်းရဲ့ ပြတင်းက ခန်းဆီးကို
ပိတ်ပြီး ထွက်သွားဖို့ ပြင်တဲ့ သူ့လက်လေးကို ကျွန်တော် လှမ်းဆွဲလိုက်တယ်။
"ငါ့နားကနေ
ဘယ်တော့မှ ထွက်မသွားဘူး မဟုတ်လား ရိုဆယ်လာ …"
ကျွန်တော့်ကို
ပြန်လှည့်ကြည့်တဲ့ ရိုဆယ်လာ့ မျက်လုံးလေးတွေဟာ အလွန်တရာကို သိမ်မွေ့ နူးညံ့နေတယ်။
ပြီးတော့ အသံတိုးတိုးလေးနဲ့ "ငါ ထွက်မသွားပါဘူးဟာ"တဲ့ ။ ကျွန်တော်
အားပါးတရ ပြုံးရင်း မျက်လုံးတွေကို မှ ိတ်လိုက်တယ်။ ကျွန်တော့်အနားမှာ ရိုဆယ်လာ
ရှိနေဖို့ ပဲ လိုအပ်ပါတယ်။
***
သူနာပြုဆရာမလေးဟာ
အိပ်ပျော်သွားတဲ့ သူ့လက်ကို အသာအယာ ဖြုတ်ပြီး အခန်းအပြင်ကို ထွက်ခဲ့တယ်။
အခန်းအပြင်မှာ သူ စိတ်မငြိမ်မသက် ဖြစ်လာရင် ထိန်းချုပ်ဖို့ အစောင့်နှစ်ယောက်
အဆင်သင့် ရှိနေတယ်။ ခေါင်းညိတ်ပြပြီး အခန်းတံခါးကို သော့ခတ်ဖို့ အချက်ပြလိုက်တယ်။
ဒီလောက် စကား အပြောအဆို သိမ်မွေ့နူးညံ့ပြီး ချစ်တတ်လွန်းတဲ့ လူတစ်ယောက်ဟာ သူနဲ့
တစ်ခါမှ မဆက်ဆံ မပတ်သက်ဖူးတဲ့ လမ်းဘေးက
ကြေးစားမိန်းမကို သတ်ပြီး
အလောင်းကြီးနဲ့ ရက်ပေါင်းများ စွာ အတူတူ နေနေခဲ့တယ်ဆိုတာ
မယုံနိုင်လောက်စရာပါပဲလို့ သူနာပြုကလေးက တွေးနေမိတယ်။
ဆံပင်နက်နက်သော်လည်းကောင်း၊
နှုတ်ခမ်းနီ အနီရင့်ရောင် ဆိုးထားပါမှ သော် လည်းကောင်း၊ နှင်းဆီအနီရောင် ပန်သွားမှ
သော်လည်းကောင်း ဒီလူနာဟာ ထိန်းရလွယ်တယ်။ ရောက်လာသမျှ သူနာပြုဆရာမလေးတိုင်းကို
ရိုဆယ်လာလို့ ခေါ်တတ်ပြီး လုပ်ခိုင်းသမျှကို ကြည်ကြည် ဖြူဖြူ လက်ခံလေ့ ရှိတယ်။
သူနာပြုဆရာမလေးက နားရွက်ပေါ်က နှင်းဆီပွင့်နီနီကလေးကို အမှ ိုက်ခြင်းထဲ ပစ်ချပြီး
တာဝန်ကျ ဆရာဝန်ဆီကို
လူနာအခြေအနေ သတင်းပို့ဖို့
ရုံးခန်းရှိရာကို လမ်းလျှောက်သွားတော့တယ်။
***
တိတ်ဆိတ်လျက်ရှိသည့်
တစ်ခုသော ညသန်းခေါင်ယံတွင် လှေကားထစ် ခြောက်ဆယ့်ငါးထစ်အဆုံး၌ ရှိသော အခန်းကလေး၏
တံခါးမှ တံခါးခေါက်သံ ထွက်လာသည် ။ သုံးချက် ဆက်တိုက် နှစ်ကြိမ်တွဲကာ ခေါက်သည် ။
တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် … အခန်းကလေးက ဘာမှ မတုံ့ပြန်။ အခန်းကလေးထဲရှိ
နာရီကလေးက တဖျပ်ဖျပ် ရွေ့လျားနေသည် ။ တစ်မိနစ်၊ ဆယ်မိနစ်၊ တစ်နာရီ၊ နှစ်နာရီ …။
အခန်းကလေးအတွင်းမှ အိပ်ရာရှိသည့်
ပြတင်းပေါက်ပေါင်ပေါ်သို့
အရုဏ်၏ အလင်းရောင်ပါးပါးလေး ထင်လာသည် ။
တိတ်ဆိတ်နေတာ ကြာလွန်းမက
ကြာပြီးမှ တံခါးခေါက်သံ တိုးတိုးကလေး ထပ်မံ ထွက်လာပြန်သည် ။ ဒီတစ်ခေါက်
တံခါးခေါက်သံကလေး၏ နောက်တွင် အင့်ခနဲ ရှိုက်သံ ခပ်တိုးတိုးကလေးပါ ကပ်ပါလာခဲ့သည် ။
တိုက်ခေါင်မိုးပေါ်မှာ ခိုကလေးတွေ တကုကု တအုအုနှင့် ဟိုလျှောက် ဒီလျှောက်
လုပ်နေကြပြီ။ တိုက်အောက်မှာ လူတချို့ သွားလာနေသံ ထွက်လာနေပြီ။ မကြာခင် မိုးစင်စင်
လင်းလာတော့မည်။ လှေကားထစ်တွေကို
တစ်ထစ်ချင်းဆီ နင်းကာ
ဆင်းသွားသော ဒေါက်ဖိနပ်သံ တဒေါက်ဒေါက်က ခပ်လေးလေး ထွက်ပေါ်လာသည် ။ အခန်းကလေးနှင့်
တရွေ့ရွေ့ ဝေးသွားကာ ဒေါက်ဖိနပ်စီးထားသည့် ခြေသံကလေးသည် လှေကားထစ်
ခြောက်ဆယ့်ငါးထစ် အဆုံးမှာ တော့ လုံးဝ ပျောက်ကွယ်သွားပါတော့သည် ။
***
မယ်လွင့်
မြို့ကလေးရဲ့ တနင်္ဂနွေ
၁။
"ဟိုတုန်းကပေါ့
…"ရယ်လို့ ငွေသိမ်းစားပွဲမှာ ထိုင်နေတဲ့ အဘွားအိုက စကား စလိုက်တာနဲ့
မုန့်ဆိုင်ကလေးထဲက လူအနည်းငယ်ရဲ့ စိတ်အာရုံတွေဟာ အဘွားအိုဆီကို စူးစိုက်သွားကြတယ်။
အဲဒီ အဘွားအိုကို အန်တီရိုစီလို့ သူတို့
က ခေါ်ကြတယ်။ လူအများက အန်တီရိုစီ ဆိုလို့ သာ အန်တီရိုစီလိုက်ကြတာပါလေ … သူ့နာမည်အရင်းကို
ဘယ်သူမှ မသိကြပါဘူး။ မြို့အစွန်မှာ ရှိတဲ့ အိမ်ဟောင်းတစ်လုံးရဲ့ ခြံဝက
ဈေးဆိုင်ကလေးတစ်ခုရဲ့
မှန်တံခါးချပ်ပေါ်မှာ Aunty Rosy’s Bakery ဆိုတဲ့
အဖြူရောင် စာတန်းတစ်ခု တပ်လိုက်တာနဲ့ တင် မုန့်ဆိုင်ကိုရော၊ လူကိုပါ
ကင်ပွန်းတပ်ပြီးသား ဖြစ်သွားတော့တာပါပဲ။
***
၂။
အန်တီရိုစီရဲ့ နာမည်ကို
ဘယ်သူမှ မသိကြသလို အန်တီရိုစီဟာ ဘယ်က ရောက်လာတယ်ဆိုတာကိုလည်း မြို့ကလေးက လူတွေ
မသိလိုက်ကြပါဘူး။ မသိလိုက်ဘူး ဆိုတာကလည်း မြို့ကလေး ကိုယ်တိုင်က
မြူခိုးဝေဝေကြားမှာ အေးကုပ်ကုပ်ကလေး။ မြို့ကလေးကလည်း ဘာသိဘာသာ၊ လူတွေကလည်း
ဘာသိဘာသာရယ်လေ။ မြို့ကလေးဟာ ဟိုတုန်းက စည်ကားခဲ့ပုံရပေမဲ့ အခုတော့ ကားကြီးကြီးတွေ
တစ်ခါတစ်ရံလောက်ပဲ ဖြတ်သန်းသွားတတ်တော့တဲ့
ကတ္တရာခင်း လမ်းတစ်ခုရယ်၊
ဒေသန္တရ ဆေးခန်းတစ်ခုရယ်၊ ကြည့်သူ သိပ်မရှိတဲ့ (ဇာတ်ကားဟောင်းတွေပဲ ပြတတ်တဲ့ )
ရုပ်ရှင်ရုံ ခပ်စုတ်စုတ် တစ်ရုံရယ်၊ အုံ့ဆိုင်းနေတဲ့ အရိပ်ရသစ်ပင်တွေနဲ့
ပန်းရိုင်းတွေနဲ့ သာယာသယောင် ရှိနေတဲ့ မြိုက်တော်ခန်းမနဲ့ ပန်းခြံရယ်၊ အထက
(…)ဆိုတဲ့ ယိုင်နေတဲ့ ဆိုင်းဘုတ်နဲ့ အထက်တန်းကျောင်းကလေးရယ်၊ နေပူချိန်အထိပဲ
လူစည်တတ်တဲ့ ဖျောက်တောက်တောက် ဈေးကလေးရယ်၊ Restaurant
လို့ ခပ်ရေးရေးပဲ ဖတ်လို့
ရတော့တဲ့ မည်ကာမတ္တ တရုတ်စားသောက်ဆိုင် နှစ်ဆိုင်ရယ်၊ လက်ဖက်ရည်ဆိုင်
သုံးလေးဆိုင်ရယ်နဲ့ ပလူမွေး ပလူတောင် မြို့ကလေးတစ်ခုအဖြစ် ရှိနေတယ်။
မြို့ကလေးရဲ့
အရှေ့ဘက်အဝင်မှာ မြို့ဦးစေတီနဲ့ ဆရာတော်အိုအိုကြီး သီတင်းသုံးတဲ့
ဘုန်းကြီးကျောင်းအိုအို ရှိသလို အနောက်ဘက်ရဲ့ တောင်ကုန်းမြင့်ပေါ်မှာ
သစ်ပင်ထိပ်ဖျားတွေကို ကျော်ထွက်နေတဲ့ လက်ဝါးကပ်တိုင်နဲ့ အမိုးချွန်ချွန် အဆောက်အဦ
ရှိတယ်။ တနင်္ဂနွေနေ့ဆိုရင် မြို့ကလေးထဲက လူတော်တော်များများ ဟာ မြို့ကလေးရဲ့
အနောက်ဘက်က ဘုရားကျောင်းဆီကို သွားတတ်ကြတယ်။ အဲဒီနေ့
ဆိုရင်တော့ မြို့ကလေးဟာ
လှုပ်လီလှုပ်လဲ့ အပျိုမကလေးလို မခို့တရို့ ချက်ချာနေတတ်ပေမဲ့ ကျန်အချိန်တွေမှာ
တော့ စောင်ထူထူအောက်မှာ ခေါင်းမြီးခြုံပြီး အိပ်ပျော်နေတတ်တဲ့ အဘွားအိုလို
ခွေခေါက်နေတတ် ပြန်တယ်။
***
၃။
တစ်ခုသော တနင်္ဂနွေမှာ
မြို့ကလေးက လူတွေဟာ မြို့အနောက်ဘက်က ဘုရားရှိခိုးကျောင်းဆီကို သွားကြရင်း
နွားခြံပိုင်ရှင်ရဲ့ စပ်စုတတ်တဲ့ ဇနီးသည် က အန်တီရိုစီကို စပြီး မြင်တယ်။
ဘုရားကျောင်းကို မရောက်ခင် တောင်ကုန်းရဲ့ အခြေမှာ ရှိနေတဲ့ တစ်ထပ်တိုက်ဟောင်းနဲ့
ခြံကျယ်ကျယ်ကို တနင်္ဂနွေနေ့တိုင်း ဖြတ်သန်းသွားရလွန်းလို့ ရှိနေမှန်းတောင်
မသိတော့လောက်အောင် ကျွမ်းဝင်နေကြတာ
ကြာလှပြီပဲ။ မြင်နေကျ
သစ်ပင်ထူထူ ၊ ချုံထူထူအစား ရိတ်ဖြတ်ထားတဲ့ မြက်ခင်းတိုတိုရယ်၊ လေတိုက်တိုင်း
ယိမ်းနွဲ့နေတဲ့ ပန်းပွင့်လက်စ နှင်းဆီပန်းအိုး တချို့ရယ်၊ ပန်းပွင့်တွေနားက
ကြိမ်ကုလားထိုင်ပေါ်မှာ အိပ်ပျော်နေတဲ့ ခပ်ဖိုင့်ဖိုင့် အဘွားအိုရယ်ဟာ
နွားခြံပိုင်ရှင်ရဲ့ စပ်စုတတ်တဲ့ ဇနီးသည် အာရုံကို ဖမ်းစားသွားတယ်။ သူကနေ တစ်ဆင့်
စတိုးဆိုင်ပိုင်ရှင် မိန်းမကို လက်ကုတ်ပြီး
ပြတယ်။ အဲဒီကနေ
နောက်တစ်ယောက် … ပြီးတော့ နောက်ထပ်တစ်ယောက်။
သူတစ်ပါးရဲ့
လွတ်လပ်ခွင့်ကို ကျူးကျော် စပ်စုပါလားဆိုတဲ့ အခြေခံ ယဉ်ကျေးမှုကလေးကိုတောင်
မေ့လျော့သွားကြလောက်အောင် မိန်းမတစ်သိုက်ဟာ ပိုပြီး မြင်ရလို မြင်ရငြား
ခြံစည်းရိုးဘေးကနေ တိုးဝှေ့ ကြည့်ကြတယ်။ တီးတိုးတီးတိုး သဖန်းပိုးကြတယ်။ သူတို့
ရဲ့ အသံတွေ ကျွတ်စီကျွတ်စီနဲ့ ကတောင် အန်တီရိုစီကို မနိုးစေပါဘူး။ အန်တီရိုစီဟာ
ကောင်းကင်ဘုံမှာ အိပ်ပျော်နေသလိုမျိုး …
ဆံပင်ဖြူပေါ်ကို
ဖြာကျနေတဲ့ နေရောင်နုနုတွေကတောင် အနှောင့်အယှက် မပေးနိုင်သလိုမျိုး။ လေညင်းတချို့က
အန်တီရိုစီရဲ့ တွဲလဲကျနေတဲ့ အင်္ကျီလက်ဖျားတွေကို လှုပ်ခတ်သွားစေလို့ ။
အန်တီရိုစီကို မြင်ရသူတိုင်းဟာ သူ့ရဲ့ ချမ်းမြငြိမ်းချမ်းတဲ့ အိပ်စက်မှုကို အားကျ
ငေးမော သွားကြသည် ။
ငြိမ်းငြိမ်းချမ်းချမ်း
အိပ်ပျော်နေတဲ့ အန်တီရိုစီရဲ့ အကြောင်းဟာ ဘုရားကျောင်းက တရားဟောတဲ့ ဓမ္မဆရာ
အငယ်လေးဆီလည်း ရောက်ရဲ့ ၊ စက်ချုပ်တဲ့ ဦးလေးကြီးဆီလည်း ရောက်ကြရဲ့ ၊ ဒေသန္တရ
ဆေးခန်းက သူနာပြုဆရာမလေးဆီလည်း ရောက်ကြရဲ့ ။ ဒီကနေ့မှာ လူတိုင်းရဲ့ ပါးစပ်ဖျားမှာ
အန်တီရိုစီရဲ့ အကြောင်းက ရေထဲကို ခဲလုံးပစ်ချလိုက်သလို အဘက်ဘက်ကို
ပြန့်ကားသွားတော့တယ်။ ဓမ္မဆရာ အငယ်လေးကတောင်
အန်တီရိုစီရဲ့
ငြိမ်းချမ်းမှုတွေကို အကူးစက်ခံချင်လွန်းလို့ သူ ဟောနေကျတရားကို ခပ်မြန်မြန်
လက်စသတ်ပြီး မြို့ကလေးက လူတချို့နဲ့ အတူ တောင်ကုန်းအောက်ကို လိုက်ဆင်းလာပါသေးတယ်။
ဒါပေမဲ့ လူတွေ ပြောကြတဲ့ နေရာမှာ အန်တီရိုစီက မရှိတော့ပါဘူး။ အန်တီရိုစီရဲ့
အကြောင်းကသာ မြို့ကလေးဆီမှာ တစ်ပတ်စာ ပြောစရာ သတင်းစကားအဖြစ် ပြန့်ကျဲသွားခဲ့တယ်။
***
၄။
နောက်တစ်ပတ် တနင်္ဂနွေမှာ
အန်တီရိုစီ အိမ်ရှေ့က ဖြတ်ကြတော့ မှတ်မှတ်ရရ ကြည့်ကြပြန်တယ်။ ဒီတစ်ခါတော့ ခြံဝနားက
အုတ်တိုက်အဟောင်းလေးနဲ့ မှန်တံခါးပေါ်မှာ Aunty Rosy’s Bakery ဆိုတဲ့ စာတန်း အဖြူနဲ့ အတူ လေထဲမှာ ပျံ့လွင့်နေတဲ့ လတ်လတ်ဆတ်ဆတ်
ပေါင်မုန့်နံ့တွေကို ရကြတယ်။ မှန်တံခါးပေါ်မှာ close ဆိုတဲ့
ကတ်ပြားကလေးနဲ့ မို့ ဘယ်သူကမှ တော့ ဆိုင်ထဲကို မဝင်ကြပါဘူး။ ဘုရားကျောင်းက
ပြန်လာချိန်လောက်ကျရင်တော့
ဆိုင်ဖွင့်တန်ကောင်းပါရဲ့ လို့ တွေးကြပြီး လှည့်ကြည့် လှည့်ကြည့်နဲ့
ကျော်ဖြတ်သွားကြတာပါပဲ။ နွားခြံပိုင်ရှင်ရဲ့ ဇနီးကတော့ သူ ပြန်ဆင်းလာတဲ့ အချိန်အထိ
ဆိုင်မဖွင့်ရင်လည်း တံခါးခေါက်ပြီး ဝင်သွားမှာ ပဲတဲ့ ။ ပေါင်မုန့်နံ့က
မွှေးလွန်းလို့ ဝင်လာရတာပါဆိုရင် ရိုင်းရာမကျတော့ဘူးလေလို့ သူ့ဘေးက မိန်းမကို
ခပ်တိုးတိုး အဖော်စပ်သေးတယ်။
ဘုရားကျောင်းက
ပြန်ဆင်းလာချိန်မှာ မြို့ကလေးက လူတချို့နဲ့ အတူ ဓမ္မဆရာ အငယ်လေးတောင် ပါလာသေးရဲ့ ။
သိချင်စိတ်နဲ့ လူတွေဟာ Open ဆိုတဲ့ ကတ်ပြားကလေးကို
မြင်တာနဲ့ မှန်တံခါးကို တွန်းဖွင့်ဝင်လိုက်ကြတယ်။ တံခါးအပေါ်မှာ ကြိုးနဲ့
ဆွဲထားတဲ့ လူခေါ်ခေါင်းလောင်းကလေးကနေ ကလောင်ကလင် အသံတွေတောင် မြည်လို့ ။
ဆိုင်အလယ်နားလောက် ရောက်တော့ ငွေသိမ်းစားပွဲခုံ ခပ်သေးသေးလေးရဲ့
နောက်နံရံဖြူဖြူရဲ့
ရှေ့မှာ အိအိပုံ့ပုံ့ ထိုင်နေတဲ့ အန်တီရိုစီက သူတို့ ကို လှမ်းပြီး ပြုံးပြတယ်။
ဒီလိုနဲ့ အန်တီရိုစီဟာ မြို့ကလေးရဲ့ လူတွေရဲ့ အသွေးအသားထဲကို သူ့မုန့်ဆိုင်က
မုန့်တွေရဲ့ အနံ့နဲ့ အတူ ရောနှော ဝင်ရောက်သွားတော့တာပါပဲ။
***
၅။
အန်တီရိုစီရဲ့ ဆိုင်ဟာ
မြို့ကလေးမှာ တော့ နံပါတ်တစ်ပဲ။ တနင်္ဂနွေတိုင်း Menu အသစ် ပြောင်းတတ်တယ်။ ကျန်တဲ့ ရက်တွေမှာ တော့ သုံးရက်မှာ တစ်ခါ ဖုတ်တဲ့
ပေါင်မုန့်တချို့ရယ်၊ ကလေးတွေဖို့ ထောပတ်ကွတ်ကီးရယ်၊ လူကြီးတွေ ကြိုက်တတ်တဲ့
အိုရီဂါနိုနဲ့ ထောပတ် သုတ်ထားတဲ့ ပေါင်မုန့်ခြောက်ရယ်လောက်ပဲ ရတတ်တယ်။ ပြီးတော့
အန်တီရိုစီက တနင်္ဂနွေ မဟုတ်ရင် ကျန်တဲ့ ရက်တွေမှာ ကော်ဖီတို့ ၊
နွားနို့တို့ လည်း
မရောင်းဘူး။ မုန့်တွေကိုလည်း ပါဆယ်ပဲ ရောင်းတတ်တယ်။ ပြောရမယ် ဆိုရင်တော့ တနင်္ဂနွေ
တစ်ရက်ပဲ ဆိုင်ဖွင့်တဲ့ သဘောပေါ့။
တနင်္ဂနွေနေ့မှာ အန်တီရိုစီအပြင်
သူနဲ့ အတူနေတဲ့ အရပ်ရှည်ရှည် မိန်းကလေးရယ်၊ အသားညိုညို၊ အရပ်ခပ်ပျပ်ပျပ် လူရယ်ကပါ
ဈေးကူရောင်းလေ့ရှိတယ်။ မုန့်ဆိုင်ဖွင့်တဲ့ နေ့ ရောက်ရင်တော့ မြို့ကလေးက လူတွေဟာ
ဘုရားကျောင်းက ပြန်လာတာနဲ့ အန်တီရိုစီ့ဆိုင်ကို ဝင်ကြတယ်။ မုန့်ဆိုင်ထဲက
ပျံ့လွင့်လာတဲ့ အနံ့ကို ရှူပြီး ဒီတစ်ပတ်ရဲ့ Menu ကတော့
ဘာဖြစ်မလဲလို့ အပျင်းပြေ ခန့်မှန်းကြတယ်။ ဆိုင်ထဲ
ရောက်လာတာနဲ့ ကလေးတွေက
ထောပတ်ကွတ်ကီး ပူဆာကြတယ်။ အမေတွေ လက်ထဲကနေ ပိုက်ဆံတောင်းယူပြီး အန်တီရိုစွ
ထိုင်နေတဲ့ Bar ကလေးဆီမှာ တန်းစီကြရင်း ပိုက်ဆံ
ရှင်းကြတယ်။ တန်းစီပြီး စည်းကမ်းတကျ ပိုက်ဆံပေးရင် အန်တီရိုစီက သူကိုယ်တိုင်
လုပ်ထားတဲ့ သစ်သီးတော်ဖီ အလိပ်ကလေး နှစ်ခုလောက်ကို လက်ဆောင် ပြန်ပေးတတ်တယ်။
အန်တီရိုစီဟာ
မုန့်လုပ်တိုင်း ရာသီပေါ် သီးနှံတွေနဲ့ လုပ်တတ်တယ်။ အန်တီရိုစီရဲ့ သံပရာကိတ်နဲ့
စတော်ဘယ်ရီ ပူတင်းဟာ မြို့ကလေးက လူတွေ တသသ စွဲလမ်းကြတဲ့ မုန့်တွေပေါ့။ အန်တီရိုစီ့
မုန့်တွေဆိုရင် ကလေးကအစ လူကြီးအဆုံး အရမ်းကြိုက်ကြလို့ တနင်္ဂနွေနေ့မှာ လုပ်တဲ့
မုန့်တွေတိုင်းဟာ အကုန်မြန်တာချည်းပဲ။ မြို့အရှေ့ဖျားက ဆရာတော်ကြီးကတောင်
သူ့ကပ္ပိယကြီးကို လွှတ်ပြီး
အဝယ်ခိုင်းတတ်တယ်။
အန်တီရိုစီက မရောင်းပါဘူး။ သေသေချာချာ ထည့်သိုပြီး လှူလိုက်တတ်တယ်။
ထူးခြားတာ တစ်ခုက
အန်တီရိုစီရဲ့ ဆိုင်မှာ အသားနဲ့ ပတ်သက်တဲ့ မုန့်တွေ မရဘူး။ အန်တီရိုစီ
ကိုယ်တိုင်ကလည်း အသား မစားဘူး။ သူနဲ့ အတူနေတဲ့ အရပ်ရှည်ရှည် မိန်းကလေးနဲ့
အသားညိုညို အရပ်ခပ်ပျပ်ပျပ် လူကတော့ စားသလား၊ မစားသလား မသိပါဘူး နောက်ပြီး အန်တီရိုစီ့ဆီမှာ
ခွေးကြီးနှစ်ကောင်နဲ့ ကြောင်မိသားစု ငါးကောင်ရှိတယ်။ အဲဒီ ခွေးတွေနဲ့ ကြောင်ကလည်း
တခြားမြို့ကနေ အန်တီရိုစွနဲ့ ပါလာတာ
မဟုတ်ဘူး ။ ဒီမြို့ကလေးကို
ရောက်မှာ ကြုံသလို ကျွေးမွေးရင်း မွေးစားလိုက်ရတဲ့ ကိတ္ထိမသားတွေ။ သူတို့ ကို
ကျွေးဖို့ ဈေးထဲမှာ အသားအတိုအစနဲ့ ငါးတွေ လာဝယ်တတ်တယ်လို့ မြို့လယ်ကောင်
ဈေးတန်းထဲက လူတွေက ပြောပြကြတယ်။ ဈေးလာဝယ်ရင်လည်း အသားညိုညို၊ အရပ်ပျပ်ပျပ် လူနဲ့
အရည်ရှည်ရှည် အမျိုးသမီးကသာ ထွက်လာတာ များ ပါတယ်။ အန်တီရိုစီကတော့ သူ့ခြံနဲ့
မုန့်ဆိုင်ကလေးကနေ ဘယ်ကိုမှ မထွက်ဘူး။
ယုတ်စွအဆုံး တောင်ကုန်းကလေးပေါ်က
ဘုရားကျောင်းကိုတောင် တစ်ခါမှ လာလေ့မရှိဘူးတဲ့ ။
***
၆။
တနင်္ဂနွေရဲ့ ညနေဆိုရင်
အန်တီရိုစီရဲ့ ဆိုင်မှာ လူစုံတတ်တယ်။ လူစုံတယ်ဆိုလို့ လူငယ်၊ လူရွယ်တွေ
မဟုတ်ပါဘူး။ ခြေထောက်တစ်ဖက် လေဖြန်းထားတဲ့ ပင်စင်စား အဘိုးကြီးရယ်၊ ဘုရားကျောင်းက
ဓမ္မဆရာအိုကြီးရယ်၊ တလှုပ်လှုပ်နဲ့ သိုးမွေးထိုးနေတယ်တဲ့ အန်တီရိုစီ့ အိမ်နီးချင်း
အဘွားကြီးရယ်၊ ညနေတိုင်း မြို့ကလေးရဲ့ လမ်းတွေတစ်လျှောက် တုတ်ကောက်ကြီးနဲ့
လမ်းလျှောက်တတ်တဲ့
စတိုးဆိုင်ပိုင်ရှင်ရဲ့
အဖေအဘိုးကြီးရယ်၊ အန်တီရိုစီရယ်ပါပဲ။ နွေးထွေးပြီးမုန့်နံ့သင်းနေတဲ့ အန်တီရိုစီရဲ့
ဆိုင်ကလေးထဲမှာ တစ်ယောက် တစ်နေရာစီ ထိုင်လို့ ။ ပင်စင်စား အဘိုးကြီးနဲ့ တုတ်ကောက်
အဘိုးကြီးကတော့ တစ်ခါတစ်ရံ ထိုးတတ်ကြတယ်။ ပြီးရင် တလှုပ်လှုပ်နဲ့ ကိုယ့်အိမ်ကိုယ်
ပြန်ကြတယ်။ ဓမ္မဆရာအိုကြီးကိုတော့ ဘုရားကျောင်းပေါ်ကနေ ဓမ္မဆရာ အငယ်လေးက ဆင်း
လာပြီး တွဲခေါ်တတ်တယ်။
တနင်္ဂနွေညဆို အန်တီရိုစီက
ငွေသိမ်းစားပွဲနောက်က ဆေးအဖြူသုတ်ထားတဲ့ နံရံရှေ့မှာ ပုံ့ပုံ့ကြီး ထိုင်လို့ ၊
စားပွဲပေါ်မှာ လည်း သူ့ခြံထွက် နှင်းဆီတွေကို ပန်းအိုးနဲ့ ဝေဝေဆာဆာ ထိုးပြီး
တင်လို့ ။ ဆိုင်ကို လာကြတဲ့ ဧည့်သည် တွေဟာလည်း အန်တီရိုစီ ဧည့်ခံတဲ့ ကွေကာအုတ်ပူပူ၊
ဒါမှ မဟုတ် ကော်ဖီပူပူတစ်ခွက်လောက်စီ သောက်ကြလို့ ၊ ပူတင်းကိတ်ကလေး
တစ်ဖဲ့တလေလောက်ကိုလည်း မြုံ့ကြလို့ …
ရောက်တတ်ရာရာ စကားပြောရင်း
အကြောင်းတိုက်ဆိုင်ရင် "ဟိုတုန်းကပေါ့"လို့ အစချီပြီး ပြောပြတတ်တဲ့
အန်တီရိုစီရဲ့ ဘဝ တစ်စွန်းတစ်စကိုလည်း ခေါင်းတညိတ်ညိတ် နားထောင်ကြလို့ ၊
တစ်ခါတလေလည်း တသောသော ရယ်ကြမောကြနဲ့ တနင်္ဂနွေ ညခင်းတိုင်းဟာ အမြဲလိုလို
အေးအေးချမ်းချမ်းပါပဲ။
***
၇။
ဘာကိုမဆို
ပေးကမ်းရက်ရောတတ်တဲ့ အန်တီရိုစီဆီမှာ တောင် အနှောမြောဆုံးအရာ ရှိတယ်။ အဲဒါ
ခြံထောင့်က ကံ့ကော်ပင် ဖားဖားကြီးပဲ။ ပန်းတွေ ပွင့် လာပြီဆိုရင် ဘယ်သူတောင်းတောင်း
မပေးသလို သူတောင် ကံ့ကော်ပွင့်ချိန်ဆိုရင် အန်တီရိုစီဟာ နေ့ခင်း တရေးတမော
အိပ်တာကိုတောင် ကံ့ကော်ပင်အောက်မှာ ပဲ ခုံတစ်လုံး ချပြီး အိပ်တတ်တယ်။ မနှစ်ကလည်း
ကံ့ကော်တုံးချိန်ထိ ဘယ်သူ့ကိုမှ မပေးလို့
မြို့ကလေးထဲက မိန်းမတွေက
အန်တီရိုစီ့ကို တဖျစ်တော်ကတောက် မြည်တွန်လို့ မဆုံးဘူး။ အန်တီရိုစီရဲ့
ကံ့ကော်ပန်းတွေဟာ အပင်မှာ ပဲ ဖူး၊ အပင်မှာ ပဲ ပွင့်၊ အပင်မှာ ပဲ ဝေပြီး
အပင်ပေါ်ကနေပဲ ကြွေသွားတတ်ကြတယ်။
ဒီနှစ်လည်း ကံ့ကော်ပင်မှာ
အဖူးလေးတွေ သီလာတာနဲ့ သွားသွားပြီး ကြည့်နေတတ်တယ်လို့ အရပ်ရှည်ရှည် မိန်းကလေးက
ဈေးဝယ်လာတဲ့ မိန်းမကို ပြောပြတယ်။ ပြီးတော့ ဒီအိမ်နဲ့ ခြံကိုလည်း ဒီကံ့ကော်ပင်
ပါနေလို့ သာ ဝယ်လိုက်တာပဲ ဆိုတဲ့ အကြောင်းကိုလည်း တီးတိုး ပြောပြလိုက်သေးတယ်။
ဈေးဝယ် မိန်းမဟာ ဘယ်သူမှ မသိသေးတဲ့ သတင်းအသစ်အဆန်း တစ်ပုဒ်အကြောင်းကို
မြို့ကလေးထဲမှာ ဖြန့်ဖို့ မုန့်ဖိုးကို
ခပ်သုတ်သုတ် ရှင်းပြီး
ဒရောသောပါး ပြန်ထွက်သွားတော့တာပဲ။
***
၈။
ပြီးခဲ့တဲ့ သောကြာနေ့က
တိတ်တိတ်ဆိတ်ဆိတ်နဲ့ အိပ်ငိုက်နေတဲ့ မြို့ကလေးရဲ့ ညနေခင်းကို တဂီးဂီးသံ မြည်နေတဲ့
လင်းရိုဘာ ကားဟောင်းကြီးက လှုပ်နှိုးလိုက်တယ်။ ကားကြီးက ပေစုတ်
ဟောင်းနွမ်းလွန်းလို့ မြို့ကြီးတွေပေါ်မှာ သာဆိုရင် အရည်ကျိုစက်ကိုတောင်
ပို့ရလောက်ရဲ့ ။ ဒါပေမဲ့ လင်းရိုဘာဆိုတဲ့ ဂုဏ်နဲ့ ဘီးလေးလုံးပေါ်မှာ မားမားကြီး။
အမိုးပေါ်မှာ တင်ထားတဲ့ ပစ္စည်းတွေက
ဘာတွေမှန်းတောင်
မသိနိုင်လောက်အောင် ဖုန်တွေနဲ့ ထုတက်နေတယ်။
ကားကြီးက
စတိုးဆိုင်အရှေ့မှာ ရပ်ပြီး ရေသန့်ဘူး ဝယ်တယ်။ ကားထဲက လူက ဦးထုပ်ကြီးဆောင်းပြီး
မျက်နှာကို ပဝါနဲ့ အုပ်စည်းထားလို့ ဘယ်သူရယ်လို့ မမြင်လိုက်ရပါဘူး။ အဲဒီနေ့က
ကားကြီးက တစ်မြို့လုံးကို တဂီးဂီးနဲ့ ညအထိ ပတ်တယ်။ မကောင်းဆိုးဝါး အနက်ရောင်ကြီး
တစ်ကောင် မြို့ကို လှည့်ပတ်ပြီး မာန်ဖီနေသလိုမျိုး။ မြို့လယ်ကောင်ကနေ
မြို့စွန်မြို့ဖျားတွေအထိ … ကားကြီးရဲ့ အသံဆိုးကြောင့်
အမေတွေက နေရာကနေ
အထိတ်တလန့် နိုးသွားတဲ့ ကလေးတချို့ကို အမေတွေက ပြန်ချော့သိပ်ရင်း ဘယ်ကမှန်း မသိတဲ့
ကားနက်ကြီးကို ကျိန်ဆဲကြလို့ ။
***
၉။
မြို့ကလေးရဲ့ မနက်ခင်းဟာ
အထူးအဆန်းပဲ။ ဈေးတန်းထဲကို တစ်ခါမှ မရောက်လာပါဘဲနဲ့ အခုမှ ရုတ်တရက် ရောက်လာတဲ့
အန်တီရိုစီကို မြို့ကလေးက လူတွေ အံ့ဩကြတယ်။ ဟိုလူက လက်ဆွဲ၊ ဒီလူက နှုတ်ဆက်နဲ့
အန်တီရိုစီဟာ ဈေးတောင် ကောင်းကောင်း ဝယ်ရသေးပုံ မပေးဘူး။ သစ်သီးဆိုင်ပိုင်ရှင်က
သစ်သီးတွေ လက်ဆောင်ပေးလို့ ။ တချို့ကလည်း သူတို့ ဆိုင်ပေါ် လာထိုင်လည်ဖို့
ခေါ်ကြလို့ ။ ဒါပေမဲ့ အန်တီရိုစီက
အားလုံးကို ငြင်းပြီး
သားငါးတန်းဘက်ကို လျှောက်သွားတယ်။
အမဲသားဆိုင်ရှေ့ကို
ရပ်နေလိုက်တော့ လူတွေ ပိုအံ့ဩကြတာပေါ့။ တချို့ကလည်း မသိမသာကနေ သိသိသာသာကို
ရပ်ကြည့်ကြလို့ ။ ဒါပေမဲ့ အန်တီရိုစီက ဘာမှ မဝယ်ဘဲ အမဲသားရောင်းတဲ့ သူနဲ့
စကားပြောပြီး ပြန်ထွက်သွားခဲ့တယ်။ အန်တီရိုစီ ထွက်သွားတာနဲ့ အမဲသားဆိုင်ကို
လူတွေအုံလာတယ်။ အမဲသားဆိုင်ပိုင်ရှင်က ကျောက်ကပ် ပိုင်မုန့်လုပ်ဖို့
နွားကလေးကျောက်ကပ် လာမှာ သွားတဲ့ အကြောင်း၊ ဘယ်လောက်ပဲ ပေးရ
ပေးရ ရအောင် လုပ်ပေးဖို့
အကြောင်းတွေကို ပြန်ပြောတော့ လူတွေ အရမ်းကို အံ့ဩသွားကြတယ်လေ။ သူတို့ သိသလောက်
အသားမုန့်တောင် မလုပ်တဲ့ အန်တီရိုစီက နွားကလေးကျောက်ကပ်ကိုမှ လာမှာ သွားတာဟာ
သိပ်ကို ထူးဆန်းတာပဲ မဟုတ်လား။
အမဲသားဆိုင်ပိုင်ရှင်ကတော့
မနက်ဖြန် မနက်စောစော ဆိုင်ကို အရောက် လာပို့ပေးပါ့မယ့်အကြောင်း အန်တီရိုစီကို
ကတိပေးလိုက်ပြီးလို့ အမဲသားဆိုင်ကို သူ့မိန်းမနဲ့ လွှဲပီး ကျေးရွာတွေဘက်ကို
နွားကလေး အရှာထွက်သွားတယ်။ တီးတိုးထင်မြင်ချက် မျိုးစုံဟာ ဈေးကလေးထဲမှာ
ပွက်စီထလို့ ။ နေမကောင်းတာလား၊ စိတ်ကူးပြောင်းသွားတာလား၊ ဧည့်သည် လာမှာ မို့လားတွေ
အထိ စစ်စစ်ပေါက်ပေါက်
လိုက်တွေးနေကြလို့ ။
ဒါတောင် မြို့လယ်ကောင် စတိုးဆိုင်ကနေ အန်တီရိုစီ ဝယ်သွားတဲ့ ဆယ့်ရှစ်နှစ်သက်တမ်း
ဝီစကီပုလင်းအကြောင်း မသိလိုက်ကြလို့ သာပါပဲ။
***
၁၀။
တနင်္ဂနွေ မနက်ခင်း
ဘုရားကျောင်းကို လာသူတွေဟာ အပြန်ကျရင် အန်တီရိုစီဆိုင်ကို ဝင်ပြီး စနည်းနာကြမယ်ဆိုတဲ့
အတွေးတွေနဲ့ ။ နွားခြံပိုင်ရှင်ရဲ့ ဇနီးကတော့ အကျိုးအကြောင်း မသိရမချင်း
အိမ်မပြန်ဘူးလို့ သူ့အဖော်တွေကို ရယ်ရယ်မောမော ပြော လာလေရဲ့ ။ ဒါပေမဲ့ သူတို့ ရဲ့
မျှော်လင့်ချက်တွေဟာ သဲထဲ ရေသွန်ပဲ။ ဘုရားကျောင်းက ပြန်လာချိန်တောင်မှ
အန်တီရိုစီရဲ့ ဆိုင်က မဖွင့်ဘူး။
မှန်တံခါးမှာ Close
ဆိုတဲ့ စာတန်းကိုပါ ချိတ်လို့ ။ အန်တီရိုစီ့ဆိုင်မှာ
မုန့်စားကြမယ်ဆိုတဲ့ မက်လုံးနဲ့ ဘုရားကျောင်းကို လိုက်လာရတဲ့ ကလေးတွေက ဗိုက်ဆာလို့
ငိုတဲ့ သူက ငိုကုန်ပြီ။ မနေ့ကလိုပဲ ထင်မြင်ချက်မျိုးစုံနဲ့ လူအုပ်ဟာ မြို့ထဲကို
ပြန်ဆင်းသွားကြပြန်တာပါပဲ။
ဆိုင်ထဲက မီးဖိုမှာ
အန်တီရိုစီတစ်ယောက်တည်း အလုပ်ရှုပ်နေတယ်။ အသားအရသာ၊ မုန့်အရသာအတွက် စပ်ဟပ်ပြီး
ပြင်ဆင်လို့ …. အသားညိုညို အရပ်ပျပ်ပျပ်လူနဲ့ အရပ်ရှည်ရှည် မိန်းကလေးတို့ ကို
ဆိုင်သန့်ရှင်းရေး လုပ်ခိုင်းတယ်။ သူကိုယ်တိုင်လည်း လုပ်တယ်။ အရပ်ပျပ်ပျပ် လူကို
ကံ့ကော်ပန်းတွေ တစ်ပွေ့ကြီး တက်ခူးခိုင်းတယ်။ တစ်ဆိုင်လုံးကို ကံ့ကော်ပန်းတွေနဲ့
ပန်းအိုးထိုးပြီး အလှဆင်တယ်။
ညနေနေစောင်းလာတော့
အန်တီရိုစီ ကိုယ်တိုင်လည်း ကံ့ကော်ပန်းတွေ ပန်တယ်၊ မိတ်ကပ်ပါးပါး လိမ်းတယ်။
မီးခံသေတ္တာထဲကနေ ရွှေလက်စွပ် မောင်းကွင်းကလေးကို တယုတယ ထုတ်ပြီး
ဘယ်ဘက်လက်သူကြွယ်မှာ ဝတ်တယ်။ ပြီးတော့ သူ ထိုင်နေကျ ငွေသိမ်းစားပွဲမှာ
ပုံ့ပုံ့ကြီး ပြုံးရွှင် ငြိမ်သက်လို့ ။ ဒီအဖြစ်အပျက်တွေ မတိုင်ခင်အထိပေါ့။
***
၁၁။
ဆိုင်ထဲကို ဘယ်သူမှ
ဝင်မလာဘဲ မိုးစုပ်စုပ်ချုပ်တဲ့ အထိ အန်တီရိုစီက ထိုင်နေတယ်။ ဟိုးအဝေးကြီးကနေ တဂီးဂီး
ကားစက်သံကို ကြားတဲ့ အခါ အန်တီရိုစီ့မျက်နှာ ဝင်းသွားတယ်။ ထိုင်နေတဲ့
ခုံပေါ်ကနေဆင်းပြီး oven ဆီကို သွားလို့ …
ကျောက်ကပ်ပိုင်မုန့်ကလေးကို ပြန်နွှေးတယ်။ ကော်ဖီဖျော်စက်ကနေ ကော်ဖီငှဲ့ပြီး ဝီစကီ
ရောတယ်။ Irish coffee နှစ်ခွက်ကို ဖျော်တယ်။
ငွေသိမ်းစားပွဲကလေးပေါ်ကို ကော်ဖီခွက်
ချလိုက်ချိန်မှာ
ဆိုင်တံခါးက ခေါင်းလောင်းက အသံကြမ်းကြမ်း မြည်ကုန်တော့တယ်။
Close စာတန်းချိတ်ထားပေမဲ့
သော့ခတ်မထားတဲ့ တံခါးကနေ ဝင်လာတဲ့ သူကို အန်တီရိုစီက ပြုံးကြည့်တယ်။ တံခါးဝက
ဝင်လာသူက သူ ဆောင်းထားတဲ့ ဦးထုပ်ကို ချွတ်လိုက်ချိန်မှာ တော့ ဆွတ်ဆွတ်ဖြူတဲ့
ဆံပင်တွေကို ကုပ်ပေါ်ဝဲကျလို့ ။ အိုမင်းနေတဲ့ မျက်နှာကတော့ တင်းမာ ခက်ထန်နေတယ်။
"ဒေါသ
ကြီးတုန်းပဲကိုး …"
အန်တီရိုစီ့အသံက
ခပ်တိုးတိုး။ သူ့ကို စိုက်ကြည့်လာတဲ့ ဆံပင်ဖြူနဲ့ အဘိုးအိုကို ပြုံးကြည့်ပြီး
စားပွဲရှေ့က ခုံကို မေးငေါ့ပြတယ်။ သူကိုယ်တိုင်လည်း ခုံမှာ ဝင်ထိုင်လိုက်တယ်။
အဘိုးအိုကလည်း လက်ထဲမှာ ကိုင်လာတဲ့ သူ့ဦးထုပ်ကို စားပွဲပေါ်ချပြီး ခုံမှာ
ဝင်ထိုင်တယ်။
"စားလိုက်ဦးလေ။
ရှင် ဒီမုန့်ကြိုက်တယ် မဟုတ်လား"
ခုံမှာ ဝင်ဝင်ထိုင်ချင်း
အန်တီရိုစီက ပိုင်မုန့်ကို အစိတ်ကြီးကြီး တစ်စိတ် စိတ်ပြီး ပန်းကန်ထဲ ထည့်တယ်။
ပြီးတော့ အဘိုးအိုရှေ့ကို ပန်းကန်ကို ထိုးပေးတော့ အဘိုးအိုက လက်နဲ့ ကိုင်ပြီး
တစ်ကိုက် ကိုက်တယ်။ အန်တီရိုစီက ပြုံးပြီး မုန့်ဝါးနေတဲ့ အဘိုးအိုကို
ငေးကြည့်နေတယ်။ အန်တီရိုစီ ဒီလို ပြုံးနေတာကို တစ်ခါမှ မမြင်ဖူးသေးဘူး။
အန်တီရိုစီ့ မျက်လုံးလေးတွေက သူ့အသက်အရွယ်နဲ့
မလိုက်အောင် တောက်ပ
ရွှန်းလက်လို့ ။ ကော်ဖီခွက်ကိုယူပြီး အန်တီရိုစီက ဇိမ်ဆွဲသောက်တယ်။ ဆံပင်ဖြူနဲ့
အဘိုးအိုလည်း ကောက်ဖီခွက်ကို ယူသောက်ရင်း လျှာကို နှုတ်ခမ်းမှာ သပ်ပြီး အရသာခံတယ်။
"ရှင်
အရင်က အတိုင်းပဲနော် … အို အရာရာဟာလည်း အရင်အတိုင်းပါပဲ၊ မဟုတ်ဘူး လား၊ တို့ တွေ
မတွေ့ရတာ အရမ်းကို ကြာပြီနော် …"
တိုးတိုးကလေး ပြောတဲ့
အန်တီရိုစီ့ စကားသံအဆုံးမှာ အဘိုးအိုရဲ့ မျက်လုံးတွေက စိမ်းလက် စူးရှသွားတယ်။
ဝတ်ထားတဲ့ ဂျာကင်အဟောင်းအောက်ကို လက်နှိုက်ပြီး တစ်စုံတစ်ခုကို ဆွဲထုတ်တယ်။
အန်တီရိုစီ နဖူးကို ထောက်တယ်။
ကျယ်လောင်တဲ့ အသံနှင့်အတူ
အန်တီရိုဏီ့ ခေါင်းက အနောက်ကို လန်ကျသွားတယ်။ ငြိမ်သက်သွားတဲ့ အချိန်မှာ တောင်
အန်တီရိုစီ့ မျက်နှာပေါ်က အပြုံးရေးရေးလေးက ပျောက်မသွားသေးဘူး။ အန်တီရိုစွ
ထိုင်နေကျ နေရာရဲ့ ကျောဘက်က နံရံအဖြူဟာ ချက်ချင်းကို နီရဲစေးပျစ်တဲ့ အရည်တွေ
အကြောင်းလိုက် စီးကျလာတယ်။ အငွေ့အနည်းငယ် ထွက်နေဆဲ သေနတ်ကို ကိုင်ထားတဲ့
အဘိုးအိုကတော့ ဆိုင်အနောက်ကနေ အော်ဟစ်
ထွက်ပြေးလာတဲ့
အရပ်ရှည်ရှည် အမျိုးသမီးလေးကို သတိမထားမိလိုက်ပါဘူး။
***
၁၂။
ဓမ္မဆရာ အငယ်လေးရယ်၊
အရပ်ပျပ်ပျပ် လူရယ်၊ အငြိမ်းစား လူကြီးရယ် … နောက်ထပ် အိမ်နီးချင်း တချို့ရယ်ဟာ
အရပ်ရှည်ရှည် အမျိုးသမီးလေးရဲ့ အော်သံကြောင့် အန်တီရိုစီ့ဆိုင်နားကို
ရောက်လာကြတယ်။ မြို့ထဲက လူတချို့လည်း သေနတ်သံကြောင့် လူစုပြီး တဖွဲဖွဲနဲ့
ရောက်လာကြပြီး အန်တီရိုစီ့ ဆိုင်ထဲမှာ ရှိနေတဲ့ သေနတ်ပါတဲ့ အဘိုးအိုကြောင့်
ဆိုင်နားကို မကပ်ရဲကြသေးချိန်မှာ နောက်ထပ်
ကျယ်လောင်တဲ့ သေနတ်သံ
ထပ်ပြီး ထွက်လာလို့ မြို့ကလေးက လူတွေ အကုန်လုံး မြေကြီးပေါ်ကို ဝပ်ချလိုက်ကြတယ်။
အဲဒီနောက် အချိန်အတော်ကြာတဲ့ အထိ အသံဗလံတွေ တိတ်ဆိတ်သွားလိုက်ပုံများ … ရဲတွေ
ရောက်လာကြတဲ့ အထိ။
ရဲတွေနဲ့ အတူ
အန်တီရိုစီရဲ့ ဆိုင်ထဲကို အရင် ရောက်လာသူက နွားခြံပိုင်ရှင်ရဲ့ ဇနီးပါပဲ။
နံရံဖြူဖြူမှာ စီးကျနေတဲ့ သွေးစီးကြောင်းရယ်၊ ပြုံးရိပ်ပြုံးယောင် မပျောက်သေးတဲ့
အန်တီရိုစီ့ အလောင်းရယ်၊ အန်တီရိုစီ့လက်ကို တင်းတင်း ဆုပ်ကိုင်ရင်း သေဆုံးနေတဲ့
ဆံပင်ဖြူဖြူ အဘိုးအိုရယ်ကို တွေကရတယ်။ အဘိုးအိုရဲ့ ဘယ်ဘက် လက်သူကြွယ်မှာ လည်း
အန်တီရိုစီနဲ့ ဆင်တူ ရွှေမောင်းကွင်းကလေး
စွပ်လို့ ။ အဘိုးအိုရဲ့
ညာဘက် လက်ထဲက ပြုတ်ကျသွားပြီ ဖြစ်တဲ့ သေနတ်ကိုတော့ ရဲအရာရှိတွေက
ကောက်သိမ်းသွားတယ်။ နံရံပေါ်က သွေးတွေကြားမှာ နေက်ထပ်သွေးနဲ့ စာတစ်ကြောင်း။
နွားပိုင်ရှင်ရဲ့ ဇနီးက နံရံပေါ်က စာတွေကို ဖတ်ဖို့ အနားကို တိုးကပ်သွားတော့
ရဲအရာရှိက သူ့ကို နောက်ဆုတ်ဖို့ တားတယ်။ ဒါပေမဲ့ နွားခြံပိုင်ရှင်ရဲ့
မျက်စိသိပ်လျင်တဲ့ ဇနီးက နံရံပေါ်က စာကို အမြန်
ဖတ်လိုက်နိုင်တယ်။
"နှစ်ပေါင်း
လေးဆယ်ကျော်တဲ့ အထိပါပဲ … "တဲ့ ။
***
၁၃။
မြို့ကလေးက လူတွေဟာ တနင်္ဂနွေနေ့တွေရဲ့
ညဘက်ကို ရောက်တိုင်း အန်တီရိုစီရဲ့ မုန့်ဆိုင်အကြောင်းကို ပဟေဠိဆန်တဲ့
ခြောက်အိပ်မက်တစ်ခုလို ကလေးတွေကို အခုထက်ထိ ပြောပြလေ့ ရှိနေကြတုန်းပါပဲ။
***
မယ်လွင့်
(Zawgyi)
အမွာ စာ
မယ္လြင့္အား ကြၽန္မ သိသည္ မွာ မၾကာလွေသး။ လြန္ခဲ့ေသာ တစ္လခန႔္က ကဗ်ာဆရာ (ကို)စစ္ၿငိမ္းက မယ္လြင့္ႏွင့္ ကြၽန္မကို မိတ္ဆက္ေပးသည္ ။ မိတ္ဆက္ မေပးခင္ ကိုစစ္ၿငိမ္းက မယ္လြင့္ႏွင့္ ပတ္သက္ၿပီး စကားပလႅင္ခံသည္ ။ သူ (မ)၏ ပထမဆုံး လုံးခ်င္းစာအုပ္တြင္ ကြၽန္မ၏ အမွာ စာ လိုခ်င္သည္ တဲ့ ။ ကြၽန္မက မယ္လြင့္ႏွင့္ ပတ္သက္ၿပီး ကိုစစ္ၿငိမ္းကို ေမးေတာ့ ကိုစစ္ၿငိမ္းက သည္ စာအုပ္သည္ မယ္လြင့္၏
ပထမဆုံး လုံးခ်င္း ဆိုေသာ္လည္း အရင္ကတည္းက ဇာတ္ၫႊန္းေတြ ေရးသူဟု ဆိုသည္ ။ ယခုေနာက္ပိုင္း ႐ုပ္ရွင္၊ ဗီဒီယိုေတြ ကြၽန္မ မၾကည့္ျဖစ္သျဖင့္ သူမ၏ လက္ရာကို ကြၽန္မ မသိ။ ကြၽန္မ၏ စိုးရိမ္မႈမ်ားကို ကိုစစ္ၿငိမ္းကလည္း ရိပ္မိပုံေပၚသည္ ။ လူခ်င္းေတြ႕ၿပီး စကား အရင္ေျပာၾကည့္ပါ။ ဖတ္ရသြက္ေသာ အေရးအသား ျဖစ္ေသာ္လည္း စိုးရိမ္စရာ အေနအထား မဟုတ္ဟု သူက အခိုင္အမာ ဆိုသည္ ။
ထို႔ေၾကာင့္ မယ္လြင့္ႏွင့္ ကိုယ္တိုင္ လူခ်င္းေတြ႕ပါရေစဟု ကြၽန္ေတာ္ ေတာင္းဆိုလိုက္သည္ ။ မယ္လြင့္က တစ္ညေနမွာ စာမူဖိုင္တြဲေလးႏွင့္ သူမ၏ အမ်ိဳးသားကို အေဖာ္ေခၚကာ ကြၽန္မအိမ္သို႔ ေရာက္လာသည္ ။ မယ္လြင့္ႏွင့္ စကားေျပာၾကည့္ရင္း သူမ၏ စာဖတ္အားကို အနည္းငယ္ ခန႔္မွန္းမိသည္ ။ မယ္လြင့္က စာမူကို ဖတ္ၾကည့္ပါ။ ဖတ္ၾကည့္ၿပီး သေဘာမေတြ႕လွ်င္ အမွာ စာ မေရးခ်င္လွ်င္လည္း ရပါသည္ ဟု ဆိုသည္ ။
မယ္လြင့္ ျပန္သြားေတာ့ သူမ၏ စာမူကို ကြၽန္မ ဖတ္ၾကည့္သည္ ။
လုံးခ်င္းဟု ဆိုေသာ္လည္း စာမူကေလးက တကယ့္ပါးပါးကေလး။ "႐ိုဆယ္လာ"ဟု အမည္တပ္ထားေသာ အမ်ိဳးသမီးတစ္ေယာက္ကို ကြၽန္မ စေတြ႕သည္ ။ ႐ိုဆယ္လာႏွင့္ ဇာတ္ေၾကာင္းေျပာသူ အမ်ိဳးသားအေၾကာင္း ဖတ္ေနရင္ ကင္မီလီကို ကြၽန္မ ျမင္ေယာင္မိသည္ ။ ေမကို ကြၽန္မ ျမင္ေယာင္မိသည္ ။ တကယ္ကေတာ့ ေမႏွင့္ ကင္မီလီတို႔ ထက္ ေမႏွင့္ ကင္မီလီတို႔ လက္ေအာက္ ေမွာက္မွားစြာ ဝင္သြားခဲ့မိေသာ အမ်ိဳးသားမ်ားကို ကြၽန္မ
ျမင္ေယာင္မိသည္ ဆိုလွ်င္ ပိုမွန္ပါမည္။
႐ိုဆယ္လာသည္ နီဖ်ဥ္းဖ်ဥ္း မိန္းကေလး ျဖစ္သည္ ။ အေပ်ာ္မက္ေသာ၊ အစစ အရာရာအေပၚ သံေယာဇဥ္ႏွင့္ က႐ုဏာ မထားတတ္ေသာ မိန္းကေလး ျဖစ္သည္ ။ ႏႈတ္ခမ္းနီကို စြဲမက္ဖြယ္ျဖစ္ေအာင္ အစဥ္သျဖင့္ ဆိုးတတ္သူ၊ စိတ္ကို ေလအလ်င္လို လႊင့္ပစ္တတ္ေသာ မိန္းကေလး ျဖစ္သည္ ။ ႐ိုဆယ္လာသည္ တိမ္းမူးဖြယ္ ေကာင္းသည္ ။
ေလလို ေရာက္ လာၿပီး ေလလို ျပန္ထြက္သြားတတ္ေသာ တေစၦသဏၭာန္ မိန္းကေလး ျဖစ္သည္ ။ လူ႔ေဘာင္ စည္းကမ္းမ်ား ၊ က်င့္ဝတ္မ်ား ပုံစံတက် ပတ္ဝန္းက်င္ စသည္ တို႔ မွ ေသြခြာေနေသာ မိန္းကေလး ျဖစ္သည္ ။
႐ိုဆယ္လာကို တီထြင္သူ မယ္လြင့္သည္ အေၾကာင္းအရာ သမားျဖစ္သည္ ။ အေရးအသားသမား မဟုတ္။ သို႔မဟုတ္ အေရးအသားသမား မဟုတ္ေသး။ လူ႔ယဥ္ေက်းမႈ ပတ္ဝန္းက်င္ႏွင့္ ေသြးဖည္ေနေသာ ႐ိုဆယ္လာကို တီထြင္ရာတြင္ သူမ၏ အားထုတ္မႈမ်ားကို ကြၽန္မ ေတြ႕ရသည္ ။ သူမ၏ ႐ိုဆယ္လာ ဖန္တီးမႈတြင္ ကြၽန္မ ေမ်ာပါရသည္ ။ လႈိက္ေမာရသည္ ။ မိန္းမခ်င္းပင္ ေတြ႕ဆုံခ်င္စိတ္ ကြၽန္မမွာ ျဖစ္ရသည္ ။ ႐ိုဆယ္လာႏွင့္ ေတြ႕ခဲ့ရေသာ
အမ်ိဳးသားသည္ ခဏတာအားျဖင့္ ကံေကာင္းျခင္းသို႔မဟုတ္ တစ္သက္စာအားျဖင့္ ႐ူးသြပ္ျခင္းတို႔ ျဖစ္ေပၚခဲ့သည္ ။ တိမ္းမူးဖြယ္ေကာင္းေသာ ႐ိုဆယ္လာကို အျမင္အားျဖင့္ပင္ ကြၽန္မ ေတြ႕ဆုံဖူးလိုခဲ့လွ်င္ ယခု ႐ိုဆယ္လာႏွင့္ တိုက္႐ိုက္ေတြ႕ဆုံ ခဲ့ရေသာ အမ်ိဳးသားအဖို႔ မည္သို႔ ျဖစ္ႏိုင္မည္နည္း။ ကြၽန္မလည္း ေတာင္ေတာင္အီအီ ႐ူးသြပ္သြားႏိုင္ပါသည္ ။
႐ိုဆယ္လာကို စာ အခုမွ စဖတ္မည္ (ျဖစ္သည္ )ဆိုလွ်င္ျဖင့္ မဖတ္ေစလိုပါ။ အူ႐ိုင္းေလးတစ္ေယာက္အဖို႔ ေန႔ခင္းပူပူတြင္ ရမ္အစစ္တစ္ပက္ကို ေရမေရာဘဲ ေသာက္ရသကဲ့သို႔ ျဖစ္ေစေသာေၾကာင့္ ျဖစ္ပါသည္ ။ ႐ိုဆယ္လာအေပၚ ကြၽန္မ ႏွစ္ေပ်ာ္မိသလို ရွင္တို႔ လည္း ႐ိုဆယ္လာအေပၚ တစ္စုံတစ္ခုေတာ့ ခံစားၾကရပါလိမ့္မည္။ မ်ား စြာေသာ သမား႐ိုးက် အမွာ စာမ်ား လို စာေရးဆရာမ မယ္လြင့္အေပၚ ေကာင္းပါသည္ ၊
ေတာ္ပါသည္ စသျဖင့္ေတာ့ အလုံးစုံ အာမခံႏိုင္မည္ မဟုတ္ေပ။ သို႔ေသာ္ျငား တစ္စုံတစ္ေယာက္က ကြၽန္မအား "သည္ စာအုပ္ကို ဖတ္ရသည့္အတြက္ မည္သို႔ စိတ္ျဖစ္ပါသနည္း"ဟု ေမးလာခဲ့ေသာ္ ၊ ဥပမာ ျမစ္ကမ္းပါးနားတြင္ ထိုင္ေနစဥ္ ေမ်ာလာေသာ တစ္စုံတစ္ရာကို သစ္တုံးထင္ကာ "ဟာ … ဟိုမွာ မိေက်ာင္းႀကီး"ဟု ေအာ္ေနာက္လိုက္ရင္းက တကယ္ပင္ မိေက်ာင္းႀကီး ျဖစ္ေနသလိုဟု ျပန္ေျဖလိုပါသည္ ။ အဓိပၸာယ္ ႐ုတ္တရက္
ေဖာ္မရ ျဖစ္သြားပါသလား။ ကြၽန္မလည္း အဓိပၸာယ္ မေဖာ္တတ္ခဲ့ရင္းက ႐ိုဆယ္လာကို ျမင္ေတြ႕ခဲ့ရပါသည္ ။
မယ္လြင့္ … … …
ကြၽန္မလည္း စာဖတ္အား မ်ား စြာ လိုေသးသကဲ့သို႔ မယ္လြင့္သည္ လည္း စာဖတ္အား ဆက္တိုက္ ဆက္လိုေနဦးမည္ ျဖစ္ပါသည္ ။ ယခုႏွစ္ အနည္းငယ္အတြင္း လူငယ္မ်ား ယခင္ ေျခာက္ႏွစ္၊ ခုနစ္ႏွစ္ေလာက္ကထက္ ပိုၿပီး စာဖတ္အား သန္လာၾကပါသည္ ။ အစဥ္အလာ သေဘာအတြင္းမွ စာအုပ္စာေပမ်ားကို ဖတ္ရႈသူမ်ား ရွိသလို အစည္အလာကို ႐ုန္းကန္လာေသာ စာအုပ္စာေပမ်ားကို လႈိက္လွဲစြာ ႀကိဳဆိုဖတ္ရႈၾကေသာ လူငယ္မ်ားကိုလည္း မ်ား
စြာ ေတြ႕လာရသည္ ။ "အလိမၼာ စာမွာ ရွိ"ဟူေသာ စကားသည္ စာတိုင္းကိုလည္း ဆိုလိုဟန္မတူ။ အထူးသျဖင့္ စာဖတ္သူသည္ အစဥ္အလာအားျဖင့္ ျဖစ္ေပၚလာေသာ စာအုပ္စာေပမ်ားကိုသာ ႏွစ္ၿခိဳက္သူျဖစ္ပါမူ ႐ိုဆယ္လာႏွင့္ မထိေတြ႕မိေစရန္ ကြၽန္မ ဆိုခ်င္ပါသည္ ။ မယ္လြင့္သည္ အစဥ္အလာကို ေဖာက္ထြက္လာေသာ၊ ျပသလိုေသာ အေၾကာင္းအရာကို ထင္ရ်ားေအာင္ ျပသတတ္ေသာ အမ်ိဳးသမီး လူငယ္ စာေရးဆရာမ (အသစ္) တစ္ဦး ျဖစ္သည္ ။
ထိုသို႔ ကြၽန္မ ဆိုေသာေၾကာင့္ အစဥ္အလာကို အၿမဲတေစ တမင္တကာ ေဖာက္ထြက္ေနတတ္ေသာ အ႐ိုင္းအစိုင္းမေလး တစ္ဦးဟု မယ္လြင့္ကို မျမင္ေစလိုပါ။ ဖန္တီးလိုက္ေသာ စာေပႏွင့္ ဖန္တီးသူတို႔ အၾကားတြင္ လူတိုင္း မသိႏိုင္ေသာ ကြဲျပားျခားနားခ်က္မ်ား ရွိေနႏိုင္သည္ ကိုလည္း သတိျပဳေစလိုပါသည္ ။
ျမန္မာႏိုင္ငံတြင္ အစဥ္အလာကို ေဖာက္ထြက္ႏိုင္ေသာ လူငယ္အမ်ိဳးသမီး စာေရးဆရာမ်ား နည္းပါးလြန္းပါေသးသည္ ။ အစဥ္အလာမွ ကြဲထြက္လာေသာ ပုံစံသစ္မ်ားကို ကြၽန္မ စိတ္ဝင္စားပါသည္ ။ ကြၽန္မသည္ လည္း လူငယ္မ်ား ထဲမွ လူငယ္တစ္ဦးပင္ ျဖစ္ေသာေၾကာင့္ ယခုေခတ္ ကြၽန္မတို႔ ႏိုင္ငံ အေနအထားႏွင့္ လူငယ္အမ်ား စုသည္ လည္း ကြၽန္မကဲ့သို႔ စိတ္ဝင္စားၾကလိမ့္မည္ဟု ကြၽန္မ ထင္မိပါသည္ ။ ထိုသို႔
ဆိုေသာေၾကာင့္လည္း အစဥ္အလာကို ေဖာက္ထြက္တိုင္း စိတ္ဝင္စားပါသေလာ၊ အစဥ္အလာကို ေဖာက္ထြက္တိုင္း ေကာင္းသည္ မည္၏ ေလာဟု မေမးၾက၊ မထင္ၾကေစလိုပါ။ အစဥ္အလာမွ ေဖာက္ထြက္တိုင္းလည္း အႏုပညာ မမည္ပါ။ အရာရာတိုင္းသည္ ကိုယ့္ခံယူခ်က္ႏွင့္ ကိုယ္သာလွ်င္ ေနထိုင္ေနၾကျခင္း ျဖစ္ပါသည္ ။ ေကာင္းသည္ ။ မေကာင္းသည္ ကို ကြၽန္မ မေဝဖန္လိုပါ။ အနည္းဆုံးေတာ့ မယ္လြင့္သည္ ေနာင္ႏွစ္ ႏွစ္ဆယ္ သို႔မဟုတ္
ႏွစ္သုံးဆယ္ … သူမ က်န္ခဲ့လိမ့္မည္ဟု ကြၽန္မ ေမွ်ာ္လင့္ေနပါသည္ ။
မယ္လြင့္ႏွင့္ ကြၽန္မ အေရးအသားပိုင္းေရာ အေၾကာင္းအရာပိုင္းပါ ကိုင္တြယ္ပုံ တစ္ခုမွ မတူညီၾကပါ။ တူညီသည္ က တစ္ခ်က္တည္း ရွိပါသည္ ။
ကြၽန္မတို႔ ဘာမက္ေဆ့ခ်္မွ မေပးပါ။
ခ်စ္ျခင္းျဖင့္ …
ခ်ိဳပိန္းေနာင္ (စာေရးသူ)
၂၁၊ ဇန္နဝါရီ၊ ၂၀၁၇။
***
မယ္လြင့္အတြက္ မမွာ ခ်င္လို႔ ေရးတဲ့ စာ
မယ္လြင့္ရဲ႕ "႐ိုဆယ္လာ"ဟာ ပထမအႀကိမ္ ထုတ္ေဝကတည္းက အေရာင္းရဆုံး စာရင္းဝင္ခဲ့ပါသည္ ။ ကြၽန္ေတာ့္အေနနဲ႔ ဝမ္းသာရပါတယ္။ "႐ိုဆယ္လာ"ဟာ မယ္လြင့္ရဲ႕ ဂုဏ္ယူဖြယ္ ထုတ္ကုန္တစ္ခုပါပဲ။
စာမ်က္ႏွာ ၉၀ ဝန္းက်င္ခန႔္ပါတဲ့ ဝတၳဳလတ္တစ္ပုဒ္ ျဖစ္ပါသည္ ။ လွပညက္ေညာတဲ့ အက္ေဆးတစ္ပုဒ္ ဆိုရင္လည္း ဟုတ္ပါတယ္။ "႐ိုဆယ္လာ"ကို ကြၽန္ေတာ္ကေတာ့ သံပရာသီး ညႇစ္ထားတဲ့ ေဗာ့ဒ္ကာတစ္ခြက္နဲ႔ တူတယ္လို႔ ျမင္ပါတယ္။ ျပင္းတယ္။ ခံတြင္းရွင္းတယ္။ မူးလည္း မူးတယ္။ ပ်စ္ခြၽဲ အီဆိမ့္ေနတာမ်ိဳး မဟုတ္လို႔ ေက်းဇူးတင္ရပါတယ္။ ခဏခဏလည္း ျပန္ဖတ္ျဖစ္သလို ဖတ္ၿပီးတိုင္းလည္း ေအာ္ဆဲမိပါတယ္။
ျမတ္ႏိုးရပါေသာ အယုတ္တမာမ
ၾကင္နာရပါေသာ မေကာင္းဆိုးဝါးမ
စြဲလမ္းတပ္မက္ရပါေသာ ေႁမြေဟာက္မ ႐ိုဆယ္လာဟာ သင့္ကို နာက်င္ မုန္းတီးစရာေတြပဲ ေပးမွာ ျဖစ္ပါတယ္။
အလိုမက် ေပါက္ကြဲမႈေတြပဲ ေပးမွာ ျဖစ္ပါတယ္။
ဝမ္းနည္းဖြယ္ ဆုံးရႈံးမႈေတြကိုပဲ ေပးမွာ ျဖစ္ပါတယ္။
ဘယ္ေတာ့မွ ျပန္ဖမ္းလို႔ မမိေတာ့တဲ့ စိတၱဇလိပ္ျပာေတြကိုပဲ သင္ ရရွိမွာ ျဖစ္ပါတယ္။
လြတ္သြားတဲ့ ရထားတစ္စင္းကိုပဲ အႀကိမ္ႀကိမ္ လက္မွတ္ျဖတ္ေနမိမွာ ပဲ ျဖစ္ပါတယ္။
ျဖဴစင္ေအးျမတဲ့ ခ်စ္ျခင္းေမတၱာကို ရွာေဖြတဲ့ မ်က္လုံးတိုင္းကို ႐ိုဆယ္လာက ဆားနဲ႔ ပတ္ၿပီး ပါးကို ပိတ္႐ိုက္ၿပီး ခ်စ္ျခင္းရဲ႕ အျခားေသာ မ်က္ႏွာတစ္ခုကို ဝံပုေလြတစ္ေကာင္ အစြယ္ၿဖဲျပသလို သင့္ကို ျပသမွာ ျဖစ္ပါတယ္။
ထို႔အတူ သင္ ႐ိုဆယ္လာဆိုတဲ့ ေႁမြေဟာက္မကိုလည္း ျမတ္ျမတ္ႏိုးႏိုး ခ်စ္မိေစမွာ ျဖစ္ပါတယ္။
နာက်င္မႈကို စြဲလမ္းတဲ့ pain pleasure သင္ ရရွိပါလိမ့္မယ္။
Happy ending ေတြကို မယုံၾကည္တဲ့ ကြၽန္ေတာ္ကေတာ့ ႀကိဳက္ပါတယ္။ ဒီေလာက္ပါပဲ။ ကြၽန္ေတာ္ ကိုယ္တိုင္ကလည္း အခ်စ္ဆိုတာ ေပ်ာ္စရာ မဟုတ္ေၾကာင္း ယုံၾကည္ဖို႔ လုံေလာက္ခဲ့ၿပီေလ။
စစ္ၿငိမ္း
***
ဒုတိယအႀကိမ္အတြက္ အမွာ မဟုတ္တဲ့ "စကား"
တိုက္တိုက္ဆိုင္ဆိုင္ပါပဲ။ ပထမအႀကိမ္တုန္းကလိုပဲ ႐ိုဆယ္လာဟာ ကြၽန္မ စိတ္ဓာတ္က်ေနခ်ိန္မွာ ကြၽန္မဆီကို ထပ္ၿပီး ေရာက္လာခဲ့ျပန္ပါတယ္။ ပင္လယ္ထဲမွာ ေရနစ္ခါနီးတိုင္း ေမ်ာပါလာတဲ့ အသက္ကယ္ ေဘာကြင္းကို ဖမ္းဆုပ္မိသလိုမ်ိဳး ႐ိုဆယ္လာ့ဝိညာဥ္ကို မွီၿပီး ကြၽန္မ ျပန္ရွင္သန္ခြင့္ ရျပန္ပါၿပီ။ ႐ိုဆယ္လာနဲ႔ အတူ ကြၽန္မလည္း ရွင္တို႔ ဆီကို တစ္ေခါက္ ျပန္လာခဲ့ပါ့မယ္ …
မယ္လြင့္
***
၁။ စြဲမက္ရပါေသာ ႐ိုဆယ္လာ
"နင္ ေဆးလိပ္ေတြ ေသာက္ေနတာလား"
ကြၽန္ေတာ္ အဲဒီလို ေျပာေတာ့ သူ ေခါင္းညိတ္ျပသည္ ။ သူ႔မ်က္ႏွာ ျပည့္ျပည့္ေပၚမွာ သူ႔ႏႈတ္ခမ္းဆိုးေဆး အနီရင့္ေရာင္က ထင္လင္း ဖူးႂကြေနသည္ ။ အနီဆိုေပမဲ့ အနီစစ္စစ္ မဟုတ္ဘူး ဆိုတာက လြဲရင္ ဘယ္လိုေခၚရမယ့္ အေရာင္မွန္း ကြၽန္ေတာ္ မသိပါဘူး။ သူ ေျပာဖူးတဲ့ ဘာၿမိဳ႕နာမည္နဲ႔ ခြဲျခားတယ္ဆိုလား၊ အဂၤလိပ္စာလုံး သုံးလုံးကို brand နာမည္ေပးထားတဲ့ အဲဒီ ႏႈတ္ခမ္းနီကို ဆိုးထားတဲ့
သူ႔ႏႈတ္ခမ္းေတြက ရဲရင့္ဖူးႂကြေနတယ္ ဆိုတာကိုပဲ ကြၽန္ေတာ္ သိတယ္။
အဲဒီ ႏႈတ္ခမ္းလႊာၾကားမွာ Mild Seven Menthol စီးကရက္ ျဖဴျဖဴက တြဲလဲခိုခ်ိတ္လို႔ … သူ စားပြဲဆီကို မ်က္လုံးေဝ့ၾကည့္ရင္း တစ္ခုခုကို ရွာဟန္ျပင္ေတာ့ ကြၽန္ေတာ္ အလိုက္တသိနဲ႔ ေဘာင္းဘီအိတ္ထဲက မီးျခစ္ကို အျမန္ထုတ္ၿပီး မီးေတာက္ကေလးကို သူ႔ေရွ႕အေရာက္ ပို႔ေပးလိုက္သည္ ။ ႏႈတ္ခမ္းရဲရဲကို အေပၚႏႈတ္ခမ္းကေလး တစ္ဖက္တည္း တြန႔္ခ်ိဳးၿပီး ဖန္တီးလိုက္တဲ့ အၿပဳံးဟာ မ်က္စိအျမင္ကေန
ကြၽန္ေတာ့္ရင္ဘတ္ထဲကို ေဖာက္ၿပီး ဝင္ေရာက္သြားတဲ့ အခါ ေက်းဇူးလို႔ ဘာသာျပန္ထားတဲ့ စကားလုံးေတြ ျဖစ္သြားတယ္။
သူက သူ႔ႏႈတ္ခမ္း ရဲရဲရင့္ရင့္ေတြကို စု၊ မ်က္လုံးကို မွ ိတ္၊ မ်က္ႏွာကို ေမာ့ၿပီး အေငြ႕ေတြကို အားပါးတရ ရႈိက္သြင္းတယ္။ ခပ္မွ ိန္မွ ိန္ အဝါေရာင္မီး လဲ့လဲ့လင္းေနတဲ့ အခန္းထဲမွာ သူဟာ နတ္ဆိုးမတစ္ေကာင္နဲ႔ တူတယ္။ အနက္ေရာင္ လက္ျပတ္အက်ႌကို ဝတ္ထားလို႔ သူ႔ဆံပင္ အနက္ေရာင္ေတြဟာ သူ႔ပခုံးေပၚမွာ ဖြာရရာႀကဲၿပီး အ႐ိုင္းဆန္ဆန္ လြတ္လြတ္လပ္လပ္ ျပန႔္က်ဲလို႔ ။ မလင္းတလင္း
မီးေရာင္အျပင္ စီးကရက္ အေငြ႕ေတြေၾကာင့္ သူ႔မ်က္ႏွာ ေကာက္ေၾကာင္းကို ဝါေ႐ႊမႈန္ဝါး … မွ ိတ္ထားတဲ့ မ်က္ဝန္းေတြရဲ႕ မ်က္ေတာင္အရိပ္ဟာ သူ႔ပါးေပၚမွာ ခပ္ရႈပ္ရႈပ္ အရိပ္ကေလးေတြအျဖစ္ ထင္ေနတယ္။
သူ႔မ်က္လုံးေတြ ပြင့္ လာၿပီး ကြၽန္ေတာ့္ဘက္ကို ငဲ့ၾကည့္တယ္။ ကြၽန္ေတာ့္ မ်က္လုံးေတြဆီကို ေခါင္းငဲ့စိုက္ၾကည့္လာတဲ့ သူ႔အၾကည့္မွာ တစ္စကၠန႔္ေလာက္ေတာ့ ဘာအဓိပၸာယ္မွ မပါဘူး။ ၾကည့္ေနရင္းနဲ႔ မွ မ်က္ခုံးတစ္ဖက္ကို ပြင့္ျပတယ္။ ကြၽန္ေတာ္က ၿပဳံးရင္း ေခါင္းခါျပေတာ့ သူက မ်က္လုံးေတြ လႊဲသြားၿပီး ႏႈတ္ခမ္းရဲရဲၾကားက သြားကေလးေတြ ေပၚလာတဲ့ အထိ ၿပဳံးတယ္။ စီးကရက္ကို ခပ္ျပင္းျပင္း
တစ္ခ်က္ ထပ္ရႈိက္ၿပီး ျပာခံခြက္ထဲ ထိုးေျခပစ္လိုက္သည္ ။ ၿပီးေတာ့ ကြၽန္ေတာ့္မ်က္ႏွာ ေရွ႕တည့္တည့္ကေန ကြၽန္ေတာ့္မ်က္လုံးေတြကို စိုက္ၾကည့္ရင္း စီးကရက္ မီးခိုးေတြကို ကြၽန္ေတာ့္မ်က္ႏွာဆီကို ျဖည္းျဖည္းခ်င္း မႈတ္ထုတ္တယ္။
အ႐ိုင္းဆန္ဆန္ ဖြာရရာႀကဲေနတဲ့ အနက္ေရာင္ ဆံပင္ေတြနဲ႔ ေဘာင္ခတ္ထားတဲ့ အဲဒီမ်က္ႏွာေပၚက အိုပုံစံ စုထားတဲ့ ရဲရဲရင့္ရင့္ ႏႈတ္ခမ္းအဝိုင္းကေလးဟာ ကြၽန္ေတာ့္စိတ္ကို ေလာင္ၿမိဳက္ေစတယ္။ သူ႔ပခုံးကို ဆတ္ခနဲ လွမ္းဆြဲၿပီး မ်က္ႏွာခ်င္း ကပ္လိုက္ေတာ့ သူ႔ဆီက ရယ္သံသဲ့သဲ့ ၾကားရတယ္။ Menthol ရနံ႔နဲ႔ ႏႈတ္ခမ္းရဲရဲေလးဟာ စိုစြတ္ ပူေႏြးလို႔ ။ ကြၽန္ေတာ့္ မ်က္လုံးေတြကို မွ ိတ္ထားလိုက္မိတယ္။
***
၂။ ယစ္မူး တပ္မက္ရပါေသာ ႐ိုဆယ္လာ
႐ိုဆယ္လာဟာ ကြၽန္ေတာ္ စိတ္လြတ္ကိုယ္လြတ္ ရယ္ေမာပစ္ဖို႔ လူပီသစြာ အတၱရွိဖို႔ ၊ မိုက္႐ူးရဲဆန္ဖို႔ ၊ စည္းမ်ဥ္းေတြကေန ခ်ိဳးဖ်က္ေဖာက္ထြက္ဖို႔ လုပ္ႏိုင္တဲ့ ကမာၻေပၚက တစ္ဦးတည္းေသာ သူပဲ။ ကြၽန္ေတာ္ဟာ သူနဲ႔ ေတြ႕တိုင္း ဟန္မေဆာင္ႏိုင္တဲ့ သူ၊ မထိန္းခ်ဳပ္ႏိုင္တဲ့ သူ ျဖစ္သြားေလ့ ရွိတယ္။ သူဟာ အၿပဳံးေတြနဲ႔ တင္ ကြၽန္ေတာ့္ကို အ႐ူးလုပ္ႏိုင္တယ္။ ႐ိုဆယ္လာဟာ ကြၽန္ေတာ့္ေရွ႕
ေရာက္တိုင္း ဟန္ေဆာင္တာ မရွိဘူး။ ကြၽန္ေတာ္က သူ႔ကို ေကာင္းႏိုးရာရာေတြကို ညန္ၿပီး ေျပာျပတိုင္း စီးကရက္ဖြာရင္း ၿငိမ္သက္ နားေထာင္ေနတတ္တယ္။ ဒါေပမဲ့ လိုက္နာဖို႔ ဘယ္တုန္းကမွ နားေထာင္တာ မဟုတ္ခဲ့ဘူး။
သူက ျပန္ေျပာတယ္။ "နင္ ေျပာတဲ့ ကိစၥမ်ိဳးေတြ ငါ မသိတာ မဟုတ္ဘူး ဆိုတာ နင္ သိပါတယ္။ ငါ လုပ္ခ်င္တာ၊ ငါ ျဖစ္ခ်င္တာ၊ ငါ့ဆႏၵ၊ ငါ့ဘဝ၊ ငါ့ဘာသာငါ ဖန္တီးေနမွာ ပဲ။ ဘယ္သူ႔ ထိန္းေက်ာင္းမႈမွ တကူးတက မလိုဘဲ အခု အ႐ြယ္အထိ ေနလာတဲ့ ဥစၥာ။ ငါ့ကို နင့္စကားေတြကို အေလးမထားဘူးလို႔ မေျပာနဲ႔ ။ ဘယ္သူ႔စကားကိုမွ အေလးမထားလို႔ အထူးအဆန္းေတြ မလုပ္စမ္းပါနဲ႔ "တဲ့ ။
ဒီလိုေတြ သူေျပာလို႔ ကြၽန္ေတာ့္စိတ္ထဲ ကသိကေအာက္ျဖစ္သြားလိမ့္မယ္ ဆိုတာမ်ိဳးကို သူ နည္းနည္းမွ ထည့္တြက္ၿပီး ေတြးပုံမရဘူး။ ကြၽန္ေတာ္က "ဒါဆို ငါ ေျပာတာကို ဘာလို႔ အစအဆုံး နားေထာင္လဲ။ လုပ္ခ်င္တာ လုပ္မယ့္အတူတူ ေသေသခ်ာခ်ာ ဘာျဖစ္လို႔ နားေထာင္ ေနခဲ့ေသးလဲ"လို႔ စိတ္ဆိုးမာန္ဆိုး ေျပာတဲ့ အခါ … ကြၽန္ေတာ့္ႏွာေခါင္းကို ဆြဲညႇစ္ၿပီး ၿပဳံးရင္း "နင့္အသံကို နားေထာင္ေနခ်င္လို႔
ေပါ့ဟ"လို႔ ေျပာတယ္။ ဒီလိုနဲ႔ ကြၽန္ေတာ့္ရဲ႕ ေဒါသေတြဟာ သူ႔အၿပဳံးေအာက္မွာ ေနေရာင္ျခည္ ေရာက္လာတဲ့ အခါ ေပ်ာက္သြားရတဲ့ ႏွင္းေတြလို တစ္စစီ ကြယ္ေပ်ာက္ရေတာ့တာပါပဲ။
***
သူနဲ႔ အတူရွိေနျဖစ္တဲ့ အခ်ိန္တခ်ိဳ႕မွာ ႐ိုဆယ္လာဟာ ကြၽန္ေတာ္နဲ႔ အတူ ကေလးတစ္ေယာက္လို အမ်ိဳးမ်ိဳး ေဆာ့ကစားတတ္တယ္။ သူဟာ ကြၽန္ေတာ့္ ေက်ာဘက္မွာ ေမွာက္လ်က္ အိပ္ရင္း ထိုင္ေနတဲ့ ကြၽန္ေတာ့္ ခါးကို တြယ္ဖက္ၿပီး လက္သည္းရွည္မရွိတဲ့ လက္ေခ်ာင္းကေလးေတြက ကြၽန္ေတာ့္ ဗိုက္သားနဲ႔ ခါးပတ္လည္ကို တ႐ြ႐ြ ေလွ်ာက္သြားရင္း ကြၽန္ေတာ့္ကို အသည္းယားေအာင္ လုပ္တတ္တယ္။ "ယားတယ္ကြ"လို႔ ေအာ္ရင္း
သူ႔လက္ကေလးေတြကို ဖမ္းခ်ဳပ္ေပမဲ့ ကြၽန္ေတာ့္ လက္ေခ်ာင္းေတြ ၾကားကေန ေႁမြကေလးေတြလို တြန႔္လိမ္ လြတ္ထြက္သြားတာခ်ည္းပဲ။ ႐ြစိ ႐ြစိနဲ႔ အသည္းယားစရာ လက္ေခ်ာင္းကေလးေတြရဲ႕ ဒဏ္ကို တစ္ကိုယ္လုံးကို တင္းေတာင့္ေနေအာင္ အံႀကိတ္ခံထားလည္း တစ္ခ်က္ေလာက္ လြတ္ထြက္မိတဲ့ ခဏ မထိန္းႏိုင္ေအာင္ ကြၽန္ေတာ္ တြန႔္သြားတာကို သေဘာတက်နဲ႔ တဟားဟား ေအာ္ရယ္တတ္တယ္။
လက္ခ်င္းခ်ိတ္ၿပီး လက္မ လိုက္ဖမ္းတမ္း ေဆာ့ဖို႔ အတင္းပူဆာတယ္။ လက္သည္းညႇပ္ေပးဖို႔ ဂ်ီတိုက္တယ္။ ကြၽန္ေတာ္ COC ေဆာ့တဲ့ အခါ war တိုက္ေနတုန္း Home Button ကို ႏွိပ္ပစ္တတ္တယ္။ လက္ေမာင္းေတြၾကားထဲ တိုးဝင္ၿပီး ပုံျပင္ေတြ ေျပာျပခိုင္းတယ္။ အဲဒီအခ်ိန္က်ရင္ ကြၽန္ေတာ့္လက္ေမာင္းမွာ ေခါင္းအုံးၿပီး ကြၽန္ေတာ့္မ်က္ႏွာကို ေငးရင္း ပုံျပင္နားေထာင္တဲ့ သူ႔မ်က္ႏွာကေလးဟာ ပကတိ ကေလးေလးလို
ၾကည္စင္ေနတတ္တယ္။ ကြၽန္ေတာ္က ငုံ႔ၿပီး သူ႔နဖူးကို နမ္းတဲ့ အခါ သူက ေခါင္းအုံးထားတဲ့ ကြၽန္ေတာ့္ လက္ေမာင္းအရင္းကို သြားစြယ္နဲ႔ ဖြဖြကေလး ကိုက္တတ္တယ္။ "ဟာ … ေခြးစုတ္မေလး၊ သြားယားေနတယ္။ ၾကည့္စမ္း"လို႔ ေျပာလိုက္ရင္ ဒိန္းခနဲ မ်က္ေစာင္းပစ္ထိုး၊ သူ႔ကို ဖက္ထားတဲ့ လက္ဖ်ံကို ဆြဲယူၿပီး သြားရာ အကြင္းလိုက္ထင္ေအာင္လည္း ကိုက္တတ္ေသးတယ္။
တစ္ခါတေလက် သူဟာ စိတ္မၾကည္မလင္နဲက ကြၽန္ေတာ့္ဆီ ေရာက္ လာေလ့ ရွိတယ္။ အိမ္ထဲဝင္တာနဲ႔ ေဒါက္ဖိနပ္ကို ပစ္ကန္ခြၽတ္၊ ကိုင္လာတဲ့ ပိုက္ဆံအိတ္၊ ေသာ့ ၊ အေပၚဝတ္အက်ႌ စတာေတြကို အကုန္ၾကမ္းျပင္ေပၚ ပစ္ခ်၊ မီးဖိုခန္းထဲ တန္းဝင္ၿပီး ေရခဲေသတၱာကိုဖြင့္၊ ဘီယာပုလင္းအဖုံးကို သြားနဲ႔ ကိုက္ဖြင့္ၿပီး တစ္ရွိန္ထိုး ေမာ့ခ်ပစ္တတ္တယ္။ ၿပီးရင္ ဘီယာပုလင္းဆြဲၿပီး ကြၽန္ေတာ့္အခန္းထဲ ဝင္မယ္။
ကြၽန္ေတာ့္ ဗီ႐ိုကို ဖြင့္ၿပီး တီရွပ္တစ္ထည္ထည္ကို ဆြဲခ်မယ္။ သူ႔အဝတ္အစားေတြကို ခြၽတ္ပုံခ်ၿပီး သူနဲ႔ ရွည္လို႔ ဂါဝန္အတိုလို ျဖစ္ေနတဲ့ ကြၽန္ေတာ့္ တီရွပ္ကို စြပ္မယ္။ ဖားလ်ားခ်ထားတတ္တဲ့ ဆံပင္ေတြကို သိမ္းက်ဳံးစုဆြဲၿပီး အဆင္သင့္ ေတြ႕တဲ့ ေဘာင္လ္ပင္လို၊ ခဲတံလို၊ ထမင္းစား တူလိုဟာမ်ိဳးေတြနဲ႔ ထိပ္ေပၚတင္ ထုံးမယ္။ ၿပီးရင္ ဧည့္ခန္းက ကုလားထိုင္မွာ တင္ပ်ဥ္ေခြ ထိုင္ခ်ၿပီး "ဟဲ့
… နင္ သိလား"ရယ္လို႔ အစခ်ီၿပီး သူ႔ျပႆနာေတြကို တဖ်စ္ေတာက္ေတာက္ ေျပာမယ္။
ကြၽန္ေတာ္က စိတ္ေလွ်ာ့ဖို႔ ေျပာရင္ "တိတ္စမ္း"ကေန အစခ်ီၿပီး ေပါက္ကရ ဘာေတြမွန္းမသိတဲ့ ကိစၥေတြ ဆြဲထည့္ၿပီး ႏႈတ္ခမ္းတစ္လန္ ပန္းတစ္လန္နဲ႔ ကြၽန္ေတာ့္ကို ကက္ကက္လန္ေအာင္ ရန္ေတြ႕ေတာ့တာပါပဲ။ တီရွပ္အပြ တိုနန႔္နန႔္နဲ႔ ဆံပင္ကို ထိပ္မွာ တုတ္နဲ႔ ထိုးၿပီး ရန္ေထာင္ေနတဲ့ သူ႔ကို ၾကည့္ရတာ တကယ့္ကို ရယ္စရာ။ သူ ဘာေတြေျပာေျပာ၊ သူ႔အက်င့္ကို သိေနတဲ့ ကြၽန္ေတာ္က ေဒါသထြက္စရာေတြ
လုပ္ေနတယ္လို႔ ကို မျမင္မိဘူး။ သူ ေျပာသမွ် ကိုယ့္ မေကာင္းကြက္ေတြဟာလည္း ကိုယ္ တစ္ခါမွ မလုပ္ဖူးတာေတြ၊ မၾကားဖူးတာေတြမို႔ ဂ႐ုစိုက္ နားေထာင္ မေနပါဘူး။ သိပ္အသည္းယားလာရင္ေတာ့ စြာလန္ေနတဲ့ မ်က္ႏွာကို ရင္ခြင္ထဲ အတင္းဖက္ထားလိုက္တယ္။ ေျခကားရား လက္ကားရားနဲ႔ ႐ုန္းကန္ရင္း ခဏေနေတာ့ ၿငိမ္က်သြားတတ္တာပါပဲ။ အဲဒီအခါက်ရင္ ကြၽန္ေတာ္ ဘာလုပ္လုပ္ ၿငိမ္သက္ နာခံေနတတ္တယ္။
***
ကြၽန္ေတာ္ ဝန္ခံပါတယ္။ ကြၽန္ေတာ္ဟာ ႐ိုဆယ္လာကို ခ်စ္တဲ့ အေပၚမွာ လိင္မႈေရးရာ သာယာမႈကို ဖယ္မထုတ္ႏိုင္ပါဘူး။ ကြၽန္ေတာ္ သူ႔ကို ခ်စ္သလို သူ႔ခႏၶာကိုယ္ကိုလည္း တပ္မက္မိျပန္တယ္။ ကြၽန္ေတာ္နဲ႔ သူဟာ တစ္ခါတစ္ခါ အေတြ႕ သိပ္စပ္ေပမဲ့ တစ္ခါတေလက် သူမ အၾကာႀကီး ေပ်ာက္ေနတတ္ျပန္တယ္။ အဲဒီအခါ ကြၽန္ေတာ္က "နင္ ဘယ္ေရာက္ေနတာလဲ"လို႔ ေမးရင္ သူက ရႈတည္တည္နဲ႔ ျပန္ၾကည့္တတ္တယ္။ "ငါ နင္နဲ႔
အိပ္လိုက္တာနဲက နင္ဟာ ငါ့ကိုယ္ေရးကိုယ္တာကို တရားဝင္ သိခြင့္ရွိၿပီလား"ဆိုတဲ့ စကားနဲ႔ ကြၽန္ေတာ့္ ပါးစပ္ေတြကို ေသာ့ပိတ္သြားေစတယ္။ အခုမွ မဟုတ္ပါဘူး။ ဟိုးအရင္ သူနဲ႔ ကြၽန္ေတာ္ ပထမဆုံး လြန္က်ဴးမိတဲ့ ေနာက္ပိုင္းလည္း ကြၽန္ေတာ္တို႔ ဆက္ဆံေရးမွာ ထူးျခား ေျပာင္းလဲသြားတာမ်ိဳး သူ႔ဘက္က မရွိခဲ့ဘူး။
ကြၽန္ေတာ္ကသာ သူငယ္ခ်င္းလို၊ ေမာင္ႏွမလိုကေန ရည္းစားလို၊ လင္မယားလို၊ ေနာက္ဆုံး ဘုရင္မနဲ႔ ကြၽန္ယုံေတာ္လို သူနဲ႔ ပတ္သက္သမွ် အရာရာကို ပါဝင္ ပတ္သက္ခ်င္ေနမိခဲ့တာပဲ။ အဲဒီအခ်ိန္တုန္းက သူ႔ကို လက္ထပ္ဖို႔ မရည္႐ြယ္ေသးေပမဲ့ သမီးရည္းစားလို ဆက္ဆံေရးမ်ိဳး တည္ေဆာက္ဖို႔ ကြၽန္ေတာ္ ႀကိဳးစားခဲ့တယ္။ "ေပါေၾကာင္ေၾကာင္ အထာေတြ မလုပ္စမ္းပါနဲ႔ "ဆိုတဲ့ သူ႔ရဲ႕ စကားကို နာမိၿပီး သူ႔ကို
မပတ္သက္ဖို႔ ဆုံးျဖတ္ခဲ့ဖူးတယ္။ ငါက ေယာက္်ားပဲ၊ ဘာမွ နစ္နာစရာ မရွိဘူးဆိုတဲ့ အေတြးနဲ႔ ေရွာင္ေနခဲ့တယ္။ ဒါေပမဲ့ အဲဒီ မာနေတြဟာ သူ႔မ်က္ႏွာကို ထပ္ေတြ႕လိုက္ရတဲ့ ခဏမွာ အလိုလို ေပ်ာက္ကြယ္ၿပီး ညႇိဳ႕ခ်က္မိေနတဲ့ သားေကာင္လို သူ႔အနားကိုပဲ တဝဲလည္လည္နဲ႔ ျပန္ေရာက္ လာခဲ့ရတာခ်ည္းပါပဲ။
***
၃။ အိပ္မက္ႏွင့္တူေသာ ႐ိုဆယ္လာ
အဲဒီညက အိမ္အျပင္မွာ မိုးေတြ သဲႀကီးမဲႀကီး ႐ြာေနတယ္။ ကြၽန္ေတာ့္ဆီကို ေရာက္မလာတာ ၾကာေနၿပီျဖစ္တဲ့ သူ႔ကို သတိရရင္း မူးမူးနဲ႔ အိပ္ေပ်ာ္သြားခဲ့တယ္။ ဒီရက္ေတြမွာ "႐ိုဆယ္လာ"ဟာ ကြၽန္ေတာ္ေခၚတဲ့ ဖုန္းေတြကို လုံးဝ ျပန္မေျဖတဲ့ အတြက္ သူ႔ကို ကြၽန္ေတာ္ စိတ္ခုေနခဲ့တယ္။ အိပ္မက္ မက္သလို မမက္သလိုလို၊ အိပ္သလိုလို၊ မအိပ္သလိုလို ရီေဝဝိုးတဝါး ကြၽန္ေတာ့္ စိတ္အလ်င္ကို တံခါးေခါက္သံ
က်ယ္က်ယ္က လႈပ္ႏိုးခဲ့ပါတယ္။ အိမ္တံခါးကို တစ္ခုခုနဲ႔ ထုႏွက္ေနသလို တဒုန္းဒုန္း အသံဟာ မိုးသံေလသံကို ေဖာက္ၿပီးခပ္က်ယ္က်ယ္ ထြက္ေနတယ္။ "ဘယ္သူလဲ"လို႔ အသံေပးလိုက္ေတာ့ ျပန္မေျဖဘူး။ ကြၽန္ေတာ္ ထပ္ေမးေပမဲ့ တံခါးေခါက္သံေရာ ျပန္ေျဖသံကို တိတ္ဆတ္လို႔ ေနတယ္။
ကြၽန္ေတာ္ တံခါးဝမွာ ေတြေတြေဝေဝ ရပ္ေနမိတယ္။ ႐ိုဆယ္လာလား … လို႔ ေတြးလိုက္ၿပီးမွ မဟုတ္ႏိုင္ပါဘူးလို႔ ေခါင္းထဲက ဖယ္ထုတ္မိျပန္တယ္။ သူဆိုရင္ ဖုန္းဆက္မွာ ေပါ့။ သူ စကားေျပာခ်င္လာရင္သာ ဖုန္းစေခၚတတ္ၿပီး ကြၽန္ေတာ္ ဖုန္းေခၚရင္ ကိုင္ခ်င္မွ ကိုင္တတ္တဲ့ မိန္းမ။ အေၾကာင္းမၾကား၊ ဘာမၾကား ဖုန္းပိတ္ၿပီး ရက္ေပါင္းမ်ား စြာ ေပ်ာက္ေနတဲ့ မိန္းမဟာ မိုးသည္းေနတဲ့ ညသန္းေခါင္မွာ
ကြၽန္ေတာ့္အခန္းေရွ႕ကို ေရာက္လာမယ္လို႔ ေတြးမိတာဟာ ကြၽန္ေတာ္ ႐ူးသြပ္ေနတဲ့ သေကၤတပဲ မဟုတ္လား။ တံခါးကို ဆြဲဖြင့္ၿပီး ဘယ္သူမွ ရွိမွာ မဟုတ္တဲ့ ေလွကားခြင္ကို ရင္ဆိုင္လိုက္သည္ ။
***
ကြၽန္ေတာ့္အထင္ မွားတယ္။ ႐ိုဆယ္လာဟာ အၿမဲတမ္း ကြၽန္ေတာ့္ကို ႐ူးေအာင္လုပ္တယ္။ သူ အဲဒီမွာ ရပ္ေနတာ ဘယ္ေလာက္ေတာင္ ၾကာခဲ့ၿပီ မဆိုႏိုင္ဘူး။ ေလွကားခြင္တစ္ခုလုံးဟာ ေရေတြနဲ႔ ႐ႊဲ႐ႊဲအိုင္ေနတယ္။ သူ႔ဆံပင္နက္နက္ေတြဟာ ေရစိုလို႔ မ်က္ႏွာေဘးမွာ အတန္းလိုက္ စင္းက်ေနတယ္။ ႏႈတ္ခမ္းနီ တစ္စြန္းတစ္စ က်န္ေနေသးတဲ့ သူ႔ႏႈတ္ခမ္းေတြဟာ ျပာႏွမ္းၿပီး တဆတ္ဆတ္ တုန္လို႔ ။ လက္ေမာင္းႏွစ္ဖက္ကို
တင္းတင္းပိုက္ထားၿပီး လက္တစ္ဖက္မွာ ေတာ့ သူ႔ေဒါက္ဖိနပ္တစ္ဖက္ကို ကိုင္ထားတယ္။ ကြၽန္ေတာ့္ အိမ္တံခါးကို ေဒါက္ဖိနပ္ခြာနဲ႔ ထုေနခဲ့ပုံပါပဲ။ ေမွ်ာ္လင့္မထားပါဘဲ သူ႔ကို ႐ုတ္တရက္ ျမင္လိုက္ရလို႔ ေၾကာင္ၿပီး ေငးၾကည့္ေနမိတဲ့ ကြၽန္ေတာ့္ကို တြန္းၿပီး အိမ္ထဲကို ဝင္လာတယ္။ သူ ဝတ္ထားတဲ့ အနီေရာင္ ကိုယ္က်ပ္အက်ႌ အတိုကေလးနဲ႔ လက္ေမာင္းတစ္ဖက္ဟာ စုတ္ၿပဲၿပီး တြဲလဲက်ေနတယ္။
မီးေရာင္ထဲမွာ ေသခ်ာၾကည့္မိေတာ့မွ သူ႔ႏႈတ္ခမ္းမွာ ႏႈတ္ခမ္းနီေတြ က်န္ေနတာ မဟုတ္ဘဲ ေသြးေတြ ဆိုတာကို ကြၽန္ေတာ္ ျမင္ရတယ္။
ထုံးစံအတိုင္း ေဒါက္ဖိနပ္ကို ကန္ခြၽတ္ပစ္ခ်ၿပီး မီးဖိုဘက္ကို ထြက္သြားတယ္။ တံခါးကို အျမန္ျပန္ပိတ္ၿပီး သူ႔ေနာက္ကို လိုက္၊ သူ႔ကို "ဘာျဖစ္လာတာလဲ"လို႔ ကြၽန္ေတာ္က ေမးေပမဲ့ သူက အေရးလုပ္ၿပီး မေျဖဘူး။ ေရခဲေသတၱာကို ဖြင့္ၿပီး သူ ႀကိဳက္တတ္လို႔ ကြၽန္ေတာ္ ဝယ္ထည့္ထားတဲ့ Absolut Vodka ကို ပုလင္းအတိုင္း ေကာက္ေမာ့တယ္။ ႏႈတ္ခမ္းက ေသြးစေတြကို လွ်ာနဲ႔ သပ္ၿပီး သိမ္းတယ္။ "အခုမွာ
ေႏြးသြားတယ္"လို႔ ေျပာရင္း ပခုံးတြန႔္ၿပီး ပုလင္းကို ျပန္ထည့္တယ္။ သူ႔ပခုံးကို ကိုင္ၿပီး ကြၽန္ေတာ္နဲ႔ မ်က္ႏွာခ်င္းဆိုင္ ခပ္ၾကမ္းၾကမ္း ဆြဲလွည့္လိုက္ေတာ့ သူက အားခနဲ ထေအာ္တယ္။ ကြၽန္ေတာ္ လန႔္ၿပီး သူ႔ပခုံးကို ၾကည့္လိုက္တဲ့ အခါ ညိဳမည္းေနတဲ့ ေသြးျခည္ဥ ဒဏ္ရာကို ေတြ႕ရျပန္တယ္။ "ဘာျဖစ္တာလဲ၊ ဘယ္သူ လုပ္တာလဲ၊ ဘာလို႔ လုပ္တာလဲ၊ ဘာနဲ႔ လုပ္လိုက္တာလဲ" ဆိုတဲ့ ကြၽန္ေတာ့္ရဲ႕
"ဘ"ကုန္းေပါင္း မ်ား စြာကို သူက အေရးမလုပ္ဘူး။ "စကားမ်ား လိုက္တာဟာ နင္ကလည္း … ဘာရွိလဲ ဗိုက္ဆာတယ္"ဆိုတဲ့ စကားနဲ႔ ကြၽန္ေတာ့္ ေမးခြန္းေတြကို ျဖတ္ေတာက္လိုက္တယ္။ ႐ိုဆယ္လာဟာ အဲဒီလိုခ်ည္းပဲ။
ထမင္းစား စားပြဲေပၚ တင္ပါးလႊဲ ထိုင္ၿပီး သူကအတြက္ ၾကက္အူေခ်ာင္းနဲ႔ ဝက္သားျပားေတြ ကြၽန္ေတာ္က ေၾကာ္ေပးေနတာကို ၾကည့္ေနတယ္။ "ထမင္းေတာ့ မရွိေတာ့ဘူး။ ေကာ္ဖီ ေသာက္မလား"ဆိုေတာ့ Vodka ပဲ တဲ့ ။ သူ႔အႀကိဳက္ လိေမၼာ္ရည္နဲ႔ စပ္ေပး၊ အိပ္ခန္းထဲက တဘက္ကို ယူၿပီး ေရစိုေနဆဲ သူ႔ဆံပင္ေတြကို သုတ္ေပးေနလိုက္တယ္။ ကြၽန္ေတာ္ ေၾကာ္ေပးထားတဲ့ ဟာေတြအျပင္ ညေနက က်န္တဲ့ ဟင္းခြက္ထဲက ပုစြန္ေတြကိုပါ
ထပ္ၿပီး ယူစားေနတယ္။
"နင္ ဘယ္ေလာက္ေတာင္ ဆာလာတာလဲ"လို႔ ေမးေတာ့ "နင့္တစ္ေကာင္လုံးကိုေတာင္ စားပစ္ႏိုင္ေလာက္ေအာင္ပဲ"လို႔ ဂ်စ္ကန္ကန္ ေျဖတယ္။
စားလို႔ ကုန္သြားေတာ့ ဇြန္းကို ပစ္ခ်၊ Vodka လက္က်န္ကို ေကာက္ေမာ့ၿပီး သူ႔ဆံပင္ေတြကို ကြၽန္ေတာ္ ေရသုတ္ေပးတာကို ၿငိမ္ခံတယ္။ ေရသုတ္ေပးရင္း သူ႔နဖူးကို နမ္းတဲ့ အခါ ကြၽန္ေတာ့္ပခုံးကို ေခါင္းမွီၿပီး ၿငိမ္သက္ေနခဲ့တယ္။ ၿပီးမွ "ေရခ်ိဳးခ်င္တယ္ဟာ။ တစ္ကိုယ္လုံး မိုးေရေတြနဲ႔ ယားတယ္"ဆိုၿပီး သူ႔ေက်ာဘက္က အက်ႌဇစ္ကို ကြၽန္ေတာ့္ကို ျဖဳတ္ခိုင္းတယ္။ ဆံပင္ေတြကို Shower cup ေအာက္ကို
ထိုးသြင္းေနတဲ့ ႐ိုဆယ္လာ့ ကိုယ္လုံးေလးဟာ ကြၽန္ေတာ့္ မ်က္စိထဲမွာ အရမ္းကို ေသးေကြးေနတယ္။ ဟုတ္တယ္၊ ကြၽန္ေတာ္နဲ႔ မေတြ႕တဲ့ ရက္ေပါင္း ကိုးဆယ္အတြင္း သူ တအားပိန္သြားတယ္။ ေရခ်ိဳးခန္းထဲကို သူ ဝင္သြားတဲ့ အခါ ျပန္ထြက္လာရင္ ဝတ္ဖို႔ ကြၽန္ေတာ့္တီရွပ္ အျပာေရာင္ကို ထုတ္ၿပီး ခုတင္ေပၚ တင္ထားေပးလိုက္တယ္။
သူ စားၿပီးသား ပန္းကန္ေတြကို ကြၽန္ေတာ္ ေဆးေၾကာ သိမ္းဆည္းၿပီးတဲ့ အထိ ႐ိုဆယ္လာ ထြက္မလာဘူး။ ေရခ်ိဳးခန္းတံခါးကို ေခါက္ၿပီး သူ႔နာမည္ကို ေအာ္ေခၚေတာ့ Lockမခ်ထားတဲ့ တံခါး ပြင့္သြားတယ္။ ႐ိုဆယ္လာဟာ ေရပန္းကို ဖြင့္ထားၿပီး ေရပန္းေအာက္က ေရခ်ိဳးခန္း ၾကမ္းျပင္မွာ ဒူးႏွစ္ဖက္ကို ေပြ႕၊ မ်က္ႏွာကို ဝွက္ထားၿပီး ထိုင္ေနတယ္။ တသိမ့္သိမ္ လႈပ္ေနတဲ့ သူ႔ေက်ာျပင္ေလးေၾကာင့္ သူ ငိုေနမွန္း
ကြၽန္ေတာ္ သိရတယ္။ သူ႔ကိုယ္လုံးကေလးကို ဆြဲထူ မတ္မတ္ရပ္ေစၿပီး သူ႔မ်က္ႏွာကေလးကို ဆြဲေမာ့ေတာ့ မ်က္ႏွာကို အျမင္မခံဘဲ ငုံ႔ဝွက္ထားတယ္။
ကြၽန္ေတာ့္ခါးကို သူက တင္းတင္းဆြဲဖက္ၿပီး သူ႔မ်က္ႏွာကို ဝွက္ထားတာေၾကာင့္ ကြၽန္ေတာ့္ တစ္ကိုယ္လုံးလည္း ေရပန္းက က်တဲ့ ေရေတြနဲ႔ စို႐ႊဲေနခဲ့ၿပီ။ ကြၽန္ေတာ္က "႐ိုဆယ္လာ … ငါ့ကို ၾကည့္ပါဦး"လို႔ ေျပာေတာ့ သူ ေမာ့ၾကည့္လာတယ္။ မ်က္လုံးေတြ မို႔အစ္ နီရဲေနတာကလြဲလို႔ မ်က္ရည္တစ္စြန္းတစ္စမွ မေတြ႕ရဘူး။ သူ ငိုေနပါတယ္လို႔ ကြၽန္ေတာ့္ကို ဝန္မခံဘူး။ ႐ိုဆယ္လာဟာ ကြၽန္ေတာ့္ကို
စိုက္ၾကည့္ေနရင္း ကြၽန္ေတာ့္ လည္ပင္းကို သိုင္းဖက္လိုက္တယ္။ ေရစက္ကေလးေတြ သီးေနတဲ့ သူ႔ႏႈတ္ခမ္း ေအးစက္စက္ကေလးေတြနဲ႔ ကြၽန္ေတာ့္ ႏႈတ္ခမ္းဆီကို ဖိကပ္လာတယ္။ အလွ်ံညီးညီး ေလာင္စာနဲ႔ တူတဲ့ သူ႔အနမ္းေတြေအာက္မွာ ကြၽန္ေတာ့္ အသိတရားေတြ ျပာက်သြားၾကတယ္။ ေရပန္းေတြဆီက က်လာတဲ့ ေရစက္ေတြေအာက္မွာ သူ႔ႏႈတ္ခမ္းေလးေတြ ေႏြးေထြး ပူေလာင္လာတဲ့ အထိ မက္မက္ေမာေမာ အၾကာႀကီး နမ္းေနမိခဲ့တယ္။
ကမာၻဦး လူသားမေလးရဲ႕ ကိုယ္လုံးေလးကို တစ္သားတည္း ျဖစ္လုမတတ္ တင္းတင္း ေပြ႕ဖက္ယူလိုက္တယ္။
အဲဒီညက တီရွပ္ အျပာေရာင္ေလးကို ႐ိုဆယ္လာ မဝတ္ျဖစ္လိုက္ေတာ့ဘူး။
***
သူ႔ကို ဖက္ထားၿပီး ႏိုးလာရတဲ့ မနက္ခင္းဟာ ကြၽန္ေတာ့္ဘဝအတြက္ သာယာျပည့္စုံတဲ့ မနက္ခင္းပါပဲ။ သူ မႏိုးေအာင္ အသာထ၊ မ်က္ႏွာသစ္ၿပီး မနက္စာအတြက္ ဆင္းဝယ္ရင္း သူ အပ်င္းေျပ ဝါးဖို႔ အာလူးေၾကာ္၊ ေနၾကာေစ့၊ ဆားငန္ေစ့ေတြ ဝယ္ခဲ့တယ္။ စားစရာေတြ ျပင္ဆင္ၿပီး သူ႔ကို ႏႈိးဖို႔ ခုတင္ေခါင္းရင္းက ကန႔္လန႔္ကို ဖြင့္လိုက္တယ္။ မနက္ခင္းရဲ႕ ေနေရာင္ႏုႏုေလးဟာ ႐ိုဆယ္လာ့ ပခုံးစြန္းကေလးအေပၚကို
ျဖာက်ေနတယ္။ ေနေရာင္ထဲမွာ သူ႔ဆံပင္ေလးေတြက လဲ့လဲ့ကေလး လက္လို႔ ။ ကြၽန္ေတာ့္ဘက္ကို ေက်ာေပးထားလို႔ ပခုံးေပၚက ဒဏ္ရာကို ျမင္ရတယ္။ သူ႔ပခုံးကို ေဆးလိမ္းေပးတာေတာင္ အိပ္ပုပ္မေလးက မႏိုးပါဘူး။ ကြၽန္ေတာ္က ငုံ႔ကိုင္းၿပီး သူ႔ပါးကို ဖြဖြကေလး နမ္းေတာ့ ခႏၶာကိုယ္ကေလး လြန႔္လူးလာတယ္။ မ်က္လုံးတစ္ဖက္ကို အားယူဖြင့္ၿပီး ကြၽန္ေတာ့္ကို ၾကည့္ရင္း လက္ကမ္းတယ္။ သူ႔ကို ဖက္လိုက္တဲ့ အခါ
အိပ္ခ်င္မူးတူးနဲ႔ ကြၽန္ေတာ့္ပါးကို နမ္းတယ္။ ျပန္အိပ္ဦးမယ္လို႔ အသံအက္အက္နဲ႔ တိုးတိုးေျပာတယ္။ ကြၽန္ေတာ္ သူ႔ႏႈတ္ခမ္းေလးကို နမ္းလိုက္ၿပီး …
"နင့္အတြက္ ၿမီးရွည္ ဝယ္ထားတယ္။ ႏိုးရင္ စားလိုက္ေနာ္။ ေကာ္ဖီက ဓာတ္ဘူးထဲမွာ … အခု ငါ အ လုပ္သြားေတာ့မယ္။ ညေန ေစာေစာ ျပန္ခဲ့မယ္"လို႔ ေျပာေတာ့ ေခါင္းညိတ္ျပတယ္။
ဒီကေန႔ဟာ ကြၽန္ေတာ့္ဘဝရဲ႕ အသာယာဆုံးေန႔ပါပဲ။ တစ္ေနကုန္ ၿပဳံးေနလို႔ လုပ္ေဖာ္ကိုင္ဖက္ေတြကပါ ေမးယူရတဲ့ အထိပဲ။ အိမ္ျပန္ေရာက္တဲ့ အခါ ႐ိုဆယ္လာကို ျမင္ရမယ္ဆိုတဲ့ အသိက ကြၽန္ေတာ့္ကို မၿပဳံးဘဲ မေနႏိုင္ေအာင္ပါပဲ။ အလုပ္ကအျပန္၊ စူပါမားကတ္ ဝင္ၿပီး ခ်က္ျပဳတ္စားဖို႔ စားစရာေတြ ဝင္ဝယ္ခဲ့တယ္။ ႐ိုဆယ္လာ ႀကိဳက္တဲ့ လက္ဖက္စိမ္းေရခဲမုန႔္ကို ဝယ္တယ္။ ညစာကို ကြၽန္ေတာ္ကိုယ္တိုင္
ခ်က္ၿပီး သူနဲ႔ အတူ စားမယ္၊ ႐ုပ္ရွင္ အတူၾကည့္ၾကမယ္ဆိုတဲ့ အေတြးနဲ႔ ကြၽန္ေတာ့္ အိမ္အျပန္လမ္းဟာ တက္ႂကြေနခဲ့တယ္။ ဒါေပမဲ့ အိမ္တံခါးဖြင့္ၿပီး သူ႔နာမည္ကို ေခၚလိုက္တဲ့ အခါ ႐ိုဆယ္လာဟာ မတုံ႔ျပန္ဘူး။ တံခါးဝက ဖိနပ္စင္ေပၚ ကြၽန္ေတာ္ တင္ေပးခဲ့တဲ့ သူ႔ဖိနပ္လည္း မေတြ႕ေတာ့ဘူး။ ၿပိဳက်သြားတဲ့ စိတ္ကူးနဲ႔ အတူ ကြၽန္ေတာ့္ လက္ထဲက စူပါမားကတ္ တံဆိပ္နဲက အိတ္ပါ ေလွ်ာက်သြားတယ္။ အိတ္ထဲက
လက္ဖက္စိမ္း ေရခဲမုန႔္ဘူးေလး ျပဳတ္က်ၿပီး လိမ့္ထြက္သြားတယ္။ တံခါးဝမွာ ကြၽန္ေတာ္ ငူငူႀကီး ရပ္ေနမိတယ္။ သူဟာ ကြၽန္ေတာ့္ ဆီကို ႐ုတ္တရက္ ေရာက္ လာၿပီး အသိမေပးပဲ ျပန္ထြက္သြားခဲ့ပါတယ္။
"နင္ဟာ အိပ္မက္လိုပါပဲလား … ႐ိုဆယ္လာ"
***
၄။ ျမတ္ႏိုး ကိုးကြယ္ရပါေသာ ႐ိုဆယ္လာ
ဒီတစ္ခါ သူ ျပန္လာခဲ့ရင္ ကြၽန္ေတာ္ လက္မခံေတာ့ဘူးလို႔ ဆုံးျဖတ္ထားမိတယ္။
"မိ႐ိုဆယ္လာ … နင္ဟာ ေတာ္ေတာ္ ေၾကာက္စရာ ၊ ႐ြံစရာ၊ စိတ္ပ်က္စရာ ေကာင္းလြန္းတယ္"
မူးမူးနဲ႔ နံရံေပၚက ႏွင္းဆီပန္းပြင့္ ပန္းခ်ီနီရဲရဲကို စိုက္ၾကည့္မိတိုင္း ကြၽန္ေတာ္ အဲဒီလို ေရ႐ြတ္တတ္တယ္။ ႏွင္းဆီ အနီရဲရဲရဲ႕ လတ္ဆတ္စြာ ပြင့္လုဆဲဆဲ အဖူးအငုံကေလးေတြကို ျမင္တိုင္း ႐ိုဆယ္လာ့ရဲ႕ ႏႈတ္ခမ္းေလးေတြပဲလို႔ ျမင္ေယာင္မိတယ္။ သူက တစ္ခါမွ ႏွင္းဆီပန္းကို ႀကိဳက္ပါတယ္လို႔ မေျပာခဲ့ပါဘဲနဲ႔ သူနဲ႔ ႏွင္းဆီအနီရဲရဲကိုမွ တြဲျမင္ေနမိတတ္တာလည္း ဆန္းတယ္။ ကြၽန္ေတာ္က
ကိုယ့္ကိုယ္ကိုယ္ ႐ိုဆယ္လာ့ေပၚ နားအလည္ဆုံး၊ သူ႔အေၾကာင္း အသိဆုံးလို႔ ထင္ခဲ့မိေပမဲ့ သူနဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္ သိတာ အမ်ားႀကီး မရွိဘူး။
႐ိုဆယ္လာဟာ Methol စီးကရက္ ေသာက္တယ္။ Vodka ကို လိေမၼာရည္နဲ႔ ေသာက္တယ္။ Escada Blue ေရေမႊးကိုပဲ သုံးတတ္ၿပီး ေဒါက္ျမင့္ဖိနပ္ကို စြဲစြဲၿမဲၿမဲ စီးတယ္။ သူ ဘာအစားအစာ ႀကိဳက္လဲ၊ ဘာပန္းႀကိဳက္လဲ၊ ဘယ္မွာ ေနၿပီး ဘာအလုပ္ လုပ္သလဲ၊ ဘယ္ဘာသာ ကိုးကြယ္ၿပီး ဘာလူမ်ိဳးလဲ၊ သူဟာ အပ်ိဳလား၊ အိမ္ေထာင္သည္ လား၊ ကေလးအေမလားက အစ ကြၽန္ေတာ္ ဘာမွ မသိဘူး။ ကြၽန္ေတာ္ ႀကိဳးစားစုံစမ္းေပမဲ့ ႐ိုဆယ္လာဟာ ကြၽန္ေတာ့္
ဘဝထဲမွာ နတ္ဆိုးမတစ္ေယာက္လို ဘြားခနဲ ေပၚလာလိုက္၊ ဖ်တ္ခနဲ ေပ်ာက္သြားလိုက္နဲ႔ ပါပဲ။
႐ိုဆယ္လာဟာ မၾကင္နာတတ္ဘူး။ အ႐ိုင္းဆန္တယ္။ လိင္ဆြဲေဆာင္မႈ ျပင္းတယ္။ ကြၽန္ေတာ့္အေပၚမွာ လည္း အလြန္ ႏိုင္စားလြန္းတယ္။ မဟုတ္ဘူး ။ ကြၽန္ေတာ္ကိုက သူ႔ကို ႐ိုက်ိဳးလြန္းေနတာ။ သူကသာ စူးခနဲ စိုက္ၾကည့္လိုက္ရင္ ကြၽန္ေတာ္ မခံႏိုင္ဘူး။ ကြၽန္ေတာ္ဟာ သူ႔အလိုကို လိုက္ဖို႔ ေမြးလာတဲ့ ကြၽန္တစ္ေယာက္လိုပဲ။ ကြၽန္ေတာ့္ ဆႏၵေတြ၊ စိုးပိုင္မႈေတြဟာ သူ႔အၾကည့္တစ္ခ်က္ ေအာက္မွာ တင္
ျပားျပားကို ဝပ္လို႔ ။ သူ႔အတြက္ဆို ကြၽန္ေတာ္ဟာ ေသာက္သုံးမက်တဲ့ ႏြားတစ္ေကာင္ ျဖစ္ေနခဲ့တယ္။ အဲဒီလို ေျပာလို႔ ကြၽန္ေတာ္ သူ႔ကို အျပစ္တင္ေနတယ္လို႔ မထင္နဲက။ ဒါဟာ ကိုယ့္ကိုယ္ကိုယ္ ျပန္သုံးသပ္တာ တစ္မ်ိဳးပဲ။ တကယ္ေတာ့ ပတ္ဝန္းက်င္ကေရာ၊ ကြၽန္ေတာ္ ကိုယ့္ကိုယ္ကိုယ္ ခံယူထားတာေရာ ကြၽန္ေတာ္ဟာ က်ားတစ္ေကာင္ပဲ။ ဒါေပမဲ့ အဲဒီက်ားဟာ ႐ိုဆယ္လာ့ေရွ႕ ေရာက္ရင္ က်ာပြတ္သံေပး႐ုံနဲ႔
ၿငိမ္ဝပ္တတ္တဲ့ ၊ မီးကြင္းထဲ ကြၽမ္းပစ္ျပဖို႔ ဝန္မေလးတဲ့ က်ားတစ္ေကာင္ ျဖစ္ေနခဲ့ျပန္ပါတယ္။
***
အရက္ပုလင္းခြံကေလးေတါကို နံရံကပ္ မီးအိမ္အျဖစ္ ဖန္တီးထားၿပီး ေဘာ့မာလီရဲ႕ ရက္ေဝးသီခ်င္းေတြ ဖြင့္တတ္ေလ့ရွိတဲ့ ဒီ Bar ေလးဟာ ကြၽန္ေတာ္ သေဘာအက်ဆုံး Bar တစ္ခုပဲ။ အဲဒီ Bar ထဲမွာ ကြၽန္ေတာ္နဲ႔ ကြၽန္ေတာ့္ရည္းစား ျဖစ္အံ့ဆဲဆဲ မိန္းကေလးတို႔ ထိုင္ျဖစ္တယ္။ အရပ္ျမင့္ျမင့္ သြဲ႕သြဲ႕ေႏွာင္းေႏွာင္း ေ႐ႊအိုေရာင္ ဆံပင္ရွည္နဲ႔ မိန္းကေလးဟာ သူ႔ငယ္ဘဝ ေက်ာင္းတက္တုန္းက အေၾကာင္းေတြ ေျပာရင္း
ရယ္ေနတယ္။ သူ႔ကို စကားေျပာလိုက္၊ Whisky sour ေလး ၿမဳံ႕လိုက္၊ ရက္ေဂးသီခ်င္းေလး နားေထာင္လိုက္နဲ႔ သာယာတဲ့ ေသာၾကာေန႔ ညေနခင္းကို ခံစားေနခဲ့တယ္။ သီခ်င္းဆုံးခ်ိန္မွာ ေနာက္တစ္ပုဒ္အျဖစ္ Adele ရဲ႕ Rolling in the deep ေပၚလာတယ္။
Babe,I have no story to be told
But I’ve herad one on you
Now I’m gonna make your head burn ဆိုတဲ့ အပိုဒ္အေရာက္မွာ ကြၽန္ေတာ့္ ႏွာေခါင္းဝမွာ ႐ိုဆယ္လာကိုယ္နံ႔ ေမႊးပ်ံလာခဲ့တယ္။ Escada Blue ေရေမႊးနံ႔ကို ဘယ္ေနရာမွာ မဆို ရႏိုင္ပါတယ္။ ဒါေပမဲ့ အဲဒီေရေမႊးနံ႔နဲ႔ ေရာယွက္ေနတဲ့ ႐ိုဆယ္လာ့ ကိုယ္သင္းနံ႔ကိုေတာ့ သူ႔ဆီကလြဲရင္ မရႏိုင္ဘူး မဟုတ္လား။ ကြၽန္ေတာ္ Bar ပတ္လည္ကို က်ီးကန္းေတာင္းေမွာက္ လိုက္ရွာမိေတာ့ ေတြ႕ပါၿပီ။ ကြၽန္ေတာ့္ဆီကေန စာတစ္လုံး၊ စကားတစ္ခြန္း
မခ်န္ဘဲ ေပ်ာက္ကြယ္သြားခဲ့တဲ့ ႐ိုဆယ္လာ။ ဖုန္းတစ္ခ်က္ ေခၚ၊ မက္ေဆ့ဂ်္တစ္ေၾကာင္း ပို႔ၿပီး ေတာင္းပန္ေဖာ္မရတဲ့ မိန္းမ။ အခု ကြၽန္ေတာ့္ မ်က္ေစာင္းထိုး ေလးခုံအကြာေလာက္က စားပြဲမွာ ေယာက္်ားတစ္ေယာက္နဲ႔ အတူ ထိုင္ေနတဲ့ အ႐ိုင္းအစိုင္းမ။ သူက ကြၽန္ေတာ့္ကို ျမင္ေတာ့ လက္တစ္ဖက္ေထာင္ၿပီး ၿပဳံးျပတယ္။ သူ႔ပုံစံက သူ ဘယ္တုန္းကမွ ကြၽန္ေတာ့္ကို စြန႔္ပစ္မထားခဲ့ဖူး သလိုမ်ိဳး။ မေန႔ကမွ
ခြဲခြာလာတဲ့ အသိမိတ္ေဆြနဲ႔ ႐ုတ္တရက္ ဆုံလို႔ အသိအမွတ္ ျပဳတဲ့ အေနနဲ႔ လွမ္းႏႈတ္ဆက္သလိုမ်ိဳး။ သူ လက္ေထာင္ျပတာကို ေတြ႕ေတာ့ သူနဲ႔ အတူ ထိုင္ေနတဲ့ ေကာင္က လွည့္ၾကည့္တယ္။
"ေတာက္ … ေခြးသူခိုး"လို႔ ဆဲပစ္လိုက္တဲ့ ကြၽန္ေတာ့္ ရင္ထဲက ဆဲေရးသံကို မၾကားေပမဲ့ မီးေတာက္ေတာ့မေလာက္ ကြၽန္ေတာ့္မ်က္လုံးေတြကို အဲဒီေကာင္လည္း ႏွစ္ၿမိဳ႕ပုံ မရပါဘူး။ ႐ိုဆယ္လာ့ကို ဘယ္သူလဲလို႔ ေမးပုံရတယ္။ သူက ၿပဳံးရယ္ရင္း ေခါင္းခါျပလိုက္တာကို ေတြ႕ရတယ္။ ဟိုေကာင္က သူ႔ပါးတစ္ဖက္ကို လွမ္းညႇစ္တယ္။
"အဲဒီေကာင္ကိုမ်ား အဲဒီလို ၿပဳံးျပရတယ္လို႔ ကြာ။ ေခါင္းခါျပတာက ငါက နင့္အတြက္ ဘာမွ မဟုတ္ဘူး ဆိုတဲ့ သေဘာေပါ့၊ ဟုတ္လား … ႐ိုဆယ္လာ"
ကြၽန္ေတာ့္ လက္ထဲက Whisky ခြက္ကို ေဆာင့္ခ်လိုက္တယ္။ ကြၽန္ေတာ္နဲ႔ အတူ ထိုင္ေနတဲ့ ဟိုေကာင္မေလးက ကြၽန္ေတာ့္ကို နားမလည္သလို ၾကည့္ရင္း ဘာျဖစ္တာလဲလို႔ ေမးတယ္။
မီးေရာင္ အဝါလဲ့လဲ့ဟာ ႐ိုဆယ္လာနဲ႔ သိပ္လိုက္တယ္။ အက်ႌလက္ျပတ္ အနက္ေရာင္ကို ဝတ္ထားတဲ့ အတြက္ မီးေရာင္က်ေနတဲ့ သူ႔လက္ေမာင္းေတြဟာ ေ႐ႊေရာင္လႊမ္းေနတယ္။ ထုံးစံအတိုင္း ဆံပင္နက္နက္ေတြက ပခုံးနဲ႔ ေက်ာျပင္ေပၚမွာ လြတ္လြတ္လပ္လပ္ ဖားလ်ားဝဲက်ေနတယ္။ သူ႔ဆံပင္ေတြ ပိုရွည္လာတယ္။ ကြၽန္ေတာ္ စြဲလမ္းတဲ့ ႏႈတ္ခမ္းရဲရဲေတြကို ၿပဳံးရယ္ရင္း ဟိုေကာင့္ကို စကားေတြ ေျပာေနတယ္။
ကြၽန္ေတာ့္ဘက္ကို တစ္ခ်က္ေတာင္ လွည့္မၾကည့္ဘူး။
႐ိုဆယ္လာကိုပဲ စိုက္ၾကည့္ေနလို႔ ထင္တယ္။ ကြၽန္ေတာ္နဲ႔ အတူ ထိုင္ေနတဲ့ ေကာင္မေလးကပါ ကြၽန္ေတာ္ ၾကည့္တဲ့ ဆီ လွည့္ၾကည့္တယ္။ ၿပီးေတာ့ "ဒီမွာ "လို႔ ကြၽန္ေတာ့္ကို ေခၚတယ္။ ေကာင္မေလးရဲ႕ ေလသံက တင္းမာေနသလို အသံလည္း အနည္းငယ္ တုန္ေနတယ္။ "ကြၽန္မ ျပန္ေတာ့မယ္"လို႔ ခပ္တင္းတင္း ေျပာတယ္။ ကြၽန္ေတာ္ ေခါင္းပဲ ညိတ္ျပမိတယ္ ထင္တယ္။ အခုအခ်ိန္မွာ ႐ိုဆယ္လာထက္ ဘာကမွ အေရးမႀကီးဘူး။ သူမ ေျခကို
ေဆာင့္နင္းၿပီး ထြက္သြားတယ္။ ႐ိုဆယ္လာက ကြၽန္ေတာ့္ကို လွမ္းၾကည့္တယ္။ ခ်က္ခ်င္းပဲ မ်က္ႏွာျပန္လႊဲသြားၿပီး သူ႔ေရွ႕က cheese အတုံးေလးကို ယူၿမဳံ႕ေနတယ္။ သူ႔ရဲ႕ ထီမထင္တဲ့ ပုံစံကို ကြၽန္ေတာ္ ေဒါသထြက္လာမိတယ္။ ကြၽန္ေတာ့္ ေသြးေတြ တပြက္ပြက္ ဆူေဝလာတယ္။ သူနဲ႔ အဲဒီေကာင္ ထိုင္ေနတဲ့ စားပြဲဆီကို ကြၽန္ေတာ္ ေလွ်ာက္သြားလိုက္တယ္။
"နင္ဟာ ငါ့ကို ေတာင္းပန္ရေကာင္းမွန္းေတာင္ နားမလည္တဲ့ မိန္းမပါလား႐ိုဆယ္လာ"
ကြၽန္ေတာ္ သူ႔ေခါင္းေပၚကို လက္ထဲက whisky sour ခြက္နဲ႔ ေလာင္းခ်လိုက္တယ္။ သူ တအံ့တဩ ေမာ့ၾကည့္တယ္။ သံပရာသီး အကြင္းကေလး သူ႔ဆံပင္ေပၚ ၿငိေနတယ္။ ဟိုေကာင္က ဝုန္းခနဲ ထရပ္ၿပီး ကြၽန္ေတာ့္ တီရွပ္လည္ပင္းကို ေဆာင့္ဆြဲလိုက္တယ္။ ႐ိုဆယ္လာ ထရပ္တယ္။ ဟိုေကာင့္ကို တားၿပီး ကြၽန္ေတာ့္နာမည္ကို ေခၚတယ္။ ၿပီးေတာ့ တစ္ခြန္းပဲ ေျပာတယ္။ "နင္ အခုခ်က္ခ်င္း ထြက္သြားလိုက္ေတာ့"တဲ့ ။ ကြၽန္ေတာ္
ေျပာခဲ့ပါေရာလား … ကြၽန္ေတာ္ဟာ ႐ိုဆယ္လာ့ ႏြားပါလို႔ ။ ဟိုေကာင့္ လက္ကို တြန္းဖယ္ၿပီး Bar ထဲကေန ကြၽန္ေတာ္ ထြက္လာခဲ့တယ္။ ၄၇လမ္းေထာင့္က အုတ္နံရံကို လက္သီးစာ ေကြၽးပစ္လိုက္မိတယ္။ ကြၽန္ေတာ့္ ေခါင္းေတြ ေပါက္ထြက္မတတ္ တဒုန္းဒုန္း ကိုက္ခဲလာတယ္။
"နင္ဟာ မေကာင္းဆိုးဝါးမပဲ ႐ိုဆယ္လာရဲ႕ … သိလား။ နင္ဟာ အယုတ္တမာမ"
လမ္းေပၚက ေက်ာက္ခဲကို ပစ္ကန္ထုတ္ၿပီး စိတ္ရွိလက္ရွိ ဆဲေရးပစ္လိုက္တယ္။ လမ္းမွာ ထပ္ေတြ႕တဲ့ စားေသာက္ဆိုင္တစ္ခုထဲ ဝင္ထိုင္ၿပီး Whisky ထပ္မွာ လိုက္တယ္။ ဒီည ကြၽန္ေတာ္ မူးမွ ျဖစ္မယ္။
***
စားပြဲထိုးေလးက "ဆိုင္ပိတ္ၿပီ အစ္ကို"လို႔ လာေျပာေတာ့ ကြၽန္ေတာ့္ ပုလင္းထဲမွာ အရက္က မက်န္ေတာ့သေလာက္ ရွိၿပီ။ လက္က်န္ပုလင္းကို ဆြဲၿပီးကြၽန္ေတာ္ ျပန္ထြက္လာခဲ့တယ္။ လမ္းမွာ ေတြ႕တဲ့ Taxi ကို တားၿပီး အိမ္လိပ္စာ ေျပာလိုက္တယ္။ ကြၽန္ေတာ္ ေခါင္းမထူႏိုင္ေအာင္ကို မူးေနပါၿပီ။ ဒါေပမဲ့ ႐ိုဆယ္လာ့ကို မေမ့ဘူး။ ကြၽန္ေတာ္ သိပ္မွားတာပဲ။ ငါးလေက်ာ္ေလာက္ ကြၽန္ေတာ့္အနားကေန ေပ်ာက္သြားတဲ့
႐ိုဆယ္လာ့ကို အခု ထပ္ၿပီး ေပ်ာက္သြားေအာင္ လုပ္မိျပန္ၿပီ။ အသိစိတ္က သူ လာရင္ ဘယ္ေတာ့မွ လက္မခံေတာ့ဘူးလို႔ ဘယ္လိုပဲ ျငင္းဆန္ပါေစ ၊ သူ႔ကိုမွ လိုက္ရွာေနတဲ့ ႏွလုံးသားေၾကာင့္ ကြၽန္ေတာ္ အၿမဲတမ္းလိုလို နာက်င္ေနရတယ္။
"နင္ဟာ ေစာက္ရမ္း မိုက္႐ိုင္းတယ္၊ ငါ့ကို တစ္ခ်က္မွ မငဲ့ဘူး"
ညည္းညဴရင္း ကြၽန္ေတာ္ အသံထြက္ ငိုမိေတာ့ Taxi Driver က ေနာက္ၾကည့္မွန္ကေန လွမ္းၾကည့္တယ္။ အိမ္ေရွ႕ကို ကားရပ္လိုက္ေတာ့ ကြၽန္ေတာ္ ဆင္းတယ္။ ဒ႐ိုင္ဘာက "တြဲေပးရမလား ညီေလး"ဆိုေတာ့ ကြၽန္ေတာ္ လက္ကာျပၿပီး ကားခအျပင္ bonus ပါ ထပ္ေပးလိုက္တယ္။ ပုလင္းထဲက လက္က်န္ေတြ အကုန္ေမာ့ခ်လိုက္ၿပီး ပုလင္းကို ပစ္ထုတ္လိုက္တယ္။ ေလွကားထစ္ေတြကို တစ္၊ ႏွစ္၊ သုံး၊ ေလး ေရတြက္ၿပီးတက္တယ္။ ႐ိုဆယ္လာနဲ႔ ဒီေလွကားကို
တက္ျဖစ္တိုင္း ေလွကားထစ္ေတြကို အတူ ေရတြက္ေနက်။ ေလွကားထစ္ ေျခာက္ဆယ့္ငါးထစ္ အဆုံးမွာ ကြၽန္ေတာ့္အခန္း ရွိတယ္။
ေသာ့ကို ဖြင့္ၿပီး ဝင္လိုက္ေတာ့ ေမွာင္ပိန္းေနတဲ့ ကြၽန္ေတာ့္ တိုက္ခန္းထဲမွာ ႐ိုဆယ္လာ့ ကိုယ္သင္းနံ႔ကို ရတယ္။ ကြၽန္ေတာ္ နာနာက်င္က်င္ ေအာ္ရယ္လိုက္တယ္။ ခုနကမွ တျခားေကာင္ တစ္ေကာင္နဲ႔ ထားရစ္ခဲ့ရတဲ့ သူက ကြၽန္ေတာ့္အိမ္ထဲကို ဘယ္လို ေရာက္ေနမွာ တဲ့ လဲ။ အခုဆို အဲဒီ ဟိုေကာင္ကို သူ႔ႏႈတ္ခမ္း နီနီရဲရဲေတြနဲ႔ ျပဳစားေနေလာက္ေရာေပါ့။
"ေတာက္ … ေႁမြေဟာက္မ"
စိတ္တိုတိုနဲ႔ တံခါးကို ေဆာင့္ပိတ္ၿပီး မီးခလုတ္ေတြကို မဖြင့္ေတာ့ဘဲ အိပ္ခန္းဘက္ကို မွန္းဆ ေလွ်ာက္လာခဲ့တယ္။ တစ္အိမ္လုံး ဘယ္ေနရာမွာ ဘာရွိတယ္ဆိုတာ အလြတ္ရေနေပမဲ့ အခု အိပ္ခန္းထဲကို အဝင္မွာ ကြၽန္ေတာ့္ ေျခေထာက္ဟာ တစ္စုံတစ္ခုကို ခလုတ္တိုက္မိတယ္။ စိတ္လြတ္ကိုယ္လြတ္ ဆဲေရးၿပီး တိုက္မိတဲ့ အရာကို လႊင့္ပစ္ဖို႔ ေဒါသတႀကီး ေကာက္ယူလိုက္ေတာ့ …. မိန္းမစီး ေဒါက္ဖိနပ္တစ္ရန္။
ကြၽန္ေတာ္ အမူးေျပသြားတယ္။
"႐ိုဆယ္လာ …"
ကြၽန္ေတာ္ ေအာ္ေခၚရင္း အိပ္ခန္းမီးကို ဖြင့္လိုက္တယ္။ ႐ိုဆယ္လာဟာ ကြၽန္ေတာ့္ တီရွပ္ အနက္ေရာင္ကို ဝတ္ၿပီးကြၽန္ေတာ့္ ခုတင္ေပၚမွာ ေမွာက္လ်ားထိုး အိပ္ေနခဲ့တယ္။ သူ႔အနားကို ခ်က္ခ်င္း တိုးကပ္သြားၿပီး မယုံႏိုင္သလို စိုက္ေငးေနမိတယ္။ ႐ိုဆယ္လာကေတာ့ အသက္မွန္မွန္ရႉရင္း လုံးဝကို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနခဲ့ပါတယ္။ ကြၽန္ေတာ္ သူ႔ကိုယ္လုံးေပၚကို ေမွာက္ခ်
ေပြ႕ဖက္လိုက္ရင္း သူ႔နား႐ြက္နားကို ကပ္ၿပီး တိုးတိုးကေလး ေျပာလိုက္တယ္။
"ငါ့ကို ထပ္ၿပီး ခြဲမသြားပါနဲ႔ လား ႐ိုဆယ္လာ"
***
၅။ သိမ္ေမြ႕နက္နဲေသာ ႐ိုဆယ္လာ
ကြၽန္ေတာ္ ႏိုးလာေတာ့ မ်က္စိကို အရင္မဖြင့္ေသးဘဲ ႐ိုဆယ္လာ ရွိမယ့္ေနရာကို လက္က အရင္ စမ္းမိတယ္။ ေလထုက လြဲလို႔ ႐ိုဆယ္လာ့ ကိုယ္လုံးေႏြးေႏြးကေလးရဲ႕ အထိအေတြ႕ မရွိ။ ကြၽန္ေတာ့္ ရင္ထဲ နင့္ခနဲ ဟာသြားတယ္။
"နင္ ငါ့ကို ထားသြားျပန္ၿပီ ႐ိုဆယ္လာ"
မ်က္ႏွာကို လက္ဖဝါးနဲ႔ အုပ္ၿပီး ကြၽန္ေတာ္ ညည္းတြားမိျပန္သည္ ။ သူနဲ႔ ပတ္သက္တိုင္း ကြၽန္ေတာ္ဆိုတဲ့ ေကာင္ဟာ ထိလြယ္ ရွလြယ္ အ႐ုပ္ႀကိဳးျပတ္ ျဖစ္လြယ္လြန္းပါတယ္။ ကြၽန္ေတာ့္ ေခါင္းတစ္ခုလုံးဟာ ဆိုးဆိုးဝါးဝါး ကိုက္ခဲ နာက်င္ေနတဲ့ အတြက္ ေခါင္းေပၚကေန ေရေလာင္းခ်ပစ္လိုက္ဖို႔ ခုတင္ေပၚက ဆင္းၿပီး ေရခ်ိဳးခန္းဘက္ ေလွ်ာက္လာခဲ့တယ္။ ညက အုတ္နံရံကို ထိုးထားမိတဲ့ ညာဘက္
လက္ေခ်ာင္းေတြလည္း ေရာင္ကိုင္းေနတယ္။
မ်က္ႏွာသစ္ ေႂကြခြက္ေပၚမွာ တပ္ထားတဲ့ မွန္ထဲကို ကြၽန္ေတာ့္ကိုယ္ ကြၽန္ေတာ္ ျမင္ေနရတယ္။ ေမွ်ာ္လင့္ခ်က္ေရာ၊ အနာဂတ္ေရာ၊ အရာအားလုံး အဘက္ဘက္က ၿပိဳက်ပ်က္စီးေနတဲ့ ေနရာ … နီရဲ နာက်င္ေနတဲ့ မ်က္လုံးေတြနဲ႔ ကြၽန္ေတာ့္႐ုပ္ဟာ စုတ္ျပတ္သတ္ေနတယ္။ ကြၽန္ေတာ္ ဒီတစ္ပတ္ေလာက္ေတာ့ အလုပ္ကို ေရာက္ႏိုင္မယ္ မထင္ဘူး။ ကြၽန္ေတာ္ဟာ ႐ိုဆယ္လာက ခ်န္ရစ္ခဲ့တိုင္း ကိုယ့္ကိုယ္ကိုယ္ မနည္း
ျပန္တည္ေဆာက္ေနရတဲ့ ခပ္ညံ့ညံ့ အေကာင္တစ္ေကာင္ပါပဲ။ မ်က္ႏွာသစ္ၿပီးတာေတာင္မွ ကြၽန္ေတာ္ လန္းဆန္းမလာဘူး။ ေရခဲေသတၱာကို ဖြင့္လိုက္ၿပီး ေသာက္စရာ ဘာရွိမလဲလို႔ ရွာေတာ့ ႐ိုဆယ္လာ့ လက္က်န္ Vodka ပုလင္းပဲ ေတြ႕ရတယ္။ ကြၽန္ေတာ္ Vodka ႀကိဳက္ေပမဲ့ ဒါေသာက္လိုက္ရင္ေတာ့ မူးၿပီး ျပန္အိပ္ေပ်ာ္သြားမယ္လို႔ ထင္တယ္။ ေရခဲေသတၱာထဲက ပုလင္းကို ဆြဲထုတ္လိုက္တယ္။
***
"အဲဒါ ငါ့ဟာ"
ကြၽန္ေတာ့္ လက္ထဲက ပုလင္းလြတ္က်ၿပီး ေႂကြျပားၾကမ္းခင္းေပၚမွာ အက္ကြဲ ျပန႔္က်ဲသြားတယ္။ Absolut Wild Tea ရဲ႕ အနံ႔ဟာ စူးခနဲ ထြက္လာတယ္။ မီးဖိုခန္းအဝမွာ တံခါးေပါင္ကို မွီၿပီး ရပ္ေနတဲ့ ႐ိုဆယ္လာ …. အလင္းေရာင္ကို ေက်ာေပးထားလို႔ ႐ိုဆယ္လာ့မ်က္ႏွာကို မျမင္ရဘူး။ သူ႔ကိုယ္လုံး အရိပ္မည္းမည္းကေလးရဲ႕ ေကာက္ေၾကာင္းကိုပဲ ျမင္ရတယ္။ ကြၽန္ေတာ္ သူ႔အနားကို ခ်က္ခ်င္း ေရာက္သြားတယ္။ "အဲဒါ ငါ့ဟာ"လို႔
ကြၽန္ေတာ့္ကို ေမာ့ၾကည့္ရင္း သူက ထပ္ေျပာတယ္။ ကြၽန္ေတာ့္မွာ သူ႔ကို ျပန္ေျပာစရာ စကားမရွိဘူး။ သူ႔ကိုယ္လုံးကေလးကိုပဲ တင္းတင္းက်ပ္က်ပ္ ေပြ႕ထားလိုက္မိတယ္။
႐ိုဆယ္လာက ျပန္မဖက္ပါဘူး။ ေတာင့္ေတာင့္ကေလး ရပ္ရင္း "အ႐ူး … က်ကြဲကုန္ၿပီ။ နင္ အသစ္ျပန္ဝယ္ေပးရမယ္၊ သိလား"လို႔ ကြၽန္ေတာ့္ကို ေျပာတယ္။ အခုအခ်ိန္ သူ ဘာေျပာေျပာ ကြၽန္ေတာ္ မသိဘူး။ ကြၽန္ေတာ့္အနားက သူ ထြက္သြားၿပီထင္လို႔ အ႐ူးလိုပဲ ေၾကကြဲလိုက္ရတာ။ ႐ိုဆယ္လာက ကြၽန္ေတာ့္ လက္ေမာင္းေတြၾကားက ႐ုန္းတယ္။ ကြၽန္ေတာ္ လႊတ္မေပးဘဲ ပိုၿပီးတင္းတင္းက်ပ္က်ပ္ ဖက္ထားလိုက္တယ္။ သူ
အသက္ရ်ဴက်ပ္လာရင္ လုပ္တတ္တဲ့ အတိုင္း ကြၽန္ေတာ့္ ေက်ာကုန္းကို လက္သီးဆုပ္နဲ႔ ျပန္ထုတယ္။ ထပ္ၿပီး ကြၽန္ေတာ့္နားက ေပ်ာက္ကြယ္သြားမွာ ကို ေၾကာက္႐ြံ႕ေနသလိုမ်ိဳး သူ႔ကို ကြၽန္ေတာ္ လုံးဝ လႊတ္မေပးရဲဘူး။ ကြၽန္ေတာ့္ဆီကို ႐ိုဆယ္လာ တကယ္ ျပန္လာတာပဲ ျဖစ္ပါေစ။ ကြၽန္ေတာ္ အိပ္မက္ မက္ေနတာ မဟုတ္ပါေစနဲ႔ လို႔ လည္း ဆုေတာင္းေနမိတယ္။
"နင္ ဘာစားၿပီးၿပီလဲ။ ငါ သြားဝယ္ေပးမယ္ … မဟုတ္ဘူး ။ နင္နဲ႔ ငါ အျပင္ကို အတူတူ ထြက္စားရေအာင္"
ေယာက္ယက္ခတ္ၿပီး မတည္မၿငိမ္ ျဖစ္ေနတဲ့ ကြၽန္ေတာ့္ကို ႐ိုဆယ္လာက ခုတင္ေပၚကေန ထိုင္ၾကည့္ေနတယ္။ ကြၽန္ေတာ္ တီရွပ္ ယူဝတ္တယ္။ ေရွ႕နဲ႔ ေနာက္ မွားလို႔ ျပန္ခြၽတ္ရတယ္။ ခါးပတ္ကို ေျပာင္းျပန္ပတ္မိတယ္။ ပိုက္ဆံအိတ္ကို ဆြဲယူေတာ့ ဖုန္းျပဳတ္က်တယ္။ ေျခသန္းေလးေတြ ခုတင္ေျခေထာက္နဲ႔ ခိုက္မိတယ္။ "မ်က္စိ ေနာက္လိုက္တာဟာ … ထိုင္ေနစမ္းပါ"လို႔ သူက ေျပာေတာ့မွ ခုတင္အစြန္းမွာ
ဝင္ထိုင္လိုက္တယ္။ ကြၽန္ေတာ္ ပ်ာယာခတ္ေနတယ္ဆိုတာ ကြၽန္ေတာ္ သိတယ္။ ဒါေပမဲ့ စိတ္လႈပ္ရွားေနတာကို ျပန္ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနတာကို ဘယ္လိုမွ မေအာင္ျမင္ဘူး။
ကြၽန္ေတာ္ဟာ ႐ိုဆယ္လာ့ေရွ႕မွာ ဆရာမရဲ႕ အခ်ီးက်ဳးခံခ်င္လြန္းလို႔ စိတ္လႈပ္ရွား ပ်ာယာခတ္ေနတဲ့ ေက်ာင္းသားေလး တစ္ေယာက္လိုပဲ။ "အဲဒါက ဘာျဖစ္ေနရတာလဲ"လို႔ မ်က္ေမွာင္ၾကဳတ္ၿပီး သူက ေမးတယ္။ ကြၽန္ေတာ္ တည္ၿငိမ္ခ်င္ေယာင္ ေဆာင္ေပမဲ့ မေအာင္ျမင္ပါဘူး။ "နင္ ထပ္ၿပီး ငါ့နားက ထြက္သြားမွာ ေၾကာက္လို႔ "လို႔ အမွန္အတိုင္းပဲ ဝန္ခံလိုက္တယ္။ ႐ိုဆယ္လာကရယ္တယ္။ ႏႈတ္ခမ္းနီ အနီရင့္ရင့္
မပါဘဲနဲ႔ လည္း သူ ရယ္တာက ကြၽန္ေတာ့္အတြက္ လွေနတာပါပဲ။ "ကဲပါ၊ အခု ငါ မဆာပါဘူး။ နင့္အတြက္ ေပါင္မုန႔္ေၾကာ္ထားတယ္။ ေဈးကို ညေနမွ ငါနဲ႔ အတူ သြားတာေပါ့။ ငါလည္း ဝယ္စရာေတြ ရွိတယ္"လို႔ သူက ကြၽန္ေတာ့္ကို ၿပဳံးၾကည့္ရင္း ေျပာတယ္။
ကြၽန္ေတာ္ ကြၽမ္းႏွစ္ပတ္ေလာက္ ထိုးပစ္ခ်င္တဲ့ အထိ ေပ်ာ္သြားတယ္။ "ဒါဆို ငါတို႔ အခု ဘာလုပ္ၾကမလဲ"လို႔ ေမးေတာ့ သူက ႏႈတ္ခမ္းကို မဲ့ၿပီး ခုတင္ေပၚက ဆင္းတယ္။ ကြၽန္ေတာ္က သူ႔ခါးကို လွမ္းဆြဲဖက္ထားလိုက္ေတာ့ အရွိန္လြန္ၿပီး ႏွစ္ေယာက္စလုံး ခုတင္ေပၚကို လုံးေထြး လဲက်သြားတယ္။ ကြၽန္ေတာ္က ခ်ဳပ္ၿပီး ကလိထိုးေတာ့ ႐ိုဆယ္လာတအား ေအာ္ရယ္တယ္။ ေတာ္ပါေတာ့လို႔ ေအာ္တယ္။ ကြၽန္ေတာ့္ဆီက
လြတ္ဖို႔ အတင္း႐ုန္းတယ္။ သူ႔လက္ႏွစ္ဖက္ကို ေမြ႕ရာေပၚထိ ကပ္ဖိထားၿပီး "ေျပာ … ငါ့ကို ခ်စ္လား"လို႔ ကြၽန္ေတာ္က ေမးေတာ့ သူက ေအာက္ႏႈတ္ခမ္းေလးကို ေထာ္ထုတ္ၿပီး မ်က္ႏွာကို မဲ့ျပတယ္။ အဲဒီ ေအာက္ႏႈတ္ခမ္း စိုစိုကေလးကို ကြၽန္ေတာ္ အသည္းတယားယားနဲ႔ ငုံ႔ကိုက္ပစ္လိုက္တယ္။ ႐ုန္းရင္းဆန္ခတ္ အတင္းဆြဲထားလို႔ ဖ႐ိုဖရဲ ျဖစ္ေနတဲ့ တီရွပ္အစြန္းမွာ ေပၚလာတဲ့ ႐ိုဆယ္လာ့ ရင္ၫြန႔္က မွ
ည့္နီကေလးဆီကို ကြၽန္ေတာ့္အနမ္းေတြ ကူးေျပာင္းလိုက္တယ္။ ကြၽန္ေတာ့္ေခါင္းကို ျပန္ဖက္လာတဲ့ ႐ိုဆယ္လာ့ လက္နဲ႔ ထိၿပီးခုတင္ေပၚက Bay Max စက္႐ုပ္ပုံစံ ကြၽန္ေတာ့္ဖက္လုံး ျပဳတ္က်သြားတယ္။
"ေကာင္းတယ္ …. အဲဒီေကာင္ မျမင္ရေတာ့ဘူး"
***
ညေနတုန္းက အျပင္ အတူသြားၾကၿပီး ေဈးဝယ္လာတဲ့ ပစၥည္းေတြကို မီးဖိုခန္းမွာ စနစ္တက် ေနရာခ်ေပးေနတဲ့ သူ႔ကို ျမင္ရတာ ကြၽန္ေတာ့္အတြက္ အသစ္အဆန္းတစ္ခု ျဖစ္ၿပီး အရမ္းလည္း သေဘာက်ေနမိတယ္။ သူ ဒါမ်ိဳး တစ္ခါမွ မလုပ္ေပးဖူးဘူး။ ပြရႈပ္ေနတဲ့ မီးဖိုဟာ တစ္ခဏအတြင္း အားလုံး ေနရာတက် ျဖစ္သြားတယ္။ ကြၽန္ေတာ္က ခပ္သြက္သြက္ အလုပ္ရႈပ္ေနတဲ့ သူ႔ကို "နင္ ဒီလိုလုပ္ေပးတာ ျမင္ရေတာ့ ငါ
တကယ္ေပ်ာ္တယ္။ နင္သာ ငါ့အနားမွာ တစ္သက္လုံး ဒီလို လုပ္ေပးမယ္ဆိုရင္ ဘယ္ေလာက္ ေကာင္းမလဲလို႔ ေတြးေနတာ"လို႔ ေျပာလိုက္တယ္။
႐ိုဆယ္လာက ဘာမွ ျပန္မေျပာဘူး။ ကြၽန္ေတာ္ အသည္းယားသြားတယ္။ "႐ိုဆယ္လာ … ငါ ေျပာေနတာ ၾကားလား"လို႔ ေမးေတာ့မွ "ငါတစ္ခါမွ မလုပ္ဖူးတာေတြ လုပ္ျပေနတယ္ ထင္လို႔ နင္ ထူးဆန္းၿပီး သေဘာက်ေနတာပါ။ ဒါဟာ မိန္းမေတြ လုပ္ေနက် အလုပ္ေတြပဲ။ မနက္တိုင္း နင့္အေမ မီးဖိုထဲ အလုပ္ရႈပ္ေနလို႔ ေမေမ ဒီလိုလုပ္တာ သေဘာက်တယ္လို႔ နင္ ေျပာဖူးလား။ လုပ္ၿမဲမို႔ သတိေတာင္ ထားခဲ့မိမွာ မဟုတ္ဘူး "လို႔ ျပန္ေျပာတယ္။
႐ိုဆယ္လာ့ စကားက မွန္ကန္လြန္းေနတာမို႔ ကြၽန္ေတာ္ ႏႈတ္ဆိတ္သြားရတယ္။
႐ိုဆယ္လာက ဆက္ၿပီး "မိန္းမ ေတာ္ေတာ္မ်ားမ်ားက ေယာက္်ားရ လာၿပီဆိုရင္ ေယာက္်ားကို အိမ္ေထာင္ဦးစီးေနရာ ပို႔ၿပီး သူတို႔ က မီးဖိုေခ်ာင္ကို အုပ္ခ်ဳပ္ၾကရေတာ့တာပဲ။ ဘယ္သူက တစ္အိမ္သားလုံးထက္ ပိုေစာေစာ ထခ်င္မွာ လဲ။ လူတိုင္း ဇိမ္ယူခ်င္တာပဲ။ ဒါေပမဲ့ ဘယ္သူမွ အဲဒီေစတနာ၊ အနစ္နာကို မျမင္ၾကဘူး။ မိန္းမတစ္ေယာက္ဟာ သမိုင္းေပး တာဝန္လို ခ်က္ျပဳတ္ရမယ္၊ ေယာက္်ားကို ျပဳစုရမယ္လို႔
မွတ္ယူၿပီး ဘယ္ေတာ့မွ လည္း အသိအမွတ္ျပဳ ေက်းဇူးတင္ၾကတာ မဟုတ္ဘူး ။ နင္ မွတ္ထား … သိလား။ လူေတြဟာ အခြင့္အေရး တစ္ခုခုကို တျခားသူက ဖန္တီးေပးေနလို႔ အၿမဲ ရလာရင္ ဒါဟာ သူ လုပ္ေပးေနတာပါလားလို႔ အသိအမွတ္ ျပဳဖို႔ ထက္ ဒါဟာ ငါ့ရပိုင္ခြင့္လို႔ တရားေသ မွတ္ယူထားလိုက္တတ္ျပန္ေရာ …"လို႔ ေျပာတယ္။ ကြၽန္ေတာ္ သူ႔ကို တအံ့အဩ ေငးၾကည့္ေနမိတယ္။
ေခါင္းထဲမွာ ဘာကိုမွ အေလးအနက္ မထားတတ္ဘူးလို႔ ထင္မိေနတဲ့ မိန္းမတစ္ေယာက္ဆီက ဒီလိုမ်ိဳး ၾကားရတာ မယုံခ်င္စရာ။
"ဒါဆို ငါကေရာ … နင့္ကို မစြန႔္လႊတ္ႏိုင္တာ နင့္ တစ္ေယာက္တည္းကိုပဲ စြဲလမ္းၿပီး ခ်စ္ေနရတာ။ အဲဒါ နင့္ ရပိုင္ခြင့္ေတြတဲ့ လား"
ကြၽန္ေတာ္ သူ႔ပခုံးကို ဆြဲလွည့္၊ သူ႔မ်က္ႏွာကို ေစ့ေစ့ၾကည့္ၿပီး ေမးမိတယ္။ ကြၽန္ေတာ့္ မ်က္လုံးေတြဆီကို ျပန္ၿပီး ေမာ့ေငးစိုက္ၾကည့္လာတဲ့ ႐ိုဆယ္လာ့ မ်က္ဝန္းေတြဟာ နက္ေမွာင္ ေတာက္ေျပာင္လို႔ ။ ကြၽန္ေတာ့္ လည္ပင္းကို သူ႔လက္ေတြနဲ႔ သိုင္းဖက္ တြဲခိုၿပီး ေမးဖ်ားအစပ္ကို လွမ္းနမ္းတယ္။ ၿပီးမွ လဲ့လဲ့ကေလး ၿပဳံးၿပီး ေျဖတယ္။
"ငါလည္း လူပဲေလ …"တဲ့ ။
***
၆။ သိမ္ေမြ႕ရက္စက္ေသာ ႐ိုဆယ္လာ
႐ိုဆယ္လာက ကြၽန္ေတာ့္ေဘးကေန ဘယ္ကိုမွ ထြက္မသြားတာ တစ္လေက်ာ္ ၾကာခဲ့ၿပီ။ သူ႔ပိုက္ဆံအိတ္ကို ခိုးဖြင့္ၿပီး ကြၽန္ေတာ့္အိမ္ေသာ့အပိုကို ျပန္ႏႈိက္ယူထားလိုက္လို႔ လည္း ျဖစ္ခ်င္ ျဖစ္မ်ာေပါ့။ ဒါေပမဲ့ အဲဒီေန႔မနက္ ကြၽန္ေတာ္ အလုပ္ကိုသြားဖို႔ သူ႔ကို နမ္းၿပီး ႏႈတ္ဆက္ေတာ့ စာအုပ္ဖတ္ေနရာကေန ကြၽန္ေတာ့္ကို ခပ္ေထ့ေထ့ ၾကည့္ၿပီး ၿပဳံးတယ္။ အဲဒီအၿပဳံးကို ကြၽန္ေတာ္ သိတယ္။ ေသာ့ကို နင္
ျပန္ယူသြားတာ ငါ သိတယ္ဆိုတဲ့ အၿပဳံး … ငါ သြားခ်င္ရင္ ဒီေသာ့ လိုလို႔ လားဆိုတဲ့ အၿပဳံး။ အိတ္ကပ္ထဲက ေသာ့ကိုေတာင္ ေယာင္ယမ္းၿပီး ျပန္စမ္းမိေစတဲ့ အၿပဳံး။ ဒါေပမဲ့ သူက ဘာမွ ေတာ့ မေျပာဘူး။
တစ္ေန႔ တစ္ေန႔ ကြၽန္ေတာ္ကသာ အလုပ္ေတြ ျမန္ျမန္လက္စျဖတ္၊ ညေနဆို တတ္ႏိုင္သမွ် အေစာဆုံး အိမ္ျပန္လာ၊ သူ႔အတြက္ တစ္ခုမဟုတ္ တစ္ခု ဝယ္ လာၿပီး ျပန္ေရာက္တာနဲ႔ သူ႔ကို မေတြ႕ရင္ အိမ္ေရွ႕အိမ္ေနာက္ တေၾကာ္ေၾကာ္ေခၚ၊ လိုက္ရွာရတာ အလုပ္တစ္ခုလို ျဖစ္ေနရတာ။ သူကျဖင့္ အိမ္တံခါးကို ေခါက္ေနရင္ေတာင္ စိတ္ကူးေပါက္ပါမွ ထဖြင့္ေပးတတ္တယ္။ ေၾကာ္ေၾကာ္ နာမည္ေခၚေနလည္း မသိခ်င္ေယာင္ ေဆာင္ၿပီး
အိပ္ေနတတ္တယ္။ အိပ္လြန္းမက အိပ္တတ္လို႔ "နင္ဟာ ေၾကာင္လိုပဲ"လို႔ ေျပာရင္း အသည္းမယား ယားလာေအာင္ ေျပာစပ္စပ္နဲ႔ "ေညာင္"လို႔ ေအာ္ျပတတ္ေလရဲ႕ ။ ဘာေကာင္မေလးမွန္းကို မသိပါဘူး။ သူ ရွိေနလို႔ ကြၽန္ေတာ့္အတြက္ ေန႔တိုင္း ခ်က္ျပဳတ္ ျပင္ဆင္ထားလိမ့္မယ္လို႔ မေတြးနဲ႔ ။ စိတ္ကူးမေပါက္ရင္ ကြၽန္ေတာ္ ျပင္ေပးတဲ့ စားစရာေတာင္ တစ္ဇြန္းမွ မစားဘူး။ တစ္ခါတေလလည္း ဘာစိတ္ကူးေပါက္တယ္ မသိဘူး …
တစ္အိမ္လုံးကို ေတာက္ေျပာင္ သန႔္ရွင္းထားတာ ေျခေတာင္ ခ်ရက္စရာ မရွိ။
အတူေနတဲ့ ရက္ထဲမွာ သိလာတာက ႐ိုဆယ္လာဟ အစပ္အရမ္းစားတယ္ ၊ ငါးပိရည္ ႀကိဳက္တယ္၊ လက္ဖက္သုပ္ ႀကိဳက္တယ္၊ ဝက္သားတုတ္ထိုးနဲ႔ ရွမ္းအစားအစာကို ႀကိဳက္တယ္။ အေမွာင္နဲ႔ ေအးတာကို ႀကိဳက္တယ္။ ကြၽန္ေတာ္က မီးေတြ လင္းထိန္ေနေအာင္ ဖြင့္ရင္ လိုက္ပိတ္တတ္တယ္။ ႐ုပ္ရွင္ဆို အကုန္ၾကည့္တယ္။ ကာတြန္းကားတို႔ ၊ ခပ္ေပါေပါ ဟာသကားတို႔ ကေန TV ဇာတ္လမ္းတြဲေတြ အထိပဲ။ ကြၽန္ေတာ္က သတိတရနဲ႔ ႏွင္းဆီပန္းကို နင္
ႀကိဳက္သလားလို႔ ေမးေတာ့ "လွသားပါပဲ"လို႔ ပဲ ေျဖတယ္။ ပိတ္ရက္ေတြဆို ကြၽန္ေတာ္နဲ႔ ႐ိုဆယ္လာ ေတာ္ေတာ္ေလး ေနျမင့္တဲ့ အထိ အိပ္တယ္။ ႏိုးရင္ ေဈးအတူ သြားတယ္။ အင္တာနက္ကေန စားစရာ အသစ္အဆန္း ရွာၿပီး လုပ္စားၾကတယ္။ ႐ိုဆယ္လာ လုပ္ေပးတဲ့ creep cake ဟာ အေတာ္ စားလို႔ ေကာင္းတယ္။
ၿပီးရင္ ႏွစ္ေယာက္သား ဧည့္ခန္းမွာ ထိုင္ၿပီး ႐ုပ္ရွင္ အတူၾကည့္တယ္။ အဲဒီလို အခ်ိန္က်ရင္ ကြၽန္ေတာ္က ကြၽန္ေတာ့္ ေျခေထာက္ေတြနဲ႔ သူ႔ေျခေထာက္ေတြကို ဖမ္းယူ ညႇပ္ထားတတ္တယ္။ တစ္ေယာက္ တစ္လွည့္ ေခါင္းေလွ်ာ္ေပးၾကတဲ့ အခါ ဟိုနား ကုတ္ဦး၊ ဒီနား ရွန္ပူထည့္ဦးနဲ႔ ကြၽန္ေတာ့္ကို ေၾကး(ဂ်ီး)မ်ား သေလာက္ သူ ေလွ်ာ္ေပးတဲ့ အလွည့္က်ရင္ ကြၽန္ေတာ့္မ်က္ႏွာကို ဆပ္ျပာျမႇဳပ္ေတြနဲ႔ ေလွ်ာက္တို႔ ၿပီး
ကေလးတစ္ေယာက္လို ေဆာ့ကစားတတ္တယ္။ ႐ိုဆယ္လာ့ဆီ ဖုန္းလာတာ တစ္ခါမွ မၾကားဖူးသလို သူကလည္း ကြၽန္ေတာ္ ရွိေနခ်ိန္ ဘယ္ကိုမွ ဆက္တာ မျမင္ဖူးဘူး။ ႐ိုဆယ္လာ ဘယ္လိုပဲေနေန ကြၽန္ေတာ့္အနားမွာ သူ ရွိေနတာ တစ္ခုတည္းနဲ႔ တင္ ကြၽန္ေတာ့္ရဲ႕ ေန႔စဥ္ ဘဝဟာ အရာရာ သာယာ အဆင္ေျပေနတာပါပဲ။
***
ကြၽန္ေတာ္ဟာ ႐ိုဆယ္လာ့အေၾကာင္းကို ဘာတစ္ခုမွ သိပ္မသိသလို ေမးရင္လည္း သူက ေျဖခ်င္တဲ့ ဟာမွ ေျဖတယ္။ ကြၽန္ေတာ္ ေျပာခဲ့ဖူးသလို ႐ိုဆယ္လာ့ကို ကြၽန္ေတာ္ ဘယ္ေသာအခါမွ မွန္းဆလို႔ မရဘူး။ ႐ိုဆယ္လာဟာ သနားတတ္တယ္လို႔ ကြၽန္ေတာ္ မထင္ဘူး။ ဘာျဖစ္လို႔ လဲဆိုရင္ သူဟာ ကြၽန္ေတာ့္ကို ဘယ္တုန္းကမွ မသနားခဲ့လို႔ ပဲ။ ဒါေပမဲ့ တစ္ရက္တုန္းက သူနဲ႔ ကြၽန္ေတာ္ ေဈးဆိုင္ကို လမ္းေလွ်ာက္သြားတုန္း
လမ္းမွာ ယိုင္ထိုး စုတ္ေပေနတဲ့ အဘိုးႀကီးတစ္ေယာက္ ေတြ႕တယ္။ ျပန္လာေတာ့ အဲဒီ အဘိုးႀကီးဟာ ကြၽန္ေတာ့္ အိမ္နဲ႔ သုံးတိုက္ေက်ာ္က ေလွကားမွာ လဲက်ေနတယ္။ ကြၽန္ေတာ္က အရက္သမားႀကီးပါလို႔ ေရွာင္ၿပီး ဆက္ေလွ်ာက္သြားခဲ့ေပမဲ့ သူက အဲဒီ အဘိုးႀကီးနားကို တိုးကပ္သြားခဲ့တယ္။ "မူးေနတာပါဟာ၊ လာစမ္းပါ"လို႔ ေခၚေတာ့ လက္ေထာင္ျပၿပီး အဲဒီအဘိုးႀကီးကို ေသခ်ာ ၾကည့္တယ္။
ၿပီးေတာ့ ကြၽန္ေတာ့္ကို လက္ယပ္လွမ္းေခၚတယ္။ အဲဒီ ညစ္ပတ္ေပတူးၿပီး ဖိနပ္မပါတဲ့ အဘိုးႀကီး ေခါင္းကို သူ ေပြ႕ခ်ီထားတယ္။ "ဒီအဘကို သိလားလို႔ ေမးၾကည့္စမ္းပါ"ဆိုလို႔ ပိတ္ထားတဲ့ အိမ္ေတြကို တံခါးေခါက္ ေမးေတာ့ ေျခာက္လႊာကလို႔ သိရတယ္။ ေခါင္းေလာင္းႀကိဳးဆြဲၿပီး ကြၽန္ေတာ္ ေခၚလိုက္ေတာ့ ခပ္ငယ္ငယ္ ေကာင္ေလးတစ္ေယာက္ ဆင္းလာတယ္။ ေကာင္ေလးက "လူေတြကို ဒုကၡေပးတယ္။ မသြားပါနဲ႔ ဆိုတာကို
ဇြတ္သြားတယ္" ဘယ္လို ဘယ္ညာနဲ႔ ေျပာရင္း အဘိုး၊ အဘိုးလို႔ ႏႈိးတယ္။ သူ႔သေဘာက သတိရွိေနရင္ တြဲတက္ၾကမယ့္ သေဘာ။ ဒါေပမဲ့ အဘိုးက မ်က္စိဖြင့္ၾကည့္တာက လြဲလို႔ သူ႔ကိုယ္သူ ထူႏိုင္တဲ့ ပုံ မေပၚပါဘူး။
ေဆးခန္းပို႔မလားလို႔ ႐ိုဆယ္လာက ေမးေတာ့ ေကာင္ေလးက မိဘေတြ မရွိဘူး။ အိမ္ပဲ ေခၚလိုက္မယ္လို႔ ခပ္တိုးတိုးဆိုတယ္။ အဘိုးကို ကြၽန္ေတာ္ကပါ ဝိုင္းတြဲေပးလိုက္တယ္။ ဒါေပမဲ့ အဘိုးဟာ ေျခေထာက္မေထာက္ႏိုင္တဲ့ အျပင္ ေျခေထာက္ေတြမွာ ကြဲၿပီး ေသြးထြက္ေနတဲ့ ဒဏ္ရာေတြဟာ ဖုန္ေတြနဲ႔ မည္းညစ္လို႔ ။ အဘိုးကို လိုက္ၾကည့္ေနတဲ့ ႐ိုဆယ္လာ့ မ်က္လုံးေတြ ဒီေလာက္ ႏူးညံ့ၿပီး စိတ္မေကာင္းသလို မႈန္မွ
ိုင္းေနတာ မျမင္ဖူးဘူး။ ကြၽန္ေတာ္နဲ႔ ေကာင္ေလးတို႔ အေပၚထပ္ကို ခက္ခက္ခဲခဲ သယ္ လာၿပီးတဲ့ ေနာက္မွာ လက္ထဲမွာ အထုပ္တစ္ထုပ္ ကိုင္ၿပီး ႐ိုဆယ္လာ ေရာက္လာတယ္။ အိပ္ရာေပၚခ်ထားတဲ့ အဘိုးႀကီး ေျခေထာက္ေတြကို ေသခ်ာၾကည့္တယ္။ ေကာင္ေလးဆီက ေရဇလုံေတာင္းၿပီး ေျခေထာက္ေတြကို သန႔္ေပးတယ္။ တစ္လမ္းလုံး ဖိနပ္မစီးခဲ့လို႔ ခလုတ္တိုက္ခ်င္တိုင္း တိုက္မိၿပီး ပြန္းပဲ့ ကြဲၿပဲေနတဲ့ ဒဏ္ရာေတြကို
ဂ႐ုတစိုက္ ေဆးထည့္ေပးတယ္။ ႐ိုဆယ္လာ လုပ္ေနတာကို အဘိုးႀကီးနဲ႔ ႐ြယ္တူ ေခ်ာင္းတဟြပ္ဟြပ္ ဆိုးေနတဲ့ အဘြားပိန္ပိန္ေလးက အိမ္ေနာက္ဘက္က ထြက္ လာၿပီး ကူလုပ္ေပးတယ္။
အဘြားက မ်က္ရည္ဝဲရင္း "မသြားပါနဲ႔ ဆိုတာကို ဘုရင့္ေနာင္ကို သြားတာ။ သားႀကီးက အခု အလုပ္ထြက္ရွာေနတယ္။ ၿပီးခဲ့တဲ့ ႏွစ္လက ပင္စင္ရတာေလ။ အိမ္မွာ က သားႀကီးနဲ႔ ေျမးပဲ အလုပ္ရွိတယ္။ အခု သားႀကီးက အလုပ္ျပဳတ္ၿပီး အလုပ္က မရေသးေတာ့ ေျမးေလး လစာနဲ႔ က်ပ္တည္းလာလို႔ ဘုရင့္ေနာင္က စားေသာက္ဆိုင္ရွင္ သားငယ္ဆီ ပိုက္ဆံသြားေတာင္းတာ ျဖစ္မယ္"စသည္ ျဖင့္ စီကာပတ္ကုံး ေျပာျပတယ္။ ႐ိုဆယ္လာ ၿငိမ္ၿပီး
နားေထာင္ေနတယ္။ ေကာင္ေလးကို ဆရာဝန္ေခၚဖို႔ ထပ္ေျပာေပမဲ့ ေကာင္ေလးက မလႈပ္ဘူး။ ႐ိုဆယ္လာက အဘြား လက္ထဲကို အဘိုးအတြက္ပါလို႔ ပိုက္ဆံတခ်ိဳ႕ ထည့္ေပးတယ္။ မနက္ျဖန္ ညေနက်ရင္ ေကာင္ေလးနဲ႔ သူ႔အေဖကို တိုက္ေအာက္က ေစာင့္ဖို႔ မွာ တယ္။ ႐ိုဆယ္လာ ဘာလုပ္ေပးလိုက္တယ္ေတာ့ ကြၽန္ေတာ္ မသိဘူး။ ေနာက္ပိုင္းမွာ ေကာင္ေလးက ကြၽန္ေတာ့္ကို ေတြ႕တိုင္း "အစ္မေရာ … ေနေကာင္းလား။ အစ္မနဲ႔
အစ္ကို႔ေက်းဇူးေၾကာင့္ အခု ကြၽန္ေတာ္တို႔ အားလုံး အဆင္ေျပပါတယ္"လို႔ ေျပာတတ္တယ္။
***
ကြၽန္ေတာ္ ႐ုံးကေန အိမ္ကို ျပန္ေရာက္ေတာ့ ဝရန္တာမွာ စီးကရက္ေသာက္ေနတဲ့ ႐ိုဆယ္လာကို ျမင္ရတယ္။ ထိုင္ေသာက္ေနတာ ဘယ္ေလာက္ေတာင္ ၾကာၿပီ မဆိုႏိုင္ဘူး။ ျပာခြက္ထဲမွာ ေဆးလိပ္တိုေတြ မနည္းဘူး။ ကြၽန္ေတာ္ သူ႔ကို မ်က္ႏွာလွည့္တဲ့ အခန္းမို႔ ဝရန္တာမွာ ဆည္းဆာေနေရာင္က လင္းေနတယ္။ ပုစြန္ဆီေရာင္ ဆည္းဆာဟာ ႐ိုဆယ္လာ့ ပါးျပင္ကို ပါးနီတို႔ ေပးထားသလိုပဲ။ သူ တစ္ခုခုကို အေလးအနက္
စဥ္းစားေနတာေတာ့ ေသခ်ာတယ္။
"နင္ ဘာေတြ ေတြးေနတာလဲ"လို႔ ကြၽန္ေတာ္ ေမးေတာ့ "တိမ္ေတြ အေၾကာင္း"လို႔ ေျဖတယ္။ "ငါ့ကို ေျပာျပပါလား"ဆိုေတာ့ "ငါလည္း မသိလို႔ ေတြးေနတာေလ"လို႔ ဘုဆတ္ဆတ္ ျပန္ေျပာတယ္။ ေသာက္လက္စ စီးကရက္ကို ထိုးေျခၿပီး ထိုင္ေနရာက ထတယ္။ သူ႔မ်က္လုံးေတြက ကြၽန္ေတာ့္ကို စိတ္ရႈပ္လိုက္တာဆိုတဲ့ အၾကည့္ေတြနဲ႔ ။ ႐ိုဆယ္လာ ကြၽန္ေတာ့္ကို ၿငီးေငြ႕ေနၿပီလား။ ကြၽန္ေတာ္ဟာ အရာရာဟာ သူ႔သေဘာအတိုင္း ေနခဲ့တာပဲ။
ဒါဟာ သူ ၿငီးေငြ႕မွာ ၊ ကြၽန္ေတာ့္အနားက ထြက္သြားမွာ စိုးရိမ္လြန္းလို႔ ။ ကြၽန္ေတာ္ သူ႔ကို ပိုင္ဆိုင္ခ်င္တယ္။ ကြၽန္ေတာ့္ ခႏၶာကိုယ္၊ သူ႔စိတ္နဲ႔ အသက္ရွင္ရတာကို ကြၽန္ေတာ္ ေပ်ာ္႐ႊင္ ေနသားက်တယ္။ သူ မရွိရင္ ကြၽန္ေတာ္ဟာ အခြံသက္သက္ အသက္ရွင္ေနတာမ်ိဳးပဲမို႔ သူ႔ကို အဆုံးရႈံး မခံႏိုင္ဘူး။ ေနေရာင္ လုံးဝ ေပ်ာက္သြားၿပီမို႔ ဝရန္တာမွာ ေမွာင္လာတယ္။ ေလၿငိမ္ေနလို႔ ေႏြညေနခင္းဟာ
ပူျပင္းေျခာက္ေသြ႕ ေနတယ္။ ကြၽန္ေတာ္ အိမ္ထဲကို ဝင္လာခဲ့တယ္။
႐ိုဆယ္လာဟာ အဝတ္ဗီ႐ိုေရွ႕မွာ မတ္တတ္ရပ္ရင္း ႏႈတ္ခမ္းနီ ဆိုးေနတယ္။ ႏႈတ္ခမ္းနီဆိုးေဆး ဆိုးတဲ့ စုတ္တံရဲ႕ ေအာက္မွာ အနီေရာင္ လႊမ္းလာတဲ့ ႏႈတ္ခမ္းေလးဟာ အခုပဲ ခ်က္ခ်င္း ပြင့္လာေနတဲ့ ႏွင္းဆီပန္းေလးလိုပဲ။ ေရေမႊးပုလင္းကို ထုတ္ၿပီး လည္တိုင္ကို ဆြတ္တယ္။ ရင္ဟိုက္တဲ့ နက္ျပာေရာင္ shot dress ကို ဝတ္ထားလို႔ သူ႔ရင္ၫြန႔္က မွ ည့္နီေသးေသးေလးကိုေတာင္မွ ျမင္ေနရတယ္။ ဆံပင္ေတြကို brush နဲ႔
ၿဖီးတယ္။ ၿပီးေတာ့ ဖုန္းကို ဖြင့္ၿပီး မက္ေဆ့ဂ်္ တေတာက္ေတာက္နဲ႔ ႐ိုက္တယ္။
ကြၽန္ေတာ္ ၾကည့္မေနႏိုင္ေတာ့ဘူး။ ဒါေၾကာင့္ "ဒါက ဘယ္လဲ"လို႔ ေမးမိေတာ့ သူက နားကပ္ တပ္ေနရင္း "အျပင္ကို"လို႔ ေျဖတယ္။ "ဘာျဖစ္လို႔ ငါ့ကို မေခၚတာလဲ။ အေျပင္သြားမယ္ဆိုလည္း ငါ လိုက္မွာ ေပါ့။ အခု ဘယ္သူနဲ႔ သြားမွာ လဲ၊ ဘယ္လိုလဲ၊ ငါ လိုက္ခဲ့မယ္" အသက္မရႉမိသေလာက္ တရစပ္ေျပာတဲ့ ကြၽန္ေတာ့္ကို သူ စိုက္ၾကည့္တယ္။ ဘာမွ မေျပာဘဲ သူ႔အလုပ္သူ ဆက္လုပ္ေနတယ္။ ကြၽန္ေတာ္က ထပ္ၿပီး "႐ိုဆယ္လာ … ငါ
လိုက္ခ်င္တယ္။ လိုက္ခဲ့မယ္"လို႔ ေျပာေတာ့ "နင္ကလည္း ကေလးက်ေနတာပဲ။ နင္ လိုက္ဖို႔ ဆိုရင္ ငါ ေခၚမွာ ေပါ့။ အဲဒီလိုေတြ လုပ္တာ မႀကိဳက္ပါဘူး"လို႔ ျပန္ေျပာတယ္။ "ငါက တစ္သက္လုံး နင့္အႀကိဳက္ကိုပဲ လိုက္လုပ္ေနရမွာ လား ႐ိုဆယ္လာ"ဆိုေတာ့ သူက မ်က္ေမွာင္ၾကဳတ္ၿပီး ျပန္ၾကည့္ရင္း "နင္ ႀကိဳက္တာ နင္လုပ္၊ ဒါေပမဲ့ privacy ေတာ့ မထိနဲ႔ "လို႔ ခပ္တင္းတင္း ဆိုတယ္။ ကြၽန္ေတာ္ ေျပာေနတာေတြ၊ လုပ္ေနတာေတြဟာ
သူ ျပန္မလာမွာ ေၾကာက္လို႔ ၊ သူ႔ကို အဆုံးရႈံး မခံႏိုင္လို႔ ၊ သူ႔ကို ခ်စ္လြန္းလို႔ ဆိုတာေတြကို သူ လုံးဝ နားမလည္ပါ့လား။
သူ ကြၽန္ေတာ့္ေဘးက ျဖတ္ၿပီး မီးဖိုခန္းဘက္ကို ဝင္သြားတယ္။ ေရခြက္ထဲကို ေအးေအးေဆးေဆး ေရထည့္ေသာက္ေနတဲ့ သူ႔ကို ၾကည့္ၿပီး ကြၽန္ေတာ္ စိတ္ေတြ တိုလာတယ္။ ဒီခနဲ ျမည္လာတဲ့ ဖုန္းကို ငုံ႔ၾကည့္ၿပီး ဝရန္တာဘက္ ထြက္သြားတယ္။ ဝရန္တာကေန ေအာက္ကို ငုံ႔ၾကည့္ၿပီး ဖိနပ္စင္က ေဒါက္ျမင့္ဖိနပ္ကို ယူစီးတယ္။ ကြၽန္ေတာ့္ကို "ေသာ့ေပး"လို႔ လွမ္းေျပာတယ္။ ကြၽန္ေတာ္ ေသာ့ကို မေပးေသးဘဲ သူ႔လက္ေကာက္ဝတ္
တစ္ဖက္ကို ဆြဲထားရင္း "နင္ ျပန္လာမယ္ မဟုတ္လား"လို႔ ေမးလိုက္တယ္။
အျပင္ဘက္က မီးေရာင္နဲ႔ ႐ိုဆယ္လာ့မ်က္ႏွာဟာ တစ္ျခမ္းလင္း၊ တစ္ျခမ္းေမွာင္ ျဖစ္ေနတယ္။ ကြၽန္ေတာ္တို႔ အိမ္ထဲမွာ မီးမထြန္းရေသးလို႔ ေမွာင္မိုက္ေနတယ္။ သူ႔ႏႈတ္ခမ္းေလးဟာ တင္းတင္းေစ့ထားလို႔ ႏႈတ္ခမ္းႏွစ္ခုၾကား အနားသတ္ဟာ မ်ဥ္းေျဖာင့္တစ္ေၾကာင္းလိုပဲ။ "ေျဖေလ … ႐ိုဆယ္လာ၊ နင္ျပန္လာမယ္ မဟုတ္လား"လို႔ ေမးေတာ့ သူ ကြၽန္ေတာ့္ကို မၾကည့္ဘူး။ "ငါ့ကို ေသာ့ဖြင့္ေပးစမ္းပါဟာ"လို႔ ပဲ
ခပ္တိုးတိုး ေျပာတယ္။ ဟင့္အင္း … ကြၽန္ေတာ္ ဖြင့္မေပးႏိုင္ဘူး။ သူ ျပန္လာမွာ မဟုတ္ဘူး ဆိုတာ ကြၽန္ေတာ္ သိေနတယ္။ ကြၽန္ေတာ္ သူ႔လက္ေကာက္ဝတ္ကို ပိုၿပီး တင္းတင္းဆုပ္ကိုင္ရင္း "ဖြင့္မေပးဘူး။ နင္ ဒီည ဘယ္ကိုမွ မသြားရဘူး"လို႔ သူ႔ကို စူးစူးရဲရဲ စိုက္ၾကည့္ၿပီး ေျပာလိုက္တယ္။
႐ိုဆယ္လာ့ အေပၚႏႈတ္ခမ္းေထာင့္ေလး တစ္ခ်က္ တြန႔္ခ်ိဳးသြားတယ္။ နင္ ငါ့ကို တားလို႔ ရတာ ေသခ်ာလို႔ လားဆိုတဲ့ မထီတရီ အၿပဳံး။ ကြၽန္ေတာ့္ ဆုံးျဖတ္ခ်က္ကို မျပင္တဲ့ အေၾကာင္း သူ႔မ်က္လုံးေတြဆီကို ခပ္တင္းတင္း ရင္ဆိုင္ ျပန္ၾကည့္ပစ္လိုက္တယ္။ ႐ိုဆယ္လာ့ မ်က္လုံးေတြထဲ စိမ္းလဲ့လဲ့ အလင္းတန္းေလးတစ္ခု ျဖစ္သြားတယ္။ တစ္ခုခုလုပ္ဖို႔ ကို ဆုံးျဖတ္လိုက္တဲ့ မ်က္ဝန္းေတြမွန္း ကြၽန္ေတာ္
သိတယ္။ ဝရန္တာ အုတ္ခုံေပၚမွာ သူကိုယ္တိုင္ စိုက္ထားတဲ့ ရွားေစာင္းလက္ပတ္အိုး ေသးေသးေလးကို ယူၿပီး ဝရန္တာကေန တိုက္ေအာက္ကို ပစ္ခ်လိုက္တယ္။
ဒုန္းခနဲ အသံက်ယ္က်ယ္တစ္ခု၊ ကား Alarm ျမည္သံ တတီတီေတြနဲ႔ "ဘာျဖစ္တာလဲ"ဆိုတဲ့ ကြၽတ္စီ ကြၽတ္စီ အသံေတြ ပ်ံ႕လာတယ္။
"သြားၿပီ"လို႔ ကြၽန္ေတာ္ ေတြးလိုက္ေပမဲ့ ႐ိုဆယ္လာက ခပ္တည္တည္။ ေလွကားက ေျခသံေတြ ၾကားရၿပီးေနာက္ ကြၽန္ေတာ့္အခန္းတံခါးကို တေဒါက္ေဒါက္ လာေခါက္တဲ့ အသံေတြ ထြက္လာတယ္။ ကြၽန္ေတာ္ ႐ိုဆယ္လာ့ကို ၾကည့္ၿပီး "နင္ဟာ ေတာ္ေတာ္ ေၾကာက္စရာ ေကာင္းတယ္"လို႔ ခပ္တိုးတိုး ေျပာေတာ့ တံခါးကိုသာ ဖြင့္လိုက္စမ္းပါဆိုတဲ့ ပုံစံနဲ႔ ေမးေငါ့ျပတယ္။ ကြၽန္ေတာ္ ဘာမွ မတတ္ႏိုင္ဘဲ တံခါးဖြင့္ေပးလိုက္ရတယ္။
***
နာရီလက္တံက တဖ်ပ္ဖ်ပ္ ေ႐ြ႕ေနတယ္။ ညသန္းေခါင္ ေက်ာ္ေနၿပီ။ ႐ိုဆယ္လာ အခုထိ ျပန္မလာေသးဘူး။ သူ ျပန္မလာေတာ့ဘူး ဆိုတာ သိေနေပမဲ့ ကြၽန္ေတာ္ ေစာင့္ေနခ်င္ေသးတယ္။ ႐ိုဆယ္လာဟာ တျခား သူေတြကိုသာ စာနာခ်င္ စာနာမယ္။ ကြၽန္ေတာ့္ကိုေတာ့ ဘယ္ေတာ့မွ ငဲ့ကြက္ စာနာတဲ့ သူ မဟုတ္ခဲ့ဘူး။ ကြၽန္ေတာ့္အခ်စ္ကို မေလးစားဘူး။ ကြၽန္ေတာ္ သူ႔ကို ခြင့္မလႊတ္ခ်င္ေအာင္ ႐ြံမုန္းပစ္လိုက္ခ်င္မိတယ္။
တိုက္ေအာက္ကေန ေလွကားခြင္ထဲကို ဝင္တဲ့ သံပန္းတံခါးကို ဖြင့္သံ ၾကား၇တယ္။ ေလွကားထစ္ေတြကို နင္းလာတဲ့ တေဒါက္ေဒါက္သံ သဲ့သဲ့။
ကြၽန္ေတာ္ အသက္ေအာင့္ၿပီး ေျခလွမ္းေတြကို လိုက္ၿပီး ေရတြက္ေနမိတယ္။ ေျခသံက ကြၽန္ေတာ့္အခန္းဝမွာ ရပ္သြားတယ္။ Escsda Blue ေရေမႊးနံ႔နဲ႔ တံခါးကို သုံးခ်က္တြဲ ႏွစ္ခါဆင့္ၿပီး ေခါက္တတ္တဲ့ တံခါးေခါက္သံက ႐ိုဆယ္လာ့ အမွတ္အသားပါပဲ။ တံခါးကို ဆြဲဖြင့္ၿပီး သူ႔ကို ေပြ႕ဖက္လိုက္တယ္။ ကြၽန္ေတာ့္ လက္ေမာင္းေတြ ၾကားမွာ ႐ိုဆယ္လာဟာ ၿငိမ္ေနတယ္။ ကြၽန္ေတာ္ သူ႔ကို နမ္းေတာ့ ဘာမွ မတုံ႔ျပန္ဘူး။
ၿပီးေတာ့ ကြၽန္ေတာ့္ ရင္ဘတ္ကို တြန္းဖယ္ၿပီး အိပ္ခန္းထဲကို တန္းဝင္သြားတယ္။ အခန္းထဲမွာ ေရွ႕နဲ႔ ေနာက္ တရွပ္ရွပ္ ေလွ်ာက္ေနတဲ့ အသံေတြ ၾကားေနရေပမဲ့ ကြၽန္ေတာ္ တံခါးဝကေန မေ႐ႊ႕မိေသးဘူး။ သိပ္မၾကာလိုက္ဘဲ ႐ိုဆယ္လာ ျပန္ထြက္လာတယ္။ ခုနက အျပင္သြားခဲ့တဲ့ အဝတ္အစားနဲ႔ မဟုတ္ေတာ့ဘဲ ကြၽန္ေတာ့္ တီရွပ္ပြပြကို ဂ်င္းေဘာင္းဘီထဲ ထည့္ဝတ္ၿပီး လက္ထဲမွာ လည္း ေက်ာပိုးအိတ္ တစ္လုံးနဲ႔ ။
သူ႔ပုံစံက ခပ္ေဝးေဝး တစ္ေနရာကို ခရီးသြားေတာ့မယ့္ပုံမ်ိဳး။ ဒါဆို အခုလာတာ ကြၽန္ေတာ့္ဆီ ျပန္လာတာ မဟုတ္ဘူး ေပါ့ … ကြၽန္ေတာ့္ ေဘးကေန ျဖတ္ၿပီး တံခါးေပါက္ဆီ ေလွ်ာက္သြားတယ္။ ကြၽန္ေတာ္ သူ႔ခါးကို လွမ္းဆြဲၿပီး ေက်ာဘက္ကေန တင္းေနအာင္ ဖက္ထားၿပီး သူ႔ပခုံးေပၚ ေခါင္းကို ေမွာက္ခ်လိုက္တယ္။ သူ႔အက်ႌေပၚမွာ ကြၽန္ေတာ့္မ်က္ရည္ေတြ စိုကုန္တယ္ … အသံမထြက္ဘဲ ကြၽန္ေတာ္ ငိုေနမိတယ္။
႐ိုဆယ္လာက သူ႔ခါးကို ဖက္ထားတဲ့ ကြၽန္ေတာ့္လက္ေတြကို ဆြႁခြာ ေျဖေလွ်ာ့ၿပီး ဖယ္ပစ္ေနတယ္။
႐ိုဆယ္လာ့ကို ပခုံးကေန ကိုင္ၿပီး မ်က္ႏွာခ်င္းဆိုင္ ျဖစ္ေအာင္ ဆြဲလွည့္ပစ္လိုက္တယ္။ သူကမ်က္ႏွာမွာ ဘာခံစားခ်က္ တစ္ခုတေလမွာ မျမင္ရဘူး … ပကတိ ေအးစက္ေနတယ္။ ကြၽန္ေတာ္ သူ႔မ်က္ႏွာကို နာနာၾကည္းၾကည္း ၾကည့္ရင္း လက္ကို ေျမႇာက္လိုက္တယ္။ ႐ိုဆယ္လာ့မ်က္ႏွာ လည္ထြက္သြားၿပီး ကိုယ္လုံးက အရွိန္နဲ႔ တံခါးကို တိုက္မိသြားတယ္။
ကြၽန္ေတာ္ ကိုယ့္လက္ေတြကို ေငးေၾကာင္ စိုက္ၾကည့္ေနမိတယ္။ ႐ိုဆယ္လာက ဖြာဆန္ႀကဲသြားတဲ့ သူ႔ဆံပင္ေတြကို မ်က္ႏွာေပၚကေန သပ္ဖယ္ရင္း သူ႔ကိုယ္သူ ျပန္မတ္တယ္။ သူ႔ႏႈတ္ခမ္းေလးရဲ႕ ေထာင့္မွာ ေသြးစေတြ ထြက္ေနတယ္။ ႐ိုဆယ္လာ့ မ်က္လုံးမွာ မ်က္ရည္ေတြ ေဝ့ေနတယ္။ သူ႔ပါးသူ အုပ္ရင္း ကြၽန္ေတာ့္မ်က္ႏွာကို ေသေသခ်ာခ်ာ စိုက္ၾကည့္တယ္။ ၿပီးေတာ့ ေခါင္းကို ေမာ့လွန္ရင္း အသံထြက္ေအာင္
ခပ္တိုးတိုး ရယ္တယ္။ အဲဒီေတာ့ ဘာစကားတစ္ခြန္းမွ မေျပာဘဲ တံခါးကို တြန္းဖြင့္ၿပီး ေလွကားထစ္ေတြကေန ေျပးဆင္းသြားတယ္။ ကြၽန္ေတာ္ အခုထိ ကိုယ့္လက္ေတြကို မေကာင္းဆိုးဝါးလို စိုက္ၾကည့္ရင္း တံခါးဝမွာ ဒူးေထာက္ က်သြားတယ္။
"ေက်းဇူးျပဳၿပီး ငါ့ဆီကိုပဲ ျပန္လာခဲ့ပါ … ႐ိုဆယ္လာ"
***
၇။ ခြဲမသြားပါနဲ႔ ႐ိုဆယ္လာ
႐ိုဆယ္လာက ႏႈတ္ခမ္းရဲရဲကေလးကို အိုပုံစံေလး စုၿပီး ကြၽန္ေတာ့္မ်က္ႏွာကို Menthol စီးကရက္ေငြ႕ေတြနဲ႔ မႈတ္တယ္။ သူ႔ဆံပင္ရွည္နက္နက္ေတြရဲ႕ အဖ်ားက ကြၽန္ေတာ့္ပါးေတြကို ေလနဲ႔ အတူ တဖ်ပ္ဖ်ပ္ လာ႐ိုက္ေနတယ္။ "႐ိုဆယ္လာ"လို႔ ကြၽန္ေတာ္ တိုးတိုးေလး ေခၚေတာ့ သူ႔မ်က္လုံးေတြက ကြၽန္ေတာ့္ကို ၾကည့္တယ္။ သူ႔မ်က္လုံးထဲမွာ မ်က္ရည္တခ်ိဳ႕နဲ႔ အတူ ကြၽန္ေတာ္ အဓိပၸာယ္ေဖာ္ျပလို႔ မတတ္တဲ့
အၾကည့္ေတြ၊ ကြၽန္ေတာ္ ႐ိုက္လိုက္တဲ့ သူ႔ပါးတစ္ဖက္ကို လက္ဖဝါးနဲ႔ အုပ္ထားတယ္။ သူ႔ႏႈတ္ခမ္းေထာင့္က ေသြးစကေလးက သူ႔ေမး႐ိုးေပၚကို ျဖတ္ၿပီး စီးက်လာတယ္။ ကြၽန္ေတာ္ သုတ္ဖယ္ေပးဖို႔ လက္လွမ္းေတာ့ သူ ေနာက္ဆုတ္သြားတယ္။ အဲဒီေနာက္ တေဒါက္ေဒါက္ ျမည္ေနတဲ့ ႐ိုဆယ္လာ့ ေျခသံေတြနဲ႔ Escada Blue ေရေမႊးနံ႔။ အဲဒီေျခသံေတြဟာ ထြက္သြားတာလား၊ ျပန္လာတာလား ကြၽန္ေတာ္ မသိေတာ့ဘူး။ "ထြက္မသြားပါနဲ႔ "လို႔
ကြၽန္ေတာ္က ေအာ္ေျပာေတာ့ ခပ္တိုးတိုး ရယ္လိုက္တဲ့ သူ႔ရယ္သံသဲ့သဲ့ကို ၾကားရတယ္။
ကြၽန္ေတာ္ အိပ္မက္ကေန ေမာပန္းတႀကီးနဲ႔ လန႔္ႏိုးလာတယ္။ အာေခါင္ေတြဟာ ပူေလာင္ေျခာက္ေသြ႕ၿပီး ကြဲထြက္ေတာ့မလို နာက်င္ေနတယ္။ အိပ္ရာေဘးက ဝီစကီပုလင္းကို ေကာက္ေမာ့လိုက္တယ္။ ေရငတ္ေျပသြားသလိုပဲ။ တကယ္ေတာ့ ကြၽန္ေတာ္ ဖ်ားေနတယ္။ မေန႔က ေရခ်ိဳးခန္းထဲက ေရပန္းေအာက္မွာ ကြၽန္ေတာ္ အၾကာႀကီး ထိုင္ေနခဲ့တယ္။ "နင္ သိပ္ၿပီး စိတ္ေတြရႈပ္လာရင္ ငါ့ကို ေရပန္းေအာက္ထဲ ထိုင္ေနလိုက္၊ အဲဒါဆို
စိတ္ညစ္စရာေတြဟာ ေရနဲ႔ အတူ ေပ်ာက္သြားလိမ့္မယ္"လို႔ ႐ိုဆယ္လာ ေျပာခဲ့ဖူးလို႔ ကြၽန္ေတာ္ ထိုင္ေနခဲ့တာ။
ဒီေန႔နဲ႔ ဆို သူ ျပန္မလာတာ ေလးဆယ့္ႏွစ္ရက္ ရွိသြားၿပီ။ သူ ထြက္သြားၿပီးတဲ့ ေနာက္ပိုင္း စိတ္ခ်လက္ခ် ကြၽန္ေတာ္ မအိပ္ရဲဘူး။ ဘယ္အခ်ိန္မ်ား ေလွကားကေန တေဒါက္ေဒါက္ တက္လာတဲ့ ေျခသံ ၾကားရမလဲလို႔ ကြၽန္ေတာ္ ေန႔တိုင္း နားစြင့္ေနမိတယ္။ သူ လာတဲ့ အခ်ိန္သာ ကြၽန္ေတာ္ အိပ္ေပ်ာ္ေနခဲ့ရင္ သူ ျပန္ထြက္သြားလိမ့္မယ္။ သူ႔မွာ ေသာ့ပါမလာတာ သိေနေတာ့ ကြၽန္ေတာ္ အျပင္ထြက္တုန္း သူ ေရာက္လာရင္
လြဲသြားမွာ စိုးရိမ္တယ္။ ကြၽန္ေတာ္ ဘာျဖစ္လို႔ သူ႔ပါးကို ႐ိုက္လိုက္မိတယ္ ဆိုတာ မသိဘူး။ ကြၽန္ေတာ့္ကို ေနာက္ဆုံး ၾကည့္သြားတဲ့ အၾကည့္ကိုလည္း ဘယ္လိုမွ ဘာသာမျပန္ႏိုင္ေသးဘူး။ ကြၽန္ေတာ့္ကိုယ္ ကြၽန္ေတာ္လည္း ခြင့္မလႊတ္ႏိုင္ဘူး။ ကြၽန္ေတာ့္ဆီမွာ ဘာခ်ိဳ႕ယြင္းခ်က္ရွိလို႔ ကြၽန္ေတာ့္နားမွာ သူ မေနႏိုင္ရတာမ်ား ပါလိမ့္။
***
အခန္းထဲမွာ Tattoo Motor စက္သံ ခပ္တိုးတိုး ျမည္ေနတယ္။ ဘယ္လိုပုံ ထိုးမလဲဆိုတဲ့ စိတ္ကူးအတြက္ ကြၽန္ေတာ္ တစ္ေန႔လယ္ခင္းေလာက္ အခ်ိန္ကုန္ခံ စဥ္းစားခဲ့ရတယ္။ ကြၽန္ေတာ့္ ေက်ာကုန္းေပၚ ေျပးလားေနတဲ့ အပ္ဖ်ားတိုင္းအတြက္ ကြၽန္ေတာ္ ေက်နပ္ေနမိတယ္။ ဒီပုံကို ထိုးေနတာ ဒီေန႔နဲ႔ ဆို သုံးရက္တိတိ ရွိၿပီ။ ျမန္ျမန္ ၿပီးသြားဖို႔ ကို ကြၽန္ေတာ္ စိတ္မေလာပါဘူး။ ျဖစ္ေစခ်င္တဲ့ ပုံအတိုင္း ျဖစ္လာဖို႔
ကိုေတာ့ စိတ္ေစာေနမိတယ္။ tattoo စက္သံရပ္သြားတယ္။ tattoo ထိုးတဲ့ သူက "ၿပီးသြားၿပီ။ ၾကည့္လိုက္ပါဦး"လို႔ ေျပာလို႔ မွန္ရွိတဲ့ ဆီကို သြားရပ္လိုက္တယ္။
ကြၽန္ေတာ့္ ေက်ာကုန္းေပၚမွာ ျမတ္ႏိုးရပါေသာ အယုတ္တမာမ၊ ၾကင္နာရပါေသာ မေကာင္းဆိုးဝါးမ၊ စြဲလမ္း တပ္မက္ရပါေသာ ေႁမြေဟာက္မ၊ အလြန္ကို ခ်စ္ရပါေသာ ႐ိုဆယ္လာ။ နီနီရဲရဲ ႏႈတ္ခမ္းေလးမွာ စီးကရက္ ျဖဴျဖဴ ခ်ိတ္ဆြဲၿပီး မီးခိုးေငြ႕ေတြ လြင့္ပ်ံလို႔ သူ႔မ်က္လုံးေတြကို ေမွးစင္းၿပီး ငဲ့ေစာင္းၾကည့္ေနတယ္။ အဲဒီေတာ့ သူ႔ဆံပင္အနက္ေတြ ၾကားမွာ ေသြးေတြ စီးက်ေနတဲ့ ႏွင္းဆီအနီတစ္ပြင့္။
ၿပီးေတာ့ ROSELLA ဆိုတဲ့ စာလုံးေပါင္း။ Tattoo Artist ရဲ႕ လက္ရာကို ကြၽန္ေတာ္ အင္မတန္ သေဘာက် ေက်နပ္မိတယ္။ "အစ္ကို႔လက္ရာက တကယ္ မိုက္တာပဲ"လို႔ ကြၽန္ေတာ္ ေက်ေက်နပ္နပ္ ေျပာလိုက္ေတာ့ Tattoo Artist က ၿပဳံးတယ္။ "ညီေလး idea ကိုက မိုက္တာပါကြာ။ ဒီတစ္ခါ အခက္ဆုံးပဲ။ ဓာတ္ပုံ မေပးတဲ့ ပုံတူက သူနဲ႔ မတူရင္ေတာ့ ေကာင္မေလးက ဆူေတာ့မွာ ပဲ"လို႔ ရယ္ရင္း ေျပာတယ္။
ဟုတ္ပါရဲ႕ ။ ကြၽန္ေတာ့္မွာ ႐ိုဆယ္လာ့ ဓာတ္ပုံ တစ္ပုံေတာင္ ရွိမေနဘူး။ မွန္ထဲက ပုံကို ျပန္ၾကည့္လိုက္တယ္ … ဒါေပမဲ့ ဒါဟာ ႐ိုဆယ္လာမွ ႐ိုဆယ္လာအစစ္။ ကြၽန္ေတာ္ သူ႔ပုံကို ျမင္ေယာင္ေအာင္ ပုံေဖာ္ၾကည့္ဖို႔ မခက္ခဲဘူး။ ဒီကေန႔အထိ သူ႔ပုံရိပ္တစ္ခုတေလမွ ကြၽန္ေတာ့္ကို မွတ္ဉာဏ္ထဲက မပ်က္ျပယ္ေသးဘူး။ Tattoo Artist က စီးကရက္ကို မီးညႇိလိုက္တယ္။ Menthol နံ႔က ေထာင္းခနဲ ထြက္လာတယ္။ Tattoo Artist အနားကို ကြၽန္ေတာ္
ခ်က္ခ်င္း ေရာက္သြားတယ္။ သူ ေသာက္လက္စ စီးကရက္ကို ဆြဲယူၿပီး စားပြဲခုံေပၚ မီးသတ္ဖို႔ ထိုးေျခေနတဲ့ ကြၽန္ေတာ့္ကို Tattoo Artist က ဘာလဲဟဆိုတဲ့ အၾကည့္နဲ႔ ၾကည့္တယ္။ "ဒီဟာ ႐ိုဆယ္လာ့ အနံ႔ဗ် … ခင္ဗ်ား သိရဲ႕ လား"လို႔ ေဒါသတႀကီး ေျပာလိုက္ေတာ့ အခန္းထဲက တျခား tattoo ထိုးသူေတြကပါ ကြၽန္ေတာ့္ကို ဝိုင္းၾကည့္ၾကတယ္။ ကြၽန္ေတာ့္ အက်ႌကို ဆြဲယူၿပီး ဆိုင္ထဲက ေဒါသတႀကီး ထြက္လာခဲ့မိေတာ့တယ္။
***
ကြၽန္ေတာ္ ကိုယ့္ကိုယ္ကိုယ္ မသယ္ခ်င္ေတာ့ေလာက္ေအာင္ ခႏၶာကိုယ္တစ္ခုလုံး နာက်င္ကိုက္ခဲလို႔ ေနၿပီ။ ကြၽန္ေတာ္ တစ္ေရးမွ မအိပ္ရေသးတာ ဘယ္ႏွရက္ေတာင္ ရွိမွန္းကို မသိ။ အခု ကားေမာင္းေနရင္းနဲ႔ ကို အိပ္ေပ်ာ္သြားမေလာက္ ရွိေနၿပီ။ မနည္းကို အားတင္းေနရပါၿပီ။ ကြၽန္ေတာ္ မနားႏိုင္ေသးဘူး။ ႐ိုဆယ္လာ့ကို မေတြ႕ေတြ႕ေအာင္ ရွာဖို႔ ကြၽန္ေတာ္ ဆုံးျဖတ္ထားတယ္။ သူ သြားတတ္မယ္ထင္တဲ့ ေနရာ၊ သူ
ရွိေလာက္မယ္ထင္တဲ့ ေနရာတိုင္းကို ကြၽန္ေတာ္ လိုက္ရွာတယ္။
ကြၽန္ေတာ့္ဆီ သူက ျပန္မလာမွ ေတာ့ ကြၽန္ေတာ္ကပဲ သူ႔ကို ရွာရေတာ့မယ္ မဟုတ္လား။ ဗိုလ္တေထာင္ ကမ္းနားမွာ စင္ေရာ္ကေလးေတြကို အစာေကြၽးေနတဲ့ ႐ိုဆယ္လာ့အၿပဳံး။ ဒဂုံစင္တာ ၂ထဲက ႐ုပ္ရွင္႐ုံမွာ ေပါက္ေပါက္ႏႈိက္စားတဲ့ သူ႔လက္ကေလး။ ၿမိဳ႕ေတာ္ခန္းမေရွ႕ပလက္ေဖာင္းကေန လက္လွမ္းျပဖူးတဲ့ သူ႔ပုံရိပ္။ The Roof Bar က Jello Crush Cocktail ခြက္ေပၚမွာ ထင္ေနတဲ့ သူ႔ႏႈတ္ခမ္းရာကေလး။ ကြၽန္ေတာ္ မွတ္မိသမွ်၊ သူနဲ႔ အတူ
ရွိဖူးသမွ် ေနရာတိုင္းမွာ သူ႔ပုံရိပ္ အားလုံးကို လိုက္ရွာေနမိတယ္။
႐ိုဆယ္လာက တန္ခိုးရွိေနတဲ့ မေကာင္းဆိုးဝါး တစ္ေကာင္လိုပါပဲ။ သူ ပုန္းေနခ်င္ရင္ ေပ်ာက္ျခင္းမလွ ေပ်ာက္ေနႏိုင္လြန္းလွတယ္။ ဒီတစ္ခါသာ ရွာေတြ႕ခဲ့ရင္ ႐ိုဆယ္လာဟာ ကြၽန္ေတာ့္အနားက တစ္ဖဝါးမွ ထပ္ၿပီး ထြက္မသြားဖို႔ အတြက္ ကြၽန္ေတာ္ မျဖစ္ ျဖစ္တဲ့ နည္းနဲ႔ တားကို တားမယ္လို႔ ဆုံးျဖတ္ထားတယ္။
ကြၽန္ေတာ္ကားကို အင္းလ်ားလမ္းတစ္ေလွ်ာက္ ခပ္ျဖည္းျဖည္းပဲ ေမာင္းလာခဲ့တယ္။ လက္တစ္ဖက္က ေသာက္လက္စ Energy Drink ဘူးကို အကုန္ ေမာ့ေသာက္ၿပီး ကားေနာက္ခန္းထဲကို လႊင့္ပစ္လိုက္တယ္။ ကားေနာက္ခန္းမွာ အားျဖည့္ အခ်ိဳရည္ဘူးခြံေတြ ပုံေနၿပီ။ လူက နည္းနည္း လန္းသလို ျဖစ္လာတယ္။ ဖန္သီးလို နီရဲေနတဲ့ မ်က္လုံးေတြဆီက က်ိန္းစပ္ နာက်င္ေနတာကို ကြၽန္ေတာ္သိတယ္။ ကားကို တကၠသိုလ္ရိပ္သာလမ္းေပၚ
ေကြ႕ခ်လိုက္တယ္။ ႐ိုဆယ္လာ … ကားလမ္း ဟိုဘက္ျခမ္း လမ္းေဘးမွာ လက္ျပၿပီး Taxi တားေနတဲ့ ကြၽန္ေတာ္ ရွာေနတဲ့ ႐ိုဆယ္လာ။
အနက္ေရာင္ ဆံပင္ရွည္ဖားလ်ားနဲ႔ ေဒါက္ဖိနပ္စီးၿပီး မတ္တတ္ရပ္ေနတဲ့ သူ႔ကို ကြၽန္ေတာ့္ကားက ေက်ာ္သြားတယ္။ ၿပီးမွ ကြၽန္ေတာ္ ကားကို သူရွိတဲ့ ယာဥ္ေၾကာေပၚကို ျပန္ေကြ႕ခ်လိုက္တယ္။ ႐ိုဆယ္လာဟာ ကြၽန္ေတာ့္ကို ႏႈတ္ခမ္းတြန႔္ၿပီး ၿပဳံးျပတယ္။ "ကားေပၚတက္ေလ"ဆိုေတာ့ သူ ေစြ႕ခနဲ တက္လာတယ္။ ကြၽန္ေတာ္ အရမ္းေပ်ာ္သြားတယ္။ "ငါတို႔ အိမ္ပဲ ျပန္ၾကမလား။ နင္ ဘာစားၿပီးၿပီလဲ"လို႔ ကြၽန္ေတာ္က
ေမးေတာ့ "မစားေတာ့ဘူး"လို႔ ေျပာတယ္။ ကြၽန္ေတာ္ အိမ္ကိုပဲ ေတာက္ေလွ်ာက္ကားေမာင္း ျပန္လာခဲ့တယ္။ ေလွကားထစ္ေတြကို ကြၽန္ေတာ္ တက္လာေတာ့ ႐ိုဆယ္လာက အေနာက္ကေန ခပ္ျဖည္းျဖည္းပဲ လိုက္တက္လာတယ္။ သူ႔ပုံစံက နည္းနည္းေတာ့ တြန႔္ဆုတ္ဆုတ္ ႏိုင္ေနတယ္။ ကြၽန္ေတာ့္ကို အၾကာႀကီး ထားသြားခဲ့လို႔ အားနာေနတာလားလို႔ ေတြးမိတယ္။ ဒါဆိုလည္း "ေနာက္ဆို မထားခဲ့နဲ႔ ေတာ့ေပါ့"လို႔ ေခ်ာ့ရမွာ ေပါ့ေလ။
အခန္းတံခါးကို ပိတ္လိုက္ၿပီး ခပ္ေၾကာင္ေၾကာင္နဲ႔ ေတာင့္ေတာင့္ကေလး ရပ္ေနတဲ့ သူ႔ကို ကြၽန္ေတာ္ ဆြဲေပြ႕လိုက္တယ္။ အတင္းဖက္ၿပီး အ႐ူးအမူးနမ္းေတာ့ သူက ကြၽန္ေတာ့္ကို တအံ့တဩ ျပန္ၾကည့္တယ္။ ကြၽန္ေတာ္ သူ႔ကို စကားေတြ တတြတ္တြတ္ ေျပာေနမိတယ္။ ရင္ခြင္ထဲမွာ ေပြ႕ဖက္ထားရင္း ကြၽန္ေတာ့္ကို ခြင့္လႊတ္ဖို႔ ၊ ကြၽန္ေတာ့္နားက ထြက္မသြားဖို႔ ၊ ေနာက္ဆုံး ကြၽန္ေတာ့္ကို လက္ထပ္ဖို႔ ။
႐ိုဆယ္လာဟာ "ငါ့ကို လက္ထပ္ပါ ႐ိုဆယ္လာ"ဆိုတဲ့ ကြၽန္ေတာ့္ရဲ႕ စကားအဆုံးမွာ ကြၽန္ေတာ့္ ရင္ဘတ္ကို ေဆာင့္တြန္းၿပီးဖက္ထားတာကို ခြာထုတ္လိုက္တယ္။ ၾကမ္းျပင္ေပၚ ျပဳတ္က်ေနတဲ့ သူ႔ပိုက္ဆံအိတ္ကို ေကာက္ယူၿပီး တံခါးေပါက္ဆီကို ေလွ်ာက္သြားတယ္။ ကြၽန္ေတာ္ ေျပာခဲ့ပါေရာလား။
ကြၽန္ေတာ္ ဒီတစ္ခါ ႐ိုဆယ္လာ့ကို လုံးဝ ထြက္သြားခြင့္ မျပဳႏိုင္ေတာ့ဘူးလို႔ ။
***
ကြၽန္ေတာ္နဲ႔ ႐ိုဆယ္လာ အတူ ျပန္ေနရတာဟာ ကြၽန္ေတာ့္အတြက္ နိဗၺာန္ပါပဲ။ ႐ိုဆယ္လာဟာ ကြၽန္ေတာ့္အနားကေန ဘယ္ကိုမွ ထပ္ၿပီး ထြက္မသြားေတာ့ဘူး။ သူ မႀကိဳက္တဲ့ လက္ထပ္စို႔ဆိုတဲ့ စကားနဲ႔ သူ႔ကို မခ်ည္ေႏွာင္ေတာ့ပါဘူးလို႔ ေတာ့ ကတိေပးလိုက္ရတယ္။ အရင္လိုပဲ ကြၽန္ေတာ္တို႔ အတူစားတယ္၊ ႐ုပ္ရွင္ အတူၾကည့္တယ္၊ Vodka အတူ ေသာ္ကတယ္၊ သူ႔ ဆံပင္ရွည္ရွည္ေတြကို ကြၽန္ေတာ္က ေလွ်ာ္ေပးတယ္။ ၿပီးေတာ့
အတူတူ ခ်စ္တင္းေႏွာတယ္။
႐ိုဆယ္လာ အိပ္ေပ်ာ္ေနတဲ့ ပုံဟာ ကြၽန္ေတာ့္အတြက္ ကမာၻေပၚမွာ အလွပဆုံး ပန္းခ်ီကားပါပဲ။ သူ႔ရဲ႕ အနက္ေရာင္ ဆံပင္ရွည္ရွည္ေတြဟာ ခုတင္ေပၚမွာ တခ်ိဳ႕ ျပန႔္က်ဲေနၿပီး တခ်ိဳ႕က သူ႔မ်က္ႏွာေလးေပၚ ဖုံးအုပ္လို႔ ။ သူ႔မ်က္ႏွာေပၚက ဆံပင္ေတြကို သပ္တင္ ဖယ္ရွားေပးလိုက္ၿပီး သူ႔ပါးေလးကို နမ္းလိုက္တယ္။ "အိပ္ပုပ္မေလးဟာ ေတာ္ေတာ္လည္း အိပ္ပါတယ္ကြာ"လို႔ ခပ္တိုးတိုးေလး နား႐ြက္နားကို
ကပ္ေျပာလိုက္တယ္။ သူႏိုးလာရင္ စားဖို႔ တစ္ခုခု ခ်က္ေပးရဦးမွာ မို႔ အိပ္ရာေပၚကေန ထ လာၿပီး မီးဖိုခန္းထဲ ဝင္လာခဲ့တယ္။ ၾကက္ဥေတြကို ေရခဲေသတၱာထဲက ထုတ္လိုက္ခ်ိန္မွာ အိမ္တံခါးကို ခပ္ျပင္းျပင္း ေခါက္လိုက္တဲ့ အသံေတြ ႐ုတ္တရက္ ထြက္လာတယ္။ "ဟာ … ဒီလူေတြဟာ Shit …" ႐ိုဆယ္လာ ႏိုးသြားမွာ ကို စိုးရိမ္စိတ္နဲ႔ ခပ္တိုးတိုး က်ိန္ဆဲၿပီး တံခါးကို အျမန္ပဲ ေျပးဖြင့္လိုက္တယ္။ တံခါးအျပင္မွာ
ရဲတခ်ိဳ႕နဲ႔ အတူ ကြၽန္ေတာ္ေနသည့္ တိုက္မွ လူမ်ား …
"ဘာကိစၥ ရွိလို႔ လဲ ခင္ဗ်"
***
႐ိုဆယ္လာက အျဖဴနဲ႔ အနီေရာင္ဝတ္စုံနဲ႔ ကြၽန္ေတာ့္ကို ၿပဳံးျပေနတယ္။ ကြၽန္ေတာ္ သိပ္ခ်စ္တဲ့ သူ႔ႏႈတ္ခမ္းေလးေတြမွာ သူ ဆိုးေနက် အနီရင့္ရင့္ ႏႈတ္ခမ္းဆိုးေဆးကို ဆိုးမထားေပမဲ့ သူ႔နား႐ြက္ၾကားမွာ ႏွင္းဆီပန္းနီနီကေလး ပန္ထားေတာ့ တစ္မ်ိဳးေလး ၾကည့္ေကာင္းေနျပန္တယ္။ ကြၽန္ေတာ္ သူ႔လက္ကေလးကို လွမ္းဆြဲၿပီး "ႏႈတ္ခမ္းနီ မပါေပမဲ့ ပန္းေလး ပန္ထားတာ သိပ္လွတာပဲ … ႐ိုဆယ္လာ"ဆိုေတာ့ သူ
ကြၽန္ေတာ့္ကို ၿပဳံးၾကည့္တယ္။ ကြၽန္ေတာ့္ လက္ေတြကို အသာအယာ ျပန္ဆုပ္ကိုင္ၿပီး "အင္း … နင္ သေဘာက်ရင္ ငါ အၿမဲပန္မွာ ေပါ့"လို႔ ေျပာတယ္။ ၿပီးေတာ့ ကြၽန္ေတာ့္ လက္ထဲကို ေဆးေလးေတြ လာထည့္ေပးတယ္။
"ငါ မေန႔ကလည္း ေသာက္တယ္ေလဟာ။ ငါ ေနေကာင္းပါၿပီဟ… နင္ကလည္း "လို႔ ေျပာေတာ့ သူက "မေန႔က နင္ ဖ်ားလို႔ ေဆးတိုက္တာ။ ဒီေန႔က ႏွာေစေနလို႔ ၊ မတူဘူးဟ … ေသာက္လိုက္ေနာ္"လို႔ ေျပာတယ္။ "ဒါဆို ညေနက်ရင္ ငါနဲ႔ အတူ ဗိုလ္တေထာင္မွာ စင္ေရာ္ေတြ အစာသြားေကြၽးမွာ လား"လို႔ ေမးေတာ့ မ်က္ေစာင္းထိုးတယ္။ တကယ္က သူ ဒီလိုေတြ ဂ႐ုစိုက္လို႔ ကြၽန္ေတာ္ အရမ္းေပ်ာ္ေနရတာပါ။ ႐ိုဆယ္လာက "ေဆးေသာက္ၿပီးရင္ ခဏ
အိပ္ဦးေနာ္"လို႔ ေျပာလို႔ ကြၽန္ေတာ္ ခုတင္ေပၚ လွဲခ်လိုက္တယ္။ အခန္းရဲ႕ ျပတင္းက ခန္းဆီးကို ပိတ္ၿပီး ထြက္သြားဖို႔ ျပင္တဲ့ သူ႔လက္ေလးကို ကြၽန္ေတာ္ လွမ္းဆြဲလိုက္တယ္။
"ငါ့နားကေန ဘယ္ေတာ့မွ ထြက္မသြားဘူး မဟုတ္လား ႐ိုဆယ္လာ …"
ကြၽန္ေတာ့္ကို ျပန္လွည့္ၾကည့္တဲ့ ႐ိုဆယ္လာ့ မ်က္လုံးေလးေတြဟာ အလြန္တရာကို သိမ္ေမြ႕ ႏူးညံ့ေနတယ္။ ၿပီးေတာ့ အသံတိုးတိုးေလးနဲ႔ "ငါ ထြက္မသြားပါဘူးဟာ"တဲ့ ။ ကြၽန္ေတာ္ အားပါးတရ ၿပဳံးရင္း မ်က္လုံးေတြကို မွ ိတ္လိုက္တယ္။ ကြၽန္ေတာ့္အနားမွာ ႐ိုဆယ္လာ ရွိေနဖို႔ ပဲ လိုအပ္ပါတယ္။
***
သူနာျပဳဆရာမေလးဟာ အိပ္ေပ်ာ္သြားတဲ့ သူ႔လက္ကို အသာအယာ ျဖဳတ္ၿပီး အခန္းအျပင္ကို ထြက္ခဲ့တယ္။ အခန္းအျပင္မွာ သူ စိတ္မၿငိမ္မသက္ ျဖစ္လာရင္ ထိန္းခ်ဳပ္ဖို႔ အေစာင့္ႏွစ္ေယာက္ အဆင္သင့္ ရွိေနတယ္။ ေခါင္းညိတ္ျပၿပီး အခန္းတံခါးကို ေသာ့ခတ္ဖို႔ အခ်က္ျပလိုက္တယ္။ ဒီေလာက္ စကား အေျပာအဆို သိမ္ေမြ႕ႏူးညံ့ၿပီး ခ်စ္တတ္လြန္းတဲ့ လူတစ္ေယာက္ဟာ သူနဲ႔ တစ္ခါမွ မဆက္ဆံ မပတ္သက္ဖူးတဲ့ လမ္းေဘးက
ေၾကးစားမိန္းမကို သတ္ၿပီး အေလာင္းႀကီးနဲ႔ ရက္ေပါင္းမ်ား စြာ အတူတူ ေနေနခဲ့တယ္ဆိုတာ မယုံႏိုင္ေလာက္စရာပါပဲလို႔ သူနာျပဳကေလးက ေတြးေနမိတယ္။
ဆံပင္နက္နက္ေသာ္လည္းေကာင္း၊ ႏႈတ္ခမ္းနီ အနီရင့္ေရာင္ ဆိုးထားပါမွ ေသာ္ လည္းေကာင္း၊ ႏွင္းဆီအနီေရာင္ ပန္သြားမွ ေသာ္လည္းေကာင္း ဒီလူနာဟာ ထိန္းရလြယ္တယ္။ ေရာက္လာသမွ် သူနာျပဳဆရာမေလးတိုင္းကို ႐ိုဆယ္လာလို႔ ေခၚတတ္ၿပီး လုပ္ခိုင္းသမွ်ကို ၾကည္ၾကည္ ျဖဴျဖဴ လက္ခံေလ့ ရွိတယ္။ သူနာျပဳဆရာမေလးက နား႐ြက္ေပၚက ႏွင္းဆီပြင့္နီနီကေလးကို အမွ ိုက္ျခင္းထဲ ပစ္ခ်ၿပီး တာဝန္က် ဆရာဝန္ဆီကို
လူနာအေျခအေန သတင္းပို႔ဖို႔ ႐ုံးခန္းရွိရာကို လမ္းေလွ်ာက္သြားေတာ့တယ္။
***
တိတ္ဆိတ္လ်က္ရွိသည့္ တစ္ခုေသာ ညသန္းေခါင္ယံတြင္ ေလွကားထစ္ ေျခာက္ဆယ့္ငါးထစ္အဆုံး၌ ရွိေသာ အခန္းကေလး၏ တံခါးမွ တံခါးေခါက္သံ ထြက္လာသည္ ။ သုံးခ်က္ ဆက္တိုက္ ႏွစ္ႀကိမ္တြဲကာ ေခါက္သည္ ။ တစ္ႀကိမ္၊ ႏွစ္ႀကိမ္၊ သုံးႀကိမ္ … အခန္းကေလးက ဘာမွ မတုံ႔ျပန္။ အခန္းကေလးထဲရွိ နာရီကေလးက တဖ်ပ္ဖ်ပ္ ေ႐ြ႕လ်ားေနသည္ ။ တစ္မိနစ္၊ ဆယ္မိနစ္၊ တစ္နာရီ၊ ႏွစ္နာရီ …။ အခန္းကေလးအတြင္းမွ အိပ္ရာရွိသည့္
ျပတင္းေပါက္ေပါင္ေပၚသို႔ အ႐ုဏ္၏ အလင္းေရာင္ပါးပါးေလး ထင္လာသည္ ။
တိတ္ဆိတ္ေနတာ ၾကာလြန္းမက ၾကာၿပီးမွ တံခါးေခါက္သံ တိုးတိုးကေလး ထပ္မံ ထြက္လာျပန္သည္ ။ ဒီတစ္ေခါက္ တံခါးေခါက္သံကေလး၏ ေနာက္တြင္ အင့္ခနဲ ရႈိက္သံ ခပ္တိုးတိုးကေလးပါ ကပ္ပါလာခဲ့သည္ ။ တိုက္ေခါင္မိုးေပၚမွာ ခိုကေလးေတြ တကုကု တအုအုႏွင့္ ဟိုေလွ်ာက္ ဒီေလွ်ာက္ လုပ္ေနၾကၿပီ။ တိုက္ေအာက္မွာ လူတခ်ိဳ႕ သြားလာေနသံ ထြက္လာေနၿပီ။ မၾကာခင္ မိုးစင္စင္ လင္းလာေတာ့မည္။ ေလွကားထစ္ေတြကို
တစ္ထစ္ခ်င္းဆီ နင္းကာ ဆင္းသြားေသာ ေဒါက္ဖိနပ္သံ တေဒါက္ေဒါက္က ခပ္ေလးေလး ထြက္ေပၚလာသည္ ။ အခန္းကေလးႏွင့္ တေ႐ြ႕ေ႐ြ႕ ေဝးသြားကာ ေဒါက္ဖိနပ္စီးထားသည့္ ေျခသံကေလးသည္ ေလွကားထစ္ ေျခာက္ဆယ့္ငါးထစ္ အဆုံးမွာ ေတာ့ လုံးဝ ေပ်ာက္ကြယ္သြားပါေတာ့သည္ ။
***
မယ္လြင့္
ၿမိဳ႕ကေလးရဲ႕ တနဂၤေႏြ
၁။
"ဟိုတုန္းကေပါ့ …"ရယ္လို႔ ေငြသိမ္းစားပြဲမွာ ထိုင္ေနတဲ့ အဘြားအိုက စကား စလိုက္တာနဲ႔ မုန႔္ဆိုင္ကေလးထဲက လူအနည္းငယ္ရဲ႕ စိတ္အာ႐ုံေတြဟာ အဘြားအိုဆီကို စူးစိုက္သြားၾကတယ္။ အဲဒီ အဘြားအိုကို အန္တီ႐ိုစီလို႔ သူတို႔ က ေခၚၾကတယ္။ လူအမ်ားက အန္တီ႐ိုစီ ဆိုလို႔ သာ အန္တီ႐ိုစီလိုက္ၾကတာပါေလ … သူ႔နာမည္အရင္းကို ဘယ္သူမွ မသိၾကပါဘူး။ ၿမိဳ႕အစြန္မွာ ရွိတဲ့ အိမ္ေဟာင္းတစ္လုံးရဲ႕ ၿခံဝက
ေဈးဆိုင္ကေလးတစ္ခုရဲ႕ မွန္တံခါးခ်ပ္ေပၚမွာ Aunty Rosy’s Bakery ဆိုတဲ့ အျဖဴေရာင္ စာတန္းတစ္ခု တပ္လိုက္တာနဲ႔ တင္ မုန႔္ဆိုင္ကိုေရာ၊ လူကိုပါ ကင္ပြန္းတပ္ၿပီးသား ျဖစ္သြားေတာ့တာပါပဲ။
***
၂။
အန္တီ႐ိုစီရဲ႕ နာမည္ကို ဘယ္သူမွ မသိၾကသလို အန္တီ႐ိုစီဟာ ဘယ္က ေရာက္လာတယ္ဆိုတာကိုလည္း ၿမိဳ႕ကေလးက လူေတြ မသိလိုက္ၾကပါဘူး။ မသိလိုက္ဘူး ဆိုတာကလည္း ၿမိဳ႕ကေလး ကိုယ္တိုင္က ျမဴခိုးေဝေဝၾကားမွာ ေအးကုပ္ကုပ္ကေလး။ ၿမိဳ႕ကေလးကလည္း ဘာသိဘာသာ၊ လူေတြကလည္း ဘာသိဘာသာရယ္ေလ။ ၿမိဳ႕ကေလးဟာ ဟိုတုန္းက စည္ကားခဲ့ပုံရေပမဲ့ အခုေတာ့ ကားႀကီးႀကီးေတြ တစ္ခါတစ္ရံေလာက္ပဲ ျဖတ္သန္းသြားတတ္ေတာ့တဲ့
ကတၱရာခင္း လမ္းတစ္ခုရယ္၊ ေဒသႏၲရ ေဆးခန္းတစ္ခုရယ္၊ ၾကည့္သူ သိပ္မရွိတဲ့ (ဇာတ္ကားေဟာင္းေတြပဲ ျပတတ္တဲ့ ) ႐ုပ္ရွင္႐ုံ ခပ္စုတ္စုတ္ တစ္႐ုံရယ္၊ အုံ႔ဆိုင္းေနတဲ့ အရိပ္ရသစ္ပင္ေတြနဲ႔ ပန္း႐ိုင္းေတြနဲ႔ သာယာသေယာင္ ရွိေနတဲ့ ၿမိဳက္ေတာ္ခန္းမနဲ႔ ပန္းၿခံရယ္၊ အထက (…)ဆိုတဲ့ ယိုင္ေနတဲ့ ဆိုင္းဘုတ္နဲ႔ အထက္တန္းေက်ာင္းကေလးရယ္၊ ေနပူခ်ိန္အထိပဲ လူစည္တတ္တဲ့ ေဖ်ာက္ေတာက္ေတာက္ ေဈးကေလးရယ္၊ Restaurant
လို႔ ခပ္ေရးေရးပဲ ဖတ္လို႔ ရေတာ့တဲ့ မည္ကာမတၱ တ႐ုတ္စားေသာက္ဆိုင္ ႏွစ္ဆိုင္ရယ္၊ လက္ဖက္ရည္ဆိုင္ သုံးေလးဆိုင္ရယ္နဲ႔ ပလူေမြး ပလူေတာင္ ၿမိဳ႕ကေလးတစ္ခုအျဖစ္ ရွိေနတယ္။
ၿမိဳ႕ကေလးရဲ႕ အေရွ႕ဘက္အဝင္မွာ ၿမိဳ႕ဦးေစတီနဲ႔ ဆရာေတာ္အိုအိုႀကီး သီတင္းသုံးတဲ့ ဘုန္းႀကီးေက်ာင္းအိုအို ရွိသလို အေနာက္ဘက္ရဲ႕ ေတာင္ကုန္းျမင့္ေပၚမွာ သစ္ပင္ထိပ္ဖ်ားေတြကို ေက်ာ္ထြက္ေနတဲ့ လက္ဝါးကပ္တိုင္နဲ႔ အမိုးခြၽန္ခြၽန္ အေဆာက္အဦ ရွိတယ္။ တနဂၤေႏြေန႔ဆိုရင္ ၿမိဳ႕ကေလးထဲက လူေတာ္ေတာ္မ်ားမ်ား ဟာ ၿမိဳ႕ကေလးရဲ႕ အေနာက္ဘက္က ဘုရားေက်ာင္းဆီကို သြားတတ္ၾကတယ္။ အဲဒီေန႔
ဆိုရင္ေတာ့ ၿမိဳ႕ကေလးဟာ လႈပ္လီလႈပ္လဲ့ အပ်ိဳမကေလးလို မခို႔တ႐ို႕ ခ်က္ခ်ာေနတတ္ေပမဲ့ က်န္အခ်ိန္ေတြမွာ ေတာ့ ေစာင္ထူထူေအာက္မွာ ေခါင္းၿမီးၿခဳံၿပီး အိပ္ေပ်ာ္ေနတတ္တဲ့ အဘြားအိုလို ေခြေခါက္ေနတတ္ ျပန္တယ္။
***
၃။
တစ္ခုေသာ တနဂၤေႏြမွာ ၿမိဳ႕ကေလးက လူေတြဟာ ၿမိဳ႕အေနာက္ဘက္က ဘုရားရွိခိုးေက်ာင္းဆီကို သြားၾကရင္း ႏြားၿခံပိုင္ရွင္ရဲ႕ စပ္စုတတ္တဲ့ ဇနီးသည္ က အန္တီ႐ိုစီကို စၿပီး ျမင္တယ္။ ဘုရားေက်ာင္းကို မေရာက္ခင္ ေတာင္ကုန္းရဲ႕ အေျခမွာ ရွိေနတဲ့ တစ္ထပ္တိုက္ေဟာင္းနဲ႔ ၿခံက်ယ္က်ယ္ကို တနဂၤေႏြေန႔တိုင္း ျဖတ္သန္းသြားရလြန္းလို႔ ရွိေနမွန္းေတာင္ မသိေတာ့ေလာက္ေအာင္ ကြၽမ္းဝင္ေနၾကတာ
ၾကာလွၿပီပဲ။ ျမင္ေနက် သစ္ပင္ထူထူ ၊ ခ်ဳံထူထူအစား ရိတ္ျဖတ္ထားတဲ့ ျမက္ခင္းတိုတိုရယ္၊ ေလတိုက္တိုင္း ယိမ္းႏြဲ႕ေနတဲ့ ပန္းပြင့္လက္စ ႏွင္းဆီပန္းအိုး တခ်ိဳ႕ရယ္၊ ပန္းပြင့္ေတြနားက ႀကိမ္ကုလားထိုင္ေပၚမွာ အိပ္ေပ်ာ္ေနတဲ့ ခပ္ဖိုင့္ဖိုင့္ အဘြားအိုရယ္ဟာ ႏြားၿခံပိုင္ရွင္ရဲ႕ စပ္စုတတ္တဲ့ ဇနီးသည္ အာ႐ုံကို ဖမ္းစားသြားတယ္။ သူကေန တစ္ဆင့္ စတိုးဆိုင္ပိုင္ရွင္ မိန္းမကို လက္ကုတ္ၿပီး
ျပတယ္။ အဲဒီကေန ေနာက္တစ္ေယာက္ … ၿပီးေတာ့ ေနာက္ထပ္တစ္ေယာက္။
သူတစ္ပါးရဲ႕ လြတ္လပ္ခြင့္ကို က်ဴးေက်ာ္ စပ္စုပါလားဆိုတဲ့ အေျခခံ ယဥ္ေက်းမႈကေလးကိုေတာင္ ေမ့ေလ်ာ့သြားၾကေလာက္ေအာင္ မိန္းမတစ္သိုက္ဟာ ပိုၿပီး ျမင္ရလို ျမင္ရျငား ၿခံစည္း႐ိုးေဘးကေန တိုးေဝွ႔ ၾကည့္ၾကတယ္။ တီးတိုးတီးတိုး သဖန္းပိုးၾကတယ္။ သူတို႔ ရဲ႕ အသံေတြ ကြၽတ္စီကြၽတ္စီနဲ႔ ကေတာင္ အန္တီ႐ိုစီကို မႏိုးေစပါဘူး။ အန္တီ႐ိုစီဟာ ေကာင္းကင္ဘုံမွာ အိပ္ေပ်ာ္ေနသလိုမ်ိဳး …
ဆံပင္ျဖဴေပၚကို ျဖာက်ေနတဲ့ ေနေရာင္ႏုႏုေတြကေတာင္ အေႏွာင့္အယွက္ မေပးႏိုင္သလိုမ်ိဳး။ ေလညင္းတခ်ိဳ႕က အန္တီ႐ိုစီရဲ႕ တြဲလဲက်ေနတဲ့ အက်ႌလက္ဖ်ားေတြကို လႈပ္ခတ္သြားေစလို႔ ။ အန္တီ႐ိုစီကို ျမင္ရသူတိုင္းဟာ သူ႔ရဲ႕ ခ်မ္းျမၿငိမ္းခ်မ္းတဲ့ အိပ္စက္မႈကို အားက် ေငးေမာ သြားၾကသည္ ။
ၿငိမ္းၿငိမ္းခ်မ္းခ်မ္း အိပ္ေပ်ာ္ေနတဲ့ အန္တီ႐ိုစီရဲ႕ အေၾကာင္းဟာ ဘုရားေက်ာင္းက တရားေဟာတဲ့ ဓမၼဆရာ အငယ္ေလးဆီလည္း ေရာက္ရဲ႕ ၊ စက္ခ်ဳပ္တဲ့ ဦးေလးႀကီးဆီလည္း ေရာက္ၾကရဲ႕ ၊ ေဒသႏၲရ ေဆးခန္းက သူနာျပဳဆရာမေလးဆီလည္း ေရာက္ၾကရဲ႕ ။ ဒီကေန႔မွာ လူတိုင္းရဲ႕ ပါးစပ္ဖ်ားမွာ အန္တီ႐ိုစီရဲ႕ အေၾကာင္းက ေရထဲကို ခဲလုံးပစ္ခ်လိုက္သလို အဘက္ဘက္ကို ျပန႔္ကားသြားေတာ့တယ္။ ဓမၼဆရာ အငယ္ေလးကေတာင္
အန္တီ႐ိုစီရဲ႕ ၿငိမ္းခ်မ္းမႈေတြကို အကူးစက္ခံခ်င္လြန္းလို႔ သူ ေဟာေနက်တရားကို ခပ္ျမန္ျမန္ လက္စသတ္ၿပီး ၿမိဳ႕ကေလးက လူတခ်ိဳ႕နဲ႔ အတူ ေတာင္ကုန္းေအာက္ကို လိုက္ဆင္းလာပါေသးတယ္။ ဒါေပမဲ့ လူေတြ ေျပာၾကတဲ့ ေနရာမွာ အန္တီ႐ိုစီက မရွိေတာ့ပါဘူး။ အန္တီ႐ိုစီရဲ႕ အေၾကာင္းကသာ ၿမိဳ႕ကေလးဆီမွာ တစ္ပတ္စာ ေျပာစရာ သတင္းစကားအျဖစ္ ျပန႔္က်ဲသြားခဲ့တယ္။
***
၄။
ေနာက္တစ္ပတ္ တနဂၤေႏြမွာ အန္တီ႐ိုစီ အိမ္ေရွ႕က ျဖတ္ၾကေတာ့ မွတ္မွတ္ရရ ၾကည့္ၾကျပန္တယ္။ ဒီတစ္ခါေတာ့ ၿခံဝနားက အုတ္တိုက္အေဟာင္းေလးနဲ႔ မွန္တံခါးေပၚမွာ Aunty Rosy’s Bakery ဆိုတဲ့ စာတန္း အျဖဴနဲ႔ အတူ ေလထဲမွာ ပ်ံ႕လြင့္ေနတဲ့ လတ္လတ္ဆတ္ဆတ္ ေပါင္မုန႔္နံ႔ေတြကို ရၾကတယ္။ မွန္တံခါးေပၚမွာ close ဆိုတဲ့ ကတ္ျပားကေလးနဲ႔ မို႔ ဘယ္သူကမွ ေတာ့ ဆိုင္ထဲကို မဝင္ၾကပါဘူး။ ဘုရားေက်ာင္းက
ျပန္လာခ်ိန္ေလာက္က်ရင္ေတာ့ ဆိုင္ဖြင့္တန္ေကာင္းပါရဲ႕ လို႔ ေတြးၾကၿပီး လွည့္ၾကည့္ လွည့္ၾကည့္နဲ႔ ေက်ာ္ျဖတ္သြားၾကတာပါပဲ။ ႏြားၿခံပိုင္ရွင္ရဲ႕ ဇနီးကေတာ့ သူ ျပန္ဆင္းလာတဲ့ အခ်ိန္အထိ ဆိုင္မဖြင့္ရင္လည္း တံခါးေခါက္ၿပီး ဝင္သြားမွာ ပဲတဲ့ ။ ေပါင္မုန႔္နံ႔က ေမႊးလြန္းလို႔ ဝင္လာရတာပါဆိုရင္ ႐ိုင္းရာမက်ေတာ့ဘူးေလလို႔ သူ႔ေဘးက မိန္းမကို ခပ္တိုးတိုး အေဖာ္စပ္ေသးတယ္။
ဘုရားေက်ာင္းက ျပန္ဆင္းလာခ်ိန္မွာ ၿမိဳ႕ကေလးက လူတခ်ိဳ႕နဲ႔ အတူ ဓမၼဆရာ အငယ္ေလးေတာင္ ပါလာေသးရဲ႕ ။ သိခ်င္စိတ္နဲ႔ လူေတြဟာ Open ဆိုတဲ့ ကတ္ျပားကေလးကို ျမင္တာနဲ႔ မွန္တံခါးကို တြန္းဖြင့္ဝင္လိုက္ၾကတယ္။ တံခါးအေပၚမွာ ႀကိဳးနဲ႔ ဆြဲထားတဲ့ လူေခၚေခါင္းေလာင္းကေလးကေန ကေလာင္ကလင္ အသံေတြေတာင္ ျမည္လို႔ ။ ဆိုင္အလယ္နားေလာက္ ေရာက္ေတာ့ ေငြသိမ္းစားပြဲခုံ ခပ္ေသးေသးေလးရဲ႕
ေနာက္နံရံျဖဴျဖဴရဲ႕ ေရွ႕မွာ အိအိပုံ႔ပုံ႔ ထိုင္ေနတဲ့ အန္တီ႐ိုစီက သူတို႔ ကို လွမ္းၿပီး ၿပဳံးျပတယ္။ ဒီလိုနဲ႔ အန္တီ႐ိုစီဟာ ၿမိဳ႕ကေလးရဲ႕ လူေတြရဲ႕ အေသြးအသားထဲကို သူ႔မုန႔္ဆိုင္က မုန႔္ေတြရဲ႕ အနံ႔နဲ႔ အတူ ေရာေႏွာ ဝင္ေရာက္သြားေတာ့တာပါပဲ။
***
၅။
အန္တီ႐ိုစီရဲ႕ ဆိုင္ဟာ ၿမိဳ႕ကေလးမွာ ေတာ့ နံပါတ္တစ္ပဲ။ တနဂၤေႏြတိုင္း Menu အသစ္ ေျပာင္းတတ္တယ္။ က်န္တဲ့ ရက္ေတြမွာ ေတာ့ သုံးရက္မွာ တစ္ခါ ဖုတ္တဲ့ ေပါင္မုန႔္တခ်ိဳ႕ရယ္၊ ကေလးေတြဖို႔ ေထာပတ္ကြတ္ကီးရယ္၊ လူႀကီးေတြ ႀကိဳက္တတ္တဲ့ အိုရီဂါႏိုနဲ႔ ေထာပတ္ သုတ္ထားတဲ့ ေပါင္မုန႔္ေျခာက္ရယ္ေလာက္ပဲ ရတတ္တယ္။ ၿပီးေတာ့ အန္တီ႐ိုစီက တနဂၤေႏြ မဟုတ္ရင္ က်န္တဲ့ ရက္ေတြမွာ ေကာ္ဖီတို႔ ၊
ႏြားႏို႔တို႔ လည္း မေရာင္းဘူး။ မုန႔္ေတြကိုလည္း ပါဆယ္ပဲ ေရာင္းတတ္တယ္။ ေျပာရမယ္ ဆိုရင္ေတာ့ တနဂၤေႏြ တစ္ရက္ပဲ ဆိုင္ဖြင့္တဲ့ သေဘာေပါ့။
တနဂၤေႏြေန႔မွာ အန္တီ႐ိုစီအျပင္ သူနဲ႔ အတူေနတဲ့ အရပ္ရွည္ရွည္ မိန္းကေလးရယ္၊ အသားညိဳညိဳ၊ အရပ္ခပ္ပ်ပ္ပ်ပ္ လူရယ္ကပါ ေဈးကူေရာင္းေလ့ရွိတယ္။ မုန႔္ဆိုင္ဖြင့္တဲ့ ေန႔ ေရာက္ရင္ေတာ့ ၿမိဳ႕ကေလးက လူေတြဟာ ဘုရားေက်ာင္းက ျပန္လာတာနဲ႔ အန္တီ႐ိုစီ့ဆိုင္ကို ဝင္ၾကတယ္။ မုန႔္ဆိုင္ထဲက ပ်ံ႕လြင့္လာတဲ့ အနံ႔ကို ရႉၿပီး ဒီတစ္ပတ္ရဲ႕ Menu ကေတာ့ ဘာျဖစ္မလဲလို႔ အပ်င္းေျပ ခန႔္မွန္းၾကတယ္။ ဆိုင္ထဲ
ေရာက္လာတာနဲ႔ ကေလးေတြက ေထာပတ္ကြတ္ကီး ပူဆာၾကတယ္။ အေမေတြ လက္ထဲကေန ပိုက္ဆံေတာင္းယူၿပီး အန္တီ႐ိုစြ ထိုင္ေနတဲ့ Bar ကေလးဆီမွာ တန္းစီၾကရင္း ပိုက္ဆံ ရွင္းၾကတယ္။ တန္းစီၿပီး စည္းကမ္းတက် ပိုက္ဆံေပးရင္ အန္တီ႐ိုစီက သူကိုယ္တိုင္ လုပ္ထားတဲ့ သစ္သီးေတာ္ဖီ အလိပ္ကေလး ႏွစ္ခုေလာက္ကို လက္ေဆာင္ ျပန္ေပးတတ္တယ္။
အန္တီ႐ိုစီဟာ မုန႔္လုပ္တိုင္း ရာသီေပၚ သီးႏွံေတြနဲ႔ လုပ္တတ္တယ္။ အန္တီ႐ိုစီရဲ႕ သံပရာကိတ္နဲ႔ စေတာ္ဘယ္ရီ ပူတင္းဟာ ၿမိဳ႕ကေလးက လူေတြ တသသ စြဲလမ္းၾကတဲ့ မုန႔္ေတြေပါ့။ အန္တီ႐ိုစီ့ မုန႔္ေတြဆိုရင္ ကေလးကအစ လူႀကီးအဆုံး အရမ္းႀကိဳက္ၾကလို႔ တနဂၤေႏြေန႔မွာ လုပ္တဲ့ မုန႔္ေတြတိုင္းဟာ အကုန္ျမန္တာခ်ည္းပဲ။ ၿမိဳ႕အေရွ႕ဖ်ားက ဆရာေတာ္ႀကီးကေတာင္ သူ႔ကပၸိယႀကီးကို လႊတ္ၿပီး
အဝယ္ခိုင္းတတ္တယ္။ အန္တီ႐ိုစီက မေရာင္းပါဘူး။ ေသေသခ်ာခ်ာ ထည့္သိုၿပီး လႉလိုက္တတ္တယ္။
ထူးျခားတာ တစ္ခုက အန္တီ႐ိုစီရဲ႕ ဆိုင္မွာ အသားနဲ႔ ပတ္သက္တဲ့ မုန႔္ေတြ မရဘူး။ အန္တီ႐ိုစီ ကိုယ္တိုင္ကလည္း အသား မစားဘူး။ သူနဲ႔ အတူေနတဲ့ အရပ္ရွည္ရွည္ မိန္းကေလးနဲ႔ အသားညိဳညိဳ အရပ္ခပ္ပ်ပ္ပ်ပ္ လူကေတာ့ စားသလား၊ မစားသလား မသိပါဘူး ေနာက္ၿပီး အန္တီ႐ိုစီ့ဆီမွာ ေခြးႀကီးႏွစ္ေကာင္နဲ႔ ေၾကာင္မိသားစု ငါးေကာင္ရွိတယ္။ အဲဒီ ေခြးေတြနဲ႔ ေၾကာင္ကလည္း တျခားၿမိဳ႕ကေန အန္တီ႐ိုစြနဲ႔ ပါလာတာ
မဟုတ္ဘူး ။ ဒီၿမိဳ႕ကေလးကို ေရာက္မွာ ႀကဳံသလို ေကြၽးေမြးရင္း ေမြးစားလိုက္ရတဲ့ ကိတၳိမသားေတြ။ သူတို႔ ကို ေကြၽးဖို႔ ေဈးထဲမွာ အသားအတိုအစနဲ႔ ငါးေတြ လာဝယ္တတ္တယ္လို႔ ၿမိဳ႕လယ္ေကာင္ ေဈးတန္းထဲက လူေတြက ေျပာျပၾကတယ္။ ေဈးလာဝယ္ရင္လည္း အသားညိဳညိဳ၊ အရပ္ပ်ပ္ပ်ပ္ လူနဲ႔ အရည္ရွည္ရွည္ အမ်ိဳးသမီးကသာ ထြက္လာတာ မ်ား ပါတယ္။ အန္တီ႐ိုစီကေတာ့ သူ႔ၿခံနဲ႔ မုန႔္ဆိုင္ကေလးကေန ဘယ္ကိုမွ မထြက္ဘူး။
ယုတ္စြအဆုံး ေတာင္ကုန္းကေလးေပၚက ဘုရားေက်ာင္းကိုေတာင္ တစ္ခါမွ လာေလ့မရွိဘူးတဲ့ ။
***
၆။
တနဂၤေႏြရဲ႕ ညေနဆိုရင္ အန္တီ႐ိုစီရဲ႕ ဆိုင္မွာ လူစုံတတ္တယ္။ လူစုံတယ္ဆိုလို႔ လူငယ္၊ လူ႐ြယ္ေတြ မဟုတ္ပါဘူး။ ေျခေထာက္တစ္ဖက္ ေလျဖန္းထားတဲ့ ပင္စင္စား အဘိုးႀကီးရယ္၊ ဘုရားေက်ာင္းက ဓမၼဆရာအိုႀကီးရယ္၊ တလႈပ္လႈပ္နဲ႔ သိုးေမြးထိုးေနတယ္တဲ့ အန္တီ႐ိုစီ့ အိမ္နီးခ်င္း အဘြားႀကီးရယ္၊ ညေနတိုင္း ၿမိဳ႕ကေလးရဲ႕ လမ္းေတြတစ္ေလွ်ာက္ တုတ္ေကာက္ႀကီးနဲ႔ လမ္းေလွ်ာက္တတ္တဲ့
စတိုးဆိုင္ပိုင္ရွင္ရဲ႕ အေဖအဘိုးႀကီးရယ္၊ အန္တီ႐ိုစီရယ္ပါပဲ။ ေႏြးေထြးၿပီးမုန႔္နံ႔သင္းေနတဲ့ အန္တီ႐ိုစီရဲ႕ ဆိုင္ကေလးထဲမွာ တစ္ေယာက္ တစ္ေနရာစီ ထိုင္လို႔ ။ ပင္စင္စား အဘိုးႀကီးနဲ႔ တုတ္ေကာက္ အဘိုးႀကီးကေတာ့ တစ္ခါတစ္ရံ ထိုးတတ္ၾကတယ္။ ၿပီးရင္ တလႈပ္လႈပ္နဲ႔ ကိုယ့္အိမ္ကိုယ္ ျပန္ၾကတယ္။ ဓမၼဆရာအိုႀကီးကိုေတာ့ ဘုရားေက်ာင္းေပၚကေန ဓမၼဆရာ အငယ္ေလးက ဆင္း လာၿပီး တြဲေခၚတတ္တယ္။
တနဂၤေႏြညဆို အန္တီ႐ိုစီက ေငြသိမ္းစားပြဲေနာက္က ေဆးအျဖဴသုတ္ထားတဲ့ နံရံေရွ႕မွာ ပုံ႔ပုံ႔ႀကီး ထိုင္လို႔ ၊ စားပြဲေပၚမွာ လည္း သူ႔ၿခံထြက္ ႏွင္းဆီေတြကို ပန္းအိုးနဲ႔ ေဝေဝဆာဆာ ထိုးၿပီး တင္လို႔ ။ ဆိုင္ကို လာၾကတဲ့ ဧည့္သည္ ေတြဟာလည္း အန္တီ႐ိုစီ ဧည့္ခံတဲ့ ေကြကာအုတ္ပူပူ၊ ဒါမွ မဟုတ္ ေကာ္ဖီပူပူတစ္ခြက္ေလာက္စီ ေသာက္ၾကလို႔ ၊ ပူတင္းကိတ္ကေလး တစ္ဖဲ့တေလေလာက္ကိုလည္း ၿမဳံ႕ၾကလို႔ …
ေရာက္တတ္ရာရာ စကားေျပာရင္း အေၾကာင္းတိုက္ဆိုင္ရင္ "ဟိုတုန္းကေပါ့"လို႔ အစခ်ီၿပီး ေျပာျပတတ္တဲ့ အန္တီ႐ိုစီရဲ႕ ဘဝ တစ္စြန္းတစ္စကိုလည္း ေခါင္းတညိတ္ညိတ္ နားေထာင္ၾကလို႔ ၊ တစ္ခါတေလလည္း တေသာေသာ ရယ္ၾကေမာၾကနဲ႔ တနဂၤေႏြ ညခင္းတိုင္းဟာ အၿမဲလိုလို ေအးေအးခ်မ္းခ်မ္းပါပဲ။
***
၇။
ဘာကိုမဆို ေပးကမ္းရက္ေရာတတ္တဲ့ အန္တီ႐ိုစီဆီမွာ ေတာင္ အေႏွာေျမာဆုံးအရာ ရွိတယ္။ အဲဒါ ၿခံေထာင့္က ကံ့ေကာ္ပင္ ဖားဖားႀကီးပဲ။ ပန္းေတြ ပြင့္ လာၿပီဆိုရင္ ဘယ္သူေတာင္းေတာင္း မေပးသလို သူေတာင္ ကံ့ေကာ္ပြင့္ခ်ိန္ဆိုရင္ အန္တီ႐ိုစီဟာ ေန႔ခင္း တေရးတေမာ အိပ္တာကိုေတာင္ ကံ့ေကာ္ပင္ေအာက္မွာ ပဲ ခုံတစ္လုံး ခ်ၿပီး အိပ္တတ္တယ္။ မႏွစ္ကလည္း ကံ့ေကာ္တုံးခ်ိန္ထိ ဘယ္သူ႔ကိုမွ မေပးလို႔
ၿမိဳ႕ကေလးထဲက မိန္းမေတြက အန္တီ႐ိုစီ့ကို တဖ်စ္ေတာ္ကေတာက္ ျမည္တြန္လို႔ မဆုံးဘူး။ အန္တီ႐ိုစီရဲ႕ ကံ့ေကာ္ပန္းေတြဟာ အပင္မွာ ပဲ ဖူး၊ အပင္မွာ ပဲ ပြင့္၊ အပင္မွာ ပဲ ေဝၿပီး အပင္ေပၚကေနပဲ ေႂကြသြားတတ္ၾကတယ္။
ဒီႏွစ္လည္း ကံ့ေကာ္ပင္မွာ အဖူးေလးေတြ သီလာတာနဲ႔ သြားသြားၿပီး ၾကည့္ေနတတ္တယ္လို႔ အရပ္ရွည္ရွည္ မိန္းကေလးက ေဈးဝယ္လာတဲ့ မိန္းမကို ေျပာျပတယ္။ ၿပီးေတာ့ ဒီအိမ္နဲ႔ ၿခံကိုလည္း ဒီကံ့ေကာ္ပင္ ပါေနလို႔ သာ ဝယ္လိုက္တာပဲ ဆိုတဲ့ အေၾကာင္းကိုလည္း တီးတိုး ေျပာျပလိုက္ေသးတယ္။ ေဈးဝယ္ မိန္းမဟာ ဘယ္သူမွ မသိေသးတဲ့ သတင္းအသစ္အဆန္း တစ္ပုဒ္အေၾကာင္းကို ၿမိဳ႕ကေလးထဲမွာ ျဖန႔္ဖို႔ မုန္႔ဖိုးကို
ခပ္သုတ္သုတ္ ရွင္းၿပီး ဒေရာေသာပါး ျပန္ထြက္သြားေတာ့တာပဲ။
***
၈။
ၿပီးခဲ့တဲ့ ေသာၾကာေန႔က တိတ္တိတ္ဆိတ္ဆိတ္နဲ႔ အိပ္ငိုက္ေနတဲ့ ၿမိဳ႕ကေလးရဲ႕ ညေနခင္းကို တဂီးဂီးသံ ျမည္ေနတဲ့ လင္း႐ိုဘာ ကားေဟာင္းႀကီးက လႈပ္ႏႈိးလိုက္တယ္။ ကားႀကီးက ေပစုတ္ ေဟာင္းႏြမ္းလြန္းလို႔ ၿမိဳ႕ႀကီးေတြေပၚမွာ သာဆိုရင္ အရည္က်ိဳစက္ကိုေတာင္ ပို႔ရေလာက္ရဲ႕ ။ ဒါေပမဲ့ လင္း႐ိုဘာဆိုတဲ့ ဂုဏ္နဲ႔ ဘီးေလးလုံးေပၚမွာ မားမားႀကီး။ အမိုးေပၚမွာ တင္ထားတဲ့ ပစၥည္းေတြက
ဘာေတြမွန္းေတာင္ မသိႏိုင္ေလာက္ေအာင္ ဖုန္ေတြနဲ႔ ထုတက္ေနတယ္။
ကားႀကီးက စတိုးဆိုင္အေရွ႕မွာ ရပ္ၿပီး ေရသန႔္ဘူး ဝယ္တယ္။ ကားထဲက လူက ဦးထုပ္ႀကီးေဆာင္းၿပီး မ်က္ႏွာကို ပဝါနဲ႔ အုပ္စည္းထားလို႔ ဘယ္သူရယ္လို႔ မျမင္လိုက္ရပါဘူး။ အဲဒီေန႔က ကားႀကီးက တစ္ၿမိဳ႕လုံးကို တဂီးဂီးနဲ႔ ညအထိ ပတ္တယ္။ မေကာင္းဆိုးဝါး အနက္ေရာင္ႀကီး တစ္ေကာင္ ၿမိဳ႕ကို လွည့္ပတ္ၿပီး မာန္ဖီေနသလိုမ်ိဳး။ ၿမိဳ႕လယ္ေကာင္ကေန ၿမိဳ႕စြန္ၿမိဳ႕ဖ်ားေတြအထိ … ကားႀကီးရဲ႕ အသံဆိုးေၾကာင့္
အေမေတြက ေနရာကေန အထိတ္တလန႔္ ႏိုးသြားတဲ့ ကေလးတခ်ိဳ႕ကို အေမေတြက ျပန္ေခ်ာ့သိပ္ရင္း ဘယ္ကမွန္း မသိတဲ့ ကားနက္ႀကီးကို က်ိန္ဆဲၾကလို႔ ။
***
၉။
ၿမိဳ႕ကေလးရဲ႕ မနက္ခင္းဟာ အထူးအဆန္းပဲ။ ေဈးတန္းထဲကို တစ္ခါမွ မေရာက္လာပါဘဲနဲ႔ အခုမွ ႐ုတ္တရက္ ေရာက္လာတဲ့ အန္တီ႐ိုစီကို ၿမိဳ႕ကေလးက လူေတြ အံ့ဩၾကတယ္။ ဟိုလူက လက္ဆြဲ၊ ဒီလူက ႏႈတ္ဆက္နဲ႔ အန္တီ႐ိုစီဟာ ေဈးေတာင္ ေကာင္းေကာင္း ဝယ္ရေသးပုံ မေပးဘူး။ သစ္သီးဆိုင္ပိုင္ရွင္က သစ္သီးေတြ လက္ေဆာင္ေပးလို႔ ။ တခ်ိဳ႕ကလည္း သူတို႔ ဆိုင္ေပၚ လာထိုင္လည္ဖို႔ ေခၚၾကလို႔ ။ ဒါေပမဲ့ အန္တီ႐ိုစီက
အားလုံးကို ျငင္းၿပီး သားငါးတန္းဘက္ကို ေလွ်ာက္သြားတယ္။
အမဲသားဆိုင္ေရွ႕ကို ရပ္ေနလိုက္ေတာ့ လူေတြ ပိုအံ့ဩၾကတာေပါ့။ တခ်ိဳ႕ကလည္း မသိမသာကေန သိသိသာသာကို ရပ္ၾကည့္ၾကလို႔ ။ ဒါေပမဲ့ အန္တီ႐ိုစီက ဘာမွ မဝယ္ဘဲ အမဲသားေရာင္းတဲ့ သူနဲ႔ စကားေျပာၿပီး ျပန္ထြက္သြားခဲ့တယ္။ အန္တီ႐ိုစီ ထြက္သြားတာနဲ႔ အမဲသားဆိုင္ကို လူေတြအုံလာတယ္။ အမဲသားဆိုင္ပိုင္ရွင္က ေက်ာက္ကပ္ ပိုင္မုန႔္လုပ္ဖို႔ ႏြားကေလးေက်ာက္ကပ္ လာမွာ သြားတဲ့ အေၾကာင္း၊ ဘယ္ေလာက္ပဲ ေပးရ
ေပးရ ရေအာင္ လုပ္ေပးဖို႔ အေၾကာင္းေတြကို ျပန္ေျပာေတာ့ လူေတြ အရမ္းကို အံ့ဩသြားၾကတယ္ေလ။ သူတို႔ သိသေလာက္ အသားမုန႔္ေတာင္ မလုပ္တဲ့ အန္တီ႐ိုစီက ႏြားကေလးေက်ာက္ကပ္ကိုမွ လာမွာ သြားတာဟာ သိပ္ကို ထူးဆန္းတာပဲ မဟုတ္လား။
အမဲသားဆိုင္ပိုင္ရွင္ကေတာ့ မနက္ျဖန္ မနက္ေစာေစာ ဆိုင္ကို အေရာက္ လာပို႔ေပးပါ့မယ့္အေၾကာင္း အန္တီ႐ိုစီကို ကတိေပးလိုက္ၿပီးလို႔ အမဲသားဆိုင္ကို သူ႔မိန္းမနဲ႔ လႊဲပီး ေက်း႐ြာေတြဘက္ကို ႏြားကေလး အရွာထြက္သြားတယ္။ တီးတိုးထင္ျမင္ခ်က္ မ်ိဳးစုံဟာ ေဈးကေလးထဲမွာ ပြက္စီထလို႔ ။ ေနမေကာင္းတာလား၊ စိတ္ကူးေျပာင္းသြားတာလား၊ ဧည့္သည္ လာမွာ မို႔လားေတြ အထိ စစ္စစ္ေပါက္ေပါက္
လိုက္ေတြးေနၾကလို႔ ။ ဒါေတာင္ ၿမိဳ႕လယ္ေကာင္ စတိုးဆိုင္ကေန အန္တီ႐ိုစီ ဝယ္သြားတဲ့ ဆယ့္ရွစ္ႏွစ္သက္တမ္း ဝီစကီပုလင္းအေၾကာင္း မသိလိုက္ၾကလို႔ သာပါပဲ။
***
၁၀။
တနဂၤေႏြ မနက္ခင္း ဘုရားေက်ာင္းကို လာသူေတြဟာ အျပန္က်ရင္ အန္တီ႐ိုစီဆိုင္ကို ဝင္ၿပီး စနည္းနာၾကမယ္ဆိုတဲ့ အေတြးေတြနဲ႔ ။ ႏြားၿခံပိုင္ရွင္ရဲ႕ ဇနီးကေတာ့ အက်ိဳးအေၾကာင္း မသိရမခ်င္း အိမ္မျပန္ဘူးလို႔ သူ႔အေဖာ္ေတြကို ရယ္ရယ္ေမာေမာ ေျပာ လာေလရဲ႕ ။ ဒါေပမဲ့ သူတို႔ ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြဟာ သဲထဲ ေရသြန္ပဲ။ ဘုရားေက်ာင္းက ျပန္လာခ်ိန္ေတာင္မွ အန္တီ႐ိုစီရဲ႕ ဆိုင္က မဖြင့္ဘူး။
မွန္တံခါးမွာ Close ဆိုတဲ့ စာတန္းကိုပါ ခ်ိတ္လို႔ ။ အန္တီ႐ိုစီ့ဆိုင္မွာ မုန႔္စားၾကမယ္ဆိုတဲ့ မက္လုံးနဲ႔ ဘုရားေက်ာင္းကို လိုက္လာရတဲ့ ကေလးေတြက ဗိုက္ဆာလို႔ ငိုတဲ့ သူက ငိုကုန္ၿပီ။ မေန႔ကလိုပဲ ထင္ျမင္ခ်က္မ်ိဳးစုံနဲ႔ လူအုပ္ဟာ ၿမိဳ႕ထဲကို ျပန္ဆင္းသြားၾကျပန္တာပါပဲ။
ဆိုင္ထဲက မီးဖိုမွာ အန္တီ႐ိုစီတစ္ေယာက္တည္း အလုပ္ရႈပ္ေနတယ္။ အသားအရသာ၊ မုန႔္အရသာအတြက္ စပ္ဟပ္ၿပီး ျပင္ဆင္လို႔ …. အသားညိဳညိဳ အရပ္ပ်ပ္ပ်ပ္လူနဲ႔ အရပ္ရွည္ရွည္ မိန္းကေလးတို႔ ကို ဆိုင္သန႔္ရွင္းေရး လုပ္ခိုင္းတယ္။ သူကိုယ္တိုင္လည္း လုပ္တယ္။ အရပ္ပ်ပ္ပ်ပ္ လူကို ကံ့ေကာ္ပန္းေတြ တစ္ေပြ႕ႀကီး တက္ခူးခိုင္းတယ္။ တစ္ဆိုင္လုံးကို ကံ့ေကာ္ပန္းေတြနဲ႔ ပန္းအိုးထိုးၿပီး အလွဆင္တယ္။
ညေနေနေစာင္းလာေတာ့ အန္တီ႐ိုစီ ကိုယ္တိုင္လည္း ကံ့ေကာ္ပန္းေတြ ပန္တယ္၊ မိတ္ကပ္ပါးပါး လိမ္းတယ္။ မီးခံေသတၱာထဲကေန ေ႐ႊလက္စြပ္ ေမာင္းကြင္းကေလးကို တယုတယ ထုတ္ၿပီး ဘယ္ဘက္လက္သူႂကြယ္မွာ ဝတ္တယ္။ ၿပီးေတာ့ သူ ထိုင္ေနက် ေငြသိမ္းစားပြဲမွာ ပုံ႔ပုံ႔ႀကီး ၿပဳံး႐ႊင္ ၿငိမ္သက္လို႔ ။ ဒီအျဖစ္အပ်က္ေတြ မတိုင္ခင္အထိေပါ့။
***
၁၁။
ဆိုင္ထဲကို ဘယ္သူမွ ဝင္မလာဘဲ မိုးစုပ္စုပ္ခ်ဳပ္တဲ့ အထိ အန္တီ႐ိုစီက ထိုင္ေနတယ္။ ဟိုးအေဝးႀကီးကေန တဂီးဂီး ကားစက္သံကို ၾကားတဲ့ အခါ အန္တီ႐ိုစီ့မ်က္ႏွာ ဝင္းသြားတယ္။ ထိုင္ေနတဲ့ ခုံေပၚကေနဆင္းၿပီး oven ဆီကို သြားလို႔ … ေက်ာက္ကပ္ပိုင္မုန႔္ကေလးကို ျပန္ေႏႊးတယ္။ ေကာ္ဖီေဖ်ာ္စက္ကေန ေကာ္ဖီငွဲ႔ၿပီး ဝီစကီ ေရာတယ္။ Irish coffee ႏွစ္ခြက္ကို ေဖ်ာ္တယ္။ ေငြသိမ္းစားပြဲကေလးေပၚကို ေကာ္ဖီခြက္
ခ်လိုက္ခ်ိန္မွာ ဆိုင္တံခါးက ေခါင္းေလာင္းက အသံၾကမ္းၾကမ္း ျမည္ကုန္ေတာ့တယ္။
Close စာတန္းခ်ိတ္ထားေပမဲ့ ေသာ့ခတ္မထားတဲ့ တံခါးကေန ဝင္လာတဲ့ သူကို အန္တီ႐ိုစီက ၿပဳံးၾကည့္တယ္။ တံခါးဝက ဝင္လာသူက သူ ေဆာင္းထားတဲ့ ဦးထုပ္ကို ခြၽတ္လိုက္ခ်ိန္မွာ ေတာ့ ဆြတ္ဆြတ္ျဖဴတဲ့ ဆံပင္ေတြကို ကုပ္ေပၚဝဲက်လို႔ ။ အိုမင္းေနတဲ့ မ်က္ႏွာကေတာ့ တင္းမာ ခက္ထန္ေနတယ္။
"ေဒါသ ႀကီးတုန္းပဲကိုး …"
အန္တီ႐ိုစီ့အသံက ခပ္တိုးတိုး။ သူ႔ကို စိုက္ၾကည့္လာတဲ့ ဆံပင္ျဖဴနဲ႔ အဘိုးအိုကို ၿပဳံးၾကည့္ၿပီး စားပြဲေရွ႕က ခုံကို ေမးေငါ့ျပတယ္။ သူကိုယ္တိုင္လည္း ခုံမွာ ဝင္ထိုင္လိုက္တယ္။ အဘိုးအိုကလည္း လက္ထဲမွာ ကိုင္လာတဲ့ သူ႔ဦးထုပ္ကို စားပြဲေပၚခ်ၿပီး ခုံမွာ ဝင္ထိုင္တယ္။
"စားလိုက္ဦးေလ။ ရွင္ ဒီမုန႔္ႀကိဳက္တယ္ မဟုတ္လား"
ခုံမွာ ဝင္ဝင္ထိုင္ခ်င္း အန္တီ႐ိုစီက ပိုင္မုန႔္ကို အစိတ္ႀကီးႀကီး တစ္စိတ္ စိတ္ၿပီး ပန္းကန္ထဲ ထည့္တယ္။ ၿပီးေတာ့ အဘိုးအိုေရွ႕ကို ပန္းကန္ကို ထိုးေပးေတာ့ အဘိုးအိုက လက္နဲ႔ ကိုင္ၿပီး တစ္ကိုက္ ကိုက္တယ္။ အန္တီ႐ိုစီက ၿပဳံးၿပီး မုန႔္ဝါးေနတဲ့ အဘိုးအိုကို ေငးၾကည့္ေနတယ္။ အန္တီ႐ိုစီ ဒီလို ၿပဳံးေနတာကို တစ္ခါမွ မျမင္ဖူးေသးဘူး။ အန္တီ႐ိုစီ့ မ်က္လုံးေလးေတြက သူ႔အသက္အ႐ြယ္နဲ႔
မလိုက္ေအာင္ ေတာက္ပ ႐ႊန္းလက္လို႔ ။ ေကာ္ဖီခြက္ကိုယူၿပီး အန္တီ႐ိုစီက ဇိမ္ဆြဲေသာက္တယ္။ ဆံပင္ျဖဴနဲ႔ အဘိုးအိုလည္း ေကာက္ဖီခြက္ကို ယူေသာက္ရင္း လွ်ာကို ႏႈတ္ခမ္းမွာ သပ္ၿပီး အရသာခံတယ္။
"ရွင္ အရင္က အတိုင္းပဲေနာ္ … အို အရာရာဟာလည္း အရင္အတိုင္းပါပဲ၊ မဟုတ္ဘူး လား၊ တို႔ ေတြ မေတြ႕ရတာ အရမ္းကို ၾကာၿပီေနာ္ …"
တိုးတိုးကေလး ေျပာတဲ့ အန္တီ႐ိုစီ့ စကားသံအဆုံးမွာ အဘိုးအိုရဲ႕ မ်က္လုံးေတြက စိမ္းလက္ စူးရွသြားတယ္။ ဝတ္ထားတဲ့ ဂ်ာကင္အေဟာင္းေအာက္ကို လက္ႏႈိက္ၿပီး တစ္စုံတစ္ခုကို ဆြဲထုတ္တယ္။ အန္တီ႐ိုစီ နဖူးကို ေထာက္တယ္။
က်ယ္ေလာင္တဲ့ အသံႏွင့္အတူ အန္တီ႐ိုဏီ့ ေခါင္းက အေနာက္ကို လန္က်သြားတယ္။ ၿငိမ္သက္သြားတဲ့ အခ်ိန္မွာ ေတာင္ အန္တီ႐ိုစီ့ မ်က္ႏွာေပၚက အၿပဳံးေရးေရးေလးက ေပ်ာက္မသြားေသးဘူး။ အန္တီ႐ိုစြ ထိုင္ေနက် ေနရာရဲ႕ ေက်ာဘက္က နံရံအျဖဴဟာ ခ်က္ခ်င္းကို နီရဲေစးပ်စ္တဲ့ အရည္ေတြ အေၾကာင္းလိုက္ စီးက်လာတယ္။ အေငြ႕အနည္းငယ္ ထြက္ေနဆဲ ေသနတ္ကို ကိုင္ထားတဲ့ အဘိုးအိုကေတာ့ ဆိုင္အေနာက္ကေန ေအာ္ဟစ္
ထြက္ေျပးလာတဲ့ အရပ္ရွည္ရွည္ အမ်ိဳးသမီးေလးကို သတိမထားမိလိုက္ပါဘူး။
***
၁၂။
ဓမၼဆရာ အငယ္ေလးရယ္၊ အရပ္ပ်ပ္ပ်ပ္ လူရယ္၊ အၿငိမ္းစား လူႀကီးရယ္ … ေနာက္ထပ္ အိမ္နီးခ်င္း တခ်ိဳ႕ရယ္ဟာ အရပ္ရွည္ရွည္ အမ်ိဳးသမီးေလးရဲ႕ ေအာ္သံေၾကာင့္ အန္တီ႐ိုစီ့ဆိုင္နားကို ေရာက္လာၾကတယ္။ ၿမိဳ႕ထဲက လူတခ်ိဳ႕လည္း ေသနတ္သံေၾကာင့္ လူစုၿပီး တဖြဲဖြဲနဲ႔ ေရာက္လာၾကၿပီး အန္တီ႐ိုစီ့ ဆိုင္ထဲမွာ ရွိေနတဲ့ ေသနတ္ပါတဲ့ အဘိုးအိုေၾကာင့္ ဆိုင္နားကို မကပ္ရဲၾကေသးခ်ိန္မွာ ေနာက္ထပ္
က်ယ္ေလာင္တဲ့ ေသနတ္သံ ထပ္ၿပီး ထြက္လာလို႔ ၿမိဳ႕ကေလးက လူေတြ အကုန္လုံး ေျမႀကီးေပၚကို ဝပ္ခ်လိုက္ၾကတယ္။ အဲဒီေနာက္ အခ်ိန္အေတာ္ၾကာတဲ့ အထိ အသံဗလံေတြ တိတ္ဆိတ္သြားလိုက္ပုံမ်ား … ရဲေတြ ေရာက္လာၾကတဲ့ အထိ။
ရဲေတြနဲ႔ အတူ အန္တီ႐ိုစီရဲ႕ ဆိုင္ထဲကို အရင္ ေရာက္လာသူက ႏြားၿခံပိုင္ရွင္ရဲ႕ ဇနီးပါပဲ။ နံရံျဖဴျဖဴမွာ စီးက်ေနတဲ့ ေသြးစီးေၾကာင္းရယ္၊ ၿပဳံးရိပ္ၿပဳံးေယာင္ မေပ်ာက္ေသးတဲ့ အန္တီ႐ိုစီ့ အေလာင္းရယ္၊ အန္တီ႐ိုစီ့လက္ကို တင္းတင္း ဆုပ္ကိုင္ရင္း ေသဆုံးေနတဲ့ ဆံပင္ျဖဴျဖဴ အဘိုးအိုရယ္ကို ေတြကရတယ္။ အဘိုးအိုရဲ႕ ဘယ္ဘက္ လက္သူႂကြယ္မွာ လည္း အန္တီ႐ိုစီနဲ႔ ဆင္တူ ေ႐ႊေမာင္းကြင္းကေလး
စြပ္လို႔ ။ အဘိုးအိုရဲ႕ ညာဘက္ လက္ထဲက ျပဳတ္က်သြားၿပီ ျဖစ္တဲ့ ေသနတ္ကိုေတာ့ ရဲအရာရွိေတြက ေကာက္သိမ္းသြားတယ္။ နံရံေပၚက ေသြးေတြၾကားမွာ ေနက္ထပ္ေသြးနဲ႔ စာတစ္ေၾကာင္း။ ႏြားပိုင္ရွင္ရဲ႕ ဇနီးက နံရံေပၚက စာေတြကို ဖတ္ဖို႔ အနားကို တိုးကပ္သြားေတာ့ ရဲအရာရွိက သူ႔ကို ေနာက္ဆုတ္ဖို႔ တားတယ္။ ဒါေပမဲ့ ႏြားၿခံပိုင္ရွင္ရဲ႕ မ်က္စိသိပ္လ်င္တဲ့ ဇနီးက နံရံေပၚက စာကို အျမန္
ဖတ္လိုက္ႏိုင္တယ္။
"ႏွစ္ေပါင္း ေလးဆယ္ေက်ာ္တဲ့ အထိပါပဲ … "တဲ့ ။
***
၁၃။
ၿမိဳ႕ကေလးက လူေတြဟာ တနဂၤေႏြေန႔ေတြရဲ႕ ညဘက္ကို ေရာက္တိုင္း အန္တီ႐ိုစီရဲ႕ မုန႔္ဆိုင္အေၾကာင္းကို ပေဟဠိဆန္တဲ့ ေျခာက္အိပ္မက္တစ္ခုလို ကေလးေတြကို အခုထက္ထိ ေျပာျပေလ့ ရွိေနၾကတုန္းပါပဲ။
***
မယ္လြင့္
Done
ReplyDeleteDone 💪
ReplyDeleteDone 5tin✊🤍
ReplyDeleteDone
ReplyDeleteIsn't it too good?
ReplyDeleteI can't describe how much I like this book.
I really wanna see Rosella, if I could.
Done
ReplyDelete