Malcolm X ဆိုတာဘယ်သူလဲ? (အပိုင်း ၁)
Malcolm Little ရဲ့ငယ်ဘဝ
တစ်ချိန် Malcolm X ဖြစ်လာမယ့် Malcolm little ဆိုတဲ့ကောင်လေးကို 1925 ခုနှစ်၊ အိုမာဟာပြည်နယ်၊ နက်ဘရာစကာမြို့မှာ မွေးဖွားခဲ့ပါတယ်။ Baptist ဘုန်းတော်ကြီး တစ်ဉီးဖြစ်တဲ့ ဖခင်ဖြစ်သူဟာ “အမေရိကန်လူမည်းတွေအနေနဲ့ ဘူမိနက်သန်ဖြစ်တဲ့ အာဖရိကကို ပြန်ပြီးအခြေချသင့်တယ်” ဆိုတဲ့ ဝါဒနဲ့ လူမည်းအခွင့်အရေးဟောပြောသူ တစ်ဉီးဖြစ်ပါတယ်။ အဲ့လိုဟောပြောချက်တွေကြောင့်လည်း Ku Klux Klan လို လူဖြူအစွန်းရောက်တွေရဲ့ အငြိုးထားခြင်းခံရပြီး 1931ခုနှစ် (Malcolm ၆ နှစ်သားအရွယ်) မှာတင် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။ မိခင်ဖြစ်သူကတော့ လူဖြူကျွန်ပိုင်ရှင်နဲ့ ကျွန်ဖြစ်သူတို့မှ မွေးဖွားလာသူဖြစ်ပြီး လူဖြူအသားအရောင်ရှိသူဖြစ်ပြီး သူ့အသားအရောင်ကို စက်ဆုပ်တတ်သူတစ်ဉီးဖြစ်ပါတယ်။ အဲ့တာကြောင့်လည်း မိခင်နဲ့တူပြီး အသားအရောင်ဖျော့တဲ့ Malcolm ဟာ ငယ်ငယ်ထဲက အမေဖြစ်သူရဲ့ Favourite child တစ်ဉီးမဟုတ်ခဲ့ပါဘူး။
ဖခင်ဖြစ်သူဟာ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပေမယ့် အာမခံကုမ္ပဏီက ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်မှုလို့ အမည်တပ်ပြီး အသက်အာမခံကြေးထုတ်မပေးခဲ့ပါဘူး။ လူမမည် ကလေး ၅ ယောက်နဲ့ မိခင်ဖြစ်သူဟာ ရုန်းကန်လှုပ်ရှားခဲ့ပေမယ့် တဖြည်းဖြည်းစိတ်အခြေအနေ ယိုင်နဲ့လာပြီး နောက်ဆုံး စိတ်ကျန်းမာရေးဆေးရုံကို ပို့ရတဲ့ အထိဖြစ်လာခဲ့ပါတယ်။ အုပ်ထိန်းသူမရှိတော့တဲ့ Malcolm တို့မောင်နှမ ၅ယောက်အနေနဲ့ မွေးစားအိမ်တွေကို တစ်ကွဲတစ်ပြားဆီသွားနေခဲ့ကြရပြီး မိသားစုလေး ဝါးအစည်းပြေခဲ့ရပါတယ်။
Malcolm ကိုတော့ အိမ်နားကမိသားစုတစ်စုက မွေးစားခဲ့ပြီး ပြုစုစောင့်ရှောက်ခဲ့ပါတယ်။ အသက် ၁၃ နှစ်မှာ ၁၂၆ ပေါင်ရှိနေပြီဖြစ်တဲ့ Malcolm အနေနဲ့ လက်ဝှေ့ထိုးခြင်းကို စိတ်ပါဝင်စားလာပြီး ကြိုးဝိုင်းထဲမှာ ပထဆုံးပါဝင်ထိုးသတ်ပါတယ်။ ဒါပေမယ့် ပွဲစစခြင်းမှာတင် အလဲထိုးခံရပြီး ရှုံးနိမ့်ခဲ့ပါတယ်။ နောက်နေ့မှာတော့ ဒဏ်ရာတွေကို ကွယ်ပြီး ဉီးထုတ်ကြီးဆောင်းလာပြီး ကျောင်းလာတက်ပါတယ်။ ဆရာက ဉီးထုတ်ချွတ်ခိုင်းတာကို မချွတ်တာကြောင့် အပြစ်ပေးတဲ့အနေနဲ့ ကျောင်းမဆင်းမချင်းအခန်းကိုပတ်ပြီး လမ်းလျှောက်ခိုင်းပါတော့တယ်။
လမ်းလျှောက်နေရင်း ဆရာထိုင်ခုံနားရောက်တဲ့ အခါ ပင်အပ်ကို ထောင်ပြီးထားခဲ့တာကြောင့် ဆရာစာသင်ပြီး ပြန်ထိုင်ချိန်မှာ ကြားရတဲ့ အော်သံနဲ့အတူ Malcolm ရဲ့ ကလေးဘဝပါလွင့်စင်ခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ ကျောင်းထုတ်ခံရတဲ့ အပြင် မွေးစားအိမ်ကနေတစ်ဆင့် လူငယ်ပြုပြင်ထိန်းသိမ်းရေးဂေဟာကိုပါ ပို့ခြင်းခံလိုက်ရပါတယ်။
အိမ်ကနေ ၁၂ မိုင်ဝေးတဲ့ မီချီဂန်မြို့ကို ရောက်လာခဲ့ပြီး လူဆိုးကလေးတွေကြားမှာ လိမ္မာသလိုဖြစ်နေတဲ့ Malcolm ကို ဂေဟာမှူးအဖွားကြီးက အထူးနှစ်သက်ပါတယ်။ ဒါ့အပြင်စာလည်းတော်တဲ့ Malcolm ဟာ အဆောင်ရဲ့ ပြယုဂ်လေးတစ်ခုလိုပါဖြစ်လာခဲ့ပါတယ်။ အဖွားကြီးအနေနဲ့ သူ့ကိုအလွန်နှစ်သက်ပေမယ့် ပြောဆိုဆက်ဆံတဲ့ နေရာမှာတော့ လူမည်းတွေကို နှိမ့်ချတဲ့ စကားလုံးဖြစ်တဲ့ “Nigger” ဆိုတဲ့ စကားလုံးနဲ့ခေါ်ဝေါ်ပြောဆိုတာကို Malcolm သတိထားမိခဲ့ပါတယ်။ သာမာန်အသုံးအနှုန်းတစ်ခုလိုပဲ “ Nigger လေးရေ…ဟိုနားလေး သန့်ရှင်းရေးလုပ်လိုက်ပါဉီး” ဆိုတဲ့ စကားတွေဟာ Malcolm နေ့စဉ်ကြားခဲ့ရတာဖြစ်ပါတယ်။
ဂေဟာကနေပဲ လူဖြူအထက်တန်းကျောင်းဖြစ်တဲ့ မေဆင်အလယ်တန်းကျောင်းကို တက်ရောက်သင်ကြားပါတယ်။ ဆရာကအစ ကျောင်းသားတွေအဆုံး Nigger ဆိုတဲ့စကားလုံးဖောဖောသီသီ အသုံးပြုကြပြီး တစ်ကျောင်းလုံးမှာ တစ်ဉီးတည်းသော လူမည်းဖြစ်တာကြောင့် ထူးခြားနေတဲ့သူဖြစ်နေတာလည်း ဖြစ်ပါတယ်။ ကျောင်းမှာ အင်္ဂလိပ်စာနဲ့ သမိုင်းတို့ကိုစိတ်ဝင်စားပြီး အငြင်းအခုံလုပ်လို့မရတဲ့ သင်္ချာကတော့ Malcolm အမုန်းဆုံးဘာသာဖြစ်ပါတယ်။ စာတော်ပြီး ထူးခြားနေတဲ့ Malcolm ဟာ ဒုတိယစာသင်နှစ်မှာ ကျောင်းသားခေါင်းဆောင်အဖြစ်ရွေးကောက်ခြင်းခံခဲ့ရပါတယ်။
ကျောင်းတက်နေရင်းနဲ့လည်း Part time အလုပ်အဖြစ် ပန်းကန်ဆေးတဲ့အလုပ်ကို လုပ်ကိုင်ပါသေးတယ်။ စာသင်နှစ်ပြီးချိန်မှာတော့ ဖခင်ဖြစ်သူရဲ့ အရင်အိမ်ထောင်က အစ်မကြီးဖြစ်သူ Ella ရှိရာ Boston ကိုသွားရောက်လည်ပတ်ပါတယ်။ အဲ့အလည်အပတ်အတွင်း မြို့ပြက လူမည်းတွေနေထိုင်ပုံတွေကြည့်ပြီး တစ်အံတစ်သြဖြစ်ခဲ့ရသလို အမြင်လည်းပိုကျယ်လာခဲ့ပါတယ်။ ဒီလိုနဲ့ အလယ်တန်းကျောင်းအပြီး အထက်တန်းကျောင်းတက်ရတော့မယ့် အချိန်မှာ Malcolm ရဲ့တစ်ဘဝလုံးကို တစ်ဆစ်ချိုးပြောင်းသွားစေမယ့် အဖြစ်အပျက်တစ်ခုဖြစ်လာခဲ့ပါတယ်။
အထက်တန်းတက်ရတော့မယ့် ကျောင်းသားတွေအတွက် အကြံပေးလိုဖြစ်တဲ့ အင်္ဂလိပ်စာဆရာက တစ်နေ့မှာ Malcolm ကို “ Malcolm…မင်းကြီးလာရင်ဘာအလုပ်လုပ်ချင်လဲ တွေးကြည့်ပြီးပြီလား” လို့မေးခဲ့ပါတယ်။
“ဟုတ်ကဲ့ဆရာ...ကျွန်တော် ရှေ့နေလုပ်ဖို့တော့စဉ်းစားထားတယ်”။ အဲ့အချိန်မှာတုန်းက Malcolm ကြီးပျင်းလာတဲ့ နေရာမှာ နီဂရိုးရှေ့နေ၊ နီဂရိုးဆရာဝန်မရှိပါဘူး။ ဆရာဖြစ်သူအနေနဲ့ အပြုံးတစ်ဝက်နဲ့ပဲ
“ လူတစ်ယောက်ရဲ့ဘဝမှာ ပထမဆုံးလိုအပ်တာက လက်တွေ့ကျဖို့ပဲ Malcolm…မင်းက Nigger တစ်ယောက်ဖြစ်တယ်ဆိုတာကို မင်းလက်ခံဖို့လိုတယ်၊ ရှေ့နေ_ဆိုတာက nigger တစ်ယောက်အတွက် လက်တွေ့ကျတဲ့ရည်မှန်းချက်မဟုတ်ဘူး...ဖြစ်နိုင်တာကိုပဲ မင်းတွေးဖို့လိုတယ်။ မင်းကမင်းလက်တွေနဲ့ ပစ္စည်းတွေလုပ်တဲ့နေရာမှာ တော်တာပဲ…မင်းလက်သမားတစ်ယောက်မဖြစ်ချင်ဘူးလား”
သူ့လောက်စာမတော်သူတွေကိုတော့ ဆရာဝန်တွေ၊ Nurse တွေ လုပ်ဖို့ ဆရာကအကြံပေးခဲ့တာကို ပြန်ကြားလိုက်ရတဲ့အချိန်မှာ Malcolm အနေနဲ့ ငါ့အနေနဲ့ ဘယ်လောက်တော်တော် လူမည်းဖြစ်နေတာနဲ့ပဲ လူဖြူတွေနဲ့ တန်းတူမဖြစ်ပါလား ဆိုတာကို တအံ့တသြ သဘောပေါက်လာခဲ့ပါတယ်။ အဲ့အချိန်ကစပြီး Malcolm ဟာ ဆရာတွေရော၊ အတန်းသားတွေနဲ့ရော အားလုံးနဲ့ ခပ်တန်းတန်းဖြစ်လာပါတော့တယ်။

အပိုင်း ၂ ဖတ်ရန်- https://ouo.io/rWuzIG
Clicked
ReplyDelete“ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”
ReplyDelete*** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***
Done 💪
ReplyDeleteDone ✅
ReplyDeleteDone#
ReplyDeleteDone🐬
ReplyDeleteDone 🤍
ReplyDeleteDone
ReplyDeleteကလစ်စရာတွေများ နေတော့ အချိန် မရဘူး ကွယ်။
ReplyDelete