Malcolm X ဆိုတာဘယ်သူလဲ?(အပိုင်း ၂)
အိမ်ပြန်ရောက်လာတဲ့ Malcolm
ပြုပြင်ရေးစင်တာကနေ အလယ်တန်းပြီးဆုံးသွားတဲ့ Malcolm ဟာ အထက်တန်းကို ဆက်မတက်တော့ပဲ Ella ရှိရာ Boston ကိုပြောင်းရွှေ့ပြီး အလုပ်လုပ်ဖို့သာဆုံးဖြတ်ခဲ့ပါတယ်။ Malcolm ဖြတ်သန်းမယ့် လူငယ်ဘဝစတင်တဲ့နေရာလည်းဖြစ်ပါတယ်။ Ella ကအလျင်စလိုအလုပ်မရှာပဲ ခနအချိန်ယူဖို့ပြောတာကြောင့် Malcolm တစ်ယောက် Boston တစ်မြို့လုံးကို လှည့်ပတ်လေ့လာပါတော့တယ်။ ဟားဗတ်နဲ့ ကမ်းဘရစ်ချ် တက္ကသိုလ် ပရဝုဏ်တွေကို သွားရောက်လည်ပတ်နေခဲ့တဲ့ Malcolm တစ်ချိန်ဒီနေရာမှာ မိန့်ခွန်းတွေပြောနေခဲ့ရမယ်လို့ တွေးမိခဲ့မှာမဟုတ်ပါဘူး။
Ella တို့နေတဲ့နေရာတစ်ဝိုက်မှာ လူဖြူသူဌေးတွေဆီမှာ အစေခံလုပ်ပြီး ရက်ကွက်ထဲမှာတော့ သူဌေးစတိုင်နဲ့ နေကြတဲ့ လူမည်းတွေနေထိုင်ရာ တောင်ကုန်းနဲ့ ဆင်းရဲသားလူမည်းတွေ သီးသန့်နေထိုင်တဲ့ Getto (ဂတ်တို) ဆိုပြီး ၂ပိုင်းရှိပါတယ်။ Ella အနေနဲ့ Malcolm ကို တောင်ကုန်းပေါ်က လူငယ်တွေနဲ့ပဲပေါင်းသင်းစေချင်ပေမယ့် ဂတ်တိုကသာ Malcolm ပျော်မွေ့ရာ ဗိမာန်ဖြစ်လာခဲ့ပါတယ်။
စိတ်လှုပ်ရှားစရာတွေ၊ ဒုစရိုက်တွေထဲကျင်လည်နေတဲ့ Malcolm အတွက်နောက်ဆိုးဖော်ဆိုးဖက်ဖြစ်လာမယ့် Shorty နဲ့ ဂတ်တိုထဲတွေ့ပြီး ဂတ်တိုထဲကလူတွေဘဝထဲကို ထဲထဲဝင်ဝင် ဝင်ရောက်လာခဲ့ပါတယ်။ လူမည်း ဗန်းစကားတွေပိုင်ပိုင်နိုင်နိုင်ပြောတတ်လာတဲ့ အရပ်ရှည်ရှည်လူကောင်ထွားထွား Malcom ပထမဆုံးအလုပ်ကတော့ အကခန်းမရှေ့မှာ ဖိနပ်တိုက်တာဖြစ်ပါတယ်။
ဖိနပ်တိုက်တဲ့ အလုပ်ဆိုပေမယ့် နောက်ထပ်ဝင်ငွေကောင်းတဲ့ ကြားပေါက်တွေလည်းရှိပါသေးတယ်။ အိမ်သာကထွက်လာတဲ့သူတွေကို ပဝါကမ်းပေးတာ၊ အတွဲတွေကို ကွန်ဒုံးရောင်းပေးတာ စတာတွေအပြင် ကပွဲလာတဲ့သူတွေကို အရက်ရောင်းပေးတာ၊ မူးယစ်ဆေးပါတဲ့ဆေးလိပ် (reefer) တွေရောင်းပေးတာအထိ အဆင့်တက်လာတဲ့အခါ Malcolm တစ်ယောက် အတော်လေးဝင်ငွေကောင်းလာခဲ့ပါတယ်။
အနီရောင်ဆံပင်နဲ့ “Red” လို့ ခေါ်ကြတဲ့ Malcolm အတွက် ဂတ်တိုထဲကပြောင်းလဲပေးလိုက်တဲ့ ပုံစံထဲမှာ Conking ကလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ Conking ဆိုတာကတော့ နီဂရိုးတွေအနေနဲ့ သူတို့ရဲ့ မွေးရာပါဆံပင်ပုံစံကို လူဖြူဆံပင်လို့ ကြော့ကော့နေအောင်ပုံသွင်းတာကိုခေါ်တာပါ။ အဲ့လိုပုံသွင်းဖို့အတွက် Lye လို့ခေါ်တဲ့ sodium hydroxide ကိုသုံးရပြီး ဉီးရေပြားကို အနာခံပြီး ပုံသွင်းရတာဖြစ်ပါတယ်။ လူဖြူတစ်ယောက်ရဲ့ အသွင်နဲ့တူဖို့ ကိုယ့်အသားကို အနာခံပြီး တုပကြတာလည်းဖြစ်ပါတယ်။
| Conking ပြုလုပ်ထားသောဆံပင်ပုံစံ |
အဲ့လိုနဲ့ အကခန်းမှာ အကတော်တဲ့ နီဂရိုးမလေး Laura ဟာ Malcolm ရဲ့ First date ဖြစ်လာခဲ့ပါတယ်။ Laura ဟာ စာတော်ပြီး အဖွားဖြစ်သူရဲ့ တင်းကြပ်တဲ့ အုပ်ထိန်းမှုကြားနေရသူဖြစ်ပါတယ်။ အကရူးသွတ်တဲ့ Malcolm နဲ့တူတူ ညဘက်တွေမှာ ကခန်းမ သွားကြတဲ့အခါ သူတို့ ၂ယောက်က အထင်ပေါ်ဆုံးသူတွေလည်း ဖြစ်ကြပါတယ်။ ဒါပေမယ့် ဆံပင်ရွှေရောင် မျက်နှာဖြူမလေးဖြစ်တဲ့ Sophia ပေါ်လာချိန်မှာတော့ Laura တစ်ယောက် Malcolm ရဲ့ စွန့်ပစ်ခြင်းကိုခံခဲ့ရပါတယ်။
အဲ့အချိန်ကာလက မျက်နှာဖြူမိန်းကလေးတစ်ချို့က လိင်စိတ်အာသာပြေဖို့အတွက် နီဂရိုးတွေကိုရွေးချယ်လေ့ရှိပြီး ဂက်တိုတွေရဲ့ လူမည်းအကခန်းမတွေကို လာလေ့ရှိပါတယ်။ လူမည်းတွေနဲ့ ကပွဲအတွင်းတွဲခုတ် လိင်ဆက်ဆံပြီးတာနဲ့ သက်ဆိုင်ရာနေရာကိုပြန်ကြသူတွေဖြစ်ပြီး အတည်တွဲလေ့တော့ မရှိကြပါဘူး။
အဆိုပါမိန်းကလေးတွေထဲမှ တစ်ဦးဖြစ်တဲ့ Sophia က Malcolm ကိုမျက်စိကျသွားချိန်မှာတော့ Malcolm အနေနဲ့လည်း Laura ကိုပစ်ပြီး Sophia နောက်ကိုသာ ကောက်ကောက်ပါအောင်လိုက်ပါတော့တယ်။ မျက်နှာဖြူမိန်းကလေးနဲ့ တွဲသွားရတာကိုက နီဂရိုးတွေအတွက် ဂုဏ်ယူဖွယ်ကောင်းနေတဲ့ အချိန်ကာလလည်းဖြစ်ပါတယ်။ နောက်ပိုင်းမှာ Laura လည်း အဖွားဆီကနေခွဲထွက်ပြီး Malcolm လိုလမ်းပေါ်ဘဝကို ရောက်ခဲ့ပြီး အဆိုပါကိစ္စအတွက် Laura ကို အားနာမိတယ်လို့နောက်ပိုင်းမှာ ပြောခဲ့ပါတယ်။
ပုလဲဆိပ်ကမ်းကို ဂျပန်က ဗုံးကြဲပြီ
ဒုတိယကမ္ဘာစစ်အတွင်း အသက် ၁၆ နှစ်သာရှိသေးတဲ့ Malcolm အနေနဲ့ တပ်ထဲမဝင်ရသေးတဲ့အချိန် ရထားပေါ်မှာ sandwich ရောင်းတဲ့ကောင်လေးအဖြစ် အလုပ်ရခဲ့ပြန်ပါတယ်။ အကင်းပါးတဲ့ Malcolm ဟာ ဘယ်လိုလူကိုဘယ်လိုရောင်းရမလဲ အထာနပ်တာကြောင့် sandwich အများအပြားရောင်းရပါတယ်။ ရထားအခမဲ့စီးခွင့်ရတာကြောင့် နေရာအနှံ့ရောက်ပြီး မူးယစ်ဆေးရဲ့ အရက်ကလည်း Malcolm နဲ့အမြဲ တတွဲတွဲပါပဲ။ အရာရှိဖြစ်သူက Malcolm ကိုနှစ်သက်ပေမယ့် နောက်ဆုံး ခရီးသည်တွေရဲ့ တိုင်ချက်တွေအများအပြားရရှိလာတာကြောင့် ရထားတွဲကနေလည်း အလုပ်ထုတ်ခံရပြီး အရက်သောက်နေကျ Small’s Paradise ဆိုတဲ့ ဘားမှာ စားပွဲထိုးဖြစ်လာပြန်ပါတယ်။ ဘားကိုလာသမျှ ပြည့်တန်စာခေါင်းတွေ၊ လူလိမ်တွေ၊ ဆေးသမားတွေ၊ သူခိုးဓါးပြတွေရဲ့ စကားလုံးတွေကနေ တစ်ဆင့် Malcolm တစ်ယောက် ခိုးဆိုးလုနှိုက်ပညာတွေ တဖြည်းဖြည်းတိုးလာခဲ့ပါတယ်။ထောင်နှုတ်ခမ်းဝက Malcolm
| Harlem က Malcolm အမှတ်တရလမ်း |
17 နှစ်အရွယ် Malcolm အတွက် နောက်ထပ်အလုပ်ကတော့ reefer လို့ခေါ်တဲ့ “အတိုင်” တွေရောင်းတာဖြစ်ပါတယ်။ အကခန်းမမှာဖိနပ်တိုက်ရင်ရော၊ ရထားပေါ်မှာ စားပွဲထိုးလုပ်ရင်း ရလာခဲ့တဲ့ အသိတွေဖြစ်တဲ့ လူမည်းအနုပညာရှင်တွေကို အဓိကထားရောင်းတာဖြစ်ပါတယ်။ ၁၇ နှစ်သားတစ်ယောက်အတွက် မထင်မှတ်ထားလောက်အောင်ကောင်းတဲ့ ဝင်ငွေနဲ့ Malcolm တစ်ယောက် ဒုစရိုက်လောကထဲ စတင်ဝင်ရောက်ပါတော့တယ်။ တစ်ချိန်လုံး High နေတဲ့ Malcolm နဲ့ သူ့လုပ်ငန်းကို ရဲတွေကလည်း သတိထားလာမိလာတဲ့အပြင် ၁၈ နှစ်ပြည့်တော့မယ့် Malcolm အတွက် စစ်မှုထမ်းဖို့ကိုလည်း စုံထောက်တွေက စောင့်ကြည့်နေပါသေးတယ်။
နောက်ဆုံးစစ်ထဲဝင်ဖို့ ဆေးစစ်ရမယ့်ရက်ရောက်လာပါတယ်။ လူဖြူတွေအကျိုးအတွက် အသက်အသေခံမတိုက်ချင်ကြတဲ့ နီဂရိုးများစုနည်းတူ Malcolm လည်း အရွေးမခံရဖို့ အစွမ်းကုန်အားထုတ်ပါတယ်။ ဆရာဝန်ကို အနောက်ကပတ်၊ အရှေ့ကကြည့်၊ တံခါးတွေဖွင့်လိုက်၊ ဗီဒိုတွေထဲဝင်လိုက် ပေါက်ကရတွေပြောနေတဲ့ Malcolm ကို စစ်တပ်က နောက်ထပ်လှည့်မကြည့်ပဲ လွတ်ငြိမ်းခွင့်ပေးလိုက်ပါတယ်။
မူးယစ်စုံထောက်တွေရဲ့ အထူးစောင့်ကြည့်ခြင်းခံလာရတာကြောင့် reefer တွေရောင်းမရတော့တဲ့ Malcolm တစ်ယောက် ကိုယ်တိုင်ကလည်းဆေးမပြတ်သုံးနေဖို့ လိုအပ်တာကြောင့် နောက်ထပ်ဒုစရိုက်အလုပ်တွေ ရှာဖွေရပါတော့တယ်။ ဘယ်လောက်ပဲထူးချွန်နေတဲ့သူဖြစ်ပါစေ စနစ်ကမောင်းထုတ်လိုက်တာကြောင့် လမ်းပေါ်ရောက်သွားကြရတဲ့ Malcolm လို နီဂရိုးလူငယ်တွေ ထိုအချိန်က ထုနဲ့ဒေးပါပဲ။
ဆိုးဖော်ဖြစ်တဲ့ Shorty နဲ့အတူ ဓါးပြမှုသေးသေးလေးတွေစပြီး ကျူးလွန်ပါတယ်။ သေနတ် ၃လက်နဲ့ ကိုကိန်းရှူပြီး တစ်ချိန်လုံးမူးယစ်နေတဲ့ Malcolm ဟာ လင်ရှိမယားဖြစ်တဲ့ Sophia နဲ့လည်းတွဲခုတ်နေတုန်းပါပဲ။ တစ်ချိန်လုံး High နေဖို့ ငွေကလိုအပ်နေတာကြောင့် ပိုကြီးတဲ့လုပ်ငန်းတစ်ခုကြံစည်ကြပါတော့တယ်။ “အိမ်ဖောက်”တာဖြစ်ပါတယ်။ ထောင်နှုတ်ခမ်းပါးပေါ်က Malcolm တွင်းထဲလုံးဝကျစေတဲ့ ခြေလှမ်းတစ်ခုလို့ ပြောရင်လည်းမမှားပါဘူး။
အိမ်ဖောက်မယ့် Malcolm ရဲ့အဖွဲ့ထဲမှာ Shorty, လူဖြူတွေရဲ့ sex slave အဖြစ်လုပ်ကိုင်တဲ့ Judy, Malcolm ရဲ့အဆက် Sophia နဲ့သူ့ညီမတို့ပါဝင်ပါတယ်။ လူဖြူသူဠေးတွေအိမ်ကို ခနခနဝင်ထွက်ဖူးတဲ့ Judy ဟာ သတင်းအချက်အလက်တွေအကောင်းဆုံးရနိုင်တဲ့ သူဖြစ်ပါတယ်။ Sophia နဲ့ သူ့ညီမကတော့ လူဖြူတွေဖြစ်တာကြောင့် ဘယ်အိမ်ကိုမဆိုဝင်ထွက်နိုင်တဲ့သူဖြစ်ပြီး အရောင်းစာရေးမဟန်ဆောင်ကာ အိမ်တွေထဲကို ဝင်ရောက်လေ့လာတာပဲဖြစ်ပါတယ်။ အိမ်အခြေအနေကို အသေးစိတ်လေ့လာပြီး ညဘက်မှလှုပ်ရှားကြပါတယ်။
ပထမဆုံးအိမ်အဖြစ်ကတော့ Judy အလုပ်လုပ်ဖူးတဲ့ သူဠေးကြီးအိမ်ဖြစ်ပါတယ်။ ညဘက်ခိုးပြီးရလာတဲ့ပစ္စည်းတွေကို ဂိုထောင်တစ်ခုဆီပို့ထားလိုက်ပါတယ်။ အဲ့ဂိုထောင်ကိုမှ မှောင်ခိုသမားက လာကြည့်ပြီး သူခိုးစျေးနဲ့ ပစ္စည်းဖိုးပြန်ချေတာဖြစ်ပါတယ်။ ပိုက်ဆံရလိုက်၊ သုံးဖြုန်းလိုက်၊ ကုန်သွားလိုက်၊ ပြန်ခိုင်းလိုက်နဲ့ပဲ Malcolm တို့တစ်သိုက် လှုပ်ရှားနေလိုက်တာဟာ ထောင်ထဲမရောက်ခင်အထိပါပဲ။
ခိုးထားတဲ့ ပစ္စည်းတွေထဲကမှ စျေးကြီးတဲ့ နာရီတစ်လုံးကို သူဝတ်ဖို့ယူထားလိုက်ပါတယ်။ အဲ့နာရီဟာ အလွန်တန်ဖိုးကြီးတာကြောင့် သူဠေးဖြစ်သူက အခိုးခံရတာကို နာရီဆိုင်တိုင်းကသိထားပြီးဖြစ်ပါတယ်။ အဲ့တာကိုမသိပဲ နာရီကိုသွားပြင်ဖို့ကြိုးစားတဲ့ Malcolm တစ်ယောက် ခိုးရာပါပစ္စည်းနဲ့ လက်ပူးလက်ကြပ်ပဲ အဖမ်းခံရပါတော့တယ်။ အဖမ်းခံရချိန် သေနတ်ပါပေမယ့်လည်း ရဲကိုမပစ်လိုက်တာက Malcolm ကံကောင်းသွားစေတဲ့ အချက်တစ်ချက်လဲဖြစ်ပါတယ်။ မိန်းကလေး ၂ ယောက်အနေနဲ့ ထောင်ဒဏ် ၁-၅ နှစ် ကျခံရပြီး Malcolm နဲ့ Shorty ကတော့ ၈-၁၀ နှစ်ကျခံရပါတယ်။
အပိုင်း ၃ဖတ်ရန်- https://ouo.io/FpRy89
ဒီလိုအမှောင်လောကထဲက Malcolm တစ်ယောက်ကို ဘယ်အရာတွေက ပြောင်းလဲပေးလိုက်သလဲ ဆိုတာကို မနက်ဖြန်ရေးပြီးတင်ပေးပါမယ်ဗျ။ stay tuned ပါ။
Clicked
ReplyDeleteအရမ်းစိတ်ဝင်စားဖို့ ကောင်းတယ် adminရေ။ တင်ပေးလို့ကျေးဇူးပါ။ အပိုင်းသစ်ကို မျှော်နေပါပြီ။
ReplyDeleteDone 💪
ReplyDeleteCan't wait to read part3
ReplyDeleteDone ✅
ReplyDeleteInteresting biography☺️
Done#
ReplyDeleteသာဓုပါ🐬
DeleteDone 🤍
ReplyDeleteDone
ReplyDelete