AVA 1740s (S2) (အခန်း 24)

AVA 1740s (Season 2)

                                                                       အခန်း(၂၄)

                                                             .......................................................

၁၇၄၇ နိုဝင်ဘာလ။

မတ္တရာမြို့ တံခါးသည် ဟောင်းလောင်းပွင့်လျက်။

အင်းဝသို့ အခွန်မဆက်၊ စစ်မှုထမ်းမလိုက်ကြသော မတ္တရာ၊ အုတ်ဖိုသားတို့အား ချေမှုန်းရန်အတွက် အင်းဝမြင်းတပ်ကြီး ချီတက်လာပြီဆိုသည့်သတင်းကြောင့် မြို့အား လူသူတို့ စွန့်ခွာသွားကြပြီဖြစ်သည်။

မြောက်နန်းမိဖုရားအမှုထမ်း၊ ဗိုလ်မင်းနန္ဒဝေ ဉီးဆောင်သည့် လင်ဇင်းမြင်းတပ်ကြီးသည် တိတ်ဆိတ်နေသော မတ္တရာမြို့တွင်းသို့ ချက်ချင်းမဝင်ကြသေး။

ခေတ္တမျှ အခြေအနေကို အကဲခတ်နေသည်။

“သွေးသောက်ကြီး ငစံညို...ခင်ဗျား တပ်က အရင်အထဲဝင်ကြည့်ပါ....သင်းတို့ ပရိယာယ်လည်းဖြစ်နိုင်တယ်”

သွေးသောက်ကြီးငညို ၏ (၅၆)ဉီးပါသော တပ်စု က လွှားများကို ဘေးပတ်ပတ်လည်ကာရံလိုက်ကြပြီး..မတ္တရာမြို့တွင်းသို့ ဝင်သွားကြသည်။

“တစ်မြို့လုံးလူမရှိတော့ဘူး..မြိုု့ကိုစွန့်ခွာ.. ထွက်သွားကြပုံပဲ..ဗိုလ်မင်း”

ထိုအခါမှ ဗိုလ်မင်းနန္ဒဝေ က တပ်များကို အချက်ပြလိုက်သည်။

“တစ်မြို့လုံး အနှံ့ရှာ...ရိက္ခာ ၊ လက်နက် ရရာသိမ်း..လူဆိုရင် အရှင်မထားနဲ့...ပြီးရင်..တစ်မြို့လုံး မီးတိုက်ပစ်ခဲ့ကွာ..ဒီလောက်ဖြစ်တဲ့ဟာတွေ...အုတ်ဖိုတောင်ခြေတောတန်းတွေဘက်ထိ လိုက်ရှာတိုက်မယ်ဟေ့”

နှစ်နာရီကျော်ခန့်ကြာပြီးသည့်နောက် မတ္တရာမြို့ငယ်လေးမှာ ကြီးမားသော မီးတောက်ကြီးများကြား  လောင်ကျွမ်း ကျန်ရစ်တော့သည်။

နန္ဒဝေ၏ တပ်များသည် မတ္တရာမှတဆင့်  ချောင်းမြောင်းများကို ဖြတ်ကျော်လာခဲ့သည်။

 နောက်တစ်နေ့ နေဝင်ခါစအချိန်တွင် အုတ်ဖိုတောင်ခြေဆီသို့ စတင်ဝင်ရောက်လာပြီဖြစ်သည်။

တောတန်းမြင့်မြင့်များအလယ်မှ လမ်းကျဉ်းကလေးတွင် မြင်းစစ်သည် ငါးရာပါသော တပ်ကြီးသည် မီးတုတ်များ ထွန်းညှိလိုက်ကြသည်။

မကြာမီ ကွေ့ရွာများဆီသို့ ရောက်ကြတော့မည်ဖြစ်သည်။

“အရမ်းကြီး မမှောင်ခင်...ရွာတစ်ရွာကို မြန်မြန်ရောက်မှဖြစ်မယ်...အဲ့ဒီရောက်မှ ညစာစားကြတာပေါ့.ခပ်သွက်သွက်သွားဖို့ သက်ဆိုင်ရာဗိုလ်တွေကို အဆင့်ဆင့်ပြောလိုက်ကြဟေ့”

တပ်ဉီးမှ နန္ဒဝေက သူ့လက်ရုံးသွေးသောက်ကြီးကို ပြောလိုက်သည်။

အမှောင်ထုနှင့်အတူ တောရိုင်းတိရိစ္ဆာန်အချို့၏ အသံများလည်း ကြားနေရသည်။

ထိုအသံများကြားထဲမှ ကန်းပုလွေသံ သဲ့သဲ့ကိုမူ အင်းဝတပ်များ သတိမထားမိကြ။

“ဗိုလ်မင်း...ရှေ့မှာ သစ်လုံးတွေ ခုတ်လှဲထားပါတယ်..သွားဖို့ ခက်လိမ့်မယ်”

ရှေ့ပြေးတပ်မှ သတင်းရောက်လာသည်။

“ဘယ်လိုဖြစ်တာလဲ..ငါကိုယ်တိုင်လာကြည့်မယ်”

နန္ဒဝေက မြင်းဇက်ကြိုးကို တင်းလိုက်ပြီး ရှေ့သို့ ခပ်သွက်သွက်သွားသည်။

“ဖောက်..ဖောက်..ဖောက်..ဖောက်”

ဘေးပတ်လည် တောင်နံရံများဆီမှ ဒူးလေးမြှားတံများက မိုးရွာသကဲ့သို့ အဆက်မပြတ်ကျလာ၏။

အင်းဝစစ်သားအချို့မှာ မြင်းပေါ်မှ ပြုတ်ကျကုန်ကြသည်။ မြင်းအချို့မှာ မြှားမှန်ကာ လဲကျကုန်သည်။

“ရန်သူဟေ့..ရန်သူ”

မောင်းသံများ ပေးကာ တပ်လှန့်လိုက်ကြ၏။

သေနတ်ကိုင်တပ်သားများက ဘေးပတ်လည်အမှောင်ထဲသို့ သေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်ကြသည်။

နန္ဒဝေသည် ဓါးရှည်ကို ထုတ်ပြီးမြင်းပေါ်မှ ဆင်းကာ တောင်နံရံတွင် ကပ်နေလိုက်၏။

သေနတ်သံများ၊ အော်ဟစ်သံများ သုံးမိနစ်ခန့်ကြာပြီးနောက် တောသည် ပြန်လည်တိတ်ဆိတ်သွားသည်။

ပတ်ပတ်လည်တွင် အင်းဝစစ်သည်တို့၏ အလောင်းတစ်ချို့၊ လဲကျနေသော မြင်းများ၊ ဒဏ်ရာဖြင့် ညည်းညူနေသူများသာကျန်ရစ်သည်။

“မီးတုတ်တွေ..အကုန်သတ်ထားဟေ့...မီးတုတ်တွေ”

နန္ဒဝေက အော်ဟစ်အမိန့်ပေးလိုက်၏။

တပ်တန်းကြီးတစ်ခုလုံးမှ မီးများသည် တမုဟုတ်ချင်း ငြိမ်းသွား၏။

လဆန်းရက်ဆိုသော်လည်း တောကားနက်လွန်သဖြင့် လရောင်ကို မမြင်ကြရ။

ရန်သူသည် မည်သည့်အရပ်က မည်သို့ ထွက်ပေါ်လာနေသည်ကို ယခုတိုင်သူတို့ ခန့်မှန်းမရသေး။

အားလုံး တိတ်ဆိတ်နေကြသည်။ နန္ဒဝေထံမှ မည်သည့်အမိန့်မှ မရကြသဖြင့် ငြိမ်နေကြခြင်းလည်းဖြစ်သည်။

ဗိုလ်မင်းနန္ဒဝေမှာလည်း မည်သို့ အမိန့်ပေးရမည်မှန်းမသိပဲ အကြပ်ရိုက်နေသည်။

ထိုအချိန်တွင် နောက်ထပ် ကန်းပုလွေသံ ထပ်ပေါ်လာ၏။ ဟိုမှဒီ ပုလွေသံများက တောအနှံညံလာသည်။

သာယာသောပုလွေသံသည် အမှောင်ထဲတွင် ပိတ်မိနေသော အင်းဝစစ်သားများအတွက် ထိတ်လန့်ခြောက်ခြားဖွယ်ရာဖြစ်လာသည်။

“သူတို့ ပြန်တိုက်တော့မယ်..အားလုံး အသင့်ပြင်ထား”

နန္ဒဝေ၏ အမိန့်သံ။

အသင့်ပြင်ထားဟု ဆိုသော်လည်း ရန်သူသည် မည်သည့်အရပ်က လာမည်မှန်းသူတို့မသိကြ။

“ဟီး..ဟီး”

ရုတ်တရက် မြင်းတစ်ကောင်က ထ ဟီလိုက်သည်။

ပွဲညက်သုတ်လိမ်းကာ မီးရှို့လိုက်သော သစ်တုံးကြီးများက ကုန်းမြင့်များပေါ်မှ လိမ့်ဆင်းလာကြ၏။

အချို့မှာ သစ်တုံးပိကာ မီးလောင်ကုန်ကြသည်။ စစ်မြင်းများမှာ ယမ်းသံ၊ လူသံများကို မကြောက်စေရန် လေ့ကျင့်ပေးထားသော်လည်း မီးတောက်များ သူတို့ခြေရင်းရောက်လာသည့်အခါ ကြောက်လန့်တကြား ပြေးကြ၏။

တူမီးသေနတ်သံများ၊ ဒူးလေးများ၊ အရှိန်ဖြင့် ပစ်လိုက်သော ဝါးချွန်များက အမှောင်ထဲမှ တဖွဲဖွဲ ထွက်ပေါ်လာပြန်သည်။

အင်းဝတပ်များမှာ မီးအလင်းရောင်အောက်တွင် ဖရိုဖရဲ ကျဆုံးကုန်ကြ၏။

“ဆုတ်..ဆုတ်...အားလုံး ဆုတ်ကြ”

နန္ဒဝေကိုယ်တိုင်လည်း မြင်းပေါ်သို့ ခုန်တက်လိုက်သည်။

ကာကိုင်အဖွဲ့က သူ၏ မြင်းဘေးမှ ရံလိုက်ပြီး ဘေးပတ်လည်တွင် ဒိုင်းကာများဖြင့် ကာလိုက်ကြ၏။

ထို့နောက် မြင်းများကို ဒုံးစိုင်းကာ လာရာလမ်းအတိုင်း အပြင်းနှင်ထွက်ကြသည်။

ခဏအကြာတွင် အသံများ ပြန်လည်တိတ်ဆိတ်သွားကြပြန်၏။

ယခုအချိန်အထိ ရန်သူကို မမြင်ရသေးသော အင်းဝစစ်သည်များမှာ လာရာလမ်းဆီသို့ အလုအယက်ပြေးသွားကြသည်။

မီးလောင်နေသော သစ်တုံးများ၊ သေဆုံးနေသောစစ်သည်များ၊ မြင်းများ၊ ဒဏ်ရာပြင်းထန်သဖြင့် ကျန်ရစ်ခဲ့သူများ သာ ရှိတော့သည်။

သွေးသောက်ကြီးငစံညိုမှာ ပေါင်ရင်းတွင် ဖောက်ဝင်သွားသော ဝါးချွန်ကို ဆုတ်ကိုင်ရင်း တွားသွားနေ၏။

နွားသားရည်ကို ကြိမ်ဖြင့် ကွပ်ထားသည့် ဖိနပ်တစ်စုံက သူ့မျက်စိရှေ့တည့်တည့်သို့ လာရပ်သည်။

ခြေချင်းဝတ်တွင် အညိုရောင်အနာရွတ်များရှိသည်မှအပ ဝင်းမွတ်လှပသည့် ခြေသလုံးကို ငညိုစံ သေချာကြည့်နေ၏။

“ရှင်...အတော်ကံကောင်းတာပဲ”

အသံရှင်ကို ငညိုစံ မော့ကြည့်လိုက်သည်။

အသက်(၃၀)ကျော်အရွယ် အမျိုးသမီးတစ်ဉီး။ ကွေ့လူမျိုးတို့၏ ရိုးရာအနက်ရောင်ဝတ်စုံနှင့်။ ဒူးလေးကို ထမ်းထားသည်။

အသားမဲမဲ၊ ဗလတောင့်တောင့်နှင့် လူတစ်ဉီးက သူမနဘေးနား လာရပ်သည်။

ထို့နောက် ငညိုစံ ၏ လက်မောင်းကို လှန်ကြည့်၏။ နောက် ခါးကို လှန်ကြည့်ပြန်သည်။

အနောက်ဘက်ခါးတွင် မင်သေ့ထိုးထားသည့် အနက်ရောင်မြင်းရုပ်ကို မြင်လိုက်ရသည်။

“လင်ဇင်းမြင်းစု၊ သွေးသောက်လပ်မြင်းတပ်ခွဲကပဲ”

ငနက်သည် အင်းဝမြင်းတပ်တွင် တာဝန်ထမ်းဆောင်ဖူးသူမို့ ဆေးတော်ရုပ်များကို ကြည့်ပြီး မည်သည့်တပ်ဆိုသည်ကို ခွဲခြားတတ်နေသည်။

“ငနက်..အဲ့ဒါတွေ နောက်မှ ကြည့်ဟေ့..ဒဏ်ရာအရမ်းပြင်းတဲ့လူတွေကို သတ်ခဲ့လိုက်၊ ဒဏ်ရာနည်းတဲ့သူတွေကိုတော့ ထမ်းစင်နဲ့ခေါ်ခဲ့”

“အကုန်သတ်ခဲ့တာ ကောင်းမယ်ထင်တယ်..သခင်မနားလဲ”

“သူတို့ကို သစ္စာပေးရမယ်..ပြီးရင် သူတို့ဆီက အင်းဝတပ်တွေရဲ့ အနေအထားတွေ၊ တပ်ဖွဲ့ပုံတွေ သိရသလောက် ယူရဉီးမယ်....မသတ်နဲ့..ဒါ ငါ့အမိန့်”

ငနက်က ခေါင်းညိတ်လျက် ဝါးထမ်းစင်များ အရေးပေါ်လုပ်ရန် သူ့လူများအား အမိန့်ပေးလိုက်သည်။

.......................................................................................................................

အုတ်ဖိုတောင်ခြေအရှေ့ဘက် ၊ ရွှေကျောင်းရွာ။

တန်ဆောင်မုန်းလပြည့်နေ့။

 ရှင်မာလဲဘုရားပူဇော်ပွဲမို့ တစ်ရွာလုံး စည်ကားနေ၏။

ဆီမီးတစ်ထောင်၊ ဆွမ်းတစ်ထောင်၊ ပန်းတစ်ထောင်၊ ရေချမ်းတစ်ထောင်၊ တံခွန်းကုက္ကာတစ်ထောင်စီ ပူဇော်ပြီး ရှင်မာလဲဝတ္ထုကို စာဖတ်တော်များ၊ ကွက်စိပ်ဆရာများက ဖတ်ကြားကြမည်ဖြစ်သည်။

အနီးအနားရွာများဖြစ်သော မုံရွေး၊ တောင်ကုလား၊ တောင်ပြုန်းငယ် တို့မှ ရွာသားများလည်း ပွဲတော်သို့ လာကြသဖြင့် စည်ကားနေခြင်းဖြစ်သည်။

ဈေးရောင်းဈေးဝယ်လှည်းများ၊ မြေဝိုင်းဇာတ်ပွဲများပင် ပါဝင်သည်။

ပွဲဈေးတန်းအတွင်းသို့ မြင်းစီးလူတစ်စုဝင်လာကြသဖြင့် အားလုံးက လမ်းဖယ်ပေးကြသည်။

ထိုလူစုမှာ ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာဒဏ်ချက်များဖြင့် အင်းဝမြင်းတပ်ဝတ်စုံများကို ဝတ်ထားကြ၏။

“ရွှေကျောင်းသူကြီး..ဘယ်မှာလဲ..ဘယ်မှာလဲ”

အချို့လည်း ကြောက်လန့်ကာ ရှောင်သွားကြ၏။ အချို့က သူတို့ကို အထူးအဆန်းသဖွယ်ကြည့်ကြသည်။

အချို့က သူတို့ကို ခေတ္တသာ အာရုံစိုက်ပြီး ပွဲကြည့်မပျက်။

နန္ဒဝေ ရုတ်တရက် စိတ်တိုသွားသည်။

အနီးရှိ စစ်သည်ထဲမှ သေနတ်ရှည်ကို ယူလိုက်ပြီး ယမ်းထိုးလိုက်၏။

ထို့နောက် မိုးပေါ်သို့ ထောင်ဖောက်လိုက်သည်။

“ဖောင်း”

ပွဲခင်းတစ်ခုလုံး ကြောက်လန့်တကြားဖြင့် ဝပ်လိုက်ကြ၏။

ရှေ့မှ ရှင်မာလဲဝတ္ထုဖတ်နေသည့် မဏ္ဍပ်လည်း ရုတ်ရုတ်သဲသဲဖြစ်သွားသည်။

“ငါတို့ အင်းဝလင်ဇင်းမြင်းတပ်ကပဲ....ဒီရွာက သူကြီးဘယ်မှာလဲ”

“ကျွန်တော်မျိုး သူကြီးငအံ့ ပါ....စစ်သူကြီးဘုရား...ဘာများကူညီပေးရမလဲ”

“ကျုပ်တို့ကို ကွေ့တွေ ချောင်းတိုက်တာခံလိုက်ရတယ်..အခု ကျုပ်တပ်သားတွေအများကြီး အထိနာလာတယ်..ကျုပ်လည်း ဒဏ်ရာရလာတယ်..အဲ့ဒါ ရိက္ခာတွေ၊ ဆေးဝါးတွေ..လိုတယ်..သူကြီး”

“မှန်ပါ..ဖြစ်ရပါစေမယ်..ဘုရား..ဖြစ်ရပါစေမယ်...အခု ကျွန်တော်မျိုးအိမ်လိုက်ခဲ့ကြပါဉီး”

ထိုအချိန်တွင် ရွာဘက်ဆီမှ ရုတ်ရုတ်သဲသဲ အသံများ ကြားရပြန်သည်။

“ကွေ့တွေ့ ဝင်လာပြီဟေ့..ပြေးကြ..ပြေးကြ”

ပွဲခင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားသည်။

သူကြီးငအံ့က စစ်ကိုင်းမှ ရှားရှားပါးပါးဝယ်လာသော သူ၏ ပန်းပုဆိုးအသစ်လေးကို ခါးတောင်းမြှောင်နေအောင် ကြိုက်လိုက်သည်။

“အခုတော့ ခွင့်လွှတ်တော်မူပါဘုရား”

ငအံ့က လူအုပ်ကြီးပြေးရာဘက်သို့ လှစ်ခနဲနေအောင် ဝင်ပြေးသွားတော့သည်။

နန္ဒဝေက အနောက်ဘက်ဆီသို့ မြင်းကို လှည့်လိုက်သည်။

“သေနတ်တွေအသင့်ပြင်ထားဟေ့..ရွာပြင်မှာ ကျန်ခဲ့တဲ့ တို့တပ်တွေတော့ တိုက်နေကြပြီထင်တယ်”

သို့သော်...လက်နက်ဗလာဖြင့် အသည်းအသန်ပြေးလာကြသော သူ၏ တပ်သားများကို မြင်လိုက်ရသည်။

“ဟေ့ကောင်တွေ..ဘာလို့ပြေးတာလဲ..ခံတိုက်ကြလေ”

တပ်သားများ က နန္ဒဝေတို့၏ မြင်းများကိုပါ ဝင်တိုးကာ ပြေးကြသည်။

မြင်းဒုံးစိုင်းလာသော ဗိုလ်တစ်ယောက်က နန္ဒဝေ တို့ နားသို့ ရောက်လာ၏။

“ဘယ်လိုလဲကွ..ကိုယ့်တပ်က လူတွေ ကိုယ်ထိန်းလေ..မောင်မင်းတို့”

“မရတော့ဘူး..ဘုရား...ကွေ့တွေက အင်အားများတယ်..ပြီးတော့..ကျွန်တော်မျိုးတို့ လူတွေက တိုက်ဖို့ထက် ပြေးဖို့ပဲ အားသန်ကုန်ကြပြီ...ဗိုလ်မင်းလည်း ပြေးပါတော့”

နန္ဒဝေက “ဟိတ်”ခနဲ အသံနက်ကြီးဖြင့် အော်ကာ မြင်းဇက်ကြိုးကို ဆွဲလိုက်သည်။

ဘေးနားမှ ကိုယ်ရံတပ်များနှင့် ဗိုလ်အချို့က နန္ဒဝေအမိန့်ကို နာခံရန် အသင့်ဖြစ်နေကြ၏။

“တပ်တွေအားလုံး စာတိုက်တကာ ကို ဆုတ်ခွာဟေ့...အဲ့ဒီမှာ စုမယ်..ဆုတ်ဟေ့”

နန္ဒဝေ ၏ ရဲရင့်ပြတ်သားသော အမိန့်ရသည်နှင့် အားလုံးမှာ ဝရုန်းသုန်းကားပြေးကြတော့သည်။

နားလဲ၊ ငကက်၊ ငနက် တို့ ဉီးဆောင်သည့် ကွေ့တပ်အင်အား (၃၀၀) ၊ မတ္တရာမွန်အစုမှ ရန်အောင်ကျော်ထင်ဘွဲ့ခံ ထော်ကန် တို့၏ မွန်တပ်အင်အား(၂၀၀) တို့က ရွှေကျောင်းရွာထဲသို့ ဝင်လာကြသည်။

ရွာထဲရှိ ကြေးရတတ်အိမ်များကို ဝင်ရောက်လုယက်ကြ၏။ သူကြီးအိမ်ကိုမူ မီးတင်ရှို့လိုက်ကြသည်။

နောက်ရက်များတွင် ရွှေကျောင်းအနီး တောင်ကုလားရွာ၊ ဇင်းမယ်ရွာတို့သို့ ကွေ့တပ်များ ဝင်ရောက်သိမ်းပိုက်လိုက်ကြ၏။

နန္ဒဝေ ၏ တပ်များမှာ စာတိုက်တကာရွာတွင် ပြန်လည်စုစည်းကြသည်။

စာတိုက်တကာရွာသူကြီးနှင့်ပူးပေါင်းကာ ရွာပတ်လည်တွင် ခံမြို့ရိုးတစ်ခု အမြန်တည်ဆောက်ကြသည်။

ကွေ့တို့ကား တောင်ပြုန်းငယ်၊ တောင်ပြုန်းကြီးရွာများအထိပါ သိမ်းပိုက်လုယက်ကြပြီဖြစ်သည်။

တပတ်အခန့်အကြာတွင် အင်းဝနေပြည်တော်မှ စစ်ကူများ လွှတ်ရန် ပြင်ဆင်ကြသည်။

နန္ဒဝေမှာ ရရှိသော ဒဏ်ရာများဖြင့် အပြင်းအထန်ဖျားနေကြောင်းလည်း သတင်းရောက်လာ၏။

မဟာဓမ္မရာဇာဓိပတိဘုရင်က စစ်သည် လေးရာကို စာတိုက်တကာရွာသို့ စစ်ကူပို့ရန် ပြင်ဆင်သည်။

စစ်ကူနှင့်အတူ နန္ဒဝေ၏ ဇနီး မမင်းသက် နှင့် နှမဖြစ်သူ ကိုယ်လုပ်တော်မြတ်ထားသီရိ တို့ကိုပါ အတူ ပို့လွှတ်လိုက်၏။

နန္ဒဝေ၏ ကျန်းမာရေးကို အနီးကပ်ပြုစုကုသရန်နှင့် စိတ်ဓာတ်ခွန်အားအတွက်ဖြစ်သည်။

ကွေ့ရန်ကို မနှိမ်နင်းနိုင်မချင်း စာတိုက်တကာတွင်တပ်တည်ထားရန်နှင့်  ပြန်မလာရန်လည်း အမိန့်တော်ပါလာခဲ့၏။

အင်းဝမှ စစ်ကူများရောက်လာပြီးသည့်နောက် နန္ဒဝေမှာ ကျန်းမာရေးမကောင်းသေးသဖြင့် ကွေ့များကို တိုက်ရန် အဆင့်သင့်မဖြစ်သေးပေ။

ထိုအခြေအနေတွင် ကွေ့တို့သည် ကျော်စည်နယ်ဟုခေါ်သော ကင်းရွာ၊ တောင်ပြုန်းကြီး အထိ လိုက်လံ တိုက်ခိုက်သိမ်းယူထားနိုင်ပြီဖြစ်သည်။

စာတိုက်တကာခံတပ်သည် ကွေ့တပ်တို့၏ ခရုပတ်ဝိုင်းထားခြင်းကို လပေါင်းများစွာ ခံနေရသည်။

သို့သော် မကြာမီ မိုးဉတု သို့ ရောက်လာခဲ့သည်။

၁၇၄၈ ဇွန်လတွင်.ကွေ့တပ်များမှာ စာတိုက်တကာကို ဝိုင်းရံထားခြင်းမှ ပြန်လည်ဆုတ်ခွာသွားကြတော့သည်။

............................................................................................................................

၁၇၄၈ ဩဂုတ်လ။

ဗိုလ်ချုပ်ကြီး အက်ဒွပ်ဘော်စကာဝမ်၏ အင်္ဂလိပ်ကမ်းတက်တပ်ဖွဲ့များကား ပွန်ဒီချယ်ရီကို ဝိုင်းရံထားကြသည်မှာ နှစ်လပင်ရှိခဲ့ပြီဖြစ်သည်။

အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီလက်အောက်ရှိ အင်္ဂလိပ်စစ်သည်များ၊ နီဂရိုးစစ်သည်များ၊ ဒေသခံအိန္ဒိယစစ်သည်များပါဝင်သော အင်အား (၃၀၀၀)ခန့်သည် ပွန်ဒီချယ်ရီမြို့ပြင်ဘက်တွင် ကတုတ်ကျင်းများတူးကာ ဝိုင်းရံတိုက်ခိုက်ကြ၏။

ပြင်သစ်တပ်တို့ကား မြို့ထဲမှ ပြန်လည်ခုခံတိုက်ခိုက်ကြ၏။

ဗိုလ်ချုပ်ကြီး အက်ဒွပ်ဘော်စကာဝမ်၏ တပ်များ အိန္ဒိယတောင်ပိုင်းကမ်းခြေဆီသို့ ဝင်လာကတည်းက ကာနာတစ်စစ်ပွဲမှာ ပြောင်းပြန်ဖြစ်သွား၏။

မဒရပ်ကို သိမ်းပိုက်ထားသော ပြင်သစ်စစ်ဗိုလ်ချုပ်ကြီး လာဘော်ဒိုးနစ်၏ တပ်များမှာ အလွယ်တကူဖြင့် မက်ဒရပ်ကို စွန့်ခွာပေးလိုက်ကြသည်။

မဒရပ်ကို အလွယ်တကူရလိုက်သော အင်္ဂလိပ်တပ်များက ပွန်ဒီချယ်ရီ ကို လာရောက်ဝိုင်းရံတော့သည်။

သို့သော် ထိုအခြေအနေဖြစ်လာမည်ကို လွန်ခဲ့သည့် လပိုင်းကတည်းက ပွန်ဒီချယ်ရီဘုရင်ခံ ဒူပလေ က သိရှိပြီးဖြစ်သည်။

ထိုသတင်းကို ကြိုတင်ပေးခဲ့သူမှာ ပဲခူးမြို့မှသံတမန်အဖြစ် ရောက်လာသူ လွီဇာ။

သူ၏ ညာဘက်ရုံးမိုက်ကယ်ပါရာဒစ်သေဆုံးမှု အတွက် ဒူပလေသည် လွီဇာနှင့် ကိုဇာနီကော့ဗ် တို့ အပေါ် ဒေါသထွက်ခဲ့သည်။

ထို့ကြောင့် အကျယ်ချုပ် ချုပ်နှောင်ထားရန်ပင် အမိန့်ချခဲ့၏။

ထိုအချိန်တွင် မဒရပ်မှ ဘရူနို ပြန်လည်ရောက်ရှိလာသည်။

ဘရူနို သည် မီလပ်နှင့်အတူ သူ၏ မိတ်ဆွေဟောင်းဖြစ်ခဲ့သော လွီဇာတို့ကို သွားရောက်တွေ့ဆုံကြသည်။

ဘရူနို က လွီဇာထံမှ သတင်းစကားကို ဒူပလေထံ ရောက်အောင်ယူဆောင်ပေးခဲ့သည်။

ဒူပလေမှာ လွီဇာတို့ကို အပြည့်အဝမယုံကြည်သော်လည်း ပွန်ဒီချယ်ရီမှ ခံတပ်များကိုမူ စနစ်တကျ ကြိုတင်ပြင်ဆင်ထားကြသည်။

ထို့အပြင် အင်္ဂလိပ်တပ်များ ဝိုင်းရံလာနိုင်ချေရှိသော နေရာများကို မုတ်သုတ်ရာသီတွင် ရေဝင်လာစေရန်..ဆည်မြောင်းများကိုစနစ်တကျ ပြုပြင်ထားခဲ့၏။

မကြာမီ လွီဇာတို့ ပေးသည့် သတင်းအတိုင်းပင် တသွေမတိမ်းဖြစ်လာခဲ့သည်။

ထိုအခါမှ ဒူပလေမှာ လွီဇာတို့အား အကျယ်ချုပ်မှ လွှတ်ပေးကာ ဆက်ဆံရေးပြန်လည်တည်ဆောက်ခြင်းဖြစ်သည်။

သို့သော် ... အင်္ဂလိပ်တပ်များ ဝိုင်းရံခြင်းခံနေရသဖြင့် လွီဇာတို့မှာ ဟံသာဝတီသို့ ပြန်လည် မဖြစ်နိုင်သေးပေ။

မီလပ်က ခံတပ်မြို့ရိုးပေါ်မှ မှန်ပြောင်းဖြင့် ကြည့်နေ၏။

“ကျွန်မလည်း ကြည့်ချင်တယ်..မီလပ်”

မီလပ်က လွီဇာကို မှန်ပြောင်းကမ်းပေးလိုက်သည်။

“နည်းနည်းနောနော အင်အားမဟုတ်ဘူးပဲ....ဒီအတိုင်းသာ ဆက်ဝိုင်းခံထားရရင်...ပွန်ဒီချယ်ရီတော့ မလွယ်ဘူးပဲ..မီလပ်”

“ကျုပ်တို့မှာ ခြောက်လစာ ရိက္ခာအပြည့်အစုံရှိပါတယ်...ပြီးတော့ မုတ်သုတ်ဝင်လာတာနဲ့...သူတို့ အခုနေနေတဲ့ ကတုတ်ကျင်းတွေက..”

“မီလပ်”

နောက်မှ ခေါ်လိုက်သော အသံကြောင့် မီလပ်၏ စကားက ရပ်သွားသည်။

ဘရူနို နှင့် သူ၏ လက်ထောက် လာဗီး တို့က သူတို့နှစ်ယောက်အနီးသို့ လျှောက်လာသည်။

“ကုန်သည်ကြီးလွီဇာ....ဒီခံတပ်ပေါ်က မိန်းကလေးတစ်ယောက်အတွက် အင်မတန်အန္တရာယ်များပါတယ်... ဘယ်သူများ တက်ခွင့်ပြုလိုက်တာလဲ”

“ကျွန်မ သခင်မဂျင်နီဒူပလေကို ပြောပြီးသားပါ..ပြီးတော့ မီလပ်လဲ ပါနေတာပဲ”

ဘရူနိုက မီလပ်ကို ခပ်တင်းတင်းကြည့်လိုက်သည်။ မျက်နှာမှာ ကန့်လတ်ဖြတ် အမာရွတ်ကြီးသည် ဘရူနို၏ ရုပ်ရည်ကို ပိုမိုခက်ထန်စေသည်။

“မီလပ်...မင်းက ပြင်သစ်တော်ဝင်ဘုရင်ရဲ့ အမှုထမ်းနော်..စစ်ရေးကိစ္စတွေကို လူတကာကို လိုက်မပြောသင့်ဘူးဆိုတာ..မင်းသိမှာပါ”

“ကျုပ်က စစ်တပ်အရာရှိပါ..မွန်စီယာဘရူနို...ဘယ်သူ့ကို ပြောသင့်မပြောသင့်ဆိုတာ ကျုပ်သိပါတယ်”

“မင်းက စစ်တပ်အရာရှိပေမယ့်..မင်းအသက်က နှစ်ဆယ်ကျော်ပဲရှိသေးတယ်....နှစ်ဆယ်ကျော်ဆိုတာ အချစ်ကိုကိုးကွယ်တတ်တဲ့အရွယ်..အဲ့ဒါကြောင့်တော့...အရေးကြီးတဲ့သတင်းတွေကို အလွယ်တကူ ထုတ်ပြောတာမျိုး မလုပ်သင့်ဘူးကွ..မင်းအဲ့ဒါကို နားလည်”

မီလပ်က ခါးကြားမှ ဓါးကို ခပ်တင်းတင်းဆုပ်ကိုင်ကာ ရှေ့တိုးလိုက်သည်။

“မွန်စီယာတို့ က သန်လျင်မှာကတည်းက မိတ်ဆွေတွေပဲမဟုတ်လား..တော်ကြပါတော့ရှင်..ရှင်တို့ မကြိုက်ရင်လည်း ကျွန်မ နောက် ဒီခံတပ်ပေါ် မတက်တော့ပါဘူး”

လွီဇာ က ဘရူနိုဘက်သို့ လှည့်ကာ ခပ်ပြုံးပြုံးပြောလိုက်၏။

“တောင်းပန်ပါတယ်..ကုန်သည်တော်ကြီး...ကျုပ်ကလည်း စည်းကမ်းအရပြောရတာမို့ပါ”

မီလပ်က ဘရူနို ကို ခပ်တင်းတင်းကြည့်ကာ ခံတပ်ပေါ်မှ ဆင်းသွား၏။

လွီဇာက မီလပ်နောက်မှ လိုက်ရန်ပြင်လိုက်သည်။

“ခဏနေပါဉီး...ကုန်သည်တော်ကြီးလွီဇာ..အရေးကြီးတာတစ်ခု ပြောစရာရှိပါတယ်”

“ဘာများလဲ မွန်စီယာဘရူနို”

“ဘုရင်ခံချုပ် နဲ့ ညက စကားပြောဖြစ်တယ်...အိန္ဒိယသမုဒ္ဒရာမှာ သန်လျင်ဆိပ်ကမ်းနဲ့ ဟံသာဝတီဟာ ဘယ်လို အရေးပါတယ်ဆိုတာကို ကျုပ် သူ့ကို သေချာရှင်းပြခဲ့ပါတယ်..သူကလည်း နားလည်သဘောပေါက်ပါတယ်..ဒီတော့...အင်္ဂလိပ်တွေနဲ့ စစ်ပွဲပြီးသွားတဲ့အခါ..ဟံသာဝတီကို ပြင်သစ်သံတမန်အဖွဲ့စေလွှတ်ဖို့ သူက သဘောတူခဲ့တယ်...ကျုပ်နဲ့ ဟော့ဒီက မွန်စီယာလာဗီ တို့ ခေါင်းဆောင်ပြီးတော့ပေါ့”

ဘရူနိုစကားကြောင့် လွီဇာ၏ မျက်နှာမှာ ဝင်းလက်သွား၏။

“ကျေးဇူးတင်ပါတယ်..မွန်စီယာဘရူနို...ရှင့်ကျေးဇူးကို ဟံသာဝတီဘုရင်မင်းမြတ်ကို လျှောက်တင်ပေးပါ့မယ်”

“ကျုပ်တို့ ရှေ့လျှောက် အတူတူအလုပ်လုပ်စရာတွေအများကြီးရှိသေးတယ်..လွီဇာ..ဒီတော့ တစ်ခု သတိပေးချင်တာက ပွန်ဒီချယ်ရီမှာ နေတဲ့အခါ..ဧည့်သည်က ဧည့်သည်တစ်ယောက်လို နေပေးပါ..တချို့ ကိစ္စတွေ ကို ခင်ဗျားရဲ့ အလှတရားနဲ့ရင်းပြီး သိချင်ဖို့ မကြိုးစားပါနဲ့..ကျုပ်ကတော့ မီလပ်လို မျိုး အချစ်ရူးလေးမဟုတ်ဘူး...ပြောစရာရှိတာ ပြောမှာပါ..ဒါကိုလည်း ခင်ဗျား နားလည်ပေးပါ”

“ဟုတ်ပါပြီ..မွန်စီယာ..ကျွန်မ ဂရုစိုက်ပါ့မယ်”

လွီဇာက ခံတပ်ပေါ်မှ ဆင်းသွားသည်။

“ဒီပေါ်တူဂီမက ကြောက်စရာကောင်းတယ်...လာဗီး..ဟံသာဝတီကိုရောက်တဲ့အခါလည်း ကျုပ်တို့ သူ့ကိုပဲ သတိထားကိုင်တွယ်ရလိမ့်မယ်”

ဘရူနိုက သူ့နဘေးမှ လက်ထောက် လာဗီးကို ခပ်တိုးတိုးပြောလိုက်သည်။

 

ခက်ဇော်


(ကိစ္စလေးတစ်ချို့ရှိနေလို့ရယ်...မှီငြမ်းစာအုပ်တစ်ချို့ရယ်ကို လိုအပ်နေလို့ တပတ်လောက် နားပါတယ်ဗျိုး)

ရှေးဉီးကောက်လျှင်၊ ယင်းတွင်တပ်မှတ်၊ ကောင်လတ်တသီး၊ ကောက်ကြီးတသင်း၊ လုပ်မည်ခင်းသော်၊ လယ်ကျင်းနိမ့်မြင့်၊ ပျိုးနုရင့်ကို၊ နှိုင်းချင့်မတူ၊ စိတ်စားယူ၍၊ တောင်သူစရိုက်၊ ပျိုးကြဲစိုက်သို့၊ သိမ်းပိုက်မျှော်မြင်၊ စစ်မှုတွင်လည်း၊ စစ်လျင်စစ်နံ၊ စစ်ခံစစ်မ၊ စဉ်သင့်ချသည် ၊ ဓညဗျူဟာ

(တောင်သူယောက်ျားသည် စိုက်ပျိုးရာတွင် မြေပြင်အနေအထား၊ ရာသီဉတုအနေအထားကို ကြည့်ကာ မည်သည့်နေရာတွင် မျိုးနု၊ မျိုုးရင့်များကို နေရာချစိုက်ပျိုးရမည်ကို ချင့်ချိန်သကဲ့သို့ မိမိ၏ တပ်များကိုလည်း နေရာ၊ ဉတုကို ချင့်ချိန်နေရာချတိုက်ယူရမည့်...ဓညဗျူဟာ)

(Zawgyi)
AVA 1740s (Season 2)

                                                                       အခန္း(၂၄)

                                                             .......................................................

၁၇၄၇ ႏိုဝင္ဘာလ။

မတၱရာၿမိဳ႕ တံခါးသည္ ေဟာင္းေလာင္းပြင့္လ်က္။

အင္းဝသို႔ အခြန္မဆက္၊ စစ္မႈထမ္းမလိုက္ၾကေသာ မတၱရာ၊ အုတ္ဖိုသားတို႔အား ေခ်မႈန္းရန္အတြက္ အင္းဝျမင္းတပ္ႀကီး ခ်ီတက္လာၿပီဆိုသည့္သတင္းေၾကာင့္ ၿမိဳ႕အား လူသူတို႔ စြန႔္ခြာသြားၾကၿပီျဖစ္သည္။

ေျမာက္နန္းမိဖုရားအမႈထမ္း၊ ဗိုလ္မင္းနႏၵေဝ ဉီးေဆာင္သည့္ လင္ဇင္းျမင္းတပ္ႀကီးသည္ တိတ္ဆိတ္ေနေသာ မတၱရာၿမိဳ႕တြင္းသို႔ ခ်က္ခ်င္းမဝင္ၾကေသး။

ေခတၱမွ် အေျခအေနကို အကဲခတ္ေနသည္။

“ေသြးေသာက္ႀကီး ငစံညိဳ...ခင္ဗ်ား တပ္က အရင္အထဲဝင္ၾကည့္ပါ....သင္းတို႔ ပရိယာယ္လည္းျဖစ္ႏိုင္တယ္”

ေသြးေသာက္ႀကီးငညိဳ ၏ (၅၆)ဉီးပါေသာ တပ္စု က လႊားမ်ားကို ေဘးပတ္ပတ္လည္ကာရံလိုက္ၾကၿပီး..မတၱရာၿမိဳ႕တြင္းသို႔ ဝင္သြားၾကသည္။

“တစ္ၿမိဳ႕လုံးလူမရွိေတာ့ဘူး..ၿမိဳု႔ကိုစြန႔္ခြာ.. ထြက္သြားၾကပုံပဲ..ဗိုလ္မင္း”

ထိုအခါမွ ဗိုလ္မင္းနႏၵေဝ က တပ္မ်ားကို အခ်က္ျပလိုက္သည္။

“တစ္ၿမိဳ႕လုံး အႏွံ႔ရွာ...ရိကၡာ ၊ လက္နက္ ရရာသိမ္း..လူဆိုရင္ အရွင္မထားနဲ႔...ၿပီးရင္..တစ္ၿမိဳ႕လုံး မီးတိုက္ပစ္ခဲ့ကြာ..ဒီေလာက္ျဖစ္တဲ့ဟာေတြ...အုတ္ဖိုေတာင္ေျခေတာတန္းေတြဘက္ထိ လိုက္ရွာတိုက္မယ္ေဟ့”

ႏွစ္နာရီေက်ာ္ခန႔္ၾကာၿပီးသည့္ေနာက္ မတၱရာၿမိဳ႕ငယ္ေလးမွာ ႀကီးမားေသာ မီးေတာက္ႀကီးမ်ားၾကား  ေလာင္ကြၽမ္း က်န္ရစ္ေတာ့သည္။

နႏၵေဝ၏ တပ္မ်ားသည္ မတၱရာမွတဆင့္  ေခ်ာင္းေျမာင္းမ်ားကို ျဖတ္ေက်ာ္လာခဲ့သည္။

 ေနာက္တစ္ေန႔ ေနဝင္ခါစအခ်ိန္တြင္ အုတ္ဖိုေတာင္ေျခဆီသို႔ စတင္ဝင္ေရာက္လာၿပီျဖစ္သည္။

ေတာတန္းျမင့္ျမင့္မ်ားအလယ္မွ လမ္းက်ဥ္းကေလးတြင္ ျမင္းစစ္သည္ ငါးရာပါေသာ တပ္ႀကီးသည္ မီးတုတ္မ်ား ထြန္းညႇိလိုက္ၾကသည္။

မၾကာမီ ေကြ႕႐ြာမ်ားဆီသို႔ ေရာက္ၾကေတာ့မည္ျဖစ္သည္။

“အရမ္းႀကီး မေမွာင္ခင္...႐ြာတစ္႐ြာကို ျမန္ျမန္ေရာက္မွျဖစ္မယ္...အဲ့ဒီေရာက္မွ ညစာစားၾကတာေပါ့.ခပ္သြက္သြက္သြားဖို႔ သက္ဆိုင္ရာဗိုလ္ေတြကို အဆင့္ဆင့္ေျပာလိုက္ၾကေဟ့”

တပ္ဉီးမွ နႏၵေဝက သူ႔လက္႐ုံးေသြးေသာက္ႀကီးကို ေျပာလိုက္သည္။

အေမွာင္ထုႏွင့္အတူ ေတာ႐ိုင္းတိရိစာၦန္အခ်ိဳ႕၏ အသံမ်ားလည္း ၾကားေနရသည္။

ထိုအသံမ်ားၾကားထဲမွ ကန္းပုေလြသံ သဲ့သဲ့ကိုမူ အင္းဝတပ္မ်ား သတိမထားမိၾက။

“ဗိုလ္မင္း...ေရွ႕မွာ သစ္လုံးေတြ ခုတ္လွဲထားပါတယ္..သြားဖို႔ ခက္လိမ့္မယ္”

ေရွ႕ေျပးတပ္မွ သတင္းေရာက္လာသည္။

“ဘယ္လိုျဖစ္တာလဲ..ငါကိုယ္တိုင္လာၾကည့္မယ္”

နႏၵေဝက ျမင္းဇက္ႀကိဳးကို တင္းလိုက္ၿပီး ေရွ႕သို႔ ခပ္သြက္သြက္သြားသည္။

“ေဖာက္..ေဖာက္..ေဖာက္..ေဖာက္”

ေဘးပတ္လည္ ေတာင္နံရံမ်ားဆီမွ ဒူးေလးျမႇားတံမ်ားက မိုး႐ြာသကဲ့သို႔ အဆက္မျပတ္က်လာ၏။

အင္းဝစစ္သားအခ်ိဳ႕မွာ ျမင္းေပၚမွ ျပဳတ္က်ကုန္ၾကသည္။ ျမင္းအခ်ိဳ႕မွာ ျမႇားမွန္ကာ လဲက်ကုန္သည္။

“ရန္သူေဟ့..ရန္သူ”

ေမာင္းသံမ်ား ေပးကာ တပ္လွန႔္လိုက္ၾက၏။

ေသနတ္ကိုင္တပ္သားမ်ားက ေဘးပတ္လည္အေမွာင္ထဲသို႔ ေသနတ္မ်ားျဖင့္ ရမ္းသမ္းပစ္ခတ္ၾကသည္။

နႏၵေဝသည္ ဓါးရွည္ကို ထုတ္ၿပီးျမင္းေပၚမွ ဆင္းကာ ေတာင္နံရံတြင္ ကပ္ေနလိုက္၏။

ေသနတ္သံမ်ား၊ ေအာ္ဟစ္သံမ်ား သုံးမိနစ္ခန႔္ၾကာၿပီးေနာက္ ေတာသည္ ျပန္လည္တိတ္ဆိတ္သြားသည္။

ပတ္ပတ္လည္တြင္ အင္းဝစစ္သည္တို႔၏ အေလာင္းတစ္ခ်ိဳ႕၊ လဲက်ေနေသာ ျမင္းမ်ား၊ ဒဏ္ရာျဖင့္ ညည္းညဴေနသူမ်ားသာက်န္ရစ္သည္။

“မီးတုတ္ေတြ..အကုန္သတ္ထားေဟ့...မီးတုတ္ေတြ”

နႏၵေဝက ေအာ္ဟစ္အမိန႔္ေပးလိုက္၏။

တပ္တန္းႀကီးတစ္ခုလုံးမွ မီးမ်ားသည္ တမုဟုတ္ခ်င္း ၿငိမ္းသြား၏။

လဆန္းရက္ဆိုေသာ္လည္း ေတာကားနက္လြန္သျဖင့္ လေရာင္ကို မျမင္ၾကရ။

ရန္သူသည္ မည္သည့္အရပ္က မည္သို႔ ထြက္ေပၚလာေနသည္ကို ယခုတိုင္သူတို႔ ခန႔္မွန္းမရေသး။

အားလုံး တိတ္ဆိတ္ေနၾကသည္။ နႏၵေဝထံမွ မည္သည့္အမိန႔္မွ မရၾကသျဖင့္ ၿငိမ္ေနၾကျခင္းလည္းျဖစ္သည္။

ဗိုလ္မင္းနႏၵေဝမွာလည္း မည္သို႔ အမိန႔္ေပးရမည္မွန္းမသိပဲ အၾကပ္႐ိုက္ေနသည္။

ထိုအခ်ိန္တြင္ ေနာက္ထပ္ ကန္းပုေလြသံ ထပ္ေပၚလာ၏။ ဟိုမွဒီ ပုေလြသံမ်ားက ေတာအႏွံညံလာသည္။

သာယာေသာပုေလြသံသည္ အေမွာင္ထဲတြင္ ပိတ္မိေနေသာ အင္းဝစစ္သားမ်ားအတြက္ ထိတ္လန႔္ေျခာက္ျခားဖြယ္ရာျဖစ္လာသည္။

“သူတို႔ ျပန္တိုက္ေတာ့မယ္..အားလုံး အသင့္ျပင္ထား”

နႏၵေဝ၏ အမိန႔္သံ။

အသင့္ျပင္ထားဟု ဆိုေသာ္လည္း ရန္သူသည္ မည္သည့္အရပ္က လာမည္မွန္းသူတို႔မသိၾက။

“ဟီး..ဟီး”

႐ုတ္တရက္ ျမင္းတစ္ေကာင္က ထ ဟီလိုက္သည္။

ပြဲညက္သုတ္လိမ္းကာ မီးရႈိ႕လိုက္ေသာ သစ္တုံးႀကီးမ်ားက ကုန္းျမင့္မ်ားေပၚမွ လိမ့္ဆင္းလာၾက၏။

အခ်ိဳ႕မွာ သစ္တုံးပိကာ မီးေလာင္ကုန္ၾကသည္။ စစ္ျမင္းမ်ားမွာ ယမ္းသံ၊ လူသံမ်ားကို မေၾကာက္ေစရန္ ေလ့က်င့္ေပးထားေသာ္လည္း မီးေတာက္မ်ား သူတို႔ေျခရင္းေရာက္လာသည့္အခါ ေၾကာက္လန႔္တၾကား ေျပးၾက၏။

တူမီးေသနတ္သံမ်ား၊ ဒူးေလးမ်ား၊ အရွိန္ျဖင့္ ပစ္လိုက္ေသာ ဝါးခြၽန္မ်ားက အေမွာင္ထဲမွ တဖြဲဖြဲ ထြက္ေပၚလာျပန္သည္။

အင္းဝတပ္မ်ားမွာ မီးအလင္းေရာင္ေအာက္တြင္ ဖ႐ိုဖရဲ က်ဆုံးကုန္ၾက၏။

“ဆုတ္..ဆုတ္...အားလုံး ဆုတ္ၾက”

နႏၵေဝကိုယ္တိုင္လည္း ျမင္းေပၚသို႔ ခုန္တက္လိုက္သည္။

ကာကိုင္အဖြဲ႕က သူ၏ ျမင္းေဘးမွ ရံလိုက္ၿပီး ေဘးပတ္လည္တြင္ ဒိုင္းကာမ်ားျဖင့္ ကာလိုက္ၾက၏။

ထို႔ေနာက္ ျမင္းမ်ားကို ဒုံးစိုင္းကာ လာရာလမ္းအတိုင္း အျပင္းႏွင္ထြက္ၾကသည္။

ခဏအၾကာတြင္ အသံမ်ား ျပန္လည္တိတ္ဆိတ္သြားၾကျပန္၏။

ယခုအခ်ိန္အထိ ရန္သူကို မျမင္ရေသးေသာ အင္းဝစစ္သည္မ်ားမွာ လာရာလမ္းဆီသို႔ အလုအယက္ေျပးသြားၾကသည္။

မီးေလာင္ေနေသာ သစ္တုံးမ်ား၊ ေသဆုံးေနေသာစစ္သည္မ်ား၊ ျမင္းမ်ား၊ ဒဏ္ရာျပင္းထန္သျဖင့္ က်န္ရစ္ခဲ့သူမ်ား သာ ရွိေတာ့သည္။

ေသြးေသာက္ႀကီးငစံညိဳမွာ ေပါင္ရင္းတြင္ ေဖာက္ဝင္သြားေသာ ဝါးခြၽန္ကို ဆုတ္ကိုင္ရင္း တြားသြားေန၏။

ႏြားသားရည္ကို ႀကိမ္ျဖင့္ ကြပ္ထားသည့္ ဖိနပ္တစ္စုံက သူ႔မ်က္စိေရွ႕တည့္တည့္သို႔ လာရပ္သည္။

ေျခခ်င္းဝတ္တြင္ အညိဳေရာင္အနာ႐ြတ္မ်ားရွိသည္မွအပ ဝင္းမြတ္လွပသည့္ ေျခသလုံးကို ငညိဳစံ ေသခ်ာၾကည့္ေန၏။

“ရွင္...အေတာ္ကံေကာင္းတာပဲ”

အသံရွင္ကို ငညိဳစံ ေမာ့ၾကည့္လိုက္သည္။

အသက္(၃၀)ေက်ာ္အ႐ြယ္ အမ်ိဳးသမီးတစ္ဉီး။ ေကြ႕လူမ်ိဳးတို႔၏ ႐ိုးရာအနက္ေရာင္ဝတ္စုံႏွင့္။ ဒူးေလးကို ထမ္းထားသည္။

အသားမဲမဲ၊ ဗလေတာင့္ေတာင့္ႏွင့္ လူတစ္ဉီးက သူမနေဘးနား လာရပ္သည္။

ထို႔ေနာက္ ငညိဳစံ ၏ လက္ေမာင္းကို လွန္ၾကည့္၏။ ေနာက္ ခါးကို လွန္ၾကည့္ျပန္သည္။

အေနာက္ဘက္ခါးတြင္ မင္ေသ့ထိုးထားသည့္ အနက္ေရာင္ျမင္း႐ုပ္ကို ျမင္လိုက္ရသည္။

“လင္ဇင္းျမင္းစု၊ ေသြးေသာက္လပ္ျမင္းတပ္ခြဲကပဲ”

ငနက္သည္ အင္းဝျမင္းတပ္တြင္ တာဝန္ထမ္းေဆာင္ဖူးသူမို႔ ေဆးေတာ္႐ုပ္မ်ားကို ၾကည့္ၿပီး မည္သည့္တပ္ဆိုသည္ကို ခြဲျခားတတ္ေနသည္။

“ငနက္..အဲ့ဒါေတြ ေနာက္မွ ၾကည့္ေဟ့..ဒဏ္ရာအရမ္းျပင္းတဲ့လူေတြကို သတ္ခဲ့လိုက္၊ ဒဏ္ရာနည္းတဲ့သူေတြကိုေတာ့ ထမ္းစင္နဲ႔ေခၚခဲ့”

“အကုန္သတ္ခဲ့တာ ေကာင္းမယ္ထင္တယ္..သခင္မနားလဲ”

“သူတို႔ကို သစၥာေပးရမယ္..ၿပီးရင္ သူတို႔ဆီက အင္းဝတပ္ေတြရဲ႕ အေနအထားေတြ၊ တပ္ဖြဲ႕ပုံေတြ သိရသေလာက္ ယူရဉီးမယ္....မသတ္နဲ႔..ဒါ ငါ့အမိန႔္”

ငနက္က ေခါင္းညိတ္လ်က္ ဝါးထမ္းစင္မ်ား အေရးေပၚလုပ္ရန္ သူ႔လူမ်ားအား အမိန႔္ေပးလိုက္သည္။

.......................................................................................................................

အုတ္ဖိုေတာင္ေျခအေရွ႕ဘက္ ၊ ေ႐ႊေက်ာင္း႐ြာ။

တန္ေဆာင္မုန္းလျပည့္ေန႔။

 ရွင္မာလဲဘုရားပူေဇာ္ပြဲမို႔ တစ္႐ြာလုံး စည္ကားေန၏။

ဆီမီးတစ္ေထာင္၊ ဆြမ္းတစ္ေထာင္၊ ပန္းတစ္ေထာင္၊ ေရခ်မ္းတစ္ေထာင္၊ တံခြန္းကုကၠာတစ္ေထာင္စီ ပူေဇာ္ၿပီး ရွင္မာလဲဝတၳဳကို စာဖတ္ေတာ္မ်ား၊ ကြက္စိပ္ဆရာမ်ားက ဖတ္ၾကားၾကမည္ျဖစ္သည္။

အနီးအနား႐ြာမ်ားျဖစ္ေသာ မုံေ႐ြး၊ ေတာင္ကုလား၊ ေတာင္ျပဳန္းငယ္ တို႔မွ ႐ြာသားမ်ားလည္း ပြဲေတာ္သို႔ လာၾကသျဖင့္ စည္ကားေနျခင္းျဖစ္သည္။

ေဈးေရာင္းေဈးဝယ္လွည္းမ်ား၊ ေျမဝိုင္းဇာတ္ပြဲမ်ားပင္ ပါဝင္သည္။

ပြဲေဈးတန္းအတြင္းသို႔ ျမင္းစီးလူတစ္စုဝင္လာၾကသျဖင့္ အားလုံးက လမ္းဖယ္ေပးၾကသည္။

ထိုလူစုမွာ ခႏၶာကိုယ္တြင္လည္း ဒဏ္ရာဒဏ္ခ်က္မ်ားျဖင့္ အင္းဝျမင္းတပ္ဝတ္စုံမ်ားကို ဝတ္ထားၾက၏။

“ေ႐ႊေက်ာင္းသူႀကီး..ဘယ္မွာလဲ..ဘယ္မွာလဲ”

အခ်ိဳ႕လည္း ေၾကာက္လန႔္ကာ ေရွာင္သြားၾက၏။ အခ်ိဳ႕က သူတို႔ကို အထူးအဆန္းသဖြယ္ၾကည့္ၾကသည္။

အခ်ိဳ႕က သူတို႔ကို ေခတၱသာ အာ႐ုံစိုက္ၿပီး ပြဲၾကည့္မပ်က္။

နႏၵေဝ ႐ုတ္တရက္ စိတ္တိုသြားသည္။

အနီးရွိ စစ္သည္ထဲမွ ေသနတ္ရွည္ကို ယူလိုက္ၿပီး ယမ္းထိုးလိုက္၏။

ထို႔ေနာက္ မိုးေပၚသို႔ ေထာင္ေဖာက္လိုက္သည္။

“ေဖာင္း”

ပြဲခင္းတစ္ခုလုံး ေၾကာက္လန႔္တၾကားျဖင့္ ဝပ္လိုက္ၾက၏။

ေရွ႕မွ ရွင္မာလဲဝတၳဳဖတ္ေနသည့္ မ႑ပ္လည္း ႐ုတ္႐ုတ္သဲသဲျဖစ္သြားသည္။

“ငါတို႔ အင္းဝလင္ဇင္းျမင္းတပ္ကပဲ....ဒီ႐ြာက သူႀကီးဘယ္မွာလဲ”

“ကြၽန္ေတာ္မ်ိဳး သူႀကီးငအံ့ ပါ....စစ္သူႀကီးဘုရား...ဘာမ်ားကူညီေပးရမလဲ”

“က်ဳပ္တို႔ကို ေကြ႕ေတြ ေခ်ာင္းတိုက္တာခံလိုက္ရတယ္..အခု က်ဳပ္တပ္သားေတြအမ်ားႀကီး အထိနာလာတယ္..က်ဳပ္လည္း ဒဏ္ရာရလာတယ္..အဲ့ဒါ ရိကၡာေတြ၊ ေဆးဝါးေတြ..လိုတယ္..သူႀကီး”

“မွန္ပါ..ျဖစ္ရပါေစမယ္..ဘုရား..ျဖစ္ရပါေစမယ္...အခု ကြၽန္ေတာ္မ်ိဳးအိမ္လိုက္ခဲ့ၾကပါဉီး”

ထိုအခ်ိန္တြင္ ႐ြာဘက္ဆီမွ ႐ုတ္႐ုတ္သဲသဲ အသံမ်ား ၾကားရျပန္သည္။

“ေကြ႕ေတြ႕ ဝင္လာၿပီေဟ့..ေျပးၾက..ေျပးၾက”

ပြဲခင္းတစ္ခုလုံး ႐ုတ္႐ုတ္သဲသဲျဖစ္သြားသည္။

သူႀကီးငအံ့က စစ္ကိုင္းမွ ရွားရွားပါးပါးဝယ္လာေသာ သူ၏ ပန္းပုဆိုးအသစ္ေလးကို ခါးေတာင္းေျမႇာင္ေနေအာင္ ႀကိဳက္လိုက္သည္။

“အခုေတာ့ ခြင့္လႊတ္ေတာ္မူပါဘုရား”

ငအံ့က လူအုပ္ႀကီးေျပးရာဘက္သို႔ လွစ္ခနဲေနေအာင္ ဝင္ေျပးသြားေတာ့သည္။

နႏၵေဝက အေနာက္ဘက္ဆီသို႔ ျမင္းကို လွည့္လိုက္သည္။

“ေသနတ္ေတြအသင့္ျပင္ထားေဟ့..႐ြာျပင္မွာ က်န္ခဲ့တဲ့ တို႔တပ္ေတြေတာ့ တိုက္ေနၾကၿပီထင္တယ္”

သို႔ေသာ္...လက္နက္ဗလာျဖင့္ အသည္းအသန္ေျပးလာၾကေသာ သူ၏ တပ္သားမ်ားကို ျမင္လိုက္ရသည္။

“ေဟ့ေကာင္ေတြ..ဘာလို႔ေျပးတာလဲ..ခံတိုက္ၾကေလ”

တပ္သားမ်ား က နႏၵေဝတို႔၏ ျမင္းမ်ားကိုပါ ဝင္တိုးကာ ေျပးၾကသည္။

ျမင္းဒုံးစိုင္းလာေသာ ဗိုလ္တစ္ေယာက္က နႏၵေဝ တို႔ နားသို႔ ေရာက္လာ၏။

“ဘယ္လိုလဲကြ..ကိုယ့္တပ္က လူေတြ ကိုယ္ထိန္းေလ..ေမာင္မင္းတို႔”

“မရေတာ့ဘူး..ဘုရား...ေကြ႕ေတြက အင္အားမ်ားတယ္..ၿပီးေတာ့..ကြၽန္ေတာ္မ်ိဳးတို႔ လူေတြက တိုက္ဖို႔ထက္ ေျပးဖို႔ပဲ အားသန္ကုန္ၾကၿပီ...ဗိုလ္မင္းလည္း ေျပးပါေတာ့”

နႏၵေဝက “ဟိတ္”ခနဲ အသံနက္ႀကီးျဖင့္ ေအာ္ကာ ျမင္းဇက္ႀကိဳးကို ဆြဲလိုက္သည္။

ေဘးနားမွ ကိုယ္ရံတပ္မ်ားႏွင့္ ဗိုလ္အခ်ိဳ႕က နႏၵေဝအမိန႔္ကို နာခံရန္ အသင့္ျဖစ္ေနၾက၏။

“တပ္ေတြအားလုံး စာတိုက္တကာ ကို ဆုတ္ခြာေဟ့...အဲ့ဒီမွာ စုမယ္..ဆုတ္ေဟ့”

နႏၵေဝ ၏ ရဲရင့္ျပတ္သားေသာ အမိန႔္ရသည္ႏွင့္ အားလုံးမွာ ဝ႐ုန္းသုန္းကားေျပးၾကေတာ့သည္။

နားလဲ၊ ငကက္၊ ငနက္ တို႔ ဉီးေဆာင္သည့္ ေကြ႕တပ္အင္အား (၃၀၀) ၊ မတၱရာမြန္အစုမွ ရန္ေအာင္ေက်ာ္ထင္ဘြဲ႕ခံ ေထာ္ကန္ တို႔၏ မြန္တပ္အင္အား(၂၀၀) တို႔က ေ႐ႊေက်ာင္း႐ြာထဲသို႔ ဝင္လာၾကသည္။

႐ြာထဲရွိ ေၾကးရတတ္အိမ္မ်ားကို ဝင္ေရာက္လုယက္ၾက၏။ သူႀကီးအိမ္ကိုမူ မီးတင္ရႈိ႕လိုက္ၾကသည္။

ေနာက္ရက္မ်ားတြင္ ေ႐ႊေက်ာင္းအနီး ေတာင္ကုလား႐ြာ၊ ဇင္းမယ္႐ြာတို႔သို႔ ေကြ႕တပ္မ်ား ဝင္ေရာက္သိမ္းပိုက္လိုက္ၾက၏။

နႏၵေဝ ၏ တပ္မ်ားမွာ စာတိုက္တကာ႐ြာတြင္ ျပန္လည္စုစည္းၾကသည္။

စာတိုက္တကာ႐ြာသူႀကီးႏွင့္ပူးေပါင္းကာ ႐ြာပတ္လည္တြင္ ခံၿမိဳ႕႐ိုးတစ္ခု အျမန္တည္ေဆာက္ၾကသည္။

ေကြ႕တို႔ကား ေတာင္ျပဳန္းငယ္၊ ေတာင္ျပဳန္းႀကီး႐ြာမ်ားအထိပါ သိမ္းပိုက္လုယက္ၾကၿပီျဖစ္သည္။

တပတ္အခန႔္အၾကာတြင္ အင္းဝေနျပည္ေတာ္မွ စစ္ကူမ်ား လႊတ္ရန္ ျပင္ဆင္ၾကသည္။

နႏၵေဝမွာ ရရွိေသာ ဒဏ္ရာမ်ားျဖင့္ အျပင္းအထန္ဖ်ားေနေၾကာင္းလည္း သတင္းေရာက္လာ၏။

မဟာဓမၼရာဇာဓိပတိဘုရင္က စစ္သည္ ေလးရာကို စာတိုက္တကာ႐ြာသို႔ စစ္ကူပို႔ရန္ ျပင္ဆင္သည္။

စစ္ကူႏွင့္အတူ နႏၵေဝ၏ ဇနီး မမင္းသက္ ႏွင့္ ႏွမျဖစ္သူ ကိုယ္လုပ္ေတာ္ျမတ္ထားသီရိ တို႔ကိုပါ အတူ ပို႔လႊတ္လိုက္၏။

နႏၵေဝ၏ က်န္းမာေရးကို အနီးကပ္ျပဳစုကုသရန္ႏွင့္ စိတ္ဓာတ္ခြန္အားအတြက္ျဖစ္သည္။

ေကြ႕ရန္ကို မႏွိမ္နင္းႏိုင္မခ်င္း စာတိုက္တကာတြင္တပ္တည္ထားရန္ႏွင့္  ျပန္မလာရန္လည္း အမိန႔္ေတာ္ပါလာခဲ့၏။

အင္းဝမွ စစ္ကူမ်ားေရာက္လာၿပီးသည့္ေနာက္ နႏၵေဝမွာ က်န္းမာေရးမေကာင္းေသးသျဖင့္ ေကြ႕မ်ားကို တိုက္ရန္ အဆင့္သင့္မျဖစ္ေသးေပ။

ထိုအေျခအေနတြင္ ေကြ႕တို႔သည္ ေက်ာ္စည္နယ္ဟုေခၚေသာ ကင္း႐ြာ၊ ေတာင္ျပဳန္းႀကီး အထိ လိုက္လံ တိုက္ခိုက္သိမ္းယူထားႏိုင္ၿပီျဖစ္သည္။

စာတိုက္တကာခံတပ္သည္ ေကြ႕တပ္တို႔၏ ခ႐ုပတ္ဝိုင္းထားျခင္းကို လေပါင္းမ်ားစြာ ခံေနရသည္။

သို႔ေသာ္ မၾကာမီ မိုးဉတု သို႔ ေရာက္လာခဲ့သည္။

၁၇၄၈ ဇြန္လတြင္.ေကြ႕တပ္မ်ားမွာ စာတိုက္တကာကို ဝိုင္းရံထားျခင္းမွ ျပန္လည္ဆုတ္ခြာသြားၾကေတာ့သည္။

............................................................................................................................

၁၇၄၈ ဩဂုတ္လ။

ဗိုလ္ခ်ဳပ္ႀကီး အက္ဒြပ္ေဘာ္စကာဝမ္၏ အဂၤလိပ္ကမ္းတက္တပ္ဖြဲ႕မ်ားကား ပြန္ဒီခ်ယ္ရီကို ဝိုင္းရံထားၾကသည္မွာ ႏွစ္လပင္ရွိခဲ့ၿပီျဖစ္သည္။

အဂၤလိပ္အေရွ႕အိႏၵိယကုမၸဏီလက္ေအာက္ရွိ အဂၤလိပ္စစ္သည္မ်ား၊ နီဂ႐ိုးစစ္သည္မ်ား၊ ေဒသခံအိႏၵိယစစ္သည္မ်ားပါဝင္ေသာ အင္အား (၃၀၀၀)ခန႔္သည္ ပြန္ဒီခ်ယ္ရီၿမိဳ႕ျပင္ဘက္တြင္ ကတုတ္က်င္းမ်ားတူးကာ ဝိုင္းရံတိုက္ခိုက္ၾက၏။

ျပင္သစ္တပ္တို႔ကား ၿမိဳ႕ထဲမွ ျပန္လည္ခုခံတိုက္ခိုက္ၾက၏။

ဗိုလ္ခ်ဳပ္ႀကီး အက္ဒြပ္ေဘာ္စကာဝမ္၏ တပ္မ်ား အိႏၵိယေတာင္ပိုင္းကမ္းေျခဆီသို႔ ဝင္လာကတည္းက ကာနာတစ္စစ္ပြဲမွာ ေျပာင္းျပန္ျဖစ္သြား၏။

မဒရပ္ကို သိမ္းပိုက္ထားေသာ ျပင္သစ္စစ္ဗိုလ္ခ်ဳပ္ႀကီး လာေဘာ္ဒိုးနစ္၏ တပ္မ်ားမွာ အလြယ္တကူျဖင့္ မက္ဒရပ္ကို စြန႔္ခြာေပးလိုက္ၾကသည္။

မဒရပ္ကို အလြယ္တကူရလိုက္ေသာ အဂၤလိပ္တပ္မ်ားက ပြန္ဒီခ်ယ္ရီ ကို လာေရာက္ဝိုင္းရံေတာ့သည္။

သို႔ေသာ္ ထိုအေျခအေနျဖစ္လာမည္ကို လြန္ခဲ့သည့္ လပိုင္းကတည္းက ပြန္ဒီခ်ယ္ရီဘုရင္ခံ ဒူပေလ က သိရွိၿပီးျဖစ္သည္။

ထိုသတင္းကို ႀကိဳတင္ေပးခဲ့သူမွာ ပဲခူးၿမိဳ႕မွသံတမန္အျဖစ္ ေရာက္လာသူ လြီဇာ။

သူ၏ ညာဘက္႐ုံးမိုက္ကယ္ပါရာဒစ္ေသဆုံးမႈ အတြက္ ဒူပေလသည္ လြီဇာႏွင့္ ကိုဇာနီေကာ့ဗ္ တို႔ အေပၚ ေဒါသထြက္ခဲ့သည္။

ထို႔ေၾကာင့္ အက်ယ္ခ်ဳပ္ ခ်ဳပ္ေႏွာင္ထားရန္ပင္ အမိန႔္ခ်ခဲ့၏။

ထိုအခ်ိန္တြင္ မဒရပ္မွ ဘ႐ူႏို ျပန္လည္ေရာက္ရွိလာသည္။

ဘ႐ူႏို သည္ မီလပ္ႏွင့္အတူ သူ၏ မိတ္ေဆြေဟာင္းျဖစ္ခဲ့ေသာ လြီဇာတို႔ကို သြားေရာက္ေတြ႕ဆုံၾကသည္။

ဘ႐ူႏို က လြီဇာထံမွ သတင္းစကားကို ဒူပေလထံ ေရာက္ေအာင္ယူေဆာင္ေပးခဲ့သည္။

ဒူပေလမွာ လြီဇာတို႔ကို အျပည့္အဝမယုံၾကည္ေသာ္လည္း ပြန္ဒီခ်ယ္ရီမွ ခံတပ္မ်ားကိုမူ စနစ္တက် ႀကိဳတင္ျပင္ဆင္ထားၾကသည္။

ထို႔အျပင္ အဂၤလိပ္တပ္မ်ား ဝိုင္းရံလာႏိုင္ေခ်ရွိေသာ ေနရာမ်ားကို မုတ္သုတ္ရာသီတြင္ ေရဝင္လာေစရန္..ဆည္ေျမာင္းမ်ားကိုစနစ္တက် ျပဳျပင္ထားခဲ့၏။

မၾကာမီ လြီဇာတို႔ ေပးသည့္ သတင္းအတိုင္းပင္ တေသြမတိမ္းျဖစ္လာခဲ့သည္။

ထိုအခါမွ ဒူပေလမွာ လြီဇာတို႔အား အက်ယ္ခ်ဳပ္မွ လႊတ္ေပးကာ ဆက္ဆံေရးျပန္လည္တည္ေဆာက္ျခင္းျဖစ္သည္။

သို႔ေသာ္ ... အဂၤလိပ္တပ္မ်ား ဝိုင္းရံျခင္းခံေနရသျဖင့္ လြီဇာတို႔မွာ ဟံသာဝတီသို႔ ျပန္လည္ မျဖစ္ႏိုင္ေသးေပ။

မီလပ္က ခံတပ္ၿမိဳ႕႐ိုးေပၚမွ မွန္ေျပာင္းျဖင့္ ၾကည့္ေန၏။

“ကြၽန္မလည္း ၾကည့္ခ်င္တယ္..မီလပ္”

မီလပ္က လြီဇာကို မွန္ေျပာင္းကမ္းေပးလိုက္သည္။

“နည္းနည္းေနာေနာ အင္အားမဟုတ္ဘူးပဲ....ဒီအတိုင္းသာ ဆက္ဝိုင္းခံထားရရင္...ပြန္ဒီခ်ယ္ရီေတာ့ မလြယ္ဘူးပဲ..မီလပ္”

“က်ဳပ္တို႔မွာ ေျခာက္လစာ ရိကၡာအျပည့္အစုံရွိပါတယ္...ၿပီးေတာ့ မုတ္သုတ္ဝင္လာတာနဲ႔...သူတို႔ အခုေနေနတဲ့ ကတုတ္က်င္းေတြက..”

“မီလပ္”

ေနာက္မွ ေခၚလိုက္ေသာ အသံေၾကာင့္ မီလပ္၏ စကားက ရပ္သြားသည္။

ဘ႐ူႏို ႏွင့္ သူ၏ လက္ေထာက္ လာဗီး တို႔က သူတို႔ႏွစ္ေယာက္အနီးသို႔ ေလွ်ာက္လာသည္။

“ကုန္သည္ႀကီးလြီဇာ....ဒီခံတပ္ေပၚက မိန္းကေလးတစ္ေယာက္အတြက္ အင္မတန္အႏၲရာယ္မ်ားပါတယ္... ဘယ္သူမ်ား တက္ခြင့္ျပဳလိုက္တာလဲ”

“ကြၽန္မ သခင္မဂ်င္နီဒူပေလကို ေျပာၿပီးသားပါ..ၿပီးေတာ့ မီလပ္လဲ ပါေနတာပဲ”

ဘ႐ူႏိုက မီလပ္ကို ခပ္တင္းတင္းၾကည့္လိုက္သည္။ မ်က္ႏွာမွာ ကန႔္လတ္ျဖတ္ အမာ႐ြတ္ႀကီးသည္ ဘ႐ူႏို၏ ႐ုပ္ရည္ကို ပိုမိုခက္ထန္ေစသည္။

“မီလပ္...မင္းက ျပင္သစ္ေတာ္ဝင္ဘုရင္ရဲ႕ အမႈထမ္းေနာ္..စစ္ေရးကိစၥေတြကို လူတကာကို လိုက္မေျပာသင့္ဘူးဆိုတာ..မင္းသိမွာပါ”

“က်ဳပ္က စစ္တပ္အရာရွိပါ..မြန္စီယာဘ႐ူႏို...ဘယ္သူ႔ကို ေျပာသင့္မေျပာသင့္ဆိုတာ က်ဳပ္သိပါတယ္”

“မင္းက စစ္တပ္အရာရွိေပမယ့္..မင္းအသက္က ႏွစ္ဆယ္ေက်ာ္ပဲရွိေသးတယ္....ႏွစ္ဆယ္ေက်ာ္ဆိုတာ အခ်စ္ကိုကိုးကြယ္တတ္တဲ့အ႐ြယ္..အဲ့ဒါေၾကာင့္ေတာ့...အေရးႀကီးတဲ့သတင္းေတြကို အလြယ္တကူ ထုတ္ေျပာတာမ်ိဳး မလုပ္သင့္ဘူးကြ..မင္းအဲ့ဒါကို နားလည္”

မီလပ္က ခါးၾကားမွ ဓါးကို ခပ္တင္းတင္းဆုပ္ကိုင္ကာ ေရွ႕တိုးလိုက္သည္။

“မြန္စီယာတို႔ က သန္လ်င္မွာကတည္းက မိတ္ေဆြေတြပဲမဟုတ္လား..ေတာ္ၾကပါေတာ့ရွင္..ရွင္တို႔ မႀကိဳက္ရင္လည္း ကြၽန္မ ေနာက္ ဒီခံတပ္ေပၚ မတက္ေတာ့ပါဘူး”

လြီဇာ က ဘ႐ူႏိုဘက္သို႔ လွည့္ကာ ခပ္ၿပဳံးၿပဳံးေျပာလိုက္၏။

“ေတာင္းပန္ပါတယ္..ကုန္သည္ေတာ္ႀကီး...က်ဳပ္ကလည္း စည္းကမ္းအရေျပာရတာမို႔ပါ”

မီလပ္က ဘ႐ူႏို ကို ခပ္တင္းတင္းၾကည့္ကာ ခံတပ္ေပၚမွ ဆင္းသြား၏။

လြီဇာက မီလပ္ေနာက္မွ လိုက္ရန္ျပင္လိုက္သည္။

“ခဏေနပါဉီး...ကုန္သည္ေတာ္ႀကီးလြီဇာ..အေရးႀကီးတာတစ္ခု ေျပာစရာရွိပါတယ္”

“ဘာမ်ားလဲ မြန္စီယာဘ႐ူႏို”

“ဘုရင္ခံခ်ဳပ္ နဲ႔ ညက စကားေျပာျဖစ္တယ္...အိႏၵိယသမုဒၵရာမွာ သန္လ်င္ဆိပ္ကမ္းနဲ႔ ဟံသာဝတီဟာ ဘယ္လို အေရးပါတယ္ဆိုတာကို က်ဳပ္ သူ႔ကို ေသခ်ာရွင္းျပခဲ့ပါတယ္..သူကလည္း နားလည္သေဘာေပါက္ပါတယ္..ဒီေတာ့...အဂၤလိပ္ေတြနဲ႔ စစ္ပြဲၿပီးသြားတဲ့အခါ..ဟံသာဝတီကို ျပင္သစ္သံတမန္အဖြဲ႕ေစလႊတ္ဖို႔ သူက သေဘာတူခဲ့တယ္...က်ဳပ္နဲ႔ ေဟာ့ဒီက မြန္စီယာလာဗီ တို႔ ေခါင္းေဆာင္ၿပီးေတာ့ေပါ့”

ဘ႐ူႏိုစကားေၾကာင့္ လြီဇာ၏ မ်က္ႏွာမွာ ဝင္းလက္သြား၏။

“ေက်းဇူးတင္ပါတယ္..မြန္စီယာဘ႐ူႏို...ရွင့္ေက်းဇူးကို ဟံသာဝတီဘုရင္မင္းျမတ္ကို ေလွ်ာက္တင္ေပးပါ့မယ္”

“က်ဳပ္တို႔ ေရွ႕ေလွ်ာက္ အတူတူအလုပ္လုပ္စရာေတြအမ်ားႀကီးရွိေသးတယ္..လြီဇာ..ဒီေတာ့ တစ္ခု သတိေပးခ်င္တာက ပြန္ဒီခ်ယ္ရီမွာ ေနတဲ့အခါ..ဧည့္သည္က ဧည့္သည္တစ္ေယာက္လို ေနေပးပါ..တခ်ိဳ႕ ကိစၥေတြ ကို ခင္ဗ်ားရဲ႕ အလွတရားနဲ႔ရင္းၿပီး သိခ်င္ဖို႔ မႀကိဳးစားပါနဲ႔..က်ဳပ္ကေတာ့ မီလပ္လို မ်ိဳး အခ်စ္႐ူးေလးမဟုတ္ဘူး...ေျပာစရာရွိတာ ေျပာမွာပါ..ဒါကိုလည္း ခင္ဗ်ား နားလည္ေပးပါ”

“ဟုတ္ပါၿပီ..မြန္စီယာ..ကြၽန္မ ဂ႐ုစိုက္ပါ့မယ္”

လြီဇာက ခံတပ္ေပၚမွ ဆင္းသြားသည္။

“ဒီေပၚတူဂီမက ေၾကာက္စရာေကာင္းတယ္...လာဗီး..ဟံသာဝတီကိုေရာက္တဲ့အခါလည္း က်ဳပ္တို႔ သူ႔ကိုပဲ သတိထားကိုင္တြယ္ရလိမ့္မယ္”

ဘ႐ူႏိုက သူ႔နေဘးမွ လက္ေထာက္ လာဗီးကို ခပ္တိုးတိုးေျပာလိုက္သည္။

 

ခက္ေဇာ္

အခန္း(၂၅) ေနာက္တပတ္ တနင္းလာ။

(ကိစၥေလးတစ္ခ်ိဳ႕ရွိေနလို႔ရယ္...မွီျငမ္းစာအုပ္တစ္ခ်ိဳ႕ရယ္ကို လိုအပ္ေနလို႔ တပတ္ေလာက္ နားပါတယ္ဗ်ိဳး)

ေရွးဉီးေကာက္လွ်င္၊ ယင္းတြင္တပ္မွတ္၊ ေကာင္လတ္တသီး၊ ေကာက္ႀကီးတသင္း၊ လုပ္မည္ခင္းေသာ္၊ လယ္က်င္းနိမ့္ျမင့္၊ ပ်ိဳးႏုရင့္ကို၊ ႏႈိင္းခ်င့္မတူ၊ စိတ္စားယူ၍၊ ေတာင္သူစ႐ိုက္၊ ပ်ိဳးႀကဲစိုက္သို႔၊ သိမ္းပိုက္ေမွ်ာ္ျမင္၊ စစ္မႈတြင္လည္း၊ စစ္လ်င္စစ္နံ၊ စစ္ခံစစ္မ၊ စဥ္သင့္ခ်သည္ ၊ ဓညဗ်ဴဟာ

(ေတာင္သူေယာက္်ားသည္ စိုက္ပ်ိဳးရာတြင္ ေျမျပင္အေနအထား၊ ရာသီဉတုအေနအထားကို ၾကည့္ကာ မည္သည့္ေနရာတြင္ မ်ိဳးႏု၊ မ်ိဳုးရင့္မ်ားကို ေနရာခ်စိုက္ပ်ိဳးရမည္ကို ခ်င့္ခ်ိန္သကဲ့သို႔ မိမိ၏ တပ္မ်ားကိုလည္း ေနရာ၊ ဉတုကို ခ်င့္ခ်ိန္ေနရာခ်တိုက္ယူရမည့္...ဓညဗ်ဴဟာ)

Comments

Post a Comment