AVA 1740s S2 (အခန်း ၂၂)

AVA 1740s (Season 2)

                                                                       အခန်း(၂၂)

                                                             .......................................................

အနုပညာမြောက်လှသော ကနုတ်ပန်းများ။

ထိုအရာများရှိရာ ဆင်စွယ်သားပေါ်တွင် ရွှေအစစ်များ မြုပ်နှံထားသည့် ကောက်ကြောင်းများကို ဒူပလေ က သူ၏ လက်ချောင်းများဖြင့် ပွတ်သပ်ကြည့်နေ၏။

ထို့နောက် ဆင်စွယ်ကို ချလိုက်ပြီး...ပတ္တမြားများစီချယ်ထားသည့် စာချွန်ဘူးကို ယူလိုက်သည်။

အထဲမှ စာချွန်ကို ထုတ်ကာ ဖတ်လိုက်၏။

“အင်း...ပဲခူးဘုရင်ဆီမှာလည်း ပြင်သစ်လို အဆင့်မြင့်မြင့်ရေးတတ်တဲ့သူရှိတာပဲလား”

“မှန်ပါ..ပြင်သစ်ကိုယ်စားလှယ်ရုံးရှိစဉ်က ဖာသာဝီတိုနီ ဆီမှာ ပြင်သစ်စာ အရေး၊ အဖတ်၊ အပြော ကို ကောင်းကောင်းသင်ယူထားခဲ့တဲ့ မွန်လူငယ်တစ်ယောက် ရှိပါတယ်...သူ့ကို နန်းတွင်းမှာ မြှောက်စားပြီး ယခုသဝဏ်လွှာကို ဘာသာပြန်ရေးသားစေခဲ့ခြင်းပါ..အရှင်”

လွီဇာ၏ စကားအဆုံး ဒူပလေက စာချွန်ကို ဘေးသို့ ချလိုက်သည်။

“သန်လျင်ကို ပြင်သစ်ဘုရင်မင်းမြတ်ကြီးကလည်း စိတ်ဝင်စားပါတယ်..ဒါပေမယ့်..အခု ပွန်ဒီချယ်ရီက ပြင်သစ်တပ်တွေအနေနဲ့ ကာနာတစ်မှာ ဗြိတိသျှတွေနဲ့ စစ်ပွဲအကြီးအကျယ်နွှဲနေရတယ်...မဒရပ်ကို ပြင်သစ်က သိမ်းယူပြီးတာမှန်ပေမယ့်.စစ်ပွဲက မပြီးသေးဘူး.......ဒီတော့..ပဲခူးဘုရင် အကူအညီတောင်းတဲ့ ကိစ္စကို ကျုပ်တို့ လောလောဆယ်တော့ အကူအညီပေးနိုင်မယ်မထင်ဘူး”

“လွန်ခဲ့တဲ့ နှစ်က နန်းတော်ကထွက်ပြေးသွားတဲ့ ပဲခူးဘုရင် သမိန်ထော ဟာ အင်္ဂလိပ်တွေနဲ့ လျှို့ဝှက်အပေးအယူတွေလုပ်ခဲ့ပါတယ်...ကျွန်တော်မျိုးမတို့ ပဲခူးအမှုထမ်းတွေက သန်လျင်မှာရှိတဲ့ အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီရုံးခန်းကို ဝင်ရောက်စီးနင်းတဲ့အခါ အင်းဝနန်းတော်နဲ့ အပေးအယူ လုပ်ခဲ့ကြတဲ့ စာရွက်စာတမ်းတစ်ချို့ကိုလည်း တွေ့ရပါတယ်..အရှင်...တကယ်လို့ စစ်ပွဲမှာ အင်းဝ သာ နိုင်သွားခဲ့ရင်..ပြင်သစ်အနေနဲ့ အရှေ့တောင်အာရှမှာ ပဲခူးလိုမျိုး မဟာမိတ်နိုင်ငံတစ်ခုကို ဆုံးရှုံးနိုင်ဖွယ်ရှိပါတယ်..ဒါကိုလည်း စဉ်းစားပေးပါ..အရှင်”

ဒူပလေ က ခေါင်းတွင်ဆောင်းထားသော သိုးဆောင်းဆံပင်တုကို လက်ဖြင့် အသာပွတ်သပ်နေ၏။

ထို့နောက် သူ၏ နဘေးတွင် ထိုင်နေသော ပွန်ဒီချယ်ရီပြင်သစ်တပ်များ၏ ကာကွယ်ရေးအရာရှိချုပ် မိုက်ကယ်ပါရာဒစ် ဘက်သို့ မျက်နှာကို လှည့်လိုက်သည်။

“တို့လက်ထဲက ထွက်ပြေးသွားတဲ့ ရောဘတ်ကလိုက်ဖ် ဆိုတဲ့ အင်္ဂလိပ်ကောင် အကြောင်း ဘာကြားသေးလဲ...မိုက်ကယ်”

“နောက်ဆုံးသတင်းတွေအရတော့ စိန့်ဒေးဗစ်ခံတပ်ထဲကို ခိုဝင်သွားကြပါပြီ..အရှင်”

“ဒီကိစ္စသာ လာဘူဒေါနစ် သိသွားရင် ကျုပ်အတွက် ရှက်စရာပဲ..ပါရီကလည်း ကျုပ်ကို အထင်သေးသွားမှာ”

“ဘုရင်ခံ မင်းမြတ်ကြီးရှင့်”

လွီဇာက သူတို့ကြားသို့ စကားကို ဖြတ်ပြောရန် ပြင်လိုက်သည်။

“ဂျင်နီရေ....မင့် ဧည့်သည်တွေကို ပွန်ဒီချယ်ရီမှာရှိတုန်း ကောင်းကောင်းဧည့်ခံလိုက်ပါကွယ်”

ဒူပလေက လွီဇာ၏ စကားကို မသိယောင်ပြုကာ အပြင်ဘက်တွင်ရှိနေသာ ဂျင်နီဒူပလေ ထံ လှမ်းခေါ်လိုက်၏။

ဂျင်နီဒူပလေက ဝင်လာပြီး လွီဇာကို မျက်ရိပ်ပြလိုက်၏။

လွီဇာက ဒူပလေကို အရိုအသေပြုကာ အပြင်သို့ ပြန်ထွက်ခဲ့သည်။

အခန်းအပြင်ဘက်တွင် မီလပ် နှင့် ကိုဇာနီကော့ဗ်တို့က စောင့်နေကြသည်။

လွီဇာက ခေါင်းကို ခါယမ်းပြလိုက်၏။

“အခုအချိန်မှာ စစ်ရေးကိစ္စတွေနဲ့ သူအရမ်းအလုပ်ရှုပ်နေလို့ပါ...လွီဇာ...စိတ်မကောင်းပါဘူး”

ဂျင်နီဒူပလေက အားတုံ့အားနာဖြင့် စကားဆိုသည်။

“ရပါတယ်...သံခင်းတမန်ခင်းကိစ္စဟာ ဒီလောက်မလွယ်ဘူးဆိုတာ ကျွန်မ နားလည်ပါတယ်..သခင်မ..ပြီးတော့ အခုအခြေအနေကလည်း ပြင်သစ်အနေနဲ့ စစ်ပွဲတွေကြားရောက်နေတာကို သဘောပေါက်ပါတယ်...ဘာပဲဖြစ်ဖြစ် ဒီကိစ္စ အောင်မြင်ရမယ်လို့ ကျွန်မ ပဲခူးဘုရင်ကို တာဝန်ခံခဲ့တယ်..ကျွန်မ စကားနဲ့ ကျွန်မ ဖြစ်အောင်လုပ်ရမှာပေါ့..ဒီကိစ္စ မအောင်မြင်မချင်း ကျွန်မ ပွန်ဒီချယ်ရီက မပြန်ဘူး”

ဂျင်နီဒူပလေက ချိုချိုမြမြ အပြုံးဖြင့် လွီဇာ၏ လက်ကို ကိုင်လိုက်သည်။

“ဟိုးအဝေးကြီးကနေ ပင်လယ်ကိုဖြတ်ပြီး ဒီအထိတောင် လာရဲတဲ့ မိန်းမတစ်ယောက်အနေနဲ့ မင်းကို ငါ လေးစားပါတယ်..လွီဇာဒီမဲလိုး...မင်းရဲ့ ဇွဲသတ္တိအတွက်လည်း အမျိုးသမီးတစ်ယောက်အနေနဲ့ ငါ ဂုဏ်ယူပါတယ်..ပွန်ဒီချယ်ရီမှာ မင်းရှိနေသမျှ ကာလပတ်လုံး..မင်း ကို ငါ ဧည့်ဝတ်ကျေပွန်ပါရစေ............ပွန်ဒီချယ်ရီမှာ မင်းရှိနေဉီးမယ်ဆို..ဘုရားကျောင်းမှာ မနေပါနဲ့...ဝှိုက်တောင်းရပ်ကွက်မှာ ငါ့ မိဘတွေပိုင်တဲ့ အိမ်တစ်လုံးရှိတယ်...သူတို့လည်းမနေကြဘူး..အဲ့ဒီမှာ မင်းတို့ တည်းခိုဖို့ ငါစီစဉ်ပေးပါ့မယ်..အစေခံတွေ...မြင်းရထားတွေ အကုန်လုံး အဆင်သင့်ပြင်ဆင်ပေးပါမယ်..လွီဇာ”

“ကျေးဇူးကြီးလှပါတယ်..အရှင်မ”

“ဒါဆို...ဒီနေ့လည်လောက်...ဘုရားကျောင်းကို အိမ်တော်က လူတွေ လွှတ်လိုက်မယ်..မင်းတို့ ပြောင်းရွှေ့ဖို့ သူတို့ ကူညီပေးလိမ့်မယ်”

“ဒါဆို ကျွန်မတို့ကို ခွင့်ပြုပါဉီး..အရှင်မ”

လွီဇာ က ဂျင်နီဒူပလေထံ ခွင့်ပန်လိုက်၏။

ထို့နောက် မီလပ်၏ မြင်းရထားဖြင့် လွီဇာ နှင့် ကိုဇာနီကော့ဗ် တို့ တည်းခိုရာဘုရားကျောင်းရှိရာသို့ ပြန်လာကြသည်။

လမ်းတွင် ဟိန္ဒူဘုရားကျောင်းတစ်ခု အရှေ့တွင် အညစ်အကြးများ ပြန့်ကျဲနေပြီး လူအများ အုတ်အော်သောင်းနင်းဖြစ်နေကြသည်ကိုတွေ့လိုက်ရ၏။

“အဲ့ဒါ ဘာဖြစ်နေကြတာလဲ...မီလပ်”

မီလပ်က လွီဇာဘေးမှ ရထားပြတင်းတံခါးများကို ပိတ်လိုက်သည်။

“မမဂျင်နီ ရဲ့ လက်ချက်တွေပဲပေါ့”

“ဟင်...ဘယ်လို..သူက ဘာလုပ်တာလဲ”

“သူက ခရစ်ယာန်ဘာသာကလွဲပြီး ကျန်တဲ့ ကိုးကွယ်မှုတွေကို ဒီမြေမှာ မရှိစေချင်ဘူး..ဒါကြောင့် တခါတလေ ဟိန္ဒူဘုရားကျောင်းတွေ၊ မူဆလင်ဗလီတွေရှေ့မှာ အညစ်အကြေးတွေ သွားပုံတာမျိုး၊ ရုပ်ထုတွေကို ဖျက်ဆီးတာမျိုးတွေကို သူလူတွေကို လုပ်ခိုင်းတတ်တယ်...နောက်ကွယ်မှာ ဘုရင်ခံကတော်ရှိနေတော့ ကျန်တဲ့သူတွေကလည်း ဘာမှ မပြောရဲကြဘူး”

“ဟယ်”

“သူက ခရစ်ယာန်အစွန်းရောက်တစ်ယောက်ပဲ..လွီဇာ...မင်းကိုတောင် ခရစ်ယာန်ဖြစ်နေလို့ သူ ဒီလောက် သဘောကောင်းနေတာ.သူနဲ့ ဆက်ဆံတဲ့အခါ သတိထားပါ”

“ကျေးဇူးပါ..မီလပ်..ဒါနဲ့ ရှင့်ကို ကျွန်မ နာမည်တစ်ခုအကြောင်းမေးစရာရှိတယ်”

“ဘယ်သူ့နာမည်များလဲ”

“လာဘူဒေါနစ် ဆိုတာ ဘယ်သူလဲ”

မီလပ်စ်က လွီဇာကို တအံတဩမျက်လုံးမျိုးဖြင့် ကြည့်လိုက်သည်။

“မင်း ပွန်ဒီချယ်ရီကို ရောက်တာ..ရက်ပိုင်းပဲ ရှိသေးတယ်..ဒီနာမည်ကို သိနေပြီလား”

“ဟုတ်တယ်..ခုနက အခန်းထဲမှာ မွန်စီယာဒူပလေက အဲ့ဒီနာမည်ကို ပြောသံကြားလိုက်တယ်...အဲ့ဒီလူက မွန်စီယာဒူပလေ အတွက် အရေးပါတဲ့သူထင်တယ်”

“မင်းကိုတော့ ငါကြောက်လာပြီ..လွီဇာ”

“အံမယ်လေး..ကြောက်ပေလို့သာပဲ....ကဲ..ပြောမှာသာ ပြောစမ်းပါရှင်”

.....................................................................................................................

ဗိုလ်ချုပ်ကြီး ဒီ လာ ဘူဒေါနစ် (De La Bourdonnais)။

ပြင်သစ်အရှေ့အိန္ဒိယကုမ္ပဏီ၏ ဒုဗိုလ်လေးဘဝမှ မောရစ်သျှကျွန်း၏ ဘုရင်ခံဖြစ်လာခဲ့သူ။

၁၇၄၄ ခုနှစ်၊ ဩစတြီးယားထီးမွေနန်းမွေဆက်ခံရေး စစ်ပွဲတွင် ပြင်သစ်ပါဝင်လာခဲ့ပြီးနောက် အိန္ဒိယသမုဒ္ဒရာအတွင်းတွင် အင်္ဂလိပ်နှင့် ပြင်သစ်တို့ စစ်ပွဲများစတင်ဖြစ်ပွားခဲ့သည်။

ပထမကာနာတစ်စစ်ပွဲဟု အမည်တွင်သည့် ထိုစစ်ပွဲတွင် အင်္ဂလိပ်ရေတပ်ဗိုလ်ချုပ် အက်ဒွပ်ပေတွန် နှင့် ပွန်ဒီချယ်ရီပြင်သစ်ဘုရင်ခံ ဒူပလေ၏ တပ်များ တိုက်ခိုက်ခဲ့ကြသည်။

ဒူပလေ၏ ရေတပ်သင်္ဘောအုပ်စုများမှာ အင်္ဂလိပ်ရေတပ်၏ တိုက်ခိုက်မှုကို ခံနေရသည်။

ထိုအချိန်တွင် ဗိုလ်ချုပ်ကြီး လာ ဘူဒေါနစ် ၏ အင်အား(၃၀၀၀) ပါဝင်သော မောရစ်သျှရေတပ်ကြီးက တိုက်ပွဲတွင် ပါဝင်လာခဲ့သည်။

ဗိုလ်ချုပ်အက်ဒွပ်ပေတွန် ၏ အင်္ဂလိပ်ရေတပ်မှာ အကျအဆုံးများနှင့် ဆုတ်ခွာသွားခဲ့ရသည်။

၁၇၄၆ စက်တင်ဘာ ၄ ရက်နေ့တွင် ဘူဒေါနစ်၏ ပြင်သစ်တပ်များနှင့် ဒူပလေ၏ တပ်များ ပူးပေါင်း ကာ အင်္ဂလိပ်ပိုင် မဒရပ်မြို့ကို ဝန်းရံတိုက်ခိုက်ခဲ့ကြ၏။

ရက်အတန်ကြာပြီးနောက်  ပြင်သစ်တပ်များ မြို့ကို သိမ်းပိုက်လိုက်ကြသည်။

မဒရပ်ကျပြီးနောက် မြို့အုပ်ချုပ်ရေးဖြစ်သည့် ဗြိတိသျှအရာရှိများကို ဖမ်းဆီးကာ ပွန်ဒီချယ်ရီသို့ ပို့ဆောင်လိုက်ကြသည်။

ဘူဒေါနစ် ၏ တပ်များမှာ မောရစ်သျှကျွန်းစုသို့ မပြန်ပဲ မဒရပ်တွင် ဆက်လက်တပ်စွဲထားကြ၏။

စစ်ပွဲ၏ ချိန်ခွင်လျှာကို ပြောင်းလဲစေခဲ့သော လာဘူဒေါနစ်၏ အမည်မှာလည်း ပါရီအစိုးရ အထိပင် ပေါက်ရောက်သွားသည်။

ပွန်ဒီချယ်ရီဘုရင်ခံ ဒူပလေအတွက်မူ အင်္ဂလိပ်တို့ကို အနိုင်ယူနိုင်ခဲ့သော်လည်း လူမျိုးတူ ပြိုင်ဘက်တစ်ဉီးကို အိန္ဒိယမြေပေါ် သို့ ခြေချခွင့်ပေးလိုက်သကဲ့သို့ ဖြစ်သွား၏။

ဘူဒေါနစ်မှာ မဒရပ်တွင် ရှိနေစဉ် ဒေသခံ အိန္ဒိယမဟာရာဂျာ အန်နဝါဟူဒင်ခမ်း နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုအချိန်တွင် ပွန်ဒီချယ်ရီတွင် ဖမ်းဆီးထားသော ဗြိတိသျှ အရာရှိများအနက်မှ ရောဘတ်ကလိုက်ဖ်  ဆိုသည် လူငယ်စစ်ဗိုလ်တစ်ဉီးနှင့် အခြားအရာရှိသုံးဉီးတို့သည် အိန္ဒိယသားများအဖြစ် ဟန်ဆောင်ကာ ထွက်ပြေးလွတ်မြောက်သွားခဲ့၏။

ရောဘတ်ကလိုက်ဖ်မှာ အင်္ဂလိပ်ပိုင်စိန့်ဒေးဗစ်ခံတပ်သို့ ရောက်ရှိသွားကာ...ပြင်သစ်တို့အား ပြန်လည်တိုက်ခိုက်ရန် စီစဉ်လျက်ရှိသည်။

ပွန်ဒီချယ်ရီ၏ မြို့ပြမြေပုံအကြမ်းသည်လည်း ကလိုက်ဖ်နှင့်အတူ ပါရှိသွား၏။

ထို့ကြောင့် ဒူပလေမှာ အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီ ၏ ပြဿနာ ၊ ပြိုင်ဘက်ဖြစ်လာသူ ဗိုလ်ချုပ်ကြီးလာဘူဒေါနစ် ၏ ပြဿနာတို့ကြောင့် အကြပ်အတည်းတွေ့လျက်ရှိနေသည်။

........................................................................................................................

တည်းခိုရာ ဘုရားကျောင်းသို့ ရောက်ပြီ ဖြစ်သဖြင့် မီလပ်က စကားကို အဆုံးသတ်လိုက်သည်။

“လွီဇာ...ရောက်ပြီလေ..ပစ္စည်းတွေသိမ်းဆည်းထားတော့”

မီလပ်၏ ပြောသံကို လွီဇာ မကြား။

 မြင်းရထား ပြတင်းကို ဖွင့်လိုက်ပြီး ဘုရားကျောင်းထိပ်ရှိ ခေါင်းလောင်းစင်ကို ငေးကြည့်နေသည်။

“လှီဇာ..လှီဇာ..”

ကိုဇာနီကော့ဗ် က လွီဇာ၏ လက်မောင်းကို ပုတ်ကာ ပြောလိုက်၏။

“ဪ..ဟုတ်ကဲ့”

“ဘာတွေများ ဒီလောက် စဉ်းစားနေရတာလဲ...လွီဇာ”

မီလပ် က ရထားပေါ်မှ ဆင်းရန် ပြင်နေသော လွီဇာကို လက်ကမ်းရင်း မေးလိုက်သည်။

“ဘာမှ မဟုတ်ပါဘူး..မီလပ်..ဒီစစ်ပွဲတွေ၊ နိုင်ငံရေးတွေအကြား ကျွန်မ ဒီလို ပါဝင်ပတ်သက်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဖူးဘူး..အဲ့ဒါကို ပြန်စဉ်းစားနေတာပါ”

“ကိုယ်လည်း အတူတူပါပဲ..လွီဇာ..ကဲ...လောလောဆယ် နေရာရွှေ့ဖို့ ပြင်ဆင်ထားလိုက်ဉီး..ကိုယ်လည်း သင်္ဘောပေါ် တက်စရာကိစ္စရှိသေးတယ်..ညနေကျ ပြောင်းရွှေ့ထားတဲ့ အိမ်အသစ်မှာ ကိုယ်လာတွေ့ပါ့မယ်”

မီလပ်က လွီဇာကို နှုတ်ဆက်ကာ ပြန်ထွက်သွား၏။

ဘုရားကျောင်းအတွင်းသို့ လွီဇာ နှင့် ကိုဇာနီကော့ဗ် တို့ ဝင်လာကြသည်။

“မစ္စတာနီကော့ဗ်”

“ပြောပါ..လွီဇာ”

“ရှင့်မှာ မက်ဒရပ်က အာမေးနီးယန်းကုန်သည်အသိုင်းအဝိုင်းအသိရှိလား”

“ရှိတယ်..လွီဇာ..ကျွန်တော်နဲ့ မျိုးနွယ်တူတွေလည်းရှိတယ်..ဘာဖြစ်လို့လဲ”

“သူတို့ဆီက အကူအညီတောင်းရင် ရနိုင်လား”

ကိုဇာနီကော့ဗ် က လက်ညှိးနှင့် လက်မကို ဝိုင်းကာ ထောင်ပြလိုက်သည်။

“ဒါပဲ..အာမေးနီးယန်းတွေအတွက်က ဒါ ပါရင် ဘာမဆို အကူအညီပေးတယ်..လွီဇာ”

“ဟုတ်ပြီလေ...ကျွန်မ ဒီကနေ မဒရပ်ကို သွားချင်တယ်”

.......................................................................................................

ရှည်လျားလှသော လှည်းတန်းကြီးသည် မဒရပ်မြို့နှင့်မနီးမဝေးရှိ မဟာဘာလီပန်းရွာအနီးလမ်းမတွင် ရပ်တန့်သွားသည်။

ပွန်ဒီချယ်ရီတွင် ကုန်ရောင်းပြီး မဒရပ်သို့ ပြန်လာကြသည့် အာမေးနီးယန်းကုန်သည်တို့၏ ထိုလှည်းတန်းကြီးမှာ တစ်ရက်နှင့် တစ်ည ခရီးဆက်ခဲ့ပြီးဖြစ်သည်။

မကြာမီ မဒရပ်သို့ ရောက်တော့မည်။

ကုန်သည်ခေါင်းဆောင် ဂရီဂိုရီ က လှည်းတန်း၏ အလယ်တွင်ပါလာသော လှည်းတစ်ခုဆီ သို့ လျှောက်သွား၏။

“မဒရပ်ကို မင်းတို့ ဘာကိစ္စနဲ့ပဲ သွားသွား….မင်းတို့ဟာ လူစိမ်းတွေမို့…မင်းတို့ ဝင်ဂါရဝ ပြုရမယ့် လူတစ်ယောက် ဒီနားမှာ ရှိနေတယ်”

ဂရီဂိုရီက ကိုဇာနီကောဗ်ကို အာမေးနီးယန်းဘာသာစကားဖြင့် ပြောလိုက်သည်။

ကိုဇာနီကော့ဗ်က လွီဇာကို ဘာသာပြန်ပြလိုက်၏။

“ခင်ဗျားကို လိုအပ်တဲ့ ငွေကြေး ပေးထားပြီးသားပဲ….ကျုပ်တို့က ဘယ်သူ့ကို ဝင်ဂါရဝ ပြုစရာလိုလို့လဲ”

“အာမေးနီးယန်းတွေဟာ ကမ္ဘာဘယ်အရပ်ဒေသကပဲ လာခဲ့သည်ဖြစ်စေ…မဒရပ်ကို ရောက်ရင်တော့ ဘာအလုပ်ပဲ လုပ်လုပ် အူစကန် ကို အသိပေးရတယ်”

“အူစကန် ဆိုတာ ဘယ်သူလဲ”

“ကိုဂျာ ပီးထရပ်အူစကန်”

“သူက ဘယ်သူလဲ”

“သူက မဒရပ်အာမေးနီးယန်းကုန်သည်အသိုင်းအဝိုင်းရဲ့ ခေါင်းဆောင်ပဲ…မဒရပ်မှာရှိတဲ့ လူမျိုးပေါင်းစုံအပေါ်လည်း သူ့ ဩဇာက သက်ရောက်တယ်.အင်္ဂလိပ်တွေရော..ပြင်သစ်တွေပါ သူ့ရဲ့ ကြွယ်ဝမှုနဲ့ လူထုလေးစားမှုအပေါ် သတိထားဆက်ဆံကြရတယ်…လောလောဆယ်တော့.. သူက ပြင်သစ်အလံလွှင့်ထားတဲ့ မက်ဒရပ်မြို့မှာ မနေချင်လို့ ဒီကမ်းခြေက ဒတ်ချ် သင်္ဘောပေါ်မှာ နေနေတယ်…ပဲခူးက လာတဲ့ မင်းတို့ ကို သူကလည်း တွေ့ချင်နေတယ်”

ကိုဇာနီကော့ဗ် က လွီဇာကို ပြန်ရှင်းပြလိုက်သည်။

“အင်း…သူက မဒရပ်မှာ ဩဇာရှိတာ သေချာရင်တော့ ကျွန်မတို့ သူနဲ့ တွေ့သင့်တယ်..ပြင်သစ်ဗိုလ်ချုပ် လာဘူဒေါနစ် နဲ့တွေ့ဆုံရေးမှာ သူက အရေးပါချင် ပါလာနိုင်တယ်..မစ္စတာနီကော့ဗ်”

ကိုဇာနီကော့ဗ် က ဂရီကိုရီအား သဘောတူကြောင်း ပြန်ပြောလိုက်သည်။

မကြာမီ မြင်းရထားတစ်စီး ရောက်လာ၏။

“မင်းတို့ အဲ့ဒီမြင်းရထားနောက်က လိုက်သွားပြီး အူစကန်နဲ့ သွားတွေ့ကြပါ..ကျုပ်တို့ ဒီမှာ နားနေမယ်…မင်းတို့ ပြန်အလာကို စောင့်ပြီးမှ မဒရပ်ကို ဝင်မယ်”

မြင်းရထားက ရှေ့မှ ခပ်ဖြည်းဖြည်းသွားသည်။

လွီဇာတို့၏ လှည်းက အနောက်မှလိုက်၏။

တစ်နာရီကျော်ခန့်သွားပြီးသည့်နောက် ဆိပ်ကမ်းတစ်ခုနှင့် ပင်လယ်ပြင်ကြီးကိုလှမ်းမြင်လိုက်ရသည်။

မြင်းရထားပေါ်မှ အိန္ဒိယအမျိုးသားတစ်ဉီးဆင်းလာသည်။

“မဒမ်တို့..သင်္ဘောပေါ်ကို သွားဖို့ ဟော့ဟိုက လှေ က အသင့်ရှိနေပါတယ်”

လွီဇာတို့ နှစ်ဉီး လှေဆီသို့ လျှောက်သွားကြသည်။ လှေသမားက ထိုင်ရန် ညွှန်ပြလိုက်ပြီး သင်္ဘောဆီသို့ လှေကို လှော်ခတ်လိုက်၏။

ဒတ်ချ်အလံ တလူလူလွင့်လျက်ရှိသော သင်္ဘောပေါ်တွင် အသက် (၆၀)ကျော် အဘိုးအိုတစ်ဉီးက မတ်တပ်ရပ်နေသည်။

မေးရိုးကားကား၊ မည်းနက်နေသော နှုတ်ခမ်းမွှေးကြီးနှင့် အဘိုးအို၏ မျက်နှာပေါ်တွင် ကြွယ်ဝချမ်းသာမှု၊ ဩဇာအာဏာ နှင့် ပါးနပ်မှုတို့ကို လွီဇာခန့်မှန်းမိလိုက်သည်။

ဒတ်ချ်သင်္ဘောသားနှစ်ဉီးက လှပသည့် သစ်သားခုံကြီးကို ကုန်းပတ်ပေါ်သို့ မလာသည်။

အဘိုးအိုက အူစကန် က ခုံပေါ်တွင် ခြေချိတ်ကာ ထိုင်လိုက်၏။

အူစကန်၏ ရှေ့တွင် လွီဇာ နှင့် ကိုဇာနီကော့ဗ် တို့ မတ်တပ်ရပ်လိုက်ကြသည်။

“ငါ့နာမည် ကိုဂျာ ပီးထရပ်အူစကန်….မင်းတို့က အာမေးနီးယန်းတွေလား”

“ကျွန်တော်က အာမေးနီယန်းပါ..ပဲခူးမြို့မှာ နေပါတယ်..ကိုဇာနီကော့ဗ်လို့ ခေါ်ပါတယ်… ဒီအမျိုးသမီးကတော့ ပဲခူးမြို့က ဘုရင့်တော်ဝင်ကုန်သည်တော်ကြီး လွီဇာဒီမဲလိုးပါ..ပေါ်တူဂီလူမျိုးပါ”

အူစကန်က မတ်တပ်ထရပ်လိုက်သည်။

“ပေါ်တူဂီဆိုတော့ ရိုမန်ကက်သလစ်လား”

အူစကန်က လွီဇာအား ပေါ်တူဂီဘာသာဖြင့် ပြောလိုက်ခြင်းဖြစ်သည်။

“ဟုတ်ပါတယ်…ကျွန်မက အင်းဝမြို့မှာ မွေးတဲ့ ရိုမန်ကက်သလစ်ဘာသာဝင်ပါ”

“တွေ့ရတာ..ဝမ်းသာပါတယ်…မဒမ်..ကျုပ်လည်း ရိုမန်ကက်သလစ်တစ်ယောက်ပါပဲ”

လွီဇာက လက်ကမ်းလိုက်သဖြင့် လွီဇာ၏ လက်ကို ယူကာ နမ်းလိုက်၏။

“ဂုဏ်သရေရှိပြီး လှပတဲ့ ကက်သလစ်အမျိုးသမီးတွေဆိုရင် ငါက လေးစားတတ်ပါတယ်”

ထို့နောက် ဒတ်ချ်ဘာသာဖြင့် သင်္ဘောသားများအား တစ်စုံတစ်ခုပြောလိုက်၏။

ဒတ်ချ်သင်္ဘောသားများက ခုံနှစ်ခုံကို ယူလာပေးသည်။

“မင်းတို့ နှစ်ယောက်လုံးနားလည်အောင် အင်္ဂလိပ်စကားနဲ့ ပြောကြရင် အဆင်ပြေမလား”

“ပြေပါတယ်”

“ကဲ..ထိုင်ကြပါ…တော်ရုံအားဖြင့်တော့ သာမန်လူတွေကို ငါ့ရှေ့မှာ ထိုင်ခွင့်မပေးဘူး..မင်းတို့ကိုတော့ ငါ့ဧည့်သည်တော်တွေလို မှတ်ပါတယ်..ပဲခူးကနေ ပွန်ဒီချယ်ရီကို လာတယ်..ပွန်ဒီချယ်ရီကနေ မဒရပ်ကို လာကြတယ်ဆိုတော့ ဘယ်လို ကိစ္စမျိုးများရှိပါသလဲ”

လွီဇာ နှင့် ကိုဇာနီကော့ဗ်တို့က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။

“ငါက ကုန်သည်ပါ….ဒါပေမယ့်..တချို့ကိစ္စတွေမှာ နိုင်ငံရေးပဲဖြစ်ဖြစ်…စစ်ရေးပဲဖြစ်ဖြစ်..ငါ ကူညီနိုင်တဲ့ လက်တံတွေရှိပါတယ်….အဲ့ဒီအတွက်လည်း အဖိုးအခ တော့ရှိတာပေါ့….မင်းတို့ မဒရပ်မှာ ဘာကိစ္စဖြစ်ဖြစ် ငါ့ကို ပြောပြတိုင်ပင်နိုင်ပါတယ်..ဒီလိုမှ မဟုတ်ရင်တော့..မဒရပ်မြို့အဝင်မှာတင် မင်းတို့ အခက်အခဲတွေ ကြုံရလိမ့်မယ်..ငါ့ကို ယုံပါ”

“ကျွန်မတို့ မဒရပ်က ပြင်သစ်ဗိုလ်ချုပ်လာဘူဒေါနစ် နဲ့ တွေ့ဖို့ လာတာပါ”

အူစကန်က ပြုံးလိုက်သည်။

“ဒူပလေ ရှိတဲ့ မြို့ကနေ..ဘူဒေါနစ် ဆီ လာကြတယ်ဆိုတော့….မင်းတို့ ကိစ္စကို ဒူပလေ က ငြင်းလွှတ်လိုက်တယ်..ထင်ပါရဲ့”

“ဟုတ်ပါတယ်”

“မင်းတို့ ကိစ္စက ငါကြားသိရသလောက်ဆို ပဲခူးစစ်ပွဲနဲ့ သက်ဆိုင်နေလိမ့်မယ်ထင်ရဲ့”

“မှန်ပါတယ်”

“ဘာလိုချင်တာလဲ..လက်နက်လား..စစ်ကူလား”

“ဘာရရပါ..လက်နက်ရလည်း အဆင်ပြေပါတယ်”

“စစ်ကူကတော့ ပြင်သစ်ရော၊ အင်္ဂလိပ်ရောကပါ ဒီအချိန် ပေးနိုင်မယ်မထင်ဘူး..လက်နက်ဆိုရင်တော့ သူတို့ပေးနိုင်လိမ့်မယ်…ဒါနဲ့…မင်းတို့ ဒူပလေကို ဘာတွေ ပေးခဲ့ရလဲ”

“ပဲခူးဒေသက တန်ဖိုးကြီး ရတနာနည်းနည်းပေါ့”

“အခု လာတွေ့တဲ့….လာဘူဒေါနစ် အတွက်ကရော”

“သူ့အတွက်လည်း ဆင်စွယ်နဲ့ ပတ္တမြားတွေပါ ပါတယ်”

“ဆင်စွယ်ကတော့ အိန္ဒိယမှာ မရှားပါဘူး…ပတ္တမြားနဲ့ တခြားအနုပညာဆန်ဆန်ပစ္စည်းတွေ ဘာပါသေးလဲ..ငါ က အနုပညာပစ္စည်းဆို စိတ်ဝင်စားလို့ပါ”

“လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်တုန်းက သန်လျင်ဘုရင်ခံ ဖိလစ်ဒီဘရစ်တိုကို မွန်ပန်းပုပညာရှင်တွေ ထုပေးထားတဲ့ ရွှေသားအစစ် မယ်တော်မာရီရုပ်တုတစ်ခု ပါတယ်”

“ငါ့ကို ပြနိုင်မလား”

လွီဇာက သူမကိုယ်နှင့်မကွာ ဆောင်ယူလာသည့် အထုပ်ကို ဖြည်လိုက်သည်။ အထုတ်ထဲတွင် ယွန်းသေတ္တာတစ်လုံး။

ယွန်းသေတ္တာထဲမှ အဝတ်နှင့် ရစ်ပတ်ထားသည့် မယ်တော်မာရီရုပ်ထုကို အူစကန် ထံ ကမ်းပေးလိုက်၏။

အူစကန်က မယ်တော်မာရီရုပ်ထုလေးကို အသေချာလှည့်ပတ်ကြည့်နေသည်။

“ငါ တစ်ခု ကမ်းလှမ်းချင်တယ်..မဒမ်”

“ဟုတ်ကဲ့..ပြောပါ”

“ငါ့မှာ ဒူပလေအတွက် တန်ဖိုးရှိတဲ့ သတင်းစကားရှိတယ်..အဲ့ဒီသတင်းစကားကို မင်းတို့ကို ဒီရုပ်ထုနဲ့ ရောင်းမယ်…စိတ်ဝင်စားလား”

“ကျွန်မတို့က လာဘူဒေါနစ်နဲ့ပဲ တွေ့ချင်တာ”

အူစကန်က ပြုံးပြီး ခေါင်းခါလိုက်သည်။

“လာဘူဒေါနစ်မှာ မင်းတို့ကိစ္စစိတ်ဝင်စားမှာမဟုတ်ဘူး..ပြီးတော့ သူလာခဲ့တဲ့ခရီးကလည်း မင်းတို့နေရာနဲ့ဆို ဝေးလွန်းတယ်…နောက်ပြီးတော့….”

အူစကန်က ပြောလက်စ စကားကို ရပ်လိုက်သည်။

“နောက်ပြီးတော့..ငါဆက်ပြောမယ့်စကားကတော့…မင်းတို့အတွက်လည်း ဒူပလေဆီက အခွင့်အရေး ရနိုင်မယ့် အချက်ပဲ..ဘယ်လိုလဲ…ငါတို့ အရောင်းအဝယ်လုပ်မှာလား”

လွီဇာ နှင့် ကိုဇာနီကော့ဗ်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ တွေဝေနေကြ၏။

ထို့နောက် လွီဇာကပင် ဆုံးဖြတ်ချက်ချလိုက်သည်။

“ဟုတ်ပြီလေ….လုပ်မယ်..ဒီရုပ်ထု ရှင့်ကို ရောင်းပါတယ်..ရှင်ပေးစရာရှိတာ ကျွန်မတို့ကို ပြန်ပေးပေတော့”

အူစကန်က ရွှေကွပ်ထားသည့် ဆေးတံကြီးကို ကိုင်လိုက်သည်။

“ဟေ့…ငါ့ကို ဆေးတံ မီးသွားညှိပေးစမ်းကွယ်”

အနားတွင်ရှိသော ဒတ်ချ်သင်္ဘောသားက ဆေးတံကို ယူကာ ထွက်သွား၏။

“မကြာခင်မှာ လာဘူဒေါနစ်ရဲ့ တပ်တွေက မဒရပ်ကို စွန့်ခွာသွားလိမ့်မယ်…အဲ့ဒီလိုစွန့်ခွာသွားဖို့ကိုလည်း အင်္ဂလိပ်ဗိုလ်ချုပ်အက်ဒွပ်ပေတွန် နဲ့ ညှိနှိုင်းပြီးသွားပြီ..လာဘူဒေါနစ်လိုချင်တာ မဒရပ်မြို့မဟုတ်ဘူး.. ငွေပဲ..ပြီးတော့ အင်္ဂလိပ်ရေတပ်ဗိုလ်ချုပ်ကြီး ဘော်စကာဝမ် ရဲ့ ရေတပ်သင်္ဘောအုပ်စုကြီးက ဥရောပကနေ အိန္ဒိယသမုဒ္ဒရာထဲ လာနေကြပြီ..အဲ့ဒီသင်္ဘောအုပ်စုမှာ တိုက်သင်္ဘောအစီး ၃၀ နဲ့ လူငါးထောင်ပါတယ်..သူတို့နဲ့ ဒီမှာ ရှိတဲ့ ဗြိတိသျှအရှေ့အိန္ဒိယတပ်တွေပေါင်းပြီး မဒရပ် နဲ့ ပွန်ဒီချယ်ရီကို ပြန်သိမ်းလိမ့်မယ်..လာဘူဒေါနစ်ကလည်း ဒီသတင်းကို ရပြီးသားဆိုတော့ ဗြိတိန်ဗိုလ်ချုပ်ဆီက ငွေယူပြီ မဒရပ်ကနေ အသာတကြည်ဆုတ်သွားလိမ့်မယ်..ဒီတော့ မကြာခင်ပွန်ဒီချယ်ရီ ဟာ တိုက်ခိုက်ခံရလိမ့်မယ်”

လွီဇာက အူစကန် ပြောသမျှကို အသေအချာလိုက်လံမှတ်သားနေ၏။

“ကျွန်မတို့က အဲ့ဒီသတင်းစကားတွေကို ဘယ်လို ယုံကြည်ရမှာလဲ”

အူစကန်က သူ့ဝတ်ရုံထဲမှ ကြေးပြားတစ်ခု ကို ထုတ်ပြလိုက်သည်။

“ဘာလို ယုံကြည်ရမှာလဲဆိုတော့..ငါက ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီရဲ့ ဂုဏ်ထူးဆောင်ကောင်စီဝင် မို့လို့ပဲ”
 

ခက်ဇော်

(zawgyi)
AVA 1740s (Season 2)

                                                                       အခန္း(၂၂)

                                                             .......................................................

အႏုပညာေျမာက္လွေသာ ကႏုတ္ပန္းမ်ား။

ထိုအရာမ်ားရွိရာ ဆင္စြယ္သားေပၚတြင္ ေ႐ႊအစစ္မ်ား ျမဳပ္ႏွံထားသည့္ ေကာက္ေၾကာင္းမ်ားကို ဒူပေလ က သူ၏ လက္ေခ်ာင္းမ်ားျဖင့္ ပြတ္သပ္ၾကည့္ေန၏။

ထို႔ေနာက္ ဆင္စြယ္ကို ခ်လိုက္ၿပီး...ပတၱျမားမ်ားစီခ်ယ္ထားသည့္ စာခြၽန္ဘူးကို ယူလိုက္သည္။

အထဲမွ စာခြၽန္ကို ထုတ္ကာ ဖတ္လိုက္၏။

“အင္း...ပဲခူးဘုရင္ဆီမွာလည္း ျပင္သစ္လို အဆင့္ျမင့္ျမင့္ေရးတတ္တဲ့သူရွိတာပဲလား”

“မွန္ပါ..ျပင္သစ္ကိုယ္စားလွယ္႐ုံးရွိစဥ္က ဖာသာဝီတိုနီ ဆီမွာ ျပင္သစ္စာ အေရး၊ အဖတ္၊ အေျပာ ကို ေကာင္းေကာင္းသင္ယူထားခဲ့တဲ့ မြန္လူငယ္တစ္ေယာက္ ရွိပါတယ္...သူ႔ကို နန္းတြင္းမွာ ေျမႇာက္စားၿပီး ယခုသဝဏ္လႊာကို ဘာသာျပန္ေရးသားေစခဲ့ျခင္းပါ..အရွင္”

လြီဇာ၏ စကားအဆုံး ဒူပေလက စာခြၽန္ကို ေဘးသို႔ ခ်လိုက္သည္။

“သန္လ်င္ကို ျပင္သစ္ဘုရင္မင္းျမတ္ႀကီးကလည္း စိတ္ဝင္စားပါတယ္..ဒါေပမယ့္..အခု ပြန္ဒီခ်ယ္ရီက ျပင္သစ္တပ္ေတြအေနနဲ႔ ကာနာတစ္မွာ ၿဗိတိသွ်ေတြနဲ႔ စစ္ပြဲအႀကီးအက်ယ္ႏႊဲေနရတယ္...မဒရပ္ကို ျပင္သစ္က သိမ္းယူၿပီးတာမွန္ေပမယ့္.စစ္ပြဲက မၿပီးေသးဘူး.......ဒီေတာ့..ပဲခူးဘုရင္ အကူအညီေတာင္းတဲ့ ကိစၥကို က်ဳပ္တို႔ ေလာေလာဆယ္ေတာ့ အကူအညီေပးႏိုင္မယ္မထင္ဘူး”

“လြန္ခဲ့တဲ့ ႏွစ္က နန္းေတာ္ကထြက္ေျပးသြားတဲ့ ပဲခူးဘုရင္ သမိန္ေထာ ဟာ အဂၤလိပ္ေတြနဲ႔ လွ်ိဳ႕ဝွက္အေပးအယူေတြလုပ္ခဲ့ပါတယ္...ကြၽန္ေတာ္မ်ိဳးမတို႔ ပဲခူးအမႈထမ္းေတြက သန္လ်င္မွာရွိတဲ့ အဂၤလိပ္အေရွ႕အိႏၵိယကုမၸဏီ႐ုံးခန္းကို ဝင္ေရာက္စီးနင္းတဲ့အခါ အင္းဝနန္းေတာ္နဲ႔ အေပးအယူ လုပ္ခဲ့ၾကတဲ့ စာ႐ြက္စာတမ္းတစ္ခ်ိဳ႕ကိုလည္း ေတြ႕ရပါတယ္..အရွင္...တကယ္လို႔ စစ္ပြဲမွာ အင္းဝ သာ ႏိုင္သြားခဲ့ရင္..ျပင္သစ္အေနနဲ႔ အေရွ႕ေတာင္အာရွမွာ ပဲခူးလိုမ်ိဳး မဟာမိတ္ႏိုင္ငံတစ္ခုကို ဆုံးရႈံးႏိုင္ဖြယ္ရွိပါတယ္..ဒါကိုလည္း စဥ္းစားေပးပါ..အရွင္”

ဒူပေလ က ေခါင္းတြင္ေဆာင္းထားေသာ သိုးေဆာင္းဆံပင္တုကို လက္ျဖင့္ အသာပြတ္သပ္ေန၏။

ထို႔ေနာက္ သူ၏ နေဘးတြင္ ထိုင္ေနေသာ ပြန္ဒီခ်ယ္ရီျပင္သစ္တပ္မ်ား၏ ကာကြယ္ေရးအရာရွိခ်ဳပ္ မိုက္ကယ္ပါရာဒစ္ ဘက္သို႔ မ်က္ႏွာကို လွည့္လိုက္သည္။

“တို႔လက္ထဲက ထြက္ေျပးသြားတဲ့ ေရာဘတ္ကလိုက္ဖ္ ဆိုတဲ့ အဂၤလိပ္ေကာင္ အေၾကာင္း ဘာၾကားေသးလဲ...မိုက္ကယ္”

“ေနာက္ဆုံးသတင္းေတြအရေတာ့ စိန႔္ေဒးဗစ္ခံတပ္ထဲကို ခိုဝင္သြားၾကပါၿပီ..အရွင္”

“ဒီကိစၥသာ လာဘူေဒါနစ္ သိသြားရင္ က်ဳပ္အတြက္ ရွက္စရာပဲ..ပါရီကလည္း က်ဳပ္ကို အထင္ေသးသြားမွာ”

“ဘုရင္ခံ မင္းျမတ္ႀကီးရွင့္”

လြီဇာက သူတို႔ၾကားသို႔ စကားကို ျဖတ္ေျပာရန္ ျပင္လိုက္သည္။

“ဂ်င္နီေရ....မင့္ ဧည့္သည္ေတြကို ပြန္ဒီခ်ယ္ရီမွာရွိတုန္း ေကာင္းေကာင္းဧည့္ခံလိုက္ပါကြယ္”

ဒူပေလက လြီဇာ၏ စကားကို မသိေယာင္ျပဳကာ အျပင္ဘက္တြင္ရွိေနသာ ဂ်င္နီဒူပေလ ထံ လွမ္းေခၚလိုက္၏။

ဂ်င္နီဒူပေလက ဝင္လာၿပီး လြီဇာကို မ်က္ရိပ္ျပလိုက္၏။

လြီဇာက ဒူပေလကို အ႐ိုအေသျပဳကာ အျပင္သို႔ ျပန္ထြက္ခဲ့သည္။

အခန္းအျပင္ဘက္တြင္ မီလပ္ ႏွင့္ ကိုဇာနီေကာ့ဗ္တို႔က ေစာင့္ေနၾကသည္။

လြီဇာက ေခါင္းကို ခါယမ္းျပလိုက္၏။

“အခုအခ်ိန္မွာ စစ္ေရးကိစၥေတြနဲ႔ သူအရမ္းအလုပ္ရႈပ္ေနလို႔ပါ...လြီဇာ...စိတ္မေကာင္းပါဘူး”

ဂ်င္နီဒူပေလက အားတုံ႔အားနာျဖင့္ စကားဆိုသည္။

“ရပါတယ္...သံခင္းတမန္ခင္းကိစၥဟာ ဒီေလာက္မလြယ္ဘူးဆိုတာ ကြၽန္မ နားလည္ပါတယ္..သခင္မ..ၿပီးေတာ့ အခုအေျခအေနကလည္း ျပင္သစ္အေနနဲ႔ စစ္ပြဲေတြၾကားေရာက္ေနတာကို သေဘာေပါက္ပါတယ္...ဘာပဲျဖစ္ျဖစ္ ဒီကိစၥ ေအာင္ျမင္ရမယ္လို႔ ကြၽန္မ ပဲခူးဘုရင္ကို တာဝန္ခံခဲ့တယ္..ကြၽန္မ စကားနဲ႔ ကြၽန္မ ျဖစ္ေအာင္လုပ္ရမွာေပါ့..ဒီကိစၥ မေအာင္ျမင္မခ်င္း ကြၽန္မ ပြန္ဒီခ်ယ္ရီက မျပန္ဘူး”

ဂ်င္နီဒူပေလက ခ်ိဳခ်ိဳျမျမ အၿပဳံးျဖင့္ လြီဇာ၏ လက္ကို ကိုင္လိုက္သည္။

“ဟိုးအေဝးႀကီးကေန ပင္လယ္ကိုျဖတ္ၿပီး ဒီအထိေတာင္ လာရဲတဲ့ မိန္းမတစ္ေယာက္အေနနဲ႔ မင္းကို ငါ ေလးစားပါတယ္..လြီဇာဒီမဲလိုး...မင္းရဲ႕ ဇြဲသတၱိအတြက္လည္း အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ ငါ ဂုဏ္ယူပါတယ္..ပြန္ဒီခ်ယ္ရီမွာ မင္းရွိေနသမွ် ကာလပတ္လုံး..မင္း ကို ငါ ဧည့္ဝတ္ေက်ပြန္ပါရေစ............ပြန္ဒီခ်ယ္ရီမွာ မင္းရွိေနဉီးမယ္ဆို..ဘုရားေက်ာင္းမွာ မေနပါနဲ႔...ဝႈိက္ေတာင္းရပ္ကြက္မွာ ငါ့ မိဘေတြပိုင္တဲ့ အိမ္တစ္လုံးရွိတယ္...သူတို႔လည္းမေနၾကဘူး..အဲ့ဒီမွာ မင္းတို႔ တည္းခိုဖို႔ ငါစီစဥ္ေပးပါ့မယ္..အေစခံေတြ...ျမင္းရထားေတြ အကုန္လုံး အဆင္သင့္ျပင္ဆင္ေပးပါမယ္..လြီဇာ”

“ေက်းဇူးႀကီးလွပါတယ္..အရွင္မ”

“ဒါဆို...ဒီေန႔လည္ေလာက္...ဘုရားေက်ာင္းကို အိမ္ေတာ္က လူေတြ လႊတ္လိုက္မယ္..မင္းတို႔ ေျပာင္းေ႐ႊ႕ဖို႔ သူတို႔ ကူညီေပးလိမ့္မယ္”

“ဒါဆို ကြၽန္မတို႔ကို ခြင့္ျပဳပါဉီး..အရွင္မ”

လြီဇာ က ဂ်င္နီဒူပေလထံ ခြင့္ပန္လိုက္၏။

ထို႔ေနာက္ မီလပ္၏ ျမင္းရထားျဖင့္ လြီဇာ ႏွင့္ ကိုဇာနီေကာ့ဗ္ တို႔ တည္းခိုရာဘုရားေက်ာင္းရွိရာသို႔ ျပန္လာၾကသည္။

လမ္းတြင္ ဟိႏၵဴဘုရားေက်ာင္းတစ္ခု အေရွ႕တြင္ အညစ္အၾကးမ်ား ျပန႔္က်ဲေနၿပီး လူအမ်ား အုတ္ေအာ္ေသာင္းနင္းျဖစ္ေနၾကသည္ကိုေတြ႕လိုက္ရ၏။

“အဲ့ဒါ ဘာျဖစ္ေနၾကတာလဲ...မီလပ္”

မီလပ္က လြီဇာေဘးမွ ရထားျပတင္းတံခါးမ်ားကို ပိတ္လိုက္သည္။

“မမဂ်င္နီ ရဲ႕ လက္ခ်က္ေတြပဲေပါ့”

“ဟင္...ဘယ္လို..သူက ဘာလုပ္တာလဲ”

“သူက ခရစ္ယာန္ဘာသာကလြဲၿပီး က်န္တဲ့ ကိုးကြယ္မႈေတြကို ဒီေျမမွာ မရွိေစခ်င္ဘူး..ဒါေၾကာင့္ တခါတေလ ဟိႏၵဴဘုရားေက်ာင္းေတြ၊ မူဆလင္ဗလီေတြေရွ႕မွာ အညစ္အေၾကးေတြ သြားပုံတာမ်ိဳး၊ ႐ုပ္ထုေတြကို ဖ်က္ဆီးတာမ်ိဳးေတြကို သူလူေတြကို လုပ္ခိုင္းတတ္တယ္...ေနာက္ကြယ္မွာ ဘုရင္ခံကေတာ္ရွိေနေတာ့ က်န္တဲ့သူေတြကလည္း ဘာမွ မေျပာရဲၾကဘူး”

“ဟယ္”

“သူက ခရစ္ယာန္အစြန္းေရာက္တစ္ေယာက္ပဲ..လြီဇာ...မင္းကိုေတာင္ ခရစ္ယာန္ျဖစ္ေနလို႔ သူ ဒီေလာက္ သေဘာေကာင္းေနတာ.သူနဲ႔ ဆက္ဆံတဲ့အခါ သတိထားပါ”

“ေက်းဇူးပါ..မီလပ္..ဒါနဲ႔ ရွင့္ကို ကြၽန္မ နာမည္တစ္ခုအေၾကာင္းေမးစရာရွိတယ္”

“ဘယ္သူ႔နာမည္မ်ားလဲ”

“လာဘူေဒါနစ္ ဆိုတာ ဘယ္သူလဲ”

မီလပ္စ္က လြီဇာကို တအံတဩမ်က္လုံးမ်ိဳးျဖင့္ ၾကည့္လိုက္သည္။

“မင္း ပြန္ဒီခ်ယ္ရီကို ေရာက္တာ..ရက္ပိုင္းပဲ ရွိေသးတယ္..ဒီနာမည္ကို သိေနၿပီလား”

“ဟုတ္တယ္..ခုနက အခန္းထဲမွာ မြန္စီယာဒူပေလက အဲ့ဒီနာမည္ကို ေျပာသံၾကားလိုက္တယ္...အဲ့ဒီလူက မြန္စီယာဒူပေလ အတြက္ အေရးပါတဲ့သူထင္တယ္”

“မင္းကိုေတာ့ ငါေၾကာက္လာၿပီ..လြီဇာ”

“အံမယ္ေလး..ေၾကာက္ေပလို႔သာပဲ....ကဲ..ေျပာမွာသာ ေျပာစမ္းပါရွင္”

.....................................................................................................................

ဗိုလ္ခ်ဳပ္ႀကီး ဒီ လာ ဘူေဒါနစ္ (De La Bourdonnais)။

ျပင္သစ္အေရွ႕အိႏၵိယကုမၸဏီ၏ ဒုဗိုလ္ေလးဘဝမွ ေမာရစ္သွ်ကြၽန္း၏ ဘုရင္ခံျဖစ္လာခဲ့သူ။

၁၇၄၄ ခုႏွစ္၊ ဩစႀတီးယားထီးေမြနန္းေမြဆက္ခံေရး စစ္ပြဲတြင္ ျပင္သစ္ပါဝင္လာခဲ့ၿပီးေနာက္ အိႏၵိယသမုဒၵရာအတြင္းတြင္ အဂၤလိပ္ႏွင့္ ျပင္သစ္တို႔ စစ္ပြဲမ်ားစတင္ျဖစ္ပြားခဲ့သည္။

ပထမကာနာတစ္စစ္ပြဲဟု အမည္တြင္သည့္ ထိုစစ္ပြဲတြင္ အဂၤလိပ္ေရတပ္ဗိုလ္ခ်ဳပ္ အက္ဒြပ္ေပတြန္ ႏွင့္ ပြန္ဒီခ်ယ္ရီျပင္သစ္ဘုရင္ခံ ဒူပေလ၏ တပ္မ်ား တိုက္ခိုက္ခဲ့ၾကသည္။

ဒူပေလ၏ ေရတပ္သေဘၤာအုပ္စုမ်ားမွာ အဂၤလိပ္ေရတပ္၏ တိုက္ခိုက္မႈကို ခံေနရသည္။

ထိုအခ်ိန္တြင္ ဗိုလ္ခ်ဳပ္ႀကီး လာ ဘူေဒါနစ္ ၏ အင္အား(၃၀၀၀) ပါဝင္ေသာ ေမာရစ္သွ်ေရတပ္ႀကီးက တိုက္ပြဲတြင္ ပါဝင္လာခဲ့သည္။

ဗိုလ္ခ်ဳပ္အက္ဒြပ္ေပတြန္ ၏ အဂၤလိပ္ေရတပ္မွာ အက်အဆုံးမ်ားႏွင့္ ဆုတ္ခြာသြားခဲ့ရသည္။

၁၇၄၆ စက္တင္ဘာ ၄ ရက္ေန႔တြင္ ဘူေဒါနစ္၏ ျပင္သစ္တပ္မ်ားႏွင့္ ဒူပေလ၏ တပ္မ်ား ပူးေပါင္း ကာ အဂၤလိပ္ပိုင္ မဒရပ္ၿမိဳ႕ကို ဝန္းရံတိုက္ခိုက္ခဲ့ၾက၏။

ရက္အတန္ၾကာၿပီးေနာက္  ျပင္သစ္တပ္မ်ား ၿမိဳ႕ကို သိမ္းပိုက္လိုက္ၾကသည္။

မဒရပ္က်ၿပီးေနာက္ ၿမိဳ႕အုပ္ခ်ဳပ္ေရးျဖစ္သည့္ ၿဗိတိသွ်အရာရွိမ်ားကို ဖမ္းဆီးကာ ပြန္ဒီခ်ယ္ရီသို႔ ပို႔ေဆာင္လိုက္ၾကသည္။

ဘူေဒါနစ္ ၏ တပ္မ်ားမွာ ေမာရစ္သွ်ကြၽန္းစုသို႔ မျပန္ပဲ မဒရပ္တြင္ ဆက္လက္တပ္စြဲထားၾက၏။

စစ္ပြဲ၏ ခ်ိန္ခြင္လွ်ာကို ေျပာင္းလဲေစခဲ့ေသာ လာဘူေဒါနစ္၏ အမည္မွာလည္း ပါရီအစိုးရ အထိပင္ ေပါက္ေရာက္သြားသည္။

ပြန္ဒီခ်ယ္ရီဘုရင္ခံ ဒူပေလအတြက္မူ အဂၤလိပ္တို႔ကို အႏိုင္ယူႏိုင္ခဲ့ေသာ္လည္း လူမ်ိဳးတူ ၿပိဳင္ဘက္တစ္ဉီးကို အိႏၵိယေျမေပၚ သို႔ ေျခခ်ခြင့္ေပးလိုက္သကဲ့သို႔ ျဖစ္သြား၏။

ဘူေဒါနစ္မွာ မဒရပ္တြင္ ရွိေနစဥ္ ေဒသခံ အိႏၵိယမဟာရာဂ်ာ အန္နဝါဟူဒင္ခမ္း ႏွင့္ ေတြ႕ဆုံေဆြးေႏြးခဲ့သည္။

ထိုအခ်ိန္တြင္ ပြန္ဒီခ်ယ္ရီတြင္ ဖမ္းဆီးထားေသာ ၿဗိတိသွ် အရာရွိမ်ားအနက္မွ ေရာဘတ္ကလိုက္ဖ္  ဆိုသည္ လူငယ္စစ္ဗိုလ္တစ္ဉီးႏွင့္ အျခားအရာရွိသုံးဉီးတို႔သည္ အိႏၵိယသားမ်ားအျဖစ္ ဟန္ေဆာင္ကာ ထြက္ေျပးလြတ္ေျမာက္သြားခဲ့၏။

ေရာဘတ္ကလိုက္ဖ္မွာ အဂၤလိပ္ပိုင္စိန႔္ေဒးဗစ္ခံတပ္သို႔ ေရာက္ရွိသြားကာ...ျပင္သစ္တို႔အား ျပန္လည္တိုက္ခိုက္ရန္ စီစဥ္လ်က္ရွိသည္။

ပြန္ဒီခ်ယ္ရီ၏ ၿမိဳ႕ျပေျမပုံအၾကမ္းသည္လည္း ကလိုက္ဖ္ႏွင့္အတူ ပါရွိသြား၏။

ထို႔ေၾကာင့္ ဒူပေလမွာ အဂၤလိပ္အေရွ႕အိႏၵိယကုမၸဏီ ၏ ျပႆနာ ၊ ၿပိဳင္ဘက္ျဖစ္လာသူ ဗိုလ္ခ်ဳပ္ႀကီးလာဘူေဒါနစ္ ၏ ျပႆနာတို႔ေၾကာင့္ အၾကပ္အတည္းေတြ႕လ်က္ရွိေနသည္။

........................................................................................................................

တည္းခိုရာ ဘုရားေက်ာင္းသို႔ ေရာက္ၿပီ ျဖစ္သျဖင့္ မီလပ္က စကားကို အဆုံးသတ္လိုက္သည္။

“လြီဇာ...ေရာက္ၿပီေလ..ပစၥည္းေတြသိမ္းဆည္းထားေတာ့”

မီလပ္၏ ေျပာသံကို လြီဇာ မၾကား။

 ျမင္းရထား ျပတင္းကို ဖြင့္လိုက္ၿပီး ဘုရားေက်ာင္းထိပ္ရွိ ေခါင္းေလာင္းစင္ကို ေငးၾကည့္ေနသည္။

“လွီဇာ..လွီဇာ..”

ကိုဇာနီေကာ့ဗ္ က လြီဇာ၏ လက္ေမာင္းကို ပုတ္ကာ ေျပာလိုက္၏။

“ဪ..ဟုတ္ကဲ့”

“ဘာေတြမ်ား ဒီေလာက္ စဥ္းစားေနရတာလဲ...လြီဇာ”

မီလပ္ က ရထားေပၚမွ ဆင္းရန္ ျပင္ေနေသာ လြီဇာကို လက္ကမ္းရင္း ေမးလိုက္သည္။

“ဘာမွ မဟုတ္ပါဘူး..မီလပ္..ဒီစစ္ပြဲေတြ၊ ႏိုင္ငံေရးေတြအၾကား ကြၽန္မ ဒီလို ပါဝင္ပတ္သက္ရလိမ့္မယ္လို႔ ဘယ္တုန္းကမွ မေတြးမိခဲ့ဖူးဘူး..အဲ့ဒါကို ျပန္စဥ္းစားေနတာပါ”

“ကိုယ္လည္း အတူတူပါပဲ..လြီဇာ..ကဲ...ေလာေလာဆယ္ ေနရာေ႐ႊ႕ဖို႔ ျပင္ဆင္ထားလိုက္ဉီး..ကိုယ္လည္း သေဘၤာေပၚ တက္စရာကိစၥရွိေသးတယ္..ညေနက် ေျပာင္းေ႐ႊ႕ထားတဲ့ အိမ္အသစ္မွာ ကိုယ္လာေတြ႕ပါ့မယ္”

မီလပ္က လြီဇာကို ႏႈတ္ဆက္ကာ ျပန္ထြက္သြား၏။

ဘုရားေက်ာင္းအတြင္းသို႔ လြီဇာ ႏွင့္ ကိုဇာနီေကာ့ဗ္ တို႔ ဝင္လာၾကသည္။

“မစၥတာနီေကာ့ဗ္”

“ေျပာပါ..လြီဇာ”

“ရွင့္မွာ မက္ဒရပ္က အာေမးနီးယန္းကုန္သည္အသိုင္းအဝိုင္းအသိရွိလား”

“ရွိတယ္..လြီဇာ..ကြၽန္ေတာ္နဲ႔ မ်ိဳးႏြယ္တူေတြလည္းရွိတယ္..ဘာျဖစ္လို႔လဲ”

“သူတို႔ဆီက အကူအညီေတာင္းရင္ ရႏိုင္လား”

ကိုဇာနီေကာ့ဗ္ က လက္ညႇိးႏွင့္ လက္မကို ဝိုင္းကာ ေထာင္ျပလိုက္သည္။

“ဒါပဲ..အာေမးနီးယန္းေတြအတြက္က ဒါ ပါရင္ ဘာမဆို အကူအညီေပးတယ္..လြီဇာ”

“ဟုတ္ၿပီေလ...ကြၽန္မ ဒီကေန မဒရပ္ကို သြားခ်င္တယ္”

.......................................................................................................

ရွည္လ်ားလွေသာ လွည္းတန္းႀကီးသည္ မဒရပ္ၿမိဳ႕ႏွင့္မနီးမေဝးရွိ မဟာဘာလီပန္း႐ြာအနီးလမ္းမတြင္ ရပ္တန႔္သြားသည္။

ပြန္ဒီခ်ယ္ရီတြင္ ကုန္ေရာင္းၿပီး မဒရပ္သို႔ ျပန္လာၾကသည့္ အာေမးနီးယန္းကုန္သည္တို႔၏ ထိုလွည္းတန္းႀကီးမွာ တစ္ရက္ႏွင့္ တစ္ည ခရီးဆက္ခဲ့ၿပီးျဖစ္သည္။

မၾကာမီ မဒရပ္သို႔ ေရာက္ေတာ့မည္။

ကုန္သည္ေခါင္းေဆာင္ ဂရီဂိုရီ က လွည္းတန္း၏ အလယ္တြင္ပါလာေသာ လွည္းတစ္ခုဆီ သို႔ ေလွ်ာက္သြား၏။

“မဒရပ္ကို မင္းတို႔ ဘာကိစၥနဲ႔ပဲ သြားသြား….မင္းတို႔ဟာ လူစိမ္းေတြမို႔…မင္းတို႔ ဝင္ဂါရဝ ျပဳရမယ့္ လူတစ္ေယာက္ ဒီနားမွာ ရွိေနတယ္”

ဂရီဂိုရီက ကိုဇာနီေကာဗ္ကို အာေမးနီးယန္းဘာသာစကားျဖင့္ ေျပာလိုက္သည္။

ကိုဇာနီေကာ့ဗ္က လြီဇာကို ဘာသာျပန္ျပလိုက္၏။

“ခင္ဗ်ားကို လိုအပ္တဲ့ ေငြေၾကး ေပးထားၿပီးသားပဲ….က်ဳပ္တို႔က ဘယ္သူ႔ကို ဝင္ဂါရဝ ျပဳစရာလိုလို႔လဲ”

“အာေမးနီးယန္းေတြဟာ ကမာၻဘယ္အရပ္ေဒသကပဲ လာခဲ့သည္ျဖစ္ေစ…မဒရပ္ကို ေရာက္ရင္ေတာ့ ဘာအလုပ္ပဲ လုပ္လုပ္ အူစကန္ ကို အသိေပးရတယ္”

“အူစကန္ ဆိုတာ ဘယ္သူလဲ”

“ကိုဂ်ာ ပီးထရပ္အူစကန္”

“သူက ဘယ္သူလဲ”

“သူက မဒရပ္အာေမးနီးယန္းကုန္သည္အသိုင္းအဝိုင္းရဲ႕ ေခါင္းေဆာင္ပဲ…မဒရပ္မွာရွိတဲ့ လူမ်ိဳးေပါင္းစုံအေပၚလည္း သူ႔ ဩဇာက သက္ေရာက္တယ္.အဂၤလိပ္ေတြေရာ..ျပင္သစ္ေတြပါ သူ႔ရဲ႕ ႂကြယ္ဝမႈနဲ႔ လူထုေလးစားမႈအေပၚ သတိထားဆက္ဆံၾကရတယ္…ေလာေလာဆယ္ေတာ့.. သူက ျပင္သစ္အလံလႊင့္ထားတဲ့ မက္ဒရပ္ၿမိဳ႕မွာ မေနခ်င္လို႔ ဒီကမ္းေျခက ဒတ္ခ်္ သေဘၤာေပၚမွာ ေနေနတယ္…ပဲခူးက လာတဲ့ မင္းတို႔ ကို သူကလည္း ေတြ႕ခ်င္ေနတယ္”

ကိုဇာနီေကာ့ဗ္ က လြီဇာကို ျပန္ရွင္းျပလိုက္သည္။

“အင္း…သူက မဒရပ္မွာ ဩဇာရွိတာ ေသခ်ာရင္ေတာ့ ကြၽန္မတို႔ သူနဲ႔ ေတြ႕သင့္တယ္..ျပင္သစ္ဗိုလ္ခ်ဳပ္ လာဘူေဒါနစ္ နဲ႔ေတြ႕ဆုံေရးမွာ သူက အေရးပါခ်င္ ပါလာႏိုင္တယ္..မစၥတာနီေကာ့ဗ္”

ကိုဇာနီေကာ့ဗ္ က ဂရီကိုရီအား သေဘာတူေၾကာင္း ျပန္ေျပာလိုက္သည္။

မၾကာမီ ျမင္းရထားတစ္စီး ေရာက္လာ၏။

“မင္းတို႔ အဲ့ဒီျမင္းရထားေနာက္က လိုက္သြားၿပီး အူစကန္နဲ႔ သြားေတြ႕ၾကပါ..က်ဳပ္တို႔ ဒီမွာ နားေနမယ္…မင္းတို႔ ျပန္အလာကို ေစာင့္ၿပီးမွ မဒရပ္ကို ဝင္မယ္”

ျမင္းရထားက ေရွ႕မွ ခပ္ျဖည္းျဖည္းသြားသည္။

လြီဇာတို႔၏ လွည္းက အေနာက္မွလိုက္၏။

တစ္နာရီေက်ာ္ခန႔္သြားၿပီးသည့္ေနာက္ ဆိပ္ကမ္းတစ္ခုႏွင့္ ပင္လယ္ျပင္ႀကီးကိုလွမ္းျမင္လိုက္ရသည္။

ျမင္းရထားေပၚမွ အိႏၵိယအမ်ိဳးသားတစ္ဉီးဆင္းလာသည္။

“မဒမ္တို႔..သေဘၤာေပၚကို သြားဖို႔ ေဟာ့ဟိုက ေလွ က အသင့္ရွိေနပါတယ္”

လြီဇာတို႔ ႏွစ္ဉီး ေလွဆီသို႔ ေလွ်ာက္သြားၾကသည္။ ေလွသမားက ထိုင္ရန္ ၫႊန္ျပလိုက္ၿပီး သေဘၤာဆီသို႔ ေလွကို ေလွာ္ခတ္လိုက္၏။

ဒတ္ခ်္အလံ တလူလူလြင့္လ်က္ရွိေသာ သေဘၤာေပၚတြင္ အသက္ (၆၀)ေက်ာ္ အဘိုးအိုတစ္ဉီးက မတ္တပ္ရပ္ေနသည္။

ေမး႐ိုးကားကား၊ မည္းနက္ေနေသာ ႏႈတ္ခမ္းေမႊးႀကီးႏွင့္ အဘိုးအို၏ မ်က္ႏွာေပၚတြင္ ႂကြယ္ဝခ်မ္းသာမႈ၊ ဩဇာအာဏာ ႏွင့္ ပါးနပ္မႈတို႔ကို လြီဇာခန႔္မွန္းမိလိုက္သည္။

ဒတ္ခ်္သေဘၤာသားႏွစ္ဉီးက လွပသည့္ သစ္သားခုံႀကီးကို ကုန္းပတ္ေပၚသို႔ မလာသည္။

အဘိုးအိုက အူစကန္ က ခုံေပၚတြင္ ေျခခ်ိတ္ကာ ထိုင္လိုက္၏။

အူစကန္၏ ေရွ႕တြင္ လြီဇာ ႏွင့္ ကိုဇာနီေကာ့ဗ္ တို႔ မတ္တပ္ရပ္လိုက္ၾကသည္။

“ငါ့နာမည္ ကိုဂ်ာ ပီးထရပ္အူစကန္….မင္းတို႔က အာေမးနီးယန္းေတြလား”

“ကြၽန္ေတာ္က အာေမးနီယန္းပါ..ပဲခူးၿမိဳ႕မွာ ေနပါတယ္..ကိုဇာနီေကာ့ဗ္လို႔ ေခၚပါတယ္… ဒီအမ်ိဳးသမီးကေတာ့ ပဲခူးၿမိဳ႕က ဘုရင့္ေတာ္ဝင္ကုန္သည္ေတာ္ႀကီး လြီဇာဒီမဲလိုးပါ..ေပၚတူဂီလူမ်ိဳးပါ”

အူစကန္က မတ္တပ္ထရပ္လိုက္သည္။

“ေပၚတူဂီဆိုေတာ့ ႐ိုမန္ကက္သလစ္လား”

အူစကန္က လြီဇာအား ေပၚတူဂီဘာသာျဖင့္ ေျပာလိုက္ျခင္းျဖစ္သည္။

“ဟုတ္ပါတယ္…ကြၽန္မက အင္းဝၿမိဳ႕မွာ ေမြးတဲ့ ႐ိုမန္ကက္သလစ္ဘာသာဝင္ပါ”

“ေတြ႕ရတာ..ဝမ္းသာပါတယ္…မဒမ္..က်ဳပ္လည္း ႐ိုမန္ကက္သလစ္တစ္ေယာက္ပါပဲ”

လြီဇာက လက္ကမ္းလိုက္သျဖင့္ လြီဇာ၏ လက္ကို ယူကာ နမ္းလိုက္၏။

“ဂုဏ္သေရရွိၿပီး လွပတဲ့ ကက္သလစ္အမ်ိဳးသမီးေတြဆိုရင္ ငါက ေလးစားတတ္ပါတယ္”

ထို႔ေနာက္ ဒတ္ခ်္ဘာသာျဖင့္ သေဘၤာသားမ်ားအား တစ္စုံတစ္ခုေျပာလိုက္၏။

ဒတ္ခ်္သေဘၤာသားမ်ားက ခုံႏွစ္ခုံကို ယူလာေပးသည္။

“မင္းတို႔ ႏွစ္ေယာက္လုံးနားလည္ေအာင္ အဂၤလိပ္စကားနဲ႔ ေျပာၾကရင္ အဆင္ေျပမလား”

“ေျပပါတယ္”

“ကဲ..ထိုင္ၾကပါ…ေတာ္႐ုံအားျဖင့္ေတာ့ သာမန္လူေတြကို ငါ့ေရွ႕မွာ ထိုင္ခြင့္မေပးဘူး..မင္းတို႔ကိုေတာ့ ငါ့ဧည့္သည္ေတာ္ေတြလို မွတ္ပါတယ္..ပဲခူးကေန ပြန္ဒီခ်ယ္ရီကို လာတယ္..ပြန္ဒီခ်ယ္ရီကေန မဒရပ္ကို လာၾကတယ္ဆိုေတာ့ ဘယ္လို ကိစၥမ်ိဳးမ်ားရွိပါသလဲ”

လြီဇာ ႏွင့္ ကိုဇာနီေကာ့ဗ္တို႔က တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္လိုက္ၾကသည္။

“ငါက ကုန္သည္ပါ….ဒါေပမယ့္..တခ်ိဳ႕ကိစၥေတြမွာ ႏိုင္ငံေရးပဲျဖစ္ျဖစ္…စစ္ေရးပဲျဖစ္ျဖစ္..ငါ ကူညီႏိုင္တဲ့ လက္တံေတြရွိပါတယ္….အဲ့ဒီအတြက္လည္း အဖိုးအခ ေတာ့ရွိတာေပါ့….မင္းတို႔ မဒရပ္မွာ ဘာကိစၥျဖစ္ျဖစ္ ငါ့ကို ေျပာျပတိုင္ပင္ႏိုင္ပါတယ္..ဒီလိုမွ မဟုတ္ရင္ေတာ့..မဒရပ္ၿမိဳ႕အဝင္မွာတင္ မင္းတို႔ အခက္အခဲေတြ ႀကဳံရလိမ့္မယ္..ငါ့ကို ယုံပါ”

“ကြၽန္မတို႔ မဒရပ္က ျပင္သစ္ဗိုလ္ခ်ဳပ္လာဘူေဒါနစ္ နဲ႔ ေတြ႕ဖို႔ လာတာပါ”

အူစကန္က ၿပဳံးလိုက္သည္။

“ဒူပေလ ရွိတဲ့ ၿမိဳ႕ကေန..ဘူေဒါနစ္ ဆီ လာၾကတယ္ဆိုေတာ့….မင္းတို႔ ကိစၥကို ဒူပေလ က ျငင္းလႊတ္လိုက္တယ္..ထင္ပါရဲ႕”

“ဟုတ္ပါတယ္”

“မင္းတို႔ ကိစၥက ငါၾကားသိရသေလာက္ဆို ပဲခူးစစ္ပြဲနဲ႔ သက္ဆိုင္ေနလိမ့္မယ္ထင္ရဲ႕”

“မွန္ပါတယ္”

“ဘာလိုခ်င္တာလဲ..လက္နက္လား..စစ္ကူလား”

“ဘာရရပါ..လက္နက္ရလည္း အဆင္ေျပပါတယ္”

“စစ္ကူကေတာ့ ျပင္သစ္ေရာ၊ အဂၤလိပ္ေရာကပါ ဒီအခ်ိန္ ေပးႏိုင္မယ္မထင္ဘူး..လက္နက္ဆိုရင္ေတာ့ သူတို႔ေပးႏိုင္လိမ့္မယ္…ဒါနဲ႔…မင္းတို႔ ဒူပေလကို ဘာေတြ ေပးခဲ့ရလဲ”

“ပဲခူးေဒသက တန္ဖိုးႀကီး ရတနာနည္းနည္းေပါ့”

“အခု လာေတြ႕တဲ့….လာဘူေဒါနစ္ အတြက္ကေရာ”

“သူ႔အတြက္လည္း ဆင္စြယ္နဲ႔ ပတၱျမားေတြပါ ပါတယ္”

“ဆင္စြယ္ကေတာ့ အိႏၵိယမွာ မရွားပါဘူး…ပတၱျမားနဲ႔ တျခားအႏုပညာဆန္ဆန္ပစၥည္းေတြ ဘာပါေသးလဲ..ငါ က အႏုပညာပစၥည္းဆို စိတ္ဝင္စားလို႔ပါ”

“လြန္ခဲ့တဲ့ ႏွစ္တစ္ရာေလာက္တုန္းက သန္လ်င္ဘုရင္ခံ ဖိလစ္ဒီဘရစ္တိုကို မြန္ပန္းပုပညာရွင္ေတြ ထုေပးထားတဲ့ ေ႐ႊသားအစစ္ မယ္ေတာ္မာရီ႐ုပ္တုတစ္ခု ပါတယ္”

“ငါ့ကို ျပႏိုင္မလား”

လြီဇာက သူမကိုယ္ႏွင့္မကြာ ေဆာင္ယူလာသည့္ အထုပ္ကို ျဖည္လိုက္သည္။ အထုတ္ထဲတြင္ ယြန္းေသတၱာတစ္လုံး။

ယြန္းေသတၱာထဲမွ အဝတ္ႏွင့္ ရစ္ပတ္ထားသည့္ မယ္ေတာ္မာရီ႐ုပ္ထုကို အူစကန္ ထံ ကမ္းေပးလိုက္၏။

အူစကန္က မယ္ေတာ္မာရီ႐ုပ္ထုေလးကို အေသခ်ာလွည့္ပတ္ၾကည့္ေနသည္။

“ငါ တစ္ခု ကမ္းလွမ္းခ်င္တယ္..မဒမ္”

“ဟုတ္ကဲ့..ေျပာပါ”

“ငါ့မွာ ဒူပေလအတြက္ တန္ဖိုးရွိတဲ့ သတင္းစကားရွိတယ္..အဲ့ဒီသတင္းစကားကို မင္းတို႔ကို ဒီ႐ုပ္ထုနဲ႔ ေရာင္းမယ္…စိတ္ဝင္စားလား”

“ကြၽန္မတို႔က လာဘူေဒါနစ္နဲ႔ပဲ ေတြ႕ခ်င္တာ”

အူစကန္က ၿပဳံးၿပီး ေခါင္းခါလိုက္သည္။

“လာဘူေဒါနစ္မွာ မင္းတို႔ကိစၥစိတ္ဝင္စားမွာမဟုတ္ဘူး..ၿပီးေတာ့ သူလာခဲ့တဲ့ခရီးကလည္း မင္းတို႔ေနရာနဲ႔ဆို ေဝးလြန္းတယ္…ေနာက္ၿပီးေတာ့….”

အူစကန္က ေျပာလက္စ စကားကို ရပ္လိုက္သည္။

“ေနာက္ၿပီးေတာ့..ငါဆက္ေျပာမယ့္စကားကေတာ့…မင္းတို႔အတြက္လည္း ဒူပေလဆီက အခြင့္အေရး ရႏိုင္မယ့္ အခ်က္ပဲ..ဘယ္လိုလဲ…ငါတို႔ အေရာင္းအဝယ္လုပ္မွာလား”

လြီဇာ ႏွင့္ ကိုဇာနီေကာ့ဗ္တို႔ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာ ေတြေဝေနၾက၏။

ထို႔ေနာက္ လြီဇာကပင္ ဆုံးျဖတ္ခ်က္ခ်လိုက္သည္။

“ဟုတ္ၿပီေလ….လုပ္မယ္..ဒီ႐ုပ္ထု ရွင့္ကို ေရာင္းပါတယ္..ရွင္ေပးစရာရွိတာ ကြၽန္မတို႔ကို ျပန္ေပးေပေတာ့”

အူစကန္က ေ႐ႊကြပ္ထားသည့္ ေဆးတံႀကီးကို ကိုင္လိုက္သည္။

“ေဟ့…ငါ့ကို ေဆးတံ မီးသြားညႇိေပးစမ္းကြယ္”

အနားတြင္ရွိေသာ ဒတ္ခ်္သေဘၤာသားက ေဆးတံကို ယူကာ ထြက္သြား၏။

“မၾကာခင္မွာ လာဘူေဒါနစ္ရဲ႕ တပ္ေတြက မဒရပ္ကို စြန႔္ခြာသြားလိမ့္မယ္…အဲ့ဒီလိုစြန႔္ခြာသြားဖို႔ကိုလည္း အဂၤလိပ္ဗိုလ္ခ်ဳပ္အက္ဒြပ္ေပတြန္ နဲ႔ ညႇိႏႈိင္းၿပီးသြားၿပီ..လာဘူေဒါနစ္လိုခ်င္တာ မဒရပ္ၿမိဳ႕မဟုတ္ဘူး.. ေငြပဲ..ၿပီးေတာ့ အဂၤလိပ္ေရတပ္ဗိုလ္ခ်ဳပ္ႀကီး ေဘာ္စကာဝမ္ ရဲ႕ ေရတပ္သေဘၤာအုပ္စုႀကီးက ဥေရာပကေန အိႏၵိယသမုဒၵရာထဲ လာေနၾကၿပီ..အဲ့ဒီသေဘၤာအုပ္စုမွာ တိုက္သေဘၤာအစီး ၃၀ နဲ႔ လူငါးေထာင္ပါတယ္..သူတို႔နဲ႔ ဒီမွာ ရွိတဲ့ ၿဗိတိသွ်အေရွ႕အိႏၵိယတပ္ေတြေပါင္းၿပီး မဒရပ္ နဲ႔ ပြန္ဒီခ်ယ္ရီကို ျပန္သိမ္းလိမ့္မယ္..လာဘူေဒါနစ္ကလည္း ဒီသတင္းကို ရၿပီးသားဆိုေတာ့ ၿဗိတိန္ဗိုလ္ခ်ဳပ္ဆီက ေငြယူၿပီ မဒရပ္ကေန အသာတၾကည္ဆုတ္သြားလိမ့္မယ္..ဒီေတာ့ မၾကာခင္ပြန္ဒီခ်ယ္ရီ ဟာ တိုက္ခိုက္ခံရလိမ့္မယ္”

လြီဇာက အူစကန္ ေျပာသမွ်ကို အေသအခ်ာလိုက္လံမွတ္သားေန၏။

“ကြၽန္မတို႔က အဲ့ဒီသတင္းစကားေတြကို ဘယ္လို ယုံၾကည္ရမွာလဲ”

အူစကန္က သူ႔ဝတ္႐ုံထဲမွ ေၾကးျပားတစ္ခု ကို ထုတ္ျပလိုက္သည္။

“ဘာလို ယုံၾကည္ရမွာလဲဆိုေတာ့..ငါက ၿဗိတိသွ်အေရွ႕အိႏၵိယကုမၸဏီရဲ႕ ဂုဏ္ထူးေဆာင္ေကာင္စီဝင္ မို႔လို႔ပဲ”

ခက္ေဇာ္

Comments

Post a Comment