AVA 1740s S2(အခန်း ၂၃)
AVA 1740s (Season 2)
အခန်း(၂၃)
.......................................................
“ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီကြီးရဲ့ ဂုဏ်ထူးဆောင်ကောင်စီဝင် က ဒီလိုအရေးကြီးတဲ့ စစ်ရေးသတင်းတွေကို ဒီရွှေရုပ်ထုတစ်ခုနဲ့ လဲတယ်ဆိုတော့....”
လွီဇာ၏ ပြောစကားကြောင့် အူစကန်က ဟက်ဟက်ပက်ပက်ရယ်လိုက်သည်။
“အရာရာကို သံသယထားတတ်တဲ့ ပေါ်တူဂီသွေးတွေက မင်းကိုယ်ထဲ အပြည့်ပါလား..ကောင်မလေးရဲ့..
ဒီမယ်...ငါက စီးပွားရေးသမား..ဒီအိန္ဒိယ မြေပေါ်မှာ အင်္ဂလိပ်တွေ၊ ပြင်သစ်တွေ အားပြိုင်နေမှ ငါ့အတွက် အဆင်ပြေမှာ..တဖက်ဖက်က လုံးဝနိုင်သွားလို့မဖြစ်ဘူး...ဒီတော့ ပြင်သစ်တွေကို ငါမကြိုက်ပေမယ့်လည်း...ဒီသတင်းကို သူတို့ သိသင့်တယ်လို့ ငါထင်တယ်..ဒါကြောင့် မင်းတို့နဲ့တွေ့တော့ ငါ့အတွက်အကျိုးအမြတ်နှစ်ခုရှိမယ့် ကိစ္စကို ငါရွေးချယ်လိုက်တာ”
“ဒီလိုဆိုရင်တော့ ကျွန်မ သဘောပေါက်ပြီ”
“ကဲ..မင်းတို့ ဒီတိုင်းဆို မက်ဒရပ်ကို ဆက်သွားမလား..ပွန်ဒီချယ်ရီကို ပြန်လှည့်မလား..စဉ်းစားလို့ ရလောက်ရောပေါ့..ကဲ..ကံကောင်းကြပါစေကွာ..တကယ်လို့ ဒီနှစ်ပိုင်းတွေမှာ ငါအသက်ရှင်သေးတယ်ဆိုရင်တော့...ပဲခူးဆိုတဲ့ မင်းတို့ရဲ့ ဆိပ်ကမ်းမြို့ဆီ လာလည်ချင်ပါသေးတယ်”
လွီဇာ နှင့် ကိုဇာနီကော့ဗ် တို့ ဒတ်ချ်သင်္ဘောဆီမှ ပြန်လာကြသည်။
မဟာဘာလီပန်းရွာထိပ်တွင် အာမေးနီးယန်းကုန်သည်အုပ်စုက ခရီးဆက်ရန် ပြင်ဆင်နေကြပြီဖြစ်သည်။
ကုန်သည်ခေါင်းဆောင် ဂရီဂိုရီ ကမျက်နှာမသာမယာဖြင့် သူတို့ကို ဆီးကြိုနေ၏။
“ပြဿနာတော့ တက်ပြီ.ထင်တယ်..မစ္စတာ နီကော့ဗ်”
“ဘာဖြစ်လို့လဲ”
“ဟိုမှာ.. ကျုပ်တို့ဆီ ဉီးတည်ပြီး လာနေကြတယ်.တွေ့လား”
ဂရီဂိုရီ လက်ညှိးထိုးပြရာသို့ လှမ်းကြည့်လိုက်သောအခါ အပြာရောင်ကုတ်အင်္ကျီများဝတ်ဆင်ထားသည့် ပြင်သစ် မြင်းစီးစစ်သားများကိုတွေ့ရသည်။
ထိပ်ဆုံးမှ မြင်းဖြူတစ်စီးက သူတို့ စကားပြောနေရာသို့ ဒုံးစိုင်းပြီး လာသည်။
မြင်းပေါ်တွင် ပါလာသူက ပွန်ဒီချယ်ရီခံတပ် ၏ ကာကွယ်ရေးအရာရှိချုပ် မိုက်ကယ်ပါရာဒစ်။
ဆွစ်လူမျိုး ပါရာဒစ်သည် ဒူပလေ၏ အားအကိုးဆုံးလက်ရုံးအရာရှိလည်း ဖြစ်သည်။
ပါရာဒစ်က လွီဇာ တို့ အနားတွင် မြင်းကို ရပ်လိုက်သည်။
“ဘယ်လိုလဲ...လူကြီးမင်းတို့..သံတမန်ဆိုတာ..သံတမန်စည်းကမ်းနဲ့နေရတယ်...အခုတော့ ဘယ်သူ့ကိုမှ အကြောင်းမကြားပဲ..မဒရပ် ကို ထွက်လာကြတယ်ပေါ့”
“ကျွန်မတို့ ဒေသလေ့လာရေအနေနဲ့ ဒီက ကုန်သည်များကို ခွင့်တောင်းပြီး လိုက်လာကြတာပါ”
ပါရာဒစ်က သဘောတကျပြုံးလိုက်သည်။
“အဲ့ဒီလောက် မရိုးရှင်းဘူးထင်တယ်..အမျိုးသမီးရဲ့”
ပါရာဒစ်က အချက်ပြလိုက်သည်နှင့် နောက်မှ မြင်းစီးစစ်သားများက သေနတ်များကိုယ်စီဖြင့် သူတို့ကို ချိန်လိုက်ကြသည်။
“ဒီအာမေးနီးယန်းကုန်သည်တွေနဲ့ ဘာမှ မဆိုင်ပါဘူး...ကျွန်မတို့ ကိစ္စ ကျွန်မတို့ပဲ ရှင်းမယ်”
“ဟုတ်ပါပြီ..ရှင်းရမှာပါ....ကဲ..လူကြီးမင်းတို့ လှည်းပေါ်ပြန်တက်ကြပါ...မဒရပ်ဟာ အန္တရာယ်များတဲ့အတွက် သံတမန်များ ပွန်ဒီချယ်ရီကို ပြန်လိုက်ခဲ့ရမယ်လို့..မွန်စီယာဒူပလေက အမိန့်ပေးလိုက်ပါတယ်...လူကြီးမင်းတို့ကိ လေးစားသောအားဖြင့် ကာကွယ်ရေးအရာရှိချုပ်ဖြစ်တဲ့ ကျုပ်ကိုယ်တိုင် သွားခေါ်ဖို့ မွန်စီယာဒူပလေက ခိုင်းလိုက်တာပါ..ဒီတော့ လူကြီးမင်းတို့ကလည်း အပြန်အလှန်လေးစားမှုကို ပြတဲ့အနေနဲ့ အေးအေးဆေးဆေး ပြန်လိုက်ခဲ့ကြပါ”
လွီဇာတို့ နှစ်ဉီး လှည်းပေါ်သို့ တက်လိုက်ကြသည်။
သေနတ်ကိုင်အိန္ဒိယတိုင်းရင်းသားစစ်သားနှစ်ဉီး၊ ဓားကိုင်ထားသော ပြင်သစ် စစ်ဗိုလ်ငယ်တစ်ဉီးကလည်း သူတို့နှင့်အတူ လှည်းပေါ်တွင် တက်လိုက်ကြ၏။
ထို့နောက် မြင်းတပ်စိတ်က လှည်းကို ဝန်းရံကာ ပွန်ဒီချယ်ရီဘက်သို့ ပြန်လည်ထွက်ခွာလာကြသည်။
သုံးနာရီခန့် ခရီးဆက်လာပြီးသည့်နောက် အလင်းရောင်ကွယ်ပျောက်သွားခဲ့ပြီဖြစ်သည်။
ပါရာဒစ်က သူတို့ လှည်းနောက်သို့ ရောက်လာပြီး အထုပ်တစ်ထုပ်ကမ်းပေးလိုက်၏။
“ညစာကတော့ ဒီဆိတ်သားအခြောက်ကြော်နဲ့ ပေါင်မုန့်တွေ ပဲ သည်းခံစားကြပါ...ဒီလမ်းခရီးဟာ အန္တရာယ်ရှိတဲ့အတွက် ပွန်ဒီချယ်ရီကို အမြန်ဆုံးခရီးဆက်ကြရပါမယ်”
ပါရာဒစ်က မြင်းကို လှည့်ထွက်လိုက်စဉ်
“ဖောင်း”
သေနတ်သံတစ်ချက်နှင့်အတူ ပါရာဒစ် မြင်းပေါ်မှ လည်ကျသွားသည်။
ထို့နောက် လမ်း၏ ညာဘက်မှ သေနတ်သံများ ဆက်တိုက်ထွက်ပေါ်လာ၏။
အော်ဟစ်အမိန့်ပေးသံများနှင့်အတူ ပြင်သစ်မြင်းတပ်သားများကလည်း နေရာယူကာ ပြန်လည် ပစ်ခတ်ကြ၏။
သို့သော် အလစ်အငိုက်တိုက်ခိုက်ခံရခြင်းဖြစ်သဖြင့် အများစုမှ သေနတ်ထိမှန်ကုန်ကြသည်။
သေနတ်သံများကြားသည်နှင့် လှည်းသမားမှာ ခုန်ချပြီး အမှောင်ထဲသို့ ပျောက်ကွယ်သွား၏။
လှည်းပေါ်တွင် ပါလာသော ပြင်သစ်စစ်ဗိုလ်နှင့် စစ်သားနှစ်ဉီးမှာ လွီဇာတို့ကို မကြည့်အားတော့ပဲ လှည်းပေါ်မှ ဆင်းကာ အမှောင်ထဲသို့ ရမ်းသမ်းပစ်ခတ်ကြတော့သည်။
လွီဇာနှင့် ကိုဇာနီကော့ဗ် မှာ လှည်းပေါ်တွင် ဝပ်နေကြ၏။
ပြင်သစ်စစ်ဗိုလ်မှာ ခပ်လှမ်းလှမ်းမြေပြင်တွင် ရင်ဘတ်ကို ဖိကာ ညည်းတွားနေသည်။
စစ်သားနှစ်ဉီးမှာလည်း အမှောင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားကြ၏။
သေနတ်သံများက ဆက်လက်ထွက်ပေါ်နေကြဆဲ။
မကြာမီ ပြင်သစ်တပ်တချို့ ထပ်မံရောက်ရှိလာကြ၏။
တစ်ဖက်မှ သေနတ်သံများမှာ ဆုတ်ခွာရင်းပစ်ခတ်ကြသဖြင့် တဖြည်းဖြည်း ဝေးဝေးသွားတော့သည်။
ညည်းညူသံများ၊ အော်ဟစ်သံများနှင့်အတူ..မြင်းခွာသံများ ကြားရသည်။
မီးတုတ်များထွန်းညှိလိုက်ကြပြီးနောက် မြင်းတစ်စီးက သူတို့လှည်းအနားသို့ ရောက်လာ၏။
“အင်္ဂလိပ်ပျောက်ကျားတပ်တစ်တပ် နဲ့ တိုးပြီး ဖြစ်ကြတာပါ...မင်းကို စိတ်မချလို့ ကိုယ့်တပ်တွေနဲ့ လိုက်လာလိုက်တာ...အတော်ကံကောင်းသွားတယ်...အားလုံး ဘေးကင်းသွားပြီ..လွီဇာ”
မီလပ်၏ အသံ။
“လွီဇာ သေနတ်မှန်ထားတယ်..ဗိုလ်မီလပ်”
“ဟာ”
ကိုဇာနီကောဗ့် စကားကြာင့် မီလပ်က မြင်းပေါ်မှ ခုန်ဆင်းလိုက်သည်။
လွီဇာက ပုခုံးတစ်ဖက်ကို လက်ဖြင့် ဖိထား၏။
“ဘယ်နားကို မှန်တာလဲ..လွီဇာ”
လက်ဖြင့်အုပ်ထားသည့်ကြားမှ သွေးတစ်ချို့က ပွက်ခနဲ ထွက်လာသည်။
မီလပ်က ဓါးမြှောင်ကို ထုတ်လိုက်ပြီး သူ၏ ကုပ်အင်္ကျီအစတစ်စကို လှီးထုပ်လိုက်သည်။
ထို့နောက် လွီဇာ၏ ပုခုံးမှ သေနတ်ကျည်ဆံနေရာအား ပတ်သိုင်းကာ ချည်ပေးလိုက်၏။
“သတိထားပါဉီး..လှီဇာ..လှီဇာ”
“အ..အ...ကျွန်မ မသေလောက်ဘူး..မဟုတ်လား”
“မသေဘူး..ပုခုံးကို ထိတာ...လွီဇာ..မသေဘူး..မသေရဘူး..စိတ်ချ”
မီလပ်က သေနတ်အရှည်ကို ကျောတွင်လွယ်လိုက်ပြီး လွီဇာကို ပွေ့ချီလိုက်သည်။
ထို့နောက် သူ၏ စစ်သည်တစ်ဉီးကို ခေါ်လိုက်၏။
“မြင်းပေါ်ကို သူ့ကို ဝိုင်းတင်ပေးကြ”
မီလပ်က မြင်းပေါ်သို့ တက်ခွလိုက်သည်။စစ်သည်များက လွီဇာကို မြင်းပေါ်သို့ တင်လိုက်၏။
လွီဇာသည် မီလပ်၏ ရင်ခွင်ထဲတွင် ပျော့ခွေနေသည်။
မီလပ်က မြင်းကို ဒုန်းစိုင်းကာ အပြင်းနှင်လိုက်၏။
မြင်းခွာသံနှင့်အတူ မီလပ်၏ အသက်ရှုသံပြင်းပြင်း။ လွီဇာ ၏ နာကြင်စွာ တစ်ချက်တစ်ချက် ညည်းညူလိုက်သံတို့။
“အားတင်းထား..လွီဇာ...ဒီကနေ ငါးမိုင်အကွာမှာ ပြင်သစ်ကင်းစခန်းတစ်ခုရှိတယ်..အဲ့ဒီမှာ ဆေးမှူးရှိတယ်...မင်းအသက်ရှင်မှာပါ..လွီဇာ”
လွီဇာက မီလပ်၏ ကုတ်အင်္ကျီအပြာရောင်ကို ခပ်တင်းတင်း ဆုတ်ကိုင်ထားသည်။
......................................................................................................................
“မောင်ကြီးငတွန်....မောင်ကြီးငတွန်လား..ဟင်”
“ကိုယ်ပါ...မီလပ်ပါ...လွီဇာ”
လွီဇာ၏ လက်များကို မီလပ်က ခပ်ဖွဖွဆုပ်ကိုင်ထား၏။
“သတိရပြီလား”
လွီဇာက မျက်လုံးဖွင့်ကြည့်လိုက်သည်။ အဖြူရောင်မျက်နှာကျက်ကို မြင်ရ၏။
ထို့နောက် သူ့အပေါ် အုပ်မိုးလျက် ပြုံးပြနေသော မီလပ်၏ မျက်နှာ။
“ကျွန်မ..မသေဘူးပေါ့.. ဒီတသက် အင်းဝကို ပြန်မရောက်တော့ဘူးထင်တာ”
“မသေပါဘူး..လွီဇာ..အခု ပွန်ဒီချယ်ရီက ကုမ္ပဏီဆေးရုံမှာ မင်းရောက်နေတာ..မင်းသတိလစ်နေတာ ဆယ့်ငါးနာရီလောက်ရှိပြီ..မင်းပုခုံးညှပ်ရိုးထဲ ကျည်ဆံဝင်သွားတာ...မနည်းခွဲထုတ်လိုက်ရတယ်”
“မစ္စတာနီကော့ဒ်ရော”
မီလပ် မျက်နှာပျက်သွားသည်။
“မစ္စတာနီကော့ဒ်ရောလို့..မီလပ်..သူသေပြီလား”
“သူမသေပါဘူး”
“ဒါဆို သူဘယ်မှာလဲ”
“သူရှိပါတယ်..ဒါပေမယ့်..ဘုရင်ခံချုပ်က မင်းတို့ကို အရမ်းစိတ်ဆိုးနေတယ်..သူ့ညာလက်ရုံး မိုက်ကယ်ပါရာဒစ်က မင်းတို့ကိုသွားခေါ်ရင်း ဗြိတိသျှစစ်ဗိုလ် ကလစ် ရဲ့ ပျောက်ကျားတပ်တွေ က လုပ်ကြံတာခံလိုက်ရတယ်လေ...ပါရာဒစ် ဟာ ဘုရင်ခံချုပ်သိပ်အားကိုးတဲ့ စစ်ဗိုလ်ပဲ”
“ကျွန်မတို့က ကိုယ့်အလုပ်ကိုယ်လုပ်တာပါ...ဒါ ကျွန်မတို့ အပြစ်မှ မဟုတ်ပဲ..အဲ့ဒါနဲ့ ကိုဇာနီကော့ဒ် နဲ့ ဘာဆိုင်လို့လဲ..မီလပ်”
“ဆိုင်တာပေါ့..အခု မင်းတို့နှစ်ယောက်လုံးကို အကျယ်ချုပ် ထားထားလိုက်ပြီ....မင်းတောင် ဆေးရုံတက်နေလို့..ဟိုမှာတွေ့လား”
မီလပ်က ဘေးဘက်သို့ မေးငေါ့ပြလိုက်သည်။
ဘေးပတ်ချာလည်တွင် ပြင်သစ်စစ်သားနှစ်ဉီးက လက်နက်ကိုယ်စီဖြင့်။
“ကျွန်မ မဒမ်ဒူပလေ နဲ့ တွေ့ချင်တယ်”
“သူလည်း မင်းကို တွေ့ချင်နေပါတယ်...ဒါပေမယ့်...လောလောဆယ်တော့...သူ လာနိုင်မှာမဟုတ်ဘူး... ပါရာဒစ်ရဲ့ အသုဘကိစ္စတွေ စီမံနေရတယ်...သူ့မိသားစုကိုလည်း နှစ်သိမ့်ရဉီးမယ်..မဟုတ်လား”
“အား..ကျွတ်..ကျွတ်”
“နားလိုက်ဉီး..လွီဇာ..မင်းဒဏ်ရာက သုံးလလောက်တော့ လက်ကို လှုပ်လှုပ်ရှားရှားမလုပ်ပဲ..နားရလိမ့်မယ်တဲ့”
“မီလပ်....ကျွန်မမှာ ရှင်တို့အတွက်..အင်း..မွန်စီယာဒူပလေအတွက် အရေးကြီးတဲ့ သတင်းစကားပါလာတယ်”
“အင်း..အဲ့ဒီကိစ္စ ကိုဇာနီကော့ဗ်လည်း ပြောပါတယ်...ဘာသတင်းစကားလဲဆိုတာကိုတော့ မင်းသတိရမှ ပြောလိမ့်မယ်တဲ့..ဘာများလဲ”
“မွန်စီယာဒူပလေဖြစ်ဖြစ်..ဂျင်နီဒူပလေနဲ့ဖြစ်ဖြစ် တွေ့ရမှ ကျွန်မ ပြောနိုင်မယ်”
“ကိုယ့်ကို ပြောလည်းရပါတယ်...ဘာလဲ ကိုယ့်ကို မယုံဘူးလား”
လွီဇာက ခေါင်းခါပြလိုက်သည်။
“လွီဇာ..မင်းကတော့..တကယ့်လွီဇာပါပဲ”
“ကျွန်မကို ကူညီပါ..အဲ့ဒီသတင်းစကားဟာ ကိုဂျာအူစကန် ဆီက လာတာဆိုရင် သူတို့ စိတ်ဝင်စားကြမှာပါ”
“ကိုဂျာအူစကန်..ဟုတ်လား...ဟို မဒရပ်က အာမေးနီးယန်းကြီးလား...သူနဲ့ မင်းတွေ့ခဲ့ရတာလား”
မီလပ် က လွီဇာကို တအံတဩဖြင့် မေးလိုက်သည်။
လွီဇာက ခေါင်းညိတ်ပြလိုက်၏။
..................................................................................................................................
မဏိပူရ၊ ကန်ကလာနန်းတော်။
ဘုရင်ဂါရစ်နာဝဇ် သည် စာချွန်ကို အဆုံးထိပင် မဖတ်တော့ပဲ အမတ်ကြီး မဟာသျှန်သီ ထံ ပြန်ကမ်းပေးလိုက်သည်။
“ဒါ ထုံးစံမှ မဟုတ်တာ...မဏိပူရ နဲ့ တြိပူရ ဆိုတာ တန်းတူရည်တူ အိမ်နီးချင်းနိုင်ငံတွေပဲ...ဘာကိစ္စ သမီးကညာဆက်ရမှာလဲ..တောက်”
“မှန်ပါ..အခု တြိပူရအခြေအနေအရ လက်ရှိဘုရင် လက်ရှ်မန်မဏိကျဘုရင် ဟာ သူ့ဝမ်းကွဲအကို ခရစ်သျှနားမဏိကျ နဲ့ အင်အားပြိုင်နေရတဲ့အခြေအနေပါ....လက်ရှ်မန် နောက်ကွယ်မှာ ကြိုးကိုင်နေတာက ဘင်္ဂါလီသူဌေး ရှန်ရှာဂါဇီ ဖြစ်ပါတယ်....တြိပူရတော်ဝင်အနွယ်စာရင်းအရ လက်ရှ်မန် ဟာ ဘုရင်ဖြစ်ဖို့ အဝေးကြီးမှာပါ...ဒါကြောင့် မဏိပူရဘုရင့်သမီးတော်နဲ့လက်ဆက်ထားတယ်ဆိုပြီး သူ့ရဲ့ ဂုဏ်ကို တင်လိုတာလည်းဖြစ်ပါလိမ့်မယ်..ဒီအကြံအစည်တွေအားလုံးနောက်မှာ ရှန်ရှာဂါဇီ ရှိနေပါလိမ့်မယ်..အရှင်”
“ရှန်ရှာဂါဇီ..ရှန်ရှာဂါဇီ..ဒီဘင်္ဂါလီက ဒီလောက် အစွမ်းထက်လား”
“သူ ဟိန္ဒူတွေကြားမှာ အလှူအတန်းရက်ရောတဲ့ မွတ်ဆလင်မြေရှင်ဆိုပြီး နာမည်ကြီးပါတယ်...ပြီးတော့ မဂိုအင်ပါယာဘုရင်မင်းမြတ်ကလည်း သူ့ကို ကျောထောက်နောက်ခံပေးထားပါတယ်..အရှင်”
ဂါရစ်နာဝဇ်က သလွန်ပေါ်တွင် ထိုင်နေရာမှ မတ်တပ်ရပ်လိုက်သည်။
“...စစ်ကိုင်းကိုရောက်နေတဲ့ မဟာပရဘူ နဲ့ သားတော်ဆန်ဂျေးခူရာလက်ပ ဆီကိုလည်း အင်းဝဘုရင်က သမီးတော်လာမဆက်သသေးတဲ့အတွက် ဖိအားတွေ ဆက်တိုက်ပေးနေတယ်..ငါ့အနေနဲ့ တစ်ဘက်ဘက်ကိုတော့ ရွေးရမှာပ”
“တြိပူရ လို နိုင်ငံငယ်လေးကို သမီးတော်ပေးမယ်အစား..အင်းဝ လို လက်နက်နိုင်ငံကြီးကိုပဲ သမီးပေးပြီး မဟာမိတ်ပြုတာက မဏိပူရရဲ့ ဂုဏ်သိက္ခာကို ပိုပြီး အရောင်တောက်စေမှာပါ”
“အင်း..အဲ့ဒါတော့ ငါကိုယ်တော်လည်းတွေးမိပါတယ်..ဒါပေမယ့်..ပြဿနာက မင်းသားသျှန်သျှားပဲ..အခု သျှန်သျှားအခြေအနေဘယ်လိုရှိလဲ...ချန်ဒရာမော်နီ”
ဂါရစ်နာဝဇ်က စစ်သူကြီးချန်ဒရာမော်နီကို မေးလိုက်သည်။
“မင်းသားသျှန်သျှား ဟာ စစ်သည်တွေ လေ့ကျင့်ရာမှာပဲ အနေများနေပါတယ်...မင်းသားသျှန်သျှား နဲ့အတူ သားတော်အငယ်ဆုံး ချန်ဒရာကန္နဆင်း(စန္ဒရကန္ဒရှိန်) ကလည်း အမြဲ တမ်း တပူးတတွဲတွဲ သွားနေတာတွေ့ပါတယ်”
“သမီးတော်ကို ဆက်သမယ့်ကိစ္စမှာ သျှန်သျှားက သူ့နှမ ကို ဘယ်လိုမှ အထိမခံဘူးဖြစ်နေတယ်..သူ့အန္တရာယ်ကလည်း မသေးဘူး...ခက်တော့ခက်တယ်..ဘယ့်နှယ့်လုပ်ရမတုန်း”
“နည်းလမ်းရှိပါတယ်..အရှင်...ယခု တြိပူရက ရောက်လာတဲ့ ရာဇသံ အရဆို..သမီးတော် မပေးရင်..တြိပူရဟာ မဏိပူရကို တိုက်မယ်ဆိုပြီး ခြိမ်းခြောက်တဲ့သဘောတွေ ပါဝင်နေတာပဲ...အဲ့ဒီအရေးအတွက် မင်းသားသျှန်သျှားကို တြိပူရနယ်စပ် ရှေ့တန်းကို ကွပ်ကဲဖို့ စေလွှတ် ထားသင့်ပါတယ်..မင်းသားသျှန်သျှားမရှိချိန်မှာမှ အင်းဝကို သမီးတော်ဆက်သရင်...အဆင်ပြေပါလိမ့်မယ်”
မဟာသျှန်သီ၏ လျှောက်တင်မှုကို ဂါရစ်နာဝဇ်က အတန်ကြာတွေးတော့နေသည်။
“အင်းဝကို ငါကိုယ်တိုင် သမီးတော်နဲ့အတူသွားမယ်...အင်းဝဟာ အားလျော့နေတယ်ဆိုပေမယ့်..ဆင်ပိန်ကျွဲဝသလောက် အခြေအနေမှာ ရှိနေပါသေးတယ်..အင်းဝဘုရင် နဲ့ ယောက္ခမသမက်ဆက်ဆံရေး ဖြစ်တဲ့အခါ မဏိပူရအတွက် ဘယ်ရန်သူကိုမှ ကြောက်စရာမလိုဘူးဆိုတာ သေချာတယ်မဟုတ်လား”
“မှန်ပါ..သင့်မြတ်တဲ့ အကြံအစည်ပါ..ဘုရား”
“အင်း...ချန်ဒရာမော်နီ..မင်း..မနက်ဖြန် ညီလာခံမှာ တြိပူရစစ်အရေးကို လျှောက်တင်ချေ...အဲ့ဒီအခါကျ..ငါ သျှန်သျှားကို တာဝန်ပေးလိုက်မယ်”
“မှန်ပါ”
“မင်းတို့ဟာ ငါအယုံအကြည်ရဆုံး စစ်သူကြီး၊အမတ်တွေပဲမို့..ဒီအရေးတော် နှုတ်လုံကြပါစေဟေ့”
“မှန်ပါ...သစ္စာကို လုံအောင်ထိန်းပါ့မယ်”
....................................................................
တြိပူရသည် မဏိပူရ၏ တောင်ဖက် ဂါရိုတောင်တန်းမှ ဘင်္ဂလားနယ်အထိကျယ်ပြန့်သော ဟိန္ဒူမဟာရာဂျာနိုင်ငံငယ်ဖြစ်သည်။
၁၇၄၆ တွင် တတိယမြောက် ဗီဂျရာမနီကျန်ကွယ်လွန်သည့်အခါ တြိပူရမင်းသားများအကြား ကြီးမားသော နန်းလုပွဲများ ပေါ်ပေါက်လာခဲ့သည်။
ထိုအခြေအနေတွင် ဩဇာအာဏာကြီးမားသည့် ဘင်္ဂလားနယ်သား မြေရှင်သူဌေးဖြစ်သူ ရှန်ရှာဂါဇီ က နန်းလုပွဲများတွင် ပါဝင်ပတ်သက်လာခဲ့သည်။
ရှန်ရှာဂါဇီမှာ အစ္စလာမ်ဘာသာဝင်တစ်ဉီးဖြစ်သဖြင့် မဂိုအင်ပါယာဘုရင်ရှဂျဟမ်း နှင့်လည်း ခိုင်မာသည့် ဆက်ဆံရေးရှိကြသည်။
ရှန်ရှာဂါဇီသည် တြိပူရမင်းသားများထဲမှ မထင်မရှားဖြစ်သည့် မင်းသားလက်ရှ်မန်မဏိကျကို ကျောထောက်နောက်ခံပေးကာ နန်းလုပွဲတွင် ပါဝင်ခဲ့သည်။
ဂါဇီ ၏ ဆောင်ရွက်မှုကြောင့် လက်ရှ်မန်မှာ ရှင်ဘုရင်ဖြစ်လာခဲ့သည်။
သို့သော် လက်ရှ်မန်၏ လက်ထဲတွင် အာဏာမရှိပဲ နောက်ကွယ်တွင် ဂါဇီက ကြိုးကိုင်နေခဲ့၏။
လူပျိုမင်းသားဖြစ်သော လက်ရှ်မန် ၏ ဩဇာအာဏာဂုဏ်သိက္ခာပိုမိုကြီးမားစေရန်အတွက် ဟိန္ဒူကိုးကွယ်ရာနိုင်ငံတစ်ခုဖြစ်သော အိမ်နီးချင်းမဏိပူရထံမှ သမီးတောင်းရန် ဂါဇီက စီစဉ်ခဲ့ခြင်းဖြစ်သည်။
ဂါရစ်နာဝဇ်အပေါ် ကြေလည်ခြင်းမရှိသော မဂိုဘုရင်ထံမှ မျက်နှာသာရရန်အတွက်လည်း ဂါဇီက ထိုသို့ ကြံစည်ခဲ့ခြင်းဖြစ်သည်။
မဏိပူရက သမီးမပေးပါကလည်း တြိပူရနန်းတွင်းတွင် လူကြိုက်နည်းသည့် လက်ရှ်မန်း၏ အာဏာအတွက် နောက်ထပ် ပြည်ပ စစ်ပွဲတစ်ခု ဆင်နွှဲကာ အာရုံပြောင်းရန်လည်း ရည်ရွယ်ထားခြင်းဖြစ်သည်။
ထိုအရှုပ်အထွေးကား မဏိပူရနန်းတွင်းသို့ပင် ရိုက်ခတ်လာခဲ့ပြီဖြစ်သည်။
“ကျွန်တော် စစ်ထွက်ဖို့ အမိန့်ကျလာပြီ..အမေ”
သျှန်သျှားက မိခင်ဖြစ်သူ သုတ္တိမာလာ ၏ အနီးတွင် ထိုင်ကာ ပြောလိုက်သည်။
“အင်းဝကို လား...သား”
“မဟုတ်ဘူး..အမေ...တြိပူရက သမီးပေးဖို့ ရာဇသံရောက်လာတယ်...မပေးရင် စစ်ဆင်မယ့်အငွေ့အသက်တွေပါနေတယ်”
“အင်းဝရော..တြိပူရရောက ဘာလို့ ကျွန်တော့် ညီမလေးကိုပဲ လိုချင်နေကြတာလဲ”
သုတ္တိမာလာက သက်ပြင်းချလိုက်သည်။
“အမေတို့ မိန်းမသားတွေက သူတို့ နိုင်ငံရေးအတွက် ဓါးဆာခံတွေ၊ အလဲအလှယ်ပစ္စည်းတွေ ဖြစ်နေခဲ့တာ...ဒီဒေသရဲ့ ထုံစံဖြစ်နေပြီ..သား”
“ကျွန်တော် ရှင်ဘုရင်ဖြစ်တဲ့အခါ...ဒီနိုင်ငံက မိန်းမတွေကို အမေတို့ နှမလေး သျှန်သီတို့လို သဘောထားမယ်အမေ..ဘယ်သူမှ မဏိပူရက မိန်းမတွေကို အသုံးချခံ မဖြစ်စေရဘူး”
“ငါ့သားဟာ မဏိပူရရဲ့ ရှင်ဘုရင်လောင်းပဲ...ဒီလို စိတ်မျိုး ထားကို ထားရမယ်..မင်းခမည်းတော်ကလည်း နိုင်ငံရေးအရသာ လုပ်ရပေမယ့်...သူလည်း ဒီကိစ္စကို ကြိုက်ပုံမရပါဘူး..ဒါကြောင့် အင်းဝကို လည်း သမီးတော်ဆက်သမယ်ဆိုပြီး အခုချိန်ထိ သျှန်သီကို မဏိပူရမှာပဲ ထားထားတာပေါ့”
“ဒါနဲ့ သျှန်သီရော..အမေ”
“အနောက်ဆောင်မှာ အစားအသောက်ချက်ပြုတ်တာ သင်နေလေရဲ့...ဟဲ့..တစ်ယောက်လောက် သျှန်သီကို သွားခေါ်ကြချေ”
အပျိုတော်တစ်ဉီးထွက်သွားပြီး မကြာမီ မင်းသမီးလေး သျှတ္တရမာလာ ရောက်လာသည်။
သျှတ္တရမာလာ ခေါ် သျှန်သီ မှာ အပျိုပေါက်ကလေးပင် ဖြစ်လာပြီဖြစ်၏။
“ဟယ်...အကိုတော်...မလာစဖူးပါလား”
သျှန်သီက သျှန်သျှားရှေ့တွင် ဒူးထောက်က ခြေထောက်ကို နဖူးဖြင့် ထိရန် ပြင်လိုက်၏။
“မလုပ်နဲ့ သျှန်သီ..အဲ့ဒီအလေ့အထတွေ..အကိုမကြိုက်ဘူး”
သျှန်သီက လျှာလေးတစ်လစ်ထုတ်ကာ သူမ၏ မိခင်ဘေးတွင် ဝင်ထိုင်လိုက်သည်။
“အကို ဂါရိုတောင်တန်းဘက်ကို စစ်ထွက်ရမယ်..သျှန်သီ”
“ဟယ်..အဝေးကြီးပဲ...ဘယ်လောက်ကြာမှာလဲဟင်”
“ဘယ်လောက်ဆိုတာတော့ ပြောမရဘူး..သျှန်သီ”
“အကိုကြီး ဆန်ဂျေးတုန်းကလည်း အင်းဝကို သွားတာ ခုထိ ပြန်မလာရဘူး..အကို လည်း အဲ့ဒီလိုပဲ..အကြာကြီးဖြစ်နေရင်တော့...သျှန်သီတို့ သားအမိ ပဲ ဒီနန်းတော်ထဲ ကျန်ရစ်တော့မှာ”
“အကိုက မကြာပါဘူး..ငါ့နှမရဲ့...အကိုမရှိတဲ့အချိန် အမေ့ကို ဂရုစိုက်ပါ..ပြီးတော့...ညီတော် ချန်ဒရာကန္နဆင်း က ငါ့နှမ နဲ့အမေ့ကို စောင့်ရှောက်ပေးလိမ့်မယ်...တချို့ကိစ္စတွေ သူ့ကို ပြောပြပါ”
“ချန်ဒရာ က နှမတော်လို ကလေးပဲ ရှိသေးတာကို..အကိုကလည်း”
“ချန်ဒရာက အရွယ်နဲ့ မမျှအောင်ရင့်ကျက်နေပါပြီ..အကိုက သူ့ကို ပုံသွင်းထားပါတယ်..သူ့ကို အကို့လိုပဲ ယုံကြည်လို့ရတယ်.ဟုတ်ပြီလား..ကဲ..သွား..လုပ်စရာရှိတာ ဆက်လုပ်ချေ..အမေနဲ့ စကားပြောစရာရှိသေးတယ်”
သျှန်သီက နောက်ဖေးဆောင်သို့ အပြေးကလေး ပြန်ထွက်သွားသည်။
သျှန်သျှား က မိခင်ဖြစ်သူ၏ လက်ကို ခပ်ဖွဖွ ဆုပ်ကိုင်လိုက်သည်။
“အမေ...ကျွန်တော် မရှိတဲ့အချိန်မှာ တစ်ခုခုဖြစ်လာခဲ့ရင်...ချန်ဒရာ ကို သာ ပြောပါ..အမေ..သူနဲ့ ကျွန်တော်ကြားမှာ အမြဲတမ်းဆက်သားတွေ ရှိနေလိမ့်မယ်”
“ဘာဖြစ်စရာရှိလို့လဲသားရယ်..အမေက အိမ်ရှေ့မင်းသားရဲ့ မယ်တော်လေ”
“မဟုတ်ဘူး..အမေ...အမေက သားရဲ့အမေဖြစ်သလို..သျှန်သီရဲ့ အမေလည်းဖြစ်နေတယ်..သျှန်သီ ဆိုတာ အခု ဖြစ်နေတဲ့ စစ်ပွဲမှာ အရေးပါတဲ့သူတစ်ယောက်ဖြစ်နေတယ်..ပြီးတော့ အင်းဝ နဲ့ ဆက်ဆံရေးမှာလည်း အဓိက အခရာကျ တဲ့သူ...ကျွန်တော် စိတ်မချဘူး..အမေ...ဘာပဲဖြစ်ဖြစ် ကျွန်တော့် နှမလေး ကို ဘယ်ရပ်ဝေးက သူစိမ်းတစ်ယောက်ရဲ့ မယားပြုတာကိုမှ မဖြစ်စေချင်ဘူး..အမေရယ်..ကျွန်တော်ရယ်..သျှန်သီရယ်ဟာ မိသားစုပဲ..ဒီမိသားစု ကို ထိရင် ကျွန်တော်ဘယ်သူ့ကိုမှခွင့်မလွှတ်ဘူး”
“မင်းရဲ့ ခမည်းတော်ကရော...တို့မိသားစုပဲမဟုတ်လား..သားတော်”
“သူကလား..................”
သျှန်သျှားက ခေါင်းကိုခါရမ်းလျက် မြေပြင်သို့သာ စိုက်ကြည့်နေတော့သည်။
ခက်ဇော်
(Zawgyi)
AVA 1740s (Season 2)
အခန္း(၂၃)
.......................................................
“ၿဗိတိသွ်အေရွ႕အိႏၵိယကုမၸဏီႀကီးရဲ႕ ဂုဏ္ထူးေဆာင္ေကာင္စီဝင္ က ဒီလိုအေရးႀကီးတဲ့ စစ္ေရးသတင္းေတြကို ဒီေ႐ႊ႐ုပ္ထုတစ္ခုနဲ႔ လဲတယ္ဆိုေတာ့....”
လြီဇာ၏ ေျပာစကားေၾကာင့္ အူစကန္က ဟက္ဟက္ပက္ပက္ရယ္လိုက္သည္။
“အရာရာကို သံသယထားတတ္တဲ့ ေပၚတူဂီေသြးေတြက မင္းကိုယ္ထဲ အျပည့္ပါလား..ေကာင္မေလးရဲ႕..
ဒီမယ္...ငါက စီးပြားေရးသမား..ဒီအိႏၵိယ ေျမေပၚမွာ အဂၤလိပ္ေတြ၊ ျပင္သစ္ေတြ အားၿပိဳင္ေနမွ ငါ့အတြက္ အဆင္ေျပမွာ..တဖက္ဖက္က လုံးဝႏိုင္သြားလို႔မျဖစ္ဘူး...ဒီေတာ့ ျပင္သစ္ေတြကို ငါမႀကိဳက္ေပမယ့္လည္း...ဒီသတင္းကို သူတို႔ သိသင့္တယ္လို႔ ငါထင္တယ္..ဒါေၾကာင့္ မင္းတို႔နဲ႔ေတြ႕ေတာ့ ငါ့အတြက္အက်ိဳးအျမတ္ႏွစ္ခုရွိမယ့္ ကိစၥကို ငါေ႐ြးခ်ယ္လိုက္တာ”
“ဒီလိုဆိုရင္ေတာ့ ကြၽန္မ သေဘာေပါက္ၿပီ”
“ကဲ..မင္းတို႔ ဒီတိုင္းဆို မက္ဒရပ္ကို ဆက္သြားမလား..ပြန္ဒီခ်ယ္ရီကို ျပန္လွည့္မလား..စဥ္းစားလို႔ ရေလာက္ေရာေပါ့..ကဲ..ကံေကာင္းၾကပါေစကြာ..တကယ္လို႔ ဒီႏွစ္ပိုင္းေတြမွာ ငါအသက္ရွင္ေသးတယ္ဆိုရင္ေတာ့...ပဲခူးဆိုတဲ့ မင္းတို႔ရဲ႕ ဆိပ္ကမ္းၿမိဳ႕ဆီ လာလည္ခ်င္ပါေသးတယ္”
လြီဇာ ႏွင့္ ကိုဇာနီေကာ့ဗ္ တို႔ ဒတ္ခ်္သေဘၤာဆီမွ ျပန္လာၾကသည္။
မဟာဘာလီပန္း႐ြာထိပ္တြင္ အာေမးနီးယန္းကုန္သည္အုပ္စုက ခရီးဆက္ရန္ ျပင္ဆင္ေနၾကၿပီျဖစ္သည္။
ကုန္သည္ေခါင္းေဆာင္ ဂရီဂိုရီ ကမ်က္ႏွာမသာမယာျဖင့္ သူတို႔ကို ဆီးႀကိဳေန၏။
“ျပႆနာေတာ့ တက္ၿပီ.ထင္တယ္..မစၥတာ နီေကာ့ဗ္”
“ဘာျဖစ္လို႔လဲ”
“ဟိုမွာ.. က်ဳပ္တို႔ဆီ ဉီးတည္ၿပီး လာေနၾကတယ္.ေတြ႕လား”
ဂရီဂိုရီ လက္ညႇိးထိုးျပရာသို႔ လွမ္းၾကည့္လိုက္ေသာအခါ အျပာေရာင္ကုတ္အက်ႌမ်ားဝတ္ဆင္ထားသည့္ ျပင္သစ္ ျမင္းစီးစစ္သားမ်ားကိုေတြ႕ရသည္။
ထိပ္ဆုံးမွ ျမင္းျဖဴတစ္စီးက သူတို႔ စကားေျပာေနရာသို႔ ဒုံးစိုင္းၿပီး လာသည္။
ျမင္းေပၚတြင္ ပါလာသူက ပြန္ဒီခ်ယ္ရီခံတပ္ ၏ ကာကြယ္ေရးအရာရွိခ်ဳပ္ မိုက္ကယ္ပါရာဒစ္။
ဆြစ္လူမ်ိဳး ပါရာဒစ္သည္ ဒူပေလ၏ အားအကိုးဆုံးလက္႐ုံးအရာရွိလည္း ျဖစ္သည္။
ပါရာဒစ္က လြီဇာ တို႔ အနားတြင္ ျမင္းကို ရပ္လိုက္သည္။
“ဘယ္လိုလဲ...လူႀကီးမင္းတို႔..သံတမန္ဆိုတာ..သံတမန္စည္းကမ္းနဲ႔ေနရတယ္...အခုေတာ့ ဘယ္သူ႔ကိုမွ အေၾကာင္းမၾကားပဲ..မဒရပ္ ကို ထြက္လာၾကတယ္ေပါ့”
“ကြၽန္မတို႔ ေဒသေလ့လာေရအေနနဲ႔ ဒီက ကုန္သည္မ်ားကို ခြင့္ေတာင္းၿပီး လိုက္လာၾကတာပါ”
ပါရာဒစ္က သေဘာတက်ၿပဳံးလိုက္သည္။
“အဲ့ဒီေလာက္ မ႐ိုးရွင္းဘူးထင္တယ္..အမ်ိဳးသမီးရဲ႕”
ပါရာဒစ္က အခ်က္ျပလိုက္သည္ႏွင့္ ေနာက္မွ ျမင္းစီးစစ္သားမ်ားက ေသနတ္မ်ားကိုယ္စီျဖင့္ သူတို႔ကို ခ်ိန္လိုက္ၾကသည္။
“ဒီအာေမးနီးယန္းကုန္သည္ေတြနဲ႔ ဘာမွ မဆိုင္ပါဘူး...ကြၽန္မတို႔ ကိစၥ ကြၽန္မတို႔ပဲ ရွင္းမယ္”
“ဟုတ္ပါၿပီ..ရွင္းရမွာပါ....ကဲ..လူႀကီးမင္းတို႔ လွည္းေပၚျပန္တက္ၾကပါ...မဒရပ္ဟာ အႏၲရာယ္မ်ားတဲ့အတြက္ သံတမန္မ်ား ပြန္ဒီခ်ယ္ရီကို ျပန္လိုက္ခဲ့ရမယ္လို႔..မြန္စီယာဒူပေလက အမိန႔္ေပးလိုက္ပါတယ္...လူႀကီးမင္းတို႔ကိ ေလးစားေသာအားျဖင့္ ကာကြယ္ေရးအရာရွိခ်ဳပ္ျဖစ္တဲ့ က်ဳပ္ကိုယ္တိုင္ သြားေခၚဖို႔ မြန္စီယာဒူပေလက ခိုင္းလိုက္တာပါ..ဒီေတာ့ လူႀကီးမင္းတို႔ကလည္း အျပန္အလွန္ေလးစားမႈကို ျပတဲ့အေနနဲ႔ ေအးေအးေဆးေဆး ျပန္လိုက္ခဲ့ၾကပါ”
လြီဇာတို႔ ႏွစ္ဉီး လွည္းေပၚသို႔ တက္လိုက္ၾကသည္။
ေသနတ္ကိုင္အိႏၵိယတိုင္းရင္းသားစစ္သားႏွစ္ဉီး၊ ဓားကိုင္ထားေသာ ျပင္သစ္ စစ္ဗိုလ္ငယ္တစ္ဉီးကလည္း သူတို႔ႏွင့္အတူ လွည္းေပၚတြင္ တက္လိုက္ၾက၏။
ထို႔ေနာက္ ျမင္းတပ္စိတ္က လွည္းကို ဝန္းရံကာ ပြန္ဒီခ်ယ္ရီဘက္သို႔ ျပန္လည္ထြက္ခြာလာၾကသည္။
သုံးနာရီခန႔္ ခရီးဆက္လာၿပီးသည့္ေနာက္ အလင္းေရာင္ကြယ္ေပ်ာက္သြားခဲ့ၿပီျဖစ္သည္။
ပါရာဒစ္က သူတို႔ လွည္းေနာက္သို႔ ေရာက္လာၿပီး အထုပ္တစ္ထုပ္ကမ္းေပးလိုက္၏။
“ညစာကေတာ့ ဒီဆိတ္သားအေျခာက္ေၾကာ္နဲ႔ ေပါင္မုန႔္ေတြ ပဲ သည္းခံစားၾကပါ...ဒီလမ္းခရီးဟာ အႏၲရာယ္ရွိတဲ့အတြက္ ပြန္ဒီခ်ယ္ရီကို အျမန္ဆုံးခရီးဆက္ၾကရပါမယ္”
ပါရာဒစ္က ျမင္းကို လွည့္ထြက္လိုက္စဥ္
“ေဖာင္း”
ေသနတ္သံတစ္ခ်က္ႏွင့္အတူ ပါရာဒစ္ ျမင္းေပၚမွ လည္က်သြားသည္။
ထို႔ေနာက္ လမ္း၏ ညာဘက္မွ ေသနတ္သံမ်ား ဆက္တိုက္ထြက္ေပၚလာ၏။
ေအာ္ဟစ္အမိန႔္ေပးသံမ်ားႏွင့္အတူ ျပင္သစ္ျမင္းတပ္သားမ်ားကလည္း ေနရာယူကာ ျပန္လည္ ပစ္ခတ္ၾက၏။
သို႔ေသာ္ အလစ္အငိုက္တိုက္ခိုက္ခံရျခင္းျဖစ္သျဖင့္ အမ်ားစုမွ ေသနတ္ထိမွန္ကုန္ၾကသည္။
ေသနတ္သံမ်ားၾကားသည္ႏွင့္ လွည္းသမားမွာ ခုန္ခ်ၿပီး အေမွာင္ထဲသို႔ ေပ်ာက္ကြယ္သြား၏။
လွည္းေပၚတြင္ ပါလာေသာ ျပင္သစ္စစ္ဗိုလ္ႏွင့္ စစ္သားႏွစ္ဉီးမွာ လြီဇာတို႔ကို မၾကည့္အားေတာ့ပဲ လွည္းေပၚမွ ဆင္းကာ အေမွာင္ထဲသို႔ ရမ္းသမ္းပစ္ခတ္ၾကေတာ့သည္။
လြီဇာႏွင့္ ကိုဇာနီေကာ့ဗ္ မွာ လွည္းေပၚတြင္ ဝပ္ေနၾက၏။
ျပင္သစ္စစ္ဗိုလ္မွာ ခပ္လွမ္းလွမ္းေျမျပင္တြင္ ရင္ဘတ္ကို ဖိကာ ညည္းတြားေနသည္။
စစ္သားႏွစ္ဉီးမွာလည္း အေမွာင္ထဲသို႔ ဝင္ေရာက္ေပ်ာက္ကြယ္သြားၾက၏။
ေသနတ္သံမ်ားက ဆက္လက္ထြက္ေပၚေနၾကဆဲ။
မၾကာမီ ျပင္သစ္တပ္တခ်ိဳ႕ ထပ္မံေရာက္ရွိလာၾက၏။
တစ္ဖက္မွ ေသနတ္သံမ်ားမွာ ဆုတ္ခြာရင္းပစ္ခတ္ၾကသျဖင့္ တျဖည္းျဖည္း ေဝးေဝးသြားေတာ့သည္။
ညည္းညဴသံမ်ား၊ ေအာ္ဟစ္သံမ်ားႏွင့္အတူ..ျမင္းခြာသံမ်ား ၾကားရသည္။
မီးတုတ္မ်ားထြန္းညႇိလိုက္ၾကၿပီးေနာက္ ျမင္းတစ္စီးက သူတို႔လွည္းအနားသို႔ ေရာက္လာ၏။
“အဂၤလိပ္ေပ်ာက္က်ားတပ္တစ္တပ္ နဲ႔ တိုးၿပီး ျဖစ္ၾကတာပါ...မင္းကို စိတ္မခ်လို႔ ကိုယ့္တပ္ေတြနဲ႔ လိုက္လာလိုက္တာ...အေတာ္ကံေကာင္းသြားတယ္...အားလုံး ေဘးကင္းသြားၿပီ..လြီဇာ”
မီလပ္၏ အသံ။
“လြီဇာ ေသနတ္မွန္ထားတယ္..ဗိုလ္မီလပ္”
“ဟာ”
ကိုဇာနီေကာဗ့္ စကားၾကာင့္ မီလပ္က ျမင္းေပၚမွ ခုန္ဆင္းလိုက္သည္။
လြီဇာက ပုခုံးတစ္ဖက္ကို လက္ျဖင့္ ဖိထား၏။
“ဘယ္နားကို မွန္တာလဲ..လြီဇာ”
လက္ျဖင့္အုပ္ထားသည့္ၾကားမွ ေသြးတစ္ခ်ိဳ႕က ပြက္ခနဲ ထြက္လာသည္။
မီလပ္က ဓါးေျမႇာင္ကို ထုတ္လိုက္ၿပီး သူ၏ ကုပ္အက်ႌအစတစ္စကို လွီးထုပ္လိုက္သည္။
ထို႔ေနာက္ လြီဇာ၏ ပုခုံးမွ ေသနတ္က်ည္ဆံေနရာအား ပတ္သိုင္းကာ ခ်ည္ေပးလိုက္၏။
“သတိထားပါဉီး..လွီဇာ..လွီဇာ”
“အ..အ...ကြၽန္မ မေသေလာက္ဘူး..မဟုတ္လား”
“မေသဘူး..ပုခုံးကို ထိတာ...လြီဇာ..မေသဘူး..မေသရဘူး..စိတ္ခ်”
မီလပ္က ေသနတ္အရွည္ကို ေက်ာတြင္လြယ္လိုက္ၿပီး လြီဇာကို ေပြ႕ခ်ီလိုက္သည္။
ထို႔ေနာက္ သူ၏ စစ္သည္တစ္ဉီးကို ေခၚလိုက္၏။
“ျမင္းေပၚကို သူ႔ကို ဝိုင္းတင္ေပးၾက”
မီလပ္က ျမင္းေပၚသို႔ တက္ခြလိုက္သည္။စစ္သည္မ်ားက လြီဇာကို ျမင္းေပၚသို႔ တင္လိုက္၏။
လြီဇာသည္ မီလပ္၏ ရင္ခြင္ထဲတြင္ ေပ်ာ့ေခြေနသည္။
မီလပ္က ျမင္းကို ဒုန္းစိုင္းကာ အျပင္းႏွင္လိုက္၏။
ျမင္းခြာသံႏွင့္အတူ မီလပ္၏ အသက္ရႈသံျပင္းျပင္း။ လြီဇာ ၏ နာၾကင္စြာ တစ္ခ်က္တစ္ခ်က္ ညည္းညဴလိုက္သံတို႔။
“အားတင္းထား..လြီဇာ...ဒီကေန ငါးမိုင္အကြာမွာ ျပင္သစ္ကင္းစခန္းတစ္ခုရွိတယ္..အဲ့ဒီမွာ ေဆးမႉးရွိတယ္...မင္းအသက္ရွင္မွာပါ..လြီဇာ”
လြီဇာက မီလပ္၏ ကုတ္အက်ႌအျပာေရာင္ကို ခပ္တင္းတင္း ဆုတ္ကိုင္ထားသည္။
......................................................................................................................
“ေမာင္ႀကီးငတြန္....ေမာင္ႀကီးငတြန္လား..ဟင္”
“ကိုယ္ပါ...မီလပ္ပါ...လြီဇာ”
လြီဇာ၏ လက္မ်ားကို မီလပ္က ခပ္ဖြဖြဆုပ္ကိုင္ထား၏။
“သတိရၿပီလား”
လြီဇာက မ်က္လုံးဖြင့္ၾကည့္လိုက္သည္။ အျဖဴေရာင္မ်က္ႏွာက်က္ကို ျမင္ရ၏။
ထို႔ေနာက္ သူ႔အေပၚ အုပ္မိုးလ်က္ ၿပဳံးျပေနေသာ မီလပ္၏ မ်က္ႏွာ။
“ကြၽန္မ..မေသဘူးေပါ့.. ဒီတသက္ အင္းဝကို ျပန္မေရာက္ေတာ့ဘူးထင္တာ”
“မေသပါဘူး..လြီဇာ..အခု ပြန္ဒီခ်ယ္ရီက ကုမၸဏီေဆး႐ုံမွာ မင္းေရာက္ေနတာ..မင္းသတိလစ္ေနတာ ဆယ့္ငါးနာရီေလာက္ရွိၿပီ..မင္းပုခုံးညႇပ္႐ိုးထဲ က်ည္ဆံဝင္သြားတာ...မနည္းခြဲထုတ္လိုက္ရတယ္”
“မစၥတာနီေကာ့ဒ္ေရာ”
မီလပ္ မ်က္ႏွာပ်က္သြားသည္။
“မစၥတာနီေကာ့ဒ္ေရာလို႔..မီလပ္..သူေသၿပီလား”
“သူမေသပါဘူး”
“ဒါဆို သူဘယ္မွာလဲ”
“သူရွိပါတယ္..ဒါေပမယ့္..ဘုရင္ခံခ်ဳပ္က မင္းတို႔ကို အရမ္းစိတ္ဆိုးေနတယ္..သူ႔ညာလက္႐ုံး မိုက္ကယ္ပါရာဒစ္က မင္းတို႔ကိုသြားေခၚရင္း ၿဗိတိသွ်စစ္ဗိုလ္ ကလစ္ ရဲ႕ ေပ်ာက္က်ားတပ္ေတြ က လုပ္ႀကံတာခံလိုက္ရတယ္ေလ...ပါရာဒစ္ ဟာ ဘုရင္ခံခ်ဳပ္သိပ္အားကိုးတဲ့ စစ္ဗိုလ္ပဲ”
“ကြၽန္မတို႔က ကိုယ့္အလုပ္ကိုယ္လုပ္တာပါ...ဒါ ကြၽန္မတို႔ အျပစ္မွ မဟုတ္ပဲ..အဲ့ဒါနဲ႔ ကိုဇာနီေကာ့ဒ္ နဲ႔ ဘာဆိုင္လို႔လဲ..မီလပ္”
“ဆိုင္တာေပါ့..အခု မင္းတို႔ႏွစ္ေယာက္လုံးကို အက်ယ္ခ်ဳပ္ ထားထားလိုက္ၿပီ....မင္းေတာင္ ေဆး႐ုံတက္ေနလို႔..ဟိုမွာေတြ႕လား”
မီလပ္က ေဘးဘက္သို႔ ေမးေငါ့ျပလိုက္သည္။
ေဘးပတ္ခ်ာလည္တြင္ ျပင္သစ္စစ္သားႏွစ္ဉီးက လက္နက္ကိုယ္စီျဖင့္။
“ကြၽန္မ မဒမ္ဒူပေလ နဲ႔ ေတြ႕ခ်င္တယ္”
“သူလည္း မင္းကို ေတြ႕ခ်င္ေနပါတယ္...ဒါေပမယ့္...ေလာေလာဆယ္ေတာ့...သူ လာႏိုင္မွာမဟုတ္ဘူး... ပါရာဒစ္ရဲ႕ အသုဘကိစၥေတြ စီမံေနရတယ္...သူ႔မိသားစုကိုလည္း ႏွစ္သိမ့္ရဉီးမယ္..မဟုတ္လား”
“အား..ကြၽတ္..ကြၽတ္”
“နားလိုက္ဉီး..လြီဇာ..မင္းဒဏ္ရာက သုံးလေလာက္ေတာ့ လက္ကို လႈပ္လႈပ္ရွားရွားမလုပ္ပဲ..နားရလိမ့္မယ္တဲ့”
“မီလပ္....ကြၽန္မမွာ ရွင္တို႔အတြက္..အင္း..မြန္စီယာဒူပေလအတြက္ အေရးႀကီးတဲ့ သတင္းစကားပါလာတယ္”
“အင္း..အဲ့ဒီကိစၥ ကိုဇာနီေကာ့ဗ္လည္း ေျပာပါတယ္...ဘာသတင္းစကားလဲဆိုတာကိုေတာ့ မင္းသတိရမွ ေျပာလိမ့္မယ္တဲ့..ဘာမ်ားလဲ”
“မြန္စီယာဒူပေလျဖစ္ျဖစ္..ဂ်င္နီဒူပေလနဲ႔ျဖစ္ျဖစ္ ေတြ႕ရမွ ကြၽန္မ ေျပာႏိုင္မယ္”
“ကိုယ့္ကို ေျပာလည္းရပါတယ္...ဘာလဲ ကိုယ့္ကို မယုံဘူးလား”
လြီဇာက ေခါင္းခါျပလိုက္သည္။
“လြီဇာ..မင္းကေတာ့..တကယ့္လြီဇာပါပဲ”
“ကြၽန္မကို ကူညီပါ..အဲ့ဒီသတင္းစကားဟာ ကိုဂ်ာအူစကန္ ဆီက လာတာဆိုရင္ သူတို႔ စိတ္ဝင္စားၾကမွာပါ”
“ကိုဂ်ာအူစကန္..ဟုတ္လား...ဟို မဒရပ္က အာေမးနီးယန္းႀကီးလား...သူနဲ႔ မင္းေတြ႕ခဲ့ရတာလား”
မီလပ္ က လြီဇာကို တအံတဩျဖင့္ ေမးလိုက္သည္။
လြီဇာက ေခါင္းညိတ္ျပလိုက္၏။
..................................................................................................................................
မဏိပူရ၊ ကန္ကလာနန္းေတာ္။
ဘုရင္ဂါရစ္နာဝဇ္ သည္ စာခြၽန္ကို အဆုံးထိပင္ မဖတ္ေတာ့ပဲ အမတ္ႀကီး မဟာသွ်န္သီ ထံ ျပန္ကမ္းေပးလိုက္သည္။
“ဒါ ထုံးစံမွ မဟုတ္တာ...မဏိပူရ နဲ႔ ႀတိပူရ ဆိုတာ တန္းတူရည္တူ အိမ္နီးခ်င္းႏိုင္ငံေတြပဲ...ဘာကိစၥ သမီးကညာဆက္ရမွာလဲ..ေတာက္”
“မွန္ပါ..အခု ႀတိပူရအေျခအေနအရ လက္ရွိဘုရင္ လက္ရွ္မန္မဏိက်ဘုရင္ ဟာ သူ႔ဝမ္းကြဲအကို ခရစ္သွ်နားမဏိက် နဲ႔ အင္အားၿပိဳင္ေနရတဲ့အေျခအေနပါ....လက္ရွ္မန္ ေနာက္ကြယ္မွာ ႀကိဳးကိုင္ေနတာက ဘဂၤါလီသူေဌး ရွန္ရွာဂါဇီ ျဖစ္ပါတယ္....ႀတိပူရေတာ္ဝင္အႏြယ္စာရင္းအရ လက္ရွ္မန္ ဟာ ဘုရင္ျဖစ္ဖို႔ အေဝးႀကီးမွာပါ...ဒါေၾကာင့္ မဏိပူရဘုရင့္သမီးေတာ္နဲ႔လက္ဆက္ထားတယ္ဆိုၿပီး သူ႔ရဲ႕ ဂုဏ္ကို တင္လိုတာလည္းျဖစ္ပါလိမ့္မယ္..ဒီအႀကံအစည္ေတြအားလုံးေနာက္မွာ ရွန္ရွာဂါဇီ ရွိေနပါလိမ့္မယ္..အရွင္”
“ရွန္ရွာဂါဇီ..ရွန္ရွာဂါဇီ..ဒီဘဂၤါလီက ဒီေလာက္ အစြမ္းထက္လား”
“သူ ဟိႏၵဴေတြၾကားမွာ အလႉအတန္းရက္ေရာတဲ့ မြတ္ဆလင္ေျမရွင္ဆိုၿပီး နာမည္ႀကီးပါတယ္...ၿပီးေတာ့ မဂိုအင္ပါယာဘုရင္မင္းျမတ္ကလည္း သူ႔ကို ေက်ာေထာက္ေနာက္ခံေပးထားပါတယ္..အရွင္”
ဂါရစ္နာဝဇ္က သလြန္ေပၚတြင္ ထိုင္ေနရာမွ မတ္တပ္ရပ္လိုက္သည္။
“...စစ္ကိုင္းကိုေရာက္ေနတဲ့ မဟာပရဘူ နဲ႔ သားေတာ္ဆန္ေဂ်းခူရာလက္ပ ဆီကိုလည္း အင္းဝဘုရင္က သမီးေတာ္လာမဆက္သေသးတဲ့အတြက္ ဖိအားေတြ ဆက္တိုက္ေပးေနတယ္..ငါ့အေနနဲ႔ တစ္ဘက္ဘက္ကိုေတာ့ ေ႐ြးရမွာပ”
“ႀတိပူရ လို ႏိုင္ငံငယ္ေလးကို သမီးေတာ္ေပးမယ္အစား..အင္းဝ လို လက္နက္ႏိုင္ငံႀကီးကိုပဲ သမီးေပးၿပီး မဟာမိတ္ျပဳတာက မဏိပူရရဲ႕ ဂုဏ္သိကၡာကို ပိုၿပီး အေရာင္ေတာက္ေစမွာပါ”
“အင္း..အဲ့ဒါေတာ့ ငါကိုယ္ေတာ္လည္းေတြးမိပါတယ္..ဒါေပမယ့္..ျပႆနာက မင္းသားသွ်န္သွ်ားပဲ..အခု သွ်န္သွ်ားအေျခအေနဘယ္လိုရွိလဲ...ခ်န္ဒရာေမာ္နီ”
ဂါရစ္နာဝဇ္က စစ္သူႀကီးခ်န္ဒရာေမာ္နီကို ေမးလိုက္သည္။
“မင္းသားသွ်န္သွ်ား ဟာ စစ္သည္ေတြ ေလ့က်င့္ရာမွာပဲ အေနမ်ားေနပါတယ္...မင္းသားသွ်န္သွ်ား နဲ႔အတူ သားေတာ္အငယ္ဆုံး ခ်န္ဒရာကႏၷဆင္း(စႏၵရကႏၵရွိန္) ကလည္း အၿမဲ တမ္း တပူးတတြဲတြဲ သြားေနတာေတြ႕ပါတယ္”
“သမီးေတာ္ကို ဆက္သမယ့္ကိစၥမွာ သွ်န္သွ်ားက သူ႔ႏွမ ကို ဘယ္လိုမွ အထိမခံဘူးျဖစ္ေနတယ္..သူ႔အႏၲရာယ္ကလည္း မေသးဘူး...ခက္ေတာ့ခက္တယ္..ဘယ့္ႏွယ့္လုပ္ရမတုန္း”
“နည္းလမ္းရွိပါတယ္..အရွင္...ယခု ႀတိပူရက ေရာက္လာတဲ့ ရာဇသံ အရဆို..သမီးေတာ္ မေပးရင္..ႀတိပူရဟာ မဏိပူရကို တိုက္မယ္ဆိုၿပီး ၿခိမ္းေျခာက္တဲ့သေဘာေတြ ပါဝင္ေနတာပဲ...အဲ့ဒီအေရးအတြက္ မင္းသားသွ်န္သွ်ားကို ႀတိပူရနယ္စပ္ ေရွ႕တန္းကို ကြပ္ကဲဖို႔ ေစလႊတ္ ထားသင့္ပါတယ္..မင္းသားသွ်န္သွ်ားမရွိခ်ိန္မွာမွ အင္းဝကို သမီးေတာ္ဆက္သရင္...အဆင္ေျပပါလိမ့္မယ္”
မဟာသွ်န္သီ၏ ေလွ်ာက္တင္မႈကို ဂါရစ္နာဝဇ္က အတန္ၾကာေတြးေတာ့ေနသည္။
“အင္းဝကို ငါကိုယ္တိုင္ သမီးေတာ္နဲ႔အတူသြားမယ္...အင္းဝဟာ အားေလ်ာ့ေနတယ္ဆိုေပမယ့္..ဆင္ပိန္ကြၽဲဝသေလာက္ အေျခအေနမွာ ရွိေနပါေသးတယ္..အင္းဝဘုရင္ နဲ႔ ေယာကၡမသမက္ဆက္ဆံေရး ျဖစ္တဲ့အခါ မဏိပူရအတြက္ ဘယ္ရန္သူကိုမွ ေၾကာက္စရာမလိုဘူးဆိုတာ ေသခ်ာတယ္မဟုတ္လား”
“မွန္ပါ..သင့္ျမတ္တဲ့ အႀကံအစည္ပါ..ဘုရား”
“အင္း...ခ်န္ဒရာေမာ္နီ..မင္း..မနက္ျဖန္ ညီလာခံမွာ ႀတိပူရစစ္အေရးကို ေလွ်ာက္တင္ေခ်...အဲ့ဒီအခါက်..ငါ သွ်န္သွ်ားကို တာဝန္ေပးလိုက္မယ္”
“မွန္ပါ”
“မင္းတို႔ဟာ ငါအယုံအၾကည္ရဆုံး စစ္သူႀကီး၊အမတ္ေတြပဲမို႔..ဒီအေရးေတာ္ ႏႈတ္လုံၾကပါေစေဟ့”
“မွန္ပါ...သစၥာကို လုံေအာင္ထိန္းပါ့မယ္”
....................................................................
ႀတိပူရသည္ မဏိပူရ၏ ေတာင္ဖက္ ဂါ႐ိုေတာင္တန္းမွ ဘဂၤလားနယ္အထိက်ယ္ျပန႔္ေသာ ဟိႏၵဴမဟာရာဂ်ာႏိုင္ငံငယ္ျဖစ္သည္။
၁၇၄၆ တြင္ တတိယေျမာက္ ဗီဂ်ရာမနီက်န္ကြယ္လြန္သည့္အခါ ႀတိပူရမင္းသားမ်ားအၾကား ႀကီးမားေသာ နန္းလုပြဲမ်ား ေပၚေပါက္လာခဲ့သည္။
ထိုအေျခအေနတြင္ ဩဇာအာဏာႀကီးမားသည့္ ဘဂၤလားနယ္သား ေျမရွင္သူေဌးျဖစ္သူ ရွန္ရွာဂါဇီ က နန္းလုပြဲမ်ားတြင္ ပါဝင္ပတ္သက္လာခဲ့သည္။
ရွန္ရွာဂါဇီမွာ အစၥလာမ္ဘာသာဝင္တစ္ဉီးျဖစ္သျဖင့္ မဂိုအင္ပါယာဘုရင္ရွဂ်ဟမ္း ႏွင့္လည္း ခိုင္မာသည့္ ဆက္ဆံေရးရွိၾကသည္။
ရွန္ရွာဂါဇီသည္ ႀတိပူရမင္းသားမ်ားထဲမွ မထင္မရွားျဖစ္သည့္ မင္းသားလက္ရွ္မန္မဏိက်ကို ေက်ာေထာက္ေနာက္ခံေပးကာ နန္းလုပြဲတြင္ ပါဝင္ခဲ့သည္။
ဂါဇီ ၏ ေဆာင္႐ြက္မႈေၾကာင့္ လက္ရွ္မန္မွာ ရွင္ဘုရင္ျဖစ္လာခဲ့သည္။
သို႔ေသာ္ လက္ရွ္မန္၏ လက္ထဲတြင္ အာဏာမရွိပဲ ေနာက္ကြယ္တြင္ ဂါဇီက ႀကိဳးကိုင္ေနခဲ့၏။
လူပ်ိဳမင္းသားျဖစ္ေသာ လက္ရွ္မန္ ၏ ဩဇာအာဏာဂုဏ္သိကၡာပိုမိုႀကီးမားေစရန္အတြက္ ဟိႏၵဴကိုးကြယ္ရာႏိုင္ငံတစ္ခုျဖစ္ေသာ အိမ္နီးခ်င္းမဏိပူရထံမွ သမီးေတာင္းရန္ ဂါဇီက စီစဥ္ခဲ့ျခင္းျဖစ္သည္။
ဂါရစ္နာဝဇ္အေပၚ ေၾကလည္ျခင္းမရွိေသာ မဂိုဘုရင္ထံမွ မ်က္ႏွာသာရရန္အတြက္လည္း ဂါဇီက ထိုသို႔ ႀကံစည္ခဲ့ျခင္းျဖစ္သည္။
မဏိပူရက သမီးမေပးပါကလည္း ႀတိပူရနန္းတြင္းတြင္ လူႀကိဳက္နည္းသည့္ လက္ရွ္မန္း၏ အာဏာအတြက္ ေနာက္ထပ္ ျပည္ပ စစ္ပြဲတစ္ခု ဆင္ႏႊဲကာ အာ႐ုံေျပာင္းရန္လည္း ရည္႐ြယ္ထားျခင္းျဖစ္သည္။
ထိုအရႈပ္အေထြးကား မဏိပူရနန္းတြင္းသို႔ပင္ ႐ိုက္ခတ္လာခဲ့ၿပီျဖစ္သည္။
“ကြၽန္ေတာ္ စစ္ထြက္ဖို႔ အမိန႔္က်လာၿပီ..အေမ”
သွ်န္သွ်ားက မိခင္ျဖစ္သူ သုတၱိမာလာ ၏ အနီးတြင္ ထိုင္ကာ ေျပာလိုက္သည္။
“အင္းဝကို လား...သား”
“မဟုတ္ဘူး..အေမ...ႀတိပူရက သမီးေပးဖို႔ ရာဇသံေရာက္လာတယ္...မေပးရင္ စစ္ဆင္မယ့္အေငြ႕အသက္ေတြပါေနတယ္”
“အင္းဝေရာ..ႀတိပူရေရာက ဘာလို႔ ကြၽန္ေတာ့္ ညီမေလးကိုပဲ လိုခ်င္ေနၾကတာလဲ”
သုတၱိမာလာက သက္ျပင္းခ်လိုက္သည္။
“အေမတို႔ မိန္းမသားေတြက သူတို႔ ႏိုင္ငံေရးအတြက္ ဓါးဆာခံေတြ၊ အလဲအလွယ္ပစၥည္းေတြ ျဖစ္ေနခဲ့တာ...ဒီေဒသရဲ႕ ထုံစံျဖစ္ေနၿပီ..သား”
“ကြၽန္ေတာ္ ရွင္ဘုရင္ျဖစ္တဲ့အခါ...ဒီႏိုင္ငံက မိန္းမေတြကို အေမတို႔ ႏွမေလး သွ်န္သီတို႔လို သေဘာထားမယ္အေမ..ဘယ္သူမွ မဏိပူရက မိန္းမေတြကို အသုံးခ်ခံ မျဖစ္ေစရဘူး”
“ငါ့သားဟာ မဏိပူရရဲ႕ ရွင္ဘုရင္ေလာင္းပဲ...ဒီလို စိတ္မ်ိဳး ထားကို ထားရမယ္..မင္းခမည္းေတာ္ကလည္း ႏိုင္ငံေရးအရသာ လုပ္ရေပမယ့္...သူလည္း ဒီကိစၥကို ႀကိဳက္ပုံမရပါဘူး..ဒါေၾကာင့္ အင္းဝကို လည္း သမီးေတာ္ဆက္သမယ္ဆိုၿပီး အခုခ်ိန္ထိ သွ်န္သီကို မဏိပူရမွာပဲ ထားထားတာေပါ့”
“ဒါနဲ႔ သွ်န္သီေရာ..အေမ”
“အေနာက္ေဆာင္မွာ အစားအေသာက္ခ်က္ျပဳတ္တာ သင္ေနေလရဲ႕...ဟဲ့..တစ္ေယာက္ေလာက္ သွ်န္သီကို သြားေခၚၾကေခ်”
အပ်ိဳေတာ္တစ္ဉီးထြက္သြားၿပီး မၾကာမီ မင္းသမီးေလး သွ်တၱရမာလာ ေရာက္လာသည္။
သွ်တၱရမာလာ ေခၚ သွ်န္သီ မွာ အပ်ိဳေပါက္ကေလးပင္ ျဖစ္လာၿပီျဖစ္၏။
“ဟယ္...အကိုေတာ္...မလာစဖူးပါလား”
သွ်န္သီက သွ်န္သွ်ားေရွ႕တြင္ ဒူးေထာက္က ေျခေထာက္ကို နဖူးျဖင့္ ထိရန္ ျပင္လိုက္၏။
“မလုပ္နဲ႔ သွ်န္သီ..အဲ့ဒီအေလ့အထေတြ..အကိုမႀကိဳက္ဘူး”
သွ်န္သီက လွ်ာေလးတစ္လစ္ထုတ္ကာ သူမ၏ မိခင္ေဘးတြင္ ဝင္ထိုင္လိုက္သည္။
“အကို ဂါ႐ိုေတာင္တန္းဘက္ကို စစ္ထြက္ရမယ္..သွ်န္သီ”
“ဟယ္..အေဝးႀကီးပဲ...ဘယ္ေလာက္ၾကာမွာလဲဟင္”
“ဘယ္ေလာက္ဆိုတာေတာ့ ေျပာမရဘူး..သွ်န္သီ”
“အကိုႀကီး ဆန္ေဂ်းတုန္းကလည္း အင္းဝကို သြားတာ ခုထိ ျပန္မလာရဘူး..အကို လည္း အဲ့ဒီလိုပဲ..အၾကာႀကီးျဖစ္ေနရင္ေတာ့...သွ်န္သီတို႔ သားအမိ ပဲ ဒီနန္းေတာ္ထဲ က်န္ရစ္ေတာ့မွာ”
“အကိုက မၾကာပါဘူး..ငါ့ႏွမရဲ႕...အကိုမရွိတဲ့အခ်ိန္ အေမ့ကို ဂ႐ုစိုက္ပါ..ၿပီးေတာ့...ညီေတာ္ ခ်န္ဒရာကႏၷဆင္း က ငါ့ႏွမ နဲ႔အေမ့ကို ေစာင့္ေရွာက္ေပးလိမ့္မယ္...တခ်ိဳ႕ကိစၥေတြ သူ႔ကို ေျပာျပပါ”
“ခ်န္ဒရာ က ႏွမေတာ္လို ကေလးပဲ ရွိေသးတာကို..အကိုကလည္း”
“ခ်န္ဒရာက အ႐ြယ္နဲ႔ မမွ်ေအာင္ရင့္က်က္ေနပါၿပီ..အကိုက သူ႔ကို ပုံသြင္းထားပါတယ္..သူ႔ကို အကို႔လိုပဲ ယုံၾကည္လို႔ရတယ္.ဟုတ္ၿပီလား..ကဲ..သြား..လုပ္စရာရွိတာ ဆက္လုပ္ေခ်..အေမနဲ႔ စကားေျပာစရာရွိေသးတယ္”
သွ်န္သီက ေနာက္ေဖးေဆာင္သို႔ အေျပးကေလး ျပန္ထြက္သြားသည္။
သွ်န္သွ်ား က မိခင္ျဖစ္သူ၏ လက္ကို ခပ္ဖြဖြ ဆုပ္ကိုင္လိုက္သည္။
“အေမ...ကြၽန္ေတာ္ မရွိတဲ့အခ်ိန္မွာ တစ္ခုခုျဖစ္လာခဲ့ရင္...ခ်န္ဒရာ ကို သာ ေျပာပါ..အေမ..သူနဲ႔ ကြၽန္ေတာ္ၾကားမွာ အၿမဲတမ္းဆက္သားေတြ ရွိေနလိမ့္မယ္”
“ဘာျဖစ္စရာရွိလို႔လဲသားရယ္..အေမက အိမ္ေရွ႕မင္းသားရဲ႕ မယ္ေတာ္ေလ”
“မဟုတ္ဘူး..အေမ...အေမက သားရဲ႕အေမျဖစ္သလို..သွ်န္သီရဲ႕ အေမလည္းျဖစ္ေနတယ္..သွ်န္သီ ဆိုတာ အခု ျဖစ္ေနတဲ့ စစ္ပြဲမွာ အေရးပါတဲ့သူတစ္ေယာက္ျဖစ္ေနတယ္..ၿပီးေတာ့ အင္းဝ နဲ႔ ဆက္ဆံေရးမွာလည္း အဓိက အခရာက် တဲ့သူ...ကြၽန္ေတာ္ စိတ္မခ်ဘူး..အေမ...ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ့္ ႏွမေလး ကို ဘယ္ရပ္ေဝးက သူစိမ္းတစ္ေယာက္ရဲ႕ မယားျပဳတာကိုမွ မျဖစ္ေစခ်င္ဘူး..အေမရယ္..ကြၽန္ေတာ္ရယ္..သွ်န္သီရယ္ဟာ မိသားစုပဲ..ဒီမိသားစု ကို ထိရင္ ကြၽန္ေတာ္ဘယ္သူ႔ကိုမွခြင့္မလႊတ္ဘူး”
“မင္းရဲ႕ ခမည္းေတာ္ကေရာ...တို႔မိသားစုပဲမဟုတ္လား..သားေတာ္”
“သူကလား..................”
သွ်န္သွ်ားက ေခါင္းကိုခါရမ္းလ်က္ ေျမျပင္သို႔သာ စိုက္ၾကည့္ေနေတာ့သည္။
ခက္ေဇာ္
အခန္း(၂၄) သဘက္ခါ
Done🐬
ReplyDeleteAgain🐬
DeleteDone
ReplyDeleteကလိပီး
ReplyDeleteDone
ReplyDeleteDone
ReplyDeleteနောက်ကျသွားတယ်
ReplyDeleteDone 🤍
ReplyDeleteပီး
ReplyDelete