AVA 1740s S2 (အခန်း ၂၅)

AVA 1740s (Season 2)

                                                                       အခန်း(၂၅)

                                                             ......................................................

၁၇၄၈ နိုဝင်ဘာလ။

ပွန်ဒီချယ်ရီ တစ်မြို့လုံးသည် မီးများ ထိန်ထိန်သာနေ၏။

စစ်ပွဲမှ ပြန်လာသော စစ်သင်္ဘောများသည် ပွန်ဒီချယ်ရီဆိပ်ကမ်းဆီ တစ်စီးပြီး တစ်စီး ဆိုက်ကပ်လာနေကြသည်။

ဥရောပတွင် ဖြစ်ပွားခဲ့သော ဩစထြီးယားထီးမွေနန်းလျာဆက်ခံရေးစစ်ပွဲကြီးမှာ ပြီးဆုံးခဲ့ပြီဖြစ်သည်။

အင်္ဂလိပ်နှင့် ပြင်သစ် အစိုးရများလည်း စစ်ပြေငြိမ်းကာ သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြသည်။

စာချုပ်အရ ပြင်သစ်တို့က မက်ဒရပ် မှ အပြီးတိုင် ဆုတ်ခွာပေးခဲ့ရပြီး မဒရပ်ကို အင်္ဂလိပ်ပိုင်အဖြစ် အသိအမှတ်ပြုခဲ့ရသည်။

ပါရီအစိုးရ၏ သဘောတူညီချက်အရ မဒရပ်ကို အပြီးတိုင်လက်လွတ်ခဲ့ရသော်လည်း  ဘုရင်ခံ ဒူပလေက မကျေနပ်ခဲ့။

အမှန်တကယ်တမ်းတွင် ပွန်ဒီချယ်ရီကို ဝိုင်းရံထားခဲ့သည့် အင်္ဂလိပ်တပ်များမှာ လွန်ခဲ့သည့် ဩဂုတ်လ ကတည်းက အကျအဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့ရသည်။

မုတ်သုန်မိုးကြောင့် အင်္ဂလိပ်တပ်တို့၏ ကတုတ်ကျင်းများတွင် ရေများပြည့်လျှံသွားခဲ့သဖြင့် မြေပြင်ပေါ်တွင် အကာအကွယ်မဲ့နေကြသော အင်္ဂလိပ်တပ်များကို ပွန်ဒီချယ်ရီခံတပ်ပေါ်ရှိ ပြင်သစ်တပ်များက အသာစီးယူပစ်ခတ်နိုင်ခဲ့ကြသည်။

အင်္ဂလိပ်တို့ဘက်မှ အင်္ဂလိပ်စစ်သည် ၁၀၀၀ ကျော်နှင့် စစ်ဗာရီ ၃၀၀၀ ကျော် ကျဆုံးပြီးသည့်နောက် ဗိုလ်ချုပ်ကြီးအက်ဒွပ်ဘော်စကာဝမ် မှာ လန်ဒန်တွင် ခုံရုံးတင်စစ်ဆေးခြင်းခံခဲ့ရသည်။

ဒူပလေ၏ ပြိုင်ဘက်ဖြစ်သူ ပြင်သစ်ဗိုလ်ချုပ် လာဘော်ဒိုးနစ်မှာလည်း အင်္ဂလိပ်စစ်တပ်နှင့် အပေးအယူလုပ်သည်ဟူသော စွဲချက်နှင့် ပါရီမှ ပြန်လည်ခေါ်ယူခဲ့သည်။

ဒူပလေမှာ လတ်တလောအားဖြင့် ပြိုင်ဘက်တချို့ မရှိတော့ပြီဖြစ်သည်။

စစ်ပွဲအတွင်းပါဝင်ခဲ့သူများကို ဂုဏ်ပြုသည့် ညစာစားပွဲက ပြီးဆုံးခဲ့ပြီဖြစ်သည်။

လွီဇာက ဝိုင်ခွက်ကို ကိုင်လျက် မီလပ်နှင့် စကားလက်ဆုံကျနေ၏။

သူတို့ဝိုင်းရှိရာသို့ ဘရူနို ရောက်ရှိလာသည်။

“ပဲခူးက သံတမန်များကို ဘုရင်ခံမင်းမြတ်နဲ့ ဘုရင်ခံကတော်ကြီးတို့က သူတို့ဝိုင်းဆီ လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်”

“မစ္စတာနီကော့ဗ်က သူ့မိတ်ဆွေ အာမေးနီးယန်းတွေ ဝိုင်းကို စကားပြောဖို့ ထွက်သွားပါတယ်...လောလောဆယ် ကျွန်မ ပဲရှိတယ်”

“မင်း က ဒီသံတမန်အဖွဲ့မှာ ဆုံးဖြတ်ပေးနိုင်သူပဲမဟုတ်လား..လွီဇာ..သူမပါလည်း ရပါတယ်”

“ရှင်ရော လိုက်ခဲ့ပါလား..မီလပ်”

မီလပ်က မတ်တပ်ထရပ်လိုက်၏။

ဘရူနိုက ခေါင်းခါလိုက်သည်။

“ဘုရင်ခံမင်းမြတ်က သံတမန်တွေကိုပဲ သူ့ဝိုင်းဆီ ဖိတ်တာပါ”

“သူက ကျွန်မ မိတ်ဆွေပဲလေ..ပြီးတော့ ရှင်တို့ ရဲဘော်ရဲဘက်တစ်ယောက်ပဲ မဟုတ်လား”

“ပြင်သစ်တွေရဲ့ စည်းစနစ်ကိစ္စကို ဒီက ဗိုလ်မီလပ် နားလည်ပြီးသားပါ..လွီဇာ”

လွီဇာက ဘာမှ ဆက်မပြောတော့ပဲ..ဒူပလေ၏ ဝိုင်းရှိရာသို့သာ ထွက်ခွာသွားသည်။

ထိုဝိုင်းတွင် ဒူပလေတို့ စုံတွဲနှင့်အတူ ဗရင်ဂျီရဟန်းတော်တစ်ဉီး ထိုင်နေ၏။

လွီဇာက ဝိုင်းရှေ့တွင် မတ်တပ်ရပ်လိုက်သည်။

“ထိုင်ပါ...လွီဇာ....ဒီဖာသာကိုတော့ မင်းသိပြီးသားဖြစ်မှာပါ”

ဂျင်နီဒူပလေက လက်ညိုးထိုးပြသည့် ဖာသာကို လွီဇာက သေချာကြည့်လိုက်၏။

“ဖာသာနာရေနီ”

ဖာသာနာရေနီက မတ်တပ်ရပ်ကာ လွီဇာအား ဖက်လိုက်သည်။

“ကျုပ်တို့ မတွေ့တာတောင် ကြာပါကော..လွီဇာ”

“ကျွန်မလည်း ရောက်ကတည်းက ရှင့်ကို လိုက်ရှာခဲ့တာပါ..ဖာသာ..ရှင့်ဆီမှာ ကျွန်မတို့ ပေးလိုက်တဲ့ သဝဏ်လွှာပါသွားတယ်မဟုတ်လား”

“ဟုတ်ပါတယ်...အခုပဲ ဘုရင်ခံမင်းမြတ်နဲ့ အဲ့ဒီအကြောင်းပြောနေတာပါ...ဟံသာဝတီကနေ သဝဏ်လွှာယူလာခဲ့ပေမယ့်..ဒီမှာက စစ်ပွဲတွေနဲ့ တိုးနေလို့ ဘုရင်ခံမင်းမြတ်ကို ကျုပ်တွေ့ခွင့်မရခဲ့ဘူး..အခုတော့စစ်ပွဲတွေအားလုံးလည်းပြီးပြီဆိုတော့ ဒီက ဘုရင်ခံကတော်ကြီးကတဆင့်..ကျုပ် ဒီပွဲကို တက်ခွင့်ရခဲ့တာပါ”

လွီဇာက နာရေနီ ၏ ဘေးတွင် ဝင်ထိုင်လိုက်၏။

နာရေနီကား လွန်ခဲ့သော နှစ်များက သန်လျင်သို့ ရောက်ခါစ ခင်ကြီးငယ်လေးမဟုတ်တော့။

ရင့်ကျက်တည်ငြိမ်သည့် ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးအသွင်ဖြစ်နေပေပြီ။

“ပွန်ဒီချယ်ရီမြို့ကြီးအပေါ်ရော...ကျုပ်အပေါ်ရော..ပြင်သစ်နိုင်ငံအပေါ်မှာပါ..ခင်ဗျားရဲ့ သတင်းအချက်အလက်တွေက အများကြီး ကျေးဇူးပြုခဲ့ပါတယ်..လွီဇာ”

“ကျေးဇူးတင်ပါတယ်..ဘုရင်ခံမင်း”

“အခုလို ဖိတ်ခေါ်ရခြင်းက ပဲခူးနဲ့ ပတ်သက်လို့ ကျုပ်ရဲ့သဘောထားတွေကို ပြန်လည် ပြောင်းလဲထားပြီဆိုတာကို အသိပေးချင်တာပါ”

ဒူပလေ၏ စကားကြောင့် လွီဇာ၏ မျက်နှာဝင်းလက်သွားသည်။

“ဟော့ဒီက ဖာသာနာရေနီရယ်၊ မွန်စီယာဘရူနို ရယ် ဆီက ကြားရတဲ့ သတင်းစကားတွေအရ အခုတက်လာတဲ့ ပဲခူးဘုရင်ဟာ ကျုပ်တို့အတွက် မဟာမိတ်ကောင်းတစ်ယောက်ဖြစ်နိုင်ချေရှိတယ်ဆိုတာ ကျုပ်လက်ခံလိုက်ပါပြီ..ဒီတော့ လာမည့်နှစ်တွေအတွင်းမှာ မွန်စီယာဘရူနို ကို ပဲခူးနိုင်ငံတော်ဆီ သံတမန်အဖြစ် လွှတ်ဖို့ ကျုပ် ကတိပြုပါတယ်”

“ကျွန်မတို့ အကူအညီတောင်းထားတဲ့ လက်နက်တွေကိစ္စကရော”

“ဒီကိစ္စကို ဆာဘရူနိုကို ကျုပ် လုပ်ပိုင်ခွင့်ပေးထားပါမယ်..လောလောဆယ် သိထားရမှာက ပြင်သစ်အနေနဲ့ ပဲခူးဘုရင်နဲ့ ဆက်ဆံရေးမှာ မဟာမိတ်ဆက်ဆံရေးထားသလို..အင်းဝဘုရင်ကိုလည်း ရန်သူလိုဆက်ဆံမှာမဟုတ်ပဲ..ပဲခူးဘုရင်နဲ့ တန်းတူတဲ့ ဆက်ဆံမှုမျိုး ထားမှာပါ...အထူးသဖြင့် မုတ္တမပင်လယ်ပြင်က ပြင်သစ်တပ်များအတွက် အခြေချစခန်းတစ်ခုရှိထားရေးနဲ့ နှစ်ပြည်ထောင် စီးပွားရေးကိုသာ အဓိကထား ကူညီပေးလိုပါတယ်..ပဲခူးနိုင်ငံ ရဲ့ စစ်ရေးကိစ္စတွေမှာ အပြုသဘော ပါဝင်ကူညီပေးရုံကလွဲပြီး နှစ်ပြည်ထောင်မင်းတွေရဲ့ စစ်ပွဲထဲမှာ ဝင်ရောက်စွက်ဖက်မှာတော့ မဟုတ်ပါဘူး”

လွီဇာက သူ့ရှေ့တွင် လာချပေးထားသော ဝိုင်ခွက်ကို စိုက်ကြည့်ရင်း ဒူပလေ၏ စကားများကို သေချာနားထောင်နေသည်။

“ကျွန်မတို့ လိုချင်တာ ဘုရင်ခံမင်းမြတ်ဆီက တိကျတဲ့ အဖြေမျိုးပါပဲ..ဘာကြောင့်လဲဆိုတော့ ကျွန်မတို့က လောလောဆယ် စစ်ပွဲကို ပြင်ဆင်နေကြချိန်ပါ...ဘုရင်ခံမင်းအနေနဲ့ လိုချင်တာကို ပြောပါ...ကျွန်မတို့လိုချင်တာကိုလည်းပြောပါမယ်..တချို့ ဝေ့ဝိုက်နေတဲ့ ကိစ္စတွေက အဆင်မပြေပါဘူး”

ဒူပလေက ပြုံးလိုက်သည်။

“ကျုပ်က ဘုရင်ခံတစ်ယောက်အနေနဲ့ ဒီလောက်ပဲ ပြောနိုင်ပါတယ်..ကျန်တဲ့အသေးစိတ်ကိုတော့...မွန်စီယာဘရူနို ဟံသာဝတီကို လာတဲ့အခါ မှ ပြောကြဆိုကြပါ....ဂျင်နီရေ..ကိုယ်အိပ်ရာဝင်တော့မယ်...ဧည့်သည်တွေကို မင်း ဆက် ဧည့်ခံထားလိုက်ပါကွယ်”

ဒူပလေက တဝိုင်းလုံးကို နှုတ်ဆက်ကာ ထိုင်ရာမှ ထသွားသည်။

ဂျင်နီဒူပလေက လွီဇာကို အားတုံ့အားနာဖြင့် ပြုံးပြ၏။

“မွန်စီယာဘရူနို နဲ့ လွီဇာ တို့ ဆက်လက်ဆွေးနွေးဖို့ လိုမယ်ထင်ပါတယ်...သခင်မ လည်း တခြားဝိုင်းတွေကို ဧည့်ခံလိုက်ပါဉီးမယ်”

ဂျင်နီဒူပလေထထွက်သွား၏။

ဘရူနိုက သူ့လက်ထဲမှ ဝီစကီခွက်ကို လက်ဖဝါးဖြင့် ဆုပ်ကိုင်ကာ ခပ်မျှင်းမျှင်းမော့နေ၏။

ဖန်ခွက်မှန်သားထဲမှ တဆင့် လွီဇာကို အကဲခတ်နေသည်။

လွီဇာက ရှေ့ပန်းကန်ထဲမှ သိုးသားကို ဓါးဖြင့် အသာလှီးနေရင်း...

“ရှင် လိုချင်တာဘာလဲ.....ဘရူနို....ကျွန်မတို့ကတော့ ပြင်သစ်ဆီကနေ လက်နက်လိုချင်တယ်..ပြီးတော့ တခါပြောသလို ကျွန်မ ကိစ္စ အတွက် သင်္ဘောနှစ်စင်း”

ဘရူနိုက လွီဇာကို လက်ကာပြလိုက်၏။

“ငါက ဟံသာဝတီဘုရင်နဲ့ တိုက်ရိုက်စကားပြောခွင့်ရထားသူပါ..လွီဇာ...သူနဲ့တွေ့မှသာ ငါတို့ ဆွေးနွေးကြတာပေါ့”

လွီဇာ၏ မျက်နှာ တင်းမာသွားသည်။

“ကျွန်မက ဟံသာဝတီဘုရင်ဗညားဒလရဲ့ ကိုယ်စားလှယ်ပဲ”

“ငါကလည်း ပြင်သစ်ဘုရင်ခံမင်းမြတ်ရဲ့ ကိုယ်စားလှယ်ပဲလေ”

“‌ရှင် ကျွန်မကို ဟံသာဝတီမှာတုန်းက ကတိပေးခဲ့ဖူးတယ်လေ..မွန်စီယာဘရူနို”

“ဟုတ်လား..ငါက အဲ့ဒီလို ကတိပေးဖူးတယ်လား..အင်း.. အသက်နည်းနည်းကြီးလာတော့..မေ့တတ်လာပြီ..ဟဲ..ဟဲ”

ဘရူနို က ခပ်ထေ့ထေ့ပြောရင်း ဝိုင်းမှထထွက်သွားသည်။

လွီဇာက လက်ထဲမှ အသားလှီးသောဓါးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး..ထရန်ပြင်လိုက်၏။

ဖာသာနာရေနီက လွီဇာ၏ လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။

“လွီဇာ....သတိထားပါ..မင်းက သံတမန်တစ်ယောက်နော်”

လွီဇာ၏ လက်များ ဒေါသကြောင့် တုန်ရီနေသည်။

“ကျုပ်သိတဲ့ လွီဇာက သိပ်ပါးနပ်တဲ့ အမျိုးသမီးပါ...အခုကျ.ဘယ်လိုဖြစ်ရတာလဲ..လွီဇာ”

ထိုအခါမှ လွီဇာက စိတ်ကို လျော့ချလိုက်သည်။

“ဟံသာဝတီရော..သန်လျင်ရော ဟာ ကျုပ် သံယောဇဉ်တွေရှိနေတဲ့မြို့ပါ..လွီဇာ..ဒီကိစ္စတွေကို ခင်ဗျားနဲ့ အတူတူ ကျုပ်လည်း အစွမ်းကုန်ကူညီပေးပါ့မယ်”

“ဖာသာ..က ဘယ်လို ကူညီမှာလဲ”

“ကျုပ် သန်လျင်ကို ပြန်လိုက်ခဲ့မယ်..လွီဇာ”

“တကယ်လား..ဖာသာ”

“ဟုတ်တယ်..ကျုပ်အဖေ အီတလီမှာ ဆုံးသွားပြီ...နောက်သုံးရက်ဆို အီတလီက ကျုပ်အမေ ရောက်လာမယ်..အမေ နဲ့ ကျုပ် သန်လျင်မှာပဲ တသက်လုံး သာသနာပြုသွားတော့မယ်လို့ ကျုပ်ဆုံးဖြတ်လိုက်ပြီ”

“ဖာသာ ပြန်လာမယ်ဆိုရင်တော့ ဘုရင်ဗညားဒလက အမြဲကြိုဆိုနေမှာပါ...အရင်တခေါက်က နိုင်ငံရေး အရှုပ်အထွေးတွေကြောင့် ဖာသာတို့ ပြေးသွားခဲ့ရတာကို သူက စိတ်မကောင်းဖြစ်နေတာ..ဟိုမှာ ဖာသာတို့ ကောင်းကောင်းမွန်မွန်သာသနာပြုနိုင်ဖို့လည်း သူစီမံပေးပါ့မယ်တဲ့”

“ဒီလိုဆိုတော့ ကြားရတာ..ဝမ်းသာပါတယ်..လွီဇာ..ဒါနဲ့..ဟိုတစ်ယောက်ရော”

“ဗိုလ်မင်း လက်ျာဗိုလ်လား..ဖာသာ”

“ဟုတ်တယ်”

“သူ...လက်ထပ်လိုက်ပြီ...ဖာသာ”

“ဪ....”

ဖာသာနာရေနီက တိတ်ဆိတ်သွား၏။

လွီဇာက ဝိုင်ပုလင်းထဲမှ ဝိုင်ကို ထပ်ငှဲ့ကာ မော့ချလိုက်သည်။

“ဘယ်သူနဲ့လဲလို့..မမေးတော့ဘူးလား..ဖာသာ”

ဖာသာနာရေနီက ခေါင်းခါပြလိုက်၏။

“လွီဇာ..မြက်ခင်းပြင်မှာ ကပွဲစတော့မယ်..ကိုယ်နဲ့ တွဲကကြမလား...မင်းမပြန်ခင်..ကိုယ့်အတွက် အမှတ်တရတစ်ခုခု ကျန်စေချင်လို့ပါ”

မည်သည့်အချိန်က ရောက်နေမှန်းမသိသည့် မီလပ်က လွီဇာ၏ ပုခုံးကို ဆုပ်ကိုင်ရင်း မေးလိုက်သည်။

လွီဇာက ခေါင်းညိတ်ပြလိုက်ပြီး မီလပ်၏ လက်ကို ဆွဲကာ ကပွဲဆီသို့ ထွက်သွား၏။

ဖာသာနာရေနီ ကား စားပွဲဝိုင်းတွင် တစ်ဉီးတည်း ထိုင်လျက်..ကျန်ရစ်။

.........................................................................................................................

“ဖောင်း..ဖောင်း”

ချိတ်ကလေး ဟုခေါ်သော တိုက်ကြက်ဖအနီမှာ ဖောင်းပြင်ခေါ် စည်းဝိုင်းအပြင်ဘက်သို့ လွင့်ထွက်သွား၏။
ပြန်ထရန်ပြင်သော်လည်း အတောင်ပံတစ်ဖက်မှာ စောင်းသွားပြီး မြေတွင် ယက်ကန် ယက်ကန်ဖြစ်နေသည်။

“ဟေး…ရွှေနက်ကျော်ကွ..ရွှေနက်ကျော်ကွ…ဒီဇမ္ဗူမှာ ပြိုင်စံရှားသတဲ့…တောကြိုအုံကြားက ကောင်းပါလေ့ဆိုတဲ့ တိုက်ကြက်တွေ..အခုတော့ ဘာများ ခံနိုင်သတုံး…ဟေ့..တောသားများ..နင်တို့ ကြက်တွေ..ဘယ့်နှယ့်ရှိစဟေ့”

ငပုလဲ သည် သူ၏ လက်ဆွဲတော်တိုက်ကြက်ကြီးကို အားရပါးရ..ပွေ့ချီကာ အော်ဟစ်နေ၏။

“ကိုတွန်..ဘယ်လောက်ပါသွားလဲ”

အောင်ပွဲခံနေသော ငပုလဲကို စိတ်ပျက်လက်ပျက်ကြည့်နေသော ငကောင်းက ဘေးနားမှ ငတွန်ကို မေးလိုက်သည်။

ငတွန်က လက်ငါးချောင်းထောင်ပြလိုက်၏။

“တောက်..နာမည်ကိုက စောက်အခြေမြင့်လိုက်တာ..ရွှေနက်ကျော်တဲ့..ရွှေနက်ကျော်..လည်း…ရိုက်သတ်စားရင် ဟင်းဖြစ်တာပါပဲကွာ”

ငတွန် အသံက အနည်းငယ်ကျယ်သွား၏။

ငပုလဲ က ငတွန့်ကို မျက်မှောင်ကြုံ့ကြည့်လိုက်သည်။

ငကောင်းက ငတွန်ကို လက်ကုပ်သည်။

“ကိုတွန်..အဲ့ဒါ နန်းမတော်ဝန်ဗျ…မတော်တာတွေဖြစ်ကုန်မယ်..ဟေ့လူ..သတိထားစမ်းပါဗျာ”

မင်းစစ်နောင် အမည်ခံ ငပုလဲက ငတွန်ရှိရာသို့ လျှောက်လာသည်။

“ဟေ့..တောသားအရိုင်းကောင်..ခုန ဘာပြောလိုက်တာလဲ”

“နင်..မကြားဘူးလား”

ငတွန်က ပုဆိုးကို တိုတိုပြင်ဝတ်လိုက်ပြီး မတ်တပ်ရပ်လိုက်၏။

နန်းမတော်ဝန်၏ ဘေးမှ အရပ်ဝတ်အမှုထမ်းများက ဓါးရှည်များ ကိုယ်စီ ထုတ်လိုက်ကြသည်။

“ငါ..ဘယ်သူလဲ…နင် မသိဘူးလား…တောသား”

“ဘာလုပ်လို့ သိရမှာလဲ…ကြက်ကောင်းကိုင်ပြီး လေကျယ်နေတဲ့အကောင်မဟုတ်လား”

“တယ်…ငါ့…အရောဝင်နေလို့ အလကားလူမှတ်နေတယ်ထင်ရဲ့..ဟေ့..ငါ နန်းမတော်ဝန်ကြီးကွ..ဒူးထောက်စမ်း…ဒူးထောက်”

ငတွန်က ရင်ဘတ်ကို ကော့လျက် ငပုလဲကို မျက်နှာချင်းဆိုင်လိုက်သည်။

ကြက်ဝိုင်းတစ်ခုလုံး မှ လူများသည် သူတို့နှစ်ဉီးအား ရင်တထိတ်ထိတ်ဖြင့် ကြည့်နေကြ၏။

ငပုလဲ၏ နောက်လိုက်နောက်ပါများက ဓါးလွတ်များဖြင့် အဆင့်သင့်ဖြစ်နေကြပြီဖြစ်သည်။

ငကောင်းက အနီးမှ တံပိုးတစ်ချောင်းပေါ် လက်တင်ကာ အခြေအနေကို စောင့်ကြည့်နေသည်။

“စဉ့်ကိုင်သား ထဲ သွေးတော့ အတော်ရဲသကိုးကွ”

“ငါ စဉ့်ကိုင်သားမဟုတ်ဘူးကွ..မုဆိုးခြုံသား..ငတွန်တဲ့ဟေ့”

ငတွန်ဆိုသော နာမည်ကြောင့် ငပုလဲမှာ ရုတ်တရက်အနောက်သို့ပင် တလှမ်းဆုတ်လိုက်၏။

ထိုအချိန်တွင် မြင်းတစ်စီးက ခပ်ဝေးဝေးမှ အပြင်းနှင်ရင်း အော်ဟစ်လာသည်။

“စဉ့်ကိုင်ကို ကွေ့တွေ..ဝင်တိုက်နေပြီ..ဘုရား..နန်းမတော်ဝန်ဘုရား..စဉ့်ကိုင်ကို ကွေ့တွေ ဝင်တိုက်နေပြီဘုရား”

“ဟေ”

စဉ့်ကိုင်နှင့် အနည်းငယ်လှမ်းသော ရွာတွင် ကြက်တိုက်နေသော ငပုလဲမှာ ရုတ်တရတ်မျက်လုံးပြူးသွား၏။

၁၇၄၈ မိုးကာလ ကုန်သည် နှင့် ကွေ့တပ်များ က စာတိုက်တကာခံတပ်ကို ပြန်လည် တိုက်ခိုက်ခဲ့ကြသည်။

ထို့ကြောင့် မဟာဓမ္မရာဇာဓိပတိ က နန်းမတော်ဝန်မင်းစစ်နောင် အမည်ခံ ငပုလဲကို တပ်များနှင့်အတူ စဉ့်ကိုင်သို့ ၁၇၄၈ နိုဝင်ဘာ ၁ ရက်နေ့တွင် စေလွှတ်လိုက်၏။

ငပုလဲသည် စဉ့်ကိုင်တွင် စခန်းချနေထိုင်ပြီး အနီးရှိ ရွာတွင် ကြက်တိုက်နေစဉ် ကွေ့တပ်များက စဉ့်ကိုင်ကို ဝင်ရောက်တိုက်ခိုက်ကြခြင်းဖြစ်သည်။

စဉ့်ကိုင်ဘက်ဆီမှ မီးခိုးလုံးကြီးများ လှိုက်တက်လာ၏။

“ငါတို့ လူတွေရော….ဗိုလ်မင်းကျော်ထင်ရော”

“ကိုယ်တော်မရှိတော့ ဗိုလ်မင်းကျော်ထင်လည်း ပြေးပြီ..ဘုရား”

“ဟေ့.ရသလောက်လူစုဟေ့…စာတိုက်တကာ မှာ နန္ဒဝေတို့ရှိတယ်..သူတို့နဲ့ သွားပူးပေါင်းပြီး ပြန်တိုက်ကြမယ်”

“စာတိုက်တကာလည်း ကျသွားပြီကြားတယ်..ဘုရား..နန္ဒဝေ လည်း သားမယားနဲ့ စစ်ကိုင်းကို ပြေးပြီ”

“ဟာ..ဒါဆို တို့လည်း အမြန် ဆုတ်မှဟေ့..မြန်မြန်လုပ်ဟ..ငါ့မြင်း ယူခဲ့ကြပါဉီးဟ..ဟိုကောင်တွေရ”

နန်းမတော်ဝန်ငပုလဲ မှာ ခြေမကိုင်မိလက်မကိုင်မိဖြင့် အော်ဟစ်နေ၏။

ကြက်ဝိုင်းက လူများလည်း အသည်းအသန်ထပြေးကြသည်။

“ဟေ့..ငကောင်း..မင်းတောင်းထဲ ထညက်ပါသေးရင်..နည်းနည်းကျွေးကွာ”

“ဘာလုပ်ဖို့လဲ..ဗိုလ်တွန်ရာ..ဟိုမှာ ဒီလောက် ပြဿနာတက်နေတာကို”

“ဟို..နန်းမတော်ဝန်ဆိုတဲ့ကောင်..ပြာယာခတ်နေတာကို ထန်းလျက်လေး မြုံရင်း ထိုင်ရယ်ရတာပေါ့ဟ..လာ..ထိုင်”

ငကောင်းက ပြုံးစိစိဖြင့် ငတွန်၏ အနားတွင် ထိုင်လိုက်သည်။

နန်းမတော်ဝန်မင်းစစ်နောင် ကား မြင်းပေါ်သို့ ကပိုကရိုတက်ခွကာ ဒုံးစိုင်းထွက်သွား၏။

“ခွီးထဲမှကွာ..နန်းမတော်ဝန်တဲ့….ကြောက်လိုက်တာ..ဖင်ကို တုန်နေတာပဲလားဟ..ငကောင်းရ”

“အေးဗျာ..ဘယ့်နှယ့်…စစ်တိုက်တာကို သူကြက်တိုက်သလို မှတ်ပြီး လာတယ်ထင်ရတယ်…သူ့ကြက်လောက်သာ ခွပ်တက်ရပ် ဒီအကောင် မပြေးလောက်ဘူး..ဗိုလ်တွန်ရ..ဟားဟား”

“နန်းမတော်ဝန်ဆိုလို့…နန်းမတော်ဝန်ဆိုတဲ့အကောင်တွေက လက်ရည် တယ်ညံ့ဗျာ...အရင်နန်းမတော်ဝန် အာမေးနီယန်းကောင်ကို ကျုပ် လှံနဲ့ ပစ်သတ်ခဲ့တာပ..တချက်တည်း လှမ်းပစ်တာ..ကားခနဲ မြင်းပေါ်က ကျတာပဲ..”

“ဟ..အဲ့ဒါ ခင်ဗျားလား..နန်းမတော်ဝန် အာကာရွှေတောင်ကို အင်းဝမြို့ထဲ လှံနဲ့ပစ်တဲ့သတင်းတော့ ကျုပ်ကြားဖူးလိုက်တယ်”

“တကယ်ပေါ့ဟ..လွီဇာ ရော..ချစ်မြ ပါ ရှိတယ်”

“ချစ်မြဆိုတာ”

“အခု ခင်ဉီးမြင်းစီးကြီး ညီအကိုထဲက ချစ်မြပေါ့”

“ကဲ..ဒါတွေထားပါဉီးဗျာ…အခုအခြေအနေအတိုင်းဆို..မလွယ်ဘူးဗျိုး..ခင်ဗျား ဘယ်သွားမှာလဲ..ဗိုလ်တွန်”

“ဘယ်သွားရမလဲ..ခြေဉီးတည့်ရာပေါ့”

“ကျုပ် မုဆိုးဖိုဘက်ကို ပြန်တော့မှာ…လိုက်ခဲ့ပါလားဗျာ..စဉ့်ကိုင်က ဒီအတိုင်းဆို ကွေ့တွေလက်ကျဖို့ များသွားပြီ”

“ကွေ့တွေ သိပ်နာမည်ကြီးနေတာ…ကွေ့စစ်သားဆိုတာ ဘယ်လိုမျိုးလည်း...ဘယ်လို စစ်တိုက်လည်း ကြည့်ချင်သေးတာဟ..ငကောင်းရ”

“အေးဗျ..ကျုပ်လည်း အဲ့ဒါတော့ ကြည့်ချင်သေးတာ..စဉ့်ကိုင်ဘက် သွားကြည့်ကြမလား”

“ကျုပ်တော့ ဟိုးသစ်ပင်အောက်မှာ ငှက်တစ်ချောင်းပါတယ်….ငကောင်း မှာရော လက်နက်လေးဘာလေး မပါဘူးလား”

“လက်နက်လား..ဒီထမ်းပိုးလေဗျာ….ဝန် ဆို ထမ်းမယ်…ရန် ဆို ရမ်းမယ့် ထမ်းပိုးလေ”

“လွှတ်..ကောင်းဟေ့..”

ငကောင်းက ထမ်းပိုးကို ကိုင်လျက် ရပ်ထားသော လှည်းပေါ်သို့ တက်လိုက်သည်။

ငတွန်က ဓါးကို လှည်းပေါ်သို့ ပစ်တင်ပြီး တက်လိုက်၏။

ထို့နောက် မီးတောက်မီးညွှန့်များ တောက်လောင်နေရာ စဉ့်ကိုင်ဆီသို့ ဉီးတည်ထွက်လာကြသည်။

ဆောင်းကာလမို့ ဖုန်လုံးများက တထောင်းထောင်း။

စဉ့်ကိုင်ဘက်ဆီမှာ ပြေးလာကြသော လူတချို့ကိုလည်း တွေ့ရသည်။

“ငါ့လူတို့..ဟိုမှာ ကွေ့တွေက တွေ့ကရာ လိုက်သတ်နေကြတာဟ..ဘယ့်နှယ့်လုပ်..အဲ့ဒီဘက် ဉီးတည်နေတာလဲ”

ပြေးလာသူများက သူတို့လှည်းကို အံဩတကြီးဖြင့် ပြောဆိုကြသည်။

ငတွန်နှင့်ငကောင်းက စကားမပြန်ပဲ..ခပ်ပြုံးပြုံးသာ။

စဉ့်ကိုင်မြို့ရိုးကို လှမ်းမြင်နေရသော နေရာတွင် လှည်းကို သူတို့ ရပ်လိုက်ကြသည်။

မြို့ထဲမှဆူညံသံများကို ပင်ကြားနေရ၏။

“ဗိုလ်တွန်…ဟိုမှာဗျ…ဟိုမှာ ကြည့်စမ်း”

လူတစ်ယောက် မြို့ရိုးမှ အပြင်ဘက်ဆီသို့ ပြေးထွက်လာသည်။

“ကွေ့စစ်သားများလား”

“မဟုတ်ဘူး…မိန်းမတစ်ယောက်ဗျ”

ငတွန်က ငှက်ကြီးတောင်ဓါးကို ကိုင်လျက် လှည်းပေါ်မှ ဆင်းလိုက်သည်။

“ဗိုလ်တွန်ရေ..နောက်မှလည်း လူအုပ်ကြီးပြေးလိုက်လာတယ်ဗျ..အဲ့ဒါမှ ကွေ့စစ်သားတွေဖြစ်မယ်”

“ခင်ဗျား ကြောက်သလား..ငကောင်း”

“နို့..ကြောက်တယ်ဆိုတာ..ဟော့ဒီနွားလို ဂျိုနဲ့လားဟ”

“အေး..ကြိုက်ပြီလေ”

မိန်းကလေးက သူတို့လှည်းရှိရာသို့ တဖြည်းဖြည်း နီးကပ်လာသည်။

“ကယ်ကြပါဉီး..ကယ်ပါဉီးရှင်”

ပါးစပ်မှလည်း ဗလုံးဗထွေးအော်ဟစ်လာရင်း လဲကျသွား၏။

ငတွန်က ပြေးသွားပြီး ဆွဲထူလိုက်သည်။

မျက်နှာတွင် ဖုန်မှုန်များပေလူးနေသည့် အမျိုးသမီးကို ပွေ့ယူကာ လှမ်းပေါ်သို့ တင်ပေးလိုက်၏။

“မင်း…ဒီမှာပဲ..နေ”

ငတွန်နှင့် ငကောင်းက အသင့်နေရာယူလိုက်ကြ၏။

ကွေ့စစ်သားများက ညာသံပေးလျက် သူတို့အား ဝိုင်းလိုက်ကြသည်။

“နင်တို့ အင်းဝစစ်သားတွေလား”

ဗမာစကားတတ်သည့် ကွေ့စစ်သည်တစ်ဉီးက မေးလိုက်သည်။

“ငါတို့..ဒီနားက ရွာသားတွေပါ…စဉ့်ကိုင်ဆီ ကုန်လာပို့ရင်း မီးလောင်နေတာမြင်လို့ ဘာလဲ စူးစမ်းနေတာ”

ကွေ့စစ်သည်ထဲမှ အကြီးဆုံးဖြစ်ဟန်တူသူက အနီးသို့ ကပ်လာသည်။

ငတွန့်ကို သေချာအကဲခတ်သည်။

“နင့် ဓါးကိုင်ပုံက အရပ်သားမဟုတ်ဘူး..မညာနဲ့ဟေ့”

“ငါမညာပါဘူး..ငါတို့က သာမန်လူတွေပါ..အရပ်သားမှန်သမျှ စစ်မှုထမ်းလိုက်ဖူးသူချည်းဆိုတော့.. အင်းဝစစ်တပ်အမှုထမ်းဖူးတာပေါ့ဟ”

“ဒါဆိုလည်း ဟုတ်ပြီ..ဟိုမိန်းမကို ငါတို့လက်အပ်ပါ”

“သူက ဘယ်သူလဲ..မင်းတို့ ဘာလုပ်ကြမလို့လဲ”

“သူက ငါတို့ သုံ့ပန်းပဲ..ငါတို့လက်က ထွက်ပြေးလို့ လိုက်ဖမ်းကြတာ”

ငတွန်က ဖုံအလိမ်းလိမ်းကပ်နေသည့် အမျိုးသမီးကို တချက်ကြည့်လိုက်သည်။

အမျိုးသမီးငယ်မှာ တဆတ်ဆတ်တုန်ရီနေပြီး ပြူးကြောင်သော မျက်လုံးများဖြင့် သူတို့ကို ကြည့်နေသည်။

“စစ်ပွဲဆိုတာ ယောက်ျားတွေအလုပ် မဟုတ်လား…စစ်ပွဲထဲမပါတဲ့ ဒီမိန်းမ ကို နင်တို့ လွှတ်ပေးလိုက်ပါ”

“အံမယ်…အလာကြီးပါလား..နင့်မှာ အဲ့ဒီလို ပြောခွင့်မရှိဘူး”

ကွေ့ခေါင်းဆောင်က ဓါးရှည်ကို ဝံ့လိုက်သည်။

ထိုအချိန်တွင် အနောက်ဖက်ဆီမှ အလံများတလူလူလွှင့်ထားသည့် မြင်းလေးစီး ရောက်ရှိလာသည်။

ကွေ့စစ်သည်များအားလုံးက ဒူးထောက်လိုက်ကြ၏။

“ဘာဖြစ်နေကြတာလဲ”

“ဒီမှာ သုံ့ပန်းမ ထွက်ပြေးလို့ လိုက်ကြတာပါ..သခင်မ..အခု ဒီလူတွေက သုံ့ပန်းမကို လက်ခံထားပါတယ်”

သခင်မ ဆိုသူအား ငတွန်က ကြည့်လိုက်သည်။

“ငတွန်…နင်..ငတွန်မဟုတ်လား”

“မင်း..အင်းဝထောင်ထဲက..ကွေ့မ..ကွေ့မ..နားလဲ”

“အားလုံး..စဉ့်ကိုင်မြို့ထဲ လှည့်ပြန်ကြစမ်း…ဒီမှာ အချိန်လာဖြုန်းမနေကြနဲ့..သွားကြ”

ကွေ့စစ်သည်များက အမိန့်အတိုင်း ပြန်လည်ဆုတ်ခွာသွားကြသည်။

နားလဲ နှင့် ကိုယ်ရံတော်ကွေ့အမျိုးသမီး သုံးဉီးသာ ကျန်ရစ်တော့၏။

ဒူးလေးကို လွယ်ထားသည့် နားလဲက မြင်းပေါ်မှ ဆင်းလိုက်သည်။

“နင်က ဘယ်လိုလုပ် ဒီရောက်နေတာလဲ..ငတွန်”

“ကျုပ်က ဒီနားက ရွာမှာ ကြက်ပွဲကောင်းတယ်ဆိုလို့ လာလောင်းနေတာ”

“ငါက နင့်ကို လွီဇာနဲ့အတူ ဟံသာဝတီမှာ ရှိနေပြီထင်တာ”

ငတွန်က နှုတ်ခမ်းကို တွန့်ရုံသာ ပြုံးလိုက်၏။

“အခုက စစ်ဖြစ်နေတာ..ငတွန်…အန္တရာယ်ရှိတယ်…ခပ်ဝေးဝေးကိုသွားစေချင်တယ်”

“သွားမှာပါ..ကျုပ်တို့က ကွေ့စစ်သားဆိုတာ ဘယ်လိုမျိုးလဲ ၊ ဘယ်လို စစ်တိုက်လဲ သိချင်လို့ လာကြည့်တာပါ..အခုတော့ ကွေ့စစ်သားတွေတင်မက..သူတို့ သခင်မကိုပါ တွေ့လိုက်ရပြီဆိုတော့ ပြန်မှာပါ..ဒါပေမယ့်”

“ဒါပေမယ့်..ဘာလဲ..ငတွန်”

“ကျုပ်..သူ့ကို ကယ်သွားမယ်..ဒုက္ခရောက်နေတဲ့ မိန်းမတစ်ယောက်ကို ကျုပ် မထားခဲ့နိုင်ဘူး”

ငတွန်က လှည်းပေါ်မှ အမျိုးသမီးကို ညွှန်ပြလိုက်၏။

နာလဲ က လှည်းပေါ်မှ တုန်ရီနေသော အမျိုးသမီးကို တချက်ကြည့်လိုက်သည်။ ထို့နောက် အတန်ကြာမှ တိတ်ဆိတ်နေ၏။

“ရှင် သူ့ကို ခေါ်သွားနိုင်ပါတယ်”

“သူဘယ်သူလဲ...သခင်မ..သိပါတယ်နော်.စဥ်းစားပါဦး"

နဘေးနားက ကွေ့အမျိုးသမီးစစ်သည်က ဝင်ပြောလိုက်သည်။

“ငါသိတယ်….ဟိုးလွန်ခဲ့တဲ့ လေးငါးဆယ်နှစ်ကလည်း….ကိုယ်ဝန်ပျက်ကျပြီးစ မိန်းမတစ်ယောက်ဟာ စစ်တလင်းမှာ တစ်ယောက်တည်း စွန့်ပစ်ထားခဲ့ခံရဖူးတယ်..ဒါပေမယ့်…စစ်တိုက်ဖို့လာတဲ့ သမိန်စက္ကရူဆိုတဲ့ မွန်စစ်သူကြီး တစ်ယောက်က အဲ့ဒီမိန်းမကို စစ်သားကောင်းပီသစွာ သေချာစောင့်ရှောက်ကယ်တင်ပေးဖူးတယ်…အဲ့ဒီမိန်းမဟာ ငါပဲ….သမိန်စက္ကရူဟာ စစ်ပွဲမှာ ကျဆုံးသွားခဲ့ပြီ..သူ့ကျေးဇူးကို ငါ ဘယ်လိုပြန်ဆပ်ရမလဲ..အမြဲတွေးခဲ့ဖူးတယ်..ဒီနေ့တော့…ငါ..သူ့နေရာကို ရောက်လာခဲ့ပြီ…သူ့ကျေးဇူးကို ဆပ်တဲ့အနေနဲ့..ဒီသုံ့ပန်းမကို ငါလွှတ်ပေးမယ်..ကဲ..ပြန်ကြမယ်”

နားလဲက မြင်းဇက်ကြိုးကို ဆွဲကာ လှည့်လိုက်သည်။

“ကျေးဇူးတင်ပါတယ်…နားလဲ”

ငတွန်က ပြောလိုက်၏။

“ဪ…ငါ တစ်ခုပြောဖို့ မေ့သွားတယ်..ငတွန်..ဘယ်လို အကြောင်းအရာပဲဖြစ်ဖြစ် လွီဇာဟာ နင့်ကို အချစ်ဆုံးပဲနော်”

နားလဲက မြင်း၏ တင်ပါးကို ဆတ်ခနဲရိုက်လိုက်သည်။ မြင်းက ဒုံးစိုင်းပြေးထွက်သွား၏။

ငတွန် မှာ ငေါင်လျက် ကျန်ရစ်။

“ကဲ..ဗိုလ်တွန်…ကံကောင်းပေလို့ဗျာ..မြန်မြန်သွားကြတာပေါ့..လှည်းပေါ်တက်”

ငကောင်းက ငတွန်ကို လှည်းပေါ်တက်ရန် ပြောလိုက်သည်။

ငတွန်က သက်ပြင်းချလိုက်ပြီး လှည်းပေါ်တက်လိုက်၏။

“မောင်ကြီး…ကျွန်မကို မှတ်မိလား”

အမျိုးသမီးငယ်၏ အသံ။

ခေါင်းငိုက်စိုက်နေသော ငတွန် က မျက်လုံးလှန်ကြည့်လိုက်သည်။

“မောင်ကြီး ခါးပုံစ လေး ခဏသုံးပါရစေ”

အမျိုးသမီးငယ်က ငတွန်၏ ခါးပုံစနားသို့ မျက်နှာကို ကပ်ကာ ဖုံများကို သုတ်လိုက်သည်။

ထို့နောက် ငတွန့်ကို မော့ကြည့်လိုက်၏။

“မင်း..မြတ်ထားသီရိ”

 

ခက်ဇော်


(မီးကို ဆန်မယ့် ဖီးနစ်ငှက်တွေ...ကမ္ဘာမကြေနှလုံးသားနဲ့..ပန်းတိုင်ဆီ ဆက်လက်ပျံသန်းကြမယ်)
(Zawgyi)
AVA 1740s (Season 2)

                                                                       အခန္း(၂၅)

                                                             ......................................................

၁၇၄၈ ႏိုဝင္ဘာလ။

ပြန္ဒီခ်ယ္ရီ တစ္ၿမိဳ႕လုံးသည္ မီးမ်ား ထိန္ထိန္သာေန၏။

စစ္ပြဲမွ ျပန္လာေသာ စစ္သေဘၤာမ်ားသည္ ပြန္ဒီခ်ယ္ရီဆိပ္ကမ္းဆီ တစ္စီးၿပီး တစ္စီး ဆိုက္ကပ္လာေနၾကသည္။

ဥေရာပတြင္ ျဖစ္ပြားခဲ့ေသာ ဩစႀထီးယားထီးေမြနန္းလ်ာဆက္ခံေရးစစ္ပြဲႀကီးမွာ ၿပီးဆုံးခဲ့ၿပီျဖစ္သည္။

အဂၤလိပ္ႏွင့္ ျပင္သစ္ အစိုးရမ်ားလည္း စစ္ေျပၿငိမ္းကာ သေဘာတူစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၾကသည္။

စာခ်ဳပ္အရ ျပင္သစ္တို႔က မက္ဒရပ္ မွ အၿပီးတိုင္ ဆုတ္ခြာေပးခဲ့ရၿပီး မဒရပ္ကို အဂၤလိပ္ပိုင္အျဖစ္ အသိအမွတ္ျပဳခဲ့ရသည္။

ပါရီအစိုးရ၏ သေဘာတူညီခ်က္အရ မဒရပ္ကို အၿပီးတိုင္လက္လြတ္ခဲ့ရေသာ္လည္း  ဘုရင္ခံ ဒူပေလက မေက်နပ္ခဲ့။

အမွန္တကယ္တမ္းတြင္ ပြန္ဒီခ်ယ္ရီကို ဝိုင္းရံထားခဲ့သည့္ အဂၤလိပ္တပ္မ်ားမွာ လြန္ခဲ့သည့္ ဩဂုတ္လ ကတည္းက အက်အဆုံးမ်ားစြာျဖင့္ ျပန္လည္ဆုတ္ခြာသြားခဲ့ရသည္။

မုတ္သုန္မိုးေၾကာင့္ အဂၤလိပ္တပ္တို႔၏ ကတုတ္က်င္းမ်ားတြင္ ေရမ်ားျပည့္လွ်ံသြားခဲ့သျဖင့္ ေျမျပင္ေပၚတြင္ အကာအကြယ္မဲ့ေနၾကေသာ အဂၤလိပ္တပ္မ်ားကို ပြန္ဒီခ်ယ္ရီခံတပ္ေပၚရွိ ျပင္သစ္တပ္မ်ားက အသာစီးယူပစ္ခတ္ႏိုင္ခဲ့ၾကသည္။

အဂၤလိပ္တို႔ဘက္မွ အဂၤလိပ္စစ္သည္ ၁၀၀၀ ေက်ာ္ႏွင့္ စစ္ဗာရီ ၃၀၀၀ ေက်ာ္ က်ဆုံးၿပီးသည့္ေနာက္ ဗိုလ္ခ်ဳပ္ႀကီးအက္ဒြပ္ေဘာ္စကာဝမ္ မွာ လန္ဒန္တြင္ ခုံ႐ုံးတင္စစ္ေဆးျခင္းခံခဲ့ရသည္။

ဒူပေလ၏ ၿပိဳင္ဘက္ျဖစ္သူ ျပင္သစ္ဗိုလ္ခ်ဳပ္ လာေဘာ္ဒိုးနစ္မွာလည္း အဂၤလိပ္စစ္တပ္ႏွင့္ အေပးအယူလုပ္သည္ဟူေသာ စြဲခ်က္ႏွင့္ ပါရီမွ ျပန္လည္ေခၚယူခဲ့သည္။

ဒူပေလမွာ လတ္တေလာအားျဖင့္ ၿပိဳင္ဘက္တခ်ိဳ႕ မရွိေတာ့ၿပီျဖစ္သည္။

စစ္ပြဲအတြင္းပါဝင္ခဲ့သူမ်ားကို ဂုဏ္ျပဳသည့္ ညစာစားပြဲက ၿပီးဆုံးခဲ့ၿပီျဖစ္သည္။

လြီဇာက ဝိုင္ခြက္ကို ကိုင္လ်က္ မီလပ္ႏွင့္ စကားလက္ဆုံက်ေန၏။

သူတို႔ဝိုင္းရွိရာသို႔ ဘ႐ူႏို ေရာက္ရွိလာသည္။

“ပဲခူးက သံတမန္မ်ားကို ဘုရင္ခံမင္းျမတ္နဲ႔ ဘုရင္ခံကေတာ္ႀကီးတို႔က သူတို႔ဝိုင္းဆီ လာခဲ့ဖို႔ ဖိတ္ေခၚလိုက္ပါတယ္”

“မစၥတာနီေကာ့ဗ္က သူ႔မိတ္ေဆြ အာေမးနီးယန္းေတြ ဝိုင္းကို စကားေျပာဖို႔ ထြက္သြားပါတယ္...ေလာေလာဆယ္ ကြၽန္မ ပဲရွိတယ္”

“မင္း က ဒီသံတမန္အဖြဲ႕မွာ ဆုံးျဖတ္ေပးႏိုင္သူပဲမဟုတ္လား..လြီဇာ..သူမပါလည္း ရပါတယ္”

“ရွင္ေရာ လိုက္ခဲ့ပါလား..မီလပ္”

မီလပ္က မတ္တပ္ထရပ္လိုက္၏။

ဘ႐ူႏိုက ေခါင္းခါလိုက္သည္။

“ဘုရင္ခံမင္းျမတ္က သံတမန္ေတြကိုပဲ သူ႔ဝိုင္းဆီ ဖိတ္တာပါ”

“သူက ကြၽန္မ မိတ္ေဆြပဲေလ..ၿပီးေတာ့ ရွင္တို႔ ရဲေဘာ္ရဲဘက္တစ္ေယာက္ပဲ မဟုတ္လား”

“ျပင္သစ္ေတြရဲ႕ စည္းစနစ္ကိစၥကို ဒီက ဗိုလ္မီလပ္ နားလည္ၿပီးသားပါ..လြီဇာ”

လြီဇာက ဘာမွ ဆက္မေျပာေတာ့ပဲ..ဒူပေလ၏ ဝိုင္းရွိရာသို႔သာ ထြက္ခြာသြားသည္။

ထိုဝိုင္းတြင္ ဒူပေလတို႔ စုံတြဲႏွင့္အတူ ဗရင္ဂ်ီရဟန္းေတာ္တစ္ဉီး ထိုင္ေန၏။

လြီဇာက ဝိုင္းေရွ႕တြင္ မတ္တပ္ရပ္လိုက္သည္။

“ထိုင္ပါ...လြီဇာ....ဒီဖာသာကိုေတာ့ မင္းသိၿပီးသားျဖစ္မွာပါ”

ဂ်င္နီဒူပေလက လက္ညိဳးထိုးျပသည့္ ဖာသာကို လြီဇာက ေသခ်ာၾကည့္လိုက္၏။

“ဖာသာနာေရနီ”

ဖာသာနာေရနီက မတ္တပ္ရပ္ကာ လြီဇာအား ဖက္လိုက္သည္။

“က်ဳပ္တို႔ မေတြ႕တာေတာင္ ၾကာပါေကာ..လြီဇာ”

“ကြၽန္မလည္း ေရာက္ကတည္းက ရွင့္ကို လိုက္ရွာခဲ့တာပါ..ဖာသာ..ရွင့္ဆီမွာ ကြၽန္မတို႔ ေပးလိုက္တဲ့ သဝဏ္လႊာပါသြားတယ္မဟုတ္လား”

“ဟုတ္ပါတယ္...အခုပဲ ဘုရင္ခံမင္းျမတ္နဲ႔ အဲ့ဒီအေၾကာင္းေျပာေနတာပါ...ဟံသာဝတီကေန သဝဏ္လႊာယူလာခဲ့ေပမယ့္..ဒီမွာက စစ္ပြဲေတြနဲ႔ တိုးေနလို႔ ဘုရင္ခံမင္းျမတ္ကို က်ဳပ္ေတြ႕ခြင့္မရခဲ့ဘူး..အခုေတာ့စစ္ပြဲေတြအားလုံးလည္းၿပီးၿပီဆိုေတာ့ ဒီက ဘုရင္ခံကေတာ္ႀကီးကတဆင့္..က်ဳပ္ ဒီပြဲကို တက္ခြင့္ရခဲ့တာပါ”

လြီဇာက နာေရနီ ၏ ေဘးတြင္ ဝင္ထိုင္လိုက္၏။

နာေရနီကား လြန္ခဲ့ေသာ ႏွစ္မ်ားက သန္လ်င္သို႔ ေရာက္ခါစ ခင္ႀကီးငယ္ေလးမဟုတ္ေတာ့။

ရင့္က်က္တည္ၿငိမ္သည့္ ကက္သလစ္ဘုန္းေတာ္ႀကီးတစ္ပါးအသြင္ျဖစ္ေနေပၿပီ။

“ပြန္ဒီခ်ယ္ရီၿမိဳ႕ႀကီးအေပၚေရာ...က်ဳပ္အေပၚေရာ..ျပင္သစ္ႏိုင္ငံအေပၚမွာပါ..ခင္ဗ်ားရဲ႕ သတင္းအခ်က္အလက္ေတြက အမ်ားႀကီး ေက်းဇူးျပဳခဲ့ပါတယ္..လြီဇာ”

“ေက်းဇူးတင္ပါတယ္..ဘုရင္ခံမင္း”

“အခုလို ဖိတ္ေခၚရျခင္းက ပဲခူးနဲ႔ ပတ္သက္လို႔ က်ဳပ္ရဲ႕သေဘာထားေတြကို ျပန္လည္ ေျပာင္းလဲထားၿပီဆိုတာကို အသိေပးခ်င္တာပါ”

ဒူပေလ၏ စကားေၾကာင့္ လြီဇာ၏ မ်က္ႏွာဝင္းလက္သြားသည္။

“ေဟာ့ဒီက ဖာသာနာေရနီရယ္၊ မြန္စီယာဘ႐ူႏို ရယ္ ဆီက ၾကားရတဲ့ သတင္းစကားေတြအရ အခုတက္လာတဲ့ ပဲခူးဘုရင္ဟာ က်ဳပ္တို႔အတြက္ မဟာမိတ္ေကာင္းတစ္ေယာက္ျဖစ္ႏိုင္ေခ်ရွိတယ္ဆိုတာ က်ဳပ္လက္ခံလိုက္ပါၿပီ..ဒီေတာ့ လာမည့္ႏွစ္ေတြအတြင္းမွာ မြန္စီယာဘ႐ူႏို ကို ပဲခူးႏိုင္ငံေတာ္ဆီ သံတမန္အျဖစ္ လႊတ္ဖို႔ က်ဳပ္ ကတိျပဳပါတယ္”

“ကြၽန္မတို႔ အကူအညီေတာင္းထားတဲ့ လက္နက္ေတြကိစၥကေရာ”

“ဒီကိစၥကို ဆာဘ႐ူႏိုကို က်ဳပ္ လုပ္ပိုင္ခြင့္ေပးထားပါမယ္..ေလာေလာဆယ္ သိထားရမွာက ျပင္သစ္အေနနဲ႔ ပဲခူးဘုရင္နဲ႔ ဆက္ဆံေရးမွာ မဟာမိတ္ဆက္ဆံေရးထားသလို..အင္းဝဘုရင္ကိုလည္း ရန္သူလိုဆက္ဆံမွာမဟုတ္ပဲ..ပဲခူးဘုရင္နဲ႔ တန္းတူတဲ့ ဆက္ဆံမႈမ်ိဳး ထားမွာပါ...အထူးသျဖင့္ မုတၱမပင္လယ္ျပင္က ျပင္သစ္တပ္မ်ားအတြက္ အေျခခ်စခန္းတစ္ခုရွိထားေရးနဲ႔ ႏွစ္ျပည္ေထာင္ စီးပြားေရးကိုသာ အဓိကထား ကူညီေပးလိုပါတယ္..ပဲခူးႏိုင္ငံ ရဲ႕ စစ္ေရးကိစၥေတြမွာ အျပဳသေဘာ ပါဝင္ကူညီေပး႐ုံကလြဲၿပီး ႏွစ္ျပည္ေထာင္မင္းေတြရဲ႕ စစ္ပြဲထဲမွာ ဝင္ေရာက္စြက္ဖက္မွာေတာ့ မဟုတ္ပါဘူး”

လြီဇာက သူ႔ေရွ႕တြင္ လာခ်ေပးထားေသာ ဝိုင္ခြက္ကို စိုက္ၾကည့္ရင္း ဒူပေလ၏ စကားမ်ားကို ေသခ်ာနားေထာင္ေနသည္။

“ကြၽန္မတို႔ လိုခ်င္တာ ဘုရင္ခံမင္းျမတ္ဆီက တိက်တဲ့ အေျဖမ်ိဳးပါပဲ..ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္မတို႔က ေလာေလာဆယ္ စစ္ပြဲကို ျပင္ဆင္ေနၾကခ်ိန္ပါ...ဘုရင္ခံမင္းအေနနဲ႔ လိုခ်င္တာကို ေျပာပါ...ကြၽန္မတို႔လိုခ်င္တာကိုလည္းေျပာပါမယ္..တခ်ိဳ႕ ေဝ့ဝိုက္ေနတဲ့ ကိစၥေတြက အဆင္မေျပပါဘူး”

ဒူပေလက ၿပဳံးလိုက္သည္။

“က်ဳပ္က ဘုရင္ခံတစ္ေယာက္အေနနဲ႔ ဒီေလာက္ပဲ ေျပာႏိုင္ပါတယ္..က်န္တဲ့အေသးစိတ္ကိုေတာ့...မြန္စီယာဘ႐ူႏို ဟံသာဝတီကို လာတဲ့အခါ မွ ေျပာၾကဆိုၾကပါ....ဂ်င္နီေရ..ကိုယ္အိပ္ရာဝင္ေတာ့မယ္...ဧည့္သည္ေတြကို မင္း ဆက္ ဧည့္ခံထားလိုက္ပါကြယ္”

ဒူပေလက တဝိုင္းလုံးကို ႏႈတ္ဆက္ကာ ထိုင္ရာမွ ထသြားသည္။

ဂ်င္နီဒူပေလက လြီဇာကို အားတုံ႔အားနာျဖင့္ ၿပဳံးျပ၏။

“မြန္စီယာဘ႐ူႏို နဲ႔ လြီဇာ တို႔ ဆက္လက္ေဆြးေႏြးဖို႔ လိုမယ္ထင္ပါတယ္...သခင္မ လည္း တျခားဝိုင္းေတြကို ဧည့္ခံလိုက္ပါဉီးမယ္”

ဂ်င္နီဒူပေလထထြက္သြား၏။

ဘ႐ူႏိုက သူ႔လက္ထဲမွ ဝီစကီခြက္ကို လက္ဖဝါးျဖင့္ ဆုပ္ကိုင္ကာ ခပ္မွ်င္းမွ်င္းေမာ့ေန၏။

ဖန္ခြက္မွန္သားထဲမွ တဆင့္ လြီဇာကို အကဲခတ္ေနသည္။

လြီဇာက ေရွ႕ပန္းကန္ထဲမွ သိုးသားကို ဓါးျဖင့္ အသာလွီးေနရင္း...

“ရွင္ လိုခ်င္တာဘာလဲ.....ဘ႐ူႏို....ကြၽန္မတို႔ကေတာ့ ျပင္သစ္ဆီကေန လက္နက္လိုခ်င္တယ္..ၿပီးေတာ့ တခါေျပာသလို ကြၽန္မ ကိစၥ အတြက္ သေဘၤာႏွစ္စင္း”

ဘ႐ူႏိုက လြီဇာကို လက္ကာျပလိုက္၏။

“ငါက ဟံသာဝတီဘုရင္နဲ႔ တိုက္႐ိုက္စကားေျပာခြင့္ရထားသူပါ..လြီဇာ...သူနဲ႔ေတြ႕မွသာ ငါတို႔ ေဆြးေႏြးၾကတာေပါ့”

လြီဇာ၏ မ်က္ႏွာ တင္းမာသြားသည္။

“ကြၽန္မက ဟံသာဝတီဘုရင္ဗညားဒလရဲ႕ ကိုယ္စားလွယ္ပဲ”

“ငါကလည္း ျပင္သစ္ဘုရင္ခံမင္းျမတ္ရဲ႕ ကိုယ္စားလွယ္ပဲေလ”

“‌ရွင္ ကြၽန္မကို ဟံသာဝတီမွာတုန္းက ကတိေပးခဲ့ဖူးတယ္ေလ..မြန္စီယာဘ႐ူႏို”

“ဟုတ္လား..ငါက အဲ့ဒီလို ကတိေပးဖူးတယ္လား..အင္း.. အသက္နည္းနည္းႀကီးလာေတာ့..ေမ့တတ္လာၿပီ..ဟဲ..ဟဲ”

ဘ႐ူႏို က ခပ္ေထ့ေထ့ေျပာရင္း ဝိုင္းမွထထြက္သြားသည္။

လြီဇာက လက္ထဲမွ အသားလွီးေသာဓါးကို က်စ္က်စ္ပါေအာင္ ဆုပ္ၿပီး..ထရန္ျပင္လိုက္၏။

ဖာသာနာေရနီက လြီဇာ၏ လက္ကို ခပ္တင္းတင္းဆုပ္ကိုင္ထားလိုက္သည္။

“လြီဇာ....သတိထားပါ..မင္းက သံတမန္တစ္ေယာက္ေနာ္”

လြီဇာ၏ လက္မ်ား ေဒါသေၾကာင့္ တုန္ရီေနသည္။

“က်ဳပ္သိတဲ့ လြီဇာက သိပ္ပါးနပ္တဲ့ အမ်ိဳးသမီးပါ...အခုက်.ဘယ္လိုျဖစ္ရတာလဲ..လြီဇာ”

ထိုအခါမွ လြီဇာက စိတ္ကို ေလ်ာ့ခ်လိုက္သည္။

“ဟံသာဝတီေရာ..သန္လ်င္ေရာ ဟာ က်ဳပ္ သံေယာဇဥ္ေတြရွိေနတဲ့ၿမိဳ႕ပါ..လြီဇာ..ဒီကိစၥေတြကို ခင္ဗ်ားနဲ႔ အတူတူ က်ဳပ္လည္း အစြမ္းကုန္ကူညီေပးပါ့မယ္”

“ဖာသာ..က ဘယ္လို ကူညီမွာလဲ”

“က်ဳပ္ သန္လ်င္ကို ျပန္လိုက္ခဲ့မယ္..လြီဇာ”

“တကယ္လား..ဖာသာ”

“ဟုတ္တယ္..က်ဳပ္အေဖ အီတလီမွာ ဆုံးသြားၿပီ...ေနာက္သုံးရက္ဆို အီတလီက က်ဳပ္အေမ ေရာက္လာမယ္..အေမ နဲ႔ က်ဳပ္ သန္လ်င္မွာပဲ တသက္လုံး သာသနာျပဳသြားေတာ့မယ္လို႔ က်ဳပ္ဆုံးျဖတ္လိုက္ၿပီ”

“ဖာသာ ျပန္လာမယ္ဆိုရင္ေတာ့ ဘုရင္ဗညားဒလက အၿမဲႀကိဳဆိုေနမွာပါ...အရင္တေခါက္က ႏိုင္ငံေရး အရႈပ္အေထြးေတြေၾကာင့္ ဖာသာတို႔ ေျပးသြားခဲ့ရတာကို သူက စိတ္မေကာင္းျဖစ္ေနတာ..ဟိုမွာ ဖာသာတို႔ ေကာင္းေကာင္းမြန္မြန္သာသနာျပဳႏိုင္ဖို႔လည္း သူစီမံေပးပါ့မယ္တဲ့”

“ဒီလိုဆိုေတာ့ ၾကားရတာ..ဝမ္းသာပါတယ္..လြီဇာ..ဒါနဲ႔..ဟိုတစ္ေယာက္ေရာ”

“ဗိုလ္မင္း လက္်ာဗိုလ္လား..ဖာသာ”

“ဟုတ္တယ္”

“သူ...လက္ထပ္လိုက္ၿပီ...ဖာသာ”

“ဪ....”

ဖာသာနာေရနီက တိတ္ဆိတ္သြား၏။

လြီဇာက ဝိုင္ပုလင္းထဲမွ ဝိုင္ကို ထပ္ငွဲ႔ကာ ေမာ့ခ်လိုက္သည္။

“ဘယ္သူနဲ႔လဲလို႔..မေမးေတာ့ဘူးလား..ဖာသာ”

ဖာသာနာေရနီက ေခါင္းခါျပလိုက္၏။

“လြီဇာ..ျမက္ခင္းျပင္မွာ ကပြဲစေတာ့မယ္..ကိုယ္နဲ႔ တြဲကၾကမလား...မင္းမျပန္ခင္..ကိုယ့္အတြက္ အမွတ္တရတစ္ခုခု က်န္ေစခ်င္လို႔ပါ”

မည္သည့္အခ်ိန္က ေရာက္ေနမွန္းမသိသည့္ မီလပ္က လြီဇာ၏ ပုခုံးကို ဆုပ္ကိုင္ရင္း ေမးလိုက္သည္။

လြီဇာက ေခါင္းညိတ္ျပလိုက္ၿပီး မီလပ္၏ လက္ကို ဆြဲကာ ကပြဲဆီသို႔ ထြက္သြား၏။

ဖာသာနာေရနီ ကား စားပြဲဝိုင္းတြင္ တစ္ဉီးတည္း ထိုင္လ်က္..က်န္ရစ္။

.........................................................................................................................

“ေဖာင္း..ေဖာင္း”

ခ်ိတ္ကေလး ဟုေခၚေသာ တိုက္ၾကက္ဖအနီမွာ ေဖာင္းျပင္ေခၚ စည္းဝိုင္းအျပင္ဘက္သို႔ လြင့္ထြက္သြား၏။
ျပန္ထရန္ျပင္ေသာ္လည္း အေတာင္ပံတစ္ဖက္မွာ ေစာင္းသြားၿပီး ေျမတြင္ ယက္ကန္ ယက္ကန္ျဖစ္ေနသည္။

“ေဟး…ေ႐ႊနက္ေက်ာ္ကြ..ေ႐ႊနက္ေက်ာ္ကြ…ဒီဇမၺဴမွာ ၿပိဳင္စံရွားသတဲ့…ေတာႀကိဳအုံၾကားက ေကာင္းပါေလ့ဆိုတဲ့ တိုက္ၾကက္ေတြ..အခုေတာ့ ဘာမ်ား ခံႏိုင္သတုံး…ေဟ့..ေတာသားမ်ား..နင္တို႔ ၾကက္ေတြ..ဘယ့္ႏွယ့္ရွိစေဟ့”

ငပုလဲ သည္ သူ၏ လက္ဆြဲေတာ္တိုက္ၾကက္ႀကီးကို အားရပါးရ..ေပြ႕ခ်ီကာ ေအာ္ဟစ္ေန၏။

“ကိုတြန္..ဘယ္ေလာက္ပါသြားလဲ”

ေအာင္ပြဲခံေနေသာ ငပုလဲကို စိတ္ပ်က္လက္ပ်က္ၾကည့္ေနေသာ ငေကာင္းက ေဘးနားမွ ငတြန္ကို ေမးလိုက္သည္။

ငတြန္က လက္ငါးေခ်ာင္းေထာင္ျပလိုက္၏။

“ေတာက္..နာမည္ကိုက ေစာက္အေျချမင့္လိုက္တာ..ေ႐ႊနက္ေက်ာ္တဲ့..ေ႐ႊနက္ေက်ာ္..လည္း…႐ိုက္သတ္စားရင္ ဟင္းျဖစ္တာပါပဲကြာ”

ငတြန္ အသံက အနည္းငယ္က်ယ္သြား၏။

ငပုလဲ က ငတြန႔္ကို မ်က္ေမွာင္ႀကဳံ႕ၾကည့္လိုက္သည္။

ငေကာင္းက ငတြန္ကို လက္ကုပ္သည္။

“ကိုတြန္..အဲ့ဒါ နန္းမေတာ္ဝန္ဗ်…မေတာ္တာေတြျဖစ္ကုန္မယ္..ေဟ့လူ..သတိထားစမ္းပါဗ်ာ”

မင္းစစ္ေနာင္ အမည္ခံ ငပုလဲက ငတြန္ရွိရာသို႔ ေလွ်ာက္လာသည္။

“ေဟ့..ေတာသားအ႐ိုင္းေကာင္..ခုန ဘာေျပာလိုက္တာလဲ”

“နင္..မၾကားဘူးလား”

ငတြန္က ပုဆိုးကို တိုတိုျပင္ဝတ္လိုက္ၿပီး မတ္တပ္ရပ္လိုက္၏။

နန္းမေတာ္ဝန္၏ ေဘးမွ အရပ္ဝတ္အမႈထမ္းမ်ားက ဓါးရွည္မ်ား ကိုယ္စီ ထုတ္လိုက္ၾကသည္။

“ငါ..ဘယ္သူလဲ…နင္ မသိဘူးလား…ေတာသား”

“ဘာလုပ္လို႔ သိရမွာလဲ…ၾကက္ေကာင္းကိုင္ၿပီး ေလက်ယ္ေနတဲ့အေကာင္မဟုတ္လား”

“တယ္…ငါ့…အေရာဝင္ေနလို႔ အလကားလူမွတ္ေနတယ္ထင္ရဲ႕..ေဟ့..ငါ နန္းမေတာ္ဝန္ႀကီးကြ..ဒူးေထာက္စမ္း…ဒူးေထာက္”

ငတြန္က ရင္ဘတ္ကို ေကာ့လ်က္ ငပုလဲကို မ်က္ႏွာခ်င္းဆိုင္လိုက္သည္။

ၾကက္ဝိုင္းတစ္ခုလုံး မွ လူမ်ားသည္ သူတို႔ႏွစ္ဉီးအား ရင္တထိတ္ထိတ္ျဖင့္ ၾကည့္ေနၾက၏။

ငပုလဲ၏ ေနာက္လိုက္ေနာက္ပါမ်ားက ဓါးလြတ္မ်ားျဖင့္ အဆင့္သင့္ျဖစ္ေနၾကၿပီျဖစ္သည္။

ငေကာင္းက အနီးမွ တံပိုးတစ္ေခ်ာင္းေပၚ လက္တင္ကာ အေျခအေနကို ေစာင့္ၾကည့္ေနသည္။

“စဥ့္ကိုင္သား ထဲ ေသြးေတာ့ အေတာ္ရဲသကိုးကြ”

“ငါ စဥ့္ကိုင္သားမဟုတ္ဘူးကြ..မုဆိုးၿခဳံသား..ငတြန္တဲ့ေဟ့”

ငတြန္ဆိုေသာ နာမည္ေၾကာင့္ ငပုလဲမွာ ႐ုတ္တရက္အေနာက္သို႔ပင္ တလွမ္းဆုတ္လိုက္၏။

ထိုအခ်ိန္တြင္ ျမင္းတစ္စီးက ခပ္ေဝးေဝးမွ အျပင္းႏွင္ရင္း ေအာ္ဟစ္လာသည္။

“စဥ့္ကိုင္ကို ေကြ႕ေတြ..ဝင္တိုက္ေနၿပီ..ဘုရား..နန္းမေတာ္ဝန္ဘုရား..စဥ့္ကိုင္ကို ေကြ႕ေတြ ဝင္တိုက္ေနၿပီဘုရား”

“ေဟ”

စဥ့္ကိုင္ႏွင့္ အနည္းငယ္လွမ္းေသာ ႐ြာတြင္ ၾကက္တိုက္ေနေသာ ငပုလဲမွာ ႐ုတ္တရတ္မ်က္လုံးျပဴးသြား၏။

၁၇၄၈ မိုးကာလ ကုန္သည္ ႏွင့္ ေကြ႕တပ္မ်ား က စာတိုက္တကာခံတပ္ကို ျပန္လည္ တိုက္ခိုက္ခဲ့ၾကသည္။

ထို႔ေၾကာင့္ မဟာဓမၼရာဇာဓိပတိ က နန္းမေတာ္ဝန္မင္းစစ္ေနာင္ အမည္ခံ ငပုလဲကို တပ္မ်ားႏွင့္အတူ စဥ့္ကိုင္သို႔ ၁၇၄၈ ႏိုဝင္ဘာ ၁ ရက္ေန႔တြင္ ေစလႊတ္လိုက္၏။

ငပုလဲသည္ စဥ့္ကိုင္တြင္ စခန္းခ်ေနထိုင္ၿပီး အနီးရွိ ႐ြာတြင္ ၾကက္တိုက္ေနစဥ္ ေကြ႕တပ္မ်ားက စဥ့္ကိုင္ကို ဝင္ေရာက္တိုက္ခိုက္ၾကျခင္းျဖစ္သည္။

စဥ့္ကိုင္ဘက္ဆီမွ မီးခိုးလုံးႀကီးမ်ား လႈိက္တက္လာ၏။

“ငါတို႔ လူေတြေရာ….ဗိုလ္မင္းေက်ာ္ထင္ေရာ”

“ကိုယ္ေတာ္မရွိေတာ့ ဗိုလ္မင္းေက်ာ္ထင္လည္း ေျပးၿပီ..ဘုရား”

“ေဟ့.ရသေလာက္လူစုေဟ့…စာတိုက္တကာ မွာ နႏၵေဝတို႔ရွိတယ္..သူတို႔နဲ႔ သြားပူးေပါင္းၿပီး ျပန္တိုက္ၾကမယ္”

“စာတိုက္တကာလည္း က်သြားၿပီၾကားတယ္..ဘုရား..နႏၵေဝ လည္း သားမယားနဲ႔ စစ္ကိုင္းကို ေျပးၿပီ”

“ဟာ..ဒါဆို တို႔လည္း အျမန္ ဆုတ္မွေဟ့..ျမန္ျမန္လုပ္ဟ..ငါ့ျမင္း ယူခဲ့ၾကပါဉီးဟ..ဟိုေကာင္ေတြရ”

နန္းမေတာ္ဝန္ငပုလဲ မွာ ေျခမကိုင္မိလက္မကိုင္မိျဖင့္ ေအာ္ဟစ္ေန၏။

ၾကက္ဝိုင္းက လူမ်ားလည္း အသည္းအသန္ထေျပးၾကသည္။

“ေဟ့..ငေကာင္း..မင္းေတာင္းထဲ ထညက္ပါေသးရင္..နည္းနည္းေကြၽးကြာ”

“ဘာလုပ္ဖို႔လဲ..ဗိုလ္တြန္ရာ..ဟိုမွာ ဒီေလာက္ ျပႆနာတက္ေနတာကို”

“ဟို..နန္းမေတာ္ဝန္ဆိုတဲ့ေကာင္..ျပာယာခတ္ေနတာကို ထန္းလ်က္ေလး ၿမဳံရင္း ထိုင္ရယ္ရတာေပါ့ဟ..လာ..ထိုင္”

ငေကာင္းက ၿပဳံးစိစိျဖင့္ ငတြန္၏ အနားတြင္ ထိုင္လိုက္သည္။

နန္းမေတာ္ဝန္မင္းစစ္ေနာင္ ကား ျမင္းေပၚသို႔ ကပိုက႐ိုတက္ခြကာ ဒုံးစိုင္းထြက္သြား၏။

“ခြီးထဲမွကြာ..နန္းမေတာ္ဝန္တဲ့….ေၾကာက္လိုက္တာ..ဖင္ကို တုန္ေနတာပဲလားဟ..ငေကာင္းရ”

“ေအးဗ်ာ..ဘယ့္ႏွယ့္…စစ္တိုက္တာကို သူၾကက္တိုက္သလို မွတ္ၿပီး လာတယ္ထင္ရတယ္…သူ႔ၾကက္ေလာက္သာ ခြပ္တက္ရပ္ ဒီအေကာင္ မေျပးေလာက္ဘူး..ဗိုလ္တြန္ရ..ဟားဟား”

“နန္းမေတာ္ဝန္ဆိုလို႔…နန္းမေတာ္ဝန္ဆိုတဲ့အေကာင္ေတြက လက္ရည္ တယ္ညံ့ဗ်ာ...အရင္နန္းမေတာ္ဝန္ အာေမးနီယန္းေကာင္ကို က်ဳပ္ လွံနဲ႔ ပစ္သတ္ခဲ့တာပ..တခ်က္တည္း လွမ္းပစ္တာ..ကားခနဲ ျမင္းေပၚက က်တာပဲ..”

“ဟ..အဲ့ဒါ ခင္ဗ်ားလား..နန္းမေတာ္ဝန္ အာကာေ႐ႊေတာင္ကို အင္းဝၿမိဳ႕ထဲ လွံနဲ႔ပစ္တဲ့သတင္းေတာ့ က်ဳပ္ၾကားဖူးလိုက္တယ္”

“တကယ္ေပါ့ဟ..လြီဇာ ေရာ..ခ်စ္ျမ ပါ ရွိတယ္”

“ခ်စ္ျမဆိုတာ”

“အခု ခင္ဉီးျမင္းစီးႀကီး ညီအကိုထဲက ခ်စ္ျမေပါ့”

“ကဲ..ဒါေတြထားပါဉီးဗ်ာ…အခုအေျခအေနအတိုင္းဆို..မလြယ္ဘူးဗ်ိဳး..ခင္ဗ်ား ဘယ္သြားမွာလဲ..ဗိုလ္တြန္”

“ဘယ္သြားရမလဲ..ေျခဉီးတည့္ရာေပါ့”

“က်ဳပ္ မုဆိုးဖိုဘက္ကို ျပန္ေတာ့မွာ…လိုက္ခဲ့ပါလားဗ်ာ..စဥ့္ကိုင္က ဒီအတိုင္းဆို ေကြ႕ေတြလက္က်ဖို႔ မ်ားသြားၿပီ”

“ေကြ႕ေတြ သိပ္နာမည္ႀကီးေနတာ…ေကြ႕စစ္သားဆိုတာ ဘယ္လိုမ်ိဳးလည္း...ဘယ္လို စစ္တိုက္လည္း ၾကည့္ခ်င္ေသးတာဟ..ငေကာင္းရ”

“ေအးဗ်..က်ဳပ္လည္း အဲ့ဒါေတာ့ ၾကည့္ခ်င္ေသးတာ..စဥ့္ကိုင္ဘက္ သြားၾကည့္ၾကမလား”

“က်ဳပ္ေတာ့ ဟိုးသစ္ပင္ေအာက္မွာ ငွက္တစ္ေခ်ာင္းပါတယ္….ငေကာင္း မွာေရာ လက္နက္ေလးဘာေလး မပါဘူးလား”

“လက္နက္လား..ဒီထမ္းပိုးေလဗ်ာ….ဝန္ ဆို ထမ္းမယ္…ရန္ ဆို ရမ္းမယ့္ ထမ္းပိုးေလ”

“လႊတ္..ေကာင္းေဟ့..”

ငေကာင္းက ထမ္းပိုးကို ကိုင္လ်က္ ရပ္ထားေသာ လွည္းေပၚသို႔ တက္လိုက္သည္။

ငတြန္က ဓါးကို လွည္းေပၚသို႔ ပစ္တင္ၿပီး တက္လိုက္၏။

ထို႔ေနာက္ မီးေတာက္မီးၫႊန႔္မ်ား ေတာက္ေလာင္ေနရာ စဥ့္ကိုင္ဆီသို႔ ဉီးတည္ထြက္လာၾကသည္။

ေဆာင္းကာလမို႔ ဖုန္လုံးမ်ားက တေထာင္းေထာင္း။

စဥ့္ကိုင္ဘက္ဆီမွာ ေျပးလာၾကေသာ လူတခ်ိဳ႕ကိုလည္း ေတြ႕ရသည္။

“ငါ့လူတို႔..ဟိုမွာ ေကြ႕ေတြက ေတြ႕ကရာ လိုက္သတ္ေနၾကတာဟ..ဘယ့္ႏွယ့္လုပ္..အဲ့ဒီဘက္ ဉီးတည္ေနတာလဲ”

ေျပးလာသူမ်ားက သူတို႔လွည္းကို အံဩတႀကီးျဖင့္ ေျပာဆိုၾကသည္။

ငတြန္ႏွင့္ငေကာင္းက စကားမျပန္ပဲ..ခပ္ၿပဳံးၿပဳံးသာ။

စဥ့္ကိုင္ၿမိဳ႕႐ိုးကို လွမ္းျမင္ေနရေသာ ေနရာတြင္ လွည္းကို သူတို႔ ရပ္လိုက္ၾကသည္။

ၿမိဳ႕ထဲမွဆူညံသံမ်ားကို ပင္ၾကားေနရ၏။

“ဗိုလ္တြန္…ဟိုမွာဗ်…ဟိုမွာ ၾကည့္စမ္း”

လူတစ္ေယာက္ ၿမိဳ႕႐ိုးမွ အျပင္ဘက္ဆီသို႔ ေျပးထြက္လာသည္။

“ေကြ႕စစ္သားမ်ားလား”

“မဟုတ္ဘူး…မိန္းမတစ္ေယာက္ဗ်”

ငတြန္က ငွက္ႀကီးေတာင္ဓါးကို ကိုင္လ်က္ လွည္းေပၚမွ ဆင္းလိုက္သည္။

“ဗိုလ္တြန္ေရ..ေနာက္မွလည္း လူအုပ္ႀကီးေျပးလိုက္လာတယ္ဗ်..အဲ့ဒါမွ ေကြ႕စစ္သားေတြျဖစ္မယ္”

“ခင္ဗ်ား ေၾကာက္သလား..ငေကာင္း”

“ႏို႔..ေၾကာက္တယ္ဆိုတာ..ေဟာ့ဒီႏြားလို ဂ်ိဳနဲ႔လားဟ”

“ေအး..ႀကိဳက္ၿပီေလ”

မိန္းကေလးက သူတို႔လွည္းရွိရာသို႔ တျဖည္းျဖည္း နီးကပ္လာသည္။

“ကယ္ၾကပါဉီး..ကယ္ပါဉီးရွင္”

ပါးစပ္မွလည္း ဗလုံးဗေထြးေအာ္ဟစ္လာရင္း လဲက်သြား၏။

ငတြန္က ေျပးသြားၿပီး ဆြဲထူလိုက္သည္။

မ်က္ႏွာတြင္ ဖုန္မႈန္မ်ားေပလူးေနသည့္ အမ်ိဳးသမီးကို ေပြ႕ယူကာ လွမ္းေပၚသို႔ တင္ေပးလိုက္၏။

“မင္း…ဒီမွာပဲ..ေန”

ငတြန္ႏွင့္ ငေကာင္းက အသင့္ေနရာယူလိုက္ၾက၏။

ေကြ႕စစ္သားမ်ားက ညာသံေပးလ်က္ သူတို႔အား ဝိုင္းလိုက္ၾကသည္။

“နင္တို႔ အင္းဝစစ္သားေတြလား”

ဗမာစကားတတ္သည့္ ေကြ႕စစ္သည္တစ္ဉီးက ေမးလိုက္သည္။

“ငါတို႔..ဒီနားက ႐ြာသားေတြပါ…စဥ့္ကိုင္ဆီ ကုန္လာပို႔ရင္း မီးေလာင္ေနတာျမင္လို႔ ဘာလဲ စူးစမ္းေနတာ”

ေကြ႕စစ္သည္ထဲမွ အႀကီးဆုံးျဖစ္ဟန္တူသူက အနီးသို႔ ကပ္လာသည္။

ငတြန႔္ကို ေသခ်ာအကဲခတ္သည္။

“နင့္ ဓါးကိုင္ပုံက အရပ္သားမဟုတ္ဘူး..မညာနဲ႔ေဟ့”

“ငါမညာပါဘူး..ငါတို႔က သာမန္လူေတြပါ..အရပ္သားမွန္သမွ် စစ္မႈထမ္းလိုက္ဖူးသူခ်ည္းဆိုေတာ့.. အင္းဝစစ္တပ္အမႈထမ္းဖူးတာေပါ့ဟ”

“ဒါဆိုလည္း ဟုတ္ၿပီ..ဟိုမိန္းမကို ငါတို႔လက္အပ္ပါ”

“သူက ဘယ္သူလဲ..မင္းတို႔ ဘာလုပ္ၾကမလို႔လဲ”

“သူက ငါတို႔ သုံ႔ပန္းပဲ..ငါတို႔လက္က ထြက္ေျပးလို႔ လိုက္ဖမ္းၾကတာ”

ငတြန္က ဖုံအလိမ္းလိမ္းကပ္ေနသည့္ အမ်ိဳးသမီးကို တခ်က္ၾကည့္လိုက္သည္။

အမ်ိဳးသမီးငယ္မွာ တဆတ္ဆတ္တုန္ရီေနၿပီး ျပဴးေၾကာင္ေသာ မ်က္လုံးမ်ားျဖင့္ သူတို႔ကို ၾကည့္ေနသည္။

“စစ္ပြဲဆိုတာ ေယာက္်ားေတြအလုပ္ မဟုတ္လား…စစ္ပြဲထဲမပါတဲ့ ဒီမိန္းမ ကို နင္တို႔ လႊတ္ေပးလိုက္ပါ”

“အံမယ္…အလာႀကီးပါလား..နင့္မွာ အဲ့ဒီလို ေျပာခြင့္မရွိဘူး”

ေကြ႕ေခါင္းေဆာင္က ဓါးရွည္ကို ဝံ့လိုက္သည္။

ထိုအခ်ိန္တြင္ အေနာက္ဖက္ဆီမွ အလံမ်ားတလူလူလႊင့္ထားသည့္ ျမင္းေလးစီး ေရာက္ရွိလာသည္။

ေကြ႕စစ္သည္မ်ားအားလုံးက ဒူးေထာက္လိုက္ၾက၏။

“ဘာျဖစ္ေနၾကတာလဲ”

“ဒီမွာ သုံ႔ပန္းမ ထြက္ေျပးလို႔ လိုက္ၾကတာပါ..သခင္မ..အခု ဒီလူေတြက သုံ႔ပန္းမကို လက္ခံထားပါတယ္”

သခင္မ ဆိုသူအား ငတြန္က ၾကည့္လိုက္သည္။

“ငတြန္…နင္..ငတြန္မဟုတ္လား”

“မင္း..အင္းဝေထာင္ထဲက..ေကြ႕မ..ေကြ႕မ..နားလဲ”

“အားလုံး..စဥ့္ကိုင္ၿမိဳ႕ထဲ လွည့္ျပန္ၾကစမ္း…ဒီမွာ အခ်ိန္လာျဖဳန္းမေနၾကနဲ႔..သြားၾက”

ေကြ႕စစ္သည္မ်ားက အမိန႔္အတိုင္း ျပန္လည္ဆုတ္ခြာသြားၾကသည္။

နားလဲ ႏွင့္ ကိုယ္ရံေတာ္ေကြ႕အမ်ိဳးသမီး သုံးဉီးသာ က်န္ရစ္ေတာ့၏။

ဒူးေလးကို လြယ္ထားသည့္ နားလဲက ျမင္းေပၚမွ ဆင္းလိုက္သည္။

“နင္က ဘယ္လိုလုပ္ ဒီေရာက္ေနတာလဲ..ငတြန္”

“က်ဳပ္က ဒီနားက ႐ြာမွာ ၾကက္ပြဲေကာင္းတယ္ဆိုလို႔ လာေလာင္းေနတာ”

“ငါက နင့္ကို လြီဇာနဲ႔အတူ ဟံသာဝတီမွာ ရွိေနၿပီထင္တာ”

ငတြန္က ႏႈတ္ခမ္းကို တြန႔္႐ုံသာ ၿပဳံးလိုက္၏။

“အခုက စစ္ျဖစ္ေနတာ..ငတြန္…အႏၲရာယ္ရွိတယ္…ခပ္ေဝးေဝးကိုသြားေစခ်င္တယ္”

“သြားမွာပါ..က်ဳပ္တို႔က ေကြ႕စစ္သားဆိုတာ ဘယ္လိုမ်ိဳးလဲ ၊ ဘယ္လို စစ္တိုက္လဲ သိခ်င္လို႔ လာၾကည့္တာပါ..အခုေတာ့ ေကြ႕စစ္သားေတြတင္မက..သူတို႔ သခင္မကိုပါ ေတြ႕လိုက္ရၿပီဆိုေတာ့ ျပန္မွာပါ..ဒါေပမယ့္”

“ဒါေပမယ့္..ဘာလဲ..ငတြန္”

“က်ဳပ္..သူ႔ကို ကယ္သြားမယ္..ဒုကၡေရာက္ေနတဲ့ မိန္းမတစ္ေယာက္ကို က်ဳပ္ မထားခဲ့ႏိုင္ဘူး”

ငတြန္က လွည္းေပၚမွ အမ်ိဳးသမီးကို ၫႊန္ျပလိုက္၏။

နာလဲ က လွည္းေပၚမွ တုန္ရီေနေသာ အမ်ိဳးသမီးကို တခ်က္ၾကည့္လိုက္သည္။ ထို႔ေနာက္ အတန္ၾကာမွ တိတ္ဆိတ္ေန၏။

“ရွင္ သူ႔ကို ေခၚသြားႏိုင္ပါတယ္”

“သူဘယ္သူလဲ...သခင္မ..သိပါတယ္ေနာ္.စဥ္းစားပါဦး"

နေဘးနားက ေကြ႕အမ်ိဳးသမီးစစ္သည္က ဝင္ေျပာလိုက္သည္။

“ငါသိတယ္….ဟိုးလြန္ခဲ့တဲ့ ေလးငါးဆယ္ႏွစ္ကလည္း….ကိုယ္ဝန္ပ်က္က်ၿပီးစ မိန္းမတစ္ေယာက္ဟာ စစ္တလင္းမွာ တစ္ေယာက္တည္း စြန႔္ပစ္ထားခဲ့ခံရဖူးတယ္..ဒါေပမယ့္…စစ္တိုက္ဖို႔လာတဲ့ သမိန္စကၠ႐ူဆိုတဲ့ မြန္စစ္သူႀကီး တစ္ေယာက္က အဲ့ဒီမိန္းမကို စစ္သားေကာင္းပီသစြာ ေသခ်ာေစာင့္ေရွာက္ကယ္တင္ေပးဖူးတယ္…အဲ့ဒီမိန္းမဟာ ငါပဲ….သမိန္စကၠ႐ူဟာ စစ္ပြဲမွာ က်ဆုံးသြားခဲ့ၿပီ..သူ႔ေက်းဇူးကို ငါ ဘယ္လိုျပန္ဆပ္ရမလဲ..အၿမဲေတြးခဲ့ဖူးတယ္..ဒီေန႔ေတာ့…ငါ..သူ႔ေနရာကို ေရာက္လာခဲ့ၿပီ…သူ႔ေက်းဇူးကို ဆပ္တဲ့အေနနဲ႔..ဒီသုံ႔ပန္းမကို ငါလႊတ္ေပးမယ္..ကဲ..ျပန္ၾကမယ္”

နားလဲက ျမင္းဇက္ႀကိဳးကို ဆြဲကာ လွည့္လိုက္သည္။

“ေက်းဇူးတင္ပါတယ္…နားလဲ”

ငတြန္က ေျပာလိုက္၏။

“ဪ…ငါ တစ္ခုေျပာဖို႔ ေမ့သြားတယ္..ငတြန္..ဘယ္လို အေၾကာင္းအရာပဲျဖစ္ျဖစ္ လြီဇာဟာ နင့္ကို အခ်စ္ဆုံးပဲေနာ္”

နားလဲက ျမင္း၏ တင္ပါးကို ဆတ္ခနဲ႐ိုက္လိုက္သည္။ ျမင္းက ဒုံးစိုင္းေျပးထြက္သြား၏။

ငတြန္ မွာ ေငါင္လ်က္ က်န္ရစ္။

“ကဲ..ဗိုလ္တြန္…ကံေကာင္းေပလို႔ဗ်ာ..ျမန္ျမန္သြားၾကတာေပါ့..လွည္းေပၚတက္”

ငေကာင္းက ငတြန္ကို လွည္းေပၚတက္ရန္ ေျပာလိုက္သည္။

ငတြန္က သက္ျပင္းခ်လိုက္ၿပီး လွည္းေပၚတက္လိုက္၏။

“ေမာင္ႀကီး…ကြၽန္မကို မွတ္မိလား”

အမ်ိဳးသမီးငယ္၏ အသံ။

ေခါင္းငိုက္စိုက္ေနေသာ ငတြန္ က မ်က္လုံးလွန္ၾကည့္လိုက္သည္။

“ေမာင္ႀကီး ခါးပုံစ ေလး ခဏသုံးပါရေစ”

အမ်ိဳးသမီးငယ္က ငတြန္၏ ခါးပုံစနားသို႔ မ်က္ႏွာကို ကပ္ကာ ဖုံမ်ားကို သုတ္လိုက္သည္။

ထို႔ေနာက္ ငတြန႔္ကို ေမာ့ၾကည့္လိုက္၏။

“မင္း..ျမတ္ထားသီရိ”

 

ခက္ေဇ

(မီးကို ဆန္မယ့္ ဖီးနစ္ငွက္ေတြ...ကမာၻမေၾကႏွလုံးသားနဲ႔..ပန္းတိုင္ဆီ ဆက္လက္ပ်ံသန္းၾကမယ္)

Comments

  1. (မီးကိုဆန်မဲ့ ဖီးနစ်ငှက်တွေ ကမ္ဘာမကြေနှလုံးသားနဲ့ ပန်းတိုင်ကို ဆက်လက်ပျံသန်းကြမယ်)

    ReplyDelete

Post a Comment