AVA 1740s S2 (အခန်း ၂၆)
AVA 1740s (Season 2)
အခန်း(၂၆)
......................................................
“မင်း..မြတ်ထားသီရိ...မဟုတ်လား”
“ဟုတ်ပါတယ်..မောင်ကြီး..မြတ်ထားပါ”
“ဒီကို ဘယ်ကနေ ဘယ်လိုရောက်နေရတာလဲ”
“စာတိုက်တကာမှာ တပ်တည်နေတဲ့ ဗိုလ်မှူးနန္ဒဝေ က မြတ်ထားရဲ့ အကိုပါ...သူ မကျန်းမမာရှိနေတာကြောင့် စိတ်အားရှိအောင်နဲ့ ပြုစုပေးဖို့အတွက် သူ့မိန်းမရယ် နှမဖြစ်တဲ့ မြတ်ထားရယ်ကို ပို့ထားခဲ့တာပါ...ကွေ့တွေ စာတိုက်တကာကို ဝင်တိုက်တော့ စဉ့်ကိုင်တပ်ဆီကို ပေါင်းဖို့ ဆုတ်အလာ လမ်းမှာ မြတ်ထား လိုက်လာတဲ့ လှည်းအဖမ်းခံရပါတယ်....အကိုနန္ဒဝေတို့ကတော့ လွတ်သွားတယ်”
“ဪ..ဒါနဲ့..အခုက ဘယ်နှယ့်လုပ်ပြေးလာတာလဲ”
“သူတို့က မြတ်ထားကို ဘုရင့်ကိုယ်လုပ်တော်မှန်းသိတော့ သူတို့ခေါင်းဆောင် ဂုဏ္ဏအိမ်ဆီ ဆက်သဖို့ လုပ်နေကြတာပါ.... စဉ့်ကိုင်ကို တိုက်တဲ့အထိ ခေါ်လာခဲ့ပါတယ်..စဉ့်ကိုင် ကို သိမ်းနိုင်လို့ သူတို့ မြို့ထဲ ဝင်နေရာယူပြီး စီမံနေကြတုန်း..မြတ်ထား အလစ်ထွက်ပြေးလာတာပါပဲ”
“ကံကောင်းလို့ပေါ့ကွာ....ဘာဖြစ်ဖြစ်...သွားလေသူ ငါ့သူငယ်ချင်း ဗညားကျန်းတော က မင်းကို စောင့်ရှောက်ပေးဖို့ ငါ့ကို မှာသွားဖူးတယ်..ဒီတော့ မင်းကို ဘေးမသီရန်မခပဲ အင်းဝကို ပြန်ပို့ပေးဖို့ ငါ တာဝန်ယူပါတယ်”
“မောင်ကြီး ကို မြတ်ထား ကျေးဇူးတင်ပါတယ်”
“ဟေ့..ဗိုလ်တွန်...ခင်ဗျားတို့ ဇာတ်ထဲ မျောနေတာနဲ့..ကျုပ်တောင် စကားဝင်ပြောဖို့မေ့နေတယ်..အခု ခင်ဗျားတို့ကို ကျုပ် ဘယ်မောင်းပို့ပေးရမလဲ”
“ငကောင်းနှယ့်...သူက အင်းဝသူပဲ အင်းဝပြန်ပို့ပေးရမှာပေါ့”
“ဟာ...ဗိုလ်တွန်...ဖြစ်ပါ့မလားဗျ ..ဒီဘက်က ပြန်ပတ်ရင်လည်း တကွေ့တပတ်ကြီး..ပြီးတော့ ကျော်စဉ်တစ်လျှောက်က ကွေ့တွေချည်း သိမ်းထားတာ...”
“ဒါဖြင့် ဘယ့်နှယ့်လုပ်ကြမလဲ”
“မုဆိုးဖို ကို အရင်လိုက်ခဲ့ဗျာ...ဟိုမှာ ခဏနေပြီး.အခြေအနေ နည်းနည်းတည်ငြိမ်မှ ကွေ့ပတ်ပြီး အင်းဝကို စုန်ကြတာပ..”
“ကဲ...ဒီက မမလေး သဘောက ဘယ့်နှယ့်တုန်း”
“မြတ်ထားက မောင်ကြီးတို့ စီမံရာကို လိုက်ရမှာပါ”
“ဒါဆိုလည်း ပြီးတာပဲ..ခင်ဗျားတို့ မုဆိုးဖိုပဲ သွားကြတာပေါ့..ငကောင်း”
စဉ့်ကိုင်မှ မုဆိုးဖိုသို့ ခရီး။ တစ်ရက်နှင့်တစ်ည ကြာမြင့်မည့်ခရီး။
ညဉ့်က တဖြည်းဖြည်းမှောင်လာသည်။
“ဗိုက်ဆာကြပြီလား...ရှေ့က ထန်းခေါက်ဖာထဲတော့ ကောက်ညှင်းကျည်တောက်တွေပါတယ်..ယူစားကြချေ”
မြတ်ထားသီရိ က ထန်းခေါက်ဖာကို ဖွင့်လိုက်သည်။
ဖာထဲမှ ကောက်ညှင်းကျည်ထောက် အပိုင်းတစ်ခုကို ယူလိုက်ပြီး အပေါ်ခွံများကို နွှာလိုက်၏။
သူ့အား ကျောပေးလျက် လှည်းနောက်မြီးတွင် ထိုင်လာသာ ငတွန် အား သွားပေးသည်။
“ငါ မဆာဘူး”
ငတွန်၏ အသံက ခပ်ပြတ်ပြတ်။
မြတ်ထားသီရိက ကောက်ညှင်းကျည်တောက်ကို စားရင်း ငတွန်၏ ကျောပြင်ကျယ်ကြီးကို ငေးကြည့်နေသည်။
စမ်းချောင်းငယ်လေး တစ်ခုအနားတွင် ငကောင်းက လှည်းကို ခဏရပ်လိုက်၏။
“နွားတွေ ရေတိုက်ရင်း လှည်းခဏနားကြစို့ဗျာ..ရှေ့နည်းနည်းဆို..ဇရပ်တစ်ခုရှိတယ်..အဲ့ဒီမှာ ညအိပ်နားကြတာပေါ့”
ငကောင်းက လှည်းပေါ်တွင်ပါသော အထုပ်ထဲမှ အညာစောင်ထူထူကို ခန္ဓာကိုယ်တွင် ပတ်ခြုံလိုက်သည်။
ဆောင်းရာသီမို့ အညာ၏ အအေးဓာတ်က တဖြည်းဖြည်း စိမ့်လာ၏။
ငတွန်က သူသွားလေရာ သယ်ဆောင်လာသည့် အဝတ်ထုတ်ထဲမှ အညာစောင်ကို ခြုံရန် ပြင်လိုက်သည်။
မြတ်ထားသီရိ က ဖုန်ပေနေသော အဝတ်အစားများဖြင့် ဒူးနှစ်လုံးကို လက်ဖြင့်ပိုက်ကာ အချမ်းဒဏ်ကို အံတုနေ၏။
ငတွန်က မြတ်ထားသီရိ ထံ သို့ စောင်ကို ပစ်ပေးလိုက်သည်။
သူကိုယ်တိုင်ကမူ..ပုဆိုးတစ်ထည်ကို ထုတ်ကာ ခြုံလိုက်၏။
ခဏတာနားပြီးနောက် သူတို့ ရှေ့ဆက်ထွက်ခွာလာကြသည်။
ဇရပ်တစ်ဆောင်ရှေ့တွင် လှည်းကို ရပ်လိုက်ကြသည်။
နွားများအား အနီးရှိ တမာပင်တွင် ချည်နှောင်လိုက်ပြီး နောက် ။
“မြတ်ထားသီရိက ဇရပ်ပေါ်အိပ်လိုက်ပါ..ကျုပ်တို့ ယောက်ျားနှစ်ယောက်က လှည်းပေါ်ပဲ အိပ်လိုက်မယ်”
“အို..မဟုတ်တာ...မောင်ကြီးရယ်..မြတ်ထား..မောင်ကြီးတို့ကို ယုံပါတယ်”
“ယုံတာ မယုံတာတွေ ပြောနေတာမဟုတ်ဘူး.... မသင့်တော်လို့ ပြောနေတာ..ဟုတ်ပြီလား...အိပ်ဆိုအိပ်”
ငတွန် လေသံက တင်းမာသဖြင့် မြတ်ထားသီရိက ဇက်ကလေးပုသွားသည်။
“လှည်းပေါ်မှာ အေးမှာဆိုတော့ မောင်ကြီး စောင်ခြုံထားလိုက်ပါ..မြတ်ထား ဒီတိုင်းပဲ အိပ်လိုက်မယ်”
“မလိုဘူး..ရတယ်...ငါ့ဟာငါ မီးလှုံမယ်”
ငတွန်က အိတ်ထဲမှ မီးခတ်ကျောက်နှင့် လဲ့မှိုကိုထုတ်ကာ မီးဖိုရန် ပြင်ဆင်လိုက်သည်။
မြတ်ထားသီရိက ဇရပ်ပေါ်တွင် သွားထိုင်နေ၏။
ငကောင်းက လှည်းပေါ်တွင် ဆောင်ခြုံလျက် ဗုံကြီးသံတစ်ပုဒ်ကို အော်ဆိုနေသည်။
ငတွန်က အနီးအနားမှ ထင်းခြောက်များဖြင့် မီးဖိုပြီး အနီးတွင် ထိုင်ကာ ပါလာသည့် ဆေးပေါ့လိပ်ကို ထိုင်ဖွာနေသည်။
အချမ်းဓာတ်ကား ပို၍သာ တိုးလာ၏။
သူတို့အားလုံး တိတ်ဆိတ်စွာဖြင့် အအေးဒဏ်ကို အံတုနေကြသည်။
ငကောင်းကား လှည်းပေါ်တွင် စောင်ခြုံလျက် တရှူးရှူးဟောက်နေပေပြီ။
ငတွန် က ငှက်ကြီးတောင်ဓါးနှင့် ဓါးသွေးကျောက်ကို ယူကာ မီးပုံဘေးတွင် သွေးရင်း အချိန်ဖြုန်းနေ၏။
“မောင်ကြီး”
လက်နွေးနွေးလေး တစ်ဖက်က ငတွန်၏ ပုခုံးပေါ်သို့ ရောက်လာသည်။
ငတွန်က လှည့်မကြည့်။
“ဘာဖြစ်ပြန်ပြီလဲ...မြတ်ထားသီရိ..မအိပ်သေးဘူးလား”
“မြတ်ထား အိပ်မပျော်လို့ပါ”
“ဘာဖြစ်လို့လဲ..ဗညားကို သတိရနေပြီလား”
“ဟင်အင်း..ခြင် အရမ်း ကိုက်လို့”
ငတွန်က မြတ်ထားသီရိကို ခပ်တင်းတင်းကြည့်လိုက်သည်။
“ဒါဆိုလည်း မီးပုံနား ခဏလာနေ”
“ဟုတ်”
ငတွန်က ဓါးကို ဆက်သွေးနေ၏။
“မောင်ကြီး”
“ဘာလဲ..ပြော”
“မောင်ကြီး..မြတ်ထားကို ဗညားကိစ္စနဲ့ပတ်သက်ပြီး စိတ်ခုနေတာလား”
ငတွန်က ခွန်းတုံ့မပြန်။
“မြတ်ထား..သိပါတယ်....အဲ့ဒီနေ့က မောင်ကြီး က ဗညား လို့ ပြောတော့ မြတ်ထား ရုတ်တရက် စဉ်းစားမရဖြစ်သွားတာပါ...နောက်တော့မှ ဗညားကို ပြန်သတိရသွားတာ”
ငတွန်က ဓါးကို သာ နာနာ ဖိသွေးနေ၏။
“မောင်ကြီးရယ်..ဗညားနဲ့ မြတ်ထား ရည်းစားဖြစ်ကြတယ်ဆိုတာ ဟိုး ဆယ်ကျော်သက်လုံမ ဘဝက ပါ...ဒီအရွယ် ရည်းစားသနာ ထားကြတယ်ဆိုတာ..အပျော်သဘောလည်း ဖြစ်တတ်တာပဲ..မဟုတ်လား”
“ဘာ..အပျော်သဘော..ဟုတ်လား”
ငတွန်က ဓားကို ပစ်ချကာ လှည်းဆီသို့ ထသွား၏။
လှည်းပေါ်မှ ပုဆိုးတစ်ထည်ကို ယူလာကာ မြတ်ထားသီရိ ရှေ့သို့ ပစ်ချပေးလိုက်သည်။
“ဒီမင်ခံပုဆိုး က ဗညားကို မင်းကိုယ်တိုင် ပေးခဲ့တာမဟုတ်လား....ဗညားက သူ့ဘဝတစ်လျှောက်လုံး အဲ့ဒီ မင်ခံပုဆိုးကို တန်ဖိုးထားပြီး သိမ်းဆည်းခဲ့တယ်..မင်းနဲ့ တွေ့ရဖို့ အတွက်နဲ့ ဟံသာဝတီကို မပြန်ပဲ ဟော့ဒီ အင်းဝမှာ စစ်မှုထမ်းဖို့ သူနေရစ်ခဲ့တယ်..နောက်ဆုံး အင်းဝသားတွေ သတ်လို့ပဲ သူ သေခဲ့ရတယ်..သူသေခါနီး နောက်ဆုံးအချိန်တောင် မင်းနာမည်ကို တသသ ပြောသွားသေးတာ... မင်းကတော့ အပျော်သဘော နဲ့ သူ့ကို ရည်းစားထားခဲ့တယ် ဟုတ်လား......မင်းတို့လို မိန်းမမျိုးတွေ...ဘယ်လို ယောက်ျားကို မှ တန်ဖိုးထားမှာလဲ...ကိုယ့်ကို အပေါ်စီးက ဆက်ဆံ..ကျွန်လိုသဘောထား..တဏှာဖြေရာ နေရာသာသာ သဘောထားတဲ့ နန်းတော်ထဲက အကောင်တွေကိုကျ ဘုရားလို ကိုးကွယ်ထားကြတယ်ပေါ့..ထွီ”
“အိ...”
မြတ်ထားသီရိ ထံမှ ရှိုက်သံ ထွက်လာသည်။
“ဗိုလ်တွန်..ခင်ဗျား အသံကြီးကလည်းဗျာ...ဆိုးလိုက်တာ.ကျုပ်ဖြင့် လန့်တောင်နိုးတယ်”
လှည်းပေါ်မှ ငကောင်းက စောင်ခြုံကြားမှ စိတ်ပျက်လက်ပျက်ဖြင့် လှမ်းအော်သည်။
မြတ်ထားသီရိက ငိုရှိုက်နေရင်းမှ ဇရပ်ပေါ်သို့ ပြေးတက်သွား၏။
“ဗိုလ်တွန်...ခင်ဗျားတို့ မကျေလည်စရာ ဇာတ်လမ်းတွေ ရှိခဲ့ရင်လည်း ရှိခဲ့မှာပေါ့..ဒါပေမယ့်..အခုချိန်မှာ....ကိုယ့်ကို မှီခိုပြီး လိုက်လာရတဲ့ မိန်းကလေးကို သိပ်လည်း မပြောပါနဲ့ဗျာ..ရော့...ချမ်းရင် ခင်ဗျား စောင်တစ်လှည့်ခြုံပြီး လှည်းပေါ်တက် ကွေးချေ..ကျုပ် မီးလှုံရင်း ဆေးလိပ်ဖွာဉီးမယ်”
ငကောင်းက ငတွန်အနီးတွင် ထိုင်ချရင်း သူခြုံထားသည့် စောင်ကို ကမ်းပေးလိုက်သည်။
.............................................................................................................
မုဆိုးဖို။
ပြန့်ပြူးသောကွင်းပြင်ကြီး၏ အဆုံးတွင် ထန်းလုံးခံတပ်များကို ခပ်ရေးရေးမြင်ရပြီဖြစ်သည်။
“ဗျိုး...ဘကြီးကောင်း...ဧည့်သည်တွေပါလာပကောလား”
သျှောင်ပေစူးနှင့် ရှင်ပြုခံအရွယ် လူငယ်လေးများက လှည်းနဘေး ဝိုင်းရံလာကြသည်။
လူငယ်များလက်ထဲတွင် လင်းလေးများကိုယ်စီ ကိုင်ဆောင်ထားကြ၏။
ခပ်လှမ်းလှမ်းတွင် စာခြောက်ရုပ်များ ကို တန်းစီထားပြီး လည်ပင်း၊ မျက်လုံးနေရာများတွင် ရှားစေးအနီများ ခြယ်ထားကြ၏။
“ဒါက ဘာတွေလဲ...ငကောင်း”
“လင်းလေး လေ့ကျင့်နေကြတာ..ဗိုလ်တွန်...ကိုအောင်ဇေယျ က ဒီဆယ်ကျော်သက်လေးတွေကို လင်းလေးတပ် ဆိုပြီး ရည်ရွယ်စုစည်းထားတာပါ..ရှေ့မှာ တွေ့ပါဉီးမယ်..လှံလျင် လေ့ကျင့်တဲ့အစုတို့၊ အဲမောင်းလေ့ကျင့်တဲ့အစုတို့၊ တင်ကျည်းတုတ်သိုင်းလေ့ကျင့်တဲ့အစုတို့ ရှိသေးတယ်”
“ဟ..ငါ့လူရဲ့..မုဆိုးဖိုက ဂလောက်ထိ လူစုလူဝေးများနေပြီလား”
“လောလောဆယ်တော့ ရွာပေါင်း (၂၀)လောက်က မုဆိုးဖို ကို ပူးပေါင်းလာကြပြီ...ဟိုးဘက်အနောက်ဘက်ခြမ်းမှာ ထန်းလုံးတာကြီး ဆောက်နေဆဲဗျ....ရောက်ရင်မြင်ရပါလိမ့်မယ်..ကိုအောင်ဇေယျကတော့ တာပေါင်း (၄၇၀) အကျယ်ထိ လုပ်ထားတာပဲ...သူ့အပြောအရ နောက်ထပ် ဒီနားက ရွာ(၂၀)ကျော်လောက်လည်း လာခိုဝင်ဖို့ ရှိတယ်တဲ့ဗျ”
“ခင်ဗျားတို့က မြို့တစ်မြို့ တည်နေတာပဲ...ငကောင်း..အင်းဝနန်းတော်က သိသွားရင် အန္တရာယ်မများလွန်းဘူးလား”
“လောလောဆယ်...အန္တရာယ်များနေတာက..အင်းဝနန်းတော်ဗျ...သူ့အန္တရာယ်တောင် သူ့မနည်းကာကွယ်နေရတာ..ကျုပ်တို့လည်း ကျုပ်တို့ရပ်ရွာမှာ ကျုပ်တို့အန္တရာယ်ကို ကာကွယ်တာပဲဗျာ..ဘယ်တတ်နိုင်ပါ့မလဲ..ကိုအောင်ဇေယျကလည်း ဖြစ်လာသမျှ သူ့တာဝန်လို့ ပြောထားပြီးသား”
“အောင်ဇေယျ..အောင်ဇေယျ”
“နို့...ဗိုလ်တွန် ကိုအောင်ဇေယျနဲ့ တွေ့ဖူးရဲ့..မဟုတ်လား”
“ကြာပါပြီ...ကျုပ် ကိုးသိန်းသခင်ဆီမှာ အမှုထမ်းခဲ့တုန်းကပေါ့..အခုတော့ သူက ဒေသခေါင်းဆောင်တောင်ဖြစ်နေပါပကော”
“ဖြစ်ဆို...တမြန်နှစ်ကပဲ အင်းဝနန်းတော်ကတောင် ဗလနန္ဒကျော်စွာဆိုပြီး ဘွဲ့ခေါ်ပေးသေးပါပကောဗျ”
ငတွန်က ခိုင်ခန့်ရှည်လျားလှသည့် မုဆိုးဖိုရွာပတ်လည်မှ ထန်းလုံးတပ်ကြီးကို သာ စိုက်ကြည့်နေတော့သည်။
.................................................................................................................
မုဆိုးဖို ရွာစည်းရိုး သို့ နီးကပ်လာခဲ့ပြီ။
လှံပစ်၊ တင်ကျည်းတုတ်၊ ဓါးသိုင်းများကို အစုအဖွဲ့လိုက်လေ့ကျင့်နေရာများသို့ သူတို့ နွားလှည်းကျော်ဖြတ်ခဲ့ကြ၏။
လမ်းတလျှောက်လူများက ငကောင်းကို အော်ဟစ်နှုတ်ဆက်ကြသည်။
ငှက်ပျောပင်ပြတ်များ ယှဉ်တွဲစိုက်ထူထားသည့် ကွင်းပြင်တစ်နေရာသို့အရောက်တွင် လှည်းအနီးသို့ မြင်းတစ်စီး ကပ်လာ၏။
မျက်နှာနုနုနယ်နယ်၊ သျှောင်ပေစူးအတိ နှင့် အသက် (၁၂)နှစ်အရွယ်လူပျိုပေါက်လေးတစ်ဉီး။
“ဝေး..ဉီးရီးကောင်း....စဉ့်ကိုင် မှာ ကွေ့တွေ နဲ့ ချ နေပြီဆိုဗျ”
လူငယ်လေးက မြင်းဇက်ကြိုးကို တစ်ဖက်မှ ကိုင်ကာ တစ်ဖက်မှ ချွေးစက်များကို သုတ်ရင်း မေးလိုက်၏။
“ဟုတ်သပ..မောင်ရွရေ...ကွေ့များကတော့ စဉ့်ကိုင်အထိ ဝင်မီးတိုက်နေကြပြီ..အင်းဝတပ်တွေလည်း တို့ရှေ့တင် ပြေးကြရတာပ”
“ညံ့လိုက်ပါ့ဗျာ...ရွှေနန်းရှင်ကိုသာ ပြောလို့ရရင်..ကျုပ်ကိုယ်တိုင် ဗိုလ်မှူးလုပ် တိုက်ပေးချင်ပါရဲ့..ဒီမှာ ကြည့်ပေ..ကျုပ် ဓါးစွမ်း”
မောင်ရွ က ငှက်ပျောတုံးများရှိရာသို့ မြင်းကို ဒုံးစိုင်းသွားပြီး ငှက်ပျောပင်များကို ဓါးဖြင့် ဆတ်ခနဲ ဆတ်ခနဲ ပိုင်းချသွားသည်။
သူ့မြင်းကျော်သွားချိန်မှ ငှက်ပျောတုံးလေးများက တိတိပပ ပြတ်ပြီး ကျသွား၏။
ရေအိုးငယ်များတင်ထားသည့် ငှက်ပျောပင်များဆီသို့အရောက်တွင်မူ ဓါးချက်နှင့်အတူ ရေအိုးပါ ကျကွဲသွားတော့သည်။
“ဉီးလေးကောင်း...ကျုပ်ကို အဖေက ပြောတယ်ဗျ...ငှက်ပျောပင်ပေါ်က ရေအိုးပြုတ်မကျအောင် ခုတ်နိုင်မှာသာ..တကယ့်ဓါးရေးကောင်းတဲ့..အခုက ရေအိုးက ပြုတ်ချည်းကျနေတယ်ဗျာ...နို့..ခင်ဗျားကြီးက ဓါးရေးကောင်းသပဆို.ကျုပ်ကို အဲ့ဒီအကွက်လေး ဆရာစားမချန်ပြပေးပါလား”
လှည်းပေါ်မှ ငကောင်းက ပြုံးလိုက်သည်။
“ဟော့ဒီနောက်မှာ ပါလာတဲ့ ဉီးရီးက...မင့်ဖအေတို့ ငါတို့လို့ပဲ ပွဲကျောင်းထွက်...သူ သင်ပြပေးလိုက်မယ်...ဟေ့..ဗိုလ်တွန်....ကြုံတုန်း..ကလေးကို တကွက်တော့ ပြပေးလိုက်ပါဗျာ”
ငတွန်က အသင့်ပါလာသည့် ငှက်ကြီးတောင်ကို ယူလိုက်သည်။
“ငကောင်း..လှည်းကို ကျုပ်မောင်းပါရစေ”
ငကောင်းက နောက်ဆုတ်ပေးလိုက်သည်။
ငတွန်က လှည်းပေါ်တွင်မတ်တပ်ရပ်ပြီး လက်တစ်ဖက်က နွားနဖားကြိုးကို ကိုင်လိုက်သည်။
တဖက်က ငှက်ကြီးတောင်ကို ဝံ့လိုက်၏။
“မြတ်ထားသီရိ..လှည်းတိုင်တွေကို သေချာကိုင်ထား...ငကောင်း..ကျုပ် ကျား သံပေးတာနဲ့...နွားတွေကို ကြိမ်တို့ပေတော့”
“ကျား”
ကြိမ်သံကြားသည်နှင့် နွားများက အရှိန်ဖြင့် ပြေးကြသည်။
ငတွန်က နွားလှည်းပေါ်တွင် မတ်တပ်ရပ်လျက် ကြိုးကို တစ်ဖက်က ထိန်းထား၏။
ရေအိုးတင်ထာသည့် ငှက်ပျောတုံးအနားသို့ ရောက်သည်နှင့် လေထဲတွင် သူ၏ ငှက်ကြီးတောင်ဓါးက ယိမ်းနွဲ့သွားသည်။
ငှက်မွှေးကလေးတစ်ချောင်းအလား။
မြင်းပေါ်မှ မောင်ရွ က မျက်တောင်မခတ်တမ်းကြည့်နေ၏။
နွားလှည်းက ခပ်လှမ်းလှမ်းတွင် ရပ်သွား၏။
ငှက်ပျောပင်နှင့် ရေအိုးမှာ ပုံစံမပျက် မူလအတိုင်းသာ။
“ကောင်လေး..မင်းမှာ လင်းလေး ပါရင်...ရေအိုးအောက်က ငှက်ပျောပင်နေရာလောက် ပစ်ကြည့်ချေကွာ”
မောင်ရွက ခါးကြားထိုးထားသော လင်းလေးကို ထုတ်ကာ လောက်စာထည်ပြီး ပစ်လိုက်၏။
ရေအိုးအောက်ရှိ ငှက်ပျောတုံးမှာ တိတိကျကျ ပြတ်ကျသွားလေတော့သည်။
“ဟာ....ကောင်းလိုက်တဲ့..ဓါးချက်ဗျာ..ဉီးရီး”
မောင်ရွက ဝမ်းသာအားရအော်လိုက်သည်။
“လှည်းမောင်းနေရင်းကနေ...ဘယ်လိုများ ခုတ်လိုက်တာလဲဗျ”
“ဓါးခုတ်တယ်ဆိုတဲ့နေရာမှာ ဒီအတိုင်း အနေအထားမှာ ခုတ်တာနဲ့ မြင်းဒါမှ မဟုတ်..လှည်းပေါ်ကလို အရှိန်နဲ့လာနေချိန်ခုတ်တဲ့အခါ မတူဘူး..ကောင်လေးရ..ငါ မုဆိုးဖိုမှာ နေဉီးမှာပဲ..ဖြည်းဖြည်းကျ မင်းကို ငါသင်ပေးပါ့မယ်”
“အခု သင်ပေးလေဗျာ..ကျုပ်က အခုသင်ချင်တာ”
“ငါတို့ အဝေးကြီးကလာရတာ...မင်းအဖေနဲ့လည်း ဒီဧည့်သည်တွေကို တွေ့ပေးရဉီးမယ်..မောင်ရွရ”
“ဟာဗျာ..အဖေနဲ့ နောက်မှတွေ့..ကျုပ်သင်ချင်ပါတယ်ဆို..အခုသင်ပေးမှပေါ့..ဟေ့...ဟိုဉီးကြီး..ဗိုလ်တွန်ဆိုလား.. လာဗျာ..အခုဆင်း.... ကျုပ်ကို ခုနလို ဓါးခုတ်တာ ထပ်ပြစမ်းပါ..လာ”
ငကောင်းက ဆက်မပြောတော့ပဲ လှည်းကို မောင်းထွက်သွားသည်။
“ဟာ..ဒီလူကြီးတွေ...သောက်ကျင့်အတော်မကောင်းတာပဲ...မကောင်းတဲ့အကောင်ကြီးတွေ”
လူငယ်က ခပ်ဝေးဝေးမှ မကျေမနပ်ဖြင့် အော်ဟစ်ကာ ကျန်ရစ်ခဲ့သည်။
“အဲ့ဒါ ဘယ်သူ့သားလဲဗျ...အတော်တော့ မလွယ်တဲ့ကောင်ပဲ”
“ကိုအောင်ဇေယျ ရဲ့ ဒုတိယသား..မောင်ရွဆိုတာလေ”
“မောင်ရွ...မောင်ရွ”
ငတွန်က ခပ်တိုးတိုးရေရွတ်လိုက်သည်။
...................................................................................
၁၇၄၈ ဒီဇင်ဘာလ။
ယူနန်ပြည်နယ် အနာက်တောင်ပိုင်း၊ မောက်လုန်ဘော်တွင်း။
တာရဲရုံး ဟု ခေါ်သော အဆောင်အတွင်း ဘော်တွင်းအလုပ်သမားထုအကြား ဩဇာအကြီးဆုံး လူသုံးဉီး ထိုင်နေကြသည်။
မောက်လုပ်ဘော်တွင်း အလုပ်သမားများကြားတွင် အချင်းချင်း အတန်းအစားခွဲခြားမှုမရှိပဲ ညီအကို ဟုသာ ခေါ်ဆို ဆက်ဆံကြရသည်။
ထိုညီအကိုစနစ်တွင်မှ ခေါင်းဆောင်အဖြစ် အကြီးဆုံးအကိုကြီး သုံးဉီးက အလုပ်သမားရေးရာများကို အုပ်ချုပ်သည်။
အကြီးဆုံးအကိုကြီးကို တာရဲ (Ta – yeh) ဟုခေါ်ပြီး ဘော်တွင်းကိစ္စကြီးငယ်အားလုံးကို စီမံခန့်ခွဲရသည်။ အကိုကြီးသုံးဉီးတွင် တာရဲ ရာထူးသည် ဩဇာအကြီးဆုံး။
ဒုတိယခေါင်းဆောင်ကို အယ့်ရဲ (Esh – yeh) ဟုခေါ်ဆိုပြီး ဘော်တွင်းလုပ်သားများ၏ လုပ်ငန်းခွင်ဆိုင်ရာ ကြီးကြပ်မှုများကို ကိုင်တွယ်ရသည်။
တတိယခေါင်းဆောင်မှာ စန်းယယ်(San-yeh) ဟု ခေါ်ကြပြီး ဘော်တွင်းအလုပ်သများများနှင့် ပြင်ပအုပ်စုများ အငြင်းပွားမှု၊ ခိုက်ရန်ဖြစ်မှုများပေါ်ပေါက်ခဲ့လျင် စန်းယယ်က ဉီးဆောင်ကာ တိုက်ပွဲဝင်ရသည်။
ယခုတော့ ခေါင်းဆောင်သုံးဉီးလုံး ထူးထူးခြားခြား တွေ့ဆုံနေကြပြီဖြစ်သည်။
အကြီးဆုံးခေါင်းဆောင် တာရဲမှာ ဝူရှန်ရှိန် ဖြစ်သည်။ ခြေပုကျား ဟူသော သူ့အမည်ပြောင်ဖြင့် တွဲဖက်ကာ သူ့အား အိုင်တာရဲ ဟု ခေါ်ကြသည်။
ဝူရှန်ရှိန်သည် အရပ်ပုပု၊ ထောင်တက်နေသော နှုတ်ခမ်းမွှေးအရှည်နှင့် ရက်စက်တတ်သည့် ဥပဓိရုပ်ပိုင်ရှင်ဖြစ်သည်။
၁၇၄၅ ခုနှစ်တွင် ယူနန်ပြည်နယ်၊ ရှီရ်ဖင်နယ်မှ ခြေသလုံးအိမ်တိုင်တစ်ဉီးဘဝဖြင့် “ဝ”တောင်တန်းရှိ ဘော်တွင်းများဆီသို့ သူရောက်ရှိလာခဲ့သည်။
ဘော်တွင်းတွင် ခေါင်းပုံဖြတ်မှုများ၊ အနိုင်ကျင့်မှုများ၊ တိုက်ခိုက်မှုများနှင့်အတူ ဝူရှန်ရှိန်မှာ ခြေပုကျား အမည်နှင့် လူမိုက်ခေါင်းဆောင်တစ်ဉီးဖြစ်လာခဲ့သည်။
သူ၏ ဩဇာအာဏာမှာ တရုတ်ဘော်တွင်းကုန်သည်များ၊ လုပ်သားများမှတဆင့် ရှမ်းပြည်အတွင်းတွင်ရှိသော နမ္မတူဘော်တွင်းအထိပါ ဖြန့်ကျက်ကြီးစိုး လာနိုင်ခဲ့၏။
နောက်ပိုင်းနှစ်များတွင် ကျိုးချီကျိုး (Tsou Chi Chou) ဆိုသည့် ဘော်တွင်းကုန်သည်တစ်ဉီးက သူ၏ ဩဇာအာဏာကို စတင် ယှဉ်ပြိုင်လာခဲ့သည်။
လွန်ခဲ့သည့်နှစ်က..ကျိုးချီကျိုးသည် ကွေ့လူမျိုးများနှင့် ပူးပေါင်းကာ ရှမ်းပြည်အတွင်းရှိ နမ္မတူဘော်တွင်းကို သိမ်းပိုက်ခဲ့သည်။
ဝူရှန်ရှိန် ခေါ် အိုက်တာရဲ ကလည်း မောက်လုပ်ဘော်တွင်းမှ ကျိုးချီကျိုး၏ အကျိုးစီးပွားမှန်သမျှကို ဖျက်ဆီးပစ်သည်။
မကြာမီတွင် အိုက်တာရဲဂိုဏ်းနှင့် ကျိုးချီကျိုးဂိုဏ်းသားတို့၏ ဘော်တွင်းနယ်မြေလုစစ်ပွဲကြီး ဖြစ်ပွားတော့သည်။
ယူနန်ဘုရင်ခံက အခြေအနေကို ငြိမ်အောင်ထိန်းသိမ်းပြီးနောက် ပြဿနာဖြစ်ပွားရာ ဘော်တွင်းများကို ခေတ္တပိတ်သိမ်းခဲ့သည်။
ထိုအခြေအနေတွင် အလုပ်လက်မဲ့ဖြစ်နေသော ဘော်တွင်းအလုပ်သမား တစ်ထောင့်နှစ်ရာကျော်အတွက် အိုက်တာရဲ နှင့် နောက်ထပ်ခေါင်းဆောင်နှစ်ဉီးဖြစ်သော စွန်းအိုက်လန်၊ စွန်းလန်တဲ ညီနောင် တို့ စည်းဝေးနေကြခြင်းဖြစ်သည်။
“အကိုကြီး ယူနန်ဘုရင်ခံ ဆီ တိုက်ရိုက်ဝင်တွေ့ကြည့်ပါလား”
“ငါ ကြိုးစားပြီးပြီ..အိုက်လန်၊ ဘုရင်ခံ က ကျိုးချီကျိုး ကို ဖမ်းထားပြီး ငါ့ကို လွှတ်ပေးထားတာကိုတောင် သူ့ကို ကျေးဇူးတင်သင့်နေပြီလို့ပြောတယ်..မဖြစ်နိုင်ဘူး”
“ဒါဆို ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ..အကိုကြီး...အလုပ်သမားတွေကလည်း ကြာကြာစုစည်းထားလို့ရမှာမဟုတ်ဘူး...နယ်မြေသစ်ရှာကြမလား”
အိုက်တာရဲ က ဘိန်းထည့်ထားသည့် ပြောင်းတံလေးကို စားပွဲပေါ်တွင် ခေါက်ချလိုက်သည်။
ဘိန်းချေးအမှုန့်များ က စားပွဲပေါ်တွင် ပြန့်ကျဲသွား၏။
“ဒီဘိန်းတွေ ဘယ်ကလာသလဲ..သိလား”
စွန်းညီနောင်က ခေါင်းခါလိုက်သည်။
“အာရပ်ကုန်သည်တွေက မုတ္တမပင်လယ်ကွေ့ဆိပ်ကမ်းတွေဖြစ်တဲ့ ပဲခူး၊ မုတ္တမကို သယ်လာကြတယ်..အဲ့ဒီကတဆင့် အင်းဝကို ရောက်တယ်..အင်းဝက တဆင့် ဒီ တောင်တန်းပေါ် ရောက်လာတယ်”
“အဲ့ဒါနဲ့ ကျွန်တော်တို့ ကိစ္စဘာများ ဆိုင်လဲ..အကိုကြီး”
“အင်းဝ ဟာ သိပ်ချမ်းသာတဲ့ နိုင်ငံ ၊ အင်းဝဘုရင်မှာ ရွှေတွေ၊ ငွေတွေ၊ ရတနာတွေ၊ ဆင်တွေ အများကြီးရှိတယ်..ဒါပေမယ့်..သူ့မှာ လက်ရှိ အကြပ်အတည်းတွေအများကြီး ကြုံနေတယ်..ပုန်ကန်မှုတွေကြုံနေရတယ်... သူက သူ့အတွက် အားကိုးရမယ့် မဟာမိတ်နိုင်ငံကြီးတွေ ကို မိတ်ဆွေဖွဲ့ဖို့ ကြိုးစားနေတယ်....ငါရထားတဲ့ သတင်းတစ်ခုအရ...အင်းဝက လွှတ်လိုက်တဲ့ သံကိုယ်စားလှယ်အဖွဲ့ကို ပီကင်းဧက္ကရာဇ်က လက်မခံပဲ ဝင်ခွင့်မပေးဘူးတဲ့....သူတို့ ရှမ်းပြည်ထဲက မိုင်းကိုင်မှာ သောင်တင်နေကြတယ်”
“အဲ့ဒါလည်း ကျွန်တော်တို့နဲ့ မဆိုင်ဘူးလေ..အကိုကြီး”
အိုက်တာရဲ က အငယ်ကောင်စွန်းလန်တဲကို ခပ်တင်းတင်းစိုက်ကြည့်လိုက်သည်။
စွန်းလန်တဲက ခေါင်းငုံ့သွား၏။
“အင်းဝဘုရင်ဟာ ပီကင်းနန်းတော် နဲ့ အဆက်အသွယ်ရချင်နေတာသေချာတယ်...ဒီတော့...အင်းဝ နဲ့ ပီကင်းကြား...ငါတို့ ကုလားဖန်ထိုးနိုင်ရင် အကျိုးအမြတ်ကောင်းကောင်းရမယ်...ကံကောင်းရင်..ပီကင်း နန်းတော်ကပါ ..ငါတို့ကို ဒီနယ်မြေ အပိုင်ပေးနိုင်တယ်...ဒါမှမဟုတ်ရင်လည်း...အင်းဝပိုင် ရှမ်းနယ်ထဲက ဘော်တွင်းတွေကို အင်းဝဘုရင် နဲ့ ပူးပေါင်းပြီး ငါတို့လက်ပြန်ရအောင် လုပ်နိုင်မယ်”
“အကိုကြီး..ပြောတာ..ကျွန်တော် သဘောပေါက်လာပြီ...ဒါပေမယ့်..ပီကင်းနန်းတော်နဲ့ ချိတ်ဆက်ဖို့ဆိုတာက”
“ငါပြောတာသာ နားထောင်....လောလောဆယ်ငါတို့ လုပ်ရမှာက ဗမာစကားရော၊ တရုတ်စကားရော ကျွမ်းကျင်တဲ့သူတစ်ယောက်ကိုရှာရမယ်...ပြီးရင် ဧက္ကရာဇ်ချန်လုံက ရေးတယ်ဆိုတဲ့ သဝဏ်လွှာအတု တစ်စောင်အမြန်ရေးရမယ်...ပြီးရင် ပီကင်းနန်းတော်က သံတမန်တစ်ယောက်အနေနဲ့...ငါတို့လူတွေကို ခေါ်ပြီး အင်းဝကို သွားကြမယ်”
အိုက်တာရဲ စကားကြောင့် စွန်းညီအကိုမှာ ထိတ်လန့်သွားကြတော့သည်။
“ဖြစ်ပါ့မလား...အကိုကြီး..အင်းဝသွားပြီး ကျွန်တော်တို့က ဘာဆက်လုပ်ရမှာလဲ”
“ငါတို့ က ပီကင်းသံတမန်တွေအနေနဲ့..ဒီကနေ လက်ဆောင်နည်းနည်းဝယ်သွားမယ်..သဝဏ်လွှာအတုနဲ့ အင်းဝဘုရင်ဆီ ဝင်ကြမယ်..အင်းဝ ဘုရင်က ဧက္ကရာဇ်အတွက် အဖိုးတန်လက်ဆောင်တွေ အများကြီး ပြန်ပေးမှာ မြေကြီးလက်ခတ်မလွဲပဲ”
“အဲ့ဒီ လက်ဆောင်တွေနဲ့ အကိုကြီးက ပီကင်းနန်းတော်ကို ပြန်ဝင်မယ်လို့ ဆိုလိုတာလား”
“ဒါတွေက နောက်မှ မင်းတို့ သိလာလိမ့်မယ်...လောလောဆယ်..အရေးကြီးတာက...ဗမာလိုရော တရုတ်လိုပါ ရေးတတ် ပြောတတ်တဲ့ လူတစ်ယောက် မင်းတို့ အမြန်ရှာရမယ်”
“ရှာစရာမလိုပါဘူး...ကျွန်တော်တို့ဆီမှာ ရှိပါတယ်”
“ဘယ်သူလဲ”
“မနှစ်ကမှ နမ္မတူဘော်တွင်းက ထွက်ပြေးလာတဲ့..ငထွန်းလေ”
ခက်ဇော်
(Zawgyi)
AVA 1740s (Season 2)
အခန္း(၂၆)
......................................................
“မင္း..ျမတ္ထားသီရိ...မဟုတ္လား”
“ဟုတ္ပါတယ္..ေမာင္ႀကီး..ျမတ္ထားပါ”
“ဒီကို ဘယ္ကေန ဘယ္လိုေရာက္ေနရတာလဲ”
“စာတိုက္တကာမွာ တပ္တည္ေနတဲ့ ဗိုလ္မႉးနႏၵေဝ က ျမတ္ထားရဲ႕ အကိုပါ...သူ မက်န္းမမာရွိေနတာေၾကာင့္ စိတ္အားရွိေအာင္နဲ႔ ျပဳစုေပးဖို႔အတြက္ သူ႔မိန္းမရယ္ ႏွမျဖစ္တဲ့ ျမတ္ထားရယ္ကို ပို႔ထားခဲ့တာပါ...ေကြ႕ေတြ စာတိုက္တကာကို ဝင္တိုက္ေတာ့ စဥ့္ကိုင္တပ္ဆီကို ေပါင္းဖို႔ ဆုတ္အလာ လမ္းမွာ ျမတ္ထား လိုက္လာတဲ့ လွည္းအဖမ္းခံရပါတယ္....အကိုနႏၵေဝတို႔ကေတာ့ လြတ္သြားတယ္”
“ဪ..ဒါနဲ႔..အခုက ဘယ္ႏွယ့္လုပ္ေျပးလာတာလဲ”
“သူတို႔က ျမတ္ထားကို ဘုရင့္ကိုယ္လုပ္ေတာ္မွန္းသိေတာ့ သူတို႔ေခါင္းေဆာင္ ဂုဏၰအိမ္ဆီ ဆက္သဖို႔ လုပ္ေနၾကတာပါ.... စဥ့္ကိုင္ကို တိုက္တဲ့အထိ ေခၚလာခဲ့ပါတယ္..စဥ့္ကိုင္ ကို သိမ္းႏိုင္လို႔ သူတို႔ ၿမိဳ႕ထဲ ဝင္ေနရာယူၿပီး စီမံေနၾကတုန္း..ျမတ္ထား အလစ္ထြက္ေျပးလာတာပါပဲ”
“ကံေကာင္းလို႔ေပါ့ကြာ....ဘာျဖစ္ျဖစ္...သြားေလသူ ငါ့သူငယ္ခ်င္း ဗညားက်န္းေတာ က မင္းကို ေစာင့္ေရွာက္ေပးဖို႔ ငါ့ကို မွာသြားဖူးတယ္..ဒီေတာ့ မင္းကို ေဘးမသီရန္မခပဲ အင္းဝကို ျပန္ပို႔ေပးဖို႔ ငါ တာဝန္ယူပါတယ္”
“ေမာင္ႀကီး ကို ျမတ္ထား ေက်းဇူးတင္ပါတယ္”
“ေဟ့..ဗိုလ္တြန္...ခင္ဗ်ားတို႔ ဇာတ္ထဲ ေမ်ာေနတာနဲ႔..က်ဳပ္ေတာင္ စကားဝင္ေျပာဖို႔ေမ့ေနတယ္..အခု ခင္ဗ်ားတို႔ကို က်ဳပ္ ဘယ္ေမာင္းပို႔ေပးရမလဲ”
“ငေကာင္းႏွယ့္...သူက အင္းဝသူပဲ အင္းဝျပန္ပို႔ေပးရမွာေပါ့”
“ဟာ...ဗိုလ္တြန္...ျဖစ္ပါ့မလားဗ် ..ဒီဘက္က ျပန္ပတ္ရင္လည္း တေကြ႕တပတ္ႀကီး..ၿပီးေတာ့ ေက်ာ္စဥ္တစ္ေလွ်ာက္က ေကြ႕ေတြခ်ည္း သိမ္းထားတာ...”
“ဒါျဖင့္ ဘယ့္ႏွယ့္လုပ္ၾကမလဲ”
“မုဆိုးဖို ကို အရင္လိုက္ခဲ့ဗ်ာ...ဟိုမွာ ခဏေနၿပီး.အေျခအေန နည္းနည္းတည္ၿငိမ္မွ ေကြ႕ပတ္ၿပီး အင္းဝကို စုန္ၾကတာပ..”
“ကဲ...ဒီက မမေလး သေဘာက ဘယ့္ႏွယ့္တုန္း”
“ျမတ္ထားက ေမာင္ႀကီးတို႔ စီမံရာကို လိုက္ရမွာပါ”
“ဒါဆိုလည္း ၿပီးတာပဲ..ခင္ဗ်ားတို႔ မုဆိုးဖိုပဲ သြားၾကတာေပါ့..ငေကာင္း”
စဥ့္ကိုင္မွ မုဆိုးဖိုသို႔ ခရီး။ တစ္ရက္ႏွင့္တစ္ည ၾကာျမင့္မည့္ခရီး။
ညဥ့္က တျဖည္းျဖည္းေမွာင္လာသည္။
“ဗိုက္ဆာၾကၿပီလား...ေရွ႕က ထန္းေခါက္ဖာထဲေတာ့ ေကာက္ညႇင္းက်ည္ေတာက္ေတြပါတယ္..ယူစားၾကေခ်”
ျမတ္ထားသီရိ က ထန္းေခါက္ဖာကို ဖြင့္လိုက္သည္။
ဖာထဲမွ ေကာက္ညႇင္းက်ည္ေထာက္ အပိုင္းတစ္ခုကို ယူလိုက္ၿပီး အေပၚခြံမ်ားကို ႏႊာလိုက္၏။
သူ႔အား ေက်ာေပးလ်က္ လွည္းေနာက္ၿမီးတြင္ ထိုင္လာသာ ငတြန္ အား သြားေပးသည္။
“ငါ မဆာဘူး”
ငတြန္၏ အသံက ခပ္ျပတ္ျပတ္။
ျမတ္ထားသီရိက ေကာက္ညႇင္းက်ည္ေတာက္ကို စားရင္း ငတြန္၏ ေက်ာျပင္က်ယ္ႀကီးကို ေငးၾကည့္ေနသည္။
စမ္းေခ်ာင္းငယ္ေလး တစ္ခုအနားတြင္ ငေကာင္းက လွည္းကို ခဏရပ္လိုက္၏။
“ႏြားေတြ ေရတိုက္ရင္း လွည္းခဏနားၾကစို႔ဗ်ာ..ေရွ႕နည္းနည္းဆို..ဇရပ္တစ္ခုရွိတယ္..အဲ့ဒီမွာ ညအိပ္နားၾကတာေပါ့”
ငေကာင္းက လွည္းေပၚတြင္ပါေသာ အထုပ္ထဲမွ အညာေစာင္ထူထူကို ခႏၶာကိုယ္တြင္ ပတ္ၿခဳံလိုက္သည္။
ေဆာင္းရာသီမို႔ အညာ၏ အေအးဓာတ္က တျဖည္းျဖည္း စိမ့္လာ၏။
ငတြန္က သူသြားေလရာ သယ္ေဆာင္လာသည့္ အဝတ္ထုတ္ထဲမွ အညာေစာင္ကို ၿခဳံရန္ ျပင္လိုက္သည္။
ျမတ္ထားသီရိ က ဖုန္ေပေနေသာ အဝတ္အစားမ်ားျဖင့္ ဒူးႏွစ္လုံးကို လက္ျဖင့္ပိုက္ကာ အခ်မ္းဒဏ္ကို အံတုေန၏။
ငတြန္က ျမတ္ထားသီရိ ထံ သို႔ ေစာင္ကို ပစ္ေပးလိုက္သည္။
သူကိုယ္တိုင္ကမူ..ပုဆိုးတစ္ထည္ကို ထုတ္ကာ ၿခဳံလိုက္၏။
ခဏတာနားၿပီးေနာက္ သူတို႔ ေရွ႕ဆက္ထြက္ခြာလာၾကသည္။
ဇရပ္တစ္ေဆာင္ေရွ႕တြင္ လွည္းကို ရပ္လိုက္ၾကသည္။
ႏြားမ်ားအား အနီးရွိ တမာပင္တြင္ ခ်ည္ေႏွာင္လိုက္ၿပီး ေနာက္ ။
“ျမတ္ထားသီရိက ဇရပ္ေပၚအိပ္လိုက္ပါ..က်ဳပ္တို႔ ေယာက္်ားႏွစ္ေယာက္က လွည္းေပၚပဲ အိပ္လိုက္မယ္”
“အို..မဟုတ္တာ...ေမာင္ႀကီးရယ္..ျမတ္ထား..ေမာင္ႀကီးတို႔ကို ယုံပါတယ္”
“ယုံတာ မယုံတာေတြ ေျပာေနတာမဟုတ္ဘူး.... မသင့္ေတာ္လို႔ ေျပာေနတာ..ဟုတ္ၿပီလား...အိပ္ဆိုအိပ္”
ငတြန္ ေလသံက တင္းမာသျဖင့္ ျမတ္ထားသီရိက ဇက္ကေလးပုသြားသည္။
“လွည္းေပၚမွာ ေအးမွာဆိုေတာ့ ေမာင္ႀကီး ေစာင္ၿခဳံထားလိုက္ပါ..ျမတ္ထား ဒီတိုင္းပဲ အိပ္လိုက္မယ္”
“မလိုဘူး..ရတယ္...ငါ့ဟာငါ မီးလႈံမယ္”
ငတြန္က အိတ္ထဲမွ မီးခတ္ေက်ာက္ႏွင့္ လဲ့မႈိကိုထုတ္ကာ မီးဖိုရန္ ျပင္ဆင္လိုက္သည္။
ျမတ္ထားသီရိက ဇရပ္ေပၚတြင္ သြားထိုင္ေန၏။
ငေကာင္းက လွည္းေပၚတြင္ ေဆာင္ၿခဳံလ်က္ ဗုံႀကီးသံတစ္ပုဒ္ကို ေအာ္ဆိုေနသည္။
ငတြန္က အနီးအနားမွ ထင္းေျခာက္မ်ားျဖင့္ မီးဖိုၿပီး အနီးတြင္ ထိုင္ကာ ပါလာသည့္ ေဆးေပါ့လိပ္ကို ထိုင္ဖြာေနသည္။
အခ်မ္းဓာတ္ကား ပို၍သာ တိုးလာ၏။
သူတို႔အားလုံး တိတ္ဆိတ္စြာျဖင့္ အေအးဒဏ္ကို အံတုေနၾကသည္။
ငေကာင္းကား လွည္းေပၚတြင္ ေစာင္ၿခဳံလ်က္ တရႉးရႉးေဟာက္ေနေပၿပီ။
ငတြန္ က ငွက္ႀကီးေတာင္ဓါးႏွင့္ ဓါးေသြးေက်ာက္ကို ယူကာ မီးပုံေဘးတြင္ ေသြးရင္း အခ်ိန္ျဖဳန္းေန၏။
“ေမာင္ႀကီး”
လက္ေႏြးေႏြးေလး တစ္ဖက္က ငတြန္၏ ပုခုံးေပၚသို႔ ေရာက္လာသည္။
ငတြန္က လွည့္မၾကည့္။
“ဘာျဖစ္ျပန္ၿပီလဲ...ျမတ္ထားသီရိ..မအိပ္ေသးဘူးလား”
“ျမတ္ထား အိပ္မေပ်ာ္လို႔ပါ”
“ဘာျဖစ္လို႔လဲ..ဗညားကို သတိရေနၿပီလား”
“ဟင္အင္း..ျခင္ အရမ္း ကိုက္လို႔”
ငတြန္က ျမတ္ထားသီရိကို ခပ္တင္းတင္းၾကည့္လိုက္သည္။
“ဒါဆိုလည္း မီးပုံနား ခဏလာေန”
“ဟုတ္”
ငတြန္က ဓါးကို ဆက္ေသြးေန၏။
“ေမာင္ႀကီး”
“ဘာလဲ..ေျပာ”
“ေမာင္ႀကီး..ျမတ္ထားကို ဗညားကိစၥနဲ႔ပတ္သက္ၿပီး စိတ္ခုေနတာလား”
ငတြန္က ခြန္းတုံ႔မျပန္။
“ျမတ္ထား..သိပါတယ္....အဲ့ဒီေန႔က ေမာင္ႀကီး က ဗညား လို႔ ေျပာေတာ့ ျမတ္ထား ႐ုတ္တရက္ စဥ္းစားမရျဖစ္သြားတာပါ...ေနာက္ေတာ့မွ ဗညားကို ျပန္သတိရသြားတာ”
ငတြန္က ဓါးကို သာ နာနာ ဖိေသြးေန၏။
“ေမာင္ႀကီးရယ္..ဗညားနဲ႔ ျမတ္ထား ရည္းစားျဖစ္ၾကတယ္ဆိုတာ ဟိုး ဆယ္ေက်ာ္သက္လုံမ ဘဝက ပါ...ဒီအ႐ြယ္ ရည္းစားသနာ ထားၾကတယ္ဆိုတာ..အေပ်ာ္သေဘာလည္း ျဖစ္တတ္တာပဲ..မဟုတ္လား”
“ဘာ..အေပ်ာ္သေဘာ..ဟုတ္လား”
ငတြန္က ဓားကို ပစ္ခ်ကာ လွည္းဆီသို႔ ထသြား၏။
လွည္းေပၚမွ ပုဆိုးတစ္ထည္ကို ယူလာကာ ျမတ္ထားသီရိ ေရွ႕သို႔ ပစ္ခ်ေပးလိုက္သည္။
“ဒီမင္ခံပုဆိုး က ဗညားကို မင္းကိုယ္တိုင္ ေပးခဲ့တာမဟုတ္လား....ဗညားက သူ႔ဘဝတစ္ေလွ်ာက္လုံး အဲ့ဒီ မင္ခံပုဆိုးကို တန္ဖိုးထားၿပီး သိမ္းဆည္းခဲ့တယ္..မင္းနဲ႔ ေတြ႕ရဖို႔ အတြက္နဲ႔ ဟံသာဝတီကို မျပန္ပဲ ေဟာ့ဒီ အင္းဝမွာ စစ္မႈထမ္းဖို႔ သူေနရစ္ခဲ့တယ္..ေနာက္ဆုံး အင္းဝသားေတြ သတ္လို႔ပဲ သူ ေသခဲ့ရတယ္..သူေသခါနီး ေနာက္ဆုံးအခ်ိန္ေတာင္ မင္းနာမည္ကို တသသ ေျပာသြားေသးတာ... မင္းကေတာ့ အေပ်ာ္သေဘာ နဲ႔ သူ႔ကို ရည္းစားထားခဲ့တယ္ ဟုတ္လား......မင္းတို႔လို မိန္းမမ်ိဳးေတြ...ဘယ္လို ေယာက္်ားကို မွ တန္ဖိုးထားမွာလဲ...ကိုယ့္ကို အေပၚစီးက ဆက္ဆံ..ကြၽန္လိုသေဘာထား..တဏွာေျဖရာ ေနရာသာသာ သေဘာထားတဲ့ နန္းေတာ္ထဲက အေကာင္ေတြကိုက် ဘုရားလို ကိုးကြယ္ထားၾကတယ္ေပါ့..ထြီ”
“အိ...”
ျမတ္ထားသီရိ ထံမွ ရႈိက္သံ ထြက္လာသည္။
“ဗိုလ္တြန္..ခင္ဗ်ား အသံႀကီးကလည္းဗ်ာ...ဆိုးလိုက္တာ.က်ဳပ္ျဖင့္ လန႔္ေတာင္ႏိုးတယ္”
လွည္းေပၚမွ ငေကာင္းက ေစာင္ၿခဳံၾကားမွ စိတ္ပ်က္လက္ပ်က္ျဖင့္ လွမ္းေအာ္သည္။
ျမတ္ထားသီရိက ငိုရႈိက္ေနရင္းမွ ဇရပ္ေပၚသို႔ ေျပးတက္သြား၏။
“ဗိုလ္တြန္...ခင္ဗ်ားတို႔ မေက်လည္စရာ ဇာတ္လမ္းေတြ ရွိခဲ့ရင္လည္း ရွိခဲ့မွာေပါ့..ဒါေပမယ့္..အခုခ်ိန္မွာ....ကိုယ့္ကို မွီခိုၿပီး လိုက္လာရတဲ့ မိန္းကေလးကို သိပ္လည္း မေျပာပါနဲ႔ဗ်ာ..ေရာ့...ခ်မ္းရင္ ခင္ဗ်ား ေစာင္တစ္လွည့္ၿခဳံၿပီး လွည္းေပၚတက္ ေကြးေခ်..က်ဳပ္ မီးလႈံရင္း ေဆးလိပ္ဖြာဉီးမယ္”
ငေကာင္းက ငတြန္အနီးတြင္ ထိုင္ခ်ရင္း သူၿခဳံထားသည့္ ေစာင္ကို ကမ္းေပးလိုက္သည္။
.............................................................................................................
မုဆိုးဖို။
ျပန႔္ျပဴးေသာကြင္းျပင္ႀကီး၏ အဆုံးတြင္ ထန္းလုံးခံတပ္မ်ားကို ခပ္ေရးေရးျမင္ရၿပီျဖစ္သည္။
“ဗ်ိဳး...ဘႀကီးေကာင္း...ဧည့္သည္ေတြပါလာပေကာလား”
ေသွ်ာင္ေပစူးႏွင့္ ရွင္ျပဳခံအ႐ြယ္ လူငယ္ေလးမ်ားက လွည္းနေဘး ဝိုင္းရံလာၾကသည္။
လူငယ္မ်ားလက္ထဲတြင္ လင္းေလးမ်ားကိုယ္စီ ကိုင္ေဆာင္ထားၾက၏။
ခပ္လွမ္းလွမ္းတြင္ စာေျခာက္႐ုပ္မ်ား ကို တန္းစီထားၿပီး လည္ပင္း၊ မ်က္လုံးေနရာမ်ားတြင္ ရွားေစးအနီမ်ား ျခယ္ထားၾက၏။
“ဒါက ဘာေတြလဲ...ငေကာင္း”
“လင္းေလး ေလ့က်င့္ေနၾကတာ..ဗိုလ္တြန္...ကိုေအာင္ေဇယ် က ဒီဆယ္ေက်ာ္သက္ေလးေတြကို လင္းေလးတပ္ ဆိုၿပီး ရည္႐ြယ္စုစည္းထားတာပါ..ေရွ႕မွာ ေတြ႕ပါဉီးမယ္..လွံလ်င္ ေလ့က်င့္တဲ့အစုတို႔၊ အဲေမာင္းေလ့က်င့္တဲ့အစုတို႔၊ တင္က်ည္းတုတ္သိုင္းေလ့က်င့္တဲ့အစုတို႔ ရွိေသးတယ္”
“ဟ..ငါ့လူရဲ႕..မုဆိုးဖိုက ဂေလာက္ထိ လူစုလူေဝးမ်ားေနၿပီလား”
“ေလာေလာဆယ္ေတာ့ ႐ြာေပါင္း (၂၀)ေလာက္က မုဆိုးဖို ကို ပူးေပါင္းလာၾကၿပီ...ဟိုးဘက္အေနာက္ဘက္ျခမ္းမွာ ထန္းလုံးတာႀကီး ေဆာက္ေနဆဲဗ်....ေရာက္ရင္ျမင္ရပါလိမ့္မယ္..ကိုေအာင္ေဇယ်ကေတာ့ တာေပါင္း (၄၇၀) အက်ယ္ထိ လုပ္ထားတာပဲ...သူ႔အေျပာအရ ေနာက္ထပ္ ဒီနားက ႐ြာ(၂၀)ေက်ာ္ေလာက္လည္း လာခိုဝင္ဖို႔ ရွိတယ္တဲ့ဗ်”
“ခင္ဗ်ားတို႔က ၿမိဳ႕တစ္ၿမိဳ႕ တည္ေနတာပဲ...ငေကာင္း..အင္းဝနန္းေတာ္က သိသြားရင္ အႏၲရာယ္မမ်ားလြန္းဘူးလား”
“ေလာေလာဆယ္...အႏၲရာယ္မ်ားေနတာက..အင္းဝနန္းေတာ္ဗ်...သူ႔အႏၲရာယ္ေတာင္ သူ႔မနည္းကာကြယ္ေနရတာ..က်ဳပ္တို႔လည္း က်ဳပ္တို႔ရပ္႐ြာမွာ က်ဳပ္တို႔အႏၲရာယ္ကို ကာကြယ္တာပဲဗ်ာ..ဘယ္တတ္ႏိုင္ပါ့မလဲ..ကိုေအာင္ေဇယ်ကလည္း ျဖစ္လာသမွ် သူ႔တာဝန္လို႔ ေျပာထားၿပီးသား”
“ေအာင္ေဇယ်..ေအာင္ေဇယ်”
“ႏို႔...ဗိုလ္တြန္ ကိုေအာင္ေဇယ်နဲ႔ ေတြ႕ဖူးရဲ႕..မဟုတ္လား”
“ၾကာပါၿပီ...က်ဳပ္ ကိုးသိန္းသခင္ဆီမွာ အမႈထမ္းခဲ့တုန္းကေပါ့..အခုေတာ့ သူက ေဒသေခါင္းေဆာင္ေတာင္ျဖစ္ေနပါပေကာ”
“ျဖစ္ဆို...တျမန္ႏွစ္ကပဲ အင္းဝနန္းေတာ္ကေတာင္ ဗလနႏၵေက်ာ္စြာဆိုၿပီး ဘြဲ႕ေခၚေပးေသးပါပေကာဗ်”
ငတြန္က ခိုင္ခန႔္ရွည္လ်ားလွသည့္ မုဆိုးဖို႐ြာပတ္လည္မွ ထန္းလုံးတပ္ႀကီးကို သာ စိုက္ၾကည့္ေနေတာ့သည္။
.................................................................................................................
မုဆိုးဖို ႐ြာစည္း႐ိုး သို႔ နီးကပ္လာခဲ့ၿပီ။
လွံပစ္၊ တင္က်ည္းတုတ္၊ ဓါးသိုင္းမ်ားကို အစုအဖြဲ႕လိုက္ေလ့က်င့္ေနရာမ်ားသို႔ သူတို႔ ႏြားလွည္းေက်ာ္ျဖတ္ခဲ့ၾက၏။
လမ္းတေလွ်ာက္လူမ်ားက ငေကာင္းကို ေအာ္ဟစ္ႏႈတ္ဆက္ၾကသည္။
ငွက္ေပ်ာပင္ျပတ္မ်ား ယွဥ္တြဲစိုက္ထူထားသည့္ ကြင္းျပင္တစ္ေနရာသို႔အေရာက္တြင္ လွည္းအနီးသို႔ ျမင္းတစ္စီး ကပ္လာ၏။
မ်က္ႏွာႏုႏုနယ္နယ္၊ ေသွ်ာင္ေပစူးအတိ ႏွင့္ အသက္ (၁၂)ႏွစ္အ႐ြယ္လူပ်ိဳေပါက္ေလးတစ္ဉီး။
“ေဝး..ဉီးရီးေကာင္း....စဥ့္ကိုင္ မွာ ေကြ႕ေတြ နဲ႔ ခ် ေနၿပီဆိုဗ်”
လူငယ္ေလးက ျမင္းဇက္ႀကိဳးကို တစ္ဖက္မွ ကိုင္ကာ တစ္ဖက္မွ ေခြၽးစက္မ်ားကို သုတ္ရင္း ေမးလိုက္၏။
“ဟုတ္သပ..ေမာင္႐ြေရ...ေကြ႕မ်ားကေတာ့ စဥ့္ကိုင္အထိ ဝင္မီးတိုက္ေနၾကၿပီ..အင္းဝတပ္ေတြလည္း တို႔ေရွ႕တင္ ေျပးၾကရတာပ”
“ညံ့လိုက္ပါ့ဗ်ာ...ေ႐ႊနန္းရွင္ကိုသာ ေျပာလို႔ရရင္..က်ဳပ္ကိုယ္တိုင္ ဗိုလ္မႉးလုပ္ တိုက္ေပးခ်င္ပါရဲ႕..ဒီမွာ ၾကည့္ေပ..က်ဳပ္ ဓါးစြမ္း”
ေမာင္႐ြ က ငွက္ေပ်ာတုံးမ်ားရွိရာသို႔ ျမင္းကို ဒုံးစိုင္းသြားၿပီး ငွက္ေပ်ာပင္မ်ားကို ဓါးျဖင့္ ဆတ္ခနဲ ဆတ္ခနဲ ပိုင္းခ်သြားသည္။
သူ႔ျမင္းေက်ာ္သြားခ်ိန္မွ ငွက္ေပ်ာတုံးေလးမ်ားက တိတိပပ ျပတ္ၿပီး က်သြား၏။
ေရအိုးငယ္မ်ားတင္ထားသည့္ ငွက္ေပ်ာပင္မ်ားဆီသို႔အေရာက္တြင္မူ ဓါးခ်က္ႏွင့္အတူ ေရအိုးပါ က်ကြဲသြားေတာ့သည္။
“ဉီးေလးေကာင္း...က်ဳပ္ကို အေဖက ေျပာတယ္ဗ်...ငွက္ေပ်ာပင္ေပၚက ေရအိုးျပဳတ္မက်ေအာင္ ခုတ္ႏိုင္မွာသာ..တကယ့္ဓါးေရးေကာင္းတဲ့..အခုက ေရအိုးက ျပဳတ္ခ်ည္းက်ေနတယ္ဗ်ာ...ႏို႔..ခင္ဗ်ားႀကီးက ဓါးေရးေကာင္းသပဆို.က်ဳပ္ကို အဲ့ဒီအကြက္ေလး ဆရာစားမခ်န္ျပေပးပါလား”
လွည္းေပၚမွ ငေကာင္းက ၿပဳံးလိုက္သည္။
“ေဟာ့ဒီေနာက္မွာ ပါလာတဲ့ ဉီးရီးက...မင့္ဖေအတို႔ ငါတို႔လို႔ပဲ ပြဲေက်ာင္းထြက္...သူ သင္ျပေပးလိုက္မယ္...ေဟ့..ဗိုလ္တြန္....ႀကဳံတုန္း..ကေလးကို တကြက္ေတာ့ ျပေပးလိုက္ပါဗ်ာ”
ငတြန္က အသင့္ပါလာသည့္ ငွက္ႀကီးေတာင္ကို ယူလိုက္သည္။
“ငေကာင္း..လွည္းကို က်ဳပ္ေမာင္းပါရေစ”
ငေကာင္းက ေနာက္ဆုတ္ေပးလိုက္သည္။
ငတြန္က လွည္းေပၚတြင္မတ္တပ္ရပ္ၿပီး လက္တစ္ဖက္က ႏြားနဖားႀကိဳးကို ကိုင္လိုက္သည္။
တဖက္က ငွက္ႀကီးေတာင္ကို ဝံ့လိုက္၏။
“ျမတ္ထားသီရိ..လွည္းတိုင္ေတြကို ေသခ်ာကိုင္ထား...ငေကာင္း..က်ဳပ္ က်ား သံေပးတာနဲ႔...ႏြားေတြကို ႀကိမ္တို႔ေပေတာ့”
“က်ား”
ႀကိမ္သံၾကားသည္ႏွင့္ ႏြားမ်ားက အရွိန္ျဖင့္ ေျပးၾကသည္။
ငတြန္က ႏြားလွည္းေပၚတြင္ မတ္တပ္ရပ္လ်က္ ႀကိဳးကို တစ္ဖက္က ထိန္းထား၏။
ေရအိုးတင္ထာသည့္ ငွက္ေပ်ာတုံးအနားသို႔ ေရာက္သည္ႏွင့္ ေလထဲတြင္ သူ၏ ငွက္ႀကီးေတာင္ဓါးက ယိမ္းႏြဲ႕သြားသည္။
ငွက္ေမႊးကေလးတစ္ေခ်ာင္းအလား။
ျမင္းေပၚမွ ေမာင္႐ြ က မ်က္ေတာင္မခတ္တမ္းၾကည့္ေန၏။
ႏြားလွည္းက ခပ္လွမ္းလွမ္းတြင္ ရပ္သြား၏။
ငွက္ေပ်ာပင္ႏွင့္ ေရအိုးမွာ ပုံစံမပ်က္ မူလအတိုင္းသာ။
“ေကာင္ေလး..မင္းမွာ လင္းေလး ပါရင္...ေရအိုးေအာက္က ငွက္ေပ်ာပင္ေနရာေလာက္ ပစ္ၾကည့္ေခ်ကြာ”
ေမာင္႐ြက ခါးၾကားထိုးထားေသာ လင္းေလးကို ထုတ္ကာ ေလာက္စာထည္ၿပီး ပစ္လိုက္၏။
ေရအိုးေအာက္ရွိ ငွက္ေပ်ာတုံးမွာ တိတိက်က် ျပတ္က်သြားေလေတာ့သည္။
“ဟာ....ေကာင္းလိုက္တဲ့..ဓါးခ်က္ဗ်ာ..ဉီးရီး”
ေမာင္႐ြက ဝမ္းသာအားရေအာ္လိုက္သည္။
“လွည္းေမာင္းေနရင္းကေန...ဘယ္လိုမ်ား ခုတ္လိုက္တာလဲဗ်”
“ဓါးခုတ္တယ္ဆိုတဲ့ေနရာမွာ ဒီအတိုင္း အေနအထားမွာ ခုတ္တာနဲ႔ ျမင္းဒါမွ မဟုတ္..လွည္းေပၚကလို အရွိန္နဲ႔လာေနခ်ိန္ခုတ္တဲ့အခါ မတူဘူး..ေကာင္ေလးရ..ငါ မုဆိုးဖိုမွာ ေနဉီးမွာပဲ..ျဖည္းျဖည္းက် မင္းကို ငါသင္ေပးပါ့မယ္”
“အခု သင္ေပးေလဗ်ာ..က်ဳပ္က အခုသင္ခ်င္တာ”
“ငါတို႔ အေဝးႀကီးကလာရတာ...မင္းအေဖနဲ႔လည္း ဒီဧည့္သည္ေတြကို ေတြ႕ေပးရဉီးမယ္..ေမာင္႐ြရ”
“ဟာဗ်ာ..အေဖနဲ႔ ေနာက္မွေတြ႕..က်ဳပ္သင္ခ်င္ပါတယ္ဆို..အခုသင္ေပးမွေပါ့..ေဟ့...ဟိုဉီးႀကီး..ဗိုလ္တြန္ဆိုလား.. လာဗ်ာ..အခုဆင္း.... က်ဳပ္ကို ခုနလို ဓါးခုတ္တာ ထပ္ျပစမ္းပါ..လာ”
ငေကာင္းက ဆက္မေျပာေတာ့ပဲ လွည္းကို ေမာင္းထြက္သြားသည္။
“ဟာ..ဒီလူႀကီးေတြ...ေသာက္က်င့္အေတာ္မေကာင္းတာပဲ...မေကာင္းတဲ့အေကာင္ႀကီးေတြ”
လူငယ္က ခပ္ေဝးေဝးမွ မေက်မနပ္ျဖင့္ ေအာ္ဟစ္ကာ က်န္ရစ္ခဲ့သည္။
“အဲ့ဒါ ဘယ္သူ႔သားလဲဗ်...အေတာ္ေတာ့ မလြယ္တဲ့ေကာင္ပဲ”
“ကိုေအာင္ေဇယ် ရဲ႕ ဒုတိယသား..ေမာင္႐ြဆိုတာေလ”
“ေမာင္႐ြ...ေမာင္႐ြ”
ငတြန္က ခပ္တိုးတိုးေရ႐ြတ္လိုက္သည္။
...................................................................................
၁၇၄၈ ဒီဇင္ဘာလ။
ယူနန္ျပည္နယ္ အနာက္ေတာင္ပိုင္း၊ ေမာက္လုန္ေဘာ္တြင္း။
တာရဲ႐ုံး ဟု ေခၚေသာ အေဆာင္အတြင္း ေဘာ္တြင္းအလုပ္သမားထုအၾကား ဩဇာအႀကီးဆုံး လူသုံးဉီး ထိုင္ေနၾကသည္။
ေမာက္လုပ္ေဘာ္တြင္း အလုပ္သမားမ်ားၾကားတြင္ အခ်င္းခ်င္း အတန္းအစားခြဲျခားမႈမရွိပဲ ညီအကို ဟုသာ ေခၚဆို ဆက္ဆံၾကရသည္။
ထိုညီအကိုစနစ္တြင္မွ ေခါင္းေဆာင္အျဖစ္ အႀကီးဆုံးအကိုႀကီး သုံးဉီးက အလုပ္သမားေရးရာမ်ားကို အုပ္ခ်ဳပ္သည္။
အႀကီးဆုံးအကိုႀကီးကို တာရဲ (Ta – yeh) ဟုေခၚၿပီး ေဘာ္တြင္းကိစၥႀကီးငယ္အားလုံးကို စီမံခန႔္ခြဲရသည္။ အကိုႀကီးသုံးဉီးတြင္ တာရဲ ရာထူးသည္ ဩဇာအႀကီးဆုံး။
ဒုတိယေခါင္းေဆာင္ကို အယ့္ရဲ (Esh – yeh) ဟုေခၚဆိုၿပီး ေဘာ္တြင္းလုပ္သားမ်ား၏ လုပ္ငန္းခြင္ဆိုင္ရာ ႀကီးၾကပ္မႈမ်ားကို ကိုင္တြယ္ရသည္။
တတိယေခါင္းေဆာင္မွာ စန္းယယ္(San-yeh) ဟု ေခၚၾကၿပီး ေဘာ္တြင္းအလုပ္သမ်ားမ်ားႏွင့္ ျပင္ပအုပ္စုမ်ား အျငင္းပြားမႈ၊ ခိုက္ရန္ျဖစ္မႈမ်ားေပၚေပါက္ခဲ့လ်င္ စန္းယယ္က ဉီးေဆာင္ကာ တိုက္ပြဲဝင္ရသည္။
ယခုေတာ့ ေခါင္းေဆာင္သုံးဉီးလုံး ထူးထူးျခားျခား ေတြ႕ဆုံေနၾကၿပီျဖစ္သည္။
အႀကီးဆုံးေခါင္းေဆာင္ တာရဲမွာ ဝူရွန္ရွိန္ ျဖစ္သည္။ ေျခပုက်ား ဟူေသာ သူ႔အမည္ေျပာင္ျဖင့္ တြဲဖက္ကာ သူ႔အား အိုင္တာရဲ ဟု ေခၚၾကသည္။
ဝူရွန္ရွိန္သည္ အရပ္ပုပု၊ ေထာင္တက္ေနေသာ ႏႈတ္ခမ္းေမႊးအရွည္ႏွင့္ ရက္စက္တတ္သည့္ ဥပဓိ႐ုပ္ပိုင္ရွင္ျဖစ္သည္။
၁၇၄၅ ခုႏွစ္တြင္ ယူနန္ျပည္နယ္၊ ရွီရ္ဖင္နယ္မွ ေျခသလုံးအိမ္တိုင္တစ္ဉီးဘဝျဖင့္ “ဝ”ေတာင္တန္းရွိ ေဘာ္တြင္းမ်ားဆီသို႔ သူေရာက္ရွိလာခဲ့သည္။
ေဘာ္တြင္းတြင္ ေခါင္းပုံျဖတ္မႈမ်ား၊ အႏိုင္က်င့္မႈမ်ား၊ တိုက္ခိုက္မႈမ်ားႏွင့္အတူ ဝူရွန္ရွိန္မွာ ေျခပုက်ား အမည္ႏွင့္ လူမိုက္ေခါင္းေဆာင္တစ္ဉီးျဖစ္လာခဲ့သည္။
သူ၏ ဩဇာအာဏာမွာ တ႐ုတ္ေဘာ္တြင္းကုန္သည္မ်ား၊ လုပ္သားမ်ားမွတဆင့္ ရွမ္းျပည္အတြင္းတြင္ရွိေသာ နမၼတူေဘာ္တြင္းအထိပါ ျဖန႔္က်က္ႀကီးစိုး လာႏိုင္ခဲ့၏။
ေနာက္ပိုင္းႏွစ္မ်ားတြင္ က်ိဳးခ်ီက်ိဳး (Tsou Chi Chou) ဆိုသည့္ ေဘာ္တြင္းကုန္သည္တစ္ဉီးက သူ၏ ဩဇာအာဏာကို စတင္ ယွဥ္ၿပိဳင္လာခဲ့သည္။
လြန္ခဲ့သည့္ႏွစ္က..က်ိဳးခ်ီက်ိဳးသည္ ေကြ႕လူမ်ိဳးမ်ားႏွင့္ ပူးေပါင္းကာ ရွမ္းျပည္အတြင္းရွိ နမၼတူေဘာ္တြင္းကို သိမ္းပိုက္ခဲ့သည္။
ဝူရွန္ရွိန္ ေခၚ အိုက္တာရဲ ကလည္း ေမာက္လုပ္ေဘာ္တြင္းမွ က်ိဳးခ်ီက်ိဳး၏ အက်ိဳးစီးပြားမွန္သမွ်ကို ဖ်က္ဆီးပစ္သည္။
မၾကာမီတြင္ အိုက္တာရဲဂိုဏ္းႏွင့္ က်ိဳးခ်ီက်ိဳးဂိုဏ္းသားတို႔၏ ေဘာ္တြင္းနယ္ေျမလုစစ္ပြဲႀကီး ျဖစ္ပြားေတာ့သည္။
ယူနန္ဘုရင္ခံက အေျခအေနကို ၿငိမ္ေအာင္ထိန္းသိမ္းၿပီးေနာက္ ျပႆနာျဖစ္ပြားရာ ေဘာ္တြင္းမ်ားကို ေခတၱပိတ္သိမ္းခဲ့သည္။
ထိုအေျခအေနတြင္ အလုပ္လက္မဲ့ျဖစ္ေနေသာ ေဘာ္တြင္းအလုပ္သမား တစ္ေထာင့္ႏွစ္ရာေက်ာ္အတြက္ အိုက္တာရဲ ႏွင့္ ေနာက္ထပ္ေခါင္းေဆာင္ႏွစ္ဉီးျဖစ္ေသာ စြန္းအိုက္လန္၊ စြန္းလန္တဲ ညီေနာင္ တို႔ စည္းေဝးေနၾကျခင္းျဖစ္သည္။
“အကိုႀကီး ယူနန္ဘုရင္ခံ ဆီ တိုက္႐ိုက္ဝင္ေတြ႕ၾကည့္ပါလား”
“ငါ ႀကိဳးစားၿပီးၿပီ..အိုက္လန္၊ ဘုရင္ခံ က က်ိဳးခ်ီက်ိဳး ကို ဖမ္းထားၿပီး ငါ့ကို လႊတ္ေပးထားတာကိုေတာင္ သူ႔ကို ေက်းဇူးတင္သင့္ေနၿပီလို႔ေျပာတယ္..မျဖစ္ႏိုင္ဘူး”
“ဒါဆို ကြၽန္ေတာ္တို႔ ဘာဆက္လုပ္ၾကမလဲ..အကိုႀကီး...အလုပ္သမားေတြကလည္း ၾကာၾကာစုစည္းထားလို႔ရမွာမဟုတ္ဘူး...နယ္ေျမသစ္ရွာၾကမလား”
အိုက္တာရဲ က ဘိန္းထည့္ထားသည့္ ေျပာင္းတံေလးကို စားပြဲေပၚတြင္ ေခါက္ခ်လိုက္သည္။
ဘိန္းေခ်းအမႈန႔္မ်ား က စားပြဲေပၚတြင္ ျပန႔္က်ဲသြား၏။
“ဒီဘိန္းေတြ ဘယ္ကလာသလဲ..သိလား”
စြန္းညီေနာင္က ေခါင္းခါလိုက္သည္။
“အာရပ္ကုန္သည္ေတြက မုတၱမပင္လယ္ေကြ႕ဆိပ္ကမ္းေတြျဖစ္တဲ့ ပဲခူး၊ မုတၱမကို သယ္လာၾကတယ္..အဲ့ဒီကတဆင့္ အင္းဝကို ေရာက္တယ္..အင္းဝက တဆင့္ ဒီ ေတာင္တန္းေပၚ ေရာက္လာတယ္”
“အဲ့ဒါနဲ႔ ကြၽန္ေတာ္တို႔ ကိစၥဘာမ်ား ဆိုင္လဲ..အကိုႀကီး”
“အင္းဝ ဟာ သိပ္ခ်မ္းသာတဲ့ ႏိုင္ငံ ၊ အင္းဝဘုရင္မွာ ေ႐ႊေတြ၊ ေငြေတြ၊ ရတနာေတြ၊ ဆင္ေတြ အမ်ားႀကီးရွိတယ္..ဒါေပမယ့္..သူ႔မွာ လက္ရွိ အၾကပ္အတည္းေတြအမ်ားႀကီး ႀကဳံေနတယ္..ပုန္ကန္မႈေတြႀကဳံေနရတယ္... သူက သူ႔အတြက္ အားကိုးရမယ့္ မဟာမိတ္ႏိုင္ငံႀကီးေတြ ကို မိတ္ေဆြဖြဲ႕ဖို႔ ႀကိဳးစားေနတယ္....ငါရထားတဲ့ သတင္းတစ္ခုအရ...အင္းဝက လႊတ္လိုက္တဲ့ သံကိုယ္စားလွယ္အဖြဲ႕ကို ပီကင္းဧကၠရာဇ္က လက္မခံပဲ ဝင္ခြင့္မေပးဘူးတဲ့....သူတို႔ ရွမ္းျပည္ထဲက မိုင္းကိုင္မွာ ေသာင္တင္ေနၾကတယ္”
“အဲ့ဒါလည္း ကြၽန္ေတာ္တို႔နဲ႔ မဆိုင္ဘူးေလ..အကိုႀကီး”
အိုက္တာရဲ က အငယ္ေကာင္စြန္းလန္တဲကို ခပ္တင္းတင္းစိုက္ၾကည့္လိုက္သည္။
စြန္းလန္တဲက ေခါင္းငုံ႔သြား၏။
“အင္းဝဘုရင္ဟာ ပီကင္းနန္းေတာ္ နဲ႔ အဆက္အသြယ္ရခ်င္ေနတာေသခ်ာတယ္...ဒီေတာ့...အင္းဝ နဲ႔ ပီကင္းၾကား...ငါတို႔ ကုလားဖန္ထိုးႏိုင္ရင္ အက်ိဳးအျမတ္ေကာင္းေကာင္းရမယ္...ကံေကာင္းရင္..ပီကင္း နန္းေတာ္ကပါ ..ငါတို႔ကို ဒီနယ္ေျမ အပိုင္ေပးႏိုင္တယ္...ဒါမွမဟုတ္ရင္လည္း...အင္းဝပိုင္ ရွမ္းနယ္ထဲက ေဘာ္တြင္းေတြကို အင္းဝဘုရင္ နဲ႔ ပူးေပါင္းၿပီး ငါတို႔လက္ျပန္ရေအာင္ လုပ္ႏိုင္မယ္”
“အကိုႀကီး..ေျပာတာ..ကြၽန္ေတာ္ သေဘာေပါက္လာၿပီ...ဒါေပမယ့္..ပီကင္းနန္းေတာ္နဲ႔ ခ်ိတ္ဆက္ဖို႔ဆိုတာက”
“ငါေျပာတာသာ နားေထာင္....ေလာေလာဆယ္ငါတို႔ လုပ္ရမွာက ဗမာစကားေရာ၊ တ႐ုတ္စကားေရာ ကြၽမ္းက်င္တဲ့သူတစ္ေယာက္ကိုရွာရမယ္...ၿပီးရင္ ဧကၠရာဇ္ခ်န္လုံက ေရးတယ္ဆိုတဲ့ သဝဏ္လႊာအတု တစ္ေစာင္အျမန္ေရးရမယ္...ၿပီးရင္ ပီကင္းနန္းေတာ္က သံတမန္တစ္ေယာက္အေနနဲ႔...ငါတို႔လူေတြကို ေခၚၿပီး အင္းဝကို သြားၾကမယ္”
အိုက္တာရဲ စကားေၾကာင့္ စြန္းညီအကိုမွာ ထိတ္လန႔္သြားၾကေတာ့သည္။
“ျဖစ္ပါ့မလား...အကိုႀကီး..အင္းဝသြားၿပီး ကြၽန္ေတာ္တို႔က ဘာဆက္လုပ္ရမွာလဲ”
“ငါတို႔ က ပီကင္းသံတမန္ေတြအေနနဲ႔..ဒီကေန လက္ေဆာင္နည္းနည္းဝယ္သြားမယ္..သဝဏ္လႊာအတုနဲ႔ အင္းဝဘုရင္ဆီ ဝင္ၾကမယ္..အင္းဝ ဘုရင္က ဧကၠရာဇ္အတြက္ အဖိုးတန္လက္ေဆာင္ေတြ အမ်ားႀကီး ျပန္ေပးမွာ ေျမႀကီးလက္ခတ္မလြဲပဲ”
“အဲ့ဒီ လက္ေဆာင္ေတြနဲ႔ အကိုႀကီးက ပီကင္းနန္းေတာ္ကို ျပန္ဝင္မယ္လို႔ ဆိုလိုတာလား”
“ဒါေတြက ေနာက္မွ မင္းတို႔ သိလာလိမ့္မယ္...ေလာေလာဆယ္..အေရးႀကီးတာက...ဗမာလိုေရာ တ႐ုတ္လိုပါ ေရးတတ္ ေျပာတတ္တဲ့ လူတစ္ေယာက္ မင္းတို႔ အျမန္ရွာရမယ္”
“ရွာစရာမလိုပါဘူး...ကြၽန္ေတာ္တို႔ဆီမွာ ရွိပါတယ္”
“ဘယ္သူလဲ”
“မႏွစ္ကမွ နမၼတူေဘာ္တြင္းက ထြက္ေျပးလာတဲ့..ငထြန္းေလ”
ခက္ေဇာ္
ကလိပီး
ReplyDeleteDone🐬🐬🐬
ReplyDelete၊again🐬🐬🐬
DeleteGood
ReplyDeleteDone 🍀
ReplyDeleteBe like ငတွန် 👍
Done 💪
ReplyDelete🖤
ReplyDeleteClicked✅
ReplyDelete👌
ReplyDeleteDone 🤍
ReplyDeleteစာအုပ်မဝယ်နိုင်လို့လောင်နေရင်းကလစ်သွားသည်
ReplyDelete