AVA 1740s (S2) (အခန်း ၂၇)

AVA 1740s (Season 2)

                                                                       အခန်း(၂၇)

                                                             ......................................................

“စစ်ကူ...ဟုတ်လား...မောင်သာလှ..ငါကိုယ်တော်က မောင်မင်းကို စစ်ကူပေးရမယ်ပေါ့”

အယုဒ္ဓယဘုရင် ဖရာ့ဘိုရိုမောင်ကွတ် (Phra Chao Yu Hua Borommakot) ၏ အသံတွင် လှောင်ရယ်သံစွက်နေ၏။

သမိန်ထော က ဘိုရိုမောင်ကွတ် ၏ ပလ္လင်ရှေ့တွင် မတ်တပ်ရပ်လျက်။

“မောင်မင်း ဟံသာဝတီရှင်ဘုရင်ဖြစ်စဉ်က ...ငါကိုယ်တော်ဆီကို မဟာမိတ်အဖြစ် ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ..သဝဏ်လွှာပါးခဲ့ဖူးသလဲ”

“ကျုပ်...ယောက္ခမတော်လန်ဖုံးစားကတဆင့် အဆွေတော်အယုဒ္ဓယဘုရင်ဆီ ဆက်သွယ်ဖို့ ကြိုးစားခဲ့ပါသေးတယ်”

ဖရာ့ဘိုရိုမောင်ကွတ် က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

“ဟုတ်ပါပြီလေ...အခုရော...မောင်သာလှ က ဟံသာဝတီရှင်ဘုရင်အဖြစ်နဲ့ ဒီကိုလာတာလား”

သမိန်ထော က ခေါင်းကိုငုံ့ထားလိုက်သည်။

“ငါကိုယ်တော်က အယုဒ္ဓယပြည့်ရှင်မင်းနော်..ထီးဆောင်းမင်း..အခု မောင်သာလှ နဲ့ ငါကိုယ်တော်က ထီးဆောင်းမင်းအချင်းချင်း ဆက်ဆံရေးမျိုးနဲ့ ဆက်ဆံနေတာ တော်သင့်ရဲ့လားဆိုတာ စဉ်းစားမိရဲ့လား”

“ကျုပ်က အခုအချိန်အထိ ဟံသာဝတီရဲ့ တရားဝင်ဘုရင်ပါပဲ...ကျုပ်ဟာ ညောင်ရမ်းမင်းဆက်ရဲ့ တော်ဝင်သွေးသား...ဟံသာဝတီရဲ့ တရားဝင်ဘုရင်..ဟိုလူယုတ်မာ အောင်လှက ကျုပ်ရဲ့ ထီးနန်းကို..မတရား”

ဖရာ့ဘိုရိုမောင်ကွတ် က လက်ကာပြလိုက်သည်။

“အယုဒ္ဓယဘုရင်ရဲ့ရှေ့မှာ သာမန်အရပ်သားတစ်ယောက်က ဒူးမထောက်..လက်အုပ်မချီပဲ စကားပြောနေတာဟာ..အယုဒ္ဓယထီးနန်းကို စော်ကားနေတာနဲ့အတူတူပဲနော်..မောင်သာလှ”

“ကျုပ်က ရှင်ဘုရင်ပါ..အရပ်သားမဟုတ်ဘူး”

ဖရာ့ဘိုရိုမောင်ကွတ်က အသံထွက်အောင် ရယ်လိုက်သည်။ ထို့နောက် နဘေးမှ မိဖုရားတစ်ပါးကို အချက်ပြလိုက်၏။

မိဖုရားက ရေတကောင်းထဲမှ ရေကို ငှဲ့ကာ ခွက်ဖြင့် ဆက်သလိုက်သည်။

ဖရာ့ဘိုရိုမောင်ကွတ်က ရေကို မော့သောက်လိုက်ပြီး...

“အင်း..စကားပြောရတာ..တယ်မောတာပဲ..ဒီမယ်..မောင်သာလှ...မောင်မင်း ရဲ့ အချိန်တွေ ကုန်ဆုံးသွားပါပြီ..အယုဒ္ဓယနန်းတော် အနေနဲ့လည်း ဟံသာဝတီရဲ့ပလ္လင်ပေါ်မှာ လက်ရှိရှိနေတဲ့ ဘုရင် နဲ့ ဆက်ဆံရေးပျက်ပြားမှာပဲ ပိုအလေးထားရမှာပါ..ဒီတော့...အယုဒ္ဓယမြေက မောင်မင်းကို မကြိုဆိုနိုင်ပါဘူး”

ဖရာ့ဘိုရိုမောင်ကွတ်က သမိန်ထောနှင့် မွန်စကားဖြင့် အပြန်အလှန်ပြောနေရာမှ သူ၏ အမတ်များကို ထိုင်းဘာသာဖြင့် အမိန့်ပေးလိုက်သည်။

သမိန်ထော၏ ဘေးနှစ်ဖက်သို့ နန်းစောင့်စစ်သည်နှစ်ဉီးက ဝင်ရောက်ချုပ်ကိုင်လိုက်၏။

“မင်းတို့ ဘာလုပ်ကြတာလဲ..မင်းတို့ ဘာလုပ်ကြတာလဲ”

နောက်ထပ် စစ်သည်တစ်ဉီးက သမိန်ထော၏ ခြေထောက်နှစ်ဖက်ကို သံခြေကျင်းဖြင့် ခတ်လိုက်သည်။

မွန်လူမျိုးအမတ်ကြီးတစ်ဉီးက သမိန်ထော၏ ဘေးတွင် မတ်တပ်လာရပ်သည်။

“အရှင့် ကို...အယုဒ္ဓယက နယ်နှင်ဒဏ်ပေးလိုက်ပါပြီ”

“ကျုပ်က ဘယ်သွားရမှာလဲ..ကျုပ် ဇင်းမယ်ကို ပြန်မယ်..ကျုပ် မယားနှင်းသီရိကို ခေါ်ရဉီးမယ်လေ”

အမတ်ကြီးက ခေါင်းခါလိုက်သည်။

“ဘုရင်ကြီးရဲ့ အမိန့်က ဒီနေ့အပြီးဆောင်ရွက်ဖို့ ပါပါတယ်...သည်းခံပါအရှင်...ဒီညနေပဲ..တရုတ်သင်္ဘောတစ်စီးနဲ့ အရှင်လိုက်သွားရပါမယ်”

“ကျုပ်..ဘယ်ကို လိုက်သွားရမှာလဲ”

“အယုဒ္ဓယပိုင်နက်ကလွဲလို့ သင်္ဘောကမ်းကပ်တဲ့ ဘယ်ဆိပ်ကမ်းမဆို..ဆင်းနေနိုင်ပါတယ်...လမ်းမှာ သုံးစွဲဖို့အတွက်လည်း ရွှေသားအချို့ ထည့်ပေးလိုက်မှာပါ”

“ဘာ..ကွ..ငါ့ကို ဇင်းမယ်ပြန်ပို့ပေး...နှင်းသီရိစိတ္တာဆီ.ပြန်ပို့ပေး..ဒီခြေကျင်းတွေ ဖြုတ်ပေးစမ်း”

“ခွင့်လွှတ်ပါအရှင်...အယုဒ္ဓယဘုရင်မင်းမြတ်ရှေ့မှာ ဒူးထောက်လက်အုပ်မချီပဲ ခစားတဲ့ အရပ်သားတစ်ယောက်ကို ခြေလက်ဒူးတွေဖြတ်ပစ်ဖို့အထိ အမိန့်ပေးလို့ရပါတယ်..အခုတော့ ဘုရင်ကြီးက မေတ္တာရှေ့ထားပြီးတော့ သံခြေကျင်းခတ်လောက်ပဲ အပြစ်ပေးဖို့ အမိန့်ရှိလာတာပါ..သည်းခံပါ”

သမိန်ထောက အော်ဟစ်ရုန်းကန်လျက် အစောင့်များလက်တွင် ပါသွားတော့သည်။

...............................................................................................................

“အဲ့ဒီတော့...သူဘယ်ရောက်သွားတယ်တဲ့လဲ”

ဂမုန်း ၏ လေသံက အနိမ့်အမြင့်မရှိ ပကတိ။

တလပန်း က သက်ပြင်းချလိုက်သည်။

“တရုတ်သင်္ဘောက သူ့ကို အာနန် (တောင်ဗီယက်နမ်) ဆိပ်ကမ်းမှာ ချပေးခဲ့တယ်တဲ့...အဲ့ဒီကစပြီး သတင်းအစအန မရတော့ဘူး”

“ရှင်က ဒီသတင်းကို ဘယ်ကနေ ဘယ်လိုရတာလဲ..တလပန်း”

“အယုဒ္ဓယ နဲ့ မုတ္တမ ကြားမှာ သတင်းစကားအဆက်အသွယ်တွေရှိနေတာပဲ...စစ်သူကြီးတစ်ယောက်အနေနဲ့ ဒီလိုသတင်းတွေ ရဖို့က လွယ်တယ်လေ..ဂမုန်း”

ဂမုန်းက အချိန်အကြာကြီး တိတ်ဆိတ်နေသည်။

ဆည်းလည်းသံတချွင်ချွင်များသာ မောဓောစေတီရင်ပြင်ကို လွှမ်းခြုံထား၏။

“ကျွန်တော် ဒီအကြောင်းတွေ ပြောလိုက်လို့ .စိတ်မကောင်းဖြစ်သွားတာလား..ဂမုန်း”

“ဟင်အင်း..”

“ဒါဆို ဘာလို့ တိတ်ဆိတ်သွားတာရတာလဲ”

“ကျွန်မ စဉ်းစားနေတာ..သူ့အကြောင်းကိုတော့ ကျွန်မ သိချင်မိတာ အမှန်ပဲ..ဒါပေမယ့်..သူအခုလို ဖြစ်တယ်ကြားတော့ ကျွန်မ ဘာမှ ထူးထူးခြားခြားမခံစားရဘူးဖြစ်နေတယ်...တကယ်ဆို..ကျွန်မ သူ့ကို ငယ်ငယ်လေးကတည်းက သိပ်ချစ်ခဲ့တာ..အခုလိုမျိုး သူဒုက္ခရောက်နေတယ်..ဒီနိုင်ငံကိုပြန်လာဖို့လည်း ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး ဆိုတာ ကို သိနေတာတောင် ကျွန်မ ဘာမှ မခံစားရဘူး..ကျွန်မ ဘာဖြစ်နေတာလဲ...ကျွန်မကိုယ်ကျွန်မ စဉ်းစားနေတာပါ..တလပန်း”

“ဂမုန်း သူ့ကို တကယ်မချစ်ခဲ့လို့ပေါ့”

တလပန်းက ဂမုန်း၏ နားသယ်စပ်မှ မွှေးညှင်းနုနုလေးများကို ငေးရင်း ပြောလိုက်သည်။

“ကျွန်တော်ကတော့..ဂမုန်းကို တကယ်ချစ်တယ်”

တလပန်းက ဂမုန်း၏ လက်ဖဝါးကို ဆုပ်ကိုင်လိုက်သည်။

ဂမုန်းက တလပန်း၏ လက်ကို ရုန်းကာ ထ လိုက်၏။

“မိန်းမစိုးတွေ..သက်တော်စောင့်တွေ မြင်ရင်...ရှင် အသတ်ခံနေရမယ်...တလပန်း”

“ဘယ်တတ်နိုင်ပါ့မလဲ..ဂမုန်း..ကျွန်တော်က ဘုရင့်သမီးတော်ကိုမှ ချစ်မိတာကိုး...သေမယ်ဆို သေရဲရမှာပေါ့..ထိပ်ထားရယ်”

“အင်း..သေရဲတယ်ဆိုရင်လည်း..ကြည့်ကြသေးတာပေါ့...အရီးတော်တို့..မိန်းမစိုးတို့..လာကြဉီး”

ဂမုန်း၏ က အသံခပ်ကျယ်ကျယ်ဖြင့် လှမ်းခေါ်လိုက်၏။

ခပ်လှမ်းလှမ်းမှ စောင့်ကြည့်နေသော မိန်းမစိုးများ၊ အဲမောင်းကိုင် စစ်သည်များက အနီးသို့ အပြေးအလွှားရောက်လာကြသည်။

“ခေါင်ခေါင်လေးဘုရား...အရေးထူးများရှိနေပါသလား”

“ဘာမှ မဟုတ်ဘူး...အရီးတော်တို့....ခေါင်ခေါင် ခုနက ဘုရားအတက်မှာ သစ်ခွလှလှလေးတွေ ရောင်းတာတွေ့ခဲ့တယ်...အရီးတော်တို့ သွားဝယ်ပေးကြချေ...ခေါင်ခေါင် ဒီကပဲ စောင့်မယ်..ပြီးရင် နန်းတော်ကို ပြန်ဖို့ ဝေါပြင်ထားကြ”

မိန်းမစိုးများက လက်အုပ်ချီလျက် ခပ်သွက်သွက်ထွက်ခွာသွားကြသည်။

“ကြောက်သွားသလား...စစ်သူကြီးမင်း ရဲ့”

တလပန်းက အပြုံးမပျက်။

“ထိပ်ထား သာ တကယ်သေစေချင်နေတယ်ဆိုရင်..သူတို့ကို‌ ခေါ်စရာမလိုပါဘူး...ဟော့ဒီမှာ ဓါး ရှိတယ်”

“အံမယ်လေး...မထိုးဝံ့ပါဘူးတော်”

“ထိပ်ထားထိုးရင် သွေးတွေပေကုန််မှာစိုးပါတယ်..ကျွန်တော့်ကိုယ်ကျွန်တော်ပဲ..ဟော့ဒီလို”

“မလုပ်နဲ့”

တလပန်း၏ ဓါးရှည်က လေထဲတွင် ရပ်တန့်သွားသည်။

“ချစ်လား”

တလပန်းက မေးလိုက်၏။

ထိပ်ထားက ခေါင်းခါလိုက်သည်။

“မနက်ဖြန်..ပွန်ဒီချယ်ရီကို သံတမန်အဖြစ်သွားတဲ့ လွီဇာတို့ ပြန်လာကြတော့မယ်...ဆိပ်ကမ်းမှာ သူတို့ကို ကြိုဆိုပွဲရှိတာ..သိပြီးမဟုတ်လား...ဂမုန်း”

“အင်း”

“မနက်ဖြန်..သဇင်ပန်း မပန်ပဲ...ခုန ဝယ်ခိုင်းလိုက်တဲ့ သစ်ခွတွေ ပန်ခဲ့နော်”

“ဘာလဲ...ကျွန်မကို ရှင့်လက်အောက်ခံ စစ်သားထင်လို့ အမိန့်ပေးနေတာလား”

“မဟုတ်ပါဘူး..ဘုရင့်သမီးတော် အချစ်ကို အညတရစစ်သားလေးက တောင်းဆိုနေတာပါ”

ဂမုန်းက တခစ်ခစ်ရယ်သည်။

ဘုရားရင်ပြင်တော်ဆီ ဓမ္မစေတီမင်း အလှူတော်ခေါင်းလောင်းကြီးထံမှ ခေါင်းလောင်းသံ က ကျယ်ကျယ်လောင်လောင် မြည်ဟီးသွားတော့၏။

....................................................................................................................................................

၁၇၄၉ ဧပြီလ ၂၁ ရက်။

နာမည်ကျော် ပဲခူးဆိပ်ကမ်း။

ဟံသာဝတီမြို့တွင်းမှ ဆိပ်ကမ်းအထိ လမ်းတလျှောက် ရာဇမတ်ကွက်များ ကာရံထားသည်။

မကြာမီ ဟံသာဝတီဘုရင်ဗညားဒလ သည် ဆင်စီးလျက် ဆိပ်ကမ်းသို့ ထွက်လာပြီဖြစ်သည်။

ဆင်နောက်မှ မိဖုရားများ၊ သားတော်၊ သမီးတော်များ၏ ဝေါယာဉ်များ အသီးသီးလိုက်ပါလာကြ၏။

ပွန်ဒီချယ်ရီရှိ ပြင်သစ်ဘုရင်ခံထံ သွားရောက်တွေ့ဆုံသည့် သံတမန်အဖွဲ့အား ဘုရင်ဗညားဒလ ကိုယ်တိုင် သွားရောက်ကြိုဆိုခြင်းဖြစ်သည်။

ဆိပ်ကမ်းသို့ ရောက်သောအခါ ရှင်ဘုရင်သည် ဆင်ပေါ်မှ ဆင်းလျက် ဝေါယာဉ်ပေါ်သို့ ပြောင်းရွှေ့သည်။

လူရှစ်ယောက်ထမ်းသော ဝေါယာဉ်နှင့်အတူ  သံတမန်နှစ်ဉီးအတွက် နောက်ထပ် ဝေါယာဉ်အလွတ်နှစ်စင်း လည်း လိုက်ပါလာ၏။

ပြင်သစ်ပြည်ဖြစ် ထီးကိုဆောင်းလျက်၊ အထက်တန်းစားအင်းဝသူတို့၏ ဝတ်စုံဖြင့် သင်္ဘောပေါ်မှဆင်းလာသော လွီဇာ ကို မြင်လိုက်သည်နှင့် ဝိုင်းရံကြည့်ရှုနေသူများက အော်ဟစ်လက်ခုပ်တီးကြသည်။

လွီဇာ၏ အနောက်တွင် ကိုဇာနီကော့ဗ်က ရွှေကျင်ခတ်ခေါင်းပေါင်းနှင့် မွန်ဝတ်စုံကို ဝတ်ကာ ဆင်းလာ၏။

ထို့နောက်တွင်တော့ အီတလီဘုန်းတော်ကြီး ဖာသာနာရေနီ နှင့် ဘရာသာအင်ဂျလိုတို့ လိုက်ပါလာကြသည်။

ဗညားဒလက ဝေါယာဉ်ပေါ်မှ ဆင်းကာ မတ်တပ်ရပ်လိုက်သည်။

အခြားမိဖုရား၊ သမီးတော်၊ သားတော်များလည်း အသီးသီး မတ်တပ်ရပ်ကြ၏။

လွီဇာ၊ ကိုဇာနီကော့ဗ် က ရှင်ဘုရင်ရှေ့တွင် ဒူးထောက်လျက် ရှိခိုးလိုက်ကြ၏။ အီတလီဘုန်းတော်ကြီးများကလည်း ဒူးထောက်လျက် ဉီးခေါင်းများကို ညွှတ်ကာ အရိုအသေပေးလိုက်ကြသည်။

“ဒါဟာ စစ်ပွဲတစ်ခု အောင်မြင်ခဲ့တာပဲ..လွီဇာ...မင်းဟာ ငါဖြတ်သန်းခဲ့တဲ့ လမ်းတလျှောက်မှာ အများကြီး ကူညီပေးခဲ့တဲ့ လှေကားတစ်စင်းပါပဲ”

ဗညားဒလက လွီဇာ ၏ ပုခုံးကို ဖေးမထူကာ ခပ်တိုးတိုးပြောလိုက်သည်။

“မင်းတို့ရဲ့ အောင်ပွဲအတွက် ဟံသာဝတီပြည်သူတွေကိုယ်စား အထူးလက်ဆောင်ချီးမြှင့်ဖို့ ငါကိုယ်တော်စီစဉ်ထားပါတယ်...တပင်တိုင်ထိပ်ထားကို အဆင်သင့်ဖြစ်ရင် ကြွလာတော့လို့ သွားလျှောက်ကြချေ”

ဘေးနားမှ အမတ်တစ်ဉီးက ဂမုန်း၏ ဝေါယာဉ်ရှိရာသို့ အပြေးထွက်သွားသည်။

ဂမုန်း က ကတ္တီပါစ အုပ်ထားသည့် လင်ပန်းတစ်ခုကို ကိုင်လျက် ဝေါထဲ မှ ထွက်လာသည်။

သူမ၏ ဉီးခေါင်းထက်တွင် သစ်ခွပန်းပွင့်များ စွင့်စွင့်ငါးငါး။

လွီဇာ ထံသို့ ဂမုန်းက ခပ်ဖြည်းဖြည်း လျှောက်လာသည်။

“မမလွီဇာ...နေကောင်းပါရဲ့နော်”

“နေကောင်းပါတယ်..ထိပ်ထားလေး”

“သွားတာ အကြာကြီးပဲနော်”

လွီဇာက ပြုံးပြလိုက်သည်။

ဂမုန်းက လင်ဗန်းကို လွီဇာထံ ထိုးပေးလိုက်၏။

လွီဇာက ကတ္တီပါစကို လှန်လိုက်သည်။

ပတ္တမြားနီညိုရောင်များဖြင့် ချယ်သထားသည့် နော်ဇာကုံးတစ်ကုံး။

“ဒါက တော်ဝင်မိသားစုတွေကိုမှ ဘုရင်က ချီးမြှင့်တဲ့ ပတ္တမြားနော်ဇာကုံး ပါ..လွီဇာ..မယ်မင်းအတွက် ဟံသာဝတီပြည့်ရှင်ရဲ့ လက်ဆောင်ပါ”

လွီဇာမှာ အံဩမှုကြောင့် ခေတ္တမျှ မှင်သက်နေသည်။

တော်ဝင်နော်ဇောကုံး ကို ရှင်ဘုရင်မှ ချီးမြှင့်ပေးခြင်းသည် တော်ဝင်မိသားစု၏ ခံစားခွင့်များကို တန်းတူပေးခြင်းလည်းဖြစ်၏။

ထို့နောက် လင်ဗန်းပေါ်တွင် ပါရှိသော ရွှေနဖူးစည်းနှင့် ပတ္တမြားလက်စွပ်။

ယင်းကား ကိုဇာနီကော့ဗ်အတွက်။

ဖာသာနာရေနီက ဘုရင့်အနီး သို့ ဒူးထောက်လာပြီး ပါရီမှ မှာယူထားသည့် ရေမွှေးများကို ဆက်သလိုက်သည်။

“နာရေနီ..မောင်မင်းရဲ့ ဟံသာဝတီအပေါ် ကျေးဇူးသစ္စာစောင့်သိမှုများကိုလည်း ငါကိုယ်တော်ကြားသိပြီးပါပြီ.. ဟံသာဝတီမှာ ငါကိုယ်တော်ရဲ့ အာဏာစက် တည်နေသမျှ ကာလပတ်လုံး မောင်မင်းတို့ သာသနာပြုများအပေါ် သံသယမြူတမှုန်မျှ မရှိစေရ၊ မောင်မင်းတို့ရဲ့ သာသနာပြုလုပ်ငန်းများ လွတ်လပ်စွာဟောပြောြဖန့်ဝေခွင့်ပြုပါမယ်..မောင်မင်းတို့ကလည်း ဟံသာဝတီရဲ့ ငြိမ်းချမ်းရေး၊ တိုးတက်ရေးမှာပါဝင်ကူညီကြပါ”

“မှန်ပါ...ဘုရင်မင်းမြတ်ရဲ့ သဘောထားကြီးမြတ်မှုအတွက် အထူးကျေးဇူးတင်ရှိပါတယ်..အမိန့်တော်ကို အမြဲနာခံလျက်ပါ”

“ကဲ..ယာယီတဲကန္နားပေါ်မှာ အစားအသောက်တွေစားရင်း အတွေ့အကြုံတွေ ငါကိုယ်တော်ကို ရွှေနားတော်သွင်းကြစေ ”

အောင်စည်ယွမ်းသံများ က ဆိပ်ကမ်းတစ်လျှောက်မြည်ဟီးသွားသည်။

ဘုရင့်မိဖုရားခေါင်ကြီးက တဲကန္နား ပေါ်မှ အောင်ပွဲအထိမ်းအမှတ်အဖြစ် ပရိသတ်များထံ ပုဆိုး၊ အင်္ကျီနှင့် ငွေစများ ကြဲချကြသည်။

တဲကန္နားအတွင်းဘက်တွင် ဗညားဒလဉီးအောင်လှ၊ အိမ်ရှေ့ဉပရာဇာဘွဲ့ခံ ဉီးအောင်မြ၊ လက်ျာဗိုလ်၊  လွီဇာ နှင့် ကိုဇာနီကော့ဗ် တို့သာ ရှိနေ၏။

ဗညားဒလမှာ နောက်ထပ် မိဖုရားငယ်များနှင့်လည်း သမီးများသာထွန်းကားသဖြင့် ညီဖြစ်သူ ဉီးအောင်မြ ကို အိမ်ရှေ့ဥပရာဇာအဖြစ် ဆက်ခံထားရှိသည်။

“ဒီအတိုင်းဆိုရင် လက်နက်တွေက အရင်ရောက်လာမှာပေါ့..လွီဇာ”

ဉပရာဇာအသံ က တက်ကြွနေသည်။

“နှစ်လလောက်တော့ ကြာပါလိမ့်ဉီးမယ်..အိမ်ရှေ့မင်း”

“အင်းဝ အခြေအနေ အထောက်တော်တွေဆီက ဘာသတင်းများထူးလဲ.. လျှောက်တင်ပါဉီး..လက်ျာဗိုလ်”

“မှန်ပါ..မဏိပူရဘုရင် ဂါရစ်နာဝဇ်က သမီးကညာဆက်ရန် အကြောင်းပြုပြီး အင်းဝ ကို အင်အား နှစ်သောင်းနဲ့ ချီတက်လာနေပါတယ်...လပိုင်းအတွင်း အင်းဝကို ရောက်ဖို့ ရှိပါတယ်....နောက်ထပ် ထူးခြားတာက တရုတ်ပြည်က လွှတ်လိုက်တဲ့ သံတမန်အဖွဲ့တွေကလည်း အခု နယ်စပ်ကို ဖြတ်ကျော်လာနေပါပြီ..အင်အား တစ်ထောင်ကျော်ရှိနေပါတယ်တဲ့..အိမ်ရှေ့မင်း”

တရုတ်သံတမန်ဆိုသော အသံကြားသည်နှင့် ဗညားဒလက မျက်မှောင်ကြုံ့လိုက်သည်။

“ပီကင်းနန်းတော်ကနေ လာကြတာတဲ့လား”

“အဲ့ဒီလို ကြားတာပဲ..ဘုရား”

“ဒါက ဘယ်လိုသဘောဖြစ်နိုင်မလဲ..မနှစ်ကလည်း အယုဒ္ဓယသံတမန်တွေက အင်းဝကို လာသွားသေးတယ်..အခု တရုတ်သံတမန်တွေဆိုတော့”

ဉပရာဇာက လက်အုပ်ချီလိုက်သည်။

“ဒီအတိုင်းသာဆို အင်းဝဟာ အင်အားနည်းနေပေမယ့်....သူ့ရဲ့ မဟာမိတ်အင်အားကို တည်ဆောက်နေပုံပါပဲ..ဘုရား..ကျွန်တော်မျိုးတို့ အချိန်ဆွဲမနေသင့်တော့ပါ...အင်းဝကို သိမ်းပိုက်ဖို့ အထိ စစ်ရေးပြင်သင့်ပါပြီ”

“ပြင်သစ်လက်နက်တွေက နှစ်လကြာဉီးမယ်မို့လား..ဉပရာဇာရဲ့”

“မှန်ပါ...အင်းဝရဲ့ အခြေအနေကို ကျွန်တော်မျိုး သုံးသပ်ပြပါမ့ယ်...ဂါရစ်နာဝဇ်ဟာ သမီးတော်ဆက်သမယ်ဆိုပြီး အင်အားအပြည့်နဲ့ ချီတက်လာတာပါ...ဒါကိုကြည့်ချင်းအားဖြင့် သမီးတော်ကို ဗန်းပြပြီး အခွင့်သာရင် စစ်ထိုးနိုင်ချေရှိတယ်ဆိုတာကို အင်းဝကလည်း တွက်ဆပြီးဖြစ်ပါလိမ့်မယ်...ဒါကြောင့် ကိုသိန်းသခင်ကို အင်းဝမှာပဲ ပြန်ခေါ်ထားပြီး တပ်တွေကိုလည်း အင်းဝပတ်ချာလည်မှာပဲ..အခြေပြုခိုင်းထားတာကို ထောက်လှမ်းသိရှိရပါတယ်...ကွေ့ဂုဏ္ဏအိမ်ဆီကလည်း ဟံသာဝတီကို ဆက်သွယ်လာတဲ့စာအရ ...မိုးကုန်တာနဲ့ အင်းဝပတ်ဝန်းကျင်ကို ကွေ့တွေ ထပ်တိုးပြီး တိုက်ကြပါလိမ့်မယ်”

“ကွေ့တွေက လာဆက်သွယ်တာလား..အိမ်ရှေ့မင်း”

လွီဇာက ဉပရာဇာကို မေးလိုက်သည်။

“ဟုတ်တယ်..လွီဇာ...ဂုဏ္ဏအိမ်က ဟံသာဝတီကို မဟာမိတ်ပြုဖို့ ထပ်ကမ်းလှမ်းလာတာကို ကျုပ်တို့ လက်ခံလိုက်တယ်....အင်းဝကို ဟံသာဝတီက တိုက်တဲ့အခါ ကွေ့တွေဘက်ကလည်း ထကြွပေးလိမ့်မယ်..အင်းဝကို အလိုတော်ပြည့်တဲ့အခါ ကွေ့တွေအတွက် မတ္တရာအုတ်ဖိုကနေ ရှမ်းကုန်မြင့်အထိ အပိုင်စားပေးဖို့ အရှင်မင်းမြတ်ကလည်း လက်ခံသဘောတူလိုက်တယ်”

သလွန်ပေါ်မှ ဗညားဒလကလည်း ခေါင်းညိတ်ပြလိုက်သည်။

“ဒါကြောင့် ဒီမိုးတွင်းမှာ ရိက္ခာလက်နက်တွေကို စုဆောင်းရတော့မယ်..မိုးကုန်တာနဲ့ အင်းဝကို စစ်ထိုးတာဟာ အသင့်တော်ဆုံးပဲ...လွီဇာတို့ ပြောခဲ့တဲ့ ပြင်သစ်လက်နက်တွေသာ..ရပါစေ”

“စိတ်ချပါ..မကြာခင်..မွန်စီယာဘရူနိုလည်း ဟံသာဝတီကို လိုက်လာပါလိမ့်မယ်”

“ဒါနဲ့..တလပန်းရော..အခစားမဝင်သေးပါလား..လက်ျာဗိုလ်..တလပန်းကို ကိုယ်တော်ဆီ ခစားရမယ်လို့ ပြောခိုင်းလိုက်တယ်လေ”

လက်ျာဗိုလ်က လက်အုပ်ချီလျက် နှုတ်ဆိတ်နေ၏။

ဗညားဒလက လက်ျာဗိုလ်နှင့် ဉပရာဇာတို့၏ မျက်နှာများကို အကဲခတ်လိုက်သည်။

“ဘာဖြစ်နေကြတာလဲ..တလပန်း တစ်ခုခုဖြစ်လို့လား”

ဉပရာဇာက လွီဇာနှင့် ကိုဇာနီကော့ဗ် တို့ကို တချက်ကြည့်လိုက်သည်။

“လွီဇာကတော့ ငါကိုယ်တော် မိသားစုဝင်လို့ပဲ သတ်မှတ်ထားတယ်..ကိုဇာနီကော့ဗ် အပြင် ထွက် ခစားပါ”

ကိုဇာနီကော့ဗ်က အပြင်သို့ ထွက်သွားသည်။

“ကဲ...မင်းမှာ လျှောက်တင်စရာရှိတယ်ထင်တယ်..ဉပရာဇာ..လျှောက်စေ”

“မှန်ပါ...ရှေ့မျက်နှာနောက်ထား..လျှောက်ထားအပ်ပါတယ်...စစ်သူကြီးတလပန်း ဟာ သမီးတော်တပင်တိုင်မင်းသမီးနဲ့ ရည်ငံ့နေတယ်လို..နန်းတော်တွင်း သတင်းတွေ ထွက်ပေါ်နေပါတယ်.. အခုလည်း အပြင်တဲကန္နားပေါ်မှာ သမီးတော်နဲ့အတူ ရှိနေပါတယ်”

“ဟေ”

ဗညားဒလ က အနည်းငယ်တွေဝေသွားသည်။

“အရှင်မင်းမြတ်အနေနဲ့ အခုကတည်းက ဒီကိစ္စ ကို စဉ်းစားဆင်ခြင်သင့်ပါတယ်”

“ငါက ဘာစဉ်းစားရမှာလဲ..ညီတော်ဉပရာဇာရဲ့..ငါ့သမီးငယ်လေးဟာ ငါ့ကြောင့် အိမ်ထောင်ရေးကံမကောင်းခဲ့ရှာဘူး...အခုလည်း...သူ့ဘက်က လိုလိုလားလားရှိခဲ့ရင်..တလပန်းလို လူကို ငါက ဘောက်မဲ့ကြောင့် သဘောမတူနိုင်ရမှာလဲ”

“ဒါပေမယ့်...”

“တော်တော့..ဥပရာဇာ...အဲ့ဒီကိစ္စထားလိုက်တော့...ငါတို့ အင်းဝ စစ်ရေးကိစ္စ ဆက်ဆွေးနွေးရအောင်”

ရှင်ဘုရင်နှင့် ညီတော်အိမ်ရှေ့စံအခြေအနေကို လွီဇာက နားစွင့်ရင်း တစုံတရာကို တွေးတောမိနေတော့သည်။

 
ခက်ဇော်


(မြိုင်သာရိပ်ခို၊ ရွှေကျေးညိုတို့၊ လူလိုလျှောက်ပတ်၊ သင်လျှင်တတ်၍၊ လူဇာတ်ပျော်ရွှင်၊ အကျုံးဝင်သို့၊ ထိုတွင်ဖောက်ပြန်၊ တဖက်ရန်ကို၊ ကျမ်းဂန်နှီးနွယ်၊ ပရိယာယ်ဖြင့်၊ စစ်ဆင်ကြသည်၊ သုဝဗျူဟာ၊ ရှေ့ထုံးလာ၏။ ဗျူဟစက္ကိပျို့)

အသိတရာမရှိသည့် ကျေးငှက်တိရိစ္ဆာန်တို့ကို စကားသင်၍ လူ့ဇာတ်ဝင်စေသကဲ့သို့ အသိအဉာဏ်ကင်းမဲ့သော တစ်ဖက်ရန်သူကိုလည်း သက်သေသကာယ၊ ကျမ်းဂန်စာပေများဖြင့် စည်းရုံးယဉ်ပါးကာ ကိုယ့်ဘက်ပါစေခြင်းသည် သုဝဗျူဟာ။

(Zawgyi)
AVA 1740s (Season 2)

                                                                       အခန္း(၂၇)

                                                             ......................................................

“စစ္ကူ...ဟုတ္လား...ေမာင္သာလွ..ငါကိုယ္ေတာ္က ေမာင္မင္းကို စစ္ကူေပးရမယ္ေပါ့”

အယုဒၶယဘုရင္ ဖရာ့ဘို႐ိုေမာင္ကြတ္ (Phra Chao Yu Hua Borommakot) ၏ အသံတြင္ ေလွာင္ရယ္သံစြက္ေန၏။

သမိန္ေထာ က ဘို႐ိုေမာင္ကြတ္ ၏ ပလႅင္ေရွ႕တြင္ မတ္တပ္ရပ္လ်က္။

“ေမာင္မင္း ဟံသာဝတီရွင္ဘုရင္ျဖစ္စဥ္က ...ငါကိုယ္ေတာ္ဆီကို မဟာမိတ္အျဖစ္ ဘယ္ႏွစ္ႀကိမ္ ဘယ္ႏွစ္ခါ..သဝဏ္လႊာပါးခဲ့ဖူးသလဲ”

“က်ဳပ္...ေယာကၡမေတာ္လန္ဖုံးစားကတဆင့္ အေဆြေတာ္အယုဒၶယဘုရင္ဆီ ဆက္သြယ္ဖို႔ ႀကိဳးစားခဲ့ပါေသးတယ္”

ဖရာ့ဘို႐ိုေမာင္ကြတ္ က ၿပဳံးလ်က္ ေခါင္းညိတ္လိုက္သည္။

“ဟုတ္ပါၿပီေလ...အခုေရာ...ေမာင္သာလွ က ဟံသာဝတီရွင္ဘုရင္အျဖစ္နဲ႔ ဒီကိုလာတာလား”

သမိန္ေထာ က ေခါင္းကိုငုံ႔ထားလိုက္သည္။

“ငါကိုယ္ေတာ္က အယုဒၶယျပည့္ရွင္မင္းေနာ္..ထီးေဆာင္းမင္း..အခု ေမာင္သာလွ နဲ႔ ငါကိုယ္ေတာ္က ထီးေဆာင္းမင္းအခ်င္းခ်င္း ဆက္ဆံေရးမ်ိဳးနဲ႔ ဆက္ဆံေနတာ ေတာ္သင့္ရဲ႕လားဆိုတာ စဥ္းစားမိရဲ႕လား”

“က်ဳပ္က အခုအခ်ိန္အထိ ဟံသာဝတီရဲ႕ တရားဝင္ဘုရင္ပါပဲ...က်ဳပ္ဟာ ေညာင္ရမ္းမင္းဆက္ရဲ႕ ေတာ္ဝင္ေသြးသား...ဟံသာဝတီရဲ႕ တရားဝင္ဘုရင္..ဟိုလူယုတ္မာ ေအာင္လွက က်ဳပ္ရဲ႕ ထီးနန္းကို..မတရား”

ဖရာ့ဘို႐ိုေမာင္ကြတ္ က လက္ကာျပလိုက္သည္။

“အယုဒၶယဘုရင္ရဲ႕ေရွ႕မွာ သာမန္အရပ္သားတစ္ေယာက္က ဒူးမေထာက္..လက္အုပ္မခ်ီပဲ စကားေျပာေနတာဟာ..အယုဒၶယထီးနန္းကို ေစာ္ကားေနတာနဲ႔အတူတူပဲေနာ္..ေမာင္သာလွ”

“က်ဳပ္က ရွင္ဘုရင္ပါ..အရပ္သားမဟုတ္ဘူး”

ဖရာ့ဘို႐ိုေမာင္ကြတ္က အသံထြက္ေအာင္ ရယ္လိုက္သည္။ ထို႔ေနာက္ နေဘးမွ မိဖုရားတစ္ပါးကို အခ်က္ျပလိုက္၏။

မိဖုရားက ေရတေကာင္းထဲမွ ေရကို ငွဲ႔ကာ ခြက္ျဖင့္ ဆက္သလိုက္သည္။

ဖရာ့ဘို႐ိုေမာင္ကြတ္က ေရကို ေမာ့ေသာက္လိုက္ၿပီး...

“အင္း..စကားေျပာရတာ..တယ္ေမာတာပဲ..ဒီမယ္..ေမာင္သာလွ...ေမာင္မင္း ရဲ႕ အခ်ိန္ေတြ ကုန္ဆုံးသြားပါၿပီ..အယုဒၶယနန္းေတာ္ အေနနဲ႔လည္း ဟံသာဝတီရဲ႕ပလႅင္ေပၚမွာ လက္ရွိရွိေနတဲ့ ဘုရင္ နဲ႔ ဆက္ဆံေရးပ်က္ျပားမွာပဲ ပိုအေလးထားရမွာပါ..ဒီေတာ့...အယုဒၶယေျမက ေမာင္မင္းကို မႀကိဳဆိုႏိုင္ပါဘူး”

ဖရာ့ဘို႐ိုေမာင္ကြတ္က သမိန္ေထာႏွင့္ မြန္စကားျဖင့္ အျပန္အလွန္ေျပာေနရာမွ သူ၏ အမတ္မ်ားကို ထိုင္းဘာသာျဖင့္ အမိန႔္ေပးလိုက္သည္။

သမိန္ေထာ၏ ေဘးႏွစ္ဖက္သို႔ နန္းေစာင့္စစ္သည္ႏွစ္ဉီးက ဝင္ေရာက္ခ်ဳပ္ကိုင္လိုက္၏။

“မင္းတို႔ ဘာလုပ္ၾကတာလဲ..မင္းတို႔ ဘာလုပ္ၾကတာလဲ”

ေနာက္ထပ္ စစ္သည္တစ္ဉီးက သမိန္ေထာ၏ ေျခေထာက္ႏွစ္ဖက္ကို သံေျခက်င္းျဖင့္ ခတ္လိုက္သည္။

မြန္လူမ်ိဳးအမတ္ႀကီးတစ္ဉီးက သမိန္ေထာ၏ ေဘးတြင္ မတ္တပ္လာရပ္သည္။

“အရွင့္ ကို...အယုဒၶယက နယ္ႏွင္ဒဏ္ေပးလိုက္ပါၿပီ”

“က်ဳပ္က ဘယ္သြားရမွာလဲ..က်ဳပ္ ဇင္းမယ္ကို ျပန္မယ္..က်ဳပ္ မယားႏွင္းသီရိကို ေခၚရဉီးမယ္ေလ”

အမတ္ႀကီးက ေခါင္းခါလိုက္သည္။

“ဘုရင္ႀကီးရဲ႕ အမိန႔္က ဒီေန႔အၿပီးေဆာင္႐ြက္ဖို႔ ပါပါတယ္...သည္းခံပါအရွင္...ဒီညေနပဲ..တ႐ုတ္သေဘၤာတစ္စီးနဲ႔ အရွင္လိုက္သြားရပါမယ္”

“က်ဳပ္..ဘယ္ကို လိုက္သြားရမွာလဲ”

“အယုဒၶယပိုင္နက္ကလြဲလို႔ သေဘၤာကမ္းကပ္တဲ့ ဘယ္ဆိပ္ကမ္းမဆို..ဆင္းေနႏိုင္ပါတယ္...လမ္းမွာ သုံးစြဲဖို႔အတြက္လည္း ေ႐ႊသားအခ်ိဳ႕ ထည့္ေပးလိုက္မွာပါ”

“ဘာ..ကြ..ငါ့ကို ဇင္းမယ္ျပန္ပို႔ေပး...ႏွင္းသီရိစိတၱာဆီ.ျပန္ပို႔ေပး..ဒီေျခက်င္းေတြ ျဖဳတ္ေပးစမ္း”

“ခြင့္လႊတ္ပါအရွင္...အယုဒၶယဘုရင္မင္းျမတ္ေရွ႕မွာ ဒူးေထာက္လက္အုပ္မခ်ီပဲ ခစားတဲ့ အရပ္သားတစ္ေယာက္ကို ေျခလက္ဒူးေတြျဖတ္ပစ္ဖို႔အထိ အမိန႔္ေပးလို႔ရပါတယ္..အခုေတာ့ ဘုရင္ႀကီးက ေမတၱာေရွ႕ထားၿပီးေတာ့ သံေျခက်င္းခတ္ေလာက္ပဲ အျပစ္ေပးဖို႔ အမိန႔္ရွိလာတာပါ..သည္းခံပါ”

သမိန္ေထာက ေအာ္ဟစ္႐ုန္းကန္လ်က္ အေစာင့္မ်ားလက္တြင္ ပါသြားေတာ့သည္။

...............................................................................................................

“အဲ့ဒီေတာ့...သူဘယ္ေရာက္သြားတယ္တဲ့လဲ”

ဂမုန္း ၏ ေလသံက အနိမ့္အျမင့္မရွိ ပကတိ။

တလပန္း က သက္ျပင္းခ်လိုက္သည္။

“တ႐ုတ္သေဘၤာက သူ႔ကို အာနန္ (ေတာင္ဗီယက္နမ္) ဆိပ္ကမ္းမွာ ခ်ေပးခဲ့တယ္တဲ့...အဲ့ဒီကစၿပီး သတင္းအစအန မရေတာ့ဘူး”

“ရွင္က ဒီသတင္းကို ဘယ္ကေန ဘယ္လိုရတာလဲ..တလပန္း”

“အယုဒၶယ နဲ႔ မုတၱမ ၾကားမွာ သတင္းစကားအဆက္အသြယ္ေတြရွိေနတာပဲ...စစ္သူႀကီးတစ္ေယာက္အေနနဲ႔ ဒီလိုသတင္းေတြ ရဖို႔က လြယ္တယ္ေလ..ဂမုန္း”

ဂမုန္းက အခ်ိန္အၾကာႀကီး တိတ္ဆိတ္ေနသည္။

ဆည္းလည္းသံတခြၽင္ခြၽင္မ်ားသာ ေမာေဓာေစတီရင္ျပင္ကို လႊမ္းၿခဳံထား၏။

“ကြၽန္ေတာ္ ဒီအေၾကာင္းေတြ ေျပာလိုက္လို႔ .စိတ္မေကာင္းျဖစ္သြားတာလား..ဂမုန္း”

“ဟင္အင္း..”

“ဒါဆို ဘာလို႔ တိတ္ဆိတ္သြားတာရတာလဲ”

“ကြၽန္မ စဥ္းစားေနတာ..သူ႔အေၾကာင္းကိုေတာ့ ကြၽန္မ သိခ်င္မိတာ အမွန္ပဲ..ဒါေပမယ့္..သူအခုလို ျဖစ္တယ္ၾကားေတာ့ ကြၽန္မ ဘာမွ ထူးထူးျခားျခားမခံစားရဘူးျဖစ္ေနတယ္...တကယ္ဆို..ကြၽန္မ သူ႔ကို ငယ္ငယ္ေလးကတည္းက သိပ္ခ်စ္ခဲ့တာ..အခုလိုမ်ိဳး သူဒုကၡေရာက္ေနတယ္..ဒီႏိုင္ငံကိုျပန္လာဖို႔လည္း ဘယ္လိုမွ မျဖစ္ႏိုင္ေတာ့ဘူး ဆိုတာ ကို သိေနတာေတာင္ ကြၽန္မ ဘာမွ မခံစားရဘူး..ကြၽန္မ ဘာျဖစ္ေနတာလဲ...ကြၽန္မကိုယ္ကြၽန္မ စဥ္းစားေနတာပါ..တလပန္း”

“ဂမုန္း သူ႔ကို တကယ္မခ်စ္ခဲ့လို႔ေပါ့”

တလပန္းက ဂမုန္း၏ နားသယ္စပ္မွ ေမႊးညႇင္းႏုႏုေလးမ်ားကို ေငးရင္း ေျပာလိုက္သည္။

“ကြၽန္ေတာ္ကေတာ့..ဂမုန္းကို တကယ္ခ်စ္တယ္”

တလပန္းက ဂမုန္း၏ လက္ဖဝါးကို ဆုပ္ကိုင္လိုက္သည္။

ဂမုန္းက တလပန္း၏ လက္ကို ႐ုန္းကာ ထ လိုက္၏။

“မိန္းမစိုးေတြ..သက္ေတာ္ေစာင့္ေတြ ျမင္ရင္...ရွင္ အသတ္ခံေနရမယ္...တလပန္း”

“ဘယ္တတ္ႏိုင္ပါ့မလဲ..ဂမုန္း..ကြၽန္ေတာ္က ဘုရင့္သမီးေတာ္ကိုမွ ခ်စ္မိတာကိုး...ေသမယ္ဆို ေသရဲရမွာေပါ့..ထိပ္ထားရယ္”

“အင္း..ေသရဲတယ္ဆိုရင္လည္း..ၾကည့္ၾကေသးတာေပါ့...အရီးေတာ္တို႔..မိန္းမစိုးတို႔..လာၾကဉီး”

ဂမုန္း၏ က အသံခပ္က်ယ္က်ယ္ျဖင့္ လွမ္းေခၚလိုက္၏။

ခပ္လွမ္းလွမ္းမွ ေစာင့္ၾကည့္ေနေသာ မိန္းမစိုးမ်ား၊ အဲေမာင္းကိုင္ စစ္သည္မ်ားက အနီးသို႔ အေျပးအလႊားေရာက္လာၾကသည္။

“ေခါင္ေခါင္ေလးဘုရား...အေရးထူးမ်ားရွိေနပါသလား”

“ဘာမွ မဟုတ္ဘူး...အရီးေတာ္တို႔....ေခါင္ေခါင္ ခုနက ဘုရားအတက္မွာ သစ္ခြလွလွေလးေတြ ေရာင္းတာေတြ႕ခဲ့တယ္...အရီးေတာ္တို႔ သြားဝယ္ေပးၾကေခ်...ေခါင္ေခါင္ ဒီကပဲ ေစာင့္မယ္..ၿပီးရင္ နန္းေတာ္ကို ျပန္ဖို႔ ေဝါျပင္ထားၾက”

မိန္းမစိုးမ်ားက လက္အုပ္ခ်ီလ်က္ ခပ္သြက္သြက္ထြက္ခြာသြားၾကသည္။

“ေၾကာက္သြားသလား...စစ္သူႀကီးမင္း ရဲ႕”

တလပန္းက အၿပဳံးမပ်က္။

“ထိပ္ထား သာ တကယ္ေသေစခ်င္ေနတယ္ဆိုရင္..သူတို႔ကို‌ ေခၚစရာမလိုပါဘူး...ေဟာ့ဒီမွာ ဓါး ရွိတယ္”

“အံမယ္ေလး...မထိုးဝံ့ပါဘူးေတာ္”

“ထိပ္ထားထိုးရင္ ေသြးေတြေပကုန္္မွာစိုးပါတယ္..ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ပဲ..ေဟာ့ဒီလို”

“မလုပ္နဲ႔”

တလပန္း၏ ဓါးရွည္က ေလထဲတြင္ ရပ္တန႔္သြားသည္။

“ခ်စ္လား”

တလပန္းက ေမးလိုက္၏။

ထိပ္ထားက ေခါင္းခါလိုက္သည္။

“မနက္ျဖန္..ပြန္ဒီခ်ယ္ရီကို သံတမန္အျဖစ္သြားတဲ့ လြီဇာတို႔ ျပန္လာၾကေတာ့မယ္...ဆိပ္ကမ္းမွာ သူတို႔ကို ႀကိဳဆိုပြဲရွိတာ..သိၿပီးမဟုတ္လား...ဂမုန္း”

“အင္း”

“မနက္ျဖန္..သဇင္ပန္း မပန္ပဲ...ခုန ဝယ္ခိုင္းလိုက္တဲ့ သစ္ခြေတြ ပန္ခဲ့ေနာ္”

“ဘာလဲ...ကြၽန္မကို ရွင့္လက္ေအာက္ခံ စစ္သားထင္လို႔ အမိန႔္ေပးေနတာလား”

“မဟုတ္ပါဘူး..ဘုရင့္သမီးေတာ္ အခ်စ္ကို အညတရစစ္သားေလးက ေတာင္းဆိုေနတာပါ”

ဂမုန္းက တခစ္ခစ္ရယ္သည္။

ဘုရားရင္ျပင္ေတာ္ဆီ ဓမၼေစတီမင္း အလႉေတာ္ေခါင္းေလာင္းႀကီးထံမွ ေခါင္းေလာင္းသံ က က်ယ္က်ယ္ေလာင္ေလာင္ ျမည္ဟီးသြားေတာ့၏။

....................................................................................................................................................

၁၇၄၉ ဧၿပီလ ၂၁ ရက္။

နာမည္ေက်ာ္ ပဲခူးဆိပ္ကမ္း။

ဟံသာဝတီၿမိဳ႕တြင္းမွ ဆိပ္ကမ္းအထိ လမ္းတေလွ်ာက္ ရာဇမတ္ကြက္မ်ား ကာရံထားသည္။

မၾကာမီ ဟံသာဝတီဘုရင္ဗညားဒလ သည္ ဆင္စီးလ်က္ ဆိပ္ကမ္းသို႔ ထြက္လာၿပီျဖစ္သည္။

ဆင္ေနာက္မွ မိဖုရားမ်ား၊ သားေတာ္၊ သမီးေတာ္မ်ား၏ ေဝါယာဥ္မ်ား အသီးသီးလိုက္ပါလာၾက၏။

ပြန္ဒီခ်ယ္ရီရွိ ျပင္သစ္ဘုရင္ခံထံ သြားေရာက္ေတြ႕ဆုံသည့္ သံတမန္အဖြဲ႕အား ဘုရင္ဗညားဒလ ကိုယ္တိုင္ သြားေရာက္ႀကိဳဆိုျခင္းျဖစ္သည္။

ဆိပ္ကမ္းသို႔ ေရာက္ေသာအခါ ရွင္ဘုရင္သည္ ဆင္ေပၚမွ ဆင္းလ်က္ ေဝါယာဥ္ေပၚသို႔ ေျပာင္းေ႐ႊ႕သည္။

လူရွစ္ေယာက္ထမ္းေသာ ေဝါယာဥ္ႏွင့္အတူ သံတမန္ႏွစ္ဉီးအတြက္ ေနာက္ထပ္ ေဝါယာဥ္အလြတ္ႏွစ္စင္း လည္း လိုက္ပါလာ၏။

ျပင္သစ္ျပည္ျဖစ္ ထီးကိုေဆာင္းလ်က္၊ အထက္တန္းစားအင္းဝသူတို႔၏ ဝတ္စုံျဖင့္ သေဘၤာေပၚမွဆင္းလာေသာ လြီဇာ ကို ျမင္လိုက္သည္ႏွင့္ ဝိုင္းရံၾကည့္ရႈေနသူမ်ားက ေအာ္ဟစ္လက္ခုပ္တီးၾကသည္။

လြီဇာ၏ အေနာက္တြင္ ကိုဇာနီေကာ့ဗ္က ေ႐ႊက်င္ခတ္ေခါင္းေပါင္းႏွင့္ မြန္ဝတ္စုံကို ဝတ္ကာ ဆင္းလာ၏။

ထို႔ေနာက္တြင္ေတာ့ အီတလီဘုန္းေတာ္ႀကီး ဖာသာနာေရနီ ႏွင့္ ဘရာသာအင္ဂ်လိုတို႔ လိုက္ပါလာၾကသည္။

ဗညားဒလက ေဝါယာဥ္ေပၚမွ ဆင္းကာ မတ္တပ္ရပ္လိုက္သည္။

အျခားမိဖုရား၊ သမီးေတာ္၊ သားေတာ္မ်ားလည္း အသီးသီး မတ္တပ္ရပ္ၾက၏။

လြီဇာ၊ ကိုဇာနီေကာ့ဗ္ က ရွင္ဘုရင္ေရွ႕တြင္ ဒူးေထာက္လ်က္ ရွိခိုးလိုက္ၾက၏။ အီတလီဘုန္းေတာ္ႀကီးမ်ားကလည္း ဒူးေထာက္လ်က္ ဉီးေခါင္းမ်ားကို ၫႊတ္ကာ အ႐ိုအေသေပးလိုက္ၾကသည္။

“ဒါဟာ စစ္ပြဲတစ္ခု ေအာင္ျမင္ခဲ့တာပဲ..လြီဇာ...မင္းဟာ ငါျဖတ္သန္းခဲ့တဲ့ လမ္းတေလွ်ာက္မွာ အမ်ားႀကီး ကူညီေပးခဲ့တဲ့ ေလွကားတစ္စင္းပါပဲ”

ဗညားဒလက လြီဇာ ၏ ပုခုံးကို ေဖးမထူကာ ခပ္တိုးတိုးေျပာလိုက္သည္။

“မင္းတို႔ရဲ႕ ေအာင္ပြဲအတြက္ ဟံသာဝတီျပည္သူေတြကိုယ္စား အထူးလက္ေဆာင္ခ်ီးျမႇင့္ဖို႔ ငါကိုယ္ေတာ္စီစဥ္ထားပါတယ္...တပင္တိုင္ထိပ္ထားကို အဆင္သင့္ျဖစ္ရင္ ႂကြလာေတာ့လို႔ သြားေလွ်ာက္ၾကေခ်”

ေဘးနားမွ အမတ္တစ္ဉီးက ဂမုန္း၏ ေဝါယာဥ္ရွိရာသို႔ အေျပးထြက္သြားသည္။

ဂမုန္း က ကတၱီပါစ အုပ္ထားသည့္ လင္ပန္းတစ္ခုကို ကိုင္လ်က္ ေဝါထဲ မွ ထြက္လာသည္။

သူမ၏ ဉီးေခါင္းထက္တြင္ သစ္ခြပန္းပြင့္မ်ား စြင့္စြင့္ငါးငါး။

လြီဇာ ထံသို႔ ဂမုန္းက ခပ္ျဖည္းျဖည္း ေလွ်ာက္လာသည္။

“မမလြီဇာ...ေနေကာင္းပါရဲ႕ေနာ္”

“ေနေကာင္းပါတယ္..ထိပ္ထားေလး”

“သြားတာ အၾကာႀကီးပဲေနာ္”

လြီဇာက ၿပဳံးျပလိုက္သည္။

ဂမုန္းက လင္ဗန္းကို လြီဇာထံ ထိုးေပးလိုက္၏။

လြီဇာက ကတၱီပါစကို လွန္လိုက္သည္။

ပတၱျမားနီညိဳေရာင္မ်ားျဖင့္ ခ်ယ္သထားသည့္ ေနာ္ဇာကုံးတစ္ကုံး။

“ဒါက ေတာ္ဝင္မိသားစုေတြကိုမွ ဘုရင္က ခ်ီးျမႇင့္တဲ့ ပတၱျမားေနာ္ဇာကုံး ပါ..လြီဇာ..မယ္မင္းအတြက္ ဟံသာဝတီျပည့္ရွင္ရဲ႕ လက္ေဆာင္ပါ”

လြီဇာမွာ အံဩမႈေၾကာင့္ ေခတၱမွ် မွင္သက္ေနသည္။

ေတာ္ဝင္ေနာ္ေဇာကုံး ကို ရွင္ဘုရင္မွ ခ်ီးျမႇင့္ေပးျခင္းသည္ ေတာ္ဝင္မိသားစု၏ ခံစားခြင့္မ်ားကို တန္းတူေပးျခင္းလည္းျဖစ္၏။

ထို႔ေနာက္ လင္ဗန္းေပၚတြင္ ပါရွိေသာ ေ႐ႊနဖူးစည္းႏွင့္ ပတၱျမားလက္စြပ္။

ယင္းကား ကိုဇာနီေကာ့ဗ္အတြက္။

ဖာသာနာေရနီက ဘုရင့္အနီး သို႔ ဒူးေထာက္လာၿပီး ပါရီမွ မွာယူထားသည့္ ေရေမႊးမ်ားကို ဆက္သလိုက္သည္။

“နာေရနီ..ေမာင္မင္းရဲ႕ ဟံသာဝတီအေပၚ ေက်းဇူးသစၥာေစာင့္သိမႈမ်ားကိုလည္း ငါကိုယ္ေတာ္ၾကားသိၿပီးပါၿပီ.. ဟံသာဝတီမွာ ငါကိုယ္ေတာ္ရဲ႕ အာဏာစက္ တည္ေနသမွ် ကာလပတ္လုံး ေမာင္မင္းတို႔ သာသနာျပဳမ်ားအေပၚ သံသယျမဴတမႈန္မွ် မရွိေစရ၊ ေမာင္မင္းတို႔ရဲ႕ သာသနာျပဳလုပ္ငန္းမ်ား လြတ္လပ္စြာေဟာေျပာျဖန႔္ေဝခြင့္ျပဳပါမယ္..ေမာင္မင္းတို႔ကလည္း ဟံသာဝတီရဲ႕ ၿငိမ္းခ်မ္းေရး၊ တိုးတက္ေရးမွာပါဝင္ကူညီၾကပါ”

“မွန္ပါ...ဘုရင္မင္းျမတ္ရဲ႕ သေဘာထားႀကီးျမတ္မႈအတြက္ အထူးေက်းဇူးတင္ရွိပါတယ္..အမိန႔္ေတာ္ကို အၿမဲနာခံလ်က္ပါ”

“ကဲ..ယာယီတဲကႏၷားေပၚမွာ အစားအေသာက္ေတြစားရင္း အေတြ႕အႀကဳံေတြ ငါကိုယ္ေတာ္ကို ေ႐ႊနားေတာ္သြင္းၾကေစ ”

ေအာင္စည္ယြမ္းသံမ်ား က ဆိပ္ကမ္းတစ္ေလွ်ာက္ျမည္ဟီးသြားသည္။

ဘုရင့္မိဖုရားေခါင္ႀကီးက တဲကႏၷား ေပၚမွ ေအာင္ပြဲအထိမ္းအမွတ္အျဖစ္ ပရိသတ္မ်ားထံ ပုဆိုး၊ အက်ႌႏွင့္ ေငြစမ်ား ႀကဲခ်ၾကသည္။

တဲကႏၷားအတြင္းဘက္တြင္ ဗညားဒလဉီးေအာင္လွ၊ အိမ္ေရွ႕ဉပရာဇာဘြဲ႕ခံ ဉီးေအာင္ျမ၊ လက္်ာဗိုလ္၊ လြီဇာ ႏွင့္ ကိုဇာနီေကာ့ဗ္ တို႔သာ ရွိေန၏။

ဗညားဒလမွာ ေနာက္ထပ္ မိဖုရားငယ္မ်ားႏွင့္လည္း သမီးမ်ားသာထြန္းကားသျဖင့္ ညီျဖစ္သူ ဉီးေအာင္ျမ ကို အိမ္ေရွ႕ဥပရာဇာအျဖစ္ ဆက္ခံထားရွိသည္။

“ဒီအတိုင္းဆိုရင္ လက္နက္ေတြက အရင္ေရာက္လာမွာေပါ့..လြီဇာ”

ဉပရာဇာအသံ က တက္ႂကြေနသည္။

“ႏွစ္လေလာက္ေတာ့ ၾကာပါလိမ့္ဉီးမယ္..အိမ္ေရွ႕မင္း”

“အင္းဝ အေျခအေန အေထာက္ေတာ္ေတြဆီက ဘာသတင္းမ်ားထူးလဲ.. ေလွ်ာက္တင္ပါဉီး..လက္်ာဗိုလ္”

“မွန္ပါ..မဏိပူရဘုရင္ ဂါရစ္နာဝဇ္က သမီးကညာဆက္ရန္ အေၾကာင္းျပဳၿပီး အင္းဝ ကို အင္အား ႏွစ္ေသာင္းနဲ႔ ခ်ီတက္လာေနပါတယ္...လပိုင္းအတြင္း အင္းဝကို ေရာက္ဖို႔ ရွိပါတယ္....ေနာက္ထပ္ ထူးျခားတာက တ႐ုတ္ျပည္က လႊတ္လိုက္တဲ့ သံတမန္အဖြဲ႕ေတြကလည္း အခု နယ္စပ္ကို ျဖတ္ေက်ာ္လာေနပါၿပီ..အင္အား တစ္ေထာင္ေက်ာ္ရွိေနပါတယ္တဲ့..အိမ္ေရွ႕မင္း”

တ႐ုတ္သံတမန္ဆိုေသာ အသံၾကားသည္ႏွင့္ ဗညားဒလက မ်က္ေမွာင္ႀကဳံ႕လိုက္သည္။

“ပီကင္းနန္းေတာ္ကေန လာၾကတာတဲ့လား”

“အဲ့ဒီလို ၾကားတာပဲ..ဘုရား”

“ဒါက ဘယ္လိုသေဘာျဖစ္ႏိုင္မလဲ..မႏွစ္ကလည္း အယုဒၶယသံတမန္ေတြက အင္းဝကို လာသြားေသးတယ္..အခု တ႐ုတ္သံတမန္ေတြဆိုေတာ့”

ဉပရာဇာက လက္အုပ္ခ်ီလိုက္သည္။

“ဒီအတိုင္းသာဆို အင္းဝဟာ အင္အားနည္းေနေပမယ့္....သူ႔ရဲ႕ မဟာမိတ္အင္အားကို တည္ေဆာက္ေနပုံပါပဲ..ဘုရား..ကြၽန္ေတာ္မ်ိဳးတို႔ အခ်ိန္ဆြဲမေနသင့္ေတာ့ပါ...အင္းဝကို သိမ္းပိုက္ဖို႔ အထိ စစ္ေရးျပင္သင့္ပါၿပီ”

“ျပင္သစ္လက္နက္ေတြက ႏွစ္လၾကာဉီးမယ္မို႔လား..ဉပရာဇာရဲ႕”

“မွန္ပါ...အင္းဝရဲ႕ အေျခအေနကို ကြၽန္ေတာ္မ်ိဳး သုံးသပ္ျပပါမ့ယ္...ဂါရစ္နာဝဇ္ဟာ သမီးေတာ္ဆက္သမယ္ဆိုၿပီး အင္အားအျပည့္နဲ႔ ခ်ီတက္လာတာပါ...ဒါကိုၾကည့္ခ်င္းအားျဖင့္ သမီးေတာ္ကို ဗန္းျပၿပီး အခြင့္သာရင္ စစ္ထိုးႏိုင္ေခ်ရွိတယ္ဆိုတာကို အင္းဝကလည္း တြက္ဆၿပီးျဖစ္ပါလိမ့္မယ္...ဒါေၾကာင့္ ကိုသိန္းသခင္ကို အင္းဝမွာပဲ ျပန္ေခၚထားၿပီး တပ္ေတြကိုလည္း အင္းဝပတ္ခ်ာလည္မွာပဲ..အေျချပဳခိုင္းထားတာကို ေထာက္လွမ္းသိရွိရပါတယ္...ေကြ႕ဂုဏၰအိမ္ဆီကလည္း ဟံသာဝတီကို ဆက္သြယ္လာတဲ့စာအရ ...မိုးကုန္တာနဲ႔ အင္းဝပတ္ဝန္းက်င္ကို ေကြ႕ေတြ ထပ္တိုးၿပီး တိုက္ၾကပါလိမ့္မယ္”

“ေကြ႕ေတြက လာဆက္သြယ္တာလား..အိမ္ေရွ႕မင္း”

လြီဇာက ဉပရာဇာကို ေမးလိုက္သည္။

“ဟုတ္တယ္..လြီဇာ...ဂုဏၰအိမ္က ဟံသာဝတီကို မဟာမိတ္ျပဳဖို႔ ထပ္ကမ္းလွမ္းလာတာကို က်ဳပ္တို႔ လက္ခံလိုက္တယ္....အင္းဝကို ဟံသာဝတီက တိုက္တဲ့အခါ ေကြ႕ေတြဘက္ကလည္း ထႂကြေပးလိမ့္မယ္..အင္းဝကို အလိုေတာ္ျပည့္တဲ့အခါ ေကြ႕ေတြအတြက္ မတၱရာအုတ္ဖိုကေန ရွမ္းကုန္ျမင့္အထိ အပိုင္စားေပးဖို႔ အရွင္မင္းျမတ္ကလည္း လက္ခံသေဘာတူလိုက္တယ္”

သလြန္ေပၚမွ ဗညားဒလကလည္း ေခါင္းညိတ္ျပလိုက္သည္။

“ဒါေၾကာင့္ ဒီမိုးတြင္းမွာ ရိကၡာလက္နက္ေတြကို စုေဆာင္းရေတာ့မယ္..မိုးကုန္တာနဲ႔ အင္းဝကို စစ္ထိုးတာဟာ အသင့္ေတာ္ဆုံးပဲ...လြီဇာတို႔ ေျပာခဲ့တဲ့ ျပင္သစ္လက္နက္ေတြသာ..ရပါေစ”

“စိတ္ခ်ပါ..မၾကာခင္..မြန္စီယာဘ႐ူႏိုလည္း ဟံသာဝတီကို လိုက္လာပါလိမ့္မယ္”

“ဒါနဲ႔..တလပန္းေရာ..အခစားမဝင္ေသးပါလား..လက္်ာဗိုလ္..တလပန္းကို ကိုယ္ေတာ္ဆီ ခစားရမယ္လို႔ ေျပာခိုင္းလိုက္တယ္ေလ”

လက္်ာဗိုလ္က လက္အုပ္ခ်ီလ်က္ ႏႈတ္ဆိတ္ေန၏။

ဗညားဒလက လက္်ာဗိုလ္ႏွင့္ ဉပရာဇာတို႔၏ မ်က္ႏွာမ်ားကို အကဲခတ္လိုက္သည္။

“ဘာျဖစ္ေနၾကတာလဲ..တလပန္း တစ္ခုခုျဖစ္လို႔လား”

ဉပရာဇာက လြီဇာႏွင့္ ကိုဇာနီေကာ့ဗ္ တို႔ကို တခ်က္ၾကည့္လိုက္သည္။

“လြီဇာကေတာ့ ငါကိုယ္ေတာ္ မိသားစုဝင္လို႔ပဲ သတ္မွတ္ထားတယ္..ကိုဇာနီေကာ့ဗ္ အျပင္ ထြက္ ခစားပါ”

ကိုဇာနီေကာ့ဗ္က အျပင္သို႔ ထြက္သြားသည္။

“ကဲ...မင္းမွာ ေလွ်ာက္တင္စရာရွိတယ္ထင္တယ္..ဉပရာဇာ..ေလွ်ာက္ေစ”

“မွန္ပါ...ေရွ႕မ်က္ႏွာေနာက္ထား..ေလွ်ာက္ထားအပ္ပါတယ္...စစ္သူႀကီးတလပန္း ဟာ သမီးေတာ္တပင္တိုင္မင္းသမီးနဲ႔ ရည္ငံ့ေနတယ္လို..နန္းေတာ္တြင္း သတင္းေတြ ထြက္ေပၚေနပါတယ္.. အခုလည္း အျပင္တဲကႏၷားေပၚမွာ သမီးေတာ္နဲ႔အတူ ရွိေနပါတယ္”

“ေဟ”

ဗညားဒလ က အနည္းငယ္ေတြေဝသြားသည္။

“အရွင္မင္းျမတ္အေနနဲ႔ အခုကတည္းက ဒီကိစၥ ကို စဥ္းစားဆင္ျခင္သင့္ပါတယ္”

“ငါက ဘာစဥ္းစားရမွာလဲ..ညီေတာ္ဉပရာဇာရဲ႕..ငါ့သမီးငယ္ေလးဟာ ငါ့ေၾကာင့္ အိမ္ေထာင္ေရးကံမေကာင္းခဲ့ရွာဘူး...အခုလည္း...သူ႔ဘက္က လိုလိုလားလားရွိခဲ့ရင္..တလပန္းလို လူကို ငါက ေဘာက္မဲ့ေၾကာင့္ သေဘာမတူႏိုင္ရမွာလဲ”

“ဒါေပမယ့္...”

“ေတာ္ေတာ့..ဥပရာဇာ...အဲ့ဒီကိစၥထားလိုက္ေတာ့...ငါတို႔ အင္းဝ စစ္ေရးကိစၥ ဆက္ေဆြးေႏြးရေအာင္”

ရွင္ဘုရင္ႏွင့္ ညီေတာ္အိမ္ေရွ႕စံအေျခအေနကို လြီဇာက နားစြင့္ရင္း တစုံတရာကို ေတြးေတာမိေနေတာ့သည္။



ခက္ေဇာ္

(ၿမိဳင္သာရိပ္ခို၊ ေ႐ႊေက်းညိဳတို႔၊ လူလိုေလွ်ာက္ပတ္၊ သင္လွ်င္တတ္၍၊ လူဇာတ္ေပ်ာ္႐ႊင္၊ အက်ဳံးဝင္သို႔၊ ထိုတြင္ေဖာက္ျပန္၊ တဖက္ရန္ကို၊ က်မ္းဂန္ႏွီးႏြယ္၊ ပရိယာယ္ျဖင့္၊ စစ္ဆင္ၾကသည္၊ သုဝဗ်ဴဟာ၊ ေရွ႕ထုံးလာ၏။ ဗ်ဴဟစကၠိပ်ိဳ႕)

အသိတရာမရွိသည့္ ေက်းငွက္တိရိစာၦန္တို႔ကို စကားသင္၍ လူ႔ဇာတ္ဝင္ေစသကဲ့သို႔ အသိအဉာဏ္ကင္းမဲ့ေသာ တစ္ဖက္ရန္သူကိုလည္း သက္ေသသကာယ၊ က်မ္းဂန္စာေပမ်ားျဖင့္ စည္း႐ုံးယဥ္ပါးကာ ကိုယ့္ဘက္ပါေစျခင္းသည္ သုဝဗ်ဴဟာ။

Comments

  1. 'ဥ'နဲ့ 'ဉ' က လုံးဝ လုံးဝ မတူပါဘူး
    'ဉီးခေါင်း'လို့မရေးဘဲ 'ဦးခေါင်း'လို့ ရေးရမှာပါ၊ တော်တော်များများက မှားရေးကြတယ်၊အမှားတွေများလာပြီး သတ်ပုံအမှန်တွေပျောက်သွားမှာ စိုးလို့ပါ

    ReplyDelete
  2. မြတ်လေးငုံမဝယ်နိုင်သောအချောလေးမှဝင်ကလစ်သွား။

    ReplyDelete

Post a Comment