AVA 1740s S2 (အခန်း ၂၈)

AVA 1740s (Season 2)

                                                                       အခန်း(၂၈)

                                                             ......................................................

“လုလင်ကြီး”

ရှင်ဘုရင်နှင့် စည်းဝေးရာအခန်းတွင်းမှ ထွက်လာသည့် လက်ျာဗိုလ်မှာ ခေါ်သံကြောင့် နောက်သို့ လှည့်ကြည့်လိုက်သည်။

“ရာနိတ်”

ဖာသာနာရေနီ က ပြုံးပြလိုက်သည်။

“ကျုပ်ကို မှတ်မိသေးတာပဲ..ဗိုလ်မင်း”

လက်ျာဗိုလ်က ဘာမှ ပြန်မပြောပဲ ဖာသာနာရေနီကိုသာ ကြည့်နေ၏။

“သင်္ဘောပေါ်က ဆင်းကတည်းက ဗိုလ်မင်းကို ကျုပ် ရှာနေတာ”

“ဘာကိစ္စရှိလို့များလဲ...ဖာသာ”

“ကျုပ်တို့ မတွေ့ကြတာ နှစ်တွေအတော်ကြာသွားပြီမဟုတ်လား..ဗိုလ်မင်းရဲ့”

“ဖာသာ ဟံသာဝတီကို ပြန်လာတာကို ကြိုဆိုပါတယ်”

“ဒါနဲ့..ဗိုလ်မင်းကတော်ရော”

“ဟိုမှာ လွီဇာ နဲ့ စကားပြောနေတယ်”

ဖာသာနာရေနီက လက်ျာဗိုလ်၏ လက်ညှိးညွှန်ရာသို့ ကြည့်လိုက်သည်။

“အင်း..မြတ်ဝါ..ဟာ ဘုရားက မျက်နှာသာပေးခြင်းခံရတဲ့ မိန်းကလေးပဲ..သူ သိပ်ကံကောင်းတာပဲ..ဗိုလ်မင်း”

“နာရေနီ...ကျုပ်ကို ခွင့်လွှတ်ပါ....မြတ်ဝါဟာ သနားစရာသိပ်ကောင်းတယ်..ပြီးတော့...သူက ကျုပ်ကို အရမ်းအားကိုး..အရမ်းချစ်တဲ့ မိန်းကလေးပါ..အဲ့ဒါကြောင့်..အားလုံးကောင်းဖို့”

ဖာသာနာရေနီက ဝဲတက်လာသော မျက်ရည်များကြောင့် လက်ျာဗိုလ်ထံမှ အကြည့်ကို လွှဲလိုက်သည်။

“ကျုပ်နားလည်ပါတယ်..ဗိုလ်မင်း..ဗိုလ်မင်းဟာ ဖြစ်သင့်တာကို လုပ်ခဲ့တာပါ....ကျုပ်တို့နှစ်ယောက်ကြား ရှိခဲ့တဲ့ ဆက်နွယ်မှုတွေကို ဟော့ဒီလူအသိုက်အဝန်းကတော့ အဆိပ်အတောက်အဖြစ် မသတီစရာ ရယ်စရာအဖြစ် သတ်မှတ်ချင် သတ်မှတ်ကြလိမ့်မယ်..ဒါပေမယ့် ..ချစ်ခြင်းမေတ္တာဆိုတာ ယောက်ျားနဲ့ မိန်းမကြားမှာ ဖြစ်ဖြစ်..ယောက်ျားနှစ်ယောက်ကြား မှာပဲဖြစ်ဖြစ်..မိန်းမနှစ်ယောက်ကြားမှာပဲဖြစ်ဖြစ်.. တန်ဖိုးလျော့သွားစရာမရှိပါဘူး..အဲ့ဒါကိုတော့ ကျုပ် ယုံတယ်..ဗိုလ်မင်း”

သူတို့နှစ်ဉီးလုံး မျက်နှာချင်းဆိုင်လျက် တိတ်ဆိတ်သွားကြသည်။

“ဟယ်...ဖာသာ...မတွေ့တာတောင် ကြာပေါ့”

မြတ်ဝါ၏ အသံစာစာလေးက သူတို့နှစ်ဉီး၏ တိတ်ဆိတ်ခြင်းကို ဖြိုခွဲလိုက်သည်။

“မြတ်ဝါလေး...နေကောင်းသွားပြီလား”

“ကောင်းသွားပြီ..ဖာသာ...ဒီမှာ မြတ်ဝါကို အနီးကပ် ဆေးကုပေးတဲ့ သမားတော်ကြီးက ရှိနေပြီလေ”

မြတ်ဝါက လက်ျာဗိုလ်၏ လက်မောင်းကို ဖက်တွယ်ကာ ပြောလိုက်၏။

ဖာသာနာရေနီက သူ၏ ဝတ်ရုံထဲမှ ပုလင်းလေးတစ်လုံးကို ထုတ်လိုက်သည်။

“ဒီမှာ မြတ်ဝါအတွက် ပွန်ဒီချယ်ရီက နှင်းဆီရေမွှေးပုလင်း လက်ဆောင်”

မြတ်ဝါက ရေမွှေးပုလင်းကို ယူကာ လက်ခုံတွင် စွတ်ပြီး နှာခေါင်းနားကပ်လိုက်၏။

“ဟယ်..ဒါ ဉီးဉီးဗိုလ်မင်း ကြိုက်တဲ့ အနံ့မျိုးပဲ...ဒီမှာ ကြည့် ဉီးဉီးဗိုလ်မင်း..မွှေးတယ်နော်”

မြတ်ဝါ၏ လက်ဖမိုးကလေးက လက်ျာဗိုလ်၏ နှာခေါင်းအနားသို့ ကပ်သွားသည်။

ဖာသာနာရေနီက သူတို့နှစ်ဉီးကို ငေးကြည့်နေ၏။

“ဟယ်..ဟိုမှာ...ကိုလှေးနဲ့ မဖူး တော့...လူအုပ်ကြားထဲမှာ...မမလွီဇာကို တွေ့ချင်လို့ထင်တယ်...မြတ်ဝါ မလွီဇာကို သွားခေါ်လိုက်ဉီးမယ်”

မြတ်ဝါက ရေမွှေးပုလင်းကို ကိုင်ကာ သူတို့အနီးမှ ပြန်ပြေးထွက်သွားသည်။

“မြတ်ဝါကို ဒီအခြေအနေမြင်ရတာ...အရမ်းစိတ်ချမ်းသာတာပဲ...သူလေး ကို ကြင်ကြင်နာနာဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..ဗိုလ်မင်း”

ဖာသာနာရေနီက လက်ျာဗိုလ်၏ လက်မောင်းကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး တဲကန္နားပေါ်မှ ဆင်းသွား၏။

“ရာနိတ်”

လက်ျာဗိုလ်၏ ခေါ်သံကြောင့် ဖာသာနာရေနီက သမင်လည်ပြန်လှည့်ကြည့်လိုက်သည်။

“ကျန်းမာရေး ဂရုစိုက်ပါ”

နာရေနီက လက်ျာဗိုလ်ကို ပြုံးပြလိုက်သည်။

လက်ျာဗိုလ်က ဖာသာနာရေနီ ၏ ကျောပြင်ကို မျက်စိတစ်ဆုံးလိုက်ကြည့်နေ၏။

“လက်ျာဗိုလ်”

လွီဇာက လက်ျာဗိုလ်၏ အနီးတွင် လာရပ်လိုက်သည်။

“မင်း မြတ်ဝါတို့ နဲ့ ပါသွားပြီမှတ်တာ..လွီဇာ”

“မြတ်ဝါနဲ့ မယ်ဖူးတို့ လင်မယား ဟိုဘက်မှ ရှိပါတယ်..ကျွန်မ ရှင်တို့ကို တွေ့လို့ ဒီဘက် ထွက်လာခဲ့တာ”

“အင်း...ဘာပြောစရာရှိလို့လဲ..လွီဇာ”

“ဖာသာနာရေနီ က ဒီမှာ တသက်လုံး အခြေချဖို့ ပြန်လာခဲ့တာ..မကြာခင်မှာ အီတလီက သူ့အမေလည်း လိုက်လာလိမ့်မယ်”

“ဪ”

“ရှင် သူ့ကို သံယောဇဉ် ပြတ်ရဲ့လား...လက်ျာဗိုလ်”

“သူနဲ့ ကျုပ်နဲ့ကြား ဝေးကွာသွားခဲ့တာ..အတော်ကြာပါပြီ...ကျုပ်စိတ်ကို ကျုပ်ထိန်းချုပ်နိုင်ပါတယ်..ပြီးတော့..မြတ်ဝါ အတွက်လည်း စဉ်းစားပေးရမယ်လေ..လွီဇာ”

လွီဇာက သက်ပြင်းချလိုက်သည်။

“ကျွန်မ ရှင့်ကို နားလည်ပါတယ်...လက်ျာဗိုလ်...နောက်တစ်ခု ရှင်နဲ့ ကျွန်မ တိုင်ပင်ချင်တာရှိတယ်”

“ပြောပါ..လွီဇာ”

“ဟိုမှာ ကြည့်လိုက်ပါဉီး”

လက်ျာဗိုလ်က လွီဇာ ညွှန်ပြရာသို့ ကြည့်လိုက်သည်။

တဲကန္နားနှင့် ခပ်လှည်းလှည်းရှိ ပြုပြင်နေသော သင်္ဘောတစ်စီးဘေးနားတွင် တလပန်းနှင့် ဂမုန်းတို့ စကားပြောကာ ရယ်မောနေကြ၏။

“သူတို့ ဘာဖြစ်လို့လဲ..လွီဇာ”

“ခုန အခန်းထဲက အပြောအဆိုတွေအရ..ဉပရာဇာ ဟာ တလပန်းကို သိပ်ကြည်ဖြူပုံ မရဘူး...ကျွန်မ မရှိတုန်း သူတို့ကြားမှာ ပြဿနာတွေ ရှိခဲ့သေးလား”

လက်ျာဗိုလ်က ခေါင်းကို ခပ်ဖြည်းဖြည်း ညိတ်လိုက်သည်။

“ရှိတယ်..လွီဇာ..ခင်ဗျားတို့ ပွန်ဒီချယ်ရီမှာ ရောက်နေတဲ့အချိန်မှာ ဉီးအောင်လှက သူ့အောက်က ညီတွေ၊ တူတွေ အားလုံးကို ဘွဲ့အရည်တွေပေးတယ်.. ညီအငယ်ဆုံး အောင်စ ကို သူအမတ်ဘဝကဘွဲ့ ဗညားဒလဆိုပြီး ပေးတယ်..ဘွဲ့တွေတင်မကဘူး..စစ်ရေးစစ်ရာမှာ အရေးပါတဲ့ရာထူးတွေပေးခဲ့တယ်...ပြဿနာက ဟံသာဝတီရဲ့ စစ်ရေးမှာ အစကတည်းကရှိခဲ့တဲ့ စစ်ရေး၊ အုပ်ချုပ်ရေး နေရာမှာ သူတို့ ဝင်ယူလာတာပဲ....အခုက ညီတော်တွေဖြစ်တဲ့ ဥပရာဇာအောင်မြ ရယ်၊ အောင်စရယ်၊ တူတော် ဒေါတော်စု ရယ်က ရှင်ဘုရင်ကိုပါ လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးစားနေကြတယ်...အုပ်ချုပ်ရေးဘက်မှာ..ကျီဝန်ဉီးမောင် နဲ့ ဉီးကိုတို့ ကိုတောင် နန်းတွင်းထဲက သူတို့ပဲ ပထုတ်ပစ်ခဲ့ကြတာ...နောက်ပြီး.သူတို့က ကျုပ်ရယ်..သမက်တော်စောြဗရယ်..တလပန်းရယ်ကို မကျေနပ်ကြဘူး..ကျုပ်ကိုတော့ ဘုရင်က စစ်ရေးမှာ အားကိုးတိုင်ပင်တာကို သူတို့ မလိုလားတာ..အထူးသဖြင့် ဘုရင့်သမက်ဖြစ်တဲ့ စောဗြကိုလည်း သူတို့ မကြိုက်ဘူး..ဘုရင့်သမီးတော်ယောက်ျားဆိုတာကလည်း ဘုရင်ဖြစ်နိုင်တာကိုး...အင်း..အခုတော့ တလပန်းကပါ ဘုရင့်သမက်ဖြစ်ဖို့ အလားအလာရှိနေပြီဆိုတော့”

“အင်း..ဒီလိုဆို..ကျွန်မ ဉီးအောင်မြ နဲ့ တွေ့ဖို့တော့လိုပြီ...ကျွန်မတို့ အဓိကပန်းတိုင်ကို မရောက်ခင်မှာ အင်အားစုတွေ ကွဲနေလို့မရဘူး...အင်းဝ ဟာ အကွဲအကွဲအပြားပြားဖြစ်နေချိန်မှာ ကျွန်မတို့က စုစည်းကျစ်လစ်နေမှဖြစ်မယ်...စစ်ပွဲတစ်ခုစပြီဆို အဓိက အမိန့်ပေးရမယ့်..ရှင်ဘုရင် က ဝိဝါဒတွေကြား တွေဝေနေတာမျိုး ဖြစ်နေလို့မရဘူး...ဒီအင်အားစုနှစ်စုကို ပြေလည်အောင် ကျွန်မ ကြိုးစားပေးမယ်”

လက်ျာဗိုလ်က သက်ပြင်းချလိုက်သည်။

“ခင်ဗျား ကို ကျုပ် ယုံကြည်ပါတယ်..လွီဇာ”

.................................................................................................................................

“ကိုတွန်..ခင်ဗျားကို ကျုပ် ယုံကြည်ပါတယ်”

အောင်ဇေယျ က သားငယ်ဖြစ်သူ မောင်ဝိုင်းကို  ပေါင်ပေါ်တွင် တင်ထားရင်းမှ ပြောလိုက်သည်။

မောင်ဝိုင်းက ဖခင်ဖြစ်သူ၏ မုတ်ဆိတ်မွှေးတိုစိစိများကို လက်ကလေးဖြင့် ပွတ်သပ်ကာ ရယ်မောနေ၏။

“ခင်ယွန်းရေ....မောင်ဝိုင်းကို လာခေါ်ပါဉီးဟေ့..ဒီမှာ လူကြီးတွေ စကားပြောလို့မရတော့ဘူး”

ခင်ယွန်းစံက အိမ်မကြီးပေါ်တက်လာသည်။ အောင်ဇေယျက မောင်ဝိုင်းကို လက်မောင်းမှ မကာ ခင်ယွန်းစံထံ ကမ်းပေးလိုက်၏။

ခင်ယွန်းစံ လက်ပေါ် ရောက်သည်နှင့် မောင်ဝိုင်းမှာ ဗြဲ ကနဲ အော်ငိုတော့သည်။

“ကဲ...ကိုတွန် သဘောတူတယ်ဆိုရင်တော့...ကျုပ် စည်သာမင်းကြီးဆီ အကြောင်းကြားလိုက်တော့မယ်”

“သဘောတူပါတယ်..ကိုအောင်ဇေယျ...အမှန်ဝန်ခံရရင်..ဟိုးအစောပိုင်းတွေက ခင်ဗျားကို ကျုပ်တွေ့ချိန်မှာ အထင်မကြီးမိတာအမှန်ပဲ...အခု မုဆိုးဖိုမှာ ကျုပ်နေတဲ့ကာလတစ်လျှောက် ခင်ဗျား လုပ်ရည်ကိုင်ရည်တွေကို မြင်လာတဲ့အခါ ခင်ဗျားဟာ ခေါင်းဆောင်တစ်ယောက်ဆိုတာကို ကျုပ် လက်ခံပါတယ်..ဘာပဲဖြစ်ဖြစ်...မုဆိုးဖို မှာ ခင်ဗျားရှိနေမှဖြစ်မှာပါ..ဒီတော့ စဉ့်ကိုင်ကို ကျုပ် ဉီးဆောင်ပြီးသွားပါ့မယ်”

“အဖေရာ ကျွန်တော်နဲ့ အကိုကြီး သွားပါမယ်ဆိုတာကိုဗျာ...ဉီးရီးတွန်ဟာဖြင့် မုဆိုးဖိုသားလည်း မဟုတ်ပဲနဲ့ကို...သူအရေးမလှရင် တခြားသူတွေကြား..မုဆိုးဖိုသားတွေအချောင်နာမည်ပျက်နေမယ်”

“မောင်ရွ...တိတ်စမ်း...မင်းက မင်းအကို မောင်လောက်နဲ့အတူ ဒီသစ်တပ်မှာပဲ ကွပ်ကဲရမယ်လို့ ငါပြောပြီး ပြီမဟုတ်လား..မောင်လောက်... အနောက်ဘက် သစ်တပ်ဆီ မင်းဉီးရီး ကိုသာ နဲ့ ထန်းသမားငထော် တို့ ထန်းလုံးတွေ ကို နေရာချနေတယ်..မင်းကို ခံတပ်စီရင်ခြင်းပညာ သူတို့ဆီက ယူရမယ်လို့ ငါပြောထားတယ်မဟုတ်လား..အဲ့ဒီကိုသွားတော့”

မောင်ရွက စားပွဲဝိုင်းအတွင်းမှ လူများကို မကျေမနပ်ဖြင့် တစ်ချက်ကြည့်ကာ ထွက်သွားသည်။

“မောင်ကောင်း...ငါမရှိတဲ့အချိန် မောင်ရွကိုလည်း မင်းတို့က အလိုမလိုက်ကြနဲ့...မောင်လောက် ကလည်း ကိုယ့်ညီကို သေချာထိန်း...ဒီကောင်က စစ်ရေးစစ်ရာဆို စိတ်ပါဝင်စားသလောက် စိတ်လိုက်မာန်ပါတော့ လုပ်တတ်တယ်..အဲ့ဒီ ညဉ့်လေးကို မင်းတို့ ဂရုစိုက်ထား..ငါမသိပဲ..သူ့ကို ဘာမှ မလုပ်စေနဲ့..ဟုတ်ပြီလား”

“ဒီမုဆိုးဖိုတရွာလုံးမှာ သူ့ကို ပြောလို့ဆိုလို့ရတာဆိုလို့....ရှင်မိငယ် နဲ့ သူ့နှမ ရှင်ညိုမြတို့ သားအမိပဲရှိတာ...သူက မိထွေးကို အမေထက်ကို ပိုချစ်သေးတာဗျ..ကိုအောင်ဇေယျရဲ့”

“အင်း...မိငယ်ကိုလည်း သွန်သင်ခိုင်းရမှာပဲ...ကဲ..အဲ့ဒါထားပါဉီး...ကိုတွန်..ခင်ဗျား ဘယ်နေ့လောက်ထွက်မယ်စိတ်ကူးလဲ”

“လပြည့်မတိုင်ခင် ထွက်ပါ့မယ်..မြတ်ထားသီရိလည်း အဆင်သင့်ဖြစ်မယ့်အချိန်ပေါ့”

“ဟုတ်ပြီ..ဒါဆို မောင်ကောင်းနဲ့ မောင်သာ တို့ တိုင်ပင်ပြီး ကိုတွန်နဲ့ ထည့်ပေးလိုက်မယ့် အင်အားစာရင်းကို အကြမ်းရွေးချယ်ထားပါ..ပြီးတော့မှ..အသေးစိတ်ကိုတော့ ကျုပ်တို့ တိုင်ပင်ကြတာပေါ့”

၁၇၄၉ ဩဂုတ်လ ၁၅ ရက်နေ့တွင် ကွေ့မွန်ပူးပေါင်းတပ်များသည် စစ်ကိုင်းရေဝန်းအရပ်အထိ တက်လာကာ ကျေးရွာများကို သိမ်းပိုက်ရန် ကြိုးပမ်းကြသည်။

သုံ့ပန်း ၃၀ ကျော်ကိုလည်း ဖမ်းယူသွားကြသည်။

 ထို့ကြောင့် မဟာဓမ္မရာဇာဓိပတိ သည် ကွေ့များအား တားဆီးရန် စကျင်ဝတွင် ကြည်းတပ်၊ ရေတပ်များ အခိုင်အမာချထားသည်။ စစ်ကိုင်းမြို့ကိုလည်း မြို့ရိုးများ၊ ကျုံးများ ပြင်ဆင်ဆောက်လုပ်ခဲ့သည်။

စစ်ကိုင်းတွင် မင်းပြိုင်အဖြစ် ထားရှိသော ဉီးရွှေဖြိုး ၏ တပ်များကိုလည်း ကွေ့များကို တိုက်ခိုက်ရန် စေလွှတ်ခဲ့သည်။

ဉီးရွှေဖြိုး၏ အတွင်းဝန် သတိုးဓမ္မရာဇာ ဉီးဆောင်သည့် အင်အား (၁၀၀၀) ပါတပ်ကြီးမှာ ကွေ့တပ်များ၏ ဆီးကြိုတိုက်ခိုက်မှုကြောင့် တပ်ပျက်ကာ ပြန်လည်ဆုတ်ခွာလာရသည်။

ယောဆောထီးလင်းမှ လက်အောက်ခံတပ်များနှင့် စလင်္ကသူကြီး မင်းကြီးကျော်စွာတို့ ပူးပေါင်းလာသည့် အင်အား (၂၀၀၀)ကျော်သည်လည်း စစ်ကူပေးရန်အလာတွင် ကွေ့တို့၏ ပျောက်ကျားစစ်ကို မခံနိုင်ပဲ တပ်ပျက်ခဲ့ပြန်သည်။

သာမန် သူပုန်သူကန်များဟုသာ သဘောထားခဲ့သော ကွေ့အရေးမှာ ထိန်းမနိုင်သည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။

ထို့ကြောင့် အင်းဝဘုရင်မဟာဓမ္မရာဇာဓိပတိသည် ဟံသာဝတီစစ်ရေးအတွက် ပြင်ဆင်မှုများ ပြုလုပ်နေသော ကိုးသိန်းသခင်မင်းခေါင် ကို နယ်စပ်မှ ခေါ်ယူကာ ကွေ့အရေးနှိမ်နင်းရန် စဉ့်ကိုင်သို့ စေလွှတ်လိုက်သည်။

ကိုးသိန်းသခင်သည် သူ၏ စစ်တပ်နှင့်အတူ စဉ့်ကိုင်သို့ ရောက်ရှိကာ ခံတပ်တစ်ခုတည်လျက်နေသည်။

ကွေ့တို့ကလည်း ကိုးသိန်းသခင်တပ်များ ရောက်သည်နှင့် စစ်ကြောင်းများကို ပြန်လည်စုစည်းကာ တုံကုန်းအရပ်တွင် တပ်တည်ပြီး အခြေအနေကို စောင့်ကြည့်နေသည်။

ကွေ့များကို တိုက်ခိုက်ရန်အတွက် ကိုးသိန်းသခင်က  စည်သာ၊ ကန်ပေါက်၊ ခင်ဉီး၊ မုဆိုးဖို၊ ဆားလင်းကုန်း၊ ကျောက်ကာ၊ သာစည် တို့မှ သူကြီးများကို လူအင်အားနှင့်တကွ စဉ့်ကိုင်တွင် စစ်မှုထမ်းရန် ဆင့်ဆိုခဲ့သည်။

အောင်ဇေယျက စဉ့်ကိုင်တွင် အမှုထမ်းရန် သူ့ကိုယ်စား ငတွန်ကို အင်အားတချို့နှင့် စေလွှတ်ပေးမည်ဖြစ်သည်။

ငတွန်ကလည်း မုဆိုးဖိုကိုယ်စားပြုအင်အားများကို အုပ်ချုပ်လျက် စဉ့်ကိုင်တွင် သွားရောက်အမှုထမ်းရန် သဘောတူခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စာတိုက်တကာတိုက်ပွဲမှ လွတ်မြောက်လာပြီး မုဆိုးဖိုတွင် သောင်တင်နေသော  ဘုရင့်ကိုယ်လုပ်တော် မြတ်ထားသီရိ ကိုလည်း စဉ့်ကိုင်မှတဆင့် ဘုရင့်တပ်များနှင့် အင်းဝသို့ ပြန်ပို့ပေးရတော့မည်ဖြစ်သည်။

.....................................................................................

စက်တင်ဘာ၏ အညာမိုးက တဖြောက်ဖြောက်။

ညဉ့်နက်ပိုင်းမို့ မုဆိုးဖိုသစ်တပ်အတွင်း တဲကလေးများတွင် ဟိုမှ သည် မီးကလေးများ လင်းနေ၏။

ကင်းစောင့်တဲတစ်လုံးဆီမှ ပုလွေသံ ကလည်း ဆွေးဆွေးမြည့်မြည့်။

ငတွန်က ထန်းညှက်ဖြင့် ချက်ထားသည့် အရက်ဉီးရေ ကို တစ်ငှဲ့ ငှဲ့ကာ မော့လိုက်သည်။

ထို့နောက် ပုလွေသံအလိုက်အတိုင်း သီချင်းလိုက်ဆိုနေ၏။

တဲရှေ့တွင် ပက္ကလာခြုံထားသည့် လူရိပ်တစ်ခုရောက်လာသဖြင့် ငတွန်က နဘေးနားရှိ ဝါးရင်းတုတ်ကို လက်ဖြင့် ကိုင်လိုက်သည်။

“ဘယ်သူလဲ”

“နှမပါ..မြတ်ထားပါ..မောင်ကြီး”

“မင်း..ဘာလာလုပ်တာလဲ...မိုးချုပ်လှပြီ”

“မနက်ဖြန်ထွက်မယ့်ခရီးအတွက် အဆင်သင့်ဖြစ်နေပြီဆိုတာ လာပြောတာပါ”

“နေ့လည်ကတည်းက ငါသိပြီးပြီလေ..ကဲ..ပြန်တော့..လူတွေမြင်ကုန်ရင်မကောင်းဘူး”

ငတွန်က ခပ်ပြတ်ပြတ်ပြောလိုက်သည်။

မြတ်ထားသီရိက တဲအတွင်း ဝင်လာပြီး ပက္ကလာကို ချွတ်လိုက်၏။

“စဉ့်ကိုင်ကို ရောက်တဲ့အခါ မြတ်ထား နဲ့ မောင်ကြီး တွေ့ချင်မှ တွေ့ရတော့မှာပါ... မောင်ကြီးကူညီခဲ့တာတွေအတွက် မြတ်ထား ကျေးဇူးတင်စကားလေးတော့ ပြောပါရစေ”

ငတွန်က အရက်ထည့်ထားသည့် သေတကောင်းကို သိမ်းရန်ပြင်လိုက်သည်။

“ရပါတယ်...မောင်ကြီး..သောက်စရာရှိတာသောက်ပါ..မြတ်ထားကို အားမနာပါနဲ့”

ငတွန်က သေတကောင်း ကို ပြန်ချလိုက်၏။

“အိ..အိ”

သူ့ရှေ့တွင် ရုတ်တရက် ငိုချလိုက်သော မြတ်ထားသီရိကြောင့် ငတွန် အလန့်တကြားဖြစ်သွားသည်။

“ဘာဖြစ်တာလဲ..ဘာဖြစ်လို့ ငိုရတာလဲဟ”

“မြတ်ထား...ဒီမုဆိုးဖိုမှာနေရတာ ပျော်တယ်...ဒီမှာ နေခဲ့ရတဲ့ ကာလတွေဟာ မြတ်ထားရဲ့ ဘဝတစ်လျှောက် အလွတ်လပ်ဆုံးနဲ့ အပျော်ရွှင်ဆုံးပါပဲ...မောင်ကြီး..မြတ်ထား အင်းဝကို မပြန်ချင်ဘူး”

“မင်းက ဘုရင့်ကိုယ်လုပ်တော်လေ..အင်းဝက မင်းအိမ်ပဲ..မပြန်လို့ ဘယ်ရမလဲ”

“မြတ်ထားသိပါတယ်..မြတ်ထား ဘဝ မြတ်ထား မပိုင်ပါဘူး...မြတ်ထားတို့ မောင်နှမ ဟိုးငယ်ငယ်လေးကတည်းက အင်းဝနန်းတော်ထဲကို အပို့ခံရတယ်..သူစိမ်းတွေခြေရင်းမှာ လက်အုပ်ချီပြီး သူတို့ခိုင်းတာမှန်သမျှ လုပ်ရတယ်..နန်းတော်ထဲမှာ ကြီးပြင်းရတဲ့တစ်လျှောက် အရာရာကို ကြောက်ရွံခဲ့ရတယ်..မြတ်ထားအကို နန္ဒဝေကတော့ စစ်တပ်မှာ အမှုထမ်းတဲ့အတွက် လွတ်မြောက်ခဲ့ပေမယ့်..မြတ်ထားကတော့ ဘုရင့်ကိုယ်လုပ်တော်ဘဝကို မရောက်ချင်ပဲ ရောက်ခဲ့ရတာ..မြတ်ထား ပျော်တယ်လို့များ ထင်လား...မောင်ကြီး”

ငတွန်က စကားပြန်မပြောပဲ..အရက်တစ်ခွက်ကိုငှဲ့လိုက်သည်။

မြတ်ထားသီရိက ငတွန်ငှဲ့ထားသော အရက်ခွက်ကို ဆတ်ခနဲ ကောက်ကိုင်ကာ မော့သောက်လိုက်၏။

“ဟ..ဟေ့..ဘာလုပ်တာလဲ”

“မြတ်ထားလည်း သောက်ပါရစေ..မောင်ကြီးရယ်..မြတ်ထားဟာ ဒီတညပဲ လွတ်လွတ်လပ်လပ် နေခွင့်ရှိတော့တာပါ..မြတ်ထား...သောက်ပါရစေ”

ငတွန်က ခေါင်းကုတ်လိုက်၏။ ထို့နောက် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

“ဒုက္ခပါပဲ...ငါ့ဟာငါတောင် မလောက်ဘူးဟ”

ငတွန်၏ စကားမဆုံးလိုက် မြတ်ထားသီရိက နောက်ထပ် တစ်ခွက်ထပ်ငှဲ့ကာ မော့ချလိုက်သည်။

“ဟေ့..တော်တော့..အရမ်းမူးသွားမယ်”

“မူးတော့..ဘာဖြစ်လဲ..မောင်ကြီး..မြတ်ထားကို ဂရုစိုက်မနေနဲ့..ဖြစ်ချင်ရာဖြစ် လွှတ်ထားလိုက်စမ်းပါ”

“လွှတ်ထားလို့မရဘူးဟ..မင်းရောက်နေတာ ငါ့တဲထဲမှာ..မတော်လူတွေပြောကုန်ကြမှ”

“ဘာလဲ...မောင်ကြီးရဲ့ ပေါ်တူဂီမဆီ သတင်းစကားတွေ ရောက်မှာစိုးလို့လား”

မြတ်ထားသီရိစကားကြောင့် ငတွန်၏ ခန္ဓာကိုယ် မတ်ခနဲဖြစ်သွားသည်။

“ဘာ..မင်း ဘာပြောလိုက်တယ်”

“ဪ..လွီဇာလေ.. မောင်ကြီးရဲ့ အချစ်ဆုံးဆိုတဲ့ လွီဇာ”

“အဲ့ဒါတွေ မင်းကို ဘယ်သူ ပြောလိုက်တာလဲ”

မြတ်ထားသီရိက တခစ်ခစ်ရယ်ရင်း အရက်တစ်ခွက်ကို ငှဲ့သောက်ပြန်သည်။

“ငါမေးတာဖြေလေ..မင်းဘယ်သူ့ဆီက သိလာတာလဲ...ရှင်မိငယ်ဆီကလား..ငကောင်းမယားဆီကလား”

“ထားပါ..မောင်ကြီးရယ်..မောင်ကြီးရဲ့ လွီဇာက အရမ်းလှတာပဲလား”

ငတွန်က ရှေ့တွင်ရှိသော အရက်ခွက်ကိုသာ စိုက်ကြည့်နေသည်။

“မြတ်ထား..လောက်...သူက လှလို့လား..မောင်ကြီး”

မြတ်ထားသီရိ က မတ်တပ်ထရပ်လိုက်၏။

ထို့နောက် သူ၏ အပေါ်လွှာ ခြုံထည်ကို ချွတ်ချလိုက်သည်။

ရင်စည်းအောက်မှ မထွေးမအံ..ဖိတ်လျှံကျနေသော ဝင်းလက်ပျိုးပြက်မှုကို ငတွန်ခံစားလိုက်ရ၏။

ငတွန် ခေတ္တမျှ ငေးမောနေ၏။

“ဖြေပါဉီး..မောင်ကြီးရဲ့...သူ့လောက် မြတ်ထားက မလှလို့လား”

“မင်း..ပြန်သင့်ပြီ..မြတ်ထားသီရိ”

“မပြန်နိုင်ဘူး..မောင်ကြီး..ဖြေလေ..မောင်ကြီးဖြေ...မြတ်ထားက သူ့လောက် မလှလို့လား”

မြတ်ထားသီရိက စားပွဲပေါ်လက်ထောက်လိုက်ကာ ငတွန်၏ မျက်နှာရှေ့သို့ သူမ၏ မျက်နှာကို အပ်လိုက်သည်။

ငတွန်က အံကို ကြိတ်ကာ မျက်နှာလွှဲလိုက်၏။

“မောင်ကြီး...မဖြေနိုင်တော့ဘူး..မဟုတ်လား...မဖြေနိုင်လည်း မဖြေပါနဲ့ မောင်ကြီးရယ်...အခုလို လုပ်မိလို့.မောင်ကြီး..မြတ်ထားကို... စိတ်မဆိုးပါနဲ့..မြတ်ထား..စိတ်တွေ..ဘာဖြစ်နေမှန်း မြတ်ထားကိုယ်တိုင်တောင် မသိတော့ပါဘူး”

မြတ်ထားသီရိက ငတွန်၏ ရှေ့တည့်တည့်တွင် ထိုင်ချလိုက်ပြီး စားပွဲပေါ်မှ သေတကောင်းကို ထပ်ငှဲ့ရန် ကောက်ကိုင်လိုက်၏။

“မင်း သိပ်မူးနေပြီ..တော်တော့”

မြတ်ထားသီရိ၏ လက်ကို ငတွန်က ရှေ့သို့ကိုင်းကာ ချုပ်ကိုင်လိုက်သည်။

မြတ်ထားသီရိက ငတွန် ၏ လည်ပင်းကို သိုင်းဖက်လိုက်သဖြင့် ငတွန်မှာ ဟန်ချက်ပျက်သွားပြီး စားပွဲပေါ်မှ တဆင့် မြတ်ထားသီရိပေါ်သို့ မှောက်ကျသွားတော့သည်။

မြတ်ထားသီရိ က ငတွန်၏ နှုတ်ခမ်းများကို သူမ၏ နှုတ်ခမ်းဖြင့် အတင်းဖိကပ်ထား၏။

ငတွန်က မြတ်ထားသီရိ၏ လက်ကိုရုန်းကန်ကာ မတ်တပ်ထရပ်လိုက်သည်။

“မင်း..ဘာလုပ်တာလဲ...မင်း...ရူးနေပြီလား”

“မြတ်ထား ရှင့်ကို ချစ်တယ်..ငတွန်..ကျွန်မ ရှင့်ကို ချစ်တယ်”

မြတ်ထားသီရိ က ငတွန် ရင်ခွင်ထဲသို့ အတင်း ပြေးဝင်လုံးကာ  သိုင်းဖက်လိုက်၏။

ငတွန်က နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ စောင့်တွန်းလိုက်သဖြင့် မြတ်ထားသီရိ လဲကျသွားသည်။

တွန်းလိုက်သည့် အရှိန်မှာ ပြင်းလှသဖြင့် မြတ်ထားသီရိမှ ပုံလျက်လဲနေရာမှ အတော်နှင့် မထနိုင်။

ကညင်ဆီမီးခွက်အလင်းကြောင့် ရွှေအိုရောင်ဖြာကျနေသည့် သည် မြတ်ထားသီရိ၏ ဖောင်းအိအိပါးပြင်လေးကို ငတွန် ခေတ္တမျှ ငေးနေမိသည်။

ထိုပါးပြင်နုနုပေါ်မှ တလိမ့်ချင်းစီးကျလာသည့်မျက်ရည်ဥကလေးများ။

ထိုမျက်ရည်ဥကလေးများသည် လည်တိုင်ကျော့ကျော့မှတဆင့်..အကြောစိမ်းလေးများ ယှက်သွယ်နေသည့် ညက်ညောအိစက် ရင်မွှာထက်ဆီသို့ တဆင့်ခြင်း စီးဝင်သွားသည်။

ငတွန်က ထိုမြင်ကွင်းကို မမှိတ်မသုန်ကြည့်ရင်း အသက်ရှုသံများ မြန်လာသည်။ ငတွန်က မျက်နှာကို တဖက်သို့ လွှဲထားလိုက်သည်။

“မင်း..ထွက်သွားတော့..မသင့်ဘူး..မြတ်ထားသီရိ..မင်း..သွားတော့”

မြတ်ထားသီရိက ငတွန်ကို တချက်ကြည့်ကာ ရှိုက်လိုက်သည်။

ထို့နောက် လူးလဲထကာ မိုးရေထဲသို့ ပြေးထွက်သွားတော့၏။

တဲအိမ်ထဲတွင် ငတွန်တစ်ယောက်တည်း ငူငူကြီး ရပ်လျက်ကျန်ရစ်။

နဘေးတွင်တော့ မြတ်ထားသီရိ၏ အပေါ်ခြုံလွှာ နှင့် ပက္ကလာကလေး။

....................................................................................

ညဘက်က မိုးရွာသွန်းခဲ့သဖြင့် မြေသင်းနံ့က သင်းပျံ့ပျံ့။

“ပစ္စည်းတွေ သေချာ စစ်နော်..ထမင်းခြောက်တွေ၊ အသားခြောက်တွေ ကို နောက်က လှည်းပေါ် သက်သက်တင်ကြ”

ငတွန်က မြင်းပေါ်မှ နေပြီး ညွှန်ကြားနေ၏။

ပေါင်းမိုးလှည်းပေါ်တွင် ထိုင်နေသော မြတ်ထားသီရိ နှင့် မျက်နှာချင်းမဆိုင်မိစေရန် သတိထားနေသည်။

မြတ်ထားသီရိ ကို ခင်ယွန်းစံ၊ ရှင်မိငယ်နှင့် ငကောင်း၊ ငသာတို့၏ ဇနီးများက နှုတ်ဆက်နေကြသည်။

“အားလုံးအဆင့်သင့်ဖြစ်ရင် ထွက်မယ်ဟေ့”

ငတွန်က မြင်းက မြတ်ထားသီရိ၏ လှည်းနောက်သို့ ရောက်လာသည်။

ငတွန်က မြတ်ထားသီရိ ကို တစ်ချက် ခိုးကြည့်သည်။

မြတ်ထားသီရိ က ခေါင်းကို ငုံ့ထား၏။

ငတွန်က ပတ်ဝန်းကျင်ကို တချက်ကြည့်လိုက်ပြီး..

“ဒီမှာ..ညက မင်းကျန်ရစ်ခဲ့တာ”

ညကကျန်ရစ်ခဲ့သော အပေါ်ခြုံအင်္ကျီကို ငတွန်က မြတ်ထားသီရိ ဘေးနားသို့ ပစ်ချပေးလိုက်သည်။

မြတ်ထားသီရိက ငတွန်၏ အသံကို မကြားယောင်ပြုလျက်..အဝေးသို့သာ ငေးနေ၏။

မြင်း၊နွားလှည်းများ နှင့် ခြေလျင်လူတန်းကြီးက မုဆိုးဖိုမှ စဉ့်ကိုင်သို့ စတင်ထွက်ခွာလာခဲ့ပြီဖြစ်သည်။

ခက်ဇော်

(Zawgyi)

AVA 1740s (Season 2)

                                                                       အခန္း(၂၈)

                                                             ......................................................

“လုလင္ႀကီး”

ရွင္ဘုရင္ႏွင့္ စည္းေဝးရာအခန္းတြင္းမွ ထြက္လာသည့္ လက္်ာဗိုလ္မွာ ေခၚသံေၾကာင့္ ေနာက္သို႔ လွည့္ၾကည့္လိုက္သည္။

“ရာနိတ္”

ဖာသာနာေရနီ က ၿပဳံးျပလိုက္သည္။

“က်ဳပ္ကို မွတ္မိေသးတာပဲ..ဗိုလ္မင္း”

လက္်ာဗိုလ္က ဘာမွ ျပန္မေျပာပဲ ဖာသာနာေရနီကိုသာ ၾကည့္ေန၏။

“သေဘၤာေပၚက ဆင္းကတည္းက ဗိုလ္မင္းကို က်ဳပ္ ရွာေနတာ”

“ဘာကိစၥရွိလို႔မ်ားလဲ...ဖာသာ”

“က်ဳပ္တို႔ မေတြ႕ၾကတာ ႏွစ္ေတြအေတာ္ၾကာသြားၿပီမဟုတ္လား..ဗိုလ္မင္းရဲ႕”

“ဖာသာ ဟံသာဝတီကို ျပန္လာတာကို ႀကိဳဆိုပါတယ္”

“ဒါနဲ႔..ဗိုလ္မင္းကေတာ္ေရာ”

“ဟိုမွာ လြီဇာ နဲ႔ စကားေျပာေနတယ္”

ဖာသာနာေရနီက လက္်ာဗိုလ္၏ လက္ညႇိးၫႊန္ရာသို႔ ၾကည့္လိုက္သည္။

“အင္း..ျမတ္ဝါ..ဟာ ဘုရားက မ်က္ႏွာသာေပးျခင္းခံရတဲ့ မိန္းကေလးပဲ..သူ သိပ္ကံေကာင္းတာပဲ..ဗိုလ္မင္း”

“နာေရနီ...က်ဳပ္ကို ခြင့္လႊတ္ပါ....ျမတ္ဝါဟာ သနားစရာသိပ္ေကာင္းတယ္..ၿပီးေတာ့...သူက က်ဳပ္ကို အရမ္းအားကိုး..အရမ္းခ်စ္တဲ့ မိန္းကေလးပါ..အဲ့ဒါေၾကာင့္..အားလုံးေကာင္းဖို႔”

ဖာသာနာေရနီက ဝဲတက္လာေသာ မ်က္ရည္မ်ားေၾကာင့္ လက္်ာဗိုလ္ထံမွ အၾကည့္ကို လႊဲလိုက္သည္။

“က်ဳပ္နားလည္ပါတယ္..ဗိုလ္မင္း..ဗိုလ္မင္းဟာ ျဖစ္သင့္တာကို လုပ္ခဲ့တာပါ....က်ဳပ္တို႔ႏွစ္ေယာက္ၾကား ရွိခဲ့တဲ့ ဆက္ႏြယ္မႈေတြကို ေဟာ့ဒီလူအသိုက္အဝန္းကေတာ့ အဆိပ္အေတာက္အျဖစ္ မသတီစရာ ရယ္စရာအျဖစ္ သတ္မွတ္ခ်င္ သတ္မွတ္ၾကလိမ့္မယ္..ဒါေပမယ့္ ..ခ်စ္ျခင္းေမတၱာဆိုတာ ေယာက္်ားနဲ႔ မိန္းမၾကားမွာ ျဖစ္ျဖစ္..ေယာက္်ားႏွစ္ေယာက္ၾကား မွာပဲျဖစ္ျဖစ္..မိန္းမႏွစ္ေယာက္ၾကားမွာပဲျဖစ္ျဖစ္.. တန္ဖိုးေလ်ာ့သြားစရာမရွိပါဘူး..အဲ့ဒါကိုေတာ့ က်ဳပ္ ယုံတယ္..ဗိုလ္မင္း”

သူတို႔ႏွစ္ဉီးလုံး မ်က္ႏွာခ်င္းဆိုင္လ်က္ တိတ္ဆိတ္သြားၾကသည္။

“ဟယ္...ဖာသာ...မေတြ႕တာေတာင္ ၾကာေပါ့”

ျမတ္ဝါ၏ အသံစာစာေလးက သူတို႔ႏွစ္ဉီး၏ တိတ္ဆိတ္ျခင္းကို ၿဖိဳခြဲလိုက္သည္။

“ျမတ္ဝါေလး...ေနေကာင္းသြားၿပီလား”

“ေကာင္းသြားၿပီ..ဖာသာ...ဒီမွာ ျမတ္ဝါကို အနီးကပ္ ေဆးကုေပးတဲ့ သမားေတာ္ႀကီးက ရွိေနၿပီေလ”

ျမတ္ဝါက လက္်ာဗိုလ္၏ လက္ေမာင္းကို ဖက္တြယ္ကာ ေျပာလိုက္၏။

ဖာသာနာေရနီက သူ၏ ဝတ္႐ုံထဲမွ ပုလင္းေလးတစ္လုံးကို ထုတ္လိုက္သည္။

“ဒီမွာ ျမတ္ဝါအတြက္ ပြန္ဒီခ်ယ္ရီက ႏွင္းဆီေရေမႊးပုလင္း လက္ေဆာင္”

ျမတ္ဝါက ေရေမႊးပုလင္းကို ယူကာ လက္ခုံတြင္ စြတ္ၿပီး ႏွာေခါင္းနားကပ္လိုက္၏။

“ဟယ္..ဒါ ဉီးဉီးဗိုလ္မင္း ႀကိဳက္တဲ့ အနံ႔မ်ိဳးပဲ...ဒီမွာ ၾကည့္ ဉီးဉီးဗိုလ္မင္း..ေမႊးတယ္ေနာ္”

ျမတ္ဝါ၏ လက္ဖမိုးကေလးက လက္်ာဗိုလ္၏ ႏွာေခါင္းအနားသို႔ ကပ္သြားသည္။

ဖာသာနာေရနီက သူတို႔ႏွစ္ဉီးကို ေငးၾကည့္ေန၏။

“ဟယ္..ဟိုမွာ...ကိုေလွးနဲ႔ မဖူး ေတာ့...လူအုပ္ၾကားထဲမွာ...မမလြီဇာကို ေတြ႕ခ်င္လို႔ထင္တယ္...ျမတ္ဝါ မလြီဇာကို သြားေခၚလိုက္ဉီးမယ္”

ျမတ္ဝါက ေရေမႊးပုလင္းကို ကိုင္ကာ သူတို႔အနီးမွ ျပန္ေျပးထြက္သြားသည္။

“ျမတ္ဝါကို ဒီအေျခအေနျမင္ရတာ...အရမ္းစိတ္ခ်မ္းသာတာပဲ...သူေလး ကို ၾကင္ၾကင္နာနာဂ႐ုစိုက္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္..ဗိုလ္မင္း”

ဖာသာနာေရနီက လက္်ာဗိုလ္၏ လက္ေမာင္းကို လက္တစ္ဖက္ျဖင့္ ဆုပ္ကိုင္ၿပီး တဲကႏၷားေပၚမွ ဆင္းသြား၏။

“ရာနိတ္”

လက္်ာဗိုလ္၏ ေခၚသံေၾကာင့္ ဖာသာနာေရနီက သမင္လည္ျပန္လွည့္ၾကည့္လိုက္သည္။

“က်န္းမာေရး ဂ႐ုစိုက္ပါ”

နာေရနီက လက္်ာဗိုလ္ကို ၿပဳံးျပလိုက္သည္။

လက္်ာဗိုလ္က ဖာသာနာေရနီ ၏ ေက်ာျပင္ကို မ်က္စိတစ္ဆုံးလိုက္ၾကည့္ေန၏။

“လက္်ာဗိုလ္”

လြီဇာက လက္်ာဗိုလ္၏ အနီးတြင္ လာရပ္လိုက္သည္။

“မင္း ျမတ္ဝါတို႔ နဲ႔ ပါသြားၿပီမွတ္တာ..လြီဇာ”

“ျမတ္ဝါနဲ႔ မယ္ဖူးတို႔ လင္မယား ဟိုဘက္မွ ရွိပါတယ္..ကြၽန္မ ရွင္တို႔ကို ေတြ႕လို႔ ဒီဘက္ ထြက္လာခဲ့တာ”

“အင္း...ဘာေျပာစရာရွိလို႔လဲ..လြီဇာ”

“ဖာသာနာေရနီ က ဒီမွာ တသက္လုံး အေျခခ်ဖို႔ ျပန္လာခဲ့တာ..မၾကာခင္မွာ အီတလီက သူ႔အေမလည္း လိုက္လာလိမ့္မယ္”

“ဪ”

“ရွင္ သူ႔ကို သံေယာဇဥ္ ျပတ္ရဲ႕လား...လက္်ာဗိုလ္”

“သူနဲ႔ က်ဳပ္နဲ႔ၾကား ေဝးကြာသြားခဲ့တာ..အေတာ္ၾကာပါၿပီ...က်ဳပ္စိတ္ကို က်ဳပ္ထိန္းခ်ဳပ္ႏိုင္ပါတယ္..ၿပီးေတာ့..ျမတ္ဝါ အတြက္လည္း စဥ္းစားေပးရမယ္ေလ..လြီဇာ”

လြီဇာက သက္ျပင္းခ်လိုက္သည္။

“ကြၽန္မ ရွင့္ကို နားလည္ပါတယ္...လက္်ာဗိုလ္...ေနာက္တစ္ခု ရွင္နဲ႔ ကြၽန္မ တိုင္ပင္ခ်င္တာရွိတယ္”

“ေျပာပါ..လြီဇာ”

“ဟိုမွာ ၾကည့္လိုက္ပါဉီး”

လက္်ာဗိုလ္က လြီဇာ ၫႊန္ျပရာသို႔ ၾကည့္လိုက္သည္။

တဲကႏၷားႏွင့္ ခပ္လွည္းလွည္းရွိ ျပဳျပင္ေနေသာ သေဘၤာတစ္စီးေဘးနားတြင္ တလပန္းႏွင့္ ဂမုန္းတို႔ စကားေျပာကာ ရယ္ေမာေနၾက၏။

“သူတို႔ ဘာျဖစ္လို႔လဲ..လြီဇာ”

“ခုန အခန္းထဲက အေျပာအဆိုေတြအရ..ဉပရာဇာ ဟာ တလပန္းကို သိပ္ၾကည္ျဖဴပုံ မရဘူး...ကြၽန္မ မရွိတုန္း သူတို႔ၾကားမွာ ျပႆနာေတြ ရွိခဲ့ေသးလား”

လက္်ာဗိုလ္က ေခါင္းကို ခပ္ျဖည္းျဖည္း ညိတ္လိုက္သည္။

“ရွိတယ္..လြီဇာ..ခင္ဗ်ားတို႔ ပြန္ဒီခ်ယ္ရီမွာ ေရာက္ေနတဲ့အခ်ိန္မွာ ဉီးေအာင္လွက သူ႔ေအာက္က ညီေတြ၊ တူေတြ အားလုံးကို ဘြဲ႕အရည္ေတြေပးတယ္.. ညီအငယ္ဆုံး ေအာင္စ ကို သူအမတ္ဘဝကဘြဲ႕ ဗညားဒလဆိုၿပီး ေပးတယ္..ဘြဲ႕ေတြတင္မကဘူး..စစ္ေရးစစ္ရာမွာ အေရးပါတဲ့ရာထူးေတြေပးခဲ့တယ္...ျပႆနာက ဟံသာဝတီရဲ႕ စစ္ေရးမွာ အစကတည္းကရွိခဲ့တဲ့ စစ္ေရး၊ အုပ္ခ်ဳပ္ေရး ေနရာမွာ သူတို႔ ဝင္ယူလာတာပဲ....အခုက ညီေတာ္ေတြျဖစ္တဲ့ ဥပရာဇာေအာင္ျမ ရယ္၊ ေအာင္စရယ္၊ တူေတာ္ ေဒါေတာ္စု ရယ္က ရွင္ဘုရင္ကိုပါ လႊမ္းမိုးခ်ဳပ္ကိုင္ဖို႔ ႀကိဳးစားေနၾကတယ္...အုပ္ခ်ဳပ္ေရးဘက္မွာ..က်ီဝန္ဉီးေမာင္ နဲ႔ ဉီးကိုတို႔ ကိုေတာင္ နန္းတြင္းထဲက သူတို႔ပဲ ပထုတ္ပစ္ခဲ့ၾကတာ...ေနာက္ၿပီး.သူတို႔က က်ဳပ္ရယ္..သမက္ေတာ္ေစာျဗရယ္..တလပန္းရယ္ကို မေက်နပ္ၾကဘူး..က်ဳပ္ကိုေတာ့ ဘုရင္က စစ္ေရးမွာ အားကိုးတိုင္ပင္တာကို သူတို႔ မလိုလားတာ..အထူးသျဖင့္ ဘုရင့္သမက္ျဖစ္တဲ့ ေစာျဗကိုလည္း သူတို႔ မႀကိဳက္ဘူး..ဘုရင့္သမီးေတာ္ေယာက္်ားဆိုတာကလည္း ဘုရင္ျဖစ္ႏိုင္တာကိုး...အင္း..အခုေတာ့ တလပန္းကပါ ဘုရင့္သမက္ျဖစ္ဖို႔ အလားအလာရွိေနၿပီဆိုေတာ့”

“အင္း..ဒီလိုဆို..ကြၽန္မ ဉီးေအာင္ျမ နဲ႔ ေတြ႕ဖို႔ေတာ့လိုၿပီ...ကြၽန္မတို႔ အဓိကပန္းတိုင္ကို မေရာက္ခင္မွာ အင္အားစုေတြ ကြဲေနလို႔မရဘူး...အင္းဝ ဟာ အကြဲအကြဲအျပားျပားျဖစ္ေနခ်ိန္မွာ ကြၽန္မတို႔က စုစည္းက်စ္လစ္ေနမွျဖစ္မယ္...စစ္ပြဲတစ္ခုစၿပီဆို အဓိက အမိန႔္ေပးရမယ့္..ရွင္ဘုရင္ က ဝိဝါဒေတြၾကား ေတြေဝေနတာမ်ိဳး ျဖစ္ေနလို႔မရဘူး...ဒီအင္အားစုႏွစ္စုကို ေျပလည္ေအာင္ ကြၽန္မ ႀကိဳးစားေပးမယ္”

လက္်ာဗိုလ္က သက္ျပင္းခ်လိုက္သည္။

“ခင္ဗ်ား ကို က်ဳပ္ ယုံၾကည္ပါတယ္..လြီဇာ”

.................................................................................................................................

“ကိုတြန္..ခင္ဗ်ားကို က်ဳပ္ ယုံၾကည္ပါတယ္”

ေအာင္ေဇယ် က သားငယ္ျဖစ္သူ ေမာင္ဝိုင္းကို  ေပါင္ေပၚတြင္ တင္ထားရင္းမွ ေျပာလိုက္သည္။

ေမာင္ဝိုင္းက ဖခင္ျဖစ္သူ၏ မုတ္ဆိတ္ေမႊးတိုစိစိမ်ားကို လက္ကေလးျဖင့္ ပြတ္သပ္ကာ ရယ္ေမာေန၏။

“ခင္ယြန္းေရ....ေမာင္ဝိုင္းကို လာေခၚပါဉီးေဟ့..ဒီမွာ လူႀကီးေတြ စကားေျပာလို႔မရေတာ့ဘူး”

ခင္ယြန္းစံက အိမ္မႀကီးေပၚတက္လာသည္။ ေအာင္ေဇယ်က ေမာင္ဝိုင္းကို လက္ေမာင္းမွ မကာ ခင္ယြန္းစံထံ ကမ္းေပးလိုက္၏။

ခင္ယြန္းစံ လက္ေပၚ ေရာက္သည္ႏွင့္ ေမာင္ဝိုင္းမွာ ၿဗဲ ကနဲ ေအာ္ငိုေတာ့သည္။

“ကဲ...ကိုတြန္ သေဘာတူတယ္ဆိုရင္ေတာ့...က်ဳပ္ စည္သာမင္းႀကီးဆီ အေၾကာင္းၾကားလိုက္ေတာ့မယ္”

“သေဘာတူပါတယ္..ကိုေအာင္ေဇယ်...အမွန္ဝန္ခံရရင္..ဟိုးအေစာပိုင္းေတြက ခင္ဗ်ားကို က်ဳပ္ေတြ႕ခ်ိန္မွာ အထင္မႀကီးမိတာအမွန္ပဲ...အခု မုဆိုးဖိုမွာ က်ဳပ္ေနတဲ့ကာလတစ္ေလွ်ာက္ ခင္ဗ်ား လုပ္ရည္ကိုင္ရည္ေတြကို ျမင္လာတဲ့အခါ ခင္ဗ်ားဟာ ေခါင္းေဆာင္တစ္ေယာက္ဆိုတာကို က်ဳပ္ လက္ခံပါတယ္..ဘာပဲျဖစ္ျဖစ္...မုဆိုးဖို မွာ ခင္ဗ်ားရွိေနမွျဖစ္မွာပါ..ဒီေတာ့ စဥ့္ကိုင္ကို က်ဳပ္ ဉီးေဆာင္ၿပီးသြားပါ့မယ္”

“အေဖရာ ကြၽန္ေတာ္နဲ႔ အကိုႀကီး သြားပါမယ္ဆိုတာကိုဗ်ာ...ဉီးရီးတြန္ဟာျဖင့္ မုဆိုးဖိုသားလည္း မဟုတ္ပဲနဲ႔ကို...သူအေရးမလွရင္ တျခားသူေတြၾကား..မုဆိုးဖိုသားေတြအေခ်ာင္နာမည္ပ်က္ေနမယ္”

“ေမာင္႐ြ...တိတ္စမ္း...မင္းက မင္းအကို ေမာင္ေလာက္နဲ႔အတူ ဒီသစ္တပ္မွာပဲ ကြပ္ကဲရမယ္လို႔ ငါေျပာၿပီး ၿပီမဟုတ္လား..ေမာင္ေလာက္... အေနာက္ဘက္ သစ္တပ္ဆီ မင္းဉီးရီး ကိုသာ နဲ႔ ထန္းသမားငေထာ္ တို႔ ထန္းလုံးေတြ ကို ေနရာခ်ေနတယ္..မင္းကို ခံတပ္စီရင္ျခင္းပညာ သူတို႔ဆီက ယူရမယ္လို႔ ငါေျပာထားတယ္မဟုတ္လား..အဲ့ဒီကိုသြားေတာ့”

ေမာင္႐ြက စားပြဲဝိုင္းအတြင္းမွ လူမ်ားကို မေက်မနပ္ျဖင့္ တစ္ခ်က္ၾကည့္ကာ ထြက္သြားသည္။

“ေမာင္ေကာင္း...ငါမရွိတဲ့အခ်ိန္ ေမာင္႐ြကိုလည္း မင္းတို႔က အလိုမလိုက္ၾကနဲ႔...ေမာင္ေလာက္ ကလည္း ကိုယ့္ညီကို ေသခ်ာထိန္း...ဒီေကာင္က စစ္ေရးစစ္ရာဆို စိတ္ပါဝင္စားသေလာက္ စိတ္လိုက္မာန္ပါေတာ့ လုပ္တတ္တယ္..အဲ့ဒီ ညဥ့္ေလးကို မင္းတို႔ ဂ႐ုစိုက္ထား..ငါမသိပဲ..သူ႔ကို ဘာမွ မလုပ္ေစနဲ႔..ဟုတ္ၿပီလား”

“ဒီမုဆိုးဖိုတ႐ြာလုံးမွာ သူ႔ကို ေျပာလို႔ဆိုလို႔ရတာဆိုလို႔....ရွင္မိငယ္ နဲ႔ သူ႔ႏွမ ရွင္ညိဳျမတို႔ သားအမိပဲရွိတာ...သူက မိေထြးကို အေမထက္ကို ပိုခ်စ္ေသးတာဗ်..ကိုေအာင္ေဇယ်ရဲ႕”

“အင္း...မိငယ္ကိုလည္း သြန္သင္ခိုင္းရမွာပဲ...ကဲ..အဲ့ဒါထားပါဉီး...ကိုတြန္..ခင္ဗ်ား ဘယ္ေန႔ေလာက္ထြက္မယ္စိတ္ကူးလဲ”

“လျပည့္မတိုင္ခင္ ထြက္ပါ့မယ္..ျမတ္ထားသီရိလည္း အဆင္သင့္ျဖစ္မယ့္အခ်ိန္ေပါ့”

“ဟုတ္ၿပီ..ဒါဆို ေမာင္ေကာင္းနဲ႔ ေမာင္သာ တို႔ တိုင္ပင္ၿပီး ကိုတြန္နဲ႔ ထည့္ေပးလိုက္မယ့္ အင္အားစာရင္းကို အၾကမ္းေ႐ြးခ်ယ္ထားပါ..ၿပီးေတာ့မွ..အေသးစိတ္ကိုေတာ့ က်ဳပ္တို႔ တိုင္ပင္ၾကတာေပါ့”

၁၇၄၉ ဩဂုတ္လ ၁၅ ရက္ေန႔တြင္ ေကြ႕မြန္ပူးေပါင္းတပ္မ်ားသည္ စစ္ကိုင္းေရဝန္းအရပ္အထိ တက္လာကာ ေက်း႐ြာမ်ားကို သိမ္းပိုက္ရန္ ႀကိဳးပမ္းၾကသည္။

သုံ႔ပန္း ၃၀ ေက်ာ္ကိုလည္း ဖမ္းယူသြားၾကသည္။

 ထို႔ေၾကာင့္ မဟာဓမၼရာဇာဓိပတိ သည္ ေကြ႕မ်ားအား တားဆီးရန္ စက်င္ဝတြင္ ၾကည္းတပ္၊ ေရတပ္မ်ား အခိုင္အမာခ်ထားသည္။ စစ္ကိုင္းၿမိဳ႕ကိုလည္း ၿမိဳ႕႐ိုးမ်ား၊ က်ဳံးမ်ား ျပင္ဆင္ေဆာက္လုပ္ခဲ့သည္။

စစ္ကိုင္းတြင္ မင္းၿပိဳင္အျဖစ္ ထားရွိေသာ ဉီးေ႐ႊၿဖိဳး ၏ တပ္မ်ားကိုလည္း ေကြ႕မ်ားကို တိုက္ခိုက္ရန္ ေစလႊတ္ခဲ့သည္။

ဉီးေ႐ႊၿဖိဳး၏ အတြင္းဝန္ သတိုးဓမၼရာဇာ ဉီးေဆာင္သည့္ အင္အား (၁၀၀၀) ပါတပ္ႀကီးမွာ ေကြ႕တပ္မ်ား၏ ဆီးႀကိဳတိုက္ခိုက္မႈေၾကာင့္ တပ္ပ်က္ကာ ျပန္လည္ဆုတ္ခြာလာရသည္။

ေယာေဆာထီးလင္းမွ လက္ေအာက္ခံတပ္မ်ားႏွင့္ စလကၤသူႀကီး မင္းႀကီးေက်ာ္စြာတို႔ ပူးေပါင္းလာသည့္ အင္အား (၂၀၀၀)ေက်ာ္သည္လည္း စစ္ကူေပးရန္အလာတြင္ ေကြ႕တို႔၏ ေပ်ာက္က်ားစစ္ကို မခံႏိုင္ပဲ တပ္ပ်က္ခဲ့ျပန္သည္။

သာမန္ သူပုန္သူကန္မ်ားဟုသာ သေဘာထားခဲ့ေသာ ေကြ႕အေရးမွာ ထိန္းမႏိုင္သည့္ အေျခအေနသို႔ ေရာက္ရွိလာခဲ့သည္။

ထို႔ေၾကာင့္ အင္းဝဘုရင္မဟာဓမၼရာဇာဓိပတိသည္ ဟံသာဝတီစစ္ေရးအတြက္ ျပင္ဆင္မႈမ်ား ျပဳလုပ္ေနေသာ ကိုးသိန္းသခင္မင္းေခါင္ ကို နယ္စပ္မွ ေခၚယူကာ ေကြ႕အေရးႏွိမ္နင္းရန္ စဥ့္ကိုင္သို႔ ေစလႊတ္လိုက္သည္။

ကိုးသိန္းသခင္သည္ သူ၏ စစ္တပ္ႏွင့္အတူ စဥ့္ကိုင္သို႔ ေရာက္ရွိကာ ခံတပ္တစ္ခုတည္လ်က္ေနသည္။

ေကြ႕တို႔ကလည္း ကိုးသိန္းသခင္တပ္မ်ား ေရာက္သည္ႏွင့္ စစ္ေၾကာင္းမ်ားကို ျပန္လည္စုစည္းကာ တုံကုန္းအရပ္တြင္ တပ္တည္ၿပီး အေျခအေနကို ေစာင့္ၾကည့္ေနသည္။

ေကြ႕မ်ားကို တိုက္ခိုက္ရန္အတြက္ ကိုးသိန္းသခင္က  စည္သာ၊ ကန္ေပါက္၊ ခင္ဉီး၊ မုဆိုးဖို၊ ဆားလင္းကုန္း၊ ေက်ာက္ကာ၊ သာစည္ တို႔မွ သူႀကီးမ်ားကို လူအင္အားႏွင့္တကြ စဥ့္ကိုင္တြင္ စစ္မႈထမ္းရန္ ဆင့္ဆိုခဲ့သည္။

ေအာင္ေဇယ်က စဥ့္ကိုင္တြင္ အမႈထမ္းရန္ သူ႔ကိုယ္စား ငတြန္ကို အင္အားတခ်ိဳ႕ႏွင့္ ေစလႊတ္ေပးမည္ျဖစ္သည္။

ငတြန္ကလည္း မုဆိုးဖိုကိုယ္စားျပဳအင္အားမ်ားကို အုပ္ခ်ဳပ္လ်က္ စဥ့္ကိုင္တြင္ သြားေရာက္အမႈထမ္းရန္ သေဘာတူခဲ့ျခင္းျဖစ္သည္။

ထို႔ျပင္ စာတိုက္တကာတိုက္ပြဲမွ လြတ္ေျမာက္လာၿပီး မုဆိုးဖိုတြင္ ေသာင္တင္ေနေသာ  ဘုရင့္ကိုယ္လုပ္ေတာ္ ျမတ္ထားသီရိ ကိုလည္း စဥ့္ကိုင္မွတဆင့္ ဘုရင့္တပ္မ်ားႏွင့္ အင္းဝသို႔ ျပန္ပို႔ေပးရေတာ့မည္ျဖစ္သည္။

.....................................................................................

စက္တင္ဘာ၏ အညာမိုးက တေျဖာက္ေျဖာက္။

ညဥ့္နက္ပိုင္းမို႔ မုဆိုးဖိုသစ္တပ္အတြင္း တဲကေလးမ်ားတြင္ ဟိုမွ သည္ မီးကေလးမ်ား လင္းေန၏။

ကင္းေစာင့္တဲတစ္လုံးဆီမွ ပုေလြသံ ကလည္း ေဆြးေဆြးျမည့္ျမည့္။

ငတြန္က ထန္းညႇက္ျဖင့္ ခ်က္ထားသည့္ အရက္ဉီးေရ ကို တစ္ငွဲ႔ ငွဲ႔ကာ ေမာ့လိုက္သည္။

ထို႔ေနာက္ ပုေလြသံအလိုက္အတိုင္း သီခ်င္းလိုက္ဆိုေန၏။

တဲေရွ႕တြင္ ပကၠလာၿခဳံထားသည့္ လူရိပ္တစ္ခုေရာက္လာသျဖင့္ ငတြန္က နေဘးနားရွိ ဝါးရင္းတုတ္ကို လက္ျဖင့္ ကိုင္လိုက္သည္။

“ဘယ္သူလဲ”

“ႏွမပါ..ျမတ္ထားပါ..ေမာင္ႀကီး”

“မင္း..ဘာလာလုပ္တာလဲ...မိုးခ်ဳပ္လွၿပီ”

“မနက္ျဖန္ထြက္မယ့္ခရီးအတြက္ အဆင္သင့္ျဖစ္ေနၿပီဆိုတာ လာေျပာတာပါ”

“ေန႔လည္ကတည္းက ငါသိၿပီးၿပီေလ..ကဲ..ျပန္ေတာ့..လူေတြျမင္ကုန္ရင္မေကာင္းဘူး”

ငတြန္က ခပ္ျပတ္ျပတ္ေျပာလိုက္သည္။

ျမတ္ထားသီရိက တဲအတြင္း ဝင္လာၿပီး ပကၠလာကို ခြၽတ္လိုက္၏။

“စဥ့္ကိုင္ကို ေရာက္တဲ့အခါ ျမတ္ထား နဲ႔ ေမာင္ႀကီး ေတြ႕ခ်င္မွ ေတြ႕ရေတာ့မွာပါ... ေမာင္ႀကီးကူညီခဲ့တာေတြအတြက္ ျမတ္ထား ေက်းဇူးတင္စကားေလးေတာ့ ေျပာပါရေစ”

ငတြန္က အရက္ထည့္ထားသည့္ ေသတေကာင္းကို သိမ္းရန္ျပင္လိုက္သည္။

“ရပါတယ္...ေမာင္ႀကီး..ေသာက္စရာရွိတာေသာက္ပါ..ျမတ္ထားကို အားမနာပါနဲ႔”

ငတြန္က ေသတေကာင္း ကို ျပန္ခ်လိုက္၏။

“အိ..အိ”

သူ႔ေရွ႕တြင္ ႐ုတ္တရက္ ငိုခ်လိုက္ေသာ ျမတ္ထားသီရိေၾကာင့္ ငတြန္ အလန႔္တၾကားျဖစ္သြားသည္။

“ဘာျဖစ္တာလဲ..ဘာျဖစ္လို႔ ငိုရတာလဲဟ”

“ျမတ္ထား...ဒီမုဆိုးဖိုမွာေနရတာ ေပ်ာ္တယ္...ဒီမွာ ေနခဲ့ရတဲ့ ကာလေတြဟာ ျမတ္ထားရဲ႕ ဘဝတစ္ေလွ်ာက္ အလြတ္လပ္ဆုံးနဲ႔ အေပ်ာ္႐ႊင္ဆုံးပါပဲ...ေမာင္ႀကီး..ျမတ္ထား အင္းဝကို မျပန္ခ်င္ဘူး”

“မင္းက ဘုရင့္ကိုယ္လုပ္ေတာ္ေလ..အင္းဝက မင္းအိမ္ပဲ..မျပန္လို႔ ဘယ္ရမလဲ”

“ျမတ္ထားသိပါတယ္..ျမတ္ထား ဘဝ ျမတ္ထား မပိုင္ပါဘူး...ျမတ္ထားတို႔ ေမာင္ႏွမ ဟိုးငယ္ငယ္ေလးကတည္းက အင္းဝနန္းေတာ္ထဲကို အပို႔ခံရတယ္..သူစိမ္းေတြေျခရင္းမွာ လက္အုပ္ခ်ီၿပီး သူတို႔ခိုင္းတာမွန္သမွ် လုပ္ရတယ္..နန္းေတာ္ထဲမွာ ႀကီးျပင္းရတဲ့တစ္ေလွ်ာက္ အရာရာကို ေၾကာက္႐ြံခဲ့ရတယ္..ျမတ္ထားအကို နႏၵေဝကေတာ့ စစ္တပ္မွာ အမႈထမ္းတဲ့အတြက္ လြတ္ေျမာက္ခဲ့ေပမယ့္..ျမတ္ထားကေတာ့ ဘုရင့္ကိုယ္လုပ္ေတာ္ဘဝကို မေရာက္ခ်င္ပဲ ေရာက္ခဲ့ရတာ..ျမတ္ထား ေပ်ာ္တယ္လို႔မ်ား ထင္လား...ေမာင္ႀကီး”

ငတြန္က စကားျပန္မေျပာပဲ..အရက္တစ္ခြက္ကိုငွဲ႔လိုက္သည္။

ျမတ္ထားသီရိက ငတြန္ငွဲ႔ထားေသာ အရက္ခြက္ကို ဆတ္ခနဲ ေကာက္ကိုင္ကာ ေမာ့ေသာက္လိုက္၏။

“ဟ..ေဟ့..ဘာလုပ္တာလဲ”

“ျမတ္ထားလည္း ေသာက္ပါရေစ..ေမာင္ႀကီးရယ္..ျမတ္ထားဟာ ဒီတညပဲ လြတ္လြတ္လပ္လပ္ ေနခြင့္ရွိေတာ့တာပါ..ျမတ္ထား...ေသာက္ပါရေစ”

ငတြန္က ေခါင္းကုတ္လိုက္၏။ ထို႔ေနာက္ စိတ္ပ်က္လက္ပ်က္ျဖင့္ ေျပာလိုက္သည္။

“ဒုကၡပါပဲ...ငါ့ဟာငါေတာင္ မေလာက္ဘူးဟ”

ငတြန္၏ စကားမဆုံးလိုက္ ျမတ္ထားသီရိက ေနာက္ထပ္ တစ္ခြက္ထပ္ငွဲ႔ကာ ေမာ့ခ်လိုက္သည္။

“ေဟ့..ေတာ္ေတာ့..အရမ္းမူးသြားမယ္”

“မူးေတာ့..ဘာျဖစ္လဲ..ေမာင္ႀကီး..ျမတ္ထားကို ဂ႐ုစိုက္မေနနဲ႔..ျဖစ္ခ်င္ရာျဖစ္ လႊတ္ထားလိုက္စမ္းပါ”

“လႊတ္ထားလို႔မရဘူးဟ..မင္းေရာက္ေနတာ ငါ့တဲထဲမွာ..မေတာ္လူေတြေျပာကုန္ၾကမွ”

“ဘာလဲ...ေမာင္ႀကီးရဲ႕ ေပၚတူဂီမဆီ သတင္းစကားေတြ ေရာက္မွာစိုးလို႔လား”

ျမတ္ထားသီရိစကားေၾကာင့္ ငတြန္၏ ခႏၶာကိုယ္ မတ္ခနဲျဖစ္သြားသည္။

“ဘာ..မင္း ဘာေျပာလိုက္တယ္”

“ဪ..လြီဇာေလ.. ေမာင္ႀကီးရဲ႕ အခ်စ္ဆုံးဆိုတဲ့ လြီဇာ”

“အဲ့ဒါေတြ မင္းကို ဘယ္သူ ေျပာလိုက္တာလဲ”

ျမတ္ထားသီရိက တခစ္ခစ္ရယ္ရင္း အရက္တစ္ခြက္ကို ငွဲ႔ေသာက္ျပန္သည္။

“ငါေမးတာေျဖေလ..မင္းဘယ္သူ႔ဆီက သိလာတာလဲ...ရွင္မိငယ္ဆီကလား..ငေကာင္းမယားဆီကလား”

“ထားပါ..ေမာင္ႀကီးရယ္..ေမာင္ႀကီးရဲ႕ လြီဇာက အရမ္းလွတာပဲလား”

ငတြန္က ေရွ႕တြင္ရွိေသာ အရက္ခြက္ကိုသာ စိုက္ၾကည့္ေနသည္။

“ျမတ္ထား..ေလာက္...သူက လွလို႔လား..ေမာင္ႀကီး”

ျမတ္ထားသီရိ က မတ္တပ္ထရပ္လိုက္၏။

ထို႔ေနာက္ သူ၏ အေပၚလႊာ ၿခဳံထည္ကို ခြၽတ္ခ်လိုက္သည္။

ရင္စည္းေအာက္မွ မေထြးမအံ..ဖိတ္လွ်ံက်ေနေသာ ဝင္းလက္ပ်ိဳးျပက္မႈကို ငတြန္ခံစားလိုက္ရ၏။

ငတြန္ ေခတၱမွ် ေငးေမာေန၏။

“ေျဖပါဉီး..ေမာင္ႀကီးရဲ႕...သူ႔ေလာက္ ျမတ္ထားက မလွလို႔လား”

“မင္း..ျပန္သင့္ၿပီ..ျမတ္ထားသီရိ”

“မျပန္ႏိုင္ဘူး..ေမာင္ႀကီး..ေျဖေလ..ေမာင္ႀကီးေျဖ...ျမတ္ထားက သူ႔ေလာက္ မလွလို႔လား”

ျမတ္ထားသီရိက စားပြဲေပၚလက္ေထာက္လိုက္ကာ ငတြန္၏ မ်က္ႏွာေရွ႕သို႔ သူမ၏ မ်က္ႏွာကို အပ္လိုက္သည္။

ငတြန္က အံကို ႀကိတ္ကာ မ်က္ႏွာလႊဲလိုက္၏။

“ေမာင္ႀကီး...မေျဖႏိုင္ေတာ့ဘူး..မဟုတ္လား...မေျဖႏိုင္လည္း မေျဖပါနဲ႔ ေမာင္ႀကီးရယ္...အခုလို လုပ္မိလို႔.ေမာင္ႀကီး..ျမတ္ထားကို... စိတ္မဆိုးပါနဲ႔..ျမတ္ထား..စိတ္ေတြ..ဘာျဖစ္ေနမွန္း ျမတ္ထားကိုယ္တိုင္ေတာင္ မသိေတာ့ပါဘူး”

ျမတ္ထားသီရိက ငတြန္၏ ေရွ႕တည့္တည့္တြင္ ထိုင္ခ်လိုက္ၿပီး စားပြဲေပၚမွ ေသတေကာင္းကို ထပ္ငွဲ႔ရန္ ေကာက္ကိုင္လိုက္၏။

“မင္း သိပ္မူးေနၿပီ..ေတာ္ေတာ့”

ျမတ္ထားသီရိ၏ လက္ကို ငတြန္က ေရွ႕သို႔ကိုင္းကာ ခ်ဳပ္ကိုင္လိုက္သည္။

ျမတ္ထားသီရိက ငတြန္ ၏ လည္ပင္းကို သိုင္းဖက္လိုက္သျဖင့္ ငတြန္မွာ ဟန္ခ်က္ပ်က္သြားၿပီး စားပြဲေပၚမွ တဆင့္ ျမတ္ထားသီရိေပၚသို႔ ေမွာက္က်သြားေတာ့သည္။

ျမတ္ထားသီရိ က ငတြန္၏ ႏႈတ္ခမ္းမ်ားကို သူမ၏ ႏႈတ္ခမ္းျဖင့္ အတင္းဖိကပ္ထား၏။

ငတြန္က ျမတ္ထားသီရိ၏ လက္ကို႐ုန္းကန္ကာ မတ္တပ္ထရပ္လိုက္သည္။

“မင္း..ဘာလုပ္တာလဲ...မင္း...႐ူးေနၿပီလား”

“ျမတ္ထား ရွင့္ကို ခ်စ္တယ္..ငတြန္..ကြၽန္မ ရွင့္ကို ခ်စ္တယ္”

ျမတ္ထားသီရိ က ငတြန္ ရင္ခြင္ထဲသို႔ အတင္း ေျပးဝင္လုံးကာ  သိုင္းဖက္လိုက္၏။

ငတြန္က ေနာက္သို႔ ေျခတစ္လွမ္းဆုတ္ကာ ေစာင့္တြန္းလိုက္သျဖင့္ ျမတ္ထားသီရိ လဲက်သြားသည္။

တြန္းလိုက္သည့္ အရွိန္မွာ ျပင္းလွသျဖင့္ ျမတ္ထားသီရိမွ ပုံလ်က္လဲေနရာမွ အေတာ္ႏွင့္ မထႏိုင္။

ကညင္ဆီမီးခြက္အလင္းေၾကာင့္ ေ႐ႊအိုေရာင္ျဖာက်ေနသည့္ သည္ ျမတ္ထားသီရိ၏ ေဖာင္းအိအိပါးျပင္ေလးကို ငတြန္ ေခတၱမွ် ေငးေနမိသည္။

ထိုပါးျပင္ႏုႏုေပၚမွ တလိမ့္ခ်င္းစီးက်လာသည့္မ်က္ရည္ဥကေလးမ်ား။

ထိုမ်က္ရည္ဥကေလးမ်ားသည္ လည္တိုင္ေက်ာ့ေက်ာ့မွတဆင့္..အေၾကာစိမ္းေလးမ်ား ယွက္သြယ္ေနသည့္ ညက္ေညာအိစက္ ရင္မႊာထက္ဆီသို႔ တဆင့္ျခင္း စီးဝင္သြားသည္။

ငတြန္က ထိုျမင္ကြင္းကို မမွိတ္မသုန္ၾကည့္ရင္း အသက္ရႈသံမ်ား ျမန္လာသည္။ ငတြန္က မ်က္ႏွာကို တဖက္သို႔ လႊဲထားလိုက္သည္။

“မင္း..ထြက္သြားေတာ့..မသင့္ဘူး..ျမတ္ထားသီရိ..မင္း..သြားေတာ့”

ျမတ္ထားသီရိက ငတြန္ကို တခ်က္ၾကည့္ကာ ရႈိက္လိုက္သည္။

ထို႔ေနာက္ လူးလဲထကာ မိုးေရထဲသို႔ ေျပးထြက္သြားေတာ့၏။

တဲအိမ္ထဲတြင္ ငတြန္တစ္ေယာက္တည္း ငူငူႀကီး ရပ္လ်က္က်န္ရစ္။

နေဘးတြင္ေတာ့ ျမတ္ထားသီရိ၏ အေပၚၿခဳံလႊာ ႏွင့္ ပကၠလာကေလး။

....................................................................................

ညဘက္က မိုး႐ြာသြန္းခဲ့သျဖင့္ ေျမသင္းနံ႔က သင္းပ်ံ႕ပ်ံ႕။

“ပစၥည္းေတြ ေသခ်ာ စစ္ေနာ္..ထမင္းေျခာက္ေတြ၊ အသားေျခာက္ေတြ ကို ေနာက္က လွည္းေပၚ သက္သက္တင္ၾက”

ငတြန္က ျမင္းေပၚမွ ေနၿပီး ၫႊန္ၾကားေန၏။

ေပါင္းမိုးလွည္းေပၚတြင္ ထိုင္ေနေသာ ျမတ္ထားသီရိ ႏွင့္ မ်က္ႏွာခ်င္းမဆိုင္မိေစရန္ သတိထားေနသည္။

ျမတ္ထားသီရိ ကို ခင္ယြန္းစံ၊ ရွင္မိငယ္ႏွင့္ ငေကာင္း၊ ငသာတို႔၏ ဇနီးမ်ားက ႏႈတ္ဆက္ေနၾကသည္။

“အားလုံးအဆင့္သင့္ျဖစ္ရင္ ထြက္မယ္ေဟ့”

ငတြန္က ျမင္းက ျမတ္ထားသီရိ၏ လွည္းေနာက္သို႔ ေရာက္လာသည္။

ငတြန္က ျမတ္ထားသီရိ ကို တစ္ခ်က္ ခိုးၾကည့္သည္။

ျမတ္ထားသီရိ က ေခါင္းကို ငုံ႔ထား၏။

ငတြန္က ပတ္ဝန္းက်င္ကို တခ်က္ၾကည့္လိုက္ၿပီး..

“ဒီမွာ..ညက မင္းက်န္ရစ္ခဲ့တာ”

ညကက်န္ရစ္ခဲ့ေသာ အေပၚၿခဳံအက်ႌကို ငတြန္က ျမတ္ထားသီရိ ေဘးနားသို႔ ပစ္ခ်ေပးလိုက္သည္။

ျမတ္ထားသီရိက ငတြန္၏ အသံကို မၾကားေယာင္ျပဳလ်က္..အေဝးသို႔သာ ေငးေန၏။

ျမင္း၊ႏြားလွည္းမ်ား ႏွင့္ ေျခလ်င္လူတန္းႀကီးက မုဆိုးဖိုမွ စဥ့္ကိုင္သို႔ စတင္ထြက္ခြာလာခဲ့ၿပီျဖစ္သည္။

 

ခက္ေဇာ္

အခန္း(၂၉) သဘက္ခါ

Comments

Post a Comment