AVA 1740s (S2) (အခန်း ၂၉)
AVA 1740s (Season 2)
အခန်း(၂၉)
......................................................
“မနေ့ညကအတွက် တောင်းပန်ပါတယ်...မြတ်ထားသီရိ...မင်းကို တွန်းလိုက်မိတဲ့အတွက် ငါ့ကိုယ်ငါလည်း နောင်တရပါတယ်"
စမ်းချောင်းနဘေးတွင် ထိုင်လျက် ခြေလက်သန့်စင်နေသော မြတ်ထားသီရိက သူမ၏ ဝင်းဝင်းဝါဝါ ခြေသလုံးလေးကို ထမီဖြင့် ဆွဲဖုံးလိုက်သည်။
ငတွန်က မြတ်ထားသီရိနဘေးတွင် မတ်တပ်လာရပ်ကာ အသံတိုးတိုးဖြင့် ပြောလိုက်ခြင်းဖြစ်၏။
“မလိုပါဘူး..ရပါတယ်”
“မနက်ဖြန် မနက်ဆို စဉ့်ကိုင်တပ်ကို ဝင်ရတော့မယ်”
“အင်း..ရှင်ကတော့ ပျော်နေမှာပေါ့..ရှင့်အတွက် မြတ်ထားသီရိ ဆိုတဲ့ အရှုပ်ထုတ်တစ်ခုတော့ လျော့သွားတော့မှာမယ်မဟုတ်လား”
“မင်းက ငါ့အတွက် အရှုပ်ထုပ်မဟုတ်ပါဘူး..မြတ်ထား..ညတုန်းက ကိစ္စက မသင့်တော်လို့”
“တော်တော့..ဆက်မပြောပါနဲ့တော့ရှင်...ကျွန်မ မသောက်စဖူး အရက်တွေသောက်ပြီး ဖြစ်ခဲ့ရတာ..အဲ့ဒီကိစ္စကို ရှင် မေ့ထားလိုက်ပါတော့..ကျွန်မလည်း မေ့ပစ်လိုက်ပြီ”
ငတွန်က သက်ပြင်းရှည်ကြီးချကာ စမ်းရေထဲသို့ ခြေထောက်ချလျက် ထိုင်လိုက်၏။
မြတ်ထားသီရိက ထိုင်နေရာမှ မတ်တပ်ထရပ်လိုက်သည်။
“ကျွန်မတို့ ဒီလိုအတူထိုင်လို့ မသင့်တော်ပါဘူးရှင့်”
ရုတ်တရက်လှည့်ထွက်သွားသော မြတ်ထားသီရိ၏ လက်ကို ငတွန်က ဖမ်းဆွဲထားလိုက်သည်။
“ခဏနေဉီး..မြတ်ထား”
“လွှတ်နော်...”
“ငါမေးထားဖြေသွားဉီး..မြတ်ထား...ဒါဆို မနေ့ညက မင်း ပြောခဲ့တာတွေက မူးပြီးပြောခဲ့တာလား”
“လက်ကို လွှတ်နော်..ကျွန်မ စောင့်ကန်မှာနော်”
ငတွန်က ခေါင်းခါပြ၏။
မြတ်ထားသီရိ ၏ ခြေထောက်တစ်ဖက်ဖြင့် ငတွန်၏ ရင်ဘတ်ကို စောင့်ကန်လိုက်သည်။
“ဖောင်း”
ငတွန် က ရင်ဘတ်ကို ထပ်ကော့ပေးသည်။
“ကန်ဉီးလေ..မြတ်ထား..ထပ်ကန်ဉီး ရတယ်”
“လွှတ်ဆို...မလွှတ်ရင်...မြတ်ထား ငိုမှာနော်..အော်ငိုလိုက်မှာ”
မြတ်ထားသီရိ၏ မျက်လုံးတွင် မျက်ရည်များ ဝဲလာသည်။
မြတ်ထားသီရိ၏ ခြေကန်ချက်သည် ငတွန်အတွက် အမှုထားစရာမဟုတ်။
သို့သော် မျက်ရည်ကိုမူ ငတွန် အမှုထားရတော့၏။ ငတွန်က မြတ်ထားသီရိ၏ လက်ကို လွှတ်ပေးလိုက်သည်။
မြတ်ထားသီရိ က စခန်းချရာနေရာသို့ ခပ်သွက်သွက်လျှောက်သွား၏။
ငတွန်ကတော့ စီးဆင်းလျက်ရှိသော စမ်းရေကိုသာ တွေတွေကြီးငေးလျက်။
................................................................................................
၁၇၄၉ အောက်တိုဘာလ။
ကိုးသိန်းသခင်သည် စဉ့်ကိုင်ကို ကွပ်ကဲရေးဌာနချုပ်ပြုလုပ်ကာ ကျော်စဉ်တစ်လျှောက်ရှိ ကွေ့များကို စစ်ဆင်ရေးပြုလုပ်ခဲ့သည်။
ဗိုလ်မှူးမင်းရဲလွှတ်ကျော်နှင့် ခင်ဉီးမြင်းစီးသူကြီး လက်ျာပျံချီချစ်ညို၊ သာစည်၊ကျောက်ကာသူကြီး တို့က စစ်ကြောင်းတကြောင်း၊ စည်သာမင်းကြီးဉီးစည်းစိမ်၊ မုဆိုးခြုံဗိုလ်တွန်၊ ဆားလင်းကုန်း၊စကြူးသူကြီး တို့က စစ်ကြောင်းတစ်ကြောင်းဖြင့် ကွေ့တို့၏ တုံကုန်း ခံတပ်ကို တိုက်ခိုက်ကြသည်။
သို့သော် ကွေ့တို့၏ အခုအခံကောင်းမှုကြောင့် ရှေ့သို့ မတိုးနိုင်ကြ။
ကွေ့တို့ဘက်တွင် ငကက်၊ ငနက် နှင့် ထော်ကန်တို့က ဉီးဆောင်တိုက်ခိုက်ကြသည်။
အင်းဝတပ်များသည် ခံတပ်ကို ဝိုင်းရံတိုက်ခိုက်နေစဉ်..အပြင်ဘက်မှ နားလဲ၊ ဘယ်ကျော်တို့ ဉီးဆောင်သည့် တပ်က အလစ်ဝင်ရောက်တိုက်ခိုက်ခြင်းကို ခံရသည်။
အင်းဝတပ်များ အထိနာပြီး ပိုဝအရပ်သို့ ဆုတ်ခွာသွားကြသည်။
ခံတပ်ထဲမှ ကွေ့တပ်များနှင့် ပြင်ပမှ ကွေ့တပ်များ ပူးပေါင်းမိပြီး အင်းဝတပ်များကို ပိုဝအရပ်တိုင် လိုက်လံတိုက်ခိုက်ကြရာ အင်းဝတပ်များပျက်ကာ ကစဉ့်ကလျားဆုတ်ခွာကြရသည်။
၁၇၄၉ ဒီဇင်ဘာတွင် မဏိပူရဘုရင် ဂါရစ်နာဝဇ် သည် သမီးကညာဆက်သမည်ဟုဆိုကာ အင်အား (၂၀၀၀၀) ပါတပ်ကြီးနှင့် စစ်ကိုင်းအနီး သို့ ရောက်ရှိလာသည်။
ထို့ကြောင့် အင်းဝ၏ လုံခြုံရေးအတွက် မဟာဓမ္မရာဇာဓိပတိဘုရင်သည် ကိုးသိန်းသခင်ကို စဉ့်ကိုင်မှ အင်းဝသို့ ပြန်လည်ခေါ်ယူခဲ့သည်။
ကိုးသိန်းသခင်မှာ ကွေ့များနှင့်ရင်ဆိုင်ထားသော တပ်များအနက် အချို့ကိုသာ ကျောက်မြောင်းတွင် စုစည်းထားခဲ့ပြီး အင်းဝသို့ ပြန်သွားခဲ့ရသည်။
................................................................................
ဧရာဝတီမြစ်အတွင်းရှိ နွားချီးကျွန်း။
ဂါရစ်နာဝပ်ဇ် ၏ ယာယီတဲနန်းရှေ့တွင် မြွေနဂါးရုပ်မဏိပူရအလံသည် တဖြတ်ဖြတ်လွင့်နေ၏။
မင်းသားဆန်ဂျေး က ဖခင်ဖြစ်သူရှေ့တွင် ဒူးထောက်ကာ ခြေဖဝါးကို နဖူးဖြင့် ထိလိုက်သည်။
“ဆန်ဂျေး...မင်း...ရုပ်က အတော်ပြောင်းလဲသွားတာပဲ”
ဂါရစ်နာဝဇ်က သားတော်ကို ဖက်ရင်း ပြောလိုက်သည်။ ထို့နောက် နှာခေါင်းကို ရှုံ့လိုက်၏။
“မင်းအရက်တွေ သောက်ထားတာလား”
“သူတို့က ဘွားတော်နီလာခမ်းရဲ့ သားနှစ်ယောက်အဖေ...အဖေ့ တူတွေပေါ့..မောင်ဖြူ နဲ့ မောင်မင်း တဲ့”
ဆန်ဂျေးက ဖခင်၏ အမေးကို မဖြေပဲ သူ့ဘေးတွင် ပါလာသော လူငယ်နှစ်ဉီးကို ပြလိုက်သည်။
လူငယ်နှစ်ဉီးက ဆန်ဂျေးနှုတ်ဆက်သကဲ့သို့ မလုပ်ပဲ ဂါရစ်နာဝဇ်ရှေ့တွင် ဒူးတုပ်ကာ ရှိခိုးလိုက်ကြ၏။
“သူတို့က အင်းဝမှာ မွေးတဲ့သူတွေမို့..မဏိပူရဓလေ့တွေကို မသိတော့တာပါ..ခမည်းတော်”
“ကဲ..အထဲ လိုက်ခဲ့..သျှန်သီကိုလည်း မင်းမတွေ့တာ နှစ်တွေ ကြာရောပေါ့”
တဲနန်းထဲတွင် အပျိုပေါ်ဝင်စ အရွယ် မိန်းမငယ်တစ်ဉီးက ဆန်ဂျေးတို့ကို ပြုံးပြနှုတ်ဆက်လိုက်သည်။
ခရီးရှည်ကြီးကို ဖြတ်သန်းလာရခြင်းကြောင့် သျှန်သီမှာ နွမ်းလျသည့် ပုံစံပေါက်နေ၏။
“ဒါ သျှန်သီလား....အင်း..ကျွန်တော်ထွက်သွားတုန်းက သူ က တကယ်ကလေးလေးအရွယ် မဟုတ်လား”
“အေး..ဟုတ်တယ်..သားတော်..ဒါနဲ့ မင်းအဒေါ် နီလာခမ်း ရော..ဘာမှာလိုက်သေးလဲ”
“အဒေါ်က ခမည်းတော်ကို စိတ်ဆိုးနေတယ်..ခမည်းတော်ကိုသာမကဘူး..ကျွန်တော့်ကိုပါ စိတ်ဆိုးနေတယ်”
“ဘာဖြစ်လို့လဲ”
ဆန်ဂျေးက သျှန်သီကို တချက်ကြည့်လိုက်သည်။
“အဒေါ်က ပြောတယ်..သျှန်သီကို သူ့လို့ ဘဝမျိုး ရောက်အောင် လုပ်ကြတာ သူမကြိုက်ဘူးတဲ့..နောက်ထပ် မဏိပူရတော်ဝင်မင်းသမီးတစ်ပါးကို နိုင်ငံရေးအတွက် ထပ်စတေးတာကို သူ လက်မခံနိုင်တော့ဘူးတဲ့”
ဆန်ဂျေး၏ စကားကြောင့် ဂါရစ်နာဝဇ် အနည်းငယ်တွေဝေသွားသည်။
“မင်း..သဘောကရော...သားတော်”
“သားတော်ကတော့ ခမည်းတော်..သဘောပါပဲ..ဒါပေမယ့်..ဟော့ဒီက ဝမ်းကွဲညီတော်နှစ်ပါးဟာ ကသည်းစကားကို လုံးလုံးမပြောတတ်တော့ဘူး..ခမည်းတော်..နောက် သျှန်သီက မွေးလာတဲ့ မျိုးဆက်ဟာလည်း..”
ဂါရစ်နာဝဇ်က ဆန်ဂျေးကို ဆက်မပြောရန် လက်ကာပြလိုက်သည်။
“ကန်ကလာနန်းတော်မှာ ဘာတွေဖြစ်နေလဲ..အမတော်နီလာခမ်း ရော..မင်းပါ မသိသေးဘူးထင်တယ်”
“ဘာတွေဖြစ်နေလဲ..ဘုရား”
“တြိပူရ က သျှန်သီကို သူတို့ ဆီ ဆက်သဖို့ တောင်းလာတယ်”
“ဗျာ”
“တြိပူရရဲ့ လက်ရှိဘုရင် လက်ရှ်မန်မဏိကျ ရဲ့ ရာဇသံအရတော့ သမီးတော် မပေးရင် စစ်ပြုမယ့်သဘော”
“တောက်..ရာရာစစ..ဒီကောင်တွေမှာ ဘယ်လို အင်အားရှိလို့ မဏိပူရကို စိန်ခေါ်ရဲရတာလဲ”
“မဂိုဘုရင်ရဲ့လူ ရှန်ရှာဂါဇီ က သူ့ကို ကျောထောက်နောက်ခံပေးထားတာ..ဆန်ဂျေး..ဒီကိစ္စဟာ မဂိုဧက္ကရာဇ် ရဲ့ ပယောဂလည်း မကင်းဘူး..ဒါ့ကြောင့် ငါ့အနေနဲ့ သျှန်သီကို အင်းဝဘုရင်ဆီ ဆက်သပြီး မဟာမိတ်လုပ်ဖို့ လမ်းကို ရွေးချယ်ခဲ့တာပဲ”
“အင်း..ဘယ်တတ်နိုင်ပါ့မလဲ..ခမည်းတော်”
“အင်းဝ ရဲ့ နိုင်ငံရေး၊စစ်ရေးအခြေအနေ ဘယ်လိုရှိနေလဲ...ဆန်ဂျေး..ငါအဲ့ဒါကို သိဖို့လိုတယ်”
“လောလောဆယ်တော့ ဟံသာဝတီနဲ့ စစ်ပွဲတွေ ခဏရပ်နေတယ်...မတ္တရာဘက်မှာတော့ ကွေ့တွေ သူပုန်ထနေတာကို နှိမ်နင်းနေရပါတယ်”
“ကွေ့တွေ...ဟုတ်လား..မင်းရဲ့....ဟိုတစ်ယောက်”
ဆန်ဂျေးမျက်နှာပျက်သွားသဖြင့် ဂါရစ်နာဝဇ်က စကားကို ရပ်တန့်လိုက်သည်။
“ဟုတ်ပါတယ်.ခမည်းတော်..ကွေ့တွေရဲ့ အကြီးအကဲက သူ့အကိုပါ..ဂုဏ္ဏအိမ်တဲ့”
“ကဲ..အဲ့ဒါထားပါ...အင်းဝ ရဲ့ စစ်အင်အားကရော”
“အင်းဝရဲ့ စစ်ရေးက ကိုးသိန်းသခင်မင်းခေါင် အပေါ်မှာပဲ မှီခိုနေပါတယ်...ဟံသာဝတီတပ်တွေကို ကောင်းကောင်းထိန်းချုပ်ထားနိုင်တဲ့ ဗညားကျန်းတောကိုလည်း ကိုးသိန်းသခင်လူတွေက သတ်ပစ်လိုက်ကြပြီ...တခုရှိတာက ကိုးသိန်းသခင်က အခု နယ်ပယ်အစုံက သူကြီးတွေ၊ မြင်းစီးတွေကို စုစည်းနေတယ်..ခမည်းတော်”
“ဒီအခြေအနေအတိုင်းဆို တကယ်လို့များ မဏိပူရကို ရန်သူက တိုက်ခိုက်လာတဲ့အခါ..အင်းဝက စစ်ကူပေးနိုင်မယ်ထင်လား”
ဆန်ဂျေးက အတန်ငယ်စဉ်းစားနေသည်။
“ထူးခြားတဲ့သတင်းတစ်ခုလည်းရှိတယ်..ခမည်းတော်...အင်းဝဘုရင်ဆီက တရုတ်ဘုရင်က သံအဖွဲ့တစ်ဖွဲ့ စေလွှတ်လိုက်တယ်သတင်းကြားပါတယ်”
“တရုတ်ဘုရင်..ဟုတ်လား”
“ဟုတ်တယ်..ပီကင်းက ဧက္ကရာဇ်ချန်လုံ က တိုက်ရိုက်စေလွှတ်လိုက်တာတဲ့...အင်းဝက အကြိုတော်အဖွဲ့တောင် ရှမ်းပြည်ကို စေလွှတ်လိုက်ပြီ..ခမည်းတော်..လွန်ခဲ့တဲ့ နှစ်ကလည်း အယုဒ္ဓယသံတမန်အဖွဲ့ အင်းဝကို ရောက်လာပါသေးတယ်”
“ဒါဆို အင်းဝဘုရင်က သံတမန်ရေးရာကို အတော်လေး လုပ်နေပုံပဲ....အယုဒ္ဓယနဲ့ အင်းဝကြား ရော ဘယ်လို သဘောတူညီမှုတွေရှိနေတယ်ကြားလဲ”
“အဲ့ဒါတော့ သားတော်စုံစမ်းလို့မရပါဘူး”
“အင်း..ဒါကြောင့် ဟံသာဝတီက အင်းဝကို အတင်းမတိုက်သေးတာထင်ပါရဲ့...အင်းဝ နဲ့ အယုဒ္ဓယသာ ပူးပေါင်းလုပ်ကြံရင် ဟံသာဝတီအတွက် အခက်တွေ့မှာ....နောက်..အံဩစရာက တရုတ်ဘုရင်..သူ့ဘက်က အင်းဝကို သံတမန်စလွှတ်တယ်ဆိုတာ မယုံနိုင်စရာပဲ..တကယ်လို့သာ အင်းဝ ဟာ အင်အားအရမ်းကြီးတဲ့ တရုတ်ဧက္ကရာဇ် နဲ့ သံတမန်ဖက်ဖြစ်လာတယ်ဆို...အခုဖြစ်နေတဲ့ ပြဿနာတွေကို တရုတ်စစ်ကူတပ်နဲ့တင် ဖြေရှင်းလို့ရလောက်တယ်”
ထိုအချိန်တွင် မြစ်ပြင်မှ လေပြင်းတချက် ကြမ်းတမ်းစွာတိုက်လိုက်၏။
တဲနန်းရှေ့မှ မြွေနဂါးအလံတိုင်မှာ အလယ်မှ ထက်ပိုင်းကျိုးကျသွားသည်။
ဂါရစ်နာဝဇ်က အလန့်တကြား မတ်တပ်ထရပ်လိုက်၏။
နဘေးနားတွင်ရပ်နေသော အမတ်ကြီးမဟာသျှန်သီနှင့် ပရောဟိတ်ကြီးမဟာပရဘူ ကလည်း စိုးရိမ်သောမျက်လုံးများဖြင့် ဂါရစ်နာဝဇ်ကို ကြည့်လိုက်သည်။
“ကန်ကလာနန်းတော်မှာ တစ်ခုခုဖြစ်နေတဲ့ နိမိတ်ပဲ....သျှန်သီကို အင်းဝဘုရင်ဆီ အမြန်ဆက်သမယ်..ပြီးရင်...အင်းဝက စစ်ကူတွေနဲ့.ငါတို့ မဏိပူရကို အမြန်ပြန်ကြမယ်...မင်းပါ ပြန်လိုက်ခဲ့ရမယ်..ဆန်ဂျေး”
..........................................................................................................................................
တံခွန်၊ အလံများ တလူလူလွင့်နေသည့် တိုက်လှေများက ဧရာဝတီမြစ်ပြင် အပြည့်။
ထိုလှေများ၏ အလယ်တွင် လှော်ကားလှေကြီးနှစ်စင်း။
လှော်ကားလှေကြီးနှစ်စင်းကို ယှဉ်လျက်ထားပြီး သစ်ကောင်းများဖြင့် အလယ်တွင် ဖောင်ဖွဲ့ထား၏။
ဖောင်ပေါ်တွင် ရွှေအတိပြီးသော နန်းပြသာဒ်တစ်ခု။
“ကသည်းမင်းသမီးသျှတ္တရမာလာ ကို အကြိုတော်ပြုမယ့် အင်းဝဘုရင်မင်းမြတ်ရဲ့ ဖောင်တော်ပါ”
ကိုးသိန်းသခင်၏ ဗမာစကားကို ဂါရစ်နာဝဇ်က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်၏။
“ဘဝရှင်မင်းတရား က မဏိပူရမင်းမြတ်ကိုရော...သားတော်ခူရာလက်ပ ကိုပါ ဖောင်တော်နဲ့ တစ်ပါတည်း လိုက်ခဲ့ဖို့ ဖိတ်မန္တကပြုလိုက်ပါတယ်”
“သမီးတော်က ဗမာစကားတော့ လုံးဝမတတ်ဘူး..ကိုးသိန်းသခင်...အဲ့ဒီတော့ နန်းတော်တွင်းမှာ နားမလည်ပါးမလည်နဲ့ မလိမ်မာမှာကိုတော့ စိုးပါတယ်”
“ဒီအတွက်လည်း မပူပါနဲ့..သမီးတော်အတွက် သီးသန့် စကားပြန်မိန်းမစိုးတစ်ဉီးထားပေးပါ့မယ်..ပြီးတော့...သင့်တော်တဲ့အရွယ်ရောက်ချိန်အထိ သူ့ရဲ့ အရီးတော်ဖြစ်တဲ့ ပုပ္ပါးမင်းသမီးနှင်းလုံခန်း ရဲ့အဆောင်မှာပဲ နေစေဖို့ ဘုရင်မင်းမြတ်က အမိန့်တော်ရှိပါတယ်”
မကြာမီ ဖောင်တော်ပေါ်မှ မိန်းမတီး စည်တော်စုံ တီးခတ်သံ ထွက်ပေါ်လာသည်။
“အခါတော်ကျပါပြီ..သမီးတော်နှင့်အတူ ဖောင်တော်ပေါ်ကို တက်ကြဖို့ပါ”
ဂါရစ်နာဝဇ် က အချက်ပြလိုက်သည်နှင့် ကသည်းရိုးရာတီးမှုတ်သံများနှင့်အတူ ယာယီတဲနန်းအတွင်းမှ သျှတ္တရမာလာ ခေါ် သျှန်သီ နှင့် အခြွေအရံများ ထွက်လာကြသည်။
“မင်းသားဆန်ဂျေးရော”
“အော်ရုဝသူကြီးဆီက အရေးကြီးစာချွန်တစ်ခု ရောက်စရာရှိလို့...ကျုပ်သားတော်က ဒီယာယီသံတဲနန်းကနေ စောင့်ပြီး လက်ခံယူပါလိမ့်မယ်...ပြီးမှ သူအင်းဝနန်းတော်ကို လိုက်လာပါလိမ့်မယ်”
(အော်ရုဝသည် မဏိပူရနယ်စပ်၊ တမူးသို့ အဖြတ် ချင်းတွင်းမြစ် ညာဘက်ကမ်းတွင်ရှိသော ကင်းထောက်ရွာဖြစ်သည်)
ကိုးသိန်းသခင်က ခေါင်းညိတ်ပြီး ဖောင်တော်ပေါ်သို့ တက်ရန် ညွှန်ပြလိုက်၏။
မဏိပူရဘုရင့် သမီးတော်ကို ကြိုဆိုသောလှေတပ်ကြီးမှာ ဧရာဝတီမြစ်ပြင်အပြည့် တရွေ့ရွေ့လှော်ခတ်လာသည်။
ဂါရစ်နာဝဇ်က စစ်ကိုင်းဘက်ကမ်းဆီသို့ လှမ်းကြည့်လိုက်သည်။
အမြောက်များ ၊ မြတံပူများ အစီအရီ၊ အသင့်အနေအထားအင်အားပြနေသည့် စစ်သည်များက ကမ်းတစ်လျှောက်တွင် အပြည့်။
“ကျုပ် က မကြာခင်မှာ အင်းဝဘုရင်နဲ့ ဆွေမျိုးတော်စပ်ရမယ့်သူပါ....အခု စစ်အင်ခင်းကျင်းထားပုံကြီးက တိုက်ပွဲဝင်တော့မယ့်အတိုင်း အင်ပြည့်အားပြည့်ပါပဲလား..ကိုးသိန်းသခင်”
ဂါရစ်နာဝဇ်၏ စကားကြောင့် ကိုးသိန်းသခင်က ပြုံးလိုက်သည်။
“ဒါဟာ အင်းဝစစ်တပ်ရဲ့ တစိတ်တပိုင်းပါပဲ..မဏိပူရမင်းနဲ့ သမီးတော်ကို ကြိုဆိုဖို့ နဲ့ လုံခြုံရေးအရ လုပ်ရိုးလုပ်စဉ်ပါ..စိုးရိမ်တော်မမူပါနဲ့”
နေ့လည်ပိုင်းတွင် အင်းဝမီးသွေးတိုက်ဆိပ်သို့ ဖောင်တော်ဆိုက်ကပ်သည်။
အသားအရေဝင်းဝင်း၊ ဖူးစ ပွင့်စ ကသည်းမင်းသမီးလေးမှာ များပြားလှသော မင်းခမ်းတော်ဝင်းများကို မျက်လုံးအဝိုင်းသားဖြင့် လိုက်ကြည့်နေ၏။
ကမ်းနားတွင် ရွှေပန်းပွင့်၊ ရွှေနားတောင်းများ ပန်ထားကြသည့် လူပျိုတော်သားစုက လှပခန့်ညားသည့် ဝေါယာဉ်ဖြင့် အသင့်စောင့်နေကြသည်။
မီးသွေးတိုက်ဆိပ်ကမ်းမှ စံရာတံခါး၊ စံရာတံခါးမှ အနောက်ဝန်းတော် တံခါးတစ်လျှောက် လမ်းတစ်လျှောက်တွင် ရာဇမတ်ကာလျက် ပန်းဆိုင်းပန်းခက်များ မိုးထားသည်။
ရေအိုးစင်များ၊ ကြံပင်၊ ငှက်ပျောပင်များကို ဘေးပတ်လည်တွင် စိုက်ထားပြီး လမ်းပေါ်တွင် နှင်းဆီ၊ စံပယ်ပန်းများ ကြဲဖြန့်ထား၏။
သျှတ္တရမာလာသည် ဝေါယာဉ်ပေါ်မှ ပန်းခင်းလမ်းကြီးကို ငေးလျက် ရင်တဖိုဖို လိုက်ပါလာသည်။
သူ၏နောက်တွင် အခြွေအရံများ၊ ကသည်းအမတ်များက ခြေလျင်လိုက်ရ၏။ ထို့နောက်တွင်မှ ဂါရစ်နာဝဇ်က ဝေါယာဉ်တစ်စီးဖြင့်။
ဝေါယာဉ်သည် အနောက်ဇေတဝန်ဆောင်တွင် ရပ်တန့်သွား၏။
မင်းသမီးက ဝေါပေါ်မှ မဆင်းသေး။
ဂါရစ်နာဝဇ်က ဝေါပေါ်မှ ဆင်းကာ အဆောင်တော်ပေါ်သို့ တက်လိုက်သည်။
အဆောင်တော်ပေါ်တွင် အမတော် ပုပ္ပါးမင်းသမီးနီလာခမ်းက ရံရွှေတော်များနှင့်အတူ မတ်တပ်ရပ်နေ၏။
“အမတော်”
ဂါရစ်နာဝဇ်က အမဖြစ်သူကို နှုတ်ဆက်လိုက်၏။
“နာဝဇ်...မင်း..လည်း..ခမည်းတော်လိုပါပဲ...ဘာထူးလို့လဲ..ကိုယ့်သားသမီးကို အာဏာအတွက် ချနင်းတဲ့သူ”
နီလာခမ်း အသံက တိုးသော်လည်း မာကြောနေသည်။
ဂါရစ်နာဝဇ်က နီလာခမ်းစကားကို မကြားယောင်ပြုကာ ပြုံးနေ၏။
နီလာခမ်း က သျှန်သီ၏ ဝေါယာဉ်ဆီသို့ သွားကာ သျှန်သီကို လက်ကမ်းလျက် ခေါ်ထုတ်လာသည်။
ခဏအကြာတွင် လူပျိုတော်သား စည်တော်စုံက တီးခတ်လိုက်သည်။
သဘင်စုထံမှ စောင်းသံညှင်းညှင်းထွက်ပေါ်လာသည်နှင့် ဂါရစ်နာဝဇ်မှအပ အားလုံးမှာ ကြမ်းပြင်တွင် ဝပ်တွားလိုက်ကြ၏။
မဟာဓမ္မရာဇာဘုရင်မင်းမြတ် ကြွချီလာတော့မည်ဖြစ်သည်။
“ကိုယ်တော်တိုင် လာရောက်မကြိုဆိုနိုင်တဲ့အတွက်...မဏိပူရမင်းကို အားနာမိပါတယ်”
“တိုင်းဌာနများစွာကို အုပ်ချုပ်ရတဲ့ ပြည့်ရှင်မင်းနှင့် ယခုလို ဆွေမျိုးစပ်ရသည်ကပင် ပြည့်စုံလှပါပြီ.အရှင်မင်းမြတ်”
ဆယ်ကျော်သက်မလေး သျှန်သီမှာ ရင်များ တဒိတ်ဒိတ်ခုန်နေသည်။
မကြာမီ သူ၏ လင်ယောက်ျားဖြစ်လာမည့်သူ၏ အသံကိုတော့ ကြားနေရပြီဖြစ်၏။
သို့သော် မော်ဖူးစေ...အမိန့်မရသေးသဖြင့် မြေတွင် ခေါင်းကို ငုံ့လျက် ဝပ်တွားနေရသည်။
“ဒါကတော့ သမီးတော်..သျှတ္တရမာလာပါ..မင်းမြတ်”
ဟင်္သာခေါင်းပုံစံရွှေရောင်ခြေနင်းတစ်စုံ။
ထိုခြေနင်းထဲတွင် သွေးကြောစိမ်းစိမ်းများက မြစ်လက်တက်များသဖွယ်ယှက်ဖြာနေသည့် ခြေဖဝါးဖြူနုနုတစ်စုံကို သျှန်သီ သတိထားမိလိုက်သည်။
“နှမတော်...မော်ဖူးစေကွယ်”
သျှန်သီက ဖြည်းဖြည်းချင်း မော့ကြည့်လိုက်၏။
အသားအရည်ကြည်ကြည်လင်လင်၊ ညီညာသောမျက်ခုံး၊ နှုတ်ခမ်းရဲရဲများဖြင့် လှပချောမောသော ဉီးလေးကြီး။
ဒီဉီလေးကြီးက မဟာဓမ္မရာဇာဓိပတိတဲ့။ အင်းဝပြည်ကြီးရဲ့ အရှင်သခင်တဲ့။
ကသည်းမင်းသမီးလေးသည် သူမနှင့် အသက်ထက်ဝက်မက ကွာသည့် ထိုသူ၏ အပြုံးကို ရင်ဆိုင်နိုင်စွမ်းမရှိ။
ကပိုကရိုဖြင့် ခေါင်းကို ငုံ့လိုက်၏။
“အနောက်ပွဲတက်ဆောင်မှာ မင်းသမီးကို ဘွဲ့တော်ပေးဖို့ စီစဉ်ထားပါတယ်..အဆွေတော်..ပွဲအစီအစဉ်မစခင်..စစ်ကိုင်းဘုရင်ခံ နန်းရင်းဝန် ဉီးရွှေဖြိုး က နန်းတော်တွင်း နေရာတွေကို လိုက်ပြပါလိမ့်မယ်..အဆင့်သင့်ဖြစ်တာနဲ့ မင်းချင်းများက ခေါ်ပါလိမ့်မယ်..ကိုယ်တော် ကတော့ မင်းခမ်းတော်များ ဝတ်ဆင်ရမှာမို့..ခဏများမှ အနောက်ပွဲတက်ဆောင်မှာ တွေ့ကြပါမယ်”
မဟာဓမ္မရာဇာဓိပတိ ထွက်ခွာသွား၏။
ဉီးရွှေဖြိုးက ဂါရစ်နာဝဇ် ထံသို့ လျှောက်လာ၏ ။
“မဏိပူရမင်းမြတ်....မနော်ရမာန်ဥယျာဉ်တော်ထဲ အရင်လှည့်လည်ကြည့်ရှုဖို့ ဝေါစီစဉ်ထားပါတယ်”
ဂါရစ်နာဝဇ်က ဝေါယာဉ်ပေါ်သို့ တက်ရန် ပြင်လိုက်သည်။
ထိုအချိန်တွင် ဉီးရွှေဖြိုးအနီးသို့ နန်းတွင်းသားတစ်ဉီးကပ်လာပြီး တစ်စုံတစ်ရာ ပြောလိုက်၏။
“သားတော်ကြီး ဆန်ဂျေးခူရာလက်ပလည်း လှေလျင်နဲ့ လာနေပြီဖြစ်လို့..အတူထွက်နိုင်ဖို့ စောင့်ပါဉီးမလား..မဏိပူရမင်းမြတ်”
“အင်း..သူ့ကို စောင့်ကြတာပေါ့”
“သူ့ကို စောင့်ရင်း...သဘင်သည်စုရဲ့ ဖျော်ဖြေမှုကို ခံစားရန် သလွန်ပေါ်သို့ ကြွပါ”
ဂါရစ်နာဝဇ်က သလွန်ပေါ်တွင် ထိုင်လိုက်သည်။ တီးလုံးသံနှင့်အတူ ဇင်းမယ်သူ အငြိမ့်သမလေး၏ ငြိမ်းညောင်းသော ကကွက်များမှာ ဂါရစ်နာဝဇ် ခေတ္တမျှ မျောသွားသည်။
“သားတော်ကြီး ရှေ့မှာ ရောက်နေပါပြီ..ဘုရင်မင်းမြတ်..ဝေါပေါ် ကြွချီလို့ရပါပြီ”
ဂါရစ်နာဝဇ် က ဝေါယာဉ်ရှိရာသို့ လှမ်းလိုက်သည်။
ဝေါယာဉ်ဘေးတွင် ဆန်ဂျေးက မတ်တပ်ရပ်နေ၏။ ဆန်ဂျေး၏ မျက်နှာက မကောင်းလှ။
“အော်ယုဝသူကြီးဆီက ဘာထူးလို့လဲ.ဆန်ဂျေး”
ဂါရစ်နာဝဇ်က ကသည်းဘာသာဖြင့် မေးလိုက်၏။
“ခမည်းတော်.ဒီနားမှ ကသည်းစကားနားမလည်တဲ့..ဗမာတွေချည်းပဲရှိပါတယ်..သားတော်..အခုလျှောက်တင်တာကို ကြားပြီးရင်..ဗမာတွေ မရိပ်မိအောင် တည်တည်ငြိမ်ငြိမ်ပဲ ရှိနေပေးပါ”
“ဘာများလဲ”
“မဏိပူရ ကန်ကလာနန်းတော်ကို သျှန်သျှားက အာဏာသိမ်းလိုက်ပါပြီ”
ဂါရစ်နာဝဇ် က ဝေါယာဉ်ဘောင်တန်းကို အယောင်ယောင်အမှားမှားဖြင့် ဆုပ်ကိုင်လိုက်တော့သည်။
ခက်ဇော်
(Zawgyi)
AVA 1740s (Season 2)
အခန္း(၂၉)
......................................................
“မေန႔ညကအတြက္ ေတာင္းပန္ပါတယ္...ျမတ္ထားသီရိ...မင္းကို တြန္းလိုက္မိတဲ့အတြက္ ငါ့ကိုယ္ငါလည္း ေနာင္တရပါတယ္”
စမ္းေခ်ာင္းနေဘးတြင္ ထိုင္လ်က္ ေျခလက္သန႔္စင္ေနေသာ ျမတ္ထားသီရိက သူမ၏ ဝင္းဝင္းဝါဝါ ေျခသလုံးေလးကို ထမီျဖင့္ ဆြဲဖုံးလိုက္သည္။
ငတြန္က ျမတ္ထားသီရိနေဘးတြင္ မတ္တပ္လာရပ္ကာ အသံတိုးတိုးျဖင့္ ေျပာလိုက္ျခင္းျဖစ္၏။
“မလိုပါဘူး..ရပါတယ္”
“မနက္ျဖန္ မနက္ဆို စဥ့္ကိုင္တပ္ကို ဝင္ရေတာ့မယ္”
“အင္း..ရွင္ကေတာ့ ေပ်ာ္ေနမွာေပါ့..ရွင့္အတြက္ ျမတ္ထားသီရိ ဆိုတဲ့ အရႈပ္ထုတ္တစ္ခုေတာ့ ေလ်ာ့သြားေတာ့မွာမယ္မဟုတ္လား”
“မင္းက ငါ့အတြက္ အရႈပ္ထုပ္မဟုတ္ပါဘူး..ျမတ္ထား..ညတုန္းက ကိစၥက မသင့္ေတာ္လို႔”
“ေတာ္ေတာ့..ဆက္မေျပာပါနဲ႔ေတာ့ရွင္...ကြၽန္မ မေသာက္စဖူး အရက္ေတြေသာက္ၿပီး ျဖစ္ခဲ့ရတာ..အဲ့ဒီကိစၥကို ရွင္ ေမ့ထားလိုက္ပါေတာ့..ကြၽန္မလည္း ေမ့ပစ္လိုက္ၿပီ”
ငတြန္က သက္ျပင္းရွည္ႀကီးခ်ကာ စမ္းေရထဲသို႔ ေျခေထာက္ခ်လ်က္ ထိုင္လိုက္၏။
ျမတ္ထားသီရိက ထိုင္ေနရာမွ မတ္တပ္ထရပ္လိုက္သည္။
“ကြၽန္မတို႔ ဒီလိုအတူထိုင္လို႔ မသင့္ေတာ္ပါဘူးရွင့္”
႐ုတ္တရက္လွည့္ထြက္သြားေသာ ျမတ္ထားသီရိ၏ လက္ကို ငတြန္က ဖမ္းဆြဲထားလိုက္သည္။
“ခဏေနဉီး..ျမတ္ထား”
“လႊတ္ေနာ္...”
“ငါေမးထားေျဖသြားဉီး..ျမတ္ထား...ဒါဆို မေန႔ညက မင္း ေျပာခဲ့တာေတြက မူးၿပီးေျပာခဲ့တာလား”
“လက္ကို လႊတ္ေနာ္..ကြၽန္မ ေစာင့္ကန္မွာေနာ္”
ငတြန္က ေခါင္းခါျပ၏။
ျမတ္ထားသီရိ ၏ ေျခေထာက္တစ္ဖက္ျဖင့္ ငတြန္၏ ရင္ဘတ္ကို ေစာင့္ကန္လိုက္သည္။
“ေဖာင္း”
ငတြန္ က ရင္ဘတ္ကို ထပ္ေကာ့ေပးသည္။
“ကန္ဉီးေလ..ျမတ္ထား..ထပ္ကန္ဉီး ရတယ္”
“လႊတ္ဆို...မလႊတ္ရင္...ျမတ္ထား ငိုမွာေနာ္..ေအာ္ငိုလိုက္မွာ”
ျမတ္ထားသီရိ၏ မ်က္လုံးတြင္ မ်က္ရည္မ်ား ဝဲလာသည္။
ျမတ္ထားသီရိ၏ ေျခကန္ခ်က္သည္ ငတြန္အတြက္ အမႈထားစရာမဟုတ္။
သို႔ေသာ္ မ်က္ရည္ကိုမူ ငတြန္ အမႈထားရေတာ့၏။ ငတြန္က ျမတ္ထားသီရိ၏ လက္ကို လႊတ္ေပးလိုက္သည္။
ျမတ္ထားသီရိ က စခန္းခ်ရာေနရာသို႔ ခပ္သြက္သြက္ေလွ်ာက္သြား၏။
ငတြန္ကေတာ့ စီးဆင္းလ်က္ရွိေသာ စမ္းေရကိုသာ ေတြေတြႀကီးေငးလ်က္။
................................................................................................
၁၇၄၉ ေအာက္တိုဘာလ။
ကိုးသိန္းသခင္သည္ စဥ့္ကိုင္ကို ကြပ္ကဲေရးဌာနခ်ဳပ္ျပဳလုပ္ကာ ေက်ာ္စဥ္တစ္ေလွ်ာက္ရွိ ေကြ႕မ်ားကို စစ္ဆင္ေရးျပဳလုပ္ခဲ့သည္။
ဗိုလ္မႉးမင္းရဲလႊတ္ေက်ာ္ႏွင့္ ခင္ဉီးျမင္းစီးသူႀကီး လက္်ာပ်ံခ်ီခ်စ္ညိဳ၊ သာစည္၊ေက်ာက္ကာသူႀကီး တို႔က စစ္ေၾကာင္းတေၾကာင္း၊ စည္သာမင္းႀကီးဉီးစည္းစိမ္၊ မုဆိုးၿခဳံဗိုလ္တြန္၊ ဆားလင္းကုန္း၊စၾကဴးသူႀကီး တို႔က စစ္ေၾကာင္းတစ္ေၾကာင္းျဖင့္ ေကြ႕တို႔၏ တုံကုန္း ခံတပ္ကို တိုက္ခိုက္ၾကသည္။
သို႔ေသာ္ ေကြ႕တို႔၏ အခုအခံေကာင္းမႈေၾကာင့္ ေရွ႕သို႔ မတိုးႏိုင္ၾက။
ေကြ႕တို႔ဘက္တြင္ ငကက္၊ ငနက္ ႏွင့္ ေထာ္ကန္တို႔က ဉီးေဆာင္တိုက္ခိုက္ၾကသည္။
အင္းဝတပ္မ်ားသည္ ခံတပ္ကို ဝိုင္းရံတိုက္ခိုက္ေနစဥ္..အျပင္ဘက္မွ နားလဲ၊ ဘယ္ေက်ာ္တို႔ ဉီးေဆာင္သည့္ တပ္က အလစ္ဝင္ေရာက္တိုက္ခိုက္ျခင္းကို ခံရသည္။
အင္းဝတပ္မ်ား အထိနာၿပီး ပိုဝအရပ္သို႔ ဆုတ္ခြာသြားၾကသည္။
ခံတပ္ထဲမွ ေကြ႕တပ္မ်ားႏွင့္ ျပင္ပမွ ေကြ႕တပ္မ်ား ပူးေပါင္းမိၿပီး အင္းဝတပ္မ်ားကို ပိုဝအရပ္တိုင္ လိုက္လံတိုက္ခိုက္ၾကရာ အင္းဝတပ္မ်ားပ်က္ကာ ကစဥ့္ကလ်ားဆုတ္ခြာၾကရသည္။
၁၇၄၉ ဒီဇင္ဘာတြင္ မဏိပူရဘုရင္ ဂါရစ္နာဝဇ္ သည္ သမီးကညာဆက္သမည္ဟုဆိုကာ အင္အား (၂၀၀၀၀) ပါတပ္ႀကီးႏွင့္ စစ္ကိုင္းအနီး သို႔ ေရာက္ရွိလာသည္။
ထို႔ေၾကာင့္ အင္းဝ၏ လုံၿခဳံေရးအတြက္ မဟာဓမၼရာဇာဓိပတိဘုရင္သည္ ကိုးသိန္းသခင္ကို စဥ့္ကိုင္မွ အင္းဝသို႔ ျပန္လည္ေခၚယူခဲ့သည္။
ကိုးသိန္းသခင္မွာ ေကြ႕မ်ားႏွင့္ရင္ဆိုင္ထားေသာ တပ္မ်ားအနက္ အခ်ိဳ႕ကိုသာ ေက်ာက္ေျမာင္းတြင္ စုစည္းထားခဲ့ၿပီး အင္းဝသို႔ ျပန္သြားခဲ့ရသည္။
................................................................................
ဧရာဝတီျမစ္အတြင္းရွိ ႏြားခ်ီးကြၽန္း။
ဂါရစ္နာဝပ္ဇ္ ၏ ယာယီတဲနန္းေရွ႕တြင္ ေႁမြနဂါး႐ုပ္မဏိပူရအလံသည္ တျဖတ္ျဖတ္လြင့္ေန၏။
မင္းသားဆန္ေဂ်း က ဖခင္ျဖစ္သူေရွ႕တြင္ ဒူးေထာက္ကာ ေျခဖဝါးကို နဖူးျဖင့္ ထိလိုက္သည္။
“ဆန္ေဂ်း...မင္း...႐ုပ္က အေတာ္ေျပာင္းလဲသြားတာပဲ”
ဂါရစ္နာဝဇ္က သားေတာ္ကို ဖက္ရင္း ေျပာလိုက္သည္။ ထို႔ေနာက္ ႏွာေခါင္းကို ရႈံ႕လိုက္၏။
“မင္းအရက္ေတြ ေသာက္ထားတာလား”
“သူတို႔က ဘြားေတာ္နီလာခမ္းရဲ႕ သားႏွစ္ေယာက္အေဖ...အေဖ့ တူေတြေပါ့..ေမာင္ျဖဴ နဲ႔ ေမာင္မင္း တဲ့”
ဆန္ေဂ်းက ဖခင္၏ အေမးကို မေျဖပဲ သူ႔ေဘးတြင္ ပါလာေသာ လူငယ္ႏွစ္ဉီးကို ျပလိုက္သည္။
လူငယ္ႏွစ္ဉီးက ဆန္ေဂ်းႏႈတ္ဆက္သကဲ့သို႔ မလုပ္ပဲ ဂါရစ္နာဝဇ္ေရွ႕တြင္ ဒူးတုပ္ကာ ရွိခိုးလိုက္ၾက၏။
“သူတို႔က အင္းဝမွာ ေမြးတဲ့သူေတြမို႔..မဏိပူရဓေလ့ေတြကို မသိေတာ့တာပါ..ခမည္းေတာ္”
“ကဲ..အထဲ လိုက္ခဲ့..သွ်န္သီကိုလည္း မင္းမေတြ႕တာ ႏွစ္ေတြ ၾကာေရာေပါ့”
တဲနန္းထဲတြင္ အပ်ိဳေပၚဝင္စ အ႐ြယ္ မိန္းမငယ္တစ္ဉီးက ဆန္ေဂ်းတို႔ကို ၿပဳံးျပႏႈတ္ဆက္လိုက္သည္။
ခရီးရွည္ႀကီးကို ျဖတ္သန္းလာရျခင္းေၾကာင့္ သွ်န္သီမွာ ႏြမ္းလ်သည့္ ပုံစံေပါက္ေန၏။
“ဒါ သွ်န္သီလား....အင္း..ကြၽန္ေတာ္ထြက္သြားတုန္းက သူ က တကယ္ကေလးေလးအ႐ြယ္ မဟုတ္လား”
“ေအး..ဟုတ္တယ္..သားေတာ္..ဒါနဲ႔ မင္းအေဒၚ နီလာခမ္း ေရာ..ဘာမွာလိုက္ေသးလဲ”
“အေဒၚက ခမည္းေတာ္ကို စိတ္ဆိုးေနတယ္..ခမည္းေတာ္ကိုသာမကဘူး..ကြၽန္ေတာ့္ကိုပါ စိတ္ဆိုးေနတယ္”
“ဘာျဖစ္လို႔လဲ”
ဆန္ေဂ်းက သွ်န္သီကို တခ်က္ၾကည့္လိုက္သည္။
“အေဒၚက ေျပာတယ္..သွ်န္သီကို သူ႔လို႔ ဘဝမ်ိဳး ေရာက္ေအာင္ လုပ္ၾကတာ သူမႀကိဳက္ဘူးတဲ့..ေနာက္ထပ္ မဏိပူရေတာ္ဝင္မင္းသမီးတစ္ပါးကို ႏိုင္ငံေရးအတြက္ ထပ္စေတးတာကို သူ လက္မခံႏိုင္ေတာ့ဘူးတဲ့”
ဆန္ေဂ်း၏ စကားေၾကာင့္ ဂါရစ္နာဝဇ္ အနည္းငယ္ေတြေဝသြားသည္။
“မင္း..သေဘာကေရာ...သားေတာ္”
“သားေတာ္ကေတာ့ ခမည္းေတာ္..သေဘာပါပဲ..ဒါေပမယ့္..ေဟာ့ဒီက ဝမ္းကြဲညီေတာ္ႏွစ္ပါးဟာ ကသည္းစကားကို လုံးလုံးမေျပာတတ္ေတာ့ဘူး..ခမည္းေတာ္..ေနာက္ သွ်န္သီက ေမြးလာတဲ့ မ်ိဳးဆက္ဟာလည္း..”
ဂါရစ္နာဝဇ္က ဆန္ေဂ်းကို ဆက္မေျပာရန္ လက္ကာျပလိုက္သည္။
“ကန္ကလာနန္းေတာ္မွာ ဘာေတြျဖစ္ေနလဲ..အမေတာ္နီလာခမ္း ေရာ..မင္းပါ မသိေသးဘူးထင္တယ္”
“ဘာေတြျဖစ္ေနလဲ..ဘုရား”
“ႀတိပူရ က သွ်န္သီကို သူတို႔ ဆီ ဆက္သဖို႔ ေတာင္းလာတယ္”
“ဗ်ာ”
“ႀတိပူရရဲ႕ လက္ရွိဘုရင္ လက္ရွ္မန္မဏိက် ရဲ႕ ရာဇသံအရေတာ့ သမီးေတာ္ မေပးရင္ စစ္ျပဳမယ့္သေဘာ”
“ေတာက္..ရာရာစစ..ဒီေကာင္ေတြမွာ ဘယ္လို အင္အားရွိလို႔ မဏိပူရကို စိန္ေခၚရဲရတာလဲ”
“မဂိုဘုရင္ရဲ႕လူ ရွန္ရွာဂါဇီ က သူ႔ကို ေက်ာေထာက္ေနာက္ခံေပးထားတာ..ဆန္ေဂ်း..ဒီကိစၥဟာ မဂိုဧကၠရာဇ္ ရဲ႕ ပေယာဂလည္း မကင္းဘူး..ဒါ့ေၾကာင့္ ငါ့အေနနဲ႔ သွ်န္သီကို အင္းဝဘုရင္ဆီ ဆက္သၿပီး မဟာမိတ္လုပ္ဖို႔ လမ္းကို ေ႐ြးခ်ယ္ခဲ့တာပဲ”
“အင္း..ဘယ္တတ္ႏိုင္ပါ့မလဲ..ခမည္းေတာ္”
“အင္းဝ ရဲ႕ ႏိုင္ငံေရး၊စစ္ေရးအေျခအေန ဘယ္လိုရွိေနလဲ...ဆန္ေဂ်း..ငါအဲ့ဒါကို သိဖို႔လိုတယ္”
“ေလာေလာဆယ္ေတာ့ ဟံသာဝတီနဲ႔ စစ္ပြဲေတြ ခဏရပ္ေနတယ္...မတၱရာဘက္မွာေတာ့ ေကြ႕ေတြ သူပုန္ထေနတာကို ႏွိမ္နင္းေနရပါတယ္”
“ေကြ႕ေတြ...ဟုတ္လား..မင္းရဲ႕....ဟိုတစ္ေယာက္”
ဆန္ေဂ်းမ်က္ႏွာပ်က္သြားသျဖင့္ ဂါရစ္နာဝဇ္က စကားကို ရပ္တန႔္လိုက္သည္။
“ဟုတ္ပါတယ္.ခမည္းေတာ္..ေကြ႕ေတြရဲ႕ အႀကီးအကဲက သူ႔အကိုပါ..ဂုဏၰအိမ္တဲ့”
“ကဲ..အဲ့ဒါထားပါ...အင္းဝ ရဲ႕ စစ္အင္အားကေရာ”
“အင္းဝရဲ႕ စစ္ေရးက ကိုးသိန္းသခင္မင္းေခါင္ အေပၚမွာပဲ မွီခိုေနပါတယ္...ဟံသာဝတီတပ္ေတြကို ေကာင္းေကာင္းထိန္းခ်ဳပ္ထားႏိုင္တဲ့ ဗညားက်န္းေတာကိုလည္း ကိုးသိန္းသခင္လူေတြက သတ္ပစ္လိုက္ၾကၿပီ...တခုရွိတာက ကိုးသိန္းသခင္က အခု နယ္ပယ္အစုံက သူႀကီးေတြ၊ ျမင္းစီးေတြကို စုစည္းေနတယ္..ခမည္းေတာ္”
“ဒီအေျခအေနအတိုင္းဆို တကယ္လို႔မ်ား မဏိပူရကို ရန္သူက တိုက္ခိုက္လာတဲ့အခါ..အင္းဝက စစ္ကူေပးႏိုင္မယ္ထင္လား”
ဆန္ေဂ်းက အတန္ငယ္စဥ္းစားေနသည္။
“ထူးျခားတဲ့သတင္းတစ္ခုလည္းရွိတယ္..ခမည္းေတာ္...အင္းဝဘုရင္ဆီက တ႐ုတ္ဘုရင္က သံအဖြဲ႕တစ္ဖြဲ႕ ေစလႊတ္လိုက္တယ္သတင္းၾကားပါတယ္”
“တ႐ုတ္ဘုရင္..ဟုတ္လား”
“ဟုတ္တယ္..ပီကင္းက ဧကၠရာဇ္ခ်န္လုံ က တိုက္႐ိုက္ေစလႊတ္လိုက္တာတဲ့...အင္းဝက အႀကိဳေတာ္အဖြဲ႕ေတာင္ ရွမ္းျပည္ကို ေစလႊတ္လိုက္ၿပီ..ခမည္းေတာ္..လြန္ခဲ့တဲ့ ႏွစ္ကလည္း အယုဒၶယသံတမန္အဖြဲ႕ အင္းဝကို ေရာက္လာပါေသးတယ္”
“ဒါဆို အင္းဝဘုရင္က သံတမန္ေရးရာကို အေတာ္ေလး လုပ္ေနပုံပဲ....အယုဒၶယနဲ႔ အင္းဝၾကား ေရာ ဘယ္လို သေဘာတူညီမႈေတြရွိေနတယ္ၾကားလဲ”
“အဲ့ဒါေတာ့ သားေတာ္စုံစမ္းလို႔မရပါဘူး”
“အင္း..ဒါေၾကာင့္ ဟံသာဝတီက အင္းဝကို အတင္းမတိုက္ေသးတာထင္ပါရဲ႕...အင္းဝ နဲ႔ အယုဒၶယသာ ပူးေပါင္းလုပ္ႀကံရင္ ဟံသာဝတီအတြက္ အခက္ေတြ႕မွာ....ေနာက္..အံဩစရာက တ႐ုတ္ဘုရင္..သူ႔ဘက္က အင္းဝကို သံတမန္စလႊတ္တယ္ဆိုတာ မယုံႏိုင္စရာပဲ..တကယ္လို႔သာ အင္းဝ ဟာ အင္အားအရမ္းႀကီးတဲ့ တ႐ုတ္ဧကၠရာဇ္ နဲ႔ သံတမန္ဖက္ျဖစ္လာတယ္ဆို...အခုျဖစ္ေနတဲ့ ျပႆနာေတြကို တ႐ုတ္စစ္ကူတပ္နဲ႔တင္ ေျဖရွင္းလို႔ရေလာက္တယ္”
ထိုအခ်ိန္တြင္ ျမစ္ျပင္မွ ေလျပင္းတခ်က္ ၾကမ္းတမ္းစြာတိုက္လိုက္၏။
တဲနန္းေရွ႕မွ ေႁမြနဂါးအလံတိုင္မွာ အလယ္မွ ထက္ပိုင္းက်ိဳးက်သြားသည္။
ဂါရစ္နာဝဇ္က အလန႔္တၾကား မတ္တပ္ထရပ္လိုက္၏။
နေဘးနားတြင္ရပ္ေနေသာ အမတ္ႀကီးမဟာသွ်န္သီႏွင့္ ပေရာဟိတ္ႀကီးမဟာပရဘူ ကလည္း စိုးရိမ္ေသာမ်က္လုံးမ်ားျဖင့္ ဂါရစ္နာဝဇ္ကို ၾကည့္လိုက္သည္။
“ကန္ကလာနန္းေတာ္မွာ တစ္ခုခုျဖစ္ေနတဲ့ နိမိတ္ပဲ....သွ်န္သီကို အင္းဝဘုရင္ဆီ အျမန္ဆက္သမယ္..ၿပီးရင္...အင္းဝက စစ္ကူေတြနဲ႔.ငါတို႔ မဏိပူရကို အျမန္ျပန္ၾကမယ္...မင္းပါ ျပန္လိုက္ခဲ့ရမယ္..ဆန္ေဂ်း”
..........................................................................................................................................
တံခြန္၊ အလံမ်ား တလူလူလြင့္ေနသည့္ တိုက္ေလွမ်ားက ဧရာဝတီျမစ္ျပင္ အျပည့္။
ထိုေလွမ်ား၏ အလယ္တြင္ ေလွာ္ကားေလွႀကီးႏွစ္စင္း။
ေလွာ္ကားေလွႀကီးႏွစ္စင္းကို ယွဥ္လ်က္ထားၿပီး သစ္ေကာင္းမ်ားျဖင့္ အလယ္တြင္ ေဖာင္ဖြဲ႕ထား၏။
ေဖာင္ေပၚတြင္ ေ႐ႊအတိၿပီးေသာ နန္းျပသာဒ္တစ္ခု။
“ကသည္းမင္းသမီးသွ်တၱရမာလာ ကို အႀကိဳေတာ္ျပဳမယ့္ အင္းဝဘုရင္မင္းျမတ္ရဲ႕ ေဖာင္ေတာ္ပါ”
ကိုးသိန္းသခင္၏ ဗမာစကားကို ဂါရစ္နာဝဇ္က နားလည္ေၾကာင္း ေခါင္းညိတ္ျပလိုက္၏။
“ဘဝရွင္မင္းတရား က မဏိပူရမင္းျမတ္ကိုေရာ...သားေတာ္ခူရာလက္ပ ကိုပါ ေဖာင္ေတာ္နဲ႔ တစ္ပါတည္း လိုက္ခဲ့ဖို႔ ဖိတ္မႏၲကျပဳလိုက္ပါတယ္”
“သမီးေတာ္က ဗမာစကားေတာ့ လုံးဝမတတ္ဘူး..ကိုးသိန္းသခင္...အဲ့ဒီေတာ့ နန္းေတာ္တြင္းမွာ နားမလည္ပါးမလည္နဲ႔ မလိမ္မာမွာကိုေတာ့ စိုးပါတယ္”
“ဒီအတြက္လည္း မပူပါနဲ႔..သမီးေတာ္အတြက္ သီးသန႔္ စကားျပန္မိန္းမစိုးတစ္ဉီးထားေပးပါ့မယ္..ၿပီးေတာ့...သင့္ေတာ္တဲ့အ႐ြယ္ေရာက္ခ်ိန္အထိ သူ႔ရဲ႕ အရီးေတာ္ျဖစ္တဲ့ ပုပၸါးမင္းသမီးႏွင္းလုံခန္း ရဲ႕အေဆာင္မွာပဲ ေနေစဖို႔ ဘုရင္မင္းျမတ္က အမိန႔္ေတာ္ရွိပါတယ္”
မၾကာမီ ေဖာင္ေတာ္ေပၚမွ မိန္းမတီး စည္ေတာ္စုံ တီးခတ္သံ ထြက္ေပၚလာသည္။
“အခါေတာ္က်ပါၿပီ..သမီးေတာ္ႏွင့္အတူ ေဖာင္ေတာ္ေပၚကို တက္ၾကဖို႔ပါ”
ဂါရစ္နာဝဇ္ က အခ်က္ျပလိုက္သည္ႏွင့္ ကသည္း႐ိုးရာတီးမႈတ္သံမ်ားႏွင့္အတူ ယာယီတဲနန္းအတြင္းမွ သွ်တၱရမာလာ ေခၚ သွ်န္သီ ႏွင့္ အေႁခြအရံမ်ား ထြက္လာၾကသည္။
“မင္းသားဆန္ေဂ်းေရာ”
“ေအာ္႐ုဝသူႀကီးဆီက အေရးႀကီးစာခြၽန္တစ္ခု ေရာက္စရာရွိလို႔...က်ဳပ္သားေတာ္က ဒီယာယီသံတဲနန္းကေန ေစာင့္ၿပီး လက္ခံယူပါလိမ့္မယ္...ၿပီးမွ သူအင္းဝနန္းေတာ္ကို လိုက္လာပါလိမ့္မယ္”
(ေအာ္႐ုဝသည္ မဏိပူရနယ္စပ္၊ တမူးသို႔ အျဖတ္ ခ်င္းတြင္းျမစ္ ညာဘက္ကမ္းတြင္ရွိေသာ ကင္းေထာက္႐ြာျဖစ္သည္)
ကိုးသိန္းသခင္က ေခါင္းညိတ္ၿပီး ေဖာင္ေတာ္ေပၚသို႔ တက္ရန္ ၫႊန္ျပလိုက္၏။
မဏိပူရဘုရင့္ သမီးေတာ္ကို ႀကိဳဆိုေသာေလွတပ္ႀကီးမွာ ဧရာဝတီျမစ္ျပင္အျပည့္ တေ႐ြ႕ေ႐ြ႕ေလွာ္ခတ္လာသည္။
ဂါရစ္နာဝဇ္က စစ္ကိုင္းဘက္ကမ္းဆီသို႔ လွမ္းၾကည့္လိုက္သည္။
အေျမာက္မ်ား ၊ ျမတံပူမ်ား အစီအရီ၊ အသင့္အေနအထားအင္အားျပေနသည့္ စစ္သည္မ်ားက ကမ္းတစ္ေလွ်ာက္တြင္ အျပည့္။
“က်ဳပ္ က မၾကာခင္မွာ အင္းဝဘုရင္နဲ႔ ေဆြမ်ိဳးေတာ္စပ္ရမယ့္သူပါ....အခု စစ္အင္ခင္းက်င္းထားပုံႀကီးက တိုက္ပြဲဝင္ေတာ့မယ့္အတိုင္း အင္ျပည့္အားျပည့္ပါပဲလား..ကိုးသိန္းသခင္”
ဂါရစ္နာဝဇ္၏ စကားေၾကာင့္ ကိုးသိန္းသခင္က ၿပဳံးလိုက္သည္။
“ဒါဟာ အင္းဝစစ္တပ္ရဲ႕ တစိတ္တပိုင္းပါပဲ..မဏိပူရမင္းနဲ႔ သမီးေတာ္ကို ႀကိဳဆိုဖို႔ နဲ႔ လုံၿခဳံေရးအရ လုပ္႐ိုးလုပ္စဥ္ပါ..စိုးရိမ္ေတာ္မမူပါနဲ႔”
ေန႔လည္ပိုင္းတြင္ အင္းဝမီးေသြးတိုက္ဆိပ္သို႔ ေဖာင္ေတာ္ဆိုက္ကပ္သည္။
အသားအေရဝင္းဝင္း၊ ဖူးစ ပြင့္စ ကသည္းမင္းသမီးေလးမွာ မ်ားျပားလွေသာ မင္းခမ္းေတာ္ဝင္းမ်ားကို မ်က္လုံးအဝိုင္းသားျဖင့္ လိုက္ၾကည့္ေန၏။
ကမ္းနားတြင္ ေ႐ႊပန္းပြင့္၊ ေ႐ႊနားေတာင္းမ်ား ပန္ထားၾကသည့္ လူပ်ိဳေတာ္သားစုက လွပခန႔္ညားသည့္ ေဝါယာဥ္ျဖင့္ အသင့္ေစာင့္ေနၾကသည္။
မီးေသြးတိုက္ဆိပ္ကမ္းမွ စံရာတံခါး၊ စံရာတံခါးမွ အေနာက္ဝန္းေတာ္ တံခါးတစ္ေလွ်ာက္ လမ္းတစ္ေလွ်ာက္တြင္ ရာဇမတ္ကာလ်က္ ပန္းဆိုင္းပန္းခက္မ်ား မိုးထားသည္။
ေရအိုးစင္မ်ား၊ ႀကံပင္၊ ငွက္ေပ်ာပင္မ်ားကို ေဘးပတ္လည္တြင္ စိုက္ထားၿပီး လမ္းေပၚတြင္ ႏွင္းဆီ၊ စံပယ္ပန္းမ်ား ႀကဲျဖန႔္ထား၏။
သွ်တၱရမာလာသည္ ေဝါယာဥ္ေပၚမွ ပန္းခင္းလမ္းႀကီးကို ေငးလ်က္ ရင္တဖိုဖို လိုက္ပါလာသည္။
သူ၏ေနာက္တြင္ အေႁခြအရံမ်ား၊ ကသည္းအမတ္မ်ားက ေျခလ်င္လိုက္ရ၏။ ထို႔ေနာက္တြင္မွ ဂါရစ္နာဝဇ္က ေဝါယာဥ္တစ္စီးျဖင့္။
ေဝါယာဥ္သည္ အေနာက္ေဇတဝန္ေဆာင္တြင္ ရပ္တန႔္သြား၏။
မင္းသမီးက ေဝါေပၚမွ မဆင္းေသး။
ဂါရစ္နာဝဇ္က ေဝါေပၚမွ ဆင္းကာ အေဆာင္ေတာ္ေပၚသို႔ တက္လိုက္သည္။
အေဆာင္ေတာ္ေပၚတြင္ အမေတာ္ ပုပၸါးမင္းသမီးနီလာခမ္းက ရံေ႐ႊေတာ္မ်ားႏွင့္အတူ မတ္တပ္ရပ္ေန၏။
“အမေတာ္”
ဂါရစ္နာဝဇ္က အမျဖစ္သူကို ႏႈတ္ဆက္လိုက္၏။
“နာဝဇ္...မင္း..လည္း..ခမည္းေတာ္လိုပါပဲ...ဘာထူးလို႔လဲ..ကိုယ့္သားသမီးကို အာဏာအတြက္ ခ်နင္းတဲ့သူ”
နီလာခမ္း အသံက တိုးေသာ္လည္း မာေၾကာေနသည္။
ဂါရစ္နာဝဇ္က နီလာခမ္းစကားကို မၾကားေယာင္ျပဳကာ ၿပဳံးေန၏။
နီလာခမ္း က သွ်န္သီ၏ ေဝါယာဥ္ဆီသို႔ သြားကာ သွ်န္သီကို လက္ကမ္းလ်က္ ေခၚထုတ္လာသည္။
ခဏအၾကာတြင္ လူပ်ိဳေတာ္သား စည္ေတာ္စုံက တီးခတ္လိုက္သည္။
သဘင္စုထံမွ ေစာင္းသံညႇင္းညႇင္းထြက္ေပၚလာသည္ႏွင့္ ဂါရစ္နာဝဇ္မွအပ အားလုံးမွာ ၾကမ္းျပင္တြင္ ဝပ္တြားလိုက္ၾက၏။
မဟာဓမၼရာဇာဘုရင္မင္းျမတ္ ႂကြခ်ီလာေတာ့မည္ျဖစ္သည္။
“ကိုယ္ေတာ္တိုင္ လာေရာက္မႀကိဳဆိုႏိုင္တဲ့အတြက္...မဏိပူရမင္းကို အားနာမိပါတယ္”
“တိုင္းဌာနမ်ားစြာကို အုပ္ခ်ဳပ္ရတဲ့ ျပည့္ရွင္မင္းႏွင့္ ယခုလို ေဆြမ်ိဳးစပ္ရသည္ကပင္ ျပည့္စုံလွပါၿပီ.အရွင္မင္းျမတ္”
ဆယ္ေက်ာ္သက္မေလး သွ်န္သီမွာ ရင္မ်ား တဒိတ္ဒိတ္ခုန္ေနသည္။
မၾကာမီ သူ၏ လင္ေယာက္်ားျဖစ္လာမည့္သူ၏ အသံကိုေတာ့ ၾကားေနရၿပီျဖစ္၏။
သို႔ေသာ္ ေမာ္ဖူးေစ...အမိန႔္မရေသးသျဖင့္ ေျမတြင္ ေခါင္းကို ငုံ႔လ်က္ ဝပ္တြားေနရသည္။
“ဒါကေတာ့ သမီးေတာ္..သွ်တၱရမာလာပါ..မင္းျမတ္”
ဟသၤာေခါင္းပုံစံေ႐ႊေရာင္ေျခနင္းတစ္စုံ။
ထိုေျခနင္းထဲတြင္ ေသြးေၾကာစိမ္းစိမ္းမ်ားက ျမစ္လက္တက္မ်ားသဖြယ္ယွက္ျဖာေနသည့္ ေျခဖဝါးျဖဴႏုႏုတစ္စုံကို သွ်န္သီ သတိထားမိလိုက္သည္။
“ႏွမေတာ္...ေမာ္ဖူးေစကြယ္”
သွ်န္သီက ျဖည္းျဖည္းခ်င္း ေမာ့ၾကည့္လိုက္၏။
အသားအရည္ၾကည္ၾကည္လင္လင္၊ ညီညာေသာမ်က္ခုံး၊ ႏႈတ္ခမ္းရဲရဲမ်ားျဖင့္ လွပေခ်ာေမာေသာ ဉီးေလးႀကီး။
ဒီဉီေလးႀကီးက မဟာဓမၼရာဇာဓိပတိတဲ့။ အင္းဝျပည္ႀကီးရဲ႕ အရွင္သခင္တဲ့။
ကသည္းမင္းသမီးေလးသည္ သူမႏွင့္ အသက္ထက္ဝက္မက ကြာသည့္ ထိုသူ၏ အၿပဳံးကို ရင္ဆိုင္ႏိုင္စြမ္းမရွိ။
ကပိုက႐ိုျဖင့္ ေခါင္းကို ငုံ႔လိုက္၏။
“အေနာက္ပြဲတက္ေဆာင္မွာ မင္းသမီးကို ဘြဲ႕ေတာ္ေပးဖို႔ စီစဥ္ထားပါတယ္..အေဆြေတာ္..ပြဲအစီအစဥ္မစခင္..စစ္ကိုင္းဘုရင္ခံ နန္းရင္းဝန္ ဉီးေ႐ႊၿဖိဳး က နန္းေတာ္တြင္း ေနရာေတြကို လိုက္ျပပါလိမ့္မယ္..အဆင့္သင့္ျဖစ္တာနဲ႔ မင္းခ်င္းမ်ားက ေခၚပါလိမ့္မယ္..ကိုယ္ေတာ္ ကေတာ့ မင္းခမ္းေတာ္မ်ား ဝတ္ဆင္ရမွာမို႔..ခဏမ်ားမွ အေနာက္ပြဲတက္ေဆာင္မွာ ေတြ႕ၾကပါမယ္”
မဟာဓမၼရာဇာဓိပတိ ထြက္ခြာသြား၏။
ဉီးေ႐ႊၿဖိဳးက ဂါရစ္နာဝဇ္ ထံသို႔ ေလွ်ာက္လာ၏ ။
“မဏိပူရမင္းျမတ္....မေနာ္ရမာန္ဥယ်ာဥ္ေတာ္ထဲ အရင္လွည့္လည္ၾကည့္ရႈဖို႔ ေဝါစီစဥ္ထားပါတယ္”
ဂါရစ္နာဝဇ္က ေဝါယာဥ္ေပၚသို႔ တက္ရန္ ျပင္လိုက္သည္။
ထိုအခ်ိန္တြင္ ဉီးေ႐ႊၿဖိဳးအနီးသို႔ နန္းတြင္းသားတစ္ဉီးကပ္လာၿပီး တစ္စုံတစ္ရာ ေျပာလိုက္၏။
“သားေတာ္ႀကီး ဆန္ေဂ်းခူရာလက္ပလည္း ေလွလ်င္နဲ႔ လာေနၿပီျဖစ္လို႔..အတူထြက္ႏိုင္ဖို႔ ေစာင့္ပါဉီးမလား..မဏိပူရမင္းျမတ္”
“အင္း..သူ႔ကို ေစာင့္ၾကတာေပါ့”
“သူ႔ကို ေစာင့္ရင္း...သဘင္သည္စုရဲ႕ ေဖ်ာ္ေျဖမႈကို ခံစားရန္ သလြန္ေပၚသို႔ ႂကြပါ”
ဂါရစ္နာဝဇ္က သလြန္ေပၚတြင္ ထိုင္လိုက္သည္။ တီးလုံးသံႏွင့္အတူ ဇင္းမယ္သူ အၿငိမ့္သမေလး၏ ၿငိမ္းေညာင္းေသာ ကကြက္မ်ားမွာ ဂါရစ္နာဝဇ္ ေခတၱမွ် ေမ်ာသြားသည္။
“သားေတာ္ႀကီး ေရွ႕မွာ ေရာက္ေနပါၿပီ..ဘုရင္မင္းျမတ္..ေဝါေပၚ ႂကြခ်ီလို႔ရပါၿပီ”
ဂါရစ္နာဝဇ္ က ေဝါယာဥ္ရွိရာသို႔ လွမ္းလိုက္သည္။
ေဝါယာဥ္ေဘးတြင္ ဆန္ေဂ်းက မတ္တပ္ရပ္ေန၏။ ဆန္ေဂ်း၏ မ်က္ႏွာက မေကာင္းလွ။
“ေအာ္ယုဝသူႀကီးဆီက ဘာထူးလို႔လဲ.ဆန္ေဂ်း”
ဂါရစ္နာဝဇ္က ကသည္းဘာသာျဖင့္ ေမးလိုက္၏။
“ခမည္းေတာ္.ဒီနားမွ ကသည္းစကားနားမလည္တဲ့..ဗမာေတြခ်ည္းပဲရွိပါတယ္..သားေတာ္..အခုေလွ်ာက္တင္တာကို ၾကားၿပီးရင္..ဗမာေတြ မရိပ္မိေအာင္ တည္တည္ၿငိမ္ၿငိမ္ပဲ ရွိေနေပးပါ”
“ဘာမ်ားလဲ”
“မဏိပူရ ကန္ကလာနန္းေတာ္ကို သွ်န္သွ်ားက အာဏာသိမ္းလိုက္ပါၿပီ”
ဂါရစ္နာဝဇ္ က ေဝါယာဥ္ေဘာင္တန္းကို အေယာင္ေယာင္အမွားမွားျဖင့္ ဆုပ္ကိုင္လိုက္ေတာ့သည္။
ခက္ေဇာ္
Done 💪
ReplyDeleteကလစ်ခဲ့ပြီး💪
ReplyDelete🤔
ReplyDelete😎
DeleteDone🤍
ReplyDelete:Done
ReplyDeleteClicked ✅
ReplyDeleteDone🐬🐬🐬
ReplyDeleteနှစ်ကောင်လုံးချောင်းထဲကျစမ်း😑🐬
Deleteကလိပီး
ReplyDelete👌
ReplyDeleteDone 🤍
ReplyDeleteDone
ReplyDelete👍👍
ReplyDelete