AVA 1740s (S2) (အခန်း ၁၅)


AVA 1740s (Season 2)

                                                                       အခန်း(၁၅)

                                                             ...............................................

ပဌနဂိုရ်တပ်စခန်းတွင်းသို့ မြင်းငါးစီး ဝင်လာသည်။

မြစ်ပြင်ဘက်ဆီ မျက်နှာမူထားသော ကင်းမျှော်စင်ဆီမှ စည်ရွမ်းသံ သုံးချက် ခတ်လိုက်၏။

ပဌနဂိုရ်တပ်အကြီးအကဲ အာကာဗိုလ်မှူးက တဲနန်းကြီးရှေ့တွင် မတ်တပ်ရပ်လျက် ဆီးကြိုနေသည်။

ဗညားကျန်းတော က မြင်းပေါ်မှ ဆင်းလိုက်၏။

“ကိုးသိန်းသခင် အခေါ်တော်ရှိတယ်ဆိုလို့”

“ကိုးသိန်းသခင် မလာနိုင်ဘူး...ဒီအမှုကိစ္စကို ဗိုလ်မှူးဂဇကျော်ကို လွှဲလိုက်တယ်....ဗိုလ်မှူးဂဇကျော်က...တဲအိမ်ပေါ်မှာ..မင်းကို စောင့်နေတယ်”

ဗညားကျန်းတောက တဲအိမ်ပေါ် တက်ရန် ပြင်လိုက်သည်။

“ထုံးစံအတိုင်း လုံခြုံရေးအရ လက်နက်တွေတော့ ထားခဲ့ရလိမ့်မယ်..တပ်မှူးဗညားကျန်းတော..ပြီးတော့ ဒီပြဿနာက မင်းတပ် နဲ့ ငါ့တပ်ကြားဖြစ်တာဆိုတော့ တို့တပ်မှူးနှစ်ယောက်ပဲ အပေါ်ကို တက်ရလိမ့်မယ်..ကျန်တဲ့သူတွေ တက်ခွင့်မရှိဘူး”

အာကာဗိုလ်မှူး စကားကို ဗညားကျန်းတောက ခေါင်းညိတ်လိုက်သည်။

ထို့နောက် တဲနန်းပေါ်သို့ တက်လာကြ၏။

တဲနန်းပေါ်တွင် ဗိုလ်မှူးဂဇကျော် က ကွမ်းယာ၊ လက်ဖက်အစုံအလင်ကို ယွန်းဗန်းဖြင့် တည်ကာ ထိုင်နေသည်။

“ကဲ..ထိုင်ကြ”

နှစ်ဉီးလုံးက ဗိုလ်မှူးဂဇကျော်ရှေ့တွင် ထိုင်လိုက်ကြသည်။

“ကိုးသိန်းသခင်က ဒီအရေးကို ပြေလည်အောင် ဖြေရှင်းဖို့ ကျုပ်ကို တာဝန်ပေးလိုက်တယ်....ဒီအရေးကို ကျုပ် ဖြေရှင်းပေးမှာကို နှစ်ဉီးလုံး လက်ခံလား”

“လက်ခံပါတယ် ဗိုလ်မှူး”

“ဗညားကျန်းတော က ပဌနဂိုရ်တပ်အတွက် ပို့ပေးတဲ့ ရိက္ခာလှေကို ဖျက်လုတယ်ဆိုတာ..ဟုတ်သလားကွဲ့”

“မှန်ပါ..ကျွန်တော်မျိုးတပ်သို့ ရိက္ခာမလာသည်မှာ လနှင့်ချီကြာခဲ့ပါပြီ..သို့သော် အောက်ဖက် ပဌနဂိုရ်တပ်ကိုတော့ အမြဲတမ်းရိက္ခာပို့လှေက ဖြတ်သွားပါတယ်...တပ်သားများ ငတ်မွတ်နေကြသည်ကို မကြည့်ရက်ပါသဖြင့် ခေတ္တယူမိပါတယ်”

“အင်း..ဒီကိစ္စကို ပဌနဂိုရ်တပ်က လက်အောက်ငယ်သားတွေက အတော်လေးကို မကျေမနပ်ဖြစ်နေကြတယ်...ဒါပေမယ့်လည်း..မောင်မင်းအနေနဲ့ လုယူသမျှကို လေးဆ ပေးလျော်ရင်ဖြင့် အပြစ်က လွတ်စေမယ်”

ဗညားကျန်းတောက ဗိုလ်မှူးဂဇကျော်ကို မျက်မှောင်ကြုံ့ကာ ကြည့်လိုက်၏။

“ဘယ့်နှယ်..အစောပိုင်းက ငတ်လိုတောင် လုနေရတယ်လေဗျာ...ကျွန်တော်မျိုးအနေနဲ့ ဘယ်လိုလောက် ရိက္ခာလေးဆ ပြန်လျော်နိုင်မှာလဲ..မဟုတ်တာကြီး”

ဗိုလ်မှူးဂဇကျော် က အာကာဗိုလ်မှူး ထံ တချက် ကြည့်လိုက်သည်။

အာကာဗိုလ်မှူးက ပြတင်းပေါက်သို့ ထသွားပြီး ကွမ်းတံတွေးကို အသံကျယ်ကျယ်ထွေးလိုက်၏။

အာကာဗိုလ်မှူး၏ ကွမ်းတံတွေးထွေးသည်ကို မြင်သည်နှင့် အောက်မှတပ်သားများသည် ဗညားကျန်းတောနှင့် ပါလာသည့် စစ်သည်လေးဉီးကို ဓါးကိုယ်စီဖြင့် ပိုင်းလိုက်ကြတော့သည်။

“ဟေ့..တို့ရိက္ခာလုတဲ့ တလိုင်းကောင်ကို အခုထုတ်ပေး..သတ်ပစ်မယ်”

“သတ်မယ်..သတ်မယ်..အခုထုတ်ပေး”

အောက်ထပ်မှ အသံများ ဆူညံစွာထွက်ပေါ်လာသည်။

ဗညားကျန်းတောမှာ မတ်တပ်ထရပ်လိုက်၏။

အာကာဗိုလ်မှူးက သူတို့ရှိရာသို့ ပြန်လျှောက်လာသည်။

“ငါ့တပ်သားတွေ မင်းကို အရမ်းဒေါသထွက်နေကြပြီ..ဗညားကျန်းတော”

“မင်းလူတွေကို မင်းထိန်းပေးပါ...အာကာဗိုလ်မှူး”

ဗိုလ်မှူးဂဇကျော် အသံက ဝတ်ကြေတန်းကြေ။

“ဟေ့...မထုတ်ပေးရင်..တပ်မှူးတွေ ဘာတွေနားမလည်ဘူး.. တဲနန်းကိုပါ မီးတိုက်ပစ်မယ်..ထုတ်ပေး”

“ကျွန်တော့် စစ်သည်တွေ ဒေါသကို ကျွန်တော်သိတယ်..ဗိုလ်မှူး..သူတို့တကယ်လုပ်မှာ”

ဗညားကျန်းတောက သူတို့နှစ်ဉီးကို မသင်္ကာသည့်မျက်လုံးများဖြင့် ကြည့်လိုက်သည်။

“ဒါ နင်တို့ စနက်မဟုတ်လား”

“ဒါတွေ ပြောမနေနဲ့..ဗညားကျန်းတော..ဟိုကောင်တွေ မီးမတိုက်ခင်...မင်းအနောက်ပေါက်က ပြေးတော့..ငါကြည့်ရှင်းပေးမယ်..ဟုတ်ပြီလား”

ဗိုလ်မှူးဂဇကျော်က တဲအနောက်ဖက် တံခါးကို ညွှန်ပြလိုက်သည်။

ဗညားကျန်းတော က အရှေ့ဘက်မှ အခြေအနေကို တစ်ချက် အကဲခတ်လိုက်သည်။

မီးတုတ်များ၊ လှံရှည်များဖြင့် ရဲမက်များက အော်ဟစ်နေကြ၏။

ဗညားကျန်းတော ဆုံးဖြတ်ချက်ကို အလျင်အမြန်ချပြီး ပွင့်နေသောနောက်ဖေး တံခါးဆီသို့ ပြေးသွားကာ ခုန်ချလိုက်သည်။

သို့သော်...နောက်ဖေးတံခါးတွင် အသင့်စောင့်နေသော စစ်သည်တစ်ဉီး၏ လှံချက်က ဗညားကျန်းတော၏ နံကြားသို့ ဖောက်ဝင်သွား၏။

ဗညားကျန်းတောက တန်းလန်းဖြစ်နေသော လှံကို ညာဘက်ဖြင့် ဆုပ်ကိုင်ကာ အားကုန်ထွက်ပြေးသည်။

အနောက်မှ စစ်သည်တစ်ချို့ ညာသံပေးလိုက်လာကြ၏။

မြင်းတစ်စီးက ဗညားကျန်းတော အနားသို့ အမှီလိုက်လာသည်။

မြင်းအနီးကပ်လာသည်နှင့် ဗညားကျန်းတောက နံကြားတွင် စိုက်နေသော လှံရှည်ကိုကိုင်လျက်က ခန္ဓာကိုယ်ကို တပတ်လှည့်ကာ မြင်း  လည်ပင်းဆီသို့ ယမ်းထည့်လိုက်သည်။

“ဖောင်း”

မြင်းမှာ ဒလိန့်ခေါက်ခွေးလဲကျပြီး မြင်းပေါ်မှ လူလည်း ပြုတ်ကျသွားသည်။

ဗညားကျန်းတောက ပြန်ထနေသော မြင်းပေါ်သို့ ခုန်တက်လိုက်ပြီး ဇက်ကြိုးကို ဆွဲကာ ဒုံးစိုင်းထွက်သွားတော့၏။

မြင်း၏ ခန္ဓာကိုယ်ပေါ်တွင် ဗညားကျန်းတောထံမှ ထွက်သော သွေးစက်တို့ ရွှဲစိုလျက်။

ထိုမြင်ကွင်းကို တဲနန်းအနောက်ဘက်တံခါးဝတွင် ရပ်နေသော ဗိုလ်မှူးဂဇကျော်နှင့် အာကာဗိုလ်မှူးတို့က ကြည့်နေကြသည်။

ကိုးသိန်းသခင်ပြီးလျှင် အင်းဝစစ်တပ်အတွက် အလားအလာအရှိဆုံးအဖြစ် ယခင်က ဗိုလ်မှူးဂဇကျော်ကို သတ်မှတ်ခဲ့ကြသည်။

သို့သော် နောက်ပိုင်းတိုက်ပွဲများတွင် ဗညားကျန်းတော၏ နာမည်က တဟုန်ထိုးကျော်ကြားလာသဖြင့် ကိုးသိန်းသခင်နှင့် နန်းတွင်းကပင် သတိထားမိသည့်အထိ။

ဗိုလ်မှူးဂဇကျော်နှင့် ပဌနဂိုရ်တပ်မှ အာကာဗိုလ်မှူး မှာ သမီးယောက်ဖလည်း တော်စပ်ကြသည်။

“ကဲ. မလွန်တပ်ဆီကို ငါ...လိုက်သွားမယ်..ငတွတ်ကြီး လှံချက်မိထားတာဆိုတော့ အနှေးနဲ့ အမြန် ဒီအကောင်သေပါတယ်..အာကာ”

..............................................................................

“ကိုတွန်ကြီး..ကိုတွန်ကြီး”

မြစ်ကမ်းဘေးတွင် ငါးမျှားနေသော ငတွန် က အသံကြောင့် လှည့်ကြည့်လိုက်သည်။

“ဘာဖြစ်လို့လဲ...ငစံသာ”

“တပ်မှူး..တပ်မှူး..ဗညား..ဒဏ်ရာတွေနဲ့ ပြန်ရောက်လာတယ်..အဲ့ဒါ ကိုတွန်ကြီးကို ခေါ်ခိုင်းလိုက်လို့”

ငတွန်က ငါးမျှားတံကို ပစ်ချကာ မလွန်တပ်ဆီသို့ အမြန်ဆုံးပြေးသွား၏။

“တပ်မှူး ဘယ်မှာလဲ”

“တဲထဲမှာ....ကိုတွန်”

ငတွန်က တဲထဲသို့ ဝင်လိုက်သည်။

ဗညား ၏ မျက်နှာတို့မှာ ဖြူဆွတ်နေ၏။

နံကြားမှ ထွက်လာသော သွေးများကို အကြပ်တစ်ဉီးက စောင်ထူထူဖြင့် ဒိုင်ခံသုတ်ပေးနေသည်။

လှံအရိုးကိုမူ လွှဖြင့် ကိုက်ဖြတ်လိုက်သဖြင့် တုံးတိဖြစ်နေသည်။

ဗညားက စိုက်ဝင်နေသော လှံအသွားကို ကိုင်လျက် အံကိုကြိတ်ကာ အသက်ကို မှန်မှန်ရှုနေ၏။

“ဘယ်လိုဖြစ်လာတာလဲ..ဗညား”

“ကျုပ်..အ..လုပ်ကြံခံရတာ”

“ဟာ..ဘယ်သူလဲ..ကိုးသိန်းသခင်လား..ဒီလူကြီးတော့ကွာ..ဟေ့..ပဌနဂိုရ်ကို လိုက်ကြမလား..ငါဉီးဆောင်ပြီး သွားတိုက်မယ်”

ဗညားက ငတွန်၏ လက်ကို အတင်းဆုပ်ကိုင်လိုက်သည်။

“မလုပ်နဲ့..မလုပ်နဲ့....ဘုရင့်တပ်ကို ပုန်ကန်မှုနဲ့ ကျုပ်ရဲဘော်တွေ အကုန်သေကုန်လိမ့်မယ်...ဗိုလ်တွန်...ကျုပ်ပြောတာနားထောင်ပါဗျာ”

“ဖြည်းဖြည်းပြော..ဗညား..ကျုပ်နားထောင်မယ်”

“ဒီရိက္ခာတွေလုခိုင်းတာလည်း ကျုပ်အမိန့်ပဲ..ဒီတော့ ကျုပ်အပြစ်ကို ကျုပ်ခံတယ်..သဘောထားပါတယ်..ကျုပ်ရဲဘော်တွေကိုတော့ အထိအခိုက်မခံနိုင်ဘူး....သူတို့ဟာ ဘုရင့်အမှုထမ်းတွေပါ..ကျုပ်ကြောင့် သူပုန်မဖြစ်ကြပါစေနဲ့... ဗိုလ်တွန်..ခင်ဗျားနားလည်လား”

“အင်း..နားလည်ပါတယ်..ဗညား”

“ငပွင့်ကြီး...ငါ့ သေတ္တာ ဒီနားယူလာခဲ့..”

အနီကပ်ပြုစုနေသည့် အကြပ်စစ်သည်က တဲထောင့်ရှိ ယွန်းသေတ္တာအပြားလေးကို မလာသည်။

“ဗိုလ်တွန်..ဒါကို ဖွင့်လိုက်”

ငတွန်က ယွန်းသေတ္တာလေးကို ဖွင့်လိုက်သည်။

အထဲတွင် အဝါရောင်ပင်သန်းနေပြီဖြစ်သည့် ပန်းပုဆိုးလေးတစ်ထည်ကို သပ်သပ်ရပ်ရပ်ခေါက်ထား၏။

“ဒီပုဆိုး..ခင်ဗျားကို အပ်တယ်..ဗိုလ်တွန်..ဒါ ကျုပ် ရဲ့ မင်ခံထောင်ပုဆိုးပါ”

ငတွန်က ဗညား၏ လက်ကို ဆုပ်ကိုင်လိုက်သည်။

“ခင်ဗျား မသေပါဘူး..မကြာခင် ရွာထဲက ဆေးဆရာခေါ်ထားတယ်..ကိုယ့်လူ.မသေပါဘူး”

“ကျုပ် ပစ်ခံထားရတဲ့ လက်ဆကို ကျုပ်သိတယ်...ထားလိုက်..သေတာအရေးမကြီးဘူး...အရေးကြီးတာ..မြတ်ထားသီရိ...မြတ်ထားသီရိ”

ငတွန်က သက်ပြင်းချကာ အံကိုကြိတ်ထားလိုက်၏။

သွေးညှီနံ့များက အခန်းတွင်း လွှမ်းမိုးနေသည်။

“အင်းဝမြို့ကြီး တစ်စုံတစ်ခုဖြစ်ခဲ့ရင်.မြတ်ထားသီရိ ဆီ ခင်ဗျားရောက်အောင်သွားပေးပါ..ကျုပ်ကိုယ်စား သူ့ကို စောင့်ရှောက်ပေးပါ..ဗိုလ်တွန်..ကျုပ် ခင်ဗျားကို ယုံတယ်..ကတိပေးပါ”

ငတွန်က ခေါင်းညိတ်လိုက်သည်။

“ပါးစပ်က ပြောစမ်းပါဗျာ..ကတိပေးတယ်လို့”

“ကတိပေးတယ်..ဗညား”

“ကျုပ် ရေဆာလိုက်တာ..ရေပေးပါဉီး”

ငပွင့်ကြီး က  ရေတကောင်းကို ယူပြီး ငတွန်ထံ ကမ်းလိုက်၏။

ငတွန်က ရေတကောင်းကို ဗညားကျန်းတော၏ ပါးစပ်ဖျားတွင် တေ့ပေးလိုက်သည်။

“မြတ်ထားသီရိ..မြတ်ထားသီရိနော်..ဗိုလ်..တွန်”

ဗညားကျန်းတောသည် ပါးစပ်မှ တတွတ်တွတ်ရွတ်နေရာမှ ငြိမ်သက်သွား၏။

မျက်လုံးတို့ကား ငတွန်ကို စိုက်ကြည့်နေသယောင်ပွင့်လျက်။

“မင်းတို့ တပ်မှူးဆုံးပြီ..ငပွင့်ကြီး”

ငတွန်က ပုဆိုးထည့်ထားသည့် ယွန်းသေတ္တာလေးကို ပိုက်ကာ မတ်တပ်ရပ်လိုက်၏။

“ဗိုလ်မှူးဂဇကျော် တို့ ကြွလာပါတယ်..တပ်မှူး”

အရှေ့ဘက်မှ တပ်သားငယ်တစ်ဉီးက အသက်မရှိတော့ပြီဖြစ်သည့် ဗညားကျန်းတောထံ သတင်းလာပို့သည်။

ငပွင့်ကြီးက သူ့တပ်မှူး၏ အလောင်းကို ကြည့်ကာ မျက်ရည်များ စီးကျနေ၏။

ငတွန်က တဲအနောက်ဘက်တံခါးမှ တိတ်တဆိတ်ထွက်ခွာသွားသည်။

ပြာသောကောင်းကင်ထဲတွင် အဖြူရောင်တိမ်တို့ လွင့်ပါနေကြဆဲ။

......................................................................................................

၁၇၄၄ ၊ နိုဝင်ဘာလ။

ပြည်မြို့။

ဟံသာဝတီစစ်သူကြီး ဗညားကျော် သည် ပြည်မြို့ဝန်အိမ်တော်ပေါ်သို့ တက်ကြွသော ခြေလှမ်းများဖြင့် တက်လာ၏။

အိမ်တော်အရှေ့တွင် လက်ျာဗိုလ် နှင့် ပြည်မြို့ဝန်တို့က စစ်တုရင်ကစားနေကြသည်။

ဗိုလ်မှူးဗျတ္တကျော်က နဘေးတွင် ထိုင်လျက်ကွမ်းတမြုံမြုံဝါးနေ၏။

“ဗညားကျန်းတော..သေပြီ..ဗညားကျန်းတော..သေပြီဟေ့”

ဗညားကျော်က ကြမ်းပြင်တွင် ထိုင်ချပြီး အော်ဟစ်လိုက်သည်။

“ဘယ်လို..ဘယ်လို..သေချာလား..ဘယ်လိုဖြစ်တာလဲ..ပြောစမ်းပါဉီး”

စစ်တုရင်ကစားနေသူတို့၏ အာရုံက ဗညားကျော်ထံ ရောက်သွား၏။

“ပဌနဂိုရ်မှာ အင်းဝသားတွေကပဲ လှံနဲ့ ထိုးသတ်လိုက်တာတဲ့...ဒီနေ့ ပဲ မလွန်ဆိပ်မှာ သင်္ဂြိုလ်တယ်..အထောက်တော်တွေဆီက သတင်းက အတိအကျပဲ”

အားလုံး၏ မျက်နှာက ရွှင်ပြသွားကြသည်။

“အချင်းချင်းသတ်လိုက်ကြတာပေါ့...ဒါဆိုရင်တော့ အင်းဝကို ကျုပ်တို့ လွယ်လွယ်ရဖို့ အကြောင်းဖန်လာတာပဲ..လက်ျာဗိုလ်...ပဌနဂိုရ်တပ်ဆိုတာ ဘယ်အချိန်တိုက်တိုက်ရတယ်.. မလွန်မှာ ဗညားကျန်းတောရှိနေလို့သာ ကျုပ်တို့တပ်တွေရှေ့မတိုးရဲတာ...ကဲ..မနက်ဖြန်ပဲ တိုက်ကြမလားဗျ”

ဗိုလ်မှူးဗျတ္တကျော်က လက်သီးကိုဆုပ်လျက် တက်ကြွစွာ။

“တိုက်လို့မရသေးဘူး..ငါ့လူတို့...ငါနဲ့ ဗိုလ်မှူးဗညားကျော်တပ် တွေ ဟံသာဝတီကို အမြန်ပြန်လာဖို့ မနေ့ကပဲ အမိန့်ရောက်ထားတယ်....မင်းတို့ကို ငါမပြောရသေးတာ”

“ဟာ..ဘာဖြစ်လို့လဲ..ဗညားကျန်းတောမရှိတော့တဲ့အချိန် ဝင်တိုက်တာ အချိန်ကောင်းကို..ဟံသာဝတီမှာက ဘာဖြစ်နေလို့လဲ..ဗိုလ်မင်းရဲ့”

“ဟံသာဝတီအရေးက ပိုကြီးတယ်ဟေ့...အင်္ဂလိပ်ကုမ္ပဏီကို သန်လျင်ကနေ မောင်းထုတ်တော့မှာ..အဲ့ဒီတော့ ကုမ္ပဏီစစ်သားတွေက ဟံသာဝတီနဲ့ သန်လျင်ကို ရန်ရှာလာနိုင်တယ်.. ဒီတော့ ဟိုမှာက ဈေးငယ်ဗိုလ်တပ် နဲ့ မြို့စောင့်တပ်ပဲကျန်ရစ်တာ..ကျုပ်တို့တပ်တွေနဲ့ ထားဝယ်က တလပန်းတပ်တွေကို အကုန်ဟံသာဝတီကို ပြန်စုနေမှဖြစ်မှာ..အမတ်ကြီးဉီးအောင်လှ အမိန့်ပဲ”

“အင်း..အခွင့်အရေးက နှစ်ခါမရဘူးဗျာ..နှမြောလိုက်ပါဘိ..ဒါပေမယ့်..ဟိုဘက်မှာလည်း အကြောင်းကိစ္စက ရှိနေတော့...ဘယ်တတ်နိုင်မလဲဗျာ..နောက်တခေါက်ပေါ့”

“မပူပါနဲ့..ဗျတ္တကျော်...ဗညားကျန်းတောမရှိတော့ရင်..အင်းဝမှာ ကိုးသိန်းသခင်တစ်ယောက်ပဲ ကျုပ်တို့ အမှုထားစရာရှိတော့တယ်..ကျန်တဲ့တပ်မှူးတွေက စာမဖွဲ့လောက်တဲ့လူတွေပါ”

“အေးဗျာ...ဟံသာဝတီပြန်ရတော့လည်း...ကောင်းပါတယ်..အိမ်က မိန်းမကိုလည်း လွမ်းလှပြီဗျိုး”

“ပြည် က လုံမလေးတွေတော့ လွမ်းကျန်ရစ်ပေါ့ဗျာ”

မြို့ဝန်အိမ်တစ်ခုလုံး ဟံသာဝတီတပ်မှူးများ၏ ရယ်သံများ ဖုံးလွှမ်းသွားသည်။

သို့သော်..။

ပြည်မြို့နှင့် မိုင်ပေါင်းများစွာ ကွာဝေးသော သန်လျင်ရှိ အရှေ့အိန္ဒိယကုမ္ပဏီရုံးခန်းတွင်တော့ အထူးပင် တိတ်ဆိတ်ငြိမ်သက်နေ၏။

ကုမ္ပဏီတာဝန်ခံဂျွန်နသံစမစ်သည် သူ့ရှေ့တွင် ချထားသော ဝီစကီခွက်ကိုသာ စိုက်ကြည့်နေသည်။

ကက်သလစ်ဘုန်းတော်ကြီး အလက်ဇန်ဒရိုမွန်ဒယ်လီ က နံရံပေါ်တွင် ချိတ်ထားသည့် ပေါဇဒန်မတ်စကပ်အမဲပစ်ရိုင်ဖယ်မှ ကနုတ်ပန်းများကို ငေးနေသည်။

“ဟံသာဝတီမှာ ဘာတွေဖြစ်ကုန်တာလဲ..ဖာသာ..ဘာတွေဖြစ်ကုန်တာလဲ”

“သမိန်ထော အာဏာအသိမ်းခံလိုက်ရပြီလို့ပဲ..ပြောရမယ်..ဂျွန်”

“ဒီအမိန့်စာက ဒီလောက် မြန်မြန်ကြီး ထွက်လာရသလားဗျာ..ဖာသာဂါလစ်ဇီယာ ရဲ့ သဘောကရော ဘယ့်နှယ်တဲ့လဲ”

“ဖာသာဂါလစ်ဇီယာ အကြောင်းလည်း ခင်ဗျားသိပြီးသားပဲ..ဂျွန်..သူက ဟံသာဝတီမှာ ဘုရားကျောင်းဆောက်နိုင်တယ်..လွတ်လွတ်ကင်းကင်းသာသနာပြုနိုင်အောင် လုပ်နိုင်တယ်ဆိုပြီး ဗာတီကန်မှာ နာမည်ကောင်းရနေရင်..ကျန်တာကို ဘာမှ တွေးတာမဟုတ်ဘူး”

“သမိန်ထောကို ကျုပ်တို့ ဘာကူညီပေးနိုင်မလဲ..ဖာသာ..ခင်ဗျား သူနဲ့ သွားတွေ့သင့်တယ်”

“ကျုပ်ကြိုးစားပြီးပြီ..ဂျွန်...ရှင်ဘုရင်က ဘယ်သူနဲ့မှ အတွေ့မခံဘူး..ဒါလည်း နောက်ကွယ်မှာ ဉီးအောင်လှ က ချုပ်ကိုင်ထားလို့ပဲနေမှာပေါ့”

“ကုန်တိုက်က ဆောက်လက်စကြီး..ဖာသာ...ဟံသာဝတီက အတွင်းသတင်းတွေကို ခင်ဗျား ပုံမှန်ပေးနေမှဖြစ်မယ်...ပြီးတော့...ဒီအတိုင်းဆို..ဟံသာဝတီကို ကျုပ်တို့ ဆက်ထောက်ခံနေလို့မဖြစ်တော့ဘူး... လိုအပ်ရင် ကျုပ်တို့ အင်းဝကို ချိတ်ဆက်ရလိမ့်မယ်..အဲ့ဒါလည်း ဖာသာပဲ ဆက်ကူညီပေးမှဖြစ်မယ်”

ဖာသာမွန်ဒယ်လီ၏ မျက်နှာက အလန့်တကြားဖြစ်သွားသည်။

“ဟာ..မဖြစ်ဘူး..တခုခုပေါ်သွားရင်..ကျုပ်တင်မကဘူး..ဟံသာဝတီနဲ့ သန်လျင်မှာရှိတဲ့ ခရစ်ယာန်ဘုန်းကြီးတွေ အကုန်အသတ်ခံရမှာ”

ဂျွန်နသန်စမစ်က ဝီစကီခွက်ကို ဆတ်ခနဲ မော့ချလိုက်သည်။

“ဖာသာ ရဲ့ ညီ ဖရန်စစ္စကိုမွန်ဒယ်လီ ရဲ့ သင်္ဘော  မဒရပ်ဆိုက်ကမ်းကို ဒီတခေါက်ကပ်တဲ့အခါမှာလည်း ကုမ္ပဏီဘက်က အခွန်ဆိုင်ရာတွေ ဖြေလျော့ပေးထားဖို့ရယ်...ပါလာသမျှ ကုန်ပစ္စည်းအားလုံးကို ကြိုက်ဈေးရောင်းနိုင်ဖို့ရယ်...ကို ကျုပ် အထက်ကို တင်ပြထားပေးပြီးပြီ..အဲ့ဒါတွေက ဟော့ဒီ သန်လျင်ဆိပ်ကမ်းမှာ ကုမ္ပဏီနဲ့ ဖာသာရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအပေါ် မူတည်ပြီးသွားမှာပါ...မီလန်မှာရှိတဲ့ ဖာသာရဲ့ တိတ်တိတ်ပုန်းသားကလေး ဆေးကောလိပ်ကို ကောင်းကောင်းမွန်မွန်တက်နေနိုင်တာဟာ ဖရန်စစ္စကိုက ပြုစုထောက်ပံ့ထားလို့ဆိုတာ ကျုပ်တို့သိပါတယ်...ဖရန်စစ္စကိုအတွက် ဖာသာ ဒီလောက်တော့ အလုပ်လုပ်ပေးသင့်တယ်မဟုတ်လား”

ဖာသာမွန်ဒယ်လီ၏ သက်ပြင်းကို ရှည်လျားစွာချလိုက်သည်။

ထို့နောက် နံရံတွင် ချိတ်ထားသော သေနတ်မှ ကနုတ်ပန်းများကို ကိုင်တွယ်ကြည့်နေ၏။

“ကုမ္ပဏီကို ပြောပေးပါ...ကျုပ် ကူညီပါ့မယ်လို့”

................................................................................................................

၁၇၄၄ ၊ နိုဝင်ဘာလ။

စစ်ကိုင်းမြို့။

“သမားတော်များ မြို့ထဲ ဘယ်မှာ ရှိပါသေးလဲ...ကလေးက အတော်နေမကောင်းဖြစ်နေလို့ပါ..ကူကြပါဉီး..ရှင်..သမားတော်ရှိတဲ့ဆီ ညွှန်ပေးကြပါ”

ဗမာစကားကို ခပ်ဝဲဝဲပြောနေသည့် အသံရှင်ကို ကောင်းမှုတော်ဘုရားဈေးတန်းတွင် ဈေးဝယ်နေသည့် ရှင်မိငယ်က သတိထားမိသွားသည်။

“ရှင်...လွီဇာနဲ့ ထောင်ထဲမှာအတူကျခဲ့တဲ့ တစ်ယောက်မဟုတ်လား”

“နင် လူမှားနေတာပါ..ငါတို့ ရှမ်းပြည်ကလာတာ”

ကလေးငယ်တစ်ဉီးကို ကျောပိုးထားသည့် ထိုအမျိုးသမီးက မိငယ်ကို မျက်နှာလွှဲကာ ထွက်သွား၏။

မိငယ်က နောက်မှ ခပ်သွက်သွက်လိုက်သွားသည်။

“နားလဲ...ရှင့်နာမည်..နားလဲပါ..ကျွန်မ...သေချာမှတ်မိတယ်”

နားလဲ က မိငယ်ကို ပြန်လှည့်ကြည့်လိုက်ပြီး

“ငါတို့က ဒီကို ခိုးဝင်လာရတာ..လူတွေသိလို့မဖြစ်ဘူး..ဟိုဘက်မှာ သွားပြောကြမယ်”

ကောင်းမှုတော် ဘုရားအနီးမှ သစ်ပင်ရိပ်တွင် သူတို့နှစ်ယောက်ရပ်လိုက်ကြသည်။

“နင် ငါ့ကိုတကယ် သိတာလား”

နားလဲ က မေးလိုက်သည်။

“ရှင် မမှတ်မိဘူးလား..မမလွီဇာနဲ့ ရှင် အင်းဝထောင်ထဲမှာတုန်းက ကျွန်မပဲ ကောက်ညှင်းထုပ်တွေ လာလာပို့ပေးတာလေ..”

“အင်း..မှတ်မိပြီ”

“အခုက ဘယ်လိုဖြစ်လာတာလဲရှင်”

“ငါ့ကလေး..ဆီးမသွားတာ ကြာပြီ.. ဆီးအိမ်ကြီးက ယောင်ကိုင်းနေတာပဲ...ဟိုမှာလည်း ကွေ့ဆေးဆရာတွေနဲ့ ကုပေးတာပဲ..မရဘူး...စစ်ကိုင်းမှာ ကလေးတွေကိုကုပေးတဲ့ သမားတော်ကြီး ဗလကျော်သူဉီးမှိုပွင့် ရှိတယ်ဆိုလို့ သူ့ဆီ လာပြတာ..အခု သူက အိမ်မှာမရှိဘူးတဲ့..အဲ့ဒါ အခု ကလေးက အခြေအနေပိုဆိုးလာပြီမို့...နောက်ထပ်သမားတော်ဘယ်မှာရှိမလဲ..ညွှန်ပေးပါ”

“စစ်ကိုင်းတစ်မြို့လုံးက သမားတော်တွေအားလုံး အင်းဝကို တက်သွားကြတယ်..တန်ဆောင်မုန်းလပြည့်နေ့ နက္ခတ်ပွဲမှာ နန်းတွင်းဆေးတော်ကြိတ်ပွဲကို ဆေးဆရာတွေ အကုန်မတက်မနေရဆိုလို့ သွားကြတယ်..နားလဲ”

“ဒါဆို..ငါ့သားလေးတော့ ဒုက္ခရောက်ရမှာလား”

“စစ်ကိုင်းလေးထပ်ဆိပ်မှာ ဗိဿနိုးဘုရားကျောင်းရှိတယ်..အဲ့ဒီဘေးက သံတမန်တဲနန်းမှာ မဏိပူရ်က လာတဲ့ ဗြဟ္မဏဘုန်းကြီး မဟာပရဘူ ဆိုတာ ရှိတယ်...သူက ကလေးတွေကို ဆေးကုပေးတယ်...ကျွန်မ က​လေး
တောင် တစ်ခါက လေနာထတာ သူ့ဆီ သွားလိုက်တာ ချက်ချင်းပျောက်သွားတယ်...ရှင် အဲ့ဒီကို သွားရင် ရနိုင်တယ်”

“ဟုတ်လား..လမ်းညွှန်ပေးနိုင်မလား”

“ကျွန်မ မှာ နွားလှည်းပါတယ်..ကျွန်မအကို လှည်းမောင်းပြီး လိုက်ပို့ပေးလိုက်မယ်..လိုက်ခဲ့”

ကောင်းမှုတော်ဘုရားဝန်းထိပ်မှ လှည်းများရပ်ထားရာသို့ သူတို့လျှောက်သွားကြသည်။

“ကိုကောင်း..သူ့ကို လေးထပ်ဆိပ်က ဗိဿနိုးဘုရားကျောင်းရှေ့ လိုက်ပို့ပေးလိုက်ပါ...ကလေး အတော်လေး နေမကောင်းဖြစ်နေလို့...မဟာပရဘူဆီ ပို့မှဖြစ်မယ်”

နားလဲ က လှည်းပေါ်တက်လိုက်သည်နှင့် ငကောင်းက နွားများကို ကြိမ်တို့လိုက်သည်။

ကျောင်းဝန်းရှေ့ရောက်သည်နှင့် နားလဲက ကလေးကို ပွေ့ချီလျက် ပြေးဝင်လာ၏။

ကျောင်းရှေ့တွင် တံမြက်စည်းလှည်းနေသော ဟိန္ဒူပရောဟိတ်တစ်ဉီးက ဘင်္ဂါလီဘာသာဖြင့် အထဲသို့ လှမ်းအော်ပြောလိုက်သည်။

မြန်မာစကားကို ကျွမ်းကျင်သော ပုဏ္ဏားငယ်တစ်ဉီး အထဲမှ ထွက်လာ၏။

“နှမငယ်..ဘာဖြစ်လာလို့ပါလဲ”

“ငါ့ကလေးလေး...သေးမပေါက်ဘူး..ဆီးခုံကြီးကတင်းနေပြီ.အခု သတိပါလစ်နေတယ်ထင်တယ်..အဲ့ဒါ နင်တို့ ဆရာကြီးဆီ လာပြတာပါ..သူဆေးကုတယ်ဆို”

ပုဏ္ဏား နားလဲ လက်ထဲမှ ကလေးငယ်ကို ကမ်းယူပြီး တချက်ကြည့်လိုက်သည်။

“သူ့အသက် ဘယ်လောက်ရှိပြီလဲ”

“နှစ်နှစ်ရှိပြီ”

“မဟာပရဘူဆီ ရောက်မှ သူ့အသက်ကို ကယ်နိုင်တော့မယ်”

ပုဏ္ဏားက ကလေးကို ပွေ့ချီကာ ဘုရားကျောင်းဘေးရှိ ရွှေညောင်ရွက်များ ချိတ်ဆွဲထားသည့် တဲနန်းအတွင်းသို့ ဝင်လိုက်သည်။

ပုဏ္ဏားက ဉီးပြည်းပြောင်ပြောင်၏ အနောက်တွင် ဆံစုလေးတစ်စု ချထားသော မဟာပရဘူကုက္ကလူရှေ့တွင် ကလေးကို ချလိုက်သည်။

ထို့နောက် ဘင်္ဂါလီဘာသာစကားဖြင့် ရှင်းပြနေသည်။

မဟာပရဘူက ကလေးငယ်၏ ဆီးခုံကို အသေအချာကိုင်တွယ်ကြည့်လိုက်၏။

ထို့နောက် အတွင်းမှ ပုဏ္ဏားများထံ တစ်စုံတစ်ခုအော်ပြောလိုက်သည်။

ပုဏ္ဏားငယ်တစ်ဉီးက မီးတရဲရဲမီးသွေးခဲများထည့်ထားသည့် မြေခွက်တစ်ခု နှင့် ကြက်သွန်နီဉတစ်ဉကို ယူလာပေးသည်။

မဟာပရဘူက ကြက်သွန်နီကို မီးခဲထဲသို့ ပစ်ထည့်ကာ မီးဖုတ်လိုက်သည်။

ထို့နောက် ကြက်သွန်နီကို ပုဆိုးစဖြင့် အပူခံကာ ယူလိုက်ပြီး ဓါးဖြင့် နှစ်ခြမ်း ခွဲချလိုက်သည်။

ကလေးငယ်၏ ဆီးခုံကို ကြက်သွန်နီဖြင့် ကပ်ပေးလိုက်၏။

အပူရှိန်ကြောင့် မေ့မျောလုနီးနီးဖြစ်နေသည့် ကလေးမှာ ဝါးခနဲ ထအော်တော့သည်။

ပုဏ္ဏားတစ်ဉီးမှ တောကြက်မောက်မြစ်နှင့် ကျောက်ပြင်ကို ယူလာကာ သွေးပေးသည်။

သွေးထားသော ဆေးများကို မဟာပရဘူက ကလေး၏ ဆီးခုံတွင် သေချာလိမ်းပေးလိုက်၏။

ငါးမိနစ်ခန့်အကြာတွင် ကလေး၏ သေးများက ရေပန်းသဖွယ် ထွက်လာတော့သည်။

“မင်း ကလေး...ပုံမှန်ပြန်ဖြစ်သွားပြီလို့..မဟာပရဘူက ပြောတယ်...ဟော့ဒီ တောကြက်မောက်မြစ်ကို တစ်နေ့ တစ်ခါသာ သွေးလိမ်းပေး..မင်းကလေး..ဆီးမှန်နေစေရမယ်တဲ့..သူငယ်မ..စိတ်မပူနဲ့တော့”

“ကျေးဇူးတင်လိုက်တာ..ကန်တော့ပါရစေ”

နားလဲက မဟာပရဘူကို လက်အုပ်ချီလိုက်သည်။

မဟာပရဘူက နားလဲ၏ ခေါင်းကို လက်ဖြင့်ပွတ်သပ်ကာ ကောင်းချီးပေးလိုက်၏။

နားလဲက ခါးပိုက်ထဲတွင် ထည့်လာသည့် ငွေစတစ်ထုပ်ကို ပုဏ္ဏားကြီးထံ ကမ်းပေးလိုက်သည်။

ပုဏ္ဏားကြီးက ခေါင်းခါပြလိုက်၏။

“မဟာပရဘူက ဒီနိုင်ငံမှာ သာသနာလာပြုတာပါ..ဒါတွေအားလုံးဟာ ဗိဿနိုးဘုရားရှင်ရဲ့ မေတ္တာတရားတွေပါပဲ..ငွေကြေးမလိုပါဘူး.သူငယ်မ..ကဲ..သွားနိုင်ပြီ”

နားလဲက မျက်နှာရွှင်လန်းနေပြီဖြစ်သော သူ၏ ကလေးငယ် ကောက်ချီကာ တချက်နမ်းလိုက်သည်။

ထို့နောက် ကလေးငယ်ကို ကျောပိုးစောင်ထဲသို့ ပြန်ထည့်ကာ ချီသိုင်းလိုက်၏။

မဟာပရဘူတဲနန်း၏ အပြင်ဘက်သို့ နားလဲထွက်လိုက်စဉ်................

“နာလဲ...မင်း နာလဲ မဟုတ်လား”

ရုတ်တရက် သူ့ရှေ့တွင် တွေ့လိုက်ရသော မျက်နှာတစ်ခုကြောင့် နားလဲ အံ့ဩတုန်လှုပ်သွားသည်။

“ဆန်ဂျေး”

 

ခက်ဇော်


စစ်နေစစ်ချ ၊ ထုံးပြသသည်၊ ဗျဂ္ဃဗျူဟာ၊ထိုကြောင်းရာကို၊ သတ္တဝါအများ၊ တောဝယ်သားကို၊ သွားလားရပ်နေ၊ မသိစေအောင်၊ လက်ခြေမလှုပ်၊ ခေါင်းမြီးအုပ်လျက်၊ ကျားခုပ်သော့နှယ်၊ အသင့်ရွယ်၍ ၊ ကာကွယ်ပုန်းအောင်း၊ သူရဲကောင်းတို့၊ ချောင်းမြောင်းဗိုလ်ချေ၊ လိုက်လံမွှေ၏၊ ဗျူဟစက္ကိပျို့)
AVA 1740s (Season 2)

                                                                       အခန္း(၁၅)

                                                             ...............................................

ပဌနဂိုရ္တပ္စခန္းတြင္းသို႔ ျမင္းငါးစီး ဝင္လာသည္။

ျမစ္ျပင္ဘက္ဆီ မ်က္ႏွာမူထားေသာ ကင္းေမွ်ာ္စင္ဆီမွ စည္႐ြမ္းသံ သုံးခ်က္ ခတ္လိုက္၏။

ပဌနဂိုရ္တပ္အႀကီးအကဲ အာကာဗိုလ္မႉးက တဲနန္းႀကီးေရွ႕တြင္ မတ္တပ္ရပ္လ်က္ ဆီးႀကိဳေနသည္။

ဗညားက်န္းေတာ က ျမင္းေပၚမွ ဆင္းလိုက္၏။

“ကိုးသိန္းသခင္ အေခၚေတာ္ရွိတယ္ဆိုလို႔”

“ကိုးသိန္းသခင္ မလာႏိုင္ဘူး...ဒီအမႈကိစၥကို ဗိုလ္မႉးဂဇေက်ာ္ကို လႊဲလိုက္တယ္....ဗိုလ္မႉးဂဇေက်ာ္က...တဲအိမ္ေပၚမွာ..မင္းကို ေစာင့္ေနတယ္”

ဗညားက်န္းေတာက တဲအိမ္ေပၚ တက္ရန္ ျပင္လိုက္သည္။

“ထုံးစံအတိုင္း လုံၿခဳံေရးအရ လက္နက္ေတြေတာ့ ထားခဲ့ရလိမ့္မယ္..တပ္မႉးဗညားက်န္းေတာ..ၿပီးေတာ့ ဒီျပႆနာက မင္းတပ္ နဲ႔ ငါ့တပ္ၾကားျဖစ္တာဆိုေတာ့ တို႔တပ္မႉးႏွစ္ေယာက္ပဲ အေပၚကို တက္ရလိမ့္မယ္..က်န္တဲ့သူေတြ တက္ခြင့္မရွိဘူး”

အာကာဗိုလ္မႉး စကားကို ဗညားက်န္းေတာက ေခါင္းညိတ္လိုက္သည္။

ထို႔ေနာက္ တဲနန္းေပၚသို႔ တက္လာၾက၏။

တဲနန္းေပၚတြင္ ဗိုလ္မႉးဂဇေက်ာ္ က ကြမ္းယာ၊ လက္ဖက္အစုံအလင္ကို ယြန္းဗန္းျဖင့္ တည္ကာ ထိုင္ေနသည္။

“ကဲ..ထိုင္ၾက”

ႏွစ္ဉီးလုံးက ဗိုလ္မႉးဂဇေက်ာ္ေရွ႕တြင္ ထိုင္လိုက္ၾကသည္။

“ကိုးသိန္းသခင္က ဒီအေရးကို ေျပလည္ေအာင္ ေျဖရွင္းဖို႔ က်ဳပ္ကို တာဝန္ေပးလိုက္တယ္....ဒီအေရးကို က်ဳပ္ ေျဖရွင္းေပးမွာကို ႏွစ္ဉီးလုံး လက္ခံလား”

“လက္ခံပါတယ္ ဗိုလ္မႉး”

“ဗညားက်န္းေတာ က ပဌနဂိုရ္တပ္အတြက္ ပို႔ေပးတဲ့ ရိကၡာေလွကို ဖ်က္လုတယ္ဆိုတာ..ဟုတ္သလားကြဲ႕”

“မွန္ပါ..ကြၽန္ေတာ္မ်ိဳးတပ္သို႔ ရိကၡာမလာသည္မွာ လႏွင့္ခ်ီၾကာခဲ့ပါၿပီ..သို႔ေသာ္ ေအာက္ဖက္ ပဌနဂိုရ္တပ္ကိုေတာ့ အၿမဲတမ္းရိကၡာပို႔ေလွက ျဖတ္သြားပါတယ္...တပ္သားမ်ား ငတ္မြတ္ေနၾကသည္ကို မၾကည့္ရက္ပါသျဖင့္ ေခတၱယူမိပါတယ္”

“အင္း..ဒီကိစၥကို ပဌနဂိုရ္တပ္က လက္ေအာက္ငယ္သားေတြက အေတာ္ေလးကို မေက်မနပ္ျဖစ္ေနၾကတယ္...ဒါေပမယ့္လည္း..ေမာင္မင္းအေနနဲ႔ လုယူသမွ်ကို ေလးဆ ေပးေလ်ာ္ရင္ျဖင့္ အျပစ္က လြတ္ေစမယ္”

ဗညားက်န္းေတာက ဗိုလ္မႉးဂဇေက်ာ္ကို မ်က္ေမွာင္ႀကဳံ႕ကာ ၾကည့္လိုက္၏။

“ဘယ့္ႏွယ္..အေစာပိုင္းက ငတ္လိုေတာင္ လုေနရတယ္ေလဗ်ာ...ကြၽန္ေတာ္မ်ိဳးအေနနဲ႔ ဘယ္လိုေလာက္ ရိကၡာေလးဆ ျပန္ေလ်ာ္ႏိုင္မွာလဲ..မဟုတ္တာႀကီး”

ဗိုလ္မႉးဂဇေက်ာ္ က အာကာဗိုလ္မႉး ထံ တခ်က္ ၾကည့္လိုက္သည္။

အာကာဗိုလ္မႉးက ျပတင္းေပါက္သို႔ ထသြားၿပီး ကြမ္းတံေတြးကို အသံက်ယ္က်ယ္ေထြးလိုက္၏။

အာကာဗိုလ္မႉး၏ ကြမ္းတံေတြးေထြးသည္ကို ျမင္သည္ႏွင့္ ေအာက္မွတပ္သားမ်ားသည္ ဗညားက်န္းေတာႏွင့္ ပါလာသည့္ စစ္သည္ေလးဉီးကို ဓါးကိုယ္စီျဖင့္ ပိုင္းလိုက္ၾကေတာ့သည္။

“ေဟ့..တို႔ရိကၡာလုတဲ့ တလိုင္းေကာင္ကို အခုထုတ္ေပး..သတ္ပစ္မယ္”

“သတ္မယ္..သတ္မယ္..အခုထုတ္ေပး”

ေအာက္ထပ္မွ အသံမ်ား ဆူညံစြာထြက္ေပၚလာသည္။

ဗညားက်န္းေတာမွာ မတ္တပ္ထရပ္လိုက္၏။

အာကာဗိုလ္မႉးက သူတို႔ရွိရာသို႔ ျပန္ေလွ်ာက္လာသည္။

“ငါ့တပ္သားေတြ မင္းကို အရမ္းေဒါသထြက္ေနၾကၿပီ..ဗညားက်န္းေတာ”

“မင္းလူေတြကို မင္းထိန္းေပးပါ...အာကာဗိုလ္မႉး”

ဗိုလ္မႉးဂဇေက်ာ္ အသံက ဝတ္ေၾကတန္းေၾက။

“ေဟ့...မထုတ္ေပးရင္..တပ္မႉးေတြ ဘာေတြနားမလည္ဘူး.. တဲနန္းကိုပါ မီးတိုက္ပစ္မယ္..ထုတ္ေပး”

“ကြၽန္ေတာ့္ စစ္သည္ေတြ ေဒါသကို ကြၽန္ေတာ္သိတယ္..ဗိုလ္မႉး..သူတို႔တကယ္လုပ္မွာ”

ဗညားက်န္းေတာက သူတို႔ႏွစ္ဉီးကို မသကၤာသည့္မ်က္လုံးမ်ားျဖင့္ ၾကည့္လိုက္သည္။

“ဒါ နင္တို႔ စနက္မဟုတ္လား”

“ဒါေတြ ေျပာမေနနဲ႔..ဗညားက်န္းေတာ..ဟိုေကာင္ေတြ မီးမတိုက္ခင္...မင္းအေနာက္ေပါက္က ေျပးေတာ့..ငါၾကည့္ရွင္းေပးမယ္..ဟုတ္ၿပီလား”

ဗိုလ္မႉးဂဇေက်ာ္က တဲအေနာက္ဖက္ တံခါးကို ၫႊန္ျပလိုက္သည္။

ဗညားက်န္းေတာ က အေရွ႕ဘက္မွ အေျခအေနကို တစ္ခ်က္ အကဲခတ္လိုက္သည္။

မီးတုတ္မ်ား၊ လွံရွည္မ်ားျဖင့္ ရဲမက္မ်ားက ေအာ္ဟစ္ေနၾက၏။

ဗညားက်န္းေတာ ဆုံးျဖတ္ခ်က္ကို အလ်င္အျမန္ခ်ၿပီး ပြင့္ေနေသာေနာက္ေဖး တံခါးဆီသို႔ ေျပးသြားကာ ခုန္ခ်လိုက္သည္။

သို႔ေသာ္...ေနာက္ေဖးတံခါးတြင္ အသင့္ေစာင့္ေနေသာ စစ္သည္တစ္ဉီး၏ လွံခ်က္က ဗညားက်န္းေတာ၏ နံၾကားသို႔ ေဖာက္ဝင္သြား၏။

ဗညားက်န္းေတာက တန္းလန္းျဖစ္ေနေသာ လွံကို ညာဘက္ျဖင့္ ဆုပ္ကိုင္ကာ အားကုန္ထြက္ေျပးသည္။

အေနာက္မွ စစ္သည္တစ္ခ်ိဳ႕ ညာသံေပးလိုက္လာၾက၏။

ျမင္းတစ္စီးက ဗညားက်န္းေတာ အနားသို႔ အမွီလိုက္လာသည္။

ျမင္းအနီးကပ္လာသည္ႏွင့္ ဗညားက်န္းေတာက နံၾကားတြင္ စိုက္ေနေသာ လွံရွည္ကိုကိုင္လ်က္က ခႏၶာကိုယ္ကို တပတ္လွည့္ကာ ျမင္း  လည္ပင္းဆီသို႔ ယမ္းထည့္လိုက္သည္။

“ေဖာင္း”

ျမင္းမွာ ဒလိန႔္ေခါက္ေခြးလဲက်ၿပီး ျမင္းေပၚမွ လူလည္း ျပဳတ္က်သြားသည္။

ဗညားက်န္းေတာက ျပန္ထေနေသာ ျမင္းေပၚသို႔ ခုန္တက္လိုက္ၿပီး ဇက္ႀကိဳးကို ဆြဲကာ ဒုံးစိုင္းထြက္သြားေတာ့၏။

ျမင္း၏ ခႏၶာကိုယ္ေပၚတြင္ ဗညားက်န္းေတာထံမွ ထြက္ေသာ ေသြးစက္တို႔ ႐ႊဲစိုလ်က္။

ထိုျမင္ကြင္းကို တဲနန္းအေနာက္ဘက္တံခါးဝတြင္ ရပ္ေနေသာ ဗိုလ္မႉးဂဇေက်ာ္ႏွင့္ အာကာဗိုလ္မႉးတို႔က ၾကည့္ေနၾကသည္။

ကိုးသိန္းသခင္ၿပီးလွ်င္ အင္းဝစစ္တပ္အတြက္ အလားအလာအရွိဆုံးအျဖစ္ ယခင္က ဗိုလ္မႉးဂဇေက်ာ္ကို သတ္မွတ္ခဲ့ၾကသည္။

သို႔ေသာ္ ေနာက္ပိုင္းတိုက္ပြဲမ်ားတြင္ ဗညားက်န္းေတာ၏ နာမည္က တဟုန္ထိုးေက်ာ္ၾကားလာသျဖင့္ ကိုးသိန္းသခင္ႏွင့္ နန္းတြင္းကပင္ သတိထားမိသည့္အထိ။

ဗိုလ္မႉးဂဇေက်ာ္ႏွင့္ ပဌနဂိုရ္တပ္မွ အာကာဗိုလ္မႉး မွာ သမီးေယာက္ဖလည္း ေတာ္စပ္ၾကသည္။

“ကဲ. မလြန္တပ္ဆီကို ငါ...လိုက္သြားမယ္..ငတြတ္ႀကီး လွံခ်က္မိထားတာဆိုေတာ့ အေႏွးနဲ႔ အျမန္ ဒီအေကာင္ေသပါတယ္..အာကာ”

..............................................................................

“ကိုတြန္ႀကီး..ကိုတြန္ႀကီး”

ျမစ္ကမ္းေဘးတြင္ ငါးမွ်ားေနေသာ ငတြန္ က အသံေၾကာင့္ လွည့္ၾကည့္လိုက္သည္။

“ဘာျဖစ္လို႔လဲ...ငစံသာ”

“တပ္မႉး..တပ္မႉး..ဗညား..ဒဏ္ရာေတြနဲ႔ ျပန္ေရာက္လာတယ္..အဲ့ဒါ ကိုတြန္ႀကီးကို ေခၚခိုင္းလိုက္လို႔”

ငတြန္က ငါးမွ်ားတံကို ပစ္ခ်ကာ မလြန္တပ္ဆီသို႔ အျမန္ဆုံးေျပးသြား၏။

“တပ္မႉး ဘယ္မွာလဲ”

“တဲထဲမွာ....ကိုတြန္”

ငတြန္က တဲထဲသို႔ ဝင္လိုက္သည္။

ဗညား ၏ မ်က္ႏွာတို႔မွာ ျဖဴဆြတ္ေန၏။

နံၾကားမွ ထြက္လာေသာ ေသြးမ်ားကို အၾကပ္တစ္ဉီးက ေစာင္ထူထူျဖင့္ ဒိုင္ခံသုတ္ေပးေနသည္။

လွံအ႐ိုးကိုမူ လႊျဖင့္ ကိုက္ျဖတ္လိုက္သျဖင့္ တုံးတိျဖစ္ေနသည္။

ဗညားက စိုက္ဝင္ေနေသာ လွံအသြားကို ကိုင္လ်က္ အံကိုႀကိတ္ကာ အသက္ကို မွန္မွန္ရႈေန၏။

“ဘယ္လိုျဖစ္လာတာလဲ..ဗညား”

“က်ဳပ္..အ..လုပ္ႀကံခံရတာ”

“ဟာ..ဘယ္သူလဲ..ကိုးသိန္းသခင္လား..ဒီလူႀကီးေတာ့ကြာ..ေဟ့..ပဌနဂိုရ္ကို လိုက္ၾကမလား..ငါဉီးေဆာင္ၿပီး သြားတိုက္မယ္”

ဗညားက ငတြန္၏ လက္ကို အတင္းဆုပ္ကိုင္လိုက္သည္။

“မလုပ္နဲ႔..မလုပ္နဲ႔....ဘုရင့္တပ္ကို ပုန္ကန္မႈနဲ႔ က်ဳပ္ရဲေဘာ္ေတြ အကုန္ေသကုန္လိမ့္မယ္...ဗိုလ္တြန္...က်ဳပ္ေျပာတာနားေထာင္ပါဗ်ာ”

“ျဖည္းျဖည္းေျပာ..ဗညား..က်ဳပ္နားေထာင္မယ္”

“ဒီရိကၡာေတြလုခိုင္းတာလည္း က်ဳပ္အမိန႔္ပဲ..ဒီေတာ့ က်ဳပ္အျပစ္ကို က်ဳပ္ခံတယ္..သေဘာထားပါတယ္..က်ဳပ္ရဲေဘာ္ေတြကိုေတာ့ အထိအခိုက္မခံႏိုင္ဘူး....သူတို႔ဟာ ဘုရင့္အမႈထမ္းေတြပါ..က်ဳပ္ေၾကာင့္ သူပုန္မျဖစ္ၾကပါေစနဲ႔... ဗိုလ္တြန္..ခင္ဗ်ားနားလည္လား”

“အင္း..နားလည္ပါတယ္..ဗညား”

“ငပြင့္ႀကီး...ငါ့ ေသတၱာ ဒီနားယူလာခဲ့..”

အနီကပ္ျပဳစုေနသည့္ အၾကပ္စစ္သည္က တဲေထာင့္ရွိ ယြန္းေသတၱာအျပားေလးကို မလာသည္။

“ဗိုလ္တြန္..ဒါကို ဖြင့္လိုက္”

ငတြန္က ယြန္းေသတၱာေလးကို ဖြင့္လိုက္သည္။

အထဲတြင္ အဝါေရာင္ပင္သန္းေနၿပီျဖစ္သည့္ ပန္းပုဆိုးေလးတစ္ထည္ကို သပ္သပ္ရပ္ရပ္ေခါက္ထား၏။

“ဒီပုဆိုး..ခင္ဗ်ားကို အပ္တယ္..ဗိုလ္တြန္..ဒါ က်ဳပ္ ရဲ႕ မင္ခံေထာင္ပုဆိုးပါ”

ငတြန္က ဗညား၏ လက္ကို ဆုပ္ကိုင္လိုက္သည္။

“ခင္ဗ်ား မေသပါဘူး..မၾကာခင္ ႐ြာထဲက ေဆးဆရာေခၚထားတယ္..ကိုယ့္လူ.မေသပါဘူး”

“က်ဳပ္ ပစ္ခံထားရတဲ့ လက္ဆကို က်ဳပ္သိတယ္...ထားလိုက္..ေသတာအေရးမႀကီးဘူး...အေရးႀကီးတာ..ျမတ္ထားသီရိ...ျမတ္ထားသီရိ”

ငတြန္က သက္ျပင္းခ်ကာ အံကိုႀကိတ္ထားလိုက္၏။

ေသြးညႇီနံ႔မ်ားက အခန္းတြင္း လႊမ္းမိုးေနသည္။

“အင္းဝၿမိဳ႕ႀကီး တစ္စုံတစ္ခုျဖစ္ခဲ့ရင္.ျမတ္ထားသီရိ ဆီ ခင္ဗ်ားေရာက္ေအာင္သြားေပးပါ..က်ဳပ္ကိုယ္စား သူ႔ကို ေစာင့္ေရွာက္ေပးပါ..ဗိုလ္တြန္..က်ဳပ္ ခင္ဗ်ားကို ယုံတယ္..ကတိေပးပါ”

ငတြန္က ေခါင္းညိတ္လိုက္သည္။

“ပါးစပ္က ေျပာစမ္းပါဗ်ာ..ကတိေပးတယ္လို႔”

“ကတိေပးတယ္..ဗညား”

“က်ဳပ္ ေရဆာလိုက္တာ..ေရေပးပါဉီး”

ငပြင့္ႀကီး က  ေရတေကာင္းကို ယူၿပီး ငတြန္ထံ ကမ္းလိုက္၏။

ငတြန္က ေရတေကာင္းကို ဗညားက်န္းေတာ၏ ပါးစပ္ဖ်ားတြင္ ေတ့ေပးလိုက္သည္။

“ျမတ္ထားသီရိ..ျမတ္ထားသီရိေနာ္..ဗိုလ္..တြန္”

ဗညားက်န္းေတာသည္ ပါးစပ္မွ တတြတ္တြတ္႐ြတ္ေနရာမွ ၿငိမ္သက္သြား၏။

မ်က္လုံးတို႔ကား ငတြန္ကို စိုက္ၾကည့္ေနသေယာင္ပြင့္လ်က္။

“မင္းတို႔ တပ္မႉးဆုံးၿပီ..ငပြင့္ႀကီး”

ငတြန္က ပုဆိုးထည့္ထားသည့္ ယြန္းေသတၱာေလးကို ပိုက္ကာ မတ္တပ္ရပ္လိုက္၏။

“ဗိုလ္မႉးဂဇေက်ာ္ တို႔ ႂကြလာပါတယ္..တပ္မႉး”

အေရွ႕ဘက္မွ တပ္သားငယ္တစ္ဉီးက အသက္မရွိေတာ့ၿပီျဖစ္သည့္ ဗညားက်န္းေတာထံ သတင္းလာပို႔သည္။

ငပြင့္ႀကီးက သူ႔တပ္မႉး၏ အေလာင္းကို ၾကည့္ကာ မ်က္ရည္မ်ား စီးက်ေန၏။

ငတြန္က တဲအေနာက္ဘက္တံခါးမွ တိတ္တဆိတ္ထြက္ခြာသြားသည္။

ျပာေသာေကာင္းကင္ထဲတြင္ အျဖဴေရာင္တိမ္တို႔ လြင့္ပါေနၾကဆဲ။

......................................................................................................

၁၇၄၄ ၊ ႏိုဝင္ဘာလ။

ျပည္ၿမိဳ႕။

ဟံသာဝတီစစ္သူႀကီး ဗညားေက်ာ္ သည္ ျပည္ၿမိဳ႕ဝန္အိမ္ေတာ္ေပၚသို႔ တက္ႂကြေသာ ေျခလွမ္းမ်ားျဖင့္ တက္လာ၏။

အိမ္ေတာ္အေရွ႕တြင္ လက္်ာဗိုလ္ ႏွင့္ ျပည္ၿမိဳ႕ဝန္တို႔က စစ္တုရင္ကစားေနၾကသည္။

ဗိုလ္မႉးဗ်တၱေက်ာ္က နေဘးတြင္ ထိုင္လ်က္ကြမ္းတၿမဳံၿမဳံဝါးေန၏။

“ဗညားက်န္းေတာ..ေသၿပီ..ဗညားက်န္းေတာ..ေသၿပီေဟ့”

ဗညားေက်ာ္က ၾကမ္းျပင္တြင္ ထိုင္ခ်ၿပီး ေအာ္ဟစ္လိုက္သည္။

“ဘယ္လို..ဘယ္လို..ေသခ်ာလား..ဘယ္လိုျဖစ္တာလဲ..ေျပာစမ္းပါဉီး”

စစ္တုရင္ကစားေနသူတို႔၏ အာ႐ုံက ဗညားေက်ာ္ထံ ေရာက္သြား၏။

“ပဌနဂိုရ္မွာ အင္းဝသားေတြကပဲ လွံနဲ႔ ထိုးသတ္လိုက္တာတဲ့...ဒီေန႔ ပဲ မလြန္ဆိပ္မွာ သၿဂႋဳလ္တယ္..အေထာက္ေတာ္ေတြဆီက သတင္းက အတိအက်ပဲ”

အားလုံး၏ မ်က္ႏွာက ႐ႊင္ျပသြားၾကသည္။

“အခ်င္းခ်င္းသတ္လိုက္ၾကတာေပါ့...ဒါဆိုရင္ေတာ့ အင္းဝကို က်ဳပ္တို႔ လြယ္လြယ္ရဖို႔ အေၾကာင္းဖန္လာတာပဲ..လက္်ာဗိုလ္...ပဌနဂိုရ္တပ္ဆိုတာ ဘယ္အခ်ိန္တိုက္တိုက္ရတယ္.. မလြန္မွာ ဗညားက်န္းေတာရွိေနလို႔သာ က်ဳပ္တို႔တပ္ေတြေရွ႕မတိုးရဲတာ...ကဲ..မနက္ျဖန္ပဲ တိုက္ၾကမလားဗ်”

ဗိုလ္မႉးဗ်တၱေက်ာ္က လက္သီးကိုဆုပ္လ်က္ တက္ႂကြစြာ။

“တိုက္လို႔မရေသးဘူး..ငါ့လူတို႔...ငါနဲ႔ ဗိုလ္မႉးဗညားေက်ာ္တပ္ ေတြ ဟံသာဝတီကို အျမန္ျပန္လာဖို႔ မေန႔ကပဲ အမိန႔္ေရာက္ထားတယ္....မင္းတို႔ကို ငါမေျပာရေသးတာ”

“ဟာ..ဘာျဖစ္လို႔လဲ..ဗညားက်န္းေတာမရွိေတာ့တဲ့အခ်ိန္ ဝင္တိုက္တာ အခ်ိန္ေကာင္းကို..ဟံသာဝတီမွာက ဘာျဖစ္ေနလို႔လဲ..ဗိုလ္မင္းရဲ႕”

“ဟံသာဝတီအေရးက ပိုႀကီးတယ္ေဟ့...အဂၤလိပ္ကုမၸဏီကို သန္လ်င္ကေန ေမာင္းထုတ္ေတာ့မွာ..အဲ့ဒီေတာ့ ကုမၸဏီစစ္သားေတြက ဟံသာဝတီနဲ႔ သန္လ်င္ကို ရန္ရွာလာႏိုင္တယ္.. ဒီေတာ့ ဟိုမွာက ေဈးငယ္ဗိုလ္တပ္ နဲ႔ ၿမိဳ႕ေစာင့္တပ္ပဲက်န္ရစ္တာ..က်ဳပ္တို႔တပ္ေတြနဲ႔ ထားဝယ္က တလပန္းတပ္ေတြကို အကုန္ဟံသာဝတီကို ျပန္စုေနမွျဖစ္မွာ..အမတ္ႀကီးဉီးေအာင္လွ အမိန႔္ပဲ”

“အင္း..အခြင့္အေရးက ႏွစ္ခါမရဘူးဗ်ာ..ႏွေျမာလိုက္ပါဘိ..ဒါေပမယ့္..ဟိုဘက္မွာလည္း အေၾကာင္းကိစၥက ရွိေနေတာ့...ဘယ္တတ္ႏိုင္မလဲဗ်ာ..ေနာက္တေခါက္ေပါ့”

“မပူပါနဲ႔..ဗ်တၱေက်ာ္...ဗညားက်န္းေတာမရွိေတာ့ရင္..အင္းဝမွာ ကိုးသိန္းသခင္တစ္ေယာက္ပဲ က်ဳပ္တို႔ အမႈထားစရာရွိေတာ့တယ္..က်န္တဲ့တပ္မႉးေတြက စာမဖြဲ႕ေလာက္တဲ့လူေတြပါ”

“ေအးဗ်ာ...ဟံသာဝတီျပန္ရေတာ့လည္း...ေကာင္းပါတယ္..အိမ္က မိန္းမကိုလည္း လြမ္းလွၿပီဗ်ိဳး”

“ျပည္ က လုံမေလးေတြေတာ့ လြမ္းက်န္ရစ္ေပါ့ဗ်ာ”

ၿမိဳ႕ဝန္အိမ္တစ္ခုလုံး ဟံသာဝတီတပ္မႉးမ်ား၏ ရယ္သံမ်ား ဖုံးလႊမ္းသြားသည္။

သို႔ေသာ္..။

ျပည္ၿမိဳ႕ႏွင့္ မိုင္ေပါင္းမ်ားစြာ ကြာေဝးေသာ သန္လ်င္ရွိ အေရွ႕အိႏၵိယကုမၸဏီ႐ုံးခန္းတြင္ေတာ့ အထူးပင္ တိတ္ဆိတ္ၿငိမ္သက္ေန၏။

ကုမၸဏီတာဝန္ခံဂြၽန္နသံစမစ္သည္ သူ႔ေရွ႕တြင္ ခ်ထားေသာ ဝီစကီခြက္ကိုသာ စိုက္ၾကည့္ေနသည္။

ကက္သလစ္ဘုန္းေတာ္ႀကီး အလက္ဇန္ဒ႐ိုမြန္ဒယ္လီ က နံရံေပၚတြင္ ခ်ိတ္ထားသည့္ ေပါဇဒန္မတ္စကပ္အမဲပစ္႐ိုင္ဖယ္မွ ကႏုတ္ပန္းမ်ားကို ေငးေနသည္။

“ဟံသာဝတီမွာ ဘာေတြျဖစ္ကုန္တာလဲ..ဖာသာ..ဘာေတြျဖစ္ကုန္တာလဲ”

“သမိန္ေထာ အာဏာအသိမ္းခံလိုက္ရၿပီလို႔ပဲ..ေျပာရမယ္..ဂြၽန္”

“ဒီအမိန႔္စာက ဒီေလာက္ ျမန္ျမန္ႀကီး ထြက္လာရသလားဗ်ာ..ဖာသာဂါလစ္ဇီယာ ရဲ႕ သေဘာကေရာ ဘယ့္ႏွယ္တဲ့လဲ”

“ဖာသာဂါလစ္ဇီယာ အေၾကာင္းလည္း ခင္ဗ်ားသိၿပီးသားပဲ..ဂြၽန္..သူက ဟံသာဝတီမွာ ဘုရားေက်ာင္းေဆာက္ႏိုင္တယ္..လြတ္လြတ္ကင္းကင္းသာသနာျပဳႏိုင္ေအာင္ လုပ္ႏိုင္တယ္ဆိုၿပီး ဗာတီကန္မွာ နာမည္ေကာင္းရေနရင္..က်န္တာကို ဘာမွ ေတြးတာမဟုတ္ဘူး”

“သမိန္ေထာကို က်ဳပ္တို႔ ဘာကူညီေပးႏိုင္မလဲ..ဖာသာ..ခင္ဗ်ား သူနဲ႔ သြားေတြ႕သင့္တယ္”

“က်ဳပ္ႀကိဳးစားၿပီးၿပီ..ဂြၽန္...ရွင္ဘုရင္က ဘယ္သူနဲ႔မွ အေတြ႕မခံဘူး..ဒါလည္း ေနာက္ကြယ္မွာ ဉီးေအာင္လွ က ခ်ဳပ္ကိုင္ထားလို႔ပဲေနမွာေပါ့”

“ကုန္တိုက္က ေဆာက္လက္စႀကီး..ဖာသာ...ဟံသာဝတီက အတြင္းသတင္းေတြကို ခင္ဗ်ား ပုံမွန္ေပးေနမွျဖစ္မယ္...ၿပီးေတာ့...ဒီအတိုင္းဆို..ဟံသာဝတီကို က်ဳပ္တို႔ ဆက္ေထာက္ခံေနလို႔မျဖစ္ေတာ့ဘူး... လိုအပ္ရင္ က်ဳပ္တို႔ အင္းဝကို ခ်ိတ္ဆက္ရလိမ့္မယ္..အဲ့ဒါလည္း ဖာသာပဲ ဆက္ကူညီေပးမွျဖစ္မယ္”

ဖာသာမြန္ဒယ္လီ၏ မ်က္ႏွာက အလန႔္တၾကားျဖစ္သြားသည္။

“ဟာ..မျဖစ္ဘူး..တခုခုေပၚသြားရင္..က်ဳပ္တင္မကဘူး..ဟံသာဝတီနဲ႔ သန္လ်င္မွာရွိတဲ့ ခရစ္ယာန္ဘုန္းႀကီးေတြ အကုန္အသတ္ခံရမွာ”

ဂြၽန္နသန္စမစ္က ဝီစကီခြက္ကို ဆတ္ခနဲ ေမာ့ခ်လိုက္သည္။

“ဖာသာ ရဲ႕ ညီ ဖရန္စစၥကိုမြန္ဒယ္လီ ရဲ႕ သေဘၤာ  မဒရပ္ဆိုက္ကမ္းကို ဒီတေခါက္ကပ္တဲ့အခါမွာလည္း ကုမၸဏီဘက္က အခြန္ဆိုင္ရာေတြ ေျဖေလ်ာ့ေပးထားဖို႔ရယ္...ပါလာသမွ် ကုန္ပစၥည္းအားလုံးကို ႀကိဳက္ေဈးေရာင္းႏိုင္ဖို႔ရယ္...ကို က်ဳပ္ အထက္ကို တင္ျပထားေပးၿပီးၿပီ..အဲ့ဒါေတြက ေဟာ့ဒီ သန္လ်င္ဆိပ္ကမ္းမွာ ကုမၸဏီနဲ႔ ဖာသာရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈေတြအေပၚ မူတည္ၿပီးသြားမွာပါ...မီလန္မွာရွိတဲ့ ဖာသာရဲ႕ တိတ္တိတ္ပုန္းသားကေလး ေဆးေကာလိပ္ကို ေကာင္းေကာင္းမြန္မြန္တက္ေနႏိုင္တာဟာ ဖရန္စစၥကိုက ျပဳစုေထာက္ပံ့ထားလို႔ဆိုတာ က်ဳပ္တို႔သိပါတယ္...ဖရန္စစၥကိုအတြက္ ဖာသာ ဒီေလာက္ေတာ့ အလုပ္လုပ္ေပးသင့္တယ္မဟုတ္လား”

ဖာသာမြန္ဒယ္လီ၏ သက္ျပင္းကို ရွည္လ်ားစြာခ်လိုက္သည္။

ထို႔ေနာက္ နံရံတြင္ ခ်ိတ္ထားေသာ ေသနတ္မွ ကႏုတ္ပန္းမ်ားကို ကိုင္တြယ္ၾကည့္ေန၏။

“ကုမၸဏီကို ေျပာေပးပါ...က်ဳပ္ ကူညီပါ့မယ္လို႔”

................................................................................................................

၁၇၄၄ ၊ ႏိုဝင္ဘာလ။

စစ္ကိုင္းၿမိဳ႕။

“သမားေတာ္မ်ား ၿမိဳ႕ထဲ ဘယ္မွာ ရွိပါေသးလဲ...ကေလးက အေတာ္ေနမေကာင္းျဖစ္ေနလို႔ပါ..ကူၾကပါဉီး..ရွင္..သမားေတာ္ရွိတဲ့ဆီ ၫႊန္ေပးၾကပါ”

ဗမာစကားကို ခပ္ဝဲဝဲေျပာေနသည့္ အသံရွင္ကို ေကာင္းမႈေတာ္ဘုရားေဈးတန္းတြင္ ေဈးဝယ္ေနသည့္ ရွင္မိငယ္က သတိထားမိသြားသည္။

“ရွင္...လြီဇာနဲ႔ ေထာင္ထဲမွာအတူက်ခဲ့တဲ့ တစ္ေယာက္မဟုတ္လား”

“နင္ လူမွားေနတာပါ..ငါတို႔ ရွမ္းျပည္ကလာတာ”

ကေလးငယ္တစ္ဉီးကို ေက်ာပိုးထားသည့္ ထိုအမ်ိဳးသမီးက မိငယ္ကို မ်က္ႏွာလႊဲကာ ထြက္သြား၏။

မိငယ္က ေနာက္မွ ခပ္သြက္သြက္လိုက္သြားသည္။

“နားလဲ...ရွင့္နာမည္..နားလဲပါ..ကြၽန္မ...ေသခ်ာမွတ္မိတယ္”

နားလဲ က မိငယ္ကို ျပန္လွည့္ၾကည့္လိုက္ၿပီး

“ငါတို႔က ဒီကို ခိုးဝင္လာရတာ..လူေတြသိလို႔မျဖစ္ဘူး..ဟိုဘက္မွာ သြားေျပာၾကမယ္”

ေကာင္းမႈေတာ္ ဘုရားအနီးမွ သစ္ပင္ရိပ္တြင္ သူတို႔ႏွစ္ေယာက္ရပ္လိုက္ၾကသည္။

“နင္ ငါ့ကိုတကယ္ သိတာလား”

နားလဲ က ေမးလိုက္သည္။

“ရွင္ မမွတ္မိဘူးလား..မမလြီဇာနဲ႔ ရွင္ အင္းဝေထာင္ထဲမွာတုန္းက ကြၽန္မပဲ ေကာက္ညႇင္းထုပ္ေတြ လာလာပို႔ေပးတာေလ..”

“အင္း..မွတ္မိၿပီ”

“အခုက ဘယ္လိုျဖစ္လာတာလဲရွင္”

“ငါ့ကေလး..ဆီးမသြားတာ ၾကာၿပီ.. ဆီးအိမ္ႀကီးက ေယာင္ကိုင္းေနတာပဲ...ဟိုမွာလည္း ေကြ႕ေဆးဆရာေတြနဲ႔ ကုေပးတာပဲ..မရဘူး...စစ္ကိုင္းမွာ ကေလးေတြကိုကုေပးတဲ့ သမားေတာ္ႀကီး ဗလေက်ာ္သူဉီးမႈိပြင့္ ရွိတယ္ဆိုလို႔ သူ႔ဆီ လာျပတာ..အခု သူက အိမ္မွာမရွိဘူးတဲ့..အဲ့ဒါ အခု ကေလးက အေျခအေနပိုဆိုးလာၿပီမို႔...ေနာက္ထပ္သမားေတာ္ဘယ္မွာရွိမလဲ..ၫႊန္ေပးပါ”

“စစ္ကိုင္းတစ္ၿမိဳ႕လုံးက သမားေတာ္ေတြအားလုံး အင္းဝကို တက္သြားၾကတယ္..တန္ေဆာင္မုန္းလျပည့္ေန႔ နကၡတ္ပြဲမွာ နန္းတြင္းေဆးေတာ္ႀကိတ္ပြဲကို ေဆးဆရာေတြ အကုန္မတက္မေနရဆိုလို႔ သြားၾကတယ္..နားလဲ”

“ဒါဆို..ငါ့သားေလးေတာ့ ဒုကၡေရာက္ရမွာလား”

“စစ္ကိုင္းေလးထပ္ဆိပ္မွာ ဗိႆႏိုးဘုရားေက်ာင္းရွိတယ္..အဲ့ဒီေဘးက သံတမန္တဲနန္းမွာ မဏိပူရ္က လာတဲ့ ျဗဟၼဏဘုန္းႀကီး မဟာပရဘူ ဆိုတာ ရွိတယ္...သူက ကေလးေတြကို ေဆးကုေပးတယ္...ကြၽန္မ က​ေလး
ေတာင္ တစ္ခါက ေလနာထတာ သူ႔ဆီ သြားလိုက္တာ ခ်က္ခ်င္းေပ်ာက္သြားတယ္...ရွင္ အဲ့ဒီကို သြားရင္ ရႏိုင္တယ္”

“ဟုတ္လား..လမ္းၫႊန္ေပးႏိုင္မလား”

“ကြၽန္မ မွာ ႏြားလွည္းပါတယ္..ကြၽန္မအကို လွည္းေမာင္းၿပီး လိုက္ပို႔ေပးလိုက္မယ္..လိုက္ခဲ့”

ေကာင္းမႈေတာ္ဘုရားဝန္းထိပ္မွ လွည္းမ်ားရပ္ထားရာသို႔ သူတို႔ေလွ်ာက္သြားၾကသည္။

“ကိုေကာင္း..သူ႔ကို ေလးထပ္ဆိပ္က ဗိႆႏိုးဘုရားေက်ာင္းေရွ႕ လိုက္ပို႔ေပးလိုက္ပါ...ကေလး အေတာ္ေလး ေနမေကာင္းျဖစ္ေနလို႔...မဟာပရဘူဆီ ပို႔မွျဖစ္မယ္”

နားလဲ က လွည္းေပၚတက္လိုက္သည္ႏွင့္ ငေကာင္းက ႏြားမ်ားကို ႀကိမ္တို႔လိုက္သည္။

ေက်ာင္းဝန္းေရွ႕ေရာက္သည္ႏွင့္ နားလဲက ကေလးကို ေပြ႕ခ်ီလ်က္ ေျပးဝင္လာ၏။

ေက်ာင္းေရွ႕တြင္ တံျမက္စည္းလွည္းေနေသာ ဟိႏၵဴပေရာဟိတ္တစ္ဉီးက ဘဂၤါလီဘာသာျဖင့္ အထဲသို႔ လွမ္းေအာ္ေျပာလိုက္သည္။

ျမန္မာစကားကို ကြၽမ္းက်င္ေသာ ပုဏၰားငယ္တစ္ဉီး အထဲမွ ထြက္လာ၏။

“ႏွမငယ္..ဘာျဖစ္လာလို႔ပါလဲ”

“ငါ့ကေလးေလး...ေသးမေပါက္ဘူး..ဆီးခုံႀကီးကတင္းေနၿပီ.အခု သတိပါလစ္ေနတယ္ထင္တယ္..အဲ့ဒါ နင္တို႔ ဆရာႀကီးဆီ လာျပတာပါ..သူေဆးကုတယ္ဆို”

ပုဏၰား နားလဲ လက္ထဲမွ ကေလးငယ္ကို ကမ္းယူၿပီး တခ်က္ၾကည့္လိုက္သည္။

“သူ႔အသက္ ဘယ္ေလာက္ရွိၿပီလဲ”

“ႏွစ္ႏွစ္ရွိၿပီ”

“မဟာပရဘူဆီ ေရာက္မွ သူ႔အသက္ကို ကယ္ႏိုင္ေတာ့မယ္”

ပုဏၰားက ကေလးကို ေပြ႕ခ်ီကာ ဘုရားေက်ာင္းေဘးရွိ ေ႐ႊေညာင္႐ြက္မ်ား ခ်ိတ္ဆြဲထားသည့္ တဲနန္းအတြင္းသို႔ ဝင္လိုက္သည္။

ပုဏၰားက ဉီးျပည္းေျပာင္ေျပာင္၏ အေနာက္တြင္ ဆံစုေလးတစ္စု ခ်ထားေသာ မဟာပရဘူကုကၠလူေရွ႕တြင္ ကေလးကို ခ်လိုက္သည္။

ထို႔ေနာက္ ဘဂၤါလီဘာသာစကားျဖင့္ ရွင္းျပေနသည္။

မဟာပရဘူက ကေလးငယ္၏ ဆီးခုံကို အေသအခ်ာကိုင္တြယ္ၾကည့္လိုက္၏။

ထို႔ေနာက္ အတြင္းမွ ပုဏၰားမ်ားထံ တစ္စုံတစ္ခုေအာ္ေျပာလိုက္သည္။

ပုဏၰားငယ္တစ္ဉီးက မီးတရဲရဲမီးေသြးခဲမ်ားထည့္ထားသည့္ ေျမခြက္တစ္ခု ႏွင့္ ၾကက္သြန္နီဉတစ္ဉကို ယူလာေပးသည္။

မဟာပရဘူက ၾကက္သြန္နီကို မီးခဲထဲသို႔ ပစ္ထည့္ကာ မီးဖုတ္လိုက္သည္။

ထို႔ေနာက္ ၾကက္သြန္နီကို ပုဆိုးစျဖင့္ အပူခံကာ ယူလိုက္ၿပီး ဓါးျဖင့္ ႏွစ္ျခမ္း ခြဲခ်လိုက္သည္။

ကေလးငယ္၏ ဆီးခုံကို ၾကက္သြန္နီျဖင့္ ကပ္ေပးလိုက္၏။

အပူရွိန္ေၾကာင့္ ေမ့ေမ်ာလုနီးနီးျဖစ္ေနသည့္ ကေလးမွာ ဝါးခနဲ ထေအာ္ေတာ့သည္။

ပုဏၰားတစ္ဉီးမွ ေတာၾကက္ေမာက္ျမစ္ႏွင့္ ေက်ာက္ျပင္ကို ယူလာကာ ေသြးေပးသည္။

ေသြးထားေသာ ေဆးမ်ားကို မဟာပရဘူက ကေလး၏ ဆီးခုံတြင္ ေသခ်ာလိမ္းေပးလိုက္၏။

ငါးမိနစ္ခန႔္အၾကာတြင္ ကေလး၏ ေသးမ်ားက ေရပန္းသဖြယ္ ထြက္လာေတာ့သည္။

“မင္း ကေလး...ပုံမွန္ျပန္ျဖစ္သြားၿပီလို႔..မဟာပရဘူက ေျပာတယ္...ေဟာ့ဒီ ေတာၾကက္ေမာက္ျမစ္ကို တစ္ေန႔ တစ္ခါသာ ေသြးလိမ္းေပး..မင္းကေလး..ဆီးမွန္ေနေစရမယ္တဲ့..သူငယ္မ..စိတ္မပူနဲ႔ေတာ့”

“ေက်းဇူးတင္လိုက္တာ..ကန္ေတာ့ပါရေစ”

နားလဲက မဟာပရဘူကို လက္အုပ္ခ်ီလိုက္သည္။

မဟာပရဘူက နားလဲ၏ ေခါင္းကို လက္ျဖင့္ပြတ္သပ္ကာ ေကာင္းခ်ီးေပးလိုက္၏။

နားလဲက ခါးပိုက္ထဲတြင္ ထည့္လာသည့္ ေငြစတစ္ထုပ္ကို ပုဏၰားႀကီးထံ ကမ္းေပးလိုက္သည္။

ပုဏၰားႀကီးက ေခါင္းခါျပလိုက္၏။

“မဟာပရဘူက ဒီႏိုင္ငံမွာ သာသနာလာျပဳတာပါ..ဒါေတြအားလုံးဟာ ဗိႆႏိုးဘုရားရွင္ရဲ႕ ေမတၱာတရားေတြပါပဲ..ေငြေၾကးမလိုပါဘူး.သူငယ္မ..ကဲ..သြားႏိုင္ၿပီ”

နားလဲက မ်က္ႏွာ႐ႊင္လန္းေနၿပီျဖစ္ေသာ သူ၏ ကေလးငယ္ ေကာက္ခ်ီကာ တခ်က္နမ္းလိုက္သည္။

ထို႔ေနာက္ ကေလးငယ္ကို ေက်ာပိုးေစာင္ထဲသို႔ ျပန္ထည့္ကာ ခ်ီသိုင္းလိုက္၏။

မဟာပရဘူတဲနန္း၏ အျပင္ဘက္သို႔ နားလဲထြက္လိုက္စဥ္................

“နာလဲ...မင္း နာလဲ မဟုတ္လား”

႐ုတ္တရက္ သူ႔ေရွ႕တြင္ ေတြ႕လိုက္ရေသာ မ်က္ႏွာတစ္ခုေၾကာင့္ နားလဲ အံ့ဩတုန္လႈပ္သြားသည္။

“ဆန္ေဂ်း”

 

ခက္ေဇာ္

အခန္း(၁၆) သဘက္ခါ။

စစ္ေနစစ္ခ် ၊ ထုံးျပသသည္၊ ဗ်ဂၣဗ်ဴဟာ၊ထိုေၾကာင္းရာကို၊ သတၱဝါအမ်ား၊ ေတာဝယ္သားကို၊ သြားလားရပ္ေန၊ မသိေစေအာင္၊ လက္ေျခမလႈပ္၊ ေခါင္းၿမီးအုပ္လ်က္၊ က်ားခုပ္ေသာ့ႏွယ္၊ အသင့္႐ြယ္၍ ၊ ကာကြယ္ပုန္းေအာင္း၊ သူရဲေကာင္းတို႔၊ ေခ်ာင္းေျမာင္းဗိုလ္ေခ်၊ လိုက္လံေမႊ၏၊ ဗ်ဴဟစကၠိပ်ိဳ႕)

Comments

Post a Comment