AVA 1740s (Season 2) အခန်း(၃၁)
AVA 1740s (Season 2)
အခန်း(၃၁)
......................................................
၁၇၅၀ ဖေဖော်ဝါရီ ၂၈ ရက်နေ့။
ကွေ့တပ်၏ ခံတပ်များရှိရာ အုတ်ဖိုနယ်အတွင်းသို့ ကသည်းတို့က စစ်ကြောင်းကြီး သုံးကြောင်း ဖြင့် ဝင်ရောက်လာသည်။
မဏိပူရမင်းသား ဆန်ဂျေးခူရာလက်ပ က မြင်းစစ်သည် (၁၅၀) လေးကိုင်လှံကိုင်(၅၀၀)၊ အမြောက် (၃)လက်ဖြင့် လက်ဝဲကြောင်း၊ စစ်သူကြီးချန်ဒရာမော်နီ က မြင်းစစ်သည်(၁၀၀) လေးကိုင်လှံကိုင် (၅၀၀) အမြောက်ကြီး (၃)လက်ဖြင့် လက်ျာကြောင်း၊ မဏိပူရဘုရင် ဂါရစ်နာဝဇ်က က မြင်းစစ်သည် (၁၅၀)၊ လေးကိုင်လှံကိုင် (၆၀၀)၊ အမြောက်ကြီး(၁၀)လက်တို့ဖြင့် ဖြန့်ခွဲဝင်ရောက်လာခြင်းဖြစ်သည်။
ရှေ့ပြေးဖြစ်သော ချန်ဒရာမော်နီ၏ တပ်မှ အမြှောက်ကြီးပစ်သံစတင်လိုက်သည်နှင့် နောက်ထပ် အမြှောက်သံများဆူညံစွာထွက်ပေါ်လာကြသည်။
ကွေ့ရှေ့တန်းခံစစ်ကုန်းနှစ်ခုတွင် ငကက်နှင့် ဗိုလ်ဘယ်ကျော် တို့က ကွပ်ကဲနေကြ၏။
နေ့လည်ပိုင်းတွင် ငကက်၏ ခံတပ်ကျသွားပြီးသည့်နောက် ဘယ်ကျော် ၏ ခံတပ်သို့ ဆုတ်ကာ သွားရောက်ပူးပေါင်းကြသည်။
ကသည်းတပ်များလည်း စိတ်အားတက်ကြွပြီး ရှေ့သို့ တိုးကာ တိုက်ကြ၏။
ရှေ့စစ်ကြောင်းဆီမှ ဆန်ဂျေးခူရာလက်ပ က ဂါရစ်နာဝဇ်ရှိရာသို့ မြင်းဖြင့် ရောက်လာသည်။
“ဆန်ဂျေး...ချန်ဒရာမော်နီ ဆီ မင်းအမြှောက်တပ်တွေ သွားပေါင်းပြီး..ဒီခံတပ်ကို ပြိုအောင်တိုက်..ဒီကောင်ပြိုရင်..အနောက်ဘက်ခပ်လှမ်းလှမ်းမှာ ဂုဏ္ဏအိမ်နဲ့ ထော်ကန်တို့ရဲ့ ခံတပ်ရှိနေတယ်လို့ သုံ့ပန်းတွေဆီက ငါတို့ သိထားတယ်”
ဆန်ဂျေးက ဂါရစ်နာဝဇ်ကို စကားမပြန်ပဲ ကြောင်တောင်တောင်ဖြင့် ကြည့်နေ၏။
“မင်း..ဘာဖြစ်နေပြန်တာလဲ..ဆန်ဂျေး”
“ကျွန်တော် ဆက်မတိုက်နိုင်တော့ဘူး..ခမည်းတော်”
“ဘာ..ဘာလဲ..ဟိုကွေ့မ ကြောင့်လား”
“ကျွန်တော်တို့ သူ့ဘဝတစ်ခုလုံးကို ပျက်အောင်ဖျက်ခဲ့ကြပြီးပြီ..အခု..သူ့ရဲ့ အမျိုးအနွယ်တွေကိုပါ စစ်ဆင်နေတာ..ဟုတ်ရဲ့လား..ခမည်းတော်...ကွေ့တွေဟာ အင်းဝဘုရင်ရဲ့ ရန်သူပါပဲ..ကျွန်တော်တို့ ရန်သူမှ မဟုတ်တာ”
ဂါရစ်နာဝဇ်က နဘေးမှ ရွှေရောင်ထွေးခံကို စောင့်ကန်လိုက်သည်။
ကွမ်းသွေးများက မြေကြီးတွင် ရွှဲသွား၏။
“ငါတို့က သူတို့ကို ရန်သူလို့ မသတ်မှတ်ပေမယ့်...သူတို့က ရန်သူလို့ သတ်မှတ်ခဲ့လို့..ငါတို့လူတွေ သွေးမြေကြခဲ့ပြီမဟုတ်လား...ဆန်ဂျေး...မင်း ဒီလို မပြတ်သားပုံမျိုးနဲ့ မဏိပူရကို မင်းလက်ထဲမှာ ငါဘယ်လို စိတ်ချခဲ့ရမှာလဲ.....ဒီမှာ...မင်းမှတ်ထားဖို့ကဒီစစ်ပွဲဟာ လိုအပ်လို့တိုက်နေတာ. ...ဒါပြီးရင်လည်း မင်းရဲ့ ညီ သျှန်သျှားနဲ့ မင်း စစ်တိုက်ရဉီးမယ်... ...မင်းရဲ့ ရာဇပုလ္လင်ကို မင်းကိုယ်တိုင် ဖန်တီးယူရမယ်....မိန်းမတစ်ယောက်အတွက်နဲ့ စစ်ပွဲကို ငြင်းနေတဲ့ မင်းကို မဏိပူရရဲမက်တွေသာ သိရင်..ဘယ်လောက်ကဲ့ရဲ့ကြလိမ့်မလဲ..ထွီ”
ဆန်ဂျေးက ခေါင်းကိုသာ ငုံ့ထား၏။
“မင်း..ဆက်မတိုက်နိုင်ရင်..အင်းဝနန်းတော်ကို ပြန်...ငါ့ဆီကိုရော..မဏိပူရကိုရော ဘယ်တော့မှ ပြန်မလာခဲ့နဲ့”
ဆန်ဂျေးက အံကို တင်းတင်းကြိတ်ထားရင်း ခေါင်းမော့လိုက်သည်။
“ကျွန်တော် စစ်ဆက်တိုက်မယ်..အဖေ”
မြင်းပေါ်သို့ ခုန်တက်ကာ ထွက်သွားသော ဆန်ဂျေးကို ဂါရစ်နာဝဇ်က ကြည့်ရင်း ပြုံးလိုက်သည်။
မတ်လ ၁ ရက်နေ့။
နေဝင်တော့မည်။
ကသည်းတပ်များသည် နှစ်ရက်ကြာသည်အထိ ဒုတိယခံတပ်ကို မရကြသေး။
အမှောင်က တစတစ ချည်းနင်းလာ၏။
အမြှောက်သံများက တဖြည်းဖြည်း နည်းလာရာမှ လုံးဝတိတ်ဆိတ်သွားသည်။
ကသည်းတပ်များက ပင်ပန်းလှပြီဖြစ်သည်။
အချို့လည်း တနေကုန်တိုက်ခိုက်ခဲ့ရသည့်အတွက် ညနေစာစားရန် ပြင်ဆင်ကြ၏။
“မနက်ဖြန် မိုးသောက်တာနဲ့ ဂါရစ်နာဝဇ်ဘုရင်မင်းမြတ်ကိုယ်တိုင် ဉီးစီးပြီး ခံတပ်ကို ထိုးဖောက်မယ်”
ကသည်းစစ်ဉီးစီးမှူးများမှာ ရောက်ရှိလာသည့် အမိန့်စာချွန်များအသီးသီးကို ဖတ်ကာ မနက်ဖြန်အတွက် အားမွေးနေကြသည်။
ဂါရစ်နာဝဇ်၊ ဆန်ဂျေးနှင့် ချန်ဒရာမော်နီတို့ က သန်းခေါင်ယံအထိ...အမြှောက်များ၊ တပ်များကို အဆင်သင့်ဖြစ်စေရန် လိုက်လံစစ်ဆေးနေ၏။
“ဆန်ဂျေး.နဲ့..ချန်ဒရာ..မင်းတို့လည်း တနေကုန်ပင်ပန်းနေကြပြီ...ကိုယ့်တဲစခန်းဆီ ပြန်အိပ်ရင် အိပ်ကြတော့...မနက် လေးနာရီလောက် ထိုးစစ်စမယ်”
ဆန်ဂျေး က ယာယီတဲထဲသို့ ဝင်ပြီး အိပ်ရာပေါ်တွင် လှဲလိုက်သည်။
ပင်ပန်းမှုကြောင့် မျက်လုံးမှိတ်လိုက်သည်နှင့် မှေးခနဲ အိပ်ပျော်သွား၏။
ဆူဆူညံညံအသံများကြောင့် ဆန်ဂျေးလန့်နိုးသွားသည်။
“မလှုပ်နဲ့...ဆန်ဂျေး”
ဓါးတစ်ချောင်းက ဆန်ဂျေး၏ လည်မြိုကို လာထောက်ထား၏။
ဆန်ဂျေးကို ဓါးဖြင့် ထောက်ထားသူက မျက်နှာတွင် အုပ်ထားသော အဝတ်ကို ဖယ်လိုက်သည်။
“နားလဲ”
“ငါ..ဒီနေ့ကို စောင့်နေခဲ့တာကြာပြီ..ဆန်ဂျေး”
ဆန်ဂျေးက ဘာမှ မပြောပဲ နားလဲကိုသာ ဆွေးဆွေးမြေ့မြေ့စိုက်ကြည့်နေသည်။
ထို့နောက် နားလဲ၏ ရှေ့တွင် ဒူးထောက်လိုက်၏။
“သတ်ပါ..နားလဲ...သတ်ပါ...ကိုယ်က...မင်းလက်နဲ့ သတ်သင့်တဲ့ သူပါ”
နားလဲ၏ ပါးပြင်ပေါ်မှ မျက်ရည်ဉများ တလိမ့်ချင်းစီးကျလာသည်။
“သတ်မယ်..ကတိမတည်တဲ့နင့်ကိုရော..နင့်အဖေကိုရော သတ်မယ်...နင်တို့ အားလုံးကို ငါသတ်မယ်...ဒါပေမယ့်...နင်မသေခင်..ငါခံစားခဲ့ရတာတွေကို နားထောင်သွားဉီး”
“ကိုယ် အားလုံးသိပြီးသားပါ..နားလဲ..ကိုယ့်ကို မြန်မြန်သတ်ပြီး..သွားပါတော့..ကိုယ့်ရဲမက်တွေ ရောက်လာရင် မင်းအတွက်အန္တရာယ်ရှိတယ်..မြန်မြန်သတ်ပါ”
ဆန်ဂျေးက ရှေ့တိုးလိုက်သည်။
နားလဲ၏ ဓါးဉီးချွန်က ဆန်ဂျေး၏ လည်ပင်းထဲ အနည်းငယ်နစ်ဝင်သွားသဖြင့် သွေးများ ပင် စို့သွားသည်။
နားလဲ၏ လက်တို့ တုန်ရီလာသည်။ ရှိုက်သံတစ်ချက်ထွက်ပေါ်လာပြီး နားလဲ၏ ဓါး လက်ထဲမှ လွတ်ကျသွား၏။
“နင်ထားခဲ့တဲ့အချိန်..ငါ..ဘယ်လောက်အားငယ်ခဲ့ရလဲ...နင်သိလား..ကိုယ်ဝန်ပျက်ကျပြီးခါစ သွေးနုသားနုမိန်းမတစ်ယောက်ကို စစ်မြေပြင်မှာ ထားရစ်ခဲ့ခံရတာ..နင်သိလား..နင်သိလား”
နားလဲက ဆန်ဂျေး၏ မျက်နှာနှင့်ပုခုံးတို့ကို အဆက်မပြတ်ထုရိုက်ရင်း အော်ဟစ်ပြောနေသည်။
“ကိုယ်တောင်းပန်ပါတယ်..ကိုယ်တောင်းပန်ပါတယ်...နားလဲရယ်”
နားလဲက ဆန်ဂျေး၏ ရင်ခွင်ထဲသို့ ခေါင်းကို တိုးကာ တရှုံ့ရှုံ့ငိုသည်။
“နားလဲ...ပြန်ဆုတ်ကြမယ်”
တဲအတွင်းသို့ ငနက်နှင့် ငကက်တို့ ဝင်လာသည်။
နားလဲက ရုတ်တရက် ဆန်ဂျေး၏ ရင်ခွင်ထဲမှ ရုန်းထွက်လိုက်၏။
“နားလဲ..ဘာဖြစ်တာလဲ”
ငကက် က ဆန်ဂျေးကို ဓါးဖြင့် ပိုင်းရန် ဝင်လာ၏။
“မလုပ်နဲ့..ငကက်”
နားလဲက ဓါးကိုမြေပြင်တွင် ကျနေသော ဓါးကို ကောက်ကိုင်ကာ...ဝင်တားလိုက်၏။
“နင်ဘာဖြစ်တာလဲ..နားလဲ...မင်းကြီးဂုဏ္ဏအိမ်ကို ပေးခဲ့တဲ့ ကတိတွေ နင်မေ့သွားပြီလား..နင့်တာဝန်နင်ကျေပါ့မယ်ဆို..ဒီမှာ..ငါတို့ကတော့ တာဝန်ကျေခဲ့ပြီ”
ငကက်က သူ့လက်ထဲမှ ဉီးခေါင်းတစ်ခုကို မြှောက်ပြလိုက်သည်။
စစ်သူကြီးချန်ဒရာမော်နီ၏ ဉီးခေါင်း။
ဆန်ဂျေးက အလန့်တကြားဖြစ်သွားသည်။ ငနက်ကလည်း သူ့လက်ထဲမှ ခေါင်းကို မြှောက်ပြလိုက်၏။
အမတ်ကြီးမဟာသျှန်သီ၏ ဉီးခေါင်း။
“ကဲ..ကိစ္စမြန်မြန်ဖြတ်တော့....နားလဲ..နင်မဖြတ်ရင် ငါတို့ ဖြတ်ပေးရမလား”
“မလိုဘူး...ရတယ်”
နားလဲက ဓါးကို ကိုင်ကာ...ဆန်ဂျေး၏ လည်ပင်းကို ရွယ်လိုက်၏။
ဆန်ဂျေးက ထိုင်လျက်မှ နားလဲကို မော့ကြည့်နေသည်။
တချိန်က သူမဒဏ်ရာများဖြင့် မေ့မျောနေရာမှ ပြန်သတိရချိန်တွင် ပထမဆုံးတွေ့ခဲ့ရသည့် ဆန်ဂျေး၏ မျက်လုံးများ။
နားလဲ၏ ပါးပြင်ပေါ်သို့ မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျလာသည်။
နားလဲ လက်ထဲမှ ဓါးက မြောက်တတ်သွားသည်။
ဆန်ဂျေးက မျက်လုံးကို စုံမှိတ်ထားလိုက်၏။
“မလုပ်နဲ့တော့..ငါ့နှမ”
တဲတံခါးဝမှာ အသံကြောင့် နားလဲ၏ လက်ထဲမှ ဓါးက လေထဲတွင် ရပ်တန့်သွားသည်။
“နင့်လက်နဲ့ သူ့ကို သတ်လိုက်ရင်..နင်တသက်လုံး ဒီထက် နာကြင်နေရလိမ့်မယ်”
ဂုဏ္ဏအိမ် ဝင်လာသဖြင့် ငနက်နှင့် ငကက်တို့က လက်အုပ်ချီလျက် လမ်းဖယ်ပေးလိုက်ကြသည်။
ဂုဏ္ဏအိမ်က ဒူးထောက်နေသော ဆန်ဂျေးရှေ့တွင် မတ်တပ်ရပ်လိုက်သည်။
“ငါမင်းကို လွှတ်ပေးလိုက်မယ်.....မင်းတို့ တပ်က အမြှောက်တွေလည်း ငါတို့ ဖျက်စီးပြီးသွားပြီ...မင်းတို့ရဲ့ အားကိုးရတဲ့ အမတ်စစ်သူကြီးတွေကိုလည်း သတ်ပြီးသွားပြီ..ငါတို့နှစ်ဖက်လုံးက လူတွေလည်း အသေအကြေများတာ မင်းအတွေ့ပဲ....ဒါကိုမှ မင်းတို့က အင်းဝဘုရင်ဘက်ကနေပြီး ရှေ့ဆက်တိုးမယ်ဆိုရင်...ငါတို့ နောက်ထပ် ထပ်သတ်ကြရုံပဲ...မင်းတို့ဘက်က အခုပြန်လှည့်မယ်ဆိုရင်..ငါတို့ကလည်း မင်းတို့ရဲ့ မဏိပူရကို ပြန်တဲ့လမ်းမှာ မနှောက်ယှက်တော့ဘူးလို့ ကတိပေးတယ်...မင်းအဖေကို အဲ့ဒီလို ပြောလိုက်ပါ”
ဂုဏ္ဏအိမ်က ဗမာဘာသာစကားဖြင့် ပြောလိုက်ခြင်းဖြစ်သည်။
ဆန်ဂျေး က မတ်တပ်ထရပ်လိုက်၏။
“ကျုပ်တို့ မဏိပူရကို ပြန်ရမယ်..ဟိုမှာ ကျုပ်တို့ကို နောက်ထပ် စစ်ပွဲက စောင့်ကြိုနေသေးတယ်”
“မနက် မင်းတို့ တပ်တွေ ဆုတ်ခွာတာကို ငါတို့စောင့်ကြည့်နေမယ်..ဟော့ဒီခေါင်းတွေကို မင်းခမည်းတော်ကို ပြလိုက်...နောက်ထပ် ငါတို့ကို တိုက်နေမယ်ဆို..မဏိပူရမရောက်ခင်..သူအားကိုးရတဲ့ သူတွေကို ငါတို့က ခေါင်းထပ်ဖြတ်ဉီးမယ်လို့..ပါ..ပြော..အဲ့ဒီအခါကျ....မင်းကို ငါကိုယ်တိုင် ခေါင်းဖြတ်မှာ”
ဂုဏ္ဏအိမ်က တဲပြင်သို့ ပြန်ထွက်သွားသည်။
ငနက်နှင့် ငကက်က ခေါင်းများကို ဆန်ဂျေးဆီသို့ လှိမ့်ပေးလိုက်၏။
ဆန်ဂျေးက ခေါင်းပြတ်ကြီးများကို ငေးနေသည်။
“နားလဲ..သွားကြစို့”
ငကက် က နားလဲ၏ လက်မောင်းကို ကိုင်ကာ ပြောလိုက်သည်။
ဆန်ဂျေးက နားလဲကို မော့ကြည့်သည်။
နားလဲ က မျက်ရည်များကြားမှ ခပ်ဝင့်ဝင့် တချက်ပြုံးလိုက်ပြီး ကျောခိုင်းထွက်ခွာသွားတော့၏။
...........................................................................................................................................................
“အရှေ့မျက်နှာတိုင်းကြီးပြည်ကြီး ထီးဆောင်းမင်းအပေါင်းတို့ကို အစိုးရတော်မူသော နောင်တော်ဉတည်ဘွားမင်း ချစ်ကြည်စွာ ကြားရောက်သည်။
အနောက်မျက်နှာတိုင်းကြီးပြည်ကြီး ထီးဆောင်းမင်းအပေါင်းတို့ကို အစိုးရတော်မူသော ဆင်ဖြူဆင်နီများသခင် အင်းဝဘုရင်ညီတော် ရွှေနန်းရှင်။
နောင်တော်၏ ဂန္ဓလရာဇ်ရွှေနန်း နှင့် ညီတော်၏ အင်းဝရွှေနန်းတို့အကြား ရွှေလမ်းငွေလမ်း၊ မပေါက်ရောက်ကြသည်မှာ နှစ် ၁၅၀ ပင် ရှည်ကြရှိချေပြီ။
နောင်တော်လည်း သံတမန်မစေ၊ ညီတော်လည်းသံတမန်မစေ၊ နေကြသည့်အရာသည် သိကြားနတ်ဗြဟ္မာအပေါင်းကလည်း မလှုံ့ဆော်လေသောကြောင့် သကဲ့သို့ နောင်တော်နှင် ညီတော်၊ နှစ်ပြည့်တစ်ပြည် ရွှေနှစ်ပြားကို တစ်ပြားတည်း၊ ကိုယ်နှစ်ကိုယ်ကို တစ်ကိုယ်တည်းမရှိကြရ၊ ထိုသို့ဖြစ်နေလေသမျှ မူးကြီး၊မတ်ကြီး၊ မိဖုရားသားသမီတို့နှင့်တကွ ပြည်သူအများမှာ ယူကြုံးမရဖြစ်ကြမည်စိုးရိမ်၏။
ထို့ကြောင့် ကမ္ဘာနှင့်အမျှ ညီတော်နောင်တော် နှစ်ပြည်ထောင် ချစ်ကြည်စွာ ရာဇမဟာမိတ် ဖြစ်မည့်အကြောင်း လဝမြို့ကို အုပ်စိုးစီရင်သည့် မြို့စား အိုက်တာရဲ ၊ အမတ်ကြီး ထွန်းတာရဲ တို့ ကို ညီတော်ရွှေဖဝါးအောက် သံတမန်အဖြစ် အလျင်ခန့်အပ်စေလွှတ်ပါသည်။
နောင်တော်၏ ချစ်ကြည်စွာပေးသသည့် လက်ဆောင်ပဏ္ဏာရွှေဖျင် များကို ညီတော်မှ ရွှင်ပြစွာလက်ခံတော်မူပြီး..ညီတော်ထံမှ ပေးဆက်မည့် လက်ဆောင်ပဏ္ဏာများအားလည်း နောင်တော်မှ ပြန်လည်လက်ခံရန်အသင့်ရှိနေပါသည်”
တရုတ်ဧက္ကရာဇ် ချိန်လုံမှ ပေးအပ်သည်ဆိုသည့် သဝဏ်လွှာကို ထွန်းတာရဲ ခေါ် ငထွန်းက လျှောက်တင်အပြီးတွင် မဟာဓမ္မရာဇာဓိပတိ ၏ မျက်နှာမှာ တက်ကြွရွှင်လန်းသွား၏။
တရုတ်ပြည်ကဲ့သို့ အင်အားကြီးမားသော တိုင်းပြည်ဧက္ကရာဇ်က ညီတော်နောင်တော်ဟူသော အခေါ်အဝေါ်ဖြင့် သံတမန်များစေလွှတ်ပြီး လက်ဆောင်ပေးသည်ဆိုသည်မှာ အင်းဝဘုရင်အတွက် ဂုဏ်ယူစရာအတိ။
၁၇၅၀ ဖေဖော်ဝါရီ ၂၈ တွင် မြန်မာတို့က တရုတ်သံအမတ်ကြီး ဧသူရဲ ဟု ခေါ်သည့် သတ္တုတွင်းတူးသမားဝူရှန်ရှိန်ဉီးဆောင်သည့် အဖွဲ့သည် အင်းဝမြို့သို့ ရောက်ရှိလာသည်။
ဝူရှန်ရှိန်နှင့်အတူပါလာသော နမ္မတူဘော်တွင်းမှ လူမိုက်ခေါင်းဆောင်ငထွန်း သည်လည်း တရုတ်အမတ်ဝတ်စုံဝတ်ကာ စကားပြန်အမတ်ကြီးထွန်းတာရဲ ဖြစ်လာသည်။
တရုတ်ပြည်အနယ်နယ်အရပ်ရပ်မှ သတ္တုတွင်းတွင် သောင်တင်နေကြသော ဝူရှန်ရှိန်၏ ခြေပုကျားဂိုဏ်းမှ နောက်လိုက် ၁၂၀၀ သည်လည်း တရုတ်သံတမန်တပ်ဖွဲ့များအဖြစ် အယောင်ဆောင်ခဲ့ကြသည်။
အင်းဝဘုရင်က တရုတ်သံအဖွဲ့အတွက် ရွှေကြက်ယက်တွင် တဲကန္နားကြီးများ ထိုးကာနေစေသည်။
၁၇၅၀ မတ်လ ၂ ရက်နေ့တွင် ဝူရှန်ရှိန် ခေါ် ဧသူရဲ နှင့် လက်ဆောင်ပဏ္ဏာများကို ရွှေချထားသည့် လှော်ကားလှေကြီးဖြင့် တင်ယူကာ အင်းဝတွင် ဆိပ်ကမ်းတွင် ကြိုဆိုကြသည်။
နိုင်ငံတော်ရထား ဟုခေါ်သည့် ဆင်နှစ်ကောင်ဆွဲသည့် လေးဘီးတပ်ရထားဖြင့် မဟာဓမ္မရာဇာဓိပတိဘုရင်ကိုယ်တော်တိုင် သံအဖွဲ့ကို လာရောက်ကြိုဆိုကြသည်။
တရုတ်သံအဖွဲ့သည် မနော်ရမ္မံဥယျာဉ်တွင် တရုတ်ဧက္ကရာဇ်ချိန်လုံ၏ သဝဏ်လွှာကို ဖတ်ကြားကာ ဆက်သသည်။
သတ္တုတွင်းလူမိုက်ခေါင်းဆောင် ဝူရှန်ရှိန်နှင့် ငထွန်းတို့ တိုင်ပင်ကာ လုပ်ကြံရေးသားထားသည့် သဝဏ်လွှာသာဖြစ်သည်ကို အင်းဝဘုရင်က စိစစ်ခြင်းမရှိပဲ အလွယ်တကူပင်လက်ခံခဲ့သည်။
မဟာဓမ္မရာဇာဓိပတိသည် တရုတ်ပြည်နှင့် သံတမန်ဘက်ဖြစ်လာသည့်အတွက် စိတ်အားတက်ကြွကာ ဧသူရဲခေါ် ဝူရှန်ရှိန်နှင့် ထွန်းတာရဲ ခေါ် ငထွန်းတို့ကို ရှင်ဘုရင်ကိုယ်တိုင်နှင့် မိဖုရားများအားလုံးမှ တန်ဖိုးရှိလက်ဆောင်များ ပေးကာ နန်းတော်တွင်း ပြုစုဧည့်ခံထားကြသည်။
တရုတ်ဧက္ကရာဇ်အတွက် လက်ဆောင်ပြန်ပါးရန် ရွှေတစ်ကျပ်ခုနှစ်မူးတစ်ပဲသားရှိသည့် ရွှေပေတစ်စောင်၊ ငွေတစ်ကျပ်သားရှိ ရွှေပေတစ်စောင်၊ ဆင်ကောင်းရှစ်စီး၊ ပတ္တမြား (၇)လုံး၊ ရွှေအစစ်ဖြစ်ပြုလုပ်ထားသည့် အသုံးအဆောင်များ၊ သက္ကလတ်အင်္ကျီများ ပေးပို့ ရန် အမိန့်ချမှတ်ခဲ့သည်။
ထိုအချိန်တွင် ကွေ့တို့နှင့် တိုက်ခိုက်ရာမှာ ပြန်လာခဲ့သော ဂါရစ်နာဝဇ် သည် အင်းဝဘုရင်ထံ ဝင်ခွင့်ရရန် နန်းမြို့ပြင်ပတွင် စောင့်ဆိုင်းနေရ၏။
သို့သော် စစ်ရှုံးပြီးပြန်လာသည့် ဂါရစ်နာဝဇ်ကို အင်းဝဘုရင်က အတွေ့မခံခဲ့။
.........................................................................................................................
၁၇၅၀ မတ်လ ၁၂ ရက်။
ပြည်မြို့ဝန်၏နေအိမ်။
ကျီဝန်ဉီးမောင် နှင့် ပြည်စားမောင်ခင် တို့သည် အလယ်တွင် လိုက်ကာခြားလျက် ရိုးရာစစ်တုရင်ထိုးရန် အကွက်ပြင်နေကြသည်။
ဉီးမောင်က တကောင်းထဲရှိ ထန်းရည်ခါးကို ငှဲ့ပြီး မော့ရန် ပြင်လိုက်၏။
ထိုအချိန်တွင် အိမ်ပေါ်သို့ ပြေးတက်လာကြသော သေနတ်ကိုင်တပ်သားများကြောင့် ဉီးမောင်လက်ထဲမှ ထန်းရက်ခွက်ပင် လွတ်ကျသွား၏။
“အားလုံး ကြမ်းမှာမှောက်ထား..အိမ်ရှေ့ဉပရာဇာတပ်တွေ မင်းတို့ကို ဝိုင်းလိုက်ပြီ”
ဉီးမောင်နှင့် မောင်ခင်က ကြောင်နေကြသည်။
“ဖောင်း”
စစ်သည်တစ်ဉီးက သေနတ်ကို မိုးပေါ်ထောင်ဖောက်လိုက်ရာ အိမ်ခေါင်မိုးပင် ပေါက်ထွက်သွား၏။
ထိုအခါမှ ဉီးမောင်နှင့်မောင်ခင်တို့ ကြမ်းပြင်တွင် ဝပ်ချလိုက်ကြသည်။
ဉီးမောင်၏ မျက်နှာရှေ့သို ရွှေခြေနင်းတစ်စုံ လာရပ်၏။
“သစ္စာဖောက်ကို ဝါးလုံးလျှိုပြီး နှောင်ကြိုးတည်းကြစမ်း”
“ကျွန်တော်မျိုး ဘာလုပ်လို့လဲ..ဘုရား...ကျွန်တော်မျိုး”
ဉီးမောင် က လက်အုပ်ချီလျက် မော့ကြည့်ကာ အော်ဟစ်လိုက်သည်။
ဥပရာဇာဉီးအောင်မြ ။
ဉီးအောင်မြ နဘေးတွင် ဗမာသျှောင်ထုံးထုံးထားသည့် လူလတ်ပိုင်းတစ်ဉီး။
“ငမောင်...နင် သူဘယ်သူလဲသိသလားဟဲ့”
ဉီးအောင်မြ က နဘေးမှ သျှောင်ထုံးလူကို မေးငေါ့ပြလိုက်သည်။
“မသိပါ..ဘုရား..ဘယ်သူ”
“ဖြောင်း”
ဉီးအောင်မြက ဉီးမောင်၏ ဉီးဆံဖုတ်ကို လက်ဖြင့်ဆွဲကာ မျက်နှာအား ဖြတ်ရိုက်ချပစ်လိုက်သည်။
“ဒါ ညောင်ဉီးခံတပ်က ဗိုလ်မှူးရဲခေါင်ကျော်စံ ဆိုတာပဲ...ကိုးသိန်းသခင်ဆီ နင်စာလွှာသွားပါးတဲ့လူလေကွယ်”
ဗိုလ်မှူးဂဇကျော်တို့၏ ခြိမ်းခြောက်မှုများ၊ တပ်တွင်းရိက္ခာခွဲတမ်းအဆင်မပြေမှုများကြောင့် ရဲခေါင်ကျော်စံသည် သားမယားနှင့်တကွ တိုက်လှေများကို ယူဆောင်ကာ မြစ်ကြောင်းအတိုင်းစုန်ဆင်းပြီး ဟံသာဝတီတပ်များထံ ခိုလှုံခဲ့ပြီဖြစ်သည်။
ကိုးသိန်းသခင်ထံ စာလွှာပါးခဲ့သည့် ကျီဝန်ဉီးမောင် ၏ အဖြစ်ကိုပါ ဟံသာဝတီအိမ်ရှေ့စံ ထံ လျှောက်တင်ခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်မျိုး မပါ..ပါဘူး..ဘုရား..ချမ်းသာပေးပါ”
ပြည်မြို့ဝန် မောင်ခင် ၏ အသံက တုန်ရီနေသည်။
“ပြောမနေနဲ့..နင်တို့အတွက် နန်းတော်က သေဒဏ်တစ်ခါတည်း ပါလာပြီးသား....ဒီမှာ ရွှေနန်းရှင်အမိန့်စာ”
ဥပရာဇာက အမိန့်စာကို ဉီးမောင်၏ ရှေ့သို့ ပစ်ချပေးလိုက်သည်။
ကျီဝန်ငမောင် သည် အင်းဝနှင့်ဆက်သွယ်မှု၊ အင်းဝဗိုလ်မှူး ရဲခေါင်ကျော်စံ ဟံသာဝတီသို့ ခိုလှုံလာမှုတို့သည် ဟံသာဝတီမှ အင်းဝအား မဖြစ်မနေတိုက်ခိုက်ရန် အကြောင်းပြချက် ဖြစ်လာတော့သည်။
ဗညားဒလဘုရင်၊ လက်ျာဗိုလ် နှင့် လွီဇာတို့က ပြင်သစ်မှ ရောက်လာမည့် လက်နက်များကို စောင့်ဆိုင်းပြီး မှ အင်းဝကို တိုက်ရန် လိုလားကြသည်။
သို့သော် အိမ်ရှေ့ဉပရာဇာက ကြာရှည်လျင် ဟံသာဝတီဘက်မှထိုကဲ့သို့ သစ္စာဖောက်များ ပေါ်လာလျှင် ကိစ္စများမည်ဟု ဆိုကာ စစ်တိုက်ရန် ဆော်ြသခဲ့သည်။
တလပန်းကလည်း ဥပရာဇာ၏ အဆိုကို ထောက်ခံသည်။
နောက်ဆုံးတွင် ဟံသာဝတီသည် အင်းဝကို အပြီးတိုင်တိုက်ခိုက်သိမ်းပိုက်ရန် ဆုံးဖြတ်ချက်ချခဲ့တော့သည်။
စစ် ကား..မကြာမီ..ရောက်လာတော့မည်။
ခက်ဇော်
(Zawgyi)
AVA 1740s (Season 2)
အခန္း(၃၁)
......................................................
၁၇၅၀ ေဖေဖာ္ဝါရီ ၂၈ ရက္ေန႔။
ေကြ႕တပ္၏ ခံတပ္မ်ားရွိရာ အုတ္ဖိုနယ္အတြင္းသို႔ ကသည္းတို႔က စစ္ေၾကာင္းႀကီး သုံးေၾကာင္း ျဖင့္ ဝင္ေရာက္လာသည္။
မဏိပူရမင္းသား ဆန္ေဂ်းခူရာလက္ပ က ျမင္းစစ္သည္ (၁၅၀) ေလးကိုင္လွံကိုင္(၅၀၀)၊ အေျမာက္ (၃)လက္ျဖင့္ လက္ဝဲေၾကာင္း၊ စစ္သူႀကီးခ်န္ဒရာေမာ္နီ က ျမင္းစစ္သည္(၁၀၀) ေလးကိုင္လွံကိုင္ (၅၀၀) အေျမာက္ႀကီး (၃)လက္ျဖင့္ လက္်ာေၾကာင္း၊ မဏိပူရဘုရင္ ဂါရစ္နာဝဇ္က က ျမင္းစစ္သည္ (၁၅၀)၊ ေလးကိုင္လွံကိုင္ (၆၀၀)၊ အေျမာက္ႀကီး(၁၀)လက္တို႔ျဖင့္ ျဖန႔္ခြဲဝင္ေရာက္လာျခင္းျဖစ္သည္။
ေရွ႕ေျပးျဖစ္ေသာ ခ်န္ဒရာေမာ္နီ၏ တပ္မွ အေျမႇာက္ႀကီးပစ္သံစတင္လိုက္သည္ႏွင့္ ေနာက္ထပ္ အေျမႇာက္သံမ်ားဆူညံစြာထြက္ေပၚလာၾကသည္။
ေကြ႕ေရွ႕တန္းခံစစ္ကုန္းႏွစ္ခုတြင္ ငကက္ႏွင့္ ဗိုလ္ဘယ္ေက်ာ္ တို႔က ကြပ္ကဲေနၾက၏။
ေန႔လည္ပိုင္းတြင္ ငကက္၏ ခံတပ္က်သြားၿပီးသည့္ေနာက္ ဘယ္ေက်ာ္ ၏ ခံတပ္သို႔ ဆုတ္ကာ သြားေရာက္ပူးေပါင္းၾကသည္။
ကသည္းတပ္မ်ားလည္း စိတ္အားတက္ႂကြၿပီး ေရွ႕သို႔ တိုးကာ တိုက္ၾက၏။
ေရွ႕စစ္ေၾကာင္းဆီမွ ဆန္ေဂ်းခူရာလက္ပ က ဂါရစ္နာဝဇ္ရွိရာသို႔ ျမင္းျဖင့္ ေရာက္လာသည္။
“ဆန္ေဂ်း...ခ်န္ဒရာေမာ္နီ ဆီ မင္းအေျမႇာက္တပ္ေတြ သြားေပါင္းၿပီး..ဒီခံတပ္ကို ၿပိဳေအာင္တိုက္..ဒီေကာင္ၿပိဳရင္..အေနာက္ဘက္ခပ္လွမ္းလွမ္းမွာ ဂုဏၰအိမ္နဲ႔ ေထာ္ကန္တို႔ရဲ႕ ခံတပ္ရွိေနတယ္လို႔ သုံ႔ပန္းေတြဆီက ငါတို႔ သိထားတယ္”
ဆန္ေဂ်းက ဂါရစ္နာဝဇ္ကို စကားမျပန္ပဲ ေၾကာင္ေတာင္ေတာင္ျဖင့္ ၾကည့္ေန၏။
“မင္း..ဘာျဖစ္ေနျပန္တာလဲ..ဆန္ေဂ်း”
“ကြၽန္ေတာ္ ဆက္မတိုက္ႏိုင္ေတာ့ဘူး..ခမည္းေတာ္”
“ဘာ..ဘာလဲ..ဟိုေကြ႕မ ေၾကာင့္လား”
“ကြၽန္ေတာ္တို႔ သူ႔ဘဝတစ္ခုလုံးကို ပ်က္ေအာင္ဖ်က္ခဲ့ၾကၿပီးၿပီ..အခု..သူ႔ရဲ႕ အမ်ိဳးအႏြယ္ေတြကိုပါ စစ္ဆင္ေနတာ..ဟုတ္ရဲ႕လား..ခမည္းေတာ္...ေကြ႕ေတြဟာ အင္းဝဘုရင္ရဲ႕ ရန္သူပါပဲ..ကြၽန္ေတာ္တို႔ ရန္သူမွ မဟုတ္တာ”
ဂါရစ္နာဝဇ္က နေဘးမွ ေ႐ႊေရာင္ေထြးခံကို ေစာင့္ကန္လိုက္သည္။
ကြမ္းေသြးမ်ားက ေျမႀကီးတြင္ ႐ႊဲသြား၏။
“ငါတို႔က သူတို႔ကို ရန္သူလို႔ မသတ္မွတ္ေပမယ့္...သူတို႔က ရန္သူလို႔ သတ္မွတ္ခဲ့လို႔..ငါတို႔လူေတြ ေသြးေျမၾကခဲ့ၿပီမဟုတ္လား...ဆန္ေဂ်း...မင္း ဒီလို မျပတ္သားပုံမ်ိဳးနဲ႔ မဏိပူရကို မင္းလက္ထဲမွာ ငါဘယ္လို စိတ္ခ်ခဲ့ရမွာလဲ.....ဒီမွာ...မင္းမွတ္ထားဖို႔ကဒီစစ္ပြဲဟာ လိုအပ္လို႔တိုက္ေနတာ. ...ဒါၿပီးရင္လည္း မင္းရဲ႕ ညီ သွ်န္သွ်ားနဲ႔ မင္း စစ္တိုက္ရဉီးမယ္... ...မင္းရဲ႕ ရာဇပုလႅင္ကို မင္းကိုယ္တိုင္ ဖန္တီးယူရမယ္....မိန္းမတစ္ေယာက္အတြက္နဲ႔ စစ္ပြဲကို ျငင္းေနတဲ့ မင္းကို မဏိပူရရဲမက္ေတြသာ သိရင္..ဘယ္ေလာက္ကဲ့ရဲ႕ၾကလိမ့္မလဲ..ထြီ”
ဆန္ေဂ်းက ေခါင္းကိုသာ ငုံ႔ထား၏။
“မင္း..ဆက္မတိုက္ႏိုင္ရင္..အင္းဝနန္းေတာ္ကို ျပန္...ငါ့ဆီကိုေရာ..မဏိပူရကိုေရာ ဘယ္ေတာ့မွ ျပန္မလာခဲ့နဲ႔”
ဆန္ေဂ်းက အံကို တင္းတင္းႀကိတ္ထားရင္း ေခါင္းေမာ့လိုက္သည္။
“ကြၽန္ေတာ္ စစ္ဆက္တိုက္မယ္..အေဖ”
ျမင္းေပၚသို႔ ခုန္တက္ကာ ထြက္သြားေသာ ဆန္ေဂ်းကို ဂါရစ္နာဝဇ္က ၾကည့္ရင္း ၿပဳံးလိုက္သည္။
မတ္လ ၁ ရက္ေန႔။
ေနဝင္ေတာ့မည္။
ကသည္းတပ္မ်ားသည္ ႏွစ္ရက္ၾကာသည္အထိ ဒုတိယခံတပ္ကို မရၾကေသး။
အေမွာင္က တစတစ ခ်ည္းနင္းလာ၏။
အေျမႇာက္သံမ်ားက တျဖည္းျဖည္း နည္းလာရာမွ လုံးဝတိတ္ဆိတ္သြားသည္။
ကသည္းတပ္မ်ားက ပင္ပန္းလွၿပီျဖစ္သည္။
အခ်ိဳ႕လည္း တေနကုန္တိုက္ခိုက္ခဲ့ရသည့္အတြက္ ညေနစာစားရန္ ျပင္ဆင္ၾက၏။
“မနက္ျဖန္ မိုးေသာက္တာနဲ႔ ဂါရစ္နာဝဇ္ဘုရင္မင္းျမတ္ကိုယ္တိုင္ ဉီးစီးၿပီး ခံတပ္ကို ထိုးေဖာက္မယ္”
ကသည္းစစ္ဉီးစီးမႉးမ်ားမွာ ေရာက္ရွိလာသည့္ အမိန႔္စာခြၽန္မ်ားအသီးသီးကို ဖတ္ကာ မနက္ျဖန္အတြက္ အားေမြးေနၾကသည္။
ဂါရစ္နာဝဇ္၊ ဆန္ေဂ်းႏွင့္ ခ်န္ဒရာေမာ္နီတို႔ က သန္းေခါင္ယံအထိ...အေျမႇာက္မ်ား၊ တပ္မ်ားကို အဆင္သင့္ျဖစ္ေစရန္ လိုက္လံစစ္ေဆးေန၏။
“ဆန္ေဂ်း.နဲ႔..ခ်န္ဒရာ..မင္းတို႔လည္း တေနကုန္ပင္ပန္းေနၾကၿပီ...ကိုယ့္တဲစခန္းဆီ ျပန္အိပ္ရင္ အိပ္ၾကေတာ့...မနက္ ေလးနာရီေလာက္ ထိုးစစ္စမယ္”
ဆန္ေဂ်း က ယာယီတဲထဲသို႔ ဝင္ၿပီး အိပ္ရာေပၚတြင္ လွဲလိုက္သည္။
ပင္ပန္းမႈေၾကာင့္ မ်က္လုံးမွိတ္လိုက္သည္ႏွင့္ ေမွးခနဲ အိပ္ေပ်ာ္သြား၏။
ဆူဆူညံညံအသံမ်ားေၾကာင့္ ဆန္ေဂ်းလန႔္ႏိုးသြားသည္။
“မလႈပ္နဲ႔...ဆန္ေဂ်း”
ဓါးတစ္ေခ်ာင္းက ဆန္ေဂ်း၏ လည္ၿမိဳကို လာေထာက္ထား၏။
ဆန္ေဂ်းကို ဓါးျဖင့္ ေထာက္ထားသူက မ်က္ႏွာတြင္ အုပ္ထားေသာ အဝတ္ကို ဖယ္လိုက္သည္။
“နားလဲ”
“ငါ..ဒီေန႔ကို ေစာင့္ေနခဲ့တာၾကာၿပီ..ဆန္ေဂ်း”
ဆန္ေဂ်းက ဘာမွ မေျပာပဲ နားလဲကိုသာ ေဆြးေဆြးေျမ့ေျမ့စိုက္ၾကည့္ေနသည္။
ထို႔ေနာက္ နားလဲ၏ ေရွ႕တြင္ ဒူးေထာက္လိုက္၏။
“သတ္ပါ..နားလဲ...သတ္ပါ...ကိုယ္က...မင္းလက္နဲ႔ သတ္သင့္တဲ့ သူပါ”
နားလဲ၏ ပါးျပင္ေပၚမွ မ်က္ရည္ဉမ်ား တလိမ့္ခ်င္းစီးက်လာသည္။
“သတ္မယ္..ကတိမတည္တဲ့နင့္ကိုေရာ..နင့္အေဖကိုေရာ သတ္မယ္...နင္တို႔ အားလုံးကို ငါသတ္မယ္...ဒါေပမယ့္...နင္မေသခင္..ငါခံစားခဲ့ရတာေတြကို နားေထာင္သြားဉီး”
“ကိုယ္ အားလုံးသိၿပီးသားပါ..နားလဲ..ကိုယ့္ကို ျမန္ျမန္သတ္ၿပီး..သြားပါေတာ့..ကိုယ့္ရဲမက္ေတြ ေရာက္လာရင္ မင္းအတြက္အႏၲရာယ္ရွိတယ္..ျမန္ျမန္သတ္ပါ”
ဆန္ေဂ်းက ေရွ႕တိုးလိုက္သည္။
နားလဲ၏ ဓါးဉီးခြၽန္က ဆန္ေဂ်း၏ လည္ပင္းထဲ အနည္းငယ္နစ္ဝင္သြားသျဖင့္ ေသြးမ်ား ပင္ စို႔သြားသည္။
နားလဲ၏ လက္တို႔ တုန္ရီလာသည္။ ရႈိက္သံတစ္ခ်က္ထြက္ေပၚလာၿပီး နားလဲ၏ ဓါး လက္ထဲမွ လြတ္က်သြား၏။
“နင္ထားခဲ့တဲ့အခ်ိန္..ငါ..ဘယ္ေလာက္အားငယ္ခဲ့ရလဲ...နင္သိလား..ကိုယ္ဝန္ပ်က္က်ၿပီးခါစ ေသြးႏုသားႏုမိန္းမတစ္ေယာက္ကို စစ္ေျမျပင္မွာ ထားရစ္ခဲ့ခံရတာ..နင္သိလား..နင္သိလား”
နားလဲက ဆန္ေဂ်း၏ မ်က္ႏွာႏွင့္ပုခုံးတို႔ကို အဆက္မျပတ္ထု႐ိုက္ရင္း ေအာ္ဟစ္ေျပာေနသည္။
“ကိုယ္ေတာင္းပန္ပါတယ္..ကိုယ္ေတာင္းပန္ပါတယ္...နားလဲရယ္”
နားလဲက ဆန္ေဂ်း၏ ရင္ခြင္ထဲသို႔ ေခါင္းကို တိုးကာ တရႈံ႕ရႈံ႕ငိုသည္။
“နားလဲ...ျပန္ဆုတ္ၾကမယ္”
တဲအတြင္းသို႔ ငနက္ႏွင့္ ငကက္တို႔ ဝင္လာသည္။
နားလဲက ႐ုတ္တရက္ ဆန္ေဂ်း၏ ရင္ခြင္ထဲမွ ႐ုန္းထြက္လိုက္၏။
“နားလဲ..ဘာျဖစ္တာလဲ”
ငကက္ က ဆန္ေဂ်းကို ဓါးျဖင့္ ပိုင္းရန္ ဝင္လာ၏။
“မလုပ္နဲ႔..ငကက္”
နားလဲက ဓါးကိုေျမျပင္တြင္ က်ေနေသာ ဓါးကို ေကာက္ကိုင္ကာ...ဝင္တားလိုက္၏။
“နင္ဘာျဖစ္တာလဲ..နားလဲ...မင္းႀကီးဂုဏၰအိမ္ကို ေပးခဲ့တဲ့ ကတိေတြ နင္ေမ့သြားၿပီလား..နင့္တာဝန္နင္ေက်ပါ့မယ္ဆို..ဒီမွာ..ငါတို႔ကေတာ့ တာဝန္ေက်ခဲ့ၿပီ”
ငကက္က သူ႔လက္ထဲမွ ဉီးေခါင္းတစ္ခုကို ေျမႇာက္ျပလိုက္သည္။
စစ္သူႀကီးခ်န္ဒရာေမာ္နီ၏ ဉီးေခါင္း။
ဆန္ေဂ်းက အလန႔္တၾကားျဖစ္သြားသည္။ ငနက္ကလည္း သူ႔လက္ထဲမွ ေခါင္းကို ေျမႇာက္ျပလိုက္၏။
အမတ္ႀကီးမဟာသွ်န္သီ၏ ဉီးေခါင္း။
“ကဲ..ကိစၥျမန္ျမန္ျဖတ္ေတာ့....နားလဲ..နင္မျဖတ္ရင္ ငါတို႔ ျဖတ္ေပးရမလား”
“မလိုဘူး...ရတယ္”
နားလဲက ဓါးကို ကိုင္ကာ...ဆန္ေဂ်း၏ လည္ပင္းကို ႐ြယ္လိုက္၏။
ဆန္ေဂ်းက ထိုင္လ်က္မွ နားလဲကို ေမာ့ၾကည့္ေနသည္။
တခ်ိန္က သူမဒဏ္ရာမ်ားျဖင့္ ေမ့ေမ်ာေနရာမွ ျပန္သတိရခ်ိန္တြင္ ပထမဆုံးေတြ႕ခဲ့ရသည့္ ဆန္ေဂ်း၏ မ်က္လုံးမ်ား။
နားလဲ၏ ပါးျပင္ေပၚသို႔ မ်က္ရည္မ်ား ပိုးပိုးေပါက္ေပါက္က်လာသည္။
နားလဲ လက္ထဲမွ ဓါးက ေျမာက္တတ္သြားသည္။
ဆန္ေဂ်းက မ်က္လုံးကို စုံမွိတ္ထားလိုက္၏။
“မလုပ္နဲ႔ေတာ့..ငါ့ႏွမ”
တဲတံခါးဝမွာ အသံေၾကာင့္ နားလဲ၏ လက္ထဲမွ ဓါးက ေလထဲတြင္ ရပ္တန႔္သြားသည္။
“နင့္လက္နဲ႔ သူ႔ကို သတ္လိုက္ရင္..နင္တသက္လုံး ဒီထက္ နာၾကင္ေနရလိမ့္မယ္”
ဂုဏၰအိမ္ ဝင္လာသျဖင့္ ငနက္ႏွင့္ ငကက္တို႔က လက္အုပ္ခ်ီလ်က္ လမ္းဖယ္ေပးလိုက္ၾကသည္။
ဂုဏၰအိမ္က ဒူးေထာက္ေနေသာ ဆန္ေဂ်းေရွ႕တြင္ မတ္တပ္ရပ္လိုက္သည္။
“ငါမင္းကို လႊတ္ေပးလိုက္မယ္.....မင္းတို႔ တပ္က အေျမႇာက္ေတြလည္း ငါတို႔ ဖ်က္စီးၿပီးသြားၿပီ...မင္းတို႔ရဲ႕ အားကိုးရတဲ့ အမတ္စစ္သူႀကီးေတြကိုလည္း သတ္ၿပီးသြားၿပီ..ငါတို႔ႏွစ္ဖက္လုံးက လူေတြလည္း အေသအေၾကမ်ားတာ မင္းအေတြ႕ပဲ....ဒါကိုမွ မင္းတို႔က အင္းဝဘုရင္ဘက္ကေနၿပီး ေရွ႕ဆက္တိုးမယ္ဆိုရင္...ငါတို႔ ေနာက္ထပ္ ထပ္သတ္ၾက႐ုံပဲ...မင္းတို႔ဘက္က အခုျပန္လွည့္မယ္ဆိုရင္..ငါတို႔ကလည္း မင္းတို႔ရဲ႕ မဏိပူရကို ျပန္တဲ့လမ္းမွာ မေႏွာက္ယွက္ေတာ့ဘူးလို႔ ကတိေပးတယ္...မင္းအေဖကို အဲ့ဒီလို ေျပာလိုက္ပါ”
ဂုဏၰအိမ္က ဗမာဘာသာစကားျဖင့္ ေျပာလိုက္ျခင္းျဖစ္သည္။
ဆန္ေဂ်း က မတ္တပ္ထရပ္လိုက္၏။
“က်ဳပ္တို႔ မဏိပူရကို ျပန္ရမယ္..ဟိုမွာ က်ဳပ္တို႔ကို ေနာက္ထပ္ စစ္ပြဲက ေစာင့္ႀကိဳေနေသးတယ္”
“မနက္ မင္းတို႔ တပ္ေတြ ဆုတ္ခြာတာကို ငါတို႔ေစာင့္ၾကည့္ေနမယ္..ေဟာ့ဒီေခါင္းေတြကို မင္းခမည္းေတာ္ကို ျပလိုက္...ေနာက္ထပ္ ငါတို႔ကို တိုက္ေနမယ္ဆို..မဏိပူရမေရာက္ခင္..သူအားကိုးရတဲ့ သူေတြကို ငါတို႔က ေခါင္းထပ္ျဖတ္ဉီးမယ္လို႔..ပါ..ေျပာ..အဲ့ဒီအခါက်....မင္းကို ငါကိုယ္တိုင္ ေခါင္းျဖတ္မွာ”
ဂုဏၰအိမ္က တဲျပင္သို႔ ျပန္ထြက္သြားသည္။
ငနက္ႏွင့္ ငကက္က ေခါင္းမ်ားကို ဆန္ေဂ်းဆီသို႔ လွိမ့္ေပးလိုက္၏။
ဆန္ေဂ်းက ေခါင္းျပတ္ႀကီးမ်ားကို ေငးေနသည္။
“နားလဲ..သြားၾကစို႔”
ငကက္ က နားလဲ၏ လက္ေမာင္းကို ကိုင္ကာ ေျပာလိုက္သည္။
ဆန္ေဂ်းက နားလဲကို ေမာ့ၾကည့္သည္။
နားလဲ က မ်က္ရည္မ်ားၾကားမွ ခပ္ဝင့္ဝင့္ တခ်က္ၿပဳံးလိုက္ၿပီး ေက်ာခိုင္းထြက္ခြာသြားေတာ့၏။
...........................................................................................................................................................
“အေရွ႕မ်က္ႏွာတိုင္းႀကီးျပည္ႀကီး ထီးေဆာင္းမင္းအေပါင္းတို႔ကို အစိုးရေတာ္မူေသာ ေနာင္ေတာ္ဉတည္ဘြားမင္း ခ်စ္ၾကည္စြာ ၾကားေရာက္သည္။
အေနာက္မ်က္ႏွာတိုင္းႀကီးျပည္ႀကီး ထီးေဆာင္းမင္းအေပါင္းတို႔ကို အစိုးရေတာ္မူေသာ ဆင္ျဖဴဆင္နီမ်ားသခင္ အင္းဝဘုရင္ညီေတာ္ ေ႐ႊနန္းရွင္။
ေနာင္ေတာ္၏ ဂႏၶလရာဇ္ေ႐ႊနန္း ႏွင့္ ညီေတာ္၏ အင္းဝေ႐ႊနန္းတို႔အၾကား ေ႐ႊလမ္းေငြလမ္း၊ မေပါက္ေရာက္ၾကသည္မွာ ႏွစ္ ၁၅၀ ပင္ ရွည္ၾကရွိေခ်ၿပီ။
ေနာင္ေတာ္လည္း သံတမန္မေစ၊ ညီေတာ္လည္းသံတမန္မေစ၊ ေနၾကသည့္အရာသည္ သိၾကားနတ္ျဗဟၼာအေပါင္းကလည္း မလႈံ႕ေဆာ္ေလေသာေၾကာင့္ သကဲ့သို႔ ေနာင္ေတာ္ႏွင္ ညီေတာ္၊ ႏွစ္ျပည့္တစ္ျပည္ ေ႐ႊႏွစ္ျပားကို တစ္ျပားတည္း၊ ကိုယ္ႏွစ္ကိုယ္ကို တစ္ကိုယ္တည္းမရွိၾကရ၊ ထိုသို႔ျဖစ္ေနေလသမွ် မူးႀကီး၊မတ္ႀကီး၊ မိဖုရားသားသမီတို႔ႏွင့္တကြ ျပည္သူအမ်ားမွာ ယူႀကဳံးမရျဖစ္ၾကမည္စိုးရိမ္၏။
ထို႔ေၾကာင့္ ကမာၻႏွင့္အမွ် ညီေတာ္ေနာင္ေတာ္ ႏွစ္ျပည္ေထာင္ ခ်စ္ၾကည္စြာ ရာဇမဟာမိတ္ ျဖစ္မည့္အေၾကာင္း လဝၿမိဳ႕ကို အုပ္စိုးစီရင္သည့္ ၿမိဳ႕စား အိုက္တာရဲ ၊ အမတ္ႀကီး ထြန္းတာရဲ တို႔ ကို ညီေတာ္ေ႐ႊဖဝါးေအာက္ သံတမန္အျဖစ္ အလ်င္ခန႔္အပ္ေစလႊတ္ပါသည္။
ေနာင္ေတာ္၏ ခ်စ္ၾကည္စြာေပးသသည့္ လက္ေဆာင္ပဏၰာေ႐ႊဖ်င္ မ်ားကို ညီေတာ္မွ ႐ႊင္ျပစြာလက္ခံေတာ္မူၿပီး..ညီေတာ္ထံမွ ေပးဆက္မည့္ လက္ေဆာင္ပဏၰာမ်ားအားလည္း ေနာင္ေတာ္မွ ျပန္လည္လက္ခံရန္အသင့္ရွိေနပါသည္”
တ႐ုတ္ဧကၠရာဇ္ ခ်ိန္လုံမွ ေပးအပ္သည္ဆိုသည့္ သဝဏ္လႊာကို ထြန္းတာရဲ ေခၚ ငထြန္းက ေလွ်ာက္တင္အၿပီးတြင္ မဟာဓမၼရာဇာဓိပတိ ၏ မ်က္ႏွာမွာ တက္ႂကြ႐ႊင္လန္းသြား၏။
တ႐ုတ္ျပည္ကဲ့သို႔ အင္အားႀကီးမားေသာ တိုင္းျပည္ဧကၠရာဇ္က ညီေတာ္ေနာင္ေတာ္ဟူေသာ အေခၚအေဝၚျဖင့္ သံတမန္မ်ားေစလႊတ္ၿပီး လက္ေဆာင္ေပးသည္ဆိုသည္မွာ အင္းဝဘုရင္အတြက္ ဂုဏ္ယူစရာအတိ။
၁၇၅၀ ေဖေဖာ္ဝါရီ ၂၈ တြင္ ျမန္မာတို႔က တ႐ုတ္သံအမတ္ႀကီး ဧသူရဲ ဟု ေခၚသည့္ သတၱဳတြင္းတူးသမားဝူရွန္ရွိန္ဉီးေဆာင္သည့္ အဖြဲ႕သည္ အင္းဝၿမိဳ႕သို႔ ေရာက္ရွိလာသည္။
ဝူရွန္ရွိန္ႏွင့္အတူပါလာေသာ နမၼတူေဘာ္တြင္းမွ လူမိုက္ေခါင္းေဆာင္ငထြန္း သည္လည္း တ႐ုတ္အမတ္ဝတ္စုံဝတ္ကာ စကားျပန္အမတ္ႀကီးထြန္းတာရဲ ျဖစ္လာသည္။
တ႐ုတ္ျပည္အနယ္နယ္အရပ္ရပ္မွ သတၱဳတြင္းတြင္ ေသာင္တင္ေနၾကေသာ ဝူရွန္ရွိန္၏ ေျခပုက်ားဂိုဏ္းမွ ေနာက္လိုက္ ၁၂၀၀ သည္လည္း တ႐ုတ္သံတမန္တပ္ဖြဲ႕မ်ားအျဖစ္ အေယာင္ေဆာင္ခဲ့ၾကသည္။
အင္းဝဘုရင္က တ႐ုတ္သံအဖြဲ႕အတြက္ ေ႐ႊၾကက္ယက္တြင္ တဲကႏၷားႀကီးမ်ား ထိုးကာေနေစသည္။
၁၇၅၀ မတ္လ ၂ ရက္ေန႔တြင္ ဝူရွန္ရွိန္ ေခၚ ဧသူရဲ ႏွင့္ လက္ေဆာင္ပဏၰာမ်ားကို ေ႐ႊခ်ထားသည့္ ေလွာ္ကားေလွႀကီးျဖင့္ တင္ယူကာ အင္းဝတြင္ ဆိပ္ကမ္းတြင္ ႀကိဳဆိုၾကသည္။
ႏိုင္ငံေတာ္ရထား ဟုေခၚသည့္ ဆင္ႏွစ္ေကာင္ဆြဲသည့္ ေလးဘီးတပ္ရထားျဖင့္ မဟာဓမၼရာဇာဓိပတိဘုရင္ကိုယ္ေတာ္တိုင္ သံအဖြဲ႕ကို လာေရာက္ႀကိဳဆိုၾကသည္။
တ႐ုတ္သံအဖြဲ႕သည္ မေနာ္ရမၼံဥယ်ာဥ္တြင္ တ႐ုတ္ဧကၠရာဇ္ခ်ိန္လုံ၏ သဝဏ္လႊာကို ဖတ္ၾကားကာ ဆက္သသည္။
သတၱဳတြင္းလူမိုက္ေခါင္းေဆာင္ ဝူရွန္ရွိန္ႏွင့္ ငထြန္းတို႔ တိုင္ပင္ကာ လုပ္ႀကံေရးသားထားသည့္ သဝဏ္လႊာသာျဖစ္သည္ကို အင္းဝဘုရင္က စိစစ္ျခင္းမရွိပဲ အလြယ္တကူပင္လက္ခံခဲ့သည္။
မဟာဓမၼရာဇာဓိပတိသည္ တ႐ုတ္ျပည္ႏွင့္ သံတမန္ဘက္ျဖစ္လာသည့္အတြက္ စိတ္အားတက္ႂကြကာ ဧသူရဲေခၚ ဝူရွန္ရွိန္ႏွင့္ ထြန္းတာရဲ ေခၚ ငထြန္းတို႔ကို ရွင္ဘုရင္ကိုယ္တိုင္ႏွင့္ မိဖုရားမ်ားအားလုံးမွ တန္ဖိုးရွိလက္ေဆာင္မ်ား ေပးကာ နန္းေတာ္တြင္း ျပဳစုဧည့္ခံထားၾကသည္။
တ႐ုတ္ဧကၠရာဇ္အတြက္ လက္ေဆာင္ျပန္ပါးရန္ ေ႐ႊတစ္က်ပ္ခုႏွစ္မူးတစ္ပဲသားရွိသည့္ ေ႐ႊေပတစ္ေစာင္၊ ေငြတစ္က်ပ္သားရွိ ေ႐ႊေပတစ္ေစာင္၊ ဆင္ေကာင္းရွစ္စီး၊ ပတၱျမား (၇)လုံး၊ ေ႐ႊအစစ္ျဖစ္ျပဳလုပ္ထားသည့္ အသုံးအေဆာင္မ်ား၊ သကၠလတ္အက်ႌမ်ား ေပးပို႔ ရန္ အမိန႔္ခ်မွတ္ခဲ့သည္။
ထိုအခ်ိန္တြင္ ေကြ႕တို႔ႏွင့္ တိုက္ခိုက္ရာမွာ ျပန္လာခဲ့ေသာ ဂါရစ္နာဝဇ္ သည္ အင္းဝဘုရင္ထံ ဝင္ခြင့္ရရန္ နန္းၿမိဳ႕ျပင္ပတြင္ ေစာင့္ဆိုင္းေနရ၏။
သို႔ေသာ္ စစ္ရႈံးၿပီးျပန္လာသည့္ ဂါရစ္နာဝဇ္ကို အင္းဝဘုရင္က အေတြ႕မခံခဲ့။
.........................................................................................................................
၁၇၅၀ မတ္လ ၁၂ ရက္။
ျပည္ၿမိဳ႕ဝန္၏ေနအိမ္။
က်ီဝန္ဉီးေမာင္ ႏွင့္ ျပည္စားေမာင္ခင္ တို႔သည္ အလယ္တြင္ လိုက္ကာျခားလ်က္ ႐ိုးရာစစ္တုရင္ထိုးရန္ အကြက္ျပင္ေနၾကသည္။
ဉီးေမာင္က တေကာင္းထဲရွိ ထန္းရည္ခါးကို ငွဲ႔ၿပီး ေမာ့ရန္ ျပင္လိုက္၏။
ထိုအခ်ိန္တြင္ အိမ္ေပၚသို႔ ေျပးတက္လာၾကေသာ ေသနတ္ကိုင္တပ္သားမ်ားေၾကာင့္ ဉီးေမာင္လက္ထဲမွ ထန္းရက္ခြက္ပင္ လြတ္က်သြား၏။
“အားလုံး ၾကမ္းမွာေမွာက္ထား..အိမ္ေရွ႕ဉပရာဇာတပ္ေတြ မင္းတို႔ကို ဝိုင္းလိုက္ၿပီ”
ဉီးေမာင္ႏွင့္ ေမာင္ခင္က ေၾကာင္ေနၾကသည္။
“ေဖာင္း”
စစ္သည္တစ္ဉီးက ေသနတ္ကို မိုးေပၚေထာင္ေဖာက္လိုက္ရာ အိမ္ေခါင္မိုးပင္ ေပါက္ထြက္သြား၏။
ထိုအခါမွ ဉီးေမာင္ႏွင့္ေမာင္ခင္တို႔ ၾကမ္းျပင္တြင္ ဝပ္ခ်လိုက္ၾကသည္။
ဉီးေမာင္၏ မ်က္ႏွာေရွ႕သို ေ႐ႊေျခနင္းတစ္စုံ လာရပ္၏။
“သစၥာေဖာက္ကို ဝါးလုံးလွ်ိဳၿပီး ေႏွာင္ႀကိဳးတည္းၾကစမ္း”
“ကြၽန္ေတာ္မ်ိဳး ဘာလုပ္လို႔လဲ..ဘုရား...ကြၽန္ေတာ္မ်ိဳး”
ဉီးေမာင္ က လက္အုပ္ခ်ီလ်က္ ေမာ့ၾကည့္ကာ ေအာ္ဟစ္လိုက္သည္။
ဥပရာဇာဉီးေအာင္ျမ ။
ဉီးေအာင္ျမ နေဘးတြင္ ဗမာေသွ်ာင္ထုံးထုံးထားသည့္ လူလတ္ပိုင္းတစ္ဉီး။
“ငေမာင္...နင္ သူဘယ္သူလဲသိသလားဟဲ့”
ဉီးေအာင္ျမ က နေဘးမွ ေသွ်ာင္ထုံးလူကို ေမးေငါ့ျပလိုက္သည္။
“မသိပါ..ဘုရား..ဘယ္သူ”
“ေျဖာင္း”
ဉီးေအာင္ျမက ဉီးေမာင္၏ ဉီးဆံဖုတ္ကို လက္ျဖင့္ဆြဲကာ မ်က္ႏွာအား ျဖတ္႐ိုက္ခ်ပစ္လိုက္သည္။
“ဒါ ေညာင္ဉီးခံတပ္က ဗိုလ္မႉးရဲေခါင္ေက်ာ္စံ ဆိုတာပဲ...ကိုးသိန္းသခင္ဆီ နင္စာလႊာသြားပါးတဲ့လူေလကြယ္”
ဗိုလ္မႉးဂဇေက်ာ္တို႔၏ ၿခိမ္းေျခာက္မႈမ်ား၊ တပ္တြင္းရိကၡာခြဲတမ္းအဆင္မေျပမႈမ်ားေၾကာင့္ ရဲေခါင္ေက်ာ္စံသည္ သားမယားႏွင့္တကြ တိုက္ေလွမ်ားကို ယူေဆာင္ကာ ျမစ္ေၾကာင္းအတိုင္းစုန္ဆင္းၿပီး ဟံသာဝတီတပ္မ်ားထံ ခိုလႈံခဲ့ၿပီျဖစ္သည္။
ကိုးသိန္းသခင္ထံ စာလႊာပါးခဲ့သည့္ က်ီဝန္ဉီးေမာင္ ၏ အျဖစ္ကိုပါ ဟံသာဝတီအိမ္ေရွ႕စံ ထံ ေလွ်ာက္တင္ခဲ့ျခင္းျဖစ္သည္။
“ကြၽန္ေတာ္မ်ိဳး မပါ..ပါဘူး..ဘုရား..ခ်မ္းသာေပးပါ”
ျပည္ၿမိဳ႕ဝန္ ေမာင္ခင္ ၏ အသံက တုန္ရီေနသည္။
“ေျပာမေနနဲ႔..နင္တို႔အတြက္ နန္းေတာ္က ေသဒဏ္တစ္ခါတည္း ပါလာၿပီးသား....ဒီမွာ ေ႐ႊနန္းရွင္အမိန႔္စာ”
ဥပရာဇာက အမိန႔္စာကို ဉီးေမာင္၏ ေရွ႕သို႔ ပစ္ခ်ေပးလိုက္သည္။
က်ီဝန္ငေမာင္ သည္ အင္းဝႏွင့္ဆက္သြယ္မႈ၊ အင္းဝဗိုလ္မႉး ရဲေခါင္ေက်ာ္စံ ဟံသာဝတီသို႔ ခိုလႈံလာမႈတို႔သည္ ဟံသာဝတီမွ အင္းဝအား မျဖစ္မေနတိုက္ခိုက္ရန္ အေၾကာင္းျပခ်က္ ျဖစ္လာေတာ့သည္။
ဗညားဒလဘုရင္၊ လက္်ာဗိုလ္ ႏွင့္ လြီဇာတို႔က ျပင္သစ္မွ ေရာက္လာမည့္ လက္နက္မ်ားကို ေစာင့္ဆိုင္းၿပီး မွ အင္းဝကို တိုက္ရန္ လိုလားၾကသည္။
သို႔ေသာ္ အိမ္ေရွ႕ဉပရာဇာက ၾကာရွည္လ်င္ ဟံသာဝတီဘက္မွထိုကဲ့သို႔ သစၥာေဖာက္မ်ား ေပၚလာလွ်င္ ကိစၥမ်ားမည္ဟု ဆိုကာ စစ္တိုက္ရန္ ေဆာ္ၾသခဲ့သည္။
တလပန္းကလည္း ဥပရာဇာ၏ အဆိုကို ေထာက္ခံသည္။
ေနာက္ဆုံးတြင္ ဟံသာဝတီသည္ အင္းဝကို အၿပီးတိုင္တိုက္ခိုက္သိမ္းပိုက္ရန္ ဆုံးျဖတ္ခ်က္ခ်ခဲ့ေတာ့သည္။
စစ္ ကား..မၾကာမီ..ေရာက္လာေတာ့မည္။
ခက္ေဇာ္
Done 💪
ReplyDeleteကလိပီး
ReplyDeleteHai arigato
ReplyDeleteGood
ReplyDeleteDone🐬🐬🐬
ReplyDeleteAgain🐬🐬
Delete👌
ReplyDeleteDone 🤍
ReplyDeleteရေစက်မှ ပင်လယ်ဆီသို့
ReplyDelete-
သင်ဟာ လက်ထဲမှာရေစက်တစက်ပိုင်ထားတယ်။
ယနေ့ လူအများကိုအေးချမ်းစေနိုင်တဲ့ ပင်လယ်ကြီးတခုကို တည်ဆောက်နေကြတယ်။
တကယ်လို့ပင်လယ်တခုမဖြစ်လာသေးဘူးဆိုရင်
သင့်လက်ထဲက ရေစက်တစက်ကြောင့်ပဲ၊
အဲဒီရေစက်ဟာလည်း မကြာခင်အလိုလိုခြောက်ခန်းသွားမှာပါ။
ခုပဲသင့်လက်ကိုကမ်းလိုက်ပါ။