AVA 1740s (Season 2) အခန်း(၃၂)

AVA 1740s (Season 2)

                                                                       အခန်း(၃၂)

                                                             ......................................................

“မလွန်ခံတပ်ကျသွားပါပြီ..ဘုရား”

“သန်လျင်ဝန်သတိုးမင်းလှေကျာ်ထင် ၊ မင်းကြီးနန္ဒကျော်ထင်၊ ဗောဓိလှစားမင်းသား တို့ကို ဟံသာဝတီတပ်များက ဖမ်းဆီးပြီး ကွပ်မျက်လိုက်ပါပြီ..ဘုရား”

“စလင်းဝန်လည်း ဟံသာဝတီတပ်များ ထံမှာ အဖမ်းခံလိုက်ပါတယ်..ဘုရား”

“ဟံသာဝတီရှေ့ပြေးတပ်ဖြစ်တဲ့ ဒေါဗညားသီရိရဲ့ တပ်တွေက ပုဂံညောင်ဉီးအထိ တက်လာကြပါပြီ..ဘုရား”

“ဉီးရီးတော်ကိုးသိန်းသခင်တောင်ငူရာဇာ ရဲ့ တပ်များက ညောင်ဉီးကို လက်လွှတ်လိုက်ရပြီး သန်လျက်ဉီး မှာ ဆုတ်ခွာပြီး ခံစစ်ပြင်နေပါတယ်..ဘုရား”

အဆက်မပြတ်ဝင်လာနေသော စစ်သတင်းများသည် မဟာဓမ္မရာဇာဓိပတိနှင့်တကွ အင်းဝနန်းတော်တစ်ခုလုံး ကို လှုပ်ခတ်စေသည်။

အင်းဝပြည်သူတို့သည်လည်း စစ်ဘေးဒဏ်ထက် ကုန်ဈေးနှုန်းကြီးမြင့်မှုဘေး၊ အငတ်ဘေးကို စတင်ရင်ဆိုင်လာရပြီဖြစ်သည်။

တောင်ဘက်မှဟံသာဝတီနှင့်စစ်ပွဲ၊ မြောက်ဘက်မှ ကွေ့တို့နှင့်စစ်ပွဲ၊ ရာသီဉတုဖောက်ပြန်မှုတို့ကြောင့် စိုက်ပျိုးရေးများမဖြစ်ထွန်း၊ ကုန်သွယ်လမ်းကြောင်းများ ပိတ်ဆို့နေမှုက အင်းဝ၏ စီးပွားရေးကို စတင် ထိခိုက်စေပြီဖြစ်သည်။

ဆန်တတင်းလျှင် ၁၆ ကျပ် မှ ၄၀ အထိ ထိုးတက်သွား၏။

အင်အားတောင့်တင်းလှသော မလွန်ခံတပ်သည်ပင်လျှင် အင်းဝမှ ရိက္ခာမပေးပို့နိုင်မှုကြောင့် ဟံသာဝတီတပ်များကို ရေရှည်မတိုက်ခိုက်နိုင်ပဲ ကျဆုံးခဲ့ရခြင်းဖြစ်၏။

ကိုးသိန်းသခင်သည် ကွေ့တို့နှင့် စစ်ဆိုင်ထားသော စဉ့်ကိုင်ခံတပ်စခန်းကို ထားခဲ့ကာ ဟံသာဝတီတပ်များနှင့် ရင်ဆိုင်နေရသည်။

စဉ့်ကိုင်ခံတပ်ကျန်ရစ်သော ဝန်ကြီးမဟာတရဖျား၏ တပ်များမှာလည်း ကွေ့တပ်များ နှင့် ခံစစ်အနေအထား နေနေရ၏။

မဟာဓမ္မရာဇာဓိပတိသည် သာသာနာပိုင်ဉီးဉာဏသာဂရ၊ ရွှေကြာပင်ဆရာတော်တို့ အား ဆင် နှင့်တင်ကာ မြို့အနှံ့ ဥပ္ပါတသန္တိကျမ်း ကို ရွတ်ဖတ်ပူဇော်ပွဲကျင်းပသည်။

အင်းကွက်များ ရေးဆွဲပြီး မြို့လေးဘက်လေးတန်ရှိ စေတီများ၏ ထီးတော်များပေါ်တွင် အစီအရင်များ ပြုလုပ်သည်။

ထိုသို့ စစ်မီး၊ အငတ်ဘေးမီးများဖြင့် ပူလောင်နေသည့် အင်းဝမြို့နှင့် မနီးမဝေးတွင် ပူနေသူ တစ်ဉီး ရှိသည်။

သူကား အင်းဝနှင့် မနီးမဝေး ရွှေကြက်ယက်သံတဲမှ တရုတ်သံအမတ် ဧသူရဲ ဟု ခံယူထားသူ ဝူရှန့်ရှိန်။

“နင်တို့ ကိုယ်လုံးကြီးတွေ ငါ့အပေါ်က ဖယ်ကြပါဉီး”

ဝူရှန်ရှိန်က တရုတ်လိုပြောသည်။

ခန္ဓာကိုယ်တောင့်တောင့်ထွားထွား အင်းဝသူပြည့်တန်ဆာမလေးများက သူ့စကားကို နားမလည်။

တခစ်ခစ်ရယ်လျက်..ချွေးများရွှဲနေသည့် ခန္ဓာကိုယ်ကြီးပေါ်တွင် တက်ခွရင်း စနောက်နေကြ၏။

“ငထွန်း..ငထွန်း..မင်းကောင်မတွေကို လာပြောဉီး..ငါပြောတာလည်း သူတို့နားမလည်ကြဘူး”

ကပ်လျက်တဲပေါ်တွင် တကူးကူးစီးတမ်းဆော့ရန်ပြင်နေသော ငထွန်းက အလူးအလဲ ထလာ၏။

“ဟေ့..သခင်ကြီးက နင်တို့ကို သူ့အပေါ်က နေ ဖယ်ပြီး..ထွက်သွားကြစမ်းတဲ့”

အမျိုးသမီးငယ်နှစ်ဉီး က ကုတင်ခေါင်းရင်းတွင် တင်ထားသော ရင်ဝတ်များကို လှမ်းယူပြီး လွှားလိုက်ကြသည်။

ထို့နောက် ငထွန်း၏ ရှေ့တွင် လက်ဝါးဖြန့်လိုက်ကြ၏။

ငထွန်းက ငွေတုံးနှစ်တုံး ပေးလိုက်သည့်အခါမှ ပျော်မြူးစွာ ထွက်သွားကြတော့သည်။

“ငထွန်း....ခုန လုပ်နေရင်းကိုင်နေရင်းမှ ငါ အကြံနောက်တစ်ခု တွေးမိလို့..မင်းကို ခေါ်လိုက်တာပဲ..ဟိုညီအစ်ကိုနှစ်ယောက်ကိုပါ ခေါ်လိုက်”

ငထွန်းက တဖက်တဲများတွင် ရှိနေသော စွန်းအယ့်လန် နှင့် စွန်းလန်တဲ ညီနောင်ကိုပါ ခေါ်လိုက်သည်။

ဝူရှန်ရှိန်က ချွေးများဖြင့် ရွှဲနစ်နေသည့် သူ့ခန္ဓာကိုယ်ကို ယပ်တောင်ဖြင့် ခပ်လိုက်သည်။

“မနေ့က စစ်ကိုင်းဘုရင်ခံရွှေဖြိုး နဲ့ တွေ့တဲ့အခါမှာ အင်းဝဘုရင်က သူတို့ဘက်ကနေ ငါတို့ကို စစ်တိုက်ပေးစေချင်ကြောင်း ပြောနေတာမင်းတို့ အသိပဲ..ပြီးတော့ သူတို့က ပီကင်းကိုလည်း ငါနဲ့အတူ သံတမန်အဖွဲ့ထည့်ပေးလိုက်ချင်တယ်တဲ့..အဲ့ဒါက တကယ့်ပြဿနာ..ပီကင်းဆိုတာ ငါတောင် တစ်ခါမှ မရောက်ဖူးဘူး..ငါတို့ က ဒီမှာ သံတမန်အတုလုပ်နေတာ ပီကင်းနန်းတော်ကသိသွားရင်..အကုန်သေကုန်တော့မှာ..အင်းဝနန်းတော်က သိသွားရင်လည်း သက်သာမှာမဟုတ်ဘူး”

ဝူရှန်ရှိန်၏ စကားကြောင့် အားလုံး မျက်နှာလေးများ ငယ်သွားကြသည်။

“ဒါပေမယ့်..အခု ငါ့မှာ အကြံအစည်ရှိပါတယ်..အဲ့ဒီ အကြံအစည်ကို မင်းတို့သဘောထားခေါ်မေးတာပဲ”

“အကိုကြီး..အကြံအစည်ကိုသာ ပြောပြပါ”

“ငါတို့ အားလုံး အခြေချဖို့ တရုတ်ပြည်နဲ့ အင်းဝကြားမှာ နေရာတစ်ခုတော့ ရှိနေဖို့လိုတယ်... ငထွန်း..မင်းလက်လွှတ်လာခဲ့တဲ့ နမ္မတူဘော်တွင်း..ဟာ အခု ကွေ့တွေ လက်ထဲမှာ မဟုတ်လား”

ငထွန်းက ခေါင်းညိတ်ပြသည်။

“ငါ့အကြံအစည်က ကွေ့တွေကို တိုက်ပေးမယ်ဆိုပြီး အင်းဝဘုရင်ကို လျှောက်မယ်..ငါတို့မှာလက်နက်အလုံအလောက်မပါတဲ့အတွက် ငါတို့တပ်တွေအတွက် လိုအပ်တဲ့လက်နက်တွေ ပေးပါဆိုပြီး တောင်းမယ်..လက်နက်တွေရရင်...ကွေ့တွေကို တိုက်မယ်..အဓိက က ဘော်တွင်းကို ရဖို့ပဲ....ဘော်တွင်းကို ရတာနဲ့ အင်းဝဘုရင်ဆီကနေ အဲ့ဒီမှာ နေထိုင်လုပ်ကိုင်ခွင့်ကို ငါ့နည်းငါ့ဟန်နဲ့ တောင်းမယ်ကွာ..ဘယ်လိုလဲ”

“ပီကင်းကို ကျွန်တော်တို့နဲ့အတူ အင်းဝသံအဖွဲ့ထည့်ပေးလိုက်မယ့်ကိစ္စကရော”

“အေး..ငါ့မှာ ဒုတိယအကြံအစည်ရှိတယ်..အဲ့ဒါကတော့...ပီကင်းကိုလည်း အင်းဝကို လုပ်သလို လုပ်ရမှာပဲ...မြန်မာဘုရင်ရဲ့ သဝဏ်လွှာ က မြန်မာလိုရေးမှာပဲ...တရုတ်လို ပြန်ပေးရမှာက ငထွန်း..မင်းပဲ ပြန်ပေးရမှာပဲလေ”

“ဟုတ်ကဲ့”

“အဲ့ဒီတော့..ဘာသာပြန်သဝဏ်လွှာမှာကျရင်...အင်းဝဘုရင်က အင်းဝကို တရုတ်ဧက္ကရာဇ်ရဲ့ အစောင့်အရှောက်ခံနယ်မြေအဖြစ် အသိအမှတ်ပြုပေးဖို့ တောင်းဆိုကြောင်း၊ ယခုလာတဲ့ ဝူရှန်ရှိန်နှင့်တကွ မြန်မာသံအမတ်တွေကို လွှတ်တယ်ဆိုပြီး ရေးဖို့လိုမယ်”

ငထွန်းမှာ မျက်လုံးပြူးသွား၏။

“ပီကင်းနန်းတော်ကို လိမ်ဖို့က အဲ့ဒီလောက်လွယ်ပါ့မလား”

“ငါ စုံစမ်းထားရသလောက် ပီကင်းနန်းတော်မှာ မြန်မာစာတတ်တဲ့သူတစ်ယောက်မှ မရှိဘူး..ဟိုရောက်လည်း ငါတို့ ဘာသာပြန်ပေးသမျှ နှစ်ဖက်လုံးက ယုံကြရမယ်မဟုတ်လား..ပီကင်းက ပါ ငါ့ကို ဆုလာဘ်တွေချ ၊ အခွင့်အရေးတွေပေးရင်..မောက်လုံဘော်တွင်းကိုပါ ငါပြန်ရနိုင်ပြီမဟုတ်လား..မောက်လုံရော...နမ္မတူကိုရော ရထားရင်..ငါတို့ အတွက် ဘာလိုဉီးမှာလဲ...အရင်လို နေ့စွဲတွေ ပြန်လာပြီပေါ့..ငထွန်းရ”

ဝူရှန်ရှိန်က သူ၏ နှုတ်ခမ်းမွှေးထောင်ထောင်ကို လက်ဖြင့် ဆွဲကာ ပြုံးလိုက်သည်။

....................................................................................................

တရုတ်သံအမတ်ကြီး ဝူရှန်ရှိန်နှင့် အဖွဲ့ နန်းရင်ပြင်မှ ပြန်လည်ထွက်ခွာသွားကြသည်။

မဟာဓမ္မရာဇာဓိပတိ မှာ ဝမ်းသာပီတိဖြစ်ကာ ပလ္လင်ပေါ်မှဆင်းပြီး သာသနာပိုင်ဆရာတော်ဉီးဉာဏသာဂရ ကို ရှိခိုးဉီးခိုက်လိုက်သည်။

“ညကျ နန်းတော်တွင်းမှာ ဆရာတော်ဘုရားအတွက် ဗျန်အကောင်းစား ဆက်ကပ်ရန် စီစဉ်ထားပါတယ်..ဆရာတော်ကျေးဇူးကြီးလှပါတယ်..ဘုရား...ဆရာတော့်ရဲ့ အင်းကွက်အစွမ်းကတော့...အင်းဝပြည်ကြီးကို ကယ်တင်နိုင်ပြီပေါ့..ဘုရား”

ဉီးဉာဏသာဂရ ၏ အစီအရင်များ ဖြင့် ဘုရာစေတီများတွင် အင်းချပြီး မကြာမီပင်..စစ်ပွဲနှင့်ပတ်သက်ပြီး သတင်းကောင်းများ ရောက်လာခဲ့သည်။

ပထမသတင်းမှာ သန်လျက်ဉီးတွင် ဟံသာဝတီဥပရာဇာဉီးအောင်မြ တပ်နှင့် ကိုးသိန်းသခင်တပ်များ ရက်ပေါင်းနှစ်ဆယ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက်..ဟံသာဝတီတပ်များ ရှားပင်ရွာသို့ ဆုတ်သွားကြသည်။

ထို့နောက် ဟံသာဝတီဥပရာဇာက အင်းဝ နှင့် ဟံသာဝတီကြား စစ်ပြေငြိမ်းရန် စာကမ်းလှမ်းခဲ့သည်ဟူသည့်သတင်း။

ဒုတိယသတင်းမှာ တရုတ်ဧက္ကရာဇ်ချိန်လုံ က အင်းဝရောက် တရုတ်သံတပ်ဖွဲ့များအနေဖြင့် အင်းဝဘုရင်ထံမှ လက်နက်ဆင်မြင်းများ ယူကာ ကွေ့တပ်များကို တိုက်ခိုက်ပေးရန်နှင့် အောင်မြင်ပါက နမ္မတူဘော်တွင်းကို တရုတ်သံတမန်များ လုပ်ဆောင်ခွင့်ပေးရန် တို့ ဖြစ်သည်။

ထိုသတင်းကို တရုတ်သံတမန်ကြီးဖြစ်သူ ဧသူရဲ ခေါ် ဝူရှန်ရှိန် ကိုယ်တိုင် လာရောက်လျှောက်တင်သွားခြင်းဖြစ်သည်။

ထိုကိစ္စတိုင်ပင်ရန်လည်း ကိုးသိန်းသခင်ကို စစ်ပွဲများနားနေခိုက် ဆင့်ခေါ်လိုက်သည်။

အောင်နန်းဘုံကျော်နန်းတော်၏ ညနေခင်း။

တချိန်က အင်းဝတွင် အလွန်ပေါများခဲ့သော်လည်း ယခုအခါ အလွန်ရှားပါးနေပြီဖြစ်သည့် ဗျန်အရက် ခေါ် ဘရန်ဒီအရက်ပုလင်းများ က မနော်ရမ္မံဉယျာဉ်အတွင်း အသင့်နေရာယူထား၏။

ပန်းရနံ့တို့နှင့်အတူ တူရိယာသံများ က နားဝင်ချိုလှသည်။

တရုတ်သံတမန်ဝူရှန်ရှိန် က ဗမာစကားမပီကလာဖြင့် ပြောဆိုနေမှုကို သာသနာပိုင်ဆရာတော်ကြီးက ဗျန်တစ်ခွက်ကို မော့လိုက်ပြီး တဟားဟားအော်ရယ်သည်။

မဟာဓမ္မရာဇာဓိပတိ၏ ချောမောသောဖြူစင်သောမျက်နှာမှာလည်း ပီတိများလွှမ်းလျက်။

ကိုးသိန်းသခင်နှင့် ဇနီးအသစ်ဖြစ်သော ဘုရင့်နှမတော်မြေတူးမင်းသမီးတို့ ဝင်လာကြသည်။

နှစ်ဖက်ညှပ်နေသည့် စစ်ပွဲများအတွင်း ပင်ပန်းစွာတိုက်ခိုက်ခဲ့ရသည့် ကိုးသိန်းသခင်က နန်းတော်တွင်းမှ ပျော်ပွဲရွှင်ပွဲများကို စိတ်ပျက်စွာငေးကြည့်လိုက်သည်။

မဟာဓမ္မရာဇာဓိပတိ က ကိုးသိန်းသခင်၏ အခြေအနေကို ရိပ်မိလိုက်၏။

“ဘထွေးတော်..သင့်ရာမှာ..ခစားပါလေ...ကိုယ်တော် ဘထွေးတော်ကို ဟော့ဒီက တရုတ်သံတို့ကိစ္စလည်း မိန့်စရာရှိလို့ပါ”

“ကျွန်တော်မျိုး သိသင့်သလောက် သိပြီးပါပြီ..ဘုရင်မင်းမြတ်...ကွေ့တွေဆိုတာ ကျွန်တော်မျိုး ကို ရင်ဆိုင်တိုက်ဝံ့သူတွေမဟုတ်ကြပါဘူး..သူတို့ကစနစ်တကျ ဖွဲ့စည်းထားတဲ့ စစ်တပ်မျိုးလည်း မဟုတ်ကြပါဘူး..ဟံသာဝတီက စစ်ခေတ္တရပ်ထားတယ်ဆိုပေမယ့်..ယုံကြည်မရတဲ့အခြေအနေပါ..ဒီအခြေအနေမျိုးမှာ..ကွေ့တွေ က ကိုယ့်ကို လာမတိုက်သေးသမျှ ကိုယ်ကလည်း သွားမတိုက်သေးပဲ..အချိန်ဆွဲထားသင့်ပါတယ်.. အခုလို ရိက္ခာပါးရှားချိန်မှာ မလိုအပ်ပဲ ထိုးစစ်မစစေချင်ပါ..ဘုရား”

ကိုးသိန်းသခင်၏ စကားကို ငထွန်းက ဝူရှန်ရှိန်အား တရုတ်ဘာသာဖြင့် ပြောလိုက်သည်။

ဝူရှန်ရှိန်က တရုတ်ဘာသာဖြင့် ပြန်ပြော၏။

ငထွန်းက မဟာဓမ္မရာဇာဓိပတိကို ဉီးတိုက်လိုက်သည်။

“သံတမန်ကြီးဧသူရဲက ကိုးသိန်းသခင်လျှောက်တင်ချက်အပေါ် သူကလည်း လျှောက်တင်ပါရစေတဲ့..ဘုရား... အင်းဝဘုရင်၏ ရန်သူဟာ တရုတ်ဘုရင်ရဲ့ ရန်သူပါပဲ...ကိုးသိန်းသခင်မင်းခေါင်ဟာ စစ်ဘုရင်အမည်ခံထားပေမယ့်...စစ်တိုက်ဖို့အရေးနှောင့်နှေးနေတာဟာ ရန်သူကို အင်အားကြီးခွင့်ပေးနေတာမျိုးပါပဲ...ဒီတော့ တရုတ်စစ်သည်တို့အနေနဲ့ အင်းဝ ရဲ့ ရန်သူကို အင်အားကြီးခွင့်မပေးနိုင်ပါဘူး”

“တိတ်စမ်း...မင်းက ဘယ်သူလဲ”

ကိုးသိန်းသခင်က ငထွန်းကို လှမ်းအော်လိုက်သည်။

ကိုးသိန်းသခင်က ဒေါသကြောင့် အံကို ကြိတ်ထား၏။

“ကျုပ်က တရုတ်သံအမတ်..ထွန်းတာရဲပဲ..သံအမတ်တစ်ယောက်ကို ဒီလို ဆက်ဆံဝံ့တာဟာ..တရုတ်ဘုရင်ကို စော်ကားတားပဲ..ကိုးသိန်းသခင်”

“ကဲ...ကဲ..တော်ကြတော့..တော်ကြတော့...ဒီက သံအမတ်ကြီးပြောတာလည်း ဟုတ်ပါတယ်..ဘထွေးတော်ကလည်း စစ်ပွဲတွေထဲ ပင်ပန်းလာခဲ့တာဆိုတော့..ကိုယ်တော်နားလည်ပါတယ်..ဒါပေမယ့်..ဘထွေးတော်...သူတို့ နိုင်ငံခြားသားတွေကတောင် တိုက်ပေးပါ့မယ်လို့ ပြောလာတာ..ကျုပ်တို့အတွက် ခွန်အားပဲ မဟုတ်လား.. ဘာပဲဖြစ်ဖြစ် ဟံသာဝတီစစ်ခေတ္တ နားနေတုန်း..ကွေ့အရေးကို ဒီတရုတ်မိတ်ဆွေကြီးများက အပြတ်ချေမှုန်းပေးမယ်ဆိုတာ ကောင်းတာပဲ မဟုတ်လား..ဘထွေးတော်လည်း မပင်ပန်းတော့ဘူးပေါ့”

“ကျွန်တော်မျိုးက စဉ့်ကိုင်မှာ တပ်တည်ထားကတည်းက ကွေ့တွေရဲ့ စစ်ရေးစစ်ရာကို လေ့လာနေခဲ့တာပါ...ကွေ့တွေဟာ တပ်ရင်း တပ်ခိုင်တွေ အတည်တကျနေပြီး တိုက်တာမဟုတ်ပါဘူး..စုစည်းတပ်ဖျောက် တပ်ဖျောက်စုစည်း ဆိုတဲ့အတိုင်း ပျောက်ကျားစစ်နဲ့ တိုက်ကြတာပါ..သူတို့ခံတပ်များကိုလည်း တလတနေရာလောက် ရွှေ့နေကြတာပါ...သူတို့ကိုက အချိန်ယူပြီးဖြည်းဖြည်းချင်းတိုက်ကြရပါမယ်...ဒါကြောင့် နိုင်ငံခြားကလာပြီး နယ်မြေမသိတဲ့ တရုတ်တပ်များအနေနဲ့”

“စကားတွေ မကျွံနဲ့ ဘထွေးတော်..တရုတ်ဆိုတာ..ကျုပ်တို့ထက် အင်အားထောင်သောင်းမကကြီးတဲ့ နိုင်ငံမဟုတ်လား..သူတို့မနိုင်ရင်တောင်..နောင်တော်တရုတ်ဘုရင်က စစ်ကူလွှတ်ပေးတဲ့အခါ ကွေ့တင်မက..ဟံသာဝတီပါ ခံနိုင်ရိုးလားကွဲ့”

ကိုးသိန်းသခင်က ဆက်မလျှောက်တော့ပဲ မြေပြင်ကိုသာ ငေးနေသည်။

“ကဲ..ဒါနဲ့ ဟံသာဝတီကိစ္စ လျှောက်ပါဉီး..ဘထွေးတော်”

“ဟံသာဝတီ ဥပရာဇာ က ကြားရောက်တဲ့စာမှာတော့...နှစ်ဖက် ရဟန်းရှင်လူများ သေကြပျက်စီးနှုန်းများလာတာကြောင့် ဟိုးယခင် ရာဇဓိရာဇ် နှင့် မင်းခေါင် တို့ကဲ့သို့ အင်းဝ ဟံသာဝတီ နယ်ပိုင်းခြားကာ စစ်ပွဲများကို ရပ်တန့်စေလိုတယ်လို့ ပါလာပါတယ်..ဘုရား”

“အင်း..ဒါလည်း ဟုတ်သားပဲကွဲ့...ဘထွေးတော်သဘောကရော”

“ဒါ နှစ်ပြည်ထောင်ကိစ္စမဟုတ်ပါဘူး...ဘုရား..ဟံသာဝတီက အင်းဝလက်အောက်ခံပါ..အင်းဝလက်အောက်ခံကနေ အင်းဝ အားနည်းချိန်မှာ ပုန်ကန်တဲ့ သစ္စာဖောက်တွေပါ..အခု ဟံသာဝတီဘုရင်လို့ ခံယူထားတဲ့ အောင်လှ ဟာလည်း တစ်ချိန်က အရှင်မင်းကြီးရဲ့ ကျွန်..ဆင်ထိန်းပဲ မဟုတ်လား..ဘုရား....အရှင်မင်းကြီးကို ကျွန်ဆင်ထိန်းတစ်ယောက်က တန်းညှိလာတာကို ဗိုလ်မှူးဗိုလ်ချုပ်၊ သူရဲသူခက်များက ကျေနပ်ခြင်းမရှိကြပါ”

မဟာဓမ္မရာဇာဓိပတိက သက်ပြင်းချလိုက်သည်။

“ငါကိုယ်တော် ကို အောင်လှ က တန်းညှိတယ်ဆိုတာကတော့ မဖြစ်သင့်ပေဘူး..ဒါပေမယ့်..စစ်တွေဖြစ်တဲ့အခါ လူတွေ သေကြတယ်.. ပြည်သူမှာ ငတ်မွတ်ဘေးက ကြုံရတဲ့ကြားထဲ သေကြကြေကြတာကို ကြားရတာ စိတ်မချမ်းမြေ့လှဘူး...ဘထွေးတော်”

“မြုံနေတဲ့...အနာဆိုတာ မရင်းခင် ခွဲထုတ်ရတာပါ...အနာရင်းပြီးမှ ခွဲရင် ပိုခက်ခဲပါလိမ့်မယ်..ဘုရား...အခု ဟံသာဝတီဉပရာဇာတပ်တွေကို ကျွန်တော်မျိုးတပ်တွေနဲ့ မင်းကြီးကျော်စွာတပ်တွေ က ညှပ်ပိတ်ထားတာကို ခံနေရပါတယ်..ဒီအခြေအနေမျိုးမှာ သူတို့ဘက်က အရေးတောင်းတာကို လက်မခံပဲ..စစ်ကို ဖိတိုက်စေချင်ပါတယ်....နောက်တစ်ခုရှိသေးတာက..ဟံသာဝတီဉပရာဇာက စစ်ပြေငြိမ်းပြီဆိုရင်...အင်းဝအနေနဲ့ ဟံသာဝတီက ဘုရားစေတီတွေကို ရွှေသင်္ကန်းကပ်ဖို့အတွက် ရွှေဆိုင်း ငါးထောင်လှူပေးစေလိုပါတဲ့..ဘုရား”

“ဟေ...အင်း..ကောင်းမှုကုသိုလ်အရာပေပဲ”

“ကောင်းမှုကုသိုလ်မဟုတ်ဘူး..ဘုရား...ဟံသာဝတီက ကျွန်တော်မျိုးတို့ကို စကားအလှသုံးပြီး စစ်စရိတ်တောင်းနေတာပါ”

“ဟင်..အဲ့ဒီလိုလား..ဘထွေးတော်”

“ဒါဟာ လက်အောက်ခံ နိုင်ငံတစ်ခုက စော်ကားနေတာမဟုတ်ပါလား..ဘုရား”

“ဘထွေးတော်....အခုချိန်မှာ ဟံသာဝတီကိစ္စကို ကျုပ်တို့ လိုက်လျောလိုက်တာ ကောင်းမယ်ထင်တယ်...ကွေ့တွေကို တရုတ်တပ်များနှင့်အတူ အရင် အမြစ်ဖြတ်ပစ်ပြီးမှ ဟံသာဝတီကိစ္စ စဉ်းစားသင့်တယ်..အမတ်ကြီးပဒေသရာဇာတို့၊ ကိုကြီးဖြိုး တို့ရော..ဘယ့်နှယ့်ထင်ကြတုန်း”

“မှန်ပါ....မင်းတရားကြီးရဲ့ အတွေးက သာလွန်ကောင်းမွန်လှပါတယ်....ဟံသာဝတီက အရေးတောင်းတုန်းမှာ လိုက်လျောထားပြီး ကွေ့သူပုန်အရေးကို တရုတ်မဟာမိတ်တို့နှင့်အတူ အရင်နှိမ်နင်းသင့်ပါတယ်”

ဝန်ကြီးရွှေဖြိုး က လျှောက်တင်သည်။

“အကြီးတော်ကရော”

“စစ်ကိုင်းမင်းဉီးရွှေဖြိုး လျှောက်တင်တဲ့ အတိုင်း...အနီးအနားက ကွေ့တွေကို အရင်တိုက်တာ သင့်လျော်ပါတယ်”

“ကဲ..အများသဘောက ညီနေပြီပဲ...ဘထွေးတော်...ဒီတော့...ဟံသာဝတီ က တောင်းတဲ့ ရွှေဆိုင်း ငါးထောင်ကို ပေးဖို့ ကိုယ်တော်တို့ စီစဉ်လိုက်ပါ့မယ်..ဘထွေးတော်က စဉ့်ကိုင်တပ်ကို ပြန်ပါ...မကြာခင် တရုတ်တပ်တွေကို လက်နက်တပ်ဆင်ပေးပြီး လွှတ်လိုက်ပါ့မယ်..ဘထွေးတော် အနေနဲ့ တရုတ်တပ်တွေကို ကွေ့တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ပေးလိုက်ပါ...သူတို့ က ကွေ့ခေါင်းဆောင် ဂုဏ္ဏအိမ်ကို ကိုယ်တော့်ဆီ အရှင်ဆက်သပါ့မယ်တဲ့”

ကိုးသိန်းသခင်က ခေါင်းငုံ့ကာ လှောင်ပြုံးပြုံးလိုက်တော့သည်။

.................................................................................................................

၁၇၅၀ မေလ ။

စဉ့်ကိုင်ခံတပ်ပေါ်မှ တံပိုးမှုတ်သံ ထွက်ပေါ်လာ၏။

ခြောက်သွေ့ပူပြင်းလှသော လွင်ပြင်ဆီမှ ဖုန်လုံးကြီးများ။

ကိုးသိန်းသခင် နှင့် ဝန်ကြီးပဒေသရာဇာတို့ ခံတပ်ပေါ်သို့ တက်လာကြသည်။

ကိုးသိန်းသခင်က စစ်သုံးမှန်ပြောင်းဖြင့် လှမ်းကြည့်လိုက်ပြီး ပြုံးလိုက်၏။

ထို့နောက် ဝန်ကြီးပဒေသရာဇာထံ ကမ်းပေးလိုက်သည်။

“ခင်ဗျားတရုတ်တွေ..တပ်ပျက်လာပြီ..အကြီးတော်မင်းရေ”

လွန်ခဲ့သော တစ်လက ကွေ့တပ်များကို တိုက်ခိုက်ရန် မတ္တရာသို့ ထွက်သွားသည့် လူ ၁၂၀၀ ပါသော တရုတ်တပ်ကြီးမှာ ကစဉ့်ကလျားဖြင့် ပြန်လည်ဆုတ်ခွာလာကြသည်။

တရုတ်တပ်များမှာ စဉ့်ကိုင်ခံတပ်အနီးအရောက်တွင် ခြေပစ်လက်ပစ် လှဲချပစ်ကြသည်။

ဝူရှန်ရှိန်က ဆင်ပေါ်မှ အလံဖြူကို ကိုင်ကာ ဝှေ့ယမ်းပြ၏။

“ခံတပ်တံခါးကို မဖွင့်ပေးကြနဲ့ဉီးဟေ့”

ကိုးသိန်းသခင်က အမိန့်ပေးလိုက်သည်။

“ဘာဖြစ်လို့လဲ..ဘထွေးတော်မင်း”

“ဒီတရုတ်တွေနောက်မှာ ကွေ့တွေ ကပ်မပါလာဘူးနိုင်ဖူးလို့ ပြောနိုင်လား..အကြီးတော်မင်း...သူတို့ ဟော့ဒီစဉ့်ကိုင်တပ်က စစ်စထွက်ပြီဆိုကတည်းက ကျုပ် တရုတ်တပ်သားဆိုတာတွေကို စောင့်ကြည့်မိတယ်...သူတို့ဟာ အတွေ့အကြုံရှိတဲ့ စစ်သားတွေမဟုတ်ဘူး...သူတို့ စစ်မတိုက်ဖူးကြဘူး..ဒါပေမယ့် သံအမတ်ဆိုပြီး ဆင်ပေါ်ထိုင်နေတဲ့ ကောင်ကြီးက ဘာကြောင့်များ စစ်တိုက်ပေးမယ်လို့ ပြောရတာလဲ..ကျုပ်နားမလည်ဘူး...သေချာတာကတော့ ဒီကောင် လိမ်နေတယ်ဆိုတာ ကျုပ် ကြိုသိတယ်”

ထိုအချိန်တွင် အောက်မှ တရုတ်တပ်များမှာ တံခါးဖွင့်ပေးရန် အော်ဟစ်ကြသည်။

“အမြောက်ကြီးတွေ အသင့်ပြင်ဟေ့....ငါပစ်ဆိုတာနဲ့ တရုတ်တပ်တွေကို ကျော်ပြီး ဟိုး လွင်ပြင်ဘက်ကို ပစ်ကြ”

ကိုးသိန်းသခင်က အမိန့်ပေးလိုက်သည်နှင့် အမြောက်များမှာ တရုတ်တပ်များကို ကျော်ပြီး အနောက်ဘက်ဆီသို့ တဝုန်းဝုန်းပစ်ကြသည်။

တရုတ်တပ်များမှ ဆင်များ မြင်းများပေါ်မှ ဆင်းကာ မြေပြင်ပေါ် ပြားပြားဝပ်ကပ်နေကြ၏။

ဆယ့်ငါးမိနစ်ခန့် အမြှောက်များ တရစပ်ပစ်ပြီးနောက် ကိုးသိန်းသခင်က ရပ်တန့်ရန် အမိန့်ပေးလိုက်သည်။

“ကဲ..ဒီလောက်ဆို ကွေ့တွေ လိုက်လာလည်း ပြန်လှည့်လောက်ပါပြီ....ဗိုလ်မင်းငချစ်မြ ..ဉီးဆောင်ပြီး တံခါးဝမှာ သေချာစိစစ်ပြီး တစ်ယောက်ချင်း ဓါးလှံသေနတ်တွေကိုသိမ်းပြီးမှ ခံတပ်ထဲကိုသွင်း...သူတို့ ခေါင်းဆောင် သံတမန်ဆိုတဲ့လူတွေဆီကပါ လက်နက်တွေသိမ်းဟေ့”

ချစ်မြ က လက်အုပ်ချီပြီးနောက် သူ့တပ်များနှင့် ခံတပ်အောက်သို့ ဆင်းသွားတော့သည်။

တလကျော်အတွင်း ကွေ့တပ်များနှင့် တိုက်ပွဲပေါင်း (၂၀)ခန့်ဖြစ်ပွားကာ တရုတ်အင်အား (၅၀၀) ခန့်  သေဆုံးသွားခဲ့၏။

ဝူရှန်ရှိန်၏ လက်ရုံးဖြစ်သော စွန်းညီနောင်ထဲမှ အကြီးကောင် စွန်းအယ့်လန် မှာ တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့သည်။

ဝူရှန်ရှိန်မှာ ခံတပ်ပေါ်သို့ ပင်ပန်းကြီးစွာ တက်လာသည်။

ထို့နောက် ကိုးသိန်းသခင်အား တရုတ်ဘာသာဖြင့် ပြော၏။

ကိုးသိန်းသခင်က ထိုင်ခုံပေါ်တွင် ထိုင်လျက် ပြုံးရယ်၍သာနေသည်။

ဝူရှန်ရှိန်က ဒေါသထွက်ပြီး အောက်သို့ ကြုံးအော်၏။

အောက်ဖက်မှ တရုတ်စစ်သည်နှစ်ဉီးက လူတစ်ဉီးကို တွဲပြီး တက်လာသည်။

ထွန်းတာရဲ ဟု ခေါ်သော စကားပြန်ငထွန်း။ ငထွန်း၏ မျက်လုံးတစ်ဖက်တွင် အဝတ်စထူထူကြီးကို ပိတ်ဆီးထား၏။

ငထွန်းမှာလည်း ကွေ့တို့၏ ဒူးလေးချက်ကြောင့် မျက်လုံးတစ်လုံး ဆုံးရှုံးခဲ့ရသည်။

ငထွန်းမှာ နာကြင်မှုဝေဒနာများကြားမှ ဘာသာပြန်ပေးရသည်။

“အင်းဝကို ချက်ချင်းလိုက်ပို့ပေးပါလို့...ဧသူရဲက ပြောနေပါတယ်..ကိုးသိန်းသခင်”

“အင်းဝကို ပို့လို့ လမ်းမှာ ကွေ့တွေက ဖြတ်တိုက်ရင် ..သေကုန်မှာပေါ့လို့ ပြန်ပြောလိုက်ပါ”

ဝူရှန်ရှိန်က ဒေါကြီးမောကြီးနှင့် ပြောပြန်သည်။

“ကိုးသိန်းသခင်ရဲ့ တပ်တွေ ဝန်းရံပြီး သူ့ကို ချက်ချင်း ပို့ပေးပါတဲ့”

“ဟ..ငါ့တပ်တွေ က စဉ့်ကိုင်ခံတပ်ကိုစောင့်ဖို့ထားတာ...စဉ့်ကိုင်တပ်မှာ အင်အားနည်းနေရင် ကွေ့တွေက ဝင်တိုက်ရင် ဘယ့်နှယ့်လုပ်မလဲ..သွားချင်ရင်..ကိုယ့်ဘာသာ အင်းဝကို သွားလို့ ပြောလိုက်”

ငထွန်း၏ ဘာသာပြန်မှုအဆုံးတွင် ဝူရှန်ရှိန်က လက်နှစ်ဖက်ကို ယှက်ကာ ကိုးသိန်းသခင်ရှေ့တွင် ဒူးထောက်လိုက်သည်။

“သူတောင်းပန်ပါတယ်တဲ့....အင်းဝဘုရင်ဆီ သူ့ကို ပို့ပေးပါတဲ့...သူ့ငယ်သားတွေ ကောင်းကောင်းဆေးကုဖို့ လိုလို့ပါတဲ့...ကိုသိန်းသခင်.ကျွန်တော်မျိုးလည်း တောင်းပန်ပါတယ်..ကျွန်တော်မျိုး မျက်လုံး က တဆစ်ဆစ်ကိုက်ခဲနေပါတယ်”

“ကဲ...အကြီးတော်မင်း...အင်းဝကို ကျုပ်တော့ မလိုက်နိုင်ဘူး...ကျုပ်တပ်တွေနဲ့ ခင်ဗျားကပဲ ဉီးဆောင်ပြီး..သူတို့ကို ခေါ်သွားပေးလိုက်ပါဗျာ”

ဝန်ကြီးပဒေသရာဇာ က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းညိတ်လိုက်သည်။

“ဪ..ဒါနဲ့...ဘုရင်မင်းမြတ်ကို တခါတည်း လျှောက်တင်ပေးခဲ့ပါဉီး”

“ဘာများ လျှောက်တင်ပေးရမလဲ..ဘထွေးတော်မင်း”

“အင်းဝ ကို ကျုပ် ဒီမိုးတွင်းကာလ ပြန်လာနိုင်မယ်မဟုတ်ဘူးလို့ လျှောက်တင်ပေးပါ”

“ဘာကြောင့်လဲလို့ မေးလာရင်..ဘာဖြေရမလဲ”

“တရုတ်တပ်တွေ ကို အနိုင်တိုက်လိုက်နိုင်တဲ့..ကွေ့တွေဟာ စိတ်ဓာတ်ရေးရာအရ...သေချာပေါက် မြင့်တက်သွားပြီ..မကြာခင်မှာ ကွေ့တွေ ဟာ.. သေချာပေါက် လာတိုက်ကြတော့မယ်...ဟံသာဝတီစစ်ပွဲကနေ စစ်ပန်းနေတဲ့ ကျုပ်စစ်သားတွေဟာ...စိတ်ဓာတ်အင်အားမြင့်မားနေတဲ့ ကွေ့တွေနဲ့ ရင်ဆိုင်ကြရပြန်ဉီးမယ်..အဲ့ဒီအတွက် ကျုပ် စစ်ပြင်ရတော့မယ်”

ဝန်ကြီးပဒေသရာဇာက ခေါင်းငုံ့လိုက်သည်။

“ဪ..နောက်တစ်ခုကတော့ ခင်ဗျားနဲ့ ကိုရွှေဖြိုးအတွက် စကားပါ.....အရည်အချင်းမရှိတဲ့ သူတွေကို လွှတ်ပြီး ရန်သူကို တိုက်ခိုင်းလိုက်တာဟာ...သူ့ဟာာသူနေတဲ့ ရန်သူကို စိတ်ဓာတ်တက်ကြွအောင် လုပ်ပေးလိုက်သလိုပဲ...ရှင်ဘုရင်ရော..ခင်ဗျားတို့အားလုံးရော..ကျုပ် စကားကို နားမထောင်ခဲ့ကြတဲ့ အကျိုးတွေပေါ့လေ....ပျို့လင်္ကာကဗျာအရာမှာ ခင်ဗျားကို ကျုပ်လေးစားပါတယ်..ဒါပေမယ့်..နောက်ဆို ကိုယ်မကျွမ်းကျင်တဲ့ ဘာသာရပ်မှာ ဘယ်တော့မှ အကြံဝင်မပေးမိပါစေနဲ့....အကြီးတော်မင်း”
 

ခက်ဇော်

.
(Zawgyi)
AVA 1740s (Season 2)

                                                                       အခန္း(၃၂)

                                                             ......................................................

“မလြန္ခံတပ္က်သြားပါၿပီ..ဘုရား”

“သန္လ်င္ဝန္သတိုးမင္းေလွက်ာ္ထင္ ၊ မင္းႀကီးနႏၵေက်ာ္ထင္၊ ေဗာဓိလွစားမင္းသား တို႔ကို ဟံသာဝတီတပ္မ်ားက ဖမ္းဆီးၿပီး ကြပ္မ်က္လိုက္ပါၿပီ..ဘုရား”

“စလင္းဝန္လည္း ဟံသာဝတီတပ္မ်ား ထံမွာ အဖမ္းခံလိုက္ပါတယ္..ဘုရား”

“ဟံသာဝတီေရွ႕ေျပးတပ္ျဖစ္တဲ့ ေဒါဗညားသီရိရဲ႕ တပ္ေတြက ပုဂံေညာင္ဉီးအထိ တက္လာၾကပါၿပီ..ဘုရား”

“ဉီးရီးေတာ္ကိုးသိန္းသခင္ေတာင္ငူရာဇာ ရဲ႕ တပ္မ်ားက ေညာင္ဉီးကို လက္လႊတ္လိုက္ရၿပီး သန္လ်က္ဉီး မွာ ဆုတ္ခြာၿပီး ခံစစ္ျပင္ေနပါတယ္..ဘုရား”

အဆက္မျပတ္ဝင္လာေနေသာ စစ္သတင္းမ်ားသည္ မဟာဓမၼရာဇာဓိပတိႏွင့္တကြ အင္းဝနန္းေတာ္တစ္ခုလုံး ကို လႈပ္ခတ္ေစသည္။

အင္းဝျပည္သူတို႔သည္လည္း စစ္ေဘးဒဏ္ထက္ ကုန္ေဈးႏႈန္းႀကီးျမင့္မႈေဘး၊ အငတ္ေဘးကို စတင္ရင္ဆိုင္လာရၿပီျဖစ္သည္။

ေတာင္ဘက္မွဟံသာဝတီႏွင့္စစ္ပြဲ၊ ေျမာက္ဘက္မွ ေကြ႕တို႔ႏွင့္စစ္ပြဲ၊ ရာသီဉတုေဖာက္ျပန္မႈတို႔ေၾကာင့္ စိုက္ပ်ိဳးေရးမ်ားမျဖစ္ထြန္း၊ ကုန္သြယ္လမ္းေၾကာင္းမ်ား ပိတ္ဆို႔ေနမႈက အင္းဝ၏ စီးပြားေရးကို စတင္ ထိခိုက္ေစၿပီျဖစ္သည္။

ဆန္တတင္းလွ်င္ ၁၆ က်ပ္ မွ ၄၀ အထိ ထိုးတက္သြား၏။

အင္အားေတာင့္တင္းလွေသာ မလြန္ခံတပ္သည္ပင္လွ်င္ အင္းဝမွ ရိကၡာမေပးပို႔ႏိုင္မႈေၾကာင့္ ဟံသာဝတီတပ္မ်ားကို ေရရွည္မတိုက္ခိုက္ႏိုင္ပဲ က်ဆုံးခဲ့ရျခင္းျဖစ္၏။

ကိုးသိန္းသခင္သည္ ေကြ႕တို႔ႏွင့္ စစ္ဆိုင္ထားေသာ စဥ့္ကိုင္ခံတပ္စခန္းကို ထားခဲ့ကာ ဟံသာဝတီတပ္မ်ားႏွင့္ ရင္ဆိုင္ေနရသည္။

စဥ့္ကိုင္ခံတပ္က်န္ရစ္ေသာ ဝန္ႀကီးမဟာတရဖ်ား၏ တပ္မ်ားမွာလည္း ေကြ႕တပ္မ်ား ႏွင့္ ခံစစ္အေနအထား ေနေနရ၏။

မဟာဓမၼရာဇာဓိပတိသည္ သာသာနာပိုင္ဉီးဉာဏသာဂရ၊ ေ႐ႊၾကာပင္ဆရာေတာ္တို႔ အား ဆင္ ႏွင့္တင္ကာ ၿမိဳ႕အႏွံ႔ ဥပၸါတသႏၲိက်မ္း ကို ႐ြတ္ဖတ္ပူေဇာ္ပြဲက်င္းပသည္။

အင္းကြက္မ်ား ေရးဆြဲၿပီး ၿမိဳ႕ေလးဘက္ေလးတန္ရွိ ေစတီမ်ား၏ ထီးေတာ္မ်ားေပၚတြင္ အစီအရင္မ်ား ျပဳလုပ္သည္။

ထိုသို႔ စစ္မီး၊ အငတ္ေဘးမီးမ်ားျဖင့္ ပူေလာင္ေနသည့္ အင္းဝၿမိဳ႕ႏွင့္ မနီးမေဝးတြင္ ပူေနသူ တစ္ဉီး ရွိသည္။

သူကား အင္းဝႏွင့္ မနီးမေဝး ေ႐ႊၾကက္ယက္သံတဲမွ တ႐ုတ္သံအမတ္ ဧသူရဲ ဟု ခံယူထားသူ ဝူရွန႔္ရွိန္။

“နင္တို႔ ကိုယ္လုံးႀကီးေတြ ငါ့အေပၚက ဖယ္ၾကပါဉီး”

ဝူရွန္ရွိန္က တ႐ုတ္လိုေျပာသည္။

ခႏၶာကိုယ္ေတာင့္ေတာင့္ထြားထြား အင္းဝသူျပည့္တန္ဆာမေလးမ်ားက သူ႔စကားကို နားမလည္။

တခစ္ခစ္ရယ္လ်က္..ေခြၽးမ်ား႐ႊဲေနသည့္ ခႏၶာကိုယ္ႀကီးေပၚတြင္ တက္ခြရင္း စေနာက္ေနၾက၏။

“ငထြန္း..ငထြန္း..မင္းေကာင္မေတြကို လာေျပာဉီး..ငါေျပာတာလည္း သူတို႔နားမလည္ၾကဘူး”

ကပ္လ်က္တဲေပၚတြင္ တကူးကူးစီးတမ္းေဆာ့ရန္ျပင္ေနေသာ ငထြန္းက အလူးအလဲ ထလာ၏။

“ေဟ့..သခင္ႀကီးက နင္တို႔ကို သူ႔အေပၚက ေန ဖယ္ၿပီး..ထြက္သြားၾကစမ္းတဲ့”

အမ်ိဳးသမီးငယ္ႏွစ္ဉီး က ကုတင္ေခါင္းရင္းတြင္ တင္ထားေသာ ရင္ဝတ္မ်ားကို လွမ္းယူၿပီး လႊားလိုက္ၾကသည္။

ထို႔ေနာက္ ငထြန္း၏ ေရွ႕တြင္ လက္ဝါးျဖန႔္လိုက္ၾက၏။

ငထြန္းက ေငြတုံးႏွစ္တုံး ေပးလိုက္သည့္အခါမွ ေပ်ာ္ျမဴးစြာ ထြက္သြားၾကေတာ့သည္။

“ငထြန္း....ခုန လုပ္ေနရင္းကိုင္ေနရင္းမွ ငါ အႀကံေနာက္တစ္ခု ေတြးမိလို႔..မင္းကို ေခၚလိုက္တာပဲ..ဟိုညီအစ္ကိုႏွစ္ေယာက္ကိုပါ ေခၚလိုက္”

ငထြန္းက တဖက္တဲမ်ားတြင္ ရွိေနေသာ စြန္းအယ့္လန္ ႏွင့္ စြန္းလန္တဲ ညီေနာင္ကိုပါ ေခၚလိုက္သည္။

ဝူရွန္ရွိန္က ေခြၽးမ်ားျဖင့္ ႐ႊဲနစ္ေနသည့္ သူ႔ခႏၶာကိုယ္ကို ယပ္ေတာင္ျဖင့္ ခပ္လိုက္သည္။

“မေန႔က စစ္ကိုင္းဘုရင္ခံေ႐ႊၿဖိဳး နဲ႔ ေတြ႕တဲ့အခါမွာ အင္းဝဘုရင္က သူတို႔ဘက္ကေန ငါတို႔ကို စစ္တိုက္ေပးေစခ်င္ေၾကာင္း ေျပာေနတာမင္းတို႔ အသိပဲ..ၿပီးေတာ့ သူတို႔က ပီကင္းကိုလည္း ငါနဲ႔အတူ သံတမန္အဖြဲ႕ထည့္ေပးလိုက္ခ်င္တယ္တဲ့..အဲ့ဒါက တကယ့္ျပႆနာ..ပီကင္းဆိုတာ ငါေတာင္ တစ္ခါမွ မေရာက္ဖူးဘူး..ငါတို႔ က ဒီမွာ သံတမန္အတုလုပ္ေနတာ ပီကင္းနန္းေတာ္ကသိသြားရင္..အကုန္ေသကုန္ေတာ့မွာ..အင္းဝနန္းေတာ္က သိသြားရင္လည္း သက္သာမွာမဟုတ္ဘူး”

ဝူရွန္ရွိန္၏ စကားေၾကာင့္ အားလုံး မ်က္ႏွာေလးမ်ား ငယ္သြားၾကသည္။

“ဒါေပမယ့္..အခု ငါ့မွာ အႀကံအစည္ရွိပါတယ္..အဲ့ဒီ အႀကံအစည္ကို မင္းတို႔သေဘာထားေခၚေမးတာပဲ”

“အကိုႀကီး..အႀကံအစည္ကိုသာ ေျပာျပပါ”

“ငါတို႔ အားလုံး အေျခခ်ဖို႔ တ႐ုတ္ျပည္နဲ႔ အင္းဝၾကားမွာ ေနရာတစ္ခုေတာ့ ရွိေနဖို႔လိုတယ္... ငထြန္း..မင္းလက္လႊတ္လာခဲ့တဲ့ နမၼတူေဘာ္တြင္း..ဟာ အခု ေကြ႕ေတြ လက္ထဲမွာ မဟုတ္လား”

ငထြန္းက ေခါင္းညိတ္ျပသည္။

“ငါ့အႀကံအစည္က ေကြ႕ေတြကို တိုက္ေပးမယ္ဆိုၿပီး အင္းဝဘုရင္ကို ေလွ်ာက္မယ္..ငါတို႔မွာလက္နက္အလုံအေလာက္မပါတဲ့အတြက္ ငါတို႔တပ္ေတြအတြက္ လိုအပ္တဲ့လက္နက္ေတြ ေပးပါဆိုၿပီး ေတာင္းမယ္..လက္နက္ေတြရရင္...ေကြ႕ေတြကို တိုက္မယ္..အဓိက က ေဘာ္တြင္းကို ရဖို႔ပဲ....ေဘာ္တြင္းကို ရတာနဲ႔ အင္းဝဘုရင္ဆီကေန အဲ့ဒီမွာ ေနထိုင္လုပ္ကိုင္ခြင့္ကို ငါ့နည္းငါ့ဟန္နဲ႔ ေတာင္းမယ္ကြာ..ဘယ္လိုလဲ”

“ပီကင္းကို ကြၽန္ေတာ္တို႔နဲ႔အတူ အင္းဝသံအဖြဲ႕ထည့္ေပးလိုက္မယ့္ကိစၥကေရာ”

“ေအး..ငါ့မွာ ဒုတိယအႀကံအစည္ရွိတယ္..အဲ့ဒါကေတာ့...ပီကင္းကိုလည္း အင္းဝကို လုပ္သလို လုပ္ရမွာပဲ...ျမန္မာဘုရင္ရဲ႕ သဝဏ္လႊာ က ျမန္မာလိုေရးမွာပဲ...တ႐ုတ္လို ျပန္ေပးရမွာက ငထြန္း..မင္းပဲ ျပန္ေပးရမွာပဲေလ”

“ဟုတ္ကဲ့”

“အဲ့ဒီေတာ့..ဘာသာျပန္သဝဏ္လႊာမွာက်ရင္...အင္းဝဘုရင္က အင္းဝကို တ႐ုတ္ဧကၠရာဇ္ရဲ႕ အေစာင့္အေရွာက္ခံနယ္ေျမအျဖစ္ အသိအမွတ္ျပဳေပးဖို႔ ေတာင္းဆိုေၾကာင္း၊ ယခုလာတဲ့ ဝူရွန္ရွိန္ႏွင့္တကြ ျမန္မာသံအမတ္ေတြကို လႊတ္တယ္ဆိုၿပီး ေရးဖို႔လိုမယ္”

ငထြန္းမွာ မ်က္လုံးျပဴးသြား၏။

“ပီကင္းနန္းေတာ္ကို လိမ္ဖို႔က အဲ့ဒီေလာက္လြယ္ပါ့မလား”

“ငါ စုံစမ္းထားရသေလာက္ ပီကင္းနန္းေတာ္မွာ ျမန္မာစာတတ္တဲ့သူတစ္ေယာက္မွ မရွိဘူး..ဟိုေရာက္လည္း ငါတို႔ ဘာသာျပန္ေပးသမွ် ႏွစ္ဖက္လုံးက ယုံၾကရမယ္မဟုတ္လား..ပီကင္းက ပါ ငါ့ကို ဆုလာဘ္ေတြခ် ၊ အခြင့္အေရးေတြေပးရင္..ေမာက္လုံေဘာ္တြင္းကိုပါ ငါျပန္ရႏိုင္ၿပီမဟုတ္လား..ေမာက္လုံေရာ...နမၼတူကိုေရာ ရထားရင္..ငါတို႔ အတြက္ ဘာလိုဉီးမွာလဲ...အရင္လို ေန႔စြဲေတြ ျပန္လာၿပီေပါ့..ငထြန္းရ”

ဝူရွန္ရွိန္က သူ၏ ႏႈတ္ခမ္းေမႊးေထာင္ေထာင္ကို လက္ျဖင့္ ဆြဲကာ ၿပဳံးလိုက္သည္။

....................................................................................................

တ႐ုတ္သံအမတ္ႀကီး ဝူရွန္ရွိန္ႏွင့္ အဖြဲ႕ နန္းရင္ျပင္မွ ျပန္လည္ထြက္ခြာသြားၾကသည္။

မဟာဓမၼရာဇာဓိပတိ မွာ ဝမ္းသာပီတိျဖစ္ကာ ပလႅင္ေပၚမွဆင္းၿပီး သာသနာပိုင္ဆရာေတာ္ဉီးဉာဏသာဂရ ကို ရွိခိုးဉီးခိုက္လိုက္သည္။

“ညက် နန္းေတာ္တြင္းမွာ ဆရာေတာ္ဘုရားအတြက္ ဗ်န္အေကာင္းစား ဆက္ကပ္ရန္ စီစဥ္ထားပါတယ္..ဆရာေတာ္ေက်းဇူးႀကီးလွပါတယ္..ဘုရား...ဆရာေတာ့္ရဲ႕ အင္းကြက္အစြမ္းကေတာ့...အင္းဝျပည္ႀကီးကို ကယ္တင္ႏိုင္ၿပီေပါ့..ဘုရား”

ဉီးဉာဏသာဂရ ၏ အစီအရင္မ်ား ျဖင့္ ဘုရာေစတီမ်ားတြင္ အင္းခ်ၿပီး မၾကာမီပင္..စစ္ပြဲႏွင့္ပတ္သက္ၿပီး သတင္းေကာင္းမ်ား ေရာက္လာခဲ့သည္။

ပထမသတင္းမွာ သန္လ်က္ဉီးတြင္ ဟံသာဝတီဥပရာဇာဉီးေအာင္ျမ တပ္ႏွင့္ ကိုးသိန္းသခင္တပ္မ်ား ရက္ေပါင္းႏွစ္ဆယ္ေက်ာ္ၾကာ တိုက္ပြဲျဖစ္ပြားၿပီးေနာက္..ဟံသာဝတီတပ္မ်ား ရွားပင္႐ြာသို႔ ဆုတ္သြားၾကသည္။

ထို႔ေနာက္ ဟံသာဝတီဥပရာဇာက အင္းဝ ႏွင့္ ဟံသာဝတီၾကား စစ္ေျပၿငိမ္းရန္ စာကမ္းလွမ္းခဲ့သည္ဟူသည့္သတင္း။

ဒုတိယသတင္းမွာ တ႐ုတ္ဧကၠရာဇ္ခ်ိန္လုံ က အင္းဝေရာက္ တ႐ုတ္သံတပ္ဖြဲ႕မ်ားအေနျဖင့္ အင္းဝဘုရင္ထံမွ လက္နက္ဆင္ျမင္းမ်ား ယူကာ ေကြ႕တပ္မ်ားကို တိုက္ခိုက္ေပးရန္ႏွင့္ ေအာင္ျမင္ပါက နမၼတူေဘာ္တြင္းကို တ႐ုတ္သံတမန္မ်ား လုပ္ေဆာင္ခြင့္ေပးရန္ တို႔ ျဖစ္သည္။

ထိုသတင္းကို တ႐ုတ္သံတမန္ႀကီးျဖစ္သူ ဧသူရဲ ေခၚ ဝူရွန္ရွိန္ ကိုယ္တိုင္ လာေရာက္ေလွ်ာက္တင္သြားျခင္းျဖစ္သည္။

ထိုကိစၥတိုင္ပင္ရန္လည္း ကိုးသိန္းသခင္ကို စစ္ပြဲမ်ားနားေနခိုက္ ဆင့္ေခၚလိုက္သည္။

ေအာင္နန္းဘုံေက်ာ္နန္းေတာ္၏ ညေနခင္း။

တခ်ိန္က အင္းဝတြင္ အလြန္ေပါမ်ားခဲ့ေသာ္လည္း ယခုအခါ အလြန္ရွားပါးေနၿပီျဖစ္သည့္ ဗ်န္အရက္ ေခၚ ဘရန္ဒီအရက္ပုလင္းမ်ား က မေနာ္ရမၼံဉယ်ာဥ္အတြင္း အသင့္ေနရာယူထား၏။

ပန္းရနံ႔တို႔ႏွင့္အတူ တူရိယာသံမ်ား က နားဝင္ခ်ိဳလွသည္။

တ႐ုတ္သံတမန္ဝူရွန္ရွိန္ က ဗမာစကားမပီကလာျဖင့္ ေျပာဆိုေနမႈကို သာသနာပိုင္ဆရာေတာ္ႀကီးက ဗ်န္တစ္ခြက္ကို ေမာ့လိုက္ၿပီး တဟားဟားေအာ္ရယ္သည္။

မဟာဓမၼရာဇာဓိပတိ၏ ေခ်ာေမာေသာျဖဴစင္ေသာမ်က္ႏွာမွာလည္း ပီတိမ်ားလႊမ္းလ်က္။

ကိုးသိန္းသခင္ႏွင့္ ဇနီးအသစ္ျဖစ္ေသာ ဘုရင့္ႏွမေတာ္ေျမတူးမင္းသမီးတို႔ ဝင္လာၾကသည္။

ႏွစ္ဖက္ညႇပ္ေနသည့္ စစ္ပြဲမ်ားအတြင္း ပင္ပန္းစြာတိုက္ခိုက္ခဲ့ရသည့္ ကိုးသိန္းသခင္က နန္းေတာ္တြင္းမွ ေပ်ာ္ပြဲ႐ႊင္ပြဲမ်ားကို စိတ္ပ်က္စြာေငးၾကည့္လိုက္သည္။

မဟာဓမၼရာဇာဓိပတိ က ကိုးသိန္းသခင္၏ အေျခအေနကို ရိပ္မိလိုက္၏။

“ဘေထြးေတာ္..သင့္ရာမွာ..ခစားပါေလ...ကိုယ္ေတာ္ ဘေထြးေတာ္ကို ေဟာ့ဒီက တ႐ုတ္သံတို႔ကိစၥလည္း မိန႔္စရာရွိလို႔ပါ”

“ကြၽန္ေတာ္မ်ိဳး သိသင့္သေလာက္ သိၿပီးပါၿပီ..ဘုရင္မင္းျမတ္...ေကြ႕ေတြဆိုတာ ကြၽန္ေတာ္မ်ိဳး ကို ရင္ဆိုင္တိုက္ဝံ့သူေတြမဟုတ္ၾကပါဘူး..သူတို႔ကစနစ္တက် ဖြဲ႕စည္းထားတဲ့ စစ္တပ္မ်ိဳးလည္း မဟုတ္ၾကပါဘူး..ဟံသာဝတီက စစ္ေခတၱရပ္ထားတယ္ဆိုေပမယ့္..ယုံၾကည္မရတဲ့အေျခအေနပါ..ဒီအေျခအေနမ်ိဳးမွာ..ေကြ႕ေတြ က ကိုယ့္ကို လာမတိုက္ေသးသမွ် ကိုယ္ကလည္း သြားမတိုက္ေသးပဲ..အခ်ိန္ဆြဲထားသင့္ပါတယ္.. အခုလို ရိကၡာပါးရွားခ်ိန္မွာ မလိုအပ္ပဲ ထိုးစစ္မစေစခ်င္ပါ..ဘုရား”

ကိုးသိန္းသခင္၏ စကားကို ငထြန္းက ဝူရွန္ရွိန္အား တ႐ုတ္ဘာသာျဖင့္ ေျပာလိုက္သည္။

ဝူရွန္ရွိန္က တ႐ုတ္ဘာသာျဖင့္ ျပန္ေျပာ၏။

ငထြန္းက မဟာဓမၼရာဇာဓိပတိကို ဉီးတိုက္လိုက္သည္။

“သံတမန္ႀကီးဧသူရဲက ကိုးသိန္းသခင္ေလွ်ာက္တင္ခ်က္အေပၚ သူကလည္း ေလွ်ာက္တင္ပါရေစတဲ့..ဘုရား... အင္းဝဘုရင္၏ ရန္သူဟာ တ႐ုတ္ဘုရင္ရဲ႕ ရန္သူပါပဲ...ကိုးသိန္းသခင္မင္းေခါင္ဟာ စစ္ဘုရင္အမည္ခံထားေပမယ့္...စစ္တိုက္ဖို႔အေရးေႏွာင့္ေႏွးေနတာဟာ ရန္သူကို အင္အားႀကီးခြင့္ေပးေနတာမ်ိဳးပါပဲ...ဒီေတာ့ တ႐ုတ္စစ္သည္တို႔အေနနဲ႔ အင္းဝ ရဲ႕ ရန္သူကို အင္အားႀကီးခြင့္မေပးႏိုင္ပါဘူး”

“တိတ္စမ္း...မင္းက ဘယ္သူလဲ”

ကိုးသိန္းသခင္က ငထြန္းကို လွမ္းေအာ္လိုက္သည္။

ကိုးသိန္းသခင္က ေဒါသေၾကာင့္ အံကို ႀကိတ္ထား၏။

“က်ဳပ္က တ႐ုတ္သံအမတ္..ထြန္းတာရဲပဲ..သံအမတ္တစ္ေယာက္ကို ဒီလို ဆက္ဆံဝံ့တာဟာ..တ႐ုတ္ဘုရင္ကို ေစာ္ကားတားပဲ..ကိုးသိန္းသခင္”

“ကဲ...ကဲ..ေတာ္ၾကေတာ့..ေတာ္ၾကေတာ့...ဒီက သံအမတ္ႀကီးေျပာတာလည္း ဟုတ္ပါတယ္..ဘေထြးေတာ္ကလည္း စစ္ပြဲေတြထဲ ပင္ပန္းလာခဲ့တာဆိုေတာ့..ကိုယ္ေတာ္နားလည္ပါတယ္..ဒါေပမယ့္..ဘေထြးေတာ္...သူတို႔ ႏိုင္ငံျခားသားေတြကေတာင္ တိုက္ေပးပါ့မယ္လို႔ ေျပာလာတာ..က်ဳပ္တို႔အတြက္ ခြန္အားပဲ မဟုတ္လား.. ဘာပဲျဖစ္ျဖစ္ ဟံသာဝတီစစ္ေခတၱ နားေနတုန္း..ေကြ႕အေရးကို ဒီတ႐ုတ္မိတ္ေဆြႀကီးမ်ားက အျပတ္ေခ်မႈန္းေပးမယ္ဆိုတာ ေကာင္းတာပဲ မဟုတ္လား..ဘေထြးေတာ္လည္း မပင္ပန္းေတာ့ဘူးေပါ့”

“ကြၽန္ေတာ္မ်ိဳးက စဥ့္ကိုင္မွာ တပ္တည္ထားကတည္းက ေကြ႕ေတြရဲ႕ စစ္ေရးစစ္ရာကို ေလ့လာေနခဲ့တာပါ...ေကြ႕ေတြဟာ တပ္ရင္း တပ္ခိုင္ေတြ အတည္တက်ေနၿပီး တိုက္တာမဟုတ္ပါဘူး..စုစည္းတပ္ေဖ်ာက္ တပ္ေဖ်ာက္စုစည္း ဆိုတဲ့အတိုင္း ေပ်ာက္က်ားစစ္နဲ႔ တိုက္ၾကတာပါ..သူတို႔ခံတပ္မ်ားကိုလည္း တလတေနရာေလာက္ ေ႐ႊ႕ေနၾကတာပါ...သူတို႔ကိုက အခ်ိန္ယူၿပီးျဖည္းျဖည္းခ်င္းတိုက္ၾကရပါမယ္...ဒါေၾကာင့္ ႏိုင္ငံျခားကလာၿပီး နယ္ေျမမသိတဲ့ တ႐ုတ္တပ္မ်ားအေနနဲ႔”

“စကားေတြ မကြၽံနဲ႔ ဘေထြးေတာ္..တ႐ုတ္ဆိုတာ..က်ဳပ္တို႔ထက္ အင္အားေထာင္ေသာင္းမကႀကီးတဲ့ ႏိုင္ငံမဟုတ္လား..သူတို႔မႏိုင္ရင္ေတာင္..ေနာင္ေတာ္တ႐ုတ္ဘုရင္က စစ္ကူလႊတ္ေပးတဲ့အခါ ေကြ႕တင္မက..ဟံသာဝတီပါ ခံႏိုင္႐ိုးလားကြဲ႕”

ကိုးသိန္းသခင္က ဆက္မေလွ်ာက္ေတာ့ပဲ ေျမျပင္ကိုသာ ေငးေနသည္။

“ကဲ..ဒါနဲ႔ ဟံသာဝတီကိစၥ ေလွ်ာက္ပါဉီး..ဘေထြးေတာ္”

“ဟံသာဝတီ ဥပရာဇာ က ၾကားေရာက္တဲ့စာမွာေတာ့...ႏွစ္ဖက္ ရဟန္းရွင္လူမ်ား ေသၾကပ်က္စီးႏႈန္းမ်ားလာတာေၾကာင့္ ဟိုးယခင္ ရာဇဓိရာဇ္ ႏွင့္ မင္းေခါင္ တို႔ကဲ့သို႔ အင္းဝ ဟံသာဝတီ နယ္ပိုင္းျခားကာ စစ္ပြဲမ်ားကို ရပ္တန႔္ေစလိုတယ္လို႔ ပါလာပါတယ္..ဘုရား”

“အင္း..ဒါလည္း ဟုတ္သားပဲကြဲ႕...ဘေထြးေတာ္သေဘာကေရာ”

“ဒါ ႏွစ္ျပည္ေထာင္ကိစၥမဟုတ္ပါဘူး...ဘုရား..ဟံသာဝတီက အင္းဝလက္ေအာက္ခံပါ..အင္းဝလက္ေအာက္ခံကေန အင္းဝ အားနည္းခ်ိန္မွာ ပုန္ကန္တဲ့ သစၥာေဖာက္ေတြပါ..အခု ဟံသာဝတီဘုရင္လို႔ ခံယူထားတဲ့ ေအာင္လွ ဟာလည္း တစ္ခ်ိန္က အရွင္မင္းႀကီးရဲ႕ ကြၽန္..ဆင္ထိန္းပဲ မဟုတ္လား..ဘုရား....အရွင္မင္းႀကီးကို ကြၽန္ဆင္ထိန္းတစ္ေယာက္က တန္းညႇိလာတာကို ဗိုလ္မႉးဗိုလ္ခ်ဳပ္၊ သူရဲသူခက္မ်ားက ေက်နပ္ျခင္းမရွိၾကပါ”

မဟာဓမၼရာဇာဓိပတိက သက္ျပင္းခ်လိုက္သည္။

“ငါကိုယ္ေတာ္ ကို ေအာင္လွ က တန္းညႇိတယ္ဆိုတာကေတာ့ မျဖစ္သင့္ေပဘူး..ဒါေပမယ့္..စစ္ေတြျဖစ္တဲ့အခါ လူေတြ ေသၾကတယ္.. ျပည္သူမွာ ငတ္မြတ္ေဘးက ႀကဳံရတဲ့ၾကားထဲ ေသၾကေၾကၾကတာကို ၾကားရတာ စိတ္မခ်မ္းေျမ့လွဘူး...ဘေထြးေတာ္”

“ၿမဳံေနတဲ့...အနာဆိုတာ မရင္းခင္ ခြဲထုတ္ရတာပါ...အနာရင္းၿပီးမွ ခြဲရင္ ပိုခက္ခဲပါလိမ့္မယ္..ဘုရား...အခု ဟံသာဝတီဉပရာဇာတပ္ေတြကို ကြၽန္ေတာ္မ်ိဳးတပ္ေတြနဲ႔ မင္းႀကီးေက်ာ္စြာတပ္ေတြ က ညႇပ္ပိတ္ထားတာကို ခံေနရပါတယ္..ဒီအေျခအေနမ်ိဳးမွာ သူတို႔ဘက္က အေရးေတာင္းတာကို လက္မခံပဲ..စစ္ကို ဖိတိုက္ေစခ်င္ပါတယ္....ေနာက္တစ္ခုရွိေသးတာက..ဟံသာဝတီဉပရာဇာက စစ္ေျပၿငိမ္းၿပီဆိုရင္...အင္းဝအေနနဲ႔ ဟံသာဝတီက ဘုရားေစတီေတြကို ေ႐ႊသကၤန္းကပ္ဖို႔အတြက္ ေ႐ႊဆိုင္း ငါးေထာင္လႉေပးေစလိုပါတဲ့..ဘုရား”

“ေဟ...အင္း..ေကာင္းမႈကုသိုလ္အရာေပပဲ”

“ေကာင္းမႈကုသိုလ္မဟုတ္ဘူး..ဘုရား...ဟံသာဝတီက ကြၽန္ေတာ္မ်ိဳးတို႔ကို စကားအလွသုံးၿပီး စစ္စရိတ္ေတာင္းေနတာပါ”

“ဟင္..အဲ့ဒီလိုလား..ဘေထြးေတာ္”

“ဒါဟာ လက္ေအာက္ခံ ႏိုင္ငံတစ္ခုက ေစာ္ကားေနတာမဟုတ္ပါလား..ဘုရား”

“ဘေထြးေတာ္....အခုခ်ိန္မွာ ဟံသာဝတီကိစၥကို က်ဳပ္တို႔ လိုက္ေလ်ာလိုက္တာ ေကာင္းမယ္ထင္တယ္...ေကြ႕ေတြကို တ႐ုတ္တပ္မ်ားႏွင့္အတူ အရင္ အျမစ္ျဖတ္ပစ္ၿပီးမွ ဟံသာဝတီကိစၥ စဥ္းစားသင့္တယ္..အမတ္ႀကီးပေဒသရာဇာတို႔၊ ကိုႀကီးၿဖိဳး တို႔ေရာ..ဘယ့္ႏွယ့္ထင္ၾကတုန္း”

“မွန္ပါ....မင္းတရားႀကီးရဲ႕ အေတြးက သာလြန္ေကာင္းမြန္လွပါတယ္....ဟံသာဝတီက အေရးေတာင္းတုန္းမွာ လိုက္ေလ်ာထားၿပီး ေကြ႕သူပုန္အေရးကို တ႐ုတ္မဟာမိတ္တို႔ႏွင့္အတူ အရင္ႏွိမ္နင္းသင့္ပါတယ္”

ဝန္ႀကီးေ႐ႊၿဖိဳး က ေလွ်ာက္တင္သည္။

“အႀကီးေတာ္ကေရာ”

“စစ္ကိုင္းမင္းဉီးေ႐ႊၿဖိဳး ေလွ်ာက္တင္တဲ့ အတိုင္း...အနီးအနားက ေကြ႕ေတြကို အရင္တိုက္တာ သင့္ေလ်ာ္ပါတယ္”

“ကဲ..အမ်ားသေဘာက ညီေနၿပီပဲ...ဘေထြးေတာ္...ဒီေတာ့...ဟံသာဝတီ က ေတာင္းတဲ့ ေ႐ႊဆိုင္း ငါးေထာင္ကို ေပးဖို႔ ကိုယ္ေတာ္တို႔ စီစဥ္လိုက္ပါ့မယ္..ဘေထြးေတာ္က စဥ့္ကိုင္တပ္ကို ျပန္ပါ...မၾကာခင္ တ႐ုတ္တပ္ေတြကို လက္နက္တပ္ဆင္ေပးၿပီး လႊတ္လိုက္ပါ့မယ္..ဘေထြးေတာ္ အေနနဲ႔ တ႐ုတ္တပ္ေတြကို ေကြ႕ေတြနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြ ေပးလိုက္ပါ...သူတို႔ က ေကြ႕ေခါင္းေဆာင္ ဂုဏၰအိမ္ကို ကိုယ္ေတာ့္ဆီ အရွင္ဆက္သပါ့မယ္တဲ့”

ကိုးသိန္းသခင္က ေခါင္းငုံ႔ကာ ေလွာင္ၿပဳံးၿပဳံးလိုက္ေတာ့သည္။

.................................................................................................................

၁၇၅၀ ေမလ ။

စဥ့္ကိုင္ခံတပ္ေပၚမွ တံပိုးမႈတ္သံ ထြက္ေပၚလာ၏။

ေျခာက္ေသြ႕ပူျပင္းလွေသာ လြင္ျပင္ဆီမွ ဖုန္လုံးႀကီးမ်ား။

ကိုးသိန္းသခင္ ႏွင့္ ဝန္ႀကီးပေဒသရာဇာတို႔ ခံတပ္ေပၚသို႔ တက္လာၾကသည္။

ကိုးသိန္းသခင္က စစ္သုံးမွန္ေျပာင္းျဖင့္ လွမ္းၾကည့္လိုက္ၿပီး ၿပဳံးလိုက္၏။

ထို႔ေနာက္ ဝန္ႀကီးပေဒသရာဇာထံ ကမ္းေပးလိုက္သည္။

“ခင္ဗ်ားတ႐ုတ္ေတြ..တပ္ပ်က္လာၿပီ..အႀကီးေတာ္မင္းေရ”

လြန္ခဲ့ေသာ တစ္လက ေကြ႕တပ္မ်ားကို တိုက္ခိုက္ရန္ မတၱရာသို႔ ထြက္သြားသည့္ လူ ၁၂၀၀ ပါေသာ တ႐ုတ္တပ္ႀကီးမွာ ကစဥ့္ကလ်ားျဖင့္ ျပန္လည္ဆုတ္ခြာလာၾကသည္။

တ႐ုတ္တပ္မ်ားမွာ စဥ့္ကိုင္ခံတပ္အနီးအေရာက္တြင္ ေျခပစ္လက္ပစ္ လွဲခ်ပစ္ၾကသည္။

ဝူရွန္ရွိန္က ဆင္ေပၚမွ အလံျဖဴကို ကိုင္ကာ ေဝွ႔ယမ္းျပ၏။

“ခံတပ္တံခါးကို မဖြင့္ေပးၾကနဲ႔ဉီးေဟ့”

ကိုးသိန္းသခင္က အမိန႔္ေပးလိုက္သည္။

“ဘာျဖစ္လို႔လဲ..ဘေထြးေတာ္မင္း”

“ဒီတ႐ုတ္ေတြေနာက္မွာ ေကြ႕ေတြ ကပ္မပါလာဘူးႏိုင္ဖူးလို႔ ေျပာႏိုင္လား..အႀကီးေတာ္မင္း...သူတို႔ ေဟာ့ဒီစဥ့္ကိုင္တပ္က စစ္စထြက္ၿပီဆိုကတည္းက က်ဳပ္ တ႐ုတ္တပ္သားဆိုတာေတြကို ေစာင့္ၾကည့္မိတယ္...သူတို႔ဟာ အေတြ႕အႀကဳံရွိတဲ့ စစ္သားေတြမဟုတ္ဘူး...သူတို႔ စစ္မတိုက္ဖူးၾကဘူး..ဒါေပမယ့္ သံအမတ္ဆိုၿပီး ဆင္ေပၚထိုင္ေနတဲ့ ေကာင္ႀကီးက ဘာေၾကာင့္မ်ား စစ္တိုက္ေပးမယ္လို႔ ေျပာရတာလဲ..က်ဳပ္နားမလည္ဘူး...ေသခ်ာတာကေတာ့ ဒီေကာင္ လိမ္ေနတယ္ဆိုတာ က်ဳပ္ ႀကိဳသိတယ္”

ထိုအခ်ိန္တြင္ ေအာက္မွ တ႐ုတ္တပ္မ်ားမွာ တံခါးဖြင့္ေပးရန္ ေအာ္ဟစ္ၾကသည္။

“အေျမာက္ႀကီးေတြ အသင့္ျပင္ေဟ့....ငါပစ္ဆိုတာနဲ႔ တ႐ုတ္တပ္ေတြကို ေက်ာ္ၿပီး ဟိုး လြင္ျပင္ဘက္ကို ပစ္ၾက”

ကိုးသိန္းသခင္က အမိန႔္ေပးလိုက္သည္ႏွင့္ အေျမာက္မ်ားမွာ တ႐ုတ္တပ္မ်ားကို ေက်ာ္ၿပီး အေနာက္ဘက္ဆီသို႔ တဝုန္းဝုန္းပစ္ၾကသည္။

တ႐ုတ္တပ္မ်ားမွ ဆင္မ်ား ျမင္းမ်ားေပၚမွ ဆင္းကာ ေျမျပင္ေပၚ ျပားျပားဝပ္ကပ္ေနၾက၏။

ဆယ့္ငါးမိနစ္ခန႔္ အေျမႇာက္မ်ား တရစပ္ပစ္ၿပီးေနာက္ ကိုးသိန္းသခင္က ရပ္တန႔္ရန္ အမိန႔္ေပးလိုက္သည္။

“ကဲ..ဒီေလာက္ဆို ေကြ႕ေတြ လိုက္လာလည္း ျပန္လွည့္ေလာက္ပါၿပီ....ဗိုလ္မင္းငခ်စ္ျမ ..ဉီးေဆာင္ၿပီး တံခါးဝမွာ ေသခ်ာစိစစ္ၿပီး တစ္ေယာက္ခ်င္း ဓါးလွံေသနတ္ေတြကိုသိမ္းၿပီးမွ ခံတပ္ထဲကိုသြင္း...သူတို႔ ေခါင္းေဆာင္ သံတမန္ဆိုတဲ့လူေတြဆီကပါ လက္နက္ေတြသိမ္းေဟ့”

ခ်စ္ျမ က လက္အုပ္ခ်ီၿပီးေနာက္ သူ႔တပ္မ်ားႏွင့္ ခံတပ္ေအာက္သို႔ ဆင္းသြားေတာ့သည္။

တလေက်ာ္အတြင္း ေကြ႕တပ္မ်ားႏွင့္ တိုက္ပြဲေပါင္း (၂၀)ခန႔္ျဖစ္ပြားကာ တ႐ုတ္အင္အား (၅၀၀) ခန႔္  ေသဆုံးသြားခဲ့၏။

ဝူရွန္ရွိန္၏ လက္႐ုံးျဖစ္ေသာ စြန္းညီေနာင္ထဲမွ အႀကီးေကာင္ စြန္းအယ့္လန္ မွာ တိုက္ပြဲအတြင္း က်ဆုံးသြားခဲ့သည္။

ဝူရွန္ရွိန္မွာ ခံတပ္ေပၚသို႔ ပင္ပန္းႀကီးစြာ တက္လာသည္။

ထို႔ေနာက္ ကိုးသိန္းသခင္အား တ႐ုတ္ဘာသာျဖင့္ ေျပာ၏။

ကိုးသိန္းသခင္က ထိုင္ခုံေပၚတြင္ ထိုင္လ်က္ ၿပဳံးရယ္၍သာေနသည္။

ဝူရွန္ရွိန္က ေဒါသထြက္ၿပီး ေအာက္သို႔ ႀကဳံးေအာ္၏။

ေအာက္ဖက္မွ တ႐ုတ္စစ္သည္ႏွစ္ဉီးက လူတစ္ဉီးကို တြဲၿပီး တက္လာသည္။

ထြန္းတာရဲ ဟု ေခၚေသာ စကားျပန္ငထြန္း။ ငထြန္း၏ မ်က္လုံးတစ္ဖက္တြင္ အဝတ္စထူထူႀကီးကို ပိတ္ဆီးထား၏။

ငထြန္းမွာလည္း ေကြ႕တို႔၏ ဒူးေလးခ်က္ေၾကာင့္ မ်က္လုံးတစ္လုံး ဆုံးရႈံးခဲ့ရသည္။

ငထြန္းမွာ နာၾကင္မႈေဝဒနာမ်ားၾကားမွ ဘာသာျပန္ေပးရသည္။

“အင္းဝကို ခ်က္ခ်င္းလိုက္ပို႔ေပးပါလို႔...ဧသူရဲက ေျပာေနပါတယ္..ကိုးသိန္းသခင္”

“အင္းဝကို ပို႔လို႔ လမ္းမွာ ေကြ႕ေတြက ျဖတ္တိုက္ရင္ ..ေသကုန္မွာေပါ့လို႔ ျပန္ေျပာလိုက္ပါ”

ဝူရွန္ရွိန္က ေဒါႀကီးေမာႀကီးႏွင့္ ေျပာျပန္သည္။

“ကိုးသိန္းသခင္ရဲ႕ တပ္ေတြ ဝန္းရံၿပီး သူ႔ကို ခ်က္ခ်င္း ပို႔ေပးပါတဲ့”

“ဟ..ငါ့တပ္ေတြ က စဥ့္ကိုင္ခံတပ္ကိုေစာင့္ဖို႔ထားတာ...စဥ့္ကိုင္တပ္မွာ အင္အားနည္းေနရင္ ေကြ႕ေတြက ဝင္တိုက္ရင္ ဘယ့္ႏွယ့္လုပ္မလဲ..သြားခ်င္ရင္..ကိုယ့္ဘာသာ အင္းဝကို သြားလို႔ ေျပာလိုက္”

ငထြန္း၏ ဘာသာျပန္မႈအဆုံးတြင္ ဝူရွန္ရွိန္က လက္ႏွစ္ဖက္ကို ယွက္ကာ ကိုးသိန္းသခင္ေရွ႕တြင္ ဒူးေထာက္လိုက္သည္။

“သူေတာင္းပန္ပါတယ္တဲ့....အင္းဝဘုရင္ဆီ သူ႔ကို ပို႔ေပးပါတဲ့...သူ႔ငယ္သားေတြ ေကာင္းေကာင္းေဆးကုဖို႔ လိုလို႔ပါတဲ့...ကိုသိန္းသခင္.ကြၽန္ေတာ္မ်ိဳးလည္း ေတာင္းပန္ပါတယ္..ကြၽန္ေတာ္မ်ိဳး မ်က္လုံး က တဆစ္ဆစ္ကိုက္ခဲေနပါတယ္”

“ကဲ...အႀကီးေတာ္မင္း...အင္းဝကို က်ဳပ္ေတာ့ မလိုက္ႏိုင္ဘူး...က်ဳပ္တပ္ေတြနဲ႔ ခင္ဗ်ားကပဲ ဉီးေဆာင္ၿပီး..သူတို႔ကို ေခၚသြားေပးလိုက္ပါဗ်ာ”

ဝန္ႀကီးပေဒသရာဇာ က စိတ္ပ်က္လက္ပ်က္ျဖင့္ ေခါင္းညိတ္လိုက္သည္။

“ဪ..ဒါနဲ႔...ဘုရင္မင္းျမတ္ကို တခါတည္း ေလွ်ာက္တင္ေပးခဲ့ပါဉီး”

“ဘာမ်ား ေလွ်ာက္တင္ေပးရမလဲ..ဘေထြးေတာ္မင္း”

“အင္းဝ ကို က်ဳပ္ ဒီမိုးတြင္းကာလ ျပန္လာႏိုင္မယ္မဟုတ္ဘူးလို႔ ေလွ်ာက္တင္ေပးပါ”

“ဘာေၾကာင့္လဲလို႔ ေမးလာရင္..ဘာေျဖရမလဲ”

“တ႐ုတ္တပ္ေတြ ကို အႏိုင္တိုက္လိုက္ႏိုင္တဲ့..ေကြ႕ေတြဟာ စိတ္ဓာတ္ေရးရာအရ...ေသခ်ာေပါက္ ျမင့္တက္သြားၿပီ..မၾကာခင္မွာ ေကြ႕ေတြ ဟာ.. ေသခ်ာေပါက္ လာတိုက္ၾကေတာ့မယ္...ဟံသာဝတီစစ္ပြဲကေန စစ္ပန္းေနတဲ့ က်ဳပ္စစ္သားေတြဟာ...စိတ္ဓာတ္အင္အားျမင့္မားေနတဲ့ ေကြ႕ေတြနဲ႔ ရင္ဆိုင္ၾကရျပန္ဉီးမယ္..အဲ့ဒီအတြက္ က်ဳပ္ စစ္ျပင္ရေတာ့မယ္”

ဝန္ႀကီးပေဒသရာဇာက ေခါင္းငုံ႔လိုက္သည္။

“ဪ..ေနာက္တစ္ခုကေတာ့ ခင္ဗ်ားနဲ႔ ကိုေ႐ႊၿဖိဳးအတြက္ စကားပါ.....အရည္အခ်င္းမရွိတဲ့ သူေတြကို လႊတ္ၿပီး ရန္သူကို တိုက္ခိုင္းလိုက္တာဟာ...သူ႔ဟာာသူေနတဲ့ ရန္သူကို စိတ္ဓာတ္တက္ႂကြေအာင္ လုပ္ေပးလိုက္သလိုပဲ...ရွင္ဘုရင္ေရာ..ခင္ဗ်ားတို႔အားလုံးေရာ..က်ဳပ္ စကားကို နားမေထာင္ခဲ့ၾကတဲ့ အက်ိဳးေတြေပါ့ေလ....ပ်ိဳ႕လကၤာကဗ်ာအရာမွာ ခင္ဗ်ားကို က်ဳပ္ေလးစားပါတယ္..ဒါေပမယ့္..ေနာက္ဆို ကိုယ္မကြၽမ္းက်င္တဲ့ ဘာသာရပ္မွာ ဘယ္ေတာ့မွ အႀကံဝင္မေပးမိပါေစနဲ႔....အႀကီးေတာ္မင္း”

 

ခက္ေဇာ္

အခန္း(၃၃) သဘက္ခါ။

.

Comments

  1. ရေစက်မှ ပင်လယ်ဆီသို့
    -
    သင်ဟာ လက်ထဲမှာရေစက်တစက်ပိုင်ထားတယ်။
    ယနေ့ လူအများကိုအေးချမ်းစေနိုင်တဲ့ ပင်လယ်ကြီးတခုကို တည်ဆောက်နေကြတယ်။
    တကယ်လို့ပင်လယ်တခုမဖြစ်လာသေးဘူးဆိုရင်
    သင့်လက်ထဲက ရေစက်တစက်ကြောင့်ပဲ၊
    အဲဒီရေစက်ဟာလည်း မကြာခင်အလိုလိုခြောက်ခန်းသွားမှာပါ။
    ခုပဲသင့်လက်ကိုကမ်းလိုက်ပါ။

    ReplyDelete

Post a Comment