AVA 1740s (Season 2) အခန်း(၃၃)

AVA 1740s (Season 2)

                                                                       အခန်း(၃၃)

                                                             ......................................................

၁၇၅၁ ဇူလိုင် ၂၆ ရက်။ သန်လျင်မြို့။

အသစ်စက်စက်တည်ဆောက်ပြီးစီးခါစ ကက်သလစ်ဘုရားရှိခိုးကျောင်းကြီး၏ ထိပ်ခေါင်မိုးမှ မြစ်ဝသို့ ကြည့်နေသည့် ဘရာသာအန်ဂျလို က ခေါင်းလောင်းကို တီးခတ်လိုက်သည်။

ခေါင်းလောင်းသံကြားသည်နှင့် ဆိပ်ကမ်းတွင်ရှိနေသော ဟံသာဝတီဘုရင့်တော်ဝင်ဂုဏ်ပြုတပ်ဖွဲ့က ရွှေချထားသည့် ရန်ပုံခွင်းအမြောက်ကြီး ကို မြစ်ပြင်ကျယ်ဆီသို့ ပစ်ခွင်းလိုက်သည်။

မကြာမီ ဟံသာဝတီရေတပ်၏ ရေကြောင်းပြလှေများက မြစ်ကြောင်းအတိုင်းဝင်လာ၏။

အနောက်ဘက်တွင် ပြင်သစ်အလံတလူလူလွင့်နေသာ စစ်သင်္ဘောသုံးစီး။

ပွန်ဒီချယ်ရီမှ ပြင်သစ်ကိုယ်စားလှယ် မွန်စီယာဒီဘရူနို သည် ရှေ့ဆုံးတွင်ရှိသော လာဖာဗိုရစ်တ် သင်္ဘောဉီးတွင် မတ်တပ်ရပ်လျက် လိုက်ပါလာ၏။

သူ၏ လက်ထောက် လာဗီး က အလံအနီရောင်ကို ဝှေ့ယမ်းအချက်ပြလိုက်သည်။

အနောက်ဘက်တွင် ပါလာသော သင်္ဘောနှစ်စီးမှ ကျယ်လောင်သော အမြောက်သံကြီးများထွက်ပေါ်လာ၏။

ပြင်သစ် နှင့် ပဲခူးနိုင်ငံတော်အကြား သံတမန်ထူထောင်ခြင်းအတွက် ဂုဏ်ပြုအမြောက်သံများ။

ကမ်းခြေတွင် ရွှေထီးဆောင်းထားသော ဥပရာဇာဉီးအောင်မြ ၊ လက်ျာဗိုလ်၊ လွီဇာ ၊ အာမေးနီးယန်းကုန်သည် ကိုဇာနီကော့ဗ် တို့က စီတန်းစောင့်နေကြ၏။

ဘရူနိုသည် သင်္ဘောပေါ်မှ မဆင်းသေးပဲ တစုံတခုကို စောင့်နေသည်။

အထူးစီစဉ်လာသော အနီရောင်ထီးရှည်ကြီးတစ်ချောင်းကို ဘင်္ဂလားလူမျိုးဝန်ထမ်းတစ်ဉီးမှ အနောက်မှ မိုးလိုက်၏။

အရှေ့တိုင်း၏ ကြီးကျယ်မြင့်မြတ်မှုကို ကိုယ်စားပြုသည့် ထီးမိုးခံပုံစံဖြင့် ဘရူနို သင်္ဘောပေါ်မှ တလှမ်းချင်း ဆင်းလာသည်။

ဥပရာဇာဉီးအောင်မြ နှင့် မျက်နှာချင်းဆိုင်လိုက်၏။

သူတို့နှစ်ဉီးကြားတွင် စကားပြန်လုပ်ပေးမည့်..လွီဇာ။

“ဟံသာဝတီပြည့်ရှင်ဗြမိုင်းဓိရာဇာဓိပတိ ဗညားဒလ ကိုယ်စား ကျွန်ုပ် အိမ်ရှေ့ဉပရာဇာ က ကိုယ်စားလှယ်တော်ကြီးကို လာရောက်ကြိုဆိုတာပါ”

လွီဇာက စကားပြန်ပေးလိုက်၏။

“ပြင်သစ်အင်ပါယာပြည့်ရှင်လူဝီဘုရင် ၏ အသရေတော်ကို အမှီပြုလျက် ပွန်ဒီချယ်ရီဘုရင်ခံ မွန်စီယာဒူပလေ၏ ပေးအပ်သော သဝဏ်လွှာကို ဟံသာဝတီဘုရင်ထံ အပ်ရန် ကျွန်တော်မျိုး မွန်စီယာဒီဘရူနို က ကိုယ်စားလာရောက်ခဲ့ခြင်းပါ”

“လွီဇာကြီး..ဘယ့်နှယ့်တုန်း..ခင်ဗျားပြင်သစ်ကောင်တွေက..သဝဏ်လွှာချည်းပဲ လာတာလားလို့”

ဉီးအောင်မြ ၏ လေသံ ကြောင့် လွီဇာက မျက်မှောင်ကြုံ့လိုက်သည်။

“ဉပရာဇာ..စကားကို ဆင်ခြင်ပြောပေးဖို့တောင်းပန်ပါရစေ....သူတို့ထဲမှာလည်း ဗမာစကား တတ်တဲ့သူ ပါလာနိုင်ပါတယ်”

ဥပရာဇာ က နှုတ်ခမ်းကို တွန့်ကွေးရုံ ပြုံးလိုက်၏။

“ကဲ...သူတို့တည်းခိုမယ့်...ဘုရားကျောင်းဆီကို သွားဖို့ ဝေါယာဉ်တွေ အဆင်သင့်ဖြစ်ပြီလို့ ပြောပေးပါ”

သို့သော် လာဗီက ဘရူနိုအား ပြင်သစ်စကားဖြင့် ဝင်ပြောလိုက်၏။

လွီဇာ မျက်နှာ တစ်ချက်ပျက်သွားသည်။

ဥပရာဇာ က ဉီးဆောင်ပြီး ဘရူနိုအား ဝေါယာဉ်ရှိရာသို့ ခေါ်သွားသည်။

လွီဇာက လာဗီ နားသို့ ကပ်ကာမေးလိုက်၏။

“ရှင်က ဗမာစကားတတ်တာလား”

“ကျုပ် သီရိလင်္ကာက ဘုန်းကြီးကျောင်းတစ်ကျောင်းဆောက်တော့ ပိသုကာလုပ်ပေးခဲ့ဖူးတယ်...အဲ့ဒီက ဗမာဘုန်းကြီးစာသင်သားတွေဆီမှာ သင်ခဲ့တာ..ဒါကြောင့်လည်း ဘရူနိုက ကျုပ်ကို သူ့အနားခေါ်ထားခဲ့တာပါ..လွီဇာ”

“အော်”

“ခင်ဗျား..မင်းသားကို ပြောပြလိုက်ပါဉီး..နောက်က သင်္ဘောနှစ်စီးမှာ အမြောက်ကြီး (၄)လက်နဲ့ သေနတ် (၅၀၀) ပါတယ်လို့....ဒါက ဟံသာဝတီဘုရင်အတွက် ပြင်သစ်ဘုရင်ခံရဲ့ လက်ဆောင်ပဲ ရှိပါသေးတယ်..ချုပ်ဆိုမယ့် စာချုပ်အတိုင်း ပေးမယ့် လက်နက်မဟုတ်သေးပါဘူးလို့”

“အိမ်ရှေ့မင်းသားကိုယ်စား ကျွန်မတောင်းပန်ပါတယ်..လာဗီး...သူက သံတမန်ရေးရာအပြောအဆိုမှာ သိပ်အဆင်မပြေသေးလို့ပါ”

“ရပါတယ်လေ....ကျုပ်လည်း ဒီကိစ္စ ဘရူနိုကို ပြန်မပြောပါဘူး...သံတမန်ရေးရာမှာ ကျုပ်တို့ စကားပြန်တွေက အရေးကြီးတယ်...တချို့ကိစ္စတွေ ခင်ဗျားနဲ့ ကျုပ် ညှိညှိနှိုင်းနှိုင်းအလုပ်လုပ်ကြတာပေါ့”

လာဗီ က သူ့အတွက် စီစဉ်ထားသည့် ဝေါယာဉ်ပေါ် တက်လိုက်သည်။

လွီဇာက လာဗီ ၏ ဝေါယာဉ်ဘေးတွင် ရပ်လိုက်၏။

“ဒါနဲ့...မီလပ် မပါဘူလား...လာဗီ”

“မွန်စီယာဘရူနို ခေါ်လာမယ့်စာရင်းထဲမှာ သူမပါခဲ့ဘူး..လွီဇာ..ဒါပေမယ့်..မင်းအတွက် သူက ဒီစာလေး ပေးလိုက်တယ်”

လာဗီ ကမ်းပေးသည့် စာကို လွီဇာက လှမ်းယူလိုက်သည်။

...................................................................................................

သံလျင်မြို့ဝန်၏ အိမ်ခြံဝန်းထဲတွင် တဲနန်းကြီးတစ်ခု ထိုးထားသည်။

မိုးတစိမ့်စိမ့်ကြားမှ မိကျောင်းတူရိယာတီးခတ်သံ က ခပ်သဲ့သဲ့။

ရှေ့ဆုံးစားပွဲတွင် ဥပရာဇာ နှင့် ဘရူနို တို့က မျက်နှာချင်းဆိုင်ထိုင်နေကြ၏။

သူတို့နဘေးတွင် စကားပြန်ပေးမည့် လွီဇာ ၊ ကိုဇာနီကော့ဗ်နှင့် လာဗီး။

“ဘုရင်နဲ့ မတွေ့ခင်မှာ ကျုပ်တို့ အကြိုသဘော စကားပြောထားဖို့ လိုပါတယ်..ဥပရာဇာ”

“ပြောပါ..ပြင်သစ်သံအမတ်မင်း”

“အခု ထည့်ချုပ်မယ့်စာချုပ်မှာ စစ်ရေးအကူအညီကိစ္စတွေဟာ ပြင်သစ်အနေနဲ့ တိုက်ခိုက်ရေးကိစ္စအတွက်မဟုတ်ပဲ..လေ့ကျင့်ရေးအတွက်သာဖြစ်ကြောင်း ကို ထည့်ချုပ်ဆိုမှာပါ..အဲ့ဒါကလည်း တဖက်က အင်းဝနန်းတော်နဲ့ ဆက်ဆံရေးအတွက်ပါ”

“အင်း..အဲ့ဒီတော့ ကျုပ်တို့က ဒီလက်နက်တွေကို အင်းဝနဲ့ စစ်ဖြစ်ရင် မတိုက်ရဘူးလား”

ဘရူနို က ပြုံးလိုက်သည်။

“ဒါကတော့ ကျွန်တော်မျိုးတို့က လေ့ကျင့်ရေးအတွက်ပဲ ပေးတာလေ...ကျန်တဲ့နေရာမှာ သုံးတာကတော့ ဘယ်နေရာသုံးသုံး ဥပရာဇာတို့ ကိစ္စပဲ”

“ခင်ဗျားတို့ အနောက်တိုင်းသားတွေ စကားကလည်း ရှင်းရှင်းလေးကို ရှုပ်အောင်လုပ်နေတယ်”

“စကားလုံးတွေက စကားပြောတဲ့အချိန် တချိန် အမြဲရှိပါတယ်...အဲ့ဒီအချိန်ကျရင် ဥပရာဇာ သိလာပါလိမ့်မယ်”

ဥပရာဇာက စကားပြန်မတော့ပဲ ဘရန်ဒီ တခွက်ငှဲ့လိုက်သည်။ ထို့နောက် နဘေးတွင် ရှိနေသော ကိုဇာနီကော့ဗ်ကို သာ စကားပြောနေ၏။

ဘရူနိုမှာ မျက်စိမျက်နှာပျက်နေသည်။

“မွန်စီယာဘရူနို..ပွန်ဒီချယ်ရီက မဒမ်ဒူပလေ ရော နေကောင်းကျန်းမာပါရဲ့လား”

လွီဇာက စကားလမ်းကြောင်းလွှဲကာ အခြေအနေကို ဝင်ထိန်းလိုက်၏။

“ကောင်းမွန်ပါတယ်”

ဘရူနိုက စိတ်မပါတပါဖြင့် ပြောကာ..တစုံတစ်ခုကိုတွေးနေသည်။

ခဏကြာတွင် ဖာသာနာရေနီ ရောက်လာ၏။

ဥပရာဇာ နှင့် ကိုဇာနီကော့ဗ် တို့သည် ဖာသာနာရေနီ ရှိရာသို့ ထသွားပြီး ရင်းနှီးစွာ စကားပြောနေကြသည်။

လွီဇာကလည်း ဖာသာနာရေနီကို နှုတ်ဆက်ရန် ခွင့်တောင်းပြီး ဝိုင်းမှ ထသွား၏။

ဘရူနိုက ထိုမြင်ကွင်းကို သေသေချာချာအကဲခတ်နေ၏။

“လာဗိ.....မင်း မနက်ဖြန်..သန်လျင်မြို့ထဲက ကုန်သည်တွေဆီ လက်ဆောင်တွေနဲ့ သွား..ပြီးရင် ဥပရာဇာအကြောင်းသေချာစုံစမ်းခဲ့...ပြီးတော့ ဥပရာဇာ နဲ့ ကိုဇာနီကော့ဗ် ၊ ဖာသာနာရေနီတို့ ကြားက ဆက်ဆံရေးအခြေအနေကို သေချာသိအောင်လုပ်ခဲ့..ဟံသာဝတီကိုမသွားခင်..အဲ့ဒါတွေ ငါသိချင်တယ်”

နောက်တနေ့ ။

ဘုရားရှိခိုးကျောင်းဝန်းအတွင်းရှိ ဘရာသာအန်ဂျလို ၏ ဆေးခန်းတွင် ဆေးလာကုသူများနှင့် ပြည့်နှက်နေသည်။

နေ့လည်စာစားပြီးခါစ ဘရူနိုက တည်းခိုရာအဆောင်ရှေ့တွင် မတ်တပ်ရပ်ရင်း ထိုမြင်ကွင်းကို ငေးကြည့်နေသည်။

လာဗီ က မြင်းရထားပေါ်မှ ဆင်းလာပြီး ဘရူနိုဘေးတွင် မတ်တပ်လာရပ်၏။

ထို့နောက် လေသံခပ်တိုးတိုးဖြင့်..

“ပဲခူးဘုရင်မှာ သမီးတွေချည်းပဲ ထွန်းကားတယ်။ ဒီတော့ ညီတော်ဉပရာဇာဉီးအောင်မြ ဟာ ထီးနန်းဆက်ခံမယ့်သူပဲ..ဒါပေမယ့်...”

လာဗီ က စကားကို ရပ်လိုက်သဖြင့် ဘရူနို က မျက်မှောင်ကြုံ့ကာ ကြည့်လိုက်သည်။

“ဆက်ပြောလေ..လာဗီ”

“အရင်က ပဲခူးနန်းတွင်းမှာ အုပ်စုသုံးစုကွဲနေတယ်....ဗညားဒလ ဘုရင်မဖြစ်ခင် ဉီးအောင်လှ ဘဝကတည်းက လုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့တဲ့ အခွန်ဝန်ဉီးကို၊ ကျီဝန်ဉီးမောင်တို့ အုပ်စု၊ နောက် ဉီးအောင်လှ ထီးနန်းရရေးကို အနီးကပ်အကူအညီပေးခဲ့ကြတဲ့ လွီဇာဒီမဲလိုး၊ လက်ျာဗိုလ်၊ တလပန်းအုပ်စု၊ နောက်ဆုံးက ညီတော် ဥပရာဇာရဲ့အုပ်စုပေါ့...ပြီးခဲ့တဲ့လကတော့ အင်းဝနဲ့ ဆက်သွယ်မှုနဲ့ ပထမအုပ်စုက နှစ်ယောက်လုံး ကွပ်မျက်ခံလိုက်ရပြီ....အဲ့ဒီတော့....ဘုရင့်အနားမှာ လွီဇာအုပ်စုနဲ့ ဥပရာဇာအုပ်စု ပဲ ကျန်တော့တယ်... လွီဇာအုပ်စု က စစ်သူကြီးတလပန်းက ဘုရင့်သမီးတော် ပင်တိုင်စံမင်းသမီးနဲ့ ကြိုက်နေကြတယ်..ဒါကို ဘုရင်က လည်း ခွင့်ပြုထားတယ်..ဘုရင့်သမက်ဆိုတာလည်း အချိန်မရွေး ဘုရင်ဖြစ်နိုင်တယ်မဟုတ်လား”

“ဘယ်ဘက်က အားသာနိုင်လဲ”

“ဥပရာဇာ ဟာ ဘုရင်ကိုယ်တိုင် ရွေးချယ်ပေးခဲ့တဲ့ နန်းလျာပဲ...ဒီတော့...အများစုက ဥပရာဇာ ဘက်ပဲ ပါကြတာပါ... ပြီးခဲ့တဲ့နှစ်က အင်းဝစစ်ပွဲကို ဝါရင့်စစ်ဗိုလ်ချုပ်တွေဖြစ်တဲ့ လက်ျာဗိုလ်တို့၊ တလပန်းတို့ ဉီးဆောင်တိုက်ခွင့်မရခဲ့ဘူး... ဉပရာဇာ က  ဉီးဆောင်တိုက်ခဲ့တာ..ဒါပေမယ့်...တိုက်ပွဲက အနိုင်အရှုံးမပေါ်ပဲ...ပြန်လာခဲ့ရတယ်...ဥပရာဇာက အဲ့ဒီ ဂုဏ်သိက္ခာကို ပြန်ဆည်ချင်နေပုံပါပဲ”

“ဟံသာဝတီနဲ့ သန်လျင်မှာ ဥပရာဇာနဲ့ အရင်းနှီးဆုံးသူတွေက ဘယ်သူဖြစ်မလဲ”

“သန်လျင်က အာမေးနီးယန်းကုန်သည် နီကိုလာဒီအာကွီးယား ဟာ ဥပရာဇာရဲ့ အရင်းနှီးဆုံးမိတ်ဆွေပါပဲ... နီကိုလာ နဲ့ ဥပရာဇာတို့ ပေါင်းပြီး ဟော့ဒီဘုရားရှိခိုးကျောင်းအသစ်ကြီးကို ဆောက်ပေးခဲ့တာ..မွန်စီယာ...နီကိုလာနဲ့ပတ်သက်ပြီး ဒီဘုရားကျောင်းက ကျောင်းထိုင် ဖာသာနာရေနီ ကိုလည်း ဥပရာဇာ ကအတော်လေး ခင်မင်လေးစားတယ်...နောက်တစ်ယောက်က ဟံသာဝတီက ကုန်သည်ကိုဇာနီကော့ဗ်.....သူက ပဲခူးဘုရင်ရဲ့ သင်္ဘောတွေကိုလည်း ပြင်ပေးနေတဲ့သူ...နောက်ပြီး ကိုဇာနီကော့ဗ် ဟာ ဥပရာဇာရဲ့ လူပဲ..ဒါကြောင့် ပွန်ဒီချယ်ရီကို လွှတ်တဲ့ သံတမန်နှစ်ယောက်ထဲမှာ ဥပရာဇာဟာ လွီဇာနဲ့အတူ သူ့လူ နီကော့ဗ်ကို ထည့်လွှတ်လိုက်တာပါ”

“မနေ့က  ဥပရာဇာ ရဲ့ ကြိုဆိုပုံတွေ၊ ပြောစကားတွေ အရ ငါတို့အပေါ် တခုခု စိတ်ထဲ ခုနေပုံပဲ....ဘာကြောင့်ဆိုတာ သိရနိုင်လား”

“အဲ့ဒါနဲ့ ပတ်သက်နိုင်မယ့် သတင်းတစ်ခုတော့ သိလာရတယ်..အဲ့ဒါက ...ဉပရာဇာရဲ့ အနီးကပ်မိတ်ဆွေ နီကိုလာ ဟာ ဟိုင်းကြီးကျွန်းမှာ ရှိတဲ့ အင်္ဂလိပ်တပ်တွေကို ရိက္ခာတင်သွင်းခွင့်ရထားတယ်...ပြီးတော့..သူက မဒရပ်အင်္ဂလိပ်ဘုရင်ခံ သောမတ်စ်ဆောင်းဒါး နဲ့ အဆက်အသွယ်ရှိတယ်တဲ့”

“အင်း..အဲ့ဒါအဖြေပဲ....လာဗီး..ကုတ်နီအင်္ဂလိပ်ကောင်တွေဆီက သွေးထိုးစကားတစ်ခုခုကြောင့် ဥပရာဇာဟာ ငါတို့အပေါ် ဒီလိုဆက်ဆံရေးဖြစ်နေတာပဲ...ဒီလောက်ဆို ဘာဆက်လုပ်ရမယ်ဆိုတာ ငါသိသွားပြီ”

..............................................................................................................

၁၇၅၁ ဇူလိုင် ၂၇ ရက်။

ဟံသာဝတီဆိပ်ကမ်း တစ်ခုလုံးကို ဘုရင့်တိုက်လှေများက ပိတ်ဆို့လိုက်ကြသည်။

အင်းဝမှ ကုန်သွယ်လာသော အညာဆန်လှေကြီးများ၊ လှေငယ်များ အားလုံးပေါ်သို့ ဟံသာဝတီတပ်သားများ တက်လာကြ၏။

လှေသူကြီးများကို ဖမ်းဆီးကာ တက်မများကိုလည်း သိမ်းဆီးလိုက်ကြသည်။

နှစ်ပြည်ထောင်စစ်ပွဲကြီး ငြိမ်းချမ်းသွားပြီဆိုကာ ကုန်သွယ်လာကြသည့် ကုန်သည်များ၊ ကုန်များအားလုံးမှာ ဟံသာဝတီတပ်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ကြရသည်။

ဟံသာဝတီသို့ ရွှေဆိုင်းများပေးရန် ရောက်လာသည့် အင်းဝမှ ကိုးသိန်းသခင်၏ ကိုယ်စားလှယ် ငဉီး အပါအဝင် လူ(၂၀)ကိုလည်း ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်သည်။

နောက်တနေ့တွင် ဟံသာဝတီဆိပ်ကမ်းသို့ ရောက်လာမည့် ပြင်သစ်ကိုယ်စားလှယ်ဘရူနို နှင့် ရေတပ်သင်္ဘောများသတင်းကို အင်းဝသို့ မရောက်ရှိနိုင်ရန် ပြုလုပ်ခြင်းဖြစ်သည်။

၁၇၅၁ ဇူလိုင် ၂၈ ရက်နေ့တွင် ဟံသာဝတီသို့ ရောက်လာသည့် ပြင်သစ်ကိုယ်စားလှယ် ဘရူနို နှင့်အဖွဲ့ကို ဘုရင်ဗညားဒလကိုယ်တိုင် ကြိုဆိုဧည့်ခံသည်။

ထို့နောက် ပြင်သစ် - ဟံသာဝတီ နှစ်နိုင်ငံသဘောတူညီမှုစာချုပ်တွင် လက်မှတ်ရေးထိုးကြသည်။

စာချုပ်အရ သန်လျင်တွင် ပြင်သစ်ရေတပ်စခန်းငယ်တစ်ခုတည်ဆောက်ပြီးစီးပါက ပြင်သစ်စစ်သည် (၅၀၀)မှ (၆၀၀) ကြားထားရှိမည်ဖြစ်သည်။

ပဲခူးဘုရင်အတွက် ပြင်သစ်မှ လေ့ကျင့်ရေးစစ်သည်များ၊ လက်နက်များကို လက်ဆောင်အဖြစ်ပေးအပ်မည်ဖြစ်သည်။

ပဲခူးဘုရင်အနေဖြင့် ပြင်သစ်တို့၏ ကူးသန်းရောင်းဝယ်ရေးကိစ္စတွင် အကြမ်းဖက်သောနည်းဖြင့်ဖြစ်စေ၊ အခြားသောနည်းဖြင့်ဖြစ်စေ ဝင်ရောက်စွက်ဖကခြင်းမပြုရန်။ သင်္ဘောများတည်ဆောက်ရန် မြေနေရာပေးရန်ဖြစ်သည်။

စာချုပ်၏ အရေးအပါဆုံးအချက်မှာ ဟံသာဝတီနှင့် အင်းဝ တို့ကြား မည်သည့်စစ်ပွဲများတွင်မဆို ပြင်သစ်အနေဖြင့် အတိအလင်းပါဝင်မည်မဟုတ်သကဲ့သို့ ပြင်သစ်အနေဖြင့် စစ်ရေးအကူအညီနှင့် ပတ်သက်ပြီး မည်သို့သော အာမခံချက်မျိုးမှ တရားဝင်မပေးထားလို၊ စစ်ပွဲမှ ပြဿနာများကို မိမိတို့ဘာသာ တာဝန်ယူဖြေရှင်းရန်တို့ ဖြစ်သည်။

နောက်တနေ့ နံနက်တွင် ပြင်သစ်မှ ပဏာမ ပေးအပ်သည့် လက်နက်များကို ဗညားဒလဘုရင် ကိုယ်တိုင် သင်္ဘောများပေါ်သို့ တက်ရောက်ကြည့်ရှုသည်။

တလအကြာတွင် နောက်ထပ် လက်နက်များလည်း ထပ်မံရောက်ရှိလာမည်ဖြစ်သည်။

....................................................................................

“ဗညားကျန်းတော မရှိတော့ပေမယ့်..ကိုးသိန်းသခင်ကိုယ်တိုင် ကွပ်ကဲနေတာဟာ..ကျွန်တော်မျိုးတို့တပ်များအတွက် အင်မတန်အခက်တွေ့စေပါတယ်..ဝန်ခံရရင် ကိုးသိန်းသခင်မင်းခေါင်ကို စစ်နည်းဗျူဟာအရ ယှဉ်ဖို့ရာ မစွမ်းသာပါ”

အင်းဝကို အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ရေး ညညီလာခံအစည်းအဝေး။

ဥပရာဇာ က သန်လျက်ဉီးတိုက်ပွဲတွင် ဟံသာဝတီတပ်တို့ ပူးညှပ်ပိတ်ဆို့ခံရသည့် အရေးကို ဗညားဒလဘုရင်ထံ ရှင်းပြဝန်ခံလိုက်သည်။

“လက်ျာဗိုလ် ကရော...ဘယ်လို သဘောရလဲ”

“နန်းကျဘုရင်မောင်သာလှ လက်ထက်ကလည်း ကျွန်တော်မျိုးတို့ ဟာ အင်းဝကို ရေကြောင်းကနေ အားပြုပြီး တိုက်ခိုက်ခဲ့တာပါပဲ...အင်းဝသားတွေဟာ ရေကြောင်းခံတပ်တွေကို အဆင့်ဆင့် ဆီးစို့ ထားပါတယ်...ဒါပေမယ့်...ကုန်းတွင်းဘက်က တိုက်တဲ့အခါကျ ဟံသာဝတီသားတွေဟာ အင်းဝမြို့တံခါးအထိ ရောက်ခဲ့တာကို..ကျွန်တော်မျိုးတို့ ပြန်သုံးသပ်ရပါမယ်”

“အင်းဝရဲ့ အားနည်းချက်ဟာ..ဘာလဲ”

“ကျွန်တော်မျိုးမ လျှောက်တင်ပါရစေ..ဘုရား”

အားလုံးက လွီဇာကို ကြည့်လိုက်ကြသည်။

“ကျွန်တော်မျိုးမဟာ..စစ်ရေးဗျူဟာတွေကို ကျွမ်းကျင်သူတော့ မဟုတ်ပါဘူး..ဘုရား..ဒါပေမယ့်..တချိန်က အင်းဝမြို့သူဖြစ်ခဲ့သလို..ကိုးသိန်းသခင်နဲ့လည်း အနီးကပ် နေခဲ့ဖူးသူဖြစ်ပါတယ်...အင်းဝ ရဲ့ အားနည်းချက်ကို အခု အင်းဝ ရဲ့ အဓိကကာကွယ်သူဖြစ်နေတဲ့ ကိုးသိန်းသခင်ကိုယ်တိုင် ကျွန်တော်မျိုးမကို ပြောပြခဲ့ဖူးပါတယ်”

ဗညားဒလဘုရင်၏ မျက်လုံးများက အရောင်လက်သွား၏။

“အင်းဝ ရဲ့ ရိက္ခာဟာ ကျောက်ဆည်လယ်တွင်းကိုးခရိုင်ပါပဲ. အင်းဝကို တိုက်ရိုက်ဝိုင်းမယ့်အစား..လယ်တွင်းကိုးခရိုင်ကို အရင်သိမ်းပိုက်ထားပြီး မှ အင်းဝကို ဝိုင်းရပါလိမ့်မယ်..ရိက္ခာမရှိတော့ရင်..လက်နက်ဘယ်လောက်ရှိရှိ..စိတ်ဓာတ်ဘယ်လောက်ထက်ထက်..ဗျူဟာဘယ်လောက်ကောင်းကောင်း..ရေရှည်မခံနိုင်ပါဘူး”

ညီလာခံတစ်ခုလုံး တိတ်ဆိတ်သွားသည်။

“ကုန်သည်ကြီးလွီဇာ လျှောက်တင်တာကို...ကျွန်တော်မျိုးလည်း သဘောညီပါတယ်”

တလပန်းက ဝင်လျှောက်တင်လိုက်၏။

“အင်း...ညီတော်ဥပရာဇာသဘောကရော”

“ကျွန်တော်မျိုး လည်း ဒီအချက်ကို သဘောတူပါတယ်..ဘုရား”

“ကဲ..ဒီလိုဆို...အင်းဝကို သိမ်းယူမယ့် အခါတော်ကို ပုဏ္ဏာတော်များတွက်ချက်ပြီး..ဥပရာဇာ နဲ့ စစ်သူကြီးတလပန်းတို့က တပ်တော်ဖွဲ့၊ တပ်တော်စည်းဖို့ကို တာဝန်ယူလုပ်ဆောင်ကြစေ”

ထို့နောက်...ဗညားဒလက လွီဇာကို ပြုံးပြီး ကြည့်လိုက်သည်။

“ဒါနဲ့..လွီဇာကြီးရဲ့....မေးရပါဉီးမယ်..ငါကိုယ်တော်တို့.အင်းဝကို အလိုတော်ပြည့်ပြီးတဲ့အခါ..မယ်မင်းက..ဟံသာဝတီမှာပဲ..နေမှာလား..အင်းဝ ပြန်နေမှာလား”

လွီဇာက ခေါင်းခါလိုက်သည်။

“တချိန်က အရှင်မင်းကြီးပေးခဲ့တဲ့ ကတိကို သတိရသေးမယ်ထင်ပါတယ်..ဘုရား”

“အင်း..နှစ်တွေအတော်ကြာပေမယ့်...အတော်ဇွဲကြီးပေတာကိုး..လွီဇာ..စိတ်ချပါ...မင်းနဲ့ မင်းရဲ့ အမျိုးအနွယ်ဗရင်ဂျီတွေကို ကျုပ်ပိုင်နက်ကနေ မင်းတို့ရဲ့ ဌာနေ ပေါ်တူဂီပြည် ဆီ အလွယ်တကူ ထွက်ခွာခွင့်ပြုပေးမှာပါ”

.......................................................................................................

သာမန်လူတန်းစားပြည်သူအများစုနေထိုင်သည့် အင်းဝ အပြင်မြို့မှာ ခြောက်ကပ်တိတ်ဆိတ်နေသည်။

မီးသွေးတိုက်ဆိပ်ကမ်းဆီမှ အမြောက်သံများ တချက်တချက်ကြားရ၏။

တချိန်က စည်ကားခဲ့သော နမော်ဈေး ထောင့်ဘက်မှ အလန့်တကြားပြေးထွက်လာသော ခွေးပိန်လေးတစ်ကောင်။

ထိုခွေးကလေးနောက်တွင် ဝါးရင်းတုတ်ကိုယ်စီဖြင့် ယောက်ျား၊ မိန်းမများ။

နမော်ဈေးထောင့်မှ ပြေးထွက်လာသော ခွေးကလေးသည် မျက်နှာချင်းဆိုင် တာရဲတန်းဘက်အထွက်လမ်းတွင် နောက်ထပ် လူအုပ်ကြီးတစ်စုနှင့် တွေ့လိုက်ရပြန်သည်။

အရှိန်ဖြင့် ပြေးလာသော ခွေးပိန်ကလေးမှာ...ရှေ့ဆုံးမှ လူပစ်လိုက်သည့် ဓါးမ က ခေါင်းကို လာမှန်သဖြင့် ခွေခနဲ လဲကျသွားရှာသည်။

လူအုပ်ကြီးနှစ်အုပ်မှာ အသက်ငင်နေသော ခွေးကလေး ရှေ့တွင် မျက်နှာချင်းဆိုင်ရပ်လိုက်ကြသည်။

ပိန်လှီခြောက်သွေ့နေသော သူတို့၏ မျက်နှာများသည် ဆာလောင်မှုနှင့် မည်သည့်အရာကိုမဆို လဲလှယ်ပစ်တော့မည့် အနေအထား။

နန်းတော်မြို့ရိုး၏အေနာက်ဖက် နန်းတော်အရာထမ်း၊အမှုထမ်းများနေထိုင်သော အင်းဝအတွင်းမြို့တွင်း တွင်လည်း နောက်ထပ် လူအုပ်ကြီးတစ်စု။

ကိုးသိန်းသခင်မင်းခေါင်က ဆူညံနေသော လူအုပ်စုကြီး ၏  အရှေ့မှ အနောက်သို့ ကူးချည်သန်းချည်သွားနေသည်။

အနောက်မှ ထီးတော်မိုးမှာ အနောက်မှ အသည်းအသန်လိုက်ရ၏။

တန်းစီနေသော လူအုပ်စုကြီးမှာ အခြားမဟုတ်။

အင်းဝနန်းတွင်း၊ နန်းပြင်နှင့် နယ်စပ်များတွင် အမှုထမ်းနေကြသော စစ်တပ်များမှ စစ်ဉီးစီးအရာရှိများ၊ အုပ်ချုပ်ရေးအရာရှိများပင်ဖြစ်သည်။

ပြင်ပတွင် ဆန်တစ်တင်းလျှင် (၈၀)ကျပ်ဖြစ်သွားပြီး ဖြစ်သဖြင့် စစ်သည်တို့မှာ ရိက္ခာမလုံလောက်မှုများ ကြုံကြရသည်။

နောက်ဆုံးတွင် နန်းတော်၏ ရိက္ခာအဖြစ် အရံထားသည့်စပါးကျီများဖြစ်သည့် မစိုးရိမ်ကျီတော် နှင့် မတောင့်တကျီတော်တို့မှ စပါးများကို စစ်သည်များအတွက် ထုတ်ပေးရတော့သည်။

ကျီတော်များမှ စပါးများမှာလည်း လုံလောက်အောင်မထုတ်ပေးနိုင်သဖြင့် စစ်ဉီးစီးချုပ်ဖြစ်သော ကိုးသိန်းသခင်မှာ တပ်မှူးများထံ ကိုယ်တိုင် ဖျောင့်ဖျကာ စီမံခန့်ခွဲပေးနေရသည်။

၁၇၅၁ အောက်တိုဘာတွင် အိမ်ရှေ့ဥပရာဇာ ၊ ညီတော်ဗညားဒလဘွဲ့ခံ ဉီးအောင်စ နှင့် တလပန်းတို့ ဉီးဆောင်သော ဟံသာဝတီစစ်သည် အင်အား (၅၀၀၀) သည် ဧရာဝတီမြစ်ကမ်းနားမြို့များအတိုင်း အင်းဝသို့ ချီတက်လာသည်။

လမ်းတလျှောက်မြို့စားရွာစားများမှာလည်း ဟံသာဝတီတပ်များကို ခုခံခြင်းမပြုပဲ မြို့ရိုးများဖြင့် သီးခြားအခိုင်အလုံနေသူများ၊ ဟံသာဝတီကို သစ္စာခံသူများနှင့် စစ်ဘေးလွတ်ရာသို့ ထွက်ပြေးကြသူများ ဟု သုံးစုကွဲသွားသည်။

တဖက်တွင်လည်း လက်ျာဗိုလ်နှင့် တောင်ငူစားတို့ဉီးဆောင်သည့် အင်အား (၂၀၀၀၀) က ကျောက်ဆည်လယ်တွင်းကိုးခရိုင် ကို သိမ်းယူပြီး အင်းဝ၏ ရိက္ခာလမ်းကြောင်းများကို ပိတ်ဆို့နိုင်ခဲ့သည်။

အင်းဝဆီသို့ ရိက္ခာလမ်းကြောင်းများကို ပိတ်ဆို့ထားပြီးဖြစ်သဖြင့် ၁၇၅၁ ဒီဇင်ဘာတွင် အင်းဝအား ဧရာဝတီမြစ်စဉ်တလျှောက်ကာကွယ်ပေးနေသည့် ခံတပ်များမှာ ရိက္ခာလုံးဝပျက်တောက်သွားတော့သည်။

ဟံသာဝတီတပ်များဝင်လာပြီဖြစ်သဖြင့် စဉ့်ကိုင်တွင် ကွေ့များကို စီးခံနေသော ကိုးသိန်းသခင်မင်းခေါင်မှာ အင်းဝသို့ အသည်းအသန်ပြန်လာရသည်။

အင်းဝသို့ ရောက်သည့်အခါတွင်လည်း ရိက္ခာပြတ်လတ်မှုကြောင့် လက်အောက်ခံတပ်များ၏ ပုန်ကန်မှုကို ရင်ဆိုင်နိုင်သည့် အခြေအနေများတွေ့ရသည်။

ထို့ကြောင့် မဟာဓမ္မရာဇာဓိပတိအား လျှောက်တင်ကာ နန်းတော်၏ အရံစပါးကျီများကို ဖွင့်ထုတ်ပစ်ရတော့သည်။

မဟာဓမ္မရာဇာဓိပတိ မှာ တရုတ်သို့ ထည့်ပေးလိုက်သည့်သံတမန်အဖွဲ့များနှင့် အတူ စစ်ကူတရုတ်တပ်ကြီး ချီလာမည့်အရေးကိုသာ မျှော်လင့်နေသည်။

အင်းဝသို့ လာရောက်သွားသော တရုတ်သံတမန်အတုများမှာ မြန်မာသံအဖွဲ့ကို ပီကင်းနန်းတော်သို့ ခေါ်ဆောင်သွားနိုင်ခဲ့သည်။

သို့သော်ငြား....သံတမန်အတုလုပ်သည့်ကိစ္စများကို ယူနန်ဘုရင်ခံက စုံစမ်းထောက်လှမ်းသိရှိသွားသဖြင့် မြန်မာသံအဖွဲ့ကို တရုတ်နန်းတွင်းက ပုံမှန်ပင်ဆက်ဆံကာ လက်ဆောင်ပဏ္ဏာအနည်းငယ်ဖြင့် ပီကင်းမှ ပြန်လွှတ်လိုက်သည်။

သံတမန်အတု ဝူရှန်ရှိန်မှာမူ...လိမ်လည်မှုကြောင့်..ချင်လုံးဧက္ကရာဇ်၏ အမိန့်ဖြင့် တဲအတွင်းအလုံပိတ်ကာ အစာရေစာဖြတ်တောက်ပြီး သတ်ခြင်းကို ခံရတော့မည်ကို မဟာဓမ္မရာဇာဓိပတိမသိရှာ။

ပြည်သူများနေထိုင်သည့် အင်းဝအပြင်မြို့ အခြေအနေမှာလည်း အတော်လေးပင် ဆိုးရွာလာသည်။

ဆန်စပါးရိက္ခာမရှိတော့သဖြင့် ရှိသည့် ကျွဲ၊ နွား၊ မြင်း၊ ခွေး များကိုပင် သတ်စားနေကြသည်။ အစာရေစာငတ်ပြတ်သဖြင့် သေဆုံးသူများပင် ရှိလာ၏။

ငတ်မွတ်လွန်းကြသဖြင့် လူသေကောင်မှ အသားများကိုပင် ဖြတ်ယူကာ ချက်စားကြသည်ဟူသော ကောလဟလများလည်း ထွက်ပေါ်နေ၏။

နန်းမြို့တွင်း အရံစပါးကျီမှ စပါးများ ကုန်သွားသည့်အခါ နောက်ဆုံးတွင် ကိုးသိန်းသခင်မင်းခေါင်သည် မဟာဓမ္မရာဇာဓိပတိကို လျှောက်တင်ရတော့သည်။

မဟာဓမ္မရာဇာဓိပတိ သည် ရိက္ခာများ ဝေပေးခြင်းမပြုတော့ပဲ နန်းတော်ရွှေတိုက်တော်မှ ရွှေစ၊ ငွေတုံးများကို နန်းတော်အား ကာကွယ်မည့် အဓိကအမှုထမ်းများကို ဝေငှရန် ဆုံးဖြတ်လိုက်တော့၏။

နန်းတော်တွင်း ပြဿနာကို ရှင်းပြီးသည့်နောက် ကိုးသိန်းသခင်မှာ အနားမရ။

အင်းဝမြို့၏ နောက်ဆုံးခံတပ်အဖြစ်ဆောက်ထားသည့် မီးသွေးတိုက်ဆိပ်ဆီသို့ ကွပ်ကဲရန် အပြေးသွားရသည်။

မီးသွေးတိုက်ဆိပ်ကမ်းတွင် ကိုးသိန်းသခင်၏ ကွပ်ကဲမှုအောက်တွင် သတိုးမင်းကျော်၊ သတိုးမင်းထင်တို့က တိုက်လှေပေါင်း (၁၅၀၀)ကျော်ဖြင့် ဟံသာဝတီတပ်များကို ခုခံရန် ပြင်ဆင်ထားရသည်။

ခက်ဇော်

(Zawgyi)
AVA 1740s (Season 2)

                                                                       အခန္း(၃၃)

                                                             ......................................................

၁၇၅၁ ဇူလိုင္ ၂၆ ရက္။ သန္လ်င္ၿမိဳ႕။

အသစ္စက္စက္တည္ေဆာက္ၿပီးစီးခါစ ကက္သလစ္ဘုရားရွိခိုးေက်ာင္းႀကီး၏ ထိပ္ေခါင္မိုးမွ ျမစ္ဝသို႔ ၾကည့္ေနသည့္ ဘရာသာအန္ဂ်လို က ေခါင္းေလာင္းကို တီးခတ္လိုက္သည္။

ေခါင္းေလာင္းသံၾကားသည္ႏွင့္ ဆိပ္ကမ္းတြင္ရွိေနေသာ ဟံသာဝတီဘုရင့္ေတာ္ဝင္ဂုဏ္ျပဳတပ္ဖြဲ႕က ေ႐ႊခ်ထားသည့္ ရန္ပုံခြင္းအေျမာက္ႀကီး ကို ျမစ္ျပင္က်ယ္ဆီသို႔ ပစ္ခြင္းလိုက္သည္။

မၾကာမီ ဟံသာဝတီေရတပ္၏ ေရေၾကာင္းျပေလွမ်ားက ျမစ္ေၾကာင္းအတိုင္းဝင္လာ၏။

အေနာက္ဘက္တြင္ ျပင္သစ္အလံတလူလူလြင့္ေနသာ စစ္သေဘၤာသုံးစီး။

ပြန္ဒီခ်ယ္ရီမွ ျပင္သစ္ကိုယ္စားလွယ္ မြန္စီယာဒီဘ႐ူႏို သည္ ေရွ႕ဆုံးတြင္ရွိေသာ လာဖာဗိုရစ္တ္ သေဘၤာဉီးတြင္ မတ္တပ္ရပ္လ်က္ လိုက္ပါလာ၏။

သူ၏ လက္ေထာက္ လာဗီး က အလံအနီေရာင္ကို ေဝွ႔ယမ္းအခ်က္ျပလိုက္သည္။

အေနာက္ဘက္တြင္ ပါလာေသာ သေဘၤာႏွစ္စီးမွ က်ယ္ေလာင္ေသာ အေျမာက္သံႀကီးမ်ားထြက္ေပၚလာ၏။

ျပင္သစ္ ႏွင့္ ပဲခူးႏိုင္ငံေတာ္အၾကား သံတမန္ထူေထာင္ျခင္းအတြက္ ဂုဏ္ျပဳအေျမာက္သံမ်ား။

ကမ္းေျခတြင္ ေ႐ႊထီးေဆာင္းထားေသာ ဥပရာဇာဉီးေအာင္ျမ ၊ လက္်ာဗိုလ္၊ လြီဇာ ၊ အာေမးနီးယန္းကုန္သည္ ကိုဇာနီေကာ့ဗ္ တို႔က စီတန္းေစာင့္ေနၾက၏။

ဘ႐ူႏိုသည္ သေဘၤာေပၚမွ မဆင္းေသးပဲ တစုံတခုကို ေစာင့္ေနသည္။

အထူးစီစဥ္လာေသာ အနီေရာင္ထီးရွည္ႀကီးတစ္ေခ်ာင္းကို ဘဂၤလားလူမ်ိဳးဝန္ထမ္းတစ္ဉီးမွ အေနာက္မွ မိုးလိုက္၏။

အေရွ႕တိုင္း၏ ႀကီးက်ယ္ျမင့္ျမတ္မႈကို ကိုယ္စားျပဳသည့္ ထီးမိုးခံပုံစံျဖင့္ ဘ႐ူႏို သေဘၤာေပၚမွ တလွမ္းခ်င္း ဆင္းလာသည္။

ဥပရာဇာဉီးေအာင္ျမ ႏွင့္ မ်က္ႏွာခ်င္းဆိုင္လိုက္၏။

သူတို႔ႏွစ္ဉီးၾကားတြင္ စကားျပန္လုပ္ေပးမည့္..လြီဇာ။

“ဟံသာဝတီျပည့္ရွင္ျဗမိုင္းဓိရာဇာဓိပတိ ဗညားဒလ ကိုယ္စား ကြၽႏ္ုပ္ အိမ္ေရွ႕ဉပရာဇာ က ကိုယ္စားလွယ္ေတာ္ႀကီးကို လာေရာက္ႀကိဳဆိုတာပါ”

လြီဇာက စကားျပန္ေပးလိုက္၏။

“ျပင္သစ္အင္ပါယာျပည့္ရွင္လူဝီဘုရင္ ၏ အသေရေတာ္ကို အမွီျပဳလ်က္ ပြန္ဒီခ်ယ္ရီဘုရင္ခံ မြန္စီယာဒူပေလ၏ ေပးအပ္ေသာ သဝဏ္လႊာကို ဟံသာဝတီဘုရင္ထံ အပ္ရန္ ကြၽန္ေတာ္မ်ိဳး မြန္စီယာဒီဘ႐ူႏို က ကိုယ္စားလာေရာက္ခဲ့ျခင္းပါ”

“လြီဇာႀကီး..ဘယ့္ႏွယ့္တုန္း..ခင္ဗ်ားျပင္သစ္ေကာင္ေတြက..သဝဏ္လႊာခ်ည္းပဲ လာတာလားလို႔”

ဉီးေအာင္ျမ ၏ ေလသံ ေၾကာင့္ လြီဇာက မ်က္ေမွာင္ႀကဳံ႕လိုက္သည္။

“ဉပရာဇာ..စကားကို ဆင္ျခင္ေျပာေပးဖို႔ေတာင္းပန္ပါရေစ....သူတို႔ထဲမွာလည္း ဗမာစကား တတ္တဲ့သူ ပါလာႏိုင္ပါတယ္”

ဥပရာဇာ က ႏႈတ္ခမ္းကို တြန႔္ေကြး႐ုံ ၿပဳံးလိုက္၏။

“ကဲ...သူတို႔တည္းခိုမယ့္...ဘုရားေက်ာင္းဆီကို သြားဖို႔ ေဝါယာဥ္ေတြ အဆင္သင့္ျဖစ္ၿပီလို႔ ေျပာေပးပါ”

သို႔ေသာ္ လာဗီက ဘ႐ူႏိုအား ျပင္သစ္စကားျဖင့္ ဝင္ေျပာလိုက္၏။

လြီဇာ မ်က္ႏွာ တစ္ခ်က္ပ်က္သြားသည္။

ဥပရာဇာ က ဉီးေဆာင္ၿပီး ဘ႐ူႏိုအား ေဝါယာဥ္ရွိရာသို႔ ေခၚသြားသည္။

လြီဇာက လာဗီ နားသို႔ ကပ္ကာေမးလိုက္၏။

“ရွင္က ဗမာစကားတတ္တာလား”

“က်ဳပ္ သီရိလကၤာက ဘုန္းႀကီးေက်ာင္းတစ္ေက်ာင္းေဆာက္ေတာ့ ပိသုကာလုပ္ေပးခဲ့ဖူးတယ္...အဲ့ဒီက ဗမာဘုန္းႀကီးစာသင္သားေတြဆီမွာ သင္ခဲ့တာ..ဒါေၾကာင့္လည္း ဘ႐ူႏိုက က်ဳပ္ကို သူ႔အနားေခၚထားခဲ့တာပါ..လြီဇာ”

“ေအာ္”

“ခင္ဗ်ား..မင္းသားကို ေျပာျပလိုက္ပါဉီး..ေနာက္က သေဘၤာႏွစ္စီးမွာ အေျမာက္ႀကီး (၄)လက္နဲ႔ ေသနတ္ (၅၀၀) ပါတယ္လို႔....ဒါက ဟံသာဝတီဘုရင္အတြက္ ျပင္သစ္ဘုရင္ခံရဲ႕ လက္ေဆာင္ပဲ ရွိပါေသးတယ္..ခ်ဳပ္ဆိုမယ့္ စာခ်ဳပ္အတိုင္း ေပးမယ့္ လက္နက္မဟုတ္ေသးပါဘူးလို႔”

“အိမ္ေရွ႕မင္းသားကိုယ္စား ကြၽန္မေတာင္းပန္ပါတယ္..လာဗီး...သူက သံတမန္ေရးရာအေျပာအဆိုမွာ သိပ္အဆင္မေျပေသးလို႔ပါ”

“ရပါတယ္ေလ....က်ဳပ္လည္း ဒီကိစၥ ဘ႐ူႏိုကို ျပန္မေျပာပါဘူး...သံတမန္ေရးရာမွာ က်ဳပ္တို႔ စကားျပန္ေတြက အေရးႀကီးတယ္...တခ်ိဳ႕ကိစၥေတြ ခင္ဗ်ားနဲ႔ က်ဳပ္ ညႇိညႇိႏႈိင္းႏႈိင္းအလုပ္လုပ္ၾကတာေပါ့”

လာဗီ က သူ႔အတြက္ စီစဥ္ထားသည့္ ေဝါယာဥ္ေပၚ တက္လိုက္သည္။

လြီဇာက လာဗီ ၏ ေဝါယာဥ္ေဘးတြင္ ရပ္လိုက္၏။

“ဒါနဲ႔...မီလပ္ မပါဘူလား...လာဗီ”

“မြန္စီယာဘ႐ူႏို ေခၚလာမယ့္စာရင္းထဲမွာ သူမပါခဲ့ဘူး..လြီဇာ..ဒါေပမယ့္..မင္းအတြက္ သူက ဒီစာေလး ေပးလိုက္တယ္”

လာဗီ ကမ္းေပးသည့္ စာကို လြီဇာက လွမ္းယူလိုက္သည္။

...................................................................................................

သံလ်င္ၿမိဳ႕ဝန္၏ အိမ္ၿခံဝန္းထဲတြင္ တဲနန္းႀကီးတစ္ခု ထိုးထားသည္။

မိုးတစိမ့္စိမ့္ၾကားမွ မိေက်ာင္းတူရိယာတီးခတ္သံ က ခပ္သဲ့သဲ့။

ေရွ႕ဆုံးစားပြဲတြင္ ဥပရာဇာ ႏွင့္ ဘ႐ူႏို တို႔က မ်က္ႏွာခ်င္းဆိုင္ထိုင္ေနၾက၏။

သူတို႔နေဘးတြင္ စကားျပန္ေပးမည့္ လြီဇာ ၊ ကိုဇာနီေကာ့ဗ္ႏွင့္ လာဗီး။

“ဘုရင္နဲ႔ မေတြ႕ခင္မွာ က်ဳပ္တို႔ အႀကိဳသေဘာ စကားေျပာထားဖို႔ လိုပါတယ္..ဥပရာဇာ”

“ေျပာပါ..ျပင္သစ္သံအမတ္မင္း”

“အခု ထည့္ခ်ဳပ္မယ့္စာခ်ဳပ္မွာ စစ္ေရးအကူအညီကိစၥေတြဟာ ျပင္သစ္အေနနဲ႔ တိုက္ခိုက္ေရးကိစၥအတြက္မဟုတ္ပဲ..ေလ့က်င့္ေရးအတြက္သာျဖစ္ေၾကာင္း ကို ထည့္ခ်ဳပ္ဆိုမွာပါ..အဲ့ဒါကလည္း တဖက္က အင္းဝနန္းေတာ္နဲ႔ ဆက္ဆံေရးအတြက္ပါ”

“အင္း..အဲ့ဒီေတာ့ က်ဳပ္တို႔က ဒီလက္နက္ေတြကို အင္းဝနဲ႔ စစ္ျဖစ္ရင္ မတိုက္ရဘူးလား”

ဘ႐ူႏို က ၿပဳံးလိုက္သည္။

“ဒါကေတာ့ ကြၽန္ေတာ္မ်ိဳးတို႔က ေလ့က်င့္ေရးအတြက္ပဲ ေပးတာေလ...က်န္တဲ့ေနရာမွာ သုံးတာကေတာ့ ဘယ္ေနရာသုံးသုံး ဥပရာဇာတို႔ ကိစၥပဲ”

“ခင္ဗ်ားတို႔ အေနာက္တိုင္းသားေတြ စကားကလည္း ရွင္းရွင္းေလးကို ရႈပ္ေအာင္လုပ္ေနတယ္”

“စကားလုံးေတြက စကားေျပာတဲ့အခ်ိန္ တခ်ိန္ အၿမဲရွိပါတယ္...အဲ့ဒီအခ်ိန္က်ရင္ ဥပရာဇာ သိလာပါလိမ့္မယ္”

ဥပရာဇာက စကားျပန္မေတာ့ပဲ ဘရန္ဒီ တခြက္ငွဲ႔လိုက္သည္။ ထို႔ေနာက္ နေဘးတြင္ ရွိေနေသာ ကိုဇာနီေကာ့ဗ္ကို သာ စကားေျပာေန၏။

ဘ႐ူႏိုမွာ မ်က္စိမ်က္ႏွာပ်က္ေနသည္။

“မြန္စီယာဘ႐ူႏို..ပြန္ဒီခ်ယ္ရီက မဒမ္ဒူပေလ ေရာ ေနေကာင္းက်န္းမာပါရဲ႕လား”

လြီဇာက စကားလမ္းေၾကာင္းလႊဲကာ အေျခအေနကို ဝင္ထိန္းလိုက္၏။

“ေကာင္းမြန္ပါတယ္”

ဘ႐ူႏိုက စိတ္မပါတပါျဖင့္ ေျပာကာ..တစုံတစ္ခုကိုေတြးေနသည္။

ခဏၾကာတြင္ ဖာသာနာေရနီ ေရာက္လာ၏။

ဥပရာဇာ ႏွင့္ ကိုဇာနီေကာ့ဗ္ တို႔သည္ ဖာသာနာေရနီ ရွိရာသို႔ ထသြားၿပီး ရင္းႏွီးစြာ စကားေျပာေနၾကသည္။

လြီဇာကလည္း ဖာသာနာေရနီကို ႏႈတ္ဆက္ရန္ ခြင့္ေတာင္းၿပီး ဝိုင္းမွ ထသြား၏။

ဘ႐ူႏိုက ထိုျမင္ကြင္းကို ေသေသခ်ာခ်ာအကဲခတ္ေန၏။

“လာဗိ.....မင္း မနက္ျဖန္..သန္လ်င္ၿမိဳ႕ထဲက ကုန္သည္ေတြဆီ လက္ေဆာင္ေတြနဲ႔ သြား..ၿပီးရင္ ဥပရာဇာအေၾကာင္းေသခ်ာစုံစမ္းခဲ့...ၿပီးေတာ့ ဥပရာဇာ နဲ႔ ကိုဇာနီေကာ့ဗ္ ၊ ဖာသာနာေရနီတို႔ ၾကားက ဆက္ဆံေရးအေျခအေနကို ေသခ်ာသိေအာင္လုပ္ခဲ့..ဟံသာဝတီကိုမသြားခင္..အဲ့ဒါေတြ ငါသိခ်င္တယ္”

ေနာက္တေန႔ ။

ဘုရားရွိခိုးေက်ာင္းဝန္းအတြင္းရွိ ဘရာသာအန္ဂ်လို ၏ ေဆးခန္းတြင္ ေဆးလာကုသူမ်ားႏွင့္ ျပည့္ႏွက္ေနသည္။

ေန႔လည္စာစားၿပီးခါစ ဘ႐ူႏိုက တည္းခိုရာအေဆာင္ေရွ႕တြင္ မတ္တပ္ရပ္ရင္း ထိုျမင္ကြင္းကို ေငးၾကည့္ေနသည္။

လာဗီ က ျမင္းရထားေပၚမွ ဆင္းလာၿပီး ဘ႐ူႏိုေဘးတြင္ မတ္တပ္လာရပ္၏။

ထို႔ေနာက္ ေလသံခပ္တိုးတိုးျဖင့္..

“ပဲခူးဘုရင္မွာ သမီးေတြခ်ည္းပဲ ထြန္းကားတယ္။ ဒီေတာ့ ညီေတာ္ဉပရာဇာဉီးေအာင္ျမ ဟာ ထီးနန္းဆက္ခံမယ့္သူပဲ..ဒါေပမယ့္...”

လာဗီ က စကားကို ရပ္လိုက္သျဖင့္ ဘ႐ူႏို က မ်က္ေမွာင္ႀကဳံ႕ကာ ၾကည့္လိုက္သည္။

“ဆက္ေျပာေလ..လာဗီ”

“အရင္က ပဲခူးနန္းတြင္းမွာ အုပ္စုသုံးစုကြဲေနတယ္....ဗညားဒလ ဘုရင္မျဖစ္ခင္ ဉီးေအာင္လွ ဘဝကတည္းက လုပ္ေဖာ္ကိုင္ဖက္ျဖစ္ခဲ့တဲ့ အခြန္ဝန္ဉီးကို၊ က်ီဝန္ဉီးေမာင္တို႔ အုပ္စု၊ ေနာက္ ဉီးေအာင္လွ ထီးနန္းရေရးကို အနီးကပ္အကူအညီေပးခဲ့ၾကတဲ့ လြီဇာဒီမဲလိုး၊ လက္်ာဗိုလ္၊ တလပန္းအုပ္စု၊ ေနာက္ဆုံးက ညီေတာ္ ဥပရာဇာရဲ႕အုပ္စုေပါ့...ၿပီးခဲ့တဲ့လကေတာ့ အင္းဝနဲ႔ ဆက္သြယ္မႈနဲ႔ ပထမအုပ္စုက ႏွစ္ေယာက္လုံး ကြပ္မ်က္ခံလိုက္ရၿပီ....အဲ့ဒီေတာ့....ဘုရင့္အနားမွာ လြီဇာအုပ္စုနဲ႔ ဥပရာဇာအုပ္စု ပဲ က်န္ေတာ့တယ္... လြီဇာအုပ္စု က စစ္သူႀကီးတလပန္းက ဘုရင့္သမီးေတာ္ ပင္တိုင္စံမင္းသမီးနဲ႔ ႀကိဳက္ေနၾကတယ္..ဒါကို ဘုရင္က လည္း ခြင့္ျပဳထားတယ္..ဘုရင့္သမက္ဆိုတာလည္း အခ်ိန္မေ႐ြး ဘုရင္ျဖစ္ႏိုင္တယ္မဟုတ္လား”

“ဘယ္ဘက္က အားသာႏိုင္လဲ”

“ဥပရာဇာ ဟာ ဘုရင္ကိုယ္တိုင္ ေ႐ြးခ်ယ္ေပးခဲ့တဲ့ နန္းလ်ာပဲ...ဒီေတာ့...အမ်ားစုက ဥပရာဇာ ဘက္ပဲ ပါၾကတာပါ... ၿပီးခဲ့တဲ့ႏွစ္က အင္းဝစစ္ပြဲကို ဝါရင့္စစ္ဗိုလ္ခ်ဳပ္ေတြျဖစ္တဲ့ လက္်ာဗိုလ္တို႔၊ တလပန္းတို႔ ဉီးေဆာင္တိုက္ခြင့္မရခဲ့ဘူး... ဉပရာဇာ က  ဉီးေဆာင္တိုက္ခဲ့တာ..ဒါေပမယ့္...တိုက္ပြဲက အႏိုင္အရႈံးမေပၚပဲ...ျပန္လာခဲ့ရတယ္...ဥပရာဇာက အဲ့ဒီ ဂုဏ္သိကၡာကို ျပန္ဆည္ခ်င္ေနပုံပါပဲ”

“ဟံသာဝတီနဲ႔ သန္လ်င္မွာ ဥပရာဇာနဲ႔ အရင္းႏွီးဆုံးသူေတြက ဘယ္သူျဖစ္မလဲ”

“သန္လ်င္က အာေမးနီးယန္းကုန္သည္ နီကိုလာဒီအာကြီးယား ဟာ ဥပရာဇာရဲ႕ အရင္းႏွီးဆုံးမိတ္ေဆြပါပဲ... နီကိုလာ နဲ႔ ဥပရာဇာတို႔ ေပါင္းၿပီး ေဟာ့ဒီဘုရားရွိခိုးေက်ာင္းအသစ္ႀကီးကို ေဆာက္ေပးခဲ့တာ..မြန္စီယာ...နီကိုလာနဲ႔ပတ္သက္ၿပီး ဒီဘုရားေက်ာင္းက ေက်ာင္းထိုင္ ဖာသာနာေရနီ ကိုလည္း ဥပရာဇာ ကအေတာ္ေလး ခင္မင္ေလးစားတယ္...ေနာက္တစ္ေယာက္က ဟံသာဝတီက ကုန္သည္ကိုဇာနီေကာ့ဗ္.....သူက ပဲခူးဘုရင္ရဲ႕ သေဘၤာေတြကိုလည္း ျပင္ေပးေနတဲ့သူ...ေနာက္ၿပီး ကိုဇာနီေကာ့ဗ္ ဟာ ဥပရာဇာရဲ႕ လူပဲ..ဒါေၾကာင့္ ပြန္ဒီခ်ယ္ရီကို လႊတ္တဲ့ သံတမန္ႏွစ္ေယာက္ထဲမွာ ဥပရာဇာဟာ လြီဇာနဲ႔အတူ သူ႔လူ နီေကာ့ဗ္ကို ထည့္လႊတ္လိုက္တာပါ”

“မေန႔က  ဥပရာဇာ ရဲ႕ ႀကိဳဆိုပုံေတြ၊ ေျပာစကားေတြ အရ ငါတို႔အေပၚ တခုခု စိတ္ထဲ ခုေနပုံပဲ....ဘာေၾကာင့္ဆိုတာ သိရႏိုင္လား”

“အဲ့ဒါနဲ႔ ပတ္သက္ႏိုင္မယ့္ သတင္းတစ္ခုေတာ့ သိလာရတယ္..အဲ့ဒါက ...ဉပရာဇာရဲ႕ အနီးကပ္မိတ္ေဆြ နီကိုလာ ဟာ ဟိုင္းႀကီးကြၽန္းမွာ ရွိတဲ့ အဂၤလိပ္တပ္ေတြကို ရိကၡာတင္သြင္းခြင့္ရထားတယ္...ၿပီးေတာ့..သူက မဒရပ္အဂၤလိပ္ဘုရင္ခံ ေသာမတ္စ္ေဆာင္းဒါး နဲ႔ အဆက္အသြယ္ရွိတယ္တဲ့”

“အင္း..အဲ့ဒါအေျဖပဲ....လာဗီး..ကုတ္နီအဂၤလိပ္ေကာင္ေတြဆီက ေသြးထိုးစကားတစ္ခုခုေၾကာင့္ ဥပရာဇာဟာ ငါတို႔အေပၚ ဒီလိုဆက္ဆံေရးျဖစ္ေနတာပဲ...ဒီေလာက္ဆို ဘာဆက္လုပ္ရမယ္ဆိုတာ ငါသိသြားၿပီ”

..............................................................................................................

၁၇၅၁ ဇူလိုင္ ၂၇ ရက္။

ဟံသာဝတီဆိပ္ကမ္း တစ္ခုလုံးကို ဘုရင့္တိုက္ေလွမ်ားက ပိတ္ဆို႔လိုက္ၾကသည္။

အင္းဝမွ ကုန္သြယ္လာေသာ အညာဆန္ေလွႀကီးမ်ား၊ ေလွငယ္မ်ား အားလုံးေပၚသို႔ ဟံသာဝတီတပ္သားမ်ား တက္လာၾက၏။

ေလွသူႀကီးမ်ားကို ဖမ္းဆီးကာ တက္မမ်ားကိုလည္း သိမ္းဆီးလိုက္ၾကသည္။

ႏွစ္ျပည္ေထာင္စစ္ပြဲႀကီး ၿငိမ္းခ်မ္းသြားၿပီဆိုကာ ကုန္သြယ္လာၾကသည့္ ကုန္သည္မ်ား၊ ကုန္မ်ားအားလုံးမွာ ဟံသာဝတီတပ္မ်ား၏ ဖမ္းဆီးျခင္းကို ခံလိုက္ၾကရသည္။

ဟံသာဝတီသို႔ ေ႐ႊဆိုင္းမ်ားေပးရန္ ေရာက္လာသည့္ အင္းဝမွ ကိုးသိန္းသခင္၏ ကိုယ္စားလွယ္ ငဉီး အပါအဝင္ လူ(၂၀)ကိုလည္း ဖမ္းဆီးထိန္းသိမ္းလိုက္ၿပီျဖစ္သည္။

ေနာက္တေန႔တြင္ ဟံသာဝတီဆိပ္ကမ္းသို႔ ေရာက္လာမည့္ ျပင္သစ္ကိုယ္စားလွယ္ဘ႐ူႏို ႏွင့္ ေရတပ္သေဘၤာမ်ားသတင္းကို အင္းဝသို႔ မေရာက္ရွိႏိုင္ရန္ ျပဳလုပ္ျခင္းျဖစ္သည္။

၁၇၅၁ ဇူလိုင္ ၂၈ ရက္ေန႔တြင္ ဟံသာဝတီသို႔ ေရာက္လာသည့္ ျပင္သစ္ကိုယ္စားလွယ္ ဘ႐ူႏို ႏွင့္အဖြဲ႕ကို ဘုရင္ဗညားဒလကိုယ္တိုင္ ႀကိဳဆိုဧည့္ခံသည္။

ထို႔ေနာက္ ျပင္သစ္ - ဟံသာဝတီ ႏွစ္ႏိုင္ငံသေဘာတူညီမႈစာခ်ဳပ္တြင္ လက္မွတ္ေရးထိုးၾကသည္။

စာခ်ဳပ္အရ သန္လ်င္တြင္ ျပင္သစ္ေရတပ္စခန္းငယ္တစ္ခုတည္ေဆာက္ၿပီးစီးပါက ျပင္သစ္စစ္သည္ (၅၀၀)မွ (၆၀၀) ၾကားထားရွိမည္ျဖစ္သည္။

ပဲခူးဘုရင္အတြက္ ျပင္သစ္မွ ေလ့က်င့္ေရးစစ္သည္မ်ား၊ လက္နက္မ်ားကို လက္ေဆာင္အျဖစ္ေပးအပ္မည္ျဖစ္သည္။

ပဲခူးဘုရင္အေနျဖင့္ ျပင္သစ္တို႔၏ ကူးသန္းေရာင္းဝယ္ေရးကိစၥတြင္ အၾကမ္းဖက္ေသာနည္းျဖင့္ျဖစ္ေစ၊ အျခားေသာနည္းျဖင့္ျဖစ္ေစ ဝင္ေရာက္စြက္ဖကျခင္းမျပဳရန္။ သေဘၤာမ်ားတည္ေဆာက္ရန္ ေျမေနရာေပးရန္ျဖစ္သည္။

စာခ်ဳပ္၏ အေရးအပါဆုံးအခ်က္မွာ ဟံသာဝတီႏွင့္ အင္းဝ တို႔ၾကား မည္သည့္စစ္ပြဲမ်ားတြင္မဆို ျပင္သစ္အေနျဖင့္ အတိအလင္းပါဝင္မည္မဟုတ္သကဲ့သို႔ ျပင္သစ္အေနျဖင့္ စစ္ေရးအကူအညီႏွင့္ ပတ္သက္ၿပီး မည္သို႔ေသာ အာမခံခ်က္မ်ိဳးမွ တရားဝင္မေပးထားလို၊ စစ္ပြဲမွ ျပႆနာမ်ားကို မိမိတို႔ဘာသာ တာဝန္ယူေျဖရွင္းရန္တို႔ ျဖစ္သည္။

ေနာက္တေန႔ နံနက္တြင္ ျပင္သစ္မွ ပဏာမ ေပးအပ္သည့္ လက္နက္မ်ားကို ဗညားဒလဘုရင္ ကိုယ္တိုင္ သေဘၤာမ်ားေပၚသို႔ တက္ေရာက္ၾကည့္ရႈသည္။

တလအၾကာတြင္ ေနာက္ထပ္ လက္နက္မ်ားလည္း ထပ္မံေရာက္ရွိလာမည္ျဖစ္သည္။

....................................................................................

“ဗညားက်န္းေတာ မရွိေတာ့ေပမယ့္..ကိုးသိန္းသခင္ကိုယ္တိုင္ ကြပ္ကဲေနတာဟာ..ကြၽန္ေတာ္မ်ိဳးတို႔တပ္မ်ားအတြက္ အင္မတန္အခက္ေတြ႕ေစပါတယ္..ဝန္ခံရရင္ ကိုးသိန္းသခင္မင္းေခါင္ကို စစ္နည္းဗ်ဴဟာအရ ယွဥ္ဖို႔ရာ မစြမ္းသာပါ”

အင္းဝကို အၿပီးတိုင္ တိုက္ခိုက္သိမ္းပိုက္ေရး ညညီလာခံအစည္းအေဝး။

ဥပရာဇာ က သန္လ်က္ဉီးတိုက္ပြဲတြင္ ဟံသာဝတီတပ္တို႔ ပူးညႇပ္ပိတ္ဆို႔ခံရသည့္ အေရးကို ဗညားဒလဘုရင္ထံ ရွင္းျပဝန္ခံလိုက္သည္။

“လက္်ာဗိုလ္ ကေရာ...ဘယ္လို သေဘာရလဲ”

“နန္းက်ဘုရင္ေမာင္သာလွ လက္ထက္ကလည္း ကြၽန္ေတာ္မ်ိဳးတို႔ ဟာ အင္းဝကို ေရေၾကာင္းကေန အားျပဳၿပီး တိုက္ခိုက္ခဲ့တာပါပဲ...အင္းဝသားေတြဟာ ေရေၾကာင္းခံတပ္ေတြကို အဆင့္ဆင့္ ဆီးစို႔ ထားပါတယ္...ဒါေပမယ့္...ကုန္းတြင္းဘက္က တိုက္တဲ့အခါက် ဟံသာဝတီသားေတြဟာ အင္းဝၿမိဳ႕တံခါးအထိ ေရာက္ခဲ့တာကို..ကြၽန္ေတာ္မ်ိဳးတို႔ ျပန္သုံးသပ္ရပါမယ္”

“အင္းဝရဲ႕ အားနည္းခ်က္ဟာ..ဘာလဲ”

“ကြၽန္ေတာ္မ်ိဳးမ ေလွ်ာက္တင္ပါရေစ..ဘုရား”

အားလုံးက လြီဇာကို ၾကည့္လိုက္ၾကသည္။

“ကြၽန္ေတာ္မ်ိဳးမဟာ..စစ္ေရးဗ်ဴဟာေတြကို ကြၽမ္းက်င္သူေတာ့ မဟုတ္ပါဘူး..ဘုရား..ဒါေပမယ့္..တခ်ိန္က အင္းဝၿမိဳ႕သူျဖစ္ခဲ့သလို..ကိုးသိန္းသခင္နဲ႔လည္း အနီးကပ္ ေနခဲ့ဖူးသူျဖစ္ပါတယ္...အင္းဝ ရဲ႕ အားနည္းခ်က္ကို အခု အင္းဝ ရဲ႕ အဓိကကာကြယ္သူျဖစ္ေနတဲ့ ကိုးသိန္းသခင္ကိုယ္တိုင္ ကြၽန္ေတာ္မ်ိဳးမကို ေျပာျပခဲ့ဖူးပါတယ္”

ဗညားဒလဘုရင္၏ မ်က္လုံးမ်ားက အေရာင္လက္သြား၏။

“အင္းဝ ရဲ႕ ရိကၡာဟာ ေက်ာက္ဆည္လယ္တြင္းကိုးခ႐ိုင္ပါပဲ. အင္းဝကို တိုက္႐ိုက္ဝိုင္းမယ့္အစား..လယ္တြင္းကိုးခ႐ိုင္ကို အရင္သိမ္းပိုက္ထားၿပီး မွ အင္းဝကို ဝိုင္းရပါလိမ့္မယ္..ရိကၡာမရွိေတာ့ရင္..လက္နက္ဘယ္ေလာက္ရွိရွိ..စိတ္ဓာတ္ဘယ္ေလာက္ထက္ထက္..ဗ်ဴဟာဘယ္ေလာက္ေကာင္းေကာင္း..ေရရွည္မခံႏိုင္ပါဘူး”

ညီလာခံတစ္ခုလုံး တိတ္ဆိတ္သြားသည္။

“ကုန္သည္ႀကီးလြီဇာ ေလွ်ာက္တင္တာကို...ကြၽန္ေတာ္မ်ိဳးလည္း သေဘာညီပါတယ္”

တလပန္းက ဝင္ေလွ်ာက္တင္လိုက္၏။

“အင္း...ညီေတာ္ဥပရာဇာသေဘာကေရာ”

“ကြၽန္ေတာ္မ်ိဳး လည္း ဒီအခ်က္ကို သေဘာတူပါတယ္..ဘုရား”

“ကဲ..ဒီလိုဆို...အင္းဝကို သိမ္းယူမယ့္ အခါေတာ္ကို ပုဏၰာေတာ္မ်ားတြက္ခ်က္ၿပီး..ဥပရာဇာ နဲ႔ စစ္သူႀကီးတလပန္းတို႔က တပ္ေတာ္ဖြဲ႕၊ တပ္ေတာ္စည္းဖို႔ကို တာဝန္ယူလုပ္ေဆာင္ၾကေစ”

ထို႔ေနာက္...ဗညားဒလက လြီဇာကို ၿပဳံးၿပီး ၾကည့္လိုက္သည္။

“ဒါနဲ႔..လြီဇာႀကီးရဲ႕....ေမးရပါဉီးမယ္..ငါကိုယ္ေတာ္တို႔.အင္းဝကို အလိုေတာ္ျပည့္ၿပီးတဲ့အခါ..မယ္မင္းက..ဟံသာဝတီမွာပဲ..ေနမွာလား..အင္းဝ ျပန္ေနမွာလား”

လြီဇာက ေခါင္းခါလိုက္သည္။

“တခ်ိန္က အရွင္မင္းႀကီးေပးခဲ့တဲ့ ကတိကို သတိရေသးမယ္ထင္ပါတယ္..ဘုရား”

“အင္း..ႏွစ္ေတြအေတာ္ၾကာေပမယ့္...အေတာ္ဇြဲႀကီးေပတာကိုး..လြီဇာ..စိတ္ခ်ပါ...မင္းနဲ႔ မင္းရဲ႕ အမ်ိဳးအႏြယ္ဗရင္ဂ်ီေတြကို က်ဳပ္ပိုင္နက္ကေန မင္းတို႔ရဲ႕ ဌာေန ေပၚတူဂီျပည္ ဆီ အလြယ္တကူ ထြက္ခြာခြင့္ျပဳေပးမွာပါ”

.......................................................................................................

သာမန္လူတန္းစားျပည္သူအမ်ားစုေနထိုင္သည့္ အင္းဝ အျပင္ၿမိဳ႕မွာ ေျခာက္ကပ္တိတ္ဆိတ္ေနသည္။

မီးေသြးတိုက္ဆိပ္ကမ္းဆီမွ အေျမာက္သံမ်ား တခ်က္တခ်က္ၾကားရ၏။

တခ်ိန္က စည္ကားခဲ့ေသာ နေမာ္ေဈး ေထာင့္ဘက္မွ အလန႔္တၾကားေျပးထြက္လာေသာ ေခြးပိန္ေလးတစ္ေကာင္။

ထိုေခြးကေလးေနာက္တြင္ ဝါးရင္းတုတ္ကိုယ္စီျဖင့္ ေယာက္်ား၊ မိန္းမမ်ား။

နေမာ္ေဈးေထာင့္မွ ေျပးထြက္လာေသာ ေခြးကေလးသည္ မ်က္ႏွာခ်င္းဆိုင္ တာရဲတန္းဘက္အထြက္လမ္းတြင္ ေနာက္ထပ္ လူအုပ္ႀကီးတစ္စုႏွင့္ ေတြ႕လိုက္ရျပန္သည္။

အရွိန္ျဖင့္ ေျပးလာေသာ ေခြးပိန္ကေလးမွာ...ေရွ႕ဆုံးမွ လူပစ္လိုက္သည့္ ဓါးမ က ေခါင္းကို လာမွန္သျဖင့္ ေခြခနဲ လဲက်သြားရွာသည္။

လူအုပ္ႀကီးႏွစ္အုပ္မွာ အသက္ငင္ေနေသာ ေခြးကေလး ေရွ႕တြင္ မ်က္ႏွာခ်င္းဆိုင္ရပ္လိုက္ၾကသည္။

ပိန္လွီေျခာက္ေသြ႕ေနေသာ သူတို႔၏ မ်က္ႏွာမ်ားသည္ ဆာေလာင္မႈႏွင့္ မည္သည့္အရာကိုမဆို လဲလွယ္ပစ္ေတာ့မည့္ အေနအထား။

နန္းေတာ္ၿမိဳ႕႐ိုး၏ေအနာက္ဖက္ နန္းေတာ္အရာထမ္း၊အမႈထမ္းမ်ားေနထိုင္ေသာ အင္းဝအတြင္းၿမိဳ႕တြင္း တြင္လည္း ေနာက္ထပ္ လူအုပ္ႀကီးတစ္စု။

ကိုးသိန္းသခင္မင္းေခါင္က ဆူညံေနေသာ လူအုပ္စုႀကီး ၏  အေရွ႕မွ အေနာက္သို႔ ကူးခ်ည္သန္းခ်ည္သြားေနသည္။

အေနာက္မွ ထီးေတာ္မိုးမွာ အေနာက္မွ အသည္းအသန္လိုက္ရ၏။

တန္းစီေနေသာ လူအုပ္စုႀကီးမွာ အျခားမဟုတ္။

အင္းဝနန္းတြင္း၊ နန္းျပင္ႏွင့္ နယ္စပ္မ်ားတြင္ အမႈထမ္းေနၾကေသာ စစ္တပ္မ်ားမွ စစ္ဉီးစီးအရာရွိမ်ား၊ အုပ္ခ်ဳပ္ေရးအရာရွိမ်ားပင္ျဖစ္သည္။

ျပင္ပတြင္ ဆန္တစ္တင္းလွ်င္ (၈၀)က်ပ္ျဖစ္သြားၿပီး ျဖစ္သျဖင့္ စစ္သည္တို႔မွာ ရိကၡာမလုံေလာက္မႈမ်ား ႀကဳံၾကရသည္။

ေနာက္ဆုံးတြင္ နန္းေတာ္၏ ရိကၡာအျဖစ္ အရံထားသည့္စပါးက်ီမ်ားျဖစ္သည့္ မစိုးရိမ္က်ီေတာ္ ႏွင့္ မေတာင့္တက်ီေတာ္တို႔မွ စပါးမ်ားကို စစ္သည္မ်ားအတြက္ ထုတ္ေပးရေတာ့သည္။

က်ီေတာ္မ်ားမွ စပါးမ်ားမွာလည္း လုံေလာက္ေအာင္မထုတ္ေပးႏိုင္သျဖင့္ စစ္ဉီးစီးခ်ဳပ္ျဖစ္ေသာ ကိုးသိန္းသခင္မွာ တပ္မႉးမ်ားထံ ကိုယ္တိုင္ ေဖ်ာင့္ဖ်ကာ စီမံခန႔္ခြဲေပးေနရသည္။

၁၇၅၁ ေအာက္တိုဘာတြင္ အိမ္ေရွ႕ဥပရာဇာ ၊ ညီေတာ္ဗညားဒလဘြဲ႕ခံ ဉီးေအာင္စ ႏွင့္ တလပန္းတို႔ ဉီးေဆာင္ေသာ ဟံသာဝတီစစ္သည္ အင္အား (၅၀၀၀) သည္ ဧရာဝတီျမစ္ကမ္းနားၿမိဳ႕မ်ားအတိုင္း အင္းဝသို႔ ခ်ီတက္လာသည္။

လမ္းတေလွ်ာက္ၿမိဳ႕စား႐ြာစားမ်ားမွာလည္း ဟံသာဝတီတပ္မ်ားကို ခုခံျခင္းမျပဳပဲ ၿမိဳ႕႐ိုးမ်ားျဖင့္ သီးျခားအခိုင္အလုံေနသူမ်ား၊ ဟံသာဝတီကို သစၥာခံသူမ်ားႏွင့္ စစ္ေဘးလြတ္ရာသို႔ ထြက္ေျပးၾကသူမ်ား ဟု သုံးစုကြဲသြားသည္။

တဖက္တြင္လည္း လက္်ာဗိုလ္ႏွင့္ ေတာင္ငူစားတို႔ဉီးေဆာင္သည့္ အင္အား (၂၀၀၀၀) က ေက်ာက္ဆည္လယ္တြင္းကိုးခ႐ိုင္ ကို သိမ္းယူၿပီး အင္းဝ၏ ရိကၡာလမ္းေၾကာင္းမ်ားကို ပိတ္ဆို႔ႏိုင္ခဲ့သည္။

အင္းဝဆီသို႔ ရိကၡာလမ္းေၾကာင္းမ်ားကို ပိတ္ဆို႔ထားၿပီးျဖစ္သျဖင့္ ၁၇၅၁ ဒီဇင္ဘာတြင္ အင္းဝအား ဧရာဝတီျမစ္စဥ္တေလွ်ာက္ကာကြယ္ေပးေနသည့္ ခံတပ္မ်ားမွာ ရိကၡာလုံးဝပ်က္ေတာက္သြားေတာ့သည္။

ဟံသာဝတီတပ္မ်ားဝင္လာၿပီျဖစ္သျဖင့္ စဥ့္ကိုင္တြင္ ေကြ႕မ်ားကို စီးခံေနေသာ ကိုးသိန္းသခင္မင္းေခါင္မွာ အင္းဝသို႔ အသည္းအသန္ျပန္လာရသည္။

အင္းဝသို႔ ေရာက္သည့္အခါတြင္လည္း ရိကၡာျပတ္လတ္မႈေၾကာင့္ လက္ေအာက္ခံတပ္မ်ား၏ ပုန္ကန္မႈကို ရင္ဆိုင္ႏိုင္သည့္ အေျခအေနမ်ားေတြ႕ရသည္။

ထို႔ေၾကာင့္ မဟာဓမၼရာဇာဓိပတိအား ေလွ်ာက္တင္ကာ နန္းေတာ္၏ အရံစပါးက်ီမ်ားကို ဖြင့္ထုတ္ပစ္ရေတာ့သည္။

မဟာဓမၼရာဇာဓိပတိ မွာ တ႐ုတ္သို႔ ထည့္ေပးလိုက္သည့္သံတမန္အဖြဲ႕မ်ားႏွင့္ အတူ စစ္ကူတ႐ုတ္တပ္ႀကီး ခ်ီလာမည့္အေရးကိုသာ ေမွ်ာ္လင့္ေနသည္။

အင္းဝသို႔ လာေရာက္သြားေသာ တ႐ုတ္သံတမန္အတုမ်ားမွာ ျမန္မာသံအဖြဲ႕ကို ပီကင္းနန္းေတာ္သို႔ ေခၚေဆာင္သြားႏိုင္ခဲ့သည္။

သို႔ေသာ္ျငား....သံတမန္အတုလုပ္သည့္ကိစၥမ်ားကို ယူနန္ဘုရင္ခံက စုံစမ္းေထာက္လွမ္းသိရွိသြားသျဖင့္ ျမန္မာသံအဖြဲ႕ကို တ႐ုတ္နန္းတြင္းက ပုံမွန္ပင္ဆက္ဆံကာ လက္ေဆာင္ပဏၰာအနည္းငယ္ျဖင့္ ပီကင္းမွ ျပန္လႊတ္လိုက္သည္။

သံတမန္အတု ဝူရွန္ရွိန္မွာမူ...လိမ္လည္မႈေၾကာင့္..ခ်င္လုံးဧကၠရာဇ္၏ အမိန႔္ျဖင့္ တဲအတြင္းအလုံပိတ္ကာ အစာေရစာျဖတ္ေတာက္ၿပီး သတ္ျခင္းကို ခံရေတာ့မည္ကို မဟာဓမၼရာဇာဓိပတိမသိရွာ။

ျပည္သူမ်ားေနထိုင္သည့္ အင္းဝအျပင္ၿမိဳ႕ အေျခအေနမွာလည္း အေတာ္ေလးပင္ ဆိုး႐ြာလာသည္။

ဆန္စပါးရိကၡာမရွိေတာ့သျဖင့္ ရွိသည့္ ကြၽဲ၊ ႏြား၊ ျမင္း၊ ေခြး မ်ားကိုပင္ သတ္စားေနၾကသည္။ အစာေရစာငတ္ျပတ္သျဖင့္ ေသဆုံးသူမ်ားပင္ ရွိလာ၏။

ငတ္မြတ္လြန္းၾကသျဖင့္ လူေသေကာင္မွ အသားမ်ားကိုပင္ ျဖတ္ယူကာ ခ်က္စားၾကသည္ဟူေသာ ေကာလဟလမ်ားလည္း ထြက္ေပၚေန၏။

နန္းၿမိဳ႕တြင္း အရံစပါးက်ီမွ စပါးမ်ား ကုန္သြားသည့္အခါ ေနာက္ဆုံးတြင္ ကိုးသိန္းသခင္မင္းေခါင္သည္ မဟာဓမၼရာဇာဓိပတိကို ေလွ်ာက္တင္ရေတာ့သည္။

မဟာဓမၼရာဇာဓိပတိ သည္ ရိကၡာမ်ား ေဝေပးျခင္းမျပဳေတာ့ပဲ နန္းေတာ္ေ႐ႊတိုက္ေတာ္မွ ေ႐ႊစ၊ ေငြတုံးမ်ားကို နန္းေတာ္အား ကာကြယ္မည့္ အဓိကအမႈထမ္းမ်ားကို ေဝငွရန္ ဆုံးျဖတ္လိုက္ေတာ့၏။

နန္းေတာ္တြင္း ျပႆနာကို ရွင္းၿပီးသည့္ေနာက္ ကိုးသိန္းသခင္မွာ အနားမရ။

အင္းဝၿမိဳ႕၏ ေနာက္ဆုံးခံတပ္အျဖစ္ေဆာက္ထားသည့္ မီးေသြးတိုက္ဆိပ္ဆီသို႔ ကြပ္ကဲရန္ အေျပးသြားရသည္။

မီးေသြးတိုက္ဆိပ္ကမ္းတြင္ ကိုးသိန္းသခင္၏ ကြပ္ကဲမႈေအာက္တြင္ သတိုးမင္းေက်ာ္၊ သတိုးမင္းထင္တို႔က တိုက္ေလွေပါင္း (၁၅၀၀)ေက်ာ္ျဖင့္ ဟံသာဝတီတပ္မ်ားကို ခုခံရန္ ျပင္ဆင္ထားရသည္။


ခက္ေဇာ္

Comments

  1. ရေစက်မှ ပင်လယ်ဆီသို့
    -
    သင်ဟာ လက်ထဲမှာရေစက်တစက်ပိုင်ထားတယ်။
    ယနေ့ လူအများကိုအေးချမ်းစေနိုင်တဲ့ ပင်လယ်ကြီးတခုကို တည်ဆောက်နေကြတယ်။
    တကယ်လို့ပင်လယ်တခုမဖြစ်လာသေးဘူးဆိုရင်
    သင့်လက်ထဲက ရေစက်တစက်ကြောင့်ပဲ၊
    အဲဒီရေစက်ဟာလည်း မကြာခင်အလိုလိုခြောက်ခန်းသွားမှာပါ။
    ခုပဲသင့်လက်ကိုကမ်းလိုက်ပါ။

    ReplyDelete

Post a Comment