AVA 1740s (Season 2) အခန်း(၃၄)
AVA 1740s (Season 2)
အခန်း(၃၄)
......................................................
၁၇၅၂ ဖေဖော်ဝါရီလ ၁၀ ရက်။
ဧရာဝတီမြစ်ပြင်ထက်မှ အင်းဝဘက်သို့ လှော်ခတ်လာသော လောင်းလှေသုံးစင်း။
ကိုးသိန်းသခင်မင်းခေါင်က ဒတ်ချ် ကုန်သည်များဆက်သထားသော မှန်ပြောင်းဖြင့် သေချာကြည့်ရှုလိုက်သည်။
“သေနတ်တော်သားတွေကို...ကမ်းနားတစ်လျှောက် ဖြန့်ထားကြစမ်း...ယမ်းအသင့်ထိုးထားကြစေ”
လောင်းလှေများက တရွေ့ရွေ့နီးကပ်လာသည်။
“ဟာ..ကိုရွှေဖြိုး တို့ပါလား”
ကိုးသိန်းသခင်က ပုဆိုးခါးပုံစကို မကာ ကမ်းနားသို့ ပြေးဆင်းသွား၏။
ဆိုက်ကပ်လာသော လောင်းလှေတစ်စင်းပေါ်မှ စစ်ကိုင်းဘုရင်ခံအဖြစ် ခံအပ်ခြင်းခံရသော နန်းရင်းဝန် ဉီးရွှေဖြိုး ဆင်းလာသည်။
“စစ်ကိုင်းမြို့ ကျသွားပြီ..ကိုးသိန်းသခင်”
ကိုးသိန်းသခင်က စကားပြန်မပြောပဲ.. တဖက်ကမ်း စစ်ကိုင်းမြို့ဆီသို့ လှမ်းမျှော်ကြည့်လိုက်သည်။
“ကျုပ်တို့လည်း အတတ်နိုင်ဆုံး ခုခံခဲ့တာပဲ..ကျုပ်သား မြတောင်မင်းသားမောင်ရွှေနီ လည်း ကျသွားပြီ”
“ကဲ..ကိုရွှေဖြိုး...စစ်ကိုင်းကို ကျုပ်တို့ ရအောင်ပြန်တိုက်ပေးမယ်...ခင်ဗျား..နန်းတော်ထဲ အမြန်ဝင်နေတော့..ဒီမှာက မလုံခြုံဘူး”
စစ်ကိုင်းမှ ဆုတ်ခွာလာသော ဉီးရွှေဖြိုးနှင့် အဖွဲ့က အင်းဝမြို့တွင်းသို့ ထွက်ခွာသွားကြသည်။
“မင်းတို့ ခံတပ်ကုန်းပေါ်က ပြန်စောင့်နေကြ..ငါတစ်ယောက်တည်း နေချင်လို့”
ကိုးသိန်းသခင်က ထီးတော်မိုးများကို ပြန်လွှတ်လိုက်သည်။
ထို့နောက် မီးသွေးဆိပ် ဆိပ်ကမ်း ရေစပ် ဆီသို့ သူ၏ ခြေထောက်များ နစ်သည်အထိ ဆင်းလိုက်သည်။
တသွင်းသွင်စီးဆင်းနေသော ဧရာဝတီမြစ်ရေ ၏ အေးမြသည့်အထိအတွေ့ကို ကိုးသိန်းသခင် ခံစားရ၏။
မြစ်တစ်ဖက်ကမ်း စစ်ကိုင်းမြို့ဘက်ဆီတွင်တော့ မီးခိုးများ တလူလူထွက်နေသည်။
ကိုးသိန်းသခင်က အနောက်ဖက်မှ အင်းဝမြို့ကြီးကို ပြန်ကြည့်လိုက်သည်။
တချိန်က အင်အားကြီးမားခဲ့သော အင်းဝနိုင်ငံတော်ကြီးအား ဖျက်ဆီးရန် ရန်သူများက လက်တကမ်းအလိုတွင် ရောက်ရှိနေကြပြီဖြစ်သည်။
လွန်ခဲ့သော နှစ်လကလည်း ကွေ့ဂုဏ္ဏအိမ်၏ တိုက်ခိုက်မှုကြောင့် စဉ့်ကိုင်ခံတပ်မှာ ကျဆုံးသွားခဲ့ပြီဖြစ်သည်။
မူးမြစ်တကြော နှင့် ကျောက်ဆည်လွင်ပြင်ကိုလည်း ရန်သူက ဟံသာဝတီတပ်များက ပိတ်ဆို့သွားကြသည်။
ယနေ့ တွင်တော့ အင်းဝနှင့်အနီးဆုံးဖြစ်သည့် စစ်ကိုင်းမြို့ကြီး ရန်သူ့လက်သို့ ကျသွားခဲ့ပြီ။
ကိုးသိန်းသခင်က မြစ်ရေထဲတွင် ဒူးထောက်ကာ ရေကို လက်နှစ်ဖက်ဖြင့် ယူလျက် မျက်နှာသစ်လိုက်သည်။
အတန်ကြာသည်အထိ လက်ကို မျက်နှာမှ မခွာသေး။
ရှိုက်သံနှင့်အတူ သူ၏ကျောကုန်းက တချက်ချက် တုန်တက်သွား၏။
သစ္စာရှိသော တာဝန်ကျေသော စစ်သူကြီးတစ်ဉီး၏ မျက်ရည်များက ဧရာဝတီမြစ်ရေအလျဉ်ထဲတွင် ရောပါသွားကြသည်ကို အင်းဝတစ်မြို့လုံးသာမက..မည်သူမျှ မသိလိုက်ကြ။
..................................................................................................................
၁၇၅၂ ဖေဖော်ဝါရီလ ၁၁ ရက်။
ကိုးသိန်းသခင်မင်းခေါင် ကိုယ်တိုင် ဉီးစီးလျက် အင်းဝဘက်ကမ်းမှ တိုက်လှေ (၃၀၀) သည် စစ်ကိုင်းဘက်ကမ်းသို့ လှော်ခတ်လာကြသည်။
အမြောက်တပ်ဗိုလ်မှူး မင်းရဲမင်းလှရွှေတောင် ခေါ် ပေါ်တူဂီစစ်ဗိုလ် ပါအိုလိုဂွန်ဇာလက်စ် ၏ အမြောက်တင်လှေတပ်ကလည်း စစ်ကိုင်းမြို့ရိုးဆီသို့ အမြှောက်များဖြင့် တဖျော်ဖျော်ပစ်ခတ်ကြသည်။
စစ်ကိုင်းမြို့ကား ငြိမ်သက်ခြင်းအထိ။
အင်းဝလှေတပ်က စစ်ကိုင်းဆိပ်ကမ်းနားသို့ နီးကပ်လာချေပြီ။
“ဘထွေးတော်မင်းဘုရား....သူတို့..မြို့ထဲမှာ မရှိတော့ဘူးထင်ပါတယ်..ဘုရား”
အမြှောက်တင်လှေပေါ်မှ ဂွန်ဇာလက်စ်က လှမ်းအော်ပြောသည်။
ကိုးသိန်းသခင်က လက်ကာပြလိုက်ပြီး...မှန်ပြောင်းဖြင့် မြို့ရိုးဆီသို့ လှမ်းကြည့်လိုက်၏။
စစ်ကိုင်းမြို့ရိုးပေါ်တွင် အလံစိမ်းတစ်စင်း လွင့်ခနဲတက်လာသည်ကို မြင်လိုက်ရသည်။
“ဝုန်း”“ဝုန်း””ဝုန်း”
အမြှောက်ဆံများက ရုတ်တရက်ထွက်ပေါ်လာပြီး အင်းဝလှေတပ်ဆီသို့ ကျရောက်ကုန်တော့သည်။
ကိုးသိန်းသခင်က ထူးဆန်းလှသော အမြှောက်ပေါက်ကွဲပုံကို တအံတဩငေးကြည့်နေ၏။
“သုံးဆင့်ကွဲ အမြှောက်တွေ..ဘုရား.သုံးဆင့်ကွဲတွေ”
ဂွန်ဇာလက်စ် က လှမ်းအော်သည်။
“ဝုန်း..ဝုန်း..ဝုန်း”
နောက်တချက်တွင် ဂွန်ဇာလက်စ်၏ အမြှောက်တင်လှေပေါ်သို့ တည့်တည့်ကျရောက်သည်။
အမြှောက်ဗိုလ်မှူး ဂွန်ဇာလက် ကား အစအနပင်ရှာမရ။
“သူတို့ မှာ လက်နက်ကောင်းတွေရထားပြီ...ဆုတ်ဟေ့..ဆုတ်”
.................................................................................................................
၁၇၅၂ ဖေဖော်ဝါရီလ ၂၅ ရက်။
“တောက်..တောက်..တောက်”
နန်းတော်ကြမ်းပြင်ပေါ်သို့ အဖြူရောင်ကျောက်ဆစ်အသားစ အမှုန်အမွှားများက ဖွာခနဲ ကျသည်။
ဆီမီးရောင်အောက်တွင် မိုးသို့ပျံကြွမတက်အသက်ဝင်လှသော ကိန္ဒရီရုပ်ကလေး။
“အရှင်မင်းကြီးဘုရား”
မဟာဓမ္မရာဇာဓိပတိက ဆောက်နှင့်တူကို ကိုင်လျက် မော့ကြည့်လိုက်၏။
“ဘထွေးတော်..ပါလား...ပြောစရာရှိတာ ပြောပါလေ”
“ဟံသာဝတီတပ်တွေက ကူတို့ဆိပ်ကနေ သင်ပန်းတစ်လျှောက် တပ်တန်းကြီးထိုးပြီး ပိတ်ဆို့ထားပါတယ်...ရေကြောင်းမှာလည်း လုံးတော်ပေါက်အထိ သူတို့ ပိတ်ဆို့ထားကြပါပြီ”
“အင်း...ဘာတွေလိုအပ်လို့လဲ...အမှုထမ်းတွေအတွက်.စားနပ်ရိက္ခာ..ရွှေငွေ.. ကြိုက်သလောက် ထောက်ပံ့ပေးဖို့..ကိုယ်တော်ခွင့်ပြုပေးခဲ့ပြီးပြီပဲ”
ကိုးသိန်းသခင်က ခေါင်းခါရမ်းလိုက်သည်။
“ဘုရင်မင်းမြတ် ဟာ ကျွန်တော်မျိုးရဲ့ တူတော်ဆိုပေမယ့်..သားတစ်ယောက်လိုပါပဲ...အရှင်နဲ့ ကျွန်ဆိုတဲ့ အဖြစ် နဲ့ရော...သားနဲ့ အဖ ဆိုတဲ့ အဖြစ်မျိုးနဲ့ပါ..ကျွန်တော်မျိုးကို တစ်ခုလျှောက်ထားခွင့်ပြုပါ”
“အင်း..ပြောပါ..ဘထွေးတော်”
“အခုဆိုရင် အပြင်မြို့က ပြည်သူတွေ ဟာ ငတ်မွတ်ခေါင်းပါးကြပါပြီ... ထန်းပင်၊ ပေပင် အူတွေကို လှီးဖြတ်စားသောက်နေရပါတယ်...သစ်ရွက်တွေကိုတောင် ပြုတ်စားနေကြရပါတယ်...ခံတပ်များက ရဲမက်တွေလည်း ဒီအတိုင်းပါပဲ”
မဟာဓမ္မရာဇာဓိပတိက ဆောက်နှင့် တူကို ဘေးသို့ ချလိုက်သည်။
ထို့နောက် ကန္ဒရီရုပ်ကလေးတွင် ကပ်နေသော ကျောက်မှုန့်များကို လေဖြင့် မှုတ်လိုက်၏။
“ကျုပ် ပြည်သူ...ကျုပ် အမှုထမ်းတွေအတွက်...ကျုပ် ဘဏ္ဏာတော်တိုက်ထဲက ရွှေငွေတွေ အကုန်ထုတ်ပေးလိုက်ပါ..သူတို့ကျေနပ်ပါစေ..ကျေနပ်ကြပါစေ”
“မဟုတ်ဘူး...မောင်ဖြူ..မဟုတ်ဘူး...ဒီစစ်ပွဲကို သူတို့ ရသလောက်တိုက်နေကြတယ်...အင်းဝမြို့ကြီးကို သူတို့ ငတ်နေတဲ့ကြားက ခုခံကာကွယ်နေကြတယ်...ဒါပေမယ့်...မြို့ထဲမှာ ရှင်ဘုရင်ဟာ ရှမ်းပြည်ကို ထွက်ပြေးသွားပြီလို့ သတင်းတွေထွက်နေတယ်...ဒီတော့ ပြည်သူတွေရော...စစ်သားတွေရောက...ငါတို့ သခင် ငါတို့ကို စွန့်ခွာသွားပြီဆိုပြီး...စိတ်ဓာတ်တွေကျနေကြတယ်...မင်း...သူတို့နဲ့အတူ ရှိနေကြောင်း ပြဖို့လိုတယ်”
မဟာဓမ္မရာဇာဓိပတိ က သူ၏ ငယ်နာမည်ကိုအခေါ်ခံလိုက်ရသဖြင့် ကိုးသိန်းသခင်ကို ကြောင်စီစီ ဖြင့် လှမ်းကြည့်လိုက်သည်။
“သတ်ရင်လည်းသေရမှာပဲ..ဘုရား..ကျွန်တော်မျိုးကို သတ်လိုက်ပါတော့...မြို့စည်း၊ ပြစည်း တပ်တော်တွေကို ဘုရားကိုယ်တော်တိုင် ကွပ်ကဲဖို့ အချိန်ရောက်ပါပြီ..ဘုရား...ရောက်ပါပြီ”
“ကျုပ်..စစ်မတိုက်ဖူးဘူး..ဘထွေးတော်..ပြီးတော့...အကြီးတော်ပဒေသရာဇာ နဲ့ မိဖုရားတွေကို နေ့စဉ် စစ်သည်စစ်သားတွေကြား သွားပြီး အားပေးဖို့ လွှတ်နေတာပဲ....ကျုပ် သွားတော့ရော..ဘာထူးမှာတဲ့လဲ”
“ထူးပါတယ်..အရှင်မင်းမြတ်..အခုဆို ရှင်ဘုရင်မရှိတော့ဘူးဆိုတဲ့ ကောလဟလတွေ ထွက်နေတော့ မနက်ကပဲ ရက်ကန်းစာရေးမောင်ပို နဲ့ လူတစ်ရာကျော် မြို့ရိုးအပြင်ကို ခိုးထွက်ပြီး ဟံသာဝတီဘက်ကို ပူးပေါင်းဖို့ ပြင်ဆင်တာဖမ်းမိလိုက်ပါတယ်...သူတို့အားလုံးကို ခြေဖဝါးကို ဓါးနဲ့မွှန်းပြီး ကွပ်မျက်ဖို့...လည်း အမိန့်ပေးထားပါပြီ”
“ဟင်”
မဟာဓမ္မရာဇာဓိပတိက လက်ထဲမှ ကန္နရီရုပ်ကလေးကို လွှတ်ချကာ မတ်တပ်ရပ်လိုက်၏။
“ဘထွေးတော်....ဒီလို မလုပ်ရဘူး...မလုပ်ရပါဘူး..သူတို့ဟာ သာမန်ပြည်သူတွေပါ..စစ်ဘေးစစ်ဒဏ်ကြားထဲ.ငတ်မွတ်ကြလွန်းရင်တော့ ထွက်ပြေးကြမှာပဲ...သူတို့မှာ ဘာအပြစ်မှမရှိပါဘူး..ရှိချင်းရှိ ရှင်ဘုရင်ဖြစ်တဲ့ ကျုပ်က အပြစ်ရှိခဲ့တာပါဗျာ...သူတို့ကို မသတ်ပါနဲ့....သူတို့ သွားချင်တဲ့ နေရာကို သွားခွင့်ပေးလိုက်ပါ...နောက်ထပ် ပြည်သူတွေကိုလည်း ထွက်ပြေးကြရင် အပြစ်မယူကြပါနဲ့လို့ အမိန့်ထုတ်ပါတယ်”
“ဒီတိုင်းဆို အင်းဝမြို့ ဟာ ရန်သူ့လက်ကို ဒီအတိုင်းအကျဆုံးခံရတော့မှာပေါ့”
မဟာဓမ္မရာဇာဓိပတိက ကန္နရီရုပ်ကလေးကို ပြန်ကောက်လိုက်ပြီး ကိုးသိန်းသခင်၏ ဘေးတွင် ယှဉ်လျက် လာထိုင်လိုက်၏။
“ဘထွေးတော်....ကျွန်တော်က ဟော့ဒီပန်းပုရုပ်လေးကို လှပအောင် ထုဆစ်နိုင်ခဲ့တယ်...ဒီပန်းပုမှ မဟုတ်ပါဘူး..ဘယ်လိုအနုပညာမျိုးဖြစ်ဖြစ် ကျွန်တော် လှအောင် ဖန်တီးချင်တာပါပဲ..ကျွန်တော့်ဘဝ တလျှောက်လုံးလိုချင်ခဲ့တာလည်း ဒီဘဝမျိုးပါပဲ....ဒါပေမယ့်..ပြီးခဲ့တဲ့နှစ်တွေမှာ ကျွန်တော် ဒါကို မသိခဲ့ဘူး..မမြင်ခဲ့ဘူး...မွေးကတည်းက ဘုရင်တစ်ပါးအဖြစ် အလိုလိုတံဆိပ်ကပ်ခံရတဲ့ကျွန်တော်က ဘုရင်ဖြစ်တယ်ဆိုတာဟာ ကျွန်တော့်အတွက် သာမန်ပဲလို့ ထင်ထားခဲ့တယ်..ကျွန်တော့်ပတ်ဝန်းကျင်ကလည်း ဒီနေရာဟာ ကျွန်တော့်နေရာလို့ သတ်မှတ်ပေးခဲ့ကြတာလေ..ဒီတော့ ကျွန်တော် ရှင်သန်မှုမှာ ကျွန်တော်...ပျော်မွေ့သလိုပဲနေခဲ့မိတယ်... တကယ်တော့ ကျွန်တော်ဟာ ဘုရင့်သားတော်ဖြစ်လို့သာ ဘုရင်ဖြစ်လာတာပါ..ဒီပလ္လင်နဲ့ ကျွန်တော် ဟာ မတန်ပါဘူး..ဘထွေးတော်...ဒီပလ္လင်အတွက်နဲ့လည်း ဘယ်သူတစ်ဉီးတစ်ယောက်ရဲ့ သွေးတွေ၊ အသက်တွေကိုမှ ကျွန်တော် မရင်းနှီးစေချင်တော့ဘူး..”
မဟာဓမ္မရာဇာဓိပတိ၏ အသံက မထင်မှတ်ထားလောက်အောင် တည်ငြိမ်လွန်း၏။
ကိုးသိန်းသခင်က မဟာဓမ္မရာဇာဓိပတိ ၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။
“သား..မောင်ဖြူ...မင်းဟာ ရှင်ဘုရင်ဖြစ်ထိုက်သူပါ...ရှင်ဘုရင်ဖြစ်ထိုက်သူပါ....အပြင်မြို့ကြီးကို ဟံသာဝတီတပ်တွေ ရသွားခဲ့ရင်တောင်....ဒင်းတို့ နိုင်ပြီလို့ မမှတ်ပါသေးနဲ့ဉီး..ဘထွေးတော် ရှိပါသေးတယ်... မင်းရဲ့ ပလ္လင် ကို ဘထွေးတော်ကိုယ်တိုင် ပြန်တည်ဆောက်ပေးမယ်...ပြီးတော့ ဟော့ဒီ အင်းဝမြို့ကြီးဟာ မင်းတို့ ငါတို့ ရဲ့ ဘိုးတော်ဘေးတော်တွေရဲ့ မြို့ကြီးပဲ...နောက်ဆုံးအချိန်အထိ အင်းဝမြို့ကြီးနဲ့အတူ ငါတို့ရှိနေမယ်”
“ဘထွေးတော်ကို ကျွန်တော်ယုံပါတယ်..ဒါပေမယ့်...မြို့အင်္ဂါခုနှစ်ပါးထဲမှာပါတဲ့ ပြည့်ရှင်မင်း၊ အိမ်နီးချင်းအဆွေခင်ပွန်းမဟာမိတ်တိုင်းပြည်၊ အမတ်ကောင်း၊စစ်သည်ကောင်းတွ မရှိကြတော့ဘူး..ရိက္ခာလည်း ပြတ်လတ်နေကြပြီ....ခုခံလည်း ဘထွေးတော် ကိုယ်စိတ်နှလုံး ပင်ပန်းရုံပဲ ရှိတော့မှာကို...ကျွန်တော် သိပါတယ်....ဒါပေမယ့်..ဘာပဲဖြစ်ဖြစ် နောက်ဆုံးအချိန်အထိ ဘေးနားမှာရှိနေမယ့်..ဘထွေးတော်ကို....ကျွန်တော် ကန်တော့ပါရစေ...တစ်လျှောက်လုံးမှာ ဘထွေးတော်ကချည်း ကျွန်တော့်ကို ရှင်ဘုရင်ဆိုတဲ့နေရာထားပြီး ကန်တော့လာခဲ့တာ...ကျွန်တော့်အပေါ် ကျေးဇူးတွေ အများကြီးရှိတဲ ဘထွေးတော်ကို ဘဝမှာ တစ်ခါလောက်တော့ ကန်တော့ဖူးတယ်ရှိအောင်..ကန်တော့ခဲ့ပါရစေ”
“မသင့်တော်ပါဘူး..ဘုရင်မင်းမြတ်”
ကိုးသိန်းသခင်က အလန့်တကြား ဖြင့် မဟာဓမ္မရာဇာဓိပတိကို ဆွဲထူလိုက်သည်။
မဟာဓမ္မရာဇာဓိပတိက လက်အုပ်ချီလျက် ခေါင်းကို ငုံ့ထားသည်။
ကိုးသိန်းသခင်က မဟာဓမ္မရာဇာဓိပတိ၏ ပုခုံးကို ဖေးမကာ သလွန်ပေါ်သို့ ထိုင်ခိုင်းလိုက်သည်။
“ဟော့ဒီ အင်းဝမြို့ကြီးအတွက် အရှင်မင်းကြီးကို ကျွန်တော်မျိုး နောက်ဆုံးတစ်ခုတော့ တောင်းဆိုပါရစေ...နောက်ဆုံးအဆင့်ခုခံစစ်ကျရင်တော့ အရှင်မင်းကြီးအနေနဲ့ ထွက်ကွပ်ကဲပေးဖို့ စဉ်းစားပေးပါ”
မဟာဓမ္မရာဇာဓိပတိက လက်ထဲမှ ပန်းပုရုပ်ကလေးကို ပွတ်သပ်လိုက်ရင်း..
“ဒီအရုပ်ကလေးကိုတော့ ပြီးအောင် ထုလုပ်သွားချင်တယ်...ဘထွေးတော်”
........................................................................................................................
၁၇၅၂ မတ်လ ၉ ရက်။ နံနက်ခင်း။
ဥပရာဇာဉီးအောင်မြ၊ ညီတော်ဗညားဒလဘွဲ့ခံဉီးအောင်စ၊ လက်ျာဗိုလ်၊ သမက်တော်စောဗြ တို့ဉီးဆောင်သည့် တပ်ပေါင်း (၃၀) က အင်းဝအပြင်မြို့ကို ပိတ်ဆို့ထားသည်။
စစ်ကိုင်းနှင့် ကျောက်ဆည်လွင်ပြင်တွင် နေရာယူထားသော တလပန်း၊ တောင်ငူစားသမိန်ဇိပ်ပြဲ၊ ပိုက်သီဟ၊ အဲနရဲ စသည့် တပ်မှူးများသည် ဥပရာဇာ၏ တဲနန်းတွင်း ဆုံညီနေကြပြီဖြစ်သည်။
ဥပရာဇာ က ရွှေကွပ်ထားသော ဆေးတံကို မီးညှိ့ဖွာရှိုက်လိုက်ပြီး မီးခိုးများကို အပေါ်သို့ မှုတ်ထုတ်လိုက်၏။
“အင်းဝအပြင်မြို့အခြေအနေကတော့ ကြံ့ကြံ့ခံနေဉီးမယ့်သဘောပဲ..ကိုးသိန်းသခင်လည်း အထဲမှာပဲရှိနေပြန်တော့...လွယ်တော့မလွယ်ကူနိုင်ဘူး...ဒီပုံစံအတိုင်းဆို မိုးကျတဲ့အခါ ဧရာဝတီမြစ်ရေက တက်လာမယ်...အင်းဝအနေအထားက ရေတက်ပြီဆို..ငါတို့ တပ်တွေ အခက်အခဲရှိနိုင်တယ်မဟုတ်လား”
“မှန်ပါ..ဥပရာဇာ....မိုးကျလာလျှင်ဖြင့် ဆက်လက်ဝန်းရံရန် မလွယ်ကူလှပါ..ဒါအပြင် ပူပြင်းလှတဲ့ နေရောင်ခြည်ကွင်းထီးထီးမှာ စစ်သည်များလည်း ပင်ပန်းလှနေပါပြီ”
သမိန်ဇိပ်ပြဲက လျှောက်တင်လိုက်သည်။
“ကျွန်တော်မျိုးတို့ဟာ အင်းဝကို အဖက်ဖက်မှ ပိတ်ဆို့နိုင်လိုက်ပါပြီ..ဥပရာဇာ...မိုးမကျခင်မှာတင်..အင်းဝမြို့ကို ရနိုင်ပါတယ်...အခုချိန် လက်လျော့လိုက်ရင်ဖြင့် ကြိုးစားခဲ့သမျှ အရာမထင်ဖြစ်ရပါတော့မယ်..နောက်ပြီး ကွေ့များကလည်း စဉ့်ကိုင်ခံတပ်ကို သိမ်းယူထားပြီး ယခုအချိန်အထိ ဟံသာဝတီတပ်များကို လာရောက်ဆက်သွယ်ခြင်းမရှိပါ...ဒါကို ထောက်ခြင်းဖြင့်...ဟံသာဝတီတပ်တို့ပြန်အဆုတ်တွင် အင်းဝကို ကွေ့များက အသာတကြည်သိမ်းယူသွားမည့်အရေးကိုလည်း ဆင်ခြင်သင့်ပါတယ်”
တလပန်း ၏ လျှောက်တင်ချက်ကို လက်ျာဗိုလ်နှင့် စောဗြတို့က ထောက်ခံသည်။
“ကဲ..ဒီလိုဖြင့်. ဟံသာဝတီမှာ ကျန်ရစ်တဲ့ နောင်တော်မင်းတရား သဘောကိုလည်း မေးမြန်ရန် အချိန်မရှိတော့ဘူး..ကျုပ်တစ်ဉီးတည်းသဘောလည်း ဒီလို အရေးကြီးတဲ့ ကိစ္စကို မဆုံးဖြတ်ချင်ဘူး..ဒီတော့...စစ်ဉီးစီးများ အင်းဝကိုဆက်ဝိုင်းထားမလား.. ပြန်ဆုတ်ကြမလား...မဲခွဲကြတာပေါ့”
ထိုစဉ် တဲနန်းအပြင်မှ အသံများ ဆူဆူညံညံ ကြားရသည်။
ဟံသာဝတီစစ်ဉီးစီးအရာရှိများအားလုံးက ဓါးကိုယ်စီဖြင့် မတ်တပ်ရပ်လိုက်ကြ၏။
အင်းဝမှ ဟံသာဝတီသို့ ခိုဝင်လာသူ ရဲခေါင်စံကျော် နှင့် ရွှေကျင်ခတ်ပုဝါပေါင်းထားသည့် အင်းဝသားတစ်ဉီးတို့ တဲအတွင်းသို့ ဝင်လာကြသည်။
“ရဲခေါင်စံကျော်ငယ်...ဘာကိစ္စများ အထူးရှိလို့လဲ..တပ်ပြင်မှာလည်း လူသံတွေကြားနေရပါလား”
“မှန်ပါ...ဒါက အင်းဝမြို့တွင်းက ထွက်ပြေးခိုလှုံလာတဲ့ တောင်ဘက်တံခါးမြို့စောင့်တပ်မှူး မင်းရဲကျော်ဘွဲ့ခံ ငကျော် ပါ ဘုရား... သူနဲ့အတူ အင်းဝ ပြည်သူ ငါးရာလည်း အတူပါရှိလာကြောင်းပါ”
ဥပရာဇာက သလွန်ပေါ်တွင် ပြန်ထိုင်လိုက်သည်။
“ကဲ...ဆိုစမ်းပါဉီး..အင်းဝမြို့တွင်း အခြေအနေ”
“အင်းဝမြို့တွင်းမှာ ပြည်သူများရော၊ မြို့စောင့်တပ်များပါ ငတ်မွတ်ခေါင်းပါးနေကြပါပြီ..ဘုရား..စားစရာ ဆန်မရှိတော့သည့်အတွက် ကျွဲ၊နွား၊ခွေးများကို သတ်စားကြသည်မှာလည်း ကုန်ပါပြီ..အခုတော့ သစ်ရွက် သစ်ခေါက်များကိုပါပြုတ်စားနေကြပါတယ်”
“ဟေ..ဒီလောက်တောင်ပဲလား..ဟဲ့..ဖြစ်နိုင်ပါ့မလား...ဒီလိုနေပြည်တော်ကြီးက စစ်ရိပ်သန်းပြီဆိုကတည်းက နှစ်စာ လစာ ရိက္ခာများ မစုဆောင်းထားဘူးလား..ဘယ့်နှယ့်ဟာတုန်း...ဒင်းတို့က ငါ့ကို ပရိယာယ်နဲ့ လာလိမ်နေကြတာလား..ရဲခေါင်ကျော်စံငယ်”
“မှန်ပါ..မလိမ်ဝံ့ကြောင်းပါ..ဥပရာဇာဘုရား...အတူပါလာသည့် ယောက်ျား၊ မိန်းမ လူငါးရာ တစ်ယောက်မကျန်မေးမြန်းစိစစ်နိုင်ကြောင်းပါ...အပြင်မြို့တွင်းသို့ ဝင်မည်ဆိုလျှင် ဒီညပင် တံခါးဖွင့်ပေးမည့် ကျွန်တော်မျိုး၏ အတွင်းလူတံခါးစောင့်ရဲမက်များ ရှိနေပါသေးသည်..ကျွန်တော်မျိုးတို့၏.အသက်ကို ချမ်းသာပြီး ဟံသာဝတီထီးဘုရားထံ အရာထမ်းခွင့်သာ ပေးတော်မူပါ”
မင်းရဲထင်ကျော် က လက်အုပ်ချီလျက် ရင်ကို ကော့ကာ လျှောက်တင်လိုက်သည်။
ဥပရာဇာက သူ၏ ရှေ့တွင် ထိုင်နေကြသော တပ်မှူးများကို ကြည့်လိုက်သည်။
“ကဲ..ဒီလိုဆိုရင်တော့..မဲခွဲဖို့..မလိုတော့ဘူးပ..ဘာလုပ်ကြရမယ်ဆိုတာ ငါ့လူတို့ သိရောပေါ့”
..........................................................................................................................
ထိုည။
လက မိုက်သည်။ တိမ်ကမှောင်သည်။
ချိုးကူသံ သုံးချက်တိတိ ထွက်ပေါ်လာ၏။
အင်းဝတောင်ဘက်မြို့ရိုးတံခါးမှာ ဖြည်းညှင်းစွာပွင့်လာသည်။
ရုတ်တရက် အော်ဟစ်သံများနှင့်အတူ ဟံသာဝတီတပ်ကြီးက မီးတုတ်များ၊ သေနတ်များ ပစ်ဖောက်လျက် မြို့တွင်းသို့ အလုံးအရင်းဝင်လာကြတော့သည်။
မြို့သူမြို့သားများမှာ နန်းတွင်းမြို့ရိုးဘက်ဆီသို့ အလုအယက်ပြေးကြ၏။
ကိုးသိန်းသခင်၊ စည်သာမင်းကြီးကျော်စွာထင်၊ ထီးလင်းစော်ဘွား၊ ယောစော်ဘွားတပ်များ က အတွင်းနန်းမြို့ရိုးကို ဖိဖိစီစီး ခုခံကာကွယ်ကြသည်။
နံနက်လင်းအားကြီးအချိန်အထိ တိုက်ပွဲမှာ ပြင်းထန်နေ၏။
အင်းဝအပြင်မြို့တွင်း တိုက်ပွဲများပြင်းထန်နေခိုက် စစ်ပွဲအား နောက်တန်းမှ ကွပ်ကဲနေသည့် ဥပရာဇာနေထိုင်ရာ ခရမ်းဖောက်သို့ ဝေါယာဉ်တစ်စီးရောက်ရှိလာသည်။
ဝေါယာဉ်ပေါ်တွင် ပါလာသူမှာ မဟာဓမ္မရာဇာဓိပတိ ကိုးကွယ်သော ဆရာတော်သုံးပါးထဲမှ ရဟန်းလှဆရာတော်ဟုကျော်ကြားသော တိစိဝရိတ်ရွှေကြာပင်ဆရာတော်ဖြစ်သည်။
နဘေးတွင် အင်ရုံရွာစားဝန်ကြီးနှင့် လက်နက်တိုက်ဝန်တို့ပါ ပါရှိလာ၏။
“ကြွလာသည့် အရေးကို မိန့်တော်မူပါ...ဆရာတော်ဘုရား”
“မဟာဓမ္မရာဇာဓိပတိ မင်းက ဒကာတော်ဥပရာဇာ ဆီ ဟော့ဒီ ကန္နရီရုပ်ကလေးနဲ့အတူ စာပေးခိုင်းလိုက်လို့ပါပဲ...ဒကာတော်..စာဖတ်ပြီး ဒကာတော့်ဆီက အဖြေကို တခါတည်း စောင့်ယူသွားပါ့မယ်”
ဥပရာဇာက ဆရာတော်ပေးသည် စာလိပ်ကို အရင် ဖွင့်ဖတ်လိုက်သည်။
“အဆွေတော် ဟံသာဝတီ အိမ်ရှေ့စံ ဥပရာဇာ..
ကျွန်ုပ် အင်းဝရွှေနန်းသခင် မဟာဓမ္မရာဇာဓိပတိ ကြားရောက်လိုက်ပါသည်။
ဟံသာဝတီတပ်တော်များသည် အင်းဝပြင်မြို့ကိုလည်း ရရှိထားပြီးဖြစ်ပါသည်။ အင်းဝရွှေနန်း အနေဖြင့် မည်သည့်နည်းနှင့်မျှ ရေရှည်ခုခံနိုင်တော့မည်မဟုတ်ပါ။
အင်းဝနန်းတော်တွင် ပဋိကက်တော်စာပေကျမ်းဂန်များ၊ ရွှေငွေရတနာများ၊ မင်းစဉ်မင်းဆက်ထား သေနတ်၊ အမြောက်၊ ဆင်မြင်း များရှိပါသည်။
အဆွေတော်လိုသမျှအား အသာတကြည်ပင် ပေးအပ်ပါမည်။
ကျွန်ုပ်အား ဟံသာဝတီသို့ လိုက်ဆိုလည်း လိုက်ပါ ပါမည်။ အင်းဝတွင်ပဲ နန်းကျဘုရင်အဖြစ် စီရင်မည်ဆိုလျှင်လည်း စီရင်ခံ နေရစ် ပါမည်။
သို့သော်ငြား...ကျွန်ုပ်ကို အမှီပြုရသော အင်းဝပြည်မှ ရဟန်း၊ရှင်လူ၊ကျေးကျွန်အပေါင်းအား ဆင်းရဲဒုက္ခနှင့် အသက်ဘေးအန္တရာယ်များ မပေးစေလိုပါကြောင်း ကျွန်ုပ်၏ အမြတ်တနိုး ထုလုပ်အပ်သော ကိန္နရာရုပ်နှင့်အတူ ငြိမ်းချမ်းစွာကမ်းလှမ်းတောင်းဆိုပါသည်”
ဥပရာဇာက စာကို ဘေးချထားလိုက်၏။
ထို့နောက် သူ၏ လက်ထဲမှ အနုပညာလက်ရာမြောက်လှသော ကန္နရာ ရုပ်ကလေး ကို ကြည့်ရှုကာ ပြုံးလိုက်တော့သည်။
..............................................................................................................................
မတ်လ ၁၀ ရက်။
ကိုးသိန်းသခင် ဉီးဆောင်သည့် တပ်များက အပြင်မြို့တွင်း အသည်းအသန်ခုခံနေခဲ့သော်လည်း...နန်းတော် အတွင်းတံခါးများကို ဘုရင့်အမိန့်ဖြင့် ဖွင့်ပေးလိုက်ကြတော့သည်။
အတွင်းမြို့တံခါးပွင့်သွားပြီဖြစ်သဖြင့် ကိုးသိန်းသခင်၊ စည်သာမင်းကြီးဉီးစည်းစိမ် တို့တပ်များမှာလည်း အကွဲအကွဲအပြားပြားဖြင့် ဆုတ်ခွာသွားတော့သည်။
တိုက်ပွဲကား ပြီးဆုံးသွားချေပြီ။
အောင်နန်းကျော်ဘုံ နန်းတော်ထဲသို့ ဟံသာဝတီတပ်များ ဝင်လာကြသည်။
ဥပရာဇာ၏ တပ်ကား စည်တော်ယွမ်းလျက်၊ ဆင်အကောင်(၂၀)ခန့် ဝန်းရံကာ နန်းတော်ဗြဲတိုက် တွင် ရပ်နားလိုက်သည်။
“ရဲခေါင်ကျော်စံငယ်...အင်းဝဘုရင်ကို ငါတို့ မမြင်ဘူး..နင်သာ မြင်ဖူးတာမို့....တလပန်းနဲ့အတူ တပ်တွေ ကို ဉီးဆောင်ပြီး နန်းတော်အနှံ့...ရှာဖွေစေ”
ရဲခေါင်ကျော်စံက ဖမ်းဆီးရမိသော နန်းတွင်းသူတစ်ချို့ကို စစ်ကြောမေးမြန်းနေသည်။
မဏိပူရမင်းသမီးနှစ်ပါးဖြစ်သော ပုပ္ပါးမင်းသမီးကြီးနှင့် သျှန်သီတို့ကိုတွေ့ရှိသဖြင့် ဥပရာဇာတပ်ထံသို့ အပ်နှံခဲ့သည်။
ထို့နောက် အတွင်းမှပေးသော သတင်းများအရ မဟာဓမ္မရာဇာဓိပတိ ငယ်စဉ်က နေထိုင်ခဲ့သော အိမ်ရှေ့အိမ်တော်သို့ ရဲခေါင်စံကျော်နှင့် တပ်ဖွဲ့များက ချီတက်သွားကြသည်။
အိမ်ရှေ့အိမ်တော်။
ရဲခေါင်စံကျော်က ဖိနပ်ကိုချွတ်ပြီး.. အိမ်တော်ပေါ်သို့ တလှမ်းချင်းတက်သွားသည်။
မဟာဓမ္မရာဇာဓိပတိ သည် မိဖုရားခေါင်ကြီးမဟာရာဓိန္ဒာဓိပတိဒေဝီ၊ မဟာရာဇာဓိပတိဒေဝီ၊ လင်ဇင်းမိဖုရားမဟာဓိပတိဒေဝီ နှင့် ကိုယ်လုပ်တော်တစ်စု ဝန်းရံလျက် ပတ္တလား၊စောင်းစသည့် လက်စွဲတော်တူရိယာများ ရှေ့တွင် အေးအေးသက်သာပင် ထိုင်နေသည်။
ပိတ်ဖြူခေါင်းပေါင်းနှင့် အဖြူရောင်ရင်ကွဲအင်္ကျီကို ခပ်ရိုးရိုးပင် ဝတ်ဆင်ထားသည်။
နုပျိုသောအသားအရည်နှင့် ရိတ်ပြီးစ မုတ်ဆိတ် စိမ်းစိမ်းတို့ဖြင့် အင်းဝဘုရင်ကား ချောမောခန့်ညားလျက်ပင်။
ရဲခေါင်ကျော်စံက ဓါးကို ချကာ..ရှိခိုးလိုက်၏။
“ခွင့်လွှတ်တော်မူပါ...ဘုရား...ဟံသာဝတီဉပရာဇာက နန်းတော်ထဲ လိုက်ခဲ့ဖို့ အခေါ်ရှိလိုက်လို့ပါ”
မဟာဓမ္မရာဓိပတိက ရဲခေါင်ကျော်စံကို တချက်ကြည့်လိုက်သည်။
ထို့နောက်...
“မောင်မင်းက အင်းဝသားပေပဲ..ဘယ်သူများလဲ”
ရဲခေါင်စံကျော်မှာ ခေါင်းကို ပိုငုံ့သွားသည်။ လက်အုပ်ချီထားသော လက်တို့ တဆတ်ဆတ်တုန်နေ၏။
“ကျွန်တော်မျိုး မလွန်ခံတပ်က တပ်မှူးရဲခေါင်ကျော်စံငယ်ပါ..ဘုရား...ကျွန်တော်မျိုး မိသားစုအပေါ် တပ်မှူးများက ခြိမ်းခြောက်မှု၊ ရိက္ခာမလုံလောက်မှုတို့ကြောင့် ဟံသာဝတီခံ ခိုဝင်ခဲ့ပါတယ်..ခွင့်လွှတ်တော်မူပါဘုရား”
“ဪ...အင်းပါလေ..ဒါနဲ့ အခု...လိုက်ခဲ့ရတော့မလား”
“မှန်ပါ..အိမ်ရှေ့အိမ်တော်ဟာ မလုံခြုံတဲ့အတွက်..နန်းတွင်းတွင် ခေတ္တပြန်လည်စံမြန်းဖို့...ဥပရာဇာက အမိန့်တော်ရှိလိုက်ပါတယ်”
“ဒီအိမ်က ငါ အရွယ်ရောက်စကတည်းက နေခဲ့တဲ့..ငါ့အိမ်ပဲ...ငါ့အိမ်က အဲ့ဒီနန်းတော်ထဲထက် လုံခြုံပါတယ်”
“ကျွန်တော်မျိုးလည်း အမိန့်အရ လုပ်ရတာပါ..ဘုရား...အောက်မှာလည်း ဟံသာဝတီဗိုလ်မှူးရှိနေပါတယ်”
မဟာဓမ္မရာဇာဓိပတိ က သက်ပြင်းချလိုက်သည်။
“အင်းပါလေ...ငါကိုယ်တော် နားလည်ပါတယ်..ကဲ..နန်းတော်ထဲ ပြန်နေဆိုလည်း နေကြရတာပ”
ရဲခေါင်စံကျော် က ခါးကိုကုန်း လက်အုပ်ကိုချီလက် နောက်မှ လိုက်လာသည်။
အောက်တွင်စောင့်နေသော ဟံသာဝတီစစ်သည်များက ဘုရင်ဆင်းလာသည့် မြင်ကွင်းကို ကြောင်ငေး ကြည့်နေကြ၏။
မြင်းပေါ်တွင် ရှိနေသော တလပန်းက မြင်းပေါ်မှ ဆင်းကာ လက်အုပ်ချီလိုက်သည်။
“ဟဲ့ကောင်တွေ.....ရှင်ဘုရင် ကြွလာနေတာလေ..ဓါးလှံတွေချ....အရင်...ဒူးတုပ်ရှိခိုးပြီးမှ ဘေးနားက လိုက်ပါကြချေ...ဟံသာဝတီသားတွေ ရိုင်းစိုင်းတယ်လို့...အင်းဝပြည်သူများက မထင်ကြစေနဲ့”
တလပန်းအမိန့်ကြောင့် စစ်သည်များက ဓားလှံများ ချကာ ဒူးတုတ်ရှိခိုးလိုက်ကြသည်။
အင်းဝအပြင်မြို့ဆီတွင်တော့....သေနတ်ဖောက်သံများ တချက်တချက် ကြားနေရဆဲ။
ခက်ဇော်
(Zawgyi)
AVA 1740s (Season 2)
အခန္း(၃၄)
......................................................
၁၇၅၂ ေဖေဖာ္ဝါရီလ ၁၀ ရက္။
ဧရာဝတီျမစ္ျပင္ထက္မွ အင္းဝဘက္သို႔ ေလွာ္ခတ္လာေသာ ေလာင္းေလွသုံးစင္း။
ကိုးသိန္းသခင္မင္းေခါင္က ဒတ္ခ်္ ကုန္သည္မ်ားဆက္သထားေသာ မွန္ေျပာင္းျဖင့္ ေသခ်ာၾကည့္ရႈလိုက္သည္။
“ေသနတ္ေတာ္သားေတြကို...ကမ္းနားတစ္ေလွ်ာက္ ျဖန႔္ထားၾကစမ္း...ယမ္းအသင့္ထိုးထားၾကေစ”
ေလာင္းေလွမ်ားက တေ႐ြ႕ေ႐ြ႕နီးကပ္လာသည္။
“ဟာ..ကိုေ႐ႊၿဖိဳး တို႔ပါလား”
ကိုးသိန္းသခင္က ပုဆိုးခါးပုံစကို မကာ ကမ္းနားသို႔ ေျပးဆင္းသြား၏။
ဆိုက္ကပ္လာေသာ ေလာင္းေလွတစ္စင္းေပၚမွ စစ္ကိုင္းဘုရင္ခံအျဖစ္ ခံအပ္ျခင္းခံရေသာ နန္းရင္းဝန္ ဉီးေ႐ႊၿဖိဳး ဆင္းလာသည္။
“စစ္ကိုင္းၿမိဳ႕ က်သြားၿပီ..ကိုးသိန္းသခင္”
ကိုးသိန္းသခင္က စကားျပန္မေျပာပဲ.. တဖက္ကမ္း စစ္ကိုင္းၿမိဳ႕ဆီသို႔ လွမ္းေမွ်ာ္ၾကည့္လိုက္သည္။
“က်ဳပ္တို႔လည္း အတတ္ႏိုင္ဆုံး ခုခံခဲ့တာပဲ..က်ဳပ္သား ျမေတာင္မင္းသားေမာင္ေ႐ႊနီ လည္း က်သြားၿပီ”
“ကဲ..ကိုေ႐ႊၿဖိဳး...စစ္ကိုင္းကို က်ဳပ္တို႔ ရေအာင္ျပန္တိုက္ေပးမယ္...ခင္ဗ်ား..နန္းေတာ္ထဲ အျမန္ဝင္ေနေတာ့..ဒီမွာက မလုံၿခဳံဘူး”
စစ္ကိုင္းမွ ဆုတ္ခြာလာေသာ ဉီးေ႐ႊၿဖိဳးႏွင့္ အဖြဲ႕က အင္းဝၿမိဳ႕တြင္းသို႔ ထြက္ခြာသြားၾကသည္။
“မင္းတို႔ ခံတပ္ကုန္းေပၚက ျပန္ေစာင့္ေနၾက..ငါတစ္ေယာက္တည္း ေနခ်င္လို႔”
ကိုးသိန္းသခင္က ထီးေတာ္မိုးမ်ားကို ျပန္လႊတ္လိုက္သည္။
ထို႔ေနာက္ မီးေသြးဆိပ္ ဆိပ္ကမ္း ေရစပ္ ဆီသို႔ သူ၏ ေျခေထာက္မ်ား နစ္သည္အထိ ဆင္းလိုက္သည္။
တသြင္းသြင္စီးဆင္းေနေသာ ဧရာဝတီျမစ္ေရ ၏ ေအးျမသည့္အထိအေတြ႕ကို ကိုးသိန္းသခင္ ခံစားရ၏။
ျမစ္တစ္ဖက္ကမ္း စစ္ကိုင္းၿမိဳ႕ဘက္ဆီတြင္ေတာ့ မီးခိုးမ်ား တလူလူထြက္ေနသည္။
ကိုးသိန္းသခင္က အေနာက္ဖက္မွ အင္းဝၿမိဳ႕ႀကီးကို ျပန္ၾကည့္လိုက္သည္။
တခ်ိန္က အင္အားႀကီးမားခဲ့ေသာ အင္းဝႏိုင္ငံေတာ္ႀကီးအား ဖ်က္ဆီးရန္ ရန္သူမ်ားက လက္တကမ္းအလိုတြင္ ေရာက္ရွိေနၾကၿပီျဖစ္သည္။
လြန္ခဲ့ေသာ ႏွစ္လကလည္း ေကြ႕ဂုဏၰအိမ္၏ တိုက္ခိုက္မႈေၾကာင့္ စဥ့္ကိုင္ခံတပ္မွာ က်ဆုံးသြားခဲ့ၿပီျဖစ္သည္။
မူးျမစ္တေၾကာ ႏွင့္ ေက်ာက္ဆည္လြင္ျပင္ကိုလည္း ရန္သူက ဟံသာဝတီတပ္မ်ားက ပိတ္ဆို႔သြားၾကသည္။
ယေန႔ တြင္ေတာ့ အင္းဝႏွင့္အနီးဆုံးျဖစ္သည့္ စစ္ကိုင္းၿမိဳ႕ႀကီး ရန္သူ႔လက္သို႔ က်သြားခဲ့ၿပီ။
ကိုးသိန္းသခင္က ျမစ္ေရထဲတြင္ ဒူးေထာက္ကာ ေရကို လက္ႏွစ္ဖက္ျဖင့္ ယူလ်က္ မ်က္ႏွာသစ္လိုက္သည္။
အတန္ၾကာသည္အထိ လက္ကို မ်က္ႏွာမွ မခြာေသး။
ရႈိက္သံႏွင့္အတူ သူ၏ေက်ာကုန္းက တခ်က္ခ်က္ တုန္တက္သြား၏။
သစၥာရွိေသာ တာဝန္ေက်ေသာ စစ္သူႀကီးတစ္ဉီး၏ မ်က္ရည္မ်ားက ဧရာဝတီျမစ္ေရအလ်ဥ္ထဲတြင္ ေရာပါသြားၾကသည္ကို အင္းဝတစ္ၿမိဳ႕လုံးသာမက..မည္သူမွ် မသိလိုက္ၾက။
..................................................................................................................
၁၇၅၂ ေဖေဖာ္ဝါရီလ ၁၁ ရက္။
ကိုးသိန္းသခင္မင္းေခါင္ ကိုယ္တိုင္ ဉီးစီးလ်က္ အင္းဝဘက္ကမ္းမွ တိုက္ေလွ (၃၀၀) သည္ စစ္ကိုင္းဘက္ကမ္းသို႔ ေလွာ္ခတ္လာၾကသည္။
အေျမာက္တပ္ဗိုလ္မႉး မင္းရဲမင္းလွေ႐ႊေတာင္ ေခၚ ေပၚတူဂီစစ္ဗိုလ္ ပါအိုလိုဂြန္ဇာလက္စ္ ၏ အေျမာက္တင္ေလွတပ္ကလည္း စစ္ကိုင္းၿမိဳ႕႐ိုးဆီသို႔ အေျမႇာက္မ်ားျဖင့္ တေဖ်ာ္ေဖ်ာ္ပစ္ခတ္ၾကသည္။
စစ္ကိုင္းၿမိဳ႕ကား ၿငိမ္သက္ျခင္းအထိ။
အင္းဝေလွတပ္က စစ္ကိုင္းဆိပ္ကမ္းနားသို႔ နီးကပ္လာေခ်ၿပီ။
“ဘေထြးေတာ္မင္းဘုရား....သူတို႔..ၿမိဳ႕ထဲမွာ မရွိေတာ့ဘူးထင္ပါတယ္..ဘုရား”
အေျမႇာက္တင္ေလွေပၚမွ ဂြန္ဇာလက္စ္က လွမ္းေအာ္ေျပာသည္။
ကိုးသိန္းသခင္က လက္ကာျပလိုက္ၿပီး...မွန္ေျပာင္းျဖင့္ ၿမိဳ႕႐ိုးဆီသို႔ လွမ္းၾကည့္လိုက္၏။
စစ္ကိုင္းၿမိဳ႕႐ိုးေပၚတြင္ အလံစိမ္းတစ္စင္း လြင့္ခနဲတက္လာသည္ကို ျမင္လိုက္ရသည္။
“ဝုန္း”“ဝုန္း””ဝုန္း”
အေျမႇာက္ဆံမ်ားက ႐ုတ္တရက္ထြက္ေပၚလာၿပီး အင္းဝေလွတပ္ဆီသို႔ က်ေရာက္ကုန္ေတာ့သည္။
ကိုးသိန္းသခင္က ထူးဆန္းလွေသာ အေျမႇာက္ေပါက္ကြဲပုံကို တအံတဩေငးၾကည့္ေန၏။
“သုံးဆင့္ကြဲ အေျမႇာက္ေတြ..ဘုရား.သုံးဆင့္ကြဲေတြ”
ဂြန္ဇာလက္စ္ က လွမ္းေအာ္သည္။
“ဝုန္း..ဝုန္း..ဝုန္း”
ေနာက္တခ်က္တြင္ ဂြန္ဇာလက္စ္၏ အေျမႇာက္တင္ေလွေပၚသို႔ တည့္တည့္က်ေရာက္သည္။
အေျမႇာက္ဗိုလ္မႉး ဂြန္ဇာလက္ ကား အစအနပင္ရွာမရ။
“သူတို႔ မွာ လက္နက္ေကာင္းေတြရထားၿပီ...ဆုတ္ေဟ့..ဆုတ္”
.................................................................................................................
၁၇၅၂ ေဖေဖာ္ဝါရီလ ၂၅ ရက္။
“ေတာက္..ေတာက္..ေတာက္”
နန္းေတာ္ၾကမ္းျပင္ေပၚသို႔ အျဖဴေရာင္ေက်ာက္ဆစ္အသားစ အမႈန္အမႊားမ်ားက ဖြာခနဲ က်သည္။
ဆီမီးေရာင္ေအာက္တြင္ မိုးသို႔ပ်ံႂကြမတက္အသက္ဝင္လွေသာ ကိႏၵရီ႐ုပ္ကေလး။
“အရွင္မင္းႀကီးဘုရား”
မဟာဓမၼရာဇာဓိပတိက ေဆာက္ႏွင့္တူကို ကိုင္လ်က္ ေမာ့ၾကည့္လိုက္၏။
“ဘေထြးေတာ္..ပါလား...ေျပာစရာရွိတာ ေျပာပါေလ”
“ဟံသာဝတီတပ္ေတြက ကူတို႔ဆိပ္ကေန သင္ပန္းတစ္ေလွ်ာက္ တပ္တန္းႀကီးထိုးၿပီး ပိတ္ဆို႔ထားပါတယ္...ေရေၾကာင္းမွာလည္း လုံးေတာ္ေပါက္အထိ သူတို႔ ပိတ္ဆို႔ထားၾကပါၿပီ”
“အင္း...ဘာေတြလိုအပ္လို႔လဲ...အမႈထမ္းေတြအတြက္.စားနပ္ရိကၡာ..ေ႐ႊေငြ.. ႀကိဳက္သေလာက္ ေထာက္ပံ့ေပးဖို႔..ကိုယ္ေတာ္ခြင့္ျပဳေပးခဲ့ၿပီးၿပီပဲ”
ကိုးသိန္းသခင္က ေခါင္းခါရမ္းလိုက္သည္။
“ဘုရင္မင္းျမတ္ ဟာ ကြၽန္ေတာ္မ်ိဳးရဲ႕ တူေတာ္ဆိုေပမယ့္..သားတစ္ေယာက္လိုပါပဲ...အရွင္နဲ႔ ကြၽန္ဆိုတဲ့ အျဖစ္ နဲ႔ေရာ...သားနဲ႔ အဖ ဆိုတဲ့ အျဖစ္မ်ိဳးနဲ႔ပါ..ကြၽန္ေတာ္မ်ိဳးကို တစ္ခုေလွ်ာက္ထားခြင့္ျပဳပါ”
“အင္း..ေျပာပါ..ဘေထြးေတာ္”
“အခုဆိုရင္ အျပင္ၿမိဳ႕က ျပည္သူေတြ ဟာ ငတ္မြတ္ေခါင္းပါးၾကပါၿပီ... ထန္းပင္၊ ေပပင္ အူေတြကို လွီးျဖတ္စားေသာက္ေနရပါတယ္...သစ္႐ြက္ေတြကိုေတာင္ ျပဳတ္စားေနၾကရပါတယ္...ခံတပ္မ်ားက ရဲမက္ေတြလည္း ဒီအတိုင္းပါပဲ”
မဟာဓမၼရာဇာဓိပတိက ေဆာက္ႏွင့္ တူကို ေဘးသို႔ ခ်လိုက္သည္။
ထို႔ေနာက္ ကႏၵရီ႐ုပ္ကေလးတြင္ ကပ္ေနေသာ ေက်ာက္မႈန႔္မ်ားကို ေလျဖင့္ မႈတ္လိုက္၏။
“က်ဳပ္ ျပည္သူ...က်ဳပ္ အမႈထမ္းေတြအတြက္...က်ဳပ္ ဘဏၰာေတာ္တိုက္ထဲက ေ႐ႊေငြေတြ အကုန္ထုတ္ေပးလိုက္ပါ..သူတို႔ေက်နပ္ပါေစ..ေက်နပ္ၾကပါေစ”
“မဟုတ္ဘူး...ေမာင္ျဖဴ..မဟုတ္ဘူး...ဒီစစ္ပြဲကို သူတို႔ ရသေလာက္တိုက္ေနၾကတယ္...အင္းဝၿမိဳ႕ႀကီးကို သူတို႔ ငတ္ေနတဲ့ၾကားက ခုခံကာကြယ္ေနၾကတယ္...ဒါေပမယ့္...ၿမိဳ႕ထဲမွာ ရွင္ဘုရင္ဟာ ရွမ္းျပည္ကို ထြက္ေျပးသြားၿပီလို႔ သတင္းေတြထြက္ေနတယ္...ဒီေတာ့ ျပည္သူေတြေရာ...စစ္သားေတြေရာက...ငါတို႔ သခင္ ငါတို႔ကို စြန႔္ခြာသြားၿပီဆိုၿပီး...စိတ္ဓာတ္ေတြက်ေနၾကတယ္...မင္း...သူတို႔နဲ႔အတူ ရွိေနေၾကာင္း ျပဖို႔လိုတယ္”
မဟာဓမၼရာဇာဓိပတိ က သူ၏ ငယ္နာမည္ကိုအေခၚခံလိုက္ရသျဖင့္ ကိုးသိန္းသခင္ကို ေၾကာင္စီစီ ျဖင့္ လွမ္းၾကည့္လိုက္သည္။
“သတ္ရင္လည္းေသရမွာပဲ..ဘုရား..ကြၽန္ေတာ္မ်ိဳးကို သတ္လိုက္ပါေတာ့...ၿမိဳ႕စည္း၊ ျပစည္း တပ္ေတာ္ေတြကို ဘုရားကိုယ္ေတာ္တိုင္ ကြပ္ကဲဖို႔ အခ်ိန္ေရာက္ပါၿပီ..ဘုရား...ေရာက္ပါၿပီ”
“က်ဳပ္..စစ္မတိုက္ဖူးဘူး..ဘေထြးေတာ္..ၿပီးေတာ့...အႀကီးေတာ္ပေဒသရာဇာ နဲ႔ မိဖုရားေတြကို ေန႔စဥ္ စစ္သည္စစ္သားေတြၾကား သြားၿပီး အားေပးဖို႔ လႊတ္ေနတာပဲ....က်ဳပ္ သြားေတာ့ေရာ..ဘာထူးမွာတဲ့လဲ”
“ထူးပါတယ္..အရွင္မင္းျမတ္..အခုဆို ရွင္ဘုရင္မရွိေတာ့ဘူးဆိုတဲ့ ေကာလဟလေတြ ထြက္ေနေတာ့ မနက္ကပဲ ရက္ကန္းစာေရးေမာင္ပို နဲ႔ လူတစ္ရာေက်ာ္ ၿမိဳ႕႐ိုးအျပင္ကို ခိုးထြက္ၿပီး ဟံသာဝတီဘက္ကို ပူးေပါင္းဖို႔ ျပင္ဆင္တာဖမ္းမိလိုက္ပါတယ္...သူတို႔အားလုံးကို ေျခဖဝါးကို ဓါးနဲ႔မႊန္းၿပီး ကြပ္မ်က္ဖို႔...လည္း အမိန႔္ေပးထားပါၿပီ”
“ဟင္”
မဟာဓမၼရာဇာဓိပတိက လက္ထဲမွ ကႏၷရီ႐ုပ္ကေလးကို လႊတ္ခ်ကာ မတ္တပ္ရပ္လိုက္၏။
“ဘေထြးေတာ္....ဒီလို မလုပ္ရဘူး...မလုပ္ရပါဘူး..သူတို႔ဟာ သာမန္ျပည္သူေတြပါ..စစ္ေဘးစစ္ဒဏ္ၾကားထဲ.ငတ္မြတ္ၾကလြန္းရင္ေတာ့ ထြက္ေျပးၾကမွာပဲ...သူတို႔မွာ ဘာအျပစ္မွမရွိပါဘူး..ရွိခ်င္းရွိ ရွင္ဘုရင္ျဖစ္တဲ့ က်ဳပ္က အျပစ္ရွိခဲ့တာပါဗ်ာ...သူတို႔ကို မသတ္ပါနဲ႔....သူတို႔ သြားခ်င္တဲ့ ေနရာကို သြားခြင့္ေပးလိုက္ပါ...ေနာက္ထပ္ ျပည္သူေတြကိုလည္း ထြက္ေျပးၾကရင္ အျပစ္မယူၾကပါနဲ႔လို႔ အမိန႔္ထုတ္ပါတယ္”
“ဒီတိုင္းဆို အင္းဝၿမိဳ႕ ဟာ ရန္သူ႔လက္ကို ဒီအတိုင္းအက်ဆုံးခံရေတာ့မွာေပါ့”
မဟာဓမၼရာဇာဓိပတိက ကႏၷရီ႐ုပ္ကေလးကို ျပန္ေကာက္လိုက္ၿပီး ကိုးသိန္းသခင္၏ ေဘးတြင္ ယွဥ္လ်က္ လာထိုင္လိုက္၏။
“ဘေထြးေတာ္....ကြၽန္ေတာ္က ေဟာ့ဒီပန္းပု႐ုပ္ေလးကို လွပေအာင္ ထုဆစ္ႏိုင္ခဲ့တယ္...ဒီပန္းပုမွ မဟုတ္ပါဘူး..ဘယ္လိုအႏုပညာမ်ိဳးျဖစ္ျဖစ္ ကြၽန္ေတာ္ လွေအာင္ ဖန္တီးခ်င္တာပါပဲ..ကြၽန္ေတာ့္ဘဝ တေလွ်ာက္လုံးလိုခ်င္ခဲ့တာလည္း ဒီဘဝမ်ိဳးပါပဲ....ဒါေပမယ့္..ၿပီးခဲ့တဲ့ႏွစ္ေတြမွာ ကြၽန္ေတာ္ ဒါကို မသိခဲ့ဘူး..မျမင္ခဲ့ဘူး...ေမြးကတည္းက ဘုရင္တစ္ပါးအျဖစ္ အလိုလိုတံဆိပ္ကပ္ခံရတဲ့ကြၽန္ေတာ္က ဘုရင္ျဖစ္တယ္ဆိုတာဟာ ကြၽန္ေတာ့္အတြက္ သာမန္ပဲလို႔ ထင္ထားခဲ့တယ္..ကြၽန္ေတာ့္ပတ္ဝန္းက်င္ကလည္း ဒီေနရာဟာ ကြၽန္ေတာ့္ေနရာလို႔ သတ္မွတ္ေပးခဲ့ၾကတာေလ..ဒီေတာ့ ကြၽန္ေတာ္ ရွင္သန္မႈမွာ ကြၽန္ေတာ္...ေပ်ာ္ေမြ႕သလိုပဲေနခဲ့မိတယ္... တကယ္ေတာ့ ကြၽန္ေတာ္ဟာ ဘုရင့္သားေတာ္ျဖစ္လို႔သာ ဘုရင္ျဖစ္လာတာပါ..ဒီပလႅင္နဲ႔ ကြၽန္ေတာ္ ဟာ မတန္ပါဘူး..ဘေထြးေတာ္...ဒီပလႅင္အတြက္နဲ႔လည္း ဘယ္သူတစ္ဉီးတစ္ေယာက္ရဲ႕ ေသြးေတြ၊ အသက္ေတြကိုမွ ကြၽန္ေတာ္ မရင္းႏွီးေစခ်င္ေတာ့ဘူး..”
မဟာဓမၼရာဇာဓိပတိ၏ အသံက မထင္မွတ္ထားေလာက္ေအာင္ တည္ၿငိမ္လြန္း၏။
ကိုးသိန္းသခင္က မဟာဓမၼရာဇာဓိပတိ ၏ လက္ႏွစ္ဖက္ကို ဆုပ္ကိုင္လိုက္သည္။
“သား..ေမာင္ျဖဴ...မင္းဟာ ရွင္ဘုရင္ျဖစ္ထိုက္သူပါ...ရွင္ဘုရင္ျဖစ္ထိုက္သူပါ....အျပင္ၿမိဳ႕ႀကီးကို ဟံသာဝတီတပ္ေတြ ရသြားခဲ့ရင္ေတာင္....ဒင္းတို႔ ႏိုင္ၿပီလို႔ မမွတ္ပါေသးနဲ႔ဉီး..ဘေထြးေတာ္ ရွိပါေသးတယ္... မင္းရဲ႕ ပလႅင္ ကို ဘေထြးေတာ္ကိုယ္တိုင္ ျပန္တည္ေဆာက္ေပးမယ္...ၿပီးေတာ့ ေဟာ့ဒီ အင္းဝၿမိဳ႕ႀကီးဟာ မင္းတို႔ ငါတို႔ ရဲ႕ ဘိုးေတာ္ေဘးေတာ္ေတြရဲ႕ ၿမိဳ႕ႀကီးပဲ...ေနာက္ဆုံးအခ်ိန္အထိ အင္းဝၿမိဳ႕ႀကီးနဲ႔အတူ ငါတို႔ရွိေနမယ္”
“ဘေထြးေတာ္ကို ကြၽန္ေတာ္ယုံပါတယ္..ဒါေပမယ့္...ၿမိဳ႕အဂၤါခုႏွစ္ပါးထဲမွာပါတဲ့ ျပည့္ရွင္မင္း၊ အိမ္နီးခ်င္းအေဆြခင္ပြန္းမဟာမိတ္တိုင္းျပည္၊ အမတ္ေကာင္း၊စစ္သည္ေကာင္းတြ မရွိၾကေတာ့ဘူး..ရိကၡာလည္း ျပတ္လတ္ေနၾကၿပီ....ခုခံလည္း ဘေထြးေတာ္ ကိုယ္စိတ္ႏွလုံး ပင္ပန္း႐ုံပဲ ရွိေတာ့မွာကို...ကြၽန္ေတာ္ သိပါတယ္....ဒါေပမယ့္..ဘာပဲျဖစ္ျဖစ္ ေနာက္ဆုံးအခ်ိန္အထိ ေဘးနားမွာရွိေနမယ့္..ဘေထြးေတာ္ကို....ကြၽန္ေတာ္ ကန္ေတာ့ပါရေစ...တစ္ေလွ်ာက္လုံးမွာ ဘေထြးေတာ္ကခ်ည္း ကြၽန္ေတာ့္ကို ရွင္ဘုရင္ဆိုတဲ့ေနရာထားၿပီး ကန္ေတာ့လာခဲ့တာ...ကြၽန္ေတာ့္အေပၚ ေက်းဇူးေတြ အမ်ားႀကီးရွိတဲ ဘေထြးေတာ္ကို ဘဝမွာ တစ္ခါေလာက္ေတာ့ ကန္ေတာ့ဖူးတယ္ရွိေအာင္..ကန္ေတာ့ခဲ့ပါရေစ”
“မသင့္ေတာ္ပါဘူး..ဘုရင္မင္းျမတ္”
ကိုးသိန္းသခင္က အလန႔္တၾကား ျဖင့္ မဟာဓမၼရာဇာဓိပတိကို ဆြဲထူလိုက္သည္။
မဟာဓမၼရာဇာဓိပတိက လက္အုပ္ခ်ီလ်က္ ေခါင္းကို ငုံ႔ထားသည္။
ကိုးသိန္းသခင္က မဟာဓမၼရာဇာဓိပတိ၏ ပုခုံးကို ေဖးမကာ သလြန္ေပၚသို႔ ထိုင္ခိုင္းလိုက္သည္။
“ေဟာ့ဒီ အင္းဝၿမိဳ႕ႀကီးအတြက္ အရွင္မင္းႀကီးကို ကြၽန္ေတာ္မ်ိဳး ေနာက္ဆုံးတစ္ခုေတာ့ ေတာင္းဆိုပါရေစ...ေနာက္ဆုံးအဆင့္ခုခံစစ္က်ရင္ေတာ့ အရွင္မင္းႀကီးအေနနဲ႔ ထြက္ကြပ္ကဲေပးဖို႔ စဥ္းစားေပးပါ”
မဟာဓမၼရာဇာဓိပတိက လက္ထဲမွ ပန္းပု႐ုပ္ကေလးကို ပြတ္သပ္လိုက္ရင္း..
“ဒီအ႐ုပ္ကေလးကိုေတာ့ ၿပီးေအာင္ ထုလုပ္သြားခ်င္တယ္...ဘေထြးေတာ္”
........................................................................................................................
၁၇၅၂ မတ္လ ၉ ရက္။ နံနက္ခင္း။
ဥပရာဇာဉီးေအာင္ျမ၊ ညီေတာ္ဗညားဒလဘြဲ႕ခံဉီးေအာင္စ၊ လက္်ာဗိုလ္၊ သမက္ေတာ္ေစာျဗ တို႔ဉီးေဆာင္သည့္ တပ္ေပါင္း (၃၀) က အင္းဝအျပင္ၿမိဳ႕ကို ပိတ္ဆို႔ထားသည္။
စစ္ကိုင္းႏွင့္ ေက်ာက္ဆည္လြင္ျပင္တြင္ ေနရာယူထားေသာ တလပန္း၊ ေတာင္ငူစားသမိန္ဇိပ္ၿပဲ၊ ပိုက္သီဟ၊ အဲနရဲ စသည့္ တပ္မႉးမ်ားသည္ ဥပရာဇာ၏ တဲနန္းတြင္း ဆုံညီေနၾကၿပီျဖစ္သည္။
ဥပရာဇာ က ေ႐ႊကြပ္ထားေသာ ေဆးတံကို မီးညႇိ႔ဖြာရႈိက္လိုက္ၿပီး မီးခိုးမ်ားကို အေပၚသို႔ မႈတ္ထုတ္လိုက္၏။
“အင္းဝအျပင္ၿမိဳ႕အေျခအေနကေတာ့ ႀကံ့ႀကံ့ခံေနဉီးမယ့္သေဘာပဲ..ကိုးသိန္းသခင္လည္း အထဲမွာပဲရွိေနျပန္ေတာ့...လြယ္ေတာ့မလြယ္ကူႏိုင္ဘူး...ဒီပုံစံအတိုင္းဆို မိုးက်တဲ့အခါ ဧရာဝတီျမစ္ေရက တက္လာမယ္...အင္းဝအေနအထားက ေရတက္ၿပီဆို..ငါတို႔ တပ္ေတြ အခက္အခဲရွိႏိုင္တယ္မဟုတ္လား”
“မွန္ပါ..ဥပရာဇာ....မိုးက်လာလွ်င္ျဖင့္ ဆက္လက္ဝန္းရံရန္ မလြယ္ကူလွပါ..ဒါအျပင္ ပူျပင္းလွတဲ့ ေနေရာင္ျခည္ကြင္းထီးထီးမွာ စစ္သည္မ်ားလည္း ပင္ပန္းလွေနပါၿပီ”
သမိန္ဇိပ္ၿပဲက ေလွ်ာက္တင္လိုက္သည္။
“ကြၽန္ေတာ္မ်ိဳးတို႔ဟာ အင္းဝကို အဖက္ဖက္မွ ပိတ္ဆို႔ႏိုင္လိုက္ပါၿပီ..ဥပရာဇာ...မိုးမက်ခင္မွာတင္..အင္းဝၿမိဳ႕ကို ရႏိုင္ပါတယ္...အခုခ်ိန္ လက္ေလ်ာ့လိုက္ရင္ျဖင့္ ႀကိဳးစားခဲ့သမွ် အရာမထင္ျဖစ္ရပါေတာ့မယ္..ေနာက္ၿပီး ေကြ႕မ်ားကလည္း စဥ့္ကိုင္ခံတပ္ကို သိမ္းယူထားၿပီး ယခုအခ်ိန္အထိ ဟံသာဝတီတပ္မ်ားကို လာေရာက္ဆက္သြယ္ျခင္းမရွိပါ...ဒါကို ေထာက္ျခင္းျဖင့္...ဟံသာဝတီတပ္တို႔ျပန္အဆုတ္တြင္ အင္းဝကို ေကြ႕မ်ားက အသာတၾကည္သိမ္းယူသြားမည့္အေရးကိုလည္း ဆင္ျခင္သင့္ပါတယ္”
တလပန္း ၏ ေလွ်ာက္တင္ခ်က္ကို လက္်ာဗိုလ္ႏွင့္ ေစာျဗတို႔က ေထာက္ခံသည္။
“ကဲ..ဒီလိုျဖင့္. ဟံသာဝတီမွာ က်န္ရစ္တဲ့ ေနာင္ေတာ္မင္းတရား သေဘာကိုလည္း ေမးျမန္ရန္ အခ်ိန္မရွိေတာ့ဘူး..က်ဳပ္တစ္ဉီးတည္းသေဘာလည္း ဒီလို အေရးႀကီးတဲ့ ကိစၥကို မဆုံးျဖတ္ခ်င္ဘူး..ဒီေတာ့...စစ္ဉီးစီးမ်ား အင္းဝကိုဆက္ဝိုင္းထားမလား.. ျပန္ဆုတ္ၾကမလား...မဲခြဲၾကတာေပါ့”
ထိုစဥ္ တဲနန္းအျပင္မွ အသံမ်ား ဆူဆူညံညံ ၾကားရသည္။
ဟံသာဝတီစစ္ဉီးစီးအရာရွိမ်ားအားလုံးက ဓါးကိုယ္စီျဖင့္ မတ္တပ္ရပ္လိုက္ၾက၏။
အင္းဝမွ ဟံသာဝတီသို႔ ခိုဝင္လာသူ ရဲေခါင္စံေက်ာ္ ႏွင့္ ေ႐ႊက်င္ခတ္ပုဝါေပါင္းထားသည့္ အင္းဝသားတစ္ဉီးတို႔ တဲအတြင္းသို႔ ဝင္လာၾကသည္။
“ရဲေခါင္စံေက်ာ္ငယ္...ဘာကိစၥမ်ား အထူးရွိလို႔လဲ..တပ္ျပင္မွာလည္း လူသံေတြၾကားေနရပါလား”
“မွန္ပါ...ဒါက အင္းဝၿမိဳ႕တြင္းက ထြက္ေျပးခိုလႈံလာတဲ့ ေတာင္ဘက္တံခါးၿမိဳ႕ေစာင့္တပ္မႉး မင္းရဲေက်ာ္ဘြဲ႕ခံ ငေက်ာ္ ပါ ဘုရား... သူနဲ႔အတူ အင္းဝ ျပည္သူ ငါးရာလည္း အတူပါရွိလာေၾကာင္းပါ”
ဥပရာဇာက သလြန္ေပၚတြင္ ျပန္ထိုင္လိုက္သည္။
“ကဲ...ဆိုစမ္းပါဉီး..အင္းဝၿမိဳ႕တြင္း အေျခအေန”
“အင္းဝၿမိဳ႕တြင္းမွာ ျပည္သူမ်ားေရာ၊ ၿမိဳ႕ေစာင့္တပ္မ်ားပါ ငတ္မြတ္ေခါင္းပါးေနၾကပါၿပီ..ဘုရား..စားစရာ ဆန္မရွိေတာ့သည့္အတြက္ ကြၽဲ၊ႏြား၊ေခြးမ်ားကို သတ္စားၾကသည္မွာလည္း ကုန္ပါၿပီ..အခုေတာ့ သစ္႐ြက္ သစ္ေခါက္မ်ားကိုပါျပဳတ္စားေနၾကပါတယ္”
“ေဟ..ဒီေလာက္ေတာင္ပဲလား..ဟဲ့..ျဖစ္ႏိုင္ပါ့မလား...ဒီလိုေနျပည္ေတာ္ႀကီးက စစ္ရိပ္သန္းၿပီဆိုကတည္းက ႏွစ္စာ လစာ ရိကၡာမ်ား မစုေဆာင္းထားဘူးလား..ဘယ့္ႏွယ့္ဟာတုန္း...ဒင္းတို႔က ငါ့ကို ပရိယာယ္နဲ႔ လာလိမ္ေနၾကတာလား..ရဲေခါင္ေက်ာ္စံငယ္”
“မွန္ပါ..မလိမ္ဝံ့ေၾကာင္းပါ..ဥပရာဇာဘုရား...အတူပါလာသည့္ ေယာက္်ား၊ မိန္းမ လူငါးရာ တစ္ေယာက္မက်န္ေမးျမန္းစိစစ္ႏိုင္ေၾကာင္းပါ...အျပင္ၿမိဳ႕တြင္းသို႔ ဝင္မည္ဆိုလွ်င္ ဒီညပင္ တံခါးဖြင့္ေပးမည့္ ကြၽန္ေတာ္မ်ိဳး၏ အတြင္းလူတံခါးေစာင့္ရဲမက္မ်ား ရွိေနပါေသးသည္..ကြၽန္ေတာ္မ်ိဳးတို႔၏.အသက္ကို ခ်မ္းသာၿပီး ဟံသာဝတီထီးဘုရားထံ အရာထမ္းခြင့္သာ ေပးေတာ္မူပါ”
မင္းရဲထင္ေက်ာ္ က လက္အုပ္ခ်ီလ်က္ ရင္ကို ေကာ့ကာ ေလွ်ာက္တင္လိုက္သည္။
ဥပရာဇာက သူ၏ ေရွ႕တြင္ ထိုင္ေနၾကေသာ တပ္မႉးမ်ားကို ၾကည့္လိုက္သည္။
“ကဲ..ဒီလိုဆိုရင္ေတာ့..မဲခြဲဖို႔..မလိုေတာ့ဘူးပ..ဘာလုပ္ၾကရမယ္ဆိုတာ ငါ့လူတို႔ သိေရာေပါ့”
..........................................................................................................................
ထိုည။
လက မိုက္သည္။ တိမ္ကေမွာင္သည္။
ခ်ိဳးကူသံ သုံးခ်က္တိတိ ထြက္ေပၚလာ၏။
အင္းဝေတာင္ဘက္ၿမိဳ႕႐ိုးတံခါးမွာ ျဖည္းညႇင္းစြာပြင့္လာသည္။
႐ုတ္တရက္ ေအာ္ဟစ္သံမ်ားႏွင့္အတူ ဟံသာဝတီတပ္ႀကီးက မီးတုတ္မ်ား၊ ေသနတ္မ်ား ပစ္ေဖာက္လ်က္ ၿမိဳ႕တြင္းသို႔ အလုံးအရင္းဝင္လာၾကေတာ့သည္။
ၿမိဳ႕သူၿမိဳ႕သားမ်ားမွာ နန္းတြင္းၿမိဳ႕႐ိုးဘက္ဆီသို႔ အလုအယက္ေျပးၾက၏။
ကိုးသိန္းသခင္၊ စည္သာမင္းႀကီးေက်ာ္စြာထင္၊ ထီးလင္းေစာ္ဘြား၊ ေယာေစာ္ဘြားတပ္မ်ား က အတြင္းနန္းၿမိဳ႕႐ိုးကို ဖိဖိစီစီး ခုခံကာကြယ္ၾကသည္။
နံနက္လင္းအားႀကီးအခ်ိန္အထိ တိုက္ပြဲမွာ ျပင္းထန္ေန၏။
အင္းဝအျပင္ၿမိဳ႕တြင္း တိုက္ပြဲမ်ားျပင္းထန္ေနခိုက္ စစ္ပြဲအား ေနာက္တန္းမွ ကြပ္ကဲေနသည့္ ဥပရာဇာေနထိုင္ရာ ခရမ္းေဖာက္သို႔ ေဝါယာဥ္တစ္စီးေရာက္ရွိလာသည္။
ေဝါယာဥ္ေပၚတြင္ ပါလာသူမွာ မဟာဓမၼရာဇာဓိပတိ ကိုးကြယ္ေသာ ဆရာေတာ္သုံးပါးထဲမွ ရဟန္းလွဆရာေတာ္ဟုေက်ာ္ၾကားေသာ တိစိဝရိတ္ေ႐ႊၾကာပင္ဆရာေတာ္ျဖစ္သည္။
နေဘးတြင္ အင္႐ုံ႐ြာစားဝန္ႀကီးႏွင့္ လက္နက္တိုက္ဝန္တို႔ပါ ပါရွိလာ၏။
“ႂကြလာသည့္ အေရးကို မိန႔္ေတာ္မူပါ...ဆရာေတာ္ဘုရား”
“မဟာဓမၼရာဇာဓိပတိ မင္းက ဒကာေတာ္ဥပရာဇာ ဆီ ေဟာ့ဒီ ကႏၷရီ႐ုပ္ကေလးနဲ႔အတူ စာေပးခိုင္းလိုက္လို႔ပါပဲ...ဒကာေတာ္..စာဖတ္ၿပီး ဒကာေတာ့္ဆီက အေျဖကို တခါတည္း ေစာင့္ယူသြားပါ့မယ္”
ဥပရာဇာက ဆရာေတာ္ေပးသည္ စာလိပ္ကို အရင္ ဖြင့္ဖတ္လိုက္သည္။
“အေဆြေတာ္ ဟံသာဝတီ အိမ္ေရွ႕စံ ဥပရာဇာ..
ကြၽႏ္ုပ္ အင္းဝေ႐ႊနန္းသခင္ မဟာဓမၼရာဇာဓိပတိ ၾကားေရာက္လိုက္ပါသည္။
ဟံသာဝတီတပ္ေတာ္မ်ားသည္ အင္းဝျပင္ၿမိဳ႕ကိုလည္း ရရွိထားၿပီးျဖစ္ပါသည္။ အင္းဝေ႐ႊနန္း အေနျဖင့္ မည္သည့္နည္းႏွင့္မွ် ေရရွည္ခုခံႏိုင္ေတာ့မည္မဟုတ္ပါ။
အင္းဝနန္းေတာ္တြင္ ပဋိကက္ေတာ္စာေပက်မ္းဂန္မ်ား၊ ေ႐ႊေငြရတနာမ်ား၊ မင္းစဥ္မင္းဆက္ထား ေသနတ္၊ အေျမာက္၊ ဆင္ျမင္း မ်ားရွိပါသည္။
အေဆြေတာ္လိုသမွ်အား အသာတၾကည္ပင္ ေပးအပ္ပါမည္။
ကြၽႏ္ုပ္အား ဟံသာဝတီသို႔ လိုက္ဆိုလည္း လိုက္ပါ ပါမည္။ အင္းဝတြင္ပဲ နန္းက်ဘုရင္အျဖစ္ စီရင္မည္ဆိုလွ်င္လည္း စီရင္ခံ ေနရစ္ ပါမည္။
သို႔ေသာ္ျငား...ကြၽႏ္ုပ္ကို အမွီျပဳရေသာ အင္းဝျပည္မွ ရဟန္း၊ရွင္လူ၊ေက်းကြၽန္အေပါင္းအား ဆင္းရဲဒုကၡႏွင့္ အသက္ေဘးအႏၲရာယ္မ်ား မေပးေစလိုပါေၾကာင္း ကြၽႏ္ုပ္၏ အျမတ္တႏိုး ထုလုပ္အပ္ေသာ ကိႏၷရာ႐ုပ္ႏွင့္အတူ ၿငိမ္းခ်မ္းစြာကမ္းလွမ္းေတာင္းဆိုပါသည္”
ဥပရာဇာက စာကို ေဘးခ်ထားလိုက္၏။
ထို႔ေနာက္ သူ၏ လက္ထဲမွ အႏုပညာလက္ရာေျမာက္လွေသာ ကႏၷရာ ႐ုပ္ကေလး ကို ၾကည့္ရႈကာ ၿပဳံးလိုက္ေတာ့သည္။
..............................................................................................................................
မတ္လ ၁၀ ရက္။
ကိုးသိန္းသခင္ ဉီးေဆာင္သည့္ တပ္မ်ားက အျပင္ၿမိဳ႕တြင္း အသည္းအသန္ခုခံေနခဲ့ေသာ္လည္း...နန္းေတာ္ အတြင္းတံခါးမ်ားကို ဘုရင့္အမိန႔္ျဖင့္ ဖြင့္ေပးလိုက္ၾကေတာ့သည္။
အတြင္းၿမိဳ႕တံခါးပြင့္သြားၿပီျဖစ္သျဖင့္ ကိုးသိန္းသခင္၊ စည္သာမင္းႀကီးဉီးစည္းစိမ္ တို႔တပ္မ်ားမွာလည္း အကြဲအကြဲအျပားျပားျဖင့္ ဆုတ္ခြာသြားေတာ့သည္။
တိုက္ပြဲကား ၿပီးဆုံးသြားေခ်ၿပီ။
ေအာင္နန္းေက်ာ္ဘုံ နန္းေတာ္ထဲသို႔ ဟံသာဝတီတပ္မ်ား ဝင္လာၾကသည္။
ဥပရာဇာ၏ တပ္ကား စည္ေတာ္ယြမ္းလ်က္၊ ဆင္အေကာင္(၂၀)ခန႔္ ဝန္းရံကာ နန္းေတာ္ၿဗဲတိုက္ တြင္ ရပ္နားလိုက္သည္။
“ရဲေခါင္ေက်ာ္စံငယ္...အင္းဝဘုရင္ကို ငါတို႔ မျမင္ဘူး..နင္သာ ျမင္ဖူးတာမို႔....တလပန္းနဲ႔အတူ တပ္ေတြ ကို ဉီးေဆာင္ၿပီး နန္းေတာ္အႏွံ႔...ရွာေဖြေစ”
ရဲေခါင္ေက်ာ္စံက ဖမ္းဆီးရမိေသာ နန္းတြင္းသူတစ္ခ်ိဳ႕ကို စစ္ေၾကာေမးျမန္းေနသည္။
မဏိပူရမင္းသမီးႏွစ္ပါးျဖစ္ေသာ ပုပၸါးမင္းသမီးႀကီးႏွင့္ သွ်န္သီတို႔ကိုေတြ႕ရွိသျဖင့္ ဥပရာဇာတပ္ထံသို႔ အပ္ႏွံခဲ့သည္။
ထို႔ေနာက္ အတြင္းမွေပးေသာ သတင္းမ်ားအရ မဟာဓမၼရာဇာဓိပတိ ငယ္စဥ္က ေနထိုင္ခဲ့ေသာ အိမ္ေရွ႕အိမ္ေတာ္သို႔ ရဲေခါင္စံေက်ာ္ႏွင့္ တပ္ဖြဲ႕မ်ားက ခ်ီတက္သြားၾကသည္။
အိမ္ေရွ႕အိမ္ေတာ္။
ရဲေခါင္စံေက်ာ္က ဖိနပ္ကိုခြၽတ္ၿပီး.. အိမ္ေတာ္ေပၚသို႔ တလွမ္းခ်င္းတက္သြားသည္။
မဟာဓမၼရာဇာဓိပတိ သည္ မိဖုရားေခါင္ႀကီးမဟာရာဓိႏၵာဓိပတိေဒဝီ၊ မဟာရာဇာဓိပတိေဒဝီ၊ လင္ဇင္းမိဖုရားမဟာဓိပတိေဒဝီ ႏွင့္ ကိုယ္လုပ္ေတာ္တစ္စု ဝန္းရံလ်က္ ပတၱလား၊ေစာင္းစသည့္ လက္စြဲေတာ္တူရိယာမ်ား ေရွ႕တြင္ ေအးေအးသက္သာပင္ ထိုင္ေနသည္။
ပိတ္ျဖဴေခါင္းေပါင္းႏွင့္ အျဖဴေရာင္ရင္ကြဲအက်ႌကို ခပ္႐ိုး႐ိုးပင္ ဝတ္ဆင္ထားသည္။
ႏုပ်ိဳေသာအသားအရည္ႏွင့္ ရိတ္ၿပီးစ မုတ္ဆိတ္ စိမ္းစိမ္းတို႔ျဖင့္ အင္းဝဘုရင္ကား ေခ်ာေမာခန႔္ညားလ်က္ပင္။
ရဲေခါင္ေက်ာ္စံက ဓါးကို ခ်ကာ..ရွိခိုးလိုက္၏။
“ခြင့္လႊတ္ေတာ္မူပါ...ဘုရား...ဟံသာဝတီဉပရာဇာက နန္းေတာ္ထဲ လိုက္ခဲ့ဖို႔ အေခၚရွိလိုက္လို႔ပါ”
မဟာဓမၼရာဓိပတိက ရဲေခါင္ေက်ာ္စံကို တခ်က္ၾကည့္လိုက္သည္။
ထို႔ေနာက္...
“ေမာင္မင္းက အင္းဝသားေပပဲ..ဘယ္သူမ်ားလဲ”
ရဲေခါင္စံေက်ာ္မွာ ေခါင္းကို ပိုငုံ႔သြားသည္။ လက္အုပ္ခ်ီထားေသာ လက္တို႔ တဆတ္ဆတ္တုန္ေန၏။
“ကြၽန္ေတာ္မ်ိဳး မလြန္ခံတပ္က တပ္မႉးရဲေခါင္ေက်ာ္စံငယ္ပါ..ဘုရား...ကြၽန္ေတာ္မ်ိဳး မိသားစုအေပၚ တပ္မႉးမ်ားက ၿခိမ္းေျခာက္မႈ၊ ရိကၡာမလုံေလာက္မႈတို႔ေၾကာင့္ ဟံသာဝတီခံ ခိုဝင္ခဲ့ပါတယ္..ခြင့္လႊတ္ေတာ္မူပါဘုရား”
“ဪ...အင္းပါေလ..ဒါနဲ႔ အခု...လိုက္ခဲ့ရေတာ့မလား”
“မွန္ပါ..အိမ္ေရွ႕အိမ္ေတာ္ဟာ မလုံၿခဳံတဲ့အတြက္..နန္းတြင္းတြင္ ေခတၱျပန္လည္စံျမန္းဖို႔...ဥပရာဇာက အမိန႔္ေတာ္ရွိလိုက္ပါတယ္”
“ဒီအိမ္က ငါ အ႐ြယ္ေရာက္စကတည္းက ေနခဲ့တဲ့..ငါ့အိမ္ပဲ...ငါ့အိမ္က အဲ့ဒီနန္းေတာ္ထဲထက္ လုံၿခဳံပါတယ္”
“ကြၽန္ေတာ္မ်ိဳးလည္း အမိန႔္အရ လုပ္ရတာပါ..ဘုရား...ေအာက္မွာလည္း ဟံသာဝတီဗိုလ္မႉးရွိေနပါတယ္”
မဟာဓမၼရာဇာဓိပတိ က သက္ျပင္းခ်လိုက္သည္။
“အင္းပါေလ...ငါကိုယ္ေတာ္ နားလည္ပါတယ္..ကဲ..နန္းေတာ္ထဲ ျပန္ေနဆိုလည္း ေနၾကရတာပ”
ရဲေခါင္စံေက်ာ္ က ခါးကိုကုန္း လက္အုပ္ကိုခ်ီလက္ ေနာက္မွ လိုက္လာသည္။
ေအာက္တြင္ေစာင့္ေနေသာ ဟံသာဝတီစစ္သည္မ်ားက ဘုရင္ဆင္းလာသည့္ ျမင္ကြင္းကို ေၾကာင္ေငး ၾကည့္ေနၾက၏။
ျမင္းေပၚတြင္ ရွိေနေသာ တလပန္းက ျမင္းေပၚမွ ဆင္းကာ လက္အုပ္ခ်ီလိုက္သည္။
“ဟဲ့ေကာင္ေတြ.....ရွင္ဘုရင္ ႂကြလာေနတာေလ..ဓါးလွံေတြခ်....အရင္...ဒူးတုပ္ရွိခိုးၿပီးမွ ေဘးနားက လိုက္ပါၾကေခ်...ဟံသာဝတီသားေတြ ႐ိုင္းစိုင္းတယ္လို႔...အင္းဝျပည္သူမ်ားက မထင္ၾကေစနဲ႔”
တလပန္းအမိန႔္ေၾကာင့္ စစ္သည္မ်ားက ဓားလွံမ်ား ခ်ကာ ဒူးတုတ္ရွိခိုးလိုက္ၾကသည္။
အင္းဝအျပင္ၿမိဳ႕ဆီတြင္ေတာ့....ေသနတ္ေဖာက္သံမ်ား တခ်က္တခ်က္ ၾကားေနရဆဲ။
ခက္ေဇာ္
အခန္း(၃၅) သဘက္ခါ
ကလိပီး
ReplyDeleteDone😪😪🐬🐬
ReplyDeleteAgain🐬🐬
DeleteDone 💪
ReplyDeleteClicked✅
ReplyDelete👻
ReplyDeleteDone 🤍
ReplyDeletedone done
ReplyDeleteရေစက်မှ ပင်လယ်ဆီသို့
ReplyDelete-
သင်ဟာ လက်ထဲမှာရေစက်တစက်ပိုင်ထားတယ်။
ယနေ့ လူအများကိုအေးချမ်းစေနိုင်တဲ့ ပင်လယ်ကြီးတခုကို တည်ဆောက်နေကြတယ်။
တကယ်လို့ပင်လယ်တခုမဖြစ်လာသေးဘူးဆိုရင်
သင့်လက်ထဲက ရေစက်တစက်ကြောင့်ပဲ၊
အဲဒီရေစက်ဟာလည်း မကြာခင်အလိုလိုခြောက်ခန်းသွားမှာပါ။
ခုပဲသင့်လက်ကိုကမ်းလိုက်ပါ။
Done
ReplyDelete