AVA 1740s (Season 2) အခန်း(၃၅)

AVA 1740s (Season 2)

                                                                       အခန်း(၃၅)

                                                             ......................................................

ညဉီးပိုင်းရောက်သည်နှင့် သေနတ်သံများ တစ တစ ငြိမ်သက်သွားသည်။

တိုက်ပွဲဖြစ်စဉ်ကာလ အင်းဝမြို့ထဲတွင် ပုန်းအောင်းနေကြသော လူတချို့ထွက်လာကြ၏။

လေးဘက်လေးတန်သော နန်းမြို့ရိုးတံခါးများသည် ဟောင်းလောင်းပွင့်လျက်။

မြို့၏ တောင်ဘက်တွင်ရှိသော သူဌေးတန်းရပ်ကွက်ဘက်တွင်မူ မီးတုတ်တလူလူဖြင့် ဟံသာဝတီတပ်သားများ အလုပ်ရှုပ်နေကြသည်။

“အင်းဝမြို့တွင်းရှိ သူဌေး၊ သူကြွယ်၊ ကုန်သည်တို့၏ နေအိမ်များတွင် တော်ဝင် ကုန်ဖြစ်သော ရွှေ၊ ပတ္တမြား၊ ဆင်စွယ်တို့မှ လွဲပြီး အခြားပစ္စည်းများကို ဗိုလ်၊ အကြပ်၊ သွေးသောက်၊ စစ်သည်များအား တပိုင်တနိုင် ယူငင်ခွင့်ပြုလိုက်သည်” ဆိုသည့် ဥပရာဇာ၏ အမိန့်ကြောင့် အင်းဝမြို့တွင်း ဝင်လာသော ဟံသာဝတီတပ်သားများမှာ သူဌေးတန်းဘက်ဆီသို့သာ အပြေးအလွှားဉီးတည်နေကြ၏။

တလပန်း၏တပ်များမှာ နန်းတော်အတွင်းရှိ လောကုတ်ချမ်းသာပဋိကတ်တိုက်၊ လောကချမ်းသာရွှေတိုက်တော်၊ မစိုးရိမ် နှင့် မကြောင့်ကျ ကြည်တော်တိုက်၊ ပြည်လုံးသိမ်းစိုးလက်နက်တိုက်တော်တို့ ကို နေရာယူစောင့်ကြပ်နေကြသည်။

ဥပရာဇာယာယီနန်းစိုက်ရာ မြေနန်းတော်လက်ျာဆောင် ပေါ်သို့ ဗိုလ်ချုပ်စောဗြ တက်လာသည်။

အင်းဝနန်းတွင် မူးကြီးမတ်ကြီးများအား လိုက်လံထိန်းသိမ်းရေးကို ဗိုလ်ချုပ်စောဗြ က တာဝန်ယူထားသည်။

“ဝန်ကြီးပဒေသရာဇာ၊ အင်ရုံဝန်ကြီး၊ စစ်ကိုင်းဘုရင်ဉီးရွှေဖြိုး၊ ဝန်ထောက်သက်ရှည်ကျော်ထင်၊ မြို့ဝန်သတိုးမဟာ၊ ဗိုလ်မှူးဂဇကျော် တို့ကို တော့ ဗြဲတိုက်တော်မှာ စုစည်းထားရှိပါတယ်”

“မင်းညီမင်းသား သမီးတော်တွေထဲကရော”

“တရုတ်ပြည်ကပြန်လာမယ့် သံအဖွဲ့ကို အကြိုလွှတ်ထားတဲ့ ရွှေတောင်စားမင်းသားနဲ့ မင်းရဲမြတ်ဖုန်းတို့ကလွဲပြီး အားလုံးနီးပါးကို ရေနန်းဆောင်မှာ စုစည်းထားရှိပါတယ်”

“ကိုးသိန်းသခင်မင်းခေါင် ရော”

“ကိုးသိန်းသခင်ရော…စည်သာမင်းကြီးရော လွတ်မြောက်နေပါတယ်”

“ကျဆုံးစာရင်းမှာရော မပါဘူးလား”

“ကိုးသိန်းသခင်ရဲ့ လက်အောက်က အာကာဗိုလ်မှူးအလောင်းကောင်ကိုတော့ နန်းမြို့အဝင်တံခါးမှာတွေ့ရပါတယ်…ကိုးသိန်းသခင်ကိုတော့ မတွေ့ရပါ..အရှင်”

“အင်း…မြို့လေးဘက်လေးတန်မှာ သေချာကြပ်မတ်ရှာဖွေစေ…အပြင်မြို့နဲ့ စစ်ကိုင်းမှာရှိတဲ့ တို့တပ်တွေကို သေချာ စာနဲ့စေ..ကိုးသိန်းသခင်မင်းခေါင်ကို မလွတ်စေနဲ့…အရှင်ပဲ လိုချင်တယ်.. သူ လွတ်နေသမျှ ငါတို့အတွက် မလုံခြုံဘူး”

“မှန်ပါ…ဘုရား”

စောဗြ က လက်အုပ်ချီလျက် ပြန်လည်ထွက်ခွာရန် ပြင်လိုက်သည်။

“ခဏနေဉီး..စောဗြ…မြို့ပြင် မြို့ထဲမှာလည်း တပ်တွေ အထပ်ထပ်ဝန်းရံထားရဲ့..မဟုတ်လား”

“မှန်ပါ”

“ကိုးသိန်းသခင် အိမ်တော်ကိုရော ရှာရဲ့လား”

“ကိုးသိန်းသခင်..အိမ်လည်း မီးတိုက်ခံလိုက်ရပါပြီ..ဘုရား…ကြင်ယာတော်မြေတူးမင်းသမီး ပါ ရှာမတွေ့တာပါ”

“အင်း…ကိုးသိန်းသခင်ဟာ စစ်ဗျူဟာကို တဖက်ကမ်းခတ်နေတဲ့လူပဲ…အခုလိုအချိန်မျိုးမှာ သူ့မယားနဲ့အတူ အဝေးကို ပြေးမှာမဟုတ်ဘူး…ဟော့ဒီအင်းဝမြို့ထဲမှာ ပဲ သူ ခိုအောင်းနေမှာ..ဒီတညလုံး..မြို့တွင်း တနေရာမကျန် အကုန်ပိတ်ဆို့ရှာ”

………………………………………………………………………….

“ရဟန်းရှိသမျှ အကုန် ဒီမှာ တန်းစီ ထိုင်စမ်းဟေ့”

သန်းခေါင်ယံအချိန်ဆိုသော်လည်း ဘုရင့်မိဖုရားကိုးကွယ်ရာ ရွှေကြာပင်ကျောင်းတိုက်အတွင်း မီးတုတ်များဖြင့် လင်းထိန်နေသည်။

ဟံသာဝတီတပ်များက ကျောင်း၏ လေးဘက်လေးတန်ကို ဝိုင်းရံထားသည်။

တိစိဝရိတ်ရွှေကြာပင်ဆရာတော်က ရွှေချထားသော တောင်ဝှေးကို ထောက်လျက် တပ်မှူးဒေါတော်စု နှင့် မျက်နှာချင်းဆိုင်လိုက်သည်။

“ဒကာတော်…ဒါက သာသနာနယ်မြေပါ”

“တပည့်တော်တို့လည်း အမိန့်အရလာတာပါ”

“ဒီမှာ ရဟန်းတွေပဲရှိပါတယ်လေ”

ဒေါတော်စု က သူ၏ တပ်သားများဘက်သို့ လှည့်လိုက်သည်။

“ကျောင်းထဲက အဆောင်တွေမှာ လူကျန် မကျန်ရှာကြစမ်း…ကျောင်းသားတွေ ကပ္ပိယတွေက ဒီဘက်မှာ ထိုင်၊ ရဟန်းတွေ က ဒီဘက်မှာထိုင်ကြ”

ကျောင်းအတွင်း ကျန်ရှိခဲ့သော ရဟန်း (၁၅)ပါးက မြေပြင်တွင် စောင့်ကြောင့် ထိုင်လိုက်ကြသည်။

ဒေါတော်စု က မီးတုတ်ကို ယူလိုက်ပြီး..ရဟန်းများ၏ ဉီးခေါင်းများကို မီးတုတ်အလင်းရောင်ဖြင့် သေချာလိုက်ကြည့်သည်။

“ကိုယ်တော်ထွက်…ကိုယ်တော်ထွက်..ကိုယ်တော်ထွက်”

ဆံပင်ရိပ်ပြီးခါစ ဉီးပြည်းစိမ်းစိမ်းဖြစ်နေသည့် ရဟန်းသုံးပါးကို ရှေ့သို့ ထွက်ခိုင်းလိုက်သည်။

ထို့နောက် ဒေါတော်စုက သူ၏ လက်ထောက်တပ်မှူးကို မျက်ရိပ်ပြလိုက်၏။

ကျောင်းအပြင်ဘက်တွင်ရှိနေသော ဗိုလ်ချုပ်စောဗြ နှင့်အတူ အမျိုးသမီးငယ်တစ်ဉီး ဝင်လာကြသည်။

မြေတူးမင်းသမီးလေး ရှင်နှင်းအံ။

ကပိုကယိုထုံးထားသော ဆံထုံး၊ ညစ်ပေနေသော ရင်ဝတ်လွှာကြားမှ ရှင်နှင်းအံ ၏ မျက်နှာဝင်းဝင်းကလေးမှာ နွမ်းလျနေသည်။

“ကဲ..မင်းသမီးရဲ့ ကြင်ယာတော်…ကိုးသိန်းသခင်မင်းခေါင် ဟာ ဒီထဲမှာ ဘယ်သူလဲ”

ရဟန်းသုံးပါးရှေ့တွင် ရှင်နှင်းအံ က မတ်တပ်ရပ်လိုက်သည်။

ခေါင်းကို ငုံ့..မျက်လွှာကို ချထား၏။

“မင်းသမီး”

စောဗြ ၏ အော်သံကြောင့် ရှင်နှင်းအံ တုန်တက်သွားသည်။

“ကျွန်တော်မျိုးတို့မှာ အချိန်မရှိဘူး….အင်းဝတော်ဝင်သွေးတွေရဲ့ ဂုဏ်သိက္ခာ ကို စောင့်ထိန်းတဲ့အနေနဲ့..ဒီထဲက ကိုးသိန်းသခင်ဘယ်သူလဲ အခုပဲ ပြောပါ..မင်းသမီး မပြောနိုင်လို့…တခြားသိတဲ့သူတစ်ယောက်ကို ခေါ်ပြလို့ ဒီထဲပါနေရင်… မင်းသမီး အတွက် မကောင်းနိုင်ဘူး”

စောဗြ က မင်းသမီး၏ ဘေးသို့ လာရပ်သည်။

မင်းသမီးမှာ ကြောက်စိတ်တို့ကြောင့် တုန်ရီနေ၏။ မျက်ရည်ဉကလေးများက ပါးပြင်ပေါ် တလိမ့်ချင်းကျလာသည်။

“ကဲ..တော်လောက်ပြီကွဲ့”

ရဟန်းဝတ်ထဲမှ တစ်ဉီးက ခေါင်းမော့ကာ စောဗြ ၏ မျက်နှာကို စူးစူးစိုက်စိုက်ကြည့်လိုက်သည်။

“မင်းက စစ်သူကြီးမဟုတ်လား…နှမငယ်အရွယ် မိန်းမငယ်တစ်ယောက် ကြောက်နေတာကို..အရသာခံဟိန်းဟောက်မနေနဲ့..ကိုးသိန်းသခင်မင်းခေါင် ဆိုတာ ငါပဲ”

စောဗြ နောက်တလှမ်းဆုတ်သွားသည်။

“ကဲ…ဖမ်းကြတော့လေကွယ်”

“ဉပရာဇာက ကောင်းမွန်စွာ နန်းတွင်းကို ခေါ်ခဲ့ရမယ်လို့ အမိန့်ရှိလို့ပါ..ဗိုလ်ချုပ်မင်း…ဝေါယာဉ်လည်း အဆင်သင့်ပါပဲ”

“သူ့အတွက်ရော”

“သူကတော့ ကျွန်တော်မျိုးတို့နဲ့အတူ ခြေကျင်လိုက်လာတာပါ”

“သူက ဘုရင့် နှမတော်အရင်းခေါက်ခေါက်..သူ့ကို ဝေါနဲ့ တင်ခေါ်သွား…ငါ..လမ်းလျှောက်လိုက်မယ်”

“မှန်….မှန်ပါ…မသင့်လျော်”

“ဘာလဲ..ထွက်ပြေးမယ်ထင်လို့လား..နှောင်ကြိုး တည်းမလား..တည်းပါ”

“မဝံ့ပါ ဗိုလ်ချုပ်မင်း…အိမ်ရှေ့ဥပရာဇာရော..အင်းဝရွှေနန်းရှင်ကပါ..ဗိုလ်ချုပ်မင်းကို တွေ့ချင်နေကြပါပြီ”

ဟံသာဝတီစစ်သားများက ကိုးသိန်းသခင်ကို ဝန်းရံလိုက်ကြသည်။

ကိုးသိန်းသခင်က ရှင်နှင်းအံ့ ၏ ကပိုကယိုကျနေသော ဆံပင်များကို သပ်တင်ပေးလိုက်သည်။

ထို့နောက် ပါးပြင်ပေါ်မှ မျက်ရည်များကို သုတ်ပေးလိုက်၏။

“မငိုရဘူး…နှင်းအံငယ်…ဒါက အစပဲရှိပါသေးတယ်…တို့က… နိုင်တဲ့အခါမှာ ပိုနူးညံ့ရမယ်.. ရှုံးတဲ့အခါမှာ ပိုမာကြောရမယ်..ဟုတ်ပြီလား”

……………………………………………………………………………………………

မတ်လ ၁၄ ရက်။ နံနက် (၁၀)နာရီ။

တိုက်လှေအစောင့်အရှောက်များဝန်းရံထားသော လှော်ကားလှေကြီးတစ်စင်း အင်းဝ မီးသွေးတိုက်ဆိပ်ကမ်းတွင် ဆိုက်ကပ်လာသည်။

ယာယီပြုပြင်ထားသော ဆိပ်ခံတံခါးပေါ် သို့ ဥရောပထီးကို ဆောင်းထားသည့်အမျိုးသမီးတစ်ဉီး ဆင်းလာသည်။

လှီဇာဒီမဲလိုး။

နဘေးတွင် အီတလီဘုန်းတော်ကြီး ဖာသာနာရေနီ။

တချိန်က ကုန်သွယ်လှေသင်္ဘောကြီးများ၊ ပြည်တွင်းပြည်ပကုန်သည်များ၊ မင်းမှုထမ်းများ၊ လုပ်ငန်းပေါင်းစုံလုပ်ကိုင်သူများနှင့် ကြီးကျယ်ခမ်းနာခဲ့သော အင်းဝဆိပ်ကမ်း။

လွီဇာက အင်းဝ ညှောင်နံတလူလူရနေသော အင်းဝဆိပ်ကမ်း ၏ လေကို ရှုရှိုက်လိုက်သည်။

အင်းဝမြို့ထဲတွင်တော့ ဟိုမှသည့် နေရာအနှံ့ မီးခိုးများ တလူလူ။

ဟံသာဝတီတပ်သားများနှင့် အင်းဝသားအချို့က ထင်းစည်းများ၊ လှေအဟောင်းများကို လောင်စာပြုလုပ်ကာ ကျဆုံးသွားသော အလောင်းများကို ဆိပ်ကမ်းပေါ်တွင် မီးသင်္ဂြိုလ်ကြနေကြသည်။

ပုပ်ပွစပြုနေသည့် အလောင်းတချို့ကလည်း ဧရာဝတီမြစ်ကမ်းစပ်တွင် ပေါလောမျောနေကြ၏။

ဖာသာနာရေနီ က နှာခေါင်းကို ပိတ်လျက် မြင်ကွင်းကို စိတ်မသက်သာစွာ ကြည့်လိုက်သည်။

“ဘုရားသခင်…လွန်ခဲ့တဲ့နှစ်တွေက ဖာသာဂါလစ်ဇီယာနဲ့အတူ ကျုပ် အင်းဝကို ရောက်ဖူးခဲ့ပါတယ်…သိပ်လှတဲ့ ဆိပ်ကမ်းနဲ့ သိပ်ခမ်းနားတဲ့မြို့ကြီးပါ”

“အဲ့ဒီ လှပခမ်းနားမှုတွေ နောက်ကွယ်က ဆင်းရဲဒုက္ခတွေ၊ အနိုင်ကျင့်မှုတွေ၊ ဖိနှိပ်မှုတွေ၊ အကျင့်ပျက်စီးမှုတွေ ရှိနေခဲ့တဲ့ မြို့ကြီး ကိုတော့ ဖာသာ မမြင်သွားခဲ့ဖူးပေါ့..ဟင်း..ဟင်း”

စကားအဆုံးတွင်…လွီဇာက ခပ်ဟဟ ရယ်မောလိုက်သည်။

ဆိပ်ကမ်းတွင် တလပန်း၏ ဉီးရီးတော် ဒေါတောအိုင်က လာရောက်ကြိုဆိုသည်။

“ကုန်သည်တော်ကြီးနဲ့ ဖာသာ တည်းခိုဖို့ …အတွင်းနန်းထဲမှာပဲ ဥပရာဇာက နေရာချပေးခိုင်းပါတယ်”

“ဗိုလ်မင်း တလပန်း..ရော..ဘယ်မှာပါလဲ”

“နန်းတော်ထဲမှာပဲ…ရွှေတိုက်၊ လက်နက်တိုက်တွေက ရရှိသမျှကို ဥပရာဇာနဲ့အတူ စောကြောစာရင်းပြုနေပါတယ်”

“အင်းဝမြို့ထဲက ကျွန်မအိမ်ကို မထိခိုက်အောင် ဗိုလ်မင်းတလပန်းကို ကျွန်မ မှာလိုက်တယ်…အဲ့ဒါရော..ဘယ်လိုနေလဲမသိဘူး”

“တလပန်းကိုယ်တိုင် အမိန့်ထုတ်ထားလို့..မီးမခ ကျည်မသင့်အောင် အစောင့်အနေချထားပြီး စောင့်ရှောက်ထားပါတယ်..ကုန်သည်ကြီး”

“ကဲ…ဒါဆို..ကျွန်မအိမ်မှာ ရှင်းလင်းစရာရှိတာ ရှင်းလင်းဖို့..ဟော့ဒီက မယ်ဖူး တို့ လင်မယားကို အရင် အိမ်ကို ပို့ထားခြင်ပါတယ်…ဉီလေးဒေါတော်စု စီစဉ်ပေးပါဉီး”

……………………………………………………………………………………

လွီဇာနှင့် ဖာသာနာရေနီတို့က အိမ်ရှေ့ ဉပရာဇာ ကို မြေနန်းလက်ျာဆောင်တွင် သွားရောက်တွေ့ဆုံကြသည်။

ပြင်သစ်သံတမန်ဘရူနို ပေးအပ်လိုက်သည့် ဂျာမန်ရေခဲပြင်တွင် ကြီးပြင်းသည့် ဝံပုလွေယဉ်ကြီး တစ်ကောင်ကိုလည်း လှောင်အိမ်နှင့်တကွ ဖာသာနာရေနီက ဆက်သလိုက်သည်။

အလှမွေးခွေးများအား ဝါသနာကြီးသည့် ဥပရာဇာမှာ ထိုလက်ဆောင်အတွက် အကျေနပ်ကြီး ကျေနပ်နေသည်။

လွီဇာ ၏ တောင်းဆိုချက်အရ နန်းတော်တွင်း မတည်းခိုပဲ အပြင်မြို့ရှိ လွီဇာ၏ နေအိမ်တွင် အစောင့်အရှောက်ဖြင့် နေခွင့်ပြုလိုက်၏။

ဖာသာနာရေနီမှာမူ အင်းဝမြို့မှ ဘရင်ဂျီဘုရားကျောင်းများ၊ နန်းတော်တွင်းအမှုထမ်းနေသည့် ဘရင်ဂျီစစ်မှုထမ်းများ၊ စစ်ရှောင်ဘရင်ဂျီဘာသာဝင်များအရေးကို ကိုင်တွယ်ရန် ဗညားဒလဘုရင်ဆီမှ အမိန့်ပါလာသဖြင့် အင်းဝမြို့၊ ဘရင်ဂျီစုရှိ ဘရင်ဂျီဘုရားကျောင်းသို့ ထွက်ခွာမည်ဖြစ်သည်။

“လွီဇာ”

မြေနန်းဆောင်မှ အဆင်းတွင် ခေါ်သံကြောင့် လွီဇာက လှည့်ကြည့်လိုက်သည်။

တလပန်း က လွီဇာ ရှိရာသို့ လျှောက်လာ၏။

“ပင်ပန်းနေပြီလား…ဗိုလ်မင်း”

“ဒီလိုပါပဲ..လွီဇာ…ဒါနဲ့..ဟံသာဝတီမှာရော…အေးအေးဆေးဆေးပဲလား”

“ဂမုန်းအကြောင်း မေးချင်တာထင်တယ်”

တလပန်းက ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

“ရှင့်အတွက် တပင်တိုင်မင်းသမီးလေး က လက်ဖွဲ့ကြိုးတစ်ခု ပေးလိုက်ပါရဲ့ရှင်..သူကိုယ်တိုင် အဝိုင်းဆရာတော် ရှင်ပညာဒီပဆီမှာ အဓိဌာန်ဝင်ပြီး စီရင်ထားတဲ့ အန္တရာယ်ကင်းကြိုးတဲ့လေ…အခုတော့ပါမလာဘူး.ညနေ အင်းဝမြို့ထဲက ကျွန်မ အိမ်ကို လာယူလှည့်ပါ”

“အင်း…ခင်ဗျားကို တွေ့ချင်နေတဲ့လူတစ်ယောက်လည်းရှိနေတယ်…လွီဇာ...အဲ့ဒါ အခု ကျွန်တော်နဲ့ လိုက်ခဲ့နိုင်မလား”

လွီဇာက မျက်မှောင်ကြုံ့လိုက်သည်။

“ဘယ်သူလဲ”

“လိုက်ခဲ့ပါ…ဗြဲတိုက်တော်မှာ သူစောင့်နေပါတယ်..ဟိုရောက်တော့ သိမှာပါ”

သူတို့နှစ်ဉီး ဗြဲတိုက်တော်ဘက်သို့ လမ်းလျှောက်လာကြသည်။

တလပန်း တို့ကို တွေ့သည်နှင့် ဗြဲတိုက်ပေါ်မှ ဗိုလ်ချုပ်စောဗြ က ဆင်းလာ၏။

“လွီဇာ နေကောင်းပါရဲ့နော်”

“ကောင်းပါတယ်..ဗိုလ်မင်း”

“ဥပရာဇာ အမိန့်အရ ဆိုရင်တော့ သူ့ကို ဘယ်သူမှ တွေ့ခွင့်မပေးထားဘူး..ဒါပေမယ့်..သူက မင်းကို အရမ်းတွေ့ချင်နေတယ်…သူက ဟိုးအရင်ကတည်းက နာမည်ကြားရုံနဲ့ ကျုပ်တို့ လေးစားရတဲ့ လူတစ်ယောက်ဖြစ်နေတော့…ငြင်းဖို့ကလည်း ခက်နေတယ်…ဒါကြောင့်”

“ကိုးသိန်းသခင်လား”

လွီဇာ ၏ အသံက အနည်းငယ် ကျယ်သွားသည်။

စောဗြ ခေါင်းညိတ်လိုက်သည်။

“သူ..မသေ သေးဘူးပေါ့”

“ဟိုအဆောင်လေးထဲမှာ သူရှိနေပါတယ်…ကျုပ်တို့ အပြင်ကစောင့်နေမယ်…သွားတွေ့လိုက်ပါ”

ဗြဲတိုက်တော်နဘေးတွင် လွှတ်တက်အမတ်များ အဝတ်အစားများ ခေတ္တလဲရာ အဆောင်လေးတစ်ခုရှိနေ၏။

ထိုအဆောင်လေးထဲသို့ လွီဇာ ဝင်လိုက်သည်။

ပြတင်းများ ပိတ်ထားသဖြင့် မှောင်နေ၏။

အရိပ်တစ်ခု။

“လွီဇာငယ်…ရောက်လာပြီလား”

“မှောင်မဲနေတာပဲ”

ပြတင်းတံခါး တစ်ပေါက် ပွင့်သွားသည်။

ပြတင်းပေါက်ရှေ့တွင် ရပ်နေသော ကိုးသိန်းသခင်။

ခေါင်းပေါင်းပေါင်းထားသော်လည်း ဉီးပြင်းပြောင်ပြောင်က မြင်နေရ၏။

လွီဇာက လက်အုပ်ချီရန် ပြင်လိုက်သည်။

“လက်အုပ်မချီပါနဲ့…ငါက အခု သုံ့ပန်းတစ်ယောက်ပါပဲ”

ပြတင်းပေါက်အလင်းရောင်အောက်မှ ကိုးသိန်းသခင်၏ မျက်နှာကို လွီဇာက သေချာကြည့်လိုက်သည်။

နှစ်ရှည်လများ စစ်ပွဲများထဲတွင် ကြင်လည်ခဲ့သောကြောင့် မျက်နှာမှာ နေလောင်ထားပြီး ချောင်ကျနေသည်။

ဖိအားများစွာအောက်တွင် နေထိုင်ခဲ့ရသဖြင့် နှုတ်ခမ်းမွှေးအချို့ပင် ဖြူစပြုနေ၏။

ပိတ်ဖြူအဝတ်နှင့် ပုဆိုးကို သာမန်သာဝတ်ဆင်ထားသည်။

မျက်လုံးများကမူ ယခင်ကအတိုင်း ရာဇမာန်ဖြင့် စူးရှမြဲ။

“မင်းတောင်…ရင့်ကျက်တဲ့ မိန်းမတစ်ယောက် ဖြစ်နေပြီပဲ..အင်းလေ…နှစ်တွေကလည်း ကြာခဲ့ကြပြီကိုး”

“အခု နေရထိုင်ရတာ..အဆင်ပြေရဲ့လား…ကိုးသိန်းသခင်..ကျွန်တော်မကို ဘာများ ပြောချင်လို့လဲ”

“ငါ့ဘဝတလျှောက်မှာ တသက်လုံး နောင်တရမိတဲ့ ကိစ္စတစ်ခုရှိနေတယ်..အဲ့ဒါက….အမိန့်အာဏာနဲ့ မလွန်ဆန်နိုင်လောက်တဲ့ အပေးအယူတွေကို အသုံးပြုပြီး ဒုက္ခသုက္ခတွေရောက်နေတဲ့ မိန်းကလေးတစ်ယောက်ကို ခြေတောင်တင်လိုက်မိတာပဲ..မင်းအပေါ် ငါ ပြုကျင့်မိသမျှ တောင်းပန်ပါတယ်..လွီဇာ”

“ပြီးတာတွေ..ထားလိုက်ပါတော့.”

“မင်း..မုန်းတီးတဲ့ အင်းဝမြို့ကြီးတော့….ပျက်စီးသွားခဲ့ပြီ..လွီဇာ..မင်း မြင်ခဲ့ရဲ့လား”

“ကျွန်တော်မ က အင်းဝမြို့ကြီးကို မုန်းတီးတယ်ဆိုတာ..ကိုယ်တော်က ဘယ်လိုသိလဲ”

“ငါသိပါတယ်….အင်းဝမြို့ကြီးဟာ သာမန်အရက်ရောင်းတဲ့ ပေါ်တူဂီမိန်းကလေးတစ်ယောက်ရဲ့ ဘဝကို ကျွမ်းထိုးမှောက်ခုံဖြစ်စေခဲ့တာမဟုတ်လား…ပြီးတော့…ငါ့ရဲ့ မင်းပေါ်ထားခဲ့တဲ့ စွဲလန်းစိတ်နဲ့ သွေးသားဆန္ဒကလည်း”

“တော်ပြီ…ဆက်မပြောပါနဲ့တော့...ကျွန်တော်မ ဒါတွေကို မေ့ထားခဲ့ပြီးသားပါ”

“မင်း..မမေ့ပါဘူး..လွီဇာ..မှတ်မိလား..နောက်ဆုံးအကြိမ် မင်းနဲ့ငါ…ဟံသာဝတီမြို့ဝန်အိမ်မှာ တွေ့ခဲ့တဲ့ညကို…..အဲ့ဒီညမှာ မင်းမျက်လုံးထဲက အမုန်းရိပ်တွေကို ငါမြင်တယ်..လွီဇာ…ငါက စစ်သားရင့်မကြီးပါ…အရက်ပေါင်းများစွာကို မင်းသားငယ်ဘဝကတည်းက သောက်လာခဲ့တာပါ..မင်းတိုက်တဲ့အရက်ထဲ တခုခုပါမှန်း ငါသိပါတယ်…ဒါပေမယ့်..ငါမူးနေပြီဆိုပြီး မင်းကြည့်လိုက်တဲ့ အကြည့်မှာ အမုန်းတွေကို မြင်လိုက်ရတယ်..အဲ့ဒီအချိန်ခဏလေးမှာ…ငါ မင်းအပေါ် မတရားခဲ့ဘူး..ငါမှားနေပြီ ဆိုတဲ့ အတွေးဝင်လာတာပဲ..ဒါကြောင့် အဲ့ဒီညက မင်းသိချင်တဲ့ မေးခွန်းတစ်ခုကို  ငါတမင်ဖြေပေးလိုက်တာ”

“ရှင်”

“ ငါ ဘာကြောင့် ဖြေခဲ့မိလည်း ငါမသိဘူး..သေချာတာတော့ အဲ့ဒီအချိန်မှာ ငါ့ကိုယ်ငါလည်း စက်ဆုပ်ရွံရှာနေချိန်ပါ…တကယ်လို့သာ…အဲ့ဒီအချိန်က ငါ့ရဲ့အဖြေကို ဒီစစ်ပွဲထဲမှာ အသုံးချခဲ့တယ်ဆိုရင်တော့…အင်းဝကို ဖျက်ဆီးတာဟာ ဟံသာဝတီလည်းမဟုတ်ဘူး….မဟာဓမ္မရာဇာဓိပတိလည်းမဟုတ်ဘူး..ဘယ်သူမှမဟုတ်ဘူး…ငါကိုယ်တိုင်ပါပဲ…လွီဇာ”

“ကိုးသိန်းသခင်….ထောင်ထဲမှာ ဒုက္ခသုက္ခများစွာရောက်ပြီး စိတ်ဒဏ်ရာရလာတဲ့ မိန်းမတစ်ယောက်ကို သူ့အလိုမပါပဲ အာဏာနဲ့ ခြေတော်တင်ခံရတဲ့အချိန်က..ကျွန်မ ရှင့်ကို အရမ်းမုန်းခဲ့တာပါ….ဒါပေမယ့်…ရှင့်ဟာ အဲ့ဒီ အပြစ်တစ်ခုကလွဲလို့..ကျန်တဲ့ အပိုင်းမှာတော့ လူကောင်းတစ်ယောက်ပါ..အင်းဝမြို့ကြီးပျက်စီးရတာဟာလည်း သူ့အခြေအနေ သူ့အချိန်အခါကြောင့်ပါပဲ.. …ဟော့ဒီ အင်းဝမြို့ကြီးအပေါ် ရှင်တာဝန်ကြေတာထက် ပိုခဲ့ပါတယ်..ဒီတော့ သမိုင်းမှာ ကျန်ရစ်မယ့် ရှင့်နာမည်အတွက် ဒီအဖြစ်အပျက်ကိုတော့ ရှင်နဲ့ ကျွန်မ ပဲ သိတာ ကောင်းမယ်ထင်ပါတယ်..တခြားဘယ်သူမှ မသိပါစေနဲ့”

“ငါ..မင်းကို လေးစားပါတယ်..လွီဇာ..ကျေးဇူးလည်းတင်ပါတယ်..ငါ မင်းကို နောက်ဆုံးတစ်ခုလောက် တောင်းဆိုပါရစေ”

“ပြောပါ”

“မကြာခင်မှာ…မဟာဓမ္မရာဇာဓိပတိ နဲ့အတူ ငါတို့ အားလုံးကို ဟံသာဝတီကို ခေါ်သွားကြတော့မယ်.. ရှင်ဘုရင်လေး ဟာ ငါ့တူတော်ပါ…သူဟာ နူးညံ့သိမ်မွေ့တဲ့ စိတ်ထားနဲ့ အနုပညာသမားတစ်ယောက်သက်သက်ပါ..မင်းနဲ့ ဟံသာဝတီ ဘုရင် အောင်လှ ကြားက ဆက်ဆံရေးကို ငါသိပါတယ်… ဟံသာဝတီမှာ ရှိတဲ့အခါ သူ့ကို မင်းစောင့်ရှောက်ပေးပါ..ပြီးတော့ငါ့ရဲ့ ကြင်ယာတော် ရှင်နှင်းအံ….သူဟာ အရွယ်ငယ်ငယ်နဲ့ ဘထွေးတော်ဖြစ်တဲ့ ငါ့ကို လက်ထပ်ခဲ့ရတယ်..သိပ်သနားဖို့ကောင်းပါတယ်…သူ့ကိုလည်း မင်းစောင့်ရှောက်ပေးပါ”

“ကိုယ်တော်ကရော…ဟံသာဝတီကို ပို့မယ့်အထဲ ပါတယ်မဟုတ်လား”

“ငါ့ကိစ္စက ထားလိုက်ပါ…ဟံသာဝတီမှာ သူတို့ကို စောင့်ရှောက်ပေးမယ်လို့သာ ငါ့ကို ကတိပေး..လွီဇာ”

“ကတိပေးပါတယ်”

…………………………………………………………………………………..

နာမည်ကျော် မိုးထိကျောင်းကြီးအား လောင်ကျွမ်းနေသည့် မီးခိုးလုံးမည်းမည်းကြီးများက အင်းဝ၏ ဆည်းဆာ ကောင်းကင်သို့ အလိပ်လိုက်ထိုးတက်နေဆဲ။

နေ့စဉ်ရက်ဆက် မီးလောင်ကျွမ်းမှုများကြောင့် တိမ်များအငွေ့ရိုက်ကာ မိုးသားဖွဲဖွဲကလေးများပင် ပြန်ကျနေ၏။

အေးချမ်းသော ညနေတော့ မဟုတ်။

ပြည်သူအချို့မှာ အထုပ်အပိုးများဖြင့် ဟိုတစ်စု၊ ဒီတစ်စု ပြေးလွှားနေကြသည်။

တခါတရံလည်း ခပ်သွက်သွက်လျှောက်သွားကြသော လက်နက်ကိုင်စစ်သားများ။

ဒုံးစိုင်းသွားသော မြင်းစစ်သည်များ။

လွီဇာက အိမ်လေသာဆောင်တွင် ဘရန်ဒီတစ်ခွက်ကို ဇိမ်ခံသောက်ရင်း ထိုမြင်ကွင်းကို အရသာခံငေးမောနေသည်။

“ရပ်…ဘယ်သူလဲ”

ခြံရှေ့ရှိ အစောင့်များ ဆီမှ အသံ။

“ဒီအိမ်က လွီဇာဒီမဲလိုး အိမ် မဟုတ်လား..သူရှိနေလား”

လွီဇာ အလန့်တကြား မတ်တပ်ထရပ်လိုက်သည်။

“မင်းက ဘယ်သူလဲ…ဟေ့..မဖြေနိုင်ရင်..ဒူးကို ထောက်ထားစမ်း..သေတော့မယ်”

“သူ့ကို မထိနဲ့…”

လွီဇာ အိမ်ပေါ်မှ ပြေးဆင်းသွားသည်။

ချစ်ရပါသော ငတွန်။ လွမ်းရပါသော မောင်ကြီးငတွန်ရယ်လေ။

လွီဇာက ငတွန့်ရှေ့တွင် ရပ်နေသော အစောင့်စစ်သားကို စောင့်တွန်းလိုက်သည်။

ထို့နောက် ငတွန်၏ လက်ကို ဆွဲလိုက်၏။

“ဒါ..ငါ့ရည်းစား”

လွီဇာ ဆွဲခေါ်ရာသို့ ငတွန် ပါသွားသည်။

အိမ်အပေါ်ရောက်သည်နှင့် လွီဇာက ငတွန်၏ ခါးကို သိုင်းဖက်ကာ ရင်ဘတ်ထဲသို့ ခေါင်းကို ဝှက်ကာ ရှိုက်ကြီးတငင်ငင်ငိုတော့၏။

“လွီဇာ…ခဏဖယ်ပါဉီး”

ငတွန်က လွီဇာ ၏ ပုခုံးကို ကိုင်ကာ ဖယ်ခွာလိုက်သည်။

လွီဇာက မျက်ရည်များကို သုတ်လိုက်၏။

“ဘာဖြစ်လို့လဲ…အခုမှ ရှင့်..ရင်ဘတ်ထဲမှာ ကျွန်မ လွတ်လွတ်လပ်လပ် ငိုလို့ရတာပါ..မောင်ကြီးရယ်”

“လွီဇာ….ကျုပ်ကို တစ်ခု ကူညီပါ”

“ထိုင်ပါဉီး..မောင်ကြီးရယ်..ဟော့ဒီ အင်းဝမြို့ကြီးထဲမှာ လွီဇာဖြစ်ချင်တာ ဘာမဆိုလုပ်လို့ရပါတယ်….ဟော့ဟိုနန်းတော်ထဲမှာလည်း လွီဇာ လူတွေချည်းပါပဲ…လာ..ဘရန်ဒီလေး သောက်ရင်း..မောင်ကြီးမျက်နှာကို တဝကြီးငေးရအောင်”

လွီဇာက ငတွန်ကို လေသာဆောင်သို့ ခေါ်သွားသည်။

“မောင်ကြီး...ကျွန်မကို ထားသွားခဲ့တာ..နှစ်တွေဘယ်လောက်တောင်များလဲ”

ငတွန်က စားပွဲပေါ်မှ ဘရန်ဒီခွက်ကို သာ ငေးကြည့်နေသည်။

“ကျုပ်..ဘယ်တုန်းကမှ...မထားခဲ့ဖူးပါဘူး..လွီဇာ...ခင်ဗျားကသာ မလိုက်ခဲ့တာပါ''

“မောင်ကြီးကို ကျွန်မ ပြောဖူးသားပဲ…အင်းဝမြို့ကြီး ပျက်စီးတာကို နှစ်ယောက်အတူ ထိုင်ကြည့်ချင်တယ်ဆိုတာ..မောင်ကြီး…ဒီစကားကို အမြဲအမှတ်ရနေလို့…အခုလို့ လာတာမဟုတ်လား...ဒီနေ့တော့.ကျွန်မတို့ တယောက်ကို တယောက် မထားခဲ့ကြေးနော် ”

“မဟုတ်ဘူး..လွီဇာ…ကျုပ် အခု နန်းတော်ထဲ ဝင်မလို့”

“ဟင်…ဒီအချိန် နန်းတော်ထဲဝင်ရင် သေမှာပေါ့..မောင်ကြီးရဲ့”

“ကျုပ် လူတစ်ယောက်ကို နန်းတော်ထဲကနေ မဖြစ်မနေကယ်ထုတ်ရမယ်..လွီဇာ”

“ဘယ်သူလဲ..ဘယ်သူ့ကို ကယ်ရမှာလဲ”

“သူက…အခုချိန်မှာ..ကျုပ်ဘဝအတွက် အရေးအပါဆုံးလူတစ်ယောက်ပေါ့”

“ရှင်”

 

ခက်ဇော်

(Zawgyi)
AVA 1740s (Season 2)

                                                                       အခန္း(၃၅)

                                                             ......................................................

ညဉီးပိုင္းေရာက္သည္ႏွင့္ ေသနတ္သံမ်ား တစ တစ ၿငိမ္သက္သြားသည္။

တိုက္ပြဲျဖစ္စဥ္ကာလ အင္းဝၿမိဳ႕ထဲတြင္ ပုန္းေအာင္းေနၾကေသာ လူတခ်ိဳ႕ထြက္လာၾက၏။

ေလးဘက္ေလးတန္ေသာ နန္းၿမိဳ႕႐ိုးတံခါးမ်ားသည္ ေဟာင္းေလာင္းပြင့္လ်က္။

ၿမိဳ႕၏ ေတာင္ဘက္တြင္ရွိေသာ သူေဌးတန္းရပ္ကြက္ဘက္တြင္မူ မီးတုတ္တလူလူျဖင့္ ဟံသာဝတီတပ္သားမ်ား အလုပ္ရႈပ္ေနၾကသည္။

“အင္းဝၿမိဳ႕တြင္းရွိ သူေဌး၊ သူႂကြယ္၊ ကုန္သည္တို႔၏ ေနအိမ္မ်ားတြင္ ေတာ္ဝင္ ကုန္ျဖစ္ေသာ ေ႐ႊ၊ ပတၱျမား၊ ဆင္စြယ္တို႔မွ လြဲၿပီး အျခားပစၥည္းမ်ားကို ဗိုလ္၊ အၾကပ္၊ ေသြးေသာက္၊ စစ္သည္မ်ားအား တပိုင္တႏိုင္ ယူငင္ခြင့္ျပဳလိုက္သည္” ဆိုသည့္ ဥပရာဇာ၏ အမိန႔္ေၾကာင့္ အင္းဝၿမိဳ႕တြင္း ဝင္လာေသာ ဟံသာဝတီတပ္သားမ်ားမွာ သူေဌးတန္းဘက္ဆီသို႔သာ အေျပးအလႊားဉီးတည္ေနၾက၏။

တလပန္း၏တပ္မ်ားမွာ နန္းေတာ္အတြင္းရွိ ေလာကုတ္ခ်မ္းသာပဋိကတ္တိုက္၊ ေလာကခ်မ္းသာေ႐ႊတိုက္ေတာ္၊ မစိုးရိမ္ ႏွင့္ မေၾကာင့္က် ၾကည္ေတာ္တိုက္၊ ျပည္လုံးသိမ္းစိုးလက္နက္တိုက္ေတာ္တို႔ ကို ေနရာယူေစာင့္ၾကပ္ေနၾကသည္။

ဥပရာဇာယာယီနန္းစိုက္ရာ ေျမနန္းေတာ္လက္်ာေဆာင္ ေပၚသို႔ ဗိုလ္ခ်ဳပ္ေစာျဗ တက္လာသည္။

အင္းဝနန္းတြင္ မူးႀကီးမတ္ႀကီးမ်ားအား လိုက္လံထိန္းသိမ္းေရးကို ဗိုလ္ခ်ဳပ္ေစာျဗ က တာဝန္ယူထားသည္။

“ဝန္ႀကီးပေဒသရာဇာ၊ အင္႐ုံဝန္ႀကီး၊ စစ္ကိုင္းဘုရင္ဉီးေ႐ႊၿဖိဳး၊ ဝန္ေထာက္သက္ရွည္ေက်ာ္ထင္၊ ၿမိဳ႕ဝန္သတိုးမဟာ၊ ဗိုလ္မႉးဂဇေက်ာ္ တို႔ကို ေတာ့ ၿဗဲတိုက္ေတာ္မွာ စုစည္းထားရွိပါတယ္”

“မင္းညီမင္းသား သမီးေတာ္ေတြထဲကေရာ”

“တ႐ုတ္ျပည္ကျပန္လာမယ့္ သံအဖြဲ႕ကို အႀကိဳလႊတ္ထားတဲ့ ေ႐ႊေတာင္စားမင္းသားနဲ႔ မင္းရဲျမတ္ဖုန္းတို႔ကလြဲၿပီး အားလုံးနီးပါးကို ေရနန္းေဆာင္မွာ စုစည္းထားရွိပါတယ္”

“ကိုးသိန္းသခင္မင္းေခါင္ ေရာ”

“ကိုးသိန္းသခင္ေရာ…စည္သာမင္းႀကီးေရာ လြတ္ေျမာက္ေနပါတယ္”

“က်ဆုံးစာရင္းမွာေရာ မပါဘူးလား”

“ကိုးသိန္းသခင္ရဲ႕ လက္ေအာက္က အာကာဗိုလ္မႉးအေလာင္းေကာင္ကိုေတာ့ နန္းၿမိဳ႕အဝင္တံခါးမွာေတြ႕ရပါတယ္…ကိုးသိန္းသခင္ကိုေတာ့ မေတြ႕ရပါ..အရွင္”

“အင္း…ၿမိဳ႕ေလးဘက္ေလးတန္မွာ ေသခ်ာၾကပ္မတ္ရွာေဖြေစ…အျပင္ၿမိဳ႕နဲ႔ စစ္ကိုင္းမွာရွိတဲ့ တို႔တပ္ေတြကို ေသခ်ာ စာနဲ႔ေစ..ကိုးသိန္းသခင္မင္းေခါင္ကို မလြတ္ေစနဲ႔…အရွင္ပဲ လိုခ်င္တယ္.. သူ လြတ္ေနသမွ် ငါတို႔အတြက္ မလုံၿခဳံဘူး”

“မွန္ပါ…ဘုရား”

ေစာျဗ က လက္အုပ္ခ်ီလ်က္ ျပန္လည္ထြက္ခြာရန္ ျပင္လိုက္သည္။

“ခဏေနဉီး..ေစာျဗ…ၿမိဳ႕ျပင္ ၿမိဳ႕ထဲမွာလည္း တပ္ေတြ အထပ္ထပ္ဝန္းရံထားရဲ႕..မဟုတ္လား”

“မွန္ပါ”

“ကိုးသိန္းသခင္ အိမ္ေတာ္ကိုေရာ ရွာရဲ႕လား”

“ကိုးသိန္းသခင္..အိမ္လည္း မီးတိုက္ခံလိုက္ရပါၿပီ..ဘုရား…ၾကင္ယာေတာ္ေျမတူးမင္းသမီး ပါ ရွာမေတြ႕တာပါ”

“အင္း…ကိုးသိန္းသခင္ဟာ စစ္ဗ်ဴဟာကို တဖက္ကမ္းခတ္ေနတဲ့လူပဲ…အခုလိုအခ်ိန္မ်ိဳးမွာ သူ႔မယားနဲ႔အတူ အေဝးကို ေျပးမွာမဟုတ္ဘူး…ေဟာ့ဒီအင္းဝၿမိဳ႕ထဲမွာ ပဲ သူ ခိုေအာင္းေနမွာ..ဒီတညလုံး..ၿမိဳ႕တြင္း တေနရာမက်န္ အကုန္ပိတ္ဆို႔ရွာ”

………………………………………………………………………….

“ရဟန္းရွိသမွ် အကုန္ ဒီမွာ တန္းစီ ထိုင္စမ္းေဟ့”

သန္းေခါင္ယံအခ်ိန္ဆိုေသာ္လည္း ဘုရင့္မိဖုရားကိုးကြယ္ရာ ေ႐ႊၾကာပင္ေက်ာင္းတိုက္အတြင္း မီးတုတ္မ်ားျဖင့္ လင္းထိန္ေနသည္။

ဟံသာဝတီတပ္မ်ားက ေက်ာင္း၏ ေလးဘက္ေလးတန္ကို ဝိုင္းရံထားသည္။

တိစိဝရိတ္ေ႐ႊၾကာပင္ဆရာေတာ္က ေ႐ႊခ်ထားေသာ ေတာင္ေဝွးကို ေထာက္လ်က္ တပ္မႉးေဒါေတာ္စု ႏွင့္ မ်က္ႏွာခ်င္းဆိုင္လိုက္သည္။

“ဒကာေတာ္…ဒါက သာသနာနယ္ေျမပါ”

“တပည့္ေတာ္တို႔လည္း အမိန႔္အရလာတာပါ”

“ဒီမွာ ရဟန္းေတြပဲရွိပါတယ္ေလ”

ေဒါေတာ္စု က သူ၏ တပ္သားမ်ားဘက္သို႔ လွည့္လိုက္သည္။

“ေက်ာင္းထဲက အေဆာင္ေတြမွာ လူက်န္ မက်န္ရွာၾကစမ္း…ေက်ာင္းသားေတြ ကပၸိယေတြက ဒီဘက္မွာ ထိုင္၊ ရဟန္းေတြ က ဒီဘက္မွာထိုင္ၾက”

ေက်ာင္းအတြင္း က်န္ရွိခဲ့ေသာ ရဟန္း (၁၅)ပါးက ေျမျပင္တြင္ ေစာင့္ေၾကာင့္ ထိုင္လိုက္ၾကသည္။

ေဒါေတာ္စု က မီးတုတ္ကို ယူလိုက္ၿပီး..ရဟန္းမ်ား၏ ဉီးေခါင္းမ်ားကို မီးတုတ္အလင္းေရာင္ျဖင့္ ေသခ်ာလိုက္ၾကည့္သည္။

“ကိုယ္ေတာ္ထြက္…ကိုယ္ေတာ္ထြက္..ကိုယ္ေတာ္ထြက္”

ဆံပင္ရိပ္ၿပီးခါစ ဉီးျပည္းစိမ္းစိမ္းျဖစ္ေနသည့္ ရဟန္းသုံးပါးကို ေရွ႕သို႔ ထြက္ခိုင္းလိုက္သည္။

ထို႔ေနာက္ ေဒါေတာ္စုက သူ၏ လက္ေထာက္တပ္မႉးကို မ်က္ရိပ္ျပလိုက္၏။

ေက်ာင္းအျပင္ဘက္တြင္ရွိေနေသာ ဗိုလ္ခ်ဳပ္ေစာျဗ ႏွင့္အတူ အမ်ိဳးသမီးငယ္တစ္ဉီး ဝင္လာၾကသည္။

ေျမတူးမင္းသမီးေလး ရွင္ႏွင္းအံ။

ကပိုကယိုထုံးထားေသာ ဆံထုံး၊ ညစ္ေပေနေသာ ရင္ဝတ္လႊာၾကားမွ ရွင္ႏွင္းအံ ၏ မ်က္ႏွာဝင္းဝင္းကေလးမွာ ႏြမ္းလ်ေနသည္။

“ကဲ..မင္းသမီးရဲ႕ ၾကင္ယာေတာ္…ကိုးသိန္းသခင္မင္းေခါင္ ဟာ ဒီထဲမွာ ဘယ္သူလဲ”

ရဟန္းသုံးပါးေရွ႕တြင္ ရွင္ႏွင္းအံ က မတ္တပ္ရပ္လိုက္သည္။

ေခါင္းကို ငုံ႔..မ်က္လႊာကို ခ်ထား၏။

“မင္းသမီး”

ေစာျဗ ၏ ေအာ္သံေၾကာင့္ ရွင္ႏွင္းအံ တုန္တက္သြားသည္။

“ကြၽန္ေတာ္မ်ိဳးတို႔မွာ အခ်ိန္မရွိဘူး….အင္းဝေတာ္ဝင္ေသြးေတြရဲ႕ ဂုဏ္သိကၡာ ကို ေစာင့္ထိန္းတဲ့အေနနဲ႔..ဒီထဲက ကိုးသိန္းသခင္ဘယ္သူလဲ အခုပဲ ေျပာပါ..မင္းသမီး မေျပာႏိုင္လို႔…တျခားသိတဲ့သူတစ္ေယာက္ကို ေခၚျပလို႔ ဒီထဲပါေနရင္… မင္းသမီး အတြက္ မေကာင္းႏိုင္ဘူး”

ေစာျဗ က မင္းသမီး၏ ေဘးသို႔ လာရပ္သည္။

မင္းသမီးမွာ ေၾကာက္စိတ္တို႔ေၾကာင့္ တုန္ရီေန၏။ မ်က္ရည္ဉကေလးမ်ားက ပါးျပင္ေပၚ တလိမ့္ခ်င္းက်လာသည္။

“ကဲ..ေတာ္ေလာက္ၿပီကြဲ႕”

ရဟန္းဝတ္ထဲမွ တစ္ဉီးက ေခါင္းေမာ့ကာ ေစာျဗ ၏ မ်က္ႏွာကို စူးစူးစိုက္စိုက္ၾကည့္လိုက္သည္။

“မင္းက စစ္သူႀကီးမဟုတ္လား…ႏွမငယ္အ႐ြယ္ မိန္းမငယ္တစ္ေယာက္ ေၾကာက္ေနတာကို..အရသာခံဟိန္းေဟာက္မေနနဲ႔..ကိုးသိန္းသခင္မင္းေခါင္ ဆိုတာ ငါပဲ”

ေစာျဗ ေနာက္တလွမ္းဆုတ္သြားသည္။

“ကဲ…ဖမ္းၾကေတာ့ေလကြယ္”

“ဉပရာဇာက ေကာင္းမြန္စြာ နန္းတြင္းကို ေခၚခဲ့ရမယ္လို႔ အမိန႔္ရွိလို႔ပါ..ဗိုလ္ခ်ဳပ္မင္း…ေဝါယာဥ္လည္း အဆင္သင့္ပါပဲ”

“သူ႔အတြက္ေရာ”

“သူကေတာ့ ကြၽန္ေတာ္မ်ိဳးတို႔နဲ႔အတူ ေျခက်င္လိုက္လာတာပါ”

“သူက ဘုရင့္ ႏွမေတာ္အရင္းေခါက္ေခါက္..သူ႔ကို ေဝါနဲ႔ တင္ေခၚသြား…ငါ..လမ္းေလွ်ာက္လိုက္မယ္”

“မွန္….မွန္ပါ…မသင့္ေလ်ာ္”

“ဘာလဲ..ထြက္ေျပးမယ္ထင္လို႔လား..ေႏွာင္ႀကိဳး တည္းမလား..တည္းပါ”

“မဝံ့ပါ ဗိုလ္ခ်ဳပ္မင္း…အိမ္ေရွ႕ဥပရာဇာေရာ..အင္းဝေ႐ႊနန္းရွင္ကပါ..ဗိုလ္ခ်ဳပ္မင္းကို ေတြ႕ခ်င္ေနၾကပါၿပီ”

ဟံသာဝတီစစ္သားမ်ားက ကိုးသိန္းသခင္ကို ဝန္းရံလိုက္ၾကသည္။

ကိုးသိန္းသခင္က ရွင္ႏွင္းအံ့ ၏ ကပိုကယိုက်ေနေသာ ဆံပင္မ်ားကို သပ္တင္ေပးလိုက္သည္။

ထို႔ေနာက္ ပါးျပင္ေပၚမွ မ်က္ရည္မ်ားကို သုတ္ေပးလိုက္၏။

“မငိုရဘူး…ႏွင္းအံငယ္…ဒါက အစပဲရွိပါေသးတယ္…တို႔က… ႏိုင္တဲ့အခါမွာ ပိုႏူးညံ့ရမယ္.. ရႈံးတဲ့အခါမွာ ပိုမာေၾကာရမယ္..ဟုတ္ၿပီလား”

……………………………………………………………………………………………

မတ္လ ၁၄ ရက္။ နံနက္ (၁၀)နာရီ။

တိုက္ေလွအေစာင့္အေရွာက္မ်ားဝန္းရံထားေသာ ေလွာ္ကားေလွႀကီးတစ္စင္း အင္းဝ မီးေသြးတိုက္ဆိပ္ကမ္းတြင္ ဆိုက္ကပ္လာသည္။

ယာယီျပဳျပင္ထားေသာ ဆိပ္ခံတံခါးေပၚ သို႔ ဥေရာပထီးကို ေဆာင္းထားသည့္အမ်ိဳးသမီးတစ္ဉီး ဆင္းလာသည္။

လွီဇာဒီမဲလိုး။

နေဘးတြင္ အီတလီဘုန္းေတာ္ႀကီး ဖာသာနာေရနီ။

တခ်ိန္က ကုန္သြယ္ေလွသေဘၤာႀကီးမ်ား၊ ျပည္တြင္းျပည္ပကုန္သည္မ်ား၊ မင္းမႈထမ္းမ်ား၊ လုပ္ငန္းေပါင္းစုံလုပ္ကိုင္သူမ်ားႏွင့္ ႀကီးက်ယ္ခမ္းနာခဲ့ေသာ အင္းဝဆိပ္ကမ္း။

လြီဇာက အင္းဝ ေညႇာင္နံတလူလူရေနေသာ အင္းဝဆိပ္ကမ္း ၏ ေလကို ရႈရႈိက္လိုက္သည္။

အင္းဝၿမိဳ႕ထဲတြင္ေတာ့ ဟိုမွသည့္ ေနရာအႏွံ႔ မီးခိုးမ်ား တလူလူ။

ဟံသာဝတီတပ္သားမ်ားႏွင့္ အင္းဝသားအခ်ိဳ႕က ထင္းစည္းမ်ား၊ ေလွအေဟာင္းမ်ားကို ေလာင္စာျပဳလုပ္ကာ က်ဆုံးသြားေသာ အေလာင္းမ်ားကို ဆိပ္ကမ္းေပၚတြင္ မီးသၿဂႋဳလ္ၾကေနၾကသည္။

ပုပ္ပြစျပဳေနသည့္ အေလာင္းတခ်ိဳ႕ကလည္း ဧရာဝတီျမစ္ကမ္းစပ္တြင္ ေပါေလာေမ်ာေနၾက၏။

ဖာသာနာေရနီ က ႏွာေခါင္းကို ပိတ္လ်က္ ျမင္ကြင္းကို စိတ္မသက္သာစြာ ၾကည့္လိုက္သည္။

“ဘုရားသခင္…လြန္ခဲ့တဲ့ႏွစ္ေတြက ဖာသာဂါလစ္ဇီယာနဲ႔အတူ က်ဳပ္ အင္းဝကို ေရာက္ဖူးခဲ့ပါတယ္…သိပ္လွတဲ့ ဆိပ္ကမ္းနဲ႔ သိပ္ခမ္းနားတဲ့ၿမိဳ႕ႀကီးပါ”

“အဲ့ဒီ လွပခမ္းနားမႈေတြ ေနာက္ကြယ္က ဆင္းရဲဒုကၡေတြ၊ အႏိုင္က်င့္မႈေတြ၊ ဖိႏွိပ္မႈေတြ၊ အက်င့္ပ်က္စီးမႈေတြ ရွိေနခဲ့တဲ့ ၿမိဳ႕ႀကီး ကိုေတာ့ ဖာသာ မျမင္သြားခဲ့ဖူးေပါ့..ဟင္း..ဟင္း”

စကားအဆုံးတြင္…လြီဇာက ခပ္ဟဟ ရယ္ေမာလိုက္သည္။

ဆိပ္ကမ္းတြင္ တလပန္း၏ ဉီးရီးေတာ္ ေဒါေတာအိုင္က လာေရာက္ႀကိဳဆိုသည္။

“ကုန္သည္ေတာ္ႀကီးနဲ႔ ဖာသာ တည္းခိုဖို႔ …အတြင္းနန္းထဲမွာပဲ ဥပရာဇာက ေနရာခ်ေပးခိုင္းပါတယ္”

“ဗိုလ္မင္း တလပန္း..ေရာ..ဘယ္မွာပါလဲ”

“နန္းေတာ္ထဲမွာပဲ…ေ႐ႊတိုက္၊ လက္နက္တိုက္ေတြက ရရွိသမွ်ကို ဥပရာဇာနဲ႔အတူ ေစာေၾကာစာရင္းျပဳေနပါတယ္”

“အင္းဝၿမိဳ႕ထဲက ကြၽန္မအိမ္ကို မထိခိုက္ေအာင္ ဗိုလ္မင္းတလပန္းကို ကြၽန္မ မွာလိုက္တယ္…အဲ့ဒါေရာ..ဘယ္လိုေနလဲမသိဘူး”

“တလပန္းကိုယ္တိုင္ အမိန႔္ထုတ္ထားလို႔..မီးမခ က်ည္မသင့္ေအာင္ အေစာင့္အေနခ်ထားၿပီး ေစာင့္ေရွာက္ထားပါတယ္..ကုန္သည္ႀကီး”

“ကဲ…ဒါဆို..ကြၽန္မအိမ္မွာ ရွင္းလင္းစရာရွိတာ ရွင္းလင္းဖို႔..ေဟာ့ဒီက မယ္ဖူး တို႔ လင္မယားကို အရင္ အိမ္ကို ပို႔ထားျခင္ပါတယ္…ဉီေလးေဒါေတာ္စု စီစဥ္ေပးပါဉီး”

……………………………………………………………………………………

လြီဇာႏွင့္ ဖာသာနာေရနီတို႔က အိမ္ေရွ႕ ဉပရာဇာ ကို ေျမနန္းလက္်ာေဆာင္တြင္ သြားေရာက္ေတြ႕ဆုံၾကသည္။

ျပင္သစ္သံတမန္ဘ႐ူႏို ေပးအပ္လိုက္သည့္ ဂ်ာမန္ေရခဲျပင္တြင္ ႀကီးျပင္းသည့္ ဝံပုေလြယဥ္ႀကီး တစ္ေကာင္ကိုလည္း ေလွာင္အိမ္ႏွင့္တကြ ဖာသာနာေရနီက ဆက္သလိုက္သည္။

အလွေမြးေခြးမ်ားအား ဝါသနာႀကီးသည့္ ဥပရာဇာမွာ ထိုလက္ေဆာင္အတြက္ အေက်နပ္ႀကီး ေက်နပ္ေနသည္။

လြီဇာ ၏ ေတာင္းဆိုခ်က္အရ နန္းေတာ္တြင္း မတည္းခိုပဲ အျပင္ၿမိဳ႕ရွိ လြီဇာ၏ ေနအိမ္တြင္ အေစာင့္အေရွာက္ျဖင့္ ေနခြင့္ျပဳလိုက္၏။

ဖာသာနာေရနီမွာမူ အင္းဝၿမိဳ႕မွ ဘရင္ဂ်ီဘုရားေက်ာင္းမ်ား၊ နန္းေတာ္တြင္းအမႈထမ္းေနသည့္ ဘရင္ဂ်ီစစ္မႈထမ္းမ်ား၊ စစ္ေရွာင္ဘရင္ဂ်ီဘာသာဝင္မ်ားအေရးကို ကိုင္တြယ္ရန္ ဗညားဒလဘုရင္ဆီမွ အမိန႔္ပါလာသျဖင့္ အင္းဝၿမိဳ႕၊ ဘရင္ဂ်ီစုရွိ ဘရင္ဂ်ီဘုရားေက်ာင္းသို႔ ထြက္ခြာမည္ျဖစ္သည္။

“လြီဇာ”

ေျမနန္းေဆာင္မွ အဆင္းတြင္ ေခၚသံေၾကာင့္ လြီဇာက လွည့္ၾကည့္လိုက္သည္။

တလပန္း က လြီဇာ ရွိရာသို႔ ေလွ်ာက္လာ၏။

“ပင္ပန္းေနၿပီလား…ဗိုလ္မင္း”

“ဒီလိုပါပဲ..လြီဇာ…ဒါနဲ႔..ဟံသာဝတီမွာေရာ…ေအးေအးေဆးေဆးပဲလား”

“ဂမုန္းအေၾကာင္း ေမးခ်င္တာထင္တယ္”

တလပန္းက ၿပဳံးၿပီး ေခါင္းညိတ္လိုက္သည္။

“ရွင့္အတြက္ တပင္တိုင္မင္းသမီးေလး က လက္ဖြဲ႕ႀကိဳးတစ္ခု ေပးလိုက္ပါရဲ႕ရွင္..သူကိုယ္တိုင္ အဝိုင္းဆရာေတာ္ ရွင္ပညာဒီပဆီမွာ အဓိဌာန္ဝင္ၿပီး စီရင္ထားတဲ့ အႏၲရာယ္ကင္းႀကိဳးတဲ့ေလ…အခုေတာ့ပါမလာဘူး.ညေန အင္းဝၿမိဳ႕ထဲက ကြၽန္မ အိမ္ကို လာယူလွည့္ပါ”

“အင္း…ခင္ဗ်ားကို ေတြ႕ခ်င္ေနတဲ့လူတစ္ေယာက္လည္းရွိေနတယ္…လြီဇာ...အဲ့ဒါ အခု ကြၽန္ေတာ္နဲ႔ လိုက္ခဲ့ႏိုင္မလား”

လြီဇာက မ်က္ေမွာင္ႀကဳံ႕လိုက္သည္။

“ဘယ္သူလဲ”

“လိုက္ခဲ့ပါ…ၿဗဲတိုက္ေတာ္မွာ သူေစာင့္ေနပါတယ္..ဟိုေရာက္ေတာ့ သိမွာပါ”

သူတို႔ႏွစ္ဉီး ၿဗဲတိုက္ေတာ္ဘက္သို႔ လမ္းေလွ်ာက္လာၾကသည္။

တလပန္း တို႔ကို ေတြ႕သည္ႏွင့္ ၿဗဲတိုက္ေပၚမွ ဗိုလ္ခ်ဳပ္ေစာျဗ က ဆင္းလာ၏။

“လြီဇာ ေနေကာင္းပါရဲ႕ေနာ္”

“ေကာင္းပါတယ္..ဗိုလ္မင္း”

“ဥပရာဇာ အမိန႔္အရ ဆိုရင္ေတာ့ သူ႔ကို ဘယ္သူမွ ေတြ႕ခြင့္မေပးထားဘူး..ဒါေပမယ့္..သူက မင္းကို အရမ္းေတြ႕ခ်င္ေနတယ္…သူက ဟိုးအရင္ကတည္းက နာမည္ၾကား႐ုံနဲ႔ က်ဳပ္တို႔ ေလးစားရတဲ့ လူတစ္ေယာက္ျဖစ္ေနေတာ့…ျငင္းဖို႔ကလည္း ခက္ေနတယ္…ဒါေၾကာင့္”

“ကိုးသိန္းသခင္လား”

လြီဇာ ၏ အသံက အနည္းငယ္ က်ယ္သြားသည္။

ေစာျဗ ေခါင္းညိတ္လိုက္သည္။

“သူ..မေသ ေသးဘူးေပါ့”

“ဟိုအေဆာင္ေလးထဲမွာ သူရွိေနပါတယ္…က်ဳပ္တို႔ အျပင္ကေစာင့္ေနမယ္…သြားေတြ႕လိုက္ပါ”

ၿဗဲတိုက္ေတာ္နေဘးတြင္ လႊတ္တက္အမတ္မ်ား အဝတ္အစားမ်ား ေခတၱလဲရာ အေဆာင္ေလးတစ္ခုရွိေန၏။

ထိုအေဆာင္ေလးထဲသို႔ လြီဇာ ဝင္လိုက္သည္။

ျပတင္းမ်ား ပိတ္ထားသျဖင့္ ေမွာင္ေန၏။

အရိပ္တစ္ခု။

“လြီဇာငယ္…ေရာက္လာၿပီလား”

“ေမွာင္မဲေနတာပဲ”

ျပတင္းတံခါး တစ္ေပါက္ ပြင့္သြားသည္။

ျပတင္းေပါက္ေရွ႕တြင္ ရပ္ေနေသာ ကိုးသိန္းသခင္။

ေခါင္းေပါင္းေပါင္းထားေသာ္လည္း ဉီးျပင္းေျပာင္ေျပာင္က ျမင္ေနရ၏။

လြီဇာက လက္အုပ္ခ်ီရန္ ျပင္လိုက္သည္။

“လက္အုပ္မခ်ီပါနဲ႔…ငါက အခု သုံ႔ပန္းတစ္ေယာက္ပါပဲ”

ျပတင္းေပါက္အလင္းေရာင္ေအာက္မွ ကိုးသိန္းသခင္၏ မ်က္ႏွာကို လြီဇာက ေသခ်ာၾကည့္လိုက္သည္။

ႏွစ္ရွည္လမ်ား စစ္ပြဲမ်ားထဲတြင္ ၾကင္လည္ခဲ့ေသာေၾကာင့္ မ်က္ႏွာမွာ ေနေလာင္ထားၿပီး ေခ်ာင္က်ေနသည္။

ဖိအားမ်ားစြာေအာက္တြင္ ေနထိုင္ခဲ့ရသျဖင့္ ႏႈတ္ခမ္းေမႊးအခ်ိဳ႕ပင္ ျဖဴစျပဳေန၏။

ပိတ္ျဖဴအဝတ္ႏွင့္ ပုဆိုးကို သာမန္သာဝတ္ဆင္ထားသည္။

မ်က္လုံးမ်ားကမူ ယခင္ကအတိုင္း ရာဇမာန္ျဖင့္ စူးရွၿမဲ။

“မင္းေတာင္…ရင့္က်က္တဲ့ မိန္းမတစ္ေယာက္ ျဖစ္ေနၿပီပဲ..အင္းေလ…ႏွစ္ေတြကလည္း ၾကာခဲ့ၾကၿပီကိုး”

“အခု ေနရထိုင္ရတာ..အဆင္ေျပရဲ႕လား…ကိုးသိန္းသခင္..ကြၽန္ေတာ္မကို ဘာမ်ား ေျပာခ်င္လို႔လဲ”

“ငါ့ဘဝတေလွ်ာက္မွာ တသက္လုံး ေနာင္တရမိတဲ့ ကိစၥတစ္ခုရွိေနတယ္..အဲ့ဒါက….အမိန႔္အာဏာနဲ႔ မလြန္ဆန္ႏိုင္ေလာက္တဲ့ အေပးအယူေတြကို အသုံးျပဳၿပီး ဒုကၡသုကၡေတြေရာက္ေနတဲ့ မိန္းကေလးတစ္ေယာက္ကို ေျခေတာင္တင္လိုက္မိတာပဲ..မင္းအေပၚ ငါ ျပဳက်င့္မိသမွ် ေတာင္းပန္ပါတယ္..လြီဇာ”

“ၿပီးတာေတြ..ထားလိုက္ပါေတာ့.”

“မင္း..မုန္းတီးတဲ့ အင္းဝၿမိဳ႕ႀကီးေတာ့….ပ်က္စီးသြားခဲ့ၿပီ..လြီဇာ..မင္း ျမင္ခဲ့ရဲ႕လား”

“ကြၽန္ေတာ္မ က အင္းဝၿမိဳ႕ႀကီးကို မုန္းတီးတယ္ဆိုတာ..ကိုယ္ေတာ္က ဘယ္လိုသိလဲ”

“ငါသိပါတယ္….အင္းဝၿမိဳ႕ႀကီးဟာ သာမန္အရက္ေရာင္းတဲ့ ေပၚတူဂီမိန္းကေလးတစ္ေယာက္ရဲ႕ ဘဝကို ကြၽမ္းထိုးေမွာက္ခုံျဖစ္ေစခဲ့တာမဟုတ္လား…ၿပီးေတာ့…ငါ့ရဲ႕ မင္းေပၚထားခဲ့တဲ့ စြဲလန္းစိတ္နဲ႔ ေသြးသားဆႏၵကလည္း”

“ေတာ္ၿပီ…ဆက္မေျပာပါနဲ႔ေတာ့...ကြၽန္ေတာ္မ ဒါေတြကို ေမ့ထားခဲ့ၿပီးသားပါ”

“မင္း..မေမ့ပါဘူး..လြီဇာ..မွတ္မိလား..ေနာက္ဆုံးအႀကိမ္ မင္းနဲ႔ငါ…ဟံသာဝတီၿမိဳ႕ဝန္အိမ္မွာ ေတြ႕ခဲ့တဲ့ညကို…..အဲ့ဒီညမွာ မင္းမ်က္လုံးထဲက အမုန္းရိပ္ေတြကို ငါျမင္တယ္..လြီဇာ…ငါက စစ္သားရင့္မႀကီးပါ…အရက္ေပါင္းမ်ားစြာကို မင္းသားငယ္ဘဝကတည္းက ေသာက္လာခဲ့တာပါ..မင္းတိုက္တဲ့အရက္ထဲ တခုခုပါမွန္း ငါသိပါတယ္…ဒါေပမယ့္..ငါမူးေနၿပီဆိုၿပီး မင္းၾကည့္လိုက္တဲ့ အၾကည့္မွာ အမုန္းေတြကို ျမင္လိုက္ရတယ္..အဲ့ဒီအခ်ိန္ခဏေလးမွာ…ငါ မင္းအေပၚ မတရားခဲ့ဘူး..ငါမွားေနၿပီ ဆိုတဲ့ အေတြးဝင္လာတာပဲ..ဒါေၾကာင့္ အဲ့ဒီညက မင္းသိခ်င္တဲ့ ေမးခြန္းတစ္ခုကို  ငါတမင္ေျဖေပးလိုက္တာ”

“ရွင္”

“ ငါ ဘာေၾကာင့္ ေျဖခဲ့မိလည္း ငါမသိဘူး..ေသခ်ာတာေတာ့ အဲ့ဒီအခ်ိန္မွာ ငါ့ကိုယ္ငါလည္း စက္ဆုပ္႐ြံရွာေနခ်ိန္ပါ…တကယ္လို႔သာ…အဲ့ဒီအခ်ိန္က ငါ့ရဲ႕အေျဖကို ဒီစစ္ပြဲထဲမွာ အသုံးခ်ခဲ့တယ္ဆိုရင္ေတာ့…အင္းဝကို ဖ်က္ဆီးတာဟာ ဟံသာဝတီလည္းမဟုတ္ဘူး….မဟာဓမၼရာဇာဓိပတိလည္းမဟုတ္ဘူး..ဘယ္သူမွမဟုတ္ဘူး…ငါကိုယ္တိုင္ပါပဲ…လြီဇာ”

“ကိုးသိန္းသခင္….ေထာင္ထဲမွာ ဒုကၡသုကၡမ်ားစြာေရာက္ၿပီး စိတ္ဒဏ္ရာရလာတဲ့ မိန္းမတစ္ေယာက္ကို သူ႔အလိုမပါပဲ အာဏာနဲ႔ ေျခေတာ္တင္ခံရတဲ့အခ်ိန္က..ကြၽန္မ ရွင့္ကို အရမ္းမုန္းခဲ့တာပါ….ဒါေပမယ့္…ရွင့္ဟာ အဲ့ဒီ အျပစ္တစ္ခုကလြဲလို႔..က်န္တဲ့ အပိုင္းမွာေတာ့ လူေကာင္းတစ္ေယာက္ပါ..အင္းဝၿမိဳ႕ႀကီးပ်က္စီးရတာဟာလည္း သူ႔အေျခအေန သူ႔အခ်ိန္အခါေၾကာင့္ပါပဲ.. …ေဟာ့ဒီ အင္းဝၿမိဳ႕ႀကီးအေပၚ ရွင္တာဝန္ေၾကတာထက္ ပိုခဲ့ပါတယ္..ဒီေတာ့ သမိုင္းမွာ က်န္ရစ္မယ့္ ရွင့္နာမည္အတြက္ ဒီအျဖစ္အပ်က္ကိုေတာ့ ရွင္နဲ႔ ကြၽန္မ ပဲ သိတာ ေကာင္းမယ္ထင္ပါတယ္..တျခားဘယ္သူမွ မသိပါေစနဲ႔”

“ငါ..မင္းကို ေလးစားပါတယ္..လြီဇာ..ေက်းဇူးလည္းတင္ပါတယ္..ငါ မင္းကို ေနာက္ဆုံးတစ္ခုေလာက္ ေတာင္းဆိုပါရေစ”

“ေျပာပါ”

“မၾကာခင္မွာ…မဟာဓမၼရာဇာဓိပတိ နဲ႔အတူ ငါတို႔ အားလုံးကို ဟံသာဝတီကို ေခၚသြားၾကေတာ့မယ္.. ရွင္ဘုရင္ေလး ဟာ ငါ့တူေတာ္ပါ…သူဟာ ႏူးညံ့သိမ္ေမြ႕တဲ့ စိတ္ထားနဲ႔ အႏုပညာသမားတစ္ေယာက္သက္သက္ပါ..မင္းနဲ႔ ဟံသာဝတီ ဘုရင္ ေအာင္လွ ၾကားက ဆက္ဆံေရးကို ငါသိပါတယ္… ဟံသာဝတီမွာ ရွိတဲ့အခါ သူ႔ကို မင္းေစာင့္ေရွာက္ေပးပါ..ၿပီးေတာ့ငါ့ရဲ႕ ၾကင္ယာေတာ္ ရွင္ႏွင္းအံ….သူဟာ အ႐ြယ္ငယ္ငယ္နဲ႔ ဘေထြးေတာ္ျဖစ္တဲ့ ငါ့ကို လက္ထပ္ခဲ့ရတယ္..သိပ္သနားဖို႔ေကာင္းပါတယ္…သူ႔ကိုလည္း မင္းေစာင့္ေရွာက္ေပးပါ”

“ကိုယ္ေတာ္ကေရာ…ဟံသာဝတီကို ပို႔မယ့္အထဲ ပါတယ္မဟုတ္လား”

“ငါ့ကိစၥက ထားလိုက္ပါ…ဟံသာဝတီမွာ သူတို႔ကို ေစာင့္ေရွာက္ေပးမယ္လို႔သာ ငါ့ကို ကတိေပး..လြီဇာ”

“ကတိေပးပါတယ္”

…………………………………………………………………………………..

နာမည္ေက်ာ္ မိုးထိေက်ာင္းႀကီးအား ေလာင္ကြၽမ္းေနသည့္ မီးခိုးလုံးမည္းမည္းႀကီးမ်ားက အင္းဝ၏ ဆည္းဆာ ေကာင္းကင္သို႔ အလိပ္လိုက္ထိုးတက္ေနဆဲ။

ေန႔စဥ္ရက္ဆက္ မီးေလာင္ကြၽမ္းမႈမ်ားေၾကာင့္ တိမ္မ်ားအေငြ႕႐ိုက္ကာ မိုးသားဖြဲဖြဲကေလးမ်ားပင္ ျပန္က်ေန၏။

ေအးခ်မ္းေသာ ညေနေတာ့ မဟုတ္။

ျပည္သူအခ်ိဳ႕မွာ အထုပ္အပိုးမ်ားျဖင့္ ဟိုတစ္စု၊ ဒီတစ္စု ေျပးလႊားေနၾကသည္။

တခါတရံလည္း ခပ္သြက္သြက္ေလွ်ာက္သြားၾကေသာ လက္နက္ကိုင္စစ္သားမ်ား။

ဒုံးစိုင္းသြားေသာ ျမင္းစစ္သည္မ်ား။

လြီဇာက အိမ္ေလသာေဆာင္တြင္ ဘရန္ဒီတစ္ခြက္ကို ဇိမ္ခံေသာက္ရင္း ထိုျမင္ကြင္းကို အရသာခံေငးေမာေနသည္။

“ရပ္…ဘယ္သူလဲ”

ၿခံေရွ႕ရွိ အေစာင့္မ်ား ဆီမွ အသံ။

“ဒီအိမ္က လြီဇာဒီမဲလိုး အိမ္ မဟုတ္လား..သူရွိေနလား”

လြီဇာ အလန႔္တၾကား မတ္တပ္ထရပ္လိုက္သည္။

“မင္းက ဘယ္သူလဲ…ေဟ့..မေျဖႏိုင္ရင္..ဒူးကို ေထာက္ထားစမ္း..ေသေတာ့မယ္”

“သူ႔ကို မထိနဲ႔…”

လြီဇာ အိမ္ေပၚမွ ေျပးဆင္းသြားသည္။

ခ်စ္ရပါေသာ ငတြန္။ လြမ္းရပါေသာ ေမာင္ႀကီးငတြန္ရယ္ေလ။

လြီဇာက ငတြန႔္ေရွ႕တြင္ ရပ္ေနေသာ အေစာင့္စစ္သားကို ေစာင့္တြန္းလိုက္သည္။

ထို႔ေနာက္ ငတြန္၏ လက္ကို ဆြဲလိုက္၏။

“ဒါ..ငါ့ရည္းစား”

လြီဇာ ဆြဲေခၚရာသို႔ ငတြန္ ပါသြားသည္။

အိမ္အေပၚေရာက္သည္ႏွင့္ လြီဇာက ငတြန္၏ ခါးကို သိုင္းဖက္ကာ ရင္ဘတ္ထဲသို႔ ေခါင္းကို ဝွက္ကာ ရႈိက္ႀကီးတငင္ငင္ငိုေတာ့၏။

“လြီဇာ…ခဏဖယ္ပါဉီး”

ငတြန္က လြီဇာ ၏ ပုခုံးကို ကိုင္ကာ ဖယ္ခြာလိုက္သည္။

လြီဇာက မ်က္ရည္မ်ားကို သုတ္လိုက္၏။

“ဘာျဖစ္လို႔လဲ…အခုမွ ရွင့္..ရင္ဘတ္ထဲမွာ ကြၽန္မ လြတ္လြတ္လပ္လပ္ ငိုလို႔ရတာပါ..ေမာင္ႀကီးရယ္”

“လြီဇာ….က်ဳပ္ကို တစ္ခု ကူညီပါ”

“ထိုင္ပါဉီး..ေမာင္ႀကီးရယ္..ေဟာ့ဒီ အင္းဝၿမိဳ႕ႀကီးထဲမွာ လြီဇာျဖစ္ခ်င္တာ ဘာမဆိုလုပ္လို႔ရပါတယ္….ေဟာ့ဟိုနန္းေတာ္ထဲမွာလည္း လြီဇာ လူေတြခ်ည္းပါပဲ…လာ..ဘရန္ဒီေလး ေသာက္ရင္း..ေမာင္ႀကီးမ်က္ႏွာကို တဝႀကီးေငးရေအာင္”

လြီဇာက ငတြန္ကို ေလသာေဆာင္သို႔ ေခၚသြားသည္။

“ေမာင္ႀကီး...ကြၽန္မကို ထားသြားခဲ့တာ..ႏွစ္ေတြဘယ္ေလာက္ေတာင္မ်ားလဲ”

ငတြန္က စားပြဲေပၚမွ ဘရန္ဒီခြက္ကို သာ ေငးၾကည့္ေနသည္။

“က်ဳပ္..ဘယ္တုန္းကမွ...မထားခဲ့ဖူးပါဘူး..လြီဇာ...ခင္ဗ်ားကသာ မလိုက္ခဲ့တာပါ''

“ေမာင္ႀကီးကို ကြၽန္မ ေျပာဖူးသားပဲ…အင္းဝၿမိဳ႕ႀကီး ပ်က္စီးတာကို ႏွစ္ေယာက္အတူ ထိုင္ၾကည့္ခ်င္တယ္ဆိုတာ..ေမာင္ႀကီး…ဒီစကားကို အၿမဲအမွတ္ရေနလို႔…အခုလို႔ လာတာမဟုတ္လား...ဒီေန႔ေတာ့.ကြၽန္မတို႔ တေယာက္ကို တေယာက္ မထားခဲ့ေၾကးေနာ္ ”

“မဟုတ္ဘူး..လြီဇာ…က်ဳပ္ အခု နန္းေတာ္ထဲ ဝင္မလို႔”

“ဟင္…ဒီအခ်ိန္ နန္းေတာ္ထဲဝင္ရင္ ေသမွာေပါ့..ေမာင္ႀကီးရဲ႕”

“က်ဳပ္ လူတစ္ေယာက္ကို နန္းေတာ္ထဲကေန မျဖစ္မေနကယ္ထုတ္ရမယ္..လြီဇာ”

“ဘယ္သူလဲ..ဘယ္သူ႔ကို ကယ္ရမွာလဲ”

“သူက…အခုခ်ိန္မွာ..က်ဳပ္ဘဝအတြက္ အေရးအပါဆုံးလူတစ္ေယာက္ေပါ့”

“ရွင္”

 

ခက္ေဇာ္

Comments

  1. ဖတ်ရင်းလှူမှာ တင်ပေးလို့
    ကျေးဇူးပါ ဆရာဗြိရေ ၊ ဆရာတို့ ဇနီးမောင်နှံ ဘေးကင်းကျန်းမာပါစေ၊ စာအုပ်လဲမျှော်နေပါ့မယ်။

    ReplyDelete
  2. ရေစက်မှ ပင်လယ်ဆီသို့
    -
    သင်ဟာ လက်ထဲမှာရေစက်တစက်ပိုင်ထားတယ်။
    ယနေ့ လူအများကိုအေးချမ်းစေနိုင်တဲ့ ပင်လယ်ကြီးတခုကို တည်ဆောက်နေကြတယ်။
    တကယ်လို့ပင်လယ်တခုမဖြစ်လာသေးဘူးဆိုရင်
    သင့်လက်ထဲက ရေစက်တစက်ကြောင့်ပဲ၊
    အဲဒီရေစက်ဟာလည်း မကြာခင်အလိုလိုခြောက်ခန်းသွားမှာပါ။
    ခုပဲသင့်လက်ကိုကမ်းလိုက်ပါ။

    ReplyDelete

Post a Comment