AVA S2 (အခန်း 19)

AVA 1740s (Season 2)

                                                                       အခန်း(၁၉)

                                                             ...............................................

ကြီးမားကျယ်ပြန့်လှသော သစ်တပ်ကြီး။

အုတ်ဖိုတောင်ခြေမှ ကွေ့ရွာများအားလုံးနီးပါးမှ ကွေ့လူမျိုးများသည် ထိုသစ်တပ်ကြီးအတွင်းတွင် ဝင်ရောက်စုပေါင်းနေထိုင်ကြသည်မှာ တစ်နှစ်ပင်ရှိခဲ့ပြီဖြစ်သည်။

ကွေ့တို့၏ ခေါင်းဆောင် ဂုဏ္ဏအိမ်သည် ကွေ့စော်ဘွားဘွဲ့ကို ခံယူလိုက်သည်။

၁၇၄၆ တွင် စားနပ်ရိက္ခာရှားပါးမှု၊ စစ်ပွဲများဆက်တိုက်ဖြစ်ပွားမှုကြောင့် အင်းဝ တွင် ငတ်မွတ်မှုကြုံကြရသည်။

ငတ်မွတ်မှုနှင့်အတူ အင်းဝလက်အောက်ခံနယ်များတွင် လုယက်ဆိုးသွမ်းမှုများ က ထိန်းမနိုင်သိမ်းမရခဲ့။

မြို့ရွာများမှ လူအင်အားရှိသော ခေါင်းဆောင်များမှာ မိမိရပ်ရွာကာကွယ်ရေးအတွက် သစ်တပ်ဆူးတပ်များ ကာရံနေခွင့်ကို အင်းဝနန်းတော်မှ ခွင့်ပြုခဲ့ပြီဖြစ်သည်။

ဗေဒင်ကိန်းခန်းများအရ မကြာမီတွင် အင်းဝနန်းတော်ကြီး ပျက်စီးတော့မည်ဟူသော ကောလဟလများထွက်ပေါ်နေသည်။

ဖိုသုံးဖိုတစ်ဖိုမီးတောက်မည်ဟူသော တဘောင်က လည်း ပေါ်ပေါက်လာသည်။

ထိုတဘောင်အရ အုတ်ဖိုတောင်ခြေမှ ကွေ့ခေါင်းဆောင် ဂုဏ္ဏအိမ်မှာ မင်းလောင်း ဟု ကျော်ကြားလာ၏။

ထို့ကြောင့် အုတ်ဖိုအနီး မတ္တရာမှ အကြပ်ထော်ကန် ၊ ဘယ်ကျော်တို့ ဉီးဆောင်သည့် မွန်လူမျိုးများကလည်း ဂုဏ္ဏအိမ်နှင့် ပူးပေါင်းလာကြသည်။

ဂုဏ္ဏအိမ်၏ သစ်တပ်ကြီးဆီသို့ အရှေ့မြောက်အရပ်ဆီမှ မြင်းများနှင့် လားတန်းကြီးတစ်ခု ဉီးတည်လာနေ၏။

ထိပ်ဆုံးမှ မြင်းတစ်စီးဆီမှ ကန်းပုလွေကြီး မှုတ်သံ ထွက်ပေါ်လာသည်။

သစ်တပ်ပေါ်ရှိ ကွေ့စစ်သည်များ လှုပ်လှုပ်ရှားရှားဖြစ်သွားကြ၏။

အထက်အောက်အဖြူရောင်ကို ဝတ်ဆင်ပြီး ပုတီးတစ်ကုံးကို ဆွဲထားသည့် ဂုဏ္ဏအိမ်က သစ်တပ်အပြင်ဘက်လွင်ပြင်ကို မြင်ရသည့် နန်ကွန်းကုန်းပေါ်သို့ တက်လာသည်။

ထီးတော်မိုးတို့က အနောက်မှ အပြေးအလွှားလိုက်လာ၏။

မွန်အစုခေါင်းဆောင်ဖြစ်သော ထော်ကန် ကလည်း နောက်မှ တက်လိုက်လာသည်။

“ဘယ်သူတွေလဲ..စော်ဘွားကြီး”

ဂုဏ္ဏအိမ်က သွားမဲကြီးများ ပေါ်အောင် ပြုံးလိုက်သည်။

“ပုလွေသံအရတော့..ကျုပ်နှမ..အောင်ပွဲနဲ့အတူ ပြန်လာခဲ့တာပဲ..ကြိုဆိုဖို့ ပြင်ကြရမယ်”

ခဏအကြာတွင် သစ်တပ်တွင်းရှိကွေ့လူမျိုးများမှာ အလုပ်ရှုပ်သွားကြသည်။

ကွေ့အမျိုးသမီးများ၏ စပါးထောင်းသံများပေါ်ထွက်လာသည်။ မွေးမြူထားသော ဝက်အချို့ထံမှ အော်သံစူးစူးရှရှများထွက်လာ၏။

သူရိန်စော စစ်ကိုင်းတွင် ကျဆုံးပြီးနောက် ဇနီးဖြစ်သူ နာလဲသည် ငကက်၊ ငနက်တို့နှင့်အတူ ကွေ့တပ်၏ စစ်သူကြီးမဖြစ်လာသည်။

နာလဲသည် ကွေ့ရိုးရာအရ..ဘာသာရေးခေါင်းဆောင်အမျိုးသမီး သာလာမာ တစ်ဉီးလည်းဖြစ်သဖြင့် ကွေ့တို့က နာလဲ ကို ဂုဏ္ဏအိမ်နေရာအားဆက်ခံမည့် ခေါင်းဆောင်အဖြစ် ခံယူထားကြ၏။

ထို့ကြောင့် နာလဲ ၏ အောင်ပွဲအတွက် ဟွန်တောင်ထီးခေါ်ဟင်းထုတ် နှင့် ဝက်သားများ ချက်ရန် ပြင်ဆင်ကြခြင်းဖြစ်သည်။

သစ်တပ်တံခါးကြီး ပွင့်သွား၏။

ငကက်နှင့် ငနက်ကို ဝန်းရံလျက် နားလဲက မြင်းညိုကြီးကို စီးကာ ရှေ့ဆုံးမှ ဝင်လာသည်။

“နတ်ကွန်းကုန်းပေါ်မှာ စော်ဘွားကြီး စောင့်နေပါတယ်..သာလာမာ အရှင်မ”

နာလဲ က ခေါင်းညိတ်ပြလိုက်ပြီး မြင်းပေါ်မှ ဆင်းလိုက်သည်။

“ငါ့ သားလေးရော”

“အထိန်းတော်တွေ နဲ့ ရှိပါတယ်..သခင်မ”

“ငနက်..တို့လူတွေ ခရီးအဝေးကြီးကလာကြရတာ....သူတို့အနားယူဖို့ ရှင်တို့စီစဉ်ပေးလိုက်ပါဉီး..ငကက်က ပါလာတဲ့ ပစ္စည်းတွေနဲ့ လားတွေကို ယူပြီး အပေါ်ကို အရင်သွားလိုက်ပါ..ငါ သားလေးနဲ့ တွေ့ပြီးရင် လာခဲ့မယ်”

အထိန်းတော်တစ်ဉီး က ကလေးငယ်ကို ချီလာပြီး နားလဲရှေ့တွင် ချပေးလိုက်သည်။

သူ့အနီးသို့ ဆတ်တောက်တောက်ဖြင့် လမ်းလျှောက်လာသော ကလေးငယ်ကို နားလဲက ပွေ့ချီကာ နမ်းလိုက်၏။

ထို့နောက် ကလေးကို ချီလျက် နတ်ကွန်းကုန်းပေါ်သို့ တက်လာ၏။

 

နန်းကွန်းရှေ့ ကွက်လပ်တွင် ဂုဏ္ဏအိမ် နှင့် ကွေ့ဘာသာရေးခေါင်းဆောင်သာဗို များ က စီတန်းထိုင်နေကြ၏။

သူတို့နဘေးတွင် မွန်ခေါင်းဆောင်များဖြစ်သော ထော်ကန်နှင့် ဗိုလ်ဘယ်ကျော်။

ငကက်နှင့် အဖွဲ့က ဘော်တွင်းမှ သိမ်းဆည်းလာကြသည့် ရွှေ၊ငွေများကို လားများပေါ်မှ ချနေကြ၏။

“နှမ...နင့်ကို အားလုံးစောင့်နေကြတာ..ပျားဖယောင်းနိမိတ်နဲ့ ငါတို့ ဆုံးဖြတ်ရမယ့် အချိန်ရောက်ပြီ”

“ဘာကိစ္စကို ဆုံးဖြတ်ကြမှာလဲ..အကို”

“ငါတို့မှာ လူသူအင်အားအခိုင်အမာရှိပြီ..ဘော်တွင်းက ငါ့နှမတို့ ရလာတဲ့ ပစ္စည်းဥစ္စာတွေ နဲ့ဆို လက်နက် ရိက္ခာ စုဆောင်းဖို့ရာလည်း ပြည်စုံပြီ...ငါတို့ အင်းဝကို အတိအလင်းပုန်ကန်ဖို့ ဆုံးဖြတ်ရမယ့် အချိန်ပဲ..အဲ့ဒီအတွက် သာဗိုတွေလည်း စုံညီနေပြီ”

နာလဲ က ကလေးကို ချီလျက် နတ်ကွန်းရှိရာသို့ လျှောက်သွားသည်။

နတ်ကွန်းပေါ်မှ ပျားဖယောင်းတိုင်းက ငြိမ်းလုဆဲဆဲ။

နာလဲက မျက်လုံးများကို မှိတ်လိုက်ပြီး တစ်စုံတစ်ရာရွတ်ဖတ်လိုက်၏။ ထို့နောက် မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။

ကွေ့ကောက်စွာ တက်သွားသည့် ပျားဖယောင်းမီးခွေးငွေ့များကို နာလဲက သေချာကြည့်ကာ အဓိပ္ပါယ် ဖော်နေ၏။

သူမ၏ သားငယ်က ဖယောင်းတိုင်ကို လက်ဖြင့် လှမ်းဆုပ်ကိုင်လိုက်သည်။ အပူရှိန်ကြောင့် ကလေးငယ်မှာ ဝါး ခနဲ အော်ငိုတော့သည်။

နားလဲက အလန့်တကြားနောက်ကို ဆုတ်လိုက်၏။

ငယ်စဉ်ကတည်းက ပျားဖယောင်းနိမိတ်ကောက်ရာအတွင် အမှန်ကန်ဆုံးဖြစ်သည့် သာလာမ နာလဲ၏ အဖြေကို အားလုံးက မျှော်လင့်နေကြသည်။

“အရပ်လေးမျက်နှာက စစ်ပွဲတွေကို မြင်နေရတယ်...အင်းဝ ဟာ မီးဟုန်းဟုန်းတောက်လောက်ပြီး ပျက်စီးသွားလိမ့်မယ်...ငါတို့လည်း မဖြစ်မနေ စစ်ပွဲထဲ ပါဝင်ရလိမ့်မယ်....နောက်ထပ် မြို့တော်အသစ်ကြီးတစ်ခုဖြစ်ပေါ်လာမယ်”

ဂုဏ္ဏအိမ်က စိတ်လှုပ်ရှားစွာဖြင့် နာလဲ အနားသို့ ကပ်လာသည်။

“အဲ့ဒီမြို့တော်အသစ်ကြီးဟာ ငါတို့ အတွက်လား”

နာလဲက ခေါင်းခါလိုက်၏။

“အဲ့ဒါတော့ ငါမပြောတတ်ဘူး..အကို...ပျားဖယောင်းရဲ့ မီးခိုးငွေ့တွေကတော့ ငါတို့ကို ဇာတိမြေဆီကိုပဲ ညွှန်ပြနေကြတယ်...ဘာြဖစ်ဖြစ် ငါတို့ စစ်တိုက်မှ အသက်ရှင်ကြမှာပဲ”

ဂုဏ္ဏအိမ်က သူ့အတွက် ခင်းကျင်းထားသည့် သစ်သားသလွန်ပေါ်တွင် သွားထိုင်လိုက်သည်။

“ငါတို့ ဒီနှစ် မိုးကုန်တာနဲ့ စစ်တိုက်ဖို့အသင့်ပြင်ကြမယ်”

နာလဲက ကလေးချီလျက် ဂုဏ္ဏအိမ်၏ ဘေးတွင် မတ်တပ်ရပ်လိုက်၏။

“အင်းဝ မှာ ရှိနေတဲ့ ကသည်းတွေကိုလည်း တစ်ယောက်မကျန် သုတ်သင်ပစ်ရမယ်..အကို...ကသည်းမင်းသားဆန်ဂျေးခူရာလက်ပ..ငါ့လက်နဲ့ သေရစေ့မယ်..ဗိုလ်မင်းသူရိန်စောအတွက်..အဖမဲ့သွားတဲ့..ငါ့သားလေးအတွက်..သူတို့ပြန်ပေးဆပ်ကြရမယ်”

အားလုံးတိတ်ဆိတ်သွားကြသည်။

...........................................................................................................................

တိတ်ဆိတ်နေသော တောတန်းတစ်ခုလုံးမှာ ရုတ်တရက် ဆူညံပွက်လောရိုက်သွား၏။

ချောင်းငယ်တစ်ခုထဲတွင် ရေချိုးနေသော သမိန်ထော မှာ ရေထဲမှ အလျင်အမြန် ပြန်တက်လာကြသည်။

“ဘာသံတွေလဲ....ဗညားစိန်”

သမိန်ထောက သက်တော်စောင့် ဗညားစိန် ကို မေးလိုက်သည်။ ဗညားစိန်သည် သက်တော်စောင့်ဟု ဆိုသော်လည်း အသက်မှာ ဆယ်ကျော်သက်အရွယ်ပင်ရှိသေး၏။

ဉီးအောင်လှ၏ ညီဝမ်းကွဲ စစ်ကဲ ပသိုင်း (နောင် မြဝတီမြို့စားဗညားပသိုင်း) မှ မွေးထားသည့် တူတော်စပ်သူဖြစ်သည်။

ဉီးအောင်လှက သမိန်ထော၏ ဘေးနားတွင် သူ၏ဆွေမျိုး လူငယ်တစ်ဉီးကို တမင်တကာ ထားထားခြင်းလည်းဖြစ်သည်။

“ဟံသာဝတီမှ အမတ်ကြီးဗညားဒလနဲ့ လက်ျာဗိုလ်တပ်တွေ ချီလာကြောင်း..စည်သံမောင်းသံတွေပါ အရှင်”

နှင်းသီရိစိတ္တာကမ်းပေးသော ရေလဲပုဆိုးကို သမိန်ထောက အလျင်အမြန်ဝတ်ဆင်လိုက်သည်။

“ဗညားစိန်...တပ်ဉီးကင်းဆီ သွားချေ..ဘာအကြောင်းထူးသလဲ..ပြီးရင် ပြန်လာပြော”

ဗညားစိန် က ယာယီတဲနန်းစခန်း၏ တပ်ဉီးကင်းဘက်ဆီသို့ ခပ်သုတ်သုတ်လျှောက်သွား၏။

သမိန်ထော အဝတ်အစားများ လဲပြီးချိန်တွင် ဗညားစိန် ပြန်ရောက်လာသည်။

လက်ထဲတွင် ထန်းဖူးစာနှစ်စောင်နှင့်။

“အမတ်ကြီးဗညားဒလက ဒီစာနှစ်စောင် ကြိုတင်ပါးလိုက်ပါတယ်”

သမိန်ထောက ငဆင်ငယ်လက်ထဲမှ စာနှစ်စောင်ကို ယူလိုက်ပြီး ပထမစာကို ဖြန့်ဖတ်လိုက်သည်။

“ဘုန်းတော်ကြီးမြတ်လှစွာသော ဟံသာဝတီပြည့်ရှင် ဆင်ဖြူ၊ ဆင်နီ၊ ဆင်ကြားတို့၏ သခင် သမိန်ထောဗုဒ္ဓက္ကိတ္ထိမင်းတရား၏ ဖဝါးတော်အောက် ကျွန်ုပ်တို့ ဟံသာဝတီမူးမတ်တစ်စုကိုယ်စား လျှောက်ထားပါသည်..ဘုရား”

ယခုအခါ ဟံသာဝတီနေပြည်တော် ရာဇပလ္လင်တွင် ကေသရာဇာနှင့်တူသော မင်းတရားမရှိသည့်အတွက် အအုပ်အသိမ်းအစီအရင်များမှာ မခိုင်လုံ မခန့်ညားရှိနေပါသဖြင့်..ဟံသာဝတီနေပြည်တော်သို့ ပြန်လည်ကြွချီစံမြန်းပါရန် လျှောက်ထားအပ်ပါသည်..ဘုရား”

နောက်ထပ် စာတစ်စောင်ကို ဖတ်ရန် ဖြန့်လိုက်သည်။

စာထဲတွင် နာမည်တစ်လုံးသာရေးထား၏။

“ဟံသာဝတီပြည့်ရှင် သေနာပတိရာဇာ ဗြမိုင်းဓိရာဇာနရာဓိပတိ”

သမိန်ထောက စာကို ဖတ်ပြီး မျက်မှောင်ကြုံ့လိုက်၏။

“ဒါက ဘာလဲ..ဗညားစိန်. ဗြမိုင်းဓိရာဇာနရာဓိပတိ ဆိုတာက ရော..ဘယ်သူလဲ”

“အဲ့ဒါ အမတ်ကြီးဗညားဒလ ပဲလေ”

“သူက ဟံသာဝတီပြည့်ရှင်ဆိုတော့..ဘာသဘောလဲ”

ဗညားစိန်က ဓားအိမ်ထဲမှ ဓါးကို ထုတ်လိုက်သည်။

“ပထမစာကို ဖြဲပစ်လိုက်ပါ...ပြီးရင် လက်သုံးတော်လူတစ်စုနဲ့အတူ..ဟံသာဝတီပိုင်နက်ထဲက အပြီးထွက်သွားပါ...ဉီးသာလှ..ဒါဟာ ဟံသာဝတီပြည့်ရှင်ဗြမိုင်းဓိရာဇာနရာဓိပတိမင်းရဲ့ အမိန့်ပဲ..မဟုတ်ရင်တော့..အမိန့်တော်အရ..ကွပ်မျက်ရပါလိမ့်မယ်”

“မင်း...မင်း”

“အချိန် တစ်နာရီရပါမယ်...တကယ်လို့ ဟံသာဝတီတပ်တွေ မရောက်လာခင်အထိ မထွက်ခွာရသေးဘူးဆိုရင်တော့...”

ဗညားစိန်၏ အနောက်ဘက်တွင် ကိုယ်ရံတော်တပ်သားများက ဓားသွားဖွေးဖွေးများဖြင့် သမိန်ထောကို ဝန်းရံလိုက်ကြသည်။

“ငါ သွားဖို့ ဆုံးဖြတ်ပြီးသားပါ..မင်းတို့ ရန်မူဖို့ မလိုပါဘူး..ကဲ..ငါသိမ်းဆည်းစရာရှိတာသိမ်းပြီး..ငါ့ကျွန်ရင်းတွေနဲ့ အခုပဲ ထွက်သွားမယ်”

ဗညားဒလဉီးဆောင်သည့် ဟံသာဝတီတပ်များ ရောက်ရှိလာသည့်အခါ ယာယီတဲနန်းစခန်းတွင် သမိန်ထော ၊ မိဖုရားနှင်းသီရိစိတ္တာတို့ မရှိကြတော့။

ဗညားစိန်နှင့် တပ်သားအချို့သာ ကျန်ရစ်တော့သည်။

လွန်ခဲ့သည့် နာရီပိုင်းကပင် ကျေးကျွန်ရင်း (၅၀) နှင့်အတူ ဆင်များဖြင့် ထွက်ခွာသွားကြပြီဖြစ်သည်။

အရာရာသည် ဉီးအောင်လှ ၏ အစီအစဉ်အတိုင်းဖြစ်လာခဲ့၏။

သမိန်ထောမရှိတော့သည့်အတွက် ထိုယာယီစခန်းတွင်ပင် မူးမတ်များ အစည်းအဝေးထိုင်ကြသည်။

လက်ျာဗိုလ်ကို မင်းမြှောက်ရန် ပြောဆိုကြသော်လည်း လက်ျာဗိုလ် က လက်မခံခဲ့။

နောက်ဆုံးတွင် ဗညားဒလဉီးအောင်လှအား ဟံသာဝတီဘုရင်အဖြစ် တင်မြှောက်ရန် အားလုံး သဘောတူလိုက်ကြသည်။

မကြာမီ ဆင်ကျားရှင်သမိန်ထော ဇင်းမယ်သို့ ထွက်ခွာသွားပြီဖြစ်ကြောင်း ဟံသာဝတီမြို့စောင့်တပ်များ ထံ အကြောင်းကြားလိုက်ကြ၏။

အကြောင်းကြားစာကို ရသည်နှင့် မြို့စောင့်တပ်မှူး တလပန်း က ယခင်က ဟံသာဝတီနန်းတွင် ခေတ္တဘုရင်ဖြစ်ခဲ့ဖူးသော အဝိုင်းရွာမှ နဲကို ခေါ် နိုင်စရင်းခိုင် ကို ရဟန်းဝတ်နေရာမှ ထပ်မံခေါ်ယူကာ နန်းတင်ထားခဲ့သည်။

သမိန်ထော နန်းစွန့်သွားသည်ကို အင်းဝမှ သတင်းရသွားလျှင် ဘုရင်မရှိသည့်ဟံသာဝတီကို အလျင်အမြန် လာရောက်တိုက်ခိုက်မည့်ဘေး၊ ရှင်ဘုရင်ထွက်ပြေးပြီဆိုသောသတင်းကြောင့် ပြည်သူများ၊ လက်အောက်ခံမြို့စားများ၊ နယ်ခြားတပ်များကြား ခြောက်ချားကြမည်ကို တွေးလျက် ဗညားဒလက ထိုသို့ ကြံစည်ခဲ့သည်။

သုံးလအကြာ ၁၇၄၆ တွင် စစ်တောင်းသို့ ချီတက်သွားသော တပ်များကို သုံးစုခွဲကာ ရှေ့ဆုံးတပ်ကို ဗညားဒလ၊ ဒုတိယတပ်ကို ညီတော်ဉီးအောင်မြ ၊ တတိယတပ်ကို လက်ျာဗိုလ်တို့က ဉီးစီးကာ ဟံသာဝတီသို့ ချီတက်ခဲ့ကြသည်။

ဗညားဒလ၏ တပ်များ ဟံသာဝတီသို့ ရောက်သည်နှင့် တလပန်း၏ တပ်များက ကြိုဆိုကြသည်။

မကြာမီ မကြာခဏလိုသုံးဘုရင်ဖြစ်နေသည့် နဲကို က ဗညားဒလကို လက်အုပ်ချီရှိခိုးပြီး ထီးနန်းကို အပ်သည်။

တပတ်ခန့်အကြာတွင် ဗညားဒလသည် ထီးနန်းဉကင်ဖွင့်ပွဲကျင်းပခဲ့ပြီး ဗြမိုင်းဓိရာဇာနရပတိ ဘွဲ့ဖြင့် ဟံသာဝတီရှင်ဘုရင်အဖြစ်ခံယူသည်။

သမီးတော်များသာရှိသည့်အတွက် ညီတော် ဉီးအောင်မြ ကို အိမ်ရှေ့ဉပရာဇာအဖြစ် ချီးမြှောက်သည်။

ဒုတိယညီတော်ကို ဗညားဒလ ဟူသော အမည်ကိုပင် ထပ်မံပေးသည်။ သမက် စောြဗ ကို သမိန်စောဗြ အမည်ဖြင့် မြို့စားအရာချီးမြှောက်ခဲ့သည်။

တလပန်းကို မဟာသေနာပတိရာထူးဖြင့် စစ်ဉီးစီးချုပ်အဖြစ် ခန့်အပ်လိုက်သည်။

လက်ျာဗိုလ်ကိုမူကား အတိုင်ပင်ခံအမတ်ကြီးအဖြစ် ထားရှိသည်။

သမိန်ထော၏ မိဖုရားဟောင်း သမီးတော် ဂမုန်း မှာ တပင်တိုင်မင်းသမီးအဖြစ် ချီးမြှောက်ထားရှိ၏။

လွီဇာသည်လည်း ဟံသာဝတီဆိပ်ကမ်းမှ ကန့်သတ်ကုန်များအားလုံးကို အခွန်ရာဖြတ်ပေးရသော တော်ဝင်ပွဲစားကုန်သည်ကြီးအဖြစ် နန်းတော်တွင်း ခစားခွင့်ပြုလိုက်သည်။

.................................................................................................................................................

ဉီးခေါင်းက ခပ်သေးသေး၊ ခန္ဓာကိုယ်က ခပ်ဝဝ ။

သူ့ခြေရင်းတွင် ဝပ်တွားနေသည့်သူ၏ အနေအထားကို ကိုးသိန်းသခင်က အသေအချာအကဲခတ်နေ၏။

၁၇၄၆ ခုနှစ် အယုဒ္ဓယ သံတမန်များ မရောက်မီကာလတွင်ပင် ဖိုသုံးဖို တစ်ဖို မီးတောက်မည် ဟူသော မင်းလောင် တဘောင်က အင်းဝတွင် ခေတ်စားလာခဲ့သည်။

အင်းဝပျက်ကိန်းဆီသို့ ဉီးတည်နေသည့် ထိုတဘောင်များခေတ်စားလာပြီးသည့်နောက် မဟာဓမ္မရာဇာဓိပတိမင်းသည် အနီးအနားနိုင်ငံများမှ ရှင်ဘုရင်များနှင့် မဟာမိတ်ဖွဲ့ရန်အတွက် သံအဖွဲ့များ စေလွှတ်ရန် ပြင်ဆင်ခဲ့သည်။

၁၇၄၁ ခုနှစ်၊ ဟံသာဝတီတွင် ဆင်ကျားရှင်နန်းတက်ပြီးနောက် အယုဒ္ဓယာသို့ ပြေးဝင်ခိုလှုံသွားသည့် အင်းဝလက်အောက်ခံ မုတ္တမမြို့စားမင်းရဲရာဇသူ နှင့် ချိတ်ဆက်ကာ အယုဒ္ဓယသို့ အင်းဝသံတမန်များ စေလွှတ်ခဲ့သည်။

၁၇၄၆ ခုနှစ် ဒီဇင်ဘာတွင် အယုဒ္ဓယမှ ဖရာ့သိဒ္ဓိသူထွန်အမတ်ကြီးခေါင်းဆောင်သည့် သံအမတ်များ အင်းဝသို့ ရောက်ရှိလာကြသည်။

ထိုအချိန်တွင် ထီးနန်းအပြောင်းအလဲဖြစ်ခါစ ဖြစ်သည့် ဟံသာဝတီသည် အင်းဝ နှင့် အယုဒ္ဓယ၏ ဆက်ဆံရေးအခြေအနေကို စိုးရိမ်တကြီးစောင့်ကြည့်နေခဲ့သည်။

ဟံသာဝတီသည် စစ်ရေးအရ အင်းဝ နှင့် အယုဒ္ဓယတို့ ကြားတွင် ရှိနေသောကြောင့် အယုဒ္ဓယသံတမန်များ အင်းဝတွင် ရှိနေစဉ် အင်းဝကို မတိုက်ရန် ဆုံးဖြတ်လိုက်သည်။

ထိုအခြေအနေကြောင့် အင်းဝသည် စစ်ပွဲများမှခေတ္တ ငြိမ်းချမ်းနေ၏။

ထိုသို့ ငြိမ်းချမ်းနေချိန်တွင် တဘောင်များပေါ်ထွန်းရာ ဖိုသုံးဖိုမှ မင်းလောင်းဆိုသူများကို စစ်ဆေးရန် မဟာဓမ္မရာဇာဓိပတိက ကိုးသိန်းသခင်ကို တာဝန်ပေးလိုက်ခြင်းဖြစ်သည်။

ကိုသိန်းသခင်သည် အုတ်ဖိုမှ ဂုဏ္ဏအိမ်မှာ အခိုင်အလုံဖြင့် ပုန်ကန်နေသဖြင့် စစ်ဆေးရန်အခွင့်မသာခဲ့။

နဂါးဖို ရွာမှ ရွှေနဂါးဗိုလ်မင်းသားခေါ် ငသာကျောက် ကို မူ သူ၏ ခြေရင်းသို့ ယခု ခေါ်ယူခဲ့ခြင်းဖြစ်သည်။

“ငသာကျောက်...မောင်မင်းက ဘိုးတော်အနောက်ဘက်လွန်မင်းကြီးရဲ့ အနွယ်အပါးလို့ ဆိုတယ်ဆို..ဟုတ်စ”

ငသာကျောက်မှာ ဆတ်ခနဲ တုန်သွား၏။

“ဆက်စပ်ကြည့်လျင်တော့ ဘိုးတော်မင်းတရားကြီးနဲ့ ဆွေမျိုးတော်စပ်ရုံပါ..ဘုရား”

ကိုးသိန်းသခင်က ကွမ်းဝါးလျက်က ပြုံးလိုက်သည်။

“အေးပါ..နှစ်ပေါင်းရာချီနေတဲ့သူကို ဆွေမျိုးစပ်မှတော့ ဘယ်လိုစပ်စပ်ရတာပ...ကဲ..ဆိုစမ်းပါဉီး..ရှင်ဘုရင်လောင်းကြီးလို့ ပြောနေကြတာဆို”

“မခံယူဝံ့ပါဘုရား..ကောလဟလတွေပါ”

ကိုးသိန်းသခင်က ရယ်လိုက်သည်။

“ခေါင်းသေး ကိုယ်ကြီးနဲ့..ဒီဘုရင်လောင်းဟာဖြင့်...အချိန်ဘယ်လောက်စီးမတုန်း..ငါသိချင်ပါဘိ”

ကိုးသိန်းသခင်က လက်သုံးတော်ဓားရှည်ကို ထုတ်လိုက်သဖြင့် ရွှေနဂါးငသာကျောက်မှာ အလန့်တကြားဖြင့် ခြေဖဝါးကို နဖူးဖြင့် အကြိမ်ကြိမ်လာထိသည်။

“မဝံ့စားဝံ့ပါ...အရှင့်အမှုတော်ကို ထမ်းဖို့ပါ..အရှင့်ကျွန်ပါ”

“အိမ်း..ထီးကနက် ဆိုတာ မတန်မရာမှန်းရင်...သေလမ်းကို စောစောမြန်းရတတ်သကွဲ့..ဟုတ်ပြီလား”

“မှန်ပါ..မဝံ့ကြောင်းပါ”

“သွားချေတော့..ငသာကျောက်”

ငသာကျောက်က လက်အုပ်ချီလျက် နောက်ဆုတ်ခါ ထွက်သွား၏။

“နောက်တစ်ယောက်က ဟိုမုဆိုးဖိုသူကြီးမဟုတ်လား..သင်းကို ခေါ်ချည်...ငမြတ်စံ”

စာရေးတော်ငမြတ်စံ က အဆောင်အပြင်သို့ ထွက်သွားသည်။

ခဏအကြာတွင် အောင်ဇေယျ ဝင်လာ၏။ ကိုးသိန်းသခင်အား ဒူးထောက်ကာ ဝပ်တွားလိုက်သည်။

“အောင်ဇေယျ...အရင်ကလို လူငယ်လေးမဟုတ်တော့ပဲကိုး..မြင်းခေါင်းသူကြီးတောင်ဖြစ်နေပြီပေါ့”

“မှန်ပါ”

အောင်ဇေယျက လက်အုပ်ချီလျက် ခေါင်းမော့လာသည်။ ရင်အုပ်ကို ဖြန့်ကားလျက် ကိုးသိန်းသခင်ကို ခပ်မတ်မတ် မော့ကြည့်လိုက်ခြင်းဖြစ်သည်။

“ရှင်ဘုရင်လောင်းဆို”

“အင်းဝရွှေနန်းတော်မှာ...မဟာဓမ္မရာဇာဓိပတိဘုရင်ရှိနေသမျှ ကျွန်တော်မျိုးရှင်ဘုရင်လောင်း မဖြစ်နိုင်ပါ..ကျွန်တော်မျိုးမှ မဟုတ် မည်သူမျှ ရှင်ဘုရင်လောင်းမဟုတ်ပါ..ဘုရား”

“နင့်မှာ လူသူဆွေမျိုးအင်အားက တောင့်တင်းတယ်ဆို..နင်တို့ မုဆိုးဖို့ ထန်းလုံးမြို့ကလည်း နာမည်အတော်ကြီးနေတာပဲ”

“မှန်ပါ...အင်းဝရဲ့ အရံတပ်မြို့အဖြစ် တာဝန်ယူပေးရုံပါ..မုဆိုးဖိုလုံခြုံရေးဟာ အင်းဝလုံခြုံရေးမို့..ကျွန်တော်မျိုး..ကြိုးစားတည်ဆောက်ခဲ့တာပါ”

“အင်း..မင်းကို မြင်တော့ လွီဇာမငယ်ကိုတောင် သတိရတယ်...ငချစ်ညိုတို့ မင်းတို့ လွီဇာမငယ် တို့ ငါကိုယ်တော် စသိချိန်က ငယ်ကြသေးတယ်နော်..အခုတော့လည်း မင်းရော..ငချစ်ညို ရောက ရှင်ဘုရင်စော်နံတယ်လို့ ပြောနေကြပါကလား”

အောင်ဇေယျက မည်သို့မျှ မတုန့်ပြန်။

“ဟဲ့..ပြောစမ်းပါဉီး....မင်းက....ရှင်ဘုရင်ဖြစ်ချင်တာလား...ရှင်ဘုရင်လောင်းဆိုတာ သေဒဏ်ဟေ့နော်”

“အခုကာလမှာ ကုန်းချောသွေးထိုးပြောကြတဲ့စကား၊ ကောလဟလ တဘောင်စကားတွေကို သာ လိုက် စနည်းနာကောက်ပြီး အပြစ်ဒဏ်ခတ်ရရင်..တစ်နိုင်ငံလုံးက ယောက်ျားကောင်းတွေ အကုန်သတ်မှသာဖြစ်တော့မယ်..ဘုရား..ကောလဟလလောက်နဲ့ ကိုယ့်အောက်က ရပ်ရွာခေါင်းဆောင်တစ်ယောက်ကို သတ်မယ်ဆိုလည်း..ကျွန်တော်မျိုးက ရင်ကော့ပေးရုံပါပဲ..ဘုရား”

ကိုးသိန်းသခင်၏ မျက်နှာတည်သွားသည်။

“အင်း..အောင်ဇေယျ..အောင်ဇေယျ...ကဲ..မင်း ပြန်လို့ရပြီ”

အောင်ဇေယျက လက်အုပ်ချီလျက် နောက်ဆုတ်ကာ ထွက်သွားသည်။

“ငမြတ်စံ..ဒီနားလာဉီး”

“မှန်ပ"

''ငါတို့ သူနေတဲ့ မုဆိုးဖိုမှာ ယာယီနန်းဆောက်ပြီး ကိန်းခန်းချေထားမှဖြစ်မယ်..စီစဉ်စရာရှိတာ စီစဉ်ထားတော့”

 

ခက်ဇော်

(Zawgyi)
AVA 1740s (Season 2)

                                                                       အခန္း(၁၉)

                                                             ...............................................

ႀကီးမားက်ယ္ျပန႔္လွေသာ သစ္တပ္ႀကီး။

အုတ္ဖိုေတာင္ေျခမွ ေကြ႕႐ြာမ်ားအားလုံးနီးပါးမွ ေကြ႕လူမ်ိဳးမ်ားသည္ ထိုသစ္တပ္ႀကီးအတြင္းတြင္ ဝင္ေရာက္စုေပါင္းေနထိုင္ၾကသည္မွာ တစ္ႏွစ္ပင္ရွိခဲ့ၿပီျဖစ္သည္။

ေကြ႕တို႔၏ ေခါင္းေဆာင္ ဂုဏၰအိမ္သည္ ေကြ႕ေစာ္ဘြားဘြဲ႕ကို ခံယူလိုက္သည္။

၁၇၄၆ တြင္ စားနပ္ရိကၡာရွားပါးမႈ၊ စစ္ပြဲမ်ားဆက္တိုက္ျဖစ္ပြားမႈေၾကာင့္ အင္းဝ တြင္ ငတ္မြတ္မႈႀကဳံၾကရသည္။

ငတ္မြတ္မႈႏွင့္အတူ အင္းဝလက္ေအာက္ခံနယ္မ်ားတြင္ လုယက္ဆိုးသြမ္းမႈမ်ား က ထိန္းမႏိုင္သိမ္းမရခဲ့။

ၿမိဳ႕႐ြာမ်ားမွ လူအင္အားရွိေသာ ေခါင္းေဆာင္မ်ားမွာ မိမိရပ္႐ြာကာကြယ္ေရးအတြက္ သစ္တပ္ဆူးတပ္မ်ား ကာရံေနခြင့္ကို အင္းဝနန္းေတာ္မွ ခြင့္ျပဳခဲ့ၿပီျဖစ္သည္။

ေဗဒင္ကိန္းခန္းမ်ားအရ မၾကာမီတြင္ အင္းဝနန္းေတာ္ႀကီး ပ်က္စီးေတာ့မည္ဟူေသာ ေကာလဟလမ်ားထြက္ေပၚေနသည္။

ဖိုသုံးဖိုတစ္ဖိုမီးေတာက္မည္ဟူေသာ တေဘာင္က လည္း ေပၚေပါက္လာသည္။

ထိုတေဘာင္အရ အုတ္ဖိုေတာင္ေျခမွ ေကြ႕ေခါင္းေဆာင္ ဂုဏၰအိမ္မွာ မင္းေလာင္း ဟု ေက်ာ္ၾကားလာ၏။

ထို႔ေၾကာင့္ အုတ္ဖိုအနီး မတၱရာမွ အၾကပ္ေထာ္ကန္ ၊ ဘယ္ေက်ာ္တို႔ ဉီးေဆာင္သည့္ မြန္လူမ်ိဳးမ်ားကလည္း ဂုဏၰအိမ္ႏွင့္ ပူးေပါင္းလာၾကသည္။

ဂုဏၰအိမ္၏ သစ္တပ္ႀကီးဆီသို႔ အေရွ႕ေျမာက္အရပ္ဆီမွ ျမင္းမ်ားႏွင့္ လားတန္းႀကီးတစ္ခု ဉီးတည္လာေန၏။

ထိပ္ဆုံးမွ ျမင္းတစ္စီးဆီမွ ကန္းပုေလြႀကီး မႈတ္သံ ထြက္ေပၚလာသည္။

သစ္တပ္ေပၚရွိ ေကြ႕စစ္သည္မ်ား လႈပ္လႈပ္ရွားရွားျဖစ္သြားၾက၏။

အထက္ေအာက္အျဖဴေရာင္ကို ဝတ္ဆင္ၿပီး ပုတီးတစ္ကုံးကို ဆြဲထားသည့္ ဂုဏၰအိမ္က သစ္တပ္အျပင္ဘက္လြင္ျပင္ကို ျမင္ရသည့္ နန္ကြန္းကုန္းေပၚသို႔ တက္လာသည္။

ထီးေတာ္မိုးတို႔က အေနာက္မွ အေျပးအလႊားလိုက္လာ၏။

မြန္အစုေခါင္းေဆာင္ျဖစ္ေသာ ေထာ္ကန္ ကလည္း ေနာက္မွ တက္လိုက္လာသည္။

“ဘယ္သူေတြလဲ..ေစာ္ဘြားႀကီး”

ဂုဏၰအိမ္က သြားမဲႀကီးမ်ား ေပၚေအာင္ ၿပဳံးလိုက္သည္။

“ပုေလြသံအရေတာ့..က်ဳပ္ႏွမ..ေအာင္ပြဲနဲ႔အတူ ျပန္လာခဲ့တာပဲ..ႀကိဳဆိုဖို႔ ျပင္ၾကရမယ္”

ခဏအၾကာတြင္ သစ္တပ္တြင္းရွိေကြ႕လူမ်ိဳးမ်ားမွာ အလုပ္ရႈပ္သြားၾကသည္။

ေကြ႕အမ်ိဳးသမီးမ်ား၏ စပါးေထာင္းသံမ်ားေပၚထြက္လာသည္။ ေမြးျမဴထားေသာ ဝက္အခ်ိဳ႕ထံမွ ေအာ္သံစူးစူးရွရွမ်ားထြက္လာ၏။

သူရိန္ေစာ စစ္ကိုင္းတြင္ က်ဆုံးၿပီးေနာက္ ဇနီးျဖစ္သူ နာလဲသည္ ငကက္၊ ငနက္တို႔ႏွင့္အတူ ေကြ႕တပ္၏ စစ္သူႀကီးမျဖစ္လာသည္။

နာလဲသည္ ေကြ႕႐ိုးရာအရ..ဘာသာေရးေခါင္းေဆာင္အမ်ိဳးသမီး သာလာမာ တစ္ဉီးလည္းျဖစ္သျဖင့္ ေကြ႕တို႔က နာလဲ ကို ဂုဏၰအိမ္ေနရာအားဆက္ခံမည့္ ေခါင္းေဆာင္အျဖစ္ ခံယူထားၾက၏။

ထို႔ေၾကာင့္ နာလဲ ၏ ေအာင္ပြဲအတြက္ ဟြန္ေတာင္ထီးေခၚဟင္းထုတ္ ႏွင့္ ဝက္သားမ်ား ခ်က္ရန္ ျပင္ဆင္ၾကျခင္းျဖစ္သည္။

သစ္တပ္တံခါးႀကီး ပြင့္သြား၏။

ငကက္ႏွင့္ ငနက္ကို ဝန္းရံလ်က္ နားလဲက ျမင္းညိဳႀကီးကို စီးကာ ေရွ႕ဆုံးမွ ဝင္လာသည္။

“နတ္ကြန္းကုန္းေပၚမွာ ေစာ္ဘြားႀကီး ေစာင့္ေနပါတယ္..သာလာမာ အရွင္မ”

နာလဲ က ေခါင္းညိတ္ျပလိုက္ၿပီး ျမင္းေပၚမွ ဆင္းလိုက္သည္။

“ငါ့ သားေလးေရာ”

“အထိန္းေတာ္ေတြ နဲ႔ ရွိပါတယ္..သခင္မ”

“ငနက္..တို႔လူေတြ ခရီးအေဝးႀကီးကလာၾကရတာ....သူတို႔အနားယူဖို႔ ရွင္တို႔စီစဥ္ေပးလိုက္ပါဉီး..ငကက္က ပါလာတဲ့ ပစၥည္းေတြနဲ႔ လားေတြကို ယူၿပီး အေပၚကို အရင္သြားလိုက္ပါ..ငါ သားေလးနဲ႔ ေတြ႕ၿပီးရင္ လာခဲ့မယ္”

အထိန္းေတာ္တစ္ဉီး က ကေလးငယ္ကို ခ်ီလာၿပီး နားလဲေရွ႕တြင္ ခ်ေပးလိုက္သည္။

သူ႔အနီးသို႔ ဆတ္ေတာက္ေတာက္ျဖင့္ လမ္းေလွ်ာက္လာေသာ ကေလးငယ္ကို နားလဲက ေပြ႕ခ်ီကာ နမ္းလိုက္၏။

ထို႔ေနာက္ ကေလးကို ခ်ီလ်က္ နတ္ကြန္းကုန္းေပၚသို႔ တက္လာ၏။

 

နန္းကြန္းေရွ႕ ကြက္လပ္တြင္ ဂုဏၰအိမ္ ႏွင့္ ေကြ႕ဘာသာေရးေခါင္းေဆာင္သာဗို မ်ား က စီတန္းထိုင္ေနၾက၏။

သူတို႔နေဘးတြင္ မြန္ေခါင္းေဆာင္မ်ားျဖစ္ေသာ ေထာ္ကန္ႏွင့္ ဗိုလ္ဘယ္ေက်ာ္။

ငကက္ႏွင့္ အဖြဲ႕က ေဘာ္တြင္းမွ သိမ္းဆည္းလာၾကသည့္ ေ႐ႊ၊ေငြမ်ားကို လားမ်ားေပၚမွ ခ်ေနၾက၏။

“ႏွမ...နင့္ကို အားလုံးေစာင့္ေနၾကတာ..ပ်ားဖေယာင္းနိမိတ္နဲ႔ ငါတို႔ ဆုံးျဖတ္ရမယ့္ အခ်ိန္ေရာက္ၿပီ”

“ဘာကိစၥကို ဆုံးျဖတ္ၾကမွာလဲ..အကို”

“ငါတို႔မွာ လူသူအင္အားအခိုင္အမာရွိၿပီ..ေဘာ္တြင္းက ငါ့ႏွမတို႔ ရလာတဲ့ ပစၥည္းဥစၥာေတြ နဲ႔ဆို လက္နက္ ရိကၡာ စုေဆာင္းဖို႔ရာလည္း ျပည္စုံၿပီ...ငါတို႔ အင္းဝကို အတိအလင္းပုန္ကန္ဖို႔ ဆုံးျဖတ္ရမယ့္ အခ်ိန္ပဲ..အဲ့ဒီအတြက္ သာဗိုေတြလည္း စုံညီေနၿပီ”

နာလဲ က ကေလးကို ခ်ီလ်က္ နတ္ကြန္းရွိရာသို႔ ေလွ်ာက္သြားသည္။

နတ္ကြန္းေပၚမွ ပ်ားဖေယာင္းတိုင္းက ၿငိမ္းလုဆဲဆဲ။

နာလဲက မ်က္လုံးမ်ားကို မွိတ္လိုက္ၿပီး တစ္စုံတစ္ရာ႐ြတ္ဖတ္လိုက္၏။ ထို႔ေနာက္ မ်က္လုံးကို ဖြင့္ၾကည့္လိုက္သည္။

ေကြ႕ေကာက္စြာ တက္သြားသည့္ ပ်ားဖေယာင္းမီးေခြးေငြ႕မ်ားကို နာလဲက ေသခ်ာၾကည့္ကာ အဓိပၸါယ္ ေဖာ္ေန၏။

သူမ၏ သားငယ္က ဖေယာင္းတိုင္ကို လက္ျဖင့္ လွမ္းဆုပ္ကိုင္လိုက္သည္။ အပူရွိန္ေၾကာင့္ ကေလးငယ္မွာ ဝါး ခနဲ ေအာ္ငိုေတာ့သည္။

နားလဲက အလန႔္တၾကားေနာက္ကို ဆုတ္လိုက္၏။

ငယ္စဥ္ကတည္းက ပ်ားဖေယာင္းနိမိတ္ေကာက္ရာအတြင္ အမွန္ကန္ဆုံးျဖစ္သည့္ သာလာမ နာလဲ၏ အေျဖကို အားလုံးက ေမွ်ာ္လင့္ေနၾကသည္။

“အရပ္ေလးမ်က္ႏွာက စစ္ပြဲေတြကို ျမင္ေနရတယ္...အင္းဝ ဟာ မီးဟုန္းဟုန္းေတာက္ေလာက္ၿပီး ပ်က္စီးသြားလိမ့္မယ္...ငါတို႔လည္း မျဖစ္မေန စစ္ပြဲထဲ ပါဝင္ရလိမ့္မယ္....ေနာက္ထပ္ ၿမိဳ႕ေတာ္အသစ္ႀကီးတစ္ခုျဖစ္ေပၚလာမယ္”

ဂုဏၰအိမ္က စိတ္လႈပ္ရွားစြာျဖင့္ နာလဲ အနားသို႔ ကပ္လာသည္။

“အဲ့ဒီၿမိဳ႕ေတာ္အသစ္ႀကီးဟာ ငါတို႔ အတြက္လား”

နာလဲက ေခါင္းခါလိုက္၏။

“အဲ့ဒါေတာ့ ငါမေျပာတတ္ဘူး..အကို...ပ်ားဖေယာင္းရဲ႕ မီးခိုးေငြ႕ေတြကေတာ့ ငါတို႔ကို ဇာတိေျမဆီကိုပဲ ၫႊန္ျပေနၾကတယ္...ဘာျဖစ္ျဖစ္ ငါတို႔ စစ္တိုက္မွ အသက္ရွင္ၾကမွာပဲ”

ဂုဏၰအိမ္က သူ႔အတြက္ ခင္းက်င္းထားသည့္ သစ္သားသလြန္ေပၚတြင္ သြားထိုင္လိုက္သည္။

“ငါတို႔ ဒီႏွစ္ မိုးကုန္တာနဲ႔ စစ္တိုက္ဖို႔အသင့္ျပင္ၾကမယ္”

နာလဲက ကေလးခ်ီလ်က္ ဂုဏၰအိမ္၏ ေဘးတြင္ မတ္တပ္ရပ္လိုက္၏။

“အင္းဝ မွာ ရွိေနတဲ့ ကသည္းေတြကိုလည္း တစ္ေယာက္မက်န္ သုတ္သင္ပစ္ရမယ္..အကို...ကသည္းမင္းသားဆန္ေဂ်းခူရာလက္ပ..ငါ့လက္နဲ႔ ေသရေစ့မယ္..ဗိုလ္မင္းသူရိန္ေစာအတြက္..အဖမဲ့သြားတဲ့..ငါ့သားေလးအတြက္..သူတို႔ျပန္ေပးဆပ္ၾကရမယ္”

အားလုံးတိတ္ဆိတ္သြားၾကသည္။

...........................................................................................................................

တိတ္ဆိတ္ေနေသာ ေတာတန္းတစ္ခုလုံးမွာ ႐ုတ္တရက္ ဆူညံပြက္ေလာ႐ိုက္သြား၏။

ေခ်ာင္းငယ္တစ္ခုထဲတြင္ ေရခ်ိဳးေနေသာ သမိန္ေထာ မွာ ေရထဲမွ အလ်င္အျမန္ ျပန္တက္လာၾကသည္။

“ဘာသံေတြလဲ....ဗညားစိန္”

သမိန္ေထာက သက္ေတာ္ေစာင့္ ဗညားစိန္ ကို ေမးလိုက္သည္။ ဗညားစိန္သည္ သက္ေတာ္ေစာင့္ဟု ဆိုေသာ္လည္း အသက္မွာ ဆယ္ေက်ာ္သက္အ႐ြယ္ပင္ရွိေသး၏။

ဉီးေအာင္လွ၏ ညီဝမ္းကြဲ စစ္ကဲ ပသိုင္း (ေနာင္ ျမဝတီၿမိဳ႕စားဗညားပသိုင္း) မွ ေမြးထားသည့္ တူေတာ္စပ္သူျဖစ္သည္။

ဉီးေအာင္လွက သမိန္ေထာ၏ ေဘးနားတြင္ သူ၏ေဆြမ်ိဳး လူငယ္တစ္ဉီးကို တမင္တကာ ထားထားျခင္းလည္းျဖစ္သည္။

“ဟံသာဝတီမွ အမတ္ႀကီးဗညားဒလနဲ႔ လက္်ာဗိုလ္တပ္ေတြ ခ်ီလာေၾကာင္း..စည္သံေမာင္းသံေတြပါ အရွင္”

ႏွင္းသီရိစိတၱာကမ္းေပးေသာ ေရလဲပုဆိုးကို သမိန္ေထာက အလ်င္အျမန္ဝတ္ဆင္လိုက္သည္။

“ဗညားစိန္...တပ္ဉီးကင္းဆီ သြားေခ်..ဘာအေၾကာင္းထူးသလဲ..ၿပီးရင္ ျပန္လာေျပာ”

ဗညားစိန္ က ယာယီတဲနန္းစခန္း၏ တပ္ဉီးကင္းဘက္ဆီသို႔ ခပ္သုတ္သုတ္ေလွ်ာက္သြား၏။

သမိန္ေထာ အဝတ္အစားမ်ား လဲၿပီးခ်ိန္တြင္ ဗညားစိန္ ျပန္ေရာက္လာသည္။

လက္ထဲတြင္ ထန္းဖူးစာႏွစ္ေစာင္ႏွင့္။

“အမတ္ႀကီးဗညားဒလက ဒီစာႏွစ္ေစာင္ ႀကိဳတင္ပါးလိုက္ပါတယ္”

သမိန္ေထာက ငဆင္ငယ္လက္ထဲမွ စာႏွစ္ေစာင္ကို ယူလိုက္ၿပီး ပထမစာကို ျဖန႔္ဖတ္လိုက္သည္။

“ဘုန္းေတာ္ႀကီးျမတ္လွစြာေသာ ဟံသာဝတီျပည့္ရွင္ ဆင္ျဖဴ၊ ဆင္နီ၊ ဆင္ၾကားတို႔၏ သခင္ သမိန္ေထာဗုဒၶကၠိတၳိမင္းတရား၏ ဖဝါးေတာ္ေအာက္ ကြၽႏ္ုပ္တို႔ ဟံသာဝတီမူးမတ္တစ္စုကိုယ္စား ေလွ်ာက္ထားပါသည္..ဘုရား”

ယခုအခါ ဟံသာဝတီေနျပည္ေတာ္ ရာဇပလႅင္တြင္ ေကသရာဇာႏွင့္တူေသာ မင္းတရားမရွိသည့္အတြက္ အအုပ္အသိမ္းအစီအရင္မ်ားမွာ မခိုင္လုံ မခန႔္ညားရွိေနပါသျဖင့္..ဟံသာဝတီေနျပည္ေတာ္သို႔ ျပန္လည္ႂကြခ်ီစံျမန္းပါရန္ ေလွ်ာက္ထားအပ္ပါသည္..ဘုရား”

ေနာက္ထပ္ စာတစ္ေစာင္ကို ဖတ္ရန္ ျဖန႔္လိုက္သည္။

စာထဲတြင္ နာမည္တစ္လုံးသာေရးထား၏။

“ဟံသာဝတီျပည့္ရွင္ ေသနာပတိရာဇာ ျဗမိုင္းဓိရာဇာနရာဓိပတိ”

သမိန္ေထာက စာကို ဖတ္ၿပီး မ်က္ေမွာင္ႀကဳံ႕လိုက္၏။

“ဒါက ဘာလဲ..ဗညားစိန္. ျဗမိုင္းဓိရာဇာနရာဓိပတိ ဆိုတာက ေရာ..ဘယ္သူလဲ”

“အဲ့ဒါ အမတ္ႀကီးဗညားဒလ ပဲေလ”

“သူက ဟံသာဝတီျပည့္ရွင္ဆိုေတာ့..ဘာသေဘာလဲ”

ဗညားစိန္က ဓားအိမ္ထဲမွ ဓါးကို ထုတ္လိုက္သည္။

“ပထမစာကို ၿဖဲပစ္လိုက္ပါ...ၿပီးရင္ လက္သုံးေတာ္လူတစ္စုနဲ႔အတူ..ဟံသာဝတီပိုင္နက္ထဲက အၿပီးထြက္သြားပါ...ဉီးသာလွ..ဒါဟာ ဟံသာဝတီျပည့္ရွင္ျဗမိုင္းဓိရာဇာနရာဓိပတိမင္းရဲ႕ အမိန႔္ပဲ..မဟုတ္ရင္ေတာ့..အမိန႔္ေတာ္အရ..ကြပ္မ်က္ရပါလိမ့္မယ္”

“မင္း...မင္း”

“အခ်ိန္ တစ္နာရီရပါမယ္...တကယ္လို႔ ဟံသာဝတီတပ္ေတြ မေရာက္လာခင္အထိ မထြက္ခြာရေသးဘူးဆိုရင္ေတာ့...”

ဗညားစိန္၏ အေနာက္ဘက္တြင္ ကိုယ္ရံေတာ္တပ္သားမ်ားက ဓားသြားေဖြးေဖြးမ်ားျဖင့္ သမိန္ေထာကို ဝန္းရံလိုက္ၾကသည္။

“ငါ သြားဖို႔ ဆုံးျဖတ္ၿပီးသားပါ..မင္းတို႔ ရန္မူဖို႔ မလိုပါဘူး..ကဲ..ငါသိမ္းဆည္းစရာရွိတာသိမ္းၿပီး..ငါ့ကြၽန္ရင္းေတြနဲ႔ အခုပဲ ထြက္သြားမယ္”

ဗညားဒလဉီးေဆာင္သည့္ ဟံသာဝတီတပ္မ်ား ေရာက္ရွိလာသည့္အခါ ယာယီတဲနန္းစခန္းတြင္ သမိန္ေထာ ၊ မိဖုရားႏွင္းသီရိစိတၱာတို႔ မရွိၾကေတာ့။

ဗညားစိန္ႏွင့္ တပ္သားအခ်ိဳ႕သာ က်န္ရစ္ေတာ့သည္။

လြန္ခဲ့သည့္ နာရီပိုင္းကပင္ ေက်းကြၽန္ရင္း (၅၀) ႏွင့္အတူ ဆင္မ်ားျဖင့္ ထြက္ခြာသြားၾကၿပီျဖစ္သည္။

အရာရာသည္ ဉီးေအာင္လွ ၏ အစီအစဥ္အတိုင္းျဖစ္လာခဲ့၏။

သမိန္ေထာမရွိေတာ့သည့္အတြက္ ထိုယာယီစခန္းတြင္ပင္ မူးမတ္မ်ား အစည္းအေဝးထိုင္ၾကသည္။

လက္်ာဗိုလ္ကို မင္းေျမႇာက္ရန္ ေျပာဆိုၾကေသာ္လည္း လက္်ာဗိုလ္ က လက္မခံခဲ့။

ေနာက္ဆုံးတြင္ ဗညားဒလဉီးေအာင္လွအား ဟံသာဝတီဘုရင္အျဖစ္ တင္ေျမႇာက္ရန္ အားလုံး သေဘာတူလိုက္ၾကသည္။

မၾကာမီ ဆင္က်ားရွင္သမိန္ေထာ ဇင္းမယ္သို႔ ထြက္ခြာသြားၿပီျဖစ္ေၾကာင္း ဟံသာဝတီၿမိဳ႕ေစာင့္တပ္မ်ား ထံ အေၾကာင္းၾကားလိုက္ၾက၏။

အေၾကာင္းၾကားစာကို ရသည္ႏွင့္ ၿမိဳ႕ေစာင့္တပ္မႉး တလပန္း က ယခင္က ဟံသာဝတီနန္းတြင္ ေခတၱဘုရင္ျဖစ္ခဲ့ဖူးေသာ အဝိုင္း႐ြာမွ နဲကို ေခၚ ႏိုင္စရင္းခိုင္ ကို ရဟန္းဝတ္ေနရာမွ ထပ္မံေခၚယူကာ နန္းတင္ထားခဲ့သည္။

သမိန္ေထာ နန္းစြန႔္သြားသည္ကို အင္းဝမွ သတင္းရသြားလွ်င္ ဘုရင္မရွိသည့္ဟံသာဝတီကို အလ်င္အျမန္ လာေရာက္တိုက္ခိုက္မည့္ေဘး၊ ရွင္ဘုရင္ထြက္ေျပးၿပီဆိုေသာသတင္းေၾကာင့္ ျပည္သူမ်ား၊ လက္ေအာက္ခံၿမိဳ႕စားမ်ား၊ နယ္ျခားတပ္မ်ားၾကား ေျခာက္ခ်ားၾကမည္ကို ေတြးလ်က္ ဗညားဒလက ထိုသို႔ ႀကံစည္ခဲ့သည္။

သုံးလအၾကာ ၁၇၄၆ တြင္ စစ္ေတာင္းသို႔ ခ်ီတက္သြားေသာ တပ္မ်ားကို သုံးစုခြဲကာ ေရွ႕ဆုံးတပ္ကို ဗညားဒလ၊ ဒုတိယတပ္ကို ညီေတာ္ဉီးေအာင္ျမ ၊ တတိယတပ္ကို လက္်ာဗိုလ္တို႔က ဉီးစီးကာ ဟံသာဝတီသို႔ ခ်ီတက္ခဲ့ၾကသည္။

ဗညားဒလ၏ တပ္မ်ား ဟံသာဝတီသို႔ ေရာက္သည္ႏွင့္ တလပန္း၏ တပ္မ်ားက ႀကိဳဆိုၾကသည္။

မၾကာမီ မၾကာခဏလိုသုံးဘုရင္ျဖစ္ေနသည့္ နဲကို က ဗညားဒလကို လက္အုပ္ခ်ီရွိခိုးၿပီး ထီးနန္းကို အပ္သည္။

တပတ္ခန႔္အၾကာတြင္ ဗညားဒလသည္ ထီးနန္းဉကင္ဖြင့္ပြဲက်င္းပခဲ့ၿပီး ျဗမိုင္းဓိရာဇာနရပတိ ဘြဲ႕ျဖင့္ ဟံသာဝတီရွင္ဘုရင္အျဖစ္ခံယူသည္။

သမီးေတာ္မ်ားသာရွိသည့္အတြက္ ညီေတာ္ ဉီးေအာင္ျမ ကို အိမ္ေရွ႕ဉပရာဇာအျဖစ္ ခ်ီးေျမႇာက္သည္။

ဒုတိယညီေတာ္ကို ဗညားဒလ ဟူေသာ အမည္ကိုပင္ ထပ္မံေပးသည္။ သမက္ ေစာျဗ ကို သမိန္ေစာျဗ အမည္ျဖင့္ ၿမိဳ႕စားအရာခ်ီးေျမႇာက္ခဲ့သည္။

တလပန္းကို မဟာေသနာပတိရာထူးျဖင့္ စစ္ဉီးစီးခ်ဳပ္အျဖစ္ ခန႔္အပ္လိုက္သည္။

လက္်ာဗိုလ္ကိုမူကား အတိုင္ပင္ခံအမတ္ႀကီးအျဖစ္ ထားရွိသည္။

သမိန္ေထာ၏ မိဖုရားေဟာင္း သမီးေတာ္ ဂမုန္း မွာ တပင္တိုင္မင္းသမီးအျဖစ္ ခ်ီးေျမႇာက္ထားရွိ၏။

လြီဇာသည္လည္း ဟံသာဝတီဆိပ္ကမ္းမွ ကန႔္သတ္ကုန္မ်ားအားလုံးကို အခြန္ရာျဖတ္ေပးရေသာ ေတာ္ဝင္ပြဲစားကုန္သည္ႀကီးအျဖစ္ နန္းေတာ္တြင္း ခစားခြင့္ျပဳလိုက္သည္။

.................................................................................................................................................

ဉီးေခါင္းက ခပ္ေသးေသး၊ ခႏၶာကိုယ္က ခပ္ဝဝ ။

သူ႔ေျခရင္းတြင္ ဝပ္တြားေနသည့္သူ၏ အေနအထားကို ကိုးသိန္းသခင္က အေသအခ်ာအကဲခတ္ေန၏။

၁၇၄၆ ခုႏွစ္ အယုဒၶယ သံတမန္မ်ား မေရာက္မီကာလတြင္ပင္ ဖိုသုံးဖို တစ္ဖို မီးေတာက္မည္ ဟူေသာ မင္းေလာင္ တေဘာင္က အင္းဝတြင္ ေခတ္စားလာခဲ့သည္။

အင္းဝပ်က္ကိန္းဆီသို႔ ဉီးတည္ေနသည့္ ထိုတေဘာင္မ်ားေခတ္စားလာၿပီးသည့္ေနာက္ မဟာဓမၼရာဇာဓိပတိမင္းသည္ အနီးအနားႏိုင္ငံမ်ားမွ ရွင္ဘုရင္မ်ားႏွင့္ မဟာမိတ္ဖြဲ႕ရန္အတြက္ သံအဖြဲ႕မ်ား ေစလႊတ္ရန္ ျပင္ဆင္ခဲ့သည္။

၁၇၄၁ ခုႏွစ္၊ ဟံသာဝတီတြင္ ဆင္က်ားရွင္နန္းတက္ၿပီးေနာက္ အယုဒၶယာသို႔ ေျပးဝင္ခိုလႈံသြားသည့္ အင္းဝလက္ေအာက္ခံ မုတၱမၿမိဳ႕စားမင္းရဲရာဇသူ ႏွင့္ ခ်ိတ္ဆက္ကာ အယုဒၶယသို႔ အင္းဝသံတမန္မ်ား ေစလႊတ္ခဲ့သည္။

၁၇၄၆ ခုႏွစ္ ဒီဇင္ဘာတြင္ အယုဒၶယမွ ဖရာ့သိဒၶိသူထြန္အမတ္ႀကီးေခါင္းေဆာင္သည့္ သံအမတ္မ်ား အင္းဝသို႔ ေရာက္ရွိလာၾကသည္။

ထိုအခ်ိန္တြင္ ထီးနန္းအေျပာင္းအလဲျဖစ္ခါစ ျဖစ္သည့္ ဟံသာဝတီသည္ အင္းဝ ႏွင့္ အယုဒၶယ၏ ဆက္ဆံေရးအေျခအေနကို စိုးရိမ္တႀကီးေစာင့္ၾကည့္ေနခဲ့သည္။

ဟံသာဝတီသည္ စစ္ေရးအရ အင္းဝ ႏွင့္ အယုဒၶယတို႔ ၾကားတြင္ ရွိေနေသာေၾကာင့္ အယုဒၶယသံတမန္မ်ား အင္းဝတြင္ ရွိေနစဥ္ အင္းဝကို မတိုက္ရန္ ဆုံးျဖတ္လိုက္သည္။

ထိုအေျခအေနေၾကာင့္ အင္းဝသည္ စစ္ပြဲမ်ားမွေခတၱ ၿငိမ္းခ်မ္းေန၏။

ထိုသို႔ ၿငိမ္းခ်မ္းေနခ်ိန္တြင္ တေဘာင္မ်ားေပၚထြန္းရာ ဖိုသုံးဖိုမွ မင္းေလာင္းဆိုသူမ်ားကို စစ္ေဆးရန္ မဟာဓမၼရာဇာဓိပတိက ကိုးသိန္းသခင္ကို တာဝန္ေပးလိုက္ျခင္းျဖစ္သည္။

ကိုသိန္းသခင္သည္ အုတ္ဖိုမွ ဂုဏၰအိမ္မွာ အခိုင္အလုံျဖင့္ ပုန္ကန္ေနသျဖင့္ စစ္ေဆးရန္အခြင့္မသာခဲ့။

နဂါးဖို ႐ြာမွ ေ႐ႊနဂါးဗိုလ္မင္းသားေခၚ ငသာေက်ာက္ ကို မူ သူ၏ ေျခရင္းသို႔ ယခု ေခၚယူခဲ့ျခင္းျဖစ္သည္။

“ငသာေက်ာက္...ေမာင္မင္းက ဘိုးေတာ္အေနာက္ဘက္လြန္မင္းႀကီးရဲ႕ အႏြယ္အပါးလို႔ ဆိုတယ္ဆို..ဟုတ္စ”

ငသာေက်ာက္မွာ ဆတ္ခနဲ တုန္သြား၏။

“ဆက္စပ္ၾကည့္လ်င္ေတာ့ ဘိုးေတာ္မင္းတရားႀကီးနဲ႔ ေဆြမ်ိဳးေတာ္စပ္႐ုံပါ..ဘုရား”

ကိုးသိန္းသခင္က ကြမ္းဝါးလ်က္က ၿပဳံးလိုက္သည္။

“ေအးပါ..ႏွစ္ေပါင္းရာခ်ီေနတဲ့သူကို ေဆြမ်ိဳးစပ္မွေတာ့ ဘယ္လိုစပ္စပ္ရတာပ...ကဲ..ဆိုစမ္းပါဉီး..ရွင္ဘုရင္ေလာင္းႀကီးလို႔ ေျပာေနၾကတာဆို”

“မခံယူဝံ့ပါဘုရား..ေကာလဟလေတြပါ”

ကိုးသိန္းသခင္က ရယ္လိုက္သည္။

“ေခါင္းေသး ကိုယ္ႀကီးနဲ႔..ဒီဘုရင္ေလာင္းဟာျဖင့္...အခ်ိန္ဘယ္ေလာက္စီးမတုန္း..ငါသိခ်င္ပါဘိ”

ကိုးသိန္းသခင္က လက္သုံးေတာ္ဓားရွည္ကို ထုတ္လိုက္သျဖင့္ ေ႐ႊနဂါးငသာေက်ာက္မွာ အလန႔္တၾကားျဖင့္ ေျခဖဝါးကို နဖူးျဖင့္ အႀကိမ္ႀကိမ္လာထိသည္။

“မဝံ့စားဝံ့ပါ...အရွင့္အမႈေတာ္ကို ထမ္းဖို႔ပါ..အရွင့္ကြၽန္ပါ”

“အိမ္း..ထီးကနက္ ဆိုတာ မတန္မရာမွန္းရင္...ေသလမ္းကို ေစာေစာျမန္းရတတ္သကြဲ႕..ဟုတ္ၿပီလား”

“မွန္ပါ..မဝံ့ေၾကာင္းပါ”

“သြားေခ်ေတာ့..ငသာေက်ာက္”

ငသာေက်ာက္က လက္အုပ္ခ်ီလ်က္ ေနာက္ဆုတ္ခါ ထြက္သြား၏။

“ေနာက္တစ္ေယာက္က ဟိုမုဆိုးဖိုသူႀကီးမဟုတ္လား..သင္းကို ေခၚခ်ည္...ငျမတ္စံ”

စာေရးေတာ္ငျမတ္စံ က အေဆာင္အျပင္သို႔ ထြက္သြားသည္။

ခဏအၾကာတြင္ ေအာင္ေဇယ် ဝင္လာ၏။ ကိုးသိန္းသခင္အား ဒူးေထာက္ကာ ဝပ္တြားလိုက္သည္။

“ေအာင္ေဇယ်...အရင္ကလို လူငယ္ေလးမဟုတ္ေတာ့ပဲကိုး..ျမင္းေခါင္းသူႀကီးေတာင္ျဖစ္ေနၿပီေပါ့”

“မွန္ပါ”

ေအာင္ေဇယ်က လက္အုပ္ခ်ီလ်က္ ေခါင္းေမာ့လာသည္။ ရင္အုပ္ကို ျဖန႔္ကားလ်က္ ကိုးသိန္းသခင္ကို ခပ္မတ္မတ္ ေမာ့ၾကည့္လိုက္ျခင္းျဖစ္သည္။

“ရွင္ဘုရင္ေလာင္းဆို”

“အင္းဝေ႐ႊနန္းေတာ္မွာ...မဟာဓမၼရာဇာဓိပတိဘုရင္ရွိေနသမွ် ကြၽန္ေတာ္မ်ိဳးရွင္ဘုရင္ေလာင္း မျဖစ္ႏိုင္ပါ..ကြၽန္ေတာ္မ်ိဳးမွ မဟုတ္ မည္သူမွ် ရွင္ဘုရင္ေလာင္းမဟုတ္ပါ..ဘုရား”

“နင့္မွာ လူသူေဆြမ်ိဳးအင္အားက ေတာင့္တင္းတယ္ဆို..နင္တို႔ မုဆိုးဖို႔ ထန္းလုံးၿမိဳ႕ကလည္း နာမည္အေတာ္ႀကီးေနတာပဲ”

“မွန္ပါ...အင္းဝရဲ႕ အရံတပ္ၿမိဳ႕အျဖစ္ တာဝန္ယူေပး႐ုံပါ..မုဆိုးဖိုလုံၿခဳံေရးဟာ အင္းဝလုံၿခဳံေရးမို႔..ကြၽန္ေတာ္မ်ိဳး..ႀကိဳးစားတည္ေဆာက္ခဲ့တာပါ”

“အင္း..မင္းကို ျမင္ေတာ့ လြီဇာမငယ္ကိုေတာင္ သတိရတယ္...ငခ်စ္ညိဳတို႔ မင္းတို႔ လြီဇာမငယ္ တို႔ ငါကိုယ္ေတာ္ စသိခ်ိန္က ငယ္ၾကေသးတယ္ေနာ္..အခုေတာ့လည္း မင္းေရာ..ငခ်စ္ညိဳ ေရာက ရွင္ဘုရင္ေစာ္နံတယ္လို႔ ေျပာေနၾကပါကလား”

ေအာင္ေဇယ်က မည္သို႔မွ် မတုန႔္ျပန္။

“ဟဲ့..ေျပာစမ္းပါဉီး....မင္းက....ရွင္ဘုရင္ျဖစ္ခ်င္တာလား...ရွင္ဘုရင္ေလာင္းဆိုတာ ေသဒဏ္ေဟ့ေနာ္”

“အခုကာလမွာ ကုန္းေခ်ာေသြးထိုးေျပာၾကတဲ့စကား၊ ေကာလဟလ တေဘာင္စကားေတြကို သာ လိုက္ စနည္းနာေကာက္ၿပီး အျပစ္ဒဏ္ခတ္ရရင္..တစ္ႏိုင္ငံလုံးက ေယာက္်ားေကာင္းေတြ အကုန္သတ္မွသာျဖစ္ေတာ့မယ္..ဘုရား..ေကာလဟလေလာက္နဲ႔ ကိုယ့္ေအာက္က ရပ္႐ြာေခါင္းေဆာင္တစ္ေယာက္ကို သတ္မယ္ဆိုလည္း..ကြၽန္ေတာ္မ်ိဳးက ရင္ေကာ့ေပး႐ုံပါပဲ..ဘုရား”

ကိုးသိန္းသခင္၏ မ်က္ႏွာတည္သြားသည္။

“အင္း..ေအာင္ေဇယ်..ေအာင္ေဇယ်...ကဲ..မင္း ျပန္လို႔ရၿပီ”

ေအာင္ေဇယ်က လက္အုပ္ခ်ီလ်က္ ေနာက္ဆုတ္ကာ ထြက္သြားသည္။

“ငျမတ္စံ..ဒီနားလာဉီး”

“မွန္ပ"

''ငါတို႔ သူေနတဲ့ မုဆိုးဖိုမွာ ယာယီနန္းေဆာက္ၿပီး ကိန္းခန္းေခ်ထားမွျဖစ္မယ္..စီစဥ္စရာရွိတာ စီစဥ္ထားေတာ့”

 

ခက္ေဇာ္

Comments

Post a Comment