AVA S2 (အခန်း ၁၈)

AVA 1740s (Season 2)

                                                                       အခန်း(၁၈)

                                                             ...............................................

၁၇၄၅ ခုနှစ်၊ မေလ။ ဟံသာဝတီ။

ကျိုင်းတုံတံခါးပေါက်ဆီမှ စည်တော်ယွမ်းသံများ၊ အောင်မောင်းတီးခတ်သံများ ညံထွက်နေ၏။

စစ်တောင်းအရပ်တွင် ဆင်ဖြူပေါ်နေသည်ဆိုသည့် သတင်းအရ ဟံသာဝတီဘုရင် သမိန်ထော သည် ကိုယ်တော်တိုင် ဆင်ကျော့ထွက်မည်ဖြစ်သည်။

ဇင်းမယ်မိဖုရား နှင်းသီရိစိတ္တာ၊ ကိုယ်လုပ်တော်အချို့နှင့် နောက်လိုက်နောက်ပါ လူသုံးရာ အတူလိုက်ပါကြမည်ဖြစ်၏။

စစ်တောင်းအထိ လိုက်ပို့မည့် အမတ်ချုပ်ကြီး ဉီးအောင်လှ၊ အမတ်ကြီး ဒေါစွယ်ယစက်တို့က လည်း ဆင်ကိုယ်စီဖြင့်။

ဟံသာဝတီမြို့တံခါးမှ ထွက်သည်နှင့် သမိန်ထောသည် မြို့ကို သမင်လည်ပြန် လှည့်ကြည့်လိုက်သည်။

သူ၏ မျက်လုံးများကား ခွဲခွာခါနီး နှုတ်ဆက်သည့် အကြည့်မျိုး။

“မောင်ဘုရား..ဘယ်တုန်းကမှ မပိုင်ခဲ့တဲ့ မြို့ကြီးပေါ့...နှင်းသီရိရယ်”

“နှမတော် အတွက်တော့ မောင်ဘုရားက အမြဲတမ်း ဟံသာဝတီရဲ့ ရှင်ဘုရင်ကြီးပါပဲ...မကြာခင်မှာ ဒီထီးဒီနန်းဟာ မောင်ဘုရားအတွက် ဖြစ်လာမှာပါ”

သမိန်ထောက ခေါင်းကို ငုံ့ထားလိုက်သည်။ နှင်းသီရိစိတ္တာက သမိန်ထော၏ လက်ဖဝါးကို အသာဖျစ်ညှစ်ဆုပ်ကိုင်ပေးထား၏။

“သူ..ဒီဘက်ကို လှည့်ကြည့်နေတာမဟုတ်လား...ဂမုန်း”

မြို့ရိုးပေါ်တွင်ထိုင်နေသည့် လွီဇာက ဘေးနားမှ ဂမုန်းကို ပြောလိုက်သည်။

“ဟုတ်တယ်..မမလွီဇာ...သူ ဒီမြို့ကို ပြန်လာရဖို့ မသေချာတော့ဘူး”

“ဂမုန်း...တကယ်ပဲ..သူ့ကို ခွဲနိုင်ခဲ့တာလား..စွန့်လွှတ်နိုင်ခဲ့တာလား”

ဂမုန်းက ဟံသာဝတီမြို့၏ ဆန့်ကျင်ဘက်သို့ ထွက်ခွာနေသော လူတန်းကြီးကို ငေးနေသည်။

“မမလွီဇာ သိပါတယ်....တကယ်လို့သာ ဒီလမ်းကို မရွေးရင်..အဖက သူ့ကို သတ်တော့မှာ..နန်းတော်ပေါ်မှာ အဆိပ်ခတ်လုပ်ကြံဖို့တောင် အစီအစဉ်တွေ ဆွဲထားပြီးပြီ”

“အဲ့ဒါကို ဂမုန်းက ဘယ်လိုလုပ်သိတာလဲ”

“ဒီလိုပဲ..နန်းတော်ထဲမှာ သတင်းတွေထွက်နေတာ..အဲ့ဒါ သူလည်းသိသွားတော့ အရမ်းကြောက်နေတာ..ဒါနဲ့ ဂမုန်းဆီလာပြီး သူ ဒီထီးနန်းကနေ အသာအယာထွက်သွားမယ်..သူ့ ဇင်းမယ်သူနဲ့အတူတူ လန်ဖုန်းကို သွားနေတော့မယ်..သူ့ကို လမ်းခရီးအစောင့်အရှောက်အတွက်တော့ လူတွေထည့်ပေးလိုက်ပါ..ဟံသာဝတီကို ဘယ်တော့မှ ပြန်မလာတော့ပါဘူးဆိုပြီး လာပြောတယ်..ဒါနဲ့...ဂမုန်းလည်း အဖဆီကနေ ကတိခံပေးလိုက်တာ...သူ ဂမုန်းကို မချစ်ပေမယ့်..ဂမုန်းကတော့ သူသေမယ့်ကိစ္စကို တားနိုင်သမျှ တားပေးရမှာပဲ..မဟုတ်လား”

လွီဇာက ပြုံးလိုက်သည်။

“ဂမုန်း အဖ က သိပ်ပါးနပ်တဲ့လူ...ဘယ်တော့မှ ရှင်ဘုရင်ကို နန်းတော်ထဲ လုပ်ကြံမှာ မဟုတ်ဘူး... ဒီနန်းက သူလုယူစရာမလိုပဲ..အလိုလို သူ့လက်ထဲ ရောက်လာတဲ့ အခင်းအကျင်းမျိုး ကို သူ တမင်တကာ စီမံထားတာပဲ..ဂမုန်း”

“ဂမုန်း အခုချိန်မှာ ဘယ်လိုခံစားရလဲ..မေးရင်...ရင်ထဲမှာ ထုံကျင်နေတာပဲသိတယ်...သူနဲ့ပတ်သက်ပြီး ဘာမှလည်း မမျှော်လင့်တော့ဘူး...ပြီးတော့ မိဖုရားဆိုတဲ့ ဘဝကြီးကိုလည်း မလိုချင်တော့ဘူး..မမလွီဇာ..အဲ့ဒါ ဘာဖြစ်သွားတာလဲ..သူ့ကိုမုန်းသွားတာလားဟင်”

ထိုအချိန်တွင် မိန်းမစိုး တစ်ဉီးက ဒူးတုပ်လျက် အနီးသို့ ကပ်လာသည်။

“ဗိုလ်မှူးတလပန်းက ခစားခွင့်တောင်းနေပါတယ်...မိဖုရားခေါင်ကြီး”

တလပန်းဆိုသည် အသံကြားသည်နှင့် ဂမုန်း၏ မျက်လုံးများမှာ အရောင်လက်သွားသည်ကို လွီဇာ သတိထားမိလိုက်သည်။

လွီဇာက မလှမ်းမကမ်းတွင် မတ်တပ်ရပ်နေသော တလပန်းကို ကြည့်လိုက်သည်။

တလပန်းက သူတို့ကို အဝေးမှ ပြုံးပြနေ၏။

“ကဲ..ကျွန်တော်မကို ခွင့်ပြုပါဉီး..မိဖုရားခေါင်ကြီး”

“ဟင်...မမလွီဇာ..နေပါဉီး..အခုမှ စကားကောင်းနေတာကိုး”

“ကျွန်တော်မကိုယ်စား ဗိုလ်မှူးတလပန်း က စကားတွေပြောပေးပါလိမ့်မယ်”

“ဟာ..မမလွီဇာကလည်း...သူနဲ့ ဂမုန်းက ဒီတိုင်း ခင်ကြတာပါ”

ဂမုန်းက ရှက်စနိုးဖြင့် ပြုံးရင်း ဆိုလိုက်သည်။

“မမလွီဇာရဲ့ ဂမုန်းလေးက...အခုမှ တကယ် ကိုယ့်ကိုကိုယ်ရှာဖွေတွေ့ရှိသွားတာပါ”

လွီဇာက ဂမုန်းအနီးမှ ထွက်ခွာခါနီး အသံတိုးတိုးဖြင့် ပြောကာ ထွက်ခွာသွား၏။

“ကုန်သည်တော်ကြီး ပြန်တော့မလို့လား”

တလပန်း က လွီဇာကို လှမ်းမေးလိုက်သည်။

“မိဖုရားကြီးက စကားပြောဖော်လိုနေတာ..ရှင် သူ့ကို ဂရုစိုက်ဆက်ဆံပေးပါ..တလပန်း”

တလပန်း ကာ လွီဇာကို အစွမ်းကုန်ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

၁၇၄၆ ဇန်နဝါရီ တိုင်ခဲ့ပေပြီ။

စစ်တောင်းသို့ ဆင်ကျော့သွားသည်ဆိုသော သမိန်ထောဘုရင်မှာ ဟံသာဝတီသို့ ပြန်မရောက်လာခဲ့။

ဘုရင်မရှိသည့် နန်းတော်အတွက် ဉီးအောင်လှ၏ ဉီးဆောင်မှုဖြင့် အရေးပေါ် ညီလာခံ ကျင်းပနေကြသည်။

အကြောင်းအရင်းမှာ ၁၇၄၅ နှစ်ကုန်ပိုင်းတွင် ပြည်မြို့သို့ ပြန်သွားသော ဗိုလ်မှူးဗညားကျော် တပ်များက ဟံသာဝတီမှ အမိန့်ကို မစောင့်တော့ပဲ အင်းဝတပ်များရှိရာ မလွန်တပ်ကို ရေကြောင်းမှ အလစ်ဝင်ရောက်တိုက်ခိုက်ကြသည်။

ထိုရေကြောင်းတိုက်ပွဲတွင် ဗိုလ်မှူးဗညားကျော် ကျဆုံးသွားခဲ့ပြီး ဟံသာဝတီတပ်များလည်း ပြန်လည်ဆုတ်ခွာခဲ့ရသည်။

မကြာမီ ဟံသာဝတီနှင့် အင်းဝစစ်ပွဲများ ပြန်လည်စတင်မည့် အခြေအနေက ဖြစ်ပေါ်လာပြီဖြစ်သည်။

ထို့ကြောင့် ဟံသာဝတီတွင် ရှင်ဘုရင်ရှိရန် လိုအပ်လာခဲ့ပြီ။

မူးမတ်များအားလုံးမှာလည်း ဉီးအောင်လှ စနက်ကြောင့် ဆင်ကျားရှင်သမိန်ထောမှ စစ်တောင်းမှ ပြန်မလာခြင်းဖြစ်ကြောင်း သိရှိကြသည်။

“နှစ်ပြည်ထောင်စစ်ပွဲဖြစ်တဲ့အခါ...ရှင်ဘုရင်ဆိုတာ ထီးနန်းနဲ့ မကင်းကွာပဲ..ရာဇပလ္လင်ပေါ်မှာ ရှိနေမှသာ အဆင်ပြေတာပါ...ဗညားဒလအမတ်ကြီး အနေနဲ့ တစ်ခုခုတော့ လုပ်ဖို့သင့်ပါပြီ”

အမတ်စောြဗပုံရွတ်က ပြောလိုက်သည်။

ဉီးအောင်လှထံမှ ပြန်ကြားလာမည့်စကားကို မူးမတ်များအားလုံးက ရင်တထိတ်ထိတ်စောင့်နေကြ၏။

“အင်း..ဒီလိုဆိုတော့လည်း...ရှင်ဘုရင်ကို ကျုပ်နဲ့ လက်ျာဗိုလ်ကိုယ်တိုင် စစ်တောင်းအထိ လိုက်ခေါ်ရတော့မှာပေါ့ဗျာ”

ဉီးအောင်လှ စကားကြောင့် အမတ်များမှာ တအံတဩဖြစ်ကုန်ကြသည်။

ညီလာခံဆဲပြီးသည့်နောက် ဉီးအောင်လှ ၏ အိမ်တော်သို့ လက်ျာဗိုလ်၊ တလပန်း၊ သမက်စောဗြ နှင့် လွီဇာတို့ ရောက်ရှိလာကြ၏။

“အမတ်ကြီးအနေနဲ့ ထီးနန်းကို သိမ်းပိုက်ချင် သိမ်းလို့ရနေပါရက်နဲ့ ဘာလို့များ သမိန်ထောကို သွားခေါ်ဉီးမယ်လို့ ပြောရတာလဲ”

တလပန်း မေးခွန်းကို ဉီးအောင်လှက ပြုံးလိုက်သည်။

ထို့နောက် အီတလီပြည်ဖြစ် ဘီဒိုကြီးထဲမှ ပေစာလိပ်များကို ယူကာ ရှေ့သို့ ချပေးလိုက်၏။

“ဒါတနင်္ဂနွေမင်းလက်ထက်က ဉီးကုလားရေးတဲ့ ရာဇဝင်ကျမ်းပဲ...ဒီထဲမှာ ငရမန်ကန်းအကြောင်းပါသလို...ကျန်စစ်သားအကြောင်းလည်းပါတယ်...ရာဇဝင်မှာ. ရှင်ဘုရင်ကို နန်းလုပုန်ကန်တဲ့ ငရမန်ကန်းလို့ မှတ်တမ်းတင်ခံချင်သလား...ပြည်သူက အသာတကြည်နန်းအပ်လို့ လိုအပ်ချက်အရ ရှင်ဘုရင် လုပ်လိုက်ရပါတယ်ဆိုတဲ့ ကျန်စစ်သား လို မှတ်တမ်းတင်ခံချင်လား..တလပန်း”

တလပန်းက ဉီးအောင်လှ၏ စကားကို စဉ်းစားပြီး မျက်ခုံးတွန့်လိုက်သည်။

“လွီဇာ တို့ဘက်ကရော...မွန်စီယာဘရူနို နဲ့ အဆက်အသွယ်အခြေအနေ ဘယ်လိုရှိမလဲ”

“ဖာသာနာရေနီ လက်ထဲကို လက်ျာဗိုလ်ကိုယ်တိုင် စာထည့်ပေးလိုက်ပါတယ်...ဖာသာနာရေနီ အနေနဲ့ ကျွန်မတို့အပေါ် ဘယ်လောက် ယုံကြည်တယ်ဆိုတဲ့ပေါ်ပဲ မူတည်တာပေါ့...သန်လျင်ကို သူပြန်လာပြီး သာသနာပြုချင်သေးတယ်ဆိုရင်တော့..အဲ့ဒီစာဟာ ပွန်ဒီချယ်ရီကို သေချာပေါက်ရောက်မှာပါ..ဉီးအောင်လှ”

“အင်း...ဟံသာဝတီကို သူသေချာပေါက်ပြန်လာမှာပါ...ဟုတ်တယ်မဟုတ်လား..လက်ျာဗိုလ်”

ဉီးအောင်လှ က လက်ျာဗိုလ်ကို လှမ်းမေးလိုက်သည်။

ထိုမေးခွန်းကြောင့် လက်ျာဗိုလ်မှာ ပတ်ဝန်းကျင်မှ သူများထံ မျက်လုံးဝေ့ကြည့်ပြီး မျက်နှာပျက်သွား၏။

သူနှင့် ဖာသာနာရေနီ အကြောင်းသည် ဟံသာဝတီအသိုင်းအဝိုင်းအကြား တီးတိုးဟာသဖြစ်နေခဲ့သည်ကို လက်ျာဗိုလ် သိထားပြီးဖြစ်သည်။

“အင်း...ဒါကတော့..ကျွန်တော်လည်း ဘယ်ပြောတတ်မလဲ..အမတ်ကြီး.. သူ့ပေါ်မူတည်ပါတယ်”

“နောက်တစ်ခုက လက်ျာဗိုလ်နဲ့ ကျုပ် နဲ့ စစ်တောင်းကို လိုက်သွားမယ်..အဲ့ဒီလို လိုက်သွားတဲ့အခါမှာ စစ်အင်္ဂါအပြည့်အစုံနဲ့ ခင်းသွားကြမယ်...တောထဲရောက်တာနဲ့..တိုက်ဆင်တွေကို ချွန်းဖွင့်ပြီး စစ်ဟန်ကစားပြီး ဝင်မယ်..စစ်စည်စစ်မောင်းတီးသမားတွေကိုလည်း တပ်တတပ်ဖြည့်ပြီး ခေါ်လာခဲ့ပေးပါ..အဲ့ဒါကို သေချာမှတ်ထားပေးပါ”

“သမိန်ထောကို ပြန်ခေါ်မှာပဲ..အဲ့ဒီလောက် လိုအပ်လို့လား..အမတ်ကြီး”

လက်ျာဗိုလ် က မေးလိုက်၏။

“ကဲ..အခုန ကျုပ် ပြောပြီးပါပကော..ကျန်စစ်သားဟာ လက်ရှိရှင်ဘုရင်စောလူးကို သွားခေါ်ပါသေးတယ်...စောလူးက မယုံကြည်ပဲ အော်လို့ ရန်သူ့လက်ထားခဲ့ပြီး မူးမတ်တွေ လျှောက်ထားချက်အရ သူက ရှင်ဘုရင်လုပ်လိုက်ရတယ်မဟုတ်လား..အခုကျုပ်တို့ ဇာတ်လမ်းကလည်း..အဲ့ဒီလိုပဲ..ဖြစ်ရမယ်လေ”

ဉီးအောင်လှ စကားအဆုံးတွင် အခန်းတစ်ခုလုံး ငြိမ်သက်သွားသည်။

“ဒီမှာ..လက်ျာဗိုလ်...ရှင်းရှင်းပြောရရင်.ကျုပ်က သမိန်ထောကို ပြန်ခေါ်မှာမဟုတ်ဘူး..နှင်ထုတ်မှာ..ဟုတ်ပြီလား..ပြီးရင်...မူးမတ်တွေက ခင်ဗျားလက်ထဲ ထီးနန်းအပ်ကြလိမ့်မယ်...ခင်ဗျားက ငြင်းပြီး..ကျုပ်ကို ထီးနန်းပေးဖို့ တောင်းဆိုရမယ်..အားလုံးက ကျုပ် အစီအစဉ်တကျ စီစဉ်ပြီးသားတွေပဲ..သမိုင်းမှာလည်း ကျုပ်အကြောင်းကို ဒီလိုပဲ ရေးကြရလိမ့်မယ် ”

ဉီးအောင်လှက လေသံကို နှိမ့်ကာ ပြောလိုက်သည်။

ထင်ထားသည်ထက် ပို ပိရိသေသပ်သော အကြံအစည်များကြောင့် လွီဇာ ပင် ဉီးအောင်လှ ကို တအံတဩဖြစ်ရ၏။

.................................................................................................

“အား...ကြောက်ပါပြီဗျ”

၁၇၄၆ မေလ.. နမ္မတူဘော်တွင်း၏ နံနက်ခင်း ကား နာနာကြင်ကြင် အော်လိုက်သည့် ယောက်ျားတစ်ဉီး၏ အသံဖြင့် ဖုန်းလွှမ်းသွားသည်။

ဘော်တွင်းတွင် တူးဖော်နေကြသည့် အလုပ်သမားများမှာ ဘဝတူ အလုပ်သမားတစ်ဉီး၏ မချိမဆန့်အော်သံကို ကြားကြသော်လည်း လုပ်မြဲအလုပ်ကို ဆက်လုပ်နေကြရ၏။

ဘော်တွင်းအုပ်ချုပ်ရေးရုံးတော်..ရှေ့မြေကွက်လပ်တွင် ရှမ်းဘောင်းဘီဝတ်ထားသည့် လူတစ်ဉီးမှာ ဒူးထောက်လျက်။

 လည်ပင်းနှင့် လက်နှစ်ဖက်ကို အပေါက်ဖောက်ထားသော ပျဉ်းပြားချပ်ကြီးဖြင့် တတွဲတည်း ချုပ်နှောင်ထားသည်။

နဖူးအပြောင်ရိတ်ထားပြီး ကျစ်ဆံမြီးအရှည်ကို နောက်ကျောချထားသည့် အရပ်ပုပု ဗလတောင့်တောင့် လူ က သုံးကြိုးကျစ်ထားသော ကျာပွတ်ကို လေထဲသို့ တရွှမ်းရွှမ်းယမ်းခါနေ၏။

လူငယ်၏ ကျောကုန်းတွင် သွေးစို့နေသော အမြှောင်းရာကြီးများက ဖောင်းထနေသည်။

အုပ်ချုပ်ရေးရုံးတော် ရှေ့သို့ စားလက်စ ခေါက်ဆွဲပန်းကန်ကို ကိုင်လျက် အသားဖြူဖြူ၊ ပိန်ရှည်ရှည်ဖြင့် လူတစ်ယောက်ထွက်လာသည်။

“အားကျင့်..ဘယ့်နှစ်ချက်ရှိပြီလဲ”

တရုတ်ဘာသာဖြင့် မေးလိုက်ခြင်းဖြစ်သည်။

“ရှစ်ချက်ရှိပါပြီ..ထွန်းတာရဲ”

“မြန်မြန်ရိုက်ကွာ..ဒီကောင်အော်အော်နေတာနဲ့ ငါ စားရတာတောင် နင်တယ်”

“ဟုတ်ကဲ့ပါ..ထွန်းတာရဲ”

ထွန်းတာရဲ။

ဗန်းမော်မြို့ဖွား တရုတ်မြန်မာကပြားတစ်ယောက်ဖြစ်ပြီး မြန်မာအမည်မှာ ငထွန်းဖြစ်သည်။

နမ္မတူဘော်တွင်းသို့ (၁၅)ရာစုနှစ်မှစတင်ပြီး တရုတ်ပြည်မှ ဘော်တူးဖော်ကြိုချက်သမားများ လာရောက်ကာ လုပ်ကိုင်ကြသည်။

ဘော်တွင်းကုန်သည်များက အင်းဝလက်အောက်ခံဖြစ်သော သိန္နီစော်ဘွား နှင့် သီပေါစော်ဘွားတို့ကို အခွန်အတုတ်များ တလှည့်စီ ပေးကာ လုပ်ကိုင်ကြရခြင်းဖြစ်သည်။

၁၇၄၀ ကျော်ကာလများတွင် အင်းဝ၏ ဩဇာမှာ ရှမ်းတောင်တန်းစော်ဘွားများအပေါ် သိသိသာသာ ကျဆင်းလာသည်။

ထိုအခြေအနေတွင် သိန္နှီ နှင့် သီပေါ ဟော်နှစ်ခုကြား ရှိ နမ္မတူဘော်တွင်း မှာ လည်း အခြေအနေ ပြောင်းလဲသွား၏။

ဘော်တွင်းအုပ်ချုပ်မှုကို တရုတ် - မြန်မာနယ်စပ် မာလိပါးဒေသ(ကိုးကန့်) ရှိ ဘော်တွင်းများကို ကြီးစိုးသော ဘော်တွင်းလူမိုက်ဂိုဏ်းတစ်ခုဖြစ်သည့် ခြေပုကျားဂိုဏ်း(အေ့ကျီယောင်ဟူ - ai chiao hu) က ဝင်ရောက်ချယ်လှယ်ခဲ့တော့သည်။

ဂိုဏ်းခေါင်းဆောင် အေ့တာရဲ ခေါ်  ဝူရှန်ရှိန်း (Wu Shang Hsein) သည် “ဝ”နယ်စော်ဘွား၊ မာလိပါးစော်ဘွားတို့နှင့်ပူးပေါင်းပြီး ယူနန်စော်ဘွားထံသို့ပါ အခွန်များဆက်သနေသဖြင့် ပီကင်းနန်းတော်အထိ အမည်ပေါက်ရောက်နေသူဖြစ်သည်။

မန်ချူးမင်းဆက်တက်လာပြီးနောက်ပိုင်းတွင် တရုတ်နိုင်ငံသားများအနေဖြင့် နယ်ခြားမျဉ်းကို ဖြတ်ကျော်ကာ သတ္တုတူးဖော်ခြင်းကို တားမြစ်ခဲ့သော်လည်း သတ္တုကုန်စည်ကုန်သွယ်ခြင်းကိုမှု ခွင့်ပြုခဲ့သည်။

နယ်ခြားကုန်သည်များအနေဖြင့် ပိတ်ပင်ထားသော ကုန်မဟုတ်သည့် ဘော်ငွေသတ္တု သယ်ဆောင်လာလျှင် နယ်ခြားစောင့်တပ်များက လွတ်လပ်စွာဝင်ထွက်ခွင့်ပြုကြသည်။

ထိုသို့နှင့် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအတွင်းရှိ ဘော်တွင်းများသို့ နယ်စပ်ဖြတ်ကျော်ကာ ဘော်သတ္တုကုန်သွယ်သူအများအပြား ရှိလာသည်။

ထိုသူများမှာ ကုန်သည်လုပ်ငန်း အရှုံးပေါ်သည့်အခါ ဒေသရပ်ရွာသို့ မပြန်တော့ပဲ..နယ်ခြားရှိ ဘော်တွင်းများတွင် အလုပ်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်ကြတော့သည်။

မြန်မာနိုင်ငံအတွင်းဘက်ပိုင်းရှိဘော်တွင်းများတွင်လည်း ဘော်ငွေလာရောက်ဝယ်ယူသည့် တရုတ်ကုန်သည်များနှင့်အတူ တရုတ်အလုပ်သမားများစွာပါလာခဲ့သည်။

နောက်ဆုံးတွင် မန်ချူးဘုရင်က တရုတ်လူမျိုးများကို နယ်စပ်ဖြတ်ကျော်ကာ ဘော်ငွေတူးဖော်မှုကို ခွင့်ပြုလိုက်ရတော့၏။

ဆယ်စုနှစ်များကြာပြီးသည့်နောက် နမ္မတူဘော်တွင်းမှာ တရုတ်ကုန်သည်များ၊ အလုပ်သမားများက ကြီးစိုးလာသည်။ ဒေသခံတိုင်းရင်းသားများဖြစ်သော ရှမ်း၊ ဗမာ၊ ကွေ့ ၊ ပလောင်တို့ကလည်း ထိုဘော်တွင်းများတွင် ဝင်ရောက်တူးဖော်လုပ်ကိုင်ကြသည်။

အင်းဝ၏ တန်ခိုးအာဏာကျဆင်းလာချိန်တွင် နမ္မတူဘော်တွင်းကို ယူနန်ဘုရင်ခံ၏ ကျောထောက်နောက်ခံရှိသည်ဆိုသော ဝူရှန်ရှိန် ခေါ် အေ့သခင် ခေါ် ဧတာရဲ့ ၏ အဖွဲ့များက ကြီးစိုးလိုက်ကြ၏။

ဝူရှန်ရှိန်မှာ ယူနန်ဘုရင်ခံမှ ခန့်အပ်သည့် နယ်ခြားစောင့်ရာဇဝတ်မှုတိုက်ဖျက်ရေးအရာရှိဆိုသည့် ရာထူးကိုလည်း ငွေကြေးဖြင့် ဝယ်ယူထား၏။

သီပေါနှင့် သိန္နီစော်ဘွားတို့မှာလည်း ဟော်နန်းနယ်မြေနှစ်ခုကြားရှိသည့်နေရာဖြစ်သည့်အပြင် ပဏ္ဏာဆက်ရာအင်းဝနန်းတော်ကလည်း အင်အားနည်းနေသည့်အတွက် ထိုအခြေအနေကို မျက်ကွယ်ပြုထားကြသည်။

ဘော်တွင်းရှိ သတ္တုရောင်းဝယ်မှုများ၊ အခွန်ကောက်ခံမှုများကို ဝူရှန်ရှိန် ၏ တပည့်ဖြစ်သူ တရုတ်- ဗမာကပြား ငထွန်း က အုပ်စိုးခဲ့သည်။

ငထွန်းကို ဘော်တွင်းတစ်ခုလုံးက ထွန်းသခင်၏ အဓိပ္ပါယ်ပေါက်သည့် ထွန်းတာရဲ ဟု ခေါ်ကြရသည်။

ထွန်းတာရဲ က ဘော်တွင်းကုန်သည်များအားလုံးကို ချုပ်ကိုင်ထားပြီး တူးဖော်သူ အလုပ်သမားများမှာ သူ၏ ဘော်တွင်အုပ်ချုပ်မှုရုံးတော်သို့သာ လာရောက်ရောင်းချရသည်။

ကုန်သည်များမှာလည်း သူထံမှသာတဆင့် ဝယ်ယူကြရသည်။

ထွန်းတာရဲက ဘော်တူးသမားများထံမှ ဈေးနှိမ်ဝယ်ယူပြီး ကုန်သည်များကိုမူ ဈေးတင်ရောင်းချသည်။

ထိုသို့ ခေါင်းပုံဖြတ်မှုကို မကျေနပ်ကြသော်လည်း ဘော်သတ္တုများကို တရုတ်ပြည်သို့ သွင်းရာတွင် နယ်ခြားဒေသ မာလိပါးမှ ခြေပုကျား ဝူရှန်ရှိန်းနယ်မြေကို ဖြတ်ကျော်ရမည်ဖြစ်သဖြင့် ကုန်သည်များအားလုံးက ထွန်းတာရဲထံမှသာ ဝယ်ယူကြရသည်။

ယခုတွင် တူးဖော်ရရှိသည့် ဘော်ငွေ သတ္တုများကို ကုန်သည်တစ်ဉီးထံ ခိုးရောင်းချမိသည့် ရှမ်းအလုပ်သမားတစ်ဉီးမှာ ထွန်းတာရဲ ရုံးရှေ့တွင် အပြစ်ပေးခံနေရခြင်းဖြစ်၏။

ထွန်းတာရဲ က လက်စွဲလူမိုက် အားကျင့် ကို  ခပ်ထန်ထန်ပြောပြီး ခေါက်ဆွဲပန်းကန်ကို ကိုင်ကာ ရုံးထဲသို့ ပြန်ဝင်လိုက်သည်။

သို့သော် ကြာပွတ်သံမကြားသဖြင့် ပြန်လှည့်ကြည့်လိုက်၏။

“ဟေ့ကောင်..မင်းကို ငါ ရိုက်စရာရှိတာ မြန်မြန်ရိုက်လို့....”

ထွန်းတာရဲ မှာ မြင်ကွင်းကို ရုတ်တရက် အံဩမှင်တက်စွာ ကြည့်နေသည်။

တရုတ်လူမိုက်အားကျင့်၏ လည်ပင်းတွင် မြှားတံတစ်ချောင်းစိုက်ဝင်လျက် ခွေလဲကျနေ၏။

နဘေးတွင် အရိုက်ခံရသူ အလုပ်သမားငယ်မှာလည်း လဲကျသေဆုံးနေသော အားကျင့်ကို မျက်လုံးအပြူးသားဖြင့် ကြည့်နေသည်။

“ခလွမ်း”

မြှားတံတစ်ခုက ထွန်းတာရဲ၏ ဘေးတိုက်အနေအထားမှ ဝင်လာပြီး လက်ထဲတွင် ကိုင်ထားသော ခေါက်ဆွဲပန်းကန်ကို ခွဲထွက်သွား၏။

မြင်းနှစ်စီး က သူ့ရှေ့သို့ ရုတ်တရက် ရောက်လာသည်။

မြင်းပေါ်မှ အမျိုးသားနှစ်ဉီးအနက် တစ်ဉီးက လှံရှည်ကို ကိုင်ထားသည်။ တစ်ဉီးက သေနတ်အရှည်တစ်လက်ကို ကိုင်ထား၏။

ထွန်းတာရဲ ရုံးရှေ့တွင်ထားသော စည်ကြီးမှ ဒုတ်တံကို ယူပြီး စည် ကို တီးခတ်လိုက်သည်။

သူ၏ လက်ပါးစေ ဘော်တွင်းလူမိုက်တပ်ဖွဲ့ကို အချက်ပေးလိုက်ခြင်းပင်။

“မင်းနောက်ကျသွားပြီ..ငထွန်းငယ်...မင်းလူတွေအားလုံးကို ငါတို့ သတ်လိုက်ကြပြီ”

မြင်းပေါ်မှ လူက ဗမာဘာသာစကားဖြင့် ပြောလိုက်သည်။

“ဘာ..မင်းတို့က ဘယ်သူတွေလဲ...ဘာကိစ္စ ဒီကို ရောက်လာတာလဲ”

“ငါတို့က ငကက် နဲ့ ငနက် ပဲ...ကွေ့စော်ဘွား ဂုဏ္ဏအိမ်ရဲ့ အမှုထမ်းတွေ”

“ကွေ့စော်ဘွား..ဂုဏ္ဏအိမ်..ဟုတ်လား..ငါ မကြားဖူးဘူး”

“အေး..အခုကြားဖူးပြီ..မဟုတ်လား..မင်း မာလိပါးကို ပို့မယ့်..ဘော်ငွေတွေနဲ့ မင်းဆီက ရွှေချောင်းတွေ လိုချင်တယ်”

ထွန်းတာရဲက မျက်မှောင်ကြုံ့လိုက်သည်။

“ဒီမယ်...ဒီဟာတွေအားလုံးက ယူနန်ဘုရင်ခံလောက်အောက်က နယ်ခြားစောင့်ရာဇဝတ်မှုတိုက်ဖျက်ရေးအရာရှိ ဝူရှန်ရှိန် လက်အောက်က ဟာတွေနော်...မင်းတို့ ဒါတွေကို လုယူရင်..ယူနန်ဘုရင်ခံကိုပါ စော်ကားလိုက်တာပဲ”

“ဒုတ်”

“အား”

နောက်ထပ် မြှားတစ်စင်းက ထွန်းတာရဲ၏ လက်မောင်းကို ဖောက်ဝင်သွားသည်။

“ဟေ့..ငထွန်း...ငါတို့ အဝေးကြီးက လာကြရတာ....နင် စကားမရှည်နေနဲ့”

နောက်ထက် ရောက်လာသော မြင်းပေါ်မှ အမျိုးသမီးငယ်၏ အသံ။

ထွန်းတာရဲက လက်မောင်းကို အုပ်ကိုင်ရင်း...ညည်းညူနေသည်။

“ကွေ့စော်ဘွားရဲ့ နှမတော် ကျမိုင်းသခင်မ နာလဲ ကိုယ်တိုင် ...မင်းကို အမိန့်ပေးနေပြီ..ငထွန်း”

မြင်းပေါ်မှ ငကက်က ခပ်ကြမ်းကြမ်းအော်လိုက်သည်။

“ဟာ..ဘာတွေလဲကွာ...ဘယ်ကကျမိုင်းသခင်မ လဲ”

နာလဲ က ဒူးလေးကို နောက်ထပ် မြှားတံတစ်ခု ထပ်တပ်လိုက်၏။

“အ..ခဏ..နေပါဉီး..သခင်မ..ခဏနေပါဉီး”

ထွန်းတာရဲ က အလန့်တကြားအော်သည်။

“ဘာဖြစ်ချင်ကြတာလဲ..ဘာလိုချင်ကြတာလဲ..ပြောကြပါ”

“ခုန ပြောပြီးပြီလေ...နင် မာလိပါးကို ပို့မယ့်..ဘော်တွေနဲ့ စုထားတဲ့ ရွှေချောင်းတွေလိုချင်တယ်”

“ဟုတ်ပါပြီ..ရပါစေ့မယ်”

“နေဉီး..ကျန်သေးတယ်..ပြီးရင် နင်နဲ့ နင့်အဖွဲ့တွေ..ဒီဘော်တွင်းကနေ အပြီးထွက်သွားရမယ်”

“ဗျာ”

“ငါ့အမိန့်နော်..မနာခံရင်တော့..ဟော့ဟိုမှာ တွေ့လား....နင့်တပည့်အကောင်ကြီးလို...လည်ပင်းထဲ ဝင်သွားမယ်”

“သွားပါ့မယ်..သွားပါ့မယ်...ပစ္စည်းတွေက အထဲက သေတ္တာထဲမှာပါ..သော့လည်းပေးပါမယ်”

နာလဲက ငကက်ကို မျက်ရိပ်ပြလိုက်သည်။

ငကက်က မြင်းပေါ်မှ ဆင်းလိုက်၏။

ထို့နောက် ထွန်းတာရဲ ကို ကုပ်မှ ဆွဲကာ အထဲသို့ ခေါ်သွားသည်။ အနောက်ဘက်တွင်လည်း ကွေ့စစ်သည်အချို့ ရောက်ရှိလာကြပြီဖြစ်သည်။

“ကဲ..ငနက်..ဒီလူကို ဖြုတ်ပေးလိုက်ပါဉီး”

ငနက်က ချုပ်နှောင်ရိုက်နှက်ခံထားရသည့် လူငယ်၏ လည်ပင်းမှ သစ်သားပြားကြီးကို ဖြုတ်ပေးရန် သူ့စစ်သည်များကို အမိန့်ပေးလိုက်သည်။

ထိုအချိန်တွင် နာလဲ၏ အနီးသို့ ခါးကိုင်းကိုင်း၊ မုတ်ဆိတ်မွှေးဖြူဖြူဖြင့် တရုတ်တစ်ဉီး ရောက်ရှိလာသည်။

“အဆင်ပြေရဲ့လား သခင်မလေး..သူက ဘာပြောသလဲ”

ထိုသူထံမှ အင်းဝသားတို့လေသံကဲ့သို့ ဗမာစကားပီပီသသထွက်လာသည်။

“ငါတို့ ပြောတဲ့အတိုင်း လက်မခံရင်..သူဘာဖြစ်သွားမလဲ..သူသိပါတယ်..ထောင်ကဲ”

“ကျေးဇူးအများကြီး တင်ပါတယ်..သခင်မ”

“ကျေးဇူးမလိုပါဘူး..ထောင်ကဲ..နင့်ကတိအတိုင်း သူ့ဆီက ရွှေတွေကို ငါတို့ယူမယ်..ဒီဘော်တွင်းကို နင့်လက်ထဲအပ်ခဲ့မယ်....အဲ့ဒီအတွက် တစ်နှစ်တစ်ခါ ငါတို့ကို အခွန်ပေးရမယ်..နင်ပေးခဲ့တဲ့ ကတိတွေ နင်အမှတ်ရဖို့ပဲလိုတယ်..ကျိုးချီချူး”

“စိတ်ချပါ..စိတ်ချပါ...ကျွန်တော်မျိုး စော်ဘွားကြီး ဂုဏ္ဏအိမ် ထံလည်း ခြောက်လတကြိမ် အခွန်ဆက်ပါ့မယ်...သီပေါစော်ဘွား..သန္နီစော်ဘွားတွေနဲ့လည်း ပြေလည်အောင်နေပါ့မယ်...သခင်မတို့ သာ ဒီဘော်တွင်းမှာ ရှိနေတဲ့ ကျွန်တော့်ကို စောင့်ရှောက်ပေးပါ”

နားလဲက ခေါင်းတချက်ညိတ်ပြလိုက်ပြီး..မြင်းပေါ်မှ ဆင်းကာ..ရုံးထဲသို့ ဝင်သွား၏။

ကျိုးချီကျူး။

ယူနန်နယ်သား။ တချိန်က ဟံသာဝတီ၊ အင်းဝ ၊ သန္နီမှတဆင့် ယူနန်နယ်အထိ ဂင်ဇာကုန်သည် ဖြစ်ခဲ့သူ။

ရံဖန်ရံခါ အာရေဗျဒေသမှ ဟံသာဝတီဆိပ်ကမ်းသို့ ရောက်လာသော ဘိန်းများကို အင်းဝ ၊ ရှမ်းပြည်တို့ကို ဖြတ်ကျော်ကာ တရုတ်ပြည်အထိ အချီကြီးကုန်ကူးသည့် ဝါရင့်ကုန်သည်။

ဟံသာဝတီပုန်ကန်မှုစတင်ပြီးသည့်နောက် ကျိုးချီကျူး၏ ကုန်သွယ်နယ်နိမိတ်မှာ ကျဉ်းမြောင်းသွားသည်။

ထို့ကြောင့်.. ဈေးကောင်းလာသည့် တရုတ်ဘော်ငွေကုန်သွယ်ရေး ဈေးကွက်သို့ ကျိုးချီကျူး ဝင်ရောက်ခဲ့သည်။

နမ္မတူနှင့် အနီးတဝိုက်မှ ထွက်သည့်ဘော်များကို တရုတ်ယူနန်အထိ သယ်ဆောင်ကာ ကုန်ကူးခဲ့သည်။

သို့သော်ငြား..နမ္မတူဘော်တွင်းတွင် ထွန်းတာရဲ တို့၏ ခေါင်းပုံဖြတ်မှုကြောင့် အမြတ်ငွေများများမရရှိခဲ့။

နမ္မတူတင်မက သိန္နှီနယ် မိုင်းငါးဘက်တွင် နောက်ထပ် ဘော်တွင်းအသစ်များ ထပ်မံတွေ့ရှိလာသည်ဆိုသည့် သတင်းကို ကြားသည့်နောက် ကျိုးချီကျူး သည် နမ္မတူမှ ထွန်းတာရဲတို့ကို မောင်းထုတ်ရန် ကြံစည်ခဲ့သည်။

ထို့ကြောင့် ရှမ်းပြည်ထောင်များနှင့် အင်းဝနေပြည်တော်အကြား မြေပြန့်တွင် အင်အားကောင်းလာသည့် ကွေ့ခေါင်းဆောင် ဂုဏ္ဏအိမ်ထံသို့ ကျိုးချီကျူးက ချဉ်းကပ်ခဲ့သည်။

အင်းဝကို ပုန်ကန်ရန် ငွေအား၊ လက်နက်အား လိုနေသည့် ဂုဏ္ဏအိမ်ကို နမ္မတူဘော်တွင်း အခွန်အခများ ဆက်သမည်ဆိုသည့်အချက်နှင့် သူ့အား ကူညီရန် တောင်းဆိုခဲ့တော့၏။

ယခုတော့..ဂုဏ္ဏအိမ်၏ နှမတော်..ကွေ့သခင်မ ကိုယ်တိုင် နမ္မတူဘော်တွင်းကို သူ့လက်သို့ အပ်ခဲ့ပြီဖြစ်သည်။


ခက်ဇော်

(Zawgyi)
AVA 1740s (Season 2)

                                                                       အခန္း(၁၈)

                                                             ...............................................

၁၇၄၅ ခုႏွစ္၊ ေမလ။ ဟံသာဝတီ။

က်ိဳင္းတုံတံခါးေပါက္ဆီမွ စည္ေတာ္ယြမ္းသံမ်ား၊ ေအာင္ေမာင္းတီးခတ္သံမ်ား ညံထြက္ေန၏။

စစ္ေတာင္းအရပ္တြင္ ဆင္ျဖဴေပၚေနသည္ဆိုသည့္ သတင္းအရ ဟံသာဝတီဘုရင္ သမိန္ေထာ သည္ ကိုယ္ေတာ္တိုင္ ဆင္ေက်ာ့ထြက္မည္ျဖစ္သည္။

ဇင္းမယ္မိဖုရား ႏွင္းသီရိစိတၱာ၊ ကိုယ္လုပ္ေတာ္အခ်ိဳ႕ႏွင့္ ေနာက္လိုက္ေနာက္ပါ လူသုံးရာ အတူလိုက္ပါၾကမည္ျဖစ္၏။

စစ္ေတာင္းအထိ လိုက္ပို႔မည့္ အမတ္ခ်ဳပ္ႀကီး ဉီးေအာင္လွ၊ အမတ္ႀကီး ေဒါစြယ္ယစက္တို႔က လည္း ဆင္ကိုယ္စီျဖင့္။

ဟံသာဝတီၿမိဳ႕တံခါးမွ ထြက္သည္ႏွင့္ သမိန္ေထာသည္ ၿမိဳ႕ကို သမင္လည္ျပန္ လွည့္ၾကည့္လိုက္သည္။

သူ၏ မ်က္လုံးမ်ားကား ခြဲခြာခါနီး ႏႈတ္ဆက္သည့္ အၾကည့္မ်ိဳး။

“ေမာင္ဘုရား..ဘယ္တုန္းကမွ မပိုင္ခဲ့တဲ့ ၿမိဳ႕ႀကီးေပါ့...ႏွင္းသီရိရယ္”

“ႏွမေတာ္ အတြက္ေတာ့ ေမာင္ဘုရားက အၿမဲတမ္း ဟံသာဝတီရဲ႕ ရွင္ဘုရင္ႀကီးပါပဲ...မၾကာခင္မွာ ဒီထီးဒီနန္းဟာ ေမာင္ဘုရားအတြက္ ျဖစ္လာမွာပါ”

သမိန္ေထာက ေခါင္းကို ငုံ႔ထားလိုက္သည္။ ႏွင္းသီရိစိတၱာက သမိန္ေထာ၏ လက္ဖဝါးကို အသာဖ်စ္ညႇစ္ဆုပ္ကိုင္ေပးထား၏။

“သူ..ဒီဘက္ကို လွည့္ၾကည့္ေနတာမဟုတ္လား...ဂမုန္း”

ၿမိဳ႕႐ိုးေပၚတြင္ထိုင္ေနသည့္ လြီဇာက ေဘးနားမွ ဂမုန္းကို ေျပာလိုက္သည္။

“ဟုတ္တယ္..မမလြီဇာ...သူ ဒီၿမိဳ႕ကို ျပန္လာရဖို႔ မေသခ်ာေတာ့ဘူး”

“ဂမုန္း...တကယ္ပဲ..သူ႔ကို ခြဲႏိုင္ခဲ့တာလား..စြန႔္လႊတ္ႏိုင္ခဲ့တာလား”

ဂမုန္းက ဟံသာဝတီၿမိဳ႕၏ ဆန႔္က်င္ဘက္သို႔ ထြက္ခြာေနေသာ လူတန္းႀကီးကို ေငးေနသည္။

“မမလြီဇာ သိပါတယ္....တကယ္လို႔သာ ဒီလမ္းကို မေ႐ြးရင္..အဖက သူ႔ကို သတ္ေတာ့မွာ..နန္းေတာ္ေပၚမွာ အဆိပ္ခတ္လုပ္ႀကံဖို႔ေတာင္ အစီအစဥ္ေတြ ဆြဲထားၿပီးၿပီ”

“အဲ့ဒါကို ဂမုန္းက ဘယ္လိုလုပ္သိတာလဲ”

“ဒီလိုပဲ..နန္းေတာ္ထဲမွာ သတင္းေတြထြက္ေနတာ..အဲ့ဒါ သူလည္းသိသြားေတာ့ အရမ္းေၾကာက္ေနတာ..ဒါနဲ႔ ဂမုန္းဆီလာၿပီး သူ ဒီထီးနန္းကေန အသာအယာထြက္သြားမယ္..သူ႔ ဇင္းမယ္သူနဲ႔အတူတူ လန္ဖုန္းကို သြားေနေတာ့မယ္..သူ႔ကို လမ္းခရီးအေစာင့္အေရွာက္အတြက္ေတာ့ လူေတြထည့္ေပးလိုက္ပါ..ဟံသာဝတီကို ဘယ္ေတာ့မွ ျပန္မလာေတာ့ပါဘူးဆိုၿပီး လာေျပာတယ္..ဒါနဲ႔...ဂမုန္းလည္း အဖဆီကေန ကတိခံေပးလိုက္တာ...သူ ဂမုန္းကို မခ်စ္ေပမယ့္..ဂမုန္းကေတာ့ သူေသမယ့္ကိစၥကို တားႏိုင္သမွ် တားေပးရမွာပဲ..မဟုတ္လား”

လြီဇာက ၿပဳံးလိုက္သည္။

“ဂမုန္း အဖ က သိပ္ပါးနပ္တဲ့လူ...ဘယ္ေတာ့မွ ရွင္ဘုရင္ကို နန္းေတာ္ထဲ လုပ္ႀကံမွာ မဟုတ္ဘူး... ဒီနန္းက သူလုယူစရာမလိုပဲ..အလိုလို သူ႔လက္ထဲ ေရာက္လာတဲ့ အခင္းအက်င္းမ်ိဳး ကို သူ တမင္တကာ စီမံထားတာပဲ..ဂမုန္း”

“ဂမုန္း အခုခ်ိန္မွာ ဘယ္လိုခံစားရလဲ..ေမးရင္...ရင္ထဲမွာ ထုံက်င္ေနတာပဲသိတယ္...သူနဲ႔ပတ္သက္ၿပီး ဘာမွလည္း မေမွ်ာ္လင့္ေတာ့ဘူး...ၿပီးေတာ့ မိဖုရားဆိုတဲ့ ဘဝႀကီးကိုလည္း မလိုခ်င္ေတာ့ဘူး..မမလြီဇာ..အဲ့ဒါ ဘာျဖစ္သြားတာလဲ..သူ႔ကိုမုန္းသြားတာလားဟင္”

ထိုအခ်ိန္တြင္ မိန္းမစိုး တစ္ဉီးက ဒူးတုပ္လ်က္ အနီးသို႔ ကပ္လာသည္။

“ဗိုလ္မႉးတလပန္းက ခစားခြင့္ေတာင္းေနပါတယ္...မိဖုရားေခါင္ႀကီး”

တလပန္းဆိုသည္ အသံၾကားသည္ႏွင့္ ဂမုန္း၏ မ်က္လုံးမ်ားမွာ အေရာင္လက္သြားသည္ကို လြီဇာ သတိထားမိလိုက္သည္။

လြီဇာက မလွမ္းမကမ္းတြင္ မတ္တပ္ရပ္ေနေသာ တလပန္းကို ၾကည့္လိုက္သည္။

တလပန္းက သူတို႔ကို အေဝးမွ ၿပဳံးျပေန၏။

“ကဲ..ကြၽန္ေတာ္မကို ခြင့္ျပဳပါဉီး..မိဖုရားေခါင္ႀကီး”

“ဟင္...မမလြီဇာ..ေနပါဉီး..အခုမွ စကားေကာင္းေနတာကိုး”

“ကြၽန္ေတာ္မကိုယ္စား ဗိုလ္မႉးတလပန္း က စကားေတြေျပာေပးပါလိမ့္မယ္”

“ဟာ..မမလြီဇာကလည္း...သူနဲ႔ ဂမုန္းက ဒီတိုင္း ခင္ၾကတာပါ”

ဂမုန္းက ရွက္စႏိုးျဖင့္ ၿပဳံးရင္း ဆိုလိုက္သည္။

“မမလြီဇာရဲ႕ ဂမုန္းေလးက...အခုမွ တကယ္ ကိုယ့္ကိုကိုယ္ရွာေဖြေတြ႕ရွိသြားတာပါ”

လြီဇာက ဂမုန္းအနီးမွ ထြက္ခြာခါနီး အသံတိုးတိုးျဖင့္ ေျပာကာ ထြက္ခြာသြား၏။

“ကုန္သည္ေတာ္ႀကီး ျပန္ေတာ့မလို႔လား”

တလပန္း က လြီဇာကို လွမ္းေမးလိုက္သည္။

“မိဖုရားႀကီးက စကားေျပာေဖာ္လိုေနတာ..ရွင္ သူ႔ကို ဂ႐ုစိုက္ဆက္ဆံေပးပါ..တလပန္း”

တလပန္း ကာ လြီဇာကို အစြမ္းကုန္ၿပဳံးလ်က္ ေခါင္းညိတ္ျပလိုက္သည္။

၁၇၄၆ ဇန္နဝါရီ တိုင္ခဲ့ေပၿပီ။

စစ္ေတာင္းသို႔ ဆင္ေက်ာ့သြားသည္ဆိုေသာ သမိန္ေထာဘုရင္မွာ ဟံသာဝတီသို႔ ျပန္မေရာက္လာခဲ့။

ဘုရင္မရွိသည့္ နန္းေတာ္အတြက္ ဉီးေအာင္လွ၏ ဉီးေဆာင္မႈျဖင့္ အေရးေပၚ ညီလာခံ က်င္းပေနၾကသည္။

အေၾကာင္းအရင္းမွာ ၁၇၄၅ ႏွစ္ကုန္ပိုင္းတြင္ ျပည္ၿမိဳ႕သို႔ ျပန္သြားေသာ ဗိုလ္မႉးဗညားေက်ာ္ တပ္မ်ားက ဟံသာဝတီမွ အမိန႔္ကို မေစာင့္ေတာ့ပဲ အင္းဝတပ္မ်ားရွိရာ မလြန္တပ္ကို ေရေၾကာင္းမွ အလစ္ဝင္ေရာက္တိုက္ခိုက္ၾကသည္။

ထိုေရေၾကာင္းတိုက္ပြဲတြင္ ဗိုလ္မႉးဗညားေက်ာ္ က်ဆုံးသြားခဲ့ၿပီး ဟံသာဝတီတပ္မ်ားလည္း ျပန္လည္ဆုတ္ခြာခဲ့ရသည္။

မၾကာမီ ဟံသာဝတီႏွင့္ အင္းဝစစ္ပြဲမ်ား ျပန္လည္စတင္မည့္ အေျခအေနက ျဖစ္ေပၚလာၿပီျဖစ္သည္။

ထို႔ေၾကာင့္ ဟံသာဝတီတြင္ ရွင္ဘုရင္ရွိရန္ လိုအပ္လာခဲ့ၿပီ။

မူးမတ္မ်ားအားလုံးမွာလည္း ဉီးေအာင္လွ စနက္ေၾကာင့္ ဆင္က်ားရွင္သမိန္ေထာမွ စစ္ေတာင္းမွ ျပန္မလာျခင္းျဖစ္ေၾကာင္း သိရွိၾကသည္။

“ႏွစ္ျပည္ေထာင္စစ္ပြဲျဖစ္တဲ့အခါ...ရွင္ဘုရင္ဆိုတာ ထီးနန္းနဲ႔ မကင္းကြာပဲ..ရာဇပလႅင္ေပၚမွာ ရွိေနမွသာ အဆင္ေျပတာပါ...ဗညားဒလအမတ္ႀကီး အေနနဲ႔ တစ္ခုခုေတာ့ လုပ္ဖို႔သင့္ပါၿပီ”

အမတ္ေစာျဗပုံ႐ြတ္က ေျပာလိုက္သည္။

ဉီးေအာင္လွထံမွ ျပန္ၾကားလာမည့္စကားကို မူးမတ္မ်ားအားလုံးက ရင္တထိတ္ထိတ္ေစာင့္ေနၾက၏။

“အင္း..ဒီလိုဆိုေတာ့လည္း...ရွင္ဘုရင္ကို က်ဳပ္နဲ႔ လက္်ာဗိုလ္ကိုယ္တိုင္ စစ္ေတာင္းအထိ လိုက္ေခၚရေတာ့မွာေပါ့ဗ်ာ”

ဉီးေအာင္လွ စကားေၾကာင့္ အမတ္မ်ားမွာ တအံတဩျဖစ္ကုန္ၾကသည္။

ညီလာခံဆဲၿပီးသည့္ေနာက္ ဉီးေအာင္လွ ၏ အိမ္ေတာ္သို႔ လက္်ာဗိုလ္၊ တလပန္း၊ သမက္ေစာျဗ ႏွင့္ လြီဇာတို႔ ေရာက္ရွိလာၾက၏။

“အမတ္ႀကီးအေနနဲ႔ ထီးနန္းကို သိမ္းပိုက္ခ်င္ သိမ္းလို႔ရေနပါရက္နဲ႔ ဘာလို႔မ်ား သမိန္ေထာကို သြားေခၚဉီးမယ္လို႔ ေျပာရတာလဲ”

တလပန္း ေမးခြန္းကို ဉီးေအာင္လွက ၿပဳံးလိုက္သည္။

ထို႔ေနာက္ အီတလီျပည္ျဖစ္ ဘီဒိုႀကီးထဲမွ ေပစာလိပ္မ်ားကို ယူကာ ေရွ႕သို႔ ခ်ေပးလိုက္၏။

“ဒါတနဂၤေႏြမင္းလက္ထက္က ဉီးကုလားေရးတဲ့ ရာဇဝင္က်မ္းပဲ...ဒီထဲမွာ ငရမန္ကန္းအေၾကာင္းပါသလို...က်န္စစ္သားအေၾကာင္းလည္းပါတယ္...ရာဇဝင္မွာ. ရွင္ဘုရင္ကို နန္းလုပုန္ကန္တဲ့ ငရမန္ကန္းလို႔ မွတ္တမ္းတင္ခံခ်င္သလား...ျပည္သူက အသာတၾကည္နန္းအပ္လို႔ လိုအပ္ခ်က္အရ ရွင္ဘုရင္ လုပ္လိုက္ရပါတယ္ဆိုတဲ့ က်န္စစ္သား လို မွတ္တမ္းတင္ခံခ်င္လား..တလပန္း”

တလပန္းက ဉီးေအာင္လွ၏ စကားကို စဥ္းစားၿပီး မ်က္ခုံးတြန႔္လိုက္သည္။

“လြီဇာ တို႔ဘက္ကေရာ...မြန္စီယာဘ႐ူႏို နဲ႔ အဆက္အသြယ္အေျခအေန ဘယ္လိုရွိမလဲ”

“ဖာသာနာေရနီ လက္ထဲကို လက္်ာဗိုလ္ကိုယ္တိုင္ စာထည့္ေပးလိုက္ပါတယ္...ဖာသာနာေရနီ အေနနဲ႔ ကြၽန္မတို႔အေပၚ ဘယ္ေလာက္ ယုံၾကည္တယ္ဆိုတဲ့ေပၚပဲ မူတည္တာေပါ့...သန္လ်င္ကို သူျပန္လာၿပီး သာသနာျပဳခ်င္ေသးတယ္ဆိုရင္ေတာ့..အဲ့ဒီစာဟာ ပြန္ဒီခ်ယ္ရီကို ေသခ်ာေပါက္ေရာက္မွာပါ..ဉီးေအာင္လွ”

“အင္း...ဟံသာဝတီကို သူေသခ်ာေပါက္ျပန္လာမွာပါ...ဟုတ္တယ္မဟုတ္လား..လက္်ာဗိုလ္”

ဉီးေအာင္လွ က လက္်ာဗိုလ္ကို လွမ္းေမးလိုက္သည္။

ထိုေမးခြန္းေၾကာင့္ လက္်ာဗိုလ္မွာ ပတ္ဝန္းက်င္မွ သူမ်ားထံ မ်က္လုံးေဝ့ၾကည့္ၿပီး မ်က္ႏွာပ်က္သြား၏။

သူႏွင့္ ဖာသာနာေရနီ အေၾကာင္းသည္ ဟံသာဝတီအသိုင္းအဝိုင္းအၾကား တီးတိုးဟာသျဖစ္ေနခဲ့သည္ကို လက္်ာဗိုလ္ သိထားၿပီးျဖစ္သည္။

“အင္း...ဒါကေတာ့..ကြၽန္ေတာ္လည္း ဘယ္ေျပာတတ္မလဲ..အမတ္ႀကီး.. သူ႔ေပၚမူတည္ပါတယ္”

“ေနာက္တစ္ခုက လက္်ာဗိုလ္နဲ႔ က်ဳပ္ နဲ႔ စစ္ေတာင္းကို လိုက္သြားမယ္..အဲ့ဒီလို လိုက္သြားတဲ့အခါမွာ စစ္အဂၤါအျပည့္အစုံနဲ႔ ခင္းသြားၾကမယ္...ေတာထဲေရာက္တာနဲ႔..တိုက္ဆင္ေတြကို ခြၽန္းဖြင့္ၿပီး စစ္ဟန္ကစားၿပီး ဝင္မယ္..စစ္စည္စစ္ေမာင္းတီးသမားေတြကိုလည္း တပ္တတပ္ျဖည့္ၿပီး ေခၚလာခဲ့ေပးပါ..အဲ့ဒါကို ေသခ်ာမွတ္ထားေပးပါ”

“သမိန္ေထာကို ျပန္ေခၚမွာပဲ..အဲ့ဒီေလာက္ လိုအပ္လို႔လား..အမတ္ႀကီး”

လက္်ာဗိုလ္ က ေမးလိုက္၏။

“ကဲ..အခုန က်ဳပ္ ေျပာၿပီးပါပေကာ..က်န္စစ္သားဟာ လက္ရွိရွင္ဘုရင္ေစာလူးကို သြားေခၚပါေသးတယ္...ေစာလူးက မယုံၾကည္ပဲ ေအာ္လို႔ ရန္သူ႔လက္ထားခဲ့ၿပီး မူးမတ္ေတြ ေလွ်ာက္ထားခ်က္အရ သူက ရွင္ဘုရင္လုပ္လိုက္ရတယ္မဟုတ္လား..အခုက်ဳပ္တို႔ ဇာတ္လမ္းကလည္း..အဲ့ဒီလိုပဲ..ျဖစ္ရမယ္ေလ”

ဉီးေအာင္လွ စကားအဆုံးတြင္ အခန္းတစ္ခုလုံး ၿငိမ္သက္သြားသည္။

“ဒီမွာ..လက္်ာဗိုလ္...ရွင္းရွင္းေျပာရရင္.က်ဳပ္က သမိန္ေထာကို ျပန္ေခၚမွာမဟုတ္ဘူး..ႏွင္ထုတ္မွာ..ဟုတ္ၿပီလား..ၿပီးရင္...မူးမတ္ေတြက ခင္ဗ်ားလက္ထဲ ထီးနန္းအပ္ၾကလိမ့္မယ္...ခင္ဗ်ားက ျငင္းၿပီး..က်ဳပ္ကို ထီးနန္းေပးဖို႔ ေတာင္းဆိုရမယ္..အားလုံးက က်ဳပ္ အစီအစဥ္တက် စီစဥ္ၿပီးသားေတြပဲ..သမိုင္းမွာလည္း က်ဳပ္အေၾကာင္းကို ဒီလိုပဲ ေရးၾကရလိမ့္မယ္ ”

ဉီးေအာင္လွက ေလသံကို ႏွိမ့္ကာ ေျပာလိုက္သည္။

ထင္ထားသည္ထက္ ပို ပိရိေသသပ္ေသာ အႀကံအစည္မ်ားေၾကာင့္ လြီဇာ ပင္ ဉီးေအာင္လွ ကို တအံတဩျဖစ္ရ၏။

.................................................................................................

“အား...ေၾကာက္ပါၿပီဗ်”

၁၇၄၆ ေမလ.. နမၼတူေဘာ္တြင္း၏ နံနက္ခင္း ကား နာနာၾကင္ၾကင္ ေအာ္လိုက္သည့္ ေယာက္်ားတစ္ဉီး၏ အသံျဖင့္ ဖုန္းလႊမ္းသြားသည္။

ေဘာ္တြင္းတြင္ တူးေဖာ္ေနၾကသည့္ အလုပ္သမားမ်ားမွာ ဘဝတူ အလုပ္သမားတစ္ဉီး၏ မခ်ိမဆန႔္ေအာ္သံကို ၾကားၾကေသာ္လည္း လုပ္ၿမဲအလုပ္ကို ဆက္လုပ္ေနၾကရ၏။

ေဘာ္တြင္းအုပ္ခ်ဳပ္ေရး႐ုံးေတာ္..ေရွ႕ေျမကြက္လပ္တြင္ ရွမ္းေဘာင္းဘီဝတ္ထားသည့္ လူတစ္ဉီးမွာ ဒူးေထာက္လ်က္။

 လည္ပင္းႏွင့္ လက္ႏွစ္ဖက္ကို အေပါက္ေဖာက္ထားေသာ ပ်ဥ္းျပားခ်ပ္ႀကီးျဖင့္ တတြဲတည္း ခ်ဳပ္ေႏွာင္ထားသည္။

နဖူးအေျပာင္ရိတ္ထားၿပီး က်စ္ဆံၿမီးအရွည္ကို ေနာက္ေက်ာခ်ထားသည့္ အရပ္ပုပု ဗလေတာင့္ေတာင့္ လူ က သုံးႀကိဳးက်စ္ထားေသာ က်ာပြတ္ကို ေလထဲသို႔ တ႐ႊမ္း႐ႊမ္းယမ္းခါေန၏။

လူငယ္၏ ေက်ာကုန္းတြင္ ေသြးစို႔ေနေသာ အေျမႇာင္းရာႀကီးမ်ားက ေဖာင္းထေနသည္။

အုပ္ခ်ဳပ္ေရး႐ုံးေတာ္ ေရွ႕သို႔ စားလက္စ ေခါက္ဆြဲပန္းကန္ကို ကိုင္လ်က္ အသားျဖဴျဖဴ၊ ပိန္ရွည္ရွည္ျဖင့္ လူတစ္ေယာက္ထြက္လာသည္။

“အားက်င့္..ဘယ့္ႏွစ္ခ်က္ရွိၿပီလဲ”

တ႐ုတ္ဘာသာျဖင့္ ေမးလိုက္ျခင္းျဖစ္သည္။

“ရွစ္ခ်က္ရွိပါၿပီ..ထြန္းတာရဲ”

“ျမန္ျမန္႐ိုက္ကြာ..ဒီေကာင္ေအာ္ေအာ္ေနတာနဲ႔ ငါ စားရတာေတာင္ နင္တယ္”

“ဟုတ္ကဲ့ပါ..ထြန္းတာရဲ”

ထြန္းတာရဲ။

ဗန္းေမာ္ၿမိဳ႕ဖြား တ႐ုတ္ျမန္မာကျပားတစ္ေယာက္ျဖစ္ၿပီး ျမန္မာအမည္မွာ ငထြန္းျဖစ္သည္။

နမၼတူေဘာ္တြင္းသို႔ (၁၅)ရာစုႏွစ္မွစတင္ၿပီး တ႐ုတ္ျပည္မွ ေဘာ္တူးေဖာ္ႀကိဳခ်က္သမားမ်ား လာေရာက္ကာ လုပ္ကိုင္ၾကသည္။

ေဘာ္တြင္းကုန္သည္မ်ားက အင္းဝလက္ေအာက္ခံျဖစ္ေသာ သိႏၷီေစာ္ဘြား ႏွင့္ သီေပါေစာ္ဘြားတို႔ကို အခြန္အတုတ္မ်ား တလွည့္စီ ေပးကာ လုပ္ကိုင္ၾကရျခင္းျဖစ္သည္။

၁၇၄၀ ေက်ာ္ကာလမ်ားတြင္ အင္းဝ၏ ဩဇာမွာ ရွမ္းေတာင္တန္းေစာ္ဘြားမ်ားအေပၚ သိသိသာသာ က်ဆင္းလာသည္။

ထိုအေျခအေနတြင္ သိႏၷွီ ႏွင့္ သီေပါ ေဟာ္ႏွစ္ခုၾကား ရွိ နမၼတူေဘာ္တြင္း မွာ လည္း အေျခအေန ေျပာင္းလဲသြား၏။

ေဘာ္တြင္းအုပ္ခ်ဳပ္မႈကို တ႐ုတ္ - ျမန္မာနယ္စပ္ မာလိပါးေဒသ(ကိုးကန႔္) ရွိ ေဘာ္တြင္းမ်ားကို ႀကီးစိုးေသာ ေဘာ္တြင္းလူမိုက္ဂိုဏ္းတစ္ခုျဖစ္သည့္ ေျခပုက်ားဂိုဏ္း(ေအ့က်ီေယာင္ဟူ - ai chiao hu) က ဝင္ေရာက္ခ်ယ္လွယ္ခဲ့ေတာ့သည္။

ဂိုဏ္းေခါင္းေဆာင္ ေအ့တာရဲ ေခၚ  ဝူရွန္ရွိန္း (Wu Shang Hsein) သည္ “ဝ”နယ္ေစာ္ဘြား၊ မာလိပါးေစာ္ဘြားတို႔ႏွင့္ပူးေပါင္းၿပီး ယူနန္ေစာ္ဘြားထံသို႔ပါ အခြန္မ်ားဆက္သေနသျဖင့္ ပီကင္းနန္းေတာ္အထိ အမည္ေပါက္ေရာက္ေနသူျဖစ္သည္။

မန္ခ်ဴးမင္းဆက္တက္လာၿပီးေနာက္ပိုင္းတြင္ တ႐ုတ္ႏိုင္ငံသားမ်ားအေနျဖင့္ နယ္ျခားမ်ဥ္းကို ျဖတ္ေက်ာ္ကာ သတၱဳတူးေဖာ္ျခင္းကို တားျမစ္ခဲ့ေသာ္လည္း သတၱဳကုန္စည္ကုန္သြယ္ျခင္းကိုမႈ ခြင့္ျပဳခဲ့သည္။

နယ္ျခားကုန္သည္မ်ားအေနျဖင့္ ပိတ္ပင္ထားေသာ ကုန္မဟုတ္သည့္ ေဘာ္ေငြသတၱဳ သယ္ေဆာင္လာလွ်င္ နယ္ျခားေစာင့္တပ္မ်ားက လြတ္လပ္စြာဝင္ထြက္ခြင့္ျပဳၾကသည္။

ထိုသို႔ႏွင့္ တ႐ုတ္ႏိုင္ငံမွ ျမန္မာႏိုင္ငံအတြင္းရွိ ေဘာ္တြင္းမ်ားသို႔ နယ္စပ္ျဖတ္ေက်ာ္ကာ ေဘာ္သတၱဳကုန္သြယ္သူအမ်ားအျပား ရွိလာသည္။

ထိုသူမ်ားမွာ ကုန္သည္လုပ္ငန္း အရႈံးေပၚသည့္အခါ ေဒသရပ္႐ြာသို႔ မျပန္ေတာ့ပဲ..နယ္ျခားရွိ ေဘာ္တြင္းမ်ားတြင္ အလုပ္သမားအျဖစ္ ဝင္ေရာက္လုပ္ကိုင္ၾကေတာ့သည္။

ျမန္မာႏိုင္ငံအတြင္းဘက္ပိုင္းရွိေဘာ္တြင္းမ်ားတြင္လည္း ေဘာ္ေငြလာေရာက္ဝယ္ယူသည့္ တ႐ုတ္ကုန္သည္မ်ားႏွင့္အတူ တ႐ုတ္အလုပ္သမားမ်ားစြာပါလာခဲ့သည္။

ေနာက္ဆုံးတြင္ မန္ခ်ဴးဘုရင္က တ႐ုတ္လူမ်ိဳးမ်ားကို နယ္စပ္ျဖတ္ေက်ာ္ကာ ေဘာ္ေငြတူးေဖာ္မႈကို ခြင့္ျပဳလိုက္ရေတာ့၏။

ဆယ္စုႏွစ္မ်ားၾကာၿပီးသည့္ေနာက္ နမၼတူေဘာ္တြင္းမွာ တ႐ုတ္ကုန္သည္မ်ား၊ အလုပ္သမားမ်ားက ႀကီးစိုးလာသည္။ ေဒသခံတိုင္းရင္းသားမ်ားျဖစ္ေသာ ရွမ္း၊ ဗမာ၊ ေကြ႕ ၊ ပေလာင္တို႔ကလည္း ထိုေဘာ္တြင္းမ်ားတြင္ ဝင္ေရာက္တူးေဖာ္လုပ္ကိုင္ၾကသည္။

အင္းဝ၏ တန္ခိုးအာဏာက်ဆင္းလာခ်ိန္တြင္ နမၼတူေဘာ္တြင္းကို ယူနန္ဘုရင္ခံ၏ ေက်ာေထာက္ေနာက္ခံရွိသည္ဆိုေသာ ဝူရွန္ရွိန္ ေခၚ ေအ့သခင္ ေခၚ ဧတာရဲ႕ ၏ အဖြဲ႕မ်ားက ႀကီးစိုးလိုက္ၾက၏။

ဝူရွန္ရွိန္မွာ ယူနန္ဘုရင္ခံမွ ခန႔္အပ္သည့္ နယ္ျခားေစာင့္ရာဇဝတ္မႈတိုက္ဖ်က္ေရးအရာရွိဆိုသည့္ ရာထူးကိုလည္း ေငြေၾကးျဖင့္ ဝယ္ယူထား၏။

သီေပါႏွင့္ သိႏၷီေစာ္ဘြားတို႔မွာလည္း ေဟာ္နန္းနယ္ေျမႏွစ္ခုၾကားရွိသည့္ေနရာျဖစ္သည့္အျပင္ ပဏၰာဆက္ရာအင္းဝနန္းေတာ္ကလည္း အင္အားနည္းေနသည့္အတြက္ ထိုအေျခအေနကို မ်က္ကြယ္ျပဳထားၾကသည္။

ေဘာ္တြင္းရွိ သတၱဳေရာင္းဝယ္မႈမ်ား၊ အခြန္ေကာက္ခံမႈမ်ားကို ဝူရွန္ရွိန္ ၏ တပည့္ျဖစ္သူ တ႐ုတ္- ဗမာကျပား ငထြန္း က အုပ္စိုးခဲ့သည္။

ငထြန္းကို ေဘာ္တြင္းတစ္ခုလုံးက ထြန္းသခင္၏ အဓိပၸါယ္ေပါက္သည့္ ထြန္းတာရဲ ဟု ေခၚၾကရသည္။

ထြန္းတာရဲ က ေဘာ္တြင္းကုန္သည္မ်ားအားလုံးကို ခ်ဳပ္ကိုင္ထားၿပီး တူးေဖာ္သူ အလုပ္သမားမ်ားမွာ သူ၏ ေဘာ္တြင္အုပ္ခ်ဳပ္မႈ႐ုံးေတာ္သို႔သာ လာေရာက္ေရာင္းခ်ရသည္။

ကုန္သည္မ်ားမွာလည္း သူထံမွသာတဆင့္ ဝယ္ယူၾကရသည္။

ထြန္းတာရဲက ေဘာ္တူးသမားမ်ားထံမွ ေဈးႏွိမ္ဝယ္ယူၿပီး ကုန္သည္မ်ားကိုမူ ေဈးတင္ေရာင္းခ်သည္။

ထိုသို႔ ေခါင္းပုံျဖတ္မႈကို မေက်နပ္ၾကေသာ္လည္း ေဘာ္သတၱဳမ်ားကို တ႐ုတ္ျပည္သို႔ သြင္းရာတြင္ နယ္ျခားေဒသ မာလိပါးမွ ေျခပုက်ား ဝူရွန္ရွိန္းနယ္ေျမကို ျဖတ္ေက်ာ္ရမည္ျဖစ္သျဖင့္ ကုန္သည္မ်ားအားလုံးက ထြန္းတာရဲထံမွသာ ဝယ္ယူၾကရသည္။

ယခုတြင္ တူးေဖာ္ရရွိသည့္ ေဘာ္ေငြ သတၱဳမ်ားကို ကုန္သည္တစ္ဉီးထံ ခိုးေရာင္းခ်မိသည့္ ရွမ္းအလုပ္သမားတစ္ဉီးမွာ ထြန္းတာရဲ ႐ုံးေရွ႕တြင္ အျပစ္ေပးခံေနရျခင္းျဖစ္၏။

ထြန္းတာရဲ က လက္စြဲလူမိုက္ အားက်င့္ ကို  ခပ္ထန္ထန္ေျပာၿပီး ေခါက္ဆြဲပန္းကန္ကို ကိုင္ကာ ႐ုံးထဲသို႔ ျပန္ဝင္လိုက္သည္။

သို႔ေသာ္ ၾကာပြတ္သံမၾကားသျဖင့္ ျပန္လွည့္ၾကည့္လိုက္၏။

“ေဟ့ေကာင္..မင္းကို ငါ ႐ိုက္စရာရွိတာ ျမန္ျမန္႐ိုက္လို႔....”

ထြန္းတာရဲ မွာ ျမင္ကြင္းကို ႐ုတ္တရက္ အံဩမွင္တက္စြာ ၾကည့္ေနသည္။

တ႐ုတ္လူမိုက္အားက်င့္၏ လည္ပင္းတြင္ ျမႇားတံတစ္ေခ်ာင္းစိုက္ဝင္လ်က္ ေခြလဲက်ေန၏။

နေဘးတြင္ အ႐ိုက္ခံရသူ အလုပ္သမားငယ္မွာလည္း လဲက်ေသဆုံးေနေသာ အားက်င့္ကို မ်က္လုံးအျပဴးသားျဖင့္ ၾကည့္ေနသည္။

“ခလြမ္း”

ျမႇားတံတစ္ခုက ထြန္းတာရဲ၏ ေဘးတိုက္အေနအထားမွ ဝင္လာၿပီး လက္ထဲတြင္ ကိုင္ထားေသာ ေခါက္ဆြဲပန္းကန္ကို ခြဲထြက္သြား၏။

ျမင္းႏွစ္စီး က သူ႔ေရွ႕သို႔ ႐ုတ္တရက္ ေရာက္လာသည္။

ျမင္းေပၚမွ အမ်ိဳးသားႏွစ္ဉီးအနက္ တစ္ဉီးက လွံရွည္ကို ကိုင္ထားသည္။ တစ္ဉီးက ေသနတ္အရွည္တစ္လက္ကို ကိုင္ထား၏။

ထြန္းတာရဲ ႐ုံးေရွ႕တြင္ထားေသာ စည္ႀကီးမွ ဒုတ္တံကို ယူၿပီး စည္ ကို တီးခတ္လိုက္သည္။

သူ၏ လက္ပါးေစ ေဘာ္တြင္းလူမိုက္တပ္ဖြဲ႕ကို အခ်က္ေပးလိုက္ျခင္းပင္။

“မင္းေနာက္က်သြားၿပီ..ငထြန္းငယ္...မင္းလူေတြအားလုံးကို ငါတို႔ သတ္လိုက္ၾကၿပီ”

ျမင္းေပၚမွ လူက ဗမာဘာသာစကားျဖင့္ ေျပာလိုက္သည္။

“ဘာ..မင္းတို႔က ဘယ္သူေတြလဲ...ဘာကိစၥ ဒီကို ေရာက္လာတာလဲ”

“ငါတို႔က ငကက္ နဲ႔ ငနက္ ပဲ...ေကြ႕ေစာ္ဘြား ဂုဏၰအိမ္ရဲ႕ အမႈထမ္းေတြ”

“ေကြ႕ေစာ္ဘြား..ဂုဏၰအိမ္..ဟုတ္လား..ငါ မၾကားဖူးဘူး”

“ေအး..အခုၾကားဖူးၿပီ..မဟုတ္လား..မင္း မာလိပါးကို ပို႔မယ့္..ေဘာ္ေငြေတြနဲ႔ မင္းဆီက ေ႐ႊေခ်ာင္းေတြ လိုခ်င္တယ္”

ထြန္းတာရဲက မ်က္ေမွာင္ႀကဳံ႕လိုက္သည္။

“ဒီမယ္...ဒီဟာေတြအားလုံးက ယူနန္ဘုရင္ခံေလာက္ေအာက္က နယ္ျခားေစာင့္ရာဇဝတ္မႈတိုက္ဖ်က္ေရးအရာရွိ ဝူရွန္ရွိန္ လက္ေအာက္က ဟာေတြေနာ္...မင္းတို႔ ဒါေတြကို လုယူရင္..ယူနန္ဘုရင္ခံကိုပါ ေစာ္ကားလိုက္တာပဲ”

“ဒုတ္”

“အား”

ေနာက္ထပ္ ျမႇားတစ္စင္းက ထြန္းတာရဲ၏ လက္ေမာင္းကို ေဖာက္ဝင္သြားသည္။

“ေဟ့..ငထြန္း...ငါတို႔ အေဝးႀကီးက လာၾကရတာ....နင္ စကားမရွည္ေနနဲ႔”

ေနာက္ထက္ ေရာက္လာေသာ ျမင္းေပၚမွ အမ်ိဳးသမီးငယ္၏ အသံ။

ထြန္းတာရဲက လက္ေမာင္းကို အုပ္ကိုင္ရင္း...ညည္းညဴေနသည္။

“ေကြ႕ေစာ္ဘြားရဲ႕ ႏွမေတာ္ က်မိုင္းသခင္မ နာလဲ ကိုယ္တိုင္ ...မင္းကို အမိန႔္ေပးေနၿပီ..ငထြန္း”

ျမင္းေပၚမွ ငကက္က ခပ္ၾကမ္းၾကမ္းေအာ္လိုက္သည္။

“ဟာ..ဘာေတြလဲကြာ...ဘယ္ကက်မိုင္းသခင္မ လဲ”

နာလဲ က ဒူးေလးကို ေနာက္ထပ္ ျမႇားတံတစ္ခု ထပ္တပ္လိုက္၏။

“အ..ခဏ..ေနပါဉီး..သခင္မ..ခဏေနပါဉီး”

ထြန္းတာရဲ က အလန႔္တၾကားေအာ္သည္။

“ဘာျဖစ္ခ်င္ၾကတာလဲ..ဘာလိုခ်င္ၾကတာလဲ..ေျပာၾကပါ”

“ခုန ေျပာၿပီးၿပီေလ...နင္ မာလိပါးကို ပို႔မယ့္..ေဘာ္ေတြနဲ႔ စုထားတဲ့ ေ႐ႊေခ်ာင္းေတြလိုခ်င္တယ္”

“ဟုတ္ပါၿပီ..ရပါေစ့မယ္”

“ေနဉီး..က်န္ေသးတယ္..ၿပီးရင္ နင္နဲ႔ နင့္အဖြဲ႕ေတြ..ဒီေဘာ္တြင္းကေန အၿပီးထြက္သြားရမယ္”

“ဗ်ာ”

“ငါ့အမိန႔္ေနာ္..မနာခံရင္ေတာ့..ေဟာ့ဟိုမွာ ေတြ႕လား....နင့္တပည့္အေကာင္ႀကီးလို...လည္ပင္းထဲ ဝင္သြားမယ္”

“သြားပါ့မယ္..သြားပါ့မယ္...ပစၥည္းေတြက အထဲက ေသတၱာထဲမွာပါ..ေသာ့လည္းေပးပါမယ္”

နာလဲက ငကက္ကို မ်က္ရိပ္ျပလိုက္သည္။

ငကက္က ျမင္းေပၚမွ ဆင္းလိုက္၏။

ထို႔ေနာက္ ထြန္းတာရဲ ကို ကုပ္မွ ဆြဲကာ အထဲသို႔ ေခၚသြားသည္။ အေနာက္ဘက္တြင္လည္း ေကြ႕စစ္သည္အခ်ိဳ႕ ေရာက္ရွိလာၾကၿပီျဖစ္သည္။

“ကဲ..ငနက္..ဒီလူကို ျဖဳတ္ေပးလိုက္ပါဉီး”

ငနက္က ခ်ဳပ္ေႏွာင္႐ိုက္ႏွက္ခံထားရသည့္ လူငယ္၏ လည္ပင္းမွ သစ္သားျပားႀကီးကို ျဖဳတ္ေပးရန္ သူ႔စစ္သည္မ်ားကို အမိန႔္ေပးလိုက္သည္။

ထိုအခ်ိန္တြင္ နာလဲ၏ အနီးသို႔ ခါးကိုင္းကိုင္း၊ မုတ္ဆိတ္ေမႊးျဖဴျဖဴျဖင့္ တ႐ုတ္တစ္ဉီး ေရာက္ရွိလာသည္။

“အဆင္ေျပရဲ႕လား သခင္မေလး..သူက ဘာေျပာသလဲ”

ထိုသူထံမွ အင္းဝသားတို႔ေလသံကဲ့သို႔ ဗမာစကားပီပီသသထြက္လာသည္။

“ငါတို႔ ေျပာတဲ့အတိုင္း လက္မခံရင္..သူဘာျဖစ္သြားမလဲ..သူသိပါတယ္..ေထာင္ကဲ”

“ေက်းဇူးအမ်ားႀကီး တင္ပါတယ္..သခင္မ”

“ေက်းဇူးမလိုပါဘူး..ေထာင္ကဲ..နင့္ကတိအတိုင္း သူ႔ဆီက ေ႐ႊေတြကို ငါတို႔ယူမယ္..ဒီေဘာ္တြင္းကို နင့္လက္ထဲအပ္ခဲ့မယ္....အဲ့ဒီအတြက္ တစ္ႏွစ္တစ္ခါ ငါတို႔ကို အခြန္ေပးရမယ္..နင္ေပးခဲ့တဲ့ ကတိေတြ နင္အမွတ္ရဖို႔ပဲလိုတယ္..က်ိဳးခ်ီခ်ဴး”

“စိတ္ခ်ပါ..စိတ္ခ်ပါ...ကြၽန္ေတာ္မ်ိဳး ေစာ္ဘြားႀကီး ဂုဏၰအိမ္ ထံလည္း ေျခာက္လတႀကိမ္ အခြန္ဆက္ပါ့မယ္...သီေပါေစာ္ဘြား..သႏၷီေစာ္ဘြားေတြနဲ႔လည္း ေျပလည္ေအာင္ေနပါ့မယ္...သခင္မတို႔ သာ ဒီေဘာ္တြင္းမွာ ရွိေနတဲ့ ကြၽန္ေတာ့္ကို ေစာင့္ေရွာက္ေပးပါ”

နားလဲက ေခါင္းတခ်က္ညိတ္ျပလိုက္ၿပီး..ျမင္းေပၚမွ ဆင္းကာ..႐ုံးထဲသို႔ ဝင္သြား၏။

က်ိဳးခ်ီက်ဴး။

ယူနန္နယ္သား။ တခ်ိန္က ဟံသာဝတီ၊ အင္းဝ ၊ သႏၷီမွတဆင့္ ယူနန္နယ္အထိ ဂင္ဇာကုန္သည္ ျဖစ္ခဲ့သူ။

ရံဖန္ရံခါ အာေရဗ်ေဒသမွ ဟံသာဝတီဆိပ္ကမ္းသို႔ ေရာက္လာေသာ ဘိန္းမ်ားကို အင္းဝ ၊ ရွမ္းျပည္တို႔ကို ျဖတ္ေက်ာ္ကာ တ႐ုတ္ျပည္အထိ အခ်ီႀကီးကုန္ကူးသည့္ ဝါရင့္ကုန္သည္။

ဟံသာဝတီပုန္ကန္မႈစတင္ၿပီးသည့္ေနာက္ က်ိဳးခ်ီက်ဴး၏ ကုန္သြယ္နယ္နိမိတ္မွာ က်ဥ္းေျမာင္းသြားသည္။

ထို႔ေၾကာင့္.. ေဈးေကာင္းလာသည့္ တ႐ုတ္ေဘာ္ေငြကုန္သြယ္ေရး ေဈးကြက္သို႔ က်ိဳးခ်ီက်ဴး ဝင္ေရာက္ခဲ့သည္။

နမၼတူႏွင့္ အနီးတဝိုက္မွ ထြက္သည့္ေဘာ္မ်ားကို တ႐ုတ္ယူနန္အထိ သယ္ေဆာင္ကာ ကုန္ကူးခဲ့သည္။

သို႔ေသာ္ျငား..နမၼတူေဘာ္တြင္းတြင္ ထြန္းတာရဲ တို႔၏ ေခါင္းပုံျဖတ္မႈေၾကာင့္ အျမတ္ေငြမ်ားမ်ားမရရွိခဲ့။

နမၼတူတင္မက သိႏၷွီနယ္ မိုင္းငါးဘက္တြင္ ေနာက္ထပ္ ေဘာ္တြင္းအသစ္မ်ား ထပ္မံေတြ႕ရွိလာသည္ဆိုသည့္ သတင္းကို ၾကားသည့္ေနာက္ က်ိဳးခ်ီက်ဴး သည္ နမၼတူမွ ထြန္းတာရဲတို႔ကို ေမာင္းထုတ္ရန္ ႀကံစည္ခဲ့သည္။

ထို႔ေၾကာင့္ ရွမ္းျပည္ေထာင္မ်ားႏွင့္ အင္းဝေနျပည္ေတာ္အၾကား ေျမျပန႔္တြင္ အင္အားေကာင္းလာသည့္ ေကြ႕ေခါင္းေဆာင္ ဂုဏၰအိမ္ထံသို႔ က်ိဳးခ်ီက်ဴးက ခ်ဥ္းကပ္ခဲ့သည္။

အင္းဝကို ပုန္ကန္ရန္ ေငြအား၊ လက္နက္အား လိုေနသည့္ ဂုဏၰအိမ္ကို နမၼတူေဘာ္တြင္း အခြန္အခမ်ား ဆက္သမည္ဆိုသည့္အခ်က္ႏွင့္ သူ႔အား ကူညီရန္ ေတာင္းဆိုခဲ့ေတာ့၏။

ယခုေတာ့..ဂုဏၰအိမ္၏ ႏွမေတာ္..ေကြ႕သခင္မ ကိုယ္တိုင္ နမၼတူေဘာ္တြင္းကို သူ႔လက္သို႔ အပ္ခဲ့ၿပီျဖစ္သည္။

 

ခက္ေဇာ္

Comments

Post a Comment