AVA S2 (အခန်း ၂၂)
AVA 1740s (Season 2)
အခန်း(၂၁)
.......................................................
“မမတုတ်...မမတုတ်..အဲ့ဒါ..မြတ်ထား အကို က လွှတ်လိုက်တဲ့..လူထင်ပါရဲ့....မသိနားမလည်ကျေးတောသားနေပါမယ့်”
မြတ်ထားသီရိက မိန်းမစိုးကြီးတစ်ဉီး၏ အနောက်မှ ရောက်လာသည်။
“ထားထား..နောက်ဆုတ်နေ..ဘယ်ကလူမှန်းမသိ...သေချာစစ်ကြောမှပါ”
လူအုပ်ကြီးကလည်း သူတို့အဖြစ်အပျက်ကို စိတ်ဝင်တစားစောင့်ကြည့်နေကြ၏။
“ရတယ်..သူ့ကို မြတ်ထားသိတယ်..အကိုကြီးနန္ဒဝေတပ်က အထောက်တော်ပါ”
အလုံမြို့ဝန်ကတော် မိန်းမစိုးကြီးဒေါ်တုတ် က ငတွန်ကို သေချာစိုက်ကြည့်လိုက်သည်။
“ဟဲ့..နင် ဗိုလ်မင်း နန္ဒဝေဆီက လူလား”
မြတ်ထားသီရိက အနောက်ဘက်မှ ငတွန်ကို မျက်နှာရိပ်မျက်နှာကဲပြလိုက်သည်။
“ဟုတ်တယ်”
“ဘာကိစ်စလဲ”
“သူ့ကို စကားကြုံပါးလိုက်လို့ပါ”
“အေး..ဒါဆိုလည်း ပြီးရော...နောက်ဆို ဒီလို မင်းခမ်းမင်းနားကို လာမကျူးနဲ့..အပေါင်အလက်တွေ ဖြတ်ခံရမယ်မှတ်”
“မမတုတ် တို့သွားနှင့်..ထားထား နောက်က အမှီလိုက်ခဲ့ပါ့မယ်”
မိန်းမစိုးကများက လှည့်ထွက်သွားကြသည်။
ငတွန်က ထလာသည်။
“ရှင် ဘယ်သူလဲ”
“ကျုပ် ငတွန်”
“ရှင် အကိုကြီးဆီက လာတာလား”
“ဘယ်အကိုကြီးလဲ”
“ရှင်ပဲ..ခုနကပြောတော့.ဟုတ်တယ်ဆို”
“ဟာ..မဟုတ်ပါဘူး..ကျုပ် ဗညားအတွက်လာခဲ့တာ”
“ဗညားဆိုတာ”
မြတ်ထားသီရိ၏ အမေးအတွက် ငတွန်က တအံတဩဖြစ်သွားသည်။
“ဒီပုဆိုးကို ခင်ဗျားမှတ်မိလား”
မြတ်ထားသီရိက ငတွန်လက်ထဲမှ ပုဆိုးကို ယူကြည့်လိုက်၏။
“ဘာပုဆိုးလဲ..ကျွန်မက ဘာကို မှတ်မိရမှာလဲ”
“ခင်ဗျားဗျာ..တော်တော် ယုတ်ကန်းတဲ့မိန်းမပဲ..ဟိုခမြာတော့..သေတဲ့အထိ ခင်ဗျားစိတ်နဲ့ အသက်ထွက်သွားရရှာတာ..တောက်”
“ရှင်..ဘာတွေ ပြောနေတာလဲ..ကျွန်မ ဘာမှ မသိဘူး”
“ဒီပုဆိုးက ဗညား အတွက် မှင်ခံပုဆိုးအဖြစ် ခင်ဗျားကိုယ်တိုင်ပေးခဲ့တာလေ”
“ဗညား....ဗညား”
“ဪ..မှတ်မိပြီ..ဟိုးကလေးဘဝတုန်းက ဥယျာဉ်တော်ထဲ ပန်းပုလုပ်တဲ့ကောင်လေး..အင်း..မှတ်မိပြီ..သူက ဟံသာဝတီကို ပြန်သွားပြီလေ”
“မဟုတ်ဘူး...သူ အင်းဝကို ပြန်လာတယ်..ရှေ့တန်းမှာ သေသွားပြီ..ဗိုလ်မှူးဗညားကျန်းတော ဆိုတာ သူပဲဗျ..ခင်ဗျား မသိဘူးလား”
“ဪ...သူ သေသွားပြီကိုး...အင်း”
ငတွန် မျက်နှာက ပိုမိုတင်းမာသွား၏။
“ခင်ဗျား..ဗျာ...”
“ထားထား...ဘာလုပ်နေတာလဲ..ဟိုမှာ မိဖုရားဝေါတော်က အတော်ဝေးဝေးတောင်ရောက်သွားပြီ..တော်ကြာ မမြင်လို့ ဟိုကမေးရင် အပြစ်ဒဏ်သင့်နေမယ်..သွားပါတော့”
အနောက်ဘက်မှ နန်းတွင်းသူကြီးတစ်ဉီးက အော်ပြောလိုက်သည်။
မြတ်ထားသီရိက ငတွန်ကို တချက်ကြည့်ကာ လှည့်ထွက်သွား၏။
“ဟေ့..နေဉီး”
ထိုအချိန်တွင် တစ်စုံတစ်ဉီးက ငတွန်ကို စောင့်ဆွဲလိုက်သည်။
“ကိုတွန်...အဲ့ဒီထဲ ဝင်လိုက်သွားရင်..ရှင်အသတ်ခံရလိမ့်မယ်”
သူ၏ လက်မောင်းကို အတင်းဆွဲထားသည့် မိန်းမပျိုကို ငတွန်က တချက်ကြည့်လိုက်သည်။
“မင်း..ရှင်မိငယ်..မိငယ်..မဟုတ်လား”
“ဟုတ်တယ်..လူအုပ်ကြားထဲကနေ ရှင့်ကို ကျွန်မ ကြည့်နေတာကြာပြီ....ရှင်ဘာဖြစ်နေတာလဲ”
ရှင်မိငယ်က ငတွန်ကို လူအုပ်ကြားထဲမှ ဆွဲထုတ်သွား၏။
လူအုပ်နှင့် မနီးမဝေး မန်းကျည်းပင်ကြီးအောက်ရှိ ရေချမ်းစင်မှ ရေတစ်မုတ်ကို ခပ်ပြီး ငတွန်ကို တိုက်လိုက်သည်။
“ကဲ..ဘယ်လို ဖြစ်လာရတာလဲ..ကိုတွန်ရယ်..ရှင်မလဲ..တခေါက်တခေါက် ပေါ်လာလိုက်ရင်..အရေးအကြောင်းတွေနဲ့ချည်းပဲ”
“မြတ်ထားသီရိ ကို လာရှာတာ”
“မြတ်ထားသီရိ ဆိုတာ ဘယ်သူလဲ”
ငတွန်က သူ့လက်ထဲမှ ပုဆိုးကို ပြလိုက်သည်။
“ဒီပုဆိုးပိုင်ရှင်ရဲ့ ရည်းစားလေ”
“သူက နန်းတွင်းသူလား”
“ဘုရင့်ကိုယ်လုပ်တော်တဲ့”
“ဘုရားရေ...ကံကောင်းလို့..ဘုရင့်ပစ္စည်းကို လူပုံအလယ် ရှင်မို့ သွားထိရဲတယ်..အံမယ်လေး..ကိုတွန်ရယ်”
“သူ့ရည်းစားက..ဗညားကျန်းတောတဲ့ မလွန်တပ်က ဗိုလ်မှူးပဲ..ခုတော့ အသတ်ခံလိုက်ရပြီ..မသေခင်မှာ သူပေးခဲ့တဲ့ မှင်ခံပုဆိုးလေးပေးသွားတယ်..အဲ့ဒါ သူသိအောင်လို့ ကျုပ် လာပြောပြတာ..မိငယ်”
“ရှင် က ဘယ်လိုလုပ် မလွန်ခံတပ်ကို ရောက်နေရပြန်တာလဲ”
ထိုအချိန်တွင် လှည်းတစ်စီးက မန်းကျည်းပင်အရိပ်အောက်သို့ လာရပ်သည်။
“ရှင်မိငယ်..ညည်းကို တို့များက လူအုပ်ကြား လိုက်ရှာနေတာ..ပြန်ကြမယ်လေကွယ်”
လှည်းပေါ်တွင် ငကောင်း၏ ဇနီး။ ငကောင်းက လှည်းမောင်းလျက် အခြားအမျိုးသားတစ်ဉီးလည်း လှည်းပေါ်ပါလာသည်။
ငကောင်းက ငတွန်ကို သတိထားမိသွားသည်။
“ဟေ့..ကိုသာ..အဲ့ဒါ မုဆိုးခြုံဗိုလ်တွန် ဆိုတဲ့ လူပဲဗျ”
ငသာက သေချာကြည့်လိုက်သည်။
“နာမည်တော့ ကြားဖူးတယ်ပ...သူက ရှင်မိငယ်နဲ့ သိတာကလား”
ငကောင်းက လှည်းပေါ်မှ ဆင်းလိုက်သည်။
“ဗိုလ်တွန်....ခင်ဗျား ဗိုလ်တွန် ဟုတ်ပါရဲ့နော်”
“ဟုတ်ပ.ကိုကောင်းရေ...မမလွီဇာရဲ့ဗိုလ်တွန်ကြီးပေါ့”
ငသာ ကလည် ငကောင်းဘေးတွင် လာရပ်လိုက်သည်။
“ငါ့လူ သတင်းက တော့ ကန်ရိုးတံခါးတိုက်ပွဲမှာကတည်းက ကျော်နေတာဟေ့..အခုမှ မြင်ဖူးတော့တယ်..တကယ့်လူဇော်ကို”
ငတွန်က ငသာနှင် ငကောင်းကို ပြုံးပြလိုက်သည်။
“ဗိုလ်တွန် သူက ကိုသာ တဲ့ဗျ...ကျုပ်တို့ မုဆိုးဖိုမှာ ထန်းလုံးခံတပ်ဆောက်တော့ သူပဲ နည်းစနစ်တွေ ကူညီပေးခဲ့တာ..အရင်က သီရိကျော်ထင်အပါးမှာ အမှုထမ်းခဲ့ပေါ့...အခုတော့ အင်းဝမှာ ရှားကရှားပါး..သူခိုးဓါးပြလည်းပေါလာတာနဲ့.ကျုပ်တို့နဲ့အတူ မုဆိုးဖိုမှာ လိုက်နေဖို့ဗျိုး”
“ခင်ဗျားတို့က မုဆိုးဖိုမှာနေကြတာလား”
“ဟုတ်ပြီလား..မိငယ်လည်း ကိုအောင်ဇေယျနဲ့ ကလေးတစ်ယောက်ရနေပြီလေ..မုဆိုးဖိုမှာပဲ နေကြတာပ”
“ကိုတွန်...ရှင်ရော..အခု ဘယ်မှာနေလဲ..အင်းဝမှာပဲလား”
“ကျုပ်ကတော့ တွေ့တဲ့ ဇရပ်မှာ တက်နေတာပါပဲ”
“ဟင်..လုပ်စားကိုင်စားရော အဆင်ပြေရဲ့လား”
“ရွာတွေဘက် အခစားနဲ့ ပွဲကျောင်းပညာတွေ၊ သိုင်းတွေ လိုက်သင်ပေးနေတာပဲ”
“ကြုံလေပ..ကိုယ့်လူ..မုဆိုးဖိုမှာလည်း ကိုအောင်ဇေယျက လူငယ်တွေကို စုပြီး ကာကွယ်ရေးပညာတွေ သင်ဖို့လုပ်နေတယ်..ကိုယ့်လူ..တို့ဆီလည်း လိုက်သင်ပေးပါလား..ကိုယ့်လူက ဓါးရေး လှံရေး မှာ နာမည်ကြီးတာပဲကိုး”
“နောက်များမှပေါ့ဗျာ..အခုများတော့..လုပ်စရာလေးတွေရှိသေးလို့”
ငတွန်စကားကြောင့် ရှင်မိငယ်က ပြုံးလိုက်သည်။
“ဘာလဲ..ဟိုမြတ်ထားဆိုလား ဘာလား..သူ့ကို ဒီပုဆိုးကြီး လိုက်ပေးဉီးမလို့လား”
“အင်း..ကျုပ် ခံပြင်းနေတာဗျ..ကျုပ်သူငယ်ချင်း ဗညားကျန်းတောက သူ့ကို တသသနဲ့ သေသွားရှာတယ်..သူက ဖြင့် ဗညားဆိုတာ ဘယ်သူမှန်းတောင်မသိဘူး..သူပေးခဲ့တဲ့ မှင်ခံပုဆိုးတောင် သူမမှတ်မိဘူး..ဟိုကဖြင့် တယုတယသိမ်းထားရတာ..သူ့ကို တွေ့ချင်လို့ အင်းဝမှာ စစ်မှုထမ်းရင်း မလွန်တပ်မှာသေရရှာပြီ”
“ဗညားကျန်းတော ဟုတ်လား”
ငသာက ဝင်မေးလိုက်သည်။
“ဟုတ်တယ်လေ”
“အဲ့ဒါလည်း ခင်ဗျား သူငယ်ချင်းပေါ့”
ငတွန်က ခေါင်းညိတ်လိုက်၏။
“သူက ခံစစ်ဆင်ခြင်းသေနင်္ဂဗျူဟာအရေးမှာ တဖက်ကမ်းခတ်တယ်ဆိုဗျ..ကျုပ်ဖြင့် သူ့ မြင်ဖူးချင်တာ..သေရှာပြီကောလား..နှမြောလိုက်တာ”
“ဟုတ်တယ်..အခု ကျုပ်အင်းဝကို လာတာလည်း..သူ့ကိစ္စပဲ”
“ကဲ...ကိုတွန်..ကျွန်မတို့လည်း စစ်ကိုင်းဘက်ကို ကူးကြရဉီးမယ်..ဟိုမှာ တညအိပ်မှာမို့.သွားလိုက်ပါဉီးမယ်...တစ်ခုပဲ...ရှင်ဒီလို လေလွင့်ပြီး လျှောက်သွားနေရင်..တနေ့နေ့ ဘေးတွေ့လိမ့်မယ်..ခေတ်အခါကြီးက ကောင်းတာမဟုတ်ဘူး...ရှင့်အတွက် အတည်တကျ တနေရာနေဖို့ လိုအပ်လာပြီဆိုရင်တော့ မုဆိုးဖိုက အမြဲကြိုဆိုနေမှာပါ..ကိုအောင်ဇေယျကလည်း ရှင့်အကြောင်းကို သိနေတာပဲ..ရှင်လည်း သူ့ကြောင်းသိတာပဲ...အဲ့ဒါလေးတော့ ခေါင်းထဲ ထည့်ထားပေးပါ”
“ဟုတ်တယ်..ခေတ်ကာလကြီးက ကောင်းတာမဟုတ်ဘူး..ကျုပ်တို့မှာ ဗိုလ်တွန် တို့လို့ ယောက်ျားကောင်းတွေလိုတယ်ဗျ”
ငတွန်က က ဘာစကားမှမဆိုပဲ...တစ်စုံတစ်ခုကို လေးလေးနက်နက်စဉ်းစားနေသည်။
ထို့နောက်...
“ကျုပ် စဉ်းစားပါမယ်..အခုလောလောဆယ်တော့...အင်းဝမှာပဲ ခဏနေချင်သေးတယ်”
......................................................................................................................................
“ဂျိုနာဘီဂန်..ဂျိုနာဘီဂန်”
ပွန်ဒီချယ်ရီမြို့၊ စိန့်ထရီဆာလမ်းနှင့် မစ်ရှင်လမ်း တစ်လျှောက်မှ အိန္ဒိယတိုင်းရင်းသားတို့မှာ လမ်းဘေးသို့ ဆင်းကာ ဒူးထောက်နေကြသည်။
“ဂျိုနာဘီဂန်” ဆိုသည့် အမည်ကိုလည်း တီးတိုးပြောဆိုနေကြ၏။
ပြင်သစ်မြင်းစီးစစ်သည်တပ်စိတ်၏ နောက်မှ မြင်းလေးကောင်ဆွဲ ရထားလုံး ပေါ်တွင် ဂျိုနာဘီဂန် ဟု သူတို့ခေါ်ကြသည့် အမျိုးသမီးပါလာသည်။
“ဂျိုနာဘီဂန်” ဟု အိန္ဒိယသားတို့ ခေါ်ကြသည့် သူမ မှာ ပွန်ဒီချယ်ရီမြို့တွင် ဩဇာအကြီးဆုံး အမျိုးသမီးဖြစ်သည်။
သူမ၏ အမည်အရင်းမှာ Jeanne Albert ဖြစ်ပြီး သူမသည် ပွန်ဒီချယ်ရီတွင်ပင် မွေးဖွားကြီးပြင်းခဲ့သည်။
ဖခင်မှာ ပြင်သစ်အရှေ့အိန္ဒိယကုမ္ပဏီ၏ ဆရာဝန်ကြီး Jacques-Théodore Albert ဖြစ်သည်။ မိခင်မှာ ပေါ်တူဂီ၊ အီတလီ နှင့် အိန္ဒိယသွေးများရောယှက်နေသည့် ကပြားတစ်ဉီးဖြစ်သည်။
Jeanne Albert မှာ ပွန်ဒီချယ်ရီ၏ နာမည်ကျော်အလှဘုရင်မလည်းဖြစ်၏။ သူမ၏ ခင်ပွန်းဖြစ်သူ ကုမ္ပဏီ၏ အုပ်ချုပ်ရေးကောင်စီဝင် မွန်စီယာဗင်ဆန် မှာ ၁၇၃၉ စက်တင်ဘာလတွင် ကွယ်လွန်သွားခဲ့သည်။
မုဆိုးမအဖြစ်ကျန်ရစ်သော အသက်(၃၅)နှစ်အရွယ်သူမကို ပွန်ဒီချယ်ရီတွင် တန်ခိုးအာဏာအကြီးဆုံး အရှေ့အိန္ဒိယပြင်သစ်တပ်များ၏ အကြီးအကဲ ဘုရင်ခံ ဂျိုးဆက်ဒူပလေ က လက်ထပ်ခဲ့၏။
ခရစ်ယာန်ဘာသာရေးယုံကြည်မှုကို ပြင်းထန်ပြီး အခြားကိုးကွယ်မှုများကို မလိုလားသည့် သူမသည် အိန္ဒိယမဟာရာဂျာများနှင့်အမူ အဆင်ပြေစွာဆက်ဆံတတ်သူဖြစ်သည်။
သူမ၏ အာဏာစက်သည် ပွန်ဒီချယ်ရီတွင် ဘုရင်ခံ ဒူပလေထက်ပင် ပိုမိုသက်ရောက်သည်ဟု ပြောစမှတ်ပြုကြ၏။
ယခုလည်း အင်မာကူလိတ်ကွန်ဆက်ရှင်ကက်သီဒြယ်ဘုရားကျောင်းဆီသို့ တနင်္ဂနွေနေ့ ဝတ်ပြုရန် သူမ လာရောက်ခြင်းဖြစ်သည်။
လမ်းတလျှောက် တိုင်းရင်းသားများမှာ သူ့ကို ဒူးထောက်အရိုအသေပေးနေကြရ၏။
ဘုရားကျောင်းဝန်းအတွင်းသို့ ရထားလုံး က ဖြည်းညင်းစွာဝင်လာသည်။ မြင်းစီးတပ်စိတ်က ဘုရားကျောင်းပတ်ချာလည်တွင် နေရာယူလိုက်ကြသည်။
ဘုရားကျောင်းအဝင်အဝ တွင် ရှိသမျှ ပြင်သစ်လူမျိုးများ၊ လူဖြူများ အားလုံးက သူမကို အရိုအသေပြုရန် စောင့်နေကြ၏။
ထိုလူအုပ်ထဲတွင် မီလပ်၊ လွီဇာနှင့် ကိုဇာနီကော့ဗ် တို့လည်း ပါဝင်သည်။
မီလပ်သည် ပြင်သစ်စစ်ဗိုလ်ဝတ်စုံကို ခန့်ညားစွာဝတ်ဆင်ထားပြီး ဉီးထုပ်တွင် ဒေါင်းမြီးတစ်ခုကို ထိုးထားသည်။
မီလပ်နဘေးတွင် လွီဇာက နီညိုရောင်ကိုယ်ကြပ်ဝတ်စုံနှင့် ဂါဝန်ကို ပေါ်တူဂီရိုးရာအတိုင်း ဝတ်ဆင်ထား၏။
ရထားလုံးပေါ်မှ ချောမောလှပသော ဆယ်နှစ်အရွယ်မိန်းမငယ်တစ်ဉီးဆင်းလာသည်။ ထိုကလေးငယ်မှာ ဂျင်နီဒူပလေ၏ ပထမအိမ်ထောင်နှင့် ရခဲ့သော သမီးငယ် မာရီ (ခေါ်) ချွန်ချွန် ဖြစ်သည်။
ထို့နောက်တွင်မှ ဂျင်နီဒူပလေ က ဆင်းလာ၏။
ဂျင်နီဒူပလေ သည် အဖြူရောင်ဇာများဖြင့် ချုပ်ထားသည့် ဂါဝန်ကို ဝတ်ထားသည်။
မျက်လုံးဝိုင်းဝိုင်း၊ နှာတံစင်းစင်း၊ လှပသော နှုတ်ခမ်းပါးလေးများနှင့် ဂျင်နီဒူပလေမှာ ဆယ်ကျော်သက်ကလေးတစ်ယောက်အလား လှပနေဆဲ။
လွီဇာပင် ဂျင်နီအား ငေးကြည့်နေရ၏။
ဘုရားကျောင်းအဝင်အဝမှ လူတန်းကြီးကို ဂျင်နီဒူပလေက တစ်ဉီးချင်းလိုက်နှုတ်ဆက်သည်။
မီလပ်၏ အနားသို့ အရောက်တွင် ဂျင်နီက မီလပ် အား သူမ၏ လက်ဖမိုးကို ကမ်းပေးလိုက်၏။
မီလပ်က ဒူးထောက်ကာ နမ်းလိုက်သည်။
“မွန်စီယာမီလပ်.....တိုက်ပွဲက ကျန်းကျန်းမာမာပြန်လာနိုင်တာတွေ့လို့ ဝမ်းသာပါတယ်”
“ဘုရားကျေးဇူးတော်ပါပဲ..သခင်မ”
ဂျင်နီ က နဘေးမှ လွီဇာကို သတိထားမိသွား၏။
“မွန်စီယာမီလပ်ဘေးနားမှာတော့ အမြဲတမ်း မိန်းမချောလေးတွေချည်းပါလား..”
လွီဇာက ပြုံးလိုက်၏။
“သူက ပေါ်တူဂီ လား”
“ဟုတ်ပါတယ်..သခင်မ...သူက ဟိုးအဝေးကြီး ပဲခူး ကတောင် လာရတာပါ”
“ပဲခူး..ဟုတ်လား...အရှေ့ဘက်က ခမ်းနားတဲ့မြို့တစ်ခုပဲ...ငါ ကြားဖူးတယ်..အဲ့ဒီမှာ ပေါ်တူဂီလူမျိုးတွေရှိတာလား”
“ရှိပါတယ်...ဒါက သခင်မအတွက် သူဆက်သတဲ့ လက်ဆောင်ပါ”
မီလပ်က လွီဇာလက်ထဲမှ ယွန်းအစ်လေးကို ယူကာ ပေးလိုက်သည်။
ဂျင်နီက ယွန်းအစ် ကို ယူလိုက်ပြီး ရှေ့ဆက် ထွက်ခွာသွားတော့၏။
ဝတ်ပြုမှုအစီအစဉ် စတင်ပြီဖြစ်သည်။
..................................................................................................
ဝတ်ပြုမှု ပြီးဆုံးခဲ့ပြီဖြစ်သည်။
ဘုရားကျောင်း၏ အနောက်ဖက်ရှိ သီးသန့်အဆောင်လေးထဲသို့ မီလပ်၊ လွီဇာ နှင့် ကိုဇာနီကောဗ် တို့ ဝင်လာ၏။
ရှေ့ဆုံးမှ ဖဲကတ္တီပါခင်းထားသည့် ကုလားထိုင်ပေါ်တွင် ဂျင်နီဒူပလေ ထိုင်နေသည်။
လွီဇာပေးထားသည့် ဟင်္သာပုံရွှေဘယက်ကြီးကို လက်ပေါ်တင်လျက် အရည်လဲ့နေသည့် ပတ္တမြားပွင့်များကို သဘောတကျကြည့်နေသည်။
“ကျွန်တော်မျိုးတို့ရောက်ပါပြီ..မမဂျင်နီ”
ဂျင်နီက စွဲဆောင်မှုရှိစွာဖြင့် ပြုံးပြလိုက်သည်။
“မင်း နာမည်က”
“လွီဇာဒီမဲလိုး ပါ..သခင်မ”
“ဟိုတစ်ယောက်ကရော”
ကိုဇာနီကော့ဗ်မှာ လွီဇာကဲ့သို့ ပြင်သစ်စကားကို ကောင်းကောင်းနားမလည်သောကြောင့် ဂျင်နီ၏ အလှအပကိုသာ ငေးမောနေသည်။
“သူက မစ္စတာကိုဇာနီကော့ဗ်ပါ..အာမေးနီးယန်းလူမျိုးပါ”
“အင်း..ဟုတ်ပြီ..ထိုင်ကြ..လွတ်လွတ်လပ်လပ်”
အောက်ဘက်ရှိ ခုံကလေးများတွင် သူတို့ ဝင်ထိုင်လိုက်ကြသည်။
“ပဲခူး ဆိုတာ ကို ကြားဖူးတယ်..အရှေ့တောင်ဘက်က အရမ်းချမ်းသာတဲ့ မြို့တစ်မြို့ပဲ...ပေါ်တူဂီတွေ၊ အာမေးနီးယန်းတွေပါရှိတယ်ဆိုတာတော့ သခင်မ အခုမှ သိတာ”
“ကျွန်တော်မျိုးမ တို့ က မျိုးဆက်နှစ်ဆက်တိုင်တိုင် အင်းဝမှာ နေခဲ့ကြတာပါ..ကျွန်တော်မျိုးမကိုလည်း အင်းဝမှာပဲ မွေးပါတယ်..သခင်မ”
“အင်းဝ..ဟုတ်လား”
“ဟုတ်ပါတယ်..သခင်မ..ပဲခူးဆိပ်ကမ်းရဲ့ အထက် ကုန်းတွင်းပိုင်းက မြို့တော်ပါ...သခင်မ လက်ထဲက ဘယက်မှာပါတဲ့ ပတ္တမြားမျိုးတွေ ဟာ အင်းဝပိုင်နက်..မိုးကုတ်ကြပ်ပြင်က နေ ထွက်ရှိတာပါ”
“အင်း..ဒါကြောင့် ကြည့်နေတာ အိန္ဒိယပတ္တမြားတွေနဲ့ အရည်က အတော်ကွာနေတာလို့..အင်း..အတော်ကောင်းတဲ့ ပတ္တမြားတွေပဲ”
“မှန်ပါ..သခင်မနဲ့ ဒူပလေသခင်အတွက်လည်း ပဲခူးဘုရင်က လက်ဆောင်ပါးလိုက်တဲ့ နောက်ထပ် ပစ္စည်းတွေပါလာပါသေးတယ်”
“ပဲခူးဘုရင်..ဟုတ်လား...မင်းတို့က ကုန်သည်တွေမဟုတ်ဘူးလား”
“မဟုတ်ပါဘူး..သခင်မ..ကျွန်တော်မျိုးမတို့က ပဲခူးဘုရင် ဗညားဒလ က လွှတ်လိုက်တဲ့ သံတမန်တွေပါ”
“ဟင်”
ဂျင်နီဒူပလေ က မီလပ်ကို ကြည့်လိုက်သည်။
“ဟုတ်ပါတယ်..မမဂျင်နီ..လွန်ခဲ့တဲ့ နှစ်တွေက မွန်စီယာဘရူနိုရယ်..ကျွန်တော်ရယ်..ဘုရင်ခံမင်းကြီး အမိန့်အရ သန်လျင်ဆိပ်ကမ်းကို ရောက်ခဲ့ကြပါတယ်...အဲ့ဒီကတည်းက ဒီက လွီဇာတို့နဲ့ သိကျွမ်းခဲ့ရတာက..အခု ဘုရင်ဖြစ်နေတဲ့ အမတ်ကြီးဗညားဒလနဲ့ ကျွန်တော်မျိုးတို့ အကြား လျှို့ဝှက်ချုပ်ဆိုထားတဲ့ စာချုပ်တစ်ချို့လည်းရှိခဲ့ပါတယ်..ဒါပေမယ့် အဲ့ဒီတုန်းက ဘုရင်ဟာ ထီးနန်းရတဲ့အခါ အင်္ဂလိပ်ဘက်ကို ယိမ်းနေတဲ့အတွက် ဘုရင်ခံမင်းကြီး စိတ်ဆိုးပြီး ကုမ္ပဏီကိုယ်စားလှယ်များကို ပြန်ခေါ်ပြီး အဆက်အသွယ်ပြတ်သွားခဲ့တာပါ...အခုတစ်ခါမှာတော့ ပြင်သစ်တို့ရဲ့ မဟာမိတ်ဖြစ်တဲ့ အမတ်ကြီးဗညားဒလဟာ ပဲခူးရဲ့ ရှင်ဘုရင်ဖြစ်ခဲ့ပါပြီ..ဒါ့ကြောင့် ဒီက လွီဇာ တို့ကို သံတမန်အဖြစ် ဒီကို ရှေးဉီးစွာ လွှတ်လိုက်တာပါ”
“ဒါကို ဘုရင်ခံမင်းကြီး..သိလား.မီလပ်”
“မသိသေးပါဘူး..ဘုရင်ခံမင်းကြီး က ကုမ္ပဏီစစ်ရေးကိစ္စအလုပ်များနေလို့..သခင်မကနေ တဆင့်ပဲ သူနဲ့ တွေ့ဆုံဖို့ ခွင့်တောင်းပေးပါ”
“အင်း...”
ဂျင်နီဒူပလေ က လက်ထဲမှ ဘယက်ကို တစိမ့်စိမ့်ငေးကြည့်နေသည်။
ထို့နောက်....
“ဒီပတ္တမြားတွေ ထွက်တယ်ဆိုတာ..ခုန ဘယ်မြို့”
“အင်းဝ အနီးအနားက..မိုးကုတ်ကြပ်ပြင်ပါ..သခင်မ”
“အင်းဝ က ပဲခူး လက်အောက်ခံလား”
“အင်းဝ နဲ့ ပဲခူး က စစ်မက်ဖြစ်နေကြတာပါ...အခု လာရင်းကိစ္စကလည်း ပဲခူးအနေနဲ့ အင်းဝကို သိမ်းတဲ့အခါ ပြင်သစ်ဘက်က လက်နက်အကူအညီပေးဖို့အတွက်နဲ့ လွန်ခဲ့တဲ့ နှစ်တွေက ချုပ်ထားတဲ့ စာချုပ်ကို ပြန်လည်အသက်သွင်း ညှိနှိုင်းဖို့ လာခဲ့ကြတာပါ”
“အဲ့ဒီနိုင်ငံတွေက ဘာကိုးကွယ်ကြလဲ”
“ဗုဒ္ဓဘာသာကိုးကွယ်ကြပါတယ်”
“အင်း..သနားဖို့ကောင်းတဲ့လူတွေပဲ..ဒါနဲ့ လွီဇာတို့ကရော”
“ကျွန်တော်မျိုးမက ရိုမန်ကက်သလစ်ခရစ်ယာန်ပါ”
“အဲ့ဒီအရပ်ဒေသမှာ ခရစ်တော်ရဲ့ သတင်းစကားက ကောင်းကောင်းပြန့်နှံ့ ရဲ့လား”
“အင်းဝဘုရင်ရော..ပဲခူးဘုရင်ရောဟာ..ဘရင်ဂျီခရစ်ယာန်သာသနာကို ကိုးကွယ်ခွင့်ပြုထားပါတယ်”
“အင်းဝ ကို ပဲခူးက တကယ် သိမ်းယူမှာလား”
“မှန်ပါ...အင်းဝဟာ အားနည်းနေတဲ့ နိုင်ငံတော်တစ်ခုပါ....နှစ်စဉ် စစ်ပြိုင်လျက် ရှိကြောင်းပါ.. ပြင်သစ်လက်နက်များသာရလျင်ဖြင့်..မြန်ဆန်လွယ်ကူပါလိမ့်မယ်”
“အင်းဝမှာ ဒီလို ပတ္တမြားတွေ အများကြီး ထွက်တာလား”
“မှန်ပါ..ထွက်ပါတယ်”
ဂျင်နီက ပတ္တမြားဘယက်ကို ယွန်းဘူးထဲ ပြန်ထည့်လိုက်သည်။
“ကောင်းပြီ...ဘုရင်ခံမင်းကြီးရှေ့တော်ကို သံတမန်အဖွဲ့ဝင်ဖို့ ပြင်ဆင်ထားလိုက်ပါ”
ခက်ဇော်
တပ်တွင်ပါသား၊ များစွာဝန်းရှက်၊ တို့ရဲမက်ကို၊ စိတ်စက်ချမ်းသာ၊ ရွှင်လန်းစွာလျက်၊ ရိက္ခာဆန်ရေ၊ ဝပြောစေဟု၊ ရောက်လေသမျှ၊ ကြံစေမူ၊ ဟာသဗျူဟာ၊ ရှုဖွယ်သာတိ။ ဗျူဟာစက္ကိပျို့
(တပ်တွင်ပါသမျှ သူရဲသူခက်၊ ရဲမက်ဗိုလ်ပါတို့ စိတ်နှလုံးရွှင်ပြုံးစေအောင် ပြုလုပ်ပေးခြင်း၊ ရိက္ခာဆန်ရေများ ပေါများစေရန် ဖြည့်ဆည်းပေးနိုင်ခြင်းသည်လည်း စစ်နိုင်ရာ ဟာသဗျူဟာ)
(Zawgyi)
AVA 1740s (Season 2)
အခန္း(၂၁)
.......................................................
“မမတုတ္...မမတုတ္..အဲ့ဒါ..ျမတ္ထား အကို က လႊတ္လိုက္တဲ့..လူထင္ပါရဲ႕....မသိနားမလည္ေက်းေတာသားေနပါမယ့္”
ျမတ္ထားသီရိက မိန္းမစိုးႀကီးတစ္ဉီး၏ အေနာက္မွ ေရာက္လာသည္။
“ထားထား..ေနာက္ဆုတ္ေန..ဘယ္ကလူမွန္းမသိ...ေသခ်ာစစ္ေၾကာမွပါ”
လူအုပ္ႀကီးကလည္း သူတို႔အျဖစ္အပ်က္ကို စိတ္ဝင္တစားေစာင့္ၾကည့္ေနၾက၏။
“ရတယ္..သူ႔ကို ျမတ္ထားသိတယ္..အကိုႀကီးနႏၵေဝတပ္က အေထာက္ေတာ္ပါ”
အလုံၿမိဳ႕ဝန္ကေတာ္ မိန္းမစိုးႀကီးေဒၚတုတ္ က ငတြန္ကို ေသခ်ာစိုက္ၾကည့္လိုက္သည္။
“ဟဲ့..နင္ ဗိုလ္မင္း နႏၵေဝဆီက လူလား”
ျမတ္ထားသီရိက အေနာက္ဘက္မွ ငတြန္ကို မ်က္ႏွာရိပ္မ်က္ႏွာကဲျပလိုက္သည္။
“ဟုတ္တယ္”
“ဘာကိစ္စလဲ”
“သူ႔ကို စကားႀကဳံပါးလိုက္လို႔ပါ”
“ေအး..ဒါဆိုလည္း ၿပီးေရာ...ေနာက္ဆို ဒီလို မင္းခမ္းမင္းနားကို လာမက်ဴးနဲ႔..အေပါင္အလက္ေတြ ျဖတ္ခံရမယ္မွတ္”
“မမတုတ္ တို႔သြားႏွင့္..ထားထား ေနာက္က အမွီလိုက္ခဲ့ပါ့မယ္”
မိန္းမစိုးကမ်ားက လွည့္ထြက္သြားၾကသည္။
ငတြန္က ထလာသည္။
“ရွင္ ဘယ္သူလဲ”
“က်ဳပ္ ငတြန္”
“ရွင္ အကိုႀကီးဆီက လာတာလား”
“ဘယ္အကိုႀကီးလဲ”
“ရွင္ပဲ..ခုနကေျပာေတာ့.ဟုတ္တယ္ဆို”
“ဟာ..မဟုတ္ပါဘူး..က်ဳပ္ ဗညားအတြက္လာခဲ့တာ”
“ဗညားဆိုတာ”
ျမတ္ထားသီရိ၏ အေမးအတြက္ ငတြန္က တအံတဩျဖစ္သြားသည္။
“ဒီပုဆိုးကို ခင္ဗ်ားမွတ္မိလား”
ျမတ္ထားသီရိက ငတြန္လက္ထဲမွ ပုဆိုးကို ယူၾကည့္လိုက္၏။
“ဘာပုဆိုးလဲ..ကြၽန္မက ဘာကို မွတ္မိရမွာလဲ”
“ခင္ဗ်ားဗ်ာ..ေတာ္ေတာ္ ယုတ္ကန္းတဲ့မိန္းမပဲ..ဟိုချမာေတာ့..ေသတဲ့အထိ ခင္ဗ်ားစိတ္နဲ႔ အသက္ထြက္သြားရရွာတာ..ေတာက္”
“ရွင္..ဘာေတြ ေျပာေနတာလဲ..ကြၽန္မ ဘာမွ မသိဘူး”
“ဒီပုဆိုးက ဗညား အတြက္ မွင္ခံပုဆိုးအျဖစ္ ခင္ဗ်ားကိုယ္တိုင္ေပးခဲ့တာေလ”
“ဗညား....ဗညား”
“ဪ..မွတ္မိၿပီ..ဟိုးကေလးဘဝတုန္းက ဥယ်ာဥ္ေတာ္ထဲ ပန္းပုလုပ္တဲ့ေကာင္ေလး..အင္း..မွတ္မိၿပီ..သူက ဟံသာဝတီကို ျပန္သြားၿပီေလ”
“မဟုတ္ဘူး...သူ အင္းဝကို ျပန္လာတယ္..ေရွ႕တန္းမွာ ေသသြားၿပီ..ဗိုလ္မႉးဗညားက်န္းေတာ ဆိုတာ သူပဲဗ်..ခင္ဗ်ား မသိဘူးလား”
“ဪ...သူ ေသသြားၿပီကိုး...အင္း”
ငတြန္ မ်က္ႏွာက ပိုမိုတင္းမာသြား၏။
“ခင္ဗ်ား..ဗ်ာ...”
“ထားထား...ဘာလုပ္ေနတာလဲ..ဟိုမွာ မိဖုရားေဝါေတာ္က အေတာ္ေဝးေဝးေတာင္ေရာက္သြားၿပီ..ေတာ္ၾကာ မျမင္လို႔ ဟိုကေမးရင္ အျပစ္ဒဏ္သင့္ေနမယ္..သြားပါေတာ့”
အေနာက္ဘက္မွ နန္းတြင္းသူႀကီးတစ္ဉီးက ေအာ္ေျပာလိုက္သည္။
ျမတ္ထားသီရိက ငတြန္ကို တခ်က္ၾကည့္ကာ လွည့္ထြက္သြား၏။
“ေဟ့..ေနဉီး”
ထိုအခ်ိန္တြင္ တစ္စုံတစ္ဉီးက ငတြန္ကို ေစာင့္ဆြဲလိုက္သည္။
“ကိုတြန္...အဲ့ဒီထဲ ဝင္လိုက္သြားရင္..ရွင္အသတ္ခံရလိမ့္မယ္”
သူ၏ လက္ေမာင္းကို အတင္းဆြဲထားသည့္ မိန္းမပ်ိဳကို ငတြန္က တခ်က္ၾကည့္လိုက္သည္။
“မင္း..ရွင္မိငယ္..မိငယ္..မဟုတ္လား”
“ဟုတ္တယ္..လူအုပ္ၾကားထဲကေန ရွင့္ကို ကြၽန္မ ၾကည့္ေနတာၾကာၿပီ....ရွင္ဘာျဖစ္ေနတာလဲ”
ရွင္မိငယ္က ငတြန္ကို လူအုပ္ၾကားထဲမွ ဆြဲထုတ္သြား၏။
လူအုပ္ႏွင့္ မနီးမေဝး မန္းက်ည္းပင္ႀကီးေအာက္ရွိ ေရခ်မ္းစင္မွ ေရတစ္မုတ္ကို ခပ္ၿပီး ငတြန္ကို တိုက္လိုက္သည္။
“ကဲ..ဘယ္လို ျဖစ္လာရတာလဲ..ကိုတြန္ရယ္..ရွင္မလဲ..တေခါက္တေခါက္ ေပၚလာလိုက္ရင္..အေရးအေၾကာင္းေတြနဲ႔ခ်ည္းပဲ”
“ျမတ္ထားသီရိ ကို လာရွာတာ”
“ျမတ္ထားသီရိ ဆိုတာ ဘယ္သူလဲ”
ငတြန္က သူ႔လက္ထဲမွ ပုဆိုးကို ျပလိုက္သည္။
“ဒီပုဆိုးပိုင္ရွင္ရဲ႕ ရည္းစားေလ”
“သူက နန္းတြင္းသူလား”
“ဘုရင့္ကိုယ္လုပ္ေတာ္တဲ့”
“ဘုရားေရ...ကံေကာင္းလို႔..ဘုရင့္ပစၥည္းကို လူပုံအလယ္ ရွင္မို႔ သြားထိရဲတယ္..အံမယ္ေလး..ကိုတြန္ရယ္”
“သူ႔ရည္းစားက..ဗညားက်န္းေတာတဲ့ မလြန္တပ္က ဗိုလ္မႉးပဲ..ခုေတာ့ အသတ္ခံလိုက္ရၿပီ..မေသခင္မွာ သူေပးခဲ့တဲ့ မွင္ခံပုဆိုးေလးေပးသြားတယ္..အဲ့ဒါ သူသိေအာင္လို႔ က်ဳပ္ လာေျပာျပတာ..မိငယ္”
“ရွင္ က ဘယ္လိုလုပ္ မလြန္ခံတပ္ကို ေရာက္ေနရျပန္တာလဲ”
ထိုအခ်ိန္တြင္ လွည္းတစ္စီးက မန္းက်ည္းပင္အရိပ္ေအာက္သို႔ လာရပ္သည္။
“ရွင္မိငယ္..ညည္းကို တို႔မ်ားက လူအုပ္ၾကား လိုက္ရွာေနတာ..ျပန္ၾကမယ္ေလကြယ္”
လွည္းေပၚတြင္ ငေကာင္း၏ ဇနီး။ ငေကာင္းက လွည္းေမာင္းလ်က္ အျခားအမ်ိဳးသားတစ္ဉီးလည္း လွည္းေပၚပါလာသည္။
ငေကာင္းက ငတြန္ကို သတိထားမိသြားသည္။
“ေဟ့..ကိုသာ..အဲ့ဒါ မုဆိုးၿခဳံဗိုလ္တြန္ ဆိုတဲ့ လူပဲဗ်”
ငသာက ေသခ်ာၾကည့္လိုက္သည္။
“နာမည္ေတာ့ ၾကားဖူးတယ္ပ...သူက ရွင္မိငယ္နဲ႔ သိတာကလား”
ငေကာင္းက လွည္းေပၚမွ ဆင္းလိုက္သည္။
“ဗိုလ္တြန္....ခင္ဗ်ား ဗိုလ္တြန္ ဟုတ္ပါရဲ႕ေနာ္”
“ဟုတ္ပ.ကိုေကာင္းေရ...မမလြီဇာရဲ႕ဗိုလ္တြန္ႀကီးေပါ့”
ငသာ ကလည္ ငေကာင္းေဘးတြင္ လာရပ္လိုက္သည္။
“ငါ့လူ သတင္းက ေတာ့ ကန္႐ိုးတံခါးတိုက္ပြဲမွာကတည္းက ေက်ာ္ေနတာေဟ့..အခုမွ ျမင္ဖူးေတာ့တယ္..တကယ့္လူေဇာ္ကို”
ငတြန္က ငသာႏွင္ ငေကာင္းကို ၿပဳံးျပလိုက္သည္။
“ဗိုလ္တြန္ သူက ကိုသာ တဲ့ဗ်...က်ဳပ္တို႔ မုဆိုးဖိုမွာ ထန္းလုံးခံတပ္ေဆာက္ေတာ့ သူပဲ နည္းစနစ္ေတြ ကူညီေပးခဲ့တာ..အရင္က သီရိေက်ာ္ထင္အပါးမွာ အမႈထမ္းခဲ့ေပါ့...အခုေတာ့ အင္းဝမွာ ရွားကရွားပါး..သူခိုးဓါးျပလည္းေပါလာတာနဲ႔.က်ဳပ္တို႔နဲ႔အတူ မုဆိုးဖိုမွာ လိုက္ေနဖို႔ဗ်ိဳး”
“ခင္ဗ်ားတို႔က မုဆိုးဖိုမွာေနၾကတာလား”
“ဟုတ္ၿပီလား..မိငယ္လည္း ကိုေအာင္ေဇယ်နဲ႔ ကေလးတစ္ေယာက္ရေနၿပီေလ..မုဆိုးဖိုမွာပဲ ေနၾကတာပ”
“ကိုတြန္...ရွင္ေရာ..အခု ဘယ္မွာေနလဲ..အင္းဝမွာပဲလား”
“က်ဳပ္ကေတာ့ ေတြ႕တဲ့ ဇရပ္မွာ တက္ေနတာပါပဲ”
“ဟင္..လုပ္စားကိုင္စားေရာ အဆင္ေျပရဲ႕လား”
“႐ြာေတြဘက္ အခစားနဲ႔ ပြဲေက်ာင္းပညာေတြ၊ သိုင္းေတြ လိုက္သင္ေပးေနတာပဲ”
“ႀကဳံေလပ..ကိုယ့္လူ..မုဆိုးဖိုမွာလည္း ကိုေအာင္ေဇယ်က လူငယ္ေတြကို စုၿပီး ကာကြယ္ေရးပညာေတြ သင္ဖို႔လုပ္ေနတယ္..ကိုယ့္လူ..တို႔ဆီလည္း လိုက္သင္ေပးပါလား..ကိုယ့္လူက ဓါးေရး လွံေရး မွာ နာမည္ႀကီးတာပဲကိုး”
“ေနာက္မ်ားမွေပါ့ဗ်ာ..အခုမ်ားေတာ့..လုပ္စရာေလးေတြရွိေသးလို႔”
ငတြန္စကားေၾကာင့္ ရွင္မိငယ္က ၿပဳံးလိုက္သည္။
“ဘာလဲ..ဟိုျမတ္ထားဆိုလား ဘာလား..သူ႔ကို ဒီပုဆိုးႀကီး လိုက္ေပးဉီးမလို႔လား”
“အင္း..က်ဳပ္ ခံျပင္းေနတာဗ်..က်ဳပ္သူငယ္ခ်င္း ဗညားက်န္းေတာက သူ႔ကို တသသနဲ႔ ေသသြားရွာတယ္..သူက ျဖင့္ ဗညားဆိုတာ ဘယ္သူမွန္းေတာင္မသိဘူး..သူေပးခဲ့တဲ့ မွင္ခံပုဆိုးေတာင္ သူမမွတ္မိဘူး..ဟိုကျဖင့္ တယုတယသိမ္းထားရတာ..သူ႔ကို ေတြ႕ခ်င္လို႔ အင္းဝမွာ စစ္မႈထမ္းရင္း မလြန္တပ္မွာေသရရွာၿပီ”
“ဗညားက်န္းေတာ ဟုတ္လား”
ငသာက ဝင္ေမးလိုက္သည္။
“ဟုတ္တယ္ေလ”
“အဲ့ဒါလည္း ခင္ဗ်ား သူငယ္ခ်င္းေပါ့”
ငတြန္က ေခါင္းညိတ္လိုက္၏။
“သူက ခံစစ္ဆင္ျခင္းေသနဂၤဗ်ဴဟာအေရးမွာ တဖက္ကမ္းခတ္တယ္ဆိုဗ်..က်ဳပ္ျဖင့္ သူ႔ ျမင္ဖူးခ်င္တာ..ေသရွာၿပီေကာလား..ႏွေျမာလိုက္တာ”
“ဟုတ္တယ္..အခု က်ဳပ္အင္းဝကို လာတာလည္း..သူ႔ကိစၥပဲ”
“ကဲ...ကိုတြန္..ကြၽန္မတို႔လည္း စစ္ကိုင္းဘက္ကို ကူးၾကရဉီးမယ္..ဟိုမွာ တညအိပ္မွာမို႔.သြားလိုက္ပါဉီးမယ္...တစ္ခုပဲ...ရွင္ဒီလို ေလလြင့္ၿပီး ေလွ်ာက္သြားေနရင္..တေန႔ေန႔ ေဘးေတြ႕လိမ့္မယ္..ေခတ္အခါႀကီးက ေကာင္းတာမဟုတ္ဘူး...ရွင့္အတြက္ အတည္တက် တေနရာေနဖို႔ လိုအပ္လာၿပီဆိုရင္ေတာ့ မုဆိုးဖိုက အၿမဲႀကိဳဆိုေနမွာပါ..ကိုေအာင္ေဇယ်ကလည္း ရွင့္အေၾကာင္းကို သိေနတာပဲ..ရွင္လည္း သူ႔ေၾကာင္းသိတာပဲ...အဲ့ဒါေလးေတာ့ ေခါင္းထဲ ထည့္ထားေပးပါ”
“ဟုတ္တယ္..ေခတ္ကာလႀကီးက ေကာင္းတာမဟုတ္ဘူး..က်ဳပ္တို႔မွာ ဗိုလ္တြန္ တို႔လို႔ ေယာက္်ားေကာင္းေတြလိုတယ္ဗ်”
ငတြန္က က ဘာစကားမွမဆိုပဲ...တစ္စုံတစ္ခုကို ေလးေလးနက္နက္စဥ္းစားေနသည္။
ထို႔ေနာက္...
“က်ဳပ္ စဥ္းစားပါမယ္..အခုေလာေလာဆယ္ေတာ့...အင္းဝမွာပဲ ခဏေနခ်င္ေသးတယ္”
......................................................................................................................................
“ဂ်ိဳနာဘီဂန္..ဂ်ိဳနာဘီဂန္”
ပြန္ဒီခ်ယ္ရီၿမိဳ႕၊ စိန႔္ထရီဆာလမ္းႏွင့္ မစ္ရွင္လမ္း တစ္ေလွ်ာက္မွ အိႏၵိယတိုင္းရင္းသားတို႔မွာ လမ္းေဘးသို႔ ဆင္းကာ ဒူးေထာက္ေနၾကသည္။
“ဂ်ိဳနာဘီဂန္” ဆိုသည့္ အမည္ကိုလည္း တီးတိုးေျပာဆိုေနၾက၏။
ျပင္သစ္ျမင္းစီးစစ္သည္တပ္စိတ္၏ ေနာက္မွ ျမင္းေလးေကာင္ဆြဲ ရထားလုံး ေပၚတြင္ ဂ်ိဳနာဘီဂန္ ဟု သူတို႔ေခၚၾကသည့္ အမ်ိဳးသမီးပါလာသည္။
“ဂ်ိဳနာဘီဂန္” ဟု အိႏၵိယသားတို႔ ေခၚၾကသည့္ သူမ မွာ ပြန္ဒီခ်ယ္ရီၿမိဳ႕တြင္ ဩဇာအႀကီးဆုံး အမ်ိဳးသမီးျဖစ္သည္။
သူမ၏ အမည္အရင္းမွာ Jeanne Albert ျဖစ္ၿပီး သူမသည္ ပြန္ဒီခ်ယ္ရီတြင္ပင္ ေမြးဖြားႀကီးျပင္းခဲ့သည္။
ဖခင္မွာ ျပင္သစ္အေရွ႕အိႏၵိယကုမၸဏီ၏ ဆရာဝန္ႀကီး Jacques-Théodore Albert ျဖစ္သည္။ မိခင္မွာ ေပၚတူဂီ၊ အီတလီ ႏွင့္ အိႏၵိယေသြးမ်ားေရာယွက္ေနသည့္ ကျပားတစ္ဉီးျဖစ္သည္။
Jeanne Albert မွာ ပြန္ဒီခ်ယ္ရီ၏ နာမည္ေက်ာ္အလွဘုရင္မလည္းျဖစ္၏။ သူမ၏ ခင္ပြန္းျဖစ္သူ ကုမၸဏီ၏ အုပ္ခ်ဳပ္ေရးေကာင္စီဝင္ မြန္စီယာဗင္ဆန္ မွာ ၁၇၃၉ စက္တင္ဘာလတြင္ ကြယ္လြန္သြားခဲ့သည္။
မုဆိုးမအျဖစ္က်န္ရစ္ေသာ အသက္(၃၅)ႏွစ္အ႐ြယ္သူမကို ပြန္ဒီခ်ယ္ရီတြင္ တန္ခိုးအာဏာအႀကီးဆုံး အေရွ႕အိႏၵိယျပင္သစ္တပ္မ်ား၏ အႀကီးအကဲ ဘုရင္ခံ ဂ်ိဳးဆက္ဒူပေလ က လက္ထပ္ခဲ့၏။
ခရစ္ယာန္ဘာသာေရးယုံၾကည္မႈကို ျပင္းထန္ၿပီး အျခားကိုးကြယ္မႈမ်ားကို မလိုလားသည့္ သူမသည္ အိႏၵိယမဟာရာဂ်ာမ်ားႏွင့္အမူ အဆင္ေျပစြာဆက္ဆံတတ္သူျဖစ္သည္။
သူမ၏ အာဏာစက္သည္ ပြန္ဒီခ်ယ္ရီတြင္ ဘုရင္ခံ ဒူပေလထက္ပင္ ပိုမိုသက္ေရာက္သည္ဟု ေျပာစမွတ္ျပဳၾက၏။
ယခုလည္း အင္မာကူလိတ္ကြန္ဆက္ရွင္ကက္သီျဒယ္ဘုရားေက်ာင္းဆီသို႔ တနဂၤေႏြေန႔ ဝတ္ျပဳရန္ သူမ လာေရာက္ျခင္းျဖစ္သည္။
လမ္းတေလွ်ာက္ တိုင္းရင္းသားမ်ားမွာ သူ႔ကို ဒူးေထာက္အ႐ိုအေသေပးေနၾကရ၏။
ဘုရားေက်ာင္းဝန္းအတြင္းသို႔ ရထားလုံး က ျဖည္းညင္းစြာဝင္လာသည္။ ျမင္းစီးတပ္စိတ္က ဘုရားေက်ာင္းပတ္ခ်ာလည္တြင္ ေနရာယူလိုက္ၾကသည္။
ဘုရားေက်ာင္းအဝင္အဝ တြင္ ရွိသမွ် ျပင္သစ္လူမ်ိဳးမ်ား၊ လူျဖဴမ်ား အားလုံးက သူမကို အ႐ိုအေသျပဳရန္ ေစာင့္ေနၾက၏။
ထိုလူအုပ္ထဲတြင္ မီလပ္၊ လြီဇာႏွင့္ ကိုဇာနီေကာ့ဗ္ တို႔လည္း ပါဝင္သည္။
မီလပ္သည္ ျပင္သစ္စစ္ဗိုလ္ဝတ္စုံကို ခန႔္ညားစြာဝတ္ဆင္ထားၿပီး ဉီးထုပ္တြင္ ေဒါင္းၿမီးတစ္ခုကို ထိုးထားသည္။
မီလပ္နေဘးတြင္ လြီဇာက နီညိဳေရာင္ကိုယ္ၾကပ္ဝတ္စုံႏွင့္ ဂါဝန္ကို ေပၚတူဂီ႐ိုးရာအတိုင္း ဝတ္ဆင္ထား၏။
ရထားလုံးေပၚမွ ေခ်ာေမာလွပေသာ ဆယ္ႏွစ္အ႐ြယ္မိန္းမငယ္တစ္ဉီးဆင္းလာသည္။ ထိုကေလးငယ္မွာ ဂ်င္နီဒူပေလ၏ ပထမအိမ္ေထာင္ႏွင့္ ရခဲ့ေသာ သမီးငယ္ မာရီ (ေခၚ) ခြၽန္ခြၽန္ ျဖစ္သည္။
ထို႔ေနာက္တြင္မွ ဂ်င္နီဒူပေလ က ဆင္းလာ၏။
ဂ်င္နီဒူပေလ သည္ အျဖဴေရာင္ဇာမ်ားျဖင့္ ခ်ဳပ္ထားသည့္ ဂါဝန္ကို ဝတ္ထားသည္။
မ်က္လုံးဝိုင္းဝိုင္း၊ ႏွာတံစင္းစင္း၊ လွပေသာ ႏႈတ္ခမ္းပါးေလးမ်ားႏွင့္ ဂ်င္နီဒူပေလမွာ ဆယ္ေက်ာ္သက္ကေလးတစ္ေယာက္အလား လွပေနဆဲ။
လြီဇာပင္ ဂ်င္နီအား ေငးၾကည့္ေနရ၏။
ဘုရားေက်ာင္းအဝင္အဝမွ လူတန္းႀကီးကို ဂ်င္နီဒူပေလက တစ္ဉီးခ်င္းလိုက္ႏႈတ္ဆက္သည္။
မီလပ္၏ အနားသို႔ အေရာက္တြင္ ဂ်င္နီက မီလပ္ အား သူမ၏ လက္ဖမိုးကို ကမ္းေပးလိုက္၏။
မီလပ္က ဒူးေထာက္ကာ နမ္းလိုက္သည္။
“မြန္စီယာမီလပ္.....တိုက္ပြဲက က်န္းက်န္းမာမာျပန္လာႏိုင္တာေတြ႕လို႔ ဝမ္းသာပါတယ္”
“ဘုရားေက်းဇူးေတာ္ပါပဲ..သခင္မ”
ဂ်င္နီ က နေဘးမွ လြီဇာကို သတိထားမိသြား၏။
“မြန္စီယာမီလပ္ေဘးနားမွာေတာ့ အၿမဲတမ္း မိန္းမေခ်ာေလးေတြခ်ည္းပါလား..”
လြီဇာက ၿပဳံးလိုက္၏။
“သူက ေပၚတူဂီ လား”
“ဟုတ္ပါတယ္..သခင္မ...သူက ဟိုးအေဝးႀကီး ပဲခူး ကေတာင္ လာရတာပါ”
“ပဲခူး..ဟုတ္လား...အေရွ႕ဘက္က ခမ္းနားတဲ့ၿမိဳ႕တစ္ခုပဲ...ငါ ၾကားဖူးတယ္..အဲ့ဒီမွာ ေပၚတူဂီလူမ်ိဳးေတြရွိတာလား”
“ရွိပါတယ္...ဒါက သခင္မအတြက္ သူဆက္သတဲ့ လက္ေဆာင္ပါ”
မီလပ္က လြီဇာလက္ထဲမွ ယြန္းအစ္ေလးကို ယူကာ ေပးလိုက္သည္။
ဂ်င္နီက ယြန္းအစ္ ကို ယူလိုက္ၿပီး ေရွ႕ဆက္ ထြက္ခြာသြားေတာ့၏။
ဝတ္ျပဳမႈအစီအစဥ္ စတင္ၿပီျဖစ္သည္။
..................................................................................................
ဝတ္ျပဳမႈ ၿပီးဆုံးခဲ့ၿပီျဖစ္သည္။
ဘုရားေက်ာင္း၏ အေနာက္ဖက္ရွိ သီးသန႔္အေဆာင္ေလးထဲသို႔ မီလပ္၊ လြီဇာ ႏွင့္ ကိုဇာနီေကာဗ္ တို႔ ဝင္လာ၏။
ေရွ႕ဆုံးမွ ဖဲကတၱီပါခင္းထားသည့္ ကုလားထိုင္ေပၚတြင္ ဂ်င္နီဒူပေလ ထိုင္ေနသည္။
လြီဇာေပးထားသည့္ ဟသၤာပုံေ႐ႊဘယက္ႀကီးကို လက္ေပၚတင္လ်က္ အရည္လဲ့ေနသည့္ ပတၱျမားပြင့္မ်ားကို သေဘာတက်ၾကည့္ေနသည္။
“ကြၽန္ေတာ္မ်ိဳးတို႔ေရာက္ပါၿပီ..မမဂ်င္နီ”
ဂ်င္နီက စြဲေဆာင္မႈရွိစြာျဖင့္ ၿပဳံးျပလိုက္သည္။
“မင္း နာမည္က”
“လြီဇာဒီမဲလိုး ပါ..သခင္မ”
“ဟိုတစ္ေယာက္ကေရာ”
ကိုဇာနီေကာ့ဗ္မွာ လြီဇာကဲ့သို႔ ျပင္သစ္စကားကို ေကာင္းေကာင္းနားမလည္ေသာေၾကာင့္ ဂ်င္နီ၏ အလွအပကိုသာ ေငးေမာေနသည္။
“သူက မစၥတာကိုဇာနီေကာ့ဗ္ပါ..အာေမးနီးယန္းလူမ်ိဳးပါ”
“အင္း..ဟုတ္ၿပီ..ထိုင္ၾက..လြတ္လြတ္လပ္လပ္”
ေအာက္ဘက္ရွိ ခုံကေလးမ်ားတြင္ သူတို႔ ဝင္ထိုင္လိုက္ၾကသည္။
“ပဲခူး ဆိုတာ ကို ၾကားဖူးတယ္..အေရွ႕ေတာင္ဘက္က အရမ္းခ်မ္းသာတဲ့ ၿမိဳ႕တစ္ၿမိဳ႕ပဲ...ေပၚတူဂီေတြ၊ အာေမးနီးယန္းေတြပါရွိတယ္ဆိုတာေတာ့ သခင္မ အခုမွ သိတာ”
“ကြၽန္ေတာ္မ်ိဳးမ တို႔ က မ်ိဳးဆက္ႏွစ္ဆက္တိုင္တိုင္ အင္းဝမွာ ေနခဲ့ၾကတာပါ..ကြၽန္ေတာ္မ်ိဳးမကိုလည္း အင္းဝမွာပဲ ေမြးပါတယ္..သခင္မ”
“အင္းဝ..ဟုတ္လား”
“ဟုတ္ပါတယ္..သခင္မ..ပဲခူးဆိပ္ကမ္းရဲ႕ အထက္ ကုန္းတြင္းပိုင္းက ၿမိဳ႕ေတာ္ပါ...သခင္မ လက္ထဲက ဘယက္မွာပါတဲ့ ပတၱျမားမ်ိဳးေတြ ဟာ အင္းဝပိုင္နက္..မိုးကုတ္ၾကပ္ျပင္က ေန ထြက္ရွိတာပါ”
“အင္း..ဒါေၾကာင့္ ၾကည့္ေနတာ အိႏၵိယပတၱျမားေတြနဲ႔ အရည္က အေတာ္ကြာေနတာလို႔..အင္း..အေတာ္ေကာင္းတဲ့ ပတၱျမားေတြပဲ”
“မွန္ပါ..သခင္မနဲ႔ ဒူပေလသခင္အတြက္လည္း ပဲခူးဘုရင္က လက္ေဆာင္ပါးလိုက္တဲ့ ေနာက္ထပ္ ပစၥည္းေတြပါလာပါေသးတယ္”
“ပဲခူးဘုရင္..ဟုတ္လား...မင္းတို႔က ကုန္သည္ေတြမဟုတ္ဘူးလား”
“မဟုတ္ပါဘူး..သခင္မ..ကြၽန္ေတာ္မ်ိဳးမတို႔က ပဲခူးဘုရင္ ဗညားဒလ က လႊတ္လိုက္တဲ့ သံတမန္ေတြပါ”
“ဟင္”
ဂ်င္နီဒူပေလ က မီလပ္ကို ၾကည့္လိုက္သည္။
“ဟုတ္ပါတယ္..မမဂ်င္နီ..လြန္ခဲ့တဲ့ ႏွစ္ေတြက မြန္စီယာဘ႐ူႏိုရယ္..ကြၽန္ေတာ္ရယ္..ဘုရင္ခံမင္းႀကီး အမိန႔္အရ သန္လ်င္ဆိပ္ကမ္းကို ေရာက္ခဲ့ၾကပါတယ္...အဲ့ဒီကတည္းက ဒီက လြီဇာတို႔နဲ႔ သိကြၽမ္းခဲ့ရတာက..အခု ဘုရင္ျဖစ္ေနတဲ့ အမတ္ႀကီးဗညားဒလနဲ႔ ကြၽန္ေတာ္မ်ိဳးတို႔ အၾကား လွ်ိဳ႕ဝွက္ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္တစ္ခ်ိဳ႕လည္းရွိခဲ့ပါတယ္..ဒါေပမယ့္ အဲ့ဒီတုန္းက ဘုရင္ဟာ ထီးနန္းရတဲ့အခါ အဂၤလိပ္ဘက္ကို ယိမ္းေနတဲ့အတြက္ ဘုရင္ခံမင္းႀကီး စိတ္ဆိုးၿပီး ကုမၸဏီကိုယ္စားလွယ္မ်ားကို ျပန္ေခၚၿပီး အဆက္အသြယ္ျပတ္သြားခဲ့တာပါ...အခုတစ္ခါမွာေတာ့ ျပင္သစ္တို႔ရဲ႕ မဟာမိတ္ျဖစ္တဲ့ အမတ္ႀကီးဗညားဒလဟာ ပဲခူးရဲ႕ ရွင္ဘုရင္ျဖစ္ခဲ့ပါၿပီ..ဒါ့ေၾကာင့္ ဒီက လြီဇာ တို႔ကို သံတမန္အျဖစ္ ဒီကို ေရွးဉီးစြာ လႊတ္လိုက္တာပါ”
“ဒါကို ဘုရင္ခံမင္းႀကီး..သိလား.မီလပ္”
“မသိေသးပါဘူး..ဘုရင္ခံမင္းႀကီး က ကုမၸဏီစစ္ေရးကိစၥအလုပ္မ်ားေနလို႔..သခင္မကေန တဆင့္ပဲ သူနဲ႔ ေတြ႕ဆုံဖို႔ ခြင့္ေတာင္းေပးပါ”
“အင္း...”
ဂ်င္နီဒူပေလ က လက္ထဲမွ ဘယက္ကို တစိမ့္စိမ့္ေငးၾကည့္ေနသည္။
ထို႔ေနာက္....
“ဒီပတၱျမားေတြ ထြက္တယ္ဆိုတာ..ခုန ဘယ္ၿမိဳ႕”
“အင္းဝ အနီးအနားက..မိုးကုတ္ၾကပ္ျပင္ပါ..သခင္မ”
“အင္းဝ က ပဲခူး လက္ေအာက္ခံလား”
“အင္းဝ နဲ႔ ပဲခူး က စစ္မက္ျဖစ္ေနၾကတာပါ...အခု လာရင္းကိစၥကလည္း ပဲခူးအေနနဲ႔ အင္းဝကို သိမ္းတဲ့အခါ ျပင္သစ္ဘက္က လက္နက္အကူအညီေပးဖို႔အတြက္နဲ႔ လြန္ခဲ့တဲ့ ႏွစ္ေတြက ခ်ဳပ္ထားတဲ့ စာခ်ဳပ္ကို ျပန္လည္အသက္သြင္း ညႇိႏႈိင္းဖို႔ လာခဲ့ၾကတာပါ”
“အဲ့ဒီႏိုင္ငံေတြက ဘာကိုးကြယ္ၾကလဲ”
“ဗုဒၶဘာသာကိုးကြယ္ၾကပါတယ္”
“အင္း..သနားဖို႔ေကာင္းတဲ့လူေတြပဲ..ဒါနဲ႔ လြီဇာတို႔ကေရာ”
“ကြၽန္ေတာ္မ်ိဳးမက ႐ိုမန္ကက္သလစ္ခရစ္ယာန္ပါ”
“အဲ့ဒီအရပ္ေဒသမွာ ခရစ္ေတာ္ရဲ႕ သတင္းစကားက ေကာင္းေကာင္းျပန႔္ႏွံ႔ ရဲ႕လား”
“အင္းဝဘုရင္ေရာ..ပဲခူးဘုရင္ေရာဟာ..ဘရင္ဂ်ီခရစ္ယာန္သာသနာကို ကိုးကြယ္ခြင့္ျပဳထားပါတယ္”
“အင္းဝ ကို ပဲခူးက တကယ္ သိမ္းယူမွာလား”
“မွန္ပါ...အင္းဝဟာ အားနည္းေနတဲ့ ႏိုင္ငံေတာ္တစ္ခုပါ....ႏွစ္စဥ္ စစ္ၿပိဳင္လ်က္ ရွိေၾကာင္းပါ.. ျပင္သစ္လက္နက္မ်ားသာရလ်င္ျဖင့္..ျမန္ဆန္လြယ္ကူပါလိမ့္မယ္”
“အင္းဝမွာ ဒီလို ပတၱျမားေတြ အမ်ားႀကီး ထြက္တာလား”
“မွန္ပါ..ထြက္ပါတယ္”
ဂ်င္နီက ပတၱျမားဘယက္ကို ယြန္းဘူးထဲ ျပန္ထည့္လိုက္သည္။
“ေကာင္းၿပီ...ဘုရင္ခံမင္းႀကီးေရွ႕ေတာ္ကို သံတမန္အဖြဲ႕ဝင္ဖို႔ ျပင္ဆင္ထားလိုက္ပါ”
ခက္ေဇာ္
အခန္း(၂၂) သဘက္ခါ
တပ္တြင္ပါသား၊ မ်ားစြာဝန္းရွက္၊ တို႔ရဲမက္ကို၊ စိတ္စက္ခ်မ္းသာ၊ ႐ႊင္လန္းစြာလ်က္၊ ရိကၡာဆန္ေရ၊ ဝေျပာေစဟု၊ ေရာက္ေလသမွ်၊ ႀကံေစမူ၊ ဟာသဗ်ဴဟာ၊ ရႈဖြယ္သာတိ။ ဗ်ဴဟာစကၠိပ်ိဳ႕
(တပ္တြင္ပါသမွ် သူရဲသူခက္၊ ရဲမက္ဗိုလ္ပါတို႔ စိတ္ႏွလုံး႐ႊင္ၿပဳံးေစေအာင္ ျပဳလုပ္ေပးျခင္း၊ ရိကၡာဆန္ေရမ်ား ေပါမ်ားေစရန္ ျဖည့္ဆည္းေပးႏိုင္ျခင္းသည္လည္း စစ္ႏိုင္ရာ ဟာသဗ်ဴဟာ)
Done 💪
ReplyDeleteကလိပီး
ReplyDeleteDone
ReplyDeleteအရုပ်နဲ့ တူလိုက်တာ
ReplyDeleteDone💖
ReplyDeletegreat
ReplyDeleteDone 🤍
ReplyDeleteDone🐬🐬
ReplyDeleteAgain🐬🐬
Deletedone
ReplyDelete