AVA1740s (S2) အခန်း ၂၀
AVA 1740s (Season 2)
အခန်း(၂၀)
...............................................
၁၇၄၇ ဇွန်လ။
အိန္ဒိယသမုဒ္ဒရာအတွင်း မှ မုန်တိုင်း၏ အငွေ့အသက်များကို လာဒီခရုသင်္ဘော၏ ဂျူးလူမျိုးကပ္ပတိန် အိုင်ဇက် ခံစားလိုက်ရသည်။
လာဒီခရုသင်္ဘောသည် လွန်ခဲ့သည့် ခြောက်လကတည်းက သန်လျင်ဆိပ်ကမ်းမှ ပြင်သစ်ပိုင်ပွန်ဒီချယ်ရီသို့ ထွက်ခွာလာသည့် သင်္ဘောဖြစ်သည်။
ဥရောပတွင် မင်းသမီးမာရီယာထရီဆာ၏ ဩစတြီးယားထီးမွေဆက်ခံရေးပြဿနာမှ စတင်သည့် စစ်ပွဲသည် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ အင်္ဂလိပ်နှင့် ပြင်သစ်တို့ အကြားတွင်ပါ ရိုက်ခတ်လာကြ၏။
အန္ဒိယကိုလိုနီနယ်အတွင်းနှင့် သမုဒ္ဒရာအတွင်းတွင် ပြင်သစ်ဘုရင်ခံဒူပလေ၏ စစ်တပ်နှင့် ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီတပ်များမှာ နယ်မြေလုစစ်ပွဲများ ဆင်နွှဲနေကြသည်။
နှစ်ဖက်လုံးတွင်လည်း ဒေသခံ မဟာရာဂျာများက တစ်ဖက်စီ ပါဝင်တိုက်ခိုက်နေကြ၏။
ထို့ကြောင့် လာဒီခရု မှာ အက်ဒမန်ကျွန်းရှိ အဲလိဇဘက်ကမ်းခြေတွင် အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီ ရေတပ်၏ ခေတ္တထိမ်းသိမ်းထားခြင်းကို ခံခဲ့ရသည်။
တစ်လအကြာတွင် အက်ဒမန်ကျွန်းရှိ အင်္ဂလိပ်ရေတပ်ဗိုလ်မှူးကြီးအား လာဘ်ထိုးကာ ပြန်လည်ခရီးထွက်ခွာလာနိုင်ခဲ့ခြင်းဖြစ်သည်။
“ဒီအတိုင်းဆို မုန်တိုင်းမလာခင်..ပွန်ဒီချယ်ရီကို ရောက်နိုင်ပါ့မလား..ကပ္ပတိန်”
အာမေးနီးယန်းလူမျိုး ကိုဇာနီကော့ဗ် က ကပ္ပတိန်အိုင်ဇက် ဘေးတွင် မတ်တပ်လာရပ်ကာ မေးလိုက်၏။
“လေကြောင်းအပေါ်မူတည်ပါတယ်...မစ္စတာနီကော့ဗ်...ကျန်တာတော့ ဘုရားသခင်က စီမံသွားပါလိမ့်မယ်...သင်္ဘောကိစ္စကျုပ်တာဝန်ထားလိုက်ပါ...ခင်ဗျားက ခင်ဗျားရဲ့ မဒမ်ကိုသာ ဂရုစိုက်ပါဗျာ”
ကပ္ပတိန်အိုင်ဇက်စကားကြောင့် ကိုဇာနီကော့ဗ်က ဟက်ဟက်ပက်ပက်ရယ်လိုက်သည်။
“ခင်ဗျားကတော့ လုပ်ပြန်ပြီဗျာ...ကျုပ်မှာလည်း ပွန်ဒီချယ်ရီ မြန်မြန်ရောက်မှပဲ...ဒီလိုချည်း တစ်လမ်းလုံး ဟန်ဆောင်လာခဲ့ရတာ...သူ့ကို အားနာလှပြီ”
“အားမနာနဲ့လေ..ဟန်ဆောင်ရင်းနဲ့ တကယ်ဖြစ်ရင် ဖြစ်သွားတတ်တာပဲ”
“ဟာ..ဟေ့လူ...ဟံသာဝတီမှာက ကျုပ်မိသားစုနဲ့ဗျ..သူလည်း”
ထိုအချိန်တွင် လွီဇာ က သူတို့အနီးသို့ လျှောက်လာသဖြင့် ကိုဇာနီကော့ဗ် က ပြောလက်စ စကားကို ရပ်လိုက်သည်။
ဟံသာဝတီဘုရင်သစ်ဗညားဒလ၏ အစီအမံအရ လွီဇာသည် ပြင်သစ်ပိုင်ပွန်ဒီချယ်ရီသို့ သံတမန်အဖြစ် တိတ်တဆိတ် လာရောက်ဆက်သွယ်ခြင်းဖြစ်သည်။
ဖာသာနာရေနီမှတဆင့် ပြင်သစ်ဘုရင်ခံထံ ပါးလိုက်သည့် သဝဏ်လွှာမှာလည်း မည်သို့မျှ အကြောင်းမထူးခဲ့။
လမ်းခရီးတွင် အင်္ဂလိပ်တို့၏ ရန်မှ ကာကွယ်ရန်အတွက် ဟံသာဝတီမှ အာမေးနီးယန်းကုန်သည် ကိုဇာနီကော့ဗ် နှင့် လွီဇာမှာ ဆင်စွယ်ကုန်သည်လင်မယားဟန်ဆောင်ကာ သင်္ဘောဖြင့် လိုက်လာကြခြင်းဖြစ်သည်။
ကိုဇာနီကော့ဗ် မှာ ဟံသာဝတီ၏အိမ်ရှေ့စံ ဥပရာဇာဖြစ်သော ဉီးအောင်မြ နှင့် အယုဒ္ဓယတွင်ကတည်းက ခင်မင်ခဲ့သူလည်းဖြစ်သည်။
လွီဇာက သူ့အကြောင်းပြောနေဟန်တူသည့် ယောက်ျားသားနှစ်ဉီးကို မသိဟန်ဆောင်ကာ အနီးတွင် မတ်တပ်လာရပ်နေ၏။
“မဒမ်....နေ့လည်စာစားလို့ ကောင်းရဲ့လား”
“ကောင်းပါတယ်..ကပ္ပတိန်...လှိုင်းနည်းနည်းမူးတာနဲ့..အခန်းထဲလည်း မနေချင်လို့ ဒီပေါ်တက်လာခဲ့တာပါ..ဒါနဲ့ ပွန်ဒီချယ်ရီရောက်ဖို့က အတော်လိုသေးတာလား”
“အခုပဲ..အဲ့ဒါပြောနေတာပါ...လေကြောင်းအခြေအနေပေါ်မူတည်ပါတယ်...မဒန်..ဘုရားဆုတောင်းရမှာပဲ”
“ကမ်းခြေတော့နီးပြီထင်ပါတယ်..ဟိုးမှာ သင်္ဘောတစ်စင်းလားလို့”
လွီဇာက ပင်လယ်ပြင်မှ မှုန်ပြပြအရာတစ်ခုကို ထိုးပြလိုက်သည်။
ကပ္ပတိန်အိုင်ဇက် က မှန်ပြောင်းဖြင့် ကြည့်လိုက်၏။
“ပြင်သစ်စစ်သင်္ဘောတစ်စင်းပဲ..မဒမ်..မဒမ်တို့ အောက်ကို ဆင်းနေကြစေချင်ပါတယ်..ဒီအတိုင်းဆို ပွန်ဒီချယ်ရီနား နီးနေပါပြီ”
ကိုဇာနီကော့ဗ်နှင့် လွီဇာတို့က အောက်ဘက်သို့ ဆင်းသွားကြသည်။
“ဝုန်း..ဝုန်း”
ခဏအကြာတွင် သူတို့ဆီ ဉီးတည်လာနေသော သင်္ဘောက အမြှောက်ဖောက်သံများဖြင့် အချက်ပြသည်။
လာဒီခရုသင်္ဘောကလည်း ကုန်သွယ်သင်္ဘောဖြစ်ကြောင်း အချက်ပြန်ပြ၏။
“မစ္စတာတို့ ကုန်းပတ်ပေါ် တက်ခဲ့ဖို့ ကပ္ပတိန်က ခေါ်နေပါတယ်”
ကိုဇာနီကောဗ် နှင့် လွီဇာတို့ ကုန်းပတ်ပေါ်တက်ရန် ပြင်ကြသည်။
“ကျွန်မလက်ကို ဆွဲပြီး ရှေ့ကတက်ပါ..ကျွန်မကို အားမနာနဲ့..နီကို”
ကိုဇာနီကောဗ် က လွီဇာ၏ လက်ကို ဆွဲကာ ရှေ့မှ သွား၏။
ပြင်သစ်စစ်သင်္ဘောက သူတို့သင်္ဘောနှင့် ခပ်လှမ်းလှမ်းတွင် ယှဉ်လျက်ရပ်ထားသည်။
“ပြင်သစ်သင်္ဘောပေါ်က..ကပ္ပတိန်ဗိုလ်မှူးက သင်္ဘောပေါ် ပါလာသူတွေကို စစ်ဆေးချင်လို့တဲ့”
ခဏအကြာတွင် လှေငယ်တစ်စင်းဖြင့် ပြင်သစ်စစ်ဗိုလ်များ သင်္ဘောပေါ်သို့ တက်လာကြ၏။
“ဘယ်ကလာကြတာလဲ”
“သန်လျင်ဆိပ်ကမ်းကပါ”
ရှေ့ဆုံးမှ ရေတပ်ဗိုလ်မှူးရာထူးဖြင့် ပုဂ္ဂိုလ်က မျက်မှောင်ကြုံ့လိုက်သည်။
“ဟံသာဝတီက သင်္ဘောလား”
“မဟုတ်ပါဘူး..ကျွန်တော်တို့သင်္ဘောက မြိတ်ဆိပ်ကမ်းမှာ ဆိုက်နေတာပါ..ဟံသာဝတီက ဆင်စွယ်ကုန်သည်လင်မယား က ပွန်ဒီချယ်ရီဆီ ကုန်သွယ်ခရီးကို ငှားရမ်းတာနဲ့”
“ကုန်သည်ဆိုတာ သူတို့လား”
“ဟုတ်ပါတယ်....မစ္စတာကိုဇာနီကော့ဗ် နဲ့ မစ္စနီကော့ဗ်တို့ပါ”
ကပ္ပတိန်၏ စကားကို ဗိုလ်မှူးက နားမထောင်တော့ပဲ...ကိုဇာနီကောဗ် နှင့် လွီဇာတို့ ထံသို့ လျှောက်သွားသည်။
“လွီဇာ”
ထိုအခါမှ ကိုဇာနီကော့ဗ် ၏ လက်မောင်းကို ကိုင်ကာ ခေါင်းငုံ့နေသော လွီဇာက အသံရှင်ကို မော့ကြည့်လိုက်သည်။
“ဟင်..မီလပ်”
“ကိုယ်..မင်းသတင်းတွေ၊ ဟံသာဝတီအကြောင်းတွေကို ကုန်သည်တွေဆီက အမြဲတမ်းနားစွင့်နေခဲ့တာ..လွီဇာ.. မင်းလက်ထပ်လိုက်တာကိုတော့ ကိုယ်မသိလိုက်ဘူး”
လွီဇာက ပြုံးလိုက်သည်။
“ကဲ...ဖြည်းဖြည်းပြောကြတာပေါ့...အခု ရှင်က ပွန်ဒီချယ်ရီကို သွားမှာလား”
“ဟုတ်တယ်..ကိုယ်တို့ မဒရပ်မှာ အင်္ဂလိပ်တွေနဲ့ စစ်တိုက်နေကြရတာ..အခုက ကိုယ့်ကို ဘုရင်ခံအမိန့်နဲ့ ပြန်ခေါ်လို့ ပြန်လာတာ”
သူတို့နှစ်ဉီး အပြန်အလှန်စကားပြောနေကြသည်ကို ကပ္ပတိန်အိုင်ဇက်နှင့် ကိုဇာနီကော့ဗ်တို့က တအံတဩကြည့်နေကြသည်။
“မစ္စတာကိုဇာနီကော့ဗ် သူ့ကို မသိဘူးလား....သူက သန်လျင်နဲ့ ဟံသာဝတီမှာ မစ္စတာဘရူနိုနဲ့အတူ အတော်ကြာကြာနေဖူးတယ်လေ”
ကိုဇာနီကော့ဗ်က ခေါင်းခါသည်။
“ကျွန်တော်က ကုန်သည်အလုပ်တွေနဲ့ပဲ အမြဲခရီးထွက်နေရလို့ မွန်စီယာကို သတိမထားမိတာ..ခွင့်လွှတ်ပါ”
“ရပါတယ်...မစ္စတာ..လွီဇာ နဲ့ လက်ထပ်ခွင့်ရတာဟာ ခင်ဗျားသိပ်ကံကောင်းတာပဲ”
လွီဇာက ခေါင်းကို ရမ်းကာ ခပ်သွက်သွက်ရယ်လိုက်သည်။
“ကဲ..တော်ပြီ..မီလပ်..ရှင့်ကို ကျွန်မရှင်းပြစရာတွေအများကြီးရှိသေးတယ်..ဒီည ရှင့်သင်္ဘောမှာ ကျွန်မတို့ကို ညစာဖိတ်ကျွေးမလား”
“အင်း..ကောင်းတဲ့အစီအစဉ်ပဲ”
..................................................................................................................................
“ဟူး..တော်သေးတာပေါ့..လွီဇာရယ်..ကိုယ့်မှာ...တကယ် ယူကြုံးမရဖြစ်နေတာ..အကြာကြီး ခွဲခဲ့ရပြီး..မထင်မှတ်ပဲ ပြန်ဆုံချိန်ကျ...မင်း က လက်ထပ်ပြီးသားဖြစ်နေပြီဆိုပြီး”
ပင်လယ်ကား မှောင်နေ၏။ ခပ်လှမ်းလှမ်းရေပြင်အထက်တွင် ပင်လယ်မီးစုန်းများက အပေါ်အောက် နိမ့်ချည်မြင့်ချည်။
ညစာစားပွဲအပြီးတွင် သူတို့နှစ်ဉီး ကုန်းပတ်ပေါ်ထွက်လာကာ လေညှင်းခံနေကြခြင်းဖြစ်သည်။
လွီဇာက လက်ထဲတွင် သောက်လက်စ ပြင်သစ်ဝိုင်ခွက်ကို ကိုင်ထားရင်း မီလပ်၏ စကားကို တခစ်ခစ်ရယ်နေ၏။
“တကယ်လည်း ကျွန်မက အိမ်ထောင်ပြုသင့်တယ်အရွယ်ကို ရောက်နေပြီ..မီလပ်..အင်..အခုခေတ်အနေအထားနဲ့ဆို အဲ့ဒီအရွယ်ကိုတောင်ကျော်နေပါပြီလေ”
“အင်း....ကိုယ်လည်းအတူတူပါပဲ”
“ရှင်က ငယ်သေးပါတယ်..မီလပ်ရဲ့..ပွန်ဒီချယ်ရီမှာ ပြင်သစ်သူ၊ အိန္ဒိယသူချောချောတွေ အများကြီး ရှိနေမှပဲ...အချိန်မရွေးကောက်ယူလိုက်ပေါ့”
မီလပ်က လွီဇာ၏ မျက်နှာကို ငေးနေ၏။
“ကဲ..မြှားဉီးက ကျွန်မဘက်လှည့်လာတော့မယ်ထင်တယ်..အဲ့ဒီကိစ္စအသာထားပါ...အခု ပွန်ဒီချယ်ရီကို ရောက်ရင်..ကျွန်မ မွန်စီယာဘရူနို ဒါမှမဟုတ် ဘုရင်ခံဒူပလေနဲ့ တွေ့ချင်တယ်..နောက် ဖာသာနာရေနီကို ရှာချင်တယ်”
“မွန်စီယာဘရူနိုက အခု စိန့်ဒေးဗစ်ခံတပ်တိုက်ပွဲ ကို ရောက်နေတယ်..လွီဇာ..သူ့ကို တွေ့ရဖို့တော့မလွယ်ဘူး..နောက်ပြီး..ဖာသာနာရေနီက ကိုယ်သိသလောက်တော့ မဒရပ်မှာပဲ..မဒရပ်က လောလောဆယ်စစ်ပွဲတွေနဲ့ဆိုတော့ သွားဖို့လည်းမလွယ်လှဘူး”
“ကျွန်မမှာ ဟံသာဝတီဘုရင်က လက်ဆောင်ပါးလိုက်တဲ့ ဆင်စွယ်တွေ၊ ရွှေတွေပါလာတယ်..မီလပ်..တကယ်လို့သူတို့နဲ့မတွေ့ရလည်း ဘုရင်ခံဒူပလေနဲ့ တွေ့ရဖို့ စီစဉ်ပေးပါ..ဘယ်လောက်ဖြစ်ဖြစ် ကျွန်မအကုန်ကျခံပါမယ်..ရှင့်အတွက်လည်း ပါတယ်”
မီလပ်က ပြုံးလိုက်သည်။
“ကိုယ့်အတွက်ကတော့ လွီဇာ ရှိနေရင်..လုံလောက်ပါပြီ..မလိုပါဘူး”
မီလပ်က သင်္ဘောလက်ရမ်းပေါ်တင်ထားသော လွီဇာ၏ လက်ဖဝါးကို အပေါ်မှ အုပ်မိုးကာ ခပ်ဖွဖွဆုပ်ကိုင်လိုက်သည်။
“ကျွန်မ ဘုရင်ခံဒူပလေနဲ့ တွေ့ချင်တယ်...မီလပ်”
“ကိုယ့်ဘုရင်မ အလိုတော်အတိုင်း ကျွန်တော်မျိုးကြိုးစားပေးပါ့မယ်”
ညစာစားပွဲအတွင်းမှ သင်္ဘောသားတစ်ချို့ အော်ဆိုလိုက်သော သီချင်းသံများက တချက်တချက် ထွက်ပေါ်လာသည်။
“ဒီညတော့...မစ္စတာ ကိုဇာနီကော့ဗ် နဲ့ ကပ္ပတိန်တို့ ဟိုဘက်သင်္ဘောဆီပြန်နိုင်ကြမယ်မထင်ဘူး..အတော်မူးနေကြပြီ..လွီဇာ”
“အင်း..အဲ့ဒီတော့...ဘာဖြစ်လဲ”
“သင်္ဘောကုန်းပတ်က ညဉ့်နက်လေ..အေးလေပဲ..လွီဇာ..ကိုယ့်အခန်းထဲမှာ နွေးနွေးထွေးထွေးရှိပါတယ်”
ပင်လယ်၏ အမှောင်လွင်ပြင်ထဲ..ခပ်ဝေးဝေးမှ မီးပြကလေးသည်..လင်းတချီ မှိန်တလှည့်။
..........................................................................................
ပွန်ဒီချယ်ရီ။
အိန္ဒိယတောင်ပိုင်းကမ်းရိုးတန်းမှ အစည်ကားဆုံးဆိပ်ကမ်းမြို့များထဲမှ တစ်ခု။
၁၇ ရာစုနောက်ပိုင်းကာလများတွင် ဒတ်ချ်တို့က သိမ်းပိုက်ထားရာမှာ ၁၈ ရာစုတွင် ပြင်သစ်လက်သို့ ရောက်ရှိခဲ့သည်။
ပြင်သစ်အိန္ဒိယကိုလိုနီနယ်၏ အဓိကမြို့တော်ဖြစ်လာခဲ့သည့် ပွန်ဒီချယ်ရီ။
ဆိပ်ကမ်းတလျှောက် အိန္ဒိယလူမျိုးများ၊ ပြင်သစ်များ၊ အခြားလူဖြူများစွာ ပျားပန်းခတ်မျှ လှုပ်ရှားနေကြသည်။
ဆိပ်ကမ်းတလျှောက် ဒီရေထိန်းအုတ်နံရံများအပေါ်ရှိ လူသွားလမ်းတွင် သစ်သားချောင်းကလေးများ အစီအရီစိုက်ထူထား၏။
“ကျွန်မဘဝမှာ သံလျင်ဆိပ်ကမ်းကို အရမ်းကြီးတယ်လို့ ထင်ခဲ့တာ...မှားသွားပြီထင်တယ်”
လွီဇာ၏ စကားကို ကိုဇာနီကော့ဗ် က ရယ်လိုက်သည်။
“အင်း...ကမ္ဘာမှာ ဒီထက်ကြီးတဲ့ ဆိပ်ကမ်းတွေ အများကြီးပဲ..မဒမ်ရေ”
“ဂိုအာဆိပ်ကမ်းကရော..ဒီနဲ့ ဝေးသေးလား”
“အင်း...ရေလမ်းအတိုင်းဆို.ဒီကနေ သီဟိုဠ်ကျွန်းကိုဖြတ်ပြီး တပတ်ကြီးပတ်သွားရဉီးမယ်..ကုန်းတွင်းက ဖြတ်သွားရင်လည်းရပါတယ်..ဘယ်နှစ်ရက်ကြာမယ်တော့ မပြောတတ်ဘူး”
ကပ္ပတိန်အိုင်ဇက်က လွီဇာ၏ အမေးကို ဖြေသည်။
ဆိပ်ကမ်းပေါ်တွင် မီလပ်က သူတို့ကို စောင့်နေ၏။
“ကဲ..ခင်ဗျားတို့ကမ်းတက်ဖို့ စာရွက်စာတမ်းတွေ ကျုပ် အကုန်လုပ်ပြီးသွားပြီ...တည်းဖို့ ခိုဖို့ပါ အားလုံး အဆင်သင့်ပါပဲ”
“ကဲ..ဒါဆိုရင်တော့..မေဂျာလက်ထဲ ခင်ဗျားတို့ကို ထည့်ခဲ့ပါပြီ..ဒါနဲ့ မေဂျာ..သူတို့နဲ့ ပါလာတဲ့ ပစ္စည်းတွေကို ကျွန်တော်ဘယ်ပို့ပေးရမလဲ”
ကပ္ပတိန်အိုင်ဇက်က မေးလိုက်သည်။
“စိန့်ထရီဆာလမ်းက အင်မာကူလိတ်ကွန်ဆက်ရှင်ကက်သီဒြယ်ကို ပို့ပေးပါ..ကဲ..သွားကြစို့”
မီလပ် စီစဉ်ပေးထားသည့် မြင်းရထားပေါ်သို့ လွီဇာ နှင့် ကိုဇာနီကော့ဗ် တို့ တက်လိုက်ကြသည်။
ကိုဇာနီကော့ဗ် နှင့် လွီဇာတို့က မြင်းရထားထဲတွင် မျက်နှာချင်းဆိုင်နေရာယူလိုက်၏။
လွီဇာ၏ ဘေးတွင် မီလပ် က ဝင်ထိုင်လိုက်သည်။
“အခုသွားမယ့် ဘုရားကျောင်းမှာ သီလရှင်ကျောင်းလည်းရှိတယ်..လွီဇာ...ဘုန်းတော်ကြီးတွေဆီမှာက မစ္စတာနီကော့ဗ်တည်း..လွီဇာက သီလရှင်အဆောင်မှာတည်းပေါ့..အဆင်ပြေရဲ့မဟုတ်လား”
“အင်..ပြေပါတယ်”
“နောက်တစ်ခုက... ပစ္စည်းတွေ ရောက်လာရင်..ညနေဘက် ကိုယ် တစ်ခေါက် ပြန်လာခဲ့မယ်...အဲ့ဒီထဲက တန်ဖိုးအရှိဆုံးပစ္စည်းကို မမဂျင်နီ အတွက် ရွေးယူရမယ်”
“မမဂျင်နီ ဆိုတာ ဘယ်သူလဲ”
“ဂျင်နီဒူပလေ....ဘုရင်ခံကတော်ကြီးပေါ့”
“ဟင်..ရှင်နဲ့ ရင်းနှီးတာလား”
“သူ့အဖေ အန်ကယ်ဂျာကွာသီရိုဒိုအဲဘတ်ဟာ ကိုယ့်အဖေနဲ့က ပါရီမှာ သူငယ်ချင်းတွေပါ..ကိုယ် ဒီမှာ တာဝန်ကျခါစက..သူတို့အိမ်မှာ ခဏနေခဲ့ဖူးတယ်..မကြာခင်မှာ မမဂျင်နီ နဲ့ လွီဇာကို တွေ့ပေးပါ့မယ်...မမဂျင်နီ အမေကလည်း ပေါ်တူဂီကပြားဆိုတော့ လွီဇာ တို့ ဆုံကြတဲ့အခါ အဆင်ပြေမှာပါ”
“ရှင့်ကို ကျွန်မ ကျေးဇူးတင်ပါတယ်..မီလပ်”
................................................................................
လှပညီညာသော ပုလဲကုံးလေးကို ဝါထိန်နေသော ခြေမနှစ်ခုတွင် ပူးချည်လိုက်၏။
“ဖယောင်းပုဆိုးတော် ယူခဲ့ကြပါကွဲ့”
တောင်ညာစံမိဖုရားခေါင်ကြီး မဟာရာဓိန္ဒာဓိပတိဒေဝီ က မိန့်လိုက်သည်နှင့် မြောက်နန်းမိဖုရားလင်ဇင်းမင်းသမီးအစုက ရွှေပိန်းချဖယောင်းပုဆိုး ယူလာကြသည်။
ဘေးနားမှ လူပျိုတော်သားများက ရှင်ဘုရင်မယ်တော်ကြီး သီရိမင်္ဂလာမဟာဒေဝီ၏ အလောင်းတော်ကို ဖယောင်းပုဆိုးဖြင့် ပတ်လိပ်လိုက်သည်။
မိဖုရားခေါင်ကြီး က နောက်ထပ် ပုလဲသီထားသည့် ကြိုးဖြင့် ဖယောင်းပုဆိုးကို ချည်နှောင်လိုက်၏။
ထို့နောက် အလောင်းကို ရွှေပိန်းချထားသည့် ပျဉ်အခေါင်းတွင်း ကတ္တီပါခင်းပေါ်သို့ ချလိုက်သည်။
မိဖုရားကြီးက အချက်ပြလိုက်သည်နှင့် မြေနန်းတော်မြောက် လက်ဝဲမာရဘင်တံခါး မှ စည်တော်တီးသံထွက်လာတော့၏။
မကြာမီ စည်တော်အစုံခင်းလျက် အလောင်းတော်ကို လောင်တိုက်ဆီသို့ သယ်ဆောင်တော့မည်ဖြစ်သည်။
လောင်တိုက်သို့ သွားရာလမ်းဝဲယာတွင် မယ်တော်မိဖုရားကြီးအား နောက်ဆုံးဖူးမျှော်မည့် အင်းဝသူ အင်းဝသားများ ပြည့်နှက်နေကြ၏။
အမှန်တကယ်တမ်းတွင်မူ အင်းဝသားတို့မှာ မယ်တော်မိဖုရားကြီးဆိုသည်မှာ ဖြူသလား၊ မဲသလားပင် သေချာမသိ။
လက်ရှိ ရှင်ဘုရင်၊ မိဖုရားခေါင်ကြီးနှင့် နန်းတွင်းသား၊ နန်းတွင်းသူများ မသာတော်ပို့အခမ်းအနားကို ကြည့်ရှုကြရန်သာဖြစ်သည်။
ရွှေလှံ၊ ရွှေကာ၊ ရွှေဒိုင်းကိုင် ဝင်းတော်သားစုက ပုဆိုးနက်များဆင်ယင်လျက် မသာတော်ရှေ့မှ ဝင်းခင်းထွက်လာကြသည်။
ရှင်ဘုရင်ကား အမင်္ဂလာတံခါးမှ မထွက်.အရှေ့တံခါးမှ လောင်တိုက်သို့ ကြိုတင်သွားနှင့်သည်။
မိဖုရားကြီးသုံးပါး နှင့် ကိုယ်လုပ်တော်၊ နန်းတွင်းသူများက အလောင်းတော်နောက်မှ စီတန်းကာ လိုက်ပါကြရ၏။
ရာဇမတ်များကာရံထားသည့် ဘေးတစ်လျှောက်တွင်လည်း လူထုကြီးက ပြိုကျမတတ်။
မယ်တော်ကြီး၏အလောင်းတော်၊ မိဖုရားကြီး၏ ဝေါတော်များ ဖြတ်သွားပြီးသည့်နောက် ဒူးထောက်ဝပ်တွားနေသော ပြည်သူများမှာ မတ်တပ်ရပ်ကာ ကိုယ်လုပ်တော်၊ နန်းတွင်းသူများကို ကြည့်ရှုကြ၏။
“မပု”
ရာဇမတ်ကာထားသည့်တစ်နေရာမှ သူမ၏ လက်ကို ရုတ်တရတ်ဆွဲခံလိုက်ရသဖြင့် နန်းတွင်းအပျိုတော်ကြီး မကြာပု မှာ လန့်ခနဲဖြစ်သွား၏။
“ဟဲ့..ဘယ်သူလဲ..ဘာလဲ”
“ကျုပ်..ငတွန်လေ..မပုရဲ့..မုဆိုးခြုံကလေ”
“ဟယ်.ငတွန်ကြီး..ပျောက်လှချည်ကော...ဘာကိစ္စတုန်း”
“မေးစရာရှိလို့”
“မေး..မြန်မြန်မေး..မိဖုရားခေါင်ကြီးကို မှီအောင်လိုက်ရဉီးမယ်”
“မြတ်ထားသီရိ ကို သိလား”
“မြတ်ထားသီရိ..ဟုတ်လား..ဘယ်အစုကလဲ”
“ကိုယ်လုပ်တော်လို့ ပြောတယ်”
“အော်..နန္ဒဝေညီမကို ပြောတာပဲ...ဘာဖြစ်လို့လဲ”
“ကျုပ်ကို ပြစမ်းပါ..သူဘယ်သူလဲလို့”
“နောက်မှာပါလာတယ်..မြောက်နန်းမိဖုရားဝေါဘေးမှာပါလာတယ်”
“ခဏနေပါဉီး..သေချာညွှန်ပါ..မပုရဲ့”
“အေး..ငါ့လက်ကို ခဏလွှတ်စမ်းပါဟဲ့..ပြမယ်”
ငတွန်က လက်ကို လွှတ်ပေးလိုက်သည်။
မကြာပု က အနောက်တွင် ပါလာသော မြောက်နန်းမတော်အစုကို တချက်ကြည့်လိုက်သည်။
“ဟိုးမှာ...လေးပါးရာသီစုထုံး ထုံးထားတဲ့ တစ်ယောက်လေ”
“ဘာလဲဗျ..လေးပါးရာသီစုထုံးဆိုတာ”
“ဟယ်..နန်းတွင်း ဆံထုံးပုံတွေပေါ့..နင်မသိလည်း..ငါညွှန်မယ်..လာ..ဟိုမှာကြည့်..ကတ္တီပါအစိမ်းနဲ့ တစ်ယောက်..တွေ့လား..ဟိုမှာ”
“ရင်သားကြီးကြီးနဲ့ တစ်ယောက်လား”
“မသာကောင်ကလည်း..ဒါမျိုးပဲ..အရင်မြင်တယ်..အဲ့ဒီဘေးကဟဲ့...ဟိုဘက်က ပါးလျလျလေးဟဲ့”
“ဟုတ်ပါပြီ..သူသေချာတယ်နော်”
“အေး..သေချာလား မသေချာလား..အနားရောက်ရင် မေးကြည့်ပေါ့...ငါသွားပြီ”
မကြာပု ထွက်သွားပြီးနောက်..ငတွန်က မြောက်နန်းမတော်အစု အလာကို စောင့်နေ၏။
အနီးသို့ ရောက်သောအခါ..
“မြတ်ထားသီရိ..မြတ်ထားသီရိ”
ဆူဆူညံညံကြားမှ သူ့အမည်ခေါ်သံကို မြတ်ထားသီရိ ကြားသွားသည်။
လူအုပ်စုကြားသို့ တအံတဩလိုက်ကြည့်၏။
ငတွန်က လက်ထဲတွင်ပါလာသော ဗညားကျန်းတော၏ မှင်ခံ ပုဆိုးကို မြှောက်ပြလိုက်သည်။
ကွမ်းငုံထားသည့်ပါးဖောင်းဖောင်းများဖြင့် မြတ်ထားသီရိက မျက်မှောင်ကြုံ့ကြည့်လိုက်၏။
ထို့နောက် မျက်နှာကို လွှဲလိုက်ပြီး ရှေ့သို့သာ ဆက်သွားသည်။
ငတွန်က ရာဇမတ်တန်းထားသည့်အကာအရံအတိုင်း လူအုပ်ကို တိုးကာ လိုက်သွားသည်။
“ပုဆိုး..ပုဆိုး...ဒီပုဆိုး”
မြတ်ထားသီရိ က မြောက်နန်းမိဖုရား၏ ဝေါယာဉ်နောက်သို့ ကွယ်ကာ ဝင်သွား၏။
ငတွန်မှာ ပုဆိုးကြီးကို မြှောက်လျက် လူအုပ်ကြားတိုးဝှေ့နေ၏။
တနေရာတွင် လူအုပ်များနှင့် ခလုတ်တိုက်ကာ ရာဇမတ်ကွက်အတွင်းသို့ ငတွန် ကျွံကာ လဲကျသွား၏။
“တောက်..တောသားများ တယ်ခက်တာပ...နန်းတွင်းသူ.မိန်းမမမြင်ဘူးရော့လားဟ”
“မိန်းမစိုးကြီးတွေရဲ့ ကြိမ်လုံးစာတော့ မိတော့မယ်..ဒီတဏှာရူးကတော့”
လူအုပ်ကြီးအား ငတွန့်အား ဝိုင်းဝန်းထောပနာပေးကြ၏။
မိန်းမစိုးကြီး နှစ်ဉီးက စည်းကျော်ကာ လဲကျနေသော ငတွန်ကို ဝိုင်းကာ မတ်တပ်ရပ်လိုက်ကြသည်။
လက်ထဲတွင်လည်း ငါးလိပ်ကျောက်မြီးကြာပွတ်ကိုယ်စီနှင့်။
ခက်ဇော်
ဘယ်ညာထောင်လျက်၊ ယုန်နားရွက်သို့၊ တစ်ဖက်တစ်စွယ်၊ အစွန်ကွယ်၍ ၊ နှစ်သွယ်ထားတင်၊ သို့စင်ဆင်မှ၊ ယင်းတွင်လက်ယာ၊ ဆုတ်သော့ခါနှိုက်၊ ညီညာကြပ်ကြပ်၊ လက်ဝဲတပ်က ၊ ခံရပ်ဆီးကွယ်၊ အသင့်ရွယ်၏။ ထိုဝယ်လည်းကောင်း၊ လက်ဝဲကြောင်းလျှင်၊ တိမ်းစောင်းမသာ၊ ဆုတ်ပြန်လှာတည်း၊ လက်ယာတင်သား၊ ဆီးကြိုတားလျက်၊ ချီသွားကြစေ၊ ရဲဘော်တွေနှင့် ၊ စစ်မြေဌာန၊ စစ်ကျင်းပသည်၊ သသဗျူဟာ၊ ကျမ်းထွက်စာမူ တပ်တာတန့်ဆိုင်း၊ ချလေတိုင်း ကသိုဏ်ရှေးရှု၊ ခိုင်းနှိုင်းတူသည်၊ စစ်သူကြီးတို့ မှတ်အင်တည်း။ ဗျူဟစက္ကိပျို့
(ယုန်နားရွက်ကဲ့သို့ တစ်ဖက်တစ်ချက် လက်ဝဲလက်ယာ စစ်မျက်နှာနှစ်ဖက်တည်ထားပြီး လက်ယာတပ် စစ်ရေးနိမ့်လျင် လက်ဝဲဘက်က အရှိန်မြင့်တိုက်ခိုက်ပေးရမည်။ လက်ဝဲတပ်စစ်ရေးနိမ့်လျင် လက်ယာတပ်က အရှိမြင့်တိုက်ခိုက်ပေးရမည့် သသဗျူဟာ)
(Zawgyi)
AVA 1740s (Season 2)
အခန္း(၂၀)
...............................................
၁၇၄၇ ဇြန္လ။
အိႏၵိယသမုဒၵရာအတြင္း မွ မုန္တိုင္း၏ အေငြ႕အသက္မ်ားကို လာဒီခ႐ုသေဘၤာ၏ ဂ်ဴးလူမ်ိဳးကပၸတိန္ အိုင္ဇက္ ခံစားလိုက္ရသည္။
လာဒီခ႐ုသေဘၤာသည္ လြန္ခဲ့သည့္ ေျခာက္လကတည္းက သန္လ်င္ဆိပ္ကမ္းမွ ျပင္သစ္ပိုင္ပြန္ဒီခ်ယ္ရီသို႔ ထြက္ခြာလာသည့္ သေဘၤာျဖစ္သည္။
ဥေရာပတြင္ မင္းသမီးမာရီယာထရီဆာ၏ ဩစႀတီးယားထီးေမြဆက္ခံေရးျပႆနာမွ စတင္သည့္ စစ္ပြဲသည္ အိႏၵိယသမုဒၵရာအတြင္းရွိ အဂၤလိပ္ႏွင့္ ျပင္သစ္တို႔ အၾကားတြင္ပါ ႐ိုက္ခတ္လာၾက၏။
အႏၵိယကိုလိုနီနယ္အတြင္းႏွင့္ သမုဒၵရာအတြင္းတြင္ ျပင္သစ္ဘုရင္ခံဒူပေလ၏ စစ္တပ္ႏွင့္ ၿဗိတိသွ်အေရွ႕အိႏၵိယကုမၸဏီတပ္မ်ားမွာ နယ္ေျမလုစစ္ပြဲမ်ား ဆင္ႏႊဲေနၾကသည္။
ႏွစ္ဖက္လုံးတြင္လည္း ေဒသခံ မဟာရာဂ်ာမ်ားက တစ္ဖက္စီ ပါဝင္တိုက္ခိုက္ေနၾက၏။
ထို႔ေၾကာင့္ လာဒီခ႐ု မွာ အက္ဒမန္ကြၽန္းရွိ အဲလိဇဘက္ကမ္းေျခတြင္ အဂၤလိပ္အေရွ႕အိႏၵိယကုမၸဏီ ေရတပ္၏ ေခတၱထိမ္းသိမ္းထားျခင္းကို ခံခဲ့ရသည္။
တစ္လအၾကာတြင္ အက္ဒမန္ကြၽန္းရွိ အဂၤလိပ္ေရတပ္ဗိုလ္မႉးႀကီးအား လာဘ္ထိုးကာ ျပန္လည္ခရီးထြက္ခြာလာႏိုင္ခဲ့ျခင္းျဖစ္သည္။
“ဒီအတိုင္းဆို မုန္တိုင္းမလာခင္..ပြန္ဒီခ်ယ္ရီကို ေရာက္ႏိုင္ပါ့မလား..ကပၸတိန္”
အာေမးနီးယန္းလူမ်ိဳး ကိုဇာနီေကာ့ဗ္ က ကပၸတိန္အိုင္ဇက္ ေဘးတြင္ မတ္တပ္လာရပ္ကာ ေမးလိုက္၏။
“ေလေၾကာင္းအေပၚမူတည္ပါတယ္...မစၥတာနီေကာ့ဗ္...က်န္တာေတာ့ ဘုရားသခင္က စီမံသြားပါလိမ့္မယ္...သေဘၤာကိစၥက်ဳပ္တာဝန္ထားလိုက္ပါ...ခင္ဗ်ားက ခင္ဗ်ားရဲ႕ မဒမ္ကိုသာ ဂ႐ုစိုက္ပါဗ်ာ”
ကပၸတိန္အိုင္ဇက္စကားေၾကာင့္ ကိုဇာနီေကာ့ဗ္က ဟက္ဟက္ပက္ပက္ရယ္လိုက္သည္။
“ခင္ဗ်ားကေတာ့ လုပ္ျပန္ၿပီဗ်ာ...က်ဳပ္မွာလည္း ပြန္ဒီခ်ယ္ရီ ျမန္ျမန္ေရာက္မွပဲ...ဒီလိုခ်ည္း တစ္လမ္းလုံး ဟန္ေဆာင္လာခဲ့ရတာ...သူ႔ကို အားနာလွၿပီ”
“အားမနာနဲ႔ေလ..ဟန္ေဆာင္ရင္းနဲ႔ တကယ္ျဖစ္ရင္ ျဖစ္သြားတတ္တာပဲ”
“ဟာ..ေဟ့လူ...ဟံသာဝတီမွာက က်ဳပ္မိသားစုနဲ႔ဗ်..သူလည္း”
ထိုအခ်ိန္တြင္ လြီဇာ က သူတို႔အနီးသို႔ ေလွ်ာက္လာသျဖင့္ ကိုဇာနီေကာ့ဗ္ က ေျပာလက္စ စကားကို ရပ္လိုက္သည္။
ဟံသာဝတီဘုရင္သစ္ဗညားဒလ၏ အစီအမံအရ လြီဇာသည္ ျပင္သစ္ပိုင္ပြန္ဒီခ်ယ္ရီသို႔ သံတမန္အျဖစ္ တိတ္တဆိတ္ လာေရာက္ဆက္သြယ္ျခင္းျဖစ္သည္။
ဖာသာနာေရနီမွတဆင့္ ျပင္သစ္ဘုရင္ခံထံ ပါးလိုက္သည့္ သဝဏ္လႊာမွာလည္း မည္သို႔မွ် အေၾကာင္းမထူးခဲ့။
လမ္းခရီးတြင္ အဂၤလိပ္တို႔၏ ရန္မွ ကာကြယ္ရန္အတြက္ ဟံသာဝတီမွ အာေမးနီးယန္းကုန္သည္ ကိုဇာနီေကာ့ဗ္ ႏွင့္ လြီဇာမွာ ဆင္စြယ္ကုန္သည္လင္မယားဟန္ေဆာင္ကာ သေဘၤာျဖင့္ လိုက္လာၾကျခင္းျဖစ္သည္။
ကိုဇာနီေကာ့ဗ္ မွာ ဟံသာဝတီ၏အိမ္ေရွ႕စံ ဥပရာဇာျဖစ္ေသာ ဉီးေအာင္ျမ ႏွင့္ အယုဒၶယတြင္ကတည္းက ခင္မင္ခဲ့သူလည္းျဖစ္သည္။
လြီဇာက သူ႔အေၾကာင္းေျပာေနဟန္တူသည့္ ေယာက္်ားသားႏွစ္ဉီးကို မသိဟန္ေဆာင္ကာ အနီးတြင္ မတ္တပ္လာရပ္ေန၏။
“မဒမ္....ေန႔လည္စာစားလို႔ ေကာင္းရဲ႕လား”
“ေကာင္းပါတယ္..ကပၸတိန္...လႈိင္းနည္းနည္းမူးတာနဲ႔..အခန္းထဲလည္း မေနခ်င္လို႔ ဒီေပၚတက္လာခဲ့တာပါ..ဒါနဲ႔ ပြန္ဒီခ်ယ္ရီေရာက္ဖို႔က အေတာ္လိုေသးတာလား”
“အခုပဲ..အဲ့ဒါေျပာေနတာပါ...ေလေၾကာင္းအေျခအေနေပၚမူတည္ပါတယ္...မဒန္..ဘုရားဆုေတာင္းရမွာပဲ”
“ကမ္းေျခေတာ့နီးၿပီထင္ပါတယ္..ဟိုးမွာ သေဘၤာတစ္စင္းလားလို႔”
လြီဇာက ပင္လယ္ျပင္မွ မႈန္ျပျပအရာတစ္ခုကို ထိုးျပလိုက္သည္။
ကပၸတိန္အိုင္ဇက္ က မွန္ေျပာင္းျဖင့္ ၾကည့္လိုက္၏။
“ျပင္သစ္စစ္သေဘၤာတစ္စင္းပဲ..မဒမ္..မဒမ္တို႔ ေအာက္ကို ဆင္းေနၾကေစခ်င္ပါတယ္..ဒီအတိုင္းဆို ပြန္ဒီခ်ယ္ရီနား နီးေနပါၿပီ”
ကိုဇာနီေကာ့ဗ္ႏွင့္ လြီဇာတို႔က ေအာက္ဘက္သို႔ ဆင္းသြားၾကသည္။
“ဝုန္း..ဝုန္း”
ခဏအၾကာတြင္ သူတို႔ဆီ ဉီးတည္လာေနေသာ သေဘၤာက အေျမႇာက္ေဖာက္သံမ်ားျဖင့္ အခ်က္ျပသည္။
လာဒီခ႐ုသေဘၤာကလည္း ကုန္သြယ္သေဘၤာျဖစ္ေၾကာင္း အခ်က္ျပန္ျပ၏။
“မစၥတာတို႔ ကုန္းပတ္ေပၚ တက္ခဲ့ဖို႔ ကပၸတိန္က ေခၚေနပါတယ္”
ကိုဇာနီေကာဗ္ ႏွင့္ လြီဇာတို႔ ကုန္းပတ္ေပၚတက္ရန္ ျပင္ၾကသည္။
“ကြၽန္မလက္ကို ဆြဲၿပီး ေရွ႕ကတက္ပါ..ကြၽန္မကို အားမနာနဲ႔..နီကို”
ကိုဇာနီေကာဗ္ က လြီဇာ၏ လက္ကို ဆြဲကာ ေရွ႕မွ သြား၏။
ျပင္သစ္စစ္သေဘၤာက သူတို႔သေဘၤာႏွင့္ ခပ္လွမ္းလွမ္းတြင္ ယွဥ္လ်က္ရပ္ထားသည္။
“ျပင္သစ္သေဘၤာေပၚက..ကပၸတိန္ဗိုလ္မႉးက သေဘၤာေပၚ ပါလာသူေတြကို စစ္ေဆးခ်င္လို႔တဲ့”
ခဏအၾကာတြင္ ေလွငယ္တစ္စင္းျဖင့္ ျပင္သစ္စစ္ဗိုလ္မ်ား သေဘၤာေပၚသို႔ တက္လာၾက၏။
“ဘယ္ကလာၾကတာလဲ”
“သန္လ်င္ဆိပ္ကမ္းကပါ”
ေရွ႕ဆုံးမွ ေရတပ္ဗိုလ္မႉးရာထူးျဖင့္ ပုဂၢိဳလ္က မ်က္ေမွာင္ႀကဳံ႕လိုက္သည္။
“ဟံသာဝတီက သေဘၤာလား”
“မဟုတ္ပါဘူး..ကြၽန္ေတာ္တို႔သေဘၤာက ၿမိတ္ဆိပ္ကမ္းမွာ ဆိုက္ေနတာပါ..ဟံသာဝတီက ဆင္စြယ္ကုန္သည္လင္မယား က ပြန္ဒီခ်ယ္ရီဆီ ကုန္သြယ္ခရီးကို ငွားရမ္းတာနဲ႔”
“ကုန္သည္ဆိုတာ သူတို႔လား”
“ဟုတ္ပါတယ္....မစၥတာကိုဇာနီေကာ့ဗ္ နဲ႔ မစၥနီေကာ့ဗ္တို႔ပါ”
ကပၸတိန္၏ စကားကို ဗိုလ္မႉးက နားမေထာင္ေတာ့ပဲ...ကိုဇာနီေကာဗ္ ႏွင့္ လြီဇာတို႔ ထံသို႔ ေလွ်ာက္သြားသည္။
“လြီဇာ”
ထိုအခါမွ ကိုဇာနီေကာ့ဗ္ ၏ လက္ေမာင္းကို ကိုင္ကာ ေခါင္းငုံ႔ေနေသာ လြီဇာက အသံရွင္ကို ေမာ့ၾကည့္လိုက္သည္။
“ဟင္..မီလပ္”
“ကိုယ္..မင္းသတင္းေတြ၊ ဟံသာဝတီအေၾကာင္းေတြကို ကုန္သည္ေတြဆီက အၿမဲတမ္းနားစြင့္ေနခဲ့တာ..လြီဇာ.. မင္းလက္ထပ္လိုက္တာကိုေတာ့ ကိုယ္မသိလိုက္ဘူး”
လြီဇာက ၿပဳံးလိုက္သည္။
“ကဲ...ျဖည္းျဖည္းေျပာၾကတာေပါ့...အခု ရွင္က ပြန္ဒီခ်ယ္ရီကို သြားမွာလား”
“ဟုတ္တယ္..ကိုယ္တို႔ မဒရပ္မွာ အဂၤလိပ္ေတြနဲ႔ စစ္တိုက္ေနၾကရတာ..အခုက ကိုယ့္ကို ဘုရင္ခံအမိန႔္နဲ႔ ျပန္ေခၚလို႔ ျပန္လာတာ”
သူတို႔ႏွစ္ဉီး အျပန္အလွန္စကားေျပာေနၾကသည္ကို ကပၸတိန္အိုင္ဇက္ႏွင့္ ကိုဇာနီေကာ့ဗ္တို႔က တအံတဩၾကည့္ေနၾကသည္။
“မစၥတာကိုဇာနီေကာ့ဗ္ သူ႔ကို မသိဘူးလား....သူက သန္လ်င္နဲ႔ ဟံသာဝတီမွာ မစၥတာဘ႐ူႏိုနဲ႔အတူ အေတာ္ၾကာၾကာေနဖူးတယ္ေလ”
ကိုဇာနီေကာ့ဗ္က ေခါင္းခါသည္။
“ကြၽန္ေတာ္က ကုန္သည္အလုပ္ေတြနဲ႔ပဲ အၿမဲခရီးထြက္ေနရလို႔ မြန္စီယာကို သတိမထားမိတာ..ခြင့္လႊတ္ပါ”
“ရပါတယ္...မစၥတာ..လြီဇာ နဲ႔ လက္ထပ္ခြင့္ရတာဟာ ခင္ဗ်ားသိပ္ကံေကာင္းတာပဲ”
လြီဇာက ေခါင္းကို ရမ္းကာ ခပ္သြက္သြက္ရယ္လိုက္သည္။
“ကဲ..ေတာ္ၿပီ..မီလပ္..ရွင့္ကို ကြၽန္မရွင္းျပစရာေတြအမ်ားႀကီးရွိေသးတယ္..ဒီည ရွင့္သေဘၤာမွာ ကြၽန္မတို႔ကို ညစာဖိတ္ေကြၽးမလား”
“အင္း..ေကာင္းတဲ့အစီအစဥ္ပဲ”
..................................................................................................................................
“ဟူး..ေတာ္ေသးတာေပါ့..လြီဇာရယ္..ကိုယ့္မွာ...တကယ္ ယူႀကဳံးမရျဖစ္ေနတာ..အၾကာႀကီး ခြဲခဲ့ရၿပီး..မထင္မွတ္ပဲ ျပန္ဆုံခ်ိန္က်...မင္း က လက္ထပ္ၿပီးသားျဖစ္ေနၿပီဆိုၿပီး”
ပင္လယ္ကား ေမွာင္ေန၏။ ခပ္လွမ္းလွမ္းေရျပင္အထက္တြင္ ပင္လယ္မီးစုန္းမ်ားက အေပၚေအာက္ နိမ့္ခ်ည္ျမင့္ခ်ည္။
ညစာစားပြဲအၿပီးတြင္ သူတို႔ႏွစ္ဉီး ကုန္းပတ္ေပၚထြက္လာကာ ေလညႇင္းခံေနၾကျခင္းျဖစ္သည္။
လြီဇာက လက္ထဲတြင္ ေသာက္လက္စ ျပင္သစ္ဝိုင္ခြက္ကို ကိုင္ထားရင္း မီလပ္၏ စကားကို တခစ္ခစ္ရယ္ေန၏။
“တကယ္လည္း ကြၽန္မက အိမ္ေထာင္ျပဳသင့္တယ္အ႐ြယ္ကို ေရာက္ေနၿပီ..မီလပ္..အင္..အခုေခတ္အေနအထားနဲ႔ဆို အဲ့ဒီအ႐ြယ္ကိုေတာင္ေက်ာ္ေနပါၿပီေလ”
“အင္း....ကိုယ္လည္းအတူတူပါပဲ”
“ရွင္က ငယ္ေသးပါတယ္..မီလပ္ရဲ႕..ပြန္ဒီခ်ယ္ရီမွာ ျပင္သစ္သူ၊ အိႏၵိယသူေခ်ာေခ်ာေတြ အမ်ားႀကီး ရွိေနမွပဲ...အခ်ိန္မေ႐ြးေကာက္ယူလိုက္ေပါ့”
မီလပ္က လြီဇာ၏ မ်က္ႏွာကို ေငးေန၏။
“ကဲ..ျမႇားဉီးက ကြၽန္မဘက္လွည့္လာေတာ့မယ္ထင္တယ္..အဲ့ဒီကိစၥအသာထားပါ...အခု ပြန္ဒီခ်ယ္ရီကို ေရာက္ရင္..ကြၽန္မ မြန္စီယာဘ႐ူႏို ဒါမွမဟုတ္ ဘုရင္ခံဒူပေလနဲ႔ ေတြ႕ခ်င္တယ္..ေနာက္ ဖာသာနာေရနီကို ရွာခ်င္တယ္”
“မြန္စီယာဘ႐ူႏိုက အခု စိန႔္ေဒးဗစ္ခံတပ္တိုက္ပြဲ ကို ေရာက္ေနတယ္..လြီဇာ..သူ႔ကို ေတြ႕ရဖို႔ေတာ့မလြယ္ဘူး..ေနာက္ၿပီး..ဖာသာနာေရနီက ကိုယ္သိသေလာက္ေတာ့ မဒရပ္မွာပဲ..မဒရပ္က ေလာေလာဆယ္စစ္ပြဲေတြနဲ႔ဆိုေတာ့ သြားဖို႔လည္းမလြယ္လွဘူး”
“ကြၽန္မမွာ ဟံသာဝတီဘုရင္က လက္ေဆာင္ပါးလိုက္တဲ့ ဆင္စြယ္ေတြ၊ ေ႐ႊေတြပါလာတယ္..မီလပ္..တကယ္လို႔သူတို႔နဲ႔မေတြ႕ရလည္း ဘုရင္ခံဒူပေလနဲ႔ ေတြ႕ရဖို႔ စီစဥ္ေပးပါ..ဘယ္ေလာက္ျဖစ္ျဖစ္ ကြၽန္မအကုန္က်ခံပါမယ္..ရွင့္အတြက္လည္း ပါတယ္”
မီလပ္က ၿပဳံးလိုက္သည္။
“ကိုယ့္အတြက္ကေတာ့ လြီဇာ ရွိေနရင္..လုံေလာက္ပါၿပီ..မလိုပါဘူး”
မီလပ္က သေဘၤာလက္ရမ္းေပၚတင္ထားေသာ လြီဇာ၏ လက္ဖဝါးကို အေပၚမွ အုပ္မိုးကာ ခပ္ဖြဖြဆုပ္ကိုင္လိုက္သည္။
“ကြၽန္မ ဘုရင္ခံဒူပေလနဲ႔ ေတြ႕ခ်င္တယ္...မီလပ္”
“ကိုယ့္ဘုရင္မ အလိုေတာ္အတိုင္း ကြၽန္ေတာ္မ်ိဳးႀကိဳးစားေပးပါ့မယ္”
ညစာစားပြဲအတြင္းမွ သေဘၤာသားတစ္ခ်ိဳ႕ ေအာ္ဆိုလိုက္ေသာ သီခ်င္းသံမ်ားက တခ်က္တခ်က္ ထြက္ေပၚလာသည္။
“ဒီညေတာ့...မစၥတာ ကိုဇာနီေကာ့ဗ္ နဲ႔ ကပၸတိန္တို႔ ဟိုဘက္သေဘၤာဆီျပန္ႏိုင္ၾကမယ္မထင္ဘူး..အေတာ္မူးေနၾကၿပီ..လြီဇာ”
“အင္း..အဲ့ဒီေတာ့...ဘာျဖစ္လဲ”
“သေဘၤာကုန္းပတ္က ညဥ့္နက္ေလ..ေအးေလပဲ..လြီဇာ..ကိုယ့္အခန္းထဲမွာ ေႏြးေႏြးေထြးေထြးရွိပါတယ္”
ပင္လယ္၏ အေမွာင္လြင္ျပင္ထဲ..ခပ္ေဝးေဝးမွ မီးျပကေလးသည္..လင္းတခ်ီ မွိန္တလွည့္။
..........................................................................................
ပြန္ဒီခ်ယ္ရီ။
အိႏၵိယေတာင္ပိုင္းကမ္း႐ိုးတန္းမွ အစည္ကားဆုံးဆိပ္ကမ္းၿမိဳ႕မ်ားထဲမွ တစ္ခု။
၁၇ ရာစုေနာက္ပိုင္းကာလမ်ားတြင္ ဒတ္ခ်္တို႔က သိမ္းပိုက္ထားရာမွာ ၁၈ ရာစုတြင္ ျပင္သစ္လက္သို႔ ေရာက္ရွိခဲ့သည္။
ျပင္သစ္အိႏၵိယကိုလိုနီနယ္၏ အဓိကၿမိဳ႕ေတာ္ျဖစ္လာခဲ့သည့္ ပြန္ဒီခ်ယ္ရီ။
ဆိပ္ကမ္းတေလွ်ာက္ အိႏၵိယလူမ်ိဳးမ်ား၊ ျပင္သစ္မ်ား၊ အျခားလူျဖဴမ်ားစြာ ပ်ားပန္းခတ္မွ် လႈပ္ရွားေနၾကသည္။
ဆိပ္ကမ္းတေလွ်ာက္ ဒီေရထိန္းအုတ္နံရံမ်ားအေပၚရွိ လူသြားလမ္းတြင္ သစ္သားေခ်ာင္းကေလးမ်ား အစီအရီစိုက္ထူထား၏။
“ကြၽန္မဘဝမွာ သံလ်င္ဆိပ္ကမ္းကို အရမ္းႀကီးတယ္လို႔ ထင္ခဲ့တာ...မွားသြားၿပီထင္တယ္”
လြီဇာ၏ စကားကို ကိုဇာနီေကာ့ဗ္ က ရယ္လိုက္သည္။
“အင္း...ကမာၻမွာ ဒီထက္ႀကီးတဲ့ ဆိပ္ကမ္းေတြ အမ်ားႀကီးပဲ..မဒမ္ေရ”
“ဂိုအာဆိပ္ကမ္းကေရာ..ဒီနဲ႔ ေဝးေသးလား”
“အင္း...ေရလမ္းအတိုင္းဆို.ဒီကေန သီဟိုဠ္ကြၽန္းကိုျဖတ္ၿပီး တပတ္ႀကီးပတ္သြားရဉီးမယ္..ကုန္းတြင္းက ျဖတ္သြားရင္လည္းရပါတယ္..ဘယ္ႏွစ္ရက္ၾကာမယ္ေတာ့ မေျပာတတ္ဘူး”
ကပၸတိန္အိုင္ဇက္က လြီဇာ၏ အေမးကို ေျဖသည္။
ဆိပ္ကမ္းေပၚတြင္ မီလပ္က သူတို႔ကို ေစာင့္ေန၏။
“ကဲ..ခင္ဗ်ားတို႔ကမ္းတက္ဖို႔ စာ႐ြက္စာတမ္းေတြ က်ဳပ္ အကုန္လုပ္ၿပီးသြားၿပီ...တည္းဖို႔ ခိုဖို႔ပါ အားလုံး အဆင္သင့္ပါပဲ”
“ကဲ..ဒါဆိုရင္ေတာ့..ေမဂ်ာလက္ထဲ ခင္ဗ်ားတို႔ကို ထည့္ခဲ့ပါၿပီ..ဒါနဲ႔ ေမဂ်ာ..သူတို႔နဲ႔ ပါလာတဲ့ ပစၥည္းေတြကို ကြၽန္ေတာ္ဘယ္ပို႔ေပးရမလဲ”
ကပၸတိန္အိုင္ဇက္က ေမးလိုက္သည္။
“စိန႔္ထရီဆာလမ္းက အင္မာကူလိတ္ကြန္ဆက္ရွင္ကက္သီျဒယ္ကို ပို႔ေပးပါ..ကဲ..သြားၾကစို႔”
မီလပ္ စီစဥ္ေပးထားသည့္ ျမင္းရထားေပၚသို႔ လြီဇာ ႏွင့္ ကိုဇာနီေကာ့ဗ္ တို႔ တက္လိုက္ၾကသည္။
ကိုဇာနီေကာ့ဗ္ ႏွင့္ လြီဇာတို႔က ျမင္းရထားထဲတြင္ မ်က္ႏွာခ်င္းဆိုင္ေနရာယူလိုက္၏။
လြီဇာ၏ ေဘးတြင္ မီလပ္ က ဝင္ထိုင္လိုက္သည္။
“အခုသြားမယ့္ ဘုရားေက်ာင္းမွာ သီလရွင္ေက်ာင္းလည္းရွိတယ္..လြီဇာ...ဘုန္းေတာ္ႀကီးေတြဆီမွာက မစၥတာနီေကာ့ဗ္တည္း..လြီဇာက သီလရွင္အေဆာင္မွာတည္းေပါ့..အဆင္ေျပရဲ႕မဟုတ္လား”
“အင္..ေျပပါတယ္”
“ေနာက္တစ္ခုက... ပစၥည္းေတြ ေရာက္လာရင္..ညေနဘက္ ကိုယ္ တစ္ေခါက္ ျပန္လာခဲ့မယ္...အဲ့ဒီထဲက တန္ဖိုးအရွိဆုံးပစၥည္းကို မမဂ်င္နီ အတြက္ ေ႐ြးယူရမယ္”
“မမဂ်င္နီ ဆိုတာ ဘယ္သူလဲ”
“ဂ်င္နီဒူပေလ....ဘုရင္ခံကေတာ္ႀကီးေပါ့”
“ဟင္..ရွင္နဲ႔ ရင္းႏွီးတာလား”
“သူ႔အေဖ အန္ကယ္ဂ်ာကြာသီ႐ိုဒိုအဲဘတ္ဟာ ကိုယ့္အေဖနဲ႔က ပါရီမွာ သူငယ္ခ်င္းေတြပါ..ကိုယ္ ဒီမွာ တာဝန္က်ခါစက..သူတို႔အိမ္မွာ ခဏေနခဲ့ဖူးတယ္..မၾကာခင္မွာ မမဂ်င္နီ နဲ႔ လြီဇာကို ေတြ႕ေပးပါ့မယ္...မမဂ်င္နီ အေမကလည္း ေပၚတူဂီကျပားဆိုေတာ့ လြီဇာ တို႔ ဆုံၾကတဲ့အခါ အဆင္ေျပမွာပါ”
“ရွင့္ကို ကြၽန္မ ေက်းဇူးတင္ပါတယ္..မီလပ္”
................................................................................
လွပညီညာေသာ ပုလဲကုံးေလးကို ဝါထိန္ေနေသာ ေျခမႏွစ္ခုတြင္ ပူးခ်ည္လိုက္၏။
“ဖေယာင္းပုဆိုးေတာ္ ယူခဲ့ၾကပါကြဲ႕”
ေတာင္ညာစံမိဖုရားေခါင္ႀကီး မဟာရာဓိႏၵာဓိပတိေဒဝီ က မိန႔္လိုက္သည္ႏွင့္ ေျမာက္နန္းမိဖုရားလင္ဇင္းမင္းသမီးအစုက ေ႐ႊပိန္းခ်ဖေယာင္းပုဆိုး ယူလာၾကသည္။
ေဘးနားမွ လူပ်ိဳေတာ္သားမ်ားက ရွင္ဘုရင္မယ္ေတာ္ႀကီး သီရိမဂၤလာမဟာေဒဝီ၏ အေလာင္းေတာ္ကို ဖေယာင္းပုဆိုးျဖင့္ ပတ္လိပ္လိုက္သည္။
မိဖုရားေခါင္ႀကီး က ေနာက္ထပ္ ပုလဲသီထားသည့္ ႀကိဳးျဖင့္ ဖေယာင္းပုဆိုးကို ခ်ည္ေႏွာင္လိုက္၏။
ထို႔ေနာက္ အေလာင္းကို ေ႐ႊပိန္းခ်ထားသည့္ ပ်ဥ္အေခါင္းတြင္း ကတၱီပါခင္းေပၚသို႔ ခ်လိုက္သည္။
မိဖုရားႀကီးက အခ်က္ျပလိုက္သည္ႏွင့္ ေျမနန္းေတာ္ေျမာက္ လက္ဝဲမာရဘင္တံခါး မွ စည္ေတာ္တီးသံထြက္လာေတာ့၏။
မၾကာမီ စည္ေတာ္အစုံခင္းလ်က္ အေလာင္းေတာ္ကို ေလာင္တိုက္ဆီသို႔ သယ္ေဆာင္ေတာ့မည္ျဖစ္သည္။
ေလာင္တိုက္သို႔ သြားရာလမ္းဝဲယာတြင္ မယ္ေတာ္မိဖုရားႀကီးအား ေနာက္ဆုံးဖူးေမွ်ာ္မည့္ အင္းဝသူ အင္းဝသားမ်ား ျပည့္ႏွက္ေနၾက၏။
အမွန္တကယ္တမ္းတြင္မူ အင္းဝသားတို႔မွာ မယ္ေတာ္မိဖုရားႀကီးဆိုသည္မွာ ျဖဴသလား၊ မဲသလားပင္ ေသခ်ာမသိ။
လက္ရွိ ရွင္ဘုရင္၊ မိဖုရားေခါင္ႀကီးႏွင့္ နန္းတြင္းသား၊ နန္းတြင္းသူမ်ား မသာေတာ္ပို႔အခမ္းအနားကို ၾကည့္ရႈၾကရန္သာျဖစ္သည္။
ေ႐ႊလွံ၊ ေ႐ႊကာ၊ ေ႐ႊဒိုင္းကိုင္ ဝင္းေတာ္သားစုက ပုဆိုးနက္မ်ားဆင္ယင္လ်က္ မသာေတာ္ေရွ႕မွ ဝင္းခင္းထြက္လာၾကသည္။
ရွင္ဘုရင္ကား အမဂၤလာတံခါးမွ မထြက္.အေရွ႕တံခါးမွ ေလာင္တိုက္သို႔ ႀကိဳတင္သြားႏွင့္သည္။
မိဖုရားႀကီးသုံးပါး ႏွင့္ ကိုယ္လုပ္ေတာ္၊ နန္းတြင္းသူမ်ားက အေလာင္းေတာ္ေနာက္မွ စီတန္းကာ လိုက္ပါၾကရ၏။
ရာဇမတ္မ်ားကာရံထားသည့္ ေဘးတစ္ေလွ်ာက္တြင္လည္း လူထုႀကီးက ၿပိဳက်မတတ္။
မယ္ေတာ္ႀကီး၏အေလာင္းေတာ္၊ မိဖုရားႀကီး၏ ေဝါေတာ္မ်ား ျဖတ္သြားၿပီးသည့္ေနာက္ ဒူးေထာက္ဝပ္တြားေနေသာ ျပည္သူမ်ားမွာ မတ္တပ္ရပ္ကာ ကိုယ္လုပ္ေတာ္၊ နန္းတြင္းသူမ်ားကို ၾကည့္ရႈၾက၏။
“မပု”
ရာဇမတ္ကာထားသည့္တစ္ေနရာမွ သူမ၏ လက္ကို ႐ုတ္တရတ္ဆြဲခံလိုက္ရသျဖင့္ နန္းတြင္းအပ်ိဳေတာ္ႀကီး မၾကာပု မွာ လန႔္ခနဲျဖစ္သြား၏။
“ဟဲ့..ဘယ္သူလဲ..ဘာလဲ”
“က်ဳပ္..ငတြန္ေလ..မပုရဲ႕..မုဆိုးၿခဳံကေလ”
“ဟယ္.ငတြန္ႀကီး..ေပ်ာက္လွခ်ည္ေကာ...ဘာကိစၥတုန္း”
“ေမးစရာရွိလို႔”
“ေမး..ျမန္ျမန္ေမး..မိဖုရားေခါင္ႀကီးကို မွီေအာင္လိုက္ရဉီးမယ္”
“ျမတ္ထားသီရိ ကို သိလား”
“ျမတ္ထားသီရိ..ဟုတ္လား..ဘယ္အစုကလဲ”
“ကိုယ္လုပ္ေတာ္လို႔ ေျပာတယ္”
“ေအာ္..နႏၵေဝညီမကို ေျပာတာပဲ...ဘာျဖစ္လို႔လဲ”
“က်ဳပ္ကို ျပစမ္းပါ..သူဘယ္သူလဲလို႔”
“ေနာက္မွာပါလာတယ္..ေျမာက္နန္းမိဖုရားေဝါေဘးမွာပါလာတယ္”
“ခဏေနပါဉီး..ေသခ်ာၫႊန္ပါ..မပုရဲ႕”
“ေအး..ငါ့လက္ကို ခဏလႊတ္စမ္းပါဟဲ့..ျပမယ္”
ငတြန္က လက္ကို လႊတ္ေပးလိုက္သည္။
မၾကာပု က အေနာက္တြင္ ပါလာေသာ ေျမာက္နန္းမေတာ္အစုကို တခ်က္ၾကည့္လိုက္သည္။
“ဟိုးမွာ...ေလးပါးရာသီစုထုံး ထုံးထားတဲ့ တစ္ေယာက္ေလ”
“ဘာလဲဗ်..ေလးပါးရာသီစုထုံးဆိုတာ”
“ဟယ္..နန္းတြင္း ဆံထုံးပုံေတြေပါ့..နင္မသိလည္း..ငါၫႊန္မယ္..လာ..ဟိုမွာၾကည့္..ကတၱီပါအစိမ္းနဲ႔ တစ္ေယာက္..ေတြ႕လား..ဟိုမွာ”
“ရင္သားႀကီးႀကီးနဲ႔ တစ္ေယာက္လား”
“မသာေကာင္ကလည္း..ဒါမ်ိဳးပဲ..အရင္ျမင္တယ္..အဲ့ဒီေဘးကဟဲ့...ဟိုဘက္က ပါးလ်လ်ေလးဟဲ့”
“ဟုတ္ပါၿပီ..သူေသခ်ာတယ္ေနာ္”
“ေအး..ေသခ်ာလား မေသခ်ာလား..အနားေရာက္ရင္ ေမးၾကည့္ေပါ့...ငါသြားၿပီ”
မၾကာပု ထြက္သြားၿပီးေနာက္..ငတြန္က ေျမာက္နန္းမေတာ္အစု အလာကို ေစာင့္ေန၏။
အနီးသို႔ ေရာက္ေသာအခါ..
“ျမတ္ထားသီရိ..ျမတ္ထားသီရိ”
ဆူဆူညံညံၾကားမွ သူ႔အမည္ေခၚသံကို ျမတ္ထားသီရိ ၾကားသြားသည္။
လူအုပ္စုၾကားသို႔ တအံတဩလိုက္ၾကည့္၏။
ငတြန္က လက္ထဲတြင္ပါလာေသာ ဗညားက်န္းေတာ၏ မွင္ခံ ပုဆိုးကို ေျမႇာက္ျပလိုက္သည္။
ကြမ္းငုံထားသည့္ပါးေဖာင္းေဖာင္းမ်ားျဖင့္ ျမတ္ထားသီရိက မ်က္ေမွာင္ႀကဳံ႕ၾကည့္လိုက္၏။
ထို႔ေနာက္ မ်က္ႏွာကို လႊဲလိုက္ၿပီး ေရွ႕သို႔သာ ဆက္သြားသည္။
ငတြန္က ရာဇမတ္တန္းထားသည့္အကာအရံအတိုင္း လူအုပ္ကို တိုးကာ လိုက္သြားသည္။
“ပုဆိုး..ပုဆိုး...ဒီပုဆိုး”
ျမတ္ထားသီရိ က ေျမာက္နန္းမိဖုရား၏ ေဝါယာဥ္ေနာက္သို႔ ကြယ္ကာ ဝင္သြား၏။
ငတြန္မွာ ပုဆိုးႀကီးကို ေျမႇာက္လ်က္ လူအုပ္ၾကားတိုးေဝွ႔ေန၏။
တေနရာတြင္ လူအုပ္မ်ားႏွင့္ ခလုတ္တိုက္ကာ ရာဇမတ္ကြက္အတြင္းသို႔ ငတြန္ ကြၽံကာ လဲက်သြား၏။
“ေတာက္..ေတာသားမ်ား တယ္ခက္တာပ...နန္းတြင္းသူ.မိန္းမမျမင္ဘူးေရာ့လားဟ”
“မိန္းမစိုးႀကီးေတြရဲ႕ ႀကိမ္လုံးစာေတာ့ မိေတာ့မယ္..ဒီတဏွာ႐ူးကေတာ့”
လူအုပ္ႀကီးအား ငတြန႔္အား ဝိုင္းဝန္းေထာပနာေပးၾက၏။
မိန္းမစိုးႀကီး ႏွစ္ဉီးက စည္းေက်ာ္ကာ လဲက်ေနေသာ ငတြန္ကို ဝိုင္းကာ မတ္တပ္ရပ္လိုက္ၾကသည္။
လက္ထဲတြင္လည္း ငါးလိပ္ေက်ာက္ၿမီးၾကာပြတ္ကိုယ္စီႏွင့္။
ခက္ေဇာ္
အခန္း(၂၁) သဘက္ခါ
ဘယ္ညာေထာင္လ်က္၊ ယုန္နား႐ြက္သို႔၊ တစ္ဖက္တစ္စြယ္၊ အစြန္ကြယ္၍ ၊ ႏွစ္သြယ္ထားတင္၊ သို႔စင္ဆင္မွ၊ ယင္းတြင္လက္ယာ၊ ဆုတ္ေသာ့ခါႏႈိက္၊ ညီညာၾကပ္ၾကပ္၊ လက္ဝဲတပ္က ၊ ခံရပ္ဆီးကြယ္၊ အသင့္႐ြယ္၏။ ထိုဝယ္လည္းေကာင္း၊ လက္ဝဲေၾကာင္းလွ်င္၊ တိမ္းေစာင္းမသာ၊ ဆုတ္ျပန္လွာတည္း၊ လက္ယာတင္သား၊ ဆီးႀကိဳတားလ်က္၊ ခ်ီသြားၾကေစ၊ ရဲေဘာ္ေတြႏွင့္ ၊ စစ္ေျမဌာန၊ စစ္က်င္းပသည္၊ သသဗ်ဴဟာ၊ က်မ္းထြက္စာမူ တပ္တာတန႔္ဆိုင္း၊ ခ်ေလတိုင္း ကသိုဏ္ေရွးရႈ၊ ခိုင္းႏႈိင္းတူသည္၊ စစ္သူႀကီးတို႔ မွတ္အင္တည္း။ ဗ်ဴဟစကၠိပ်ိဳ႕
(ယုန္နား႐ြက္ကဲ့သို႔ တစ္ဖက္တစ္ခ်က္ လက္ဝဲလက္ယာ စစ္မ်က္ႏွာႏွစ္ဖက္တည္ထားၿပီး လက္ယာတပ္ စစ္ေရးနိမ့္လ်င္ လက္ဝဲဘက္က အရွိန္ျမင့္တိုက္ခိုက္ေပးရမည္။ လက္ဝဲတပ္စစ္ေရးနိမ့္လ်င္ လက္ယာတပ္က အရွိျမင့္တိုက္ခိုက္ေပးရမည့္ သသဗ်ဴဟာ)
Done 💪
ReplyDeleteDone🐬🐬
ReplyDeleteAgain🐬
DeleteDone
ReplyDeleteကလိပီး
ReplyDeleteDone 🤍
ReplyDelete