အင်းစိန်တိုက်ပွဲ (အပိုင်း ၁)

အင်းစိန်တိုက်ပွဲအကြောင်း


အင်းစိန်တိုက်ပွဲအကြောင်းကို မပြောခင်မှာ လွတ်လပ်ရေးရပြီး ကာလက ကရင်-ဗမာဆက်ဆံရေးကို အရင်ပြောပြဖို့လိုအပ်ပါမယ်။

ကရင်လူမျိုးတွေဟာ အင်္ဂလိပ်မဟာမိတ်တပ်တွေနဲ့ ရင်းနှီးဆုံးလူမျိုးတွေဖြစ်ပြီး တိုက်ရည်ခိုက်ရည်လည်းကောင်းကြပါတယ်။ ကရင်-အင်္ဂလိပ်ဆက်ဆံရေးဟာ တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲထဲက မြန်မာသူပုန်တွေကိုချေမှုန်းရာမှာ ကူညီပေးခဲ့ရာကစပြီး အတော်လေးခိုင်ခံတဲ့ဆက်ဆံရေးရှိတာလည်းဖြစ်ပါတယ်။ အင်္ဂလိပ်ရဲ့ တပ်ဖွဲ့ထဲမှာလည်း စစ်ပညာတတ်ကရင်လူမျိုးအမြောက်အမြား စစ်မှုထမ်းခဲ့ကြပါတယ်။

အဲလိုနဲ့ မြန်မာ့လွတ်လပ်ရေးအတွက် ဂျပန်ကိုမဟာမိတ်ဖွဲ့ပြီး အင်္ဂလိပ်ကို တိုက်ခိုက်ရာမှာ ကရင်-ဗမာဆက်ဆံရေးစပြီး ဆိုးဝါးလာခဲ့ပါတယ်။ ဂျပန်ကျူးကျော်စစ်အပြီး 1942ခုနှစ်မှာ BIA တပ်ဖွဲ့ရဲ့ ဗိုလ်တစ်ဉီးဖြစ်တဲ့ ဗိုလ်ထွန်းလှဟာ ဖာပွန်မြို့မှာ ကရင်လူမျိုး ၁၇ ယောက်ကို ပစ်သတ်ခဲ့ပါတယ်။ အကြောင်းအရင်းကတော့ အဲ့ဒေသတွင်းမှာ ပြောက်ကျားလှုပ်ရှားနေတဲ့ ဗြိတိလျှဗိုလ်မှူးကြီး Hugh Sea­grim ကိုရှာမတွေ့လို့ဖြစ်ပါတယ်။ ဒါ့အပြင် မြောင်းမြမြို့မှာလည်း ဝန်ကြီးဟောင်း စောပီသမိသားစုအပါအဝင် ကရင်လူမျိုး ၁၅၀ ကို BIA ကသတ်ဖြတ်ခဲ့ပါတယ်။

အဲ့လိုကရင်လူမျိုးတွေအပေါ်ရက်စက်မှုတွေကြောင့် Seagrim အနေနဲ့ ဂျပန်ဆီမှာကိုယ်တိုင်လက်နက်ချခဲ့ပြီး ခေါင်းဖြတ်သတ်ခြင်းခံခဲ့ရပါတယ်။ အဲ့လိုအနစ်နာခံခဲ့တဲ့ လုပ်ရပ်ကြောင့် “Grand­fa­ther Lon­glegs” ဆိုပြီး ယနေ့တိုင်ကရင်လူမျိုးတွေရဲ့ တမြတ်တနိုးအမှတ်ရခံရသူဖြစ်ပါတယ်။ အဲ့လိုနဲ့ရာစုနှစ်ပေါင်းများစွာကြာနေခဲ့တဲ့ ကရင်-ဗမာအကြား အချင်းချင်းမယုံကြည်မှုဟာ လွတ်လပ်ရေးကာလမှာတော့ ပိုပြီးထင်ပေါ်လာခဲ့ပါတယ်။

KNU တည်ထောင်ခြင်း

1947 ဖေဖော်ဝါရီလမှာ ရှေ့နေတစ်ဉီးဖြစ်တဲ့ စော်ဘဉီးကြီးက KNU ကိုဖွဲ့စည်းတည်ထောင်ခဲ့ပြီး မြစ်ဝကျွန်းပေါ်ဒေသ၊ ထိုင်းနယ်စပ်တောင်တန်းတွေကနေ ရန်ကုန်အထိ ကိုယ်စားလှယ်ရာပေါင်းများစွာ ပါဝင်ပါတယ်။ ကရင်လူမျိုးတွေရဲ့ လွတ်လပ်‌ရေးမျှော်မှန်းချက်ကတော့ ကိုယ်ပိုင်ပြည်နယ်နဲ့ ဓနသဟာအဖွဲ့ဝင်အဖြစ် ဆက်လက်နေဖို့ဖြစ်ပါတယ်။

BIA ရဲ့ ရက်ရက်စက်စက်သတ်ဖြတ်မှုတွေကို မြင်ပြီးကြတာ‌ကြောင့် ‌ဒုတိယကမ္ဘာစစ်ပြီးချိန်မှာ လက်နက်တွေပြန်အပ်ဖို့ကို ကရင်လူမျိုးတွေငြင်းဆိုခဲ့ကြပါတယ်။ 1947 ဂျူလိုင်လမှာ KNU ရဲ့လက်နက်ကိုင်တပ် KNDO ကို ဖွဲ့စည်းခဲ့ပြီး မအူပင်မြို့က ကျောင်းဆရာ မန်းဘဇန်နဲ Force 136 ရဲ့ ကပ္ပတိန်ဟောင်း စောဆန်ကီးတို့က ကွပ်ကဲပါတယ်။ KNU ဌာနချုပ်ကိုတော့ စမ်းချောင်းမြို့ အလုံလမ်းမှာ အခြေစိုက်ပါတယ်။   

KNU အနေနဲ့ 1947 ရွေးကောက်ပွဲကို Boycott ခဲ့ပေမယ့် လွတ်လပ်ရေးပြီးကာလအတွက်တော့ ဗမာအစိုးရနဲ့ ဆွေးနွေးမှုတွေဆက်လုပ်ခဲ့ပါတယ်။ KNDO ဖွဲ့စည်းလိုက်ပုံအရ ကိုယ်ပိုင်ပြည်နယ်ကို တောင်းမရရင် တိုက်ယူမယ်ဆိုတာသိသာပါတယ်။ ဗကပနဲ့ ပြည်သူ့ရဲဘော်တို့ သူပုန်ထပြီး နိုင်ငံရေးမငြိမ်သက်နေချိန်မှာ KNDO နဲ့ ကရင်လူမျိုး ပါလီမန်တပ်ဖွဲ့တွေ ပေါင်းကာ August 31 မှာ မော်လမြိုင်မြို့ကို သိမ်းခဲ့ပြီး နောက်တစ်နေ့မှာ သထုံကိုသိမ်းခဲ့ပါတယ်။ သေနတ်တစ်ချက်မှမဖောက်ပဲ မော်လမြိုင်မြို့ကိုငြိမ်းငြိမ်းချမ်းချမ်း သိမ်းခဲ့သလို ကရင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအတွက် ဉီးနုကကတိပေးပြီးချိန်မှာလည်း အသာတကြည်ပဲ မြို့ကို ပြန်လွှဲပေးခဲ့ပါတယ်။

အဲ့လိုငြိမ်သက်သွားတဲ့ကာလမှာ မြန်မာစစ်တပ်တွေအနေနဲ့ မော်လမြိုင်တောင်ဘက်၊ ပုလောမြို့က ရွာ ၈ ရွာကို အကြမ်းဖက်ဝင်ရောက်ခဲ့ပါတယ်။ Christmas ကာလမှာ ဝတ်ပြုနေကြတဲ့ ကရင်ခရစ်ယာန်လူမျိုးတွေကို ဝင်ရောက်သတ်ဖြတ်ခဲ့ပြီး ကလေးတွေအပါအဝင် အယောက် ၈၀ ကျော်သေဆုံးခဲ့ရပါတယ်။ 


1949 ဇန်နဝါရီအစောပိုင်းမှာ ဆိုရှယ်လစ်အမာခံဖြစ်တဲ့ ဗိုလ်စိန်မှန်က ကရင်ရွာဖြစ်တဲ့ တိုက်ကြီးကို ဗုံးကြဲခဲ့တာကြောင့် အိမ် ၁၆လုံးပျက်စီးပြီး ကရင်လူမျိုး ၁၅၀ သေဆုံးခဲ့ရပြန်ပါတယ်။ နေဝင်းရဲ့ အမှတ် ၄ ရိုင်ဖယ်တပ်ကလည်း အားကျမခံ မအူပင်မြို့က အမေရိကန်နှစ်ခြင်းသာသနာပြုကျောင်းကို မီး‌လောင်တိုက်သွင်းခဲ့ပါတယ်။ 

၂ဉီး၂ဖက်တင်းမာမှု ပြင်းထန်လာတာကတော့ ဗမာရွာတစ်ရွာကို KNDO ကဝင်ဆီးပြီးချိန်မှာဖြစ်ပါတယ်။ ဗမာ ၆ယောက်အသတ်ခံရပြီး အဖိုးတန်ပစ္စည်းတွေလုယူခံခဲ့ရပါတယ်။ သတင်းစာတွေရဲ့ ချဲ့ကားရေးသားမှုတွေနဲ့ ပြသနာဟာပိုကြီးထွားလာခဲ့ပါတယ်။ ဗမာတွေအနေနဲ့ KNDO ရုံးချုပ်နားက ကရင်လူမျိုး 100 ကျော်ကို  ဝိုင်းပြီး ခရစ်ယာန်ဘုရားကျောင်းထဲထည့်ပြီး ပိတ်လှောင်ထားခဲ့ပါတယ်။ လူအုပ်ကြီးအနေနဲ့ အဆောက်အဉီးကို ဓာတ်ဆီ‌လောင်းပြီး မီးရှို့ဖို့ကြိုးစားနေကြကြောင်း ရဲတွေက ဝန်ကြီးချုပ် ဉီးနုထံသတင်းပို့ခဲ့ပါတယ်။

အပိုင်း ၂ ဖတ်ရန်- https://ouo.io/7chJFt

(Zawgyi)

အင္းစိန္တိုက္ပြဲအေၾကာင္း

အင္းစိန္တိုက္ပြဲအေၾကာင္းကို မေျပာခင္မွာ လြတ္လပ္ေရးရၿပီး ကာလက ကရင္-ဗမာဆက္ဆံေရးကို အရင္ေျပာျပဖို႔လိုအပ္ပါမယ္။

ကရင္လူမ်ိဳးေတြဟာ အဂၤလိပ္မဟာမိတ္တပ္ေတြနဲ႔ ရင္းႏွီးဆုံးလူမ်ိဳးေတြျဖစ္ၿပီး တိုက္ရည္ခိုက္ရည္လည္းေကာင္းၾကပါတယ္။ ကရင္-အဂၤလိပ္ဆက္ဆံေရးဟာ တတိယ အဂၤလိပ္-ျမန္မာစစ္ပြဲထဲက ျမန္မာသူပုန္ေတြကိုေခ်မႈန္းရာမွာ ကူညီေပးခဲ့ရာကစၿပီး အေတာ္ေလးခိုင္ခံတဲ့ဆက္ဆံေရးရွိတာလည္းျဖစ္ပါတယ္။ အဂၤလိပ္ရဲ႕ တပ္ဖြဲ႕ထဲမွာလည္း စစ္ပညာတတ္ကရင္လူမ်ိဳးအေျမာက္အျမား စစ္မႈထမ္းခဲ့ၾကပါတယ္။

အဲလိုနဲ႔ ျမန္မာ့လြတ္လပ္ေရးအတြက္ ဂ်ပန္ကိုမဟာမိတ္ဖြဲ႕ၿပီး အဂၤလိပ္ကို တိုက္ခိုက္ရာမွာ ကရင္-ဗမာဆက္ဆံေရးစၿပီး ဆိုးဝါးလာခဲ့ပါတယ္။ ဂ်ပန္က်ဴးေက်ာ္စစ္အၿပီး 1942ခုႏွစ္မွာ BIA တပ္ဖြဲ႕ရဲ႕ ဗိုလ္တစ္ဉီးျဖစ္တဲ့ ဗိုလ္ထြန္းလွဟာ ဖာပြန္ၿမိဳ႕မွာ ကရင္လူမ်ိဳး ၁၇ ေယာက္ကို ပစ္သတ္ခဲ့ပါတယ္။ အေၾကာင္းအရင္းကေတာ့ အဲ့ေဒသတြင္းမွာ ေျပာက္က်ားလႈပ္ရွားေနတဲ့ ၿဗိတိလွ်ဗိုလ္မႉးႀကီး Hugh Sea­grim ကိုရွာမေတြ႕လို႔ျဖစ္ပါတယ္။ ဒါ့အျပင္ ေျမာင္းျမၿမိဳ႕မွာလည္း ဝန္ႀကီးေဟာင္း ေစာပီသမိသားစုအပါအဝင္ ကရင္လူမ်ိဳး ၁၅၀ ကို BIA ကသတ္ျဖတ္ခဲ့ပါတယ္။

အဲ့လိုကရင္လူမ်ိဳးေတြအေပၚရက္စက္မႈေတြေၾကာင့္ Seagrim အေနနဲ႔ ဂ်ပန္ဆီမွာကိုယ္တိုင္လက္နက္ခ်ခဲ့ၿပီး ေခါင္းျဖတ္သတ္ျခင္းခံခဲ့ရပါတယ္။ အဲ့လိုအနစ္နာခံခဲ့တဲ့ လုပ္ရပ္ေၾကာင့္ “Grand­fa­ther Lon­glegs” ဆိုၿပီး ယေန႔တိုင္ကရင္လူမ်ိဳးေတြရဲ႕ တျမတ္တႏိုးအမွတ္ရခံရသူျဖစ္ပါတယ္။ အဲ့လိုနဲ႔ရာစုႏွစ္ေပါင္းမ်ားစြာၾကာေနခဲ့တဲ့ ကရင္-ဗမာအၾကား အခ်င္းခ်င္းမယုံၾကည္မႈဟာ လြတ္လပ္ေရးကာလမွာေတာ့ ပိုၿပီးထင္ေပၚလာခဲ့ပါတယ္။

KNU တည္ေထာင္ျခင္း

1947 ေဖေဖာ္ဝါရီလမွာ ေရွ႕ေနတစ္ဉီးျဖစ္တဲ့ ေစာ္ဘဉီးႀကီးက KNU ကိုဖြဲ႕စည္းတည္ေထာင္ခဲ့ၿပီး ျမစ္ဝကြၽန္းေပၚေဒသ၊ ထိုင္းနယ္စပ္ေတာင္တန္းေတြကေန ရန္ကုန္အထိ ကိုယ္စားလွယ္ရာေပါင္းမ်ားစြာ ပါဝင္ပါတယ္။ ကရင္လူမ်ိဳးေတြရဲ႕ လြတ္လပ္‌ေရးေမွ်ာ္မွန္းခ်က္ကေတာ့ ကိုယ္ပိုင္ျပည္နယ္နဲ႔ ဓနသဟာအဖြဲ႕ဝင္အျဖစ္ ဆက္လက္ေနဖို႔ျဖစ္ပါတယ္။

BIA ရဲ႕ ရက္ရက္စက္စက္သတ္ျဖတ္မႈေတြကို ျမင္ၿပီးၾကတာ‌ေၾကာင့္ ‌ဒုတိယကမာၻစစ္ၿပီးခ်ိန္မွာ လက္နက္ေတြျပန္အပ္ဖို႔ကို ကရင္လူမ်ိဳးေတြျငင္းဆိုခဲ့ၾကပါတယ္။ 1947 ဂ်ဴလိုင္လမွာ KNU ရဲ႕လက္နက္ကိုင္တပ္ KNDO ကို ဖြဲ႕စည္းခဲ့ၿပီး မအူပင္ၿမိဳ႕က ေက်ာင္းဆရာ မန္းဘဇန္နဲ Force 136 ရဲ႕ ကပၸတိန္ေဟာင္း ေစာဆန္ကီးတို႔က ကြပ္ကဲပါတယ္။ KNU ဌာနခ်ဳပ္ကိုေတာ့ စမ္းေခ်ာင္းၿမိဳ႕ အလုံလမ္းမွာ အေျခစိုက္ပါတယ္။   

KNU အေနနဲ႔ 1947 ေ႐ြးေကာက္ပြဲကို Boycott ခဲ့ေပမယ့္ လြတ္လပ္ေရးၿပီးကာလအတြက္ေတာ့ ဗမာအစိုးရနဲ႔ ေဆြးေႏြးမႈေတြဆက္လုပ္ခဲ့ပါတယ္။ KNDO ဖြဲ႕စည္းလိုက္ပုံအရ ကိုယ္ပိုင္ျပည္နယ္ကို ေတာင္းမရရင္ တိုက္ယူမယ္ဆိုတာသိသာပါတယ္။ ဗကပနဲ႔ ျပည္သူ႔ရဲေဘာ္တို႔ သူပုန္ထၿပီး ႏိုင္ငံေရးမၿငိမ္သက္ေနခ်ိန္မွာ KNDO နဲ႔ ကရင္လူမ်ိဳး ပါလီမန္တပ္ဖြဲ႕ေတြ ေပါင္းကာ August 31 မွာ ေမာ္လၿမိဳင္ၿမိဳ႕ကို သိမ္းခဲ့ၿပီး ေနာက္တစ္ေန႔မွာ သထုံကိုသိမ္းခဲ့ပါတယ္။ ေသနတ္တစ္ခ်က္မွမေဖာက္ပဲ ေမာ္လၿမိဳင္ၿမိဳ႕ကိုၿငိမ္းၿငိမ္းခ်မ္းခ်မ္း သိမ္းခဲ့သလို ကရင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ေဒသအတြက္ ဉီးႏုကကတိေပးၿပီးခ်ိန္မွာလည္း အသာတၾကည္ပဲ ၿမိဳ႕ကို ျပန္လႊဲေပးခဲ့ပါတယ္။

အဲ့လိုၿငိမ္သက္သြားတဲ့ကာလမွာ ျမန္မာစစ္တပ္ေတြအေနနဲ႔ ေမာ္လၿမိဳင္ေတာင္ဘက္၊ ပုေလာၿမိဳ႕က ႐ြာ ၈ ႐ြာကို အၾကမ္းဖက္ဝင္ေရာက္ခဲ့ပါတယ္။ Christmas ကာလမွာ ဝတ္ျပဳေနၾကတဲ့ ကရင္ခရစ္ယာန္လူမ်ိဳးေတြကို ဝင္ေရာက္သတ္ျဖတ္ခဲ့ၿပီး ကေလးေတြအပါအဝင္ အေယာက္ ၈၀ ေက်ာ္ေသဆုံးခဲ့ရပါတယ္။ 

1949 ဇန္နဝါရီအေစာပိုင္းမွာ ဆိုရွယ္လစ္အမာခံျဖစ္တဲ့ ဗိုလ္စိန္မွန္က ကရင္႐ြာျဖစ္တဲ့ တိုက္ႀကီးကို ဗုံးႀကဲခဲ့တာေၾကာင့္ အိမ္ ၁၆လုံးပ်က္စီးၿပီး ကရင္လူမ်ိဳး ၁၅၀ ေသဆုံးခဲ့ရျပန္ပါတယ္။ ေနဝင္းရဲ႕ အမွတ္ ၄ ႐ိုင္ဖယ္တပ္ကလည္း အားက်မခံ မအူပင္ၿမိဳ႕က အေမရိကန္ႏွစ္ျခင္းသာသနာျပဳေက်ာင္းကို မီး‌ေလာင္တိုက္သြင္းခဲ့ပါတယ္။ 

၂ဉီး၂ဖက္တင္းမွာမႈ ျပင္းထန္လာတာကေတာ့ ဗမာ႐ြာတစ္႐ြာကို KNDO ကဝင္ဆီးၿပီးခ်ိန္မွာျဖစ္ပါတယ္။ ဗမာ ၆ေယာက္အသတ္ခံရၿပီး အဖိုးတန္ပစၥည္းေတြလုယူခံခဲ့ရပါတယ္။ သတင္းစာေတြရဲ႕ ခ်ဲ႕ကားေရးသားမႈေတြနဲ႔ ျပသနာဟာပိုႀကီးထြားလာခဲ့ပါတယ္။ ဗမာေတြအေနနဲ႔ KNDO ႐ုံးခ်ဳပ္နားက ကရင္လူမ်ိဳး 100 ေက်ာ္ကို  ဝိုင္းၿပီး ခရစ္ယာန္ဘုရားေက်ာင္းထဲထည့္ၿပီး ပိတ္ေလွာင္ထားခဲ့ပါတယ္။ လူအုပ္ႀကီးအေနနဲ႔ အေဆာက္အဉီးကို ဓာတ္ဆီ‌ေလာင္းၿပီး မီးရႈိ႕ဖို႔ႀကိဳးစားေနၾကေၾကာင္း ရဲေတြက ဝန္ႀကီးခ်ဳပ္ ဉီးႏုထံသတင္းပို႔ခဲ့ပါတယ္။

အပိုင်း ၂_ https://ouo.io/7chJFt



Comments

  1. ကျုပ်တို့ ဗမာတွေကို တခြားတိုင်းရင်းသားလူမျိုးစုတွေ နာကျည်းမုန်းတီးတာလဲ မပြောနဲ့။ ဒီလို ရက်စက်ယုတ်မာတဲ့ ဗမာတစုက ခေတ်အဆက်ဆက် အနိုင်ကျင့်ဗိုလ်ကျခဲ့ကြလို့ပဲ။ ဒီလိုလူမဆန်တဲ့ကောင်တွေကို သူသတ်ကိုယ်သတ် တုံ့ပြန်နိုင်မှ တန်ကာကျမယ်။

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete

Post a Comment