တောရိုင်းတိရိစ္ဆာန်တွေကို ဖမ်းပြီးမွေးထားသင့်လား
တောရိုင်းတိရိစ္ဆာန်တွေကို ဖမ်းပြီးမွေးထားသင့်လား
လုံးဝမမွေးသင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတာစပြောရရင် မွေးကတည်းကသဘာဝထဲမှာကြီးလာနေလာပျော်လာတာဖြစ်လို့
သူတို့အတွက်အသက်ရှင်နေထိုင်ဖို့အကောင်းဆုံးနေရာက သဘာဝကြီးပါ။ လူတွေအနေနဲ့မွေးမြူမယ်ဆိုရင်
လိုအပ်တဲ့ပတ်ဝန်းကျင်တခုဖန်တီးပေးနိုင်မှပဲရပါတယ်။
သူတို့အတွက်လိုအပ်တဲ့ပတ်ဝန်းကျင်တခုဖန်တီးပေးဖို့ဆိုတာကလည်း လုံးဝမလွယ်ကူပါဘူး။
နောက်တချက်က တရားလုံးဝမဝင်ပါဘူး။ အခုတွေ့နေရတဲ့ wildlife
trading တွေကလုံးဝတရားမဝင်ပါဘူး။ အခုလိုတောရိုင်းတိရိစ္ဆာန်ရောင်းဝယ်ရေးတွေကြောင့် တိရိစ္ဆာန်မျိုးပေါင်းများစွာဟာ မျိုးသုဉ်းတော့မယ့်အန္တရာယ်နဲ့ကြုံတွေ့နေရပါတယ်။
မျိုးသုဉ်းတော့မယ့်တိရိစ္ဆာန်တွေ နှစ်စဉ်ရက်စက်စွာအမဲလိုက်ခံနေရတဲ့မျိုးတွေကို captive
breeding လို့ခေါ်တဲ့နည်းနဲ့လူတွေကမွေးမြူပြီးမျိုးပြန်ပွားအောင်လုပ်ပေးတာမျိုးလည်းရှိပါသေးတယ်။
မျိုးသုဉ်းတော့မယ့်အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့တိရိစ္ဆာန်တွေကို ဒီနည်းနဲ့ပြန်ပြီးမျိုးပွားလေ့ရှိကြပါတယ်ဗျ။
ဒီနည်းနဲ့ပြန်ပြီးမျိုးပွားခဲ့လို့
အန္တရာယ်ကလွတ်ခဲ့တဲ့တိရိစ္ဆာန်တွေလည်းရှိခဲ့ပါတယ်။
ဖြစ်သလိုမွေး ကျွေးချင်သလိုကျွေးပြီး
လှောင်အိမ်ထဲဖမ်းထည့်ထားတာမျိုးက သူတို့ကိုစာနာသနားလို့ကယ်ထားတာထက်
ကိုယ်ကိုယ်တိုင်ကသတ်နေတာမျိုးဖြစ်တတ်ပါတယ်။ တောရိုင်းတိရိစ္ဆာန်ဆိုတာလည်း
သတ္တဝါဖြစ်လို့ စိတ်ခံစားချက်ရှိပါတယ်။ ချစ်တယ်ဆိုပြီးဖမ်းထား ထားချင်သလိုထားတာမျိုးက
သူတို့ကိုနေ့စဉ်နှိပ်စက်သလိုဖြစ်နေမှာပါ။
ဒီနေရာမှာထပ်တွေးမိမှာက
သူတို့ကိုသေချာကျွေးမွေးပြီးကောင်းကောင်းမွန်မွန်ထားရင်ရော မွေးလို့ရနိုင်လား။ ကိုယ်မွေးမယ့်
တောရိုင်းတိရိစ္ဆာန်တကောင်ရဲ့လိုအပ်ချက်တွေကိုသေချာလုပ်ပေးနိုင်ရင်ရပါတယ်။ ဒီစကားကအပြောနဲ့လွယ်သလောက် တကယ့်လုပ်မယ်ဆိုတော့ကြ
အရမ်းခက်ခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အပေါ်ကပြောခဲ့သလိုတိရိစ္ဆာန်တကောင်လိုအပ်တဲ့အပူချိန်ကအစ တိကျသေချာတဲ့ပတ်ဝန်းကျင်တခုဖန်တီးပေးဖို့ဆိုတာလုံးဝမလွယ်ကူလို့ပါပဲဗျ။
ဖန်တီးပေးနိုင်ဖို့ကာ ကုန်ကျစရိတ်လည်းအရမ်းများမှာပါ။ ကျွမ်းကျင်တဲ့ပညာရှင်ဆီက
အကြံပေးချက်တွေလည်းလိုပါဦးမယ်။ ဒါမှ
ဘာလိုအပ်တယ်၊ ဘယ်လိုကျွေးရမယ်၊ ဘယ်လိုဖန်တီးပေးပြီးဘယ်လိုထားရမယ်ဆိုတာတွေကိုသိမှာပါ။ အကောင်းဆုံးကတော့ သဘာဝထဲမှာပျော်တဲ့တိရိစ္ဆာန်တွေကို
သဘာဝထဲမှာထားတာအကောင်းဆုံးပါပဲခင်ဗျာ။




I guess it
ReplyDeleteနောက်ပြီး Captive breeding က အိမ်မှာမွေးတာနဲ့လုံးဝမတူပါဘူး။ တချို့တွေက captive လုပ်တယ်ဆိုပြီးခေါ်မွေးနေအုံးမှာ။ တချို့တွေ တောထဲမှာဒုက္ခရောက်နေလို့အိမ်ခေါ်လာပြီးအိမ်မှာသံယောဇဥ်ဖြစ်သွားလို့ဆက်မွေးထားတာကတစ်မျိူး။ Captive breeding ဆိုတာ ကမ်ပိန်းကြီးတွေလုပ်ပြီး စခန်းနဲ့သေချာမွေးတာမျိုးပါ။ ပြီးရင် သူတို့ wild life ထဲပြန်လွှတ်တယ်။ pet အနေနဲ့မွေးတာမဟုတ်ပါဘူး။ နောက်ပြီး Wild animal တွေက မူလဗီဇမှာကိုကအရိုင်းသဘာဝပါတဲ့အတွက် ယဥ်ကျေးအောင်လုပ်ဖို့ခက်သလို တခါတလေ လူတွေအတွက်ပါအနွတရာယ်ရှိပါတယ်။ တိရစ္ဆာန်တွေကို ချစ်လို့ရတယ် မေတ္တာထားလို့ရတယ်။ မွေးတိုင်းတော့မကောင်းပါဘူး။
ReplyDeleteThis!
DeleteDone 🍀
ReplyDeleteကြိုက်တယ် Like
ReplyDeleteကလိပိး
ReplyDeleteDone🐬🐬
ReplyDeleteClicked ✅
ReplyDeleteI agree
ReplyDeleteThanks for sharing<3
ReplyDeleteDone 💪
ReplyDeleteအစက
ReplyDeleteအသက်ကြီးလာရင်
ကျားမွေးရင်ကောင်းမလား စဥ်းစားနေတာ🙃
Absolutely true!
ReplyDeleteA must-read.
Done 🤍
ReplyDeletedone done
ReplyDeleteအက်မျှင်ကိုချစ်ပါတယ်
ReplyDeleteအက်မျှင့်ကိုမြတ်နိုးပါတယ်