အင်းစိန်တိုက်ပွဲ (အပိုင်း ၂)
တိုက်ပွဲစပြီ
ဉီးနုကိုယ်တိုင်ရောက်လာမှ ပြသနာပြေလည်သွားခဲ့ပေမယ့် KNU ကတော့ ဌာနချုပ်ကို ကရင်လူမျိုးအများစုနေထိုင်ရာ အင်းစိန်ကို ရွှေ့ပြောင်းခဲ့ပါတယ်။ စောဘဉီးကြီးနဲ့ မန်းဘဇန်တို့ဉီးဆောင်ကာ ကြို့ကုန်း၊ သမိုင်းစတဲ့ အနီးနားကမြို့တွေအပါအဝင် အင်းစိန်က ရဲတပ်ဖွဲ့တွေကို လက်နက်ချစေခဲ့ပါတယ်။ 1949 ဇန်နဝါရီ 30 မှာ KNDO ကိုမတရားသင်းကြေငြာခဲ့ပြီးတော့ အင်းစိန်ကိုပြန်သိမ်းဖို့ ကြိုးပမ်းပါတော့တယ်။ KNDO အနေနဲ့ တက်လာတဲ့ တပ်တွေကိုခံတိုက်ပြီး ရန်ကုန်အစိုးရနဲ့ ကရင်လူမျိုးတွေအကြား ပြည်တွင်းစစ်ကားချပ်ဖွင့်လိုက်ပါတော့တယ်။
နောက်သုံးရက်အကြာမှာတော့ အင်းစိန်တစ်မြို့လုံးကို KNDO ကထိန်းချုပ်ထားလိုက်ပြီး မင်္ဂလာဒုံလေဆိပ်ကိုပါ တစ်ရက်ခန့်သိမ်းယူထားနိုင်ခဲ့ပါတယ်။ အင်းစိန်ထောင်ထဲက အကျဉ်းသား ၅၀၀ ကျော်ကိုလည်းပြန်လွှတ်ပေးခဲ့ပါတယ်။ အင်းစိန်တစ်ဝှက်မှာ ကျဉ်ကာတွေ၊ ကတုတ်ကျဉ်းတွေတူးထားပြီး ရန်ကုန်မြို့ထဲသွားတဲ့လမ်းကိုလည်း အတားအဆီးတွေချထားခဲ့ပါတယ်။
ကရင်တွေဆီမှာ လက်နက်ကြီးအဖြစ် ကျည်ကာကားတစ်စီး၊ Oerlikon ၈လက်စတဲ့ မင်္ဂလာဒုံလေဆိပ်ကသိမ်းထားတဲ့ လက်နက်တွေသာရှိပါတယ်။ များသောအားဖြင့် ရိုင်ဖယ်တွေ၊ စတန်းဂန်းတွေ၊ ပစ်စတိုတွေသာကိုင်ထားကြတာဖြစ်ပါတယ်။ မြန်မာအစိုးရကတော့ ကျည်ကာကားတွေ၊ သံချပ်ကာကားတွေ၊ လက်နက််ကြီးတွေအပြင်၊ လေယာဉ်တွေ၊ လှိုင်မြစ်အတွင်းက စစ်ရေယာဉ်တွေနဲ့ပါတိုက်ခိုက်ပါတယ်။
လက်နက်ကြီးသံတွေ ညံနေပေမယ့် အင်းစိန်နေလူဉီးရေ ၁၀၀၀၀ နဲ့ KNDO 2000 တို့အကြား စိတ်ဓာတ်ကတော့ ပျက်ပြားသွားခြင်းမရှိပါဘူး။ အိမ်ရှင်မတွေအနေနဲ့ ထမင်းနဲ့ ငပိတို့ကိုချက်ပြီး မိန်းကလေးတွေက စစ်မြေပြင်ကို ဂျစ်ကားတွေနဲ့ သွားပို့ကြပါတယ်။ ဆန်စက်အများအပြားရှိတဲ့ အင်းစိန်မှာ ရိက္ခာကတော့ စိတ်ပူစရာမရှိလှပါဘူး။
မနက်တိုင်း အင်းစိန်က ဘုရားကျောင်းတိုင်းမှာ ခေါင်းလောင်းသံတလူလူနဲ့ စစ်သည်တွေအတွက် ဆုတောင်းပေးကြပါတယ်။ ကရင်တွေအနေနဲ့ အစိုးရလက်နက်ကြီးနဲ့ မီတာ ၂၀၀ လောက်ကွာတဲ့ ရထားစက်ခေါင်းတွေအကြားနေရာယူကြပါတယ်။ “ကျွန်တော်တို့ ဌာနချုပ်ကိုပြန်ပြီး ကျည်တွေသယ်ကြတဲ့အခါ ဘောလုံးကွင်းကြီးဖြတ်သွားရတယ်..ဗမာတွေကလည်းသိတယ်..အမြဲတမ်း ဘရန်းဂန်းတွေပစ်နေတော့တာပဲ..စက်သေနတ်ရန်ကင်းအောင် မြောင်းတွေထဲကနေ တွားပြီးသွားရတယ်” လို့ ၂၁ နှစ်အရွယ် KNDO တပ်သား စောဘသင်းကပြောပြခဲ့ပါသေးတယ်။
ရဲရဲဝင့်ဝင့်တိုက်ကြပေမယ့် ထိခိုက်ကျဆုံးမှုကလည်းများပြားလှပါတယ်။ ဒဏ်ရာရတပ်သားတွေကို အင်းစိန်ဂျီတီအိုင်မှာ ပြုလုပ်ထားတဲ့ ယာယီဆေးရုံမှာကုသပေးပေမယ့် ဆေးပစ္စည်းတွေကမလုံလောက်ပါဘူး။ အစိုးရဆီမှာ အလုပ်လုပ်နေတဲ့ ဆေးဝန်ထမ်းတွေအကုန်တိုက်ပွဲနေရာရောက်လာပြီး ကူညီပေးကြပါတယ်။ ကရင်ဆရာဝန်ကြီး Dr. Marcus Paw လိုလူတွေပါလာရောက်ကုသပေးခဲ့ပါတယ်။
၈နှစ်အရွယ် ကရင်မလေး လီဒီယာ အနေဲ့ ရွာမရက်ကွက်က သရက်ခြံတွေကြားသူငယ်ချင်းတွေနဲ့ ကစားလေ့ရှိပါတယ်။ “သရက်သီးရာသီရောက်နေပြီဆိုတော့ သမီးတို့သရက်သီးခူးဖို့ အပင်ပေါ်တက်ကြတယ်။ ဒါပေမယ့် လှိုင်မြစ်ထဲက စစ်ရေယာဉ်တွေကနေ အမြှောက်နဲ့လှမ်းပစ်တော့ ပြေးကြရရော။ သမီးသူငယ်ချင်းတစ်ယောက်ကို ဗုံးဆံမှန်ခဲ့ပေမယ့် အသက်တော့ မသေခဲ့ဘူး။ ဒါပေမယ့် သရက်တောထဲသွားရတာ အမြဲတမ်းကြောက်ဖို့ကောင်းတယ်။ ကရင်တွေက လူသေတွေကို အဲ့မှာမြှုတ်လေ့ရှိတယ်လေ” လို့ပြောပြခဲ့ပါသေးတယ်။
တိုက်ပွဲက ရက်သတ္တပတ်တွေကြာခဲ့ပြီး တစ်နိုင်ငံလုံးပြန့်သွားခဲ့တယ်။ အင်းစိန်က ကရင်လူမျိုးတွေအနေနဲ့ ဗမာတပ်က ကရင်လူမျိုးတွေ တပ်တွင်းပုန်ကန်ပြီး လာရောက်ကူညီမယ်လို့ယုံကြည်ခဲ့ကြပါတယ်။ တကယ်လည်းဖြစ်ခဲ့ပါတယ်။ ကရင်ရိုင်ဖယ်တပ်ရင်း အမှတ် ၁ အနေနဲ့ KNDO ဘက်က ဝင်ရောက်တိုက်ခိုက်မယ်လို့ကြေငြာခဲ့ပါတယ်။ အဲ့အချိန်မှာ သူတို့က တောင်ငူမှာတပ်စိုက်ထားတာဖြစ်ပါတယ်။ ပြည်မှာ ကွန်မြူနစ်တွေကိုတိုက်ခိုက်နေတဲ့ ကရင်ရိုင်ဖယ်တပ်ရင်း (၂) ကလည်း ဘတ်စ်ကား အစီး ၂၀ ပေါ် တက်ပြီး အင်းစိန်ဆီချီတက်လာပြီး နတ်တလင်းနဲ့ ဇီးကုန်းတို့ကို သိမ်းပိုက်ခဲ့ပါတယ်။ ဒါပေမယ့် သာယာဝတီမှာ အစိုးရတပ်တွေရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် တပ်ပြန်ဆုတ်ခဲ့ရပါတယ်။
တောင်ငူကတပ်တစ်ချို့ အင်းစိန်ကိုရောက်လာခဲ့ပေမယ့် ပင်မတပ်ရင်းကတော့ ဘုရားကြီးမှာ ပိတ်ဆို့ခြင်းခံခဲ့ရပါတယ်။ ကရင်ရိုင်ဖယ်တပ်ရင်း( ၃) ကိုတော့ လက်နက်ဖြုတ်ခဲ့ပြီး ဗမာစစ်တပ်က ကရင်ခေါင်းဆောင် ၃ ယောက်ကိုလည်း နေရာကဖယ်ရှားခဲ့ပါတယ်။ စစ်ဉီးစီးချုပ် စမစ်ဒွန်းနေရာကို နေဝင်းကအစားဝင်လာခဲ့ပါတယ်။
အဲ့အချိန် ရန်ကုန်အစိုးရကို အထိအနာဆုံးကတော့ ကွန်မြူနစ်တွေကို နိုင်ပွဲဆက်နေတဲ့ ကချင်ရိုင်ဖယ်တပ်ရင်း (၁)နဲ့ ကရင်တွေကိုတိုက်ခိုင်းလိုက်တဲ့အချိန်ဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာဝင်တွေဖြစ်တဲ့ ကချင်တွေဟာ ဗမာတွေအကျိုးအတွက် ဘာသာတူကရင်တွေကိုတိုက်ခိုက်ဖို့မလိုလားပါဘူး။ “ပျဉ်းမနားကွန်မြူနစ်တွေရဲ့ အိမ်မက်ဆိုး” လို့တင်စားကြတဲ့ နော်ဆိုင်းအနေနဲ့ ကရင် ရိုင်ဖယ်တပ်ရင်း ၁ နဲ့ပေါင်းပြီး မြောက်ပိုင်းကိုတက်ကာ တစ်မြို့ပြီးတစ်မြို့သိမ်းပိုက်ပါတော့တယ်။ နော်ဆိုင်းမရှိတော့တော့ ပျဉ်းမနားလဲ ကွန်မြူနစ်တွေလက်အောက်လုံးဝကျရောက်သွားပါတယ်။
ဧပြီလ ၄ရက်နေ့ အထိ အင်းစိန်တစ်မြို့လုံး ဗုံးသံတွေ၊ လက်နက်ကြီးသံတွေဆူညံနေပေမယ့် နောက်တစ်နေ့ မနက်မှာတော့ အလံဖြူထောင်ထားတဲ့ ဂျစ်ကားတစ်စီးနဲ့ အိမ်စီးကား ၂ စီး ရောက်လာပြီး အစိုးရထံကနေ စောဘဉီးကြီးကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ကြားစာရောက်လာပါတော့တယ်။ ဉီးနုက ဆွေးနွေးဖို့ဖိတ်ခေါ်ခဲ့ပြီး ၂ ဖက်လုံး အပစ်အခတ် ၃ရက်ရပ်နားခဲ့ပါတယ်။
နောက်တစ်နေ့မှာပဲ စောဘဉီးကြီးအနေနဲ့ ရန်ကုန်ကိုသွားပြီး ဉီးနုနဲ့ နေဝင်းကိုသွားရောက်တွေ့ဆုံပါတယ်။ ဉီးနုအနေနဲ့ ကရင်တွေရဲ့ တောင်းဆိုမှုတွေကိုကိုယ်ချင်းစာပေမယ့် စစ်တပ်ရဲ့ ဖိအားကြောင့် ဘာကိုမှလိုက်ရောမပေးပဲ အကြွင်းမဲ့လက်နက်ချဖို့သာ ဆိုခဲ့တာကြောင့် စောဘဉီးကြီး စိတ်ပျက်လက်ပျက်ပြန်လာခဲ့ရပါတယ်။
အပစ်ရပ်တဲ့ ၃ရက်အတွင်း မြန်မာစစ်တပ်က အင်အားဖြည့်နေခဲ့ပါတယ်။ အင်းစိန်တစ်ဝှက်မှာလည်း စစ်တပ်ဘက်ကအလောင်းတွေပြန့်ကျဲနေပြီး အကျအဆုံးအလွန်များပြားခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ ဂေါ်ရခါးတပ် ၃ တပ်နဲ့ ဝိုင်းပြီးတိုက်ခိုက်ပါတော့တယ်။
လက်နက်နဲ့ အင်အားနည်းလာတာကြောင့် ကရင်ခေါင်းဆောင်တွေ အရေးပေါ်ဆွေးနွေးပြီး အင်းစိန်ကနေ ဆုတ်ခွာဖို့ဆုံးဖြတ်ခဲ့ပါတယ်။ 22 ရက်နေ့မေလရဲ့ မနက်စောစောမှာ ကရင်တပ်တွေ အင်းစိန်ကနေ ဆုတ်ခွာပြီး ကရင်အများဆုံးနေထိုင်ရာ မြစ်ဝကျွန်းပေါ်ကိုရွှေ့ဖို့ စီစဉ်ခဲ့ကြပါတယ်။ ပျောက်ကြားပုံစံပြောင်းပြီး ပဲခူးရိုးမဘက်နဲ့ ထိုင်းနယ်စပ်ဘက်ကိုလည်း ရွှေ့ပြောင်းခဲ့ကြပါတယ်။ 22 ရက်နေ့ နေ့လည်ရောက်မှ KNDO တပ်သားတွေမရှိတော့တဲ့ အင်းစိန်ကို အစိုးရတပ်တွေသိမ်းပိုက်နိုင်ခဲ့ပါတယ်။ တိုက်ပွဲအတွင်း ကရင်လူမျိုး ၅၀၀ ကျော်သေဆုံးခဲ့ရတာလည်းဖြစ်ပါတယ်။
Burma in Revolt စာအုပ်မှဘာသာပြန်ဖော်ပြသည်။
(Zawgyi)
တိုက္ပြဲစၿပီ
ဉီးႏုကိုယ္တိုင္ေရာက္လာမွ ျပသနာေျပလည္သြားခဲ့ေပမယ့္ KNU ကေတာ့ ဌာနခ်ဳပ္ကို ကရင္လူမ်ိဳးအမ်ားစုေနထိုင္ရာ အင္းစိန္ကို ေ႐ႊ႕ေျပာင္းခဲ့ပါတယ္။ ေစာဘဉီးႀကီးနဲ႔ မန္းဘဇန္တို႔ဉီးေဆာင္ကာ ႀကိဳ႕ကုန္း၊ သမိုင္းစတဲ့ အနီးနားကၿမိဳ႕ေတြအပါအဝင္ အင္းစိန္က ရဲတပ္ဖြဲ႕ေတြကို လက္နက္ခ်ေစခဲ့ပါတယ္။ 1949 ဇန္နဝါရီ 30 မွာ KNDO ကိုမတရားသင္းေၾကျငာခဲ့ၿပီးေတာ့ အင္းစိန္ကိုျပန္သိမ္းဖို႔ ႀကိဳးပမ္းပါေတာ့တယ္။ KNDO အေနနဲ႔ တက္လာတဲ့ တပ္ေတြကိုခံတိုက္ၿပီး ရန္ကုန္အစိုးရနဲ႔ ကရင္လူမ်ိဳးေတြအၾကား ျပည္တြင္းစစ္ကားခ်ပ္ဖြင့္လိုက္ပါေတာ့တယ္။
ေနာက္သုံးရက္အၾကာမွာေတာ့ အင္းစိန္တစ္ၿမိဳ႕လုံးကို KNDO ကထိန္းခ်ဳပ္ထားလိုက္ၿပီး မဂၤလာဒုံေလဆိပ္ကိုပါ တစ္ရက္ခန႔္သိမ္းယူထားႏိုင္ခဲ့ပါတယ္။ အင္းစိန္ေထာင္ထဲက အက်ဥ္းသား ၅၀၀ ေက်ာ္ကိုလည္းျပန္လႊတ္ေပးခဲ့ပါတယ္။ အင္းစိန္တစ္ဝွက္မွာ က်ဥ္ကာေတြ၊ ကတုတ္က်ဥ္းေတြတူးထားၿပီး ရန္ကုန္ၿမိဳ႕ထဲသြားတဲ့လမ္းကိုလည္း အတားအဆီးေတြခ်ထားခဲ့ပါတယ္။
ကရင္ေတြဆီမွာ လက္နက္ႀကီးအျဖစ္ က်ည္ကာကားတစ္စီး၊ Oerlikon ၈လက္စတဲ့ မဂၤလာဒုံေလဆိပ္ကသိမ္းထားတဲ့ လက္နက္ေတြသာရွိပါတယ္။ မ်ားေသာအားျဖင့္ ႐ိုင္ဖယ္ေတြ၊ စတန္းဂန္းေတြ၊ ပစ္စတိုေတြသာကိုင္ထားၾကတာျဖစ္ပါတယ္။ ျမန္မာအစိုးရကေတာ့ က်ည္ကာကားေတြ၊ သံခ်ပ္ကာကားေတြ၊ လက္နက္္ႀကီးေတြအျပင္၊ ေလယာဥ္ေတြ၊ လႈိင္ျမစ္အတြင္းက စစ္ေရယာဥ္ေတြနဲ႔ပါတိုက္ခိုက္ပါတယ္။
လက္နက္ႀကီးသံေတြ ညံေနေပမယ့္ အင္းစိန္ေနလူဉီးေရ ၁၀၀၀၀ နဲ႔ KNDO 2000 တို႔အၾကား စိတ္ဓာတ္ကေတာ့ ပ်က္ျပားသြားျခင္းမရွိပါဘူး။ အိမ္ရွင္မေတြအေနနဲ႔ ထမင္းနဲ႔ ငပိတို႔ကိုခ်က္ၿပီး မိန္းကေလးေတြက စစ္ေျမျပင္ကို ဂ်စ္ကားေတြနဲ႔ သြားပို႔ၾကပါတယ္။ ဆန္စက္အမ်ားအျပားရွိတဲ့ အင္းစိန္မွာ ရိကၡာကေတာ့ စိတ္ပူစရာမရွိလွပါဘူး။
မနက္တိုင္း အင္းစိန္က ဘုရားေက်ာင္းတိုင္းမွာ ေခါင္းေလာင္းသံတလူလူနဲ႔ စစ္သည္ေတြအတြက္ ဆုေတာင္းေပးၾကပါတယ္။ ကရင္ေတြအေနနဲ႔ အစိုးရလက္နက္ႀကီးနဲ႔ မီတာ ၂၀၀ ေလာက္ကြာတဲ့ ရထားစက္ေခါင္းေတြအၾကားေနရာယူၾကပါတယ္။ “ကြၽန္ေတာ္တို႔ ဌာနခ်ဳပ္ကိုျပန္ၿပီး က်ည္ေတြသယ္ၾကတဲ့အခါ ေဘာလုံးကြင္းႀကီးျဖတ္သြားရတယ္..ဗမာေတြကလည္းသိတယ္..အၿမဲတမ္း ဘရန္းဂန္းေတြပစ္ေနေတာ့တာပဲ..စက္ေသနတ္ရန္ကင္းေအာင္ ေျမာင္းေတြထဲကေန တြားၿပီးသြားရတယ္” လို႔ ၂၁ ႏွစ္အ႐ြယ္ KNDO တပ္သား ေစာဘသင္းကေျပာျပခဲ့ပါေသးတယ္။
ရဲရဲဝင့္ဝင့္တိုက္ၾကေပမယ့္ ထိခိုက္က်ဆုံးမႈကလည္းမ်ားျပားလွပါတယ္။ ဒဏ္ရာရတပ္သားေတြကို အင္းစိန္ဂ်ီတီအိုင္မွာ ျပဳလုပ္ထားတဲ့ ယာယီေဆး႐ုံမွာကုသေပးေပမယ့္ ေဆးပစၥည္းေတြကမလုံေလာက္ပါဘူး။ အစိုးရဆီမွာ အလုပ္လုပ္ေနတဲ့ ေဆးဝန္ထမ္းေတြအကုန္တိုက္ပြဲေနရာေရာက္လာၿပီး ကူညီေပးၾကပါတယ္။ ကရင္ဆရာဝန္ႀကီး Dr. Marcus Paw လိုလူေတြပါလာေရာက္ကုသေပးခဲ့ပါတယ္။
၈ႏွစ္အ႐ြယ္ ကရင္မေလး လီဒီယာ အေနဲ႔ ႐ြာမရက္ကြက္က သရက္ၿခံေတြၾကားသူငယ္ခ်င္းေတြနဲ႔ ကစားေလ့ရွိပါတယ္။ “သရက္သီးရာသီေရာက္ေနၿပီဆိုေတာ့ သမီးတို႔သရက္သီးခူးဖို႔ အပင္ေပၚတက္ၾကတယ္။ ဒါေပမယ့္ လႈိင္ျမစ္ထဲက စစ္ေရယာဥ္ေတြကေန အေျမႇာက္နဲ႔လွမ္းပစ္ေတာ့ ေျပးၾကရေရာ။ သမီးသူငယ္ခ်င္းတစ္ေယာက္ကို ဗုံးဆံမွန္ခဲ့ေပမယ့္ အသက္ေတာ့ မေသခဲ့ဘူး။ ဒါေပမယ့္ သရက္ေတာထဲသြားရတာ အၿမဲတမ္းေၾကာက္ဖို႔ေကာင္းတယ္။ ကရင္ေတြက လူေသေတြကို အဲ့မွာျမႇဳတ္ေလ့ရွိတယ္ေလ” လို႔ေျပာျပခဲ့ပါေသးတယ္။
တိုက္ပြဲက ရက္သတၱပတ္ေတြၾကာခဲ့ၿပီး တစ္ႏိုင္ငံလုံးျပန႔္သြားခဲ့တယ္။ အင္းစိန္က ကရင္လူမ်ိဳးေတြအေနနဲ႔ ဗမာတပ္က ကရင္လူမ်ိဳးေတြ တပ္တြင္းပုန္ကန္ၿပီး လာေရာက္ကူညီမယ္လို႔ယုံၾကည္ခဲ့ၾကပါတယ္။ တကယ္လည္းျဖစ္ခဲ့ပါတယ္။ ကရင္႐ိုင္ဖယ္တပ္ရင္း အမွတ္ ၁ အေနနဲ႔ KNDO ဘက္က ဝင္ေရာက္တိုက္ခိုက္မယ္လို႔ေၾကျငာခဲ့ပါတယ္။ အဲ့အခ်ိန္မွာ သူတို႔က ေတာင္ငူမွာတပ္စိုက္ထားတာျဖစ္ပါတယ္။ ျပည္မွာ ကြန္ျမဴနစ္ေတြကိုတိုက္ခိုက္ေနတဲ့ ကရင္႐ိုင္ဖယ္တပ္ရင္း (၂) ကလည္း ဘတ္စ္ကား အစီး ၂၀ ေပၚ တက္ၿပီး အင္းစိန္ဆီခ်ီတက္လာၿပီး နတ္တလင္းနဲ႔ ဇီးကုန္းတို႔ကို သိမ္းပိုက္ခဲ့ပါတယ္။ ဒါေပမယ့္ သာယာဝတီမွာ အစိုးရတပ္ေတြရဲ႕ ၿခဳံခိုတိုက္ခိုက္မႈေၾကာင့္ တပ္ျပန္ဆုတ္ခဲ့ရပါတယ္။
ေတာင္ငူကတပ္တစ္ခ်ိဳ႕ အင္းစိန္ကိုေရာက္လာခဲ့ေပမယ့္ ပင္မတပ္ရင္းကေတာ့ ဘုရားႀကီးမွာ ပိတ္ဆို႔ျခင္းခံခဲ့ရပါတယ္။ ကရင္႐ိုင္ဖယ္တပ္ရင္း( ၃) ကိုေတာ့ လက္နက္ျဖဳတ္ခဲ့ၿပီး ဗမာစစ္တပ္က ကရင္ေခါင္းေဆာင္ ၃ ေယာက္ကိုလည္း ေနရာကဖယ္ရွားခဲ့ပါတယ္။ စစ္ဉီးစီးခ်ဳပ္ စမစ္ဒြန္းေနရာကို ေနဝင္းကအစားဝင္လာခဲ့ပါတယ္။
အဲ့အခ်ိန္ ရန္ကုန္အစိုးရကို အထိအနာဆုံးကေတာ့ ကြန္ျမဴနစ္ေတြကို ႏိုင္ပြဲဆက္ေနတဲ့ ကခ်င္႐ိုင္ဖယ္တပ္ရင္း (၁)နဲ႔ ကရင္ေတြကိုတိုက္ခိုင္းလိုက္တဲ့အခ်ိန္ျဖစ္ပါတယ္။ ခရစ္ယာန္ဘာသာဝင္ေတြျဖစ္တဲ့ ကခ်င္ေတြဟာ ဗမာေတြအက်ိဳးအတြက္ ဘာသာတူကရင္ေတြကိုတိုက္ခိုက္ဖို႔မလိုလားပါဘူး။ “ပ်ဥ္းမနားကြန္ျမဴနစ္ေတြရဲ႕ အိမ္မက္ဆိုး” လို႔တင္စားၾကတဲ့ ေနာ္ဆိုင္းအေနနဲ႔ ကရင္ ႐ိုင္ဖယ္တပ္ရင္း ၁ နဲ႔ေပါင္းၿပီး ေျမာက္ပိုင္းကိုတက္ကာ တစ္ၿမိဳ႕ၿပီးတစ္ၿမိဳ႕သိမ္းပိုက္ပါေတာ့တယ္။ ေနာ္ဆိုင္းမရွိေတာ့ေတာ့ ပ်ဥ္းမနားလဲ ကြန္ျမဴေတြလက္ေအာက္လုံးဝက်ေရာက္သြားပါတယ္။
ဧၿပီလ ၄ရက္ေန႔ အထိ အင္းစိန္တစ္ၿမိဳ႕လုံး ဗုံးသံေတြ၊ လက္နက္ႀကီးသံေတြဆူညံေနေပမယ့္ ေနာက္တစ္ေန႔ မနက္မွာေတာ့ အလံျဖဴေထာင္ထားတဲ့ ဂ်စ္ကားတစ္စီးနဲ႔ အိမ္စီးကား ၂ စီး ေရာက္လာၿပီး အစိုးရထံကေန ေစာဘဉီးႀကီးကို ၿငိမ္းခ်မ္းေရးေဆြးေႏြးဖို႔ ဖိတ္ၾကားစာေရာက္လာပါေတာ့တယ္။ ဉီးႏုက ေဆြးေႏြးဖို႔ဖိတ္ေခၚခဲ့ၿပီး ၂ ဖက္လုံး အပစ္အခတ္ ၃ရက္ရပ္နားခဲ့ပါတယ္။
ေနာက္တစ္ေန႔မွာပဲ ေစာဘဉီးႀကီးအေနနဲ႔ ရန္ကုန္ကိုသြားၿပီး ဉီးႏုနဲ႔ ေနဝင္းကိုသြားေရာက္ေတြ႕ဆုံပါတယ္။ ဉီးႏုအေနနဲ႔ ကရင္ေတြရဲ႕ ေတာင္းဆိုမႈေတြကိုကိုယ္ခ်င္းစာေပမယ့္ စစ္တပ္ရဲ႕ ဖိအားေၾကာင့္ ဘာကိုမွလိုက္ေရာမေပးပဲ အႂကြင္းမဲ့လက္နက္ခ်ဖို႔သာ ဆိုခဲ့တာေၾကာင့္ ေစာဘဉီးႀကီး စိတ္ပ်က္လက္ပ်က္ျပန္လာခဲ့ရပါတယ္။
အပစ္ရပ္တဲ့ ၃ရက္အတြင္း ျမန္မာစစ္တပ္က အင္အားျဖည့္ေနခဲ့ပါတယ္။ အင္းစိန္တစ္ဝွက္မွာလည္း စစ္တပ္ဘက္ကအေလာင္းေတြျပန႔္က်ဲေနၿပီး အက်အဆုံးအလြန္မ်ားျပားခဲ့ပါတယ္။ ေနာက္တစ္ေန႔မွာေတာ့ ေဂၚရခါးတပ္ ၃ တပ္နဲ႔ ဝိုင္းၿပီးတိုက္ခိုက္ပါေတာ့တယ္။
လက္နက္နဲ႔ အင္အားနည္းလာတာေၾကာင့္ ကရင္ေခါင္းေဆာင္ေတြ အေရးေပၚေဆြးေႏြးၿပီး အင္းစိန္ကေန ဆုတ္ခြာဖို႔ဆုံးျဖတ္ခဲ့ပါတယ္။ 22 ရက္ေန႔ေမလရဲ႕ မနက္ေစာေစာမွာ ကရင္တပ္ေတြ အင္းစိန္ကေန ဆုတ္ခြာၿပီး ကရင္အမ်ားဆုံးေနထိုင္ရာ ျမစ္ဝကြၽန္းေပၚကိုေ႐ႊ႕ဖို႔ စီစဥ္ခဲ့ၾကပါတယ္။ ေပ်ာက္ၾကားပုံစံေျပာင္းၿပီး ပဲခူး႐ိုးမဘက္နဲ႔ ထိုင္းနယ္စပ္ဘက္ကိုလည္း ေ႐ႊ႕ေျပာင္းခဲ့ၾကပါတယ္။ 22 ရက္ေန႔ ေန႔လည္ေရာက္မွ KNDO တပ္သားေတြမရွိေတာ့တဲ့ အင္းစိန္ကို အစိုးရတပ္ေတြသိမ္းပိုက္ႏိုင္ခဲ့ပါတယ္။ တိုက္ပြဲအတြင္း ကရင္လူမ်ိဳး ၅၀၀ ေက်ာ္ေသဆုံးခဲ့ရတာလည္းျဖစ္ပါတယ္။
Burma in Revolt စာအုပ္မွဘာသာျပန္ေဖာ္ျပသည္။
Done 💪
ReplyDeleteDone
ReplyDeleteရောင်စုံသောင်းကျန်းသူ ဆိုပြီး ပြည်သူအများစုကို ဂျင်းထည့်ခဲ့ကြတယ်။ ပြီးတော့ စစ်တပ်က ကယ်တင်ရှင် သူတော်ကောင်း ဝင်လုပ်တယ်။ ခုချိန်မှာတော့ ပြည်သူတွေကို ဘတ်ကီးရိုက်လို့ မရတော့ဘူး။
ReplyDeleteThank for knowledge
ReplyDeleteDone 🍀
ReplyDeleteThanks🐬🐬
ReplyDeleteDone 🤍
ReplyDeleteDone
ReplyDelete