ရန်သူ့အကြောင်းတစ်စေ့တစ်စောင်း (အတွဲ ၁)
မြန်မာ့တပ်မတော် တပ်ရင်း တပ်ဖွဲ့များ ဖွဲ့စည်းပုံ
တကယ်တော့ တပ်မတော်ဆိုတာ စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားတဲ့ လက်နက်ကိုင် အစုအဖွဲ့ကြီး တစ်ခုပါ။ အောက်ခြေကနေ အထက် အဆင့်ဆင့် စုဖွဲ့သွားရာကနေ၊ အထက်ကနေ အောက်အထိ ကွပ်ကဲညွှန်ကြားမှုတွေနဲ့ စည်းစနစ်ကျကျ လည်ပတ်နေတဲ့ အဖွဲ့အစည်းပါပဲ။
လက်ရှိ တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့တွေကို အမျိုးအစားလေးခု ခွဲခြားပါတယ်။
ပင်မတိုက်ခိုက်ရေး (ခြေလျင်၊ ခြေမြန်)
စစ်လက်ရုံး (လက်ရုံး)
စစ်အကူလက်ရုံး (အကူ)
စစ်အကူလက်ရုံးဝန်ထမ်း (ဝန်ထမ်း) ဒီလေးမျိုးပါ။
တိုက်ခိုက်ရေးလို့ ခေါ်တဲ့ ပင်မ တပ်အုပ်စုမှာ ခြေလျင်တပ်ရင်း၊ ခြေမြန်တပ်ရင်း၊ နယ်ခြားစောင့်တပ်ရင်းတွေ ပါ ပါတယ်။ သူတို့က စစ်မြေပြင်မှာ အဓိကတိုက်ခိုက်နေရတဲ့ တပ်ဖွဲ့တွေပါပဲ။
စစ်လက်ရုံးလို့ ခေါ်တဲ့ ပစ်ကူပေးတပ်အုပ်စုကတော့ အမြောက်နဲ့ သံချပ်ကာယန္တယားတပ်တွေ၊ မြေပြင်တိုက်ခိုက်ရေး လေကြောင်းတပ်တွေ ပါ။ တိုက်ခိုက်ရေးတပ်တွေက ထိုးစစ်၊ ခံစစ် ဆင်နွှဲနေချိန်မှာ၊ လိုအပ်တဲ့ လက်နက်ကြီးပစ်ကူတွေ ပေးရတဲ့ တပ်တွေ ဖြစ်ပါတယ်။
စစ်အကူလက်ရုံးလို့ခေါ်တဲ့ စစ်ဆင်ရေးတွေမှာ ကူညီပေးတဲ့ တပ်အုပ်စုမှာတော့ စစ်ထောက်လှမ်းရေးတွေ၊ စစ်မြေပြင်အင်ဂျင်နီယာတွေ၊ ဆက်သွယ်ရေးနဲ့ တပ်ထိန်းတပ်ဖွဲ့တွေ ပါပါတယ်။ စစ်ဆင်ရေး ဆောင်ရွက်ရာမှာ အထောက်အကူဖြစ်စေဖို့ စစ်မြေပြင်မှာ အကူအညီပေးရတဲ့ တပ်တွေပါ။
စစ်အကူလက်ရုံးဝန်ထမ်းလို့ ခေါ်တဲ့ စစ်ဆင်ရေးတပ်ဖွဲ့တွေရဲ့ နောက်ဘက်က အုပ်ချုပ်ထောက်ပံံ့မှုကိစ္စတွေ ဆောင်ရွက်ပေးရတဲ့ တပ်အုပ်စုမှာ ဆေးဝန်ထမ်းတပ်တွေ၊ ထောက်/ပို့ တပ်တွေ ပါဝင်တယ်။ ရှေ့တန်းက တိုက်ခိုက်ရေးတပ်တွေ စစ်ဆင်ရေး ဆက်လက်ဆင်နွှဲနိုင်အောင် ထောက်ပံ့ကူညီပေးတဲ့ တပ်တွေဆိုရင်လည်း မမှားပါဘူး။
စစ်တပ်တစ်ခုရဲ့ တပ်ရင်းတပ်ဖွဲ့တွေကို ဒီလို အုပ်စုလေးခု ခွဲခြားသတ်မှတ်ပါတယ်။ နိုင်ငံတွေ၊ တပ်မတော်တွေအလိုက် ကွာခြားမှု အနည်းငယ် ရှိကြပေမယ့်၊ အနှစ်ချုပ်ကတော့ အဲဒီ့အတိုင်းပဲ ဖြစ်ပါတယ်။
ရှေ့ဆက်ပြီး တပ်ဖွဲ့စည်းပုံအကြောင်း ပြောချငိပါတယ်။ တပ်မတော်မှာ အောက်ခြေအကျဆုံး အစုအဖွဲ့က လူဆယ်ယောက် ပါဝင်တဲ့ တပ်စိတ်ဖြစ်ပါတယ်။ အဲ့လို တပ်စိတ်မျိုး သုံးခုပေါင်း လူအယောက်သုံးဆယ်ကို တပ်စုလို့ ခေါ်ပါတယ်။ တပ်စုသုံးခု တနည်း တပ်စိတ်ကိုးစိတ်စာ လူအယောက် ကိုးဆယ်ကတော့ တပ်ခွဲအဖြစ် ဖွဲ့စည်းပါတယ်။ (သုံးစိတ်-တစ်စု၊ သုံးစု-တစ်ခွဲ ဆိုတာပါ။) တပ်ခွဲလေးခု စုပေါင်းပြီး တိုက်ခိုက်ရေးတပ်ရင်းတစ်ခု ဖွဲ့ပါတယ်။ ခုနက ပြောခဲ့တဲ့ တပ်ခွဲလေးခုအပြင် တပ်ရင်းဋ္ဌာနချုပ်တပ်ခွဲ၊ တပ်ရင်းလက်နက်ကြီးပစ်ကူတပ်စု၊ တပ်ရင်းမော်တော်ယာဥ်တပ်စု၊ တပ်ရင်းဆေးတပ်စု စတာတွေလည်း ပါ ပါသေးတယ်။ တပ်ရင်းရဲ့ ဖွဲ့စည်းပုံအပြည့်က လူရှစ်ရာကျော်ပါတယ်။
ခမရလို့ ခေါ်တဲ့ ခြေမြန်တပ်ရင်း သုံးခုကို စုပြီး ဗျူဟာတစ်ခု ဖွဲ့ပါတယ်။ ဗျူဟာ သုံးခု (တပ်ရင်း ကိုးခု)ကို တပ်မတစ်ခု ဖွဲ့ပြန်ပါတယ်။ မြန်မာစစ်တပ်မှာ တပ်မ ၁၁ကနေ တပ်မ ၁၀၁အထိ ခြေမြန်တပ်မပေါင်း ၁၁ခု ရှိပါတယ်။ တပ်မတွေမှာ စစ်ဒေသပုံသေ မရှိပဲ၊ စစ်ဆင်ရေးဆင်နွှဲတဲ့ အခါ အသုံးပြုဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ တပ်ရင်းတွေပါ။ ခြေမြန်တပ်မတွေနဲ့ အလားသဏ္ဍာန်တူတဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် နှစ်ဆယ်ခု ရှိပါတယ်။
ခမရတွေအပြင်၊ ခြေလျင်တပ်ရင်း ခလရတွေပါ စုပေါင်းပြီး နယ်မြေဒေသ အပိုင်းအခြားနဲ့ တိုင်းစစ်ဌာနချုပ် ၁၄ခု ဖွဲ့ပါတယ်။ အရှေ့တောင်တိုင်း၊ အရှေ့အလယ်ပိုင်း၊ ကမ်းရိုးတန်းတိုင်း စတာတွေ ဖြစ်ပါတယ်။ တိုင်းစစ်ဌာနချုပ်မှာတော့ ဖွဲ့စည်းပုံအရ ပုံသေ လက်အောက်ခံတပ်ရင်းအရေအတွက် အတိအကျမရှိဘဲ၊ စစ်ရေးအရ အရေးပါရင် ပါသလို တပ်ရင်းအင်အားတွေ လိုတိုး ပိုလျှော့ လုပ်တာပါ။ တိုင်းစစ်ဌာနချုပ်နဲ့ အလားသဏ္ဍာန်တူတဲ့ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် ခြောက်ခု ရှိပါတယ်။ တိုင်းစစ်ဌာနချုပ် နယ်မြေထဲက ဝေးလံခေါင်ဖျားတဲ့ ဒေသတွေပို အနီးကပ် ကွပ်ကဲနိုင်ဖို့ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်တွေကို ဖွဲ့စည်းတာ ဖြစ်ပါတယ်။
တိုင်းနဲ့ တပ်မ မတူညီတဲ့ အချက်ကတော့၊ တိုင်းမှာ စစ်နယ်ဝှန်း ပုံသေရှိပြီး၊ သူ့စစ်နယ်ဝှန်းအတွင်းမှာ နယ်မြေစိုးမိုးရေးကို ဆောင်ရွက်ရတာပါ။ တပ်မမှာတော့ စစ်နယ်ဝှန်း ပုံသေမရှိဘဲ၊ လိုအပ်သလို တိုက်စစ် ဆင်နိုင်ဖို့၊ စစ်ကစားနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဥပမာ ၁၉၉၂ခု၊ မတ်လအတွင်းမှာ KNUရဲ့ ဗဟိုဌာနချုပ်ဖြစ်တဲ့ ကရင်ပြည်နယ် - မာနေပလောကို မြန်မာစစ်တပ်က ထိုးစစ်ဆင်ပါတယ်။ အဲ့ စစ်ဆင်ရေးမှာ.ပါဝင်ခဲ့တဲ့ တပ်တွေက ကရင်ပြည်နယ်ပါဝင်တဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်က တပ်ရင်းတွေ မဟုတ်ပဲ၊ စစ်ကိုင်းမြို့မှာ အခြေစိုက်တဲ့ ခြေမြန်တပ်မ ၃၃နဲ့ မကွေးမြို့မှာ အခြေစိုက်တဲ့ ခြေမြန်တပ်မ ၈၈ လက်အောက်က တပ်ရင်းတွေ ဖြစ်ကြပါတယ်။
တိုင်းစစ်ဌာနချုပ်တွေ၊ ခြေမြန်တပ်မဌာနချုပ်တွေ၊ လေတပ်စခန်းဌာနချုပ်၊ ရေတပ်စခန်းဌာနချုပ်၊ လက်ရုံးတပ်စခန်းဌာနချုပ်တွေကို စုစည်းပြီး စစ်ဆင်ရေးအထူးတပ်ဖွဲ့ ခြောက်ခု ဖွဲ့ပါတယ်။ စစ်ဆင်ရေးအထူးတပ်ဖွဲ့ ခြောက်ခုရဲ့ အထက်မှာ တပ်မတော်ပဲ ရှိပါတယ်။
လူဆယ်ယောက်ပါ တပ်စိတ်ကို ဦးစီးတာက တပ်ကြပ်ကြီးပါ။ လူသုံးဆယ်ပါ တပ်စုကို ဦးစီးတာက ဒုဗိုလ်ပါ။ လူကိုးဆယ်ပါ တပ်ခွဲကို ဦးစီးတာက ဗိုလ်ကြီးပါ။ လူရှစ်ရာပါ တပ်ရင်းကို ဦးစီးတာက ဒုဗိုလ်မှူးကြီးပါ။
တပ်ရင်းသုံးရင်းပါ ဗျူဟာကို ကွပ်ကဲတာက ဗိုလ်မှူးကြီးပါ။ တပ်မနဲ့ စစ်တိုင်းတွေကို ဦးစီးတဲ့ အရာရှိအဆင့်တွေ ပုံသေ မရှိပါဘူး။ အရေးပါရင် ပါသလို ဗိုလ်မှူးချုပ် ဒါမှမဟုတ် ဗိုလ်ချုပ်တစ်ဦးဦးက ကွပ်ကဲပါတယ်။ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်တွေကိုတော့ ဗိုလ်မှူးချုပ်တွေက ကွပ်ကဲတာ ဖြစ်ပါတယ်။ အထူးစစ်ဆင်ရေးအဖွဲ့တွေကို ကွပ်ကဲသူတွေကတော့ အများအားဖြင့် ဒုဗိုလ်ချုပ်ကြီး အဆင့်ရှိသူတွေ ဖြစ်ပါတယ်။
အတိုကောက် အခေါ်အဝေါ်တွေကို ဒီမှာ စုစည်းထားပါတယ်။
ခလရ ခြေလျင်တပ်ရင်း
ခမရ ခြေမြန်တပ်ရင်း
တပ်မ ခြေမြန်တပ်မဌာနချုပ်
တိုင်း တိုင်းစစ်ဌာနချုပ်
စကခ စစ်ဆင်ရေးကွပ်ကဲမှူဌာနချုပ်
ဒကစ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်
ဗျူဟာ တပ်မလက်အောက်ခံ ဗျူဟာ
တပ်မတော် ဖွဲ့စည်းပုံ ဆောင်းပါးရှည် ပထမပိုင်းကတော့ ဒီလောက်ပါပဲ။ ဒုတိယအပိုင်းမှာ တပ်မတော်သားတွေရဲ့ ရာထူးအဆင့်အတန်းနဲ့ လက်ရှိ စစ်ကောင်စီ တပ်ရင်းတွေမှာ အင်အား ဘယ်လောက်ရှိနေလဲ ဆိုတာ ဆက်ပြောကြအောင်ပါ။
(Zawgyi)
ရန္သူ႔အေၾကာင္း တေစ့တေစာင္း
ပထမပိုင္း
ျမန္မာ့တပ္မေတာ္ တပ္ရင္း တပ္ဖြဲ႕မ်ား ဖြဲ႕စည္းပုံ
တကယ္ေတာ့ တပ္မေတာ္ဆိုတာ စနစ္တက် ဖြဲ႕စည္းတည္ေထာင္ထားတဲ့ လက္နက္ကိုင္ အစုအဖြဲ႕ႀကီး တစ္ခုပါ။ ေအာက္ေျခကေန အထက္ အဆင့္ဆင့္ စုဖြဲ႕သြားရာကေန၊ အထက္ကေန ေအာက္အထိ ကြပ္ကဲၫႊန္ၾကားမႈေတြနဲ႔ စည္းစနစ္က်က် လည္ပတ္ေနတဲ့ အဖြဲ႕အစည္းပါပဲ။
လက္ရွိ တပ္မေတာ္ တပ္ရင္း၊ တပ္ဖြဲ႕ေတြကို အမ်ိဳးအစားေလးခု ခြဲျခားပါတယ္။
ပင္မတိုက္ခိုက္ေရး (ေျခလ်င္၊ ေျချမန္)
စစ္လက္႐ုံး (လက္႐ုံး)
စစ္အကူလက္႐ုံး (အကူ)
စစ္အကူလက္႐ုံးဝန္ထမ္း (ဝန္ထမ္း) ဒီေလးမ်ိဳးပါ။
တိုက္ခိုက္ေရးလို႔ ေခၚတဲ့ ပင္မ တပ္အုပ္စုမွာ ေျခလ်င္တပ္ရင္း၊ ေျချမန္တပ္ရင္း၊ နယ္ျခားေစာင့္တပ္ရင္းေတြ ပါ ပါတယ္။ သူတို႔က စစ္ေျမျပင္မွာ အဓိကတိုက္ခိုက္ေနရတဲ့ တပ္ဖြဲ႕ေတြပါပဲ။
စစ္လက္႐ုံးလို႔ ေခၚတဲ့ ပစ္ကူေပးတပ္အုပ္စုကေတာ့ အေျမာက္နဲ႔ သံခ်ပ္ကာယႏၲယားတပ္ေတြ၊ ေျမျပင္တိုက္ခိုက္ေရး ေလေၾကာင္းတပ္ေတြ ပါ။ တိုက္ခိုက္ေရးတပ္ေတြက ထိုးစစ္၊ ခံစစ္ ဆင္ႏႊဲေနခ်ိန္မွာ၊ လိုအပ္တဲ့ လက္နက္ႀကီးပစ္ကူေတြ ေပးရတဲ့ တပ္ေတြ ျဖစ္ပါတယ္။
စစ္အကူလက္႐ုံးလို႔ေခၚတဲ့ စစ္ဆင္ေရးေတြမွာ ကူညီေပးတဲ့ တပ္အုပ္စုမွာေတာ့ စစ္ေထာက္လွမ္းေရးေတြ၊ စစ္ေျမျပင္အင္ဂ်င္နီယာေတြ၊ ဆက္သြယ္ေရးနဲ႔ တပ္ထိန္းတပ္ဖြဲ႕ေတြ ပါပါတယ္။ စစ္ဆင္ေရး ေဆာင္႐ြက္ရာမွာ အေထာက္အကူျဖစ္ေစဖို႔ စစ္ေျမျပင္မွာ အကူအညီေပးရတဲ့ တပ္ေတြပါ။
စစ္အကူလက္႐ုံးဝန္ထမ္းလို႔ ေခၚတဲ့ စစ္ဆင္ေရးတပ္ဖြဲ႕ေတြရဲ႕ ေနာက္ဘက္က အုပ္ခ်ဳပ္ေထာက္ပံံ့မႈကိစၥေတြ ေဆာင္႐ြက္ေပးရတဲ့ တပ္အုပ္စုမွာ ေဆးဝန္ထမ္းတပ္ေတြ၊ ေထာက္/ပို႔ တပ္ေတြ ပါဝင္တယ္။ ေရွ႕တန္းက တိုက္ခိုက္ေရးတပ္ေတြ စစ္ဆင္ေရး ဆက္လက္ဆင္ႏႊဲႏိုင္ေအာင္ ေထာက္ပံ့ကူညီေပးတဲ့ တပ္ေတြဆိုရင္လည္း မမွားပါဘူး။
စစ္တပ္တစ္ခုရဲ႕ တပ္ရင္းတပ္ဖြဲ႕ေတြကို ဒီလို အုပ္စုေလးခု ခြဲျခားသတ္မွတ္ပါတယ္။ ႏိုင္ငံေတြ၊ တပ္မေတာ္ေတြအလိုက္ ကြာျခားမႈ အနည္းငယ္ ရွိၾကေပမယ့္၊ အႏွစ္ခ်ဳပ္ကေတာ့ အဲဒီ့အတိုင္းပဲ ျဖစ္ပါတယ္။
ေရွ႕ဆက္ၿပီး တပ္ဖြဲ႕စည္းပုံအေၾကာင္း ေျပာခ်ငိပါတယ္။ တပ္မေတာ္မွာ ေအာက္ေျခအက်ဆုံး အစုအဖြဲ႕က လူဆယ္ေယာက္ ပါဝင္တဲ့ တပ္စိတ္ျဖစ္ပါတယ္။ အဲ့လို တပ္စိတ္မ်ိဳး သုံးခုေပါင္း လူအေယာက္သုံးဆယ္ကို တပ္စုလို႔ ေခၚပါတယ္။ တပ္စုသုံးခု တနည္း တပ္စိတ္ကိုးစိတ္စာ လူအေယာက္ ကိုးဆယ္ကေတာ့ တပ္ခြဲအျဖစ္ ဖြဲ႕စည္းပါတယ္။ (သုံးစိတ္-တစ္စု၊ သုံးစု-တစ္ခြဲ ဆိုတာပါ။) တပ္ခြဲေလးခု စုေပါင္းၿပီး တိုက္ခိုက္ေရးတပ္ရင္းတစ္ခု ဖြဲ႕ပါတယ္။ ခုနက ေျပာခဲ့တဲ့ တပ္ခြဲေလးခုအျပင္ တပ္ရင္း႒ာနခ်ဳပ္တပ္ခြဲ၊ တပ္ရင္းလက္နက္ႀကီးပစ္ကူတပ္စု၊ တပ္ရင္းေမာ္ေတာ္ယာဥ္တပ္စု၊ တပ္ရင္းေဆးတပ္စု စတာေတြလည္း ပါ ပါေသးတယ္။ တပ္ရင္းရဲ႕ ဖြဲ႕စည္းပုံအျပည့္က လူရွစ္ရာေက်ာ္ပါတယ္။
ခမရလို႔ ေခၚတဲ့ ေျချမန္တပ္ရင္း သုံးခုကို စုၿပီး ဗ်ဴဟာတစ္ခု ဖြဲ႕ပါတယ္။ ဗ်ဴဟာ သုံးခု (တပ္ရင္း ကိုးခု)ကို တပ္မတစ္ခု ဖြဲ႕ျပန္ပါတယ္။ ျမန္မာစစ္တပ္မွာ တပ္မ ၁၁ကေန တပ္မ ၁၀၁အထိ ေျချမန္တပ္မေပါင္း ၁၁ခု ရွိပါတယ္။ တပ္မေတြမွာ စစ္ေဒသပုံေသ မရွိပဲ၊ စစ္ဆင္ေရးဆင္ႏႊဲတဲ့ အခါ အသုံးျပဳဖို႔ ရည္႐ြယ္ဖြဲ႕စည္းထားတဲ့ တပ္ရင္းေတြပါ။ ေျချမန္တပ္မေတြနဲ႔ အလားသ႑ာန္တူတဲ့ စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္ ႏွစ္ဆယ္ခု ရွိပါတယ္။
ခမရေတြအျပင္၊ ေျခလ်င္တပ္ရင္း ခလရေတြပါ စုေပါင္းၿပီး နယ္ေျမေဒသ အပိုင္းအျခားနဲ႔ တိုင္းစစ္ဌာနခ်ဳပ္ ၁၄ခု ဖြဲ႕ပါတယ္။ အေရွ႕ေတာင္တိုင္း၊ အေရွ႕အလယ္ပိုင္း၊ ကမ္း႐ိုးတန္းတိုင္း စတာေတြ ျဖစ္ပါတယ္။ တိုင္းစစ္ဌာနခ်ဳပ္မွာေတာ့ ဖြဲ႕စည္းပုံအရ ပုံေသ လက္ေအာက္ခံတပ္ရင္းအေရအတြက္ အတိအက်မရွိဘဲ၊ စစ္ေရးအရ အေရးပါရင္ ပါသလို တပ္ရင္းအင္အားေတြ လိုတိုး ပိုေလွ်ာ့ လုပ္တာပါ။ တိုင္းစစ္ဌာနခ်ဳပ္နဲ႔ အလားသ႑ာန္တူတဲ့ ေဒသကြပ္ကြဲမႈစစ္ဌာနခ်ဳပ္ ေျခာက္ခု ရွိပါတယ္။ တိုင္းစစ္ဌာနခ်ဳပ္ နယ္ေျမထဲက ေဝးလံေခါင္ဖ်ားတဲ့ ေဒသေတြပို အနီးကပ္ ကြပ္ကဲႏိုင္ဖို႔ ေဒသကြပ္ကြဲမႈစစ္ဌာနခ်ဳပ္ေတြကို ဖြဲ႕စည္းတာ ျဖစ္ပါတယ္။
တိုင္းနဲ႔ တပ္မ မတူညီတဲ့ အခ်က္ကေတာ့၊ တိုင္းမွာ စစ္နယ္ဝွန္း ပုံေသရွိၿပီး၊ သူ႔စစ္နယ္ဝွန္းအတြင္းမွာ နယ္ေျမစိုးမိုးေရးကို ေဆာင္႐ြက္ရတာပါ။ တပ္မမွာေတာ့ စစ္နယ္ဝွန္း ပုံေသမရွိဘဲ၊ လိုအပ္သလို တိုက္စစ္ ဆင္ႏိုင္ဖို႔၊ စစ္ကစားႏိုင္ဖို႔ ရည္႐ြယ္ပါတယ္။ ဥပမာ ၁၉၉၂ခု၊ မတ္လအတြင္းမွာ KNUရဲ႕ ဗဟိုဌာနခ်ဳပ္ျဖစ္တဲ့ ကရင္ျပည္နယ္ - မာေနပေလာကို ျမန္မာစစ္တပ္က ထိုးစစ္ဆင္ပါတယ္။ အဲ့ စစ္ဆင္ေရးမွာ.ပါဝင္ခဲ့တဲ့ တပ္ေတြက ကရင္ျပည္နယ္ပါဝင္တဲ့ အေရွ႕ေတာင္တိုင္းစစ္ဌာနခ်ဳပ္ လက္ေအာက္က တပ္ရင္းေတြ မဟုတ္ပဲ၊ စစ္ကိုင္းၿမိဳ႕မွာ အေျခစိုက္တဲ့ ေျချမန္တပ္မ ၃၃နဲ႔ မေကြးၿမိဳ႕မွာ အေျခစိုက္တဲ့ ေျချမန္တပ္မ ၈၈ လက္ေအာက္က တပ္ရင္းေတြ ျဖစ္ၾကပါတယ္။
တိုင္းစစ္ဌာနခ်ဳပ္ေတြ၊ ေျချမန္တပ္မဌာနခ်ဳပ္ေတြ၊ ေလတပ္စခန္းဌာနခ်ဳပ္၊ ေရတပ္စခန္းဌာနခ်ဳပ္၊ လက္႐ုံးတပ္စခန္းဌာနခ်ဳပ္ေတြကို စုစည္းၿပီး စစ္ဆင္ေရးအထူးတပ္ဖြဲ႕ ေျခာက္ခု ဖြဲ႕ပါတယ္။ စစ္ဆင္ေရးအထူးတပ္ဖြဲ႕ ေျခာက္ခုရဲ႕ အထက္မွာ တပ္မေတာ္ပဲ ရွိပါတယ္။
လူဆယ္ေယာက္ပါ တပ္စိတ္ကို ဦးစီးတာက တပ္ၾကပ္ႀကီးပါ။ လူသုံးဆယ္ပါ တပ္စုကို ဦးစီးတာက ဒုဗိုလ္ပါ။ လူကိုးဆယ္ပါ တပ္ခြဲကို ဦးစီးတာက ဗိုလ္ႀကီးပါ။ လူရွစ္ရာပါ တပ္ရင္းကို ဦးစီးတာက ဒုဗိုလ္မႉးႀကီးပါ။
တပ္ရင္းသုံးရင္းပါ ဗ်ဴဟာကို ကြပ္ကဲတာက ဗိုလ္မႉးႀကီးပါ။ တပ္မနဲ႔ စစ္တိုင္းေတြကို ဦးစီးတဲ့ အရာရွိအဆင့္ေတြ ပုံေသ မရွိပါဘူး။ အေရးပါရင္ ပါသလို ဗိုလ္မႉးခ်ဳပ္ ဒါမွမဟုတ္ ဗိုလ္ခ်ဳပ္တစ္ဦးဦးက ကြပ္ကဲပါတယ္။ စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္နဲ႔ ေဒသကြပ္ကဲမႈစစ္ဌာနခ်ဳပ္ေတြကိုေတာ့ ဗိုလ္မႉးခ်ဳပ္ေတြက ကြပ္ကဲတာ ျဖစ္ပါတယ္။ အထူးစစ္ဆင္ေရးအဖြဲ႕ေတြကို ကြပ္ကဲသူေတြကေတာ့ အမ်ားအားျဖင့္ ဒုဗိုလ္ခ်ဳပ္ႀကီး အဆင့္ရွိသူေတြ ျဖစ္ပါတယ္။
အတိုေကာက္ အေခၚအေဝၚေတြကို ဒီမွာ စုစည္းထားပါတယ္။
ခလရ ေျခလ်င္တပ္ရင္း
ခမရ ေျချမန္တပ္ရင္း
တပ္မ ေျချမန္တပ္မဌာနခ်ဳပ္
တိုင္း တိုင္းစစ္ဌာနခ်ဳပ္
စကခ စစ္ဆင္ေရးကြပ္ကဲမႉဌာနခ်ဳပ္
ဒကစ ေဒသကြပ္ကဲမႈစစ္ဌာနခ်ဳပ္
ဗ်ဴဟာ တပ္မလက္ေအာက္ခံ ဗ်ဴဟာ
တပ္မေတာ္ ဖြဲ႕စည္းပုံ ေဆာင္းပါးရွည္ ပထမပိုင္းကေတာ့ ဒီေလာက္ပါပဲ။ ဒုတိယအပိုင္းမွာ တပ္မေတာ္သားေတြရဲ႕ ရာထူးအဆင့္အတန္းနဲ႔ လက္ရွိ စစ္ေကာင္စီ တပ္ရင္းေတြမွာ အင္အား ဘယ္ေလာက္ရွိေနလဲ ဆိုတာ ဆက္ေျပာၾကေအာင္ပါ။
ကလိပီး
ReplyDeleteDone ✅
ReplyDeleteWaiting for next continuation
ReplyDeleteတပ်ခွဲကိုမှူးဗက(ဗိုလ်ကြီး/ဗိုလ်မှူး)များကကွပ်ကဲတယ်လို့သိထားပါတယ်..တိုင်းစစ်ဌာနချုပ်တပ်များဟာ..နယ်မြေလုံခြုံရေးပိုင်းကိုအဓိကတာဝန်ယူရပြီး..တပ်မ/စကခတပ်များကစစ်ဆင်ရေးကြီးများကိုအဓိကဆင်နွှဲရကြောင်းသိရှိဘူးပါတယ်..တပ်မနဲ့စကခများကိုကကကြည်း(စစ်ဆင်ရေး)နဲ့ကာချုပ်ကတိုက်ရိုက်အမိန့်ပေးကွပ်ကဲတာလို့လည်းသိရှိမိပါတယ်...စစ်တိုင်းမှူးတွေအမိန့်ပေးခွင့်မရှိဘူးလို့သိရပါတယ်...ကာချုပ်ကစစ်တိုင်းမှူးတွေကိုတန်ပြန်ထိန်းချပ်ထားတဲ့သဘောလို့ယူဆရပါတယ်....
ReplyDeleteDone 💪
ReplyDelete💪💪💪
ReplyDeleteWe must win
ReplyDelete😈
ReplyDelete💪💪
ReplyDeleteDone 🤍
ReplyDeleteDone😁😁🐬🐬🐬🐬
ReplyDelete💪💪💪
ReplyDeleteokay done
ReplyDelete