ရန်သူ့အကြောင်း တစေ့တစောင်း ဒုတိယတွဲ
ရန်သူ့အကြောင်း တစေ့တစောင်း
ဒုတိယတွဲ
တပ်မတော်သားတို့၏ ရာထူးအဆင့်အတန်းများ နှင့်
မြန်မာတပ်မတော်ရဲ့ လက်ရှိ အင်အား အစစ်အမှန်က ဘယ်လောက်လဲ
တပ်မတော်သားတွေရဲ့ ရာထူးတွေထဲမှာ အရာရှိအဆင့် ဆယ်ခုနဲ့ အခြားအဆင့် ခြောက်ခု ရှိပါတယ်။ အရာရှိအဆင့်ဆိုတာက ဒုဗိုလ်ကနေ ဗိုလ်ချုပ်မှူးကြီးအထိ ဖြစ်ပြီး၊ အခြားအဆင့်ဆိုတာကတော့ အရာခံ၊ အကြပ်နဲ့ စစ်သည် အဆင့်တွေအားလုံးကို ပေါင်းခေါ်ထားတာ ဖြစ်ပါတယ်။
အောက်က စာရင်းလေးကို တစ်ချက် ကြည့်ကြည့်ရအောင်ပါ။
ဗိုလ်ချုပ်မှူးကြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (မင်းအောင်လှိုင်)
ဒုဗိုလ်ချုပ်မှူးကြီး ဒုတပ်မတော်ကာကွယ်ရေးဦးစီးချုပ် (စိုးဝင်း)
ဗိုလ်ချုပ်ကြီး ရေ/လေကာကွယ်ရေးဦးစီးချုပ်များ၊ ညှိနှိုင်းကွပ်ကဲရေးမှူး၊ လက်ရုံးတပ် ညွှန်မှူးများ စသည်
ဒုဗိုလ်ချုပ်ကြီး အထူးစစ်ရေးရေးအဖွဲ့မှူးများ၊ လက်ရုံးတပ် ညွှန်မှူးများ စသည်
ဗိုလ်ချုပ် စစ်တိုင်းမှူးများ၊ တပ်မမှူးများ စသည်
ဗိုလ်မှူးချုပ် စစ်တိုင်းမှူးများ၊ တပ်မမှူးများ၊ ဒကစမှူးများ၊ စကခမှူးများ စသည်
ဗိုလ်မှူးကြီး ဗျူဟာမှူးများ
ဒုဗိုလ်မှူးကြီး တပ်ရင်းမှူးများ
ဗိုလ်မှူး ဒုတပ်ရင်းမှူးများ
ဗိုလ်ကြီး တပ်ခွဲမှူးများ
ဗိုလ် ဒုတပ်ခွဲမှူးများ
ဒုဗိုလ် တပ်စုမှူးများ
အရာခံဗိုလ်
ဒုအရာခံဗိုလ်
တပ်ကြပ်ကြီး
တပ်ကြပ်
ဒုတပ်ကြပ်
တပ်သား
ဒီမှာ တစ်ခု ထူးခြားချက်က ''ဗိုလ်''အဆင့်က လွဲရင် ကျန်တဲ့ အပေါ်အဆင့်တွေမှာ ''ကြီး''ပါမှ ဒုတိယအဆင့် ရှိပါတယ်။ ဆိုလိုတာက ဗိုလ်မှူးကြီးအောက်မှာ ဒုတိယဗိုလ်မှူးကြီး ရှိတယ်။ ဗိုလ်မှူးအောက်မှာတော့ ဒုတိယဗိုလ်မှူးဆိုပြီး မရှိပါဘူး။ ထိုနည်းတူပါပဲ၊ ဗိုလ်ချုပ်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးရယ်လို့၊ ရှိကြပေမယ့် ဗိုလ်ချုပ်အောက်မှာ ဒုတိယဗိုလ်ချုပ်ဆိုပြီး မရှိတာပါ။
ဒါပေမယ့် ''ဗိုလ်''သုံးဆင့်က ကွဲပြားပါတယ်။ ဗိုလ်ကြီးအောက်မှာ ဒုတိယဗိုလ်ကြီး မရှိဘဲ၊ ဗိုလ် ရာထူး တန်းလာပြီး၊ ဗိုလ် အောက်မှာ ဒုတိယဗိုလ် ရှိနေတာပါ။
အရင်အပိုင်းက တပ်ရင်းဖွဲ့စည်းပုံအကြောင်း နည်းနည်း ပြန်ပြောချင်ပါတယ်။ တပ်ရင်းတစ်ခုရဲ့ တရားဝင်ဖွဲ့စည်းပုံအရ အရာရှိ ၃၁ အခြားအဆင့် ၈၂၈ စုစုပေါင်း ကိုးရာနီးပါး ပါဝင်ရမှာ ဖြစ်ပါတယ်။ ဒါက ခြေလျင်/ခြေမြန် တပ်ရင်းဖွဲ့စည်းပုံကဖ ၂၀၀၁အရ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာစစ်တပ်ရဲ့ ဘယ်တပ်ရင်းမှာမှ ဖွဲ့စည်းပုံအပြည့် မရှိကြပါဘူး။ တပ်ရင်းတစ်ရင်းမှာ လူနှစ်ရာ ပတ်ဝန်းကျင်ပဲ ရှိတယ်လို့ သိရပြီး၊ ဒီသတင်းရင်းမြစ်ကိူ မြန်မာအကြီးတန်းဂျာနယ်လစ် တစ်ယောက်ဖြစ်တဲ့ ကိုမရတ်ကျော်သူဆီက သိရတာပါ။ သိရတဲ့ သတင်းရင်းမြစ်က ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေထဲက တပ်မ ၇၇ လက်အောက်ခံ တပ်ရင်းတွေရဲ့ အင်အားအခြေပြဇယားပါ။ ဒီဇယားကို အောက်မှာ ပြန်လည် ဖော်ပြထားတာပါတယ်။ ဇယားပါ စာရင်းအတိုင်းဆို ရွှေပြည်သာမှာ အခြေစိုက်တဲ့ ခလရ(၆)မှာ ဖွဲ့စည်းပုံအရ ၈၅၇ယောက် ရှိရမဲ့အစား ၁၉၅ယောက်ပဲ ရှိနေတာကို တွေ့ရပါတယ်။ အဲဒီ့အတိုင်းပါပဲ၊ အင်းတကော်မှာ အခြေစိုက်တဲ့ ခမရ(၁၀၁)မှာလဲ ၁၉၇ယောက်ပဲ ရှိနေတာပါ။ ဘောနက်ကြီးက ခလရ(၅၉)၊ ဝမ်းဘဲအင်းက ခမရ(၇)နဲ့ (၈)၊ ထောက်ကြန့်က ခမရ(၁၀၆)နဲ့ (၃၉၁) မှော်ဘီက ခမရ(၃၁၃)၊ အင်းတကော်က ခမရ(၁၀၅)နဲ့ (၁၀၇)တပ်တွေမှာလဲ ဘယ်တပ်ရင်းဆီမှာမှ အင်အား နှစ်ရာ မပြည့်ကြတာကို တွေ့ရမှာပါ။ တပ်ရင်းတွေရဲ့ မူလဖွဲ့စည်းပုံ အင်အားနဲ့ လက်ရှိ အင်အားကို အောက်က ဇယားမှာ နှိုင်းယှဥ်ကြည့်နိုင်ပါတယ်။ ဆိုတော့ကာ မြန်မာစစ်တပ်မှာ တပ်မတွေ ဘယ်နှခုရှိတယ်၊ တပ်ရင်းတွေ ဘယ်နှရင်းရှိတယ်ဆိုပြီး အထင်ကြီးစရာ မရှိတော့ဘဲ၊ ဆင်သားရေခြုံထားတဲ့ ဆိတ်ငယ်လေးတစ်ကောင်အဖြစ်ပဲ ရှုမြင်ရတော့မှာပါ။ ဒါပေမဲ့ ကြောင်လက်သည်းဝှက်သလိုမျိုး လည်လွန်းလှတဲ့ စစ်ကောင်စီကလဲ မရိုးမသားတွေ လုပ်ထားနိုင်တာကြောင့် ရန်သူကို အထင်မသေးဖို့လည်း တိုက်တွန်းပါရစေ။ (အထက်ပါ အချက်အလက်နှင့် အောက်ပါစာရင်းဇယားများသည် ကိုမရတ်ကျော်သူ၏ တယ်လီဂရမ်ချန်နယ်လ်မှ တဆင့် မှီငြမ်းရယူထားခြင်းဖြစ်ပါသည်၊ စကားချပ်)
ဒုတိယအပိုင်းကတော့ တိုပါတယ်။ တတိယအပိုင်းမှာ မြန်မာစစ်တပ်သမိုင်းအကျဥ်းချုပ်အကြောင်း ပြောကြရအောင်ပါ။

(zawgyi)

ရန္သူ႔အေၾကာင္း တေစ့တေစာင္း
ဒုတိယတြဲ
တပ္မေတာ္သားတို႔၏ ရာထူးအဆင့္အတန္းမ်ား ႏွင့္
ျမန္မာတပ္မေတာ္ရဲ႕ လက္ရွိ အင္အား အစစ္အမွန္က ဘယ္ေလာက္လဲ
တပ္မေတာ္သားေတြရဲ႕ ရာထူးေတြထဲမွာ အရာရွိအဆင့္ ဆယ္ခုနဲ႔ အျခားအဆင့္ ေျခာက္ခု ရွိပါတယ္။ အရာရွိအဆင့္ဆိုတာက ဒုဗိုလ္ကေန ဗိုလ္ခ်ဳပ္မႉးႀကီးအထိ ျဖစ္ၿပီး၊ အျခားအဆင့္ဆိုတာကေတာ့ အရာခံ၊ အၾကပ္နဲ႔ စစ္သည္ အဆင့္ေတြအားလုံးကို ေပါင္းေခၚထားတာ ျဖစ္ပါတယ္။
ေအာက္က စာရင္းေလးကို တစ္ခ်က္ ၾကည့္ၾကည့္ရေအာင္ပါ။
ဗိုလ္ခ်ဳပ္မႉးႀကီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ (မင္းေအာင္လႈိင္)
ဒုဗိုလ္ခ်ဳပ္မႉးႀကီး ဒုတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ (စိုးဝင္း)
ဗိုလ္ခ်ဳပ္ႀကီး ေရ/ေလကာကြယ္ေရးဦးစီးခ်ဳပ္မ်ား၊ ညႇိႏႈိင္းကြပ္ကဲေရးမႉး၊ လက္႐ုံးတပ္ ၫႊန္မႉးမ်ား စသည္
ဒုဗိုလ္ခ်ဳပ္ႀကီး အထူးစစ္ေရးေရးအဖြဲ႕မႉးမ်ား၊ လက္႐ုံးတပ္ ၫႊန္မႉးမ်ား စသည္
ဗိုလ္ခ်ဳပ္ စစ္တိုင္းမႉးမ်ား၊ တပ္မမႉးမ်ား စသည္
ဗိုလ္မႉးခ်ဳပ္ စစ္တိုင္းမႉးမ်ား၊ တပ္မမႉးမ်ား၊ ဒကစမႉးမ်ား၊ စကခမႉးမ်ား စသည္
ဗိုလ္မႉးႀကီး ဗ်ဴဟာမႉးမ်ား
ဒုဗိုလ္မႉးႀကီး တပ္ရင္းမႉးမ်ား
ဗိုလ္မႉး ဒုတပ္ရင္းမႉးမ်ား
ဗိုလ္ႀကီး တပ္ခြဲမႉးမ်ား
ဗိုလ္ ဒုတပ္ခြဲမႉးမ်ား
ဒုဗိုလ္ တပ္စုမႉးမ်ား
အရာခံဗိုလ္
ဒုအရာခံဗိုလ္
တပ္ၾကပ္ႀကီး
တပ္ၾကပ္
ဒုတပ္ၾကပ္
တပ္သား
ဒီမွာ တစ္ခု ထူးျခားခ်က္က ''ဗိုလ္''အဆင့္က လြဲရင္ က်န္တဲ့ အေပၚအဆင့္ေတြမွာ ''ႀကီး''ပါမွ ဒုတိယအဆင့္ ရွိပါတယ္။ ဆိုလိုတာက ဗိုလ္မႉးႀကီးေအာက္မွာ ဒုတိယဗိုလ္မႉးႀကီး ရွိတယ္။ ဗိုလ္မႉးေအာက္မွာေတာ့ ဒုတိယဗိုလ္မႉးဆိုၿပီး မရွိပါဘူး။ ထိုနည္းတူပါပဲ၊ ဗိုလ္ခ်ဳပ္ႀကီး၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီးရယ္လို႔၊ ရွိၾကေပမယ့္ ဗိုလ္ခ်ဳပ္ေအာက္မွာ ဒုတိယဗိုလ္ခ်ဳပ္ဆိုၿပီး မရွိတာပါ။
ဒါေပမယ့္ ''ဗိုလ္''သုံးဆင့္က ကြဲျပားပါတယ္။ ဗိုလ္ႀကီးေအာက္မွာ ဒုတိယဗိုလ္ႀကီး မရွိဘဲ၊ ဗိုလ္ ရာထူး တန္းလာၿပီး၊ ဗိုလ္ ေအာက္မွာ ဒုတိယဗိုလ္ ရွိေနတာပါ။
အရင္အပိုင္းက တပ္ရင္းဖြဲ႕စည္းပုံအေၾကာင္း နည္းနည္း ျပန္ေျပာခ်င္ပါတယ္။ တပ္ရင္းတစ္ခုရဲ႕ တရားဝင္ဖြဲ႕စည္းပုံအရ အရာရွိ ၃၁ အျခားအဆင့္ ၈၂၈ စုစုေပါင္း ကိုးရာနီးပါး ပါဝင္ရမွာ ျဖစ္ပါတယ္။ ဒါက ေျခလ်င္/ေျချမန္ တပ္ရင္းဖြဲ႕စည္းပုံကဖ ၂၀၀၁အရ ျဖစ္ပါတယ္။ ဒါေပမဲ့ ျမန္မာစစ္တပ္ရဲ႕ ဘယ္တပ္ရင္းမွာမွ ဖြဲ႕စည္းပုံအျပည့္ မရွိၾကပါဘူး။ တပ္ရင္းတစ္ရင္းမွာ လူႏွစ္ရာ ပတ္ဝန္းက်င္ပဲ ရွိတယ္လို႔ သိရၿပီး၊ ဒီသတင္းရင္းျမစ္ကိူ ျမန္မာအႀကီးတန္းဂ်ာနယ္လစ္ တစ္ေယာက္ျဖစ္တဲ့ ကိုမရတ္ေက်ာ္သူဆီက သိရတာပါ။ သိရတဲ့ သတင္းရင္းျမစ္က ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္နယ္ေျမထဲက တပ္မ ၇၇ လက္ေအာက္ခံ တပ္ရင္းေတြရဲ႕ အင္အားအေျချပဇယားပါ။ ဒီဇယားကို ေအာက္မွာ ျပန္လည္ ေဖာ္ျပထားတာပါတယ္။ ဇယားပါ စာရင္းအတိုင္းဆို ေ႐ႊျပည္သာမွာ အေျခစိုက္တဲ့ ခလရ(၆)မွာ ဖြဲ႕စည္းပုံအရ ၈၅၇ေယာက္ ရွိရမဲ့အစား ၁၉၅ေယာက္ပဲ ရွိေနတာကို ေတြ႕ရပါတယ္။ အဲဒီ့အတိုင္းပါပဲ၊ အင္းတေကာ္မွာ အေျခစိုက္တဲ့ ခမရ(၁၀၁)မွာလဲ ၁၉၇ေယာက္ပဲ ရွိေနတာပါ။ ေဘာနက္ႀကီးက ခလရ(၅၉)၊ ဝမ္းဘဲအင္းက ခမရ(၇)နဲ႔ (၈)၊ ေထာက္ၾကန္႔က ခမရ(၁၀၆)နဲ႔ (၃၉၁) ေမွာ္ဘီက ခမရ(၃၁၃)၊ အင္းတေကာ္က ခမရ(၁၀၅)နဲ႔ (၁၀၇)တပ္ေတြမွာလဲ ဘယ္တပ္ရင္းဆီမွာမွ အင္အား ႏွစ္ရာ မျပည့္ၾကတာကို ေတြ႕ရမွာပါ။ တပ္ရင္းေတြရဲ႕ မူလဖြဲ႕စည္းပုံ အင္အားနဲ႔ လက္ရွိ အင္အားကို ေအာက္က ဇယားမွာ ႏႈိင္းယွဥ္ၾကည့္ႏိုင္ပါတယ္။ ဆိုေတာ့ကာ ျမန္မာစစ္တပ္မွာ တပ္မေတြ ဘယ္ႏွခုရွိတယ္၊ တပ္ရင္းေတြ ဘယ္ႏွရင္းရွိတယ္ဆိုၿပီး အထင္ႀကီးစရာ မရွိေတာ့ဘဲ၊ ဆင္သားေရၿခဳံထားတဲ့ ဆိတ္ငယ္ေလးတစ္ေကာင္အျဖစ္ပဲ ရႈျမင္ရေတာ့မွာပါ။ ဒါေပမဲ့ ေၾကာင္လက္သည္းဝွက္သလိုမ်ိဳး လည္လြန္းလွတဲ့ စစ္ေကာင္စီကလဲ မ႐ိုးမသားေတြ လုပ္ထားႏိုင္တာေၾကာင့္ ရန္သူကို အထင္မေသးဖို႔လည္း တိုက္တြန္းပါရေစ။ (အထက္ပါ အခ်က္အလက္ႏွင့္ ေအာက္ပါစာရင္းဇယားမ်ားသည္ ကိုမရတ္ေက်ာ္သူ၏ တယ္လီဂရမ္ခ်န္နယ္လ္မွ တဆင့္ မွီျငမ္းရယူထားျခင္းျဖစ္ပါသည္၊ စကားခ်ပ္)
ဒုတိယအပိုင္းကေတာ့ တိုပါတယ္။ တတိယအပိုင္းမွာ ျမန္မာစစ္တပ္သမိုင္းအက်ဥ္းခ်ဳပ္အေၾကာင္း ေျပာၾကရေအာင္ပါ။
Done🐬🐬🐬
ReplyDeleteClicked ✅
ReplyDeleteကလိပီး
ReplyDeleteClicked ✊
ReplyDeletedone
ReplyDeleteDone 💪
ReplyDelete👻
ReplyDeleteDone 🤍
ReplyDeleteတကယ်မရှိပဲ လူစာရင်းပြ လစာထုတ်စားတာတွေရော ရှိဘူးလား
ReplyDeleteအဲလိုကြားဖူးလို့