သူရဲကောင်းဝတ်ရုံကို ကောက်ခြုံလာခဲ့ကြသောအညတရများ (အပိုင်း ၂)
ပါရီမြို့တွင်ရောက်ရှိနေသည့် သံချက်ဝန်ထောက်မင်း ဦးမြူ (မင်းကြီး မင်းလှ မဟာစည်သူ) က လန်ဒန် တိုင်းသတင်းထောက်သို့ ထုတ်ဖော်ပြောသည့်စကားထဲတွင် ထိုသဘောကို တွေ့နိုင်သည်။ သံချက်ဝန်ထောက်မင်းသည် အင်္ဂလိပ်စကား၊ ပြင်သစ်စကား ကို တတ်ကျွမ်း၍ ပါရီမြို့တွင် အမြဲနေထိုင်ရန် ရောက်ရှိနေသည့် သံအမတ်ကြီးဖြစ်သည်။ မန္တလေးကို သိမ်းပိုက်ခြင်းနှင့်ပတ်သက်၍ မြန်မာသံအမတ်ကြီး သံချက်ဝန်ထောက်မင်းကြီး မင်းလှမဟာစည်သူက ကိုယ့်အရှင်သခင်နှင့်မနေရသည်ကို များစွာ စိတ်မချမ်းသာ။ ထီးကျိုးစည်ပေါက်ဖြစ်ရခြင်းထက် ဖြစ်ရသည့်အကြောင်းရင်းများအတွက် ပို၍ဝမ်းနည်းမိပါ သည်'ဟု ယဉ်ကျေးသိမ်မွေ့သော်လည်း ထိရောက်တိကျသော သံတမန်စကားလုံးများဖြင့် ထုတ်ဖော်ပြောဆိုခဲ့သည်။ လန်ဒန်တိုင်းသတင်းထောက်နှင့်တွေ့ရာတွင် မြန်မာသံအမတ် ကြီး သံချက်ဝန်ထောက်မင်းကြီးမင်းလှမဟာစည်သူက ထုတ်ဖော်ပြောဆိုရာ၌
”အင်္ဂလိပ်အစိုးရက သီပေါမင်းကို နန်းပြန်မတင်ရင် မြန်မာတွေ သဘောကျတဲ့ မင်းသားနှစ်ပါးတော့ရှိတယ်။ သီပေါမင်းဟာ စိတ်ထား နူးညံ့လွန်း၊ ယုံလွယ်လွန်းတယ် ဆိုတာမှန်တယ်။ သူ့ကို ပြန်နန်းတင်ဖို့ အခက်အခဲရှိလိမ့်မယ်ထင်တယ်။ သီပေါမင်းဟာ စိတ်ထားပျော့ပြီး အသက်လည်း ငယ်တဲ့အတွက် ဘုရင်အဖြစ်နဲ့တော့ မတန်တာအမှန်ပဲ။ သီပေါမင်းဟာ အစဉ်းစားအမြော်မြင်နည်းသူတွေရဲ့ သြဇာကို လိုက်နာနေတော့ ပိုပြီး ခက်တယ်။
”ကျုပ်ပြောတဲ့ မင်းသားနှစ်ပါးအနက် တစ်ပါးက ပွန်ဒီချယ်ရီမှာရှိနေတယ်။ •သားနဲ့တွေ့ခဲ့တုန်းက ပွန်ဒီချယ်ရီကို တော်တော်ချီးကျူးတယ်။ ပွန်ဒီချယ်ရီဟာ ပြင်သစ်ယဉ်ကျေးမှု ပျံ့နှံ့ရာဒေသလို့ ယူဆပုံရတယ်။ ပွန်ဒီချယ်ရီမှာပြောတဲ့ ပြင်သစ်ကားဟာ မြို့သုံးစကား၊ နန်းမူနန်းဟန်ပါတဲ့စကားလို့ ကျုပ်ကို မိန့်ဖူးတယ်။ ...အဲဒီ မင်းသားဟာ ပြင်သစ်တွေဘက်ကို စိတ်ညွတ်တဲ့မင်းသား ဖြစ်တယ်။ အင်္ဂလိပ်တို့က ဒီမင်းသားကိုတော့ ကြိုက်မယ်မထင်ဘူး။ ဒါပေမဲ့ စိတ်ထားမြင့်မြတ်ပြီး စိတ်ကူးဉာဏ် အထက်တန်းကျတဲ့ မင်းသားတစ်ပါးဖြစ်တယ်။
“သူ့ညီတော်ကတော့ ကာလကတ္တားမှာရောက်နေတယ်။ အင်္ဂလိပ်တွေဟာ သူတို့နှစ်ဦးအနက် တစ်ဦးကို နန်းတင်လိမ့်မယ်လို့ ကျုပ်ထင်တယ်။ ထင်တဲ့အတိုင်း ဖြစ်ပါစေလို့ပဲ ဆုတောင်းရတော့မှာပဲ” ဟု မြင်ကွန်းနှင့် မြင်းခုံတိုင်မင်းသားတို့ကို ရည်ညွှန်း၍ ပြောဆိုသွားခဲ့သည်။
သို့ရာတွင် အခြားအစုတစ်စုကမူ သီပေါဘုရင်နေရာတွင် မြန်မာဘုရင်တစ်ပါးကို နောက်ထပ်နန်းတင်ရန်အတွက် သင့်လျော်သည့် မင်းလောင်းမရှိဟု ယူဆကြသည်။ ထိုအစုကို ခေါင်းဆောင်သူမှာ ဂျော့စကော့ဖြစ်သည်။ ဆာဂျော့စသည် ရွှေရိုးကလောင် အမည်ဖြင့် မြန်မာပြည်နှင့်ပတ်သက်သော စာအုပ်များကို ရေးခဲ့သည်။ ဆာဂျော့စကော့ သည် မြန်မာပြည်ရေးရာနှင့်ပတ်သက်၍ ပါရဂူတစ်ဦးဟုလည်း ဆိုနိုင်သည်။ ဂျော့စကော့ သည် ဟော့ဟော့ရမ်းရမ်းနေသည့် စွန့်စားရေးသမားတစ်ဦးဖြစ်ပြီး မြန်မာပြည်ထဲ မန္တလေးမြို့ထဲသို့ ခိုးဝင်လာခဲ့ဖူးသည်။ ဗန်းမော်သို့ တိတ်တဆိတ် သွားရောက်ခဲ့ဖူး သည်။ ကျောင်းဆရာ၊ မြို့ပြဝန်ထမ်းဟု အမည်ခံသော်လည်း မူရင်းလုပ်ငန်းမှာ အထောက်တော်လုပ်ငန်းဖြစ်သည်။ အိန္ဒိယပြည်ဆိုင်ရာ အတွင်းဝန် ရန်းဒေါ့ချာချီထံသို့ ၈၈၅ ခု နိုဝင်ဘာလ ၁၀ ရက်နေ့ (အင်္ဂလိပ်တို့က စစ်ကြေညာ၍ နယ်စပ်ဖြစ်သော သရက်မြို့ကို ဖြတ်ကျော်ခြင်းမပြုမီ လေးရက်အလိုတွင် ပေးပို့သော စာတစ်စောင် ၌ ၊ ဂျီ၊ စကော့က အောက်ပါအတိုင်း ရေးထားသည်ကို တွေ့နိုင်သည်။
“...ရွေးကောက်ပွဲကြီးပြီးသည့်နောက်တွင် အထက်မြန်မာပြည်အား လုံးဝ သိမ်း က်မည်လော၊ အစောင့်ရှောက်ခံနယ်အဖြစ် ထားမည်လောဆိုသည့်ပြဿနာကို ဆုံးဖြတ်တော့မည်ဖြစ်ပါသည်။ မြန်မာပြည်နှင့် မြန်မာ မင်းညီမင်းသားများအကြောင်းကို သိသူတစ်ဦးအနေဖြင့် အချက်အလက်အချို့ကို တင်ပြခွင့်ပြုစေလိုပါသည်။ ။
'သီပေါမင်းကို ပြန်၍နန်းတင်ရန်မှာ လုံးဝမဖြစ်နိုင်တော့ပါ။ သီပေါမင်းသည် အသတ်မခံခဲ့ရလျှင် သို့မဟုတ် သူ့ကိုယ်သူ အဆုံးစီရင်ခြင်းမရှိဘဲ အသက်ရှင်လျက် ခဲ့သည်ဆိုလျှင်ပင် သူ့ကို နန်းတင်ရန် လုံးဝမဖြစ်နိုင်တော့ပါ။
'ညောင်အုပ်မင်းသားမှာ ယခုအချိန်တွင် ကာလကတ္တားတွင် ရှိနေပါသည်။ ညောင်အုပ်မင်းသားကို နန်းတင်ရန် အဆိုပြုလာဖွယ်ရှိပါသည်။ ရန်ကုန်တွင်ရှိစဉ်က ကျွန်တော်၏ဧည့်သည်အဖြစ် နေထိုင်ခဲ့ဖူးပါသည်။ အကြမ်းထည် စက်ယန္တရာ" ထွင်မှုများကို ပြုလုပ်ရာတွင်မူ အရှေ့တိုင်းသားများထဲတွင် အထက်တန်းကျကျတီထွင်မှုများကို ပြည်အဖြစ် နေထိုင်လာဖွယ်ရှိပါသည်တွင် ရှိနေပါသည်။လုပ်နိုင်သူဖြစ်ပါသည်။ ညောင်အုပ်မင်းသားသည် အမြင်ကျဉ်းမြောင်းသည့် ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်ပြီး ညံ့ဖျင်းသော ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ပါသည်။ မန္တလေးတွင်ရှိစဉ်က အင်္ဂလိပ်များကို မနှစ်သက်သူဖြစ်ပြီး အင်္ဂလိပ်များကလည်း သူ့ကို နှစ်သက်ခြင်းမရှိကြ ပါ။ မြန်မာလူမျိုးအကြားမှာပင် လူကြိုက်အနည်းဆုံးသော မင်းသားတစ်ပါး ဖြစ်ပါသည်။
'နောက်စဉ်းစားရန်ရှိသူမှာ မြင်ကွန်းမင်းသားဖြစ်ပါသည်။ မြင်ကွန်းမင်းသားမှာ သီပေါအပါအဝင် အခြားသောမင်းသားများထက် မဟာသွေးစစ်သူဖြစ်ပါသည်။ သို့ရာတွင် ဝန်ကြီးသိသည့်အတိုင်း မြင်ကွန်းမင်းသားသည် ပြင်သစ်ဩဇာအောက်သို့ လုံးဝရောက် နေသူဖြစ်ပါသည်။ ၁၈၆၆ ခုနှစ်တုန်းက ကျွန်တော်တို့နယ်စပ် (သရက်မြို့အနီး)ထိသို့ ရောက်အောင် ဧရာဝတီမြစ်ရိုးတစ်လျှောက်တွင် မြို့ရွာများကို မီးတိုက်ခဲ့သဖြင့် သူ့အမည်ကို ကျိန်ဆဲလျက်ရှိကြပါသည်။
။ 'ညီတော်ဖြစ်သူ မြင်းခုံတိုင်မင်းသားမှာလည်း ပြင်သစ်ဩဇာအောက် မရောက် သည်ကလွဲလျှင် ကျန်နေရာများတွင် နောင်တော်မြင်ကွန်းမင်းသားနှင့် အတူတူဖြစ်ပါ သည်။ ယခု နားတွင် နိုင်ငံရေးအကျာ်းသားအဖြစ် ဖမ်းဆီးခံထားရပါသည်။ သူတို့ ညီနောင်နှစ်ဦးသည် လူသတ်မှုများ၊ မီးရှို့မှုများ၊ လုပ်ကြံမှုများတွင် တစ်သဘောတည်း ဖြစ်ကြပါသည်။
"ဝန်ရှင်တော်မင်းကြီးများဖြစ်ကြသော ချားလ်အိတ်ချ်ဆန်နှင့် ဘားနဒ်တို့က အဆိုပြုဖွယ်ရှိသည့် နောက်မင်းသားတစ်ပါး ရှိပါသေးသည်။ ယင်းမှာ ရန်ကုန်မြို့ အစိုးရရုံးတစ်ရုံးတွင် စာရေးအဖြစ် အမှုထမ်းလျက်ရှိသော လင်းပင်မင်းသားဖြစ်ပါသည်။ သူ့ခမည်းတော်မှာ အဆင့်မြင့်မင်းသားကြီးတစ်ပါးဖြစ်ပြီး သစ္စာဖောက်မှုဖြင့် ကွပ်မျက် ခံခဲ့ရပါသည်။ မယ်တော်မှာ ကချေသည်တစ်ဦး ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာတို့ အမြင်တွင် သူ့ကို မကြိုက်ကြပါ။ မြန်မာတို့မကြိုက်သည့်တိုင် သူ့ကို အတင်းနန်းတင် လျှင် ဖြစ်နိုင်သော်လည်း လေးစားကြည်ညိုမှုကိုမူ ရမည်မဟုတ်ပါ။ ကျွန်တော့်အိမ်တွင် သူ့ကို အတန်ကြာထားခဲ့ဖူးပါသည်။ သုန်မှုန်၍ မျက်နှာထားဆိုးသူဖြစ်ပါသည်။ လွန်ခဲ့ သည့်နှစ်က ကွယ်လွန်ခဲ့သည့် ညောင်ရမ်းမင်းသား၏ (ညောင်ရမ်းသည် ထိုနှစ် ဇွန် ၂၆ ရက်နေ့တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။) သမီးငယ်တစ်ယောက်မှာ ကာလကတ္တားတွင် ရှိနေသော်လည်း ဗုဒ္ဓဘာသာတိုင်းပြည်တစ်ပြည်တွင် ဘုရင်မတစ်ပါးကို နန်းတင်ရန် မဖြစ်နိုင်ပါ။ သားယောက်ျားလေးရှိသည်ဆိုလျှင်လည်း အရွယ်မရောက်သေးသူသာ ဖြစ်နိုင်ပါသည်။ ကျန်မင်းသားငယ်များမှာလည်း မန္တလေးတွင် အားလုံးလောက် ကွပ်မျက်ခံခဲ့ကြရပါသည်။ ညောင်အုပ်မင်းသား၏ သားသမီးများမှာလည်း ထိုနည်း အတိုင်းပင် ဖြစ်ပါသည်။ ။
“ထို့ကြောင့် မြန်မာပြည်ကို အပြီးအပိုင် သိမ်းပိုက်ရေးနည်းလမ်းသာလျှင် ကျန်ပါတော့သည်။ မန္တလေးတွင် ပြင်သစ်များသည် သူတို့တိုင်းပြည်အကျိုးအတွက် လုပ်သည်ထက် ကိုယ်ကျိုးရှာနေကြခြင်းဖြစ်သည့်တိုင် များစွာအန္တ ရာယ်ကြီးလှပါသည်" ဟု သူ့စာတွင် ဖော်ပြထားသည်။
သူ့အဆိုကို အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒပ်ဖရင်ကလည်း ထောက်ခံသည်။ “မြန်မာတို့အကြိုက် ရုပ်သေးဘုရင်တစ်ပါးကို တင်ရမည်ဆိုလျှင် ငွေကုန်ကြေးကျလည်း များ၊ အန္တရာယ်လည်းရှိသည့်ပြင် အထိန်းရ အသိမ်းရခက်သည့် အရာတစ်ခုကို ဖန်တီး ခြင်းနှင့်သာ တူပေလိမ့်မည်။ ထိုမျှမက ယုံကြည်စိတ်ချစွာ နန်းတင်ပေးရမည့် ဆွေတော် မျိုးတော်မင်းသားဟူ၍လည်း မရှိချေ။ ကျွန်ုပ်အနေဖြင့် လစ်လပ်သွားသော ရာဇပလ္လင် ပေါ်တွင် ညောင်ရမ်းမင်းသား၏သားတော်လေးအား နန်းတင်ကာ ထိုမင်းသားငယ် အသက် ဆယ့်ငါးနှစ်အရွယ် ရောက်သည်အထိ ဗြိတိသျှအရာရှိများက အုပ်ချုပ်သွားစေရန် ဉ်းစားမိပါသေးသည်။ သို့ရာတွင် ဤပေါ်လစီသည် ကျွန်ုပ်တို့အဖို့ အကျိုးမရှိရုံမျှ သာမက စိုးရိမ်သောကများ၊ ဒုက္ခများကို ဖန်တီးလာနိုင်သည့် အခြေအနေရှိပါသည်။ ထို့ကြောင့် အထက်မြန်မာပြည်၏ ငြိမ်ဝပ်ပိပြားရေးနှင့် သာယာစည်ပင်ရေး၊ ကျွန်ုပ်တို့ ဘုရင့်အစိုးရနှင့် ကုန်သွယ်မှု အကျိုးစီးပွားများအတွက် အကောင်းဆုံးသောနည်းလမ်းမှာ ရှင်းလင်းပြတ်သားစွာ သိမ်းပိုက်ပြီးနောက် ဗြိတိသျှအရာရှိတို့က တိုက်ရိုက်အုပ်ချုပ်သောနည်းသာလျှင် ဖြစ်သည်ဟု ယူဆပါသည်'ဟု လော့ဒ်ဒပ်ဖရင်၏ မှတ်တမ်းတွင် ဖော်ပြထားသည်။
ထိုသို့ဆွေးနွေးလျက်ရှိစဉ်တွင် ဗြိတိသျှသိမ်းပိုက်ရေးတပ်များသည် မန္တလေးမြို့နှင့် အနီးတစ်ဝိုက်၌ ငြိမ်ဝပ်ပိပြားရေးရအောင် ဆောင်ရွက်သည်။ ကာနယ်စလေဒင် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည့်လွှတ်တော်ကို ဖွဲ့စည်းသည်။ လွှတ်တော်တွင် တိုင်တားမင်းကြီး အပါအဝင် မြန်မာမှူးကြီးမတ်ကြီးတို့ ပါဝင်ကြသည်။ လွှတ်တော်ကြီးမှနေ၍ လက်နက် စွဲကိုင် ပုန်ကန်ထကြွနေသူများအား လက်နက်ချရန် အမိန့်ထုတ်ပြန်သည်။ မန္တလေး မြို့၏အုပ်ချုပ်ရေးကိစ္စများတွင် မြို့ဝန်ဦးပေစိ၊ ရွှေလှံမြို့ဝန်တို့၏ အကူအညီကို ယူကြ သည်။ လူထုအပေါ်တွင် သြဇာရှိသူ၊ ငြိမ်ဝပ်ပိပြားရေးကို ထိပါးမည်ထင်ရသူများကို နယ်ပြောင်းရွှေ့စေသည်။ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရန်ကုန်မှ ဝန်ရှင်တော်မင်းကြီး ဘားနဒ်ရောက်ရှိလာကာ ဗိုလ်ချုပ်ပရင်ဒါဂတ်စ်ထံမှ စစ်အုပ်ချုပ်ရေးကို လွှဲပြောင်း ယူပြီးနောက် မြို့ပြအုပ်ချုပ်ရေးကို အစားထိုးသည်။ မင်းတုန်းမင်း၏ညီတော် ကနောင် မင်း၏သားသမီးများဖြစ်ကြသော မင်းသား မောင်မြင့်၊ မင်းသားမောင်ဖြူး၊ မင်းသား မောင်စစ်အောင်နှင့် ကြင်ယာတော်၊ မင်းသား မောင်စစ်နိုင်၊ မင်းသားမောင်ဘိုးနှင့် ကြင်ယာတော်တို့ကို မန္တလေးမြို့တွင် နေခွင့်မပြုဘဲ ရန်ကုန်သို့ ပို့လိုက်လေသည်။
Done🐬🐬
ReplyDeleteHiya
ReplyDeleteDone
ReplyDeleteDone
ReplyDeleteDone
ReplyDelete