ပုလဲမျက်ရည်
ရှေးရှေးသောအခါက ဘုရင်ကြီးတစ်ပါးတွင် ငိုလျှင် ပုလဲများကျလာတတ်သော မင်းသမီးတော်နှစ်ပါးရှိလေသည်။ဘုရင်ကြီးကား သူ၏သမီးတော်များ၏ မျက်ရည်ကျတိုင်းဖြစ်သောပုလဲများကို မည်သည့်သောအခါမှ မသုံးရက်သူဖြစ်သည်။ပုလဲပင်ထွက်လင့်လေကစား သမီးဖြစ်သည့်အလျောက် မျက်ရည်မကျရစေလိုသဖြင့် စိတ်ချမ်းသာစွာထားလေသည်။
အချိန်တန်သဖြင့် သမီးတော်များ အရွယ်ရောက်လာသောအခါဝယ် ဘုရင်ကြီးက သူ၏သမီးတော်များကို လူကောင်းသူကောင်းလက်ထဲသာရောက်စေလိုသည်။သမီးတော်များအား ပုလဲထွက်အောင်ဆိုပြီး ငိုယိုအောင်နှိပ်စက်မည့်ယောင်္ကျားမျိုးဖြင့် မပေါင်းသင်းစေလိုပေ။သမီးတော်များ၌ ကိုယ်စီချစ်သူများရှိနေသည်ဟု သိရသောအခါဝယ် သမီးတော်များအား စိတ်ချမ်းသာစေတော့ဟူကာ မတားမြစ်ချေ။
အကြောင်းကသင့်လေသော ထိုည၌ သမီးတော်နှစ်ပါးက သူတို့၏ချစ်သူကိုယ်စီနှင့် လက်ထပ်ခွင့်ကို ဖခင်ဆီလာတောင်းလေသည်။သမီးတော်နှစ်ပါးလုံးမှာ သာမန်အရပ်သားများကို လက်ထပ်ကြမည်ဖြစ်လေသည်။
မှန်သည့်အတိုင်းဆိုရက ကိုယ်တိုင်ဘုရင်ဖြစ်သည့်ဖခင်မှာ မိမိသမီးတော်များကို သာမန်လူဆင်းရဲများနှင့် ပေါင်းသင်းမည်ဆိုလျှင် မည်သို့မျှ လက်ခံနိုင်မည်မဟုတ်ပေ။သို့သော် ပြန်စဉ်းစားကြည့်က သာမန်လူများကဲ့သို့ အပြင်ပင် သွားလာခွင့်ပေးထားမိသည့် ဤသမီးတော်များက သာမန်အရပ်သားနှင့် ချစ်ကြိုက်မိသည်ဆိုသည်မှာ တကယ်တော့ အထူးအဆန်းပင် မဖြစ်သင့်တော့ချေ။
“သမီးတို့တွေ ကိုယ်စီချစ်သူနဲ့ ချစ်ခင်ကြင်နာကြတာ ဖေဖေမတားမြစ်လိုဘူး။သို့ပေမယ့် ဖေဖေက ဘုရင်ဖြစ်တဲ့အလျောက် သမီးတို့ရဲ့ ခင်ပွန်းဖြစ်လာမယ့်သူဟာ နောင်ဘုရင်အလျောင်းအလျာဖြစ်ရမယ့်သူဖြစ်တာဆိုတာ သမီးတို့ နားလည်ကြမယ်လို့ထင်တယ်။တိုင်းပြည်အတွက်လည်း စဉ်းစားကြည့်ကြပါဦးလား။”
သို့သော်သမီးတော်များက ယုံကြည်ချက်ရှိစွာပင် သူတို့ချစ်သူမှာ စာပေဗဟုသုတနှင့် တိုက်ရည်ခိုက်ရည်ပြည့်စုံသူများဖြစ်ကြောင်းကို ထုတ်ပြောလာလေသည်။
“ခမည်းတော် စိတ်ချရသည်အထိ စစ်ဆေးလိုက စစ်ဆေးနိုင်ပါတယ်။သူတို့ဟာ သာမန်အရပ်သားတွေပေမယ့် တိုင်းပြည်ကို ဦးဆောင်နိုင်တဲ့ ဉာဏ်ပညာရှိသူတွေသာဆိုတာ အဖေလက်ခံရင် သမီးတို့ လက်ထပ်ယူမှာပါ။”
သမီးတော်များက ယုံကြည်ချက်သိပ်ပြင်းပြနေလေသောအခါကျတော့လည်း ဖခင်က ခေါ်ယူကာ စစ်ဆေးလေသည်။အမှန်ပင် ဤလူငယ်လူရွယ်နှစ်ယောက်မှာ သာမန်သူဆိုသည်ထက် သာလွန်သော နောင်မင်းလောင်းတစ်ပါး၏ စိတ်ဓါတ်၊ပညာ၊လက်ရုံးရည် အားလုံးပြည့်စုံသူများဖြစ်ကြသည်ကို တွေ့ရသည်။
နောင်မင်းလောင်းနေရာအတွက် နှစ်ယောက်လုံးမှာ စိတ်ချရသောအနေအထားရှိပါသော်လည်း သမီးတော်များကို သူတို့မည်မျှချစ်သနည်းကိုမူ စမ်းလိုပေသည်။တကယ်ချစ်သူမှန်မှသာ လက်ထပ်ပေးပြီး ထီးနန်းကိုဆက်ခံစေမည်ဟု တွေးမိလေသည်။
ဤသို့ဖြင့် နှစ်ယောက်စလုံးကို တိတ်ဆိတ်စွာ အယောင်ပြမင်္ဂလာဆောင်လိုက်စေပြီး လူသူအရောက်အပေါက်နည်းသောကျေးလက်တွင် အိမ်တစ်လုံးဆီပေးရင်း အတူတူနေထိုင်ခွင့်ပေးလေသည်။
၆လခန့်ကြာပြီးနောက်တွင် သမီးတော်တို့နှင့် ၎င်းတိုခင်ပွန်းတို့ကို အတူဆင့်ခေါ်ကာ ၆လအတွင်း အိမ်ထောင်ရေး အနေအထားမည်သို့ရှိသနည်းကို မေးမြန်းလေသည်။လျှောက်တင်ရန်ရောက်လာကြသူတို့ကို အကဲခတ်လေရာ အားလုံးမှာ စီးပွားပျက်၍ ဆင်းရဲနေသည့်ပုံတော့မရချေ။ဘုရင်ကြီးသိသလောက် ထိုနှစ်က သူတို့ရာသီဥတုဖောက်ပြန်သဖြင့် စိုက်ခင်းများသီးနှံများပျက်ဆီးကြသည်။သူတို့ ဘယ်လိုနေထိုင်ကြသည်ကို စိတ်ထဲမှ ကြိုမြင်လာကာ မေးရမည်ပင် စိတ်ထဲမကောင်းဖြစ်လာလေသည်။
သမီးကြီး၏ လျှောက်တင်ချက်မှာ ဤသို့ဖြစ်၏။
ထိုနှစ်က သူတို့တိုင်းပြည်တွင် ရာသီဥတုဖောက်ပြန်ကာ သီးကောင်းမထွက်ရှာပေ။အချိန်အခါမဟုတ်မိုးများရွှာလိုက် ပိုးများကျလိုက်နှင့် စီးပွားပျက်ကုန်လေသည်။သူတို့ သမီးကြီးတို့ဇနီးမောင်နှံကတော့ အနေအစားမဆင်းရဲရှာပေ။အထူးသဖြင့် ခင်ပွန်းသည်ဖြစ်သူက ပိုမိုဝဖြိုးလာ၏။အကြောင်းမှာ စီးပွားမပျက်ခင်က ပျော်ရွှင်စွာပေါင်းသင်းနေကြသော်ငြား စီးပွားပျက် အကြွေးများတက်လာသောအခါဝယ် နေ့စဉ်ရက်ဆက် ဆဲဆိုကြိမ်းမောင်းလိုက်၊ရိုက်နှက်လိုက်ဖြင့် ပြုလေရာ သမီးကြီးမှာ ငိုရသည့်နေ့တွေညတွေ အတော်များလေသည်။ငိုတိုင်းကျသော ပုလဲများကိုရောင်းချခြင်းဖြင့် စားသောက်နေထိုင်ကြလေသည်။
ဤတွင်ဘုရင်ကြီးက သမီးကြီးအတွက် များစွာစိတ်မကောင်းဖြစ်လျက် သမီးကြီးဆန္ဒအတိုင်း ထိုခင်ပွန်းသည်ဖြင့် တိတ်တဆိတ်ကွာရှင်းစေကာ ထိုယောင်္ကျားကိုတော့ နန်းပြင်မောင်းထုတ်လိုက်လေသည်။
သမီးငယ်ကိုလည်း လျှောက်တင်စေလေရာ သမီးငယ်က အောက်ပါအတိုင်းလျှောက်တင်လေသည်။
ပထမဆုံးလက မိုးမှန်လေမှန်ကာ ရာသီမှန်နေသေးသဖြင့် ဇနီးမောင်နှံမှာ ချစ်ချစ်ခင်ခင်ရှိနေသည်။
ဒုတိယလလည်း အခြေအနေမဆိုးသေး။အဆင်ပြေချော့မွေ့သည်။ချစ်ချစ်ခင်ခင်ရှိပေသေးသည်။
ရာသီဥတု စတင်ဖောက်ပြန်သော တတိယလတွင် ခင်ပွန်းသည်မှာ စိုက်ခင်းမှာ သီးထွက်ကောင်းရန် မျိုးစုံကြိုးစားသည်။ပိုးမကျစေရန် အကောင်းဆုံးကာကွယ်သည်။သို့သော် အခြေအနေဆိုးလွန်းလှသောကြောင့် နောက်ဆုံးတွင် အကြွေးများပတ်လည်ဝိုင်းလာခဲ့လေသည်။အကြွေးများကို ဆပ်နိုင်ရန် ယောင်္ကျားက မျိုးစုံကြံဖန်စဉ်းစားလေသည်။သို့သော် မိန်းမ၏ ပုလဲမျက်ရည်ကိုမူ လုံးဝ ထည့်မစဉ်းစားရှာပေ။ဤသည်ကို ဇနီးလုပ်သူက သိသဖြင့်
“မောင်တော်…။”
“ဟင်။ပြောလေ ရှင်မ။”
“မောင်တော် အခုအကြွေးတွေ ပတ်လည်ဝိုင်းနေတယ်မလား။ကျွန်မကို နာအောင်ပြောစမ်းပါ။”
“ဟမ်။ဘာကိုနာအောင်ပြောရမှာလဲ။”
“လုပ်စမ်းပါ။ကျွန်မကို ဆဲလိုက်ဆိုလိုက်စမ်းပါ။ဟောဒီမှာ ကျွန်မ အပြင်ကနေ တွေ့တာနဲ့ကောက်လာတဲ့ ကြိမ်သားတုတ်။ကိုယ်တိုင်သွေးလာတာ။မျက်ရည်ထွက်လာတဲ့အထိ ရိုက်စမ်းပါ။”
“ရှင်မ။မင်း ဘာတွေပြောနေတာလဲ။မင်းကို ဘာလို့ မောင်တော်က အဲ့လိုလုပ်ရမှာလဲ။”
“ကျွန်မငိုရင် ပုလဲတွေထွက်လာတာ။ရှင်သိတယ်မလား။လုပ်ပါ။ပုလဲတစ်ပွင့်လောက်ထွက်လာရင်ပဲ အကြွေးကကျေနေပြီ။ကောင်းကောင်း စားလောက်သောက်လောက်ရှိနိုင်လောက်တဲ့ ပမာဏလောက်တော့ ကျွန်မငိုနိုင်ပါတယ်။”
ဤတွင် ခင်ပွန်းသည်က ညိုးငယ်စွာဖြင့်
“ရှင်မ။ကိုယ်က ရှင်မရဲ့ယောင်္ကျားပါကွ။ရှင်မ မျက်ရည်က ပုလဲထွက်ထွက်။စိန်တုံးပဲထွက်ထွက် ကိုယ်ကတော့ ရှင်မကို မျက်ရည်ကျအောင် ဘယ်နည်းနဲ့မှ မလုပ်ရက်ဖူး။အကြွေးသိပ်များလည်း ကိုယ့်လုပ်အားနဲ့ ဆပ်နိုင်တယ်။ရှင်မ ဘာမှစိတ်မပူနဲ့။”
ဤတွင် ဇနီးသည်မှာ သူမခင်ပွန်း၏ အချစ်ကို သိလိုက်ရသည့်အလျောက် ကြည်နူးမိရင်း ဝမ်းသာမျက်ရည်များလည်လာလေရာ ပုလဲပွင့်လေးမှာ “တောက်”ကနည်း ကျလာလေသည်။
ရုတ်တရက်တောက်ပစွာ မြင်လိုက်ရသော ထိုပုလဲပွင့်မြင်သောအခါဝယ် ယောင်္ကျားမှာ ကြမ်းပြင်၌ လိုက်ရှာလေသည်။
ဤတွင်ဇနီးသည်က ခါးထောက်ရင်း
“ကိုယ်တော်ချော။စောစောက ပြောတော့ မလိုချင်ပါဘူးဆို။”
“ဟာ…ရှင်မကလည်း ကျပြီးတာကတော့ ကောက်ရမှာပဲလေ။အောင်မလေး ပုလဲတွေ ဈေးကောင်းတယ်နော်။”
ဤတွင် စိတ်ဆိုးချင်သည့် စိတ်ထက် အကုန်းအရုန်းရှာနေသော သူ့ခင်ပွန်း၏ ပုံစံကြည့်ရင်း မရယ်ပဲ မနေနိုင်လေရာ အသံထွက်ရယ်မိသည်အထိ ရယ်မိလေခဲ့တော့သည်။
ဘုရင်ကြီးလည်း နားထောင်နေရင်း သဘောကျလေသဖြင့် ရှားရှားပါးပါးရယ်မောခြင်းဖြစ်သော “ဟားဟားဟား”ဟူ၍ အသံထွက်ရယ်မောခြင်းဖြင့် ရယ်မိလေတော့သည်။
သမီးငယ်မှာ ထိုယောင်္ကျားဖြင့် လက်ဆက်ပြီးနောက် ခင်ပွန်းသည်မှာအိမ်ရှေ့အရာခံယူရကာ နောင်အခါတွင် ဘုရင်ဖြစ်လာသည်ဟူသတည်း။
Done
ReplyDelete:Done
ReplyDeleteကလိပီး
ReplyDeleteDone🤘
ReplyDeleteငါတို့ငိူရင်လည်း ပုလဲကျချင်လိုက်တာ
ReplyDeleteငိုရင်ပုလဲ ရယ်ရင်ရွဲ
ReplyDeleteDone 💪
ReplyDeleteInteresting topic.
ReplyDeleteLovely story.
ReplyDeleteGood night.
Hee ငါသာဆိုရင် တယောက်တည်းငိုပြီး အေးဆေးထိုင်စားမှာ 😌
ReplyDeleteDone
ReplyDeleteငါဆိုယူမနေဝူး QUEENdomပဲလာထား😛
ReplyDeletedone
ReplyDeleteDone ❤️
ReplyDeleteDone ✅
ReplyDeleteDone🐬🐬
ReplyDeleteDone 🤍
ReplyDeleteDone
ReplyDeletedone
ReplyDeleteမိုက်တယ်
ReplyDelete