Goli and Miya ( Part 2) အခန်း ၁၀
ဒုတိယပိုင်း(Part-2)
အခန်း(၁၀)
“ဂျီတ။ငါဒီမှာ ဘာယူလာလဲ ကြည့်စမ်း။”
ရောက်ချလာသည်မှာ ဖိုဘေဖြစ်ပြီး သူတို့နတ်များစားသုံးကြသည့် ထူးထူးဆန်းဆန်း မုန့်ချပ်ပြားလေးများဖြစ်ကြလေသည်။
“ငါဗိုက်မှ မဆာပဲ။”
“ဟ။နတ်တွေက ဗိုက်မှမဆာတာတော့ ငါသိတယ်လေ။သူတို့က အစားအသောက်ကို စွမ်းအင်တိုးချင်တဲ့အခါမျိုးလောက်မှစားတတ်တာလေ။ခဏနေ ငါတို့တွေ အစွမ်းတွေသုံးပြီး ကစားမှာမလား။အဲ့ကျရင် များများသုံးနိုင်အောင် စားထားလိုက်။”
“ဒါနဲ့ဖိုဘေ။”
“ဟေ။”
“စဉ်းစားမိတာပြောမလို့။”
“အေးပြောလေ။”
“ငါတို့လူတွေကို မြင်ဖူးတယ်နော်။သူတို့ဆို အစားအသောက်ကို အသက်ရှင်ဖို့ကိုစားကြရတာ။”
“ဟုတ်တယ်လေ။ဘာဖြစ်လို့လဲ။အဲ့တာ။”
“ငါတို့နတ်တွေလည်း သူတို့လိုပဲအစားစားမှ အသက်ရှင်မယ်ဆို ဘာဖြစ်နိုင်လောက်လဲ။”
“မပြောတတ်ဘူး။စားသောက်ဆိုင်တွေ ပေါနေမှာလား။”
“ဒါတင်မကသေးဘူး။လူတွေလိုမျိုး အစားအသောက်မဝယ်စားနိုင်လို့ ခိုးစားတာမျိုးတွေ လုစားတာမျိုးတွေ အစားအတွက် သတ်ဖြတ်ကြတာမျိုးတွေဖြစ်လာနိုင်တယ်ကွ။”
“အံ့မယ်။စိတ်ဝင်စားဖို့ကောင်းသားပဲ ပြောပြစမ်းပါဦးကွ။”
“မင်းအခုကြည့်ကွာ။ငါတို့တွေ လူသားတွေကြားရောက်နေတာ တော်တော်ကြာပြီလေ။ငါတို့အရင်နတ်တွေကြားနေတုန်းက မင်းကြည့်စမ်း။နတ်တစ်ပါးက တခြားနတ်တစ်ပါးရဲ့ပစ္စည်းခိုးတယ်ဆိုတာ ကြားဖူးလား။”
“မကြားဖူးဘူးလေ။”
“ဘာလို့မကြားဖူးတာလဲ။ငါတို့နတ်တွေမှာ လိုအပ်တာတွေ အတော်ပြည့်စုံတယ်လေ။အသက်လည်းရှည်တယ်။အစွမ်းလည်းရှိကြတယ်။လိုတာဖန်ဆင်းယူနိုင်ကြတယ်။ဒီတော့ ဘာမှလိုအပ်နေတာမရှိဘူး။လုယက်ရလောက်အောင် ရှားပါးမနေဘူးလေ။ဒါပေမယ့်လူတွေကြတော့ ကြည့်လေ အသက်ရှင်ဖို့တောင် ရှားပါးခက်ခဲတော့ ခိုးဆိုးလုယက်ကြရတာတွေရှိကြတယ်။”
“အဲ့တော့ မင်းပြောချင်တဲ့ အဓိကအချက်က ဘာလဲ။”
“ငါတို့နတ်တွေက လူတွေကို စောက်ရှောက်တဲ့အလျောက်၊လူတွေကိုးကွယ်တာခံရတဲ့အလျောက်မှာ လူတွေကို အထင်သေးတတ်ကြတယ်။လူတွေကို နိမ့်ကျတယ်လို့ထင်ကြတယ်။လူတွေက မကောင်းတာကိုခုံမင်နှစ်သက်တယ်ဆိုပြီး ရှုံချကြတယ်။တကယ်လို့သာ ငါတို့နတ်တွေလည်းပဲ သူတို့လိုပဲ အသက်ရှင်ဖို့ အစာစားဖို့လိုတဲ့အပြင် အစားအသောက်က ရှားပါးနေမယ်ဆိုရင် ငါတို့နတ်တွေက အခုလို တရားစောင့်၊သီလစောင့်နဲ့ နေနိုင်မယ်လို့မင်းထင်သလား။”
ဖိုဘေလည်း ခေါင်းကုပ်သွားလေသည်။
“အေ...အေးပေါ့။အခုတောင် စေတန်ဘုရင်ကနတ်ဖြစ်လျက် သူများထီးနန်းတွေကို မလိုအပ်ပဲ တပ်မက်တတ်သေးတာပဲနော်။”
“သေချာတာပေါ့ကွာ။တကယ်တော့ ဒီစကြာဝဠာမှာ ငါတို့အားလုံးက လောဘ၊ဒေါသ၊မောဟတွေရဲ့ အရိပ်အောက်မှာပဲ နေနေရတာပါကွာ။ဘယ်သူကမှ ရုန်းမထွက်နိုင်ဘူး။”
“ဂျီတ။မင်း ဟိုရဟန်းတော်တစ်ပါးဟောတဲ့ တရားတွေ တော်တော်နာဖြစ်ပုံပဲ။ဒါတွေပြောနေတာ။”
“ဒါပေါ့ကွာ။ငါလည်း လူတွေကြားထဲနေတာ။စစ်လည်းမတိုက်ရတော့ အကျိုးရှိတာတစ်ခုခုလုပ်နေချင်တာလေ။”
“မင်းအဲ့လိုနဲ့ စစ်ပါမတိုက်ချင်တော့ဘူးဆိုပြီး တပ်ကနေပါ ထွက်တော့ထွက်မသွားပါဘူးနော်။”
“အလိုလေး။စိတ်မပူပါနဲ့ကွာ။ငါ့သက်တမ်းက တော်တော်ကျန်ပါသေးတယ်။စေတန်ဘုရင်ကို နန်းချပြီးမှ စစ်ထဲက ထွက်မှာပါကွ။”
လူသားသက်တမ်း ၁၀နှစ်ကျော်လာပြီးနောက်တွင် ဂိုလီတို့တပ်ခွဲမှာ စေတန်ဘုရင်၏မြေလှန်ရှာဖွေနေကြခြင်းမှ ခေတ္တရှောင်နေကာ အခြားသော ပုန်းကွယ်နေပြီး ဆန့်ကျင်တော်လှန်လျက်ရှိသည့် နတ်စစ်သည်တော်များနှင့် ချိတ်ဆက်ရန်ကြိုးစားနေကြရလေသည်။သို့သော် လူသားသက်တမ်း၁၀နှစ်ကျော်သွားသည့်တိုင်အောင် မည်သည့်နတ်စစ်သည်တော်ကိုမျှ ဆက်သွယ်နိုင်ခြင်းမရှိခဲ့ချေ။နောက်ဆုံးတွင် ကိုယ်ရောင်ကိုယ်ဝါကို ဖုံးကွယ်ကာ လူသားအယောင်ဆောင်ပြီး လူတွေကြား၌ နေနေခဲ့ရလေတော့သည်။
“ဂျီတရေ တပ်မှူးက စခန်းကိုလာဖို့ ခေါ်နေတယ်။”
“အင်း။ဖိုဘေရေ ဒီနေ့တော့ ငါတို့တွေ မကစားဖြစ်လောက်တော့ဘူးထင်ပါတယ်။
ဂျုဒီက ဂျီတတို့ကို အပြေးလေးလာခေါ်လေသည်။ဂျုဒီလည်း လူသားမိန်းမအသွင်ဖြင့် အတော်ကြာနေခဲ့ရပြီဖြစ်ရာ လူတွေကဲ့သို့ လမ်းလျှောက်ခြင်း၊ပြေးခြင်းတို့ကို အတော်လေးအသားကျလျက်ရှိလေပြီ။ဂျီတကမူ သူ၏နဂိုရုပ်သွင်ကဲ့သို့ ဆံပင်များဖွေးဖွေးဖြူလျက်ရှိသလို ဖိုဘေကလည်း အသားညိုကာ၊ဝဝကြီးဖြစ်နေလေသည်။ဂျုဒီကမူ ဆံပင်မှာ နီရဲတောက်လျက် မျက်ဝန်းလေးတွေမှာ မီတောက်တံဆိပ်ရှိနေစဲဖြစ်လေသည်။ကိုယ်လုံးကိုယ်ပေါက် လှပသည့် ထိုဂျုဒီမှာ အားလုံးထဲတွင် သာမန်လူနှင့် မတူသည်မှာ အသိသာဆုံးဖြစ်လေရာ သူတို့မှာ လူတွေကြားထဲ အရောတဝင်သိပ်မနေချေ။အများအားဖြင့် တစ်ကိုယ်လုံးကို အဝတ်အစားများ အကာအကွယ်များအပြည့်ဖုံးပြီးသာ လူကြားထဲသွားလေ့ရှိသလို အခြေစိုက်နေသော နေရာလည်း မကြာခဏပြောင်းလေ့ရှိလေသည်။သူတို့နတ်များမှာ လူသားများ၏အနံ့အသက်ကိုလည်း ခံနိုင်စွမ်းမရှိကြသဖြင့် လူအနား ကြာကြာကပ်၍လည်းမရပေ။သူတို့၏ ဥပဓိရုပ်လက္ခဏာမှာလည်း လူတွေထက် ပို၍ ထူးခြားတတ်လေရာ လူသားများ အလွယ်တကူ သတိထားမိတတ်သည်ဖြစ်သောကြောင့် သူတို့မှာ သိုသိုသိပ်သိပ်နေရလေသည်။
ဂိုလီကတော့ ဤတစ်ခေါက် နတ်တွေနေရာနယ်မြေတစ်ခုကို တိတ်တဆိတ် ထွက်သွားခဲ့ရာ သတင်းကောင်းပြန်ပါလာလေသောကြောင့်ဖြစ်လေသည်။
“ငါမျှော်လင့်နေခဲ့တဲ့အတိုင်း အခုစေတန်ဘုရင်ရဲ့ နှိပ်စက်မှုတွေ မခံနိုင်တော့လို့ တိုက်ခိုက်မယ့်သူတွေပေါ်လာခဲ့ပြီကွ။”
“ရှင်းပါဦး။တပ်မှူး။”
“ငါအခုသွားခဲ့တဲ့ နယ်မြေထဲမှာ တပ်စုတစ်ခုရှိတယ်။သာမန်နတ်သား၊နတ်သမီးတွေအချင်းချင်း ရွေးချယ်ဖွဲ့စည်းထားတာ။သူတို့အနေနဲ့ အတွင်းဝိဉာဉ်ထဲက အစွမ်းကို ထုတ်ယူတိုက်ခိုက်နိုင်အောင် သင်ပေးမယ့် သူလိုနေတယ်။ဒီတော့ ငါတို့တွေ အဲ့နယ်မြေထဲသွားကြမယ်။သူတို့ကို စစ်သင်တန်းပေးပြီးတော့ ပြန်လည် ဆန့်ကျင်တိုက်ခိုက်ရေးကို အစပြန်ပျိုးကြမယ်။
“ဒါဖြင့် စစ်ပြန်တိုက်ရဖို့ အကြောင်းနီးလာပြီပေါ့။တော်သေးတယ်။နောက်ထပ် တစ်ရက်လောက် ဒီမှာနေရရင်ကို ပျင်းလို့ သေတော့မယ်လို့ ခံစားနေရတာ။”
ဖိုဘေက လူတွေကဲ့သို့ အကြောဆန့်ဟန်ပြုလိုက်ရင်း ပြော၏။
“မင်းတို့ပြင်ဆင်ကြတော့။မနက်ဖြန် မနက်စောစောထွက်ကြမယ်။”
“ဟုတ်ကဲ့တပ်မှူး။”
ဂျီတတို့သုံးယောက် သံပြိုင်ပြောလိုက်၏။
ထိုညတွင် ဂိုလီက တောင်စွန်တစ်ခုတွင်ထိုင်ရင်း လမင်းကြီးကို ကြည့်နေလေသည်။အတိတ်ကအကြောင်းများကို သတိရနေဟန်မျိုး သူ၏မျက်နှာ၌ အထင်းသားမြင်နေရ၏။
“မြစ်စောင့်နတ်သားက လနတ်သမီးလေးကို မျှော်နေတာလား။”
အနောက်မှပြောလိုက်သူမှ ယူရေး(စ်)နပ် သခင်မဖြစ်၏။
“ဪ။သခင်မ။ဒီနေ့တစ်နေ့လုံး ဘယ်တွေရောက်နေတာလဲ။”
“လူအသွင်နဲ့ လျှောက်လည်နေတာပါ။လူတွေကြားထဲနည်းနည်းသွားခဲ့တယ်။”
“ဘာတွေတွေ့ခဲ့ရလဲ။ဒါဖြင့်ရင်။”
“အစုံပါပဲ။လူတွေရဲ့ အကောင်းဘက်ရော။အဆိုးဘက်ရောပေါ့။သူတို့က အသက်ရှင်သန်ဖို့တောင် မလွယ်တဲ့အခြေအနေကို ရင်ဆိုင်နေရတဲ့အခါမှာ သူတို့သရုပ်မှန်က အထင်းသားမြင်ရတာပေါ့။လူတစ်ယောက်က အသက်ရှင်ဖို့ဆို နောက်တစ်ယောက်ကို သတ်ဖို့ရော မကောင်းတာဘာမှဆိုလုပ်ရဖို့ရော ဝန်မလေးတတ်ကြဘူး။ခိုးဖို့ဝှက်ဖို့ လုယက်ဖို့ဆိုတာ အလွယ်လေးပဲ သူတို့အတွက်။ငါ နတ်တွေမာနကြီးတာမြင်ဖူးပါတယ်။နတ်တွေက လူတွေအကိုးကွယ်ခံရလို့ မာနကြီးတတ်တာ သိပ်မဆန်းပေမယ့် ဒီလူတွေကတော့ မာနဆိုတဲ့အရာကို အသက်ထက်တန်ဖိုးထားနေတာလည်း မြင်ခဲ့ရသေးတယ်။”
“အကောင်းဘက်ကော မြင်ခဲ့ရတယ်ဆို။အခုပြောတာ အဆိုးတွေကြီးပါလားဗျ။ဟက်ဟက်။ကမ္ဘာကိုအုပ်ချုပ်ရမယ်ဆိုရင် လက်ခံဦးမှာလား။”
“ငါကမရုးဘူး။ခေါင်းကောင်းသေးတယ်။ဟိုစေတန်ပဲရုးနေတာ။”
ဤတွင် ဂိုလီလည်း မနေနိုင်ပဲ တဟားဟားဖြင့် ရယ်လိုက်မိလေတော့သည်။
“အစောက ငါပြောတာပြန်ဖြေပါဦး။”
“ဘာကိုလဲ။”
“လူတွေပြောတာတစ်ခုကြားခဲ့တယ်။မြစ်စောင့်နတ်သားက လနတ်သမီးကို လှမ်းမျှော်ကြည့်နေခဲ့ရတဲ့ ပုံပြင်လေးပေါ့။ငါက တကယ့် မြစ်စောင့်နတ်သားကို ဒီပုံပြင်ဟုတ်မဟုတ် သိချင်လို့ မေးနေတာ။”
ဤတွင် ဂိုလီက လမင်းကို လှမ်းကြည့်ရင်း
“ဂျီတတို့ရော အခုဘာလုပ်နေကြလဲ။”
“အချစ်ငှက်နှစ်ကောင်ကတော့ အခုလောက်ရှိ မြည်တွန်နေလောက်ရောပေါ့။”
ဂိုလီက ရယ်မိသွားပြန်ကာ ခေါင်းကိုခါလျက်သာရှိတော့သည်။
“နင်ကကော ငါ့တူမတော် လနတ်သမီးကို ချစ်မိခဲ့တယ်မလား။”
“ကျုပ်က ဘာလို့လဲ။”
“မလိမ်ပါနဲ့ဟာ။နတ်တွေလိမ်ရင် သူတို့ကိုကိုးကွယ်ရတဲ့သူတွေမျက်နှာကို မထောက်ထားရာရောက်ပါတယ်။နင်သိပါတယ်။လူတွေက နင်နဲ့ ငါ့တူမတော်ရဲ့ ပုံပြင်ကိုပြောတယ်ဆိုတာ သူတို့စိတ်ကူးထဲ ပေါ်လာစေဖို့ နင်တို့ရဲ့အရှိန်အဝါတွေက လှုံဆော်ပေးမှရတယ်ဆိုတာ။”
“ဪ။ကျုပ်ကတော့ မမှီတဲ့ပန်းလေး ခူးဖို့ စိတ်ကူးဖူးရုံပါဗျ။ကျွန်တော့်ရဲ့ပိုင်ရာ မြစ်ရေတွေ လဆွဲငင်အားကြောင့် ဒီရေတက်လာတိုင်းမှာ သူမကို မြင်ရရုံလေး ကျွန်တော် တိတ်တခိုး လှမ်းကြည့်မိခဲ့တယ်။ကျွန်တော့်အဖို့ သူမက မဖြစ်နိုင်တာသိလည်းပဲ ရင်ထဲကချစ်နေတာက ကျွန်တော့်ရဲ့ ကိုယ်ပိုင် ရွေးချယ်ခွင့်ပဲမလား။ပြန်ချစ်ဖို့မချစ်ဖို့က သူနဲ့ပဲဆိုင်မယ်လေ။”
“ဂိုလီ။ငါတို့က အဆင့်အတန်းတွေ၊အရှိန်အဝါတွေကို မှီခိုသူတွေလေ။လူတွေလိုအားလုံးက ပခုံးနှစ်ဖက်ကြားခေါင်းပေါက်နေတာခြင်းတူမနေဘူးလေ။”
“ကျွန်တော်သိပါတယ်ဗျာ။ဘယ်သူက ဂရုစိုက်လို့လဲ။လူတွေတောင် သူတို့ချစ်တဲ့သူဆိုတာ သူတို့ရင်ထဲ အသီးသီးသိမ်းဆည်းထားတတ်တာပဲကို။”
“နင် ဒီတပ်မှူးဘဝကို မုန်းသလောက် လက်ခံခဲ့တာ ဒါကြောင့်ရော ဖြစ်နေသေးလား။”
“မပြောတတ်ဘူးလေ။မသိစိတ်ထဲက တောင့်တမှုရှိချင်ရှိနေမှာပေါ့။”
ထို့နောက် မတ်တပ်ထလိုက်ကာ
“ကဲပါ။မနက်ဖြန် ခရီးထွက်ရတော့မယ်။အရေးကြီးတာတွေ ပြင်ဆင်ဖို့လိုတယ်။သွားပြီ။”
လှည့်ထွက်သွားသော ဂိုလီ၏ကျောပြင်ကို ကြည့်ရင်း ယူရေး(စ်)နပ် သခင်မလည်း ရင်ဘတ်ကို လက်ဖြင့်ဖိလိုက်ကာ လမင်းကြီးဘက်ကို ပြန်လည်လှည့်ကြည့်ခဲ့မိလေသည်။
“ငါသိသားပဲ မီရာ။နင်မရိုးသားခဲ့ဘူး။ဘာလို့များ ဒေါ်လေးကို လိမ်ရက်သလဲကွယ်။နင်ရောပဲ စီရီ။ငါခွင့်လွှတ်လိမ့်မယ် မထင်ကြနဲ့။”
“လနတ်သမီးလေးပျောက်ဆုံးသွားပါတယ်။သခင်မ။”
လွန်ခဲ့သော နှစ်တော်တော်ကြာလောက် စေတန်ဘုရင် အာဏာမကြီးလာခင်ကဖြစ်လေသည်။
“ဒီကိစ္စကို ဘယ်သူတွေသိသွားပြီလဲ။”
“အခုထိတော့ သတင်းက မပေါက်ကြားသွားသေးပါဘူးသခင်မ။”
“ကောင်းပြီ။စီရီ့ကိုခေါ်လိုက် ငါ့တူမကို ငါတို့နှစ်ယောက်သွားရှာလိုက်မယ်။နင်တို့တွေ သတင်းမပေါက်ကြားအောင် ဖုံးထားကြ။”
ထိုစဉ်က စီရီမှာ လနတ်သမီးနှင့် အသက်မကွာလှသော နတ်သူငယ်တစ်ပါးသာရှိသေးသည်။အများအားဖြင့် ကြယ်တာရာတွေမှ ဆင်းသက်လာသော နတ်သမီးအနွယ်ဝင်တွေက လနတ်သမီးကို အခြွေအရံအဖြစ် ခစားကြရလေ့ရှိလေသည်။
(ထိုကြယ်တာရာများမှာ ဆင်းသက်လာသော အနွယ်တိုင်းသည် နတ်သမီးတွေသာဖြစ်ကြပြီး နေသက္ကရာဇ် တော်တော်ကြာကြာခန့်လောက်တုန်းက ကြယ်တာရာ နတ်သမီးလေးတစ်ပါးသည် သူမမွေးထားသော သားများဖြစ်သည့် ကြယ်တာရာ နတ်သားများက အပြစ်ကျုးလွန်ခဲ့သဖြင့် အရှင်နေမင်းက အရည်ပျော်ကျကာ သေစေခြင်း၊ဥက္ကာပျံများအဖြစ် ကြွေကျ ပျက်ဆီးစေခဲ့သဖြင့် နောင်တွင် လိမ္မာကာသိတတ်သော နတ်သမီးလေးတွေရဲ့ အမေသာဖြစ်ရပါလို၏ဟု မျက်ရည်ရွဲလဲဖြင့် သစွာဆိုခဲ့သောကြောင့် ဤသို့ဖြစ်ရသည်ဟု ဆိုသည်။)
“အမိန့်တော် အတိုင်းပါ။သခင်မ။”
ယူရေး(စ်)နပ်သခင်မနှင့် စီရီတို့မှာ ထိုစဉ်က နတ်သူငယ်လေး အရွယ်လောက်သာရှိသေးလေသော မီရာ့ကို လိုက်ရှာခဲ့ရတော့သည်။မီရာမှာ လနှင့်အနီးဆုံး ကမ္ဘာကို သွားလိမ့်မည်ဆိုသည်မှာ အသေအချာပင်ဖြစ်သည်မလို့။အလွန်ကျယ်လွန်းလှသော ထိုကမ္ဘာသို့ ဆင်းလာကာ တိတ်တိတ်လေးရှာခဲ့ကြရသည်။
“စီရီ။ဘာတွေ့လဲ။”
“စိုးရွံ့မိပါတယ်သခင်မ။အစအနတောင် မတွေ့ရသေးပါဘူး။”
“ဟိုးဘက်မှာရှိနေတာကို ဘာလို့ခေါ်လဲ။”
“မြစ်လို့ခေါ်ပါတယ် သခင်မ။”
“သွားရှာကြည့်ရအောင်။”
ယူရေး(စ်)နပ် သခင်မ အမှန်းအဆမှာ မှန်သွားကာ မီရာ့ကို မြစ်ပေါ်၌ နတ်သူငယ်တစ်ပါးက ပခုံးပေါ် တင်ပိုးကာ ပြေးလျက် ပျံသန်းနေသည့်နှယ် ပုံစံရယ်မောလျက် ကစားနေသည်ကို တွေ့ရလေသည်။
“ကျွန်မသွားခေါ်လိုက်…”
ဤတွင် စီရီ့ကို လက်ဆွဲလိုက်ရင်း တားလိုက်၏။
“ခဏလေး။သူတို့ကြည့်ရတာ အခုလိုက်ရင် အသေပြေးကြမှာပဲ။သူနဲ့ဆော့နေတဲ့ နတ်သူငယ်လေးက ရေစွမ်းအားရှင် ဖြစ်နိုင်တော့ ထွက်ပြေးသွားရင် ဒုက္ခရောက်မယ် ကုန်းပေါ်တက်မှ ဖမ်းကြမယ်။”
ဤသို့ဖြင့် သစ်ပင်ကြီးနောက်တွင်ကွယ်ရင်း အချိန်ကောင်းကို စောင့်နေကြလေသည်။
“ဂိုလီ..ဂိုလီ။ဟိုးဘက်မှာ ရေတံခွန်ကြီ။”
မီရာလေးက ဂိုလီ့အပေါ်မှ အော်ပြောနေ၏။နတ်သူငယ်လေး ဂိုလီမှာလည်း
“အဆင့်သင့်ပဲလား မီရာ။တစ်ခါထဲ ခုန်ချမယ်နော်။”
ထိုအသံကိုကြားလေသည့်အခါ ယူရေး(စ်)နပ် သခင်မလည်း အံ့ဩလျက်
“ဘုရားရေ။အချင်းချင်း နာမည်တွေပါ သိနေပြီ။ဒီကောင်မလေးကတော့ဟယ်။”
ဟူ၍ စိတ်ညစ်လက်ညစ်ဖြင့် ညည်းတွားမိလေတော့သည်။
သို့သော် သူတို့နတ်သူငယ်လေးတွေမှာမူ အချင်းချင်း သိလိုက်ရုံဖြင့် ဘာမှမထူးသည့်နှယ် အဆော့မပျက်ကြချေ။တော်တော်ကြာအောင် ဆော့ပြီးနောက် ဂိုလီမှာ မောမောဖြင့် ကုန်းပေါ်ပြန်တက်ရင်း မီရာ့ကို ပစ်ချလိုက်လေသည်။ဤတွင် ယူရေး(စ်)နပ်သခင်မကော စီရီပါ တအံ့တဩဖြင့် ပါးစပ်တွေပင် ဟကုန်ကြလေသည်။
“အရှင်နေမင်းရဲ့ သမီးတော်ဆိုတာကို သူမသိတာလား။ဘာလားပဲ။”
“သခင်မ။သူ့ကြည့်ရတာ မသိပုံပါပဲ။သိရင် အဲ့လိုပြုမှုရဲမယ် မထင်ပါဘူးသခင်မ။”
“ထားလိုက်တော့ဟာ။ငါစိတ်မရှည်နိုင်တော့ဘူး။အခုကုန်းပေါ်ရောက်လာတုန်း သွားဖမ်းမယ်။”
ဤသို့ဖြင့် ထွက်ချလာလေသည့်အခါတွင် မီရာလည်း အလန့်တကြားဖြင့် ဂိုလီ့ကို လက်ပုတ်ကာ
“လုပ်ပါဦး။ဟိုမှာ ငါ့ဒေါ်လေးရောက်လာပြီ။ငါ မပြန်ချင်သေးဘူး။”
“မီရာ။”
ယူရေး(စ်)နပ် သခင်မက မီရာ့ကို မာမာထန်ထန် ခေါ်လိုက်သောအခါဝယ် မီရာကတော့ ဘာပြောရင်ကောင်းမည်ကို အကြံထုတ်တုန်းပင်။ဂိုလီက မီရာ့နောက်တွင်ပဲ ကွယ်ပြီးပုန်းရမလိုလို ဘယ်လိုနေသင့်သည် သူမသိရှာပေ။”
‘ဒေါ်လေး။”
“မရဘူး။မီရာ။နင်ငါ့ကို ဘာအကြောင်းပြချက်မှ မပေးနဲ့။နင်ဒါ လကမ္ဘာရဲ့ စည်းမျဉ်းကို ချိုးဖောက်နေတာပဲနော်။နင့်အဖေသာ ကြားသွားရင် ဘယ်လောက်အထိ ပြဿနာတွေ ကြီးမားနိုင်တယ်ဆိုတာ နင်သိရဲ့လား။”
“ဒေါ်လေးကလည်း သမီးက ဆော့စရာအဖော်မရှိလို့ ဒီကမ္ဘာလာဆော့တာလေ။ဆော့တာလောက်နဲ့ ဘာဖြစ်သွားမှာမလို့လဲ။”
“ဟယ်...မီရာ။နင် စည်းမျဉ်းကိုမသိဘူးလား။လနတ်သမီးတွေက ကိုယ်နေရာ လကနေ အကြောင်းမရှိပဲ စွန့်ခွာခွင့်မရှိဘူးလေ။”
“ဒေါ်လေးကလည်း ဆော့ချင်တာ၊ပျင်းနေတာကကော အကြောင်းပြချက်ဖြစ်လို့မရဘူးလား။”
“သမီး။မီရာ...သမီးအခုလိုလုပ်တဲ့ လုပ်ရပ်က အခုသမီးနောက်က နတ်သားလေးကိုကော အန္တရာယ်ဖြစ်စေတယ်ဆိုတာ သမီး နားမလည်ဘူးလား။”
ဤတွင် မီရာလေး ခေါင်းငိုက်စိုက်ကျသွားကာ အစောက ပျော်ရွှင်စွာဆော့ကစားထားသမျှ အပျော်များလွင့်စင်သွားတော့သည်။ဤသို့ဖြင့် မီရာလည်း သူ၏အနောက်မှ ဂိုလီ့ကို ခေါ်လိုက်သည်။
“ဂိုလီ။”
လနတ်သမီးဆိုသည်မှာ အင်မတန် အသံသာ၍ တေးသီချင်းများသီဆိုလျှင် အရှေ့အရပ်မှနေထွက်လာသလို အနောက်အရပ်မှ လမင်းကြီးထင်သာမြင်သာပေါ်လွင်လာသကဲ့သို့ သာယာနာပျော်ဖွယ် ကောင်းလှသည်ဖြစ်ရာ ယခုလည်း နတ်သူငယ်လေးဖြစ်သူ ဂိုလီ့ကို ခေါ်သည့်အသံမှာပင် သာယာဖွယ်ကောင်းလေသည်ဖြစ်သည်။မီရာက တစ်ခုခုပြောမည်ပြင်နေရာ မီရာဘာပြောမည်ကို ဂိုလီက ရိပ်မိဟန် ရပြီး
“မီရာ...လပေါ်သာ သေချာပြန်ပါ။ဂိုလီက အားလုံးအဆင်ပြေတယ်။”
ဤသို့ဖြင့် သူတို့ ပြန်သွားသည်ကိုကြည့်ရင်း ဂိုလီက ပြုံးပြုံးဖြင့် လက်ပြနှုတ်ဆက်၏။ပြုံး၍နေရသော်ငြား စိတ်ထဲမှမူ ဆော့ဖော်ဆော့ဖက် ဆုံးရှုံးရသည်ကို အလွန်စိတ်မကောင်းသည်မှာ အမှန်ပင်။
“ကျွန်မ ကမ္ဘာကိုပြန်သွားချင်တယ်။”
လနတ်သမီး မီရာကား ခေါင်းမာလှပါလေ၏။စီရီခမျာ မျိုးစုံချော့ပါသော်လည်း မရပါ။သို့ဖြစ်သဖြင့် နောက်ဆုံးတွင် မီရာတောင်းဆိုသည့်အတိုင်း သူတို့နှစ်ဦးကြားကို တစ်ကြိမ်ခန့် စာပေးစာယူလုပ်ပေးစေခဲ့လေသည်။စာပေးစာယူလုပ်ပြီးက နှစ်ယောက်လုံးရဲ့ မှတ်ဉာဏ်ကို ဖျက်ပစ်ရမည်ဖြစ်ကြောင်း သဘောတူခဲ့ရလေတော့သည်။
သို့...ဂိုလီ
ကမ္ဘာမှာတုန်းက အတူဆော့ဖြစ်ခဲ့တဲ့ သူငယ်ချင်း ဂိုလီ။နင်ကျန်းမာလိမ့်မယ်လို့ ငါတကယ်မျှော်လင့်ပါတယ်။တကယ်တော့ နတ်တွေက နေမကောင်းမဖြစ်တတ်တာ ငါသိပါတယ်။ယဉ်ကျေးမှုအရ ရေးဖို့ လိုတယ်ဆိုလို့သာ ရေးလိုက်တာ။
ကမ္ဘာပေါ်မှာ ဘယ်လိုနေသေးလဲ။အရင်လို စိမ်းလန်းနေတဲ့ တောတောင်တွေ၊လှပတဲ့ကောင်းကင်ကြီးတွေ သမုဒ္ဓရာရေပြင်ကျယ်ကြီးတွေ၊ပင်လယ်တွေ၊မြစ်တွေ၊ပန်းခင်းကြီးတွေနဲ့ ပျော်စရာကောင်းနေဦးမှာပေါ့နော်။
ဒီမှာကတော့ ကောင်းကင်ပြာလည်းမရှိ။ပန်းလည်းမပွင့်သလို အပင်လည်းမရှိဘူး။တောတောင်ရေမြေဆိုတာ ဝေး ချိုင့်ခွက်တွေပေါက်နေတဲ့ မြေကြီးပဲရှိတယ်။နတ်မလို့ လမ်းလျှောက်စရာမလိုတာပဲ တော်သေးတယ်။ကမ္ဘာပေါ်က လူသားတွေလိုသာ လမ်းလျှောက်ရမယ်ဆို ငါတော့ နေ့တိုင်း စိတ်ညစ်လို့ ရုးချာသွားမှာသေချာတယ်။နင်တို့ကမ္ဘာပေါ်က နတ်တွေကတော့ ပျော်စရာကြီးပဲနော်။နေ့တိုင်း လှလှပပပတ်ဝန်းကျင်ကြီးကို မြင်ရတယ်။ဒါနဲ့ နင်တို့ ကမ္ဘာပေါ်မှာ ဓါတ်ကြီးလေးပါးစွမ်းအင်တွေ ပျံနှံ့နေပြီး နင်တို့နတ်တွေက လေးပါးထဲက တစ်ပါးပါးကို အသုံးချလေ့ရှိတယ်လို့ ငါကြားဖူးတယ်။နင်ကကော ဘယ်စွမ်းအင်ကို သုံးတာလဲ။
ပြီးတော့ ကမ္ဘာပေါ်မှာ နတ်ပန်းတစ်မျိုးပေါက်လေ့ရှိတယ်တဲ့။အဲ့ပန်းက လမင်းလိုပဲ အဖြူရောင်နဲ့ သိပ်လှတာပဲလို့ ကြားဖူးတယ်။အဲ့ပန်းအကြောင်းလည်း ငါ့ဆီ ပြန်စာထဲ ပြောပြနော်။ငါတကယ်ကို သိချင်နေတာ။”
မှ...မီရာ
ထိုစာကား မီရာက ဂိုလီ့ထံပေးခဲ့သော ပထမဆုံး စာတစ်စောင်ဖြစ်၏။စီရီက ထိုစာကို ဂိုလီ့ထံ လျှို့ဝှက်စွာပို့ဆောင်ခဲ့ကြရသည်။ပုံမှန်အားဖြင့် လနတ်သမီးများ၏ ဘဝမှာ အရှင်နေမင်းအဆက်ဆက်များ၏ အမိန့်ချမှတ်ထားခဲ့မှုများကြောင့် အကျဉ်းသား ဘဝတစ်ခုနှင့် တူလှသည်။ဘယ်မှ မသွားရ။လပေါ်မှာ နေပြီးပဲ ပညာသင်၊အချိန်တန် အရှင်နေမင်းက အိမ်ထောင်ချပေးရာ နတ်မင်းတစ်ပါးပါးနှင့်ယူကာ ထိုနတ်မင်းနှင့် မချစ်လည်းချစ်ဟန်ဆောင်ကာပေါင်း၊ပြီးလျှင် နတ်သမီးငယ်တစ်ပါးမွေးက ထိုနတ်သမီးငယ်ကို လပေါ်မှာ ကြီးပြင်းစေပြီး နတ်သားမွေးက နေပေါ်တွင် ကြီးပြင်းစေကာ အရှင်နေမင်းဘဝကို ခံယူစေလေသည်။
(နေသက္ကရာဇ်တလျှောက်တွင် လနတ်သမီးများသည် နတ်သားသို့မဟုတ် နတ်သမီးတစ်ပါးသာ မွေးဖွားလေ့ရှိသော်လည်း ယူရေး(စ်)နပ် သခင်မနှင့် ၎င်းအကိုတော်(ယခု အရှင်နေမင်း)တို့မိခင် လနတ်သမီးလက်ထက်က ထူးခြားစွာ နတ်သားတစ်ယောက် နတ်သမီးတစ်ယောက် ဖွားမြင်စေခဲ့လေသည့်အပြင် ၎င်းတို့မိခင် လနတ်သမီးကြီးမှာလည်း နတ်သက်ကြွေသွားခဲ့သဖြင့် ယူရေး(စ်)နပ် သခင်မက လနတ်သမီးအရာကို ဦးဆုံးဆက်ခံခဲ့ရသည်။အကိုတော် နတ်သားက အရှင်နေမင်းဖြစ်သွားချိန်တွင် ညီမတော် လနတ်သမီး၏တောင်းဆိုမှုအတိုင်း လနတ်သမီးအရာမှ ယူရေး(စ်)နပ် သခင်မအရာကို လွှဲပြောင်းယူစေ၏။ထိုစဉ်က လနတ်သမီးဖြစ်နေခဲ့သော ညီမတော်သည် တစ်ရက်မှ နေမင်းအနားက မခွာပဲ ပူလောင်မှုကို ခံစားရင်း တောင်းဆိုမှုပြုခဲ့ခြင်းမှာ နတ်များယခုအခါ တည်ဆောက်နိုင်ခဲ့သော ကိုယ်ပိုင်အုပ်ချုပ်မှုစနစ်၊ပါလီမန်စနစ် တည်ဆောက်နိုင်ရေးတောင်းဆိုမှုများအတွက် ရှေ့ပြေးမှတ်တိုင် ဖြစ်စေခဲ့သည်။ယူရေး(စ်)နပ်သခင်မအဖြစ်သို့ လွှဲပြောင်းခံရပြီးနောက်တွင်မှသာ မီရာက လနတ်သမီးဖြစ်လာခဲ့ခြင်းဖြစ်သည်။)
စီရီက ဂိုလီ့ကို တည်ကြည်စွာကြည့်ရင်း
“လနတ်သမီးဟာ မဖြစ်နိုင်လောက်တဲ့ အရာ၊အင်မတန်အပြစ်ကြီးနိုင်တဲ့ အရာတစ်ခုကို စွန့်စားပြီးလုပ်ခဲ့တာဖြစ်တဲ့အလျောက် မင်းအနေနဲ့ သူတောင်းဆိုတဲ့အတိုင်း စာလေးတော့ပြန်ပေးရမှဖြစ်မယ်။စာပြန်ပြီးရင်တော့ မင်းတို့ရဲ့ မှတ်ဉာဏ်ကို ငါဖျက်ပစ်ရလိမ့်မယ်။သဘောတူရဲ့လား။”
ဂိုလီလည်း မတတ်သာသဖြင့် သဘောတူကာ ပြန်စာလေးရေးခဲ့ရလေသည်။
သို့...မီရာ
နင်လပေါ်မှာ တော်တော်ပျင်းနေရတယ်ဆိုတာ ငါစာဖတ်ကြည့်တာနဲ့ သတိထားမိပါတယ်။နင်မေးတဲ့ မေးခွန်းတွေလည်း ငါဖြေပေးပါ့မယ်။
ကမ္ဘာမှာက ရေ၊လေ၊မြေ၊မီး အဓိကဓါတ်ကြီးလေးပါးပဲရှိတယ်။ဒီလေးခုကနေ ဆင့်ကွဲလာတာတွေတော့ရှိပေမယ့် အများစုကတော့ ဒီလေးမျိုးကိုပဲ အသုံးချတတ်အောင် သင်ကြရတယ်။ငါကတော့ ရေနတ်သား၊ရေစွမ်းအင်သုံးတဲ့ နတ်ပေါ့။
နင်ပြောတဲ့ ပန်းနာမည်က ခိုမိတပန်းတဲ့ သူက ပန်းစိုက်တဲ့သူနဲ့ဆက်နွယ်တဲ့ အချစ်ပန်းမျိုးတွေပဲ နတ်ပန်းတွေထဲမှာ အရမ်းရှားတဲ့ ပန်းလို့ဆိုရမယ်။သူ့ကိုပြုစုပျိုးထောင်တဲ့ ပန်းစိုက်သူက အချစ်စစ်နဲ့တွေ့ပြီဆိုမှ ပန်းတွေက ပွင့်လေ့ရှိတယ်တဲ့ တော်တော်တော့ထူးခြားတဲ့ပန်းတွေပါ။
အမှန်ပြောရရင် နင်မေ့သွားရတော့မယ်ဆိုတာကို သိသိနဲ့ ဒီစာကိုရေးရတာ ငါရင်ထဲမကောင်းဘူး။ငါကော နင်ကော မေ့သွားကြရမယ်ဆိုပေမယ့် နင်က တကယ်ကောင်းတဲ့ သူငယ်ချင်းတစ်ယောက်ပါဟာ။
မှ...ဂိုလီ
စသည့် တိုတောင်းလှသော ဝမ်းနည်းဖွယ်စာလွှာကိုသာ ပြန်ကြားခဲ့ရလေတော့သည်။
“မီရာ...ဒီမှာ ဂိုလီ့ဆီကစာ။”
“ကျွန်မမဖတ်ချင်ဘူး။”
မီရာက ရုတ်တရက်ပြောသဖြင့် စီရီက အံ့ဩကာ
“အခုကျမှ ဘာဖြစ်လို့လဲ။”
“စာထဲမှာ ဘာပြောပြော သူကမေ့သွားပြီမလား။ကျွန်မလည်းဖတ်ပြီးရင် မေ့သွားရတော့မယ်။”
ထို့နောက် မျက်လုံးများမှာ ငိုထားသဖြင့် နီရဲလျက်ရှိသည်ကို စီရီတွေ့ခဲ့ရလေသည်။
“ဘာပဲပြောပြော သူဘာပြောခဲ့တယ်ဆိုတာတော့ နင်သိချင်တယ်မလား။”
စီရီ၏ အပြောဆုံးသည်နှင့် မီရာက စာရွှက်ကို ဆွဲယူလိုက်ကာ ဖတ်လေသည်။ထို့နောက် ငိုပြန်လေသည်။
“စီရီ...ငါတောင်းဆိုပါတယ်ဟာ။နင်နဲ့ငါနဲ့က ညီအစ်မတွေလိုပဲလေ ငါ့မှတ်ဉာဏ်ကို မဖျောက်လိုက်ပါနဲ့ဟာ။”
“ဘယ်လိုလုပ်မှာလဲ။ယူရေး(စ်)နပ် သခင်မရဲ့ အမိန့်လေ။ဒါက။”
အတင်းကိုဖက်တွယ်ကာ တောင်းဆိုနေသော မီရာ့ကို မကြည့်ရက်တော့ပါပေ။”
ဂိုလီ၏ နဖူးတွင်စည်းထားသော နဖူးစည်းကို ဖယ်လိုက်လျှင် ပြောင်ပြောင်လက်လက် စိန်တုံးအသေးစားလေးတစ်ခုတွယ်ကပ်နေပြီး ထိုစိန်တုံးမှာ ထိုအချိန်က ဂိုလီအစုပ်ယူခံလိုက်ရသော မှတ်ဉာဏ်ဖြစ်လေရာ အတ္တလန်တာနယ်မြေကို ရေအောက်မမြုပ်ခင်တွင် စီရီက ဂိုလီ့ကို နောက်ဆုံးပေးခဲ့သော အရာဖြစ်လေသည်။
ဂိုလီလည်း သူဒီရေတက်တိုင်း လမင်းကိုဘာကြောင့်မျှော်ကြည့်မိသည်။လနတ်သမီးနှင့်ပတ်သက်သော သတင်းကိုကြားတိုင်း ဘာကြောင့် နှလုံးခုန်သံမြန်လာရသည် စသောသူကိုယ်တိုင် နားမလည်ခဲ့သည့် မေးခွန်း၏ အဖြေကို သူပြန်ရခဲ့ပြီဖြစ်လေသည်။
သူက နှစ်ရာနှင့်ချီတိုင်အောင် မီရာ့ကို နှလုံးသားထဲသိမ်းဆည်းခဲ့ပြီး တိတ်တခိုးချစ်လျက် မျှော်လင့်ခဲ့ရပြီ မဟုတ်လေသလော။ထို့အတူပင် လနတ်သမီးမီရာကလည်း အဘယ်ကြောင့် ကမ္ဘာနားကို ကပ်တိုင်း ဒီရေများတက်လာစေသော ဆွဲငင်မှုကို ဖန်တီးခဲ့ရသည်ဟူသော အချက်ကို ဂိုလီ ရင်ထဲမှ သဘောပေါက်ခဲ့ရပြီဖြစ်လေသည်။
အထူးခြားဆုံးသော အချက်မှာ…
မီရာ၏ ပုန်းခိုနေသော နေရာကို စီရီကသိခဲ့သော်ငြား ယူရေး(စ်)နပ်သခင်မကို လုံးဝမပြောခဲ့ချေ။ထိုအစား ဂိုလီကို ပြောခဲ့လေသည်။ထိုနေရာမှာ အရှေ့ပိုင်း နတ်ကိုးကွယ်သူတွေ နေကြသော ဒေသမှ နတ်တွေစုဝေးနေထိုင်ရာ နယ်မြေစ်ပြီး ထိုအရပ်မှာ ဂိုလီတို့ စစ်ဆင်ရေးထွက်ကြမည့် နေရာလည်း ဖြစ်နေပြန်လေတော့သည်။
(Zawgyi)
ဒုတိယပိုင်း(Part-2)
အခန်း(၁၀)
“ငါဗိုက်မှ မဆာပဲ။”
“ဒါနဲ့ဖိုဘေ။”
“ဟေ။”
“အေးပြောလေ။”
“ဟုတ်တယ်လေ။ဘာဖြစ်လို့လဲ။အဲ့တာ။”
“မကြားဖူးဘူးလေ။”
Comments
Post a Comment