Goli and Miya Part 2 (အခန်း ၁၁)


အခန်း(၁၁)

အရှေ့တိုင်းဒေသသည် လူသားများအကြား ဘာသာတရားများထွန်းကားလာစေခဲ့သော ဒေသဖြစ်သည့်အလျောက် အမျိုးမျိုးသော ကိုးကွယ်မှုပြုကြသော လူသားများနေရာ အာရှတိုက်ကြီးမှာ အထင်အရှားရှိပါပေသည်။ထိုအာရှတိုက်၌ နတ်အမျိုးမျိုးကို ကိုးကွယ်သူပေါင်း သန်းနှင့်ချီရှီရာ နတ်များအတွက် အင်မတန် ပျော်ဖွယ်ကောင်းရာ အရပ်ဒေသတစ်ခုဖြစ်လေသည်။


စေတန်ဘုရင်က ကမ္ဘာကို သိမ်းယူကာ ထီးနန်းကို လုယူခဲ့ပြီးနောက်တွင် နတ်များအားလုံးကို အစဉ်အဆက်ဖြန့်ဝေပေးနေလေ့ရှိသော ဓါတ်ကြီးလေးပါးစွမ်းအင်နှင့် အခြားဆင့်ပွားခွဲထွက်လာခဲ့သော မရေမတွက်နိုင်လှသော စွမ်းအင်များကို ပိတ်ပင်ပစ်လေတော့သည်။နတ်များမှာ မြေပေါ်လမ်းလျှောက်ကြရရုံမက အရင်ကဲ့သို့ လူသားများအား စောင့်ရှောက်ကာကွယ်ပေးရသော တာဝန်များကို မထမ်းဆောင်နိုင်တော့ပဲ အရောင်အဝါများပါ ကျဆင်းသွားကာ လူသားများနှင့် မတူရုံတမယ်သာကျန်တော့သည်။ဤတွင် အားလုံးက မကျေနပ်ချက်များဖြင့် ဆန့်ကျင်ရန်ကြိုးစားကြလေတော့သည်။အထူးသဖြင့် အတ္တလန်တာနယ်မြေကို ကာကွယ်သောတိုက်ပွဲသည် သူတို့၏ တော်လှန်ဆန့်ကျင်ရေးကို ပိုမိုတက်ကြွလာစေသော အောင်ပွဲတစ်ခုအဖြစ် မှတ်ယူကြလေသည်။

စေတန်ဘုရင်က သူ၏စနေဂြိုလ်ဖွား နတ်စစ်သည်တော်များကို ဖြန့်ကျက်အပြီးတွင် အဆိုးဆုံးသော သတ်ဖြတ်မှုများစွာ ဖြစ်စေပြီးနောက် ဆန့်ကျင်တော်လှန်မှုကြီးတစ်ခုမှ နေ့ချင်းညချင်းတွင်ပင် ဘယ်တုန်းကမှ မဖြစ်ဖူးခဲ့သလို အားလုံးမှာ တိတ်ဆိတ်သွားစေလေသည်။

ဤတွင် စေတန်ဘုရင်က စွမ်းအင်များကို ပြန်လည်ဖြန့်ဝေခွင့်ပေးလိုက်ကာ လူသားများအား ကာကွယ်စောင့်ရှောက်ခြင်း တာဝန်များကို ပုံမှန်ပြန်လည်လုပ်ကိုင်နိုင်စေရန် ပြုလုပ်သည်။စွမ်းအင်များ ဖြန့်ဝေသည့်အထဲတွင် တိုက်ခိုက်​ရေးစွမ်းအင်တော့ လုံးဝမပါချေ။ဤတွင် အားလုံးက အကြောက်တရားနှင့် ရိုးရိုးရှင်းရှင်းလှည့်ကွက်လေးတစ်ခုသာဖြစ်သော ပရိဃာယ်အောက်တွင် မျောပါသွားလေရင်း ကျန်ခဲ့ရတော့သည်။

အချို့သော နတ်တို့မှာမူ စိတ်မပြောင်းလဲ ဆက်လက်ဆန့်ကျင်သွားရန် ဆုံးဖြတ်ကာ လျှို့ဝှက်စွာ တော်လှန်ဆန့်ကျင်ကြသည်။သို့သော် တစ်ချက်မိသွားလေသည်နှင့် အသက်ရှင်ဖို့ အခွင့်အရေးမရှိပေ။နတ်သမီး၊နတ်သား အများရှေ့တွင် ချုပ်နှောင်၊ဗိုက်ကိုခွဲပြီး အူအလိပ်လိုက်ဆွဲထုတ်၊နှလုံး၊အသည်းတို့ကို တစ်ခုချင်း ဆွဲထုတ်ကာ ဗိုက်ပွင့်ဟောင်းလောင်းအတိုင်း ပစ်ချခဲ့ခြင်းနည်းဖြင့် သတ်ဖြတ်ပြလေ့ရှိလေသည်။နတ်သား၊နတ်သမီးအပေါင်းမှာတော့ ကြောက်ရွံ ရွံရှာလှသဖြင့် တစ်ဖက်သာ လှည့်ထွက်သွားရင်း မိမိတို့ကိစ္စ မိမိတို့ပြန်လည်လုပ်ကိုင်ကြခြင်းဖြင့်သာ တတ်နိုင်ကြလေသည်။ရင်နာဖွယ်ကောင်းလှပါပေ၏။

နတ်များမှာ အစားစားရန် မလိုအပ်သည်ဖြစ်ရာ အစားအသောက်ရောင်းချခွင့်ကိုပိတ်ပင်စေခဲ့သည်။အစားအသောက်ကား တိုက်ခိုက်ရန်စွမ်းအားကို တိုးမြင့်ပေးသည်ဖြစ်ရာ တိုက်ရိုက်မပြောသော်လည်း အားလုံးက အစားအသောက်ကိုပိတ်ပင်ရခြင်းအကြောင်းကို ကောင်းကောင်းသိသည်သာဖြစ်သည်။သို့သော် မည်သူမှ စောဒက မတက်နိုင်ကြ။အစားအသောက်ရောင်းသူများမှာ အများအားဖြင့် အဆင့်နိမ့်နတ်ငယ်များဖြစ်၍ အစားအသောက်ရောင်းရာတွင် ဒင်္ဂါးပြားများဖြင့် ရောင်းချလေ့ရှိလေသည်။ထိုဒင်္ဂါးပြားဖြင့်သာ ၎င်းတို့နေထိုင်ရာအတွက် အဖိုးအခကို ပေးဆပ်နိုင်မည်ဖြစ်လေသည်။

(အဆင့်နိမ့်နတ်များသည် အဆင့်မြင့်နတ်များပိုင်ဆိုင်ရာ နေရာ(သစ်ပင်၊လမ်း၊အိမ် စသည်)ကိုငှားနေရုံမှ အပ အခြား နေစရာနေရာမရှိချေ။သို့ဖြစ်၍ စွမ်းအင်တိုးစေသော အစားအသောက်ဖန်တီးနည်းကို သင်ယူကာ ဒင်္ဂါးပြားငွေကြေးစနစ်ဖြင့် ရောင်းချကာ ၎င်းတို့နေထိုင်ရာနေရာအတွက် အဖိုးအခပေးကြရလေသည်။အဆင့်မြင့်နတ်များမှာမူ အုပ်ချုပ်သူလူတန်းစားများ အသီးသီးဖြန့်ကျက်ခွဲဝေပေးထားသော နေရာ၌ အသင့်နေထိုင်ကြရလေသည်။အများအားဖြင့် အုပ်ချုပ်သူများက ချပေးသော တာဝန်အမျိုးမျိုးကို ထမ်းဆောင်ကြရုံဖြင့် သက်တောင့်သက်သာ နေထိုင်ကြရလေသည်။)
သို့ဖြစ်ရာ သူတို့ပြဿနာကို မည်သူကမှ ဂရုစိုက်ကြမည်မဟုတ်။အဖိုးအခမပေးနိုင်က နှင်ထုတ်ကြကာ မသိချင်ယောင်ဆောင်ကုန်ကြလေသည်။အဆင့်မြင့်နတ်များအဖို့လည်း စေတန်ဘုရင်က ယခင်ကဲ့သို့ နေစရာချပေးကာ တာဝန်လည်းချပေးပြန်သည်။မိမိဘုံမပျောက်ရုံလောက်သာ ခေါင်းထဲရှိသူတို့မှာ အဆုံး၌ အရှက်မဲ့စွာ သစွာခံကုန်ကြလေတော့သည်။

ဤတွင် အဆင့်နိမ့်နတ်များက မကျေနပ်ကြသဖြင့် မြေအောက်တော်လှန်ရေးသမားများဖြင့် ပူးပေါင်းကုန်ကြလေရာ အရှေ့တိုင်းနယ်မြေ၏ တော်လှန်ရေးတပ်စုကြီးဖြစ်လာပြီး ကံကောင်းထောက်မစွာ ဂိုလီဖြင့် ဆက်သွယ်မိသွားကြရခြင်းဖြစ်လေသည်။

တိုက်လိုသော ဆန္ဒရှိကြသော်ငြား နတ်စစ်သည်တော်ပညာသင်ကြားဖူးသူများမဟုတ်ကြလေရာ အထူးသဖြင့် အဆင့်နိမ့်နတ်များမှာ ပို၍ပင် ဆိုးပေသေးသည်။တိုက်ခိုက်ရေးနှင့်ပတ်သက်၍ ဘာမျှသိကြသည်မဟုတ်ချေ။သို့သော် သူတို့ကား တိုက်ခိုက်ရေးစွမ်းရည်ကို တိုးမြှင့်ပေးသော အစားအသောက်မျိုး ဖန်တီးရာတွင် တစ်ဖက်ကမ်းခတ်တော်ကြလေသည်။

ယခင်က နတ်များမှာ နယ်မြေတစ်ခုနှင့် တစ်ခုဆီကိုပင် ဥဒဟိုသွားလာနိုင်နေရင်းမှ လုံခြုံရေးတင်းကြပ်သွားကာ ခွင့်ပြုမိန့်ရှိသူမှအပ အခြားသူများမှာသွားလာခွင့်မရှိတော့သည်အထိ ဖြစ်လာခဲ့ရာ ဂိုလီတို့အတွက် အန္တရာယ်များလှသော အခြေအနေဖြစ်ကာ အရှေ့တိုင်းနယ်မြေထဲဝင်နိုင်ဖို့ အကြံထုတ်ကြရလေသည်။ဆိုးသည်မှာ သူတို့ အစောင့်များမှာ နယ်နိမိတ်မျဉ်းများတားထားပြီး ထိုနယ်နိမိတ်မျဉ်းကို ကျော်လိုက်သည်နှင့် ချက်ခြင်း သတိပေးချက်များ တက်လာစေလေသည်ဖြစ်သည်။လေပေါ်မှ ဖြတ်သည်ဖြစ်စေ။မြေအောက်မှ ဖောက်ဝင်၍ဖြစ်စေ မရနိုင်ချေ။

“ဒီနေ့ အခြေအနေဘယ်လိုလဲ။”

ပထမအစောင့်က သူနှင့်အတူစောင့်ကြပ်ရန် အလှည့်ကျသော အစောင့်အား ပျင်းလှသဖြင့် စကားစပ်ရန်ကြိုးစားနေလေသည်။


“ကောင်းပါတယ်။”
ဒုတိယအစောင့်က မေးထူးခေါ်ပြောလောက် အနေအထားဖြင့် ပြန်ပြောလေသည်။

“မင်းမပျင်းဘူးလား။ဘယ်သူမှ ဖြတ်လာမှမဟုတ်တဲ့ နေရာကြီးမှာ ဒီလိုစောင့်ရတာ။”

“အန္တရာယ်ဆိုတာ ကိုယ်မထင်ထားချိန်လာတတ်တယ်လေ။သတိထားတာ အမှားမရှိပါဘူး။”


“ဟေ့ကောင်၊ဟေ့ကောင် သိပ်ကြိုးစားဟန်တွေပြမနေပါနဲ့။သိပ်ကြိုးစားပြနေလည်း ဂိတ်စောင့်ရာထူးက တက်လာမှာမဟုတ်ဘူး။ငါတို့အဖြစ်က တက်လမ်းမရှိတဲံ့ ဘဝပါကွာ။”

“မင်းစကားအရမ်းပြောတာပဲနော်။သေချာတယ် မင်းကတော့ စေတန်ဘုရင် မကြိုက်တဲ့စကားမျိုးပြောမိပြီး သေမှာ။”

“ဟေ့ကောင်ရေ မင်းကအဆင့်နိမ့်လူသားမဟုတ်ဘူးနော်။နတ်ကွ နတ်။နတ်တွေက အဲ့လိုစကားမျိုးကို နောက်ပြောင်တဲ့ သဘောတောင် မပြောကောင်းဘူးဟ။ငါတို့စကားက တန်ခိုးသက်ရောက်ရင် သေမှာနော်။”

“အစကတည်းက မင်းအရင်ပြောပြီးနေပြီလေ။မင်းပြောတာ...ဘာကြီး...တက်လမ်းမရှိတဲ့ဘဝဆို မင်းဘဝကကော မင်းပြောသလို ဖြစ်မသွားနိုင်ဘူးလား။”
ထိုအခါ ပထမအစောင့်က နည်းနည်းကြောင်အမ်းအမ်းဖြစ်သွားလေသည်။ဒုတိယအစောင့်က ဆက်လက်၍

“အဲ့လိုဘဝထက် သေသွားရင် မင်းဝဋ်ကျွတ်တာပဲလေ။ဟုတ်တယ်မလား။”
ဤသို့ဖြင့် အစောင့်နှစ်ယောက် ရန်ဖြစ်နေစဉ်တွင် အသံများတဝုန်းဝုန်းထလာ၏။အစောင့်တွေလည်း ကြည့်လိုက်ရာ နဂါးများ အုံလိုက်ကျင်းလိုက်ပြေးလာသည်ကို ထူးဆန်းစွာမြင်လိုက်ရလေသည်။နဂါးများမှာ မြွေများကဲ့သို့ရှည်မျောမျော အကြေးခွံစိမ်းများဖြင့် ခေါင်းပိုင်းတွေလည်း ဦးဆောင်းများဖြင့် နဂါးအဆင့်ဆင့်ကို မူတည်ကာ ဦးဆောင်း၏တောက်ပြောင်မှုမှာ ကွာခြားလေသည်။ခေါင်းဆောင်ဖြစ်ပုံရသော နဂါးမှာ ‌ရှေ့မှဦးဆောင်ကာ တဖြည်းဖြည်းဖြင့် အစောင့်များရှိရာ အရပ်သို့နီးကပ်လာကြလေသည်။

“ဟေ့ကောင်ရေ ဒါနဂါးရှေ့ပြေးတပ်မလား။”
ပထမအစောင့်က အလန့်တကြား ပြောလိုက်လေသည်။ဒုတိယအစောင့်လည်းပဲ သွေးပျက်လျက်ရှိနေလေပြီ။

“သူတို့ပြောတော့ သူတို့ကိုလာမတိုက်ရင် ပြန်မခုခံပဲနဲ့ နှစ်ဖက် ကင်းကင်းရှင်းရှင်း နေမယ်လို့ပြောထားတာမဟုတ်ဘူးလား။”

“ဒီစောက်ရုး စေတန်ဘုရင်ကတော့ ဖင်ယားလိုက်ပြီထင်တယ်။ငါတို့က အလကားနေရင်းသေရတော့မယ်။အဲ့တာမင်းကျိန်ဆဲတဲ့စကားကြောင့် ချက်ခြင်းအကျိုးပေးတာပဲကွ သိရဲ့လား။”
ပထမအစောင့်က သွေးရုးသွေးတန်းအော်နေသလောက် ဒုတိယအစောင့်ကတည်း သွေးပျက်နေသဖြင့် ပြန်ငြင်းနေချိန်မရပဲ ထွက်ပြေးရန် ကြံစည်နေလေသည်။

“ဟေ့ကောင်...စောက်ရုး...မင်းထွက်ပြေးရင် မင်းကိုယ်ထဲထည့်ထားတဲ့ စေတန်ဘုရင်ရဲ့ ကျိန်စာက မင်းကိုသတ်မှာနော်။”

“လီးလား။နဂါးကိုက်စားလို့တော့ အသေမခံနိုင်ဘူးဟေ့။စေတန်ဘုရင်ဆိုတဲ့ စောက်ရုးက သတ်သတ်မသတ်သတ်။”
ပြောရင်း တော်တော်ကြာအောင် ပြေးသွားပြီးနောက်တွင် ထိုပြေးသွားသော ဒုတိယအစောင့်ခေါင်းမှာ ဗုံးပေါက်သည့်နှယ် “အုံး”ခနဲ ပေါက်ထွက်သွားပြီး လက်ကျန်လည်ပင်းမှ သွေးများမှာ ရေပန်းမှ ရေများပန်းထုတ်သလို ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် ထွက်လာကာ မိုးရွာသကဲ့သို့ အဘက်ဘက်သို့ သွေးများပန်းထွက်နေရင်း လဲသေသွားလေတော့သည်။

ပထမအစောင့်မှာ လက်ထဲမှလှံဖြင့် တတ်နိုင်သလောက် ခုခံဖို့ စဉ်းစားသည် အစောက ဒုတိယအစောင့်သေကဲ့သို့တော့ မသေလိုသောကြောင့်ဖြစ်လေသည်။၊သို့သော် များစွာလှသော နဂါးများကို ခုခံဖို့မှာ မည်သို့မျှ မဖြစ်နိုင်ချေ။နောက်ဆုံးတွင် ထိုနဂါးများမှဦ နယ်နိမိတ်မျဉ်းနား၌ ရပ်သွားလေသည်။ထိုတဝိုက်၌ခန္တကိုယ်ကို ပတ်နေရင်း နဂါးတစ်ကောင်က အရှေ့သို့ဦးဆုံးထွက်လာခဲ့လေသည်။အစောင့်က ထိုနဂါးကို လှံဖြင့် ထိုးမည်ပြုသော်လည်း နဂါးက သူ၏ခန္တာကိုယ်ကို ကျုံလိုက်ကာ ဗိုက်ကို ထိုးဖောက်သွားလေသည်။ကျောဘက်မှဖောက်အထွက်တွင် ပါးစပ်က အူခွေကိုခဲလျက် ဆွဲထုတ်လာပေသေးသည်။အတွဲလိုက်ထွက်လာသော အူခွေနှင့်အတူ ထိုအစောင့်မှာ အဆုံစွန်သော နာကျင်မှုဖြင့် အော်ဟစ်ရင်း ပါးစပ်၊မျက်စိ၊နှာခေါင်းနှင့် နားများကပါ သွေးများထွက်ကျလာကာ မျက်စိမှာလည်း ရဲရဲနီလျက် ပစ်လဲကာ သေဆုံးသွားလေတော့သည်။

စေတန်ဘုရင်၏ ထီးနန်းလုမှုအပြီးတွင် အတ္တလန်တာနယ်မြေပျောက်ဆုံးမှုအတွက် သမုဒ္ဓရာအောက်နေ ရေနဂါးနယ်မြေသားများမှာ အတ္တလန်တာနယ်မြေ၏ပျောက်ဆုံးမှုအတွက် စွပ်စွဲခြင်းခံခဲ့ရလေသည်။

(ယခင် ကမ္ဘာဂြိုလ်စောင့်နတ်မင်းလက်ထက်က ထိုနဂါးနယ်မြေသည် သမုဒ္ဓရာအရှင်သခင်၏ အာဏာစက်အောက်တွင် နေခဲ့ကာ နဂါးမင်းတစ်ပါးတင်မြှောက်စေလေသည်။ဤသို့ဖြင့် ၎င်းတို့ဘာသာကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဖန်တီးပေးထားခဲ့ခြင်းဖြစ်ပြီး စေတန်ဘုရင်ထီးနန်းလုပြီးနောက်တွင် စစ်ပွဲံများဖြစ်ခဲ့ပေသေးသည်။သို့သော် ရေအနေအထားကိုကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ခြင်းမရှိသော စနေဂြိုလ်နတ်စစ်သည်တော်များကြောင့် စစ်ရှုံးကာ နဂါးမင်းက သီးသန့်ခွဲထွက်ကြောင်းကြေညာပြီး နှစ်ဖက် ကင်းကင်းရှင်းရှင်းနေမည်ဟု ကတိထားခဲ့လေသည်။ထို့ကြောင့် လေ၊မြေ၊မီးအားလုံးကို ထိန်းသိမ်းနိုင်သော်လည်း ရေအောက်နယ်မြေများ အထူးသဖြင့် သမုဒ္ဓရာအောက်ခြေ နယ်မြေများမှာ လွတ်မြောက်နယ်မြေများ ဖြစ်နေကြလေသည်။စေတန်ဘုရင်ကမူ လက်မလျှော့ပေ။မြစ်၊ချောင်း၊အင်း၊အိုင် စသဖြင့် အသေးစားနယ်မြေတချို့ကို သိမ်းယူလိုက်နိုင်ပြီးနောက်တွင် သမုဒ္ဓရာအတွင်းစီးဆင်းသမျှ ရေလမ်းကြောင်းတို့ကို ဖြတ်တောက်ပစ်လိုက်လေတော့သည်။ဤတွင် သမုဒ္ဓရာအောက်ခြေနယ်မြေသားများမှာ အကြပ်အတည်းကြုံနေကြရချိန်ဖြစ်လေသည်။)

“စေတန်ဘုရင်ဟာ သဘောတူညီမှုကို ဖျက်ခဲ့ပြီးတော့ အခုဆို ကျွန်တော်တို့နေရာ သမုဒ္ဓရာထဲ ရေစီးဆင်းစေမှုကို ဖြတ်တောက်ပစ်ရင်း ကျွန်တော်တို့ကို အညံ့ခံရင်ခံမခံရင် မျိုးတုံးသတ်ဖြတ်ပစ်မယ့် အနေအထားရှိပါတယ်။ဒါဟာ ရေနဂါးတွေအတွက်သာမက ရေနေသတ္တဝါတွေ မျိုးစိတ်တွေ အားလုံးကို    သေမင်းနဲ့ဆုံသွားစေနိုင်တဲ့ အနေအထားပါ။”


ရေနဂါးနယ်မြေနန်းတွင်းညီလာခံ၌ကား အချေအတင်များဖြစ်လျက်ရှိ၏။
“လက်ဝဲအမတ်မင်း ကျုပ်တို့ကတိုက်ခိုက်လျှင်လည်း အနိုင်အရှုံးအတွက်မသေချာပါ။သို့ပေမယ့် ဤသို့အခြေအနေမျိုးမှာ တစ်ခုခုမလုပ်ရင်လည်း မဖြစ်ပါ။သို့ကြောင့် သမုဒ္ဓရာနယ်မြေအတွင်းက မဟာမိတ်တွေနဲ့ တိုင်ပင်ရရင် မကောင်းပေဘူးလား။”

“မှန်လှပါ။အရှင်။အခုအခြေအနေဟာ အချိန်သိပ်ကျန်တော့သည့်အနေအထားမဟုတ်ပါ။ယခုလိုမြစ်ကြောင်းများပိတ်ဆို့ခြင်းအတွက် တိုင်ပင်ချိန်ထပ်ယူနေလျှင် အကုန်သေနိုင်သည့်အနေအထားဖြစ်ပါသည်။ဒါ့အပြင် သမုဒ္ဓရာစောင့်နတ်မင်းကို စေတန်ဘုရင်က ဖမ်းဆီးအကျဉ်းချထားပြီးကတည်းက ရေနေတစ္ဆေတွေသောင်းကျန်းကုန်ကြသည့်အလျောက် မဟာမိတ်နယ်မြေများမှာ တည်ငြိမ်မှုမရှိလှပါ။ကျွန်တော်မျိုးကတော့ ယခုပင် မဆိုင်းမတွမြေပေါ်သို့ရှေ့ပြေးတပ်များလွှတ်ကာ ပိတ်ဆို့မှုကို ဖြေလျှော့ပေးရန် ရာဇသံပေးမှ ဖြစ်ပေလိမ့်မည်အရှင်။”

“အရှင်။မြစ်စောင့်နတ်သား ဂိုလီနဲ့သူရဲ့တပ်ခွဲဟာ နန်းပြင်မှာ တွေ့ခွင့်တောင်းနေကြပါတယ်။”
ဤတွင် အမတ်များကော ရေနဂါးဘုရင်ပါ အံ့ဩသွားကြလေသည်။”

“အတ္တလန်တာကို မာယာများတဲ့ ဒီသမုဒ္ဓရာထဲမှာမြုပ်ပစ်ခဲ့တဲ့ တပ်ခွဲမှူးဂိုလီနဲ့ သူရဲ့တပ်ခွဲဆိုတာ တကယ်ပဲမင်းတို့တွေလား။”
ဂိုလီနှင့် တပ်သားသုံးယောက်အပါအဝင် ယူရေး(စ်)နပ်သခင်မတို့က ရေနဂါးမင်းကို ဦးညွှတ်လျက် နှုတ်ဆက်ကြ၏။ထို့နောက် ရေနဂါးမင်းက ယူရေး(စ်)သခင်မ၏ အရောင်အဝါကွဲပြားပုံကို သတိထားမိကာ

“ဒီဘက်က နတ်သမီးက အားလုံးထဲမှာ အရောင်အဝါအတောက်ပြောင်ဆုံးပဲ သူကခေါင်းဆောင်ပေလော။”
ယူရေး(စ်)နပ်သခင်မက
“ကျွန်မသည် လက်ရှိထီးနန်းအလုခံခဲ့ရသော နန်းကျအရှင်နေမင်း၏ နှမတော် ယူရေး(စ်)နပ်သခင်မဖြစ်ပါသည်။”
အမတ်များအားလုံး အံ့အားသင့်လျက် ယူရေး(စ်)နပ်သခင်မကို ဦးညွှတ်မည်ပြုကြ၏။ရေနဂါးမင်းက တားလိုက်ကာ

“နန်းကျမိသားစုဝင်ကို ဦးညွှတ်ရိုးထုံးစံ ငါတို့နဂါးတွေမှာမရှိဘူး။”

“ကျွန်မဟာလည်း ဦးညွှတ်ခံရန်လာခဲ့ခြင်းမဟုတ်ပါ။ဤတပ်ခွဲ၏ စောင့်ရှောက်မှုကို မှီခိုလိုက်ပါခဲ့ရခြင်းဖြစ်ပါသည်။”

“ဒါဖြင့်ရင် မင်းတို့တွေ ငါနန်းတွင်းထဲအထိရောက်လာတာဟာ ငါ့နန်းတွင်းကြီးကိုပါ သမုဒ္ဓရာအောက် နောက်တစ်ထပ်က ငရဲအထိ ဆွဲချဖို့ မဟုတ်ဘူးလို့ပဲ ငါမျှော်လင့်ချင်တယ်။”

(ငရဲပြည်သည် နေဝင်ရာ အနောက်ဘက်၌သာ ဝင်ပေါက်ရှိသော်လည်း ပထဝီနယ်မြေကမူ ကမ္ဘာမြေ၏အနက်ရှိုင်းဆုံးသမုဒ္ဓရာ ကြမ်းပြင်၏အောက်ထဲတွင် ကျယ်ပြန့်စွာ တည်ရှိနေ၏။)

“အရှင်နဂါးမင်း ယခုဖြစ်နေသော ပြဿနာမှာ ကျွန်ုပ်တို့တပ်စုက ဖြေရှင်းနိုင်သော အရာတစ်ခုသာဖြစ်ပါသည်။ရေစွမ်းအင်ကိုမှီခိုသူအားလုံး ရေထဲနေ နတ်၊နဂါး၊သတ္တဝါအားလုံးကို ဘေးဖြစ်စေမည့် ဤကိစ္စမှာ ကျွန်ုပ်တို့ တပ်ခွဲက တားဆီးနိုင်သောပါးမွှားသာဖြစ်ပါ၏။”

“အလို...ယုံကြည်ချက်ရှိလှပါလား။အတ္တလန်တာလို လုပ်မလို့လား။”

“မဟုတ်ရပါ။မြစ်ကမ်းစပ်၊ချောင်းကမ်းစပ်၊ပင်လယ်ကမ်းစပ်တိုင်းကို စစ်ထိုးသိမ်းပိုက်ရုံဖြင့် ဤပြဿနာမှာ ရှင်းလင်းသွားမည်ဖြစ်ပါသည်။”
ဂိုလီ၏ လျှောက်တင်ချက်ကို အမတ်များက တီးတိုးဆွေးနွေးကုန်ကြ၏။ရေနဂါးမင်းက

“မင်းအကြံအစည်တစ်ခုလုံးကို ငါတို့လက်ခံအောင် ပြောနိုင်ရင် ငါတို့စဉ်းစားမယ်။မဟုတ်ရင်တော့ မင်းတို့ရဲ့ အတင်းနှောက်ယှက်ဝင်ရောက်မှုအတွက် သင်ခန်းစာ ကောင်းကောင်းပေးလိုက်ရလိမ့်မယ်။”

“အရှင်ရေနဂါးမင်း အခုဟာ သမုဒ္ဓရာအပါအဝင် ရေအောက်နေ နယ်မြေအားလုံးမှာရှိတဲ့ နတ်တွေ သတ္တဝါတွေ အကုန်လုံးအတွက် အရေးကြီးတဲ့ အခြေအနေဆိုတာ ပြောစရာမလိုလောက်အောင် သိသာပါတယ်။ဒီအခြေအနေမှာ မမျှမတ ဖိတိုက်လာမယ့် ရန်သူ့ထိုးစစ်ဟာ ခုခံဖို့ ခက်ခဲလွန်းပါတယ်။ဒီလိုပြောတာဟာ ရေနဂါးစစ်သည်တော်တွေကို မယုံကြည်လို့ နှိမ်ချစော်ကားတာမဟုတ်ရပါဘူး။နှစ်ပေါင်းများစွာ စစ်မဖြစ်ပဲ ငြိမ်ချမ်းနေခဲ့တဲ့ကာလတွေကို ထိန်းသိမ်းနိုင်ခဲ့ခြင်းမှာ ရေနဂါးစစ်သည်တော်တို့၏ ပေးဆပ်မှုတွေဟာ အလေးပြုထိုက်စဲသာဖြစ်ပါတယ်။သို့ပေမယ့် ယခုတိုက်ခိုက်မယ့်သူများမှာ သမုဒ္ဓရာရဲ့ မာယာကိုမသိလေတာမလို့ ဒီကိုကျုးကျော်တိုက်ခိုက်ကြမှာမဟုတ်ပေမယ့် ယခုလိုရေအလာလမ်းကြောင်းကိုဖြတ်တောက်ခြင်း ကမ္ဘာ့အပူချိန်ကို တိုးမြှင့်ခြင်းစသော ညစ်တီးညစ်ပတ် ကလေးသာသာအကွက်များဖြင့် တိုက်ခိုက်ခြင်းမှာ သမုဒ္ဓရာနေသူများအားလုံးကို စော်ကားလှောင်ပြောင်နေခြင်းဖြစ်ပါတယ်။ဒါကြောင့် ရေစပ်ဟုခေါ်သော် ကုန်မြေနှင့် ဆက်နွယ်သော နယ်စပ်ဂိတ်ရှိရာ ဒေသအားလုံးကို သိမ်းပိုက်နိုင်လျှင် သမုဒ္ဓရာရေလာလမ်းကြောင်းကို ဖြတ်တောက်သော ကိစ္စကို ရပ်တန့်နိုင်မည်ဖြစ်ပါသည်။”

ဤတွင် လက်ထောက်ကာ ခပ်တည်တည်ဖြင့် ကြည့်နေသော ရေနဂါးမင်းက တစ်ချက်ရယ်လိုက်ကာ

“အမောင်မင်းက နယ်စပ်ကိုတိုက်ခိုက်သိမ်းပိုက်ဖို့ ငါတို့ကို အကြောင်းပြချက်လာပေးနေတာဟာ ငါတို့ခွန်အားကို သုံးပြီး နယ်စပ်ကို အမောင်မင်းက ပိုင်စားနိုင်ဖို့ များလား။ဘာလဲ အမောင်မင်းက မြစ်ကိုမအုပ်စိုးရတော့တဲ့အခါမှာ နယ်စပ်တွေကို အုပ်စိုးပြီး ကြွယ်ဝတဲ့ နတ်တွေဆီကနေ အခွန်စားသုံးရသည်ကိုများ အားကျသွားလေလို့ပေလား။”

ဤတွင် ယူရေး(စ်)နပ်သခင်မက အနည်းငယ်ဒေါသဖြစ်သွားလေသည်။သို့သော် ဂိုလီက မျက်ရိပ်ပြကာ သူဆက်လုပ်ပါမည့်အကြောင်း သတိပေးလေသည်။

“အရှင်။ကျွန်ုပ်ဟာ ကမ္ဘာအရေးရာထူးတစ်ခုဖြစ်တဲ့ မြစ်စောင့်နတ်ရာထူးကို ပယ်ဖျက်ခံရပြီးသည်မှာ ကြာလှပါပြီ။ယခုအချိန်တွင် ကျွန်ုပ်သည် ကမ္ဘာ့အရေးလုပ်သူမဟုတ်ပါ။စစ်ရေးကို ဆောင်ရွက်သူ တပ်ခွဲမှူးဖြစ်ပြီး တပ်မှူးတစ်ယောက်အနေဖြင့်သာ ဤစစ်ဆင်ရေးကို ကူညီရန် ကမ်းလှမ်းနေခြင်းဖြစ်ပါသည်။”

(လူအခေါ် နိုင်ငံရေးသမားကို နတ်အခေါ်တွင် ကမ္ဘာအရေးလုပ်သူဟုခေါ်သည်။အကြောင်းမှာ အာဏာရှိနတ်တစ်ပါး၏ လုပ်ဆောင်ချက်တိုင်းသည် ကမ္ဘာကိုသက်ရောက်သည်သာဖြစ်၍ ကမ္ဘာအရေးလုပ်သောနတ်ဟု ခေါ်ဝေါ်ရပေသည်။)

“အဟေး...။ငါတော့မယုံပေဘူး။အမောင်မင်းသည် လူတွေအခေါ်အရဆိုလျှင် နိုင်ငံရေးသမားဖြစ်ပြီး လူနိုင်ငံရေးလုပ်သူများကဲ့သို့ အကွက်ရွေ့ခြင်းပညာကို ကျင်လည်ပြီးသာဖြစ်သည်ကို ကျွန်ုပ်သိသည်။အသင်သည် နတ်စစ်သည်တော်ဖြစ်သဖြင့် ပို၍ပင် သင်သည် သံသယဝင်စရာကောင်းလှသည်။ကမ္ဘာအရေး၊စစ်ရေး ဩဇာရှိသော နတ်တစ်ပါးသည် ကြောက်စရာကောင်းသည်ဟု ကျွန်ုပ် လူတွေဆီကနေ ပညာရခဲ့ပြီးဖြစ်သည်။”
ပြောလိုက်ရင်း ရေနဂါးမင်းက ပလ္လင်ပေါ်မှထလိုက်ပြီး သူ၏ နတ်နှင့်တူသော အသွင်မှ ရှည်မျောလှသော နဂါးကိုယ်ပြောင်းလိုက်ကာ ဂိုလီ့အနားကို ပတ်နေလေသည်မှာ စပါးကြီးမြွေက သားကောင်ကို ညှစ်သတ်ပြီး မျိုရန်ပတ်နေသည်နှင့် တူလှပေသည်။

“အမောင်မင်းသိလား။ငါသက္ကရာဇ်တစ်ခုမှာတွေ့ဖူးတယ်။အဲ့တုန်းက မြန်မာနိုင်ငံလို့ခေါ်တဲ့ လူတွေနေကြတဲ့ နိုင်ငံကြီးတစ်ခုရှိတယ်။အဲ့တုန်းက ငါက အဲ့ဒီ့နိုင်ငံက ဧရာဝတီလို့ခေါ်တဲ့ မြစ်ကို ပိုင်စားတဲ့ နဂါးတစ်ကောင်အဆင့်ပဲရှိသေးတာပေါ့။အဲ့မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမားတွေ၊စစ်သားတွေကို မြင်ဖူးတယ်။အဲ့မှာ စိတ်ဝင်စားစရာအကောင်းဆုံး လူတစ်မျိုးက စစ်ထွက်နိုင်ငံရေးသမားပဲ။သူတို့က လက်ထဲမှာ လက်နက်ရှိတယ်။လက်နက်ကထွက်တဲ့ အာဏာကိုဆုပ်ကိုင်နိုင်ကြတယ်။လူ့သက်တမ်း၆၀ကျော် အဲ့အာဏာကို ထိန်းသိမ်းပြီး မြန်မာတစ်နိုင်ငံလုံးကို အုပ်စိုးနိုင်ခဲ့ကြတယ်။ဗိုလ်ချုပ်တွေအုပ်ချုပ်တဲ့ တိုင်းပြည်တစ်ခုအနေနဲ့ အနှစ်၆၀လုံး ဒီလူတွေ စိတ်ထဲ ငါကြည့်ခဲ့တယ်ကွ၊မင်းသိလား။ဘယ်သူကမှ ကုသိုလ်စိတ်တစ်ခုတောင်မမွေးနိုင်ကြပဲ သေကုန်ကြရှာတယ်။”

(ဤတွင် ၎င်းတို့မျိုးနွယ်များအားလုံးအပေါ် ကြီးစိုးသော အုပ်ချုပ်ရေးစနစ်အား အကြမ်းဖျင်းရှင်းပြရလျှင် ဂြိုလ်ကိုးလုံးအပါအဝင် နေတွင်နေသော နတ်သားများ၏အုပ်ချုပ်ရေးစနစ်မှာ အများအားဖြင့် ပဒေသရာဇ်စနစ်ဖြစ်သည်။ထိုပဒေသရာဇ်စနစ်ကို လက်မခံနိုင်သဖြင့် တွန်းလှန်ခဲ့သော ဂြိုလ်များမှာ ဗုဒ္ဓဟူးဂြိုလ်၊သောကြာဂြိုလ်၊ကမ္ဘာဂြိုလ်နှင့် စနေဂြိုလ်တို့ဖြစ်ကြပြီး ကမ္ဘာဂြိုလ်တစ်ခုထဲကသာ ဒီမိုကရေစီ၊ကိုယ်ပိုင်အုပ်ချုပ်ရေးကို တည်ဆောက်နိုင်ခဲ့ပြီး ကျန်ဂြိုလ်သုံးခုမှာ ကွန်မြူနစ်စနစ် အုပ်စိုးခဲ့၏။ထိုနေသက္ကရာဇ်အတွင်းက အရှင်နေမင်းမှာ သူခန့်အပ်သော ဘုရင်များကို နန်းချခဲ့ခြင်းကို အမျက်တော်ရှကာ ညီလာခံတွင် ပေးထားသော ဂြိုလ်အမှတ်အသားဖြင့် ထိုင်ခုံများကို အာကာသထံလွှင့်ပစ်ခဲ့လေသည်။သို့သော် တစ်စတစ်စ ခွန်အားကြီးလာသော ထိုဂြိုလ်များက သူ့အား တော်လှန်မည်စိုးလှသဖြင့် ညီလာခံတွင် ပြန်လည်ခေါ်ယူကာ အသိအမှတ်ပြုခဲ့ရလေသည်။

ကမ္ဘာတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး၊ဒီမိုကရေစီကို ဖန်တီးခဲ့သော်ငြား စစ်မှန်ပြီး စံနှုန်းမှီတော့ မဟုတ်ချေ။ကမ္ဘာ၌ နေသက္ကရာဇ်ကို မှီကာ တွက်ချက်သော ပင်လှည့်ဘင်လှည့်ဟူ၍ရှိသည်။

ပင်လှည့်ရောက်သော သက္ကရာဇ်တွင် ကမ္ဘာကိုအုပ်ချုပ်မည့် ကမ္ဘာစောင့်နတ်မင်းကို ကမ္ဘာနေနတ်သား နတ်သမီးအားလုံးနှင့် အခြားမျိုးနွယ်စုအားလုံးက ရွေးချယ်တင်မြောက်ရပြီး ထိုတင်မြောက်ခံရသော ကမ္ဘာစောင့်နတ်မင်းက မီး၊လေ၊ရေ၊မြေအသီးသီးတို့၏ပိုင်စားသူများ ခွဲခြားထားသော အရပ်မျက်နှာအမျိုးမျိုးမှ နယ်မြေမှူးအဆင့်ဆင့်တို့ကို ရွေးချယ်ရလေသည်။ဂိုလီကား ပင်လှည့်တွင် ကမ္ဘာဂြိုလ်စောင့်နတ်မင်းက ရွေး၍ မြစ်စောင့်နတ်သားဖြစ်ခြင်းဖြစ်ပြီး ဧရာဝတီစောင့်နဂါးမှာ သမုဒ္ဓရာအောက်ခြေမှ ရေနဂါးမင်းဖြစ်လာရခြင်းဖြစ်လေသည်။ကံဆိုးသည်မှာ ဂိုလီကား ရွှာစောင့်နတ်ကိုသတ်မှုနှင့် ရွှာစောင့်နတ်ပိုင်သောရွှာလေူးကို ရေမြုပ်မှုကြောင့် အရိုက်အရာဆုံးရှုံးခဲ့ရသည်။

ဘင်လှည့်တွင်မူ ပင်လှည့်တုန်းက တင်မြှောက်ထားသော ကမ္ဘာဂြိုလ်စောင့်နတ်မင်းက အာဏာမစွန့်ရပေ။အကယ်၍ အသက်အရွှယ်ကြီးရင့်၍ တာဝန်မထမ်းဆောင်နိုင်က ၎င်း၏သားသမီးမြေးမြစ်တို့ကို အာဏာလွှဲပေးရသည်။နတ်သား နတ်သမီးများမှာ ဘာမှလုပ်ပိုင်ခွင့်မရှိချေ။သို့သော် ၎င်းတို့၏ အရပ်မျက်နှာအသီးသီးမှ နယ်မြေမှူးများကိုသော်လည်းကောင်း မီး၊လေ၊ရေ၊မြေအသီးသီးတို့၏ပိုင်စားသူများကိုမူ ပြန်လည်ရွေးချယ်ခွင့်ရှိလေသည်။

ကမ္ဘာ၌သာထိုကဲ့သို့စနစ်မျိုးရှိပြီး အခြားဂြိုလ်များမှာမူ ထီးတက်နန်းတက်ဘုရင်များကို ဖင်ထောင်ကန်တော့နေကြရစဲဖြစ်၏။)

ထို့နောက် ဂိုလီ့မျက်စိရှေ့တည့်တည့်သို့ ကပ်လိုက်ကာ စူးရှသော ကျောက်စိမ်းမျက်လုံးများဖြင့် ကြည့်နေရင်း

“မင်းက အဲ့ဗိုလ်ချုပ်တွေကို အားကျလို့ တန်ခိုးစွမ်းအင်နဲ့ ဒီကမ္ဘာကိုကော အာဏာသိမ်းထားဖို့ စိတ်ကူးရှိနေတာလား။”

ဂိုလီကတော့ ကြောက်ရွံ့ဟန် လုံးဝမပြပဲ

“ကျုပ်က စေတန်ဘုရင်လိုလူစားမဟုတ်သလို အဲ့ဒီအဝီစိငရဲမှာ ရောက်နေကြတဲ့ လူသားအာဏာရှင်တွေလိုလည်း လုံးဝမဟုတ်ဘူးဆိုတာကို နတ်တစ်ပါးရဲ့ သိက္ခာနဲ့ ကျိန်ဆိုရဲတယ်။”

“ဟုတ်ရဲ့လား။စေတန်ဘုရင်လည်း နတ်ပါပဲ သို့ပေမယ့် နတ်တစ်ပါးရဲ့ သိက္ခာနဲ့မညီတာတွေ လုပ်ပြီး အခုလည်း အာဏာကို ဆုပ်ကိုင်နိုင်နေတာပဲလေ။ပြောပါဦး မင်းတို့နတ်တွေက ကျိန်ဆိုပြီး ဖောက်ဖျက်ရင် ဘယ်သူက အပြစ်ပေးနိုင်လို့လဲ။”
ဤတွင် အနောက်မှသူများရော အမတ်များပါ ဘာဖြစ်ကြတော့မလဲ စိတ်ပူနေကြလေပြီ။ရေနဂါးဘုရင်သည် အမျိုးတူနဂါးများကိုရော နတ်များကိုရော ယုံကြည်သူမဟုတ်ပါချေ။ဂိုလီကတော့ စိတ်မလျှော့ပဲ

“အရှင်ယခုလို အယုံအကြည်မရှိဘူးဆိုလျှင်တော့ ကျွန်ုပ်၌ ဘာမှပြောစရာမရှိပါ။”
ပြောလိုက်ရင်း ဂိုလီက လက်ထဲတွင် ရေနဂါးဓါးကို ဖန်ဆင်းလိုက်လေသည်။သူ၏ အပြုအမူကို အားလုံးအံ့အားသင့်သွားလေသည်။
(လွန်လေပြီးသော နေသက္ကရာဇ်က ရေ၊လေ၊မီး၊မြေမှစ၍ အခြားသော နဂါးမျိုးနွယ်များမှာ နဂါးကုန်ကူးခြင်းခံခဲ့ရကာ နဂါးများကို အိမ်မွေးတိရစ္ဆာန်များကဲ့သို့ မွေးမြူခြင်း လက်နက်ပြုလုပ်ရန် အသုံးချစီရင်ခြင်း နဂါးမများကိုဆိုလျှင် ပျော်တော်ဆက်ရုံကဲ့သို့ အနောက်ရပ်နေ မကောင်းဆိုးဝါးများ၏နယ်မြေမှ နေရာများသို့ရောင်းချခြင်း စသော ယုတ်ညံ့သော လုပ်ရပ်များကို မကောင်းဆိုးဝါးများသာမက နတ်အချို့ကပါ ပြုလုပ်ခဲ့ဖူးလေသည်။ကမ္ဘာဂြိုလ်စောင့်နတ်မင်းက ထိုယုတ်ညံ့သော လုပ်ရပ်များကို နှိမ်နှင်းရန် နတ်စစ်သည်တော်အများအပြားဖြင့် အနောက်အရပ်သို့ စစ်ချီကာ တိုက်ခိုက်ခဲ့လေသည်။ထို့နောက် နဂါးအနွယ်ဝင်များကို ရာထူးအာဏာများပေးခြင်းဖြင့် ထိုနဂါးများ၏ ဂုဏ်ရှိန်ဂုဏ်ဝါများကို မြှင့်တင်ပေးခဲ့လေသည်။)
အမတ်တစ်ပါးက ကြောက်လန့်ခြင်း၊အံ့ဩခြင်းတို့အပြင် ဒေါသဖြစ်ခြင်းတို့ပါ ရောထွေးလျက်

“မင်း...မိုက်ရိုင်းလိုက်တာ ငါတို့ရေနဂါးတွေရှေ့မှာ လက်နက်ဖြင့် အပြုလုပ်ခံထားရတဲ့ နဂါးကို ထုတ်ပြတယ်ပေါ့။ငါတို့ကို နဂါးအချင်းချင်း ပြန်သတ်ရအောင်လုပ်မလို့လား။”
ဂိုလီကမူ ဘာမှမပြောသေးပဲ ပါးစပ်မှအစီအမံကို ရွှတ်လိုက်ရာ ဓါးထဲမှ နဂါးမှာ ထွက်လာပြီး ဟိန်းဟောက်သံများပြုလုပ်ကာ အနီးပတ်ဝန်းကျင်ကို ပတ်ပြေးနေလေသည်။အခြားသူများလည်း အလန့်တကြား ကြည့်နေရင်း ရေနဂါးမင်းက ထိုနဂါးကို မှတ်မိသွားကာ နဂါးဘာသာစကားဖြင့် နှမတော်ဟု အဓိပ္ပာယ်ရသော စကားကို ရေရွတ်လိုက်ရာ အခြားနဂါးအမတ်များလည်း တစ်ညီတစ်ညာထဲ အရိုအသေပေးကုန်ကြလေသည်။

(နဂါးဘာသာစကားဖြင့်)
“နှမတော်...ဒီကြာလွန်းလှတဲ့ နှစ်ပေါင်း ရာနဲ့ချီတဲ့ကာလတွေအတွင်း ဘယ်ကိုများရောက်နေခဲ့တာလဲ။”

“အကိုတော်...နှမတော်ဟာ ဓါးလက်နက်အဖြစ်ထွင်းထုခြင်းခံခဲ့ရပါတယ်။ဒါပေမယ့် ဓါးအဖြစ်နှစ်ရာချီကြာတဲ့အထိနေခဲ့ရပြီး ကမ္ဘာဂြိုလ်စောင့်နတ်မင်း သုံးဆက်ခန့်ပြောင်းသော်လည်း ပိုင်ရှင်မရှိခဲ့ပါ။နောက်ဆုံးကမ္ဘာဂြိုလ်စောင့်မင်းလက်ထက်မှာ မြစ်စောင့်နတ်သားဂိုလီ၏ ဓါးလက်နက်အဖြစ် တိုက်ပွဲတွေမှာ ပါဝင်ထမ်းဆောင်ခဲ့ရပါတယ်။”

အကိုတော်ဖြစ်သူ ရေနဂါးမင်းမှာ မျက်ရည်များပင်စို့လျက်ရှိလေသည်။

(ရှင်ဘုရင်များမှာ အများသူငှာရှေ့တွင် သော်လည်းကောင်း နောက်ကွယ်တွင်လည်းကောင်း ဝမ်းနည်းလျှင်တောင် မျက်ရည်ကျကြလေ့မရှိချေ။ရှားရှားပါးပါး မျက်ရည်ကျခဲ့လျှင်လည်း စာပေပညာရှင်များက ရှင်ဘုရင့်အတွက် ငိုချင်းကို ရေးစပ်ကာ ရှင်ဘုရင်၏ ငိုကြွေးခြင်းကို မှတ်တမ်းတင်ကြပေလေသည်။)

“ငါ့နှမတော် အခုကစပြီး နန်းတော်မှာ အဆောင်အယောင်ခမ်းခမ်းနားနားနဲ့ ချမ်းသာစွာစံစားစေရမယ်။စိတ်လက် မချမ်းမသာဖြစ်စရာမလိုတော့ဘူး။”
ဤတွင် အနောက်မှ ကြည့်နေကြသူ ဂျီတတို့သုံးယောက်မှာ

“ဂိုလီရဲ့ဓါးထဲက နဂါးက အမကြီးပေါ့။”

“အေးပေါ့ဟ။”
ဟူ၍ အချင်းချင်းတီးတိုး အတင်းတုပ်နေကြပေသေးသည်။

နှမတော် နဂါးမလေးမှာမူ ခေါင်းကိုခါလျက်
“အကိုတော်နဲ့ အခုလိုပြန်တွေ့ရတာဟာ မဖြစ်နိုင်သော အခွင့်အရေးကိုရရှိခဲ့တာဖြစ်ပါတယ်။ဒါဟာ ကျွန်မရဲ့ ပိုင်ရှင် ဂိုလီရဲ့ ကျေးဇူးပါ အကိုတော်။သူ့ကို အကိုတော် အစောကပြောနေသကဲ့သို့ မလေးမစားမပြုမူပါနဲ့။ဂိုလီက အကိုထင်သလို ကမ္ဘာ့အရေးလုပ်သူမဟုတ်ပါဘူး။သူပိုင်ရာ မြစ်ထဲမှာ ဆိတ်ငြိမ်စွာ နေလေ့ရှိပြီး ယခုနတ်စစ်သည်တော်ဖြစ်သောအခါတွင်လည်း ထီးနန်လုဘုရင်ဖြစ်သည့် စေတန်ဘုရင်ကို ဆန့်ကျင်တိုက်ခိုက်နေသော ရှားပါးတော်လှန်ရေးသမားကြီးဖြစ်ပါသည်။ထို့အပြင် နှမတော်ဟာလည်း သူ၏လက်နက်အဖြစ် သစွာခံခဲ့ပြီးဖြစ်၍ သူ့အတွက်ဆက်လက်တိုက်ခိုက်နေရဦးမည်ဖြစ်ပါသည်။”
ဤတစ်ခါတွင်မူ ရေနဂါးဘုရင်က ဘာမှမတုံ့ပြန်နိုင်တော့ချေ။အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ

“တပ်ခွဲမှူး ဂိုလီ။”

ရှားရှားပါးပါး ယခုတစ်ခါမှသာ ဂိုလီ၏ရာထူးကိုထည့်ခေါ်လေတော့သည်။

“မင်းပြောသလို ရေစပ်နယ်မြေတွေကို ငါတို့တိုက်ပေးမယ်ဆိုရင် ငါတို့က ဘာရမှာလဲ။”
ရှင်ဘုရင်တစ်ပါးက ကြေးစားသဖွယ်၊စီးပွားရေးသဖွယ်ပြောနေသည်မှာ အမှန်တော့ အထူးအဆန်းမဟုတ်လှချေ။အကြောင်းမှာ လူ့အခေါ် နိုင်ငံရေးသမား နတ်အခေါ် ကမ္ဘာအရေးပြုလုပ်သူများအတွက် အကောင်းဆုံးစံနှုန်းမှ, ငါ့ဖို့ နံပါတ်တစ်သာဖြစ်ပါလေ၏။ငါပြီးမှ ငါ့တိုင်းပြည်/ငါ့ကမ္ဘာ စဉ်းစားပေမည်။အကယ်၍ နိုင်ငံရေးသမားတစ်ယောက် ကမ္ဘာအရေးပြုလုပ်သူနတ်တစ်ပါးမှာ သူ့ဖို့ထက် ကမ္ဘာအဖို့၊နိုင်ငံအဖို့ စဉ်းစားသည်ဟုထင်ရက ဤသည်မှာ ထိုကမ္ဘာအရေးပြုလုပ်သူနတ်၊နိုင်ငံရေးသမား၏ ကျွမ်းကျင်သော အကွက်ရွေ့မှုကောင်းတစ်ခုဖြစ်ပြီး ကျင်လည်သည်ဟု သတ်မှတ်နိုင်ပေသည်။ယခုလည်း ရေနဂါးမျိုးနွယ်စုအကျိုးအမြတ်အတွက် မေးသည်ဟု ထင်ရသော မေးခွန်းမျိုးကို မေးလင့်ကစား အမှန်မှာ ရေနဂါးမင်း၏အကျိုးအတွက် မေးသည်ကို ဂိုလီက လည်ဝယ်သူဖြစ်သည့်အလျောက် သိပေသည်။ထို့ကြောင် ရေနဂါးမင်း၏နှမတော်ကိုလည်း လွတ်လပ်ခွင့်ပေးမည့်အကြောင်း အပေးအယူလုပ်ကာ သဘောတူခဲ့ကြရလေသည်။

ထို့နောက် ရေနဂါးမင်းက သူ၏စစ်ရေးစစ်ရာ အမတ်ကြီးကို ဂိုလီနှင့်အတူ စစ်ချီထွက်ရန် စေလွှတ်လေသည်။အကိုတော်ဖြစ်သူက တားပါသော်လည်း နှမတော်နဂါးမလေးမှာ ဤတိုက်ပွဲတွင် ထပ်မံလိုက်ပါခွင့်တောင်းဆိုလေသည်။နောက်ဆုံး၌ ဤတိုက်ပွဲသည် နောက်ဆုံးစေလွှတ်ခွင့်ပေးမည့်တိုက်ပွဲဖြစ်ကြောင်းကို ဂိုလီကော ရေနဂါးမင်းကပါ ကတိတောင်းပြီး ခွင့်ပြုခဲ့ရလေသည်။

“အရှင်...အရှင့်ကို အခုလို အပြင်မှာ သေချာမြင်ဖူးခွင့်ရတာ ကျွန်မအင်မတန်ကံကောင်းတာပဲ။”
နဂါးမလေးမှာ ဂိုလီ့ကို ပြုံးပြုံးလေးကြည့်ကာ ပြော၏။နဂါးမလေးမှာ ကိုယ်လုံးကိုယ်ပေါက်တောင့်တင်းလှပြီး သူ၏နဂါးဝတ်စုံနှင့် အရမ်းလိုက်ဖက်သည်ဟု ထင်မှတ်ရသည်။သူ၏ မျက်လုံးများမှာ ရေနဂါးတိုင်း၏ မျက်လုံးများကဲ့သို့ ကျောက်စိမ်းရောင်ဖြင့် တောက်ပနေလေသည်။

(နဂါးအစေခံ၊လက်နက်များဖြစ်သွားကြသူများမှာ ၎င်းတို့သခင်ကို ကိုယ်တိုကိုယ်ကျ မြင်ဖူးသူဟူ၍ မရှိသလောက်ရှားပါပေသည်။)

သူ၏အကြည့်မှာ ဂိုလီ့အား အစေခံတစ်ယောက်က သူ့ကိုကြင်ကြင်နာနာဆက်ဆံသော သခင်ကို သံဃောဇဉ်တွယ်သော အကြည့်မျိုးဖြင့် ကြည့်ခြင်းဖြစ်သည်ကို ဂိုလီတို့ အားလုံးသတိထားမိကြလေသည်။နဂါးမလေးမှာ တပ်စုမှ အခြားသူများကိုရော ယူရေး(စ်)နပ်သခင်မကိုရော ကောင်းကောင်းသိနေလေသည်။ထို့နောက် နဂါးမလေးက

“အရှင်...အရဲစွန့်ပြီး တစ်ခုလောက် တောင်းဆိုပါရစေ။”
ဂိုလီက နဂါးမလေးအား ပြုံးကြည့်လိုက်ရင်း

“မင်းက ငါ့ရဲ့ လက်နက်အဖြစ် နှစ်အကြာကြီး နေခဲ့ပြီး တိုက်ပွဲတွေကိုတောင် အတူတူတိုက်ခဲ့သေးတာပဲ။တစ်ခုလောက်တောင်းဆိုတာကတော့ မဖြည့်ဆည်းနိုင်စရာမရှိပါဘူး။ပြောပါ။”

“ကျွန်မတို့နဂါးများမှာ မှတ်ဉာဏ်သိပ်ကောင်းလှသည့်သူများမဟုတ်ကြပါ။ထို့ကြောင့် ကျွန်မရဲ့အကိုတော်ရော ကျွန်မပါ နာမည်ရင်းတွေကို မေ့ပျောက်ခဲ့ကြပြီဖြစ်ပါတယ်။အကိုတော်က ဘုရင်ဖြစ်ချိန်မှာ နာမည်အသစ် မှည့်ခေါ်ခံခဲ့ရပေမယ့် ကျွန်မဟာ မွေးကတည်းက လက်နက်လုပ်ဖို့ ထုဆစ်ခံရသောကြောင့် နာမည်မရှိခဲ့ပါ။သို့ကြောင့် ကျွန်တော်မျိုးမကို အရှင်က နာမည်တစ်ခုလောက် ချီးမြှင့်ပေးဖို့တောင်းဆိုပါရစေ။”

ဂိုလီက ပြုံးလိုက်ကာ

“အဲ့တာ မင်းရဲ့အကိုတော်က ပေးတာ ပိုမကောင်းဘူးလား။”

“အရှင်...သူကကျွန်မအကိုမှန်သော်လည်း သွေးသားအာရုံခံနိုင်မှုကြောင့်သာ မှတ်မိခြင်းဖြစ်ပြီး တစ်သက်လုံးမမြင်ခဲ့ဖူးရသော အကိုတော်ဖြစ်ပါသည်။အရှင်ကတော့ ကျွန်မနှင့် တလျှောက်လုံးတိုက်ပွဲအတူတိုက်ခဲ့သော သူရဲကောင်းဖြစ်ပါသည်။အရှင်၏လက်နက်ကို အရှင်ကိုယ်တိုင် နာမည်ပေးမှသာ သင့်လျော်မည်ဟု ယူဆပါသည်။
ဤသို့ဖြင့် ဂိုလီက ထိုနဂါးမလေးကို နာမည်ပေးခဲ့သည်။နာမည်မှာ မိုးညိုဖြစ်၏။

ဂျီတတို့ သုံးယောက်က ဂိုလီနှင့် ထိုနဂါးမကို ကြည့်ရင်း စိတ်ထဲ မတင်မကျဖြစ်နေကြပုံရ၏။အထူးသဖြင့် ဂျီတက ပို၍ဆိုးပေဦးမည်။ထိုနဂါးမကို မြင်လျှင် သူ၏သူငယ်ချင်းကို သတ်ခဲ့သော သူအဖြစ် ဂိုလီကိုကော မိုးညိုကိုကော မုန်းလာလေသည်။သူတို့၏လက်အောက်က နတ်စစ်သည်တော်ဖြစ်ရသည်ကိုလည်း နာကျင်သော စိတ်များဖြစ်လာလေသည်။

သမုဒ္ဓရာမှ ပင်လယ်သို့ နဂါးရှေ့ပြေးတပ်နှင့်အတူ ဂိုလီတို့ ဖြတ်ကျော်လာခဲ့ပြီးနောက် ပင်လယ်ထဲသို့စေလွှတ်ထားသော စေတန်ဘုရင်လက်အောက်ခံတပ်များဖြင့် တိုက်ပွဲဖြစ်ပွားခဲ့လေသည်။ပင်လယ်ကို ကျင်လည်သူများဖြစ်သည့် နဂါးများက အနိုင်ရခဲ့၏။ထို့နောက် ကမ်းစပ်သို့ ချီတက်လာသော သတင်းမှာ စေတန်ဘုရင့်ထံ ရောက်လာလေသည်။

“နဂါးတွေကိုများ ဘာခက်လဲ။ဂဠုန်တွေလွှတ်လိုက်။”


(Zawgyi)

အခန္း(၁၁)


အေရွ႕တိုင္းေဒသသည္ လူသားမ်ားအၾကား ဘာသာတရားမ်ားထြန္းကားလာေစခဲ့ေသာ ေဒသျဖစ္သည့္အေလ်ာက္ အမ်ိဳးမ်ိဳးေသာ ကိုးကြယ္မႈျပဳၾကေသာ လူသားမ်ားေနရာ အာရွတိုက္ႀကီးမွာ အထင္အရွားရွိပါေပသည္။ထိုအာရွတိုက္၌ နတ္အမ်ိဳးမ်ိဳးကို ကိုးကြယ္သူေပါင္း သန္းႏွင့္ခ်ီရွီရာ နတ္မ်ားအတြက္ အင္မတန္ ေပ်ာ္ဖြယ္ေကာင္းရာ အရပ္ေဒသတစ္ခုျဖစ္ေလသည္။


ေစတန္ဘုရင္က ကမာၻကို သိမ္းယူကာ ထီးနန္းကို လုယူခဲ့ၿပီးေနာက္တြင္ နတ္မ်ားအားလုံးကို အစဥ္အဆက္ျဖန႔္ေဝေပးေနေလ့ရွိေသာ ဓါတ္ႀကီးေလးပါးစြမ္းအင္ႏွင့္ အျခားဆင့္ပြားခြဲထြက္လာခဲ့ေသာ မေရမတြက္ႏိုင္လွေသာ စြမ္းအင္မ်ားကို ပိတ္ပင္ပစ္ေလေတာ့သည္။နတ္မ်ားမွာ ေျမေပၚလမ္းေလွ်ာက္ၾကရ႐ုံမက အရင္ကဲ့သို႔ လူသားမ်ားအား ေစာင့္ေရွာက္ကာကြယ္ေပးရေသာ တာဝန္မ်ားကို မထမ္းေဆာင္ႏိုင္ေတာ့ပဲ အေရာင္အဝါမ်ားပါ က်ဆင္းသြားကာ လူသားမ်ားႏွင့္ မတူ႐ုံတမယ္သာက်န္ေတာ့သည္။ဤတြင္ အားလုံးက မေက်နပ္ခ်က္မ်ားျဖင့္ ဆန႔္က်င္ရန္ႀကိဳးစားၾကေလေတာ့သည္။အထူးသျဖင့္ အတၱလန္တာနယ္ေျမကို ကာကြယ္ေသာတိုက္ပြဲသည္ သူတို႔၏ ေတာ္လွန္ဆန႔္က်င္ေရးကို ပိုမိုတက္ႂကြလာေစေသာ ေအာင္ပြဲတစ္ခုအျဖစ္ မွတ္ယူၾကေလသည္။


ေစတန္ဘုရင္က သူ၏စေနၿဂိဳလ္ဖြား နတ္စစ္သည္ေတာ္မ်ားကို ျဖန႔္က်က္အၿပီးတြင္ အဆိုးဆုံးေသာ သတ္ျဖတ္မႈမ်ားစြာ ျဖစ္ေစၿပီးေနာက္ ဆန႔္က်င္ေတာ္လွန္မႈႀကီးတစ္ခုမွ ေန႔ခ်င္းညခ်င္းတြင္ပင္ ဘယ္တုန္းကမွ မျဖစ္ဖူးခဲ့သလို အားလုံးမွာ တိတ္ဆိတ္သြားေစေလသည္။


ဤတြင္ ေစတန္ဘုရင္က စြမ္းအင္မ်ားကို ျပန္လည္ျဖန႔္ေဝခြင့္ေပးလိုက္ကာ လူသားမ်ားအား ကာကြယ္ေစာင့္ေရွာက္ျခင္း တာဝန္မ်ားကို ပုံမွန္ျပန္လည္လုပ္ကိုင္ႏိုင္ေစရန္ ျပဳလုပ္သည္။စြမ္းအင္မ်ား ျဖန႔္ေဝသည့္အထဲတြင္ တိုက္ခိုက္​ေရးစြမ္းအင္ေတာ့ လုံးဝမပါေခ်။ဤတြင္ အားလုံးက အေၾကာက္တရားႏွင့္ ႐ိုး႐ိုးရွင္းရွင္းလွည့္ကြက္ေလးတစ္ခုသာျဖစ္ေသာ ပရိဃာယ္ေအာက္တြင္ ေမ်ာပါသြားေလရင္း က်န္ခဲ့ရေတာ့သည္။


အခ်ိဳ႕ေသာ နတ္တို႔မွာမူ စိတ္မေျပာင္းလဲ ဆက္လက္ဆန႔္က်င္သြားရန္ ဆုံးျဖတ္ကာ လွ်ိဳ႕ဝွက္စြာ ေတာ္လွန္ဆန႔္က်င္ၾကသည္။သို႔ေသာ္ တစ္ခ်က္မိသြားေလသည္ႏွင့္ အသက္ရွင္ဖို႔ အခြင့္အေရးမရွိေပ။နတ္သမီး၊နတ္သား အမ်ားေရွ႕တြင္ ခ်ဳပ္ေႏွာင္၊ဗိုက္ကိုခြဲၿပီး အူအလိပ္လိုက္ဆြဲထုတ္၊ႏွလုံး၊အသည္းတို႔ကို တစ္ခုခ်င္း ဆြဲထုတ္ကာ ဗိုက္ပြင့္ေဟာင္းေလာင္းအတိုင္း ပစ္ခ်ခဲ့ျခင္းနည္းျဖင့္ သတ္ျဖတ္ျပေလ့ရွိေလသည္။နတ္သား၊နတ္သမီးအေပါင္းမွာေတာ့ ေၾကာက္႐ြံ ႐ြံရွာလွသျဖင့္ တစ္ဖက္သာ လွည့္ထြက္သြားရင္း မိမိတို႔ကိစၥ မိမိတို႔ျပန္လည္လုပ္ကိုင္ၾကျခင္းျဖင့္သာ တတ္ႏိုင္ၾကေလသည္။ရင္နာဖြယ္ေကာင္းလွပါေပ၏။

နတ္မ်ားမွာ အစားစားရန္ မလိုအပ္သည္ျဖစ္ရာ အစားအေသာက္ေရာင္းခ်ခြင့္ကိုပိတ္ပင္ေစခဲ့သည္။အစားအေသာက္ကား တိုက္ခိုက္ရန္စြမ္းအားကို တိုးျမင့္ေပးသည္ျဖစ္ရာ တိုက္႐ိုက္မေျပာေသာ္လည္း အားလုံးက အစားအေသာက္ကိုပိတ္ပင္ရျခင္းအေၾကာင္းကို ေကာင္းေကာင္းသိသည္သာျဖစ္သည္။သို႔ေသာ္ မည္သူမွ ေစာဒက မတက္ႏိုင္ၾက။အစားအေသာက္ေရာင္းသူမ်ားမွာ အမ်ားအားျဖင့္ အဆင့္နိမ့္နတ္ငယ္မ်ားျဖစ္၍ အစားအေသာက္ေရာင္းရာတြင္ ဒဂၤါးျပားမ်ားျဖင့္ ေရာင္းခ်ေလ့ရွိေလသည္။ထိုဒဂၤါးျပားျဖင့္သာ ၎တို႔ေနထိုင္ရာအတြက္ အဖိုးအခကို ေပးဆပ္ႏိုင္မည္ျဖစ္ေလသည္။


(အဆင့္နိမ့္နတ္မ်ားသည္ အဆင့္ျမင့္နတ္မ်ားပိုင္ဆိုင္ရာ ေနရာ(သစ္ပင္၊လမ္း၊အိမ္ စသည္)ကိုငွားေန႐ုံမွ အပ အျခား ေနစရာေနရာမရွိေခ်။သို႔ျဖစ္၍ စြမ္းအင္တိုးေစေသာ အစားအေသာက္ဖန္တီးနည္းကို သင္ယူကာ ဒဂၤါးျပားေငြေၾကးစနစ္ျဖင့္ ေရာင္းခ်ကာ ၎တို႔ေနထိုင္ရာေနရာအတြက္ အဖိုးအခေပးၾကရေလသည္။အဆင့္ျမင့္နတ္မ်ားမွာမူ အုပ္ခ်ဳပ္သူလူတန္းစားမ်ား အသီးသီးျဖန႔္က်က္ခြဲေဝေပးထားေသာ ေနရာ၌ အသင့္ေနထိုင္ၾကရေလသည္။အမ်ားအားျဖင့္ အုပ္ခ်ဳပ္သူမ်ားက ခ်ေပးေသာ တာဝန္အမ်ိဳးမ်ိဳးကို ထမ္းေဆာင္ၾက႐ုံျဖင့္ သက္ေတာင့္သက္သာ ေနထိုင္ၾကရေလသည္။)

သို႔ျဖစ္ရာ သူတို႔ျပႆနာကို မည္သူကမွ ဂ႐ုစိုက္ၾကမည္မဟုတ္။အဖိုးအခမေပးႏိုင္က ႏွင္ထုတ္ၾကကာ မသိခ်င္ေယာင္ေဆာင္ကုန္ၾကေလသည္။အဆင့္ျမင့္နတ္မ်ားအဖို႔လည္း ေစတန္ဘုရင္က ယခင္ကဲ့သို႔ ေနစရာခ်ေပးကာ တာဝန္လည္းခ်ေပးျပန္သည္။မိမိဘုံမေပ်ာက္႐ုံေလာက္သာ ေခါင္းထဲရွိသူတို႔မွာ အဆုံး၌ အရွက္မဲ့စြာ သစြာခံကုန္ၾကေလေတာ့သည္။


ဤတြင္ အဆင့္နိမ့္နတ္မ်ားက မေက်နပ္ၾကသျဖင့္ ေျမေအာက္ေတာ္လွန္ေရးသမားမ်ားျဖင့္ ပူးေပါင္းကုန္ၾကေလရာ အေရွ႕တိုင္းနယ္ေျမ၏ ေတာ္လွန္ေရးတပ္စုႀကီးျဖစ္လာၿပီး ကံေကာင္းေထာက္မစြာ ဂိုလီျဖင့္ ဆက္သြယ္မိသြားၾကရျခင္းျဖစ္ေလသည္။



တိုက္လိုေသာ ဆႏၵရွိၾကေသာ္ျငား နတ္စစ္သည္ေတာ္ပညာသင္ၾကားဖူးသူမ်ားမဟုတ္ၾကေလရာ အထူးသျဖင့္ အဆင့္နိမ့္နတ္မ်ားမွာ ပို၍ပင္ ဆိုးေပေသးသည္။တိုက္ခိုက္ေရးႏွင့္ပတ္သက္၍ ဘာမွ်သိၾကသည္မဟုတ္ေခ်။သို႔ေသာ္ သူတို႔ကား တိုက္ခိုက္ေရးစြမ္းရည္ကို တိုးျမႇင့္ေပးေသာ အစားအေသာက္မ်ိဳး ဖန္တီးရာတြင္ တစ္ဖက္ကမ္းခတ္ေတာ္ၾကေလသည္။


ယခင္က နတ္မ်ားမွာ နယ္ေျမတစ္ခုႏွင့္ တစ္ခုဆီကိုပင္ ဥဒဟိုသြားလာႏိုင္ေနရင္းမွ လုံၿခဳံေရးတင္းၾကပ္သြားကာ ခြင့္ျပဳမိန႔္ရွိသူမွအပ အျခားသူမ်ားမွာသြားလာခြင့္မရွိေတာ့သည္အထိ ျဖစ္လာခဲ့ရာ ဂိုလီတို႔အတြက္ အႏၲရာယ္မ်ားလွေသာ အေျခအေနျဖစ္ကာ အေရွ႕တိုင္းနယ္ေျမထဲဝင္ႏိုင္ဖို႔ အႀကံထုတ္ၾကရေလသည္။ဆိုးသည္မွာ သူတို႔ အေစာင့္မ်ားမွာ နယ္နိမိတ္မ်ဥ္းမ်ားတားထားၿပီး ထိုနယ္နိမိတ္မ်ဥ္းကို ေက်ာ္လိုက္သည္ႏွင့္ ခ်က္ျခင္း သတိေပးခ်က္မ်ား တက္လာေစေလသည္ျဖစ္သည္။ေလေပၚမွ ျဖတ္သည္ျဖစ္ေစ။ေျမေအာက္မွ ေဖာက္ဝင္၍ျဖစ္ေစ မရႏိုင္ေခ်။


“ဒီေန႔ အေျခအေနဘယ္လိုလဲ။”

ပထမအေစာင့္က သူႏွင့္အတူေစာင့္ၾကပ္ရန္ အလွည့္က်ေသာ အေစာင့္အား ပ်င္းလွသျဖင့္ စကားစပ္ရန္ႀကိဳးစားေနေလသည္။


“ေကာင္းပါတယ္။”

ဒုတိယအေစာင့္က ေမးထူးေခၚေျပာေလာက္ အေနအထားျဖင့္ ျပန္ေျပာေလသည္။


“မင္းမပ်င္းဘူးလား။ဘယ္သူမွ ျဖတ္လာမွမဟုတ္တဲ့ ေနရာႀကီးမွာ ဒီလိုေစာင့္ရတာ။”


“အႏၲရာယ္ဆိုတာ ကိုယ္မထင္ထားခ်ိန္လာတတ္တယ္ေလ။သတိထားတာ အမွားမရွိပါဘူး။”


“ေဟ့ေကာင္၊ေဟ့ေကာင္ သိပ္ႀကိဳးစားဟန္ေတြျပမေနပါနဲ႔။သိပ္ႀကိဳးစားျပေနလည္း ဂိတ္ေစာင့္ရာထူးက တက္လာမွာမဟုတ္ဘူး။ငါတို႔အျဖစ္က တက္လမ္းမရွိတဲံ့ ဘဝပါကြာ။”


“မင္းစကားအရမ္းေျပာတာပဲေနာ္။ေသခ်ာတယ္ မင္းကေတာ့ ေစတန္ဘုရင္ မႀကိဳက္တဲ့စကားမ်ိဳးေျပာမိၿပီး ေသမွာ။”


“ေဟ့ေကာင္ေရ မင္းကအဆင့္နိမ့္လူသားမဟုတ္ဘူးေနာ္။နတ္ကြ နတ္။နတ္ေတြက အဲ့လိုစကားမ်ိဳးကို ေနာက္ေျပာင္တဲ့ သေဘာေတာင္ မေျပာေကာင္းဘူးဟ။ငါတို႔စကားက တန္ခိုးသက္ေရာက္ရင္ ေသမွာေနာ္။”


“အစကတည္းက မင္းအရင္ေျပာၿပီးေနၿပီေလ။မင္းေျပာတာ...ဘာႀကီး...တက္လမ္းမရွိတဲ့ဘဝဆို မင္းဘဝကေကာ မင္းေျပာသလို ျဖစ္မသြားႏိုင္ဘူးလား။”

ထိုအခါ ပထမအေစာင့္က နည္းနည္းေၾကာင္အမ္းအမ္းျဖစ္သြားေလသည္။ဒုတိယအေစာင့္က ဆက္လက္၍


“အဲ့လိုဘဝထက္ ေသသြားရင္ မင္းဝဋ္ကြၽတ္တာပဲေလ။ဟုတ္တယ္မလား။”

ဤသို႔ျဖင့္ အေစာင့္ႏွစ္ေယာက္ ရန္ျဖစ္ေနစဥ္တြင္ အသံမ်ားတဝုန္းဝုန္းထလာ၏။အေစာင့္ေတြလည္း ၾကည့္လိုက္ရာ နဂါးမ်ား အုံလိုက္က်င္းလိုက္ေျပးလာသည္ကို ထူးဆန္းစြာျမင္လိုက္ရေလသည္။နဂါးမ်ားမွာ ေႁမြမ်ားကဲ့သို႔ရွည္ေမ်ာေမ်ာ အေၾကးခြံစိမ္းမ်ားျဖင့္ ေခါင္းပိုင္းေတြလည္း ဦးေဆာင္းမ်ားျဖင့္ နဂါးအဆင့္ဆင့္ကို မူတည္ကာ ဦးေဆာင္း၏ေတာက္ေျပာင္မႈမွာ ကြာျခားေလသည္။ေခါင္းေဆာင္ျဖစ္ပုံရေသာ နဂါးမွာ ‌ေရွ႕မွဦးေဆာင္ကာ တျဖည္းျဖည္းျဖင့္ အေစာင့္မ်ားရွိရာ အရပ္သို႔နီးကပ္လာၾကေလသည္။


“ေဟ့ေကာင္ေရ ဒါနဂါးေရွ႕ေျပးတပ္မလား။”

ပထမအေစာင့္က အလန႔္တၾကား ေျပာလိုက္ေလသည္။ဒုတိယအေစာင့္လည္းပဲ ေသြးပ်က္လ်က္ရွိေနေလၿပီ။


“သူတို႔ေျပာေတာ့ သူတို႔ကိုလာမတိုက္ရင္ ျပန္မခုခံပဲနဲ႔ ႏွစ္ဖက္ ကင္းကင္းရွင္းရွင္း ေနမယ္လို႔ေျပာထားတာမဟုတ္ဘူးလား။”


“ဒီေစာက္႐ုး ေစတန္ဘုရင္ကေတာ့ ဖင္ယားလိုက္ၿပီထင္တယ္။ငါတို႔က အလကားေနရင္းေသရေတာ့မယ္။အဲ့တာမင္းက်ိန္ဆဲတဲ့စကားေၾကာင့္ ခ်က္ျခင္းအက်ိဳးေပးတာပဲကြ သိရဲ႕လား။”

ပထမအေစာင့္က ေသြး႐ုးေသြးတန္းေအာ္ေနသေလာက္ ဒုတိယအေစာင့္ကတည္း ေသြးပ်က္ေနသျဖင့္ ျပန္ျငင္းေနခ်ိန္မရပဲ ထြက္ေျပးရန္ ႀကံစည္ေနေလသည္။


“ေဟ့ေကာင္...ေစာက္႐ုး...မင္းထြက္ေျပးရင္ မင္းကိုယ္ထဲထည့္ထားတဲ့ ေစတန္ဘုရင္ရဲ႕ က်ိန္စာက မင္းကိုသတ္မွာေနာ္။”


“လီးလား။နဂါးကိုက္စားလို႔ေတာ့ အေသမခံႏိုင္ဘူးေဟ့။ေစတန္ဘုရင္ဆိုတဲ့ ေစာက္႐ုးက သတ္သတ္မသတ္သတ္။”

ေျပာရင္း ေတာ္ေတာ္ၾကာေအာင္ ေျပးသြားၿပီးေနာက္တြင္ ထိုေျပးသြားေသာ ဒုတိယအေစာင့္ေခါင္းမွာ ဗုံးေပါက္သည့္ႏွယ္ “အုံး”ခနဲ ေပါက္ထြက္သြားၿပီး လက္က်န္လည္ပင္းမွ ေသြးမ်ားမွာ ေရပန္းမွ ေရမ်ားပန္းထုတ္သလို ေၾကာက္မက္ဖြယ္ရာေကာင္းေလာက္ေအာင္ ထြက္လာကာ မိုး႐ြာသကဲ့သို႔ အဘက္ဘက္သို႔ ေသြးမ်ားပန္းထြက္ေနရင္း လဲေသသြားေလေတာ့သည္။


ပထမအေစာင့္မွာ လက္ထဲမွလွံျဖင့္ တတ္ႏိုင္သေလာက္ ခုခံဖို႔ စဥ္းစားသည္ အေစာက ဒုတိယအေစာင့္ေသကဲ့သို႔ေတာ့ မေသလိုေသာေၾကာင့္ျဖစ္ေလသည္။၊သို႔ေသာ္ မ်ားစြာလွေသာ နဂါးမ်ားကို ခုခံဖို႔မွာ မည္သို႔မွ် မျဖစ္ႏိုင္ေခ်။ေနာက္ဆုံးတြင္ ထိုနဂါးမ်ားမွဦ နယ္နိမိတ္မ်ဥ္းနား၌ ရပ္သြားေလသည္။ထိုတဝိုက္၌ခႏၲကိုယ္ကို ပတ္ေနရင္း နဂါးတစ္ေကာင္က အေရွ႕သို႔ဦးဆုံးထြက္လာခဲ့ေလသည္။အေစာင့္က ထိုနဂါးကို လွံျဖင့္ ထိုးမည္ျပဳေသာ္လည္း နဂါးက သူ၏ခႏၲာကိုယ္ကို က်ဳံလိုက္ကာ ဗိုက္ကို ထိုးေဖာက္သြားေလသည္။ေက်ာဘက္မွေဖာက္အထြက္တြင္ ပါးစပ္က အူေခြကိုခဲလ်က္ ဆြဲထုတ္လာေပေသးသည္။အတြဲလိုက္ထြက္လာေသာ အူေခြႏွင့္အတူ ထိုအေစာင့္မွာ အဆုံစြန္ေသာ နာက်င္မႈျဖင့္ ေအာ္ဟစ္ရင္း ပါးစပ္၊မ်က္စိ၊ႏွာေခါင္းႏွင့္ နားမ်ားကပါ ေသြးမ်ားထြက္က်လာကာ မ်က္စိမွာလည္း ရဲရဲနီလ်က္ ပစ္လဲကာ ေသဆုံးသြားေလေတာ့သည္။


ေစတန္ဘုရင္၏ ထီးနန္းလုမႈအၿပီးတြင္ အတၱလန္တာနယ္ေျမေပ်ာက္ဆုံးမႈအတြက္ သမုဒၶရာေအာက္ေန ေရနဂါးနယ္ေျမသားမ်ားမွာ အတၱလန္တာနယ္ေျမ၏ေပ်ာက္ဆုံးမႈအတြက္ စြပ္စြဲျခင္းခံခဲ့ရေလသည္။


(ယခင္ ကမာၻၿဂိဳလ္ေစာင့္နတ္မင္းလက္ထက္က ထိုနဂါးနယ္ေျမသည္ သမုဒၶရာအရွင္သခင္၏ အာဏာစက္ေအာက္တြင္ ေနခဲ့ကာ နဂါးမင္းတစ္ပါးတင္ေျမႇာက္ေစေလသည္။ဤသို႔ျဖင့္ ၎တို႔ဘာသာကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ကို ဖန္တီးေပးထားခဲ့ျခင္းျဖစ္ၿပီး ေစတန္ဘုရင္ထီးနန္းလုၿပီးေနာက္တြင္ စစ္ပြဲံမ်ားျဖစ္ခဲ့ေပေသးသည္။သို႔ေသာ္ ေရအေနအထားကိုကြၽမ္းက်င္စြာ ကိုင္တြယ္ႏိုင္ျခင္းမရွိေသာ စေနၿဂိဳလ္နတ္စစ္သည္ေတာ္မ်ားေၾကာင့္ စစ္ရႈံးကာ နဂါးမင္းက သီးသန႔္ခြဲထြက္ေၾကာင္းေၾကညာၿပီး ႏွစ္ဖက္ ကင္းကင္းရွင္းရွင္းေနမည္ဟု ကတိထားခဲ့ေလသည္။ထို႔ေၾကာင့္ ေလ၊ေျမ၊မီးအားလုံးကို ထိန္းသိမ္းႏိုင္ေသာ္လည္း ေရေအာက္နယ္ေျမမ်ား အထူးသျဖင့္ သမုဒၶရာေအာက္ေျခ နယ္ေျမမ်ားမွာ လြတ္ေျမာက္နယ္ေျမမ်ား ျဖစ္ေနၾကေလသည္။ေစတန္ဘုရင္ကမူ လက္မေလွ်ာ့ေပ။ျမစ္၊ေခ်ာင္း၊အင္း၊အိုင္ စသျဖင့္ အေသးစားနယ္ေျမတခ်ိဳ႕ကို သိမ္းယူလိုက္ႏိုင္ၿပီးေနာက္တြင္ သမုဒၶရာအတြင္းစီးဆင္းသမွ် ေရလမ္းေၾကာင္းတို႔ကို ျဖတ္ေတာက္ပစ္လိုက္ေလေတာ့သည္။ဤတြင္ သမုဒၶရာေအာက္ေျခနယ္ေျမသားမ်ားမွာ အၾကပ္အတည္းႀကဳံေနၾကရခ်ိန္ျဖစ္ေလသည္။)


“ေစတန္ဘုရင္ဟာ သေဘာတူညီမႈကို ဖ်က္ခဲ့ၿပီးေတာ့ အခုဆို ကြၽန္ေတာ္တို႔ေနရာ သမုဒၶရာထဲ ေရစီးဆင္းေစမႈကို ျဖတ္ေတာက္ပစ္ရင္း ကြၽန္ေတာ္တို႔ကို အညံ့ခံရင္ခံမခံရင္ မ်ိဳးတုံးသတ္ျဖတ္ပစ္မယ့္ အေနအထားရွိပါတယ္။ဒါဟာ ေရနဂါးေတြအတြက္သာမက ေရေနသတၱဝါေတြ မ်ိဳးစိတ္ေတြ အားလုံးကို    ေသမင္းနဲ႔ဆုံသြားေစႏိုင္တဲ့ အေနအထားပါ။”


ေရနဂါးနယ္ေျမနန္းတြင္းညီလာခံ၌ကား အေခ်အတင္မ်ားျဖစ္လ်က္ရွိ၏။

“လက္ဝဲအမတ္မင္း က်ဳပ္တို႔ကတိုက္ခိုက္လွ်င္လည္း အႏိုင္အရႈံးအတြက္မေသခ်ာပါ။သို႔ေပမယ့္ ဤသို႔အေျခအေနမ်ိဳးမွာ တစ္ခုခုမလုပ္ရင္လည္း မျဖစ္ပါ။သို႔ေၾကာင့္ သမုဒၶရာနယ္ေျမအတြင္းက မဟာမိတ္ေတြနဲ႔ တိုင္ပင္ရရင္ မေကာင္းေပဘူးလား။”


“မွန္လွပါ။အရွင္။အခုအေျခအေနဟာ အခ်ိန္သိပ္က်န္ေတာ့သည့္အေနအထားမဟုတ္ပါ။ယခုလိုျမစ္ေၾကာင္းမ်ားပိတ္ဆို႔ျခင္းအတြက္ တိုင္ပင္ခ်ိန္ထပ္ယူေနလွ်င္ အကုန္ေသႏိုင္သည့္အေနအထားျဖစ္ပါသည္။ဒါ့အျပင္ သမုဒၶရာေစာင့္နတ္မင္းကို ေစတန္ဘုရင္က ဖမ္းဆီးအက်ဥ္းခ်ထားၿပီးကတည္းက ေရေနတေစၦေတြေသာင္းက်န္းကုန္ၾကသည့္အေလ်ာက္ မဟာမိတ္နယ္ေျမမ်ားမွာ တည္ၿငိမ္မႈမရွိလွပါ။ကြၽန္ေတာ္မ်ိဳးကေတာ့ ယခုပင္ မဆိုင္းမတြေျမေပၚသို႔ေရွ႕ေျပးတပ္မ်ားလႊတ္ကာ ပိတ္ဆို႔မႈကို ေျဖေလွ်ာ့ေပးရန္ ရာဇသံေပးမွ ျဖစ္ေပလိမ့္မည္အရွင္။”


“အရွင္။ျမစ္ေစာင့္နတ္သား ဂိုလီနဲ႔သူရဲ႕တပ္ခြဲဟာ နန္းျပင္မွာ ေတြ႕ခြင့္ေတာင္းေနၾကပါတယ္။”

ဤတြင္ အမတ္မ်ားေကာ ေရနဂါးဘုရင္ပါ အံ့ဩသြားၾကေလသည္။”


“အတၱလန္တာကို မာယာမ်ားတဲ့ ဒီသမုဒၶရာထဲမွာျမဳပ္ပစ္ခဲ့တဲ့ တပ္ခြဲမႉးဂိုလီနဲ႔ သူရဲ႕တပ္ခြဲဆိုတာ တကယ္ပဲမင္းတို႔ေတြလား။”

ဂိုလီႏွင့္ တပ္သားသုံးေယာက္အပါအဝင္ ယူေရး(စ္)နပ္သခင္မတို႔က ေရနဂါးမင္းကို ဦးၫႊတ္လ်က္ ႏႈတ္ဆက္ၾက၏။ထို႔ေနာက္ ေရနဂါးမင္းက ယူေရး(စ္)သခင္မ၏ အေရာင္အဝါကြဲျပားပုံကို သတိထားမိကာ



“ဒီဘက္က နတ္သမီးက အားလုံးထဲမွာ အေရာင္အဝါအေတာက္ေျပာင္ဆုံးပဲ သူကေခါင္းေဆာင္ေပေလာ။”

ယူေရး(စ္)နပ္သခင္မက

“ကြၽန္မသည္ လက္ရွိထီးနန္းအလုခံခဲ့ရေသာ နန္းက်အရွင္ေနမင္း၏ ႏွမေတာ္ ယူေရး(စ္)နပ္သခင္မျဖစ္ပါသည္။”

အမတ္မ်ားအားလုံး အံ့အားသင့္လ်က္ ယူေရး(စ္)နပ္သခင္မကို ဦးၫႊတ္မည္ျပဳၾက၏။ေရနဂါးမင္းက တားလိုက္ကာ


“နန္းက်မိသားစုဝင္ကို ဦးၫႊတ္႐ိုးထုံးစံ ငါတို႔နဂါးေတြမွာမရွိဘူး။”


“ကြၽန္မဟာလည္း ဦးၫႊတ္ခံရန္လာခဲ့ျခင္းမဟုတ္ပါ။ဤတပ္ခြဲ၏ ေစာင့္ေရွာက္မႈကို မွီခိုလိုက္ပါခဲ့ရျခင္းျဖစ္ပါသည္။”


“ဒါျဖင့္ရင္ မင္းတို႔ေတြ ငါနန္းတြင္းထဲအထိေရာက္လာတာဟာ ငါ့နန္းတြင္းႀကီးကိုပါ သမုဒၶရာေအာက္ ေနာက္တစ္ထပ္က ငရဲအထိ ဆြဲခ်ဖို႔ မဟုတ္ဘူးလို႔ပဲ ငါေမွ်ာ္လင့္ခ်င္တယ္။”


(ငရဲျပည္သည္ ေနဝင္ရာ အေနာက္ဘက္၌သာ ဝင္ေပါက္ရွိေသာ္လည္း ပထဝီနယ္ေျမကမူ ကမာၻေျမ၏အနက္ရႈိင္းဆုံးသမုဒၶရာ ၾကမ္းျပင္၏ေအာက္ထဲတြင္ က်ယ္ျပန႔္စြာ တည္ရွိေန၏။)


“အရွင္နဂါးမင္း ယခုျဖစ္ေနေသာ ျပႆနာမွာ ကြၽႏ္ုပ္တို႔တပ္စုက ေျဖရွင္းႏိုင္ေသာ အရာတစ္ခုသာျဖစ္ပါသည္။ေရစြမ္းအင္ကိုမွီခိုသူအားလုံး ေရထဲေန နတ္၊နဂါး၊သတၱဝါအားလုံးကို ေဘးျဖစ္ေစမည့္ ဤကိစၥမွာ ကြၽႏ္ုပ္တို႔ တပ္ခြဲက တားဆီးႏိုင္ေသာပါးမႊားသာျဖစ္ပါ၏။”


“အလို...ယုံၾကည္ခ်က္ရွိလွပါလား။အတၱလန္တာလို လုပ္မလို႔လား။”


“မဟုတ္ရပါ။ျမစ္ကမ္းစပ္၊ေခ်ာင္းကမ္းစပ္၊ပင္လယ္ကမ္းစပ္တိုင္းကို စစ္ထိုးသိမ္းပိုက္႐ုံျဖင့္ ဤျပႆနာမွာ ရွင္းလင္းသြားမည္ျဖစ္ပါသည္။”

ဂိုလီ၏ ေလွ်ာက္တင္ခ်က္ကို အမတ္မ်ားက တီးတိုးေဆြးေႏြးကုန္ၾက၏။ေရနဂါးမင္းက


“မင္းအႀကံအစည္တစ္ခုလုံးကို ငါတို႔လက္ခံေအာင္ ေျပာႏိုင္ရင္ ငါတို႔စဥ္းစားမယ္။မဟုတ္ရင္ေတာ့ မင္းတို႔ရဲ႕ အတင္းေႏွာက္ယွက္ဝင္ေရာက္မႈအတြက္ သင္ခန္းစာ ေကာင္းေကာင္းေပးလိုက္ရလိမ့္မယ္။”


“အရွင္ေရနဂါးမင္း အခုဟာ သမုဒၶရာအပါအဝင္ ေရေအာက္ေန နယ္ေျမအားလုံးမွာရွိတဲ့ နတ္ေတြ သတၱဝါေတြ အကုန္လုံးအတြက္ အေရးႀကီးတဲ့ အေျခအေနဆိုတာ ေျပာစရာမလိုေလာက္ေအာင္ သိသာပါတယ္။ဒီအေျခအေနမွာ မမွ်မတ ဖိတိုက္လာမယ့္ ရန္သူ႔ထိုးစစ္ဟာ ခုခံဖို႔ ခက္ခဲလြန္းပါတယ္။ဒီလိုေျပာတာဟာ ေရနဂါးစစ္သည္ေတာ္ေတြကို မယုံၾကည္လို႔ ႏွိမ္ခ်ေစာ္ကားတာမဟုတ္ရပါဘူး။ႏွစ္ေပါင္းမ်ားစြာ စစ္မျဖစ္ပဲ ၿငိမ္ခ်မ္းေနခဲ့တဲ့ကာလေတြကို ထိန္းသိမ္းႏိုင္ခဲ့ျခင္းမွာ ေရနဂါးစစ္သည္ေတာ္တို႔၏ ေပးဆပ္မႈေတြဟာ အေလးျပဳထိုက္စဲသာျဖစ္ပါတယ္။သို႔ေပမယ့္ ယခုတိုက္ခိုက္မယ့္သူမ်ားမွာ သမုဒၶရာရဲ႕ မာယာကိုမသိေလတာမလို႔ ဒီကိုက်ဳးေက်ာ္တိုက္ခိုက္ၾကမွာမဟုတ္ေပမယ့္ ယခုလိုေရအလာလမ္းေၾကာင္းကိုျဖတ္ေတာက္ျခင္း ကမာၻ႔အပူခ်ိန္ကို တိုးျမႇင့္ျခင္းစေသာ ညစ္တီးညစ္ပတ္ ကေလးသာသာအကြက္မ်ားျဖင့္ တိုက္ခိုက္ျခင္းမွာ သမုဒၶရာေနသူမ်ားအားလုံးကို ေစာ္ကားေလွာင္ေျပာင္ေနျခင္းျဖစ္ပါတယ္။ဒါေၾကာင့္ ေရစပ္ဟုေခၚေသာ္ ကုန္ေျမႏွင့္ ဆက္ႏြယ္ေသာ နယ္စပ္ဂိတ္ရွိရာ ေဒသအားလုံးကို သိမ္းပိုက္ႏိုင္လွ်င္ သမုဒၶရာေရလာလမ္းေၾကာင္းကို ျဖတ္ေတာက္ေသာ ကိစၥကို ရပ္တန႔္ႏိုင္မည္ျဖစ္ပါသည္။”


ဤတြင္ လက္ေထာက္ကာ ခပ္တည္တည္ျဖင့္ ၾကည့္ေနေသာ ေရနဂါးမင္းက တစ္ခ်က္ရယ္လိုက္ကာ


“အေမာင္မင္းက နယ္စပ္ကိုတိုက္ခိုက္သိမ္းပိုက္ဖို႔ ငါတို႔ကို အေၾကာင္းျပခ်က္လာေပးေနတာဟာ ငါတို႔ခြန္အားကို သုံးၿပီး နယ္စပ္ကို အေမာင္မင္းက ပိုင္စားႏိုင္ဖို႔ မ်ားလား။ဘာလဲ အေမာင္မင္းက ျမစ္ကိုမအုပ္စိုးရေတာ့တဲ့အခါမွာ နယ္စပ္ေတြကို အုပ္စိုးၿပီး ႂကြယ္ဝတဲ့ နတ္ေတြဆီကေန အခြန္စားသုံးရသည္ကိုမ်ား အားက်သြားေလလို႔ေပလား။”

ဤတြင္ ယူေရး(စ္)နပ္သခင္မက အနည္းငယ္ေဒါသျဖစ္သြားေလသည္။သို႔ေသာ္ ဂိုလီက မ်က္ရိပ္ျပကာ သူဆက္လုပ္ပါမည့္အေၾကာင္း သတိေပးေလသည္။

“အရွင္။ကြၽႏ္ုပ္ဟာ ကမာၻအေရးရာထူးတစ္ခုျဖစ္တဲ့ ျမစ္ေစာင့္နတ္ရာထူးကို ပယ္ဖ်က္ခံရၿပီးသည္မွာ ၾကာလွပါၿပီ။ယခုအခ်ိန္တြင္ ကြၽႏ္ုပ္သည္ ကမာၻ႔အေရးလုပ္သူမဟုတ္ပါ။စစ္ေရးကို ေဆာင္႐ြက္သူ တပ္ခြဲမႉးျဖစ္ၿပီး တပ္မႉးတစ္ေယာက္အေနျဖင့္သာ ဤစစ္ဆင္ေရးကို ကူညီရန္ ကမ္းလွမ္းေနျခင္းျဖစ္ပါသည္။”


(လူအေခၚ ႏိုင္ငံေရးသမားကို နတ္အေခၚတြင္ ကမာၻအေရးလုပ္သူဟုေခၚသည္။အေၾကာင္းမွာ အာဏာရွိနတ္တစ္ပါး၏ လုပ္ေဆာင္ခ်က္တိုင္းသည္ ကမာၻကိုသက္ေရာက္သည္သာျဖစ္၍ ကမာၻအေရးလုပ္ေသာနတ္ဟု ေခၚေဝၚရေပသည္။)


“အေဟး...။ငါေတာ့မယုံေပဘူး။အေမာင္မင္းသည္ လူေတြအေခၚအရဆိုလွ်င္ ႏိုင္ငံေရးသမားျဖစ္ၿပီး လူႏိုင္ငံေရးလုပ္သူမ်ားကဲ့သို႔ အကြက္ေ႐ြ႕ျခင္းပညာကို က်င္လည္ၿပီးသာျဖစ္သည္ကို ကြၽႏ္ုပ္သိသည္။အသင္သည္ နတ္စစ္သည္ေတာ္ျဖစ္သျဖင့္ ပို၍ပင္ သင္သည္ သံသယဝင္စရာေကာင္းလွသည္။ကမာၻအေရး၊စစ္ေရး ဩဇာရွိေသာ နတ္တစ္ပါးသည္ ေၾကာက္စရာေကာင္းသည္ဟု ကြၽႏ္ုပ္ လူေတြဆီကေန ပညာရခဲ့ၿပီးျဖစ္သည္။”

ေျပာလိုက္ရင္း ေရနဂါးမင္းက ပလႅင္ေပၚမွထလိုက္ၿပီး သူ၏ နတ္ႏွင့္တူေသာ အသြင္မွ ရွည္ေမ်ာလွေသာ နဂါးကိုယ္ေျပာင္းလိုက္ကာ ဂိုလီ့အနားကို ပတ္ေနေလသည္မွာ စပါးႀကီးေႁမြက သားေကာင္ကို ညႇစ္သတ္ၿပီး မ်ိဳရန္ပတ္ေနသည္ႏွင့္ တူလွေပသည္။


“အေမာင္မင္းသိလား။ငါသကၠရာဇ္တစ္ခုမွာေတြ႕ဖူးတယ္။အဲ့တုန္းက ျမန္မာႏိုင္ငံလို႔ေခၚတဲ့ လူေတြေနၾကတဲ့ ႏိုင္ငံႀကီးတစ္ခုရွိတယ္။အဲ့တုန္းက ငါက အဲ့ဒီ့ႏိုင္ငံက ဧရာဝတီလို႔ေခၚတဲ့ ျမစ္ကို ပိုင္စားတဲ့ နဂါးတစ္ေကာင္အဆင့္ပဲရွိေသးတာေပါ့။အဲ့မွာ ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးသမားေတြ၊စစ္သားေတြကို ျမင္ဖူးတယ္။အဲ့မွာ စိတ္ဝင္စားစရာအေကာင္းဆုံး လူတစ္မ်ိဳးက စစ္ထြက္ႏိုင္ငံေရးသမားပဲ။သူတို႔က လက္ထဲမွာ လက္နက္ရွိတယ္။လက္နက္ကထြက္တဲ့ အာဏာကိုဆုပ္ကိုင္ႏိုင္ၾကတယ္။လူ႔သက္တမ္း၆၀ေက်ာ္ အဲ့အာဏာကို ထိန္းသိမ္းၿပီး ျမန္မာတစ္ႏိုင္ငံလုံးကို အုပ္စိုးႏိုင္ခဲ့ၾကတယ္။ဗိုလ္ခ်ဳပ္ေတြအုပ္ခ်ဳပ္တဲ့ တိုင္းျပည္တစ္ခုအေနနဲ႔ အႏွစ္၆၀လုံး ဒီလူေတြ စိတ္ထဲ ငါၾကည့္ခဲ့တယ္ကြ၊မင္းသိလား။ဘယ္သူကမွ ကုသိုလ္စိတ္တစ္ခုေတာင္မေမြးႏိုင္ၾကပဲ ေသကုန္ၾကရွာတယ္။”


(ဤတြင္ ၎တို႔မ်ိဳးႏြယ္မ်ားအားလုံးအေပၚ ႀကီးစိုးေသာ အုပ္ခ်ဳပ္ေရးစနစ္အား အၾကမ္းဖ်င္းရွင္းျပရလွ်င္ ၿဂိဳလ္ကိုးလုံးအပါအဝင္ ေနတြင္ေနေသာ နတ္သားမ်ား၏အုပ္ခ်ဳပ္ေရးစနစ္မွာ အမ်ားအားျဖင့္ ပေဒသရာဇ္စနစ္ျဖစ္သည္။ထိုပေဒသရာဇ္စနစ္ကို လက္မခံႏိုင္သျဖင့္ တြန္းလွန္ခဲ့ေသာ ၿဂိဳလ္မ်ားမွာ ဗုဒၶဟူးၿဂိဳလ္၊ေသာၾကာၿဂိဳလ္၊ကမာၻၿဂိဳလ္ႏွင့္ စေနၿဂိဳလ္တို႔ျဖစ္ၾကၿပီး ကမာၻၿဂိဳလ္တစ္ခုထဲကသာ ဒီမိုကေရစီ၊ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးကို တည္ေဆာက္ႏိုင္ခဲ့ၿပီး က်န္ၿဂိဳလ္သုံးခုမွာ ကြန္ျမဴနစ္စနစ္ အုပ္စိုးခဲ့၏။ထိုေနသကၠရာဇ္အတြင္းက အရွင္ေနမင္းမွာ သူခန႔္အပ္ေသာ ဘုရင္မ်ားကို နန္းခ်ခဲ့ျခင္းကို အမ်က္ေတာ္ရွကာ ညီလာခံတြင္ ေပးထားေသာ ၿဂိဳလ္အမွတ္အသားျဖင့္ ထိုင္ခုံမ်ားကို အာကာသထံလႊင့္ပစ္ခဲ့ေလသည္။သို႔ေသာ္ တစ္စတစ္စ ခြန္အားႀကီးလာေသာ ထိုၿဂိဳလ္မ်ားက သူ႔အား ေတာ္လွန္မည္စိုးလွသျဖင့္ ညီလာခံတြင္ ျပန္လည္ေခၚယူကာ အသိအမွတ္ျပဳခဲ့ရေလသည္။


ကမာၻတြင္ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရး၊ဒီမိုကေရစီကို ဖန္တီးခဲ့ေသာ္ျငား စစ္မွန္ၿပီး စံႏႈန္းမွီေတာ့ မဟုတ္ေခ်။ကမာၻ၌ ေနသကၠရာဇ္ကို မွီကာ တြက္ခ်က္ေသာ ပင္လွည့္ဘင္လွည့္ဟူ၍ရွိသည္။


ပင္လွည့္ေရာက္ေသာ သကၠရာဇ္တြင္ ကမာၻကိုအုပ္ခ်ဳပ္မည့္ ကမာၻေစာင့္နတ္မင္းကို ကမာၻေနနတ္သား နတ္သမီးအားလုံးႏွင့္ အျခားမ်ိဳးႏြယ္စုအားလုံးက ေ႐ြးခ်ယ္တင္ေျမာက္ရၿပီး ထိုတင္ေျမာက္ခံရေသာ ကမာၻေစာင့္နတ္မင္းက မီး၊ေလ၊ေရ၊ေျမအသီးသီးတို႔၏ပိုင္စားသူမ်ား ခြဲျခားထားေသာ အရပ္မ်က္ႏွာအမ်ိဳးမ်ိဳးမွ နယ္ေျမမႉးအဆင့္ဆင့္တို႔ကို ေ႐ြးခ်ယ္ရေလသည္။ဂိုလီကား ပင္လွည့္တြင္ ကမာၻၿဂိဳလ္ေစာင့္နတ္မင္းက ေ႐ြး၍ ျမစ္ေစာင့္နတ္သားျဖစ္ျခင္းျဖစ္ၿပီး ဧရာဝတီေစာင့္နဂါးမွာ သမုဒၶရာေအာက္ေျခမွ ေရနဂါးမင္းျဖစ္လာရျခင္းျဖစ္ေလသည္။ကံဆိုးသည္မွာ ဂိုလီကား ႐ႊာေစာင့္နတ္ကိုသတ္မႈႏွင့္ ႐ႊာေစာင့္နတ္ပိုင္ေသာ႐ႊာေလူးကို ေရျမဳပ္မႈေၾကာင့္ အ႐ိုက္အရာဆုံးရႈံးခဲ့ရသည္။


ဘင္လွည့္တြင္မူ ပင္လွည့္တုန္းက တင္ေျမႇာက္ထားေသာ ကမာၻၿဂိဳလ္ေစာင့္နတ္မင္းက အာဏာမစြန႔္ရေပ။အကယ္၍ အသက္အ႐ႊယ္ႀကီးရင့္၍ တာဝန္မထမ္းေဆာင္ႏိုင္က ၎၏သားသမီးေျမးျမစ္တို႔ကို အာဏာလႊဲေပးရသည္။နတ္သား နတ္သမီးမ်ားမွာ ဘာမွလုပ္ပိုင္ခြင့္မရွိေခ်။သို႔ေသာ္ ၎တို႔၏ အရပ္မ်က္ႏွာအသီးသီးမွ နယ္ေျမမႉးမ်ားကိုေသာ္လည္းေကာင္း မီး၊ေလ၊ေရ၊ေျမအသီးသီးတို႔၏ပိုင္စားသူမ်ားကိုမူ ျပန္လည္ေ႐ြးခ်ယ္ခြင့္ရွိေလသည္။


ကမာၻ၌သာထိုကဲ့သို႔စနစ္မ်ိဳးရွိၿပီး အျခားၿဂိဳလ္မ်ားမွာမူ ထီးတက္နန္းတက္ဘုရင္မ်ားကို ဖင္ေထာင္ကန္ေတာ့ေနၾကရစဲျဖစ္၏။)


ထို႔ေနာက္ ဂိုလီ့မ်က္စိေရွ႕တည့္တည့္သို႔ ကပ္လိုက္ကာ စူးရွေသာ ေက်ာက္စိမ္းမ်က္လုံးမ်ားျဖင့္ ၾကည့္ေနရင္း


“မင္းက အဲ့ဗိုလ္ခ်ဳပ္ေတြကို အားက်လို႔ တန္ခိုးစြမ္းအင္နဲ႔ ဒီကမာၻကိုေကာ အာဏာသိမ္းထားဖို႔ စိတ္ကူးရွိေနတာလား။”

ဂိုလီကေတာ့ ေၾကာက္႐ြံ႕ဟန္ လုံးဝမျပပဲ


“က်ဳပ္က ေစတန္ဘုရင္လိုလူစားမဟုတ္သလို အဲ့ဒီအဝီစိငရဲမွာ ေရာက္ေနၾကတဲ့ လူသားအာဏာရွင္ေတြလိုလည္း လုံးဝမဟုတ္ဘူးဆိုတာကို နတ္တစ္ပါးရဲ႕ သိကၡာနဲ႔ က်ိန္ဆိုရဲတယ္။”


“ဟုတ္ရဲ႕လား။ေစတန္ဘုရင္လည္း နတ္ပါပဲ သို႔ေပမယ့္ နတ္တစ္ပါးရဲ႕ သိကၡာနဲ႔မညီတာေတြ လုပ္ၿပီး အခုလည္း အာဏာကို ဆုပ္ကိုင္ႏိုင္ေနတာပဲေလ။ေျပာပါဦး မင္းတို႔နတ္ေတြက က်ိန္ဆိုၿပီး ေဖာက္ဖ်က္ရင္ ဘယ္သူက အျပစ္ေပးႏိုင္လို႔လဲ။”

ဤတြင္ အေနာက္မွသူမ်ားေရာ အမတ္မ်ားပါ ဘာျဖစ္ၾကေတာ့မလဲ စိတ္ပူေနၾကေလၿပီ။ေရနဂါးဘုရင္သည္ အမ်ိဳးတူနဂါးမ်ားကိုေရာ နတ္မ်ားကိုေရာ ယုံၾကည္သူမဟုတ္ပါေခ်။ဂိုလီကေတာ့ စိတ္မေလွ်ာ့ပဲ


“အရွင္ယခုလို အယုံအၾကည္မရွိဘူးဆိုလွ်င္ေတာ့ ကြၽႏ္ုပ္၌ ဘာမွေျပာစရာမရွိပါ။”

ေျပာလိုက္ရင္း ဂိုလီက လက္ထဲတြင္ ေရနဂါးဓါးကို ဖန္ဆင္းလိုက္ေလသည္။သူ၏ အျပဳအမူကို အားလုံးအံ့အားသင့္သြားေလသည္။

(လြန္ေလၿပီးေသာ ေနသကၠရာဇ္က ေရ၊ေလ၊မီး၊ေျမမွစ၍ အျခားေသာ နဂါးမ်ိဳးႏြယ္မ်ားမွာ နဂါးကုန္ကူးျခင္းခံခဲ့ရကာ နဂါးမ်ားကို အိမ္ေမြးတိရစာၦန္မ်ားကဲ့သို႔ ေမြးျမဴျခင္း လက္နက္ျပဳလုပ္ရန္ အသုံးခ်စီရင္ျခင္း နဂါးမမ်ားကိုဆိုလွ်င္ ေပ်ာ္ေတာ္ဆက္႐ုံကဲ့သို႔ အေနာက္ရပ္ေန မေကာင္းဆိုးဝါးမ်ား၏နယ္ေျမမွ ေနရာမ်ားသို႔ေရာင္းခ်ျခင္း စေသာ ယုတ္ညံ့ေသာ လုပ္ရပ္မ်ားကို မေကာင္းဆိုးဝါးမ်ားသာမက နတ္အခ်ိဳ႕ကပါ ျပဳလုပ္ခဲ့ဖူးေလသည္။ကမာၻၿဂိဳလ္ေစာင့္နတ္မင္းက ထိုယုတ္ညံ့ေသာ လုပ္ရပ္မ်ားကို ႏွိမ္ႏွင္းရန္ နတ္စစ္သည္ေတာ္အမ်ားအျပားျဖင့္ အေနာက္အရပ္သို႔ စစ္ခ်ီကာ တိုက္ခိုက္ခဲ့ေလသည္။ထို႔ေနာက္ နဂါးအႏြယ္ဝင္မ်ားကို ရာထူးအာဏာမ်ားေပးျခင္းျဖင့္ ထိုနဂါးမ်ား၏ ဂုဏ္ရွိန္ဂုဏ္ဝါမ်ားကို ျမႇင့္တင္ေပးခဲ့ေလသည္။)

အမတ္တစ္ပါးက ေၾကာက္လန႔္ျခင္း၊အံ့ဩျခင္းတို႔အျပင္ ေဒါသျဖစ္ျခင္းတို႔ပါ ေရာေထြးလ်က္


“မင္း...မိုက္႐ိုင္းလိုက္တာ ငါတို႔ေရနဂါးေတြေရွ႕မွာ လက္နက္ျဖင့္ အျပဳလုပ္ခံထားရတဲ့ နဂါးကို ထုတ္ျပတယ္ေပါ့။ငါတို႔ကို နဂါးအခ်င္းခ်င္း ျပန္သတ္ရေအာင္လုပ္မလို႔လား။”

ဂိုလီကမူ ဘာမွမေျပာေသးပဲ ပါးစပ္မွအစီအမံကို ႐ႊတ္လိုက္ရာ ဓါးထဲမွ နဂါးမွာ ထြက္လာၿပီး ဟိန္းေဟာက္သံမ်ားျပဳလုပ္ကာ အနီးပတ္ဝန္းက်င္ကို ပတ္ေျပးေနေလသည္။အျခားသူမ်ားလည္း အလန႔္တၾကား ၾကည့္ေနရင္း ေရနဂါးမင္းက ထိုနဂါးကို မွတ္မိသြားကာ နဂါးဘာသာစကားျဖင့္ ႏွမေတာ္ဟု အဓိပၸာယ္ရေသာ စကားကို ေရ႐ြတ္လိုက္ရာ အျခားနဂါးအမတ္မ်ားလည္း တစ္ညီတစ္ညာထဲ အ႐ိုအေသေပးကုန္ၾကေလသည္။


(နဂါးဘာသာစကားျဖင့္)

“ႏွမေတာ္...ဒီၾကာလြန္းလွတဲ့ ႏွစ္ေပါင္း ရာနဲ႔ခ်ီတဲ့ကာလေတြအတြင္း ဘယ္ကိုမ်ားေရာက္ေနခဲ့တာလဲ။”


“အကိုေတာ္...ႏွမေတာ္ဟာ ဓါးလက္နက္အျဖစ္ထြင္းထုျခင္းခံခဲ့ရပါတယ္။ဒါေပမယ့္ ဓါးအျဖစ္ႏွစ္ရာခ်ီၾကာတဲ့အထိေနခဲ့ရၿပီး ကမာၻၿဂိဳလ္ေစာင့္နတ္မင္း သုံးဆက္ခန႔္ေျပာင္းေသာ္လည္း ပိုင္ရွင္မရွိခဲ့ပါ။ေနာက္ဆုံးကမာၻၿဂိဳလ္ေစာင့္မင္းလက္ထက္မွာ ျမစ္ေစာင့္နတ္သားဂိုလီ၏ ဓါးလက္နက္အျဖစ္ တိုက္ပြဲေတြမွာ ပါဝင္ထမ္းေဆာင္ခဲ့ရပါတယ္။”


အကိုေတာ္ျဖစ္သူ ေရနဂါးမင္းမွာ မ်က္ရည္မ်ားပင္စို႔လ်က္ရွိေလသည္။


(ရွင္ဘုရင္မ်ားမွာ အမ်ားသူငွာေရွ႕တြင္ ေသာ္လည္းေကာင္း ေနာက္ကြယ္တြင္လည္းေကာင္း ဝမ္းနည္းလွ်င္ေတာင္ မ်က္ရည္က်ၾကေလ့မရွိေခ်။ရွားရွားပါးပါး မ်က္ရည္က်ခဲ့လွ်င္လည္း စာေပပညာရွင္မ်ားက ရွင္ဘုရင့္အတြက္ ငိုခ်င္းကို ေရးစပ္ကာ ရွင္ဘုရင္၏ ငိုေႂကြးျခင္းကို မွတ္တမ္းတင္ၾကေပေလသည္။)


“ငါ့ႏွမေတာ္ အခုကစၿပီး နန္းေတာ္မွာ အေဆာင္အေယာင္ခမ္းခမ္းနားနားနဲ႔ ခ်မ္းသာစြာစံစားေစရမယ္။စိတ္လက္ မခ်မ္းမသာျဖစ္စရာမလိုေတာ့ဘူး။”

ဤတြင္ အေနာက္မွ ၾကည့္ေနၾကသူ ဂ်ီတတို႔သုံးေယာက္မွာ


“ဂိုလီရဲ႕ဓါးထဲက နဂါးက အမႀကီးေပါ့။”


“ေအးေပါ့ဟ။”

ဟူ၍ အခ်င္းခ်င္းတီးတိုး အတင္းတုပ္ေနၾကေပေသးသည္။


ႏွမေတာ္ နဂါးမေလးမွာမူ ေခါင္းကိုခါလ်က္

“အကိုေတာ္နဲ႔ အခုလိုျပန္ေတြ႕ရတာဟာ မျဖစ္ႏိုင္ေသာ အခြင့္အေရးကိုရရွိခဲ့တာျဖစ္ပါတယ္။ဒါဟာ ကြၽန္မရဲ႕ ပိုင္ရွင္ ဂိုလီရဲ႕ ေက်းဇူးပါ အကိုေတာ္။သူ႔ကို အကိုေတာ္ အေစာကေျပာေနသကဲ့သို႔ မေလးမစားမျပဳမူပါနဲ႔။ဂိုလီက အကိုထင္သလို ကမာၻ႔အေရးလုပ္သူမဟုတ္ပါဘူး။သူပိုင္ရာ ျမစ္ထဲမွာ ဆိတ္ၿငိမ္စြာ ေနေလ့ရွိၿပီး ယခုနတ္စစ္သည္ေတာ္ျဖစ္ေသာအခါတြင္လည္း ထီးနန္လုဘုရင္ျဖစ္သည့္ ေစတန္ဘုရင္ကို ဆန႔္က်င္တိုက္ခိုက္ေနေသာ ရွားပါးေတာ္လွန္ေရးသမားႀကီးျဖစ္ပါသည္။ထို႔အျပင္ ႏွမေတာ္ဟာလည္း သူ၏လက္နက္အျဖစ္ သစြာခံခဲ့ၿပီးျဖစ္၍ သူ႔အတြက္ဆက္လက္တိုက္ခိုက္ေနရဦးမည္ျဖစ္ပါသည္။”

ဤတစ္ခါတြင္မူ ေရနဂါးဘုရင္က ဘာမွမတုံ႔ျပန္ႏိုင္ေတာ့ေခ်။အေတာ္ၾကာေအာင္ တိတ္ဆိတ္ေနၿပီးမွ


“တပ္ခြဲမႉး ဂိုလီ။”

ရွားရွားပါးပါး ယခုတစ္ခါမွသာ ဂိုလီ၏ရာထူးကိုထည့္ေခၚေလေတာ့သည္။


“မင္းေျပာသလို ေရစပ္နယ္ေျမေတြကို ငါတို႔တိုက္ေပးမယ္ဆိုရင္ ငါတို႔က ဘာရမွာလဲ။”

ရွင္ဘုရင္တစ္ပါးက ေၾကးစားသဖြယ္၊စီးပြားေရးသဖြယ္ေျပာေနသည္မွာ အမွန္ေတာ့ အထူးအဆန္းမဟုတ္လွေခ်။အေၾကာင္းမွာ လူ႔အေခၚ ႏိုင္ငံေရးသမား နတ္အေခၚ ကမာၻအေရးျပဳလုပ္သူမ်ားအတြက္ အေကာင္းဆုံးစံႏႈန္းမွ, ငါ့ဖို႔ နံပါတ္တစ္သာျဖစ္ပါေလ၏။ငါၿပီးမွ ငါ့တိုင္းျပည္/ငါ့ကမာၻ စဥ္းစားေပမည္။အကယ္၍ ႏိုင္ငံေရးသမားတစ္ေယာက္ ကမာၻအေရးျပဳလုပ္သူနတ္တစ္ပါးမွာ သူ႔ဖို႔ထက္ ကမာၻအဖို႔၊ႏိုင္ငံအဖို႔ စဥ္းစားသည္ဟုထင္ရက ဤသည္မွာ ထိုကမာၻအေရးျပဳလုပ္သူနတ္၊ႏိုင္ငံေရးသမား၏ ကြၽမ္းက်င္ေသာ အကြက္ေ႐ြ႕မႈေကာင္းတစ္ခုျဖစ္ၿပီး က်င္လည္သည္ဟု သတ္မွတ္ႏိုင္ေပသည္။ယခုလည္း ေရနဂါးမ်ိဳးႏြယ္စုအက်ိဳးအျမတ္အတြက္ ေမးသည္ဟု ထင္ရေသာ ေမးခြန္းမ်ိဳးကို ေမးလင့္ကစား အမွန္မွာ ေရနဂါးမင္း၏အက်ိဳးအတြက္ ေမးသည္ကို ဂိုလီက လည္ဝယ္သူျဖစ္သည့္အေလ်ာက္ သိေပသည္။ထို႔ေၾကာင္ ေရနဂါးမင္း၏ႏွမေတာ္ကိုလည္း လြတ္လပ္ခြင့္ေပးမည့္အေၾကာင္း အေပးအယူလုပ္ကာ သေဘာတူခဲ့ၾကရေလသည္။



ထို႔ေနာက္ ေရနဂါးမင္းက သူ၏စစ္ေရးစစ္ရာ အမတ္ႀကီးကို ဂိုလီႏွင့္အတူ စစ္ခ်ီထြက္ရန္ ေစလႊတ္ေလသည္။အကိုေတာ္ျဖစ္သူက တားပါေသာ္လည္း ႏွမေတာ္နဂါးမေလးမွာ ဤတိုက္ပြဲတြင္ ထပ္မံလိုက္ပါခြင့္ေတာင္းဆိုေလသည္။ေနာက္ဆုံး၌ ဤတိုက္ပြဲသည္ ေနာက္ဆုံးေစလႊတ္ခြင့္ေပးမည့္တိုက္ပြဲျဖစ္ေၾကာင္းကို ဂိုလီေကာ ေရနဂါးမင္းကပါ ကတိေတာင္းၿပီး ခြင့္ျပဳခဲ့ရေလသည္။


“အရွင္...အရွင့္ကို အခုလို အျပင္မွာ ေသခ်ာျမင္ဖူးခြင့္ရတာ ကြၽန္မအင္မတန္ကံေကာင္းတာပဲ။”

နဂါးမေလးမွာ ဂိုလီ့ကို ၿပဳံးၿပဳံးေလးၾကည့္ကာ ေျပာ၏။နဂါးမေလးမွာ ကိုယ္လုံးကိုယ္ေပါက္ေတာင့္တင္းလွၿပီး သူ၏နဂါးဝတ္စုံႏွင့္ အရမ္းလိုက္ဖက္သည္ဟု ထင္မွတ္ရသည္။သူ၏ မ်က္လုံးမ်ားမွာ ေရနဂါးတိုင္း၏ မ်က္လုံးမ်ားကဲ့သို႔ ေက်ာက္စိမ္းေရာင္ျဖင့္ ေတာက္ပေနေလသည္။


(နဂါးအေစခံ၊လက္နက္မ်ားျဖစ္သြားၾကသူမ်ားမွာ ၎တို႔သခင္ကို ကိုယ္တိုကိုယ္က် ျမင္ဖူးသူဟူ၍ မရွိသေလာက္ရွားပါေပသည္။)


သူ၏အၾကည့္မွာ ဂိုလီ့အား အေစခံတစ္ေယာက္က သူ႔ကိုၾကင္ၾကင္နာနာဆက္ဆံေသာ သခင္ကို သံေဃာဇဥ္တြယ္ေသာ အၾကည့္မ်ိဳးျဖင့္ ၾကည့္ျခင္းျဖစ္သည္ကို ဂိုလီတို႔ အားလုံးသတိထားမိၾကေလသည္။နဂါးမေလးမွာ တပ္စုမွ အျခားသူမ်ားကိုေရာ ယူေရး(စ္)နပ္သခင္မကိုေရာ ေကာင္းေကာင္းသိေနေလသည္။ထို႔ေနာက္ နဂါးမေလးက


“အရွင္...အရဲစြန႔္ၿပီး တစ္ခုေလာက္ ေတာင္းဆိုပါရေစ။”

ဂိုလီက နဂါးမေလးအား ၿပဳံးၾကည့္လိုက္ရင္း


“မင္းက ငါ့ရဲ႕ လက္နက္အျဖစ္ ႏွစ္အၾကာႀကီး ေနခဲ့ၿပီး တိုက္ပြဲေတြကိုေတာင္ အတူတူတိုက္ခဲ့ေသးတာပဲ။တစ္ခုေလာက္ေတာင္းဆိုတာကေတာ့ မျဖည့္ဆည္းႏိုင္စရာမရွိပါဘူး။ေျပာပါ။”


“ကြၽန္မတို႔နဂါးမ်ားမွာ မွတ္ဉာဏ္သိပ္ေကာင္းလွသည့္သူမ်ားမဟုတ္ၾကပါ။ထို႔ေၾကာင့္ ကြၽန္မရဲ႕အကိုေတာ္ေရာ ကြၽန္မပါ နာမည္ရင္းေတြကို ေမ့ေပ်ာက္ခဲ့ၾကၿပီျဖစ္ပါတယ္။အကိုေတာ္က ဘုရင္ျဖစ္ခ်ိန္မွာ နာမည္အသစ္ မွည့္ေခၚခံခဲ့ရေပမယ့္ ကြၽန္မဟာ ေမြးကတည္းက လက္နက္လုပ္ဖို႔ ထုဆစ္ခံရေသာေၾကာင့္ နာမည္မရွိခဲ့ပါ။သို႔ေၾကာင့္ ကြၽန္ေတာ္မ်ိဳးမကို အရွင္က နာမည္တစ္ခုေလာက္ ခ်ီးျမႇင့္ေပးဖို႔ေတာင္းဆိုပါရေစ။”

ဂိုလီက ၿပဳံးလိုက္ကာ



“အဲ့တာ မင္းရဲ႕အကိုေတာ္က ေပးတာ ပိုမေကာင္းဘူးလား။”


“အရွင္...သူကကြၽန္မအကိုမွန္ေသာ္လည္း ေသြးသားအာ႐ုံခံႏိုင္မႈေၾကာင့္သာ မွတ္မိျခင္းျဖစ္ၿပီး တစ္သက္လုံးမျမင္ခဲ့ဖူးရေသာ အကိုေတာ္ျဖစ္ပါသည္။အရွင္ကေတာ့ ကြၽန္မႏွင့္ တေလွ်ာက္လုံးတိုက္ပြဲအတူတိုက္ခဲ့ေသာ သူရဲေကာင္းျဖစ္ပါသည္။အရွင္၏လက္နက္ကို အရွင္ကိုယ္တိုင္ နာမည္ေပးမွသာ သင့္ေလ်ာ္မည္ဟု ယူဆပါသည္။

ဤသို႔ျဖင့္ ဂိုလီက ထိုနဂါးမေလးကို နာမည္ေပးခဲ့သည္။နာမည္မွာ မိုးညိဳျဖစ္၏။



ဂ်ီတတို႔ သုံးေယာက္က ဂိုလီႏွင့္ ထိုနဂါးမကို ၾကည့္ရင္း စိတ္ထဲ မတင္မက်ျဖစ္ေနၾကပုံရ၏။အထူးသျဖင့္ ဂ်ီတက ပို၍ဆိုးေပဦးမည္။ထိုနဂါးမကို ျမင္လွ်င္ သူ၏သူငယ္ခ်င္းကို သတ္ခဲ့ေသာ သူအျဖစ္ ဂိုလီကိုေကာ မိုးညိဳကိုေကာ မုန္းလာေလသည္။သူတို႔၏လက္ေအာက္က နတ္စစ္သည္ေတာ္ျဖစ္ရသည္ကိုလည္း နာက်င္ေသာ စိတ္မ်ားျဖစ္လာေလသည္။


သမုဒၶရာမွ ပင္လယ္သို႔ နဂါးေရွ႕ေျပးတပ္ႏွင့္အတူ ဂိုလီတို႔ ျဖတ္ေက်ာ္လာခဲ့ၿပီးေနာက္ ပင္လယ္ထဲသို႔ေစလႊတ္ထားေသာ ေစတန္ဘုရင္လက္ေအာက္ခံတပ္မ်ားျဖင့္ တိုက္ပြဲျဖစ္ပြားခဲ့ေလသည္။ပင္လယ္ကို က်င္လည္သူမ်ားျဖစ္သည့္ နဂါးမ်ားက အႏိုင္ရခဲ့၏။ထို႔ေနာက္ ကမ္းစပ္သို႔ ခ်ီတက္လာေသာ သတင္းမွာ ေစတန္ဘုရင့္ထံ ေရာက္လာေလသည္။


“နဂါးေတြကိုမ်ား ဘာခက္လဲ။ဂဠဳန္ေတြလႊတ္လိုက္။”


Comments

  1. ငါ မင်းအတွက် ကံကောင်းစေတဲ့ တရုတ်ဘုံကျောင်းက နဂါးလိုပါပဲ၊ငါတို့ အိမ်ထောင်စု စာရင်းထဲ မင်းပါးပါးနဲ့ မားမားကိုပါထည့်....

    ReplyDelete

Post a Comment