Goli and Miya Part 2(အခန်း ၁၂)

အခန်း(၁၂)

ကောင်းကင်နန်းတော်တွင်း စေတန်ဘုရင်တို့ စံမြန်းနေကြခဲ့ကြသည်မှာ နေသက္ကရာဇ်တစ်နှစ်နီးပါး ရှိပြီဖြစ်လေသည်။အရာအားလုံးမှာ ပုံမှန်ဖြစ်နေကြသည်ဟု ထင်ကြရ၏။နတ်သား နတ်သမီးများ အတော်များများမှာ မေ့ပျောက်ကုန်ကြပြီ။၎င်းတို့ ပုံမှန်လုပ်ဆောင်စရာများ လုပ်ဆောင်နေကြပြီ။၎င်းတို့ နယ်မြေတွင်လည်း စေတန်ဘုရင်က ခန့်အပ်ထားသော နယ်မြေမှူးအသစ်တွေ ရှိလာခဲ့လေပြီ။အာဏာကုန်လွှဲပေးခံထားရသော ထိုနယ်မြေမှူး မိစ္ဆာကောင်များလက်အောက်၌ နတ်သားနတ်သမီးများ၏ နေ့ရက်တိုင်းမှာ မတရားမှု တန်ခိုးပြမှု အာဏာပြမှုများနှင့် မတွန်းလှန်နိုင်မှုများအောက်တွင် အားလုံးပြားပြားဝပ်လျက်။စေတန်ဘုရင်လည်း တိတ်တဆိတ် နေပေါ်သို့ထွက်သွားခဲ့ကာ ကမ္ဘာဂြိုလ်ပေါ်၌ တစ်ယောက်ယောက်ကို အုပ်ချုပ်ရန်ထားခဲ့ပြန်လေသည်။

အရှေ့တိုင်းနယ်မြေအတွင်းတွင် နယ်မြေငယ်ပေါင်း၅၀၀ကျော်ရှိပြီး နတ်များနေရာ နယ်မြေငယ်အများဆုံးရှိသော အရပ်မျက်နှာဖြစ်၏။

ထိုအထဲတွင် နာမည်ကြီးသည်မှာ အာဘီသောနယ်မြေဖြစ်သည်။အာဘီသောနယ်မြေကိုပိုင်စားသူမှာ စေတန်ဘုရင်နှင့် သူ၏မိဖုရား ဘီလူးမတစ်ပါးမှ မွေးသော ဒန်ဘာအမည်ရှိ နတ်ဘီလူးဖြစ်ပြီး အစွမ်းကြီးသူဖြစ်သည့်အလျောက် ဖခင်ဖြစ်သူ စေတန်ဘုရင်က အိမ်ရှေ့စံအရာထားပြီး ငယ်စဉ်တွင် အာဘီသောနယ်မြေကိုပေးထားပြီး အရွယ်ရောက်က ကမ္ဘာဂြိုလ်ကို ပိုင်စားစေရမည်ဟု ရည်မှန်းထားခြင်းခံရသူဖြစ်လေသည်။

အာဘီသောနယ်စား မင်းသားလေး ဒန်ဘာမှ ဖခင်အတိုင်း ယုတ်ညံ့ခြင်းတို့၏ တစ်ဖက်ကမ်း၌ လိုက်မှီသူမရှိဟု နာမည်ကျော်ကြားလှ၏၊

“အထိန်းတော်ကြီး...။”
အော်ခေါ်လိုက်သံနှင့်အတူ ခစားရသော အထိန်းတော် နတ်ကြီးမှာ ချက်ခြင်းလာခဲ့ရ၏။တစ်စက္ကန့်လောက်ကြာသွားလျှင်တောင် သတ်ပစ်လိုက်နိုင်ပေသောကြောင့် အားလုံးမှာ ဖိန့်ဖိန့်တုန်အောင်ကြောက်နေရ၏။

“အမိန့်ရှိပါ မင်းသားလေး။”

“ငါကိုယ်တော် ဒီနေ့ ဒီနယ်မြေထဲမှာ တစ်ခါမှ မလည်ကြည့်ရသေးတဲ့ ဥယျာဉ်ထဲသွားကြည့်ချင်တယ်။”
အထိန်းတော်ကြီးမှာ မျက်နှာဖြူဆိုက်သွားပြီး ကြောက်လန့်တကြား ဦးချကာ တောင်းပန်လေသည်။

“အရှင်မင်းသား အဲ့ဒီ ခိုမိတ ဥယျာဉ်ဟာ ဓါတ်ကြီးလေးပါး အရှင်သခင်များ စံစားရဖြစ်လို့ ခွင့်ပြုချက်မရှိသူ မည်သူကိုမဆို အစဖျောက်ပစ်နိုင်သောကြောင့် မည်သူကမျှ အထဲမဝင်ကြသော ဥယျာဉ်ဖြစ်ပါသည်။အရှင်မင်းသား တစ်ခုခုဖြစ်ခဲ့ပါက အရှင်နေမင်းက ကျွန်တော်မျိုးကို နတ်သက်ခြွေပစ်ပါလိမ့်မယ် ချမ်းသာပေးပါ။”
ဒန်ဘာက စိတ်တိုလာကာ ထရပ်လိုက်ရင်း

“အထိန်းတော်ကြီးက ကျွန်ုပ်လို နတ်ဘီလူးမျိုးရဲ့ အစွမ်းကို မယုံကြည်ပေဘူးကိုး။အသင်ကို ကျွန်ုပ်အစွမ်းရှိကြောင်းပြပြီးမှ ကိုယ်တိုင် သတ်ပစ်မယ်။”

ဤသို့ဖြင့် ဒန်ဘာမင်းသားနှင့် အခြွေအရံများ ခိုမိတ ဥယျာဉ်သို့ ကြွလာခြင်းသတင်းမှာ အရပ်ထဲတွင် ပြန့်သွားလေရာ

“ကောင်းတယ်ကွာ။ကောင်းတယ်။ဓါတ်ကြီးလေးပါး အရှင်သခင်တွေကသာ ဒီလို အလွန်ရိုင်းစိုင်းယုတ်မာတဲ့ မင်းသားကို စမုံတုန်းပေးလိုက်ရင် ငါတို့တွေ သူနှိပ်စက်မခံရတော့ဘူးပေါ့ကွာ။”

“နေပါဦးကွ။တော်ကြာ စေတန်ဘုရင်က မင်းသားကိုထိခိုက်သွားတာမှာ ငါတို့အရပ်နေ နတ်သားနတ်သမီးတွေကို ပတ်ရမ်းနေရင် ဘယ်လိုလုပ်မလဲ။”

“ဟ မင်းကလည်း အဲ့ကျရင် အဲ့ဥယျာဉ်ကို သွားပြီး အရှင်သခင်တွေ အရိပ်မှာ ခိုလှုံမယ်လေ။စေတန်ဘုရင်က ဘာကောင်ကြီးဖြစ်နေနေ အဲ့ဥယျာဉ်ကိုတော့ မတိုက်ခိုက်ရဲတာ သေချာတယ်။”
ထိုစဉ်တွင် ဂိုလီတို့နှင့် နဂါးများ သိမ်းပိုက်ထားသော ကမ်းစပ်ဒေသများ၌ ဂဠုန်များနှင့် စစ်ပွဲများဖြစ်နေလေသည်။

(ဂဠုန်များသည် ငှက်ဦးခေါင်းနှင့် ခြေစွယ်ကြီးများရှိပြီး လူကဲ့သို့ ကိုယ်လုံးနှင့်လက်နှစ်ဖက်ပါရှိကာ ကျောဘက်၌ တောင်ပံနှစ်ဖက်ပါရှိ၏။၎င်းတို့ကား နဂါးကိုယ်တွင်းမှ အဆီကိုစားသောက်ကာ အသက်ရှင်နေထိုင်ကြသော နဂါးမုဆိုးမျိုးနွယ်များဖြစ်၏။)

အခြေအနေမှာ ထိန်းသိမ်း၍ မရချေ။ရေနဂါးရှေ့ပြေးတပ်မှာ ပင်လယ်အထိလောက်ပဲ သွားဖူးသူများဖြစ်သည့်အလျောက် လေနဂါးများ မြေနဂါးများကဲ့သို့ ဂဠုန်များဖြင့် တိုက်ခိုက်ဖူးသော အတွေ့အကြုံမရှိချေ။ဂဠုန်များက တစ်ချက်သုတ်သွားတိုင်း တစ်ကောင်ဆီပါသွားသည်။ထို့နောက် ထိုဂဠုန်က နဂါး၏အဆီကို စားသောက်ကာ အလောင်းကို သမုဒ္ဓရာထဲ ပစ်ချသည်။ဤသည်ကိုမြင်နေရသော အခြား နဂါးများလည်း သွေးပျက်၍နေလေသည်။


ဂျီတလည်း ထိုပျံဝဲနေသော ဂဠုန်များကို လေပွေများဖြင့် ဆွဲယူကာ ဟန်ချက်ပျက်စေပြီး ဂျုဒီကအတောင်ပံများကို မီးရှီု့ဖျက်ဆီးလေသည်။ထို့နောက် အဆုံးသတ်၌မူ ဖိုဘေက ကျောက်တုံးဖြင့် ဖိချကာ သတ်ရလေသည်။ဂိုလီကမူ အဆွဲခံရသော နဂါးများကို လိုက်ကာ ဂဠုန်ကို ရေနဂါးဓါးဖြင့် ခုတ်ချခြင်း အဆွဲမခံရအောင် ရေမျက်နှာပြင်ဖြင့် ကာခြင်းတို့ဖြင့် ကာကွယ်နေသောလည်း အရပ်မျက်နှာမျိုးစုံမှ ၎င်းတို့၏ခြေသည်းများဖြင့် နဂါးများကို ဆွဲရန် ကြိုးစားနေသော ဂဠုန်အားလုံးကို တားဆီးရန် မဖြစ်နိုင်ပေ။

ဂိုလီတစ်ယောက် ဓါတ်ကြီးလေးပါးအရှင်များကို ကျော်ဖြတ်လာပြီးကတည်းက ရေအစွမ်းကလွဲလျှင် အခြားအစွမ်းကို မသုံးသည်မှာ ကြာပြီဖြစ်သော်လည်း ဤဂဠုန်များကို ရင်ဆိုင်ရန် ဦးစွာမိုးကြိုးသွားဖြင့် အစီအမံကို ရွတ်ဆိုကာ မိုးကြိုးများ ဆက်တိုက် ပစ်ခတ်လာစေလေသည်။

ယူရေး(စ်)နပ် သခင်မမှာလည်း ရေခဲချွန်များ စီမံကာ ပစ်ခတ်ခြင်း အနီးကပ်လာသော ဂဠုန်များကို ရေခဲပစ်ခြင်းဖြင့် တိုက်ခိုက်နေရလေသည်။

“နဂါးတွေ သုံးကောင် တစ်ဖွဲ့ပူးပြီး တိုက်ကြ။”
အော်ဟစ်လိုက်သူမှာ ယူရေး(စ်)နပ်သခင်မဖြစ်၏။

“ဂဠုန်ရဲ့ ခြေနှစ်ဖက်က အများဆုံးနှစ်ကောင်ပဲဆွဲနိုင်တယ် သုံးကောင်မြောက်က ဂဠုန်ကို ကိုက်ဆွဲပစ်လိုက်။”
ပုံမှန်ဆိုလျှင် နဂါးများသည် သူ၏စကားကို နာခံလိမ့်မည်မဟုတ်ချေ။သို့သော် စစ်ပွဲထဲတွင် အကျအဆုံးများလာသည်နှင့်အမျှ စစ်သည်တော်များအဖို့ အသက်ရှင်ကျန်ဖို့မှာ အရေးကြီးလှရာ အသက်ရှင်ကျန်နိုင်မည်ဆိုလျှင် ဘာမဆို လုပ်ကြမည်သာဖြစ်လေရာ ကျန်ရှိနေသော စစ်သည်တော်များကို ဂိုလီတို့က ကာကွယ်ပေးထားရင်း သုံးယောက်စုများ ခွဲလိုက်ကြသည်။ထို့နောက် အရှိန်အဟုန်ဖြင့် သုတ်ချီရန် ဒိုက်ပင်ဆင်းလာကြသော ဂဠုန်များကို ပြန်လည်တိုက်ခိုက်ရန် ဟန်ပြင်လိုက်ကြလေသည်။

သို့သော် နှစ်ယောက်က ထိုးသုတ်အချီခံရချိန်တွင် ကျန်ရှိသောတစ်ယောက်က ခြေသည်းမအားတော့သည့် ဂဠုန်ကို ကိုက်ဆွဲရမည်ဖြစ်ရာ မည်သူကမှ ဆွဲသုတ်မခံချင်ပေ။ဤတွင် ဆွဲအသုတ်မခံရစေရန် တစ်ယောက်က နောက်ဆုတ်ရာ အခြားနှစ်ယောက်ကလည်း နောက်ဆုတ်လာပြန်သဖြင့် အစောကကဲ့သို့ ဂဠုန်ထံမှ ထွက်ပြေးနေသယောင်ရှိရာ ဂဠုန်က လည်ဝယ်သဖြင့်  တစ်ကောင်ထဲကို ဆွဲပြီး လွတ်လွတ်လပ်လပ် ပြေးသွား၏။ဤတွင် အဆွဲခံရသော နဂါးနောက်သို့ လိုက်သေးပါသော်လည်း ဂဠုန်က နဂါးတစ်ကောင်ကို အလွယ်တကူသုတ်ချီပြီး ပြေးနိုင်လေရာ မမှီတော့ချေ။အလုပ်မဖြစ်သည်ကို တွေ့ရသဖြင့် ဂိုလီလည်း ဒေါသဖြစ်လျက်ဖြင့် သူ၏အဆင့်မြှင့်ဆုံးစွမ်းအင်ကို ဖွင့်ထုတ်ရန် ကြိုးစားရလေသည်။

ဓါတ်ကြီးလေးပါး အရှင်သခင်များဖြင့် တိုက်ခိုက်စဉ်က အခြားသူများမသိအောင် ထုတ်သုံးခဲ့သော သမန်းဝံပုလွေဟိန်းသံ အစွမ်းကို သုံးရန် သမန်းဝံပုလွေအဖြစ်သို့ ပြောင်းလဲရလေသည်။

ဤတွင် ဂိုလီ့ကို မြင်သူတိုင်းမှာ အံ့ဩလျက် မယုံနိုင်ခြင်းများ ပြည့်နှက်ကုန်လေသည်။သို့သော် ဂိုလီမှာမူ အဆွဲခံလိုက်ရသော နဂါးများအဖို့သာ အရေးစိုက်လျက် အသွင်ပြောင်းခြင်းကို အာရုံစိုက်ကာ အစီအမံကို အားစိုက်ရွှတ်ဆိုနေလေသည်။

ထို့နောက် ဂိုလီ၏မျက်လုံးများ၊နှာခေါင်းများ၊နားရွှက်များမှ သွေးများစီးကျလာကာ ပါးစပ်မှလည်း သွေးများ အမြုပ်ပလုံစီလျက် ထွက်လာသည်။နီရဲနေသော မျက်လုံးအစုံမှာ သွေးဆာနေသော မိစ္ဆာတစ်ကောင်အသွင်ကို ပေါ်လွင်လာစေသည်။ထို့နောက် အားပြင်းကျယ်လောင်သော ဟိန်းဟောက်သံဖြင့် မြည်တွန်ပစ်လိုက်ရာ လေပေါ်တွင် ပျံသန်းနေသော ဂဠုန်များမှာ အတောင်ပံများ ပြတ်ထွက်သွားကာ နာကျင်စွာ အော်ဟစ်လျက် နဂါးများကို လွှတ်ချလိုက်ကြလေသည်။ပြန်ကျလာသမျှ နဂါးတိုင်းကို ဂျီတက လေပင့်အားဖြင့်ထိန်းထားရင်း အောက်သို့ဖြေးဖြေးချင်း ချပေးလေသည်။နဂါးများမှာ အကြေးခွံများကွာကာ သွေးများ မထိန်းနိုင်လောက်အောင်ထွက်လျက် နာကျင်စွာ အော်မြည်နေကြသော်လည်း အနည်းဆုံးအသက်မသေတော့သဖြင့် တော်သေးသည်ဆိုရပေမည်။ဂဠုန်များ ပြန်ဆုတ်သွားကြပြီ။ကမ်းစပ်တိုက်ပွဲကြီးပြီးဆုံးသွားခဲ့လေပြီ။

ရေနဂါးရှေ့ပြေးတပ်၏တပ်မှူးမှာမူ သူ၏နဂါးတပ်များ၏ အကျအဆုံးများကို တွက်ချက်လေ၏။
“နဂါးစစ်သည်တော်အားလုံးပေါင်း ၂၀၀အတိကျဆုံးခဲ့တယ်ပေါ့ဟုတ်လား။တော်တော်များတာပဲ။”

“ဆရာ...။ကျဆုံးက ၂၀၆ဖြစ်သွားပါပြီ။”
တပ်မှူးအံ့ဩသွား၏။ထို့နောက် စစ်ဆေးသောအခါ ဂိုလီသမန်းဝံပုလွေအသွင်ဖြင့် ကယ်တင်ခံရသော နဂါး၆ကောင်မှာ ကိုယ့်ကိုယ်ကို သတ်သေကုန်ကြသည်ဟူ၏။အနီးရှိသူများ၏ ပြောပြချက်အရ သူတို့မှာ မိစ္ဆာပေးသောအသက်နဲ့ မနေဘူးဟေ့။”ဟုကြုံးဝါးရင်း သတ်သေကုန်ကြခြင်းဖြစ်ကြသည်ဟု သိရလေသည်။

တပ်မှူးလည်း မတတ်သာပေ။အစီအရင်ခံစာကိုရေးသားပြီး နန်းတော်ရှိ စစ်ဌာနချုပ်သို့ ပို့ဆောင်ခဲ့ရလေသည်။

ပြန်စာမှာ တစ်ရက်အတွင်း ပြန်ရောက်လာခဲ့လေ၏။ပြန်စာတွင် ပါဝင်သည်မှာ ဂိုလီတို့တပ်ခွဲနှင့် ထပ်မံပတ်သက်ခြင်းမပြုတော့ပဲ တပ်ကိုပြန်ဆုတ်လာခဲ့ရန်နှင့် မိုးညိုကိုပါ တစ်ပါထဲပြန်ခေါ်ခဲ့ရန်ဟု ပါရှိလေသည်။

အမှန်တော့ တပ်ခွဲမှာလည်း အခြေအနေမကောင်းချေ။ဂျီတက ထိုနေ့ညက သူ၏သူငယ်ချင်းသုံးယောက်နှင့်တိုင်ပင်ကာ နှုတ်ထွက်စာများတင်ကြလေသည်။ကျန်ဖိုဘေနှင့် ဂျုဒီတို့ကလည်း ဂျီတနှင့်အတူလိုက်ထွက်ကြမည်သာဖြစ်၏။သူတို့နှုတ်ထွက်စာတွင် မိစ္ဆာတစ်ကောင်နှင့် အတူမလုပ်လိုကြောင်း သို့သော် ကမ္ဘာ၏လွတ်လပ်ရေးအတွက် စေတန်ဘုရင်ကိုတော့ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အတိအလင်းရေးသားခဲ့လေသည်။

နှုတ်ထွက်စာများလာပေးသော ညတွင် ဂိုလီကတစ်ခွန်းမေးခဲ့၏။

“ငါကမိစ္ဆာဆိုလို့ တာဝန်မထမ်းဆောင်တော့ဘူးဆိုရင်တောင် ကမ္ဘာလွတ်လပ်ရေးအတွက် ဆက်လုပ်မယ်ဆိုတဲ့ စာသားကို ငါကစေတန်နဲ့ မိစ္ဆာချင်းချင်းဆိုပြီး ပူးပေါင်းသွားမှာမကြောက်ကြဘူးလား။”
ဂျီတကမူ ရှင်းရှင်းလင်းလင်း တစ်ခွန်းသာပြောခဲ့လေသည်။


“အစကတည်းက မိစ္ဆာကောင်ဆိုတာကို သိပြီးသားပါ။ခင်ဗျားပူးပေါင်းပြီး ဒီအကြောင်းကိုပြောပြော မပြောပြော ဂရုကိုမစိုက်ဘူး။
ထိုနေ့ည ဂိုလီတစ်ယောက် သူ၏အခန်းထဲ၌ထိုင်လျက် နဂါးတပ်များမရှိတော့ချိန်တွင် မည်သို့မည်ပုံ လှုပ်ရှားရမည်ကို စဉ်းစားနေရလေသည်။ကမ်းစပ်တိုက်ပွဲပြီးသည်မှာ မကြာသေးသည်ဖြစ်၍ ချက်ခြင်းတိုက်ခိုက်ခံရဦးမည်မဟုတ်သေးသော်လည်း ရေရှည်ဆိုလျှင် ကမ်းစပ်ဒေသနေ နတ်သားနတ်သမီးများထံ စစ်မီးတွေ ကူးစက်လာမည်မှာ အမှန်ပင်ဖြစ်လေသည်။ယခု သူ့အပေါ်တွင် မည်သူကမှ အယုံအကြည်မရှိတော့သည့်အနေအထားတွင် သူတစ်ယောက်ထဲ ဆက်လုပ်ရမည့်အရေးကို တွေးနေရလေသည်။

သူတံခါးကိုသေချာစွာ စိမထားမိပေ၊ထို့ကြောင့် အနောက်မှ အသာအယာဝင်လာ၏။ဤကဲ့သို့အနေအထားတွင် မိတ်ဆွေမျိုးက ဝင်လာဖို့မရှိသည်ကို သူသိ၍ လက်မှ မိုးကြိုးသွားကို အဆင်သင့်စွဲကိုင်ထားကာ တစ်ဖက်လှည့်ကာ ပစ်မည်ပြုလေသည်။

သို့သော် သူ့အားရန်ပြုမည့်သူ ဝင်လာခြင်းမဟုတ်ချေ။ဝင်လာသူမှာ မိုးညိုဖြစ်၏။ဂိုလီတစ်ယောက် အံ့ဩသလို ပစ်လိုက်မိတော့မလိုလို အနေအထားကြောင့် အားနာသွားရလေသည်။

‘အရှင်...ကျွန်မကို ဆက်ခေါ်ထားပါ။ကျွန်မမပြန်ချင်ဘူး။”

“မဖြစ်နိုင်တာကို မင်းသိပါတယ်။မင်းဟာ ရေနဂါးမင်းရဲ့ ညီမတော်လေ။ငါ့လိုမိစ္ဆာရဲ့ လက်နက်လိုနေလို့ မကောင်းပါဘူး။”
မိုးညိုက ဂိုလီအရှေ့တွင် ဒူးတုပ်ထိုင်ချလိုက်သည်။သူမမျက်ဝန်းထဲတွင် မျက်ရည်များလည်း ဝိုင်းဝိုင်းလည်ကာ စို့လျက်ရှိသည်။

“ကျွန်မပြန်သွားရင် နဂါးနန်းဆောင်ထဲ တစ်သက်လုံးနေရလိမ့်မယ်။အချိန်ကျလို့ အိမ်ထောင်ပြုကြရပြီးရင် ကျွန်မဘဝက နန်းတော်ထဲမှာ ကုန်သွားရမှာ။ကျွန်မအဲ့လိုမနေချင်ဘူး။”

“မင်းက မွေးကတည်းက လက်နက်အဖြစ်ထုထွင်းခံခဲ့ရတာလေ။ဓါးအိမ်လေးထဲနေရတာကို မငြီးငွေ့ဘူးလား။”

“အဲ့ဓါးအိမ်ဟာ အကျဉ်းထောင်နဲ့တူတဲ့ နန်းဆောင်ကြီးထက် အများကြီးအဓိပ္ပာယ်ရှိပါတယ်။အရှင် ဒီကမ္ဘာကိုလွတ်လပ်ရေးဆောင်ယူလာပေးနေတဲ့ ဓါးအဖြစ်နေရတဲ့ဘဝက အများကြီးတန်ဖိုးရှိတာကို သိတယ်မလားအရှင်။”
ဂိုလီက မိုးညိုကို မတ်တပ်ပြန်ရပ်ရင်ဆွဲထူလိုက်ကာ

“မင်းအကိုတော်ဟာ မင်းကို အတင်းပြန်လာစေချင်တာ။ငါပြန်မလွှတ်ရင် မင်းအကိုနဲ့စစ်ဖြစ်ရလိမ့်မယ်။စေတန်ဘုရင်ကို တိုက်ခိုက်ရတာတင် ငါပင်ပန်းလှပြီ။မင်းအကိုနဲ့တိုက်ခိုက်ရရင် ငါတို့ကမ္ဘာကြီးစိတ်ဝမ်းထပ်ကွဲကြရလိမ့်မယ်။ဒါကြောင့် မင်းဟာပြန်သွားဖို့ အရမ်းကိုအရေးကြီးလွန်းတယ်။မင်းဘဝက နန်းတော်ထဲမှာပဲ နေနေရလိမ့်မယ်ဆိုရင်တောင် ဒါဟာ ဒီကမ္ဘာရဲ့ ငြိမ်းချမ်းရေး၊လွတ်လပ်ရေးအတွက် မင်းရဲ့မြင့်မြတ်သော ပေးဆပ်မှုပါပဲ မိုးညိုရယ်။”
မိုးညိုကား တရှုံရှုံငိုနေပြီ။စစ်ပွဲများကိုတိုက်ခိုက်ဖူးသော လက်နက်ကြီးတစ်ခုသာဖြစ်သော်လည်း ခံစားချက်မရှိသော အသက်မဲ့ဓါးလက်နက်တစ်လက်မဟုတ်ခဲ့ချေ။


မိုးညိုကား ဘာကိုမှဆက်မပြောတော့ချေ။ဂိုလီ့ကို တင်းကြပ်စွာဖက်ထားရင်းမျက်ရည်ပူများမှာ လှိမ့်ဆင်းလာလျက်ရှိနေလေသည်။ထို့နောက် ဂိုလီ့အားကြည့်ရင်း တစ်ချက်ပြုံးလိုက်လေသည်။

“ရိုင်းပြမိသမျှကို ခွင့်လွှတ်ပါအရှင်။”
ပြောလိုက်ရင်း ဂိုလီ၏ ပခုံးများကို တင်းကြပ်စွာဖက်ရင်း ဂိုလီ၏အိပ်ရာသို့လှဲချလိုက်လေသည်။ဂိုလီလည်း ဘာဖြစ်နေသည်ကိုသတိထားမိလိုက်သည်။သူလုပ်လို့မဖြစ်ပေ။သူတားရပေသည်။

သို့သော် ထိုသာယာနေသော လကွယ်ညမှာ ဝံပုလွေများ၊မြေခွေးများသော်လည်းကောင်း ခွေးများသော်လည်း အူခြင်းမပြုပဲ ငြိမ်သက်နေမှုမှာ ဆက်နွယ်ခဲ့ပြီဖြစ်သော သံဃောဇဉ်ကြိုးတစ်ချောင်းကို မတားဆီးပဲ လွတ်လပ်ခွင့်ပေးနေသည့်အလား အောက်မေ့ရလေသည်။

မနက်ရောက်သောအခါ မိုးညိုမရှိတော့ပေ။မိုးညိုရေးထားခဲ့သော နတ်ဘာသာစကားကို မတတ်တတ် အလွဲလွဲအမှားမှားဖြင့်ရေးထားပြီး နဂါးဘာသာစကားဖြင့်လိပ်တပ်ထားသော  စာတစ်စောင်သာကျန်ခဲ့လေသည်။

သို့…
ချစ်လှစွာသော အရှင်ဂိုလီ

ကျန်နော်မျိုးမသည် အရှင့်ထံပါးတွင် နှစ်ယာနှင့်ချီအောင် လက်နက်အဖြစ်သာဝန်ထမ်းဆောင်ခဲ့ရပြီး ကောင်းအတူဆိုးအတူ မကွဲမကွာနေခဲ့ရသော အချိမ်များကို အောက်မေ့တတိရနေမည်မှာ တေချာပါသည်။အရှင်သွေးသားဖြင့် မွေးမည့်နတ်နဂါးအနွယ်ဝင်ကိုလည်း ကျန်နော်မျိုးမက တမုဒ္ဓရာ၏အရှင်မင်းတစ်ပါးဖြစ်လာသည်အထိပျိုးထောင်ကာ အရှင်ဂုန်ရူယမည့် တားကောင်းယတနာတစ်ပါဖြစ်လာစေခြင်းဖြင့် ကျေးဇူးဆပ်ပါမည်။ယမန်နေ့ညသည် အရှင်ကျန်နော်မျိုးမကို သန်ဖိုးမဖြတ်နိုင်မည့် ဌာဝယလက်ဆောင်ကောင်းတခုကိုပေးခဲ့ခြင်းဖြစ်ပါသည်။

အရှင်အစဉ်အမြဲကျန်းမာချမ်းသာစေကြောင်းဆုတောင်းလျက်

မှ…
မိုးညို

ဂိုလီလည်း စာဖတ်ပြီး စိတ်ထဲသိပ်မကောင်းချေ။အမှန်တော့ သူသည် ကမ္ဘာငြိမ်းချမ်းရေးကိုပျက်ပြားစေမည့် အရှုပ်တော်ပုံကိုလုပ်မိခြင်းသာ...သို့သော် သူသည်ဤသာယာမှုကြောင့် အဆင်အခြင်မဲ့သွားခဲ့သည်။သူဘာဆက်လုပ်ရင်ကောင်းမည်ကိုပင်မသိချေ။မိုးညိုပြောသကဲ့သို့ နတ်နဂါးအနွယ်မင်းသားတစ်ပါးမွေးလာလျှင် ထိုမင်းသားသည် ငြိမ်းချမ်းရေးကိုယူဆောင်မည်လော စစ်ပွဲကို ယူဆောင်မည်လော။သူမသိနိုင်တော့ချေ။

အာဘီသောနယ်အတွင်း၌မူ ကောလဟာလများစွာပြန့်လျက်ရှိ၏။အကြောင်းမှာ မင်းသား ဒန်ဘာတစ်ယောက် ခိုမိတဥယျာဉ်တွင် မသေပဲပြန်လာသော်လည်း တစ်စုံတစ်ခုသော်လည်းကောင်း တစ်စုံတစ်ယောက်ကိုသော်လည်းကောင်း ယူဆောင်လာသည်ဟု တစ်ဆင့်စကားတစ်ဆင့်ပြောကြရင်း မည်သည့်ကောလဟာလက အမှန်ဖြစ်နိင်သည်ကို မဝေခွဲနိုင်ပဲရှိနေလေတော့သည်။

“အထိန်းတော်ကြီး ကျုပ်တို့တွေ ပြန်လာချိန်မှာ ဘာကိုသယ်လာကြတယ်ဆိုတာ ဘယ်သူကမှ မသိတာ သေချာတယ်မဟုတ်လား။”
ပုံမှန်ဆိုလျှင် မင်းသားသည် ဤကဲ့သို့ပြောနေမည်မဟုတ်ချေ။စိတ်တိုင်းမကျလျှင် သတ်မည်ဖြတ်မည်သာ သိသည့်သူတစ်ယောက်အနေဖြင့် ယခုကဲ့သို့စကားများစွာပြောနေခြင်းမှာ တစ်ခုခုမှားနေသည်မှာအမှန်ပင်။အထိန်းတော်ကြီးကမူ အတူလိုက်ခဲ့သူဖြစ်သည့်အလျောက် ကောင်းကောင်းသိနေလေသည်။

သူတို့ဆောင်ယူလာသည်မှာ ခိုမိတပန်းခင်းကြီးနှင့် ပန်းခင်းပေါ်မှ ကျုံ့ကျုံ့လေးထိုင်နေသော နတ်သမီးကျောက်ရုပ်လေးဖြစ်လေသည်။ထိုကျောက်ရုပ်ရှင် နတ်သမီး၏မျက်နှာကို ကြည့်ရုံနှင့် ချက်ခြင်းသိနိုင်သည်မှာ ထိုနတ်သမီးကား တခြားမဟုတ် လနတ်သမီး မီရာဖြစ်လေသည်။

မီရာကား အဘယ်ကြောင့် ဤထဲတွင် ကျောက်ရုပ်ဖြစ်နေသည်ကိုမသိနိုင်သော်လည်း ကျောက်ရုပ်ကို ထိမိလိုက်ချိန်တွင် ဒန်ဘာတစ်ယောက် ထူးဆန်းသောခံစားချက်များစွာရလာလေသည်။အလွမ်း၊မျှော်လင့်ချက်၊အချစ် စသော နူးညံ့သည့်ခံစားချက်များစွာ သက်ဝင်လာသောအခါဝယ် ဒန်ဘာတစ်ယောက် ကျောက်ရုပ်ဖြစ်နေသော မီရာ့ကို စွဲလန်းသွားခဲ့လေသည်။

“အထိန်းတော်ကြီး။ကျွန်တော် ပင့်ခိုင်းတဲ့သူကိုပင့်ပြီးပြီလား။”

“အခုပဲရောက်ပါပြီ။မင်းသား။”
ဒန်ဘာပင့်လိုက်သော သူမှာ ဆဌမအာရုံပိုင်ရှင်နတ်တစ်ပါးဖြစ်၏။

(ဆဌမအာရုံသည် ရေ၊မြေ၊လေ၊မီးတို့မှ ခွဲထွက်လာသော အစွမ်းထဲမှ တစ်ခုဖြစ်ပြီး တတ်မြောက်သူအလွန်နည်းပါးသည်။သူတို့သည် လူသားအချို့ကို ဆဌမအာရုံမျှဝေခဲ့ပြီး သူတို့ကို ကိုးကွယ်စေရန် ဖြားယောင်းခဲ့ကာ ထိုကိုးကွယ်မှုအာရုံများမှတစ်ဆင့် အစွမ်းများရယူရန်ကြိုးစားဖူးလေသည်။သို့သော် လူသားများမှာ ဆဌမအာရုံရသည်နှင့် မကောင်းသောအရာများပြုလာကြသဖြင့် ဆဌမအာရုံကို ထပ်မံမျှဝေခြင်း မပြုတော့ချေ။)

“အို...အရှင်မင်းသား ဒန်ဘာ။အရှင်မင်းသားမှာ တမူထူးခြားတဲ့ အငွေ့အသက်တွေရှိနေပါလား။”

“စကားမရှည်ပါနဲ့ ကျွန်တော့်ကို ဟောကိန်းသာထုတ်ပေးပါ။”
ဆဌမအာရုံပိုင်ရှင်နတ်လည်း ဂါထာတစ်ခုရွှတ်လိုက်ပြီးနောက် သူ၏ပတ်ပတ်လည်သို့ ရေစင်ဖြန်း၏။ထိုရေများမှာ ကြမ်းပြင်သို့မထိခင်ပင် အငွေ့ပျံကာ အခိုးအငွေ့များက ပုံဖော်လာလေ၏။ပထမဆုံးပုံဖော်လာသည်မှာ သမန်းဝံပုလွေတစ်ကောင်ဖြစ်၏။ထိုအခါ ဆဌမအာရုံပိုင်ရှင်နတ်က

“အရှင်မင်းသားတို့ယခုရယူထားသော အာဏာကို တစ်နေ့တွင် သမန်းဝံပုလွေတစ်ကောင်ကဖျက်ဆီးသွားလိမ့်မည်။”
ထို့နောက် လခြမ်းကွေးလေးပေါ်လာကာ ထိုလခြမ်းလေးကို တိမ်များဖုံးအုပ်သွားသည့်ပုံပေါ်လာပြန်လေသည်။

“လနတ်သမီး မီရာဟာ သူပိုင်ရာ လတစ်ခုလုံးနဲ့ အချစ်ကို ရွေးချယ်ရမယ့်အချိန်ရောက်လာလိမ့်မယ်။”
ထို့နောက် ဂြိုလ်ရှစ်ခု ပလူတိုနှင့် နေအဖွဲ့အစည်းကြီးပေါ်လာပြန်လေသည်။

“နေအဖွဲ့အစည်းဟာလည်း မကြာခင်မှာ မင်းအသစ်တစ်ပါးလက်အောက်ရောက်မယ်။မရေတွက်နိုင်တဲ့ တိုက်ပွဲတွေဖြစ်မယ်။အားလုံး ပျက်သုန်းကိန်းရောက်မယ်။”
စကားသံအဆုံးတွင် မမျှော်လင့်ထားသည်ကို ကြားလိုက်ရသော ဒန်ဘာမှာ မျက်စိပြူးလျက် စိတ်ဓါတ်ပျက်ပြားသွားဟန်ရလေသည်။ထို့နောက် အတော်ကြာအောင် ငိုင်နေပြီးမှ

“လနတ်သမီးရဲ့ အချစ်ဖြစ်မယ့်သူဟာ ဘယ်သူလည်း အသင်သိလား။”
ဆဌမအာရုံရှင်က ခေါင်းကိုခါကာ

“ဟောကိန်းကို ကြိုပြောခြင်းဟာ ပျက်ဆီးမှုထက် ဘာမှပိုမဖြစ်စေပါဘူး။အရှင်မင်းသား ကိုယ်တိုင် သိရမှာပါ။”

“စောက်ရေးမပါတာကွာ။”
ပြောလိုက်ရင်း ဆဌမအာရုံရှင်၏လည်ပင်းကို ဖမ်းဆွဲလိုက်၏။ဒန်ဘာ၏ ကြီးမားသော ဘီလူးလက်ဝါးကြီးတွင် ဆဌမအာရုံရှင်မှာ မျှော့မျှော့သာကျန်တော့၏။

“လူတွေတောင် ကိုယ့်ကြမ္မာကိုယ်ဖန်ဆင်းနိုင်သေးတာ။ငါလို စွမ်းအားရှိနတ်ဘီလူးတစ်ကောင်က ဘာခက်လဲ။ကိစ္စမရှိဘူး။အကယ်၍ နေအဖွဲ့အစည်းလည်းပျက်မယ်။ကမ္ဘာကိုလည်း ဆုံးရှုံးရမယ်ဆိုရင် နောက်မင်းအသစ်က ငါဖြစ်စေရမယ်။ဒါ့အပြင်...။
ပြောလိုက်ရင်း ဒန်ဘာက ကျောက်ရုပ်ဖြစ်နေသော မီရာ့ဆီ ကပ်သွားကာ

“မီရာ...သူ့ကိုလည်း ငါ လမင်းကြီးတစ်ခုလုံးနဲ့တောင် မလဲနိုင်လောက်မယ့် အချစ်မျိုးပေးမယ်။”
ချက်ခြင်း ခက်ထန်နေသော မျက်နှာမှာ အပြုံးများဖြင့် လန်းဆန်းသွားပြန်လေ၏။

တံခါးဝမှ ကြားရသော အစောင့်နှစ်ယောက်က တီးတိုးအတင်းတုပ်လေသည်။

“ဟျောင့် သူ့အဖေ စေတန်ဘုရင်သာ ယူခဲ့ရင် သူ့အမေလောက်ဖြစ်နေမယ့် မီရာ့လိုအိုစာနေတဲ့ နတ်သမီးကို သူက ဘာကြည့်ကြိုက်နေလည်းမသိ။”

“လနတ်သမီးမီရာတွေက နုပျိုခြင်းလက်ဆောင်ကို ရထားကြတော့ ဘယ်သက္ကရာဇ်ရောက်ရောက် မအိုမယ့်အထဲပါတယ်ကွ။ကြိုက်လောက်စရာပါပဲ။ကျောက်ရုပ်ပဲဖြစ်နေတာတောင် ဒီလောက်စွဲမက်ရတာ စဉ်းစားကြည့်။”

“အေ...ကျောက်ရုပ်အတွက်နဲ့ အဖေနဲ့သားစစ်ခင်းမလားမသိ။”
ထို့နောက် ဓါးချွန်နှစ်ချောင်းမှာ သူတို့ နောက်ဘက်မှ ခေါင်းကို ထိုးဖောက်သွားပြီး ဦးနှောက်မှ သွေးများ ဒလဟော ပန်းထွက်လာလေသည်။ထိုအစောင့်နှစ်ယောက် မှာ ဓါးကြီးဖောက်သွားလျက်နှင့် တန်းလန်းကြီး သေသွားပြီးနောက်တွင် ခန်းဆောင်အတွင်းမှ ကြုံးဝါးသံထွက်လာလေသည်။

“မီရာ့အတွက် ငါတစ်ဂြိုလ်လုံးနဲ့ စစ်ခင်းပြမယ်ကွ။”
ဆဌမအာရုံရှင်ကတော့ ခေါင်းကို အသာအယာခါလိုက်ရင်းသာ ဒန်ဘာကို အရိုအသေပေးပြီးနောက် ထွက်သွားလေတော့သည်။

ကျောက်ရုပ်ကိစ္စမှာ ဒန်ဘာတို့ကဖုံးကွယ်သော်ငြား မသိမသာလေးပြန့်လာလေသည်။အရပ်ထဲ၌ ကျောက်ရုပ်နှင့်ပတ်သက်၍ အမျိုးမျိုးထင်မြင်ချက်ပေးလာလေသည်။ထိုနေ့ညနေက ဂိုလီတစ်ယောက် အာဘီသောနယ်မြေသို့ရောက်လာလေသည်။

အာဘီသောနယ်မြေကား သဘာဝအလှကြိုက်တတ်သူများအတွက်ကော ခိုမိတပန်းဥယျာဉ်ကို ရှု့စားလိုသူများ မကြာခဏလာသောကြောင့် ထိုဒေသတွင် အဆင့်မြင့်နတ်များက နားနေဆောင်များတည်ဆောက်ကာ အဆင့်နိမ့်နတ်များကို အစေခံအဖြစ်ခန့်အပ်ရင်း ခရီးသွားနတ်များကို ဆွဲဆောင်နေလေ့ရှိသော နယ်မြေတစ်ခုဖြစ်လေသည်။

“အရှင်မင်းသား...နယ်မြေဝင်ပေါက် စစ်ဆေးရေးဂိတ်မှာ မီးလောင်နေပါတယ်။”
ဒန်ဘာက ထူးခြားသောတုံ့ပြန်မှုမျိုးမရှိပဲ

“ပုန်ကန်သူတွေလက်ချက်ဖြစ်နိုင်တယ်။တရားခံတွေကို မရရအောင်ဖမ်းကြ။”
တစ်ချက်လွှတ်အမိန့်အပြီးတွင် နတ်စစ်သည်တော်အများအပြားနယ်မြေတစ်ခုလုံးတွင် စောင့်ကြပ်နေစေရန် ဖြန့်ကျက်ထားကြ၏။

စစ်ဆေးရေးဂိတ်တွင်လောင်နေသောမီးကား ကြီးမားလွန်းပြီး မီးတောက်တွေကိုကြည့်ရင်း နတ်သားနတ်သမီးများရော နတ်စစ်သည်တော်များပါ အံ့ဩသွား၏။အကြောင်းမှာ မီးတောက်မှာ သမန်းဝံပုလွေတစ်ကောင်၏မျက်နှာကိုဖော်လာသောကြောင့်ဖြစ်လေသည်။ဤအကြောင်းကို နတ်စစ်သည်တော်များက မင်းသားဒန်ဘာကိုလျှောက်တင်ကြလေသည်။မင်းသားဒန်ဘာက

“ဟ...ဟောကိန်းက မြန်သားပဲ။ကိစ္စမရှိပါဘူး။အဲ့သမန်းဝံပုလွေလည်း ငါ့ကိုယဉ်နိုင်စရာလား စွမ်းအားရှိနတ်ဘီလူးမျိုးကွ ငါက။”
ထိုနေ့ညတွင် နတ်သားနတ်သမီးအားလုံးကို ညမထွက်ရအမိန့်ချပြီး နတ်စစ်သည်တော်များက တစ်အိမ်ဝင်တစ်အိမ်ထွက် ပိုက်စိပ်တိုက်ရှာကြလေသည်။သူတို့ထင်မြင်ချက်အရ မီးဖြင့်အာရုံလွဲထားပြီး သမန်းဝံပုလွေက နယ်မြေထဲဝင်လာကောင်းလာလိမ့်မည်ဟု ယူဆကြပေသောကြောင့်ဖြစ်လေသည်။
“ဟေ့...တံခါးဖွင့်ကြစမ်း။”
နတ်စစ်သည်တော် နှစ်ယောက်ဖြစ်ပြီး သူတို့စစ်ဆေးမည့်အိမ်ကား နတ်မိသားစုတစ်စုနေထိုင်ရာ အိမ်လေးဖြစ်လေသည်။

တံခါးလာဖွင့်သူမှာ အပျိုစင်နတ်သမီးတစ်ပါး။

“နတ်စစ်သည်တော်ကြီးတို့ ညကြီးမင်းကြီး ဘာကိစ္စရှိလို့များ...။”

“စစ်ဆေးစရာရှိလို့ပါ။သမန်းဝံပုလွေတစ်ကောင်ကိုရှာဖို့ပါ။အိမ်အားလုံးအိမ်ရှေ့ထွက်နေပါ။”
နတ်စစ်သည်တော်နှစ်ယောက်က အိမ်ရှေ့ဧည့်ခန်းတွင် ထိုအပျိုစင်နတ်သမီးလေးနှင့် သူမ၏ ဖခင်ကို နေခိုင်းပြီး နတ်စစ်သည်တော်တစ်ပါးက တစ်အိမ်လုံးကိုမွှေနှောက်ကြည့်၏။သူတို့ရှာလိုသော သမန်းဝံပုလွေကိုတော့ ရှာမတွေ့ခဲ့ကြချေ။

ဤတွင် နတ်စစ်သည်တော်တစ်ယောက် မျက်စပစ်ကာ အချက်ပြလိုက်သည်တွင် နောက်နတ်စစ်သည်တော်တစ်ယောက်က အပျိုစင်နတ်သမီး၏လက်ကိုဆွဲကာ ထိုနတ်ထံတွန်းပို့လိုက်လေသည်။ဖခင်ဖြစ်သူမှာ 

“စစ်သည်တော်ကြီးတို့ မလုပ်ကြပါနဲ့ဗျာ။အိမ်မှာ သမန်းဝံပုလွေလည်းမရှိပါဘူးဗျာ။စိတ်တိုင်းကျလည်းရှာပြီးကြပြီကို။”
ဤတွင် ဓါးနှောင့်ဖြင့် ဖခင်ဖြစ်သူနောက်စေ့အား ရိုက်ချလိုက်လေသည်။ထို့နောက်

“ကဲကဲ နောက်ဆုံးအခွင့်အရေးမှာ သမန်းဝံပုလွေဘယ်နားရှိတယ်ကို ပြောသင့်ပြီလို့ထင်တယ်။”
အပျိုစင်နတ်သမီးမှာ ကြောက်ရွံမှုဖြင့် ငိုယိုလျက်

“ကျွန်မတကယ်မသိပါဘူးရှင့်...သနားပါရှင်ကျေးဇူးပြုပြီး။”
အမှန်တော့ သမန်းဝံပုလွေမရှိသည်ကို သူတို့လည်းသိပြီးသားဖြစ်လေသည်။တမင် အဓ္ဓမကျင့်လို၍ ရည်ရွယ်ချက်ရှိရှိ လာကြခြင်းဖြစ်လေရာ အပျိုစင်နတ်သမီးခမျာ ထိုအခြင်းအရာကို သတိထားမိပြီးနောက် ကြောက်လန့်လျက် အတင်းရုန်းကန်လေသည်။

နတ်စစ်သည်တော်လည်း စိတ်တိုလာကာ ပါးအား”ဖြန်း”ကနဲမြည်အောင် ရိုက်ချလိုက်၏။ထို့နောက်
“ဟေ့ကောင်ရေ ဒီနတ်သမီးက မလွယ်ဘူးကွ။တော်တော်သန်တယ် လာဆွဲစမ်းပါ။”

သို့သော် တစ်ဖက်က မည်သို့မျှ မဖြေလေသည့်အခါ သူမော့ကြည့်လိုက်သည့်နောက် သူမြင်လိုက်ရသည်မှာ ရဲရဲနီနေသော မျက်လုံးနှစ်ခုဖြစ်လေသည်။

ခပ်မှိန်မှိန်ထွန်းထားသော မီးအိမ်၏အရိပ်တွင် ထိုမျက်လုံးများမှာ အိပ်မက်ဆိုးတစ်ခုကဲ့သို့ ခံစားရနိုင်လေသည်။

ထိုနတ်စစ်သည်တော်လည်း သမန်းဝံပုလွေဟု ထင်မှတ်လာကာ ကြောက်လန့်လာလေသည်။အပျိုစင်နတ်သမီးလည်း ကြောက်ရွံမှုကြောင့် သတိမေ့သွားလေခဲ့သည်။

မနက်ရောက်သောအခါ သူမကား ကုတင်ပေါ်မှ ငြိမ်သက်စွာနိုးလာပြီး မနေ့ညမှာအရာအားလုံးမှာ အိပ်မက်ကဲ့သို့ပင်ထင်ရလေသည်။

သူမမယုံနိုင်လှသဖြင့် ဖခင်ဖြစ်သူကိုရှာသည်။ဖခင်ဖြစ်သူလည်း နှစ်ခြိုက်စွာအိပ်ပျော်လျက်ရှိပေသည်။ထူးဆန်းလေစွ။ညကဖြစ်ခဲ့သည်မှာ တကယ်လောအိပ်မက်လော။သို့သော်သူမ၏ မရေရာမှုကို အိမ်အပြင်မှ အော်ဟစ်သံများမှာ အတည်ပြုပေးလိုက်လေတော့သည်။

“အာဏာရှင်ကိုတွန်းလှန်ကြ။တော်လှန်ရေးကို ဖော်ဆောင်ကြ။အာဘီသောသားတွေ ညီစေဟေ့။”

(Zawgyi)
အခန္း(၁၂)

ေကာင္းကင္နန္းေတာ္တြင္း ေစတန္ဘုရင္တို႔ စံျမန္းေနၾကခဲ့ၾကသည္မွာ ေနသကၠရာဇ္တစ္ႏွစ္နီးပါး ရွိၿပီျဖစ္ေလသည္။အရာအားလုံးမွာ ပုံမွန္ျဖစ္ေနၾကသည္ဟု ထင္ၾကရ၏။နတ္သား နတ္သမီးမ်ား အေတာ္မ်ားမ်ားမွာ ေမ့ေပ်ာက္ကုန္ၾကၿပီ။၎တို႔ ပုံမွန္လုပ္ေဆာင္စရာမ်ား လုပ္ေဆာင္ေနၾကၿပီ။၎တို႔ နယ္ေျမတြင္လည္း ေစတန္ဘုရင္က ခန႔္အပ္ထားေသာ နယ္ေျမမႉးအသစ္ေတြ ရွိလာခဲ့ေလၿပီ။အာဏာကုန္လႊဲေပးခံထားရေသာ ထိုနယ္ေျမမႉး မိစာၦေကာင္မ်ားလက္ေအာက္၌ နတ္သားနတ္သမီးမ်ား၏ ေန႔ရက္တိုင္းမွာ မတရားမႈ တန္ခိုးျပမႈ အာဏာျပမႈမ်ားႏွင့္ မတြန္းလွန္ႏိုင္မႈမ်ားေအာက္တြင္ အားလုံးျပားျပားဝပ္လ်က္။ေစတန္ဘုရင္လည္း တိတ္တဆိတ္ ေနေပၚသို႔ထြက္သြားခဲ့ကာ ကမာၻၿဂိဳလ္ေပၚ၌ တစ္ေယာက္ေယာက္ကို အုပ္ခ်ဳပ္ရန္ထားခဲ့ျပန္ေလသည္။

အေရွ႕တိုင္းနယ္ေျမအတြင္းတြင္ နယ္ေျမငယ္ေပါင္း၅၀၀ေက်ာ္ရွိၿပီး နတ္မ်ားေနရာ နယ္ေျမငယ္အမ်ားဆုံးရွိေသာ အရပ္မ်က္ႏွာျဖစ္၏။

ထိုအထဲတြင္ နာမည္ႀကီးသည္မွာ အာဘီေသာနယ္ေျမျဖစ္သည္။အာဘီေသာနယ္ေျမကိုပိုင္စားသူမွာ ေစတန္ဘုရင္ႏွင့္ သူ၏မိဖုရား ဘီလူးမတစ္ပါးမွ ေမြးေသာ ဒန္ဘာအမည္ရွိ နတ္ဘီလူးျဖစ္ၿပီး အစြမ္းႀကီးသူျဖစ္သည့္အေလ်ာက္ ဖခင္ျဖစ္သူ ေစတန္ဘုရင္က အိမ္ေရွ႕စံအရာထားၿပီး ငယ္စဥ္တြင္ အာဘီေသာနယ္ေျမကိုေပးထားၿပီး အ႐ြယ္ေရာက္က ကမာၻၿဂိဳလ္ကို ပိုင္စားေစရမည္ဟု ရည္မွန္းထားျခင္းခံရသူျဖစ္ေလသည္။

အာဘီေသာနယ္စား မင္းသားေလး ဒန္ဘာမွ ဖခင္အတိုင္း ယုတ္ညံ့ျခင္းတို႔၏ တစ္ဖက္ကမ္း၌ လိုက္မွီသူမရွိဟု နာမည္ေက်ာ္ၾကားလွ၏၊

“အထိန္းေတာ္ႀကီး...။”
ေအာ္ေခၚလိုက္သံႏွင့္အတူ ခစားရေသာ အထိန္းေတာ္ နတ္ႀကီးမွာ ခ်က္ျခင္းလာခဲ့ရ၏။တစ္စကၠန႔္ေလာက္ၾကာသြားလွ်င္ေတာင္ သတ္ပစ္လိုက္ႏိုင္ေပေသာေၾကာင့္ အားလုံးမွာ ဖိန႔္ဖိန႔္တုန္ေအာင္ေၾကာက္ေနရ၏။

“အမိန႔္ရွိပါ မင္းသားေလး။”

“ငါကိုယ္ေတာ္ ဒီေန႔ ဒီနယ္ေျမထဲမွာ တစ္ခါမွ မလည္ၾကည့္ရေသးတဲ့ ဥယ်ာဥ္ထဲသြားၾကည့္ခ်င္တယ္။”
အထိန္းေတာ္ႀကီးမွာ မ်က္ႏွာျဖဴဆိုက္သြားၿပီး ေၾကာက္လန႔္တၾကား ဦးခ်ကာ ေတာင္းပန္ေလသည္။

“အရွင္မင္းသား အဲ့ဒီ ခိုမိတ ဥယ်ာဥ္ဟာ ဓါတ္ႀကီးေလးပါး အရွင္သခင္မ်ား စံစားရျဖစ္လို႔ ခြင့္ျပဳခ်က္မရွိသူ မည္သူကိုမဆို အစေဖ်ာက္ပစ္ႏိုင္ေသာေၾကာင့္ မည္သူကမွ် အထဲမဝင္ၾကေသာ ဥယ်ာဥ္ျဖစ္ပါသည္။အရွင္မင္းသား တစ္ခုခုျဖစ္ခဲ့ပါက အရွင္ေနမင္းက ကြၽန္ေတာ္မ်ိဳးကို နတ္သက္ေႁခြပစ္ပါလိမ့္မယ္ ခ်မ္းသာေပးပါ။”
ဒန္ဘာက စိတ္တိုလာကာ ထရပ္လိုက္ရင္း

“အထိန္းေတာ္ႀကီးက ကြၽႏ္ုပ္လို နတ္ဘီလူးမ်ိဳးရဲ႕ အစြမ္းကို မယုံၾကည္ေပဘူးကိုး။အသင္ကို ကြၽႏ္ုပ္အစြမ္းရွိေၾကာင္းျပၿပီးမွ ကိုယ္တိုင္ သတ္ပစ္မယ္။”

ဤသို႔ျဖင့္ ဒန္ဘာမင္းသားႏွင့္ အေႁခြအရံမ်ား ခိုမိတ ဥယ်ာဥ္သို႔ ႂကြလာျခင္းသတင္းမွာ အရပ္ထဲတြင္ ျပန႔္သြားေလရာ

“ေကာင္းတယ္ကြာ။ေကာင္းတယ္။ဓါတ္ႀကီးေလးပါး အရွင္သခင္ေတြကသာ ဒီလို အလြန္႐ိုင္းစိုင္းယုတ္မာတဲ့ မင္းသားကို စမုံတုန္းေပးလိုက္ရင္ ငါတို႔ေတြ သူႏွိပ္စက္မခံရေတာ့ဘူးေပါ့ကြာ။”

“ေနပါဦးကြ။ေတာ္ၾကာ ေစတန္ဘုရင္က မင္းသားကိုထိခိုက္သြားတာမွာ ငါတို႔အရပ္ေန နတ္သားနတ္သမီးေတြကို ပတ္ရမ္းေနရင္ ဘယ္လိုလုပ္မလဲ။”

“ဟ မင္းကလည္း အဲ့က်ရင္ အဲ့ဥယ်ာဥ္ကို သြားၿပီး အရွင္သခင္ေတြ အရိပ္မွာ ခိုလႈံမယ္ေလ။ေစတန္ဘုရင္က ဘာေကာင္ႀကီးျဖစ္ေနေန အဲ့ဥယ်ာဥ္ကိုေတာ့ မတိုက္ခိုက္ရဲတာ ေသခ်ာတယ္။”
ထိုစဥ္တြင္ ဂိုလီတို႔ႏွင့္ နဂါးမ်ား သိမ္းပိုက္ထားေသာ ကမ္းစပ္ေဒသမ်ား၌ ဂဠဳန္မ်ားႏွင့္ စစ္ပြဲမ်ားျဖစ္ေနေလသည္။

(ဂဠဳန္မ်ားသည္ ငွက္ဦးေခါင္းႏွင့္ ေျခစြယ္ႀကီးမ်ားရွိၿပီး လူကဲ့သို႔ ကိုယ္လုံးႏွင့္လက္ႏွစ္ဖက္ပါရွိကာ ေက်ာဘက္၌ ေတာင္ပံႏွစ္ဖက္ပါရွိ၏။၎တို႔ကား နဂါးကိုယ္တြင္းမွ အဆီကိုစားေသာက္ကာ အသက္ရွင္ေနထိုင္ၾကေသာ နဂါးမုဆိုးမ်ိဳးႏြယ္မ်ားျဖစ္၏။)

အေျခအေနမွာ ထိန္းသိမ္း၍ မရေခ်။ေရနဂါးေရွ႕ေျပးတပ္မွာ ပင္လယ္အထိေလာက္ပဲ သြားဖူးသူမ်ားျဖစ္သည့္အေလ်ာက္ ေလနဂါးမ်ား ေျမနဂါးမ်ားကဲ့သို႔ ဂဠဳန္မ်ားျဖင့္ တိုက္ခိုက္ဖူးေသာ အေတြ႕အႀကဳံမရွိေခ်။ဂဠဳန္မ်ားက တစ္ခ်က္သုတ္သြားတိုင္း တစ္ေကာင္ဆီပါသြားသည္။ထို႔ေနာက္ ထိုဂဠဳန္က နဂါး၏အဆီကို စားေသာက္ကာ အေလာင္းကို သမုဒၶရာထဲ ပစ္ခ်သည္။ဤသည္ကိုျမင္ေနရေသာ အျခား နဂါးမ်ားလည္း ေသြးပ်က္၍ေနေလသည္။


ဂ်ီတလည္း ထိုပ်ံဝဲေနေသာ ဂဠဳန္မ်ားကို ေလေပြမ်ားျဖင့္ ဆြဲယူကာ ဟန္ခ်က္ပ်က္ေစၿပီး ဂ်ဳဒီကအေတာင္ပံမ်ားကို မီးရႈီ႕ဖ်က္ဆီးေလသည္။ထို႔ေနာက္ အဆုံးသတ္၌မူ ဖိုေဘက ေက်ာက္တုံးျဖင့္ ဖိခ်ကာ သတ္ရေလသည္။ဂိုလီကမူ အဆြဲခံရေသာ နဂါးမ်ားကို လိုက္ကာ ဂဠဳန္ကို ေရနဂါးဓါးျဖင့္ ခုတ္ခ်ျခင္း အဆြဲမခံရေအာင္ ေရမ်က္ႏွာျပင္ျဖင့္ ကာျခင္းတို႔ျဖင့္ ကာကြယ္ေနေသာလည္း အရပ္မ်က္ႏွာမ်ိဳးစုံမွ ၎တို႔၏ေျခသည္းမ်ားျဖင့္ နဂါးမ်ားကို ဆြဲရန္ ႀကိဳးစားေနေသာ ဂဠဳန္အားလုံးကို တားဆီးရန္ မျဖစ္ႏိုင္ေပ။

ဂိုလီတစ္ေယာက္ ဓါတ္ႀကီးေလးပါးအရွင္မ်ားကို ေက်ာ္ျဖတ္လာၿပီးကတည္းက ေရအစြမ္းကလြဲလွ်င္ အျခားအစြမ္းကို မသုံးသည္မွာ ၾကာၿပီျဖစ္ေသာ္လည္း ဤဂဠဳန္မ်ားကို ရင္ဆိုင္ရန္ ဦးစြာမိုးႀကိဳးသြားျဖင့္ အစီအမံကို ႐ြတ္ဆိုကာ မိုးႀကိဳးမ်ား ဆက္တိုက္ ပစ္ခတ္လာေစေလသည္။

ယူေရး(စ္)နပ္ သခင္မမွာလည္း ေရခဲခြၽန္မ်ား စီမံကာ ပစ္ခတ္ျခင္း အနီးကပ္လာေသာ ဂဠဳန္မ်ားကို ေရခဲပစ္ျခင္းျဖင့္ တိုက္ခိုက္ေနရေလသည္။

“နဂါးေတြ သုံးေကာင္ တစ္ဖြဲ႕ပူးၿပီး တိုက္ၾက။”
ေအာ္ဟစ္လိုက္သူမွာ ယူေရး(စ္)နပ္သခင္မျဖစ္၏။

“ဂဠဳန္ရဲ႕ ေျခႏွစ္ဖက္က အမ်ားဆုံးႏွစ္ေကာင္ပဲဆြဲႏိုင္တယ္ သုံးေကာင္ေျမာက္က ဂဠဳန္ကို ကိုက္ဆြဲပစ္လိုက္။”
ပုံမွန္ဆိုလွ်င္ နဂါးမ်ားသည္ သူ၏စကားကို နာခံလိမ့္မည္မဟုတ္ေခ်။သို႔ေသာ္ စစ္ပြဲထဲတြင္ အက်အဆုံးမ်ားလာသည္ႏွင့္အမွ် စစ္သည္ေတာ္မ်ားအဖို႔ အသက္ရွင္က်န္ဖို႔မွာ အေရးႀကီးလွရာ အသက္ရွင္က်န္ႏိုင္မည္ဆိုလွ်င္ ဘာမဆို လုပ္ၾကမည္သာျဖစ္ေလရာ က်န္ရွိေနေသာ စစ္သည္ေတာ္မ်ားကို ဂိုလီတို႔က ကာကြယ္ေပးထားရင္း သုံးေယာက္စုမ်ား ခြဲလိုက္ၾကသည္။ထို႔ေနာက္ အရွိန္အဟုန္ျဖင့္ သုတ္ခ်ီရန္ ဒိုက္ပင္ဆင္းလာၾကေသာ ဂဠဳန္မ်ားကို ျပန္လည္တိုက္ခိုက္ရန္ ဟန္ျပင္လိုက္ၾကေလသည္။

သို႔ေသာ္ ႏွစ္ေယာက္က ထိုးသုတ္အခ်ီခံရခ်ိန္တြင္ က်န္ရွိေသာတစ္ေယာက္က ေျခသည္းမအားေတာ့သည့္ ဂဠဳန္ကို ကိုက္ဆြဲရမည္ျဖစ္ရာ မည္သူကမွ ဆြဲသုတ္မခံခ်င္ေပ။ဤတြင္ ဆြဲအသုတ္မခံရေစရန္ တစ္ေယာက္က ေနာက္ဆုတ္ရာ အျခားႏွစ္ေယာက္ကလည္း ေနာက္ဆုတ္လာျပန္သျဖင့္ အေစာကကဲ့သို႔ ဂဠဳန္ထံမွ ထြက္ေျပးေနသေယာင္ရွိရာ ဂဠဳန္က လည္ဝယ္သျဖင့္  တစ္ေကာင္ထဲကို ဆြဲၿပီး လြတ္လြတ္လပ္လပ္ ေျပးသြား၏။ဤတြင္ အဆြဲခံရေသာ နဂါးေနာက္သို႔ လိုက္ေသးပါေသာ္လည္း ဂဠဳန္က နဂါးတစ္ေကာင္ကို အလြယ္တကူသုတ္ခ်ီၿပီး ေျပးႏိုင္ေလရာ မမွီေတာ့ေခ်။အလုပ္မျဖစ္သည္ကို ေတြ႕ရသျဖင့္ ဂိုလီလည္း ေဒါသျဖစ္လ်က္ျဖင့္ သူ၏အဆင့္ျမႇင့္ဆုံးစြမ္းအင္ကို ဖြင့္ထုတ္ရန္ ႀကိဳးစားရေလသည္။

ဓါတ္ႀကီးေလးပါး အရွင္သခင္မ်ားျဖင့္ တိုက္ခိုက္စဥ္က အျခားသူမ်ားမသိေအာင္ ထုတ္သုံးခဲ့ေသာ သမန္းဝံပုေလြဟိန္းသံ အစြမ္းကို သုံးရန္ သမန္းဝံပုေလြအျဖစ္သို႔ ေျပာင္းလဲရေလသည္။

ဤတြင္ ဂိုလီ့ကို ျမင္သူတိုင္းမွာ အံ့ဩလ်က္ မယုံႏိုင္ျခင္းမ်ား ျပည့္ႏွက္ကုန္ေလသည္။သို႔ေသာ္ ဂိုလီမွာမူ အဆြဲခံလိုက္ရေသာ နဂါးမ်ားအဖို႔သာ အေရးစိုက္လ်က္ အသြင္ေျပာင္းျခင္းကို အာ႐ုံစိုက္ကာ အစီအမံကို အားစိုက္႐ႊတ္ဆိုေနေလသည္။

ထို႔ေနာက္ ဂိုလီ၏မ်က္လုံးမ်ား၊ႏွာေခါင္းမ်ား၊နား႐ႊက္မ်ားမွ ေသြးမ်ားစီးက်လာကာ ပါးစပ္မွလည္း ေသြးမ်ား အျမဳပ္ပလုံစီလ်က္ ထြက္လာသည္။နီရဲေနေသာ မ်က္လုံးအစုံမွာ ေသြးဆာေနေသာ မိစာၦတစ္ေကာင္အသြင္ကို ေပၚလြင္လာေစသည္။ထို႔ေနာက္ အားျပင္းက်ယ္ေလာင္ေသာ ဟိန္းေဟာက္သံျဖင့္ ျမည္တြန္ပစ္လိုက္ရာ ေလေပၚတြင္ ပ်ံသန္းေနေသာ ဂဠဳန္မ်ားမွာ အေတာင္ပံမ်ား ျပတ္ထြက္သြားကာ နာက်င္စြာ ေအာ္ဟစ္လ်က္ နဂါးမ်ားကို လႊတ္ခ်လိုက္ၾကေလသည္။ျပန္က်လာသမွ် နဂါးတိုင္းကို ဂ်ီတက ေလပင့္အားျဖင့္ထိန္းထားရင္း ေအာက္သို႔ေျဖးေျဖးခ်င္း ခ်ေပးေလသည္။နဂါးမ်ားမွာ အေၾကးခြံမ်ားကြာကာ ေသြးမ်ား မထိန္းႏိုင္ေလာက္ေအာင္ထြက္လ်က္ နာက်င္စြာ ေအာ္ျမည္ေနၾကေသာ္လည္း အနည္းဆုံးအသက္မေသေတာ့သျဖင့္ ေတာ္ေသးသည္ဆိုရေပမည္။ဂဠဳန္မ်ား ျပန္ဆုတ္သြားၾကၿပီ။ကမ္းစပ္တိုက္ပြဲႀကီးၿပီးဆုံးသြားခဲ့ေလၿပီ။

ေရနဂါးေရွ႕ေျပးတပ္၏တပ္မႉးမွာမူ သူ၏နဂါးတပ္မ်ား၏ အက်အဆုံးမ်ားကို တြက္ခ်က္ေလ၏။
“နဂါးစစ္သည္ေတာ္အားလုံးေပါင္း ၂၀၀အတိက်ဆုံးခဲ့တယ္ေပါ့ဟုတ္လား။ေတာ္ေတာ္မ်ားတာပဲ။”

“ဆရာ...။က်ဆုံးက ၂၀၆ျဖစ္သြားပါၿပီ။”
တပ္မႉးအံ့ဩသြား၏။ထို႔ေနာက္ စစ္ေဆးေသာအခါ ဂိုလီသမန္းဝံပုေလြအသြင္ျဖင့္ ကယ္တင္ခံရေသာ နဂါး၆ေကာင္မွာ ကိုယ့္ကိုယ္ကို သတ္ေသကုန္ၾကသည္ဟူ၏။အနီးရွိသူမ်ား၏ ေျပာျပခ်က္အရ သူတို႔မွာ မိစာၦေပးေသာအသက္နဲ႔ မေနဘူးေဟ့။”ဟုႀကဳံးဝါးရင္း သတ္ေသကုန္ၾကျခင္းျဖစ္ၾကသည္ဟု သိရေလသည္။

တပ္မႉးလည္း မတတ္သာေပ။အစီအရင္ခံစာကိုေရးသားၿပီး နန္းေတာ္ရွိ စစ္ဌာနခ်ဳပ္သို႔ ပို႔ေဆာင္ခဲ့ရေလသည္။

ျပန္စာမွာ တစ္ရက္အတြင္း ျပန္ေရာက္လာခဲ့ေလ၏။ျပန္စာတြင္ ပါဝင္သည္မွာ ဂိုလီတို႔တပ္ခြဲႏွင့္ ထပ္မံပတ္သက္ျခင္းမျပဳေတာ့ပဲ တပ္ကိုျပန္ဆုတ္လာခဲ့ရန္ႏွင့္ မိုးညိဳကိုပါ တစ္ပါထဲျပန္ေခၚခဲ့ရန္ဟု ပါရွိေလသည္။

အမွန္ေတာ့ တပ္ခြဲမွာလည္း အေျခအေနမေကာင္းေခ်။ဂ်ီတက ထိုေန႔ညက သူ၏သူငယ္ခ်င္းသုံးေယာက္ႏွင့္တိုင္ပင္ကာ ႏႈတ္ထြက္စာမ်ားတင္ၾကေလသည္။က်န္ဖိုေဘႏွင့္ ဂ်ဳဒီတို႔ကလည္း ဂ်ီတႏွင့္အတူလိုက္ထြက္ၾကမည္သာျဖစ္၏။သူတို႔ႏႈတ္ထြက္စာတြင္ မိစာၦတစ္ေကာင္ႏွင့္ အတူမလုပ္လိုေၾကာင္း သို႔ေသာ္ ကမာၻ၏လြတ္လပ္ေရးအတြက္ ေစတန္ဘုရင္ကိုေတာ့ ဆက္လက္တိုက္ခိုက္သြားမည္ျဖစ္ေၾကာင္း အတိအလင္းေရးသားခဲ့ေလသည္။

ႏႈတ္ထြက္စာမ်ားလာေပးေသာ ညတြင္ ဂိုလီကတစ္ခြန္းေမးခဲ့၏။

“ငါကမိစာၦဆိုလို႔ တာဝန္မထမ္းေဆာင္ေတာ့ဘူးဆိုရင္ေတာင္ ကမာၻလြတ္လပ္ေရးအတြက္ ဆက္လုပ္မယ္ဆိုတဲ့ စာသားကို ငါကေစတန္နဲ႔ မိစာၦခ်င္းခ်င္းဆိုၿပီး ပူးေပါင္းသြားမွာမေၾကာက္ၾကဘူးလား။”
ဂ်ီတကမူ ရွင္းရွင္းလင္းလင္း တစ္ခြန္းသာေျပာခဲ့ေလသည္။


“အစကတည္းက မိစာၦေကာင္ဆိုတာကို သိၿပီးသားပါ။ခင္ဗ်ားပူးေပါင္းၿပီး ဒီအေၾကာင္းကိုေျပာေျပာ မေျပာေျပာ ဂ႐ုကိုမစိုက္ဘူး။
ထိုေန႔ည ဂိုလီတစ္ေယာက္ သူ၏အခန္းထဲ၌ထိုင္လ်က္ နဂါးတပ္မ်ားမရွိေတာ့ခ်ိန္တြင္ မည္သို႔မည္ပုံ လႈပ္ရွားရမည္ကို စဥ္းစားေနရေလသည္။ကမ္းစပ္တိုက္ပြဲၿပီးသည္မွာ မၾကာေသးသည္ျဖစ္၍ ခ်က္ျခင္းတိုက္ခိုက္ခံရဦးမည္မဟုတ္ေသးေသာ္လည္း ေရရွည္ဆိုလွ်င္ ကမ္းစပ္ေဒသေန နတ္သားနတ္သမီးမ်ားထံ စစ္မီးေတြ ကူးစက္လာမည္မွာ အမွန္ပင္ျဖစ္ေလသည္။ယခု သူ႔အေပၚတြင္ မည္သူကမွ အယုံအၾကည္မရွိေတာ့သည့္အေနအထားတြင္ သူတစ္ေယာက္ထဲ ဆက္လုပ္ရမည့္အေရးကို ေတြးေနရေလသည္။

သူတံခါးကိုေသခ်ာစြာ စိမထားမိေပ၊ထို႔ေၾကာင့္ အေနာက္မွ အသာအယာဝင္လာ၏။ဤကဲ့သို႔အေနအထားတြင္ မိတ္ေဆြမ်ိဳးက ဝင္လာဖို႔မရွိသည္ကို သူသိ၍ လက္မွ မိုးႀကိဳးသြားကို အဆင္သင့္စြဲကိုင္ထားကာ တစ္ဖက္လွည့္ကာ ပစ္မည္ျပဳေလသည္။

သို႔ေသာ္ သူ႔အားရန္ျပဳမည့္သူ ဝင္လာျခင္းမဟုတ္ေခ်။ဝင္လာသူမွာ မိုးညိဳျဖစ္၏။ဂိုလီတစ္ေယာက္ အံ့ဩသလို ပစ္လိုက္မိေတာ့မလိုလို အေနအထားေၾကာင့္ အားနာသြားရေလသည္။

‘အရွင္...ကြၽန္မကို ဆက္ေခၚထားပါ။ကြၽန္မမျပန္ခ်င္ဘူး။”

“မျဖစ္ႏိုင္တာကို မင္းသိပါတယ္။မင္းဟာ ေရနဂါးမင္းရဲ႕ ညီမေတာ္ေလ။ငါ့လိုမိစာၦရဲ႕ လက္နက္လိုေနလို႔ မေကာင္းပါဘူး။”
မိုးညိဳက ဂိုလီအေရွ႕တြင္ ဒူးတုပ္ထိုင္ခ်လိုက္သည္။သူမမ်က္ဝန္းထဲတြင္ မ်က္ရည္မ်ားလည္း ဝိုင္းဝိုင္းလည္ကာ စို႔လ်က္ရွိသည္။

“ကြၽန္မျပန္သြားရင္ နဂါးနန္းေဆာင္ထဲ တစ္သက္လုံးေနရလိမ့္မယ္။အခ်ိန္က်လို႔ အိမ္ေထာင္ျပဳၾကရၿပီးရင္ ကြၽန္မဘဝက နန္းေတာ္ထဲမွာ ကုန္သြားရမွာ။ကြၽန္မအဲ့လိုမေနခ်င္ဘူး။”

“မင္းက ေမြးကတည္းက လက္နက္အျဖစ္ထုထြင္းခံခဲ့ရတာေလ။ဓါးအိမ္ေလးထဲေနရတာကို မၿငီးေငြ႕ဘူးလား။”

“အဲ့ဓါးအိမ္ဟာ အက်ဥ္းေထာင္နဲ႔တူတဲ့ နန္းေဆာင္ႀကီးထက္ အမ်ားႀကီးအဓိပၸာယ္ရွိပါတယ္။အရွင္ ဒီကမာၻကိုလြတ္လပ္ေရးေဆာင္ယူလာေပးေနတဲ့ ဓါးအျဖစ္ေနရတဲ့ဘဝက အမ်ားႀကီးတန္ဖိုးရွိတာကို သိတယ္မလားအရွင္။”
ဂိုလီက မိုးညိဳကို မတ္တပ္ျပန္ရပ္ရင္ဆြဲထူလိုက္ကာ

“မင္းအကိုေတာ္ဟာ မင္းကို အတင္းျပန္လာေစခ်င္တာ။ငါျပန္မလႊတ္ရင္ မင္းအကိုနဲ႔စစ္ျဖစ္ရလိမ့္မယ္။ေစတန္ဘုရင္ကို တိုက္ခိုက္ရတာတင္ ငါပင္ပန္းလွၿပီ။မင္းအကိုနဲ႔တိုက္ခိုက္ရရင္ ငါတို႔ကမာၻႀကီးစိတ္ဝမ္းထပ္ကြဲၾကရလိမ့္မယ္။ဒါေၾကာင့္ မင္းဟာျပန္သြားဖို႔ အရမ္းကိုအေရးႀကီးလြန္းတယ္။မင္းဘဝက နန္းေတာ္ထဲမွာပဲ ေနေနရလိမ့္မယ္ဆိုရင္ေတာင္ ဒါဟာ ဒီကမာၻရဲ႕ ၿငိမ္းခ်မ္းေရး၊လြတ္လပ္ေရးအတြက္ မင္းရဲ႕ျမင့္ျမတ္ေသာ ေပးဆပ္မႈပါပဲ မိုးညိဳရယ္။”
မိုးညိဳကား တရႈံရႈံငိုေနၿပီ။စစ္ပြဲမ်ားကိုတိုက္ခိုက္ဖူးေသာ လက္နက္ႀကီးတစ္ခုသာျဖစ္ေသာ္လည္း ခံစားခ်က္မရွိေသာ အသက္မဲ့ဓါးလက္နက္တစ္လက္မဟုတ္ခဲ့ေခ်။


မိုးညိဳကား ဘာကိုမွဆက္မေျပာေတာ့ေခ်။ဂိုလီ့ကို တင္းၾကပ္စြာဖက္ထားရင္းမ်က္ရည္ပူမ်ားမွာ လွိမ့္ဆင္းလာလ်က္ရွိေနေလသည္။ထို႔ေနာက္ ဂိုလီ့အားၾကည့္ရင္း တစ္ခ်က္ၿပဳံးလိုက္ေလသည္။

“႐ိုင္းျပမိသမွ်ကို ခြင့္လႊတ္ပါအရွင္။”
ေျပာလိုက္ရင္း ဂိုလီ၏ ပခုံးမ်ားကို တင္းၾကပ္စြာဖက္ရင္း ဂိုလီ၏အိပ္ရာသို႔လွဲခ်လိုက္ေလသည္။ဂိုလီလည္း ဘာျဖစ္ေနသည္ကိုသတိထားမိလိုက္သည္။သူလုပ္လို႔မျဖစ္ေပ။သူတားရေပသည္။

သို႔ေသာ္ ထိုသာယာေနေသာ လကြယ္ညမွာ ဝံပုေလြမ်ား၊ေျမေခြးမ်ားေသာ္လည္းေကာင္း ေခြးမ်ားေသာ္လည္း အူျခင္းမျပဳပဲ ၿငိမ္သက္ေနမႈမွာ ဆက္ႏြယ္ခဲ့ၿပီျဖစ္ေသာ သံေဃာဇဥ္ႀကိဳးတစ္ေခ်ာင္းကို မတားဆီးပဲ လြတ္လပ္ခြင့္ေပးေနသည့္အလား ေအာက္ေမ့ရေလသည္။

မနက္ေရာက္ေသာအခါ မိုးညိဳမရွိေတာ့ေပ။မိုးညိဳေရးထားခဲ့ေသာ နတ္ဘာသာစကားကို မတတ္တတ္ အလြဲလြဲအမွားမွားျဖင့္ေရးထားၿပီး နဂါးဘာသာစကားျဖင့္လိပ္တပ္ထားေသာ  စာတစ္ေစာင္သာက်န္ခဲ့ေလသည္။

သို႔…
ခ်စ္လွစြာေသာ အရွင္ဂိုလီ

က်န္ေနာ္မ်ိဳးမသည္ အရွင့္ထံပါးတြင္ ႏွစ္ယာႏွင့္ခ်ီေအာင္ လက္နက္အျဖစ္သာဝန္ထမ္းေဆာင္ခဲ့ရၿပီး ေကာင္းအတူဆိုးအတူ မကြဲမကြာေနခဲ့ရေသာ အခ်ိမ္မ်ားကို ေအာက္ေမ့တတိရေနမည္မွာ ေတခ်ာပါသည္။အရွင္ေသြးသားျဖင့္ ေမြးမည့္နတ္နဂါးအႏြယ္ဝင္ကိုလည္း က်န္ေနာ္မ်ိဳးမက တမုဒၶရာ၏အရွင္မင္းတစ္ပါးျဖစ္လာသည္အထိပ်ိဳးေထာင္ကာ အရွင္ဂုန္႐ူယမည့္ တားေကာင္းယတနာတစ္ပါျဖစ္လာေစျခင္းျဖင့္ ေက်းဇူးဆပ္ပါမည္။ယမန္ေန႔ညသည္ အရွင္က်န္ေနာ္မ်ိဳးမကို သန္ဖိုးမျဖတ္ႏိုင္မည့္ ဌာဝယလက္ေဆာင္ေကာင္းတခုကိုေပးခဲ့ျခင္းျဖစ္ပါသည္။

အရွင္အစဥ္အၿမဲက်န္းမာခ်မ္းသာေစေၾကာင္းဆုေတာင္းလ်က္

မွ…
မိုးညိဳ

ဂိုလီလည္း စာဖတ္ၿပီး စိတ္ထဲသိပ္မေကာင္းေခ်။အမွန္ေတာ့ သူသည္ ကမာၻၿငိမ္းခ်မ္းေရးကိုပ်က္ျပားေစမည့္ အရႈပ္ေတာ္ပုံကိုလုပ္မိျခင္းသာ...သို႔ေသာ္ သူသည္ဤသာယာမႈေၾကာင့္ အဆင္အျခင္မဲ့သြားခဲ့သည္။သူဘာဆက္လုပ္ရင္ေကာင္းမည္ကိုပင္မသိေခ်။မိုးညိဳေျပာသကဲ့သို႔ နတ္နဂါးအႏြယ္မင္းသားတစ္ပါးေမြးလာလွ်င္ ထိုမင္းသားသည္ ၿငိမ္းခ်မ္းေရးကိုယူေဆာင္မည္ေလာ စစ္ပြဲကို ယူေဆာင္မည္ေလာ။သူမသိႏိုင္ေတာ့ေခ်။

အာဘီေသာနယ္အတြင္း၌မူ ေကာလဟာလမ်ားစြာျပန႔္လ်က္ရွိ၏။အေၾကာင္းမွာ မင္းသား ဒန္ဘာတစ္ေယာက္ ခိုမိတဥယ်ာဥ္တြင္ မေသပဲျပန္လာေသာ္လည္း တစ္စုံတစ္ခုေသာ္လည္းေကာင္း တစ္စုံတစ္ေယာက္ကိုေသာ္လည္းေကာင္း ယူေဆာင္လာသည္ဟု တစ္ဆင့္စကားတစ္ဆင့္ေျပာၾကရင္း မည္သည့္ေကာလဟာလက အမွန္ျဖစ္နိင္သည္ကို မေဝခြဲႏိုင္ပဲရွိေနေလေတာ့သည္။

“အထိန္းေတာ္ႀကီး က်ဳပ္တို႔ေတြ ျပန္လာခ်ိန္မွာ ဘာကိုသယ္လာၾကတယ္ဆိုတာ ဘယ္သူကမွ မသိတာ ေသခ်ာတယ္မဟုတ္လား။”
ပုံမွန္ဆိုလွ်င္ မင္းသားသည္ ဤကဲ့သို႔ေျပာေနမည္မဟုတ္ေခ်။စိတ္တိုင္းမက်လွ်င္ သတ္မည္ျဖတ္မည္သာ သိသည့္သူတစ္ေယာက္အေနျဖင့္ ယခုကဲ့သို႔စကားမ်ားစြာေျပာေနျခင္းမွာ တစ္ခုခုမွားေနသည္မွာအမွန္ပင္။အထိန္းေတာ္ႀကီးကမူ အတူလိုက္ခဲ့သူျဖစ္သည့္အေလ်ာက္ ေကာင္းေကာင္းသိေနေလသည္။

သူတို႔ေဆာင္ယူလာသည္မွာ ခိုမိတပန္းခင္းႀကီးႏွင့္ ပန္းခင္းေပၚမွ က်ဳံ႕က်ဳံ႕ေလးထိုင္ေနေသာ နတ္သမီးေက်ာက္႐ုပ္ေလးျဖစ္ေလသည္။ထိုေက်ာက္႐ုပ္ရွင္ နတ္သမီး၏မ်က္ႏွာကို ၾကည့္႐ုံႏွင့္ ခ်က္ျခင္းသိႏိုင္သည္မွာ ထိုနတ္သမီးကား တျခားမဟုတ္ လနတ္သမီး မီရာျဖစ္ေလသည္။

မီရာကား အဘယ္ေၾကာင့္ ဤထဲတြင္ ေက်ာက္႐ုပ္ျဖစ္ေနသည္ကိုမသိႏိုင္ေသာ္လည္း ေက်ာက္႐ုပ္ကို ထိမိလိုက္ခ်ိန္တြင္ ဒန္ဘာတစ္ေယာက္ ထူးဆန္းေသာခံစားခ်က္မ်ားစြာရလာေလသည္။အလြမ္း၊ေမွ်ာ္လင့္ခ်က္၊အခ်စ္ စေသာ ႏူးညံ့သည့္ခံစားခ်က္မ်ားစြာ သက္ဝင္လာေသာအခါဝယ္ ဒန္ဘာတစ္ေယာက္ ေက်ာက္႐ုပ္ျဖစ္ေနေသာ မီရာ့ကို စြဲလန္းသြားခဲ့ေလသည္။

“အထိန္းေတာ္ႀကီး။ကြၽန္ေတာ္ ပင့္ခိုင္းတဲ့သူကိုပင့္ၿပီးၿပီလား။”

“အခုပဲေရာက္ပါၿပီ။မင္းသား။”
ဒန္ဘာပင့္လိုက္ေသာ သူမွာ ဆဌမအာ႐ုံပိုင္ရွင္နတ္တစ္ပါးျဖစ္၏။

(ဆဌမအာ႐ုံသည္ ေရ၊ေျမ၊ေလ၊မီးတို႔မွ ခြဲထြက္လာေသာ အစြမ္းထဲမွ တစ္ခုျဖစ္ၿပီး တတ္ေျမာက္သူအလြန္နည္းပါးသည္။သူတို႔သည္ လူသားအခ်ိဳ႕ကို ဆဌမအာ႐ုံမွ်ေဝခဲ့ၿပီး သူတို႔ကို ကိုးကြယ္ေစရန္ ျဖားေယာင္းခဲ့ကာ ထိုကိုးကြယ္မႈအာ႐ုံမ်ားမွတစ္ဆင့္ အစြမ္းမ်ားရယူရန္ႀကိဳးစားဖူးေလသည္။သို႔ေသာ္ လူသားမ်ားမွာ ဆဌမအာ႐ုံရသည္ႏွင့္ မေကာင္းေသာအရာမ်ားျပဳလာၾကသျဖင့္ ဆဌမအာ႐ုံကို ထပ္မံမွ်ေဝျခင္း မျပဳေတာ့ေခ်။)

“အို...အရွင္မင္းသား ဒန္ဘာ။အရွင္မင္းသားမွာ တမူထူးျခားတဲ့ အေငြ႕အသက္ေတြရွိေနပါလား။”

“စကားမရွည္ပါနဲ႔ ကြၽန္ေတာ့္ကို ေဟာကိန္းသာထုတ္ေပးပါ။”
ဆဌမအာ႐ုံပိုင္ရွင္နတ္လည္း ဂါထာတစ္ခု႐ႊတ္လိုက္ၿပီးေနာက္ သူ၏ပတ္ပတ္လည္သို႔ ေရစင္ျဖန္း၏။ထိုေရမ်ားမွာ ၾကမ္းျပင္သို႔မထိခင္ပင္ အေငြ႕ပ်ံကာ အခိုးအေငြ႕မ်ားက ပုံေဖာ္လာေလ၏။ပထမဆုံးပုံေဖာ္လာသည္မွာ သမန္းဝံပုေလြတစ္ေကာင္ျဖစ္၏။ထိုအခါ ဆဌမအာ႐ုံပိုင္ရွင္နတ္က

“အရွင္မင္းသားတို႔ယခုရယူထားေသာ အာဏာကို တစ္ေန႔တြင္ သမန္းဝံပုေလြတစ္ေကာင္ကဖ်က္ဆီးသြားလိမ့္မည္။”
ထို႔ေနာက္ လျခမ္းေကြးေလးေပၚလာကာ ထိုလျခမ္းေလးကို တိမ္မ်ားဖုံးအုပ္သြားသည့္ပုံေပၚလာျပန္ေလသည္။

“လနတ္သမီး မီရာဟာ သူပိုင္ရာ လတစ္ခုလုံးနဲ႔ အခ်စ္ကို ေ႐ြးခ်ယ္ရမယ့္အခ်ိန္ေရာက္လာလိမ့္မယ္။”
ထို႔ေနာက္ ၿဂိဳလ္ရွစ္ခု ပလူတိုႏွင့္ ေနအဖြဲ႕အစည္းႀကီးေပၚလာျပန္ေလသည္။

“ေနအဖြဲ႕အစည္းဟာလည္း မၾကာခင္မွာ မင္းအသစ္တစ္ပါးလက္ေအာက္ေရာက္မယ္။မေရတြက္ႏိုင္တဲ့ တိုက္ပြဲေတြျဖစ္မယ္။အားလုံး ပ်က္သုန္းကိန္းေရာက္မယ္။”
စကားသံအဆုံးတြင္ မေမွ်ာ္လင့္ထားသည္ကို ၾကားလိုက္ရေသာ ဒန္ဘာမွာ မ်က္စိျပဴးလ်က္ စိတ္ဓါတ္ပ်က္ျပားသြားဟန္ရေလသည္။ထို႔ေနာက္ အေတာ္ၾကာေအာင္ ငိုင္ေနၿပီးမွ

“လနတ္သမီးရဲ႕ အခ်စ္ျဖစ္မယ့္သူဟာ ဘယ္သူလည္း အသင္သိလား။”
ဆဌမအာ႐ုံရွင္က ေခါင္းကိုခါကာ

“ေဟာကိန္းကို ႀကိဳေျပာျခင္းဟာ ပ်က္ဆီးမႈထက္ ဘာမွပိုမျဖစ္ေစပါဘူး။အရွင္မင္းသား ကိုယ္တိုင္ သိရမွာပါ။”

“ေစာက္ေရးမပါတာကြာ။”
ေျပာလိုက္ရင္း ဆဌမအာ႐ုံရွင္၏လည္ပင္းကို ဖမ္းဆြဲလိုက္၏။ဒန္ဘာ၏ ႀကီးမားေသာ ဘီလူးလက္ဝါးႀကီးတြင္ ဆဌမအာ႐ုံရွင္မွာ ေမွ်ာ့ေမွ်ာ့သာက်န္ေတာ့၏။

“လူေတြေတာင္ ကိုယ့္ၾကမၼာကိုယ္ဖန္ဆင္းႏိုင္ေသးတာ။ငါလို စြမ္းအားရွိနတ္ဘီလူးတစ္ေကာင္က ဘာခက္လဲ။ကိစၥမရွိဘူး။အကယ္၍ ေနအဖြဲ႕အစည္းလည္းပ်က္မယ္။ကမာၻကိုလည္း ဆုံးရႈံးရမယ္ဆိုရင္ ေနာက္မင္းအသစ္က ငါျဖစ္ေစရမယ္။ဒါ့အျပင္...။
ေျပာလိုက္ရင္း ဒန္ဘာက ေက်ာက္႐ုပ္ျဖစ္ေနေသာ မီရာ့ဆီ ကပ္သြားကာ

“မီရာ...သူ႔ကိုလည္း ငါ လမင္းႀကီးတစ္ခုလုံးနဲ႔ေတာင္ မလဲႏိုင္ေလာက္မယ့္ အခ်စ္မ်ိဳးေပးမယ္။”
ခ်က္ျခင္း ခက္ထန္ေနေသာ မ်က္ႏွာမွာ အၿပဳံးမ်ားျဖင့္ လန္းဆန္းသြားျပန္ေလ၏။

တံခါးဝမွ ၾကားရေသာ အေစာင့္ႏွစ္ေယာက္က တီးတိုးအတင္းတုပ္ေလသည္။

“ေဟ်ာင့္ သူ႔အေဖ ေစတန္ဘုရင္သာ ယူခဲ့ရင္ သူ႔အေမေလာက္ျဖစ္ေနမယ့္ မီရာ့လိုအိုစာေနတဲ့ နတ္သမီးကို သူက ဘာၾကည့္ႀကိဳက္ေနလည္းမသိ။”

“လနတ္သမီးမီရာေတြက ႏုပ်ိဳျခင္းလက္ေဆာင္ကို ရထားၾကေတာ့ ဘယ္သကၠရာဇ္ေရာက္ေရာက္ မအိုမယ့္အထဲပါတယ္ကြ။ႀကိဳက္ေလာက္စရာပါပဲ။ေက်ာက္႐ုပ္ပဲျဖစ္ေနတာေတာင္ ဒီေလာက္စြဲမက္ရတာ စဥ္းစားၾကည့္။”

“ေအ...ေက်ာက္႐ုပ္အတြက္နဲ႔ အေဖနဲ႔သားစစ္ခင္းမလားမသိ။”
ထို႔ေနာက္ ဓါးခြၽန္ႏွစ္ေခ်ာင္းမွာ သူတို႔ ေနာက္ဘက္မွ ေခါင္းကို ထိုးေဖာက္သြားၿပီး ဦးေႏွာက္မွ ေသြးမ်ား ဒလေဟာ ပန္းထြက္လာေလသည္။ထိုအေစာင့္ႏွစ္ေယာက္ မွာ ဓါးႀကီးေဖာက္သြားလ်က္ႏွင့္ တန္းလန္းႀကီး ေသသြားၿပီးေနာက္တြင္ ခန္းေဆာင္အတြင္းမွ ႀကဳံးဝါးသံထြက္လာေလသည္။

“မီရာ့အတြက္ ငါတစ္ၿဂိဳလ္လုံးနဲ႔ စစ္ခင္းျပမယ္ကြ။”
ဆဌမအာ႐ုံရွင္ကေတာ့ ေခါင္းကို အသာအယာခါလိုက္ရင္းသာ ဒန္ဘာကို အ႐ိုအေသေပးၿပီးေနာက္ ထြက္သြားေလေတာ့သည္။

ေက်ာက္႐ုပ္ကိစၥမွာ ဒန္ဘာတို႔ကဖုံးကြယ္ေသာ္ျငား မသိမသာေလးျပန႔္လာေလသည္။အရပ္ထဲ၌ ေက်ာက္႐ုပ္ႏွင့္ပတ္သက္၍ အမ်ိဳးမ်ိဳးထင္ျမင္ခ်က္ေပးလာေလသည္။ထိုေန႔ညေနက ဂိုလီတစ္ေယာက္ အာဘီေသာနယ္ေျမသို႔ေရာက္လာေလသည္။

အာဘီေသာနယ္ေျမကား သဘာဝအလွႀကိဳက္တတ္သူမ်ားအတြက္ေကာ ခိုမိတပန္းဥယ်ာဥ္ကို ရႈ႕စားလိုသူမ်ား မၾကာခဏလာေသာေၾကာင့္ ထိုေဒသတြင္ အဆင့္ျမင့္နတ္မ်ားက နားေနေဆာင္မ်ားတည္ေဆာက္ကာ အဆင့္နိမ့္နတ္မ်ားကို အေစခံအျဖစ္ခန႔္အပ္ရင္း ခရီးသြားနတ္မ်ားကို ဆြဲေဆာင္ေနေလ့ရွိေသာ နယ္ေျမတစ္ခုျဖစ္ေလသည္။

“အရွင္မင္းသား...နယ္ေျမဝင္ေပါက္ စစ္ေဆးေရးဂိတ္မွာ မီးေလာင္ေနပါတယ္။”
ဒန္ဘာက ထူးျခားေသာတုံ႔ျပန္မႈမ်ိဳးမရွိပဲ

“ပုန္ကန္သူေတြလက္ခ်က္ျဖစ္ႏိုင္တယ္။တရားခံေတြကို မရရေအာင္ဖမ္းၾက။”
တစ္ခ်က္လႊတ္အမိန႔္အၿပီးတြင္ နတ္စစ္သည္ေတာ္အမ်ားအျပားနယ္ေျမတစ္ခုလုံးတြင္ ေစာင့္ၾကပ္ေနေစရန္ ျဖန႔္က်က္ထားၾက၏။

စစ္ေဆးေရးဂိတ္တြင္ေလာင္ေနေသာမီးကား ႀကီးမားလြန္းၿပီး မီးေတာက္ေတြကိုၾကည့္ရင္း နတ္သားနတ္သမီးမ်ားေရာ နတ္စစ္သည္ေတာ္မ်ားပါ အံ့ဩသြား၏။အေၾကာင္းမွာ မီးေတာက္မွာ သမန္းဝံပုေလြတစ္ေကာင္၏မ်က္ႏွာကိုေဖာ္လာေသာေၾကာင့္ျဖစ္ေလသည္။ဤအေၾကာင္းကို နတ္စစ္သည္ေတာ္မ်ားက မင္းသားဒန္ဘာကိုေလွ်ာက္တင္ၾကေလသည္။မင္းသားဒန္ဘာက

“ဟ...ေဟာကိန္းက ျမန္သားပဲ။ကိစၥမရွိပါဘူး။အဲ့သမန္းဝံပုေလြလည္း ငါ့ကိုယဥ္ႏိုင္စရာလား စြမ္းအားရွိနတ္ဘီလူးမ်ိဳးကြ ငါက။”
ထိုေန႔ညတြင္ နတ္သားနတ္သမီးအားလုံးကို ညမထြက္ရအမိန႔္ခ်ၿပီး နတ္စစ္သည္ေတာ္မ်ားက တစ္အိမ္ဝင္တစ္အိမ္ထြက္ ပိုက္စိပ္တိုက္ရွာၾကေလသည္။သူတို႔ထင္ျမင္ခ်က္အရ မီးျဖင့္အာ႐ုံလြဲထားၿပီး သမန္းဝံပုေလြက နယ္ေျမထဲဝင္လာေကာင္းလာလိမ့္မည္ဟု ယူဆၾကေပေသာေၾကာင့္ျဖစ္ေလသည္။
“ေဟ့...တံခါးဖြင့္ၾကစမ္း။”
နတ္စစ္သည္ေတာ္ ႏွစ္ေယာက္ျဖစ္ၿပီး သူတို႔စစ္ေဆးမည့္အိမ္ကား နတ္မိသားစုတစ္စုေနထိုင္ရာ အိမ္ေလးျဖစ္ေလသည္။

တံခါးလာဖြင့္သူမွာ အပ်ိဳစင္နတ္သမီးတစ္ပါး။

“နတ္စစ္သည္ေတာ္ႀကီးတို႔ ညႀကီးမင္းႀကီး ဘာကိစၥရွိလို႔မ်ား...။”

“စစ္ေဆးစရာရွိလို႔ပါ။သမန္းဝံပုေလြတစ္ေကာင္ကိုရွာဖို႔ပါ။အိမ္အားလုံးအိမ္ေရွ႕ထြက္ေနပါ။”
နတ္စစ္သည္ေတာ္ႏွစ္ေယာက္က အိမ္ေရွ႕ဧည့္ခန္းတြင္ ထိုအပ်ိဳစင္နတ္သမီးေလးႏွင့္ သူမ၏ ဖခင္ကို ေနခိုင္းၿပီး နတ္စစ္သည္ေတာ္တစ္ပါးက တစ္အိမ္လုံးကိုေမႊေႏွာက္ၾကည့္၏။သူတို႔ရွာလိုေသာ သမန္းဝံပုေလြကိုေတာ့ ရွာမေတြ႕ခဲ့ၾကေခ်။

ဤတြင္ နတ္စစ္သည္ေတာ္တစ္ေယာက္ မ်က္စပစ္ကာ အခ်က္ျပလိုက္သည္တြင္ ေနာက္နတ္စစ္သည္ေတာ္တစ္ေယာက္က အပ်ိဳစင္နတ္သမီး၏လက္ကိုဆြဲကာ ထိုနတ္ထံတြန္းပို႔လိုက္ေလသည္။ဖခင္ျဖစ္သူမွာ 

“စစ္သည္ေတာ္ႀကီးတို႔ မလုပ္ၾကပါနဲ႔ဗ်ာ။အိမ္မွာ သမန္းဝံပုေလြလည္းမရွိပါဘူးဗ်ာ။စိတ္တိုင္းက်လည္းရွာၿပီးၾကၿပီကို။”
ဤတြင္ ဓါးေႏွာင့္ျဖင့္ ဖခင္ျဖစ္သူေနာက္ေစ့အား ႐ိုက္ခ်လိုက္ေလသည္။ထို႔ေနာက္

“ကဲကဲ ေနာက္ဆုံးအခြင့္အေရးမွာ သမန္းဝံပုေလြဘယ္နားရွိတယ္ကို ေျပာသင့္ၿပီလို႔ထင္တယ္။”
အပ်ိဳစင္နတ္သမီးမွာ ေၾကာက္႐ြံမႈျဖင့္ ငိုယိုလ်က္

“ကြၽန္မတကယ္မသိပါဘူးရွင့္...သနားပါရွင္ေက်းဇူးျပဳၿပီး။”
အမွန္ေတာ့ သမန္းဝံပုေလြမရွိသည္ကို သူတို႔လည္းသိၿပီးသားျဖစ္ေလသည္။တမင္ အဓၶမက်င့္လို၍ ရည္႐ြယ္ခ်က္ရွိရွိ လာၾကျခင္းျဖစ္ေလရာ အပ်ိဳစင္နတ္သမီးခမ်ာ ထိုအျခင္းအရာကို သတိထားမိၿပီးေနာက္ ေၾကာက္လန႔္လ်က္ အတင္း႐ုန္းကန္ေလသည္။

နတ္စစ္သည္ေတာ္လည္း စိတ္တိုလာကာ ပါးအား”ျဖန္း”ကနဲျမည္ေအာင္ ႐ိုက္ခ်လိုက္၏။ထို႔ေနာက္
“ေဟ့ေကာင္ေရ ဒီနတ္သမီးက မလြယ္ဘူးကြ။ေတာ္ေတာ္သန္တယ္ လာဆြဲစမ္းပါ။”

သို႔ေသာ္ တစ္ဖက္က မည္သို႔မွ် မေျဖေလသည့္အခါ သူေမာ့ၾကည့္လိုက္သည့္ေနာက္ သူျမင္လိုက္ရသည္မွာ ရဲရဲနီေနေသာ မ်က္လုံးႏွစ္ခုျဖစ္ေလသည္။

ခပ္မွိန္မွိန္ထြန္းထားေသာ မီးအိမ္၏အရိပ္တြင္ ထိုမ်က္လုံးမ်ားမွာ အိပ္မက္ဆိုးတစ္ခုကဲ့သို႔ ခံစားရႏိုင္ေလသည္။

ထိုနတ္စစ္သည္ေတာ္လည္း သမန္းဝံပုေလြဟု ထင္မွတ္လာကာ ေၾကာက္လန႔္လာေလသည္။အပ်ိဳစင္နတ္သမီးလည္း ေၾကာက္႐ြံမႈေၾကာင့္ သတိေမ့သြားေလခဲ့သည္။

မနက္ေရာက္ေသာအခါ သူမကား ကုတင္ေပၚမွ ၿငိမ္သက္စြာႏိုးလာၿပီး မေန႔ညမွာအရာအားလုံးမွာ အိပ္မက္ကဲ့သို႔ပင္ထင္ရေလသည္။

သူမမယုံႏိုင္လွသျဖင့္ ဖခင္ျဖစ္သူကိုရွာသည္။ဖခင္ျဖစ္သူလည္း ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္လ်က္ရွိေပသည္။ထူးဆန္းေလစြ။ညကျဖစ္ခဲ့သည္မွာ တကယ္ေလာအိပ္မက္ေလာ။သို႔ေသာ္သူမ၏ မေရရာမႈကို အိမ္အျပင္မွ ေအာ္ဟစ္သံမ်ားမွာ အတည္ျပဳေပးလိုက္ေလေတာ့သည္။

“အာဏာရွင္ကိုတြန္းလွန္ၾက။ေတာ္လွန္ေရးကို ေဖာ္ေဆာင္ၾက။အာဘီေသာသားေတြ ညီေစေဟ့။”

Comments

Post a Comment