Malcolm X ဆိုတာဘယ်သူလဲ (Part 3)

Malcolm ရဲ့ကျောင်းတော်ကြီးများ

Malcolm ပထမဆုံးကျခံရတဲ့ ထောင်ကတော့ နပိုလီယံခေတ်ထဲက တည်ဆောက်ထားခဲ့တဲ့ Charlestown အကျဉ်းထောင်ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ လက်ခံရရှိတာကတော့ ဘာသာရေးကိုင်းရှိုင်းတဲ့ ညီငယ် Philbert ဆီကပေးပို့တဲ့ ဆုတောင်းစာဖြစ်ပါတယ်။ အစ်မဖြစ်သူ Ella က ပထမဆုံးဧည့်တွေ့လာခဲ့ပြီး Ella ပေးခဲ့တဲ့ ပိုက်ဆံတွေနဲ့ ထောင်ဝန်ထမ်းတွေမှောင်ခိုသွင်းလာတဲ့ nut­meg (ဇာတိပ္ဖိုလ်သီး) တွေဝယ်ပြီး ရေ‌အေးနဲ့ဖျော်၊ မူးယစ်ဆေးလိုသုံးစွဲပါတယ်။ ရသမျှမူးယစ်ဆေးတွေသုံး၊ ပစ္စည်းတွေလွှင့်ပစ်၊ အစောင့်တွေကိုဆဲဆိုပြီးနေတာကြောင့် ခနခနတိုက်ပိတ်ခံရလေ့ရှိပါတယ်။ တိုက်ပိတ်ခံရတဲ့အချိန်မှာလည်း တစ်ချိန်လုံးဆဲဆိုနေလေ့ရှိပါတယ်။ အဓိကဆဲတဲ့အရာကတော့ Bible နဲ့ God ကိုဖြစ်တာကြောင့် ‌ထောင်ထဲမှာ စေတန် လို့ပါအမည်တွင်လာခဲ့ပါတယ်။

ထောင်ထဲမှာ Malcolm အပေါ် ပထမဆုံးကောင်းကောင်းမွန်မွန်ဆက်ဆံသူကတော့ Bimbi လို့ခေါ်တဲ့ ဖောက်ထွင်းဝိဇ္ဇာအဖိုးကြီးဖြစ်ပါတယ်။ ထောင်ထဲကအလုပ်အဖြစ် လိုင်စင်ပြားတွေဆေးသုတ်တဲ့နေရာမှာ အလုပ်လုပ်ရပြီး အလုပ်ပြီးတာနဲ့ Malcolm အပါအဝင် ထောင်သားတွေရော တစ်ခါတစ်လေ ဝါဒါတွေပါ အဖိုးကြီးစကားကို စုပြီး နားထောင်ကြလေ့ရှိပါတယ်။ အဖိုးကြီးပြောပြတဲ့ သမိုင်းကြောင်းတွေ၊ လူ့သဘာဝတွေ၊ အတ္ထုပတ္တိတွေကို နားထောင်ရင်း Malcolm တစ်ယောက် Bimbi ကိုအထူးလေးစားလာပါတော့တယ်။

၈တန်းပြီးထဲက စာနဲ့ဝေးနေခဲ့တဲ့ Malcolm ကို ထောင်စာကြည့်တိုက်ထဲရောက်လာအောင် အဖိုးကြီးက ဆွဲခေါ်ခဲ့ပါတယ်။ ဒါပေမယ့် စာနဲ့အလှမ်းဝေးကွာလွန်းနေတဲ့ Malcolm တစ်ယောက် Verb တွေကိုတောင်ကောင်းကောင်း မမှတ်မိတော့ပါဘူး။ အဲ့တာကြောင့် Bimbi နဲ့ စာကြည့်တိုက်ကနေ ပထမဆုံး English စာကို ပထမဆုံးပြန်လေ့လာပြီး တစ်နှစ်လောက်ကြာမှ စာပြန်ရေးနိုင်လာပါတယ်။

အဲ့လိုနဲ့ တစ်နှစ်အကြာမှာ အစ်မဖြစ်သူ Ella ရဲ့ ကောင်းမှုနဲ့ ပိုပြီးသက်တောင့်သက်သာနေရတဲ့ Concord ထောင်ကိုပြောင်းရပါတယ်။ အဲ့အချိန်မှာပဲညီဖြစ်သူ Philbert ဆီကထူးဆန်းတဲ့ စာတွေရောက်ရှိလာပါတယ်။ “လူမည်းတွေအတွက် တကယ့်ဘာသာရေး”၊ “Nation of Islam” ၊”အလာဟ်ထဲမှာဆုတောင်းပါ” စတဲ့စာတွေရရှိလာပါတယ်။ 

နောက်တစ်စောင်မှာတော့ “ Malcolm, မင်းဝက်သားတွေ နောက်မစားနဲ့တော့၊ ဆေးလိပ်လဲမသောက်နဲ့တော့၊ ထောင်ထဲကဘယ်လိုထွက်ရမလဲဆိုတာ ငါမင်းကိုပြောပြမယ်”

ဘာကိုဆိုလိုတာလဲ သေချာသဘောမပေါက်ပေမယ့် အဲ့နေ့ထဲက ဆေးလိပ်ကိုလုံးဝဖြတ်လိုက်ပြီး နောက်ထပ်လုံးဝမသောက်တော့ပါဘူး။ နောက်နေ့ ထောင်ထဲမှာ ဝက်သားနဲ့ထမင်းကြွေးတဲ့နေ့မှာလဲ ဝက်သားမစားတဲ့ Malcolm သတင်းဟာ‌ထောင်ထဲမှာ ဟိုးလေးတကြော်ကြော်ပါပဲ။

Ella ရဲ့ကြိုးပမ်းမှုနဲ့ပဲ သံတိုင်တွေမရှိပဲ ပိုပြီးလွတ်လပ်တဲ့ Prison Colony ထောင်ကို ရွှေ့ပြောင်းရပြန်ပါတယ်။ အကျဉ်းသားတစ်ဝက်လောက်က လူမည်းတွေဖြစ်ပြီး အပတ်တိုင်း  Harvard တို့ Boston တက္ကသိုလ်တို့က ဆရာတွေကလာရောက်ဟောပြောတာတွေ၊ ဆွေးနွေးပွဲတွေ၊ Debate တွေလုပ်လေ့ရှိပါတယ်။ စာကြည့်တိုက်မှာလည်း စာအုပ်ပေါင်းထောင်ပေါင်းများစွာရှိပြီး သမိုင်းနဲ့ ဘာသာရေးစာအုပ်တွေစိတ်ဝင်စားတဲ့ Malcolmတစ်ယာက် တွေ့သမျှစာအုပ်တိုင်းကို ဖတ်ဖို့ကြိုးစားပါတော့တယ်။ ဒါပေမယ့် စကားလုံးတွေကိုနားမလည်တာကြောင့် စာအုပ်တွေရဲ့ ဆိုလိုရင်းကို သဘောမပေါက်ပါဘူး။

နောက်ဆုံးညီဖြစ်သူ Reginald ကိုယ်တိုင်ထောင်ထဲကို ဧည့်တွေ့ရောက်လာပါတယ်။ Malcolm အနေနဲ့လည်း ဝက်သားနဲ့ဆေးလိပ်ကိုဖြတ်ရတဲ့ အကြောင်းကို အထူးသိချင်နေပါပြီ။


P-“ ဒီကမ္ဘာမှာ အရာအားလုံးကို သိမြင်တဲ့သူတစ်ယောက်ရှိတယ်”

M-“ဘယ်သူလဲ”

P- “ဘုရားသခင်ပဲ သူ့နာမည်က..အလာဟ်တဲ့” “ဘုရားသခင်မှာ 360 Degree ကိုသိမြင်တဲ့ အသိပညာရှိတယ်”

Malcolm သိပ်တော့နားမလည်ပေမယ့် ပြန်မမေးပဲ ဆက်ပြီးနားထောင်နေလိုက်ပါတယ်။ 

P- “မကောင်းဆိုးဝါးမှာတော့ အသိဉာဏ် 33 Degree ပဲရှိတယ်” “မကောင်းဆိုးဝါးဟာ မေဆင်ဘာသာကိုသုံးပြီး လူတွေကိုအုပ်ချုပ်နေတယ်” “ ဘုရားသခင်ဟာ Elijah ဆိုတဲ့ လူအဖြစ်အခုဖန်ဆင်းပြီး အမေရိကန်ကိုရောက်လာပြီ..မကောင်းဆိုးဝါးတွေရဲ့ အချိန်ကုန်ပြီ”

Malcolm ဘာကိုတွေးရမလဲတောင်မသိတာကြောင့် ဆက်ပဲနားထောင်နေလိုက်ပါတယ်။


“မကောင်းဆိုးဝါးဟာ လူတစ်ယောက်လဲဖြစ်တယ်”

“ဟမ်..ဘာကိုပြောတာလဲ”

Reginald က လူဖြူအကျဉ်းသားတွေကို ခေါင်းနဲ့ ငေါ့ပြလိုက်ပြီး

“သူတို့ပဲ..လူဖြူတွေဟာ မကောင်းဆိုးဝါးတွေ..သူတို့ကိုယ်သူတို့လည်းသိကြတယ်..အထူးသဖြင့် မေဆင်ဂိုဏ်းဝင်တွေပေါ့”


Malcolm ခေါင်းထဲပေါ်လာတာတော့ အလုပ်ရှင်ဖြစ်ဖူးခဲ့တဲ့ ဂျူးလူမျိုးလူဖြူတွေအကြောင်းဖြစ်ပါတယ်။ 

“လူဖြူအကုန်ပဲလား”
“ဟုတ်တယ် အားလုံးပဲ”

“အဲ့တာဆို ဂျူးတွေကရော”

“မင်းကိုငွေ၅၀၀ လောက်ပေးပြီး သူတို့အတွက် ၁၀၀၀၀လောက်ကျန်အောင်လုပ်နေတဲ့ လူတွေလား” 


Reginald တစ်ယောက်ပြန်သွားပြီးချိန်မှာတော့ Malcolm တစ်‌ယောက်အတွေးပေါင်းများစွားနဲ့ ကျန်ခဲ့ပါတော့တယ်။ အဖေဖြစ်သူကိုသတ်သွားတဲ့ လူဖြူတွေ၊ အမေ့ကို ဆေးရုံခေါ်သွားကြတဲ့ လူဖြူတွေ၊ nigger လို့ခေါ်နေကြ အဆောင်မှူးအဖွားကြီး၊ နီဂရီုးတစ်ယောက်အနေနဲ့ ရှေ့နေထက် လက်သမားပိုလုပ်သင့်ကြောင့် ၈ တန်းကျောင်းသားကိုပြောခဲ့တဲ့ဆရာ၊ ဖိနပ်တိုက်ပေးခဲ့ရတဲ့ လူဖြူတွေ၊ ရထားဝန်ထမ်းတွေနဲ့ခရီးသည်တွေ၊ Sophia…၊လူဖြူရဲတွေ၊ လိင်ကိစ္စအတွက်ပဲ လူမည်းတွေနဲ့ပေါင်းထုပ်တဲ့ လူဖြူမတွေ၊ အမှုစစ်ခဲ့တဲ့ လူဖြူတရားသူကြီး၊ စသဖြင့် စသဖြင့်…


“မင်းကိုယ်မင်း ဘယ်သူဆိုတာမသိဘူး...မင်းဟာ ရွှေတွေ ဘုရင်တွေနဲ့ ရှေးကျတဲ့လူမှုအဖွဲ့အစည်းကလာတယ်ဆိုတာကို လူဖြူတွေက မင်းမသိနိုင်အောင်ဖုံးကွယ်ထားတယ်။ မင်းဟာ မင်းရဲ့ မိသားစုနာမည်အမှန်ကိုတောင်မသိဘူး။ ကိုယ့်ရဲ့ ကိုယ်ပိုင်ဘာသာစကားကိုလည်း မမှတ်မိနိုင်ဘူး။ မင်းရဲ့ ရင်းမြစ်အမှန်တွေကို မကောင်းဆိုးဝါးလူဖြူတွေက ဖြတ်တောက်ထားတယ်။ မင်းဟာ ကိုယ့်မြေကိုယ့်ရေကနေ ခိုးယူခံရပြီး လူဖြူတွေရဲ အသတ်ခံ၊ မုဒိမ်းကျင့်ခံဖို့ သူတွေထဲက တစ်ယောက်ပဲ..”

အပိုင်း ၄- https://ouo.io/PdrLzs

(Zawgyi)

Malcolm ရဲ႕ေက်ာင္းေတာ္ႀကီးမ်ား
Malcolm ပထမဆုံးက်ခံရတဲ့ ေထာင္ကေတာ့ နပိုလီယံေခတ္ထဲက တည္ေဆာက္ထားခဲ့တဲ့ Charlestown အက်ဥ္းေထာင္ျဖစ္ပါတယ္။ ပထမဆုံးအေနနဲ႔ လက္ခံရရွိတာကေတာ့ ဘာသာေရးကိုင္းရႈိင္းတဲ့ ညီငယ္ Philbert ဆီကေပးပို႔တဲ့ ဆုေတာင္းစာျဖစ္ပါတယ္။ အစ္မျဖစ္သူ Ella က ပထမဆုံးဧည့္ေတြ႕လာခဲ့ၿပီး Ella ေပးခဲ့တဲ့ ပိုက္ဆံေတြနဲ႔ ေထာင္ဝန္ထမ္းေတြေမွာင္ခိုသြင္းလာတဲ့ nut­meg (ဇာတိပၹိဳလ္သီး) ေတြဝယ္ၿပီး ေရ‌ေအးနဲ႔ေဖ်ာ္၊ မူးယစ္ေဆးလိုသုံးစြဲပါတယ္။ ရသမွ်မူးယစ္ေဆးေတြသုံး၊ ပစၥည္းေတြလႊင့္ပစ္၊ အေစာင့္ေတြကိုဆဲဆိုၿပီးေနတာေၾကာင့္ ခနခနတိုက္ပိတ္ခံရေလ့ရွိပါတယ္။ တိုက္ပိတ္ခံရတဲ့အခ်ိန္မွာလည္း တစ္ခ်ိန္လုံးဆဲဆိုေနေလ့ရွိပါတယ္။ အဓိကဆဲတဲ့အရာကေတာ့ Bible နဲ႔ God ကိုျဖစ္တာေၾကာင့္ ‌ေထာင္ထဲမွာ ေစတန္ လို႔ပါအမည္တြင္လာခဲ့ပါတယ္။
ေထာင္ထဲမွာ Malcolm အေပၚ ပထမဆုံးေကာင္းေကာင္းမြန္မြန္ဆက္ဆံသူကေတာ့ Bimbi လို႔ေခၚတဲ့ ေဖာက္ထြင္းဝိဇၨာအဖိုးႀကီးျဖစ္ပါတယ္။ ေထာင္ထဲကအလုပ္အျဖစ္ လိုင္စင္ျပားေတြေဆးသုတ္တဲ့ေနရာမွာ အလုပ္လုပ္ရၿပီး အလုပ္ၿပီးတာနဲ႔ Malcolm အပါအဝင္ ေထာင္သားေတြေရာ တစ္ခါတစ္ေလ ဝါဒါေတြပါ အဖိုးႀကီးစကားကို စုၿပီး နားေထာင္ၾကေလ့ရွိပါတယ္။ အဖိုးႀကီးေျပာျပတဲ့ သမိုင္းေၾကာင္းေတြ၊ လူ႔သဘာဝေတြ၊ အတၳဳပတၱိေတြကို နားေထာင္ရင္း Malcolm တစ္ေယာက္ Bimbi ကိုအထူးေလးစားလာပါေတာ့တယ္။
၈တန္းၿပီးထဲက စာနဲ႔ေဝးေနခဲ့တဲ့ Malcolm ကို ေထာင္စာၾကည့္တိုက္ထဲေရာက္လာေအာင္ အဖိုးႀကီးက ဆြဲေခၚခဲ့ပါတယ္။ ဒါေပမယ့္ စာနဲ႔အလွမ္းေဝးကြာလြန္းေနတဲ့ Malcolm တစ္ေယာက္ Verb ေတြကိုေတာင္ေကာင္းေကာင္း မမွတ္မိေတာ့ပါဘူး။ အဲ့တာေၾကာင့္ Bimbi နဲ႔ စာၾကည့္တိုက္ကေန ပထမဆုံး English စာကို ပထမဆုံးျပန္ေလ့လာၿပီး တစ္ႏွစ္ေလာက္ၾကာမွ စာျပန္ေရးႏိုင္လာပါတယ္။
အဲ့လိုနဲ႔ တစ္ႏွစ္အၾကာမွာ အစ္မျဖစ္သူ Ella ရဲ႕ ေကာင္းမႈနဲ႔ ပိုၿပီးသက္ေတာင့္သက္သာေနရတဲ့ Concord ေထာင္ကိုေျပာင္းရပါတယ္။ အဲ့အခ်ိန္မွာပဲညီျဖစ္သူ Philbert ဆီကထူးဆန္းတဲ့ စာေတြေရာက္ရွိလာပါတယ္။ “လူမည္းေတြအတြက္ တကယ့္ဘာသာေရး”၊ “Nation of Islam” ၊”အလာဟ္ထဲမွာဆုေတာင္းပါ” စတဲ့စာေတြရရွိလာပါတယ္။ 
ေနာက္တစ္ေစာင္မွာေတာ့ “ Malcolm, မင္းဝက္သားေတြ ေနာက္မစားနဲ႔ေတာ့၊ ေဆးလိပ္လဲမေသာက္နဲ႔ေတာ့၊ ေထာင္ထဲကဘယ္လိုထြက္ရမလဲဆိုတာ ငါမင္းကိုေျပာျပမယ္”
ဘာကိုဆိုလိုတာလဲ ေသခ်ာသေဘာမေပါက္ေပမယ့္ အဲ့ေန႔ထဲက ေဆးလိပ္ကိုလုံးဝျဖတ္လိုက္ၿပီး ေနာက္ထပ္လုံးဝမေသာက္ေတာ့ပါဘူး။ ေနာက္ေန႔ ေထာင္ထဲမွာ ဝက္သားနဲ႔ထမင္းေႂကြးတဲ့ေန႔မွာလဲ ဝက္သားမစားတဲ့ Malcolm သတင္းဟာ‌ေထာင္ထဲမွာ ဟိုးေလးတေၾကာ္ေၾကာ္ပါပဲ။
Ella ရဲ႕ႀကိဳးပမ္းမႈနဲ႔ပဲ သံတိုင္ေတြမရွိပဲ ပိုၿပီးလြတ္လပ္တဲ့ Prison Colony ေထာင္ကို ေ႐ႊ႕ေျပာင္းရျပန္ပါတယ္။ အက်ဥ္းသားတစ္ဝက္ေလာက္က လူမည္းေတြျဖစ္ၿပီး အပတ္တိုင္း  Harvard တို႔ Boston တကၠသိုလ္တို႔က ဆရာေတြကလာေရာက္ေဟာေျပာတာေတြ၊ ေဆြးေႏြးပြဲေတြ၊ Debate ေတြလုပ္ေလ့ရွိပါတယ္။ စာၾကည့္တိုက္မွာလည္း စာအုပ္ေပါင္းေထာင္ေပါင္းမ်ားစြာရွိၿပီး သမိုင္းနဲ႔ ဘာသာေရးစာအုပ္ေတြစိတ္ဝင္စားတဲ့ Malcolmတစ္ယာက္ ေတြ႕သမွ်စာအုပ္တိုင္းကို ဖတ္ဖို႔ႀကိဳးစားပါေတာ့တယ္။ ဒါေပမယ့္ စကားလုံးေတြကိုနားမလည္တာေၾကာင့္ စာအုပ္ေတြရဲ႕ ဆိုလိုရင္းကို သေဘာမေပါက္ပါဘူး။
ေနာက္ဆုံးညီျဖစ္သူ Reginald ကိုယ္တိုင္ေထာင္ထဲကို ဧည့္ေတြ႕ေရာက္လာပါတယ္။ Malcolm အေနနဲ႔လည္း ဝက္သားနဲ႔ေဆးလိပ္ကိုျဖတ္ရတဲ့ အေၾကာင္းကို အထူးသိခ်င္ေနပါၿပီ။

P-“ ဒီကမာၻမွာ အရာအားလုံးကို သိျမင္တဲ့သူတစ္ေယာက္ရွိတယ္”
M-“ဘယ္သူလဲ”
P- “ဘုရားသခင္ပဲ သူ႔နာမည္က..အလာဟ္တဲ့” “ဘုရားသခင္မွာ 360 Degree ကိုသိျမင္တဲ့ အသိပညာရွိတယ္”
Malcolm သိပ္ေတာ့နားမလည္ေပမယ့္ ျပန္မေမးပဲ ဆက္ၿပီးနားေထာင္ေနလိုက္ပါတယ္။ 
P- “မေကာင္းဆိုးဝါးမွာေတာ့ အသိဉာဏ္ 33 Degree ပဲရွိတယ္” “မေကာင္းဆိုးဝါးဟာ ေမဆင္ဘာသာကိုသုံးၿပီး လူေတြကိုအုပ္ခ်ဳပ္ေနတယ္” “ ဘုရားသခင္ဟာ Elijah ဆိုတဲ့ လူအျဖစ္အခုဖန္ဆင္းၿပီး အေမရိကန္ကိုေရာက္လာၿပီ..မေကာင္းဆိုးဝါးေတြရဲ႕ အခ်ိန္ကုန္ၿပီ”
Malcolm ဘာကိုေတြးရမလဲေတာင္မသိတာေၾကာင့္ ဆက္ပဲနားေထာင္ေနလိုက္ပါတယ္။

“မေကာင္းဆိုးဝါးဟာ လူတစ္ေယာက္လဲျဖစ္တယ္”
“ဟမ္..ဘာကိုေျပာတာလဲ”
Reginald က လူျဖဴအက်ဥ္းသားေတြကို ေခါင္းနဲ႔ ေငါ့ျပလိုက္ၿပီး
“သူတို႔ပဲ..လူျဖဴေတြဟာ မေကာင္းဆိုးဝါးေတြ..သူတို႔ကိုယ္သူတို႔လည္းသိၾကတယ္..အထူးသျဖင့္ ေမဆင္ဂိုဏ္းဝင္ေတြေပါ့”

Malcolm ေခါင္းထဲေပၚလာတာေတာ့ အလုပ္ရွင္ျဖစ္ဖူးခဲ့တဲ့ ဂ်ဴးလူမ်ိဳးလူျဖဴေတြအေၾကာင္းျဖစ္ပါတယ္။ 
“လူျဖဴအကုန္ပဲလား”
“ဟုတ္တယ္ အားလုံးပဲ”
“အဲ့တာဆို ဂ်ဴးေတြကေရာ”
“မင္းကိုေငြ၅၀၀ ေလာက္ေပးၿပီး သူတို႔အတြက္ ၁၀၀၀၀ေလာက္က်န္ေအာင္လုပ္ေနတဲ့ လူေတြလား” 

Reginald တစ္ေယာက္ျပန္သြားၿပီးခ်ိန္မွာေတာ့ Malcolm တစ္‌ေယာက္အေတြးေပါင္းမ်ားစြားနဲ႔ က်န္ခဲ့ပါေတာ့တယ္။ အေဖျဖစ္သူကိုသတ္သြားတဲ့ လူျဖဴေတြ၊ အေမ့ကို ေဆး႐ုံေခၚသြားၾကတဲ့ လူျဖဴေတြ၊ nigger လို႔ေခၚေနၾက အေဆာင္မႉးအဖြားႀကီး၊ နီဂ႐ီုးတစ္ေယာက္အေနနဲ႔ ေရွ႕ေနထက္ လက္သမားပိုလုပ္သင့္ေၾကာင့္ ၈ တန္းေက်ာင္းသားကိုေျပာခဲ့တဲ့ဆရာ၊ ဖိနပ္တိုက္ေပးခဲ့ရတဲ့ လူျဖဴေတြ၊ ရထားဝန္ထမ္းေတြနဲ႔ခရီးသည္ေတြ၊ Sophia…၊လူျဖဴရဲေတြ၊ လိင္ကိစၥအတြက္ပဲ လူမည္းေတြနဲ႔ေပါင္းထုပ္တဲ့ လူျဖဴမေတြ၊ အမႈစစ္ခဲ့တဲ့ လူျဖဴတရားသူႀကီး၊ စသျဖင့္ စသျဖင့္…

“မင္းကိုယ္မင္း ဘယ္သူဆိုတာမသိဘူး...မင္းဟာ ေ႐ႊေတြ ဘုရင္ေတြနဲ႔ ေရွးက်တဲ့လူမႈအဖြဲ႕အစည္းကလာတယ္ဆိုတာကို လူျဖဴေတြက မင္းမသိႏိုင္ေအာင္ဖုံးကြယ္ထားတယ္။ မင္းဟာ မင္းရဲ႕ မိသားစုနာမည္အမွန္ကိုေတာင္မသိဘူး။ ကိုယ့္ရဲ႕ ကိုယ္ပိုင္ဘာသာစကားကိုလည္း မမွတ္မိႏိုင္ဘူး။ မင္းရဲ႕ ရင္းျမစ္အမွန္ေတြကို မေကာင္းဆိုးဝါးလူျဖဴေတြက ျဖတ္ေတာက္ထားတယ္။ မင္းဟာ ကိုယ့္ေျမကိုယ့္ေရကေန ခိုးယူခံရၿပီး လူျဖဴေတြရဲ အသတ္ခံ၊ မုဒိမ္းက်င့္ခံဖို႔ သူေတြထဲက တစ္ေယာက္ပဲ..”
 
အပိုင်း ၄- https://ouo.io/PdrLzs

Comments

  1. “ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”

    *** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***

    ReplyDelete

Post a Comment