Malcolm X ဆိုတာဘယ်သူလဲ (Part 4)

အဲ့လိုဟောပြောမှုတွေကြားထဲမှာ Malcolm ရဲ့ အမြင်တံခါးတစ်ချပ်စပြီး ပွင့်လာပါတော့တယ်။ နောက်ပိုင်းညီဖြစ်သူထံကနေ စာတွေဆက်တိုက်ရရှိလာပြီး “အလာဟ်ရှင်မြတ်ရဲ့တမန်တော် Eli­jah Muhammad” အကြောင်းနဲ့ သူ့ရဲ့ဟောပြောချက်တွေကို ပိုပြီးလေ့လာမိလာပါတယ်။ လူမည်းတစ်ဉီးဖြစ်တဲံ Ellah Mohammad ကို Georgia မှာမွေးဖွားခဲ့ပြီး နောက်ပိုင်း Mr.Wallace D.Fard နဲ့တွေ့ပြီး “ပျောက်ဆုံးနေတဲ့ အစ္စလာမ်နိုင်ငံတော် အတွေးအခေါ်ကို ရရှိခဲ့တာဖြစ်ပါတယ်။ မောင်နှမတွေအားလုံးကလည်း Ellah ရဲ့ ဘာသာဝင်တွေဖြစ်ကုန်နေကြတာမို့ Malcolm ကိုပါတိုက်တွန်းကြပါတယ်။

“ဝက်သားမစားရခြင်းဟာ အစ္စလာမ်ဘာသာကိုကိုးကွယ်သူတိုင်းလိုက်နာရမှာဖြစ်ပြီး ဆေးလိပ်၊မူးယစ်ဆေးဝါး၊ အရက်တွေမသောက်ဖို့ကတော့ Ellah ရဲ တားမြစ်ချက်တွေဖြစ်ကြောင်း Malcolm နောက်ပိုင်းမှနားလည်လာခဲ့ပါတယ်။ Ellah ဟောကြားတဲ့ လူမည်းတွေရဲ့ တကယ့်အချက်အလက်အမှန်တွေကိုတော့ လက်ရေးနဲ့တစ်ဖုံ၊ ပုံနှိပ်စာအုပ်နဲ့ပါ Malcolm ရရှိပြီး ဖတ်ရှုလေ့လာဖြစ်လာပါတယ်။ 

Elijah ဟောပြောတဲ့ အချက်အလက်အမှန်ဆိုတာကို အနှစ်ချုပ်ပြောရရင်တော့ လူဖြူတွေဟာ သူတို့ရဲသမိုင်းစာအုပ်တွေထဲမှာ လူဖြူအချက်အလက်တွေပဲထည့်ပြီး လူမည်းတွေကိုတော့ Brainwash လုပ်ထားကြတယ်။ လူသားတွေရဲ့ရင်းမြစ်က အာဖရိကကဖြစ်ပြီး ဉီးဆုံးလူသားရဲ့ အသား‌ရောင်ဟာ အနက်ရောင်ဖြစ်တယ်။ လူဖြူတွေ ဂူထဲမှာလေးဘက်ထောက်သွားနေတဲ့ အချိန်ထဲက လူမည်းတွေဟာ အင်ပါယာကြီးတွေ၊ ယဉ်ကျေးမှုတွေ၊ Civilisation တွေရှိနေပြီးသားဖြစ်တယ်။

လူဖြူတွေရဲ့ သမိုင်းဟာ မီးတိုက်၊ လူသတ်၊ မုဒိမ်းကျင့်၊ လူဖြူမဟုတ်သူတွေဆီကနေ အမြတ်ထုတ်စတဲ့ မကောင်းဆိုးဝါးလုပ်ရပ်တွေနဲ့ဟာ ပြည့်နှက်နေတယ်။ လူမည်းသန်းပေါင်းများစွာကိုလည်း အာဖရိကကနေ သံကြိုးတွေနဲ့တုတ်နှောင်၊ အာဖရိကတိုက်ကနေ အတင်းအဓမ္မဖမ်းဆီးလာပြီး ကျွန်တွေအဖြစ် ရိုက်ပုတ်နှိပ်စက်ခဲ့ကြတယ်။ ဒါ့အပြင် လူမည်းတွေရဲ့ သူ့တို့ရဲ့ ကိုယ်ပိုင်ဘာသာစကား၊ ဘာသာရေး၊ ယဉ်ကျေးမှုတွေနဲ့ အဆက်ဖြတ်လိုက်ပြီး ကိုယ့်ရဲ့ ရင်းမြစ်ဇာတိပါမသိသူတွေဖြစ်လာအောင် လုပ်ခဲ့ကြတယ်။

လူမည်းအမျိုးသမီးတွေအနေနဲ့ လူဖြူကျွန်ပိုင်ရှင်တွေရဲ့ ခြေတော်တင်ခြင်းခံရပြီး ကိုယ့်ကိုယ်ပိုင်အသားအရည်ပါ မရှိတော့တဲ့ မျိုးဆက်တွေဖြစ်လာကြတယ်။ အဲ့မျိုးဆက်တွေကို လူဖြူတွေက “နီဂရိုး”လို့ခေါ်ပြီး နိမ့်ကျတဲ့လူတန်းစားတစ်ရပ်အဖြစ် သူတို့ကိုယ်တိုင် လက်ခံလာအောင် ရိုက်သွင်းခဲ့တယ်။

ဘာသာရေးမှာဆိုရင်လည်း သူတို့နဲ့ အဆင်တူဆုံးဖြစ်တဲ့ ဘုရားသခင်ကိုကိုးကွယ်ခိုင်းပြီး နီဂရိုးတွေဟာ ဆံပင်ရွှေရောင်၊ အသားဖျော့ဖျော့ မျက်လုံးပြာတွေနဲ့ သူတို့ရဲ့ ကျွန်ပိုင်ရှင်တွေနဲ့ သဏ္ဍန်တူတဲ့ ဘုရားကိုကိုးကွယ်ဖို့ တွန်းအားပေးခံကြရတယ်။ အဲ့ဘာသာရေးအရ နီဂရီုးတွေအတွက်လူမည်းဖြစ်ခြင်းဟာကျိန်စာတစ်ခုလိုပဲ။ လူဖြူတွေသာကောင်းတယ်၊ လေးစားသင့်တယ်၊ အချစ်ခံရသင့်တယ်လို့ သင်ပြတယ်။ အဲ့အတွေးအခေါ်ဟာ လူမည်းတွေကို Brainwash ပြီး အသားဖြူသူဟာ superior(ကိုယ့်ထက်အဆင့်မြင့်) ဖြစ်တယ်လို့ တွေးခေါ်လာ‌စေတယ်။ လူဖြူတွေရဲ့ ခရစ်ယာန်ဘာသာဟာ နီဂရိုးတွေကို ပါးတစ်ဖက်လှည့်ပေးပြီး အံကြိတ်နေဖို့၊ အပိုးကြိုးပြီး သီချင်းတွေ သီဆိုဆုတောင်းနေဖို့ မကောင်းဆိုးဝါးလူဖြူတွေလုပ်သမျှကို ခွင့်လွှတ်ပေးကြဖို့ Brainwash ထားပြီး၊ လူမည်းတွေအနေနဲ့ သူတို့အတွက်နိဗ္ဗာန်ကို ကောင်းကင်မှာလိုက်ရှာနေချိန်မှာ၊ ကျွန်ပိုင်ရှင်လူဖြူတွေကတော့ လက်ရှိဘဝမှာတင် နတ်စည်းစိမ်ကိုခံစားနေခဲ့ကြတယ်။

Malcolm ဟာ ဒီစာတွေကိုဖတ်ပြီးချိန်မှာတော့ သူ့ဘဝနဲ့ချိန်ထိုးစဉ်းစားပြီး ဘာဆက်လုပ်ရမယ်ဆိုတဲ့ အမှန်တရားကိုစပြီးမြင်လာပါတော့တယ်။ ဒါပေမယ့် ဒီလိုကြီးမားတဲ့အပြောင်းအလဲကို Malcolm ရဲ့စိတ်က လွယ်လွယ်ကူကူလက်ခံနိုင်သွားတာတော့မဟုတ်ပါဘူး။ ထောင်ထဲမှာငူငူကြီးထိုင်ပြီး အစားမစားရေမသောက်နေနေတဲ့ Malcolm တစ်ယောက်ကို ထောင်ဆရာဝန်ကလာကြည့်ပေမယ့် ရောဂါကိုမရှာဖွေနိုင်ခဲ့ပါဘူး။ 

Mr.Ellijah ရဲ့ဟောကြားချက်တွေထဲမှာ လူဖြူတွေကို လူမည်းတွေကနေ သိပ္ပံပညာရှင်တစ်ယောက်ကဖန်ဆင်းခဲ့တယ်စတဲ့ အဓိပ္ပာယ်မရှိတဲ့ သီအိုရီတွေလည်းပါဝင်ပါတယ်။ ဒါပေမယ့် ဒါပေမယ့် ဒါတွေကိုဝေဖန်ပိုင်းခြားနိုင်တဲ့အသိမျိုး အဲ့အချိန်က Malcolm မှာရှိမနေသေးပါဘူး။

နောက်ရက်တွေစပြီး Malcolm တစ်ယောက် Mr.Ellijah ဆီကိုတစ်နေ့ကို စာတစ်‌စောင်ရေးပါတော့တယ်။ မောင်နှမတွေကိုအပြင် ဂတ်တိုမှာကျင်လည်ခဲ့တဲ့ ဆိုးဖော်တွေကိုပါ သူရဲ့ တွေ့ရှိချက်တွေကို စာတွေ‌ရေးပါတော့တယ်။ ဒါ့အပြင် ဘော်စတွန်မြို့ဝန်ဆီကိုပါ အဆိုပါအကြောင်းတွေစာရေးပြီးပို့ပါ‌ေသးတယ်။ ဒါပေမယ့် Malcolm တစ်ယောက်စာကို ကျကျနနမရေးနိုင်သေးပါဘူး။ အထူးသဖြင့် Mr.Ellijah ကိုစာရေးဖို့စကားလုံးတွေမသိတဲ့အခါ သင်ယူဖို့အတွက် Dictionary ကိုကိုင်ပါတော့တယ်။

Dictionary ကနေဘယ်လိုလေ့လာရမလဲမသိတဲ့ Malcolm တစ်ယောက် ပါသမျှစာလုံးတွေအကုန်ကို ပြန်ပြီးကူးရေးပါတော့တယ်။ တစ်မျက်နှာလုံးကိုပြန်ရေးဖို့ တစ်ရက်အချိန်ယူရပါတယ်။ ‌နောက်တစ်ရက်မနက်မှာ အဲ့စာလုံးတွေကိုပြန်မှတ်မိနေတာကို သိလိုက်ရတော့ အလွန်ဝမ်းသာပြီး တစ်မျက်နှာပြီး တစ်မျက်နှာကြိုးစားကူးတာဟာ Dictionary တစ်အုပ်လုံးကုန်တဲ့အထိပါပဲ။ အဲ့လိုနဲ့ Vocab ကြွယ်လာတဲ့အပြင် စာရေးမြန်လာပြီး သမိုင်းကြောင်းတွေ၊ အကြောင်းအရာလေးတွေပါ ဟိုစပ်စပ်ဒီစပ်စပ်‌ လေးသိလာခဲ့ပါတယ်။

အဲ့လိုနဲ့ စာအုပ်တွေစဖတ်ကြည့်ရာမှာ အရင်လိုမဟုတ်တော့ပဲ စာအုပ်ရဲ့ ဆိုလိုရင်းတွေ၊ အကြောင်းအရာတွေကို နားလည်လာပါတယ်။ အဲ့လိုနဲ့ စာကြည့်တိုက် ဒါမှမဟုတ် အချုပ်ခန်းထဲမှာ စာအမြဲဖတ်နေတဲ့ Malcolm ဟာ အကျဉ်းကျနေတာကိုပါ မေ့နေလောက်တဲ့အထိပါပဲ။ ထောင်မီးပိတ်ချိန်မှာ ကော်ရေဒါမီးရောင်နဲ့ ဖတ်တဲ့အထိ တစ်နေ့ကို ၃၊၄ နာရီသာအိပ်ပြီး စာအုပ်တွေဖတ်ပါတော့တယ်။ အထူးသဖြင့် လူမည်းတွေရဲ့ သမိုင်းကြောင်းတွေကို အထူးပြုပြီးဖတ်ပါတယ်။ လူမည်းတွေကျွန်ပြုခံရတဲ့ ဖြစ်ရပ်ဆိုးတွေကိုဖတ်ပြီးချိန်မှာတော့ Malcolm တစ်ယောက်အလွန်ထိတ်လန့်သွားခဲ့ပါတယ်။

ဒါ့အပြင်နိုင်ငံပေါင်းစုံရဲ့သမိုင်းတွေ၊ လွတ်လပ်ရေးကြိုးပမ်းမှုတွေကိုဖတ်ရင်း လူဖြူတွေရဲ့ ဘာသာရေးအကြောင်းပြ ရက်စက်မှုတွေ၊ အမြတ်ထုတ်မှုတွေကိုပိုပြီး သိလာရပါတယ်။ နောက်ထပ်ဖတ်တဲ့စာအုပ်တွေကတော့ ခေတ်ဟောင်းခေတ်သစ် အတွေးအခေါ်စာအုပ်တွေဖြစ်ပါတယ်။ အဲ့လိုနဲ့ ကိုယ်ပိုင်သမိုင်းကြောင်းကိုမသိတဲ့ လူမည်းတွေအကြောင်းပိုသိလာတဲ့အခါ သူသိထားသမျှကို အချင်းချင်းပြန်ပြီးမျှဝေဖို့ ကြိုးပမ်းပါတော့တယ်။ 

ရက်စေ့လို့ ထောင်ကထွက်ရတဲ့ အခါMalcolm ဘယ်လမ်းကို လျှောက်မလဲဆိုတာကို မနက်ဖြန်ရေး‌ပးပါမယ်ဗျ။

(Zawgyi)

အဲ့လိုေဟာေျပာမႈေတြၾကားထဲမွာ Malcolm ရဲ႕ အျမင္တံခါးတစ္ခ်ပ္စၿပီး ပြင့္လာပါေတာ့တယ္။ ေနာက္ပိုင္းညီျဖစ္သူထံကေန စာေတြဆက္တိုက္ရရွိလာၿပီး “အလာဟ္ရွင္ျမတ္ရဲ႕တမန္ေတာ္ Eli­jah Muhammad” အေၾကာင္းနဲ႔ သူ႔ရဲ႕ေဟာေျပာခ်က္ေတြကို ပိုၿပီးေလ့လာမိလာပါတယ္။ လူမည္းတစ္ဉီးျဖစ္တဲံ Ellah Mohammad ကို Georgia မွာေမြးဖြားခဲ့ၿပီး ေနာက္ပိုင္း Mr.Wallace D.Fard နဲ႔ေတြ႕ၿပီး “ေပ်ာက္ဆုံးေနတဲ့ အစၥလာမ္ႏိုင္ငံေတာ္ အေတြးအေခၚကို ရရွိခဲ့တာျဖစ္ပါတယ္။ ေမာင္ႏွမေတြအားလုံးကလည္း Ellah ရဲ႕ ဘာသာဝင္ေတြျဖစ္ကုန္ေနၾကတာမို႔ Malcolm ကိုပါတိုက္တြန္းၾကပါတယ္။

“ဝက္သားမစားရျခင္းဟာ အစၥလာမ္ဘာသာကိုကိုးကြယ္သူတိုင္းလိုက္နာရမွာျဖစ္ၿပီး ေဆးလိပ္၊မူးယစ္ေဆးဝါး၊ အရက္ေတြမေသာက္ဖို႔ကေတာ့ Ellah ရဲ တားျမစ္ခ်က္ေတြျဖစ္ေၾကာင္း Malcolm ေနာက္ပိုင္းမွနားလည္လာခဲ့ပါတယ္။ Ellah ေဟာၾကားတဲ့ လူမည္းေတြရဲ႕ တကယ့္အခ်က္အလက္အမွန္ေတြကိုေတာ့ လက္ေရးနဲ႔တစ္ဖုံ၊ ပုံႏွိပ္စာအုပ္နဲ႔ပါ Malcolm ရရွိၿပီး ဖတ္ရႈေလ့လာျဖစ္လာပါတယ္။ 

Elijah ေဟာေျပာတဲ့ အခ်က္အလက္အမွန္ဆိုတာကို အႏွစ္ခ်ဳပ္ေျပာရရင္ေတာ့ လူျဖဴေတြဟာ သူတို႔ရဲသမိုင္းစာအုပ္ေတြထဲမွာ လူျဖဴအခ်က္အလက္ေတြပဲထည့္ၿပီး လူမည္းေတြကိုေတာ့ Brainwash လုပ္ထားၾကတယ္။ လူသားေတြရဲ႕ရင္းျမစ္က အာဖရိကကျဖစ္ၿပီး ဉီးဆုံးလူသားရဲ႕ အသား‌ေရာင္ဟာ အနက္ေရာင္ျဖစ္တယ္။ လူျဖဴေတြ ဂူထဲမွာေလးဘက္ေထာက္သြားေနတဲ့ အခ်ိန္ထဲက လူမည္းေတြဟာ အင္ပါယာႀကီးေတြ၊ ယဥ္ေက်းမႈေတြ၊ Civilisation ေတြရွိေနၿပီးသားျဖစ္တယ္။

လူျဖဴေတြရဲ႕ သမိုင္းဟာ မီးတိုက္၊ လူသတ္၊ မုဒိမ္းက်င့္၊ လူျဖဴမဟုတ္သူေတြဆီကေန အျမတ္ထုတ္စတဲ့ မေကာင္းဆိုးဝါးလုပ္ရပ္ေတြနဲ႔ဟာ ျပည့္ႏွက္ေနတယ္။ လူမည္းသန္းေပါင္းမ်ားစြာကိုလည္း အာဖရိကကေန သံႀကိဳးေတြနဲ႔တုတ္ေႏွာင္၊ အာဖရိကတိုက္ကေန အတင္းအဓမၼဖမ္းဆီးလာၿပီး ကြၽန္ေတြအျဖစ္ ႐ိုက္ပုတ္ႏွိပ္စက္ခဲ့ၾကတယ္။ ဒါ့အျပင္ လူမည္းေတြရဲ႕ သူ႔တို႔ရဲ႕ ကိုယ္ပိုင္ဘာသာစကား၊ ဘာသာေရး၊ ယဥ္ေက်းမႈေတြနဲ႔ အဆက္ျဖတ္လိုက္ၿပီး ကိုယ့္ရဲ႕ ရင္းျမစ္ဇာတိပါမသိသူေတြျဖစ္လာေအာင္ လုပ္ခဲ့ၾကတယ္။

လူမည္းအမ်ိဳးသမီးေတြအေနနဲ႔ လူျဖဴကြၽန္ပိုင္ရွင္ေတြရဲ႕ ေျခေတာ္တင္ျခင္းခံရၿပီး ကိုယ့္ကိုယ္ပိုင္အသားအရည္ပါ မရွိေတာ့တဲ့ မ်ိဳးဆက္ေတြျဖစ္လာၾကတယ္။ အဲ့မ်ိဳးဆက္ေတြကို လူျဖဴေတြက “နီဂ႐ိုး”လို႔ေခၚၿပီး နိမ့္က်တဲ့လူတန္းစားတစ္ရပ္အျဖစ္ သူတို႔ကိုယ္တိုင္ လက္ခံလာေအာင္ ႐ိုက္သြင္းခဲ့တယ္။

ဘာသာေရးမွာဆိုရင္လည္း သူတို႔နဲ႔ အဆင္တူဆုံးျဖစ္တဲ့ ဘုရားသခင္ကိုကိုးကြယ္ခိုင္းၿပီး နီဂ႐ိုးေတြဟာ ဆံပင္ေ႐ႊေရာင္၊ အသားေဖ်ာ့ေဖ်ာ့ မ်က္လုံးျပာေတြနဲ႔ သူတို႔ရဲ႕ ကြၽန္ပိုင္ရွင္ေတြနဲ႔ သ႑န္တူတဲ့ ဘုရားကိုကိုးကြယ္ဖို႔ တြန္းအားေပးခံၾကရတယ္။ အဲ့ဘာသာေရးအရ နီဂ႐ီုးေတြအတြက္လူမည္းျဖစ္ျခင္းဟာက်ိန္စာတစ္ခုလိုပဲ။ လူျဖဴေတြသာေကာင္းတယ္၊ ေလးစားသင့္တယ္၊ အခ်စ္ခံရသင့္တယ္လို႔ သင္ျပတယ္။ အဲ့အေတြးအေခၚဟာ လူမည္းေတြကို Brainwash ၿပီး အသားျဖဴသူဟာ superior(ကိုယ့္ထက္အဆင့္ျမင့္) ျဖစ္တယ္လို႔ ေတြးေခၚလာ‌ေစတယ္။ လူျဖဴေတြရဲ႕ ခရစ္ယာန္ဘာသာဟာ နီဂ႐ိုးေတြကို ပါးတစ္ဖက္လွည့္ေပးၿပီး အံႀကိတ္ေနဖို႔၊ အပိုးႀကိဳးၿပီး သီခ်င္းေတြ သီဆိုဆုေတာင္းေနဖို႔ မေကာင္းဆိုးဝါးလူျဖဴေတြလုပ္သမွ်ကို ခြင့္လႊတ္ေပးၾကဖို႔ Brainwash ထားၿပီး၊ လူမည္းေတြအေနနဲ႔ သူတို႔အတြက္နိဗၺာန္ကို ေကာင္းကင္မွာလိုက္ရွာေနခ်ိန္မွာ၊ ကြၽန္ပိုင္ရွင္လူျဖဴေတြကေတာ့ လက္ရွိဘဝမွာတင္ နတ္စည္းစိမ္ကိုခံစားေနခဲ့ၾကတယ္။

Malcolm ဟာ ဒီစာေတြကိုဖတ္ၿပီးခ်ိန္မွာေတာ့ သူ႔ဘဝနဲ႔ခ်ိန္ထိုးစဥ္းစားၿပီး ဘာဆက္လုပ္ရမယ္ဆိုတဲ့ အမွန္တရားကိုစၿပီးျမင္လာပါေတာ့တယ္။ ဒါေပမယ့္ ဒီလိုႀကီးမားတဲ့အေျပာင္းအလဲကို Malcolm ရဲ႕စိတ္က လြယ္လြယ္ကူကူလက္ခံႏိုင္သြားတာေတာ့မဟုတ္ပါဘူး။ ေထာင္ထဲမွာငူငူႀကီးထိုင္ၿပီး အစားမစားေရမေသာက္ေနေနတဲ့ Malcolm တစ္ေယာက္ကို ေထာင္ဆရာဝန္ကလာၾကည့္ေပမယ့္ ေရာဂါကိုမရွာေဖြႏိုင္ခဲ့ပါဘူး။ 

Mr.Ellijah ရဲ႕ေဟာၾကားခ်က္ေတြထဲမွာ လူျဖဴေတြကို လူမည္းေတြကေန သိပၸံပညာရွင္တစ္ေယာက္ကဖန္ဆင္းခဲ့တယ္စတဲ့ အဓိပၸာယ္မရွိတဲ့ သီအိုရီေတြလည္းပါဝင္ပါတယ္။ ဒါေပမယ့္ ဒါေပမယ့္ ဒါေတြကိုေဝဖန္ပိုင္းျခားႏိုင္တဲ့အသိမ်ိဳး အဲ့အခ်ိန္က Malcolm မွာရွိမေနေသးပါဘူး။

ေနာက္ရက္ေတြစၿပီး Malcolm တစ္ေယာက္ Mr.Ellijah ဆီကိုတစ္ေန႔ကို စာတစ္‌ေစာင္ေရးပါေတာ့တယ္။ ေမာင္ႏွမေတြကိုအျပင္ ဂတ္တိုမွာက်င္လည္ခဲ့တဲ့ ဆိုးေဖာ္ေတြကိုပါ သူရဲ႕ ေတြ႕ရွိခ်က္ေတြကို စာေတြ‌ေရးပါေတာ့တယ္။ ဒါ့အျပင္ ေဘာ္စတြန္ၿမိဳ႕ဝန္ဆီကိုပါ အဆိုပါအေၾကာင္းေတြစာေရးၿပီးပို႔ပါ‌ေသးတယ္။ ဒါေပမယ့္ Malcolm တစ္ေယာက္စာကို က်က်နနမေရးႏိုင္ေသးပါဘူး။ အထူးသျဖင့္ Mr.Ellijah ကိုစာေရးဖို႔စကားလုံးေတြမသိတဲ့အခါ သင္ယူဖို႔အတြက္ Dictionary ကိုကိုင္ပါေတာ့တယ္။

Dictionary ကေနဘယ္လိုေလ့လာရမလဲမသိတဲ့ Malcolm တစ္ေယာက္ ပါသမွ်စာလုံးေတြအကုန္ကို ျပန္ၿပီးကူးေရးပါေတာ့တယ္။ တစ္မ်က္ႏွာလုံးကိုျပန္ေရးဖို႔ တစ္ရက္အခ်ိန္ယူရပါတယ္။ ‌ေနာက္တစ္ရက္မနက္မွာ အဲ့စာလုံးေတြကိုျပန္မွတ္မိေနတာကို သိလိုက္ရေတာ့ အလြန္ဝမ္းသာၿပီး တစ္မ်က္ႏွာၿပီး တစ္မ်က္ႏွာႀကိဳးစားကူးတာဟာ Dictionary တစ္အုပ္လုံးကုန္တဲ့အထိပါပဲ။ အဲ့လိုနဲ႔ Vocab ႂကြယ္လာတဲ့အျပင္ စာေရးျမန္လာၿပီး သမိုင္းေၾကာင္းေတြ၊ အေၾကာင္းအရာေလးေတြပါ ဟိုစပ္စပ္ဒီစပ္စပ္‌ ေလးသိလာခဲ့ပါတယ္။

အဲ့လိုနဲ႔ စာအုပ္ေတြစဖတ္ၾကည့္ရာမွာ အရင္လိုမဟုတ္ေတာ့ပဲ စာအုပ္ရဲ႕ ဆိုလိုရင္းေတြ၊ အေၾကာင္းအရာေတြကို နားလည္လာပါတယ္။ အဲ့လိုနဲ႔ စာၾကည့္တိုက္ ဒါမွမဟုတ္ အခ်ဳပ္ခန္းထဲမွာ စာအၿမဲဖတ္ေနတဲ့ Malcolm ဟာ အက်ဥ္းက်ေနတာကိုပါ ေမ့ေနေလာက္တဲ့အထိပါပဲ။ ေထာင္မီးပိတ္ခ်ိန္မွာ ေကာ္ေရဒါမီးေရာင္နဲ႔ ဖတ္တဲ့အထိ တစ္ေန႔ကို ၃၊၄ နာရီသာအိပ္ၿပီး စာအုပ္ေတြဖတ္ပါေတာ့တယ္။ အထူးသျဖင့္ လူမည္းေတြရဲ႕ သမိုင္းေၾကာင္းေတြကို အထူးျပဳၿပီးဖတ္ပါတယ္။ လူမည္းေတြကြၽန္ျပဳခံရတဲ့ ျဖစ္ရပ္ဆိုးေတြကိုဖတ္ၿပီးခ်ိန္မွာေတာ့ Malcolm တစ္ေယာက္အလြန္ထိတ္လန႔္သြားခဲ့ပါတယ္။

ဒါ့အျပင္ႏိုင္ငံေပါင္းစုံရဲ႕သမိုင္းေတြ၊ လြတ္လပ္ေရးႀကိဳးပမ္းမႈေတြကိုဖတ္ရင္း လူျဖဴေတြရဲ႕ ဘာသာေရးအေၾကာင္းျပ ရက္စက္မႈေတြ၊ အျမတ္ထုတ္မႈေတြကိုပိုၿပီး သိလာရပါတယ္။ ေနာက္ထပ္ဖတ္တဲ့စာအုပ္ေတြကေတာ့ ေခတ္ေဟာင္းေခတ္သစ္ အေတြးအေခၚစာအုပ္ေတြျဖစ္ပါတယ္။ အဲ့လိုနဲ႔ ကိုယ္ပိုင္သမိုင္းေၾကာင္းကိုမသိတဲ့ လူမည္းေတြအေၾကာင္းပိုသိလာတဲ့အခါ သူသိထားသမွ်ကို အခ်င္းခ်င္းျပန္ၿပီးမွ်ေဝဖို႔ ႀကိဳးပမ္းပါေတာ့တယ္။ 

ရက္ေစ့လို႔ ေထာင္ကထြက္ရတဲ့ အခါMalcolm ဘယ္လမ္းကို ေလွ်ာက္မလဲဆိုတာကို မနက္ျဖန္ေရး‌ပးပါမယ္ဗ်။

Comments

Post a Comment