သွေးစွန်းသော တောင်ဇလပ်ပွင့်များ(Part 1)


၁၈၈၇ ခု နှင်းမှုန်ဝေသော ဒီဇင်ဘာတစ်မနက်၌ ချင်းတွင်း ဒိစတြိတ်အရေးပိုင် ဗိုလ်မှူး ရိတ်သည် ကလေးမြို့သို့ ရောက်လာခဲ့သည်။ ဗိုလ်မှူးရိတ်သည် ဆီယင်ချင်းအမျိုးသား ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် ရောက်လာခဲ့ခြင်းဖြစ်၏။ ဗိုလ်မှူးရိတ်သည် ထွန်ထွန်း၊ ဟိုဆွန်း၊ ကျန်ဆန်း စသည့် ဆီယင် ချင်းအမျိုးသားခေါင်းဆောင်များကို ကလေးမြို့သို့ ဖိတ်ခေါ်ထားသည်။ ဆီယင် ချင်းအမျိုးသားခေါင်းဆောင်များကလည်း သူ့ ဖိတ်ကြားချက်ကို လက်ခံကြသည်။

ကလေးမြို့စွန်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ထိုဆီတင် ချင်းအမျိုးသား ခေါင်းဆောင်များနှင့် တွေ့ဆုံရသည့်အခါတွင် ဗိုလ်မှူးရိတ်က ဗြိတိသျှအစိုးရ၏ စီမံကိန်းကို ရှင်းပြသည်။ ဗြိတိသျှအစိုးရသည် ကလေးစော်ဘွားအဖြစ် မောင်ကြီး ဆိုသူကို ခန့်အပ်ပြီးဖြစ်ကြောင်း၊ ဆီယင် ချင်းအမျိုးသားများက ကလေးနယ်ကို ထိပါး တိုက်ခိုက်လာခဲ့လျှင် ဗြိတိသျှနယ်တစ်နယ်ကို ထိပါးတိုက်ခိုက်ခြင်းဖြစ်သည်ဟု ယူဆမည် ဖြစ်ကြောင်း၊ ဆီယင် ချင်းအမျိုးသားများက ဖမ်းဆီးထားခဲ့သူ အစိုးရမှတ်တမ်းများရှိလျှင် ပြန်အပ်စေလိုကြောင်းဖြင့် ပြောသည်။

အချုပ်ဆိုရလျှင် ကလေးနယ်ကို ဗြိတိသျှအစိုးရက သိမ်းပိုက်ပြီးဖြစ်ကြောင်း၊ ဗြိတိသျှအစိုးရက ခန့်အပ်သော မောင်ပါကြီးကို စော်ဘွားအဖြစ် အသိအမှတ်ပြုရမည် ဖြစ်ကြောင်း ချင်းအမျိုးသားများအား တရားဝင် အကြောင်းကြားခြင်းပင်ဖြစ်သည်။

ဗိုလ်မှူးရိတ်သည် ဆီယင်အမျိုးသားများနေသည့် ချင်းတောင်ကိုဖြတ်ပြီး စစ် တကောင်းကို လမ်းဖောက်ချင်သည်။ ဆီယင်ခေါင်းဆောင်များသည် သူ့စီမံကိန်းကို လက်ခံမည်လော၊ ကန့်ကွက်မည်လား။ သူတို့ချင်းတောင်ကို ဗြိတိသျှတပ်များ ကျော် ဖြတ်သည်ကို လက်ခံမည်လော။ ကန့်ကွက်မည်လော။ လိုအပ်သည့် အထမ်းသမားများကို ပေးမည်လော။ မပေးဘဲနေမည်လော။ ။

သူ့အမေးကို ထွန်ဆွန်းအမည်ရှိ ဆီယင်ချင်းအမျိုးသားတစ်ယောက်က ထ၍ ဖြေသည်။ ထွန်ထွန်းမှာ ပန်းပဲဆရာတစ်ဦး ဖြစ်သည်။ မိမိတို့ ဆီယင်ချင်းအမျိုးသားများသည် မိမိတို့နယ်မြေ အပြင်အပသို့ မရောက်ဖူးကြကြောင်း၊ ထို့ကြောင့် မည်သို့ ရှိမည်ကို မပြောနိုင်ကြောင်း...။

ထွန်ဆွန်း၏အဖြေနှင့်ပတ်သက်၍ ဗိုလ်မှူးရိတ်က သက်ဆိုင်ရာသို့ အစီရင်ခံသည်။

"ယင်ချင်းအမျိုးသားတို့၏ နယ်မြေများထဲသို့ (ကျွန်ုပ်တို့) ဝင်ရောက်ရေးကို ထွန်ဆွန်း သဘောတူပုံမရပါ။ (ကျွန်ုပ်တို့) စစ်ကြောင်းများ ဆီယင် ချင်းနယ်များထဲသို့ ဖြတ်ကာ၊ နန့်ကသဲချောင်း (မဏိပူရမြစ်) အထိ ချီတက်သွားမည်ဆိုလျှင်၊ ဒေသခံ လူထုများ အထိတ်တလန့် ဖြစ်ကုန်မည်ဖြစ်ကြောင်း၊ သို့ဖြစ်လာလျှင် သူတို့လည်း ဘာမျှ ထိန်းသိမ်းနိုင်မည်မဟုတ်ကြောင်းဖြင့် ပြောပါသည်။ ဆီယင် ချင်းအမျိုးသားများ နေထိုင်သည့်နယ်များတွင် ကျွန်ုပ်တို့ကို ရန်မူခြင်းပြုမည်မဟုတ်ဟု ပြောနိုင်သော်လည်း ကျွန်ုပ်တို့ ရောက်လာသဖြင့် ဆိုးရွားသောရလဒ်များ ဖြစ်ပေါ်လာနိုင်သည်ဟု ဆိုပါသည်။ ထွန်ဆွန်းက ကျွန်ုပ်တို့တပ်များအား ချင်းတွင်းမြစ်နှင့် မဏိပူရမြစ်ကြားရှိ ရေဝေတောင် ကြာဖြစ်သော လေသာတောင်တန်းထက်ကျော်၍ သွားခြင်းကို ကန့်ကွက်နေပါသည်”

ဗိုလ်မှူးရိတ်သည် ကလေးမြို့မှ အိန္ဒိယသို့ သွားခဲ့သည်။ အိန္ဒိယသို့ရောက်လျှင် ဖလမ်းရှိ တာရှုန်း ချင်းအမျိုးသားခေါင်းဆောင် ဆွန်ပက်အား သူနှင့် လာရောက် တွေ့ဆုံရန် ဖိတ်ကြားခဲ့သည်။ သို့ရာတွင် ဆွန်ပက်သည် သူ့ကို အိန္ဒိယပြည်ထဲသို့ သွားရောက်တွေ့ဆုံခြင်းမပြု။ မြင့်မားသီဝေသော တောင်ခြေရှိ ဆီတောင်ရွာကလေးတွင် တွေ့ဆုံခဲ့သည်။ သူတို့နှစ်ယောက်သည် ဗြိတိသျှတို့ ခန့်အပ်လိုက်သော ကလေးစော်ဘွား ကိစ္စ၊ ဆီယင်ချင်းအမျိုးသားများက ကလေးနယ်ထဲသို့ ဝင်ရောက် တိုက်ခိုက်နေသည့် ကိစ္စ၊ တာရွှန်းချင်းနယ်ထဲသို့ ဗြိတိသျှတပ်များ ဝင်ခွင့်ပေးရေးကိစ္စတို့ကို လေးနာရီ ကြာမျှ ဆွေးနွေးကြသည်။

သူတို့နယ်ကို ဗြိတိသျှတို့ သိမ်းပိုက်ရန် ရည်ရွယ်နေကြောင်းကို ဆွန်ပက် ရိပ်မိသည်။ ဆွန်ပက်က တာရွှန်းအမျိုးသားများနယ်ထဲသို့ ဗြိတိသျှတပ်များ ဝင်ရောက် လာရေးကိစ္စသည် အမြော်အမြင်နည်းသော လုပ်ရပ်တစ်ခုဖြစ်ကြောင်း၊ ထိုသို့ဝင်ရောက် လာပါက ထိုတပ်များ၏ လုံခြုံရေးကို အာမမခံနိုင်ကြောင်း၊ မည်သို့ဖြစ်စေ ထိုကိစ္စကို အခြားသော ချင်းအမျိုးသားခေါင်းဆောင်များနှင့် ဆွေးနွေးကြည့်ဦးမည်ဖြစ်ကြောင်းဖြင့် ဆွန်ပက်က ပြောသည်။

ဆွေးနွေးပွဲအပြီးတွင် ဗိုလ်မှူးရိတ်သည်သူ့အင်အားကို ပြသသည့် အပြုအမူတစ်ရပ် ကို လုပ်လိုက်လေသည်။ ,ဗိုလ်မှူးရိတ်သည် ကိုက်ငါးရာခန့်အကွာရှိ ပစ်မှတ်တစ်ခုကို အမြောက်ဖြင့် နှစ်ချက်ထုပြလိုက်ပြီး အခြားနေရာများသို့လည်း အမြောက်ငါးချက်ခန့် ပစ်ပြလိုက်သည်။

မိမိတို့တောင်းဆိုချက်ကို လိုက်လျောခြင်းမပြုလျှင် ထိုအဖြစ်မျိုးကို ရင်ဆိုင်ရမည်ဟု ဆွန်ပက်နှင့် သူ့အပေါင်းအဖော်များကို သတိပေးလိုက်သည့် အမြောက်သံများပေတည်း။

ထိုသို့လက်နက်အင်အားကို ပြလိုက်လျှင် ယင်းတို့သည် ကြောက်ရွံ့ကာ သူတို့ တောင်းဆိုချက်များကို လိုက်လျောလာလိမ့်မည်ဟု ဗိုလ်မှူးရိတ် ထင်ခဲ့သည်။

သို့ရာတွင် ရလဒ်သည် ဗိုလ်မှူးရိတ် မျှော်လင့်ထားသည့်ရလဒ်မဟုတ်။

ချင်းအမျိုးသားတို့၏ ခုခံရေးစစ်ပွဲသည် သူထင်သည်ထက် စောကာ၊ သူထင် သည်ထက် အရှိန်အဟုန် ကြီးမားလာခဲ့သည်။

၁၈၈၈ ခုနှစ် ဇူလိုင်လထဲတွင် ချင်းတောင်တန်းပေါ်ရှိ ချင်းအမျိုးသားများ၏ အခြေအနေကို လျင်မြန်စွာ ပြောင်းလဲစေသည့် အဖြစ်အပျက်များ ပေါ်ပေါက်လာခဲ့သည်။ ယင်းမှာ အခြားမဟုတ်။ ဗြိတိသျှတို့က ဖမ်းဆီး၍ အကျဉ်းချထားခဲ့သော ကလေးစော်ဘွား ဟောင်း ထွက်ပြေးလွတ်မြောက်လာကာ တာရွှန်းချင်းအမျိုးသားများကြားထဲသို့ ရောက် လာခြင်းဖြစ်သည်။

ချင်းတောင်တွင် နောက်ထပ်ပေါ်လာသည့် ခုခံရေးစစ်ခေါင်းဆောင်တစ်ဦးမှာ ရွှေမင်းသား အမည်ခံသူဖြစ်သည်။ စင်စစ် ရွှေချိုးဖြူမင်းသားသည် မင်းမျိုးမင်းနွယ် တစ်ဦးမဟုတ်။ သူသည် ဗြိတိသျှတို့ သိမ်းပိုက်ထားသော အောက်မြန်မာပြည်တွင်ကျောက်ထိုးဆရာ လုပ်ခဲ့ဖူးသည်။ သို့ရာတွင် အထက်မြန်မာပြည်ကို ဗြိတိသျှတို့က သိမ်းပိုက်လိုက်သည့်ဆခါတွင် ကျောက်ထိုးဆရာအလုပ်ကို စွန့်လွှတ်ကာ ခုခံရေးလှုပ်ရှား မှုကို ခေါင်းဆောင်ရန် အထက်မြန်မာပြည်သို့ ထွက်လာခဲ့သည်။ စောစောပိုင်းတွင် သူသည် ပုံတောင်ပုံညာတောင်ဖျားရှိ ကန်လည်ရွာတွင် လူသူစုဆောင်းသည်။ သို့ဖြင့် ၁၈၈၆ ခုနှစ်တစ်ဝိုက်တွင် သူ၏သြဇာသည် ပခန်းကြီးနှင့် ဗန့်ဂျီတိုက်နယ်များအထိ ပျံ့နှံ့လာခဲ့သည်။ သူ့နောက်သို့ မြင်းခြံ ဒိစတြိတ်ရှိ တလုပ်မြို့သူကြီး ဦးကျော်ခေါင် စသူတို့ ပါလာကြသည်။ ဗြိတိသျှက လိုက်လံတိုက်ခိုက်သဖြင့် ရွှေချိုးဖြူမင်းသား၏ တပ်များသည် အနောက်ဘက်သို့ ရွှေ့ပြောင်းလာခဲ့ကြကာ ယောနယ်ထဲသို့ ဝင်ရောက် လာခဲ့ကြသည်။ ထိုမှတစ်ဆင့် ချင်းပြည်နယ်ထဲသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

ဗြိတိသျှတို့ခြေလှမ်းများကို သင်္ကာမကင်းဖြင့် စောင့်ကြည့်နေသည့် တာရွှန်း ချင်းအမျိုးသားများသည် ကလေးစော်ဘွားဟောင်းနှင့် ရွှေချိုးဖြူမင်းသားတို့ကို ထောက် ခံလာကြသည်။ တာရွှန်း ချင်းအမျိုးသားများသည် ကလေးမြို့ကို ဝင်တိုက်ခဲ့ကြသည်။ ကလေးစော်ဘွားက ဗြိတိသျှတို့ထံ အကူအညီတောင်းသည့်အခါ၌ တပ်သား ၂၀၀ ပါသည့် စစ်ကြောင်းတစ်ကြောင်းကို စေလွှတ်လိုက်သည်။ သို့ရာတွင် ထိုတပ်များရောက်လာသည့်အခါတွင်မူ၊ တာရွှန်း ချင်းအမျိုးသား ခုခံရေးသမားများကို တစ်ယောက်မျှ မတွေ့ရတော့ပြီ။ ။

'တာရွှန်း ချင်းအမျိုးသားတို့သည် သူတို့လူမျိုးစုချင်း တိုက်ခိုက်မှုများမှတစ်ဆင့် ပြောက်ကျား စစ်အတွေ့အကြုံကို ရခဲ့ပြီးသူများဖြစ်သည်။ ဗိုလ်မှူးရိတ်မရောက်ခင် ပဝေသဏီကတည်းကပင်လျှင် သူတို့သည် ပြောက်ကျားစစ်ပရိယာယ်ကို နားလည်နေ ကြလေပြီ" ဟု အင်္ဂလိပ်သမိုင်းဆရာမကြီး ဒေါ်ရသီဝုဒ်မင်းက ရေးခဲ့သည်။

တာရွှန်း ချင်းအမျိုးသားများသည် အင်္ဂလိပ်ခန့်အပ်သော ကလေးစော်ဘွားကို ဖမ်းဆီးသွားကာ ကလေးမြို့မှ ဆုတ်ခွာသွားကြသည်။ ဗိုလ်မှူးရိတ်၏တပ်များ ရောက် လာသည့်အခါတွင် စော်ဘွားကိုရော၊ ချင်းအမျိုးသားများကိုပါ မတွေ့ရတော့။ ထိုစဉ်ဗြိတိသျှ ဗိုလ်မှူးချုပ် ဖရန့်စ်သည် ပခုက္ကူမှတစ်ဆင့် ယောနယ်ထဲသို့ ဝင်လာခဲ့ကာ ပခုက္ကူနှင့် ကလေးဝကြားရှိ ကလေးတောင်ကြားကို ရှင်းလင်းသည်။ ရွှေချိုးဖြူမင်းသား ခေါင်းဆောင်သည့် တပ်များသည် ယောနယ်ထဲတွင် ထိုတပ်များကို ခုခံတိုက်ခိုက်ခဲ့ကြ သည်။

၁၈၈၆ ခုနှစ်ထဲတွင် ချင်းအမျိုးသား ခုခံရေးသမားများသည် ယောနယ်ထဲတွင် အရေးကြီးသည့် မြို့တစ်မြို့ဖြစ်သည့် ဂန့်ဂေါမြို့ကို ဝင်တိုက်ကြသည်။ ထိုနေရာမှာ ဗြိတိသျှတို့ မြို့စောင့်တပ် ချထားသည့်နေရာဖြစ်သည်။ ဗြိတိသျှတို့သည် ချင်းအမျိုးသားတို့ ၏ရန်ကို ခုခံရန် ဂန့်ဂေါမြို့သားတို့ကိုလည်း လက်နက် တပ်ဆင်ပေးထားကြသည်။ သို့ရာတွင် ဂန့်ဂေါကို ချင်းအမျိုးသားများက ဝင်ရောက်တိုက်ခိုက်သည့်အခါ၌ကား၊ ဂန့်ဂေါလူထု၏ သေနတ်ပြောင်းများသည် ဗြိတိသျှတို့ဘက်သို့ လှည့်လာကြလေသည်။ ဗြိတိသျှတို့က ကန်ရွာမှတပ်များကိုဖြည့်၍ ဂန့်ဂေါကို အခိုင်အမာ ကာကွယ်သည်။ သို့ရာတွင် ချင်းမျိုးချစ်တို့သည် ဂန့်ဂေါကို ဒီဇင်ဘာလ ၃၀ ရက်နေ့မှ ဇန်နဝါရီလ ၆ ရက်နေ့အထိ တစ်ပတ်တိုင်တိုင် နေ့စဉ်ရက်ဆက် တိုက်ကြသဖြင့်၊ ဗြိတိသျှတို့သည် ပခုက္ကူမှ တပ်သား ၂၀၀၊ အလုံမှ တပ်သား ၂၅ဝ နှင့် ဆီဟောင်မှတပ်သား ၁၅ဝ တို့ကို ထပ်မံခေါ်ယူ၍ အားဖြည့်ရသည်။

ချင်းအမျိုးသားတို့၏ ခုခံတိုက်ခိုက်မှုနှင့်ပတ်သက်၍ အထက်မြန်မာပြည် ဗြိတိသျှ တပ်မှူးတစ်ဦးဖြစ်သူ ဆာဂျေမှိုက်က ရေးသားရာ၌

”ရန်သူများသည် ကျွန်ုပ်တို့တပ်ဖွဲ့များကို မနေ့က တိုက်ခိုက်ခဲ့ကြသည်။ ကျွန်ုပ်ရောက်သွားသည့်အခါတွင် ရန်သူစခန်းများကိုတိုက်ရန် အမိန့်ပေးသည်။ ရန်သူ အင်အား များပြားပြီး၊ ရိုင်ဖယ်သေနတ်များကို သုံးကြသည်။ ကျွန်ုပ်တို့က တိုက်သည့် အခါတွင် အချက်ပေါင်း တစ်ထောင်ကျော်မျှ ပစ်ခတ်ကာ ကြံ့ကြံ့ခုခံကြသည်။ တစ်ခါ တစ်ရံတွင် ကျွန်ုပ်တို့တပ်များကိုပင် ဝိုင်းပတ်မိသလို ဖြစ်နေသည်။ ကျွန်ုပ်တိုက်ခိုက် ခဲ့သမျှသော စစ်ပွဲများတွင် ချင်းအမျိုးသားတို့ကား မြင်ရန်ခက်ခဲပြီး ပစ်ရန်လည်း အခက်ခဲဆုံးသော ရန်သူများပေတည်း' ဟု ရေးခဲ့သည်။ ။

ဆာဂျော့ဂွက်သည် ဗြိတိသျှတပ်တွင် အမှုထမ်းခဲ့သည်မှာ သုံးဆယ့်ငါးနှစ် ရှိလေပြီ။ အိန္ဒိယတပ်တွင်း သူပုန်ကြီးကို နှိမ်နင်းခဲ့ဖူးသူဖြစ်သည်။ အာဖဂန်စစ်ပွဲတွင် စွမ်းစွမ်းတမံ တိုက်ခိုက်ခဲ့သဖြင့် ဝိတိုရိယကြက်ခြေ သူရဲကောင်းတံဆိပ်ကြီးကို ဆွတ် ခူးခဲ့သူလည်းဖြစ်သည်။ ထိုသို့သောစစ်ဗိုလ်ချုပ်တစ်ယောက်က ချင်းအမျိုးသားတို့၏ တိုက်စွမ်းရည်ကို ထုတ်ဖော်ချီးကျူးရခြင်းမှာ မှတ်သားစရာကောင်းသည့် အချက်တစ်ချက် ဖြစ်လေသည်။

ထင်ရှားသော ချင်းအမျိုးသား ခုခံရေးခေါင်းဆောင်တစ်ဦးမှာ ဆီယင် ချင်းအမျိုး သား အကြီးအကဲဖြစ်သူ ထွမ်သမ်း ဖြစ်သည်။

Part 2 ဖတ်ရန်- https://ouo.io/6aPcUV

(Zawgyi)

၁၈၈၇ ခု ႏွင္းမႈန္ေဝေသာ ဒီဇင္ဘာတစ္မနက္၌ ခ်င္းတြင္း ဒိစႀတိတ္အေရးပိုင္ ဗိုလ္မႉး ရိတ္သည္ ကေလးၿမိဳ႕သို႔ ေရာက္လာခဲ့သည္။ ဗိုလ္မႉးရိတ္သည္ ဆီယင္ခ်င္းအမ်ိဳးသား ေခါင္းေဆာင္မ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးရန္ ေရာက္လာခဲ့ျခင္းျဖစ္၏။ ဗိုလ္မႉးရိတ္သည္ ထြန္ထြန္း၊ ဟိုဆြန္း၊ က်န္ဆန္း စသည့္ ဆီယင္ ခ်င္းအမ်ိဳးသားေခါင္းေဆာင္မ်ားကို ကေလးၿမိဳ႕သို႔ ဖိတ္ေခၚထားသည္။ ဆီယင္ ခ်င္းအမ်ိဳးသားေခါင္းေဆာင္မ်ားကလည္း သူ႔ ဖိတ္ၾကားခ်က္ကို လက္ခံၾကသည္။


ကေလးၿမိဳ႕စြန္ရွိ ဘုန္းႀကီးေက်ာင္းတစ္ေက်ာင္းတြင္ ထိုဆီတင္ ခ်င္းအမ်ိဳးသား ေခါင္းေဆာင္မ်ားႏွင့္ ေတြ႕ဆုံရသည့္အခါတြင္ ဗိုလ္မႉးရိတ္က ၿဗိတိသွ်အစိုးရ၏ စီမံကိန္းကို ရွင္းျပသည္။ ၿဗိတိသွ်အစိုးရသည္ ကေလးေစာ္ဘြားအျဖစ္ ေမာင္ႀကီး ဆိုသူကို ခန႔္အပ္ၿပီးျဖစ္ေၾကာင္း၊ ဆီယင္ ခ်င္းအမ်ိဳးသားမ်ားက ကေလးနယ္ကို ထိပါး တိုက္ခိုက္လာခဲ့လွ်င္ ၿဗိတိသွ်နယ္တစ္နယ္ကို ထိပါးတိုက္ခိုက္ျခင္းျဖစ္သည္ဟု ယူဆမည္ ျဖစ္ေၾကာင္း၊ ဆီယင္ ခ်င္းအမ်ိဳးသားမ်ားက ဖမ္းဆီးထားခဲ့သူ အစိုးရမွတ္တမ္းမ်ားရွိလွ်င္ ျပန္အပ္ေစလိုေၾကာင္းျဖင့္ ေျပာသည္။


အခ်ဳပ္ဆိုရလွ်င္ ကေလးနယ္ကို ၿဗိတိသွ်အစိုးရက သိမ္းပိုက္ၿပီးျဖစ္ေၾကာင္း၊ ၿဗိတိသွ်အစိုးရက ခန႔္အပ္ေသာ ေမာင္ပါႀကီးကို ေစာ္ဘြားအျဖစ္ အသိအမွတ္ျပဳရမည္ ျဖစ္ေၾကာင္း ခ်င္းအမ်ိဳးသားမ်ားအား တရားဝင္ အေၾကာင္းၾကားျခင္းပင္ျဖစ္သည္။


ဗိုလ္မႉးရိတ္သည္ ဆီယင္အမ်ိဳးသားမ်ားေနသည့္ ခ်င္းေတာင္ကိုျဖတ္ၿပီး စစ္ တေကာင္းကို လမ္းေဖာက္ခ်င္သည္။ ဆီယင္ေခါင္းေဆာင္မ်ားသည္ သူ႔စီမံကိန္းကို လက္ခံမည္ေလာ၊ ကန႔္ကြက္မည္လား။ သူတို႔ခ်င္းေတာင္ကို ၿဗိတိသွ်တပ္မ်ား ေက်ာ္ ျဖတ္သည္ကို လက္ခံမည္ေလာ။ ကန႔္ကြက္မည္ေလာ။ လိုအပ္သည့္ အထမ္းသမားမ်ားကို ေပးမည္ေလာ။ မေပးဘဲေနမည္ေလာ။ ။


သူ႔အေမးကို ထြန္ဆြန္းအမည္ရွိ ဆီယင္ခ်င္းအမ်ိဳးသားတစ္ေယာက္က ထ၍ ေျဖသည္။ ထြန္ထြန္းမွာ ပန္းပဲဆရာတစ္ဦး ျဖစ္သည္။ မိမိတို႔ ဆီယင္ခ်င္းအမ်ိဳးသားမ်ားသည္ မိမိတို႔နယ္ေျမ အျပင္အပသို႔ မေရာက္ဖူးၾကေၾကာင္း၊ ထို႔ေၾကာင့္ မည္သို႔ ရွိမည္ကို မေျပာႏိုင္ေၾကာင္း...။


ထြန္ဆြန္း၏အေျဖႏွင့္ပတ္သက္၍ ဗိုလ္မႉးရိတ္က သက္ဆိုင္ရာသို႔ အစီရင္ခံသည္။


"ယင္ခ်င္းအမ်ိဳးသားတို႔၏ နယ္ေျမမ်ားထဲသို႔ (ကြၽႏ္ုပ္တို႔) ဝင္ေရာက္ေရးကို ထြန္ဆြန္း သေဘာတူပုံမရပါ။ (ကြၽႏ္ုပ္တို႔) စစ္ေၾကာင္းမ်ား ဆီယင္ ခ်င္းနယ္မ်ားထဲသို႔ ျဖတ္ကာ၊ နန႔္ကသဲေခ်ာင္း (မဏိပူရျမစ္) အထိ ခ်ီတက္သြားမည္ဆိုလွ်င္၊ ေဒသခံ လူထုမ်ား အထိတ္တလန႔္ ျဖစ္ကုန္မည္ျဖစ္ေၾကာင္း၊ သို႔ျဖစ္လာလွ်င္ သူတို႔လည္း ဘာမွ် ထိန္းသိမ္းႏိုင္မည္မဟုတ္ေၾကာင္းျဖင့္ ေျပာပါသည္။ ဆီယင္ ခ်င္းအမ်ိဳးသားမ်ား ေနထိုင္သည့္နယ္မ်ားတြင္ ကြၽႏ္ုပ္တို႔ကို ရန္မူျခင္းျပဳမည္မဟုတ္ဟု ေျပာႏိုင္ေသာ္လည္း ကြၽႏ္ုပ္တို႔ ေရာက္လာသျဖင့္ ဆိုး႐ြားေသာရလဒ္မ်ား ျဖစ္ေပၚလာႏိုင္သည္ဟု ဆိုပါသည္။ ထြန္ဆြန္းက ကြၽႏ္ုပ္တို႔တပ္မ်ားအား ခ်င္းတြင္းျမစ္ႏွင့္ မဏိပူရျမစ္ၾကားရွိ ေရေဝေတာင္ ၾကာျဖစ္ေသာ ေလသာေတာင္တန္းထက္ေက်ာ္၍ သြားျခင္းကို ကန႔္ကြက္ေနပါသည္”


ဗိုလ္မႉးရိတ္သည္ ကေလးၿမိဳ႕မွ အိႏၵိယသို႔ သြားခဲ့သည္။ အိႏၵိယသို႔ေရာက္လွ်င္ ဖလမ္းရွိ တာရႈန္း ခ်င္းအမ်ိဳးသားေခါင္းေဆာင္ ဆြန္ပက္အား သူႏွင့္ လာေရာက္ ေတြ႕ဆုံရန္ ဖိတ္ၾကားခဲ့သည္။ သို႔ရာတြင္ ဆြန္ပက္သည္ သူ႔ကို အိႏၵိယျပည္ထဲသို႔ သြားေရာက္ေတြ႕ဆုံျခင္းမျပဳ။ ျမင့္မားသီေဝေသာ ေတာင္ေျခရွိ ဆီေတာင္႐ြာကေလးတြင္ ေတြ႕ဆုံခဲ့သည္။ သူတို႔ႏွစ္ေယာက္သည္ ၿဗိတိသွ်တို႔ ခန႔္အပ္လိုက္ေသာ ကေလးေစာ္ဘြား ကိစၥ၊ ဆီယင္ခ်င္းအမ်ိဳးသားမ်ားက ကေလးနယ္ထဲသို႔ ဝင္ေရာက္ တိုက္ခိုက္ေနသည့္ ကိစၥ၊ တာ႐ႊန္းခ်င္းနယ္ထဲသို႔ ၿဗိတိသွ်တပ္မ်ား ဝင္ခြင့္ေပးေရးကိစၥတို႔ကို ေလးနာရီ ၾကာမွ် ေဆြးေႏြးၾကသည္။


သူတို႔နယ္ကို ၿဗိတိသွ်တို႔ သိမ္းပိုက္ရန္ ရည္႐ြယ္ေနေၾကာင္းကို ဆြန္ပက္ ရိပ္မိသည္။ ဆြန္ပက္က တာ႐ႊန္းအမ်ိဳးသားမ်ားနယ္ထဲသို႔ ၿဗိတိသွ်တပ္မ်ား ဝင္ေရာက္ လာေရးကိစၥသည္ အေျမာ္အျမင္နည္းေသာ လုပ္ရပ္တစ္ခုျဖစ္ေၾကာင္း၊ ထိုသို႔ဝင္ေရာက္ လာပါက ထိုတပ္မ်ား၏ လုံၿခဳံေရးကို အာမမခံႏိုင္ေၾကာင္း၊ မည္သို႔ျဖစ္ေစ ထိုကိစၥကို အျခားေသာ ခ်င္းအမ်ိဳးသားေခါင္းေဆာင္မ်ားႏွင့္ ေဆြးေႏြးၾကည့္ဦးမည္ျဖစ္ေၾကာင္းျဖင့္ ဆြန္ပက္က ေျပာသည္။


ေဆြးေႏြးပြဲအၿပီးတြင္ ဗိုလ္မႉးရိတ္သည္သူ႔အင္အားကို ျပသသည့္ အျပဳအမူတစ္ရပ္ ကို လုပ္လိုက္ေလသည္။ ,ဗိုလ္မႉးရိတ္သည္ ကိုက္ငါးရာခန႔္အကြာရွိ ပစ္မွတ္တစ္ခုကို အေျမာက္ျဖင့္ ႏွစ္ခ်က္ထုျပလိုက္ၿပီး အျခားေနရာမ်ားသို႔လည္း အေျမာက္ငါးခ်က္ခန႔္ ပစ္ျပလိုက္သည္။


မိမိတို႔ေတာင္းဆိုခ်က္ကို လိုက္ေလ်ာျခင္းမျပဳလွ်င္ ထိုအျဖစ္မ်ိဳးကို ရင္ဆိုင္ရမည္ဟု ဆြန္ပက္ႏွင့္ သူ႔အေပါင္းအေဖာ္မ်ားကို သတိေပးလိုက္သည့္ အေျမာက္သံမ်ားေပတည္း။


ထိုသို႔လက္နက္အင္အားကို ျပလိုက္လွ်င္ ယင္းတို႔သည္ ေၾကာက္႐ြံ႕ကာ သူတို႔ ေတာင္းဆိုခ်က္မ်ားကို လိုက္ေလ်ာလာလိမ့္မည္ဟု ဗိုလ္မႉးရိတ္ ထင္ခဲ့သည္။


သို႔ရာတြင္ ရလဒ္သည္ ဗိုလ္မႉးရိတ္ ေမွ်ာ္လင့္ထားသည့္ရလဒ္မဟုတ္။


ခ်င္းအမ်ိဳးသားတို႔၏ ခုခံေရးစစ္ပြဲသည္ သူထင္သည္ထက္ ေစာကာ၊ သူထင္ သည္ထက္ အရွိန္အဟုန္ ႀကီးမားလာခဲ့သည္။


၁၈၈၈ ခုႏွစ္ ဇူလိုင္လထဲတြင္ ခ်င္းေတာင္တန္းေပၚရွိ ခ်င္းအမ်ိဳးသားမ်ား၏ အေျခအေနကို လ်င္ျမန္စြာ ေျပာင္းလဲေစသည့္ အျဖစ္အပ်က္မ်ား ေပၚေပါက္လာခဲ့သည္။ ယင္းမွာ အျခားမဟုတ္။ ၿဗိတိသွ်တို႔က ဖမ္းဆီး၍ အက်ဥ္းခ်ထားခဲ့ေသာ ကေလးေစာ္ဘြား ေဟာင္း ထြက္ေျပးလြတ္ေျမာက္လာကာ တာ႐ႊန္းခ်င္းအမ်ိဳးသားမ်ားၾကားထဲသို႔ ေရာက္ လာျခင္းျဖစ္သည္။


ခ်င္းေတာင္တြင္ ေနာက္ထပ္ေပၚလာသည့္ ခုခံေရးစစ္ေခါင္းေဆာင္တစ္ဦးမွာ ေ႐ႊမင္းသား အမည္ခံသူျဖစ္သည္။ စင္စစ္ ေ႐ႊခ်ိဳးျဖဴမင္းသားသည္ မင္းမ်ိဳးမင္းႏြယ္ တစ္ဦးမဟုတ္။ သူသည္ ၿဗိတိသွ်တို႔ သိမ္းပိုက္ထားေသာ ေအာက္ျမန္မာျပည္တြင္ေက်ာက္ထိုးဆရာ လုပ္ခဲ့ဖူးသည္။ သို႔ရာတြင္ အထက္ျမန္မာျပည္ကို ၿဗိတိသွ်တို႔က သိမ္းပိုက္လိုက္သည့္ဆခါတြင္ ေက်ာက္ထိုးဆရာအလုပ္ကို စြန႔္လႊတ္ကာ ခုခံေရးလႈပ္ရွား မႈကို ေခါင္းေဆာင္ရန္ အထက္ျမန္မာျပည္သို႔ ထြက္လာခဲ့သည္။ ေစာေစာပိုင္းတြင္ သူသည္ ပုံေတာင္ပုံညာေတာင္ဖ်ားရွိ ကန္လည္႐ြာတြင္ လူသူစုေဆာင္းသည္။ သို႔ျဖင့္ ၁၈၈၆ ခုႏွစ္တစ္ဝိုက္တြင္ သူ၏ၾသဇာသည္ ပခန္းႀကီးႏွင့္ ဗန႔္ဂ်ီတိုက္နယ္မ်ားအထိ ပ်ံ႕ႏွံ႔လာခဲ့သည္။ သူ႔ေနာက္သို႔ ျမင္းၿခံ ဒိစႀတိတ္ရွိ တလုပ္ၿမိဳ႕သူႀကီး ဦးေက်ာ္ေခါင္ စသူတို႔ ပါလာၾကသည္။ ၿဗိတိသွ်က လိုက္လံတိုက္ခိုက္သျဖင့္ ေ႐ႊခ်ိဳးျဖဴမင္းသား၏ တပ္မ်ားသည္ အေနာက္ဘက္သို႔ ေ႐ႊ႕ေျပာင္းလာခဲ့ၾကကာ ေယာနယ္ထဲသို႔ ဝင္ေရာက္ လာခဲ့ၾကသည္။ ထိုမွတစ္ဆင့္ ခ်င္းျပည္နယ္ထဲသို႔ ေရာက္လာခဲ့ျခင္းျဖစ္သည္။


ၿဗိတိသွ်တို႔ေျခလွမ္းမ်ားကို သကၤာမကင္းျဖင့္ ေစာင့္ၾကည့္ေနသည့္ တာ႐ႊန္း ခ်င္းအမ်ိဳးသားမ်ားသည္ ကေလးေစာ္ဘြားေဟာင္းႏွင့္ ေ႐ႊခ်ိဳးျဖဴမင္းသားတို႔ကို ေထာက္ ခံလာၾကသည္။ တာ႐ႊန္း ခ်င္းအမ်ိဳးသားမ်ားသည္ ကေလးၿမိဳ႕ကို ဝင္တိုက္ခဲ့ၾကသည္။ ကေလးေစာ္ဘြားက ၿဗိတိသွ်တို႔ထံ အကူအညီေတာင္းသည့္အခါ၌ တပ္သား ၂၀၀ ပါသည့္ စစ္ေၾကာင္းတစ္ေၾကာင္းကို ေစလႊတ္လိုက္သည္။ သို႔ရာတြင္ ထိုတပ္မ်ားေရာက္လာသည့္အခါတြင္မူ၊ တာ႐ႊန္း ခ်င္းအမ်ိဳးသား ခုခံေရးသမားမ်ားကို တစ္ေယာက္မွ် မေတြ႕ရေတာ့ၿပီ။ ။


'တာ႐ႊန္း ခ်င္းအမ်ိဳးသားတို႔သည္ သူတို႔လူမ်ိဳးစုခ်င္း တိုက္ခိုက္မႈမ်ားမွတစ္ဆင့္ ေျပာက္က်ား စစ္အေတြ႕အႀကဳံကို ရခဲ့ၿပီးသူမ်ားျဖစ္သည္။ ဗိုလ္မႉးရိတ္မေရာက္ခင္ ပေဝသဏီကတည္းကပင္လွ်င္ သူတို႔သည္ ေျပာက္က်ားစစ္ပရိယာယ္ကို နားလည္ေန ၾကေလၿပီ" ဟု အဂၤလိပ္သမိုင္းဆရာမႀကီး ေဒၚရသီဝုဒ္မင္းက ေရးခဲ့သည္။


တာ႐ႊန္း ခ်င္းအမ်ိဳးသားမ်ားသည္ အဂၤလိပ္ခန႔္အပ္ေသာ ကေလးေစာ္ဘြားကို ဖမ္းဆီးသြားကာ ကေလးၿမိဳ႕မွ ဆုတ္ခြာသြားၾကသည္။ ဗိုလ္မႉးရိတ္၏တပ္မ်ား ေရာက္ လာသည့္အခါတြင္ ေစာ္ဘြားကိုေရာ၊ ခ်င္းအမ်ိဳးသားမ်ားကိုပါ မေတြ႕ရေတာ့။ ထိုစဥ္ၿဗိတိသွ် ဗိုလ္မႉးခ်ဳပ္ ဖရန႔္စ္သည္ ပခုကၠဴမွတစ္ဆင့္ ေယာနယ္ထဲသို႔ ဝင္လာခဲ့ကာ ပခုကၠဴႏွင့္ ကေလးဝၾကားရွိ ကေလးေတာင္ၾကားကို ရွင္းလင္းသည္။ ေ႐ႊခ်ိဳးျဖဴမင္းသား ေခါင္းေဆာင္သည့္ တပ္မ်ားသည္ ေယာနယ္ထဲတြင္ ထိုတပ္မ်ားကို ခုခံတိုက္ခိုက္ခဲ့ၾက သည္။


၁၈၈၆ ခုႏွစ္ထဲတြင္ ခ်င္းအမ်ိဳးသား ခုခံေရးသမားမ်ားသည္ ေယာနယ္ထဲတြင္ အေရးႀကီးသည့္ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္သည့္ ဂန႔္ေဂါၿမိဳ႕ကို ဝင္တိုက္ၾကသည္။ ထိုေနရာမွာ ၿဗိတိသွ်တို႔ ၿမိဳ႕ေစာင့္တပ္ ခ်ထားသည့္ေနရာျဖစ္သည္။ ၿဗိတိသွ်တို႔သည္ ခ်င္းအမ်ိဳးသားတို႔ ၏ရန္ကို ခုခံရန္ ဂန႔္ေဂါၿမိဳ႕သားတို႔ကိုလည္း လက္နက္ တပ္ဆင္ေပးထားၾကသည္။ သို႔ရာတြင္ ဂန႔္ေဂါကို ခ်င္းအမ်ိဳးသားမ်ားက ဝင္ေရာက္တိုက္ခိုက္သည့္အခါ၌ကား၊ ဂန႔္ေဂါလူထု၏ ေသနတ္ေျပာင္းမ်ားသည္ ၿဗိတိသွ်တို႔ဘက္သို႔ လွည့္လာၾကေလသည္။ ၿဗိတိသွ်တို႔က ကန္႐ြာမွတပ္မ်ားကိုျဖည့္၍ ဂန႔္ေဂါကို အခိုင္အမာ ကာကြယ္သည္။ သို႔ရာတြင္ ခ်င္းမ်ိဳးခ်စ္တို႔သည္ ဂန႔္ေဂါကို ဒီဇင္ဘာလ ၃၀ ရက္ေန႔မွ ဇန္နဝါရီလ ၆ ရက္ေန႔အထိ တစ္ပတ္တိုင္တိုင္ ေန႔စဥ္ရက္ဆက္ တိုက္ၾကသျဖင့္၊ ၿဗိတိသွ်တို႔သည္ ပခုကၠဴမွ တပ္သား ၂၀၀၊ အလုံမွ တပ္သား ၂၅ဝ ႏွင့္ ဆီေဟာင္မွတပ္သား ၁၅ဝ တို႔ကို ထပ္မံေခၚယူ၍ အားျဖည့္ရသည္။


ခ်င္းအမ်ိဳးသားတို႔၏ ခုခံတိုက္ခိုက္မႈႏွင့္ပတ္သက္၍ အထက္ျမန္မာျပည္ ၿဗိတိသွ် တပ္မႉးတစ္ဦးျဖစ္သူ ဆာေဂ်မႈိက္က ေရးသားရာ၌


”ရန္သူမ်ားသည္ ကြၽႏ္ုပ္တို႔တပ္ဖြဲ႕မ်ားကို မေန႔က တိုက္ခိုက္ခဲ့ၾကသည္။ ကြၽႏ္ုပ္ေရာက္သြားသည့္အခါတြင္ ရန္သူစခန္းမ်ားကိုတိုက္ရန္ အမိန႔္ေပးသည္။ ရန္သူ အင္အား မ်ားျပားၿပီး၊ ႐ိုင္ဖယ္ေသနတ္မ်ားကို သုံးၾကသည္။ ကြၽႏ္ုပ္တို႔က တိုက္သည့္ အခါတြင္ အခ်က္ေပါင္း တစ္ေထာင္ေက်ာ္မွ် ပစ္ခတ္ကာ ႀကံ့ႀကံ့ခုခံၾကသည္။ တစ္ခါ တစ္ရံတြင္ ကြၽႏ္ုပ္တို႔တပ္မ်ားကိုပင္ ဝိုင္းပတ္မိသလို ျဖစ္ေနသည္။ ကြၽႏ္ုပ္တိုက္ခိုက္ ခဲ့သမွ်ေသာ စစ္ပြဲမ်ားတြင္ ခ်င္းအမ်ိဳးသားတို႔ကား ျမင္ရန္ခက္ခဲၿပီး ပစ္ရန္လည္း အခက္ခဲဆုံးေသာ ရန္သူမ်ားေပတည္း' ဟု ေရးခဲ့သည္။ ။


ဆာေဂ်ာ့ဂြက္သည္ ၿဗိတိသွ်တပ္တြင္ အမႈထမ္းခဲ့သည္မွာ သုံးဆယ့္ငါးႏွစ္ ရွိေလၿပီ။ အိႏၵိယတပ္တြင္း သူပုန္ႀကီးကို ႏွိမ္နင္းခဲ့ဖူးသူျဖစ္သည္။ အာဖဂန္စစ္ပြဲတြင္ စြမ္းစြမ္းတမံ တိုက္ခိုက္ခဲ့သျဖင့္ ဝိတိုရိယၾကက္ေျခ သူရဲေကာင္းတံဆိပ္ႀကီးကို ဆြတ္ ခူးခဲ့သူလည္းျဖစ္သည္။ ထိုသို႔ေသာစစ္ဗိုလ္ခ်ဳပ္တစ္ေယာက္က ခ်င္းအမ်ိဳးသားတို႔၏ တိုက္စြမ္းရည္ကို ထုတ္ေဖာ္ခ်ီးက်ဴးရျခင္းမွာ မွတ္သားစရာေကာင္းသည့္ အခ်က္တစ္ခ်က္ ျဖစ္ေလသည္။


ထင္ရွားေသာ ခ်င္းအမ်ိဳးသား ခုခံေရးေခါင္းေဆာင္တစ္ဦးမွာ ဆီယင္ ခ်င္းအမ်ိဳး သား အႀကီးအကဲျဖစ္သူ ထြမ္သမ္း ျဖစ္သည္။

Part 2- https://ouo.io/6aPcUV

Comments

Post a Comment