သွေးစွန်းခဲ့ရသော တောင်ဇလပ်ပန်းများ (Part 2)
၁၈၉၃ ခုနှစ် စက်တင်ဘာလထဲတွင် ပန်ပီ ချင်းအမျိုးသားတို့ အစိုးရကို ပုန်ကန်ရန် ကြံစည်နေသည်ဆိုသည့် သတင်းကို ကြားသည့်အခါတွင် ဗြိတိသျှအရာရှိအာရေသည် လမ်းသို့ တက်လာကာ ထိုဒေသရှိ ချင်းအကြီးအကဲတို့ကို ခေါ်ယူ မေးမြန်းသည်။ ချင်းအကြီးအကဲများက မိမိတို့ ဘာမျှမသိဟု ငြင်းကွယ်ကြသည်။ ကရေက ချင်းအမျိုးသားများကို လက်နက်ဖြုတ်ရန် ကြိုးစားသည်။ တစ်နေ့သော် ခြင်းအမျိုးသားတစ်သိုက်သည် ခေါင်ရည်သောက်ရင်း ဗြိတိသျှတို့ထံ လက်နက်အပ်ရေး -အပ်ရေးကို စကားစပ်မိကြသည်။ ထိုစဉ် လူတစ်ယောက်က လက်နက်အပ်ရန် မြူဆွယ်သည်။ ထွမ်သမ်းသည် ထိုလူကို ပစ်သတ်လိုက်သည်။ ထိုကိစ္စအကြောင်းပြု၍ မင်းအမျိုးသားများ အုံကြွလာကြကာ ဗြိတိသျှ ကင်းစခန်းကို ဝင်တိုက်ကြသည်။ မ်သမ်းသည် ဆီယင် ချင်းအမျိုးသား အကြီးအက် ကိုက်ကမ်းနှင့် တွေ့ဆုံကာ သူတို့ က်နက်ကိုင် ခုခံမှုထဲတွင် ပါဝင်ရန် ဆွေးနွေးသည်။ ဗြိတိသျှတို့သည် မိမိတို့ ချင်းအမျိုးသားများအား တစ်ပိုင်းစီခြွကာ လက်နက်များကို ဖြတ်တော့မည်ဖြစ်ကြောင်း၊ မိတို့အနေဖြင့် ခုခံရန် လိုကြောင်းဖြင့် ရှင်းပြသည်။ ထိုအခြေအနေနှင့်ပတ်သက်၍ ဘာရေက ဤသို့ မှတ်တမ်းတင်ခဲ့သည်။
*မိမိတို့ ချင်းအမျိုးသားအချင်းချင်း စုစည်းမိလျှင် ဗြိတိသျှတပ်များကို မောင်း ထုတ်ရန် များစွာပင် အခဲအခက်ရှိမည်မဟုတ်ကြောင်း၊ သို့ဆိုလျှင် မိမိတို့လက်နက်များကိုည်း ဗြိတိသျှတို့ထံ ပေးအပ်စရာ မလိုတော့ကြောင်းဖြင့် ထွမ်သမ်းက ကိုက်ကမ်းကို ရှင်းပြသည်။ သူတို့နှစ်ယောက်သည် ဗြိတိသျှတပ်များကို မောင်းထုတ်ရန် သစ္စာဆိုကြ သည်။ သို့ရာတွင် ကောက်သစ်ပေါ်ချိန်အထိ ပြောင်ပြောင်တင်းတင်း ခုခံမှုများကိုလုပ်ခြင်းမပြုရန်၊ ထိုအတောအတွင်းတွင် အခြားသော ချင်းအမျိုးသားအစုများကို •ည်းရုံးသိမ်းသွင်းရန် စီစဉ်ကြသည်။ သူတို့ဌာနချုပ်မှ အခြားသော ချင်းအမျိုးသား အကြီးအကဲများထံသို့ လူများ စေလွှတ်၍ ဆွေးနွေးသည်”
ထွမ်သမ်းနှင့် ကိုက်ကမ်းတို့သည် ဗြိတိသျှနိုင်ငံရေးအရာရှိ၊ မြို့အုပ်နှင့် စကားပြန် များကို ရှင်းလင်းရန်ဆုံးဖြတ်သည်။ ထို့ကြောင့် ဥပါယ်တံမျဉ်ဖြင့် သူတို့ထံ လူလွတ်ကာက်နက်များကို မည်သို့မည်ပုံ ချအပ်ရမည်နည်းဟု မေးမြန်းစုံစမ်းသည်။ အမှန်အား ဖြင့်မူ လက်နက်အပ်ရေးစည်းကမ်းကို သိလို၍မဟုတ်။ သူတို့ကို အထင်မလွဲအောင်ယ်တံမျဉ်မျှသာ ဖြစ်ကြောင်း အချို့က မစ္စတာကာရေကို သတိပေးကြသော်လည်း၊ ကရေကသူတို့စကားကို လက်မခံ။ ဤတွင် မစ္စတာကာရေသည် မြို့အုပ် မောင်ထွန်းဝင်းလွှတ်လိုက်သည်။ မောင်ထွန်းဝင်းသည် ဗြိတိသျှတို့နှင့်အတူ ချင်းတောင်တွင် ၈၉ ခုနှစ်ကတည်းက အလုပ်လုပ်ခဲ့သူဖြစ်သည်။ ယခင်က ချင်းတို့ထံမှ လက်နက် များကို သိမ်းယူရာတွင် မြို့အုပ် မောင်ထွန်းဝင်းသည် လိမ္မာပါးနပ်စွာဖြင့် သိမ်းယူနိုင် ခဲ့သည်။ ထို့ကြောင့် မစ္စတာ ကာရေက မောင်ထွန်းဝင်းကို စိတ်ချသည်။ ထို့ပြင် မောင်ထွန်းဝင်းသည် ထွမ်သမ်းနှင့်လည်း လူချင်းသိကျွမ်းသူ မဟုတ်လော။
မောင်ထွန်းဝင်းသည် ထွမ်သမ်းနှင့် ပုံပါရွာတွင် တွေ့ဆုံဆွေးနွေးရန် ဖို့ဝိုက်မှ ၎က်လာခဲ့သည်။ သူနှင့်အတူ ဘားမားရိုင်ဖယ်တပ်သား သုံးဆယ်နှင့် ချင်းပုလိပ် များအပြား ပါလာခဲ့သည်။ ဖို့ဝိုက်ခံတပ်ဟောင်းသို့ ရောက်သည့်အခါတွင် ဆီယင်ချင်းအမျိုးသားများက သူ့ကို ဆီးကြိုကြသည်။ မိမိတို့သည် မြို့အုပ်မင်းနှင့်အဖွဲ့ကို လာရောက် ကြိုဆိုနေသူများဖြစ်ကြောင်း၊ ယခုပင် ပုံပါရွာတွင် စောင့်ဆိုင်းနေသည့် ထွမ်သမ်းထံသို့ သွားရောက်သတင်းပို့မည်ဖြစ်ကြောင်း ပြောဆိုကာ ဖို့ဝိုက်ခံတပ်ဟောင်းမှ ထွက်ခွာသွားကြသည်။ ကြိုဆိုသည့် ဆီယင် ချင်းအမျိုးသားများသည် တောင်များကို ကျော်ကာ ဖြတ်လမ်းမှ သွားနှင့်ကြသည်။ မြို့အုပ် မောင်ထွန်းဝင်းနှင့်အဖွဲ့သည် နောက်မှ လိုက်လာခဲ့ကြသည်။
ထို့နောက် အဖြစ်အပျက်ကိုမူ ကာရေက ဤသို့မှတ်တမ်းတင်ထားခဲ့သည်။
'(မောင်ထွန်းဝင်းတို့) အဖွဲ့သည် ဖို့ဝိုက် ခံတပ်ဟောင်းကိုဖြတ်ကာ၊ တောင် စောင်းရှိ လူသွားလမ်းကလေးအတိုင်း တစ်ယောက်ချင်း စီတန်း၍ ပုံပါ ရွာဆီသို့ လာခဲ့ ကြသည်။ ထိုစဉ် လမ်းဘေးချုံများနှင့် တောအုပ်များကြားထဲမှ သေနတ်ဖြောက်ဖြောက် ပစ်ခတ်သံများ ပေါ်လာသည်။ ပစ်ခတ်သံများမှာ အနီးကပ်၍ ပစ်လိုက်သော ပစ်ခတ် သံများဖြစ်သည်။ ရှေ့မှသွားနှင့်သော ကင်းအဖွဲ့ဝင်များ တစ်ယောက်မှအပ အားလုံး ကျဆုံးကုန်ကြသည်။ မြို့အုပ် မောင်ထွန်းဝင်း၊ အောင်ကြီးနှင့် ဘဇံတို့မှာလည်း ကျဆုံး သွားကြသည်။ သူတို့နှင့်အတူ လိုက်ပါလာကြသော အစောင့်တပ်ဖွဲ့ဝင် တစ်ဝက်ကျော် တို့မှာလည်း ကျဆုံးကုန်ကြသည်။ ဤတွင် ချင်းအမျိုးသားများသည် တောများထဲမှ ထွက်လာကာ ကျွန်ုပ်တို့တပ်များနှင့် လက်တစ်ကမ်းတိုက်ပွဲ ဆင်နွှဲကြသည်။ ရှေ့ဆုံးမှ ရောက်နေသော ကျွန်ုပ်တို့တပ်သားများမှာ သေနတ်ပစ်ချိန်ပင် မရတော့ဘဲ၊ ရိုင်ဖယ် များကို တင်းပုတ်သဖွယ်သုံး၍ ခုခံကြရသည်။ သို့ရာတွင် ကျဉ်းမြောင်းလှသောတောင်ပေါ်လမ်းကလေးတစ်လျှောက်တွင် တိုက်ခိုက်နေသဖြင့် ဆက်လက်ခုခံခြင်း မပြုနိုင်ကြတော့ဘဲ ကျဆုံးဒဏ်ရာရသူများကို သယ်ပိုးကာ အနီးရှိ တောင်စောင်းတစ်ခု ပေါ်သို့ ဆုတ်ခွာလာခဲ့ရသည်” ဟု မစ္စတာကာရေက သူ့မှတ်တမ်းတွင် ဖော်ပြခဲ့သည်။
ထိုစစ်ကြောင်းမှ တပ်သားသုံးယောက်သာလျှင် ဖို့ဝိုက်ခံတပ်သို့ ပြန်၍ရောက် လာကာ အခြေအနေကို သတင်းပို့နိုင်တော့သည်။ နောက်တစ်နေ့တွင် ဖို့ဝိုက် ဗြိတိသျှတပ်များသည် အင်အားအပြည့်ဖြင့် ထွက်လာခဲ့ကြကာ၊ ပုံပါရွာကို စီးနင် တိုက်ခိုက်ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ။
၁၈၉၂ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာလများထဲတွင် ချင်းအမျိုးသားများ၏ ခုခံရေးစစ်ပွဲသည် ပို၍ အရှိန်ကောင်းလာကာ ပြောက်ကျားစစ်ကို ဆင်နွှဲခဲ့ကြသည်။ မစ္စတာကာရေက ချင်းအမျိုးသားတို့၏ ပြောက်ကျားစစ်ကို ရေးခဲ့ရာ၌'ချင်းအမျိုးသားတို့ တိုက်ခိုက်သည့် နည်းပရိယာယ်မှာ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်သည့်နည်းမဟုတ်။ ကင်းစခန်းများအနီးတွင် ချောင်းမြောင်းကာ အလစ်ဝင် တိုက်ခြင်း၊ သင်းကွဲသွားသော ကျွန်ုပ်တို့တပ်သားများအား ချောင်းမြောင်း ပစ်ခတ်ခြင်း ရိက္ခာယာဉ်တန်းများကို ချုံခိုတိုက်ခိုက်ခြင်း၊ မြေပြန့်ရှိရွာများကို ဝင်ရောက်တိုက်ခိုက် ခြင်း၊ လမ်းများကို ပိတ်ဆို့ထားခြင်း၊ ဝန်တင်လားများကို ခိုးယူခြင်း၊ ကြေးနန်းကြိုး များကို ဖြတ်တောက်ခြင်း စသည့် နည်းလမ်းများဖြစ်သည်။ ဤသို့အားဖြင့် အစိုးရအား---ခြံလုပ်ငန်းတွင် ငြီးငွေ့သွားကာ တပ်များကို ပြန်၍ရုပ်သိမ်းသွားအောင်လုပ်ရန် ရည်ရွယ် ခြင်းရှိဟန် တူသည်”ဟု ရေးခဲ့သည်။
သို့ဖြင့် ဆွန်ပက်၊ ထွမ်သမ်းနှင့် ရွှေချိုးဖြူမင်းသား စသူတို့ ခေါင်းဆောင်ခဲ့သော ချင်းအမျိုးသားတို့၏ အမျိုးသား ခုခံရေးစစ်သည် ၁၈၈၅ ခုနှစ်မှ ၁၈၉၆ ခုနှစ်အထိ ဆယ်နှစ်မျှကြာခဲ့ရာ၊ မြန်မာမျိုးချစ်တို့၏ ခုခံရေးစစ်ပွဲများအနက် အကြာဆုံးသောစစ်ပွဲဟု နိုင်သည်။ ။
ဗြိတိသျှမှတ်တမ်းတို့တွင် ချင်းအမျိုးသားများ၏ ခုခံမှုကို နှိမ်နင်းနိုင်ခဲ့ခြင်းသည် မှတ်သားလောက်သော အောင်မြင်မှုကြီးတစ်ခုဖြစ်သည်" ဟု ဖော်ပြခဲ့ကြသည်။
သို့ရာတွင် ချင်းအမျိုးသားတို့၏ ခုခံမှုသည် ဤတွင် အဆုံးမသတ်သေးပါ။
၁၈၉၈ ခုနှစ် နိုဝင်ဘာလထဲတွင် မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် တောင်ပိုင်း ချင်းပြည်နယ်များရှိ ချင်းအမျိုးသားများသည် လက်နက်များကို တိတ်တဆိတ် စုဆောင်းကာ ဟားခါး၊ ဖို့ဝိုက်၊ ဖလမ်းနှင့် တီးတိန်တို့ကို ခြိမ်းခြောက်လာခဲ့ကြပြန်သည်။ ၁၈၉၉ ခု အလထဲတွင် ချင်းအမျိုးသားတို့က ဗြိတိသျှအုပ်ချုပ်ရေးအရာရှိ ဒရူး၏ ကင်းစခန်းကို ခင်တိုက်ကြပြန်သည်။
သို့ဖြင့် ချင်းအမျိုးသားတို့ ခုခံမှုသည် ဆယ့်ငါးနှစ်မျှ ကြာခဲ့ပြီး ဆယ့်ကိုးရာစုနှစ် ကုန်တွင်မှ ငြိမ်သက်သွားခဲ့သည်။
တောင်ဇလပ်ပန်းတို့ ပွင့်ဝေရာ ချင်းတောင်တန်းကြီးများပေါ်မှ အမျိုးသား ရေးစစ်ပွဲသည် အကြာဆုံးဖြစ်ရာ၊ ကျွန်တော်သည် ချင်းအမျိုးသားတို့၏ ဇာတိမာန်ကို တွေးရင်း ကြည်နူးနေမိလေသည်။
(Zawgyi)
၁၈၉၃ ခုႏွစ္ စက္တင္ဘာလထဲတြင္ ပန္ပီ ခ်င္းအမ်ိဳးသားတို႔ အစိုးရကို ပုန္ကန္ရန္ ႀကံစည္ေနသည္ဆိုသည့္ သတင္းကို ၾကားသည့္အခါတြင္ ၿဗိတိသွ်အရာရွိအာေရသည္ လမ္းသို႔ တက္လာကာ ထိုေဒသရွိ ခ်င္းအႀကီးအကဲတို႔ကို ေခၚယူ ေမးျမန္းသည္။ ခ်င္းအႀကီးအကဲမ်ားက မိမိတို႔ ဘာမွ်မသိဟု ျငင္းကြယ္ၾကသည္။ ကေရက ခ်င္းအမ်ိဳးသားမ်ားကို လက္နက္ျဖဳတ္ရန္ ႀကိဳးစားသည္။ တစ္ေန႔ေသာ္ ျခင္းအမ်ိဳးသားတစ္သိုက္သည္ ေခါင္ရည္ေသာက္ရင္း ၿဗိတိသွ်တို႔ထံ လက္နက္အပ္ေရး -အပ္ေရးကို စကားစပ္မိၾကသည္။ ထိုစဥ္ လူတစ္ေယာက္က လက္နက္အပ္ရန္ ျမဴဆြယ္သည္။ ထြမ္သမ္းသည္ ထိုလူကို ပစ္သတ္လိုက္သည္။ ထိုကိစၥအေၾကာင္းျပဳ၍ မင္းအမ်ိဳးသားမ်ား အုံႂကြလာၾကကာ ၿဗိတိသွ် ကင္းစခန္းကို ဝင္တိုက္ၾကသည္။ မ္သမ္းသည္ ဆီယင္ ခ်င္းအမ်ိဳးသား အႀကီးအက္ ကိုက္ကမ္းႏွင့္ ေတြ႕ဆုံကာ သူတို႔ က္နက္ကိုင္ ခုခံမႈထဲတြင္ ပါဝင္ရန္ ေဆြးေႏြးသည္။ ၿဗိတိသွ်တို႔သည္ မိမိတို႔ ခ်င္းအမ်ိဳးသားမ်ားအား တစ္ပိုင္းစီႁခြကာ လက္နက္မ်ားကို ျဖတ္ေတာ့မည္ျဖစ္ေၾကာင္း၊ မိတို႔အေနျဖင့္ ခုခံရန္ လိုေၾကာင္းျဖင့္ ရွင္းျပသည္။ ထိုအေျခအေနႏွင့္ပတ္သက္၍ ဘာေရက ဤသို႔ မွတ္တမ္းတင္ခဲ့သည္။
*မိမိတို႔ ခ်င္းအမ်ိဳးသားအခ်င္းခ်င္း စုစည္းမိလွ်င္ ၿဗိတိသွ်တပ္မ်ားကို ေမာင္း ထုတ္ရန္ မ်ားစြာပင္ အခဲအခက္ရွိမည္မဟုတ္ေၾကာင္း၊ သို႔ဆိုလွ်င္ မိမိတို႔လက္နက္မ်ားကိုည္း ၿဗိတိသွ်တို႔ထံ ေပးအပ္စရာ မလိုေတာ့ေၾကာင္းျဖင့္ ထြမ္သမ္းက ကိုက္ကမ္းကို ရွင္းျပသည္။ သူတို႔ႏွစ္ေယာက္သည္ ၿဗိတိသွ်တပ္မ်ားကို ေမာင္းထုတ္ရန္ သစၥာဆိုၾက သည္။ သို႔ရာတြင္ ေကာက္သစ္ေပၚခ်ိန္အထိ ေျပာင္ေျပာင္တင္းတင္း ခုခံမႈမ်ားကိုလုပ္ျခင္းမျပဳရန္၊ ထိုအေတာအတြင္းတြင္ အျခားေသာ ခ်င္းအမ်ိဳးသားအစုမ်ားကို •ည္း႐ုံးသိမ္းသြင္းရန္ စီစဥ္ၾကသည္။ သူတို႔ဌာနခ်ဳပ္မွ အျခားေသာ ခ်င္းအမ်ိဳးသား အႀကီးအကဲမ်ားထံသို႔ လူမ်ား ေစလႊတ္၍ ေဆြးေႏြးသည္”
ထြမ္သမ္းႏွင့္ ကိုက္ကမ္းတို႔သည္ ၿဗိတိသွ်ႏိုင္ငံေရးအရာရွိ၊ ၿမိဳ႕အုပ္ႏွင့္ စကားျပန္ မ်ားကို ရွင္းလင္းရန္ဆုံးျဖတ္သည္။ ထို႔ေၾကာင့္ ဥပါယ္တံမ်ဥ္ျဖင့္ သူတို႔ထံ လူလြတ္ကာက္နက္မ်ားကို မည္သို႔မည္ပုံ ခ်အပ္ရမည္နည္းဟု ေမးျမန္းစုံစမ္းသည္။ အမွန္အား ျဖင့္မူ လက္နက္အပ္ေရးစည္းကမ္းကို သိလို၍မဟုတ္။ သူတို႔ကို အထင္မလြဲေအာင္ယ္တံမ်ဥ္မွ်သာ ျဖစ္ေၾကာင္း အခ်ိဳ႕က မစၥတာကာေရကို သတိေပးၾကေသာ္လည္း၊ ကေရကသူတို႔စကားကို လက္မခံ။ ဤတြင္ မစၥတာကာေရသည္ ၿမိဳ႕အုပ္ ေမာင္ထြန္းဝင္းလႊတ္လိုက္သည္။ ေမာင္ထြန္းဝင္းသည္ ၿဗိတိသွ်တို႔ႏွင့္အတူ ခ်င္းေတာင္တြင္ ၈၉ ခုႏွစ္ကတည္းက အလုပ္လုပ္ခဲ့သူျဖစ္သည္။ ယခင္က ခ်င္းတို႔ထံမွ လက္နက္ မ်ားကို သိမ္းယူရာတြင္ ၿမိဳ႕အုပ္ ေမာင္ထြန္းဝင္းသည္ လိမၼာပါးနပ္စြာျဖင့္ သိမ္းယူႏိုင္ ခဲ့သည္။ ထို႔ေၾကာင့္ မစၥတာ ကာေရက ေမာင္ထြန္းဝင္းကို စိတ္ခ်သည္။ ထို႔ျပင္ ေမာင္ထြန္းဝင္းသည္ ထြမ္သမ္းႏွင့္လည္း လူခ်င္းသိကြၽမ္းသူ မဟုတ္ေလာ။
ေမာင္ထြန္းဝင္းသည္ ထြမ္သမ္းႏွင့္ ပုံပါ႐ြာတြင္ ေတြ႕ဆုံေဆြးေႏြးရန္ ဖို႔ဝိုက္မွ ၎က္လာခဲ့သည္။ သူႏွင့္အတူ ဘားမား႐ိုင္ဖယ္တပ္သား သုံးဆယ္ႏွင့္ ခ်င္းပုလိပ္ မ်ားအျပား ပါလာခဲ့သည္။ ဖို႔ဝိုက္ခံတပ္ေဟာင္းသို႔ ေရာက္သည့္အခါတြင္ ဆီယင္ခ်င္းအမ်ိဳးသားမ်ားက သူ႔ကို ဆီးႀကိဳၾကသည္။ မိမိတို႔သည္ ၿမိဳ႕အုပ္မင္းႏွင့္အဖြဲ႕ကို လာေရာက္ ႀကိဳဆိုေနသူမ်ားျဖစ္ေၾကာင္း၊ ယခုပင္ ပုံပါ႐ြာတြင္ ေစာင့္ဆိုင္းေနသည့္ ထြမ္သမ္းထံသို႔ သြားေရာက္သတင္းပို႔မည္ျဖစ္ေၾကာင္း ေျပာဆိုကာ ဖို႔ဝိုက္ခံတပ္ေဟာင္းမွ ထြက္ခြာသြားၾကသည္။ ႀကိဳဆိုသည့္ ဆီယင္ ခ်င္းအမ်ိဳးသားမ်ားသည္ ေတာင္မ်ားကို ေက်ာ္ကာ ျဖတ္လမ္းမွ သြားႏွင့္ၾကသည္။ ၿမိဳ႕အုပ္ ေမာင္ထြန္းဝင္းႏွင့္အဖြဲ႕သည္ ေနာက္မွ လိုက္လာခဲ့ၾကသည္။
ထို႔ေနာက္ အျဖစ္အပ်က္ကိုမူ ကာေရက ဤသို႔မွတ္တမ္းတင္ထားခဲ့သည္။
'(ေမာင္ထြန္းဝင္းတို႔) အဖြဲ႕သည္ ဖို႔ဝိုက္ ခံတပ္ေဟာင္းကိုျဖတ္ကာ၊ ေတာင္ ေစာင္းရွိ လူသြားလမ္းကေလးအတိုင္း တစ္ေယာက္ခ်င္း စီတန္း၍ ပုံပါ ႐ြာဆီသို႔ လာခဲ့ ၾကသည္။ ထိုစဥ္ လမ္းေဘးခ်ဳံမ်ားႏွင့္ ေတာအုပ္မ်ားၾကားထဲမွ ေသနတ္ေျဖာက္ေျဖာက္ ပစ္ခတ္သံမ်ား ေပၚလာသည္။ ပစ္ခတ္သံမ်ားမွာ အနီးကပ္၍ ပစ္လိုက္ေသာ ပစ္ခတ္ သံမ်ားျဖစ္သည္။ ေရွ႕မွသြားႏွင့္ေသာ ကင္းအဖြဲ႕ဝင္မ်ား တစ္ေယာက္မွအပ အားလုံး က်ဆုံးကုန္ၾကသည္။ ၿမိဳ႕အုပ္ ေမာင္ထြန္းဝင္း၊ ေအာင္ႀကီးႏွင့္ ဘဇံတို႔မွာလည္း က်ဆုံး သြားၾကသည္။ သူတို႔ႏွင့္အတူ လိုက္ပါလာၾကေသာ အေစာင့္တပ္ဖြဲ႕ဝင္ တစ္ဝက္ေက်ာ္ တို႔မွာလည္း က်ဆုံးကုန္ၾကသည္။ ဤတြင္ ခ်င္းအမ်ိဳးသားမ်ားသည္ ေတာမ်ားထဲမွ ထြက္လာကာ ကြၽႏ္ုပ္တို႔တပ္မ်ားႏွင့္ လက္တစ္ကမ္းတိုက္ပြဲ ဆင္ႏႊဲၾကသည္။ ေရွ႕ဆုံးမွ ေရာက္ေနေသာ ကြၽႏ္ုပ္တို႔တပ္သားမ်ားမွာ ေသနတ္ပစ္ခ်ိန္ပင္ မရေတာ့ဘဲ၊ ႐ိုင္ဖယ္ မ်ားကို တင္းပုတ္သဖြယ္သုံး၍ ခုခံၾကရသည္။ သို႔ရာတြင္ က်ဥ္းေျမာင္းလွေသာေတာင္ေပၚလမ္းကေလးတစ္ေလွ်ာက္တြင္ တိုက္ခိုက္ေနသျဖင့္ ဆက္လက္ခုခံျခင္း မျပဳႏိုင္ၾကေတာ့ဘဲ က်ဆုံးဒဏ္ရာရသူမ်ားကို သယ္ပိုးကာ အနီးရွိ ေတာင္ေစာင္းတစ္ခု ေပၚသို႔ ဆုတ္ခြာလာခဲ့ရသည္” ဟု မစၥတာကာေရက သူ႔မွတ္တမ္းတြင္ ေဖာ္ျပခဲ့သည္။
ထိုစစ္ေၾကာင္းမွ တပ္သားသုံးေယာက္သာလွ်င္ ဖို႔ဝိုက္ခံတပ္သို႔ ျပန္၍ေရာက္ လာကာ အေျခအေနကို သတင္းပို႔ႏိုင္ေတာ့သည္။ ေနာက္တစ္ေန႔တြင္ ဖို႔ဝိုက္ ၿဗိတိသွ်တပ္မ်ားသည္ အင္အားအျပည့္ျဖင့္ ထြက္လာခဲ့ၾကကာ၊ ပုံပါ႐ြာကို စီးနင္ တိုက္ခိုက္ၿပီးေနာက္ မီးရႈိ႕ဖ်က္ဆီးခဲ့ၾကသည္။ ။
၁၈၉၂ ခုႏွစ္ ေအာက္တိုဘာႏွင့္ ႏိုဝင္ဘာလမ်ားထဲတြင္ ခ်င္းအမ်ိဳးသားမ်ား၏ ခုခံေရးစစ္ပြဲသည္ ပို၍ အရွိန္ေကာင္းလာကာ ေျပာက္က်ားစစ္ကို ဆင္ႏႊဲခဲ့ၾကသည္။ မစၥတာကာေရက ခ်င္းအမ်ိဳးသားတို႔၏ ေျပာက္က်ားစစ္ကို ေရးခဲ့ရာ၌'ခ်င္းအမ်ိဳးသားတို႔ တိုက္ခိုက္သည့္ နည္းပရိယာယ္မွာ အင္အားအလုံးအရင္းျဖင့္ တိုက္ခိုက္သည့္နည္းမဟုတ္။ ကင္းစခန္းမ်ားအနီးတြင္ ေခ်ာင္းေျမာင္းကာ အလစ္ဝင္ တိုက္ျခင္း၊ သင္းကြဲသြားေသာ ကြၽႏ္ုပ္တို႔တပ္သားမ်ားအား ေခ်ာင္းေျမာင္း ပစ္ခတ္ျခင္း ရိကၡာယာဥ္တန္းမ်ားကို ခ်ဳံခိုတိုက္ခိုက္ျခင္း၊ ေျမျပန႔္ရွိ႐ြာမ်ားကို ဝင္ေရာက္တိုက္ခိုက္ ျခင္း၊ လမ္းမ်ားကို ပိတ္ဆို႔ထားျခင္း၊ ဝန္တင္လားမ်ားကို ခိုးယူျခင္း၊ ေၾကးနန္းႀကိဳး မ်ားကို ျဖတ္ေတာက္ျခင္း စသည့္ နည္းလမ္းမ်ားျဖစ္သည္။ ဤသို႔အားျဖင့္ အစိုးရအား---ၿခံလုပ္ငန္းတြင္ ၿငီးေငြ႕သြားကာ တပ္မ်ားကို ျပန္၍႐ုပ္သိမ္းသြားေအာင္လုပ္ရန္ ရည္႐ြယ္ ျခင္းရွိဟန္ တူသည္”ဟု ေရးခဲ့သည္။
သို႔ျဖင့္ ဆြန္ပက္၊ ထြမ္သမ္းႏွင့္ ေ႐ႊခ်ိဳးျဖဴမင္းသား စသူတို႔ ေခါင္းေဆာင္ခဲ့ေသာ ခ်င္းအမ်ိဳးသားတို႔၏ အမ်ိဳးသား ခုခံေရးစစ္သည္ ၁၈၈၅ ခုႏွစ္မွ ၁၈၉၆ ခုႏွစ္အထိ ဆယ္ႏွစ္မွ်ၾကာခဲ့ရာ၊ ျမန္မာမ်ိဳးခ်စ္တို႔၏ ခုခံေရးစစ္ပြဲမ်ားအနက္ အၾကာဆုံးေသာစစ္ပြဲဟု ႏိုင္သည္။ ။
ၿဗိတိသွ်မွတ္တမ္းတို႔တြင္ ခ်င္းအမ်ိဳးသားမ်ား၏ ခုခံမႈကို ႏွိမ္နင္းႏိုင္ခဲ့ျခင္းသည္ မွတ္သားေလာက္ေသာ ေအာင္ျမင္မႈႀကီးတစ္ခုျဖစ္သည္" ဟု ေဖာ္ျပခဲ့ၾကသည္။
သို႔ရာတြင္ ခ်င္းအမ်ိဳးသားတို႔၏ ခုခံမႈသည္ ဤတြင္ အဆုံးမသတ္ေသးပါ။
၁၈၉၈ ခုႏွစ္ ႏိုဝင္ဘာလထဲတြင္ ေျမာက္ပိုင္း၊ အလယ္ပိုင္းႏွင့္ ေတာင္ပိုင္း ခ်င္းျပည္နယ္မ်ားရွိ ခ်င္းအမ်ိဳးသားမ်ားသည္ လက္နက္မ်ားကို တိတ္တဆိတ္ စုေဆာင္းကာ ဟားခါး၊ ဖို႔ဝိုက္၊ ဖလမ္းႏွင့္ တီးတိန္တို႔ကို ၿခိမ္းေျခာက္လာခဲ့ၾကျပန္သည္။ ၁၈၉၉ ခု အလထဲတြင္ ခ်င္းအမ်ိဳးသားတို႔က ၿဗိတိသွ်အုပ္ခ်ဳပ္ေရးအရာရွိ ဒ႐ူး၏ ကင္းစခန္းကို ခင္တိုက္ၾကျပန္သည္။
သို႔ျဖင့္ ခ်င္းအမ်ိဳးသားတို႔ ခုခံမႈသည္ ဆယ့္ငါးႏွစ္မွ် ၾကာခဲ့ၿပီး ဆယ့္ကိုးရာစုႏွစ္ ကုန္တြင္မွ ၿငိမ္သက္သြားခဲ့သည္။
ေတာင္ဇလပ္ပန္းတို႔ ပြင့္ေဝရာ ခ်င္းေတာင္တန္းႀကီးမ်ားေပၚမွ အမ်ိဳးသား ေရးစစ္ပြဲသည္ အၾကာဆုံးျဖစ္ရာ၊ ကြၽန္ေတာ္သည္ ခ်င္းအမ်ိဳးသားတို႔၏ ဇာတိမာန္ကို ေတြးရင္း ၾကည္ႏူးေနမိေလသည္။
ဆရာမြသန်းတင့်
Done🐬🐬
ReplyDeleteချင်းတိုင်းရင်းသားတွေရဲ့ ဇာတိမာန်အတွက် ဂုဏ်ယူပါတယ်၊အများကြီးသန်မာကြတာပဲ
ReplyDeleteကလိပီး
ReplyDeleteDone 💪
ReplyDeleteDone
ReplyDeleteသူတို့ဟာသန်မာကြတယ်
ReplyDeleteDone 🤍
ReplyDeleteDone
ReplyDelete