AVA 1740s (Season 2) အခန်း(၃၆)

 AVA 1740s (Season 2)

                                                                       အခန်း(၃၆)

                                                             ......................................................

“ဟုတ်တယ်..ကျုပ်..မြတ်ထားသီရိ ကို လာကယ်တာ..လွီဇာ”

“မြတ်ထားသီရိ ဆိုတာ”

“ဘုရင့်ကိုယ်လုပ်တော်တစ်ယောက်ပဲ...ကိုယ်လုပ်တော်တွေကို နန်းတွင်း ဘယ်နေရာမှာ ထားထားလဲ..ကျုပ် ကို ပြောပြပေးပါ..လွီဇာ”

လွီဇာက ခေတ္တမျှ ငြိမ်သက်နေသည်။

“သူက ရှင့်အတွက် ဘယ်လောက်တောင် အရေးကြီးနေလို့လဲ..မောင်ကြီး”

“မုဆိုးဖိုကနေ အင်းဝကို ကျုပ် လမ်းမှာ လုံးဝမနားပဲ..မြင်းနဲ့ လာခဲ့ရတာ”

“ရှင့်အတွက် ကျွန်မလောက် သူက အရေးကြီးသလား”

ငတွန်က သက်ပြင်းချလိုက်သည်။

ထို့နောက် လွီဇာ၏ ပုခုံးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်၏။

“အဲ့ဒီ..မေးခွန်းကို ကျုပ်မဖြေပါရစေနဲ့လား..လွီဇာ...ကျုပ်ကို ကူညီပါ”

အရပ်ချင်းမတိမ်းမယိမ်းမို့ လွီဇာက ငတွန်၏ ပုခုံးကို လက်ဖြင့်သိမ်းဖက်ကာ နှုတ်ခမ်းများကို နမ်းလိုက်၏။

ထို့နောက် လူချင်းခွာလိုက်သည်။

“ဟုတ်ပြီ..ကျွန်မ ကူညီမယ်...ဒါပေမယ့်..နန်းတော်ထဲကို ရှင်မသွားရဘူး..ရှင့်အတွက် အန္တရာယ်ရှိတယ်”

“ကျုပ် မသွားပဲ..မြတ်ထားကို ဘယ်လိုကယ်ရမှာလဲ..လွီဇာ”

“မြတ်ထား တဲ့လား....”

လွီဇာ၏ နှုတ်မှ ခပ်တိုးတိုးရေရွတ်လိုက်သည်။

“ဒီမယ်..မောင်ကြီး..အခုချိန်က ဟံသာဝတီစစ်သားတွေက နန်တွင်းထဲ ဝင်လာသူမှန်သမျှကို ဖမ်းဆီးစစ်ဆေးမှာပဲ..မသင်္ကာရင် သတ်တောင်သတ်ပစ်နိုင်တယ်”

“ကျုပ် သေမှာ မကြောက်ဘူး”

“ဪ..ဒီလောက်တောင်ပဲလား..မောင်ကြီးရယ်...မောင်ကြီးက သေမှာမကြောက်ပေမယ့်..မောင်ကြီး သေမှာကိုတော့ ကျွန်မကြောက်တယ်...ဒါကြောင့်..မောင်ကြီးရဲ့ မြတ်ထားကို ကျွန်မ ရအောင် ကယ်ခဲ့မယ်..မောင်ကြီး..ဒီမှာနေခဲ့ပါ”

“အဲ့ဒီလို မဟုတ်ဘူး..လွီဇာ”

“စိတ်ချပါ...မကြာခင်  မြတ်ထားသီရိ..မောင်ကြီးဆီ ရောက်လာစေရပါ့မယ်..ငလှေး နဲ့ မယ်ဖူး လာကြဉီး”

အိမ်အောက်ထပ်တွင်ရှိနေသော ငလှေးနှင့် မယ်ဖူးတို့ လင်မယားက ပြေးတက်လာကြသည်။

“ငလှေးက အင်္ကျီနှစ်ထပ်၊ ပုဆိုးနှစ်ထပ်ဝတ်ခဲ့၊ ခမောက်ဆောင်းခဲ့..ငါတို့ ခဏနေ နန်းတွင်းထဲ သွားကြမယ်”

.............................................................................

“ဘယ်သွားကြမလို့လဲ”

“ဟံသာဝတီကအရေးကြီးကိစ္စရှိလို့ ဗိုလ်ချုပ်တလပန်းဆီ သွားတွေ့မလို့ပဲ”

နန်းမြို့အဝင်ရှိ တံခါးစောင့်များကို လွီဇာက ခပ်မာမာပင်ပြန်ဖြေလိုက်သည်။

လွီဇာကို သိနေသော သွေးသောက်ကြီးတစ်ဉီးက တံခါးစောင့်ကို ကပ်ပြောလိုက်၏။

“ဟုတ်ကဲ့..ကျွန်တော်မျိုးတို့က အစက ဘယ်သူမှန်း မသိလို့ပါ..မမလွီဇာ..ခွင့်လွှတ်ပေးပါ”

တံခါးစောင့်စစ်သည်က ရိုရိုကျိုးကျိုး။

လွီဇာက သူ့လက်ထဲမှ ဂင်ဇာငွေတုံးနှစ်တုံးကို ပေးလိုက်သည်။

“မင်းတို့လည်း ပင်ပန်းလှပြီ..ဒါလေး ခွဲယူကြ”

လွီဇာ ၊ ငလှေးနှင့် မယ်ဖူးတို့ နန်းတွင်းထဲသို့ ဝင်လာကြသည်။

ဗြဲတိုက် ပေါ်တွင် ရှိနေသော တလပန်းဆီသို့ သွားကြ၏။

“လွီဇာ...ဒီအချိန်ကြီး ဘာကိစ္စရှိလို့လဲ”

“ဂမုန်းက ရှင့်အတွက်ပေးလိုက်တဲ့ လက်ဖွဲ့ကို လာမယူသေးလို့..ကျွန်မ လာလိုက်ပေးတာလေ..ဗိုလ်မင်းရဲ့”

တလပန်းမျက်နှာက ပြုံးဖြီးသွား၏။

“ကျွန်တော်လည်း လာယူမလို့ပဲ...လွီဇာ..ဒီမှာ မအားသေးတာနဲ့”

လွီဇာက တလပန်း၏ လက်ထဲသို့ ရွှေကြုတ်လေးတစ်ခုကို ထည့်ပေးလိုက်သည်။

တလပန်းက ရွှေကြုတ်ကလေး ကို တမက်တမော ကြည့်ရှု့နေသည်။

“ဒါနဲ့...ကိုယ်လုပ်တော်တွေကို ဘယ်မှာ စုစည်းထားလဲ...ဗိုလ်မင်း”

“ဘာဖြစ်လို့လဲ..လွီဇာ”

“ကျွန်မ တွေ့ချင်တဲ့ သူတစ်ယောက်ရှိလို့”

“မနောရမ္မံဥယျာဉ်အနောက်က ရေနန်းဆောင်မှာ မိန်းမစိုးတွေနဲ့ စုထားတယ်”

“ကိုယ်လုပ်တော်တွေကိုရော...သေချာ စာရင်းလုပ်ထားတာမျိုးရှိသေးလား”

“အင်း..မိဖုရားတွေကိုပဲ..သေချာအစောင့်အရှောက်နဲ့ စာရင်းလုပ်ထားပါတယ်..ကိုယ်လုပ်တော်တွေကိုတော့ ဒီတိုင်းပဲ...ရေနန်းဆောင်မှာ စုထားတယ်”

“အရင် အင်းဝမှာ နေခဲ့တုန်းက ကျွန်မအပေါ် ကျေးဇူးရှိခဲ့တဲ့ ကိုယ်လုပ်တော်တစ်ယောက်ကို သွားတွေ့ချင်လို့..ရမလား”

“အင်း..ရပါတယ်...အစောင့်တွေကလည်း ခင်ဗျားကို သိနေတာပဲ..လွီဇာ..ပြောသွားလိုက်ပါ...တခုခုဆို ကျွန်တော်ခွင့်ပြုတာလို့ ပြောလိုက်”

“ကျေးဇူးတင်ပါတယ်..ဗိုလ်မင်း...ဪ..ဒါနဲ့...သူတို့လင်မယားက ကျွန်မရဲ့ လက်စွဲတော်လင်မယားနော်..သူက ငလှေး၊ သူက မယ်ဖူးတဲ့..အင်းဝနဲ့ ပတ်သက်တဲ့ တချို့ကိစ္စတွေဆို သူတို့ကို မေးလည်းရတယ်”

တလပန်းက ငလှေးနှင့် မယ်ဖူးတို့ကို သေချာကြည့်လိုက်သည်။

“ကဲ..ဒါဆို ကျွန်မ သွားလိုက်ဉီးမယ်”

တလပန်းက ဂမုန်းပေးလိုက်သည့် အဆောင်ကြုတ်ကလေးကို တစိမ့်စိမ့်ကြည့်ကာ ကျန်ရစ်၏။

..............................................................................................

အရေးမကြီးလှသည့် ကိုယ်လုပ်တော်မိန်းမများ၊ နန်းတွင်းသူများကို ထားရှိရာနေရာမို့ ရေနန်းဆောင်သည့် အစောင့်အကြပ်မရှိ။

ရေနန်းဆောင်ဆိုသည့်အတိုင်း ရေပတ်လည်စီးဆင်းနေသော ကန်ငယ်ထဲတွင် ထိုးထားသော တံတားလေးများအတိုင်း လျှောက်သွားရသည်။

ရုတ်တရက်ဝင်လာသော လွီဇာကြောင့် မိန်းမစိုးများနှင့် ကိုယ်လုပ်တော်များ အံဩသွားကြသည်။

ဟံသာဝတီ ဥပရာဇာက သူတို့၏ အနာဂတ်ကို မည်သို့ ဆုံးဖြတ်မည်ကို မသိရသေးသဖြင့် သူတို့အားလုံး၏ မျက်နှာများမှာ ညှိးငယ်နေကြသည်။

အမြင့်မြို့ဝန်ကတော် မိန်းမစိုးကြီး ဒေါ်စာ က လွီဇာကို မှတ်မိသွား၏။

လွီဇာ မတ်တပ်ရပ်နေရာသို့ ထလာသည်။

“ကုန်သည်တော်ကြီး..မတွေ့တာတောင်..ကြာပနော့”

“ဒေါ်စာ..ဆံပင်တွေတောင် ဖြူလို့ပါလား”

“မတွေ့တာ နှစ်တွေလည်း ကြာပြီလေ..လွီဇာရယ်..ဒါနဲ့..အခု ကျုပ်တို့ကို ဘာလုပ်မယ်တဲ့လဲ..ဟံသာဝတီခေါ်သွားမှာတဲ့လား”

“အင်း..ကျွန်မလည်း သေချာမသိပါဘူး..ဒေါ်စာ..အခု ကျွန်မလာတာက ကိုယ်လုပ်တော်တစ်ယောက်ကို ဒီက ခေါ်ထုတ်သွားဖို့”

“ဟင်”

“မြတ်ထားသီရိ ဆိုတာ ဘယ်တစ်ယောက်လဲ”

ဒေါ်စာက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။

အားလုံးက သူတို့ နှစ်ဉီးကို အာရုံစိုက်နေကြမှန်းသိသဖြင့် ဒေါ်စာက လေသံကို နှိမ့်လိုက်သည်။

“ဟိုးထောင့်က အင်္ကျီအဖြူ နဲ့ တိမ်တောင်တက်ဆံထုံးထုံးထားတဲ့ ကလေးမပေါ့...ဘာလဲ..သူ့အကို နန္ဒဝေ က ခေါ်ထုတ်ခိုင်းလိုက်တာလား”

“ဆိုပါတော့....ကျွန်မ သူ့ကို ခေါ်သွားချင်တယ်...ဒါပေမယ့်..တခြားကိုယ်လုပ်တော်တွေကို ဥပရာဇာက ကိစ္စရှိလို့ ခေါ်ခိုင်းလိုက်တယ်လို့တာ...ရှင် ပြောပေးလို့ရမလား..ဒေါ်စာ”

လွီဇာက သူ့လက်မှ ရွှေလက်စွပ်ကို အသာချွတ်ပြီး မိန်းမစိုးဒေါ်စာ၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။

“အင်း..ရပါတယ်...ကျုပ်လည်း မြတ်ထားသီရိကို ဟံသာဝတီတို့ ဘာတို့ အဝေးကြီး သွားရမယ့်..ကိစ္စမျိုး မဖြစ်စေချင်ဘူး...သူ ဒုက္ခများလိမ့်မယ်....ဒီလိုလုပ်..ဟိုးအရှေ့ က တင်းတိမ်ကာထားတဲ့ အဆောင်လေးတွေ့လား..အဲ့ဒါ မိဖုရားတွေ ရေလာကစားရင် အဝတ်လဲတဲ့အဆောင်ပဲ..အဲ့ဒီမှာ ခဏသွားစောင့်...သူ့ကို လွှတ်ပေးလိုက်မယ်”

ခဏအကြာတွင် လွီဇာတို့ စောင့်ဆိုင်းရာနေရာသို့ မြတ်ထားသီရိ နှင့် ဒေါ်စာတို့ ရောက်လာသည်။

ငလှေးက နှစ်ထပ်ဝတ်လာသည့်ထဲမှ အင်္ကျီနှင့် ပုဆိုးကို အသင့်ချွတ်ထားပြီးဖြစ်သည်။

“ကဲ..မြတ်ထားသီရိ...အချိန်မရှိဘူး..ဒီအဝတ်အစားတွေ အမြန်လဲချေ..နန်းတော်တံခါးကြီ မပိတ်ချခင်...တို့ ထွက်မှရမယ်”

မြတ်ထားသီရိက လွီဇာကို ပြူးကြောင်ကြောင်ဖြင့် ကြည့်နေသည်။

“အကိုကြီး နန္ဒဝေ ဘယ်မှာလဲ”

“ကဲ..နောက်မှ စကားပြော..လုပ်စရာရှိတာ..လုပ်ချေ..သွား..ဆံထုံးကြီးကို ဖြည်ပြီး သျှောင်ပုံစံ ထုံးလာခဲ့”

ယောက်ျားအဝတ်အစားများကို မြတ်ထားသီရိ၏ လက်ထဲသို့ လွီဇာက ထိုးထည့်ပေးလိုက်၏။

မြတ်ထားသီရိက တင်းတိမ်ကာထားသည့် အဝတ်လဲခန်းထဲသို့ ဝင်သွားသည်။

အချိန်အတန်ကြာပြီးနောက် မြတ်ထားသီရိ ပြန်ထွက်လာသည်။

တိမ်တောင်တက်ဆံထုံးသည် ဖယောင်း၊ ပွဲလျက်ရည်တမျိုးတို့ဖြင့် ပုံစံသွင်းကာ အဖျားကော့ထားရခြင်းဖြစ်သဖြင့် ဆံပင်များမှာ ပုံမကျပဲ ထိုးထိုးထောင်ထောင်ဖြစ်နေ၏။

လွီဇာက ငလှေးဆောင်းထားသော ခမောက်ကိုယူကာ မြတ်ထားသီရိအပေါ်တွင် ဆောင်းပေးလိုက်သည်။

“ကဲ..ငလှေး..ပြောထားတဲ့အတိုင်းပဲ....နင် ဒီညတော့ နန်းတော်ထဲ က တချောင်ချောင်မှာ ခိုကပ်ပြီး အိပ်လိုက်တော့....ရဲမက်တွေ တွေ့ရင်လည်း ဗိုလ်မင်းတလပန်း ဆီသာ ပို့ခိုင်း...ဗိုလ်မင်းက နင့်ကို ငါ့လူဆိုတာ သိပြီးသားပဲ..မနက်ကျမှ နန်းတော်ထဲက ထွက်ပြီး အိမ်ပြန်လာခဲ့တော့..ဟုတ်ပြီလား”

မယ်ဖူးက ငလှေး၏ လက်မောင်းကို ကိုင်ပြီး လွီဇာကို ကြည့်နေသည်။

“ကဲ..မယ်ဖူး..နင့်လင်က လူလည်ပါ...ဟိန်ဘုန်းကြီးဂိုဏ်းနဲ့ ဓါးပြတောင်လုပ်ခဲ့သေးတာပဲ..ဒီလောက်တော့ သူလည်း ရပါတယ်...စိတ်ပူမနေနဲ့...သွားကြမယ်”

“လွီဇာ..ခဏနေဉီး...အရေးကြီးတာတစ်ခု ပြောစရာရှိတယ်”

ဒေါ်စာက လွီဇာ၏ လက်ကို ဆွဲလိုက်ပြီး..နားနားသို့ ကပ်ကာ တီးတိုးပြောလိုက်၏။

............................................................................................................................

အိမ်ခြံဝန်းအတွင်း ဝင်လာသော လွီဇာတို့ကို မြင်သည်နှင့် ငတွန်က လှေကားရင်းသို့ ပြေးဆင်းလာသည်။

“ဘယ်မလဲ..မြတ်ထားသီရိ”

လွီဇာက ယောက်ျားအဝတ်အစားများဝတ်ထားသည့် မြတ်ထားသီရိ၏ ခမောက်ကို ချွတ်ပြလိုက်သည်။

“မြတ်ထား”

မြတ်ထားသီရိက ငတွန်ကို မြင်လိုက်ရသဖြင့် အံဩသွား၏။

“ရှင်..ရှင် မောင်ကြီးငတွန်”

မြတ်ထားသီရိ၏ ခေါ်ပုံကြောင့် လွီဇာ မျက်နှာပျက်သွားသည်။

မောင်ကြီးငတွန် ဆိုသည်မှာ ငတွန့်ကို သူ ခေါ်နေကျ နာမည်မဟုတ်လား။

“ကျွန်မကို ပြောတော့...အကိုနန္ဒဝေက ကယ်ခိုင်းတာဆို..အခုက ဘယ်လိုတွေဖြစ်တာလဲ”

မြတ်ထားသီရိ အသံက ကျယ်သွားသည်။

လွီဇာက နှုတ်ခမ်းကို လက်ညှိးနှင့် ကပ်ခါ သတိပေးလိုက်၏။

“ဘယ်သူ ကယ်ကယ်...မင်း သုံ့ပန်းဘဝက လွတ်ရင်ပြီးတာပဲမဟုတ်လား..မိန်းကလေး”

“ကျွန်မက....”

“ကဲ..ဒီမှာ ဟော့ဒီက မောင်ကြီးငတွန်ရော....ငါတို့ရော...မင်းကို အသက်နဲ့ရင်းပြီး နန်းတော်ထဲက ကယ်ခဲ့ကြတာ....မင်းက ဘာတွေများ ဖြစ်နေရတာလဲ”

လွီဇာ၏ အသံက တင်းမာသွားသည်။

“ကဲ..မောင်ကြီးငတွန်...သူ့ကို ခေါ်သွားလို့ရပါပြီ”

ငတွန်က လွီဇာ ရှေ့တွင် မတ်တပ်ရပ်လိုက်သည်။ ထို့နောက် လွီဇာ၏ လက်နှစ်ဖက်ကို ကိုင်လိုက်၏။

“ကျေးဇူးတင်ပါတယ်...လွီဇာ”

လွီဇာက ငတွန်၏ လက်များကို ရုန်းဖယ်လိုက်သည်။

“အရမ်းညဉ့်နက်သွားရင်..မြို့တံခါးက ထွက်ဖို့ ခက်လိမ့်မယ်..မောင်ကြီးတို့..သွားကြပါတော့”

ငတွန်က အံကိုကြိတ်ကာ ခေါင်းငုံ့ထားသည်။

“ငါ..မင်းကို ချစ်ပါတယ်..လွီဇာ”

ငတွန် လှည့်ထွက်သွား၏။

မြတ်ထားသီရိက ငတွန်နောက်မှ လိုက်လာသည်။

“မြင်းပေါ်တက်..မြတ်ထား”

မြင်းဘေးတွင် မြတ်ထားသီရိက တွန့်ဆုတ်နေ၏။

လွီဇာက သူတို့နောက်မှ ကမန်းကတန်းလိုက်လာသည်။

“မောင်ကြီးငတွန်...သူ့ကို မောင်ကြီးကိုယ်တိုင် မြင်းပေါ် ပွေ့တင်ပေးမှဖြစ်မယ်”

“ဘာဖြစ်လို့လဲ..လွီဇာ”

“သူ့မှာ ရှင်ဘုရင်နဲ့ ရထားတဲ့ ကိုယ်ဝန်ရှိနေတယ်....သူ့ကို သေချာဂရုစိုက်ပေးပါ..မောင်ကြီး”

လွီဇာက ထိုသို့ပြောပြီး ကျောခိုင်းလှည့်ထွက်လိုက်သည်။ မျက်ရည်ပေါက် တစက်က လွီဇာ၏ မျက်ဝန်းတွင် ဝေ့ခနဲ။

 မြင်းပေါ်မှ ငတွန်၏ ရင်ခွင်ကျယ်ကြီးထဲတွင် ရှိနေမည့် မြတ်ထားသီရိကို လွီဇာ မမြင်လိုခဲ့။

လွန်ခဲ့သော နုပျိူစဉ်ကာလများကလည်း ထိုကဲ့သို့ပင်။

 ငတွန်၏မြင်းပေါ်တွင် လွီဇာထိုင်ရင်း ငတွန်၏ ရင်ခွင်ထဲသို့ သူမခေါင်းတိုးကာ ... ထန်းရည်နံ့နှင့် ချွေးနံ့များကို ရှုရှိုက်ရင်း... အချစ်ဇာတ်လမ်းလေးတပုဒ် စခဲ့ကြသည်မဟုတ်လား။

..........................................................................................................

၁၇၅၂ ခုနှစ် မတ်လ ၁၈ ရက်နေ့။

မီးသွေးတိုက်ဆိပ်ကမ်း။

အင်းဝရေတပ်၏ အထိမ်းအမှတ်ဖြစ်သော မှိုင်းသဲသဲ တိုက်လှေကြီး ပေါ်တွင် ဟံသာဝတီ ဟင်္သာရုပ်အလံက တလူလူလွင့်နေသည်။

မှိုင်းသဲသဲလှေကြီးအနောက်တွင် လှော်ကားလှေကြီးနှစ်စင်းကို ယှဉ်လျက်တည်ဆောက်ထားသည့် ဖောင်တစ်စီး။

ထီးဖြူနှစ်လက်သာ အမိုးခံထားရသည့် မဟာဓမ္မရာဇာဓိပတိမင်းသည် မကြာမီကမှ ပြုပြင်ထားသည့် မီးသွေးတိုက်ဆိပ်ခံတံတားပေါ်တွင် မတ်တပ်ရပ်လိုက်သည်။

ဝန်ကြီးပဒေသရာဇာက ကွမ်းအစ်ကို ပိုက်လျက် ဘေးတွင် ရပ်နေ၏။

“ဘထွေးတော်..ကရော...ကိုယ်တော်တို့နဲ့အတူ ပါလာမှာလား..အကြီးတော်”

“ဟံသာဝတီဥပရာဇာ ရဲ့ အမိန့်အရတော့...ကိုးသိန်းသခင် နဲ့ နှမတော်မြေတူးမင်းသမီး ကိုတော့ နောက်နှစ်ရက်နေမှ လှေတော်နဲ့အတူ ဟံသာဝတီကို ပို့ပါလိမ့်မယ်...အခုကတော့ ဘုရင်မင်းမြတ်နဲ့ မိဖုရားများ၊ သားတော်၊ သမီးတော်များကို ပို့ဆောင်မှာပါ”

“အကြီးတော်ကရော..ဘယ်တော့လိုက်လာမှာလဲ”

“ကျွန်တော်မျိုးကိုက ဥပရာဇာက အင်းဝနန်းတွင်းဆိုင်ရာပစ္စည်းတွေ၊ စစ်လက်နက်သိမ်းဆည်းရေးကိစ္စ၊ အုပ်ချုပ်ရေးကိစ္စ တွေမှာ မေးစရာမြန်းစရာတွေ ရှိနေတာမို့...ခဏတော့ အင်းမှာ ခေါ်ထားဉီးမယ်..ပြောပါတယ်..ကျန်တာတော့ မသိရသေးပါ..အရှင်”

မိဖုရားသုံးပါး၏ ဝေါယာဉ်များက သူတို့ဘေးတွင် လာရပ်သည်။

တညလုံး ငိုကြွေးထားသည့်အတွက် မိဖုရားခေါင်ကြီးမဟာရာဓိန္ဒာဓိပတိဒေဝီ မိဖုရားခေါင်ကြီး၏ မျက်လုံးများမှာ ဖောင်းအစ်နေသည်။

မြို့ကြီးမြို့စားလင်ဇင်းမိဖုရားက မူ မှိုင်းသဲသဲလှေကြီးပေါ်မှ တလူလူလွင့်နေသော ဟံသာဝတီ အလံကို စူးစူးစိုက်စိုက်ကြည့်နေ၏။

“အချိန်ကျပါပြီ...ဘုရင်မင်းမြတ်”

ဟံသာဝတီဗိုလ်ချုပ်စောဗြ က လက်အုပ်ချီလျက် ရောက်လာသည်။

မိဖုရားခေါင်ကြီးမှာ ခြေလှမ်းတို့ ယိုင်းယိုင်နေ၏။

နဘေးမှ ရံရွှေတော်များက တွဲထားရသည်။

 ပိန်ပိန်ပါးပါးခန္ဓာကိုယ်ရှိသော လင်ဇင်းမိဖုရားက မိဖုရားမှာ မျက်နှာကို မော့ကာ အံကိုကြိတ်ထား၏။

လင်ဇင်းသွေးဖြစ်သဖြင့် ဖြူဥသောအသားအရည်မှာ နေရောင်ခြည်နှင့် ဒေါသစိတ်၊ မခံချင်စိတ်တို့ ပေါင်းစပ်လျက် နီရဲတက်နေသည်။

ဟံသာဝတီအလံတော်က တလူလူလွင့်မြဲ။

ခပ်လှမ်းလှမ်းကုန်ပေါ်တွင် တလပန်း နှင့် လွီဇာက မြင်ကွင်းကို ငေးကြည့်နေကြသည်။

“ဟိုးလွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက..အင်းဝနန်းတော်ကြီးထဲမှာ သိပ်ကို ခမ်းနားထည်ဝါခဲ့တဲ့ ရှင်ဘုရင်တစ်ပါးကို..ကျွန်မတွေ့ခဲ့ရဖူးတယ်..ဒါပေမယ့်..အခုလိုမျိုး သူ့ရဲ့ ကျဆုံးခန်းကို ကြည့်နေရလိမ့်မယ်လို့တော့ မထင်မိဘူး..ဗိုလ်မင်း...”

တလပန်းက သက်ပြင်းချလိုက်သည်။

“စစ်ပွဲဆိုတာ ဒါပါပဲ..လွီဇာ...လူသားတွေရှိနေသမျှ စစ်ပွဲတွေက ဘယ်တော့မှ မပြီးနိုင်သေးဘူး..ကျုပ်လည်း မကြာခင် စစ်ပွဲထဲ ပြန်သွားရဉီးမယ်”

“စစ်ပွဲထဲ..ဟုတ်လား...ဘယ်သူ့ကို ထပ်တိုက်ရဉီးမှာလဲ”

“ဥပရာဇာက..နောက်တပတ်နေရင်..ဟံသာဝတီကို ပြန်လိမ့်မယ်...မဟာဓမ္မရာဇာဓိပတိကို ဟံသာဝတီကို ပို့ပြီးတဲ့အခါ...အယုဒ္ဓယက အချိန်မရွေးလာတိုက်မှာကို ဉီးအောင်လှ က စိုးရိမ်နေတယ်... ဥပရာဇာကလည်း အဲ့ဒါကို စိတ်ပူနေတယ်..ဒါကြောင့် ဥပရာဇာတပ်တွေ ဟံသာဝတီကို ပြန်လိမ့်မယ်...ကျုပ်နဲ့ သမိန်ဇိတ်ပြဲ တပ်တွေ ကျန်ခဲ့ရလိမ့်မယ်”

“အင်းဝ ကို သိမ်းပြီးတာမှ ရက်ပိုင်းပဲ ရှိသေးတယ်...ဥပရာဇာ..ပြန်လို့ဖြစ်ပါ့မလား”

တလပန်းက သက်ပြင်းချလိုက်သည်။

“ကျုပ်လည်း တားချင်ပါတယ်..ဒါပေမယ့်..ဥပရာဇာရှိနေရင်..အင်းဝမြို့ဟာ ဒီထက်ပိုပျက်စီးလိမ့်မယ်.. သူ့ အမိန့်နဲ့ အရင် အင်းဝဘုရင်တွေ ဆောက်ထားသမျှ အကုန်လုံးကို မီးတိုက်နေတာ..ခင်ဗျားအမြင်ပဲ မဟုတ်လား..လွီဇာ..ပြီးတော့..အင်းဝသားတွေမှန်သမျှကို ဖမ်းပြီး သျှောင်ထုံးတွေဖြုတ်ပြီး မွန်ဆံဖြတ်ပေးနေတယ်...အဲ့ဒါတွေက စစ်ပွဲအတွက် အရေးမှမပါပဲ..တကယ်ဆို...ကိုယ်က နိုင်နေတဲ့သူ...ဒီတော့..မတတ်သာလို့ ကျန်နေရစ်တဲ့ ပြည်သူကို ကိုယ့်ဘက် သဘောထားကြီးမှုကို ပြကြရမှာပေါ့...အခု သူမရှိတော့ပဲ...ကျုပ်လက်ထဲမှာ အင်းဝကို ထားခဲ့မယ်ဆိုတော့..ဒါလည်း ကောင်းတာပဲမဟုတ်လား”

လွီဇာက တလပန်း၏ စကားကို ခေါင်းညိတ်လိုက်သည်။

“ဒါနဲ့...ရှင်..စစ်ဆက်တိုက်ရဉီးမယ်ဆိုတာကရော”

“အင်းဝကို ကျုပ်တို့ ရပြီးခဲ့ပြီ...ကိုးသိန်းသခင်ကိုလည်း ဖမ်းမိခဲ့ပြီ..ဒါပေမယ့်...ကျန်နေသေးတာ..စည်သာမင်းကြီးဉီးစည်းစိမ်ပဲ...သူ့ကို ရှာရဉီးမယ်...နောက်ပြီးတော့ မုဆိုးဖိုဆိုတဲ့ရွာ.....အဲ့ဒီရွာသူကြီးဟာ စည်သာမင်းကြီးရဲ့ ဆွေမျိုးလို့ သိရတယ်....ခင်ဉီးစားချစ်ညိုလိုမျိုးလူတောင် ကျုပ်တို့ဆီမှာ သစ္စာခံခဲ့ပြီးပြီ....မုဆိုးဖိုရွာသူကြီးက အင်းဝကို အခုထိရောက်မလာဘူး...သူ့ရွာမှာပဲ အလုံပိတ်နေနေတယ်...ဒါဟာ ဟံသာဝတီဘုရင်ရဲ့ အာဏာစက်ကို မလေးမခန့်လုပ်နေတာပဲ..မဟုတ်လား..ကွေ့တွေလိုပဲ..မုဆိုးဖို ဟာလည်း ဟံသာဝတီရဲ့ အန္တရာယ်ဖြစ်လာနိုင်တယ်”

“မုဆိုးဖိုရွာသူကြီး ဟုတ်လား”

“ဟုတ်တယ်...လွီဇာ”

“ဒါဆို...အောင်ဇေယျပဲပေါ့”

“လွီဇာ က သူကို သိလို့လား”

လွီဇာက စကားပြန်မပြောပဲ..လှစ်ခနဲ ပြုံးလိုက်သည်။

ဟိုးအနောက်ဘက်တွင်တော့ မီးရှို့ဖျက်ဆီးခံထားရသည့် မဟာဓမ္မရာဇာဓိပတိ၏ ကုသိုလ်တော် မှန်စီကျောင်းတော်ကြီးထံမှ မီးခိုးများကြောင့် အင်းဝ၏ ကောင်းကင်ပြင်ကြီးသည် မဲမှောင်နေတော့၏။

ခက်ဇော်

(Zawgyi)

AVA 1740s (Season 2)

                                                                       အခန္း(၃၆)

                                                             ......................................................

“ဟုတ္တယ္..က်ဳပ္..ျမတ္ထားသီရိ ကို လာကယ္တာ..လြီဇာ”

“ျမတ္ထားသီရိ ဆိုတာ”

“ဘုရင့္ကိုယ္လုပ္ေတာ္တစ္ေယာက္ပဲ...ကိုယ္လုပ္ေတာ္ေတြကို နန္းတြင္း ဘယ္ေနရာမွာ ထားထားလဲ..က်ဳပ္ ကို ေျပာျပေပးပါ..လြီဇာ”

လြီဇာက ေခတၱမွ် ၿငိမ္သက္ေနသည္။

“သူက ရွင့္အတြက္ ဘယ္ေလာက္ေတာင္ အေရးႀကီးေနလို႔လဲ..ေမာင္ႀကီး”

“မုဆိုးဖိုကေန အင္းဝကို က်ဳပ္ လမ္းမွာ လုံးဝမနားပဲ..ျမင္းနဲ႔ လာခဲ့ရတာ”

“ရွင့္အတြက္ ကြၽန္မေလာက္ သူက အေရးႀကီးသလား”

ငတြန္က သက္ျပင္းခ်လိုက္သည္။

ထို႔ေနာက္ လြီဇာ၏ ပုခုံးကို လက္ႏွစ္ဖက္ျဖင့္ ဆုပ္ကိုင္လိုက္၏။

“အဲ့ဒီ..ေမးခြန္းကို က်ဳပ္မေျဖပါရေစနဲ႔လား..လြီဇာ...က်ဳပ္ကို ကူညီပါ”

အရပ္ခ်င္းမတိမ္းမယိမ္းမို႔ လြီဇာက ငတြန္၏ ပုခုံးကို လက္ျဖင့္သိမ္းဖက္ကာ ႏႈတ္ခမ္းမ်ားကို နမ္းလိုက္၏။

ထို႔ေနာက္ လူခ်င္းခြာလိုက္သည္။

“ဟုတ္ၿပီ..ကြၽန္မ ကူညီမယ္...ဒါေပမယ့္..နန္းေတာ္ထဲကို ရွင္မသြားရဘူး..ရွင့္အတြက္ အႏၲရာယ္ရွိတယ္”

“က်ဳပ္ မသြားပဲ..ျမတ္ထားကို ဘယ္လိုကယ္ရမွာလဲ..လြီဇာ”

“ျမတ္ထား တဲ့လား....”

လြီဇာ၏ ႏႈတ္မွ ခပ္တိုးတိုးေရ႐ြတ္လိုက္သည္။

“ဒီမယ္..ေမာင္ႀကီး..အခုခ်ိန္က ဟံသာဝတီစစ္သားေတြက နန္တြင္းထဲ ဝင္လာသူမွန္သမွ်ကို ဖမ္းဆီးစစ္ေဆးမွာပဲ..မသကၤာရင္ သတ္ေတာင္သတ္ပစ္ႏိုင္တယ္”

“က်ဳပ္ ေသမွာ မေၾကာက္ဘူး”

“ဪ..ဒီေလာက္ေတာင္ပဲလား..ေမာင္ႀကီးရယ္...ေမာင္ႀကီးက ေသမွာမေၾကာက္ေပမယ့္..ေမာင္ႀကီး ေသမွာကိုေတာ့ ကြၽန္မေၾကာက္တယ္...ဒါေၾကာင့္..ေမာင္ႀကီးရဲ႕ ျမတ္ထားကို ကြၽန္မ ရေအာင္ ကယ္ခဲ့မယ္..ေမာင္ႀကီး..ဒီမွာေနခဲ့ပါ”

“အဲ့ဒီလို မဟုတ္ဘူး..လြီဇာ”

“စိတ္ခ်ပါ...မၾကာခင္  ျမတ္ထားသီရိ..ေမာင္ႀကီးဆီ ေရာက္လာေစရပါ့မယ္..ငေလွး နဲ႔ မယ္ဖူး လာၾကဉီး”

အိမ္ေအာက္ထပ္တြင္ရွိေနေသာ ငေလွးႏွင့္ မယ္ဖူးတို႔ လင္မယားက ေျပးတက္လာၾကသည္။

“ငေလွးက အက်ႌႏွစ္ထပ္၊ ပုဆိုးႏွစ္ထပ္ဝတ္ခဲ့၊ ခေမာက္ေဆာင္းခဲ့..ငါတို႔ ခဏေန နန္းတြင္းထဲ သြားၾကမယ္”

.............................................................................

“ဘယ္သြားၾကမလို႔လဲ”

“ဟံသာဝတီကအေရးႀကီးကိစၥရွိလို႔ ဗိုလ္ခ်ဳပ္တလပန္းဆီ သြားေတြ႕မလို႔ပဲ”

နန္းၿမိဳ႕အဝင္ရွိ တံခါးေစာင့္မ်ားကို လြီဇာက ခပ္မာမာပင္ျပန္ေျဖလိုက္သည္။

လြီဇာကို သိေနေသာ ေသြးေသာက္ႀကီးတစ္ဉီးက တံခါးေစာင့္ကို ကပ္ေျပာလိုက္၏။

“ဟုတ္ကဲ့..ကြၽန္ေတာ္မ်ိဳးတို႔က အစက ဘယ္သူမွန္း မသိလို႔ပါ..မမလြီဇာ..ခြင့္လႊတ္ေပးပါ”

တံခါးေစာင့္စစ္သည္က ႐ို႐ိုက်ိဳးက်ိဳး။

လြီဇာက သူ႔လက္ထဲမွ ဂင္ဇာေငြတုံးႏွစ္တုံးကို ေပးလိုက္သည္။

“မင္းတို႔လည္း ပင္ပန္းလွၿပီ..ဒါေလး ခြဲယူၾက”

လြီဇာ ၊ ငေလွးႏွင့္ မယ္ဖူးတို႔ နန္းတြင္းထဲသို႔ ဝင္လာၾကသည္။

ၿဗဲတိုက္ ေပၚတြင္ ရွိေနေသာ တလပန္းဆီသို႔ သြားၾက၏။

“လြီဇာ...ဒီအခ်ိန္ႀကီး ဘာကိစၥရွိလို႔လဲ”

“ဂမုန္းက ရွင့္အတြက္ေပးလိုက္တဲ့ လက္ဖြဲ႕ကို လာမယူေသးလို႔..ကြၽန္မ လာလိုက္ေပးတာေလ..ဗိုလ္မင္းရဲ႕”

တလပန္းမ်က္ႏွာက ၿပဳံးၿဖီးသြား၏။

“ကြၽန္ေတာ္လည္း လာယူမလို႔ပဲ...လြီဇာ..ဒီမွာ မအားေသးတာနဲ႔”

လြီဇာက တလပန္း၏ လက္ထဲသို႔ ေ႐ႊၾကဳတ္ေလးတစ္ခုကို ထည့္ေပးလိုက္သည္။

တလပန္းက ေ႐ႊၾကဳတ္ကေလး ကို တမက္တေမာ ၾကည့္ရႈ႕ေနသည္။

“ဒါနဲ႔...ကိုယ္လုပ္ေတာ္ေတြကို ဘယ္မွာ စုစည္းထားလဲ...ဗိုလ္မင္း”

“ဘာျဖစ္လို႔လဲ..လြီဇာ”

“ကြၽန္မ ေတြ႕ခ်င္တဲ့ သူတစ္ေယာက္ရွိလို႔”

“မေနာရမၼံဥယ်ာဥ္အေနာက္က ေရနန္းေဆာင္မွာ မိန္းမစိုးေတြနဲ႔ စုထားတယ္”

“ကိုယ္လုပ္ေတာ္ေတြကိုေရာ...ေသခ်ာ စာရင္းလုပ္ထားတာမ်ိဳးရွိေသးလား”

“အင္း..မိဖုရားေတြကိုပဲ..ေသခ်ာအေစာင့္အေရွာက္နဲ႔ စာရင္းလုပ္ထားပါတယ္..ကိုယ္လုပ္ေတာ္ေတြကိုေတာ့ ဒီတိုင္းပဲ...ေရနန္းေဆာင္မွာ စုထားတယ္”

“အရင္ အင္းဝမွာ ေနခဲ့တုန္းက ကြၽန္မအေပၚ ေက်းဇူးရွိခဲ့တဲ့ ကိုယ္လုပ္ေတာ္တစ္ေယာက္ကို သြားေတြ႕ခ်င္လို႔..ရမလား”

“အင္း..ရပါတယ္...အေစာင့္ေတြကလည္း ခင္ဗ်ားကို သိေနတာပဲ..လြီဇာ..ေျပာသြားလိုက္ပါ...တခုခုဆို ကြၽန္ေတာ္ခြင့္ျပဳတာလို႔ ေျပာလိုက္”

“ေက်းဇူးတင္ပါတယ္..ဗိုလ္မင္း...ဪ..ဒါနဲ႔...သူတို႔လင္မယားက ကြၽန္မရဲ႕ လက္စြဲေတာ္လင္မယားေနာ္..သူက ငေလွး၊ သူက မယ္ဖူးတဲ့..အင္းဝနဲ႔ ပတ္သက္တဲ့ တခ်ိဳ႕ကိစၥေတြဆို သူတို႔ကို ေမးလည္းရတယ္”

တလပန္းက ငေလွးႏွင့္ မယ္ဖူးတို႔ကို ေသခ်ာၾကည့္လိုက္သည္။

“ကဲ..ဒါဆို ကြၽန္မ သြားလိုက္ဉီးမယ္”

တလပန္းက ဂမုန္းေပးလိုက္သည့္ အေဆာင္ၾကဳတ္ကေလးကို တစိမ့္စိမ့္ၾကည့္ကာ က်န္ရစ္၏။

..............................................................................................

အေရးမႀကီးလွသည့္ ကိုယ္လုပ္ေတာ္မိန္းမမ်ား၊ နန္းတြင္းသူမ်ားကို ထားရွိရာေနရာမို႔ ေရနန္းေဆာင္သည့္ အေစာင့္အၾကပ္မရွိ။

ေရနန္းေဆာင္ဆိုသည့္အတိုင္း ေရပတ္လည္စီးဆင္းေနေသာ ကန္ငယ္ထဲတြင္ ထိုးထားေသာ တံတားေလးမ်ားအတိုင္း ေလွ်ာက္သြားရသည္။

႐ုတ္တရက္ဝင္လာေသာ လြီဇာေၾကာင့္ မိန္းမစိုးမ်ားႏွင့္ ကိုယ္လုပ္ေတာ္မ်ား အံဩသြားၾကသည္။

ဟံသာဝတီ ဥပရာဇာက သူတို႔၏ အနာဂတ္ကို မည္သို႔ ဆုံးျဖတ္မည္ကို မသိရေသးသျဖင့္ သူတို႔အားလုံး၏ မ်က္ႏွာမ်ားမွာ ညႇိးငယ္ေနၾကသည္။

အျမင့္ၿမိဳ႕ဝန္ကေတာ္ မိန္းမစိုးႀကီး ေဒၚစာ က လြီဇာကို မွတ္မိသြား၏။

လြီဇာ မတ္တပ္ရပ္ေနရာသို႔ ထလာသည္။

“ကုန္သည္ေတာ္ႀကီး..မေတြ႕တာေတာင္..ၾကာပေနာ့”

“ေဒၚစာ..ဆံပင္ေတြေတာင္ ျဖဴလို႔ပါလား”

“မေတြ႕တာ ႏွစ္ေတြလည္း ၾကာၿပီေလ..လြီဇာရယ္..ဒါနဲ႔..အခု က်ဳပ္တို႔ကို ဘာလုပ္မယ္တဲ့လဲ..ဟံသာဝတီေခၚသြားမွာတဲ့လား”

“အင္း..ကြၽန္မလည္း ေသခ်ာမသိပါဘူး..ေဒၚစာ..အခု ကြၽန္မလာတာက ကိုယ္လုပ္ေတာ္တစ္ေယာက္ကို ဒီက ေခၚထုတ္သြားဖို႔”

“ဟင္”

“ျမတ္ထားသီရိ ဆိုတာ ဘယ္တစ္ေယာက္လဲ”

ေဒၚစာက ပတ္ဝန္းက်င္ကို တစ္ခ်က္ၾကည့္လိုက္သည္။

အားလုံးက သူတို႔ ႏွစ္ဉီးကို အာ႐ုံစိုက္ေနၾကမွန္းသိသျဖင့္ ေဒၚစာက ေလသံကို ႏွိမ့္လိုက္သည္။

“ဟိုးေထာင့္က အက်ႌအျဖဴ နဲ႔ တိမ္ေတာင္တက္ဆံထုံးထုံးထားတဲ့ ကေလးမေပါ့...ဘာလဲ..သူ႔အကို နႏၵေဝ က ေခၚထုတ္ခိုင္းလိုက္တာလား”

“ဆိုပါေတာ့....ကြၽန္မ သူ႔ကို ေခၚသြားခ်င္တယ္...ဒါေပမယ့္..တျခားကိုယ္လုပ္ေတာ္ေတြကို ဥပရာဇာက ကိစၥရွိလို႔ ေခၚခိုင္းလိုက္တယ္လို႔တာ...ရွင္ ေျပာေပးလို႔ရမလား..ေဒၚစာ”

လြီဇာက သူ႔လက္မွ ေ႐ႊလက္စြပ္ကို အသာခြၽတ္ၿပီး မိန္းမစိုးေဒၚစာ၏ လက္ထဲသို႔ ထိုးထည့္ေပးလိုက္သည္။

“အင္း..ရပါတယ္...က်ဳပ္လည္း ျမတ္ထားသီရိကို ဟံသာဝတီတို႔ ဘာတို႔ အေဝးႀကီး သြားရမယ့္..ကိစၥမ်ိဳး မျဖစ္ေစခ်င္ဘူး...သူ ဒုကၡမ်ားလိမ့္မယ္....ဒီလိုလုပ္..ဟိုးအေရွ႕ က တင္းတိမ္ကာထားတဲ့ အေဆာင္ေလးေတြ႕လား..အဲ့ဒါ မိဖုရားေတြ ေရလာကစားရင္ အဝတ္လဲတဲ့အေဆာင္ပဲ..အဲ့ဒီမွာ ခဏသြားေစာင့္...သူ႔ကို လႊတ္ေပးလိုက္မယ္”

ခဏအၾကာတြင္ လြီဇာတို႔ ေစာင့္ဆိုင္းရာေနရာသို႔ ျမတ္ထားသီရိ ႏွင့္ ေဒၚစာတို႔ ေရာက္လာသည္။

ငေလွးက ႏွစ္ထပ္ဝတ္လာသည့္ထဲမွ အက်ႌႏွင့္ ပုဆိုးကို အသင့္ခြၽတ္ထားၿပီးျဖစ္သည္။

“ကဲ..ျမတ္ထားသီရိ...အခ်ိန္မရွိဘူး..ဒီအဝတ္အစားေတြ အျမန္လဲေခ်..နန္းေတာ္တံခါးႀကီ မပိတ္ခ်ခင္...တို႔ ထြက္မွရမယ္”

ျမတ္ထားသီရိက လြီဇာကို ျပဴးေၾကာင္ေၾကာင္ျဖင့္ ၾကည့္ေနသည္။

“အကိုႀကီး နႏၵေဝ ဘယ္မွာလဲ”

“ကဲ..ေနာက္မွ စကားေျပာ..လုပ္စရာရွိတာ..လုပ္ေခ်..သြား..ဆံထုံးႀကီးကို ျဖည္ၿပီး ေသွ်ာင္ပုံစံ ထုံးလာခဲ့”

ေယာက္်ားအဝတ္အစားမ်ားကို ျမတ္ထားသီရိ၏ လက္ထဲသို႔ လြီဇာက ထိုးထည့္ေပးလိုက္၏။

ျမတ္ထားသီရိက တင္းတိမ္ကာထားသည့္ အဝတ္လဲခန္းထဲသို႔ ဝင္သြားသည္။

အခ်ိန္အတန္ၾကာၿပီးေနာက္ ျမတ္ထားသီရိ ျပန္ထြက္လာသည္။

တိမ္ေတာင္တက္ဆံထုံးသည္ ဖေယာင္း၊ ပြဲလ်က္ရည္တမ်ိဳးတို႔ျဖင့္ ပုံစံသြင္းကာ အဖ်ားေကာ့ထားရျခင္းျဖစ္သျဖင့္ ဆံပင္မ်ားမွာ ပုံမက်ပဲ ထိုးထိုးေထာင္ေထာင္ျဖစ္ေန၏။

လြီဇာက ငေလွးေဆာင္းထားေသာ ခေမာက္ကိုယူကာ ျမတ္ထားသီရိအေပၚတြင္ ေဆာင္းေပးလိုက္သည္။

“ကဲ..ငေလွး..ေျပာထားတဲ့အတိုင္းပဲ....နင္ ဒီညေတာ့ နန္းေတာ္ထဲ က တေခ်ာင္ေခ်ာင္မွာ ခိုကပ္ၿပီး အိပ္လိုက္ေတာ့....ရဲမက္ေတြ ေတြ႕ရင္လည္း ဗိုလ္မင္းတလပန္း ဆီသာ ပို႔ခိုင္း...ဗိုလ္မင္းက နင့္ကို ငါ့လူဆိုတာ သိၿပီးသားပဲ..မနက္က်မွ နန္းေတာ္ထဲက ထြက္ၿပီး အိမ္ျပန္လာခဲ့ေတာ့..ဟုတ္ၿပီလား”

မယ္ဖူးက ငေလွး၏ လက္ေမာင္းကို ကိုင္ၿပီး လြီဇာကို ၾကည့္ေနသည္။

“ကဲ..မယ္ဖူး..နင့္လင္က လူလည္ပါ...ဟိန္ဘုန္းႀကီးဂိုဏ္းနဲ႔ ဓါးျပေတာင္လုပ္ခဲ့ေသးတာပဲ..ဒီေလာက္ေတာ့ သူလည္း ရပါတယ္...စိတ္ပူမေနနဲ႔...သြားၾကမယ္”

“လြီဇာ..ခဏေနဉီး...အေရးႀကီးတာတစ္ခု ေျပာစရာရွိတယ္”

ေဒၚစာက လြီဇာ၏ လက္ကို ဆြဲလိုက္ၿပီး..နားနားသို႔ ကပ္ကာ တီးတိုးေျပာလိုက္၏။

............................................................................................................................

အိမ္ၿခံဝန္းအတြင္း ဝင္လာေသာ လြီဇာတို႔ကို ျမင္သည္ႏွင့္ ငတြန္က ေလွကားရင္းသို႔ ေျပးဆင္းလာသည္။

“ဘယ္မလဲ..ျမတ္ထားသီရိ”

လြီဇာက ေယာက္်ားအဝတ္အစားမ်ားဝတ္ထားသည့္ ျမတ္ထားသီရိ၏ ခေမာက္ကို ခြၽတ္ျပလိုက္သည္။

“ျမတ္ထား”

ျမတ္ထားသီရိက ငတြန္ကို ျမင္လိုက္ရသျဖင့္ အံဩသြား၏။

“ရွင္..ရွင္ ေမာင္ႀကီးငတြန္”

ျမတ္ထားသီရိ၏ ေခၚပုံေၾကာင့္ လြီဇာ မ်က္ႏွာပ်က္သြားသည္။

ေမာင္ႀကီးငတြန္ ဆိုသည္မွာ ငတြန႔္ကို သူ ေခၚေနက် နာမည္မဟုတ္လား။

“ကြၽန္မကို ေျပာေတာ့...အကိုနႏၵေဝက ကယ္ခိုင္းတာဆို..အခုက ဘယ္လိုေတြျဖစ္တာလဲ”

ျမတ္ထားသီရိ အသံက က်ယ္သြားသည္။

လြီဇာက ႏႈတ္ခမ္းကို လက္ညႇိးႏွင့္ ကပ္ခါ သတိေပးလိုက္၏။

“ဘယ္သူ ကယ္ကယ္...မင္း သုံ႔ပန္းဘဝက လြတ္ရင္ၿပီးတာပဲမဟုတ္လား..မိန္းကေလး”

“ကြၽန္မက....”

“ကဲ..ဒီမွာ ေဟာ့ဒီက ေမာင္ႀကီးငတြန္ေရာ....ငါတို႔ေရာ...မင္းကို အသက္နဲ႔ရင္းၿပီး နန္းေတာ္ထဲက ကယ္ခဲ့ၾကတာ....မင္းက ဘာေတြမ်ား ျဖစ္ေနရတာလဲ”

လြီဇာ၏ အသံက တင္းမာသြားသည္။

“ကဲ..ေမာင္ႀကီးငတြန္...သူ႔ကို ေခၚသြားလို႔ရပါၿပီ”

ငတြန္က လြီဇာ ေရွ႕တြင္ မတ္တပ္ရပ္လိုက္သည္။ ထို႔ေနာက္ လြီဇာ၏ လက္ႏွစ္ဖက္ကို ကိုင္လိုက္၏။

“ေက်းဇူးတင္ပါတယ္...လြီဇာ”

လြီဇာက ငတြန္၏ လက္မ်ားကို ႐ုန္းဖယ္လိုက္သည္။

“အရမ္းညဥ့္နက္သြားရင္..ၿမိဳ႕တံခါးက ထြက္ဖို႔ ခက္လိမ့္မယ္..ေမာင္ႀကီးတို႔..သြားၾကပါေတာ့”

ငတြန္က အံကိုႀကိတ္ကာ ေခါင္းငုံ႔ထားသည္။

“ငါ..မင္းကို ခ်စ္ပါတယ္..လြီဇာ”

ငတြန္ လွည့္ထြက္သြား၏။

ျမတ္ထားသီရိက ငတြန္ေနာက္မွ လိုက္လာသည္။

“ျမင္းေပၚတက္..ျမတ္ထား”

ျမင္းေဘးတြင္ ျမတ္ထားသီရိက တြန႔္ဆုတ္ေန၏။

လြီဇာက သူတို႔ေနာက္မွ ကမန္းကတန္းလိုက္လာသည္။

“ေမာင္ႀကီးငတြန္...သူ႔ကို ေမာင္ႀကီးကိုယ္တိုင္ ျမင္းေပၚ ေပြ႕တင္ေပးမွျဖစ္မယ္”

“ဘာျဖစ္လို႔လဲ..လြီဇာ”

“သူ႔မွာ ရွင္ဘုရင္နဲ႔ ရထားတဲ့ ကိုယ္ဝန္ရွိေနတယ္....သူ႔ကို ေသခ်ာဂ႐ုစိုက္ေပးပါ..ေမာင္ႀကီး”

လြီဇာက ထိုသို႔ေျပာၿပီး ေက်ာခိုင္းလွည့္ထြက္လိုက္သည္။ မ်က္ရည္ေပါက္ တစက္က လြီဇာ၏ မ်က္ဝန္းတြင္ ေဝ့ခနဲ။

 ျမင္းေပၚမွ ငတြန္၏ ရင္ခြင္က်ယ္ႀကီးထဲတြင္ ရွိေနမည့္ ျမတ္ထားသီရိကို လြီဇာ မျမင္လိုခဲ့။

လြန္ခဲ့ေသာ ႏုပ်ိဴစဥ္ကာလမ်ားကလည္း ထိုကဲ့သို႔ပင္။

 ငတြန္၏ျမင္းေပၚတြင္ လြီဇာထိုင္ရင္း ငတြန္၏ ရင္ခြင္ထဲသို႔ သူမေခါင္းတိုးကာ ... ထန္းရည္နံ႔ႏွင့္ ေခြၽးနံ႔မ်ားကို ရႈရႈိက္ရင္း... အခ်စ္ဇာတ္လမ္းေလးတပုဒ္ စခဲ့ၾကသည္မဟုတ္လား။

..........................................................................................................

၁၇၅၂ ခုႏွစ္ မတ္လ ၁၈ ရက္ေန႔။

မီးေသြးတိုက္ဆိပ္ကမ္း။

အင္းဝေရတပ္၏ အထိမ္းအမွတ္ျဖစ္ေသာ မႈိင္းသဲသဲ တိုက္ေလွႀကီး ေပၚတြင္ ဟံသာဝတီ ဟသၤာ႐ုပ္အလံက တလူလူလြင့္ေနသည္။

မႈိင္းသဲသဲေလွႀကီးအေနာက္တြင္ ေလွာ္ကားေလွႀကီးႏွစ္စင္းကို ယွဥ္လ်က္တည္ေဆာက္ထားသည့္ ေဖာင္တစ္စီး။

ထီးျဖဴႏွစ္လက္သာ အမိုးခံထားရသည့္ မဟာဓမၼရာဇာဓိပတိမင္းသည္ မၾကာမီကမွ ျပဳျပင္ထားသည့္ မီးေသြးတိုက္ဆိပ္ခံတံတားေပၚတြင္ မတ္တပ္ရပ္လိုက္သည္။

ဝန္ႀကီးပေဒသရာဇာက ကြမ္းအစ္ကို ပိုက္လ်က္ ေဘးတြင္ ရပ္ေန၏။

“ဘေထြးေတာ္..ကေရာ...ကိုယ္ေတာ္တို႔နဲ႔အတူ ပါလာမွာလား..အႀကီးေတာ္”

“ဟံသာဝတီဥပရာဇာ ရဲ႕ အမိန႔္အရေတာ့...ကိုးသိန္းသခင္ နဲ႔ ႏွမေတာ္ေျမတူးမင္းသမီး ကိုေတာ့ ေနာက္ႏွစ္ရက္ေနမွ ေလွေတာ္နဲ႔အတူ ဟံသာဝတီကို ပို႔ပါလိမ့္မယ္...အခုကေတာ့ ဘုရင္မင္းျမတ္နဲ႔ မိဖုရားမ်ား၊ သားေတာ္၊ သမီးေတာ္မ်ားကို ပို႔ေဆာင္မွာပါ”

“အႀကီးေတာ္ကေရာ..ဘယ္ေတာ့လိုက္လာမွာလဲ”

“ကြၽန္ေတာ္မ်ိဳးကိုက ဥပရာဇာက အင္းဝနန္းတြင္းဆိုင္ရာပစၥည္းေတြ၊ စစ္လက္နက္သိမ္းဆည္းေရးကိစၥ၊ အုပ္ခ်ဳပ္ေရးကိစၥ ေတြမွာ ေမးစရာျမန္းစရာေတြ ရွိေနတာမို႔...ခဏေတာ့ အင္းမွာ ေခၚထားဉီးမယ္..ေျပာပါတယ္..က်န္တာေတာ့ မသိရေသးပါ..အရွင္”

မိဖုရားသုံးပါး၏ ေဝါယာဥ္မ်ားက သူတို႔ေဘးတြင္ လာရပ္သည္။

တညလုံး ငိုေႂကြးထားသည့္အတြက္ မိဖုရားေခါင္ႀကီးမဟာရာဓိႏၵာဓိပတိေဒဝီ မိဖုရားေခါင္ႀကီး၏ မ်က္လုံးမ်ားမွာ ေဖာင္းအစ္ေနသည္။

ၿမိဳ႕ႀကီးၿမိဳ႕စားလင္ဇင္းမိဖုရားက မူ မႈိင္းသဲသဲေလွႀကီးေပၚမွ တလူလူလြင့္ေနေသာ ဟံသာဝတီ အလံကို စူးစူးစိုက္စိုက္ၾကည့္ေန၏။

“အခ်ိန္က်ပါၿပီ...ဘုရင္မင္းျမတ္”

ဟံသာဝတီဗိုလ္ခ်ဳပ္ေစာျဗ က လက္အုပ္ခ်ီလ်က္ ေရာက္လာသည္။

မိဖုရားေခါင္ႀကီးမွာ ေျခလွမ္းတို႔ ယိုင္းယိုင္ေန၏။

နေဘးမွ ရံေ႐ႊေတာ္မ်ားက တြဲထားရသည္။

 ပိန္ပိန္ပါးပါးခႏၶာကိုယ္ရွိေသာ လင္ဇင္းမိဖုရားက မိဖုရားမွာ မ်က္ႏွာကို ေမာ့ကာ အံကိုႀကိတ္ထား၏။

လင္ဇင္းေသြးျဖစ္သျဖင့္ ျဖဴဥေသာအသားအရည္မွာ ေနေရာင္ျခည္ႏွင့္ ေဒါသစိတ္၊ မခံခ်င္စိတ္တို႔ ေပါင္းစပ္လ်က္ နီရဲတက္ေနသည္။

ဟံသာဝတီအလံေတာ္က တလူလူလြင့္ၿမဲ။

ခပ္လွမ္းလွမ္းကုန္ေပၚတြင္ တလပန္း ႏွင့္ လြီဇာက ျမင္ကြင္းကို ေငးၾကည့္ေနၾကသည္။

“ဟိုးလြန္ခဲ့တဲ့ ဆယ္စုႏွစ္ေတြက..အင္းဝနန္းေတာ္ႀကီးထဲမွာ သိပ္ကို ခမ္းနားထည္ဝါခဲ့တဲ့ ရွင္ဘုရင္တစ္ပါးကို..ကြၽန္မေတြ႕ခဲ့ရဖူးတယ္..ဒါေပမယ့္..အခုလိုမ်ိဳး သူ႔ရဲ႕ က်ဆုံးခန္းကို ၾကည့္ေနရလိမ့္မယ္လို႔ေတာ့ မထင္မိဘူး..ဗိုလ္မင္း...”

တလပန္းက သက္ျပင္းခ်လိုက္သည္။

“စစ္ပြဲဆိုတာ ဒါပါပဲ..လြီဇာ...လူသားေတြရွိေနသမွ် စစ္ပြဲေတြက ဘယ္ေတာ့မွ မၿပီးႏိုင္ေသးဘူး..က်ဳပ္လည္း မၾကာခင္ စစ္ပြဲထဲ ျပန္သြားရဉီးမယ္”

“စစ္ပြဲထဲ..ဟုတ္လား...ဘယ္သူ႔ကို ထပ္တိုက္ရဉီးမွာလဲ”

“ဥပရာဇာက..ေနာက္တပတ္ေနရင္..ဟံသာဝတီကို ျပန္လိမ့္မယ္...မဟာဓမၼရာဇာဓိပတိကို ဟံသာဝတီကို ပို႔ၿပီးတဲ့အခါ...အယုဒၶယက အခ်ိန္မေ႐ြးလာတိုက္မွာကို ဉီးေအာင္လွ က စိုးရိမ္ေနတယ္... ဥပရာဇာကလည္း အဲ့ဒါကို စိတ္ပူေနတယ္..ဒါေၾကာင့္ ဥပရာဇာတပ္ေတြ ဟံသာဝတီကို ျပန္လိမ့္မယ္...က်ဳပ္နဲ႔ သမိန္ဇိတ္ၿပဲ တပ္ေတြ က်န္ခဲ့ရလိမ့္မယ္”

“အင္းဝ ကို သိမ္းၿပီးတာမွ ရက္ပိုင္းပဲ ရွိေသးတယ္...ဥပရာဇာ..ျပန္လို႔ျဖစ္ပါ့မလား”

တလပန္းက သက္ျပင္းခ်လိုက္သည္။

“က်ဳပ္လည္း တားခ်င္ပါတယ္..ဒါေပမယ့္..ဥပရာဇာရွိေနရင္..အင္းဝၿမိဳ႕ဟာ ဒီထက္ပိုပ်က္စီးလိမ့္မယ္.. သူ႔ အမိန႔္နဲ႔ အရင္ အင္းဝဘုရင္ေတြ ေဆာက္ထားသမွ် အကုန္လုံးကို မီးတိုက္ေနတာ..ခင္ဗ်ားအျမင္ပဲ မဟုတ္လား..လြီဇာ..ၿပီးေတာ့..အင္းဝသားေတြမွန္သမွ်ကို ဖမ္းၿပီး ေသွ်ာင္ထုံးေတြျဖဳတ္ၿပီး မြန္ဆံျဖတ္ေပးေနတယ္...အဲ့ဒါေတြက စစ္ပြဲအတြက္ အေရးမွမပါပဲ..တကယ္ဆို...ကိုယ္က ႏိုင္ေနတဲ့သူ...ဒီေတာ့..မတတ္သာလို႔ က်န္ေနရစ္တဲ့ ျပည္သူကို ကိုယ့္ဘက္ သေဘာထားႀကီးမႈကို ျပၾကရမွာေပါ့...အခု သူမရွိေတာ့ပဲ...က်ဳပ္လက္ထဲမွာ အင္းဝကို ထားခဲ့မယ္ဆိုေတာ့..ဒါလည္း ေကာင္းတာပဲမဟုတ္လား”

လြီဇာက တလပန္း၏ စကားကို ေခါင္းညိတ္လိုက္သည္။

“ဒါနဲ႔...ရွင္..စစ္ဆက္တိုက္ရဉီးမယ္ဆိုတာကေရာ”

“အင္းဝကို က်ဳပ္တို႔ ရၿပီးခဲ့ၿပီ...ကိုးသိန္းသခင္ကိုလည္း ဖမ္းမိခဲ့ၿပီ..ဒါေပမယ့္...က်န္ေနေသးတာ..စည္သာမင္းႀကီးဉီးစည္းစိမ္ပဲ...သူ႔ကို ရွာရဉီးမယ္...ေနာက္ၿပီးေတာ့ မုဆိုးဖိုဆိုတဲ့႐ြာ.....အဲ့ဒီ႐ြာသူႀကီးဟာ စည္သာမင္းႀကီးရဲ႕ ေဆြမ်ိဳးလို႔ သိရတယ္....ခင္ဉီးစားခ်စ္ညိဳလိုမ်ိဳးလူေတာင္ က်ဳပ္တို႔ဆီမွာ သစၥာခံခဲ့ၿပီးၿပီ....မုဆိုးဖို႐ြာသူႀကီးက အင္းဝကို အခုထိေရာက္မလာဘူး...သူ႔႐ြာမွာပဲ အလုံပိတ္ေနေနတယ္...ဒါဟာ ဟံသာဝတီဘုရင္ရဲ႕ အာဏာစက္ကို မေလးမခန႔္လုပ္ေနတာပဲ..မဟုတ္လား..ေကြ႕ေတြလိုပဲ..မုဆိုးဖို ဟာလည္း ဟံသာဝတီရဲ႕ အႏၲရာယ္ျဖစ္လာႏိုင္တယ္”

“မုဆိုးဖို႐ြာသူႀကီး ဟုတ္လား”

“ဟုတ္တယ္...လြီဇာ”

“ဒါဆို...ေအာင္ေဇယ်ပဲေပါ့”

“လြီဇာ က သူကို သိလို႔လား”

လြီဇာက စကားျပန္မေျပာပဲ..လွစ္ခနဲ ၿပဳံးလိုက္သည္။

ဟိုးအေနာက္ဘက္တြင္ေတာ့ မီးရႈိ႕ဖ်က္ဆီးခံထားရသည့္ မဟာဓမၼရာဇာဓိပတိ၏ ကုသိုလ္ေတာ္ မွန္စီေက်ာင္းေတာ္ႀကီးထံမွ မီးခိုးမ်ားေၾကာင့္ အင္းဝ၏ ေကာင္းကင္ျပင္ႀကီးသည္ မဲေမွာင္ေနေတာ့၏။

ခက္ေဇာ္

Comments

  1. မင်းကိုချစ်ပါတယ် လွီဇာ တဲ့လား
    ငါသာလွီဇာဆို အခုချိန်ငတွန်ခေါင်းရှစ်စိတ်ကွဲနေလောက်ပီ😔🐬🐬

    ReplyDelete
  2. နောက်မှအေးဆေးဖတ်မယ်
    ခုတော့ အချိန်တွေမလောက် လုနေရတယ် 😪

    ReplyDelete
  3. ရေစက်မှ ပင်လယ်ဆီသို့
    -
    သင်ဟာ လက်ထဲမှာရေစက်တစက်ပိုင်ထားတယ်။
    ယနေ့ လူအများကိုအေးချမ်းစေနိုင်တဲ့ ပင်လယ်ကြီးတခုကို တည်ဆောက်နေကြတယ်။
    တကယ်လို့ပင်လယ်တခုမဖြစ်လာသေးဘူးဆိုရင်
    သင့်လက်ထဲက ရေစက်တစက်ကြောင့်ပဲ၊
    အဲဒီရေစက်ဟာလည်း မကြာခင်အလိုလိုခြောက်ခန်းသွားမှာပါ။
    ခုပဲသင့်လက်ကိုကမ်းလိုက်ပါ။

    ReplyDelete

Post a Comment