ကျွန်တော်နှင့် ဝက်ခြံ

 Unicode


ကျွန်တော်နှင့် ဝက်ခြံ

……………..

(၁၆)ရာစုနှစ်က အာရှတိုက်တွင် အင်အားအတောင့်တင်းဆုံး ဒုတိယမြန်မာနိုင်ငံတော်ကြီးကို ထူထောင်ခဲ့သည့် ဟံသာဝတီ ဆင်ဖြူများရှင် ဘုရင့်နောင်ကျော်ထင် အနော်ရထာ လည်း လူပျိုပေါက်ဘဝက ဝက်ခြံပေါက်ဖူးခဲ့မည်။

ထိုနှယ့် စကားလုံးကွန်တိန်နာကြီးဖြင့် အစချီထားပြီး နောက်ပိုင်းကျမှ ဝက်ခြံပေါက်သည့်ကိစြ္စဖင့် အဆုံးသတ်ထားသဖြင့် ကျွန်တော့်အား မဆဲကြပါနှင့်။

တကယ်တော့ ဝက်ခြံ သည် ကျွန်တော်တို့ အားလုံးနှင့် မကင်းရာမကင်းကြောင်းဖြစ်ခဲ့သည်။

pimple သို့မဟုတ်  acne  ဟု အင်္ဂလိပ်လိုခေါ်သော ထိုအဖု၏ မြန်မာနာမည်က အဘယ့်ကြောင့် ဝက်ခြံ ဟု ဖြစ်သွားသည်ကိုလည်း ကျွန်တော်တွေးကြည့်မိဖူးသည်။

ဝက်ခြံသည် အရေပြားပေါ်မှ ချွေးပေါက်ကလေးများတွင် အဆီအိတ်များ ပိတ်သွားခြင်းကြောင့် ဖြစ်ပေါ်လာသည် ဟု ဖတ်ဖူးသည်။

ဝက် ဆိုသည်က အဆီများသည့် သတ္တဝါ။ ခြံ ကတော့ သတ္တဝါတွေကို လှောင်ခတ်ထားသည့်နေရာ။

ဒါကြောင့် အဆီအိတ်တွေ ပိတ်ပြီး ဖြစ်လာတဲ့ အဖုကို ဝက်ခြံ ဟု ရှေးမြန်မာကြီးများက တင်စားခေါ်ဝေါ်ခဲ့လေသလားဟု ကြံဖန်တွေးကြည့်မိသည်။

ကျွန်တော့်တွေးသည့်အတိုင်းမှန်လျင်တော့ ရှေးခေတ်မြန်မာကြီးများသည် ဝက်ခြံရေးရာကျွမ်းကျင်သူတွေ ဖြစ်မှာ သေချာသည်။

ဝက်ခြံသည် အသက်အရွယ်အလိုက်ပြောင်းလဲတတ်သော လူ့စိတ်ကိုပင် ကိုယ်စားပြုနေသည်ဟုလည်း ကျွန်တော်ထင်သည်။

ကျွန်တော် အသက်(၁၃)နှစ်သားလောက်တွင် ဝက်ခြံပေါက်ချင်သည့် ရောဂါထခဲ့ဖူးသည်။

ဝက်ခြံပေါက်ခြင်းသည် လူပျိုဖြစ်လာခြင်း ဟု လူကြီးမိဘများကလည်း သတ်မှတ်ကြသည်။

''ဟာ..ဒီကောင်ကြီးတောင် ဝက်ခြံတွေဘာတွေပေါက်နေပြီ..လူပျိုပေါက်ဖြစ်ပြီပေါ့'' စသဖြင့် ပြောသံကို ကြားရသည့်အခါ ကိုယ့်ကိုကိုယ် ငါ ကလေးမဟုတ်တော့ဆိုသည့် အသိနှင့် မြောက်ကြွကြွဖြစ်ရသည်။

ကိုယ့်ထက် စီနီယာကျသည့် အကိုကြီးများက မျက်နှာမှ ဝက်ခြံအဖုလေးကို သနပ်ခါးသော်လည်းကောင်း၊ ထုံးသော်လည်းကောင်းတို့ထားသည့် စတိုင်လ်ကို သဘောကျသည်။

ကျွန်တော် ထိုအရွယ်တွင် ဝက်ခြံက တော်တော်နှင့် မပေါက်။ 

ကျွန်တော်တို့ အတန်းတူ ယောက််ျားလေးများထဲတွင် တချို့ကောင်တွေ ဝက်ခြံပေါက်ကြပြီ။ ဒီကောင်တွေက သူတို့ ဝက်ခြံမဖြစ်စလောက်လေးကိုပင် ထုံးအထူကြီးတို့လာပြီး ဟန်ရေးပြကြသည်။

ထိုထဲတွင် အဆိုးဆုံးက ဖြိုးကို ဆိုသည့်ကောင်။

ဒီကောင်က တရုတ်သွေးစပ်။ အသားက ဖြူဖြူ၊ မျက်နှာက အဆီပြန်ပြန်ဆိုတော့ ဝက်ခြံအလွန်ပေါက်ကောင်းသည့် မျက်နှာမျိုး။

ဝက်ခြံငါးဖုလောက် နဖူးပတ်လည်မှာ ပေါက်တော့ ဒီကောင့် နဖူးတွင် ထုံးစက်တွေတို့ကာ ကျောင်းကိုလာသည်။

ကျွန်တော့်မျက်စိထဲတော့ ဒီအကောင်ဟာ ဝက်ခြံလေးသုံးလေးဖုလောက်နဲ့ မြောက်ကြွမြောက်ကြွဖြစ်နေတာပဲ ဟု မြင်ကာ ကြည့်မရဖြစ်မိသည်။

နောက်ထပ် အတန်းထဲက သုံးလေးယောက်ကလည်း ဝက်ခြံလေးတွေ ဖြစ်လာကြပြီ။

အတန်းထဲတွင် ကျွန်တော်ချိန်နေသည့် တင်ဇာလွင်ဆိုသည့် ခပ်ထွားထွားကောင်မလေးဆိုလျှင် နှုတ်ခမ်းအပေါ်တွင် ရင့်မှည့်သော ဝက်ခြံအနီကြီးကိုပင် ပိုင်ဆိုင်နေချေပြီ။

ကျွန်တော့်မျက်နှာ ကျွန်တော် မှန်ထဲ ပြန်ကြည့်သည်။ ဝက်ခြံနှင့်တူတာ တစ်ခုမှမတွေ့။

ကျောင်းပိတ်ရက်က နေပူထဲ စွန်လွှတ်ထားသဖြင့် ပေါက်နေသည့် မိတ်ဖု တွေသာ ရှိသည်။

သူများတွေက ဝက်ခြံကိုယ်စီပေါက်နေပြီး ကိုယ်က မပေါက်။ ဒီတော့ ရွယ်တူတွေက လူပျို၊ အပျိုဖြစ်ကုန်ကြပြီး ကိုယ်က ကလေးဘဝမှာပဲ ကျန်ရစ်သည်ဟု ထင်လာသည်။

ဝက်ခြံမပေါက်သည့်အတွက် သိမ်ငယ်လာသည်။

ခက်တာက ဝက်ခြံပျောက်ဆေးဆိုတာသာ ရှိသည်။ ဝက်ခြံပေါက်ဆေးဆိုတာ မရှိ။

ဒီဆေးပညာရှင်ဆိုတဲ့ဘဲတွေက ဘာလို့ ဝက်ခြံပေါက်ဆေး ကို မတီထွင်ခဲ့ရတာလဲဟု တွေးပြီး မကျေမနပ်ပင် ဖြစ်မိသည်။

ဝက်ခြံမပေါက်သဖြင့် အတန်းထဲမှ သူငယ်ချင်းများကြား မျက်နှာငယ်ခဲ့ရသောကျွန်တော့်အတွက် စိ်တ်သက်သာရာတစ်ခုတော့ ပေါ်လာခဲ့သည်။

ထိုအရာကား ယောက်ျားလေး အိမ်သာထဲတွင် ဖြစ်လာခဲ့ခြင်းပင်။

ကျောင်းမုန့်စားဆင်းချိန် ယောက်ျားလေးအိမ်သာထဲရှိ ရှူးတန်းစီပေါက်သည့်နေရာတွင် ကျွန်တော်က ဟိုအကောင်တွေထက် သာသွားလေ၏။

မရိုသေ့စကား။ ကျွန်တော်သည် သူတို့လို မျက်နှာတွင် ဝက်ခြံမထွက်သေးသော်လည်း ဟိုနေရာတွင်တော့ ကျွန်တော်က သူတို့ထက် အမွှေးအတောင်သွားစုံနေခြင်း ဖြစ်သည်။

အခုခေတ်စကားနှင့်ဆိုလျှင် သေးပေါက်ခန်းတွင်တော့ ကျွန်တော်က အကောင်ဖြစ်ခဲ့သည်။

သို့သော်ငြား..ထိုအကောင်ဖြစ်မှုက ယောက်ျားလေးခြင်းသာ ကြွားစရာဖြစ်ခဲ့ပြီး ဝက်ခြံလိုမျိုး မိန်းကလေးတွေရှေ့ ထုံးလေးတို့ပြီး လမ်းသလားပြလို့ ကောင်းသည့် ကိစ္စ မဟုတ်။

''ဟဲ့..တင်ဇာလွင်..ငါမှာ ဝက်ခြံမပေါက်ပေမယ့်..ဟိုဟာတော့ ပေါက်နေပြီ …မယုံ.နင်လိုက်ကြည့်ပါလား'' ဟု သွားပြောလျင် ပါးကျိုးရုံမက ကျောင်းပါ ထုတ်ခံရမည့်အပေါက်။

ဒီလိုနှင့် ကျွန်တော့်မှာ မနက်မိုးလင်းသည်နှင့် မှန်ရှေ့မတ်တပ်ရပ်ပြီး ကိုယ့်မျက်နှာမှာ ဝက်ခြံ ထွက် မထွက် ပြူးပြဲရှာရသည်မှာ ရှစ်တန်းတစ်နှစ်လုံးပင်။

ကိုးတန်းကျောင်းဖွင့်ခါနီးမှသာ မေးစေ့ပေါ်တွင် ဝက်ခြံ တစ်လုံးကို အောင်မြင်စွာ မွေးမြူနိုင်ခဲ့ပါတော့သည်။

အခုရော။

ဆယ့်ငါးနှစ်ကျော်ကြာပြီးတဲ့ နောက်..အခု ကျွန်တော်အသက်သုံးဆယ်ကျော်အချိန်။

ကျွန်တော့်နှာခေါင်းထိပ်တွင် ဧရာမဝက်ခြံကြီးထွက်လာသည်။

လွန်ခဲ့သော ဆယ့်ငါးနှစ်ကျော်ကာလက အသည်းအသန်ပေါက်ချင်ခဲ့ဖူးသော ဝက်ခြံသည် ယခုအခါ တကယ့် ပြသနာကြီးတစ်ခုဖြစ်နေပြန်ချေ၏။

ဝက်ခြံသည် အခြားနေရာတွင် ပေါက်သည်က ပြသနာမဟုတ်။ နှာခေါင်းထိပ်တွင် ပေါက်သည်ကတော့ ပြသနာ။

နဂိုကမှ နှာခေါင်းကြီးသော ကျွန်တော့်အတွက် ဒီဝက်ခြံကြီးပါ ထပ်ဖြည့်လိုက်သောအခါ မှန်ထဲတွင်ပင် ကိုယ့်ကိုကိုယ် နှာဗူးရုပ်ကြီး ဟု ထင်လာသည်။

ဘတ်စ်ကားပေါ်တွင်လည်း ဒီနီရဲပွယောင်းနေသော ဝက်ခြံ ဖြင့် ကြံ့နှာခေါင်းကို ကောင်မလေးများက ကြည့်ပြီး ဟယ်..နှာဗူးကြီးထင်တယ်..တွယ်ချိတ်အသင့်ပြင်ထားမှ ဆိုသည့် အကြည့်မျိုး ဖြင့် ကြည့်နေကြသည်ဟု ကိုယ့်ကိုကိုယ် မလုံမလဲဖြစ်လာသည်။

အိမ်သူသက်ထား လေဒီဗြိကတော့ အားပေးရှာပါသည်။

''ယောက်ျားရယ်…ရှင့်ဥပဓိရုုပ်က နှာခေါင်းမှာ ဝက်ခြံမပေါက်လဲ..နှာဗူးရုုပ်ပါပဲ.မထူးပါဘူး'' တဲ့။

သို့ပေတည့်...သူ့ ခမျာ မနေသာပါ။

ကျွန်တော့်အတွက် ဝက်ခြံပျောက်ဆေးကို သူညွှန်ကြားသလို လိုက်နာရတော့သည်။

ကျွန်တော်တို့ကလည်း အလှအပရေးရာမှာကျတော့ ဘာမှ မသိသည့် ငတိတွေကိုး။

ရေချိုးခန်းဝင်ပြီး နှာခေါင်းက ဝက်ခြံကြီးအပါအဝင် မျက်နှာတစ်ပြင်လုံးကို သူဝယ်လာပေးသော ဝက်ခြံပျောက်ဆပ်ပြာဖြင့် အမြုပ်ထွက်သည်အထိ သစ်ရသည်။

ပြီးတော့ ရေခြောက်သောအခါ ဝက်ခြံပျောက်ဆေး ဆိုသော အရာ လိမ်းရ၏။

ယင်းသို့ အဆင့်ဆင့်အတွက် ငွေသုံးထောင်ကုန်ခဲ့သည်ဟုလည်း ဇနီးသည်က ဆိုသည်။

ထိုသို့ဖြင့် ဇနီးသည်၏ ကုသမှုကို ခံယူရင်း သံဝေဂ တစ်ခု ရလိုက်ပါသည်။

ကျွန်တော် တစ်ချိန်က အရမ်းပေါက်ချင်ခဲ့သော ဝက်ခြံကို ယခုတော့ ငွေသုံးထောင်အကုန်ခံပြီး ရှင်းထုတ်နေရပါ၏။

ဝက်ခြံပေါက်ဆေး လိုချင်ခဲ့ဖူးသော ကျွန်တော်သည် ဝက်ခြံပျောက်ဆေးကို သုံးနေရပါသည်။

ကျွန်တော် ကြိတ်ကြိုက်ခဲ့သော တောင့်တောင့်ထွားထွား တင်ဇာလွင်ကြီးသည်လည်း ကလေးနှစ်ယောက်အမေ ဝတုတ်ကြီးဖြစ်နေသည်ဟု သတင်းရထားပါသည်။

ကျွန်တော်တို့ တစ်ချိန်တစ်ခါက အလွန်လိုချင်ခဲ့သောအရာများသည် အချိန်ကာလ တစ်ခုကျလျှင် ကျွန်တော်တို့ မလိုချင်ဆုံးသော အရာများ ဖြစ်နေတတ်ပြန်သည်။

သြော်..ဝက်ခြံကပေးတဲ့ သင်္ခါရတွေပါလားကွယ်ရို့။

ဗြိတိသျှကိုကိုမောင်



Zawgyi


ကြ်န္ေတာ္နွင့္ ၀က္ျခံ
……………..
(၁၆)ရာစုနွစ္က အာရွတိုက္တြင္ အင္အားအေတာင့္တင္းဆံုး ဒုတိယျမန္မာနိုင္ငံေတာ္ၾကီးကို ထူေထာင္ခဲ့သည့္ ဟံသာ၀တီ ဆင္ျဖဴမ်ားရွင္ ဘုရင့္ေနာင္ေက်ာ္ထင္ အေနာ္ရထာ လည္း လူပ်ိဳေပါက္ဘ၀က ၀က္ျခံေပါက္ဖူးခဲ့မည္။

ထိုနွယ့္ စကားလံုးကြန္တိန္နာၾကီးျဖင့္ အစခ်ီထားျပီး ေနာက္ပိုင္းက်မွ ၀က္ျခံေပါက္သည့္ကိစျၥဖင့္ အဆံုးသတ္ထားသျဖင့္ ကြ်န္ေတာ့္အား မဆဲၾကပါနွင့္။

တကယ္ေတာ့ ၀က္ျခံ သည္ ကြ်န္ေတာ္တို႕ အားလံုးနွင့္ မကင္းရာမကင္းေၾကာင္းျဖစ္ခဲ့သည္။

pimple သို႕မဟုတ္  acne  ဟု အဂၤလိပ္လိုေခၚေသာ ထုိအဖု၏ ျမန္မာနာမည္က အဘယ့္ေၾကာင့္ ၀က္ျခံ ဟု ျဖစ္သြားသည္ကိုလည္း ကြ်န္ေတာ္ေတြးၾကည့္မိဖူးသည္။

၀က္ျခံသည္ အေရျပားေပၚမွ ေခြ်းေပါက္ကေလးမ်ားတြင္ အဆီအိတ္မ်ား ပိတ္သြားျခင္းေၾကာင့္ ျဖစ္ေပၚလာသည္ ဟု ဖတ္ဖူးသည္။
၀က္ ဆိုသည္က အဆီမ်ားသည့္ သတၱ၀ါ။ ျခံ ကေတာ့ သတၱ၀ါေတြကို ေလွာင္ခတ္ထားသည့္ေနရာ။

ဒါေၾကာင့္ အဆီအိတ္ေတြ ပိတ္ျပီး ျဖစ္လာတဲ့ အဖုကို ၀က္ျခံ ဟု ေရွးျမန္မာၾကီးမ်ားက တင္စားေခၚေ၀ၚခဲ့ေလသလားဟု ၾကံဖန္ေတြးၾကည့္မိသည္။
ကြ်န္ေတာ့္ေတြးသည့္အတိုင္းမွန္လ်င္ေတာ့ ေရွးေခတ္ျမန္မာၾကီးမ်ားသည္ ၀က္ျခံေရးရာကြ်မ္းက်င္သူေတြ ျဖစ္မွာ ေသခ်ာသည္။

၀က္ျခံသည္ အသက္အရြယ္အလိုက္ေျပာင္းလဲတတ္ေသာ လူ႕စိတ္ကိုပင္ ကိုယ္စားျပဳေနသည္ဟုလည္း ကြ်န္ေတာ္ထင္သည္။
ကြ်န္ေတာ္ အသက္(၁၃)နွစ္သားေလာက္တြင္ ၀က္ျခံေပါက္ခ်င္သည့္ ေရာဂါထခဲ့ဖူးသည္။

၀က္ျခံေပါက္ျခင္းသည္ လူပ်ိဳျဖစ္လာျခင္း ဟု လူၾကီးမိဘမ်ားကလည္း သတ္မွတ္ၾကသည္။
''ဟာ..ဒီေကာင္ၾကီးေတာင္ ၀က္ျခံေတြဘာေတြေပါက္ေနျပီ..လူပ်ိဳေပါက္ျဖစ္ျပီေပါ့'' စသျဖင့္ ေျပာသံကို ၾကားရသည့္အခါ ကိုယ့္ကိုကိုယ္ ငါ ကေလးမဟုတ္ေတာ့ဆိုသည့္ အသိနွင့္ ေျမာက္ၾကြၾကြျဖစ္ရသည္။

ကိုယ့္ထက္ စီနီယာက်သည့္ အကိုၾကီးမ်ားက မ်က္နွာမွ ၀က္ျခံအဖုေလးကို သနပ္ခါးေသာ္လည္းေကာင္း၊ ထံုးေသာ္လည္းေကာင္းတို႕ထားသည့္ စတိုင္လ္ကို သေဘာက်သည္။

ကြ်န္ေတာ္ ထိုအရြယ္တြင္ ၀က္ျခံက ေတာ္ေတာ္နွင့္ မေပါက္။
ကြ်န္ေတာ္တို႕ အတန္းတူ ေယာက္္်ားေလးမ်ားထဲတြင္ တခ်ိဳ႕ေကာင္ေတြ ၀က္ျခံေပါက္ၾကျပီ။ ဒီေကာင္ေတြက သူတို႕ ၀က္ျခံမျဖစ္စေလာက္ေလးကိုပင္ ထံုးအထူၾကီးတို႕လာျပီး ဟန္ေရးျပၾကသည္။

ထိုထဲတြင္ အဆိုးဆံုးက ျဖိဳးကို ဆိုသည့္ေကာင္။
ဒီေကာင္က တရုတ္ေသြးစပ္။ အသားက ျဖဴျဖဴ၊ မ်က္နွာက အဆီျပန္ျပန္ဆိုေတာ့ ၀က္ျခံအလြန္ေပါက္ေကာင္းသည့္ မ်က္နွာမ်ိဳး။
၀က္ျခံငါးဖုေလာက္ နဖူးပတ္လည္မွာ ေပါက္ေတာ့ ဒီေကာင့္ နဖူးတြင္ ထံုးစက္ေတြတို႕ကာ ေက်ာင္းကိုလာသည္။
ကြ်န္ေတာ့္မ်က္စိထဲေတာ့ ဒီအေကာင္ဟာ ၀က္ျခံေလးသံုးေလးဖုေလာက္နဲ႕ ေျမာက္ၾကြေျမာက္ၾကြျဖစ္ေနတာပဲ ဟု ျမင္ကာ ၾကည့္မရျဖစ္မိသည္။
ေနာက္ထပ္ အတန္းထဲက သံုးေလးေယာက္ကလည္း ၀က္ျခံေလးေတြ ျဖစ္လာၾကျပီ။

အတန္းထဲတြင္ ကြ်န္ေတာ္ခ်ိန္ေနသည့္ တင္ဇာလြင္ဆိုသည့္ ခပ္ထြားထြားေကာင္မေလးဆိုလ်ွင္ နႈတ္ခမ္းအေပၚတြင္ ရင့္မွည့္ေသာ ၀က္ျခံအနီၾကီးကိုပင္ ပိုင္ဆိုင္ေနေခ်ျပီ။

ကြ်န္ေတာ့္မ်က္နွာ ကြ်န္ေတာ္ မွန္ထဲ ျပန္ၾကည့္သည္။ ၀က္ျခံနွင့္တူတာ တစ္ခုမွမေတြ႕။

ေက်ာင္းပိတ္ရက္က ေနပူထဲ စြန္လႊတ္ထားသျဖင့္ ေပါက္ေနသည့္ မိတ္ဖု ေတြသာ ရွိသည္။
သူမ်ားေတြက ၀က္ျခံကိုယ္စီေပါက္ေနျပီး ကိုယ္က မေပါက္။ ဒီေတာ့ ရြယ္တူေတြက လူပ်ိဳ၊ အပ်ိဳျဖစ္ကုန္ၾကျပီး ကိုယ္က ကေလးဘ၀မွာပဲ က်န္ရစ္သည္ဟု ထင္လာသည္။

၀က္ျခံမေပါက္သည့္အတြက္ သိမ္ငယ္လာသည္။
ခက္တာက ၀က္ျခံေပ်ာက္ေဆးဆိုတာသာ ရွိသည္။ ၀က္ျခံေပါက္ေဆးဆိုတာ မရွိ။
ဒီေဆးပညာရွင္ဆိုတဲ့ဘဲေတြက ဘာလို႕ ၀က္ျခံေပါက္ေဆး ကို မတီထြင္ခဲ့ရတာလဲဟု ေတြးျပီး မေက်မနပ္ပင္ ျဖစ္မိသည္။

၀က္ျခံမေပါက္သျဖင့္ အတန္းထဲမွ သူငယ္ခ်င္းမ်ားၾကား မ်က္နွာငယ္ခဲ့ရေသာကြ်န္ေတာ့္အတြက္ စိ္တ္သက္သာရာတစ္ခုေတာ့ ေပၚလာခဲ့သည္။
ထိုအရာကား ေယာက္်ားေလး အိမ္သာထဲတြင္ ျဖစ္လာခဲ့ျခင္းပင္။

ေက်ာင္းမုန္႕စားဆင္းခ်ိန္ ေယာက္်ားေလးအိမ္သာထဲရွိ ရွဴးတန္းစီေပါက္သည့္ေနရာတြင္ ကြ်န္ေတာ္က ဟိုအေကာင္ေတြထက္ သာသြားေလ၏။

မရိုေသ့စကား။ ကြ်န္ေတာ္သည္ သူတို႕လို မ်က္နွာတြင္ ၀က္ျခံမထြက္ေသးေသာ္လည္း ဟိုေနရာတြင္ေတာ့ ကြ်န္ေတာ္က သူတို႕ထက္ အေမႊးအေတာင္သြားစံုေနျခင္း ျဖစ္သည္။

အခုေခတ္စကားနွင့္ဆိုလ်ွင္ ေသးေပါက္ခန္းတြင္ေတာ့ ကြ်န္ေတာ္က အေကာင္ျဖစ္ခဲ့သည္။
သို႕ေသာ္ျငား..ထိုအေကာင္ျဖစ္မႈက ေယာက္်ားေလးျခင္းသာ ၾကြားစရာျဖစ္ခဲ့ျပီး ၀က္ျခံလိုမ်ိဳး မိန္းကေလးေတြေရွ႕ ထံုးေလးတို႕ျပီး လမ္းသလားျပလို႕ ေကာင္းသည့္ ကိစၥ မဟုတ္။

''ဟဲ့..တင္ဇာလြင္..ငါမွာ ၀က္ျခံမေပါက္ေပမယ့္..ဟိုဟာေတာ့ ေပါက္ေနျပီမယံု.နင္လိုက္ၾကည့္ပါလား'' ဟု သြားေျပာလ်င္ ပါးက်ိဳးရံုမက ေက်ာင္းပါ ထုတ္ခံရမည့္အေပါက္။

ဒီလိုနွင့္ ကြ်န္ေတာ့္မွာ မနက္မိုးလင္းသည္နွင့္ မွန္ေရွ႕မတ္တပ္ရပ္ျပီး ကိုယ့္မ်က္နွာမွာ ၀က္ျခံ ထြက္ မထြက္ ျပဴးျပဲရွာရသည္မွာ ရွစ္တန္းတစ္နွစ္လံုးပင္။

ကိုးတန္းေက်ာင္းဖြင့္ခါနီးမွသာ ေမးေစ့ေပၚတြင္ ၀က္ျခံ တစ္လံုးကို ေအာင္ျမင္စြာ ေမြးျမဴနိုင္ခဲ့ပါေတာ့သည္။

အခုေရာ။
ဆယ့္ငါးနွစ္ေက်ာ္ၾကာျပီးတဲ့ ေနာက္..အခု ကြ်န္ေတာ္အသက္သံုးဆယ္ေက်ာ္အခ်ိန္။
ကြ်န္ေတာ့္နွာေခါင္းထိပ္တြင္ ဧရာမ၀က္ျခံၾကီးထြက္လာသည္။

လြန္ခဲ့ေသာ ဆယ့္ငါးနွစ္ေက်ာ္ကာလက အသည္းအသန္ေပါက္ခ်င္ခဲ့ဖူးေသာ ၀က္ျခံသည္ ယခုအခါ တကယ့္ ျပသနာၾကီးတစ္ခုျဖစ္ေနျပန္ေခ်၏။

၀က္ျခံသည္ အျခားေနရာတြင္ ေပါက္သည္က ျပသနာမဟုတ္။ နွာေခါင္းထိပ္တြင္ ေပါက္သည္ကေတာ့ ျပသနာ။
နဂိုကမွ နွာေခါင္းၾကီးေသာ ကြ်န္ေတာ့္အတြက္ ဒီ၀က္ျခံၾကီးပါ ထပ္ျဖည့္လိုက္ေသာအခါ မွန္ထဲတြင္ပင္ ကိုယ့္ကိုကိုယ္ နွာဗူးရုပ္ၾကီး ဟု ထင္လာသည္။

ဘတ္စ္ကားေပၚတြင္လည္း ဒီနီရဲပြေယာင္းေနေသာ ၀က္ျခံ ျဖင့္ ၾကံ႕နွာေခါင္းကို ေကာင္မေလးမ်ားက ၾကည့္ျပီး ဟယ္..နွာဗူးၾကီးထင္တယ္..တြယ္ခ်ိတ္အသင့္ျပင္ထားမွ ဆိုသည့္ အၾကည့္မ်ိဳး ျဖင့္ ၾကည့္ေနၾကသည္ဟု ကိုယ့္ကိုကိုယ္ မလံုမလဲျဖစ္လာသည္။

အိမ္သူသက္ထား ေလဒီျဗိကေတာ့ အားေပးရွာပါသည္။

''ေယာက္်ားရယ္ရွင့္ဥပဓိရုုပ္က နွာေခါင္းမွာ ၀က္ျခံမေပါက္လဲ..နွာဗူးရုုပ္ပါပဲ.မထူးပါဘူး'' တဲ့။

သို႕ေပတည့္...သူ႔ ခမ်ာ မေနသာပါ။

ကြ်န္ေတာ့္အတြက္ ဝက္ျခံေပ်ာက္ေဆးကို သူညႊန္ၾကားသလို လိုက္နာရေတာ့သည္။

ကြ်န္ေတာ္တို႕ကလည္း အလွအပေရးရာမွာက်ေတာ့ ဘာမွ မသိသည့္ ငတိေတြကိုး။

ေရခ်ိဳးခန္း၀င္ျပီး နွာေခါင္းက ၀က္ျခံၾကီးအပါအ၀င္ မ်က္နွာတစ္ျပင္လံုးကို သူဝယ္လာေပးေသာ ဝက္ျခံေပ်ာက္ဆပ္ျပာျဖင့္ အျမဳပ္ထြက္သည္အထိ သစ္ရသည္။

ျပီးေတာ့ ေရေျခာက္ေသာအခါ ဝက္ျခံေပ်ာက္ေဆး ဆိုေသာ အရာ လိမ္းရ၏။

ယင္းသို႔ အဆင့္ဆင့္အတြက္ ေငြသံုးေထာင္ကုန္ခဲ့သည္ဟုလည္း ဇနီးသည္က ဆိုသည္။

ထိုသို႔ျဖင့္ ဇနီးသည္၏ ကုသမႈကို ခံယူရင္း သံေ၀ဂ တစ္ခု ရလိုက္ပါသည္။

ကြ်န္ေတာ္ တစ္ခ်ိန္က အရမ္းေပါက္ခ်င္ခဲ့ေသာ ၀က္ျခံကို ယခုေတာ့ ေငြသံုးေထာင္အကုန္ခံျပီး ရွင္းထုတ္ေနရပါ၏။

၀က္ျခံေပါက္ေဆး လိုခ်င္ခဲ့ဖူးေသာ ကြ်န္ေတာ္သည္ ၀က္ျခံေပ်ာက္ေဆးကို သံုးေနရပါသည္။
ကြ်န္ေတာ္ ၾကိတ္ၾကိဳက္ခဲ့ေသာ ေတာင့္ေတာင့္ထြားထြား တင္ဇာလြင္ၾကီးသည္လည္း ကေလးနွစ္ေယာက္အေမ ၀တုတ္ၾကီးျဖစ္ေနသည္ဟု သတင္းရထားပါသည္။

ကြ်န္ေတာ္တို႕ တစ္ခ်ိန္တစ္ခါက အလြန္လိုခ်င္ခဲ့ေသာအရာမ်ားသည္ အခ်ိန္ကာလ တစ္ခုက်လ်ွင္ ကြ်န္ေတာ္တို႕ မလိုခ်င္ဆံုးေသာ အရာမ်ား ျဖစ္ေနတတ္ျပန္သည္။

ေၾသာ္..၀က္ျခံကေပးတဲ့ သခၤါရေတြပါလားကြယ္ရို႕။

ျဗိတိသ်ွကိုကိုေမာင္

 


Comments

  1. Done
    ဆရာဗြိနဲ့ဝက်ခြံ😆😆

    ReplyDelete
  2. Aww....ဝက်ခြံ ဝက်ခြံ😄

    ReplyDelete
  3. ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ကာ မည့်သို့ပင်ဆိုစေကာမူ ဝက်ခြံကတော့ ပေါက်မှာပဲ

    ReplyDelete
  4. နောက်​​ဆို အမဲစက်အကြောင်းရေးပေးပါ😪

    ReplyDelete
  5. ကိုယ်ဟာ ါိမ်သာထဲကအကောင်ပါ 😅😅
    👏👏👏

    ReplyDelete

Post a Comment